B O G(ZSWW)[Complete]

Door Kaori_HZar

53.2K 2.9K 78

ရုန်းလေ နစ်လေ ဆိုတာသိပေမယ့် ကိုယ်ကိုယ်တိုင် ကျေကျေနပ်နပ်နဲ့ တိုးဝင်ခုန်ချခဲ့တဲ့နွံလေးမို့ ဆက်တိုးဝင်နေဉီးမှာပ... Meer

1(U)
1(Z)
2(U)
3(U)
3(Z)
4(U)
4(Z)
5(U)
5(Z)
6(U)
6(Z)
7(U)
7(Z)
8(U)
8(Z)
9(U)
9(Z)
10(U)
10(Z)
11(U)
11(Z)
12(U)
12(Z)
13(U)
13(Z)
14(U)
14(Z)
15(U)
15(Z)
A/N
16(U)
16(Z)
17(U)
17(Z)
18(U)
18(Z)
19(U)
19(Z)
20(U)
20(Z)
21(U)
21(Z)
22(U)
22(Z)
23(U)
23(Z)
24(U)
24(Z)
A/N
25(U)
25(Z)
A/N
26(U)
26(Z)
27(U)
27(Z)
28(U)
28(Z)
29(U)
29(Z)
30(U)(Final)
30(Z)Final
A/N

2(Z)

905 23 0
Door Kaori_HZar

ဆရာမနဲ့အတူရှောင်းကျန့်အတန်းတစ်ခုဆီလျှောက်လာခဲ့ကြသည်။ခနလျှောက်အပြီးလမ်းဆုံးရဲ့ညာဘက်အခန်းclass B-1ထဲကိုဆရာမကအရင်ဝင်သွားကာအပြင်မှာသူ့ကိုစောင့်ခိုင်းထားသည်။

ကျောင်းသားတွေကတော့ဆရာမလာခင်ထုံးစံအတိုင်းဆူညံပွက်လောရိုက်နေပေမယ့်အခန်းထဲဆရာမဝင်လာတာမြင်ရောမီးကိုရေနဲ့ပတ်သလို တိတ်ကျသွားလိုက်တာ ဘာသံမှကိုမကြားရတော့။

"ဒီနေ့ ဆရာမတို့အတန်းကို ကျောင်းသားအသစ်တစ်ယောက်ရောက်တယ် ကဲ...သားဝင်လာခဲ့တော့"

ဆရာမကအတန်းကိုပြောပြီးတာနဲ့သူ့ဘက်ကိုလှည့်ပြီးပြောတယ်။ဆရာမကိုခေါင်းတစ်ချက်ငြိမ့်ပြကာ
အတန်းထဲဝင်သွားတော့စကားသံတီးတိုးတီးတိုးတွေထွက်လာသည်။

ဒေါက် ဒေါက်

ဆရာမကခုံကိုdusterနဲ့နှစ်ချက်လောက်ခေါက်ပြီးအခြေအနေကိုထိန်းတယ်။အသံတိတ်သွားမှ ရှောင်းကျန့်အား ပြုံးပြလာပြီးအတန်းကိုမိတ်ဆက်ခိုင်း၏။

"မိတ်ဆက်လိုက်ပါဉီးးး"

"သာ့ကျားဟောင် ဝေါ်ရှစ် ရှောင်းကျန့် ကူညီပေးပါဉီးး"

"သား ဟိုနောက်ဆုံးကခုံမှာသွားထိုင်လိုက်နော်"

"ဟုတ်ကဲ့ ဆရာမ"

"ကဲ ကဲ မနေ့ကသင်လက်စစာမျက်နှာ23ကိုပြန်ဖွင့်"

နောက်ဆုံးခုံကသူ့ထက်အရင်ရောက်နှင့်နေသော တစ်ယောက်မှာ အမဲရောင်
hoodieခေါင်းစွပ်ကိုစွပ်ကာမှောက်အိပ်နေသည်။ဆရာမစာသင်မယ်လို့ပြောတာတောင်ခေါင်းမထောင်လာ။ဒါမျိုးဆိုရှောင်ကျန့်ကမနေနိုင်။ကျောင်းလာတာစာသင်ဖို့လာတာမဟုတ်ဘူးလား စာမသင်ဘဲကျောင်းလာပြီးဆရာမစာသင်နေတဲ့အချိန်မှောက်အိပ်တာတော့ ဒါသတ်သတ်ဆရာမကိုစော်ကားတာပဲ။

"ဟေ့....ဟေ့....မင်းး...."

လေသံလေးနဲ့ဆရာမမကြားအောင်ထိုလူကိုလက်တို့ခေါ်လိုက်တယ်။ထိုလူကလည်းချက်ချင်းခေါင်းထောင်ကြည့်လာတယ်။

"ဘာလဲ.....ထပ်အနမ်းခံချင်သေးလို့လား"

ခေါင်းထောင်ကြည့်လာတဲ့လူရဲ့မျက်နှာကိုမြင်ပြီးအံ့သြရသလိုပြောလာတဲ့စကားကြောင့်လည်းဒေါသထွက်ရသည်။

"မင်း......ဝမ်...........ရိ..............ပေါ်"

အကျယ်ကြီးအော်လိုက်တာကြောင့်အရှေ့မှာစာရှင်းပြနေတဲ့ဆရာမက ရှောင်းကျန့်တို့ကိုကြည့်လာတယ်။ဆရာမကိုသွားလေးဖြဲကာဟီးးကနဲ့ရယ်ပြလိုက်တော့ဆရာမက"အင်းးးကြပ်ကြပ်သတိထားနေဆိုသည့်ပုံစံနှင့်အရှေ့လှည့်သွားသည်။
ဆရာမအရှေ့လှည့်သွားတာနဲ့ဝမ်ရိပေါ်ကိုသွားစိပြီးအံကြိတ်ပြကာလက်သီးထောင်ပြလိုက်၏။ကြည့်နေကြည့်စားဆိုသည့်သဘောနှင့်.......

"မင်းကချစ်ဖို့ကောင်းတယ် "

ပြောပြီးပါးကိုဖြတ်ကနဲ့နမ်းသွားသည်။

"မင်းးးးမင်းးးးမင်းးးးးး"

မျက်နှာတစ်ခုလုံးနီကာဒေါသထွက်နေပေမယ့် မင်းကလွဲပြီးးပါးစပ်ကမထွက်လာခဲ့။
ဘယ်လိုတောင်အရှက်မရှိမှုမျိုးလဲ....

ရင်တစ်ခုလုံးပေါက်ကွဲမတက်ခုန်နေတာလည်းငြင်းမရတဲ့အမှန်တရားတစ်ခုဖြစ်ခဲ့တာကိုတော့လျှို့ဝှက်ချက်အဖြစ်ရှောင်းကျန့်ကတိတ်တိတ်လေးသိမ်းထားတယ်။

"ဟုတ်ပြီ ဝမ် ဒီနေ့တစ်ရက်တည်းတော့မဟူတ်ဘူးးး....ဝမ်နဲ့ တစ်သက်လုံးစာအတွက်"

ရိပေါ်နူတ်ခမ်းတစ်ဖက်မြင့်တက်အောင်ပြုံးလိုက်ကာသူ့ပခုံးပေါ်တင်ထားတဲ့ရှောင်းကျန့်ရဲ့နူတ်ခမ်းကိုခေါင်းလှည့်လို့နမ်းလိုက်တယ်။

"မင်းသဘောပဲ....."

ရုတ်တရပ်ဆန်တာကြောင့်ရှောင်ချိန်မရလိုက်တဲ့အနမ်းမှာ..ရှောင်းကျန့်ဟာတစ်ယောက်တည်းငူငူကြီး.....နမ်းလိုက်တဲ့လူကတော့ထွက်သွားလေပြီ။ရှောင်ကျန့်ရဲ့နှလုံးသားနုနုလေးလည်း ဝမ်ရိပေါ်နဲ့အတူပါသွားခဲ့သည်ကိုတော့ ဘယ်သူသိနိုင်မလဲ။

"သားးး ဒီနေ့ ကျောင်းမှာအဆင်ပြေခဲ့ရဲ့လားး"

ညစာထမင်းစားဝိုင်းတွင်ပါးပါးကိုဟင်းထည့်ပေးနေရင်းမာမားက ရှောင်းကျန့်ကိုလှမ်းမေးတယ်။

"ပြေ.......ပြေပါတယ်.... "

"အေးး ပြီးရင်ငါဘာမှရှုပ်ရှုပ်ရှပ်ရှပ်တွေမကြားချင်ဘူးးနော်...."

ရှောင်းပါးကလေသံမာမာနဲ့ရှောင်းကျန့်ကိုကြည့်ရင်းသတိပေးသည်။

"အော်....ရှင်ကလည်းးးးဆယ်ကျော်သက်ပဲ စိတ်ကစားတတ်တဲ့အရွယ်တွေလေ ရည်းစားတစ်ယောက်တစ်လေတော့ထားမိတဲ့အခါလည်းရှိချင်ရှိမှာပေါ့ အဲ့လောက်ထိကြီးကလေးကိုလိုက်ချုပ်ချယ်မနေပါနဲ့"

"ချုပ်ချယ်တာမဟုတ်ဘူးကွ ငယ်ငယ်ရွယ်ရွယ်နဲ့မဖြစ်သင့်တာမဖြစ်ရအောင်ငါကသတိပေးထါးတာ"

"သားဗိုက်ပြည့်ပြီ"

"နည်းနည်းပဲ စားတယ်ရော သားးး နေမကောင်းလို့လား"

"ကောင်းပါတယ် နေ့လည်ကကျောင်းမှာထမင်းစားနည်းနည်းများသွားလို့"

"အင်းပါ ဒါဆိုလည်း မားခနနေကျရင်နွားနို့လာပို့ပေးမယ်"

"ဟူတ်....မား"

ပါးကတော့ရှောင်းကျန့်ကိုရုတ်ရုတ် ရုတ်ရုတ်တော့လာမလုပ်နဲ့ဆိုတဲ့ဒီဇိုင်းမျိုးနဲ့ကြည့်တယ်။မမြင်ချင်ယောင်ဆောင်ပြီးအပေါ်ထပ်ကိုပဲပြေးတက်ခဲ့လိုက်တယ်။အခန်းတံခါးကိုlockချကာတစ်ကိုယ်လုံးအိပ်ယာပေါ်ပစ်လဲချပြီးခေါင်းအုံးကိုမျက်နှာအပ်ကာအကျယ်ကြီးအော်ပစ်လိုက်သည်။

လိုတာထက်ပိုပြီးချုပ်ချယ်တယ်လို့ ခံစားလာရတဲ့ရှောင်းကျန့်ကဘာကြောင့်များပါလိမ့်။

"မင်းကချစ်ဖို့ကောင်းတယ်"

"ရှောင်းကျန့် မင်းဒီနေ့ငါနဲ့တွဲရမယ်"

အတွေးထဲမှာဂျစ်ကန်ကန်မျက်နှာရူးလေးပေါ်လာတာနဲ့ဝဲဘက်ရင်အုံကအကောင်လေးကလည်းတဒုတ်ဒုတ်။

ဒီနေ့ဖက်ခဲ့တဲ့ကိုယ်လေးကနွေးနွေးအိအိလေးနဲ့ဂျယ်လီတုန်းလေးလိုပဲ။ထိကပ်ခဲ့တဲ့နူတ်ခမ်းတစ်စုံ လျှပ်တစ်ပျက်ခနပေမယ့်ရှောင်းကျန့်ကတော့အဲ့နူတ်ခမ်းလုံးလုံးလေးရဲ့အထိအတွေ့ကိုအခုချိန်ထိကောင်းကောင်းမှတ်မိပါသေးတယ်။

"ရှောင်းးးးကျွန်တော်ကခင်ဗျားကိုအရမ်းချစ်တာ...."

"ခင်ဗျားက ကျွန်တော့်ကိုဉပေက္ခာပြုထားတယ်.....ဟင့်...ခင်ဗျားက ကျွန်တော့ကိုဂရုမစိုက်ဘူးးးး"

ဖုန်းထဲကဓာတ်ပုံလေးကိုနင့်နင့်နဲနဲစိုက်ကြည့်ကာပြောနေတဲ့ရိပေါ်ကအရူးလေးလိုပဲ။ဒါကတော့ရိပေါ်ရဲ့လူမမြင်နိုင်တဲ့တစ်ဖက်ခြမ်းလေးး။ရိပေါ်ကသူ့ရဲ့dark sideကိုသူများကိုထုတ်ပြရမှာကြောက်ပါသည်။ချစ်တဲ့သူကိုလည်းထုတ်မပြခဲ့သလိုချစ်တဲ့သူကလည်းမြင်အောင်မကြည့်နိုင်ဘူးးး။ဟင့်အင်းးးးမကြည့်နိုင်တာမဟူတ်ဘူးး မချစ်လို့ မချစ်
လို့သူ့ရဲ့dark sideကိုမြင်အောင်မကြည့်နိုင်တာ။
************************************
"ဟေးးးးး "

Canteenမှာထိုင်နေတဲ့ရှောင်းကျန့်ကိုအဝေးကနေလက်လှမ်းပြနေတဲ့ရိပေါ်။သူရှိရာလျှောက်လာနေတာမို့အနားအရမ်းမကပ်ခင် ကြိုတင်ကာကွယ်ထားရမယ်။

"မင်းး"

"အင်းးးးမင်းဘာဖြစ်လဲ"

မျက်နှာအနီးအနားကိုတဖြည်းဖြည်းကပ်လာတာကြောင့်အနောက်ကိုအနည်းငယ်ဆုတ်လိုက်တယ်။

"ငါနဲ့5metre..အကွာမှာနေ....."

"ဘာလို့လဲ"

ပြောခါမှပဲနှာခေါင်းထိပ်ချင်းလာထိကပ်လာတဲ့ရိပေါ်ကအရမ်းပါပဲပြောမရဆိုမရ။အနားထပ်ကပ်ရင် ငါ့ရင်ခုန်သံတွေကြားသွားမှာဆိုလို့ဟေးးးလို့အော်ပြောလိုက်ရမကောင်းရှိတော့မယ်။
မျက်နှာလွှဲလိုက်ကာချောင်းတစ်ချက်ဟန့်လိုက်ပြီး ဝမ်ရိပေါ်ရင်ဘတ်ကိုလက်နှင့်ကားလိုက်သည်။

"အဟမ်းးးး မင်းးး ဒါကျောင်းcanteenဆိုတာမသိတာလား"

"သိတယ်လေ.....အဲ့တော့"

ရှောင်းကျန့်ရှေ့တည့်တည့်
ထိုင်ခုံမှာအတည့်မထိုင်ပဲစောင်းထိုင်နေပြီးးမချိုမချဉ်မျက်နှာပေးမေးလာပုံကဆွဲလုပ်ချင်စရာ။

"မင်းမရှက်ဘူးလား"

"မရှက်ပါဘူးးး..."

"မင်းမရှက်ပေမယ့် ငါရှက်တယ်"

"ဘာရှက်စရာရှိလဲ....လူတွေကသူတို့အလုပ်နဲ့သူတို့....ငါတို့ကိုဂရုစိုက်ဖို့တောင်မအားကြဘူးး"

မအားကြဘူးဆိုပဲ canteenတစ်ခုလုံးကအကြည့်တွေသူတို့ဆီမှာ။

ပြိုင်ငြင်းမနေချင်တော့တာကြောင့်လျသ်လျူရှုပြီးကကိုယ်စားစရာရှိတာကိုယ်စားနေလိုက်သည်။ပြောရင်လေကုန်တယ်...

ရုတ်တရပ်ကြီးးထိုင်နေရာကနေမတ်တပ်ထရပ်တဲ့ရိပေါ်ကြောင့်Burgerစားနေတဲ့ရှောင်းကျန့်ကပြူးကြောင်ကြောင်နဲ့ရိပေါ်ကိုမော့ကြည့်လိုက်သည်။ဘာဖြစ်တာလဲ ရုတ်တရပ်.....ကြည့်နေတုန်းမှာပဲ
တဖြည်းဖြည်းနဲ့ရိပေါ်မျက်နှာကသူ့မျက်နှာအနီးအနားကိုရောက်လာတော့ယောင်ယမ်းကာမျက်စိမှိတ်လိုက်မိ၏။

"အဟက်....နူတ်ခမ်းဘေးမှာအချဉ်ရည်ပေနေလို့"

ရိပေါ်အသံကြားမှာမျက်စိမှိတ်လိုက်မိတာကိုသတိရတဲ့ရှောင်းကျန့်ဟာအရှက်ကြီးရှက်နေ
တော့တယ်။ ရှောင်းကျန့် ရေ ရှောင်းကျနံအဲ့မှာအရှက်မဲ့နေလိုက်...

ဘုန်းး!!!!!

"ငါ....ငါစားလို့ပြီးပြီ"

ခုံကိုဘုန်းကနဲရိုက်ကာထွက်သွားတဲ့ရှောင်ကျန့်ကမျက်နှာတစ်ခုလုံးလည်းးနီရဲလျက်......

အဟက်ရှက်သွားတာလား။ချစ်ဖို့ကောင်းတယ် ဒါပေမယ့်မတူဘူးးး။
***********************************
ကျောင်းခေါင်မိုးပေါ်ပြေးတက်လာခဲ့သည်။
တဒိန်းဒိန်းခုန်နေတဲ့ရင်ဘတ်ကလှေကားပေါ်ကိုပြေးတက်လာတဲ့အရှိန်နဲ့ရောလို့ ပေါက်ထွက်မတက်ပဲ။မျက်လုံးထဲမှာလည်းသူ့နူတ်ခမ်းကအချဉ်ရည်တွေပေနေတဲ့လက်မကိုစုပ်လိုက်တဲ့ရိပေါ်ရဲ့နူတ်ခမ်းကိုပဲမြင်ယောင်နေတယ်။

"အားးးးးးးးးးး"
************************************

Ga verder met lezen

Dit interesseert je vast

469K 39.4K 47
Unicode ရူပါဖြောင့်၍ ပျော်ပျော်နေတတ်တဲ့ final year က ကိုကိုနဲ့ ဖျစ်ညှစ်ချင်လောက်အောင်ချစ်ဖို့ကောင်းလွန်းတဲ့ first year က လုံးလုံးကစ်ကစ် အလုံးလေးတို့ရ...
202K 16.8K 40
i know it's getting late, getting late but can i still be on my way, on my way, yeath but when i touch her i feel like I'm cheating on you. ... chea...
54.5K 5.8K 26
"ကိုယ့်ကိုနမ်း" "ဆုတောင်း ရှောင်းကျန့်" ⚠️ ZSWW⚠️ "ကိုယ့်ကိုနမ်း" "ဆုတောင်း ရှောင်းကျန့်" ⚠️ ZSWW⚠️
4K 114 28
ကောကိုစောင့်​နေမယ်​ ပြန်​လာပါတော့ 10နှစ်​တောင်​ကြာခဲ့ပြီလေ ဒီလောက်​စောင့်​ရရင်​ ရသင့်​ပြီမလား သစ်​တောထဲကမျက်​နှာဖုံးနဲ့ထူးဆန်းတဲ့ကျွန်​တော့်​ကော Wan...