DITOEFV
By myatzon
101K 13K 277
Gameဆော့ရင်းနဲ့အိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်က အိပ်ရာကနိုးလာတဲ့အချိန်မှာ သူဆော့နေတဲ့gameရဲ့ hard moodကvil... More
Chapter. 1
Chapter . 2
Chapter .3
Chapter.4
Chapter.5
Chapter.6
Chapter7
Chapter .8
Chapter .9
Chapter .10
Chapter .11
Chapter .12
Chapter.13
Chapter.14
Chapter.15
Chapter.16
Chapter.17
Chapter .18
Chapter .19
Chapter.20
Chapter.21
Chapter.22
Chapter.23
Chapter.24
NU.Chapter.1
NU.Chapter.2
NU.Chapter.3
NU.Chapter.4
NU.CHAPTER.5
NU.Chapter.6
NU.Chapter.7
NU.Chapter.8
NU.Chapter.9
NU.Chapter.10
NU.Chapter.11
NU.Chapter.12
NU.Chapter.13
NU.Chapter.14
NU.Chapter.15
NU.Chapter.16
NU.Chapter.17
NU.Chapter.18
NU.Chapter.19
NU.Chapter.20
NU.Chapter.21
NU.Chapter.22
NU.Chapter.23
NU.Chapter.24
Chapter.25
NU.Chapter.25
Chapter.26(U&Z)
Chapter.27(U&Z)
Chapter.28(U&Z)
Chapter. 29(U&z)
Chapter.30( U & Z)
Chapter.31(U&Z)
Chapter .32(U&Z)
Chapter.34(U&Z)
Chapter.35(U&Z)
Chapter.36(U&Z)
Chapter.37(U&Z)
Chapter.38(U&Z)
Chapter.39(U&Z)
Chapter.40(U&Z)
Chapter.41(U&Z)
Chapter.42(U&Z)
Chapter.43(U&Z)
Chapter. 44(U&Z)
Chapter.45(U&Z)
Chapter.46(U&Z)
Chapter. 47(U&Z)
Chapter.48(U&Z)
Chapter.49(U&Z)
Chapter.50(U&Z)
Chapter.51(U&Z)
Chapter.52(U&Z)
Chapter.53(U&Z)
Chapter.54(U&Z)
Chapter.55(U&Z)
Chapter.56(U&Z)
Chapter.57(U&Z)
Chapter.58(U&Z)
Chapter.59(U&Z)
Chapter.60(U&Z)
Chapter.61(U&Z)
Chapter.62(U&Z)
Chapter.63(U&Z)
Chapter.64(U&Z)
Chapter.65(U&Z)
Chapter.66(U&Z)
Chapter.67(U&Z)
Chapter.68(U&Z)
Not Update
Chapter.69(U&Z)
Chapter.70(U&Z)
Chapter.71(U&Z)
Chapter.72
Chapter.73(U&Z)
Chapter.74(U&Z)
Chapter.75(U&Z)
Chapter.76(U&Z)
Chapter.77(U&Z)
Chapter.78(U&Z)
Chapter.79(U&Z)
Chapter.80(U&Z)
Update💛
Chapter.33(U&Z)
871 150 2
By myatzon
Unicode.
ငါအဲ့နေရာမှာတင်သေပြီလို့ထင်နေတာ...
Interest တွေကျနေတဲ့အချိန်တုန်းက ကြောက်ရွံခြင်းနဲ့ ထိပ်လန့်ခြင်းတွေကိုခံစားလိုက်ရတယ်၊ငါ့ရဲ့နားမှာအန္တရာယ်တွေများနေတာကြောင့် ငါ့မှာပျော်ချိန်တောင်မရလိုက်ဘူး၊တုန်ယင်နေတဲ့ငါ့လက်တွေကိုအနောက်မှာဖွက်ထားလို်က်ပြီး အတူတူဆုပ်ကိုင်ထားလိုက်တယ်၊အဲ့နောက် စကားပြောဖို့အတွက်ငါ့ရဲ့ပါးစပ်ကိုဖွင့်လိုက်တယ်၊
'' ဒီနေရာကလှျိို့ဝှက်ထားတဲ့နေရာမှန်းကျမမသိခဲ့ဘူး၊ကျမရဲ့ရိုင်းပျမှုအတွက်စိတ်မရှိပါနဲ့ ''
ကြောက်ရွံမှုကြောင့် ငါ့ရဲ့ခေါင်းကအလွန်အမင်းလှုပ်ရှားနေတာတောင် ငါ့ရဲ့မေးရိုးကိုအားစိုက်လိုက်တယ်၊ အကြောက်တရားကဘာလဲဆိုတာတောင်မသိတဲ့ အထက်စီးဆန်တဲ့မျိုးရိုးမြင့်တစ်ယောက်လိုပြုမူဖို့လိုတယ်၊ တော်တော်ဆိုးရွားတာဘဲ...
Vinterက ငါ့ရဲ့ပေါ့ပါးပြီးချိုသာတဲ့လေသံနဲ့ ယုံကြည်မှုပြည့်နေတဲ့ကိုယ်ဟန်ကြောင့်အနည်းငယ်အံအားသင့်သွားတယ်၊
'' ကျေးဇူးပြုပြီး ဒီဘက်ကိုလာပေးပါ၊ဒီနေရာကတောင်းဆိုထားတဲ့ကိစ္စတွေကိုပြောတဲ့နေရာမဟုတ်ဘူး ''
သူကယဥ်ယဥ်ကျေးကျေးနဲ့ငါ့ကိုဒီနေရာကနေ ခေါ်ထုတ်ဖို့ကြိုးစားခဲ့တယ်၊ကြည့်ရတာဒီနေရာကနေငါ်ကိုအလျင်အမြန်ထွက်သွားစေချင်တဲ့ပုံဘဲ
System ရဲ့ကားချပ်ကိုမြင်နိုင်အောင်လို့ ဖြေးဖြေးချင်းလမ်းလျှောက်လိုက်တယ်၊Systemဖော်ပြခဲ့တဲ့အတိုင်း 'ထူးခြားပြီးဆန်းကြယ်တဲ့နေရာ ' ဆိုတဲ့နရာကို ငါဝင်ခဲ့ပြီးပြီ ဒါပေမဲ့ အောင်မြင်လားကျရှုံးလားဆိုတာကိုဖော်ပြတဲ့ အဖြူရောင်Boxကခုထိပေါ်မလာသေးဘူး၊
Vinterရဲ့Interestတွေကျသွားတာကိုမြင်ရတုန်းက ကြည့်ရတာဝင်လာပြီး ဖမ်းမမိဘဲပြန်ထွက်သွားဖို့က 'Hidden quest' လို့ထင်ခဲ့တယ်၊အဲ့လိုသာဆိုရင် ငါကျရှုံးတာပေါ့၊Hard moodက Questတွေကဘာကိုမှသတင်းမပေးတာလား
' သောက်ရူးGame...Questမကလို့ဘာဖြစ်ဖြစ် ငါအဲ့တာကိုထပ်ပြီးလက်မခံတော့ဘူး '
ငါ့ရဲ့ခေါင်းထဲမှာ Vinterကိုချဥ်းကပ်ဖို့ အကြိမ်ပေါင်းများစွာဆုံးဖြတ်လိုက်တယ်၊ငါသူ့ကိုမှီလုနီးပါးမှာ သူကလှည့်ထွက်လိုက်ပြီး ဟောခန်းလမ်းမဘက်ကိုရွေ့သွားခဲ့တယ်၊
' ငါကကလေးတွေကိုအန္တရာယ်ပေးမဲ့မကောင်းဆိုးဝါးမလို့လား...'
အဲ့တာနဲ့ပတ်သတ်ပြီးတေယ်တေယ်ဆိုးဆိုးရွားရွားခံစားနေရတယ်၊ဒီနေရာကိုခိုးဝင်လာခဲ့မိတာငါ့အမှားဆိုပေမဲ့ ငါဘာမှမလုပ်ခဲ့ဘဲ ကလေးတွေကိုကူညီပြီးအတူဆော့ပေးခဲ့သေးတယ်လေ...
အဲ့အချိန်မှာဘဲ....
'' မျိုးရိုးမြင့်အန်တီ...ဘိုင့်ဘိုင်...''
'' နောက်တစ်ခါမှထပ်ကစားကြမယ် နော်အန်တီ...''
ငါ့နောက်ကိုကြည့်လိုက်ပြီး တိရိစ္ဆာန် မျက်နှာဖုံးနဲ့ကလေးငါးယောက်က သူ့တို့ရဲ့လက်တွေဝေ့ယမ်းပြနေတာကိုတွေ့လိုက်ရတယ်၊
ငါ့ကိုပထမဆုံးကာကွယ်ပေးခဲ့တဲ့ ခြသေ့်မျက်နှာထုံးနဲ့ကလေးက သူ့ရဲ့လက်ညှိုးကိုနှုတ်ခမ်းရှေ့ကိုယူလာခဲ့ပြီး ' ရှူး 'ဆိုတဲ့လေသံလေးနဲ့အတူမျက်လုံးမှိတ်ပြလာခဲ့တယ်၊
' ချစ်ဖို့ကောင်းတဲ့ဟာလေး '
ငါသူတို့်ကိုကျေးဇူးတောင်မတင်လိုက်ရဘဲ ဒီတိုင်းထွက်သွားလိုက်ရတာကိုတော့ စိတ်မကောင်းဖြစ်မိတယ်၊ငါ့ရဲ့လက်တွေကိုပြန်ပြီးဝေ့ယမ်းပြလိုက်တယ်
ငါ့ရဲ့မျက်နှာဖုံးကြောင့် မျက်နှာကိုမမြင်နိုင်ပေမဲ့ ငါသူတို့ကိုပြုံးပြနေတုန်းဘဲ၊
အဲ့အချိန်မှာ ယုန်မျက်နှာဖုံးနဲ့တစ်ယောက်ကလမ်းမှာရပ်လိုက်ပြီး ငါ့ကိုကြည့်လာခဲ့တယ်၊အဲ့တာကြောင့်ထပ်ပြီးသူ့ဆီအလောတကြိးသွားလိုက်ရတယ်
' ဒီလိုမျိုးဖြစ်အောင်ဘာတွေကပြောင်းလဲလိုက်တာလဲ '
စိတ်ဖိစီးနေတဲ့မျက်လုံးတွေနဲ့ Interest 3% ကိုစိုက်ကြည့်လိုက်တယ်၊တကယ်လို့ကလေးတွေကသာငါ့ကိုမကာကွယ်ပေးဘူးဆိုရင် သူ့ရဲ့ထိပ်တန်းလေဆာအလင်းတန်းတွေကြောင့် ငါသေကောင်း​ေဥွားနိုင်တယ်၊
Eclise ရဲ့Interestတွေကျသွားတဲ့အချိန်ကျ Vinterကငါ့အတွက်အာမခံတစ်ခုဖြစ်လာလိမ့်မယ်၊ဒါပေမဲ့အခုVinterရဲ့Interestတွေ ထပ်ပြီးကျမသွားတဲ့အခြေနေကိုဘဲကျေးဇူးတင်ရမယ်၊
'' ဟား....''
သက်ပြင်းကြီးတစ်ခုကိုစိတ်ထဲကနေမှုတ်ထုတ်လိုက်တယ်၊ ငါတို့ပြန်ထွက်တဲ့အခါ ဟောခန်းမရဲ့လမ်းကပိုပြီးတိုနေခဲ့တယ်၊Vinterကတံခါးကိုဖွင့်ပြီးရပ်လိုက်တယ် ပြီးတော့ငါ့ကိုအရင်ထွက်ဖို့စောင့်နေခဲ့တယိ၊
သူ့ကိုဖြတ်ပြီးလျှောက်လိုက်တယ်၊
ငါ့ရဲ့ခန္ဓာကိုယ်အတွင်းဘင်ကတုန်ယင်နေပေမဲ့ အ​ပြင်ဘက်ကိုချောချောချူချူရောက်သွားခဲ့တယ်၊
Vinterက ငါအပြင်ရောက်သွားမှ သူကအပြင်ထွက်လာခဲ့တယ်၊ပြီးတာနဲ့ သူ့ရဲ့အနောက်ဘက်က ငါတို့ထွက်လာခဲ့တဲ့တံခါးကိုအသံမြည်အောင်ပိတ်လိုက်တယိ၊
ချောက်~~~တံခါးကဘေးတိုက်ပွင့်သွားပြီး ပြန်ပိတ်သွားခဲ့တယ်၊
' ဟမ် ? '
ပိတ်သွားတဲ့တံခါးကိုဒီတိုင်းကြီးကြည့်နေမိတယ်၊
နံရံပေါ်မှာထောင့်မှန်စတုဂံပုံအက်ကြောင်းအဖြစ်လုံးဝပြောင်းသွားခဲ့တယ်၊တကယ်လို့မျနောက်တစ်ခါဒီကိုထပ်လာရင် တံခါးတည်ရှိတဲ့နေရာကိုငါမစဥ်းစားနိုင်ဘူး၊Vinterက အများကြီးတုန့်ပြန်မှုမရှိခဲ့ဘူး၊
သူ့ကြည့်ရတာ သူ့ရဲ့ဝန်ထမ်းတွေနဲ့အတူ တံခါးကိုမှော်အစွမ်းနဲ့အကြိမ်များစွာပိတ်ဖူးတဲ့ပုံဘဲ၊ပြီးသွားတဲ့အခါမှာ သူ့ရဲ့ခေါင်းကိုနှိမ့်ချပြီး သူ့ရဲ့အကြည့်တွေကငါ့ဆီရွေ့လာခဲ့တယ်၊
'' ကလေးတွေကိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ ''
'' .... ''
'' ဒါပေမဲ့ သင့်ရဲ့တောင်းဆိုမှုကိုနားထောင်ဖို့အရမ်းနောက်ကျနေပြီမလို့ ကျေးဇူးပြုပြီးနောက်တစ်တစ်ခါထပ်လာခဲ့ပေးပါ ''
တကယ်ဆို ငါအဲ့နေရာကိုဘယ်လိုဝင်လာတာလဲဆိုတာကို ပိုပြီးမေးမယ်လို့ငါထင်ခဲ့တယ်၊
ဒါပေမဲ့သူမမေးခဲ့ဘူးပြီးတော့ ယဥ်ယဥ်ကျေးကျေးပြောခဲ့တယ်၊
သူ့ရဲ့စကားတွေကြောင့် ငါပြတင်းေပါက်ကိုကြည့်လိုက်မိတယ်၊အဲ့တာကညနေဖြစ်နေပြီးနေကစပြီးဝင်စပြုနေခဲ့တယ်၊အချိန်တွေဘယ်လောက်ကုန်သွားတယ်ဆိုတာကိုမသိတဲ့အထိ ဒီနေ့အချိန်တွေကြာနေတယ်ဆိုတာမျိုးကိုအာရုံမထားမိခဲ့ဘူး၊
ငါထွက်သွားတာကြာနေပြီကို Emilyသတိထားမိလောက်ပြီ၊
'' ငါတော့သွားပြီ ''
'Dukeနဲ့စကားပြောရဖို့သေချာသွားပြီ '
ငါငိုချင်လာပြီ...
အခုဒီလိုတွေဖြစ်လာမှတော့ ငါအတင်းထွက်သွားဖို့ဆုံးဖြတ်လိုက်တယ်၊
'' ကျမဒီကို တောင်းဆိုစရာရှိလို့လာခဲ့တာမဟုတ်ပေမဲ့ လာဖို့စာရောက်လာကြောင့်လာသင့်တယ်ထင်လို့လာခဲ့တာ ''
'' အာ''
''ဒီမှာဘယ်သူမှမရှိတာကြောင့် အချိန်တစ်ခုထိစောင့်နေခဲ့သေးတယ်၊ကျမမပြန်နိုင်ခဲ့ဘူး နောက်တစ်ခါပြန်လာဖို့...ဒါပေမဲ့နောက်တစ်ခါထပ်လာဖို့ကျ ကျမကအတော်လေးအလုပ်များတယ်၊
အမှန်ဘဲ၊ ငါ့မှာလိုတာထက်ပိုတဲ့အချိန်တွေရှိပေမဲ့ ထပ်လာဖို့အတွက် အရမ်းအလုပ်များနေတဲ့အကြောင်းပြောခဲ့တယ်၊အဲ့တာက မြို့စားသမီးတစ်ယောက်ရဲ့ တန်ဖိုးဘဲ...
'' ကျမစောင့်နေတုန်း ကလေးတွေကအဲ့နေရာကထွက်လာပြီး အကူညီတောင်းလာခဲ့တာ ''
ရှင်သိပြီလား...အဲ့တာကကျမအမှားမဟုတ်ဘူး ဒါပေမဲ့ ေနာက်ကျနေတဲ့ရှင့်ရဲ့အမှားဘဲ၊
တံခါးရှိခဲ့နေတဲ့နေရာကို လက်ညှိုးထိုးပြရင်း မျက်နှာပြောင်တိုက်ပြီးပြောလိုက်တယ်၊
အဖြူရောင်ယုန်အကြောင်းပြောလိုက်တုန်းက Vinterပုံစံကနည်းနည်းပျယာခတ်သွားသလိုဘဲ၊သူ့ကြည့်ရတာ သူဒီနေ့ဆက်သွယ်ခဲ့ကာစတန်မာက သူ့ရဲ့လျှို့ဝှက်ရုံးခန်းကိုဝင်နေတာကို အပြင်ကနေမြင်နိုင်တဲ့စွမ်းအားမရှိတဲ့ပုံဘဲ၊
သူကသူ့ရဲ့ခေါင်းကိုငုံပြီးတောင်းပန်လိုက်တယ်၊
'' ကိုစိတ်ရင်းနဲ့တောင်းပန်ပါတယ်၊ ပုံမှန်ဆိုကြောင်းကြားစာရတဲ့လူတွေက တစ်ရက်မဟုတ်ရင်နှစ်ရက်လောက်နေမှလာလေ့ရှိတော့...သိပ်မကြာခင်မင်းရောက်လာလိမ့်မယ်လို့ထင်မထားခဲ့ဘူး၊ကို့ကိုအပြစ်တင်နိုင်ပါတယ်... ''
ငါ့မျက်နှာနီလာခဲ့တယ်၊ကံကောင်းချင်တော့ငါ့ရဲ့မျက်နှာကမျက်နှာဖုံးနဲ့ကာထားပေလို့၊
' ဘာလား...သူတို့မှာဒီလိုအစဥ်အလာရှိတယ်... '
မျိုးရိုးမြင့်တွေကစာရပြီးတစ်ရက် ဒါမှမဟုတ်နှစ်ရက်နေမှ လာလေ့ရှိတာကိုငါကဘယ်လိုလုပ်သိမှာတဲ့လဲ...ငါ့ပုံစံက စာရပြိးတာနဲ့အဖြေကိုမစောင့်နိုင်တော့တဲ့စိတ်မရှည်တဲ့လူတစ်ယောက် ဖြစ်သွားတာဘဲ၊ပြီးတော့ တောင်းဆိုချက်ရဲ့အနှစ်ချုပ်က
' ပါတီမှာတွေ့ခဲ့တဲ့ယောကျာ်းကို အသည်းသန်ရှာခြင်း '
သူတောင်းဆိုချက်ကိုရတုန်းက ငါရှာဖို့​ြကိုးစားနေတဲ့လူကသူဆိုတာကိုVinterမသိနိုင်ဘူး၊အဲ့တာကြောင့် ရည်ရွယ်ချက်ရှိရှိနဲ့လက်ကိုင်ပုဝါဆိုတာကိုပါ ထည့်ရေးခဲ့လိုက်တာ၊အဲ့လောက်အများကြီးစဥ်းစားပြီးနောက်မှာ ငါသူ့မျက်နှာကိုသေချာမကြည့်နိုင်တော့ဘူး၊
'' ကျမဘာကိုမှမတောင်းဆိုခဲ့ဖူးသလိုဟန်ဆောင်ပေးပါ၊ရှင့်အတွက်ကျမကိုစောင့်အောင်လုပ်နိုင်ပြီးကျမကဒီနေရာကိုကျူးကျော်လာတယ်လို့ဘဲ ဆိုကြတာပေါ့ ''
ရှက်ရှက်နဲ့စကားတွေဗလုံးဗထွးပြောရင်းနဲ့လှည့်ထွက်လိုက်တယ်၊အစီစဥ် ဒါမှမဟုတ် နောက်ထပ်တောင်းဆိုစရာနဲ့ပတ်သတ်လို့အခုဘာကိုမှဂရုမစိုက်တော့ဘူး၊ဒီကနေထွက်သွားပြီးရင် ထပ်ပြီးအကုန်လုံးကိုစဥ်းစားရတော့မယ်၊
ငါဒီယုန်ဖြူရုံးခန်းကနေထွက်သွားချင်နေပြီ
'' နေပါဦး ''
သူ့ရဲ့အလောတကြီးအသံက သိပ်မဝေးတဲ့တံခါးဆီသွားနေတဲ့ငါ့ကိ်ုရပ်တန့်သွားစေခဲ့တယ်၊
'' ကျေးဇူးပြုပြီး...ခဏလေးပါ ''
'' ဘာများလဲ ''
တံခါးဘက်ကိုနောက်တစ်လှမ်းမလှမ်းနိုင်ဘဲလှည့်ကြည့်လိုက်တယ်၊ ပင်လယ်ပြာရောင်မျက်လုံးအပြာတွေကငါ့ကိုစူးစိုက်ကြည့်နေခဲ့တယ်၊
'' ကလေးတွေကို ကို့အစားစောင့်ရှောက်ပေးခဲ့တဲ့ ကယ်တင်ရှင်လေး ဒီလိုထွက်သွားတာကို ကိုခွင့်မပြုနိုင်ဘူး အထူးသဖြင့် မင်းကိုစောင့်စေမိပြီး
ကိုရိုင်းစိုင်းမိတဲ့အချိန်မျိုးမှာလေ ''
ငါ့ခေါင်းပေါ်မှာ???တွေပေါ်လာတ်ို့ခံစားမိတယ်
' ရုတ်တရက်ကြီးဘာဖြစ်ရပြန်တာလဲ ခုနလေးတင်ငါပြန်ဖို့စိတ်အားထက်သန်နေတာမဟုတ်လား '
ချဲ့ကားပြောနေတဲ့သူ့ရဲ့စကားတွေကိုငြင်းပယ်လိုက်တယ်၊
'' အဲ့တာကအဆင်ပြေပါတယ်၊ကယ်တင်ရှင်လို့ခေါ်ရတဲ့အထိ ကျမအများကြီးမလုပ်ပေးခဲ့...  ''
'' မင်းရဲ့ယုံကြည်မှုတွေကိုပြန်လည်ပြင်ဆင်ဖို့အခွင့်ရေးလေးတစ်ခုတော့ပေးပါ...ကျေးဇူးပြုပြီး...Lady''
Vinter ကငါ့ရဲ့စကားကိုဖြတ်ပြောလိုက်ပြီး အသနားခံလာခဲ့တယ်၊
ငါသူ့ရဲ့တောင်းဆိုချက်ကိုငြင်းပယ်ပြီး နောက်တစ်ကြိမ်ထပ်တွေ့တဲ့အခါမှပြန်လည်ပြင်ဆင်ဖို့ ပြောရမယ်၊ ရှုပ်ထွေးမှုတွေဖြစ်မလာခင် စံအိမ်ကိုအမြန်ပြန်မှဖြစ်မယ်၊
ငါ့ရဲ့အစီစဥ်တွေကလည်း Hidden questကိုလက်ခံလိုက်မိတဲ့ငါ့ကြောင့်ပျက်ဆီးသွားခဲ့ရတယ်၊ဒါပေမဲ့ သူ့ခေါင်းပေါ်ကစာကြောင်းလေးလင်းလက်လာတဲ့အချိန်မှာတော့....
[ Intetest.6% ]
ငါ့ရဲ့စိတ်ကိုပြောင်းလိုက်တယ်...
''ဒါဆိုလည်း ကျမတောင်းဆိုထားတဲ့အဖြေကို နားထောင်တာပေါ့... ''
ငါခုံမှာပြောင်းထိုင်လိုက်တယ်...
မကြာခင်ဘဲ Vinterကလမ်းလျှောက်လာပြီး ငါ့ရဲ့အ​ခြားတစ်ဖက်ကခုံမှာထိုင်လိုက်တယ်၊သူကသူ့ရဲ့လက်ကို လေထဲမှာလှုပ်ရှားလိုက်တယ်၊
အဲ့ဒီ့အခါမှာ လက်ဖက်ရည်အိုးနဲ့ လက်ရည်ခွက်နှစ်ခွက်က တစ်နေရာရာကနေ ပျံထွက်လာခဲ့တယ်၊
အဲ့တာကငါ့ကိုစိတ်ဝင်စားမှုဖြစ်စေပြီး လက်ဖက်ရည်အိုးကလက်ဖက်ရည်တွေကို ခွက်ထဲသူ့ဘာသူလောင်းထည့်နေတာကိုကြည့်နေမိတယ်၊ငါ့ရဲ့မျက်နှာက မျက်နှာဖုံးနဲ့ကာထားတာကြောင့် ငါစိတ်ဝင်စားနေတာကို မမြင်နိုင်ဘူး...
'' သောက်ပါဦး... ''
သူကသူ့ရဲ့လက်ကိုနှိမ့်ပြီး လက်ဖက်ရည်အိုးကိုစားပွဲပေါ်ဖြေးဖြေးလေးချလိုက်တယ်၊ငါလက်ဖက်ရည်ခွက်ကိုကိုင်လိုက်ပြီး အပူချိန်အနေတော်ဖြစ်နေတဲ့လက်ဖက်ရည်ကိုတစ်ငုံလောက်သောက်လိူက်တယ်၊
Vinterကစကားပြောဖို့သူ့ရဲ့ပါးစပ်ကိုဖွင့်လိုက်တယ်
'' Ladyသိပြီးသားလားတော့မသိဘူး၊ဒါပေမဲ့လူအနည်းစုကသာ ဒီသတင်းပေးတဲ့အဖွဲ့ကမှော်ဆရာတွေနဲ့ဖွဲ့စည်းထားတာကိုသိကြတာ  ''
' ရှင်ကMarquisတစ်ယောက်ဆိုတာပါ ကျမသိတယ်... '
စိတ်ထဲကနေရေရွတ်ရင်းနဲ့ခေါင်းငြိမ့်လိုက်တယ်၊
'' ထပ်ပေါင်းပြောရရင် အဲ့နေရာကိုမြင်ခဲ့တဲ့လူတွေက ဘယ်တော့မှသူတို့ရဲ့ကိုယ်ပိုင်ခြေထောက်နှစ်ချောင်းနဲ့ဒီနေရာကနေ ထွက်မသွားနိုင်ကြဘူး ''
သူပြောတာက ငါနည်းနည်းစီသောက်နေတဲ့လက်ဖက်ရည်ကို ေထွးထုတ်လုနီးပါးဖြစ်သွားခဲ့တယ်၊ လက်ဖက်ရည်ခွက်ကိုအောက်ချလိုက်ပြီး အေးစက်စက်လေသံနဲ့မေးလိုက်တယ်၊
'' အခုရှင်ကကျမကိုသတ်ဖို့ကြိုးစားတော့မယ်လို့ပြောချင်တာလား ''
'' ဘာ...မဟုတ်ပါဘူး...အဲ့တာကအပြစ်သားဖြစ်သ်ားနိုင်တယ်လေ ''
Vinterကကပျာကယာဖြေလာခဲ့တယ်...
'' ကိုပြောတာက တစ်စုံတစ်ယောက်ရဲ့မှတ်ဉာဏ်ကိုမှော်အစွမ်းနဲ့ဖျက်တဲ့အခါ အဲ့လူရဲ့အားတွေပါကုန်သွားပြီး အိပ်မောကျသွားတယ်...အဲ့တာကြောင့်သူတို့က သူတို့ရဲ့ကိုယ်ပိုင်ခြေထောက်တွေနဲ့မပြန်နိုင်တော့တာလေ...  ''
''အဟမ်း..ဟမ်း ''
ရှက်သလိုခံစားလာရတာကြောင့်ငါ့ရဲ့လည်ချောင်းကိုရှင်းလိုက်တယ်၊
'' Ladyရဲ့မှတ်ဉာဏ်တွေကိုလည်း ကောင်းကောင်းဖျက်သင့်တယ်...ဘယ်လိုပဲဖြစ်ဖြစ်... ''
Vinterကတည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြောလိုက်တယ်
THE END😁
စာလုံးပေါင်းပြန်မစစ်ထားမိဘူး၊မှားတာရှိရင်ဖြည့်ဖတ်ပေးနော်
ကျေးဇူးတင်ပါတယ်😊
_________________________________
Zawgyi
Interest တွေကျနေတဲ့အချိန်တုန်းက ကြောက်ရွံခြင်းနဲ့ ထိပ်လန့်ခြင်းတွေကိုခံစားလိုက်ရတယ်၊ငါ့ရဲ့နားမှာအန္တရာယ်တွေများနေတာကြောင့် ငါ့မှာပျော်ချိန်တောင်မရလိုက်ဘူး၊တုန်ယင်နေတဲ့ငါ့လက်တွေကိုအနောက်မှာဖွက်ထားလိုက်ပြီး အတူတူဆုပ်ကိုင်ထားလိုက်တယ်၊အဲ့နောက် စကားပြောဖို့အတွက်ငါ့ရဲ့ပါးစပ်ကိုဖွင့်လိုက်တယ်၊
'' ဒီနေရာကလှျိို့ဝှက်ထားတဲ့နေရာမှန်းကျမမသိခဲ့ဘူး၊ကျမရဲ့ရိုင်းပျမှုအတွက်စိတ်မရှိပါနဲ့ ''
သူကယဉ်ယဉ်ကျေးကျေးနဲ့ငါ့ကိုဒီနေရာကနေ ခေါ်ထုတ်ဖို့ကြိုးစားခဲ့တယ်၊ကြည့်ရတာဒီနေရာကနေင်ါကိုအလျင်အမြန်ထွက်သွားစေချင်တဲ့ပုံဘဲ
အဲ့အချိန်မှာဘဲ....
ငါ့နောက်ကိုကြည့်လိုက်ပြီး တိရိစ်ဆာန် မျက်နှာဖုံးနဲ့ကလေးငါးယောက်က သူ့တို့ရဲ့လက်တွေဝေ့ယမ်းပြနေတာကိုတွေ့လိုက်ရတယ်၊
စိတ်ဖိစီးနေတဲ့မျက်လုံးတွေနဲ့ Interest 3% ကိုစိုက်ကြည့်လိုက်တယ်၊တကယ်လို့ကလေးတွေကသာငါ့ကိုမကာကွယ်ပေးဘူးဆိုရင် သူ့ရဲ့ထိပ်တန်းလေဆာအလင်းတန်းတွေကြောင့် ငါသေကောင်းဥှေားနိုငျတယျ၊
'' ဟား....''
' ဟမ် ? '
'' .... ''
'' ငါတော့သွားပြီ ''
ငါငိုချင်လာပြီ...
'' အာ''
ရှင်သိပြီလား...အဲ့တာကကျမအမှားမဟုတ်ဘူး ဒါပေမဲ့ နောကျကနြတေဲ့ရှငျ့ရဲ့အမှားဘဲ၊
သူတောင်းဆိုချက်ကိုရတုန်းက ငါရှာဖို့ကြိုးစားနေတဲ့လူကသူဆိုတာကိုVinterမသိနိုင်ဘူး၊အဲ့တာကြောင့် ရည်ရွယ်ချက်ရှိရှိနဲ့လက်ကိုင်ပုဝါဆိုတာကိုပါ ထည့်ရေးခဲ့လိုက်တာ၊အဲ့လောက်အများကြီးစဉ်းစားပြီးနောက်မှာ ငါသူ့မျက်နှာကိုသေချာမကြည့်နိုင်တော့ဘူး၊
'' နေပါဦး ''
သူ့ရဲ့အလောတကြီးအသံက သိပ်မဝေးတဲ့တံခါးဆီသွားနေတဲ့ငါ့ကိ်ုရပ်တန့်သွားစေခဲ့တယ်၊
'' ဘာများလဲ ''
ငါ့ခေါင်းပေါ်မှာ???တွေပေါ်လာတ်ို့ခံစားမိတယ်
[ Intetest.6% ]
'' သောက်ပါဦး... ''
သူကသူ့ရဲ့လက်ကိုနှိမ့်ပြီး လက်ဖက်ရည်အိုးကိုစားပွဲပေါ်ဖြေးဖြေးလေးချလိုက်တယ်၊ငါလက်ဖက်ရည်ခွက်ကိုကိုင်လိုက်ပြီး အပူချိန်အနေတော်ဖြစ်နေတဲ့လက်ဖက်ရည်ကိုတစ်ငုံလောက်သောက်လိုက်တယ်၊
သူပြောတာက ငါနည်းနည်းစီသောက်နေတဲ့လက်ဖက်ရည်ကို ထှေးထုတျလုနီးပါးဖွဈသှားခဲ့တယျ၊ လက်ဖက်ရည်ခွက်ကိုအောက်ချလိုက်ပြီး အေးစက်စက်လေသံနဲ့မေးလိုက်တယ်၊
''အဟမ်း..ဟမ်း ''
THE END😁
ကျေးဇူးတင်ပါတယ်😊
Continue Reading
You'll Also Like
232K 6.2K 64
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
209K 21.3K 70
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
140K 20.7K 113
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...