The Heart of Sacrifice || Com...

By Cutie_KmJz

29.9K 3K 338

JunZhe Fan Fiction ♡ Started date - October 12 , 2021 Ended date - November 24 , 2021 More

Chapter ( 1 )
Chapter ( 2 )
Chapter ( 3 )
Chapter ( 4 )
Chapter ( 5 )
Chapter ( 6 )
Chapter ( 7 )
Chapter ( 8 )
Chapter ( 9 )
Chapter ( 10 )
Chapter ( 11 )
Chapter ( 12 )
Chapter ( 13 )
Chapter ( 14 )
Chapter ( 15 )
Chapter ( 16 )
Chapter ( 17 )
Chapter ( 18 )
Chapter ( 19 )
Chapter ( 20 )
Chapter ( 21 )
Chapter ( 23 )
Chapter ( 24 )
Chapter ( 25 )
Chapter ( 26 )
Chapter ( 27 )
Chapter ( 28 )
Chapter ( 29 )
Chapter ( 30 ) Final
Book 📚
Please attention
Order

Chapter ( 22 )

810 87 7
By Cutie_KmJz

[ Unicode version ]

နေကလည်းဝင်လာပြီ ။ ခရီးတဖြတ်နားဖို့အတွက် ကုန်းကျွင်းကလက်ရှိရောက်နေတဲ့တောထဲမှာပဲ အနားယူနိုင်ဖို့သူကိုယ်တိုင်ပြင်ဆင်တယ် ။ တဲလေးထိုးပြီး အပြင်ဘက်မှာ သစ်ကိုင်းစတွေလိုက်ကောက်ပြီး မီးမွှေးနေတဲ့ ကုန်းကျွင်းက သူ့ကိုယ်သူ ဧကရာဇ်တစ်ပါးဆိုတာကိုလည်းမေ့လျော့နေခဲ့တယ်ထင်ရဲ့ ။ ဂုဏ်အရှိန်အဝါတွေဆိုတာလည်း ချစ်ခြင်းတရားဆိုတဲ့အရာတွေအောက်မှာ ပြားပြားဝပ်လို့ကျရှုံးပါတယ် ။

ကိုကိုက တဲထဲမှာ လွီစူးလေးကိုသိပ်နေပုံရတယ် ။ ကုန်းကျွင်းကတော့အပြင်မှာပဲ မီးထိုင်မွှေးနေတုန်းပဲ ။ တောက်လောင်နေတဲ့မီးတောက်ကလေးကိုကြည့်ပြီး ကုန်းကျွင်းအတွေးတွေကပျံ့လွင့်တယ် ။

ကုန်းကျွင်းကို ကိုကိုကယ်ထားခဲ့တုန်းက မီးထိုင်မွှေးနေတဲ့ ကိုကို့ပုံရိပ်လေးကတကယ်လှတယ် ။ ကုန်းကျွင်းက ကိုကို့ကို အရမ်းလည်းအထင်ကြီးခဲ့သေးတာ ။ ကိုကိုက သန်မာတယ် ။ ဘယ်သူ့ကိုမှလည်းမကြောက်ဘူး ။ ကုန်းကျွင်းနဲ့တစ်ခြားစီပဲ ။

အမဲလိုက်ထားတဲ့ယုန်ကိုကင်ပြီး ကုန်းကျွင်းကိုကျွေးသေးတာ ။ ကိုကိုက မလုပ်တတ်လုပ်တတ်နဲ့လုပ်ထားတယ်ထင်ရဲ့ ။ အသားကင်က တူးပြီးခါးနေတာပဲ ။ ကိုကိုတို့ဘယ်လိုစားနေလဲမသိပေမယ့် ကုန်းကျွင်းကတကယ်မစားနိုင်ခဲ့ဘူး ။ ချက်ချင်းပြန်အန်ထွက်ချင်နေပေမယ့် ကိုကို သူ့အတွက်အပင်ပန်းခံပြီးလုပ်ပေးထားတာဆိုတဲ့အတွေးနဲ့ ကုန်းကျွင်းကပါးစပ်ထဲကိုကြိတ်မှိတ်ထိုးသွင်းခဲ့တာ ။ အစာအိမ်တွေပျက်စီးသွားလည်းဘာဖြစ်လဲ ၊ ကိုကို့စေတနာတွေမို့ သူက အသိအမှတ်ပြုပြီး မရမက စားမှာပဲ ။

တောထဲကတဲလေးထဲ နှစ်ယောက်ထဲဖြတ်သန်းခဲ့တဲ့ အချိန်တွေကလည်း လှတယ် ။

အဲ့ဒီညက ကုန်းကျွင်းအနာရှိန်ကြောင့် အဖျားတတ်ပြီး အရမ်းချမ်းနေခဲ့တာ ။ ကိုကိုက သူ့အင်္ကျီအပေါ်ထပ်ကိုချွတ်ပြီး ကုန်းကျွင်းကိုခြုံပေးတယ်လေ ။ အဲ့တုန်းက အအေးဒါဏ်ခံနိုင်တယ်လို့ပြောတဲ့ ကိုကို့ စကားကို ကုန်းကျွင်းကလက်မခံချင်ခဲ့ဘူး ။ ဒါကတော့ ကိုကိုဘယ်ကလာလဲဆိုတာ ကုန်းကျွင်းမသိခဲ့သေးလို့ဖြစ်ပါလိမ့်မယ် ။

ပြီးတော့ ကိုကိုက ကုန်းကျွင်းလက်တွေကိုဆွဲယူပြီး နှုတ်ခမ်းနွေးနွေးလေးနဲ့ အာငွေ့ပေးသေးတာ ။ အဲ့ဒီအချိန်တုန်းက ကုန်းကျွင်းရင်တွေကအဆမတန်ခုန်ပေါက်လို့ ။ အချစ်ဆိုတာကိုတော့ နားမလည်သေးပေမယ့် သူ ကိုကို့ ကိုအရမ်းဖက်ထားချင်ခဲ့တယ် ။ လုံးဝ လွှတ်မပေးတော့ဘဲ တင်းတင်းကြပ်ကြပ်ဖက်ထားချင်ခဲ့တာ ။

" ကျွန်တော် .. ကိုကို့ ကို ဖက်ထားချင်တယ် "

ထိုစကားကိုပြောပြီးကာမှ ကုန်းကျွင်းက ကိုကိုစိတ်ဆိုးသွားမှာကိုလည်းစိုးရိမ်ခဲ့သေးတယ် ။ သူ့ကိုမျက်လုံးဝိုင်းလေးတွေနဲ့ကြည့်နေတဲ့ ကိုကို့ကြောင့် ကုန်းကျွင်းမှာ ကိုကို့ရဲ့‌အ‌ဖြေစကားကိုမျှော်လင့်တကြီးစောင့်ဆိုင်းခဲ့ရသေးတာ ။

ကိုကိုက ခေါင်းလေးတွေငြိမ့်လို့ လက်ခံလိုက်မှသာကုန်းကျွင်းမှာ ဝမ်းသာအားရနဲ့ပွေ့ဖက်မိတယ် ။ ကိုကိုကပြောတယ် ကုန်းကျွင်းကိုဝမ်းနည်းနေလားတဲ့ ။ အဲ့တုန်းက ခံစားချက်ကိုပြောရရင် ဝမ်းနည်းနေတယ်ဆိုတာ ဆင်ခြေသက်သက်ပဲလို့ပြောရလိမ့်မယ် ။ မယ့်တော့်ကိုလွမ်းနေလို့ပါဆိုတာကလည်း ကြည့်ကောင်းရုံအဖြေသက်သက်ပဲ ။ မယ့်တော့်ကိုလွမ်းတာက အဲ့ဒီအချိန်မှမဟုတ်ခဲ့ဘဲ ။ ကုန်းကျွင်းက ဒီအတိုင်း ကိုကို့ ကိုဖက်ထားချင်ရုံပဲ ။ ကုန်းကျွင်းခန္တာကိုယ်နဲ့ထိတွေ့နေမယ့် ကိုကို့ အနွေးဓာတ်လေးကိုလိုချင်ခဲ့ရုံပဲ ။

အဲ့ဒီညကအိပ်ပျော်ပြီး နောက်နေ့မှာ နိုးလာတော့ ကုန်းကျွင်းဘေးနားကိုကို မရှိတော့ ကုန်းကျွင်းတအားကိုလန့်သွားသေးတယ် ။ ကိုကိုက သူ့ကိုပစ်ထားခဲ့ပြီအထင်နဲ့ ။ သူက ဒီလောက်အသုံးမကျတာ ဘယ်သူကလိုချင်မှာလဲ ။ ဝမ်းနည်းစိတ်နဲ့အတူ နာနေတဲ့ခြေထောက်ကို ဂရုမစိုက်ဘဲ နှုတ်ခမ်းတွေကို ဖိကိုက်လို့ ကိုကို့ ကိုလိုက်ရှာခဲ့တယ် ။

ရေတံခွန်မှာ ကုန်းကျွင်းကြောက်တဲ့ ဝံပုလွေ နဲ့ ဆော့ကစားနေတဲ့ ကိုကို့ ကိုတွေ့တဲ့အခါမှသာ ကုန်းကျွင်းက သက်ပြင်းအသာချမိတယ် ။ ရေထဲက ကိုကို့ ပုံစံကို သေချာပြန်ကြည့်မိတော့ ကုန်းကျွင်းစိတ်တွေကထူးဆန်းလာတယ် ။ သစ်ပင်အနောက်မှာကွယ်ပြီး ရေတွေကြားထဲက ပြုံးရယ်နေတဲ့ ကိုကို့ ကို ကုန်းကျွင်းက ပြုံးတုံ့တုံ့နဲ့ကြည့်နေခဲ့တာ ။

ကိုကိုက သူခိုးကြည့်နေတာကိုသိသွားတယ်လေ ။ ကိုကို စိတ်ဆိုးတော့မယ်အထင်နဲ့လည်း ဘာစကားမှမပြောနိုင်ခဲ့ဘူး ။ တော်သေးတာပေါ့ ကိုကိုက သူ့ကို ကလေးတစ်ယောက်လိုနားလည်ပေးလို့ ။ ကိုကိုက ကုန်းကျွင်းခေါင်းကိုပုတ်တယ် ။ ကုန်းကျွင်းသဘောကျတယ် ။ ဒါပေမယ့် ရေစိုနေတဲ့ ကိုကို့မျက်နှာလေးကိုကြည့်ပြီး ကုန်းကျွင်းက ပထမဆုံးအကြိမ်တစ်စုံတစ်ယောက်ကို နမ်းချင်လာတယ် ။ အမှန်အတိုင်းပြောရရင်ရိုးသားခဲ့ပါတယ် ။ ကိုကို့ပါးအိအိလေးတစ်ဖက်ကိုနစ်ဝင်အောင်နမ်းခဲ့ရတဲ့အချိန်တွေက ကုန်းကျွင်းအတွက် လိပ်ပြာတွေအများကြီးရှိတဲ့နေရာကိုရောက်သွားသလိုခံစားချက်မျိုးပဲ ။ ကုန်းကျွင်းအရမ်းပျော်တယ် ။ အရမ်းကိုပဲ ။
သိလား ၊ ကိုကိုက ရေ‌တွေစိုနေတဲ့အချိန် အရမ်းကိုလှတယ် ။

အတိတ်ပုံပြင်တွေကလှတော့ ကုန်းကျွင်းနှုတ်ခမ်းတွေမှာ ဖုံးမရတဲ့အပြုံးတွေနဲ့ ။ ရုတ်တရက်တဲထဲကထွက်လာတဲ့ ကိုကို့ ကိုတွေ့တဲ့အခါ ကုန်းကျွင်းကပြုံးနေတာကိုရပ်လိုက်တယ် ။

ကိုကိုကတော့ ကုန်းကျွင်းကိုတစ်ချက်မျှကြည့်ပြီး မီးပုံဘေးမှာလာထိုင်တယ် ။ ကုန်းကျွင်းနဲ့မလှမ်းမကမ်းမှာပဲ ။

" လွီစူးအိပ်သွားပြီလား "

တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်က ကုန်းကျွင်းနှလုံးသားကိုနာကျင်စေသလိုပဲ ။ ဒါကြောင့် သူကပထမဆုံးစကားစဖြစ်လိုက်တယ် ။ ထိုအခါ ကိုကို့ ဘက်က ထွက်လာတဲ့ စကားက ' အင်း ' ဆိုတာလေးပဲ ။ တော်ပါသေးတယ် ၊ ကိုကိုက သူ့ကိုပြန်ဖြေသေးတယ် ။ ဒါဆို ကိုကိုကသူ့ကိုအရမ်းမမုန်းသေးဘူးဆိုတဲ့သဘောပဲပေါ့နော် ။

" တောင်းပန်ပါတယ် "

ထွက်လာတဲ့စကားတစ်ခွန်းက အဖျားခတ်ကာတုန်ရီတယ် ။ ခွင့်လွှတ်ပေးဖို့ မမျှော်လင့်ပါဘူး ၊ ဒါပေမယ့် အနည်းဆုံးတော့ တောင်းပန်စကားလေးပြောချင်လို့ ။

" ဘာအတွက်လဲ "

အေးစက်စက်ထွက်လာတဲ့စကားကြောင့် ကုန်းကျွင်းက ကိုကို့ ကိုကြည့်တယ် ။ ကိုကိုကတော့ မီးပုံကိုသာမျက်လုံးသေတွေနဲ့ စိုက်ကြည့်နေတယ် ။

" အရာအားလုံးအတွက်ပါ "

" ...... "

" ...... "

ကိုကိုက ကုန်းကျွင်းကိုပြန်ကြည့်ပေမယ့် ဘာစကားမှမတုန့်ပြန်ဘူး ။ ဝမ်းနည်းရိပ်သန်းနေတဲ့ ကိုကို့မျက်ဝန်းတွေကို ကုန်းကျွင်းကသေချာပေါက်ဖတ်တတ်ခဲ့တယ် ။ ကုန်းကျွင်းက ကိုကိုနဲ့ပတ်သတ်လာရင် အသေးစိတ်‌‌အရာ‌လေးတွေကအစ ရင်းနှီးကျွမ်းဝင်ပါတယ်တဲ့ ။

" ရီဇွင်းကို တွေ့ပြီးတာနဲ့ ငါပြန်မယ် "

ကြားလိုက်ရတဲ့စကားက ထိတ်လန့်ဖွယ်ရာပဲ ။ ကိုကိုက ကုန်းကျွင်းနဲ့အပြီးပြန်လိုက်လာတာမဟုတ်ဘူးလား ။ ဟုတ်သားပဲ ၊ ကိုကိုက မိသားစုရှိနေပြီ ။ လွီစူးရဲ့အဖေကို ဘယ်ပစ်ထားခဲ့ပါ့မလဲ ။

ကုန်းကျွင်း ဘာအဖြေစကားမှမပေးနိုင်ခဲ့ဘူး ။ သေတော့မယ့်မီးပုံထဲကိုထင်းတွေသာအဆက်မပြတ်ထည့်နေခဲ့မိတယ် ။ မီးပုံကမီးတွေလိုပဲ သူ့ရင်တွေဟာလောင်မြိုက်တယ် ။ သေချာမကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ်ပေးခဲ့တဲ့ အပြစ်ဒါဏ်တွေကြောင့် သုံးပြည်ထောင်အရှင်သခင် ကုန်းကျွင်းရဲ့ ခန္တာကိုယ်မှာ ဘယ်သူမှသိရှိလေခြင်းမရှိတဲ့ အမာရွတ်များစွာတည်ရှိပါတယ် ။

ညက နက်သထက်နက်လာတယ် ။ မီးပုံဘေးနားမှာ ကိုကိုနဲ့ ကုန်းကျွင်းကထိုင်နေတုန်းပဲ ။ အရင်ကလိုတော့ ကိုကိုက ကုန်းကျွင်းကိုအနွေးဓာတ်မပေးနိုင်တော့ပါဘူး ။ အခြေအနေတွေကကွာခြားသွားပြီပဲ ။ ဒါတွေကလည်း ကုန်းကျွင်းအပြစ်တွေပဲ ။

" ကိုကိုသွားအိပ်တော့လေ မနက်ကြ စောစောထသွားရအောင် "

ကုန်းကျွင်းဘက်ကပဲအရင်ဆုံးပြောဖြစ်လိုက်တယ် ။ ပြောစရာစကားတွေမှမရှိဘဲ ။ ထိုင်နေလို့လည်းအကျိုးမှမရှိတာ ။ ကိုကို အိပ်ရေးဝဖို့လိုသေးတယ်လေ ။

" မင်းကရော "

ကုန်းကျွင်းနှုတ်ခမ်းတွေက အနည်းငယ်ကွေးညွတ်တယ် ။ ကိုကို့ဦးနှောက်ထဲမှာ ကုန်းကျွင်းကရှိနေသေးသားပဲ ။

" ကျွန်တော် မအိပ်ချင်လို့ "

" ကောင်းပြီလေ ဒါဆိုလည်းပြီးရော "

ကိုကိုက ကုန်းကျွင်းကိုပြောပြီးတာနဲ့ တဲထဲကိုဝင်သွားတယ် ။ အေးစက်သွားလိုက်တာ ၊ နွေးထွေးမှုတွေမရှိတော့ဘဲ ။

ခဏအကြာမှာပဲ ကုန်းကျွင်းက တဲထဲကို အနည်းငယ်ချောင်းကြည့်မိတယ် ။ ကိုကိုက လွီစူးကိုဖက်ပြီးအေးအေးချမ်းချမ်းအိပ်နေတယ် ။ တစ်ချိန်က လွီစူးနေရာမှာ ကုန်းကျွင်းဖြစ်ခဲ့ဖူးတယ် ။ ကယ် ထားလိုက်ပါ ၊ ပြန်မရနိုင်တဲ့အတိတ်တွေပဲ ။

ကုန်းကျွင်းအိပ်ချင်လာတာကြောင့် မီးပုံဘေးနားက သစ်တုံးပေါ်မှာပဲ လှဲအိပ်လိုက်တော့တယ် ။ မနက်နိုးတာနဲ့ ခရီးအမြန်ဆက်ပြီး သားတော်ရီဇွင်းကို သူ့ပါးပါးနဲ့ပေးတွေ့ရမယ် ။ သူ့ကြောင့်မို့ ရီဇွင်းလေးက ကိုကို့ဆီက မေတ္တာတွေအပြည့်အဝမရရှိခဲ့ဘူး ။ ကိုကို့ ကိုသာတွေ့ရင် ရီဇွင်းတအားပျော်နေတော့မှာပဲ ။

တကျီကျီအော်နေတဲ့ ညအကောင်လေးတွေအသံကပိုကျယ်လာတယ် ။ တဲအိမ်အပြင်ရောအတွင်းရောက လူတွေအကုန်လုံးကအိမ်မောကျနေတယ် ။ တဲအိမ်ဘေးနားက ရှောင်ယွင်ကလည်း တစ်ချက်မှမလှုပ်ဘဲအိပ်စက်လို့ ။ ဘယ်သူ့မှသတိမထားမိတဲ့အချိန်လေးအတွင်းမှာ တဲအိမ်အပြင်ဘက်ကကောင်လေး ခန္တာကိုယ်ပေါ် အပေါ်ရုံတစ်ထည်လွှမ်းခြုံသွားတယ် ။

.
မနက်နိုးလာတော့ ကုန်းကျွင်း သူ့ခန္တာကိုယ်ပေါ်ကဝတ်ရုံကိုသတိပြုမိသွားတယ် ။ ပြောစရာမလိုအောင်ဘယ်သူ့အဝတ်လည်း သိပြီးသားပါပဲ ။ ကိုကိုက အခုထိ သူတစ်ပါးအပေါ်နွေးထွေးတတ်တုန်းပဲ ။

" နိုးပြီဆိုရင် သွားရအောင် "

တဲထဲက ထွက်လာတဲ့ကိုကိုက ထိုသို့ဆိုတယ် ။ ကိုကိုက အစောကြီးနိုးနေခဲ့တာထင်တယ် ။ ကိုကို့အနောက်ကနေ လွီစူးကပါထွက်လာတယ် ။ ကလေးမလေးက သစ်တုံးပေါ်က ကုန်းကျွင်းကိုတွေ့တာနဲ့ ကိုကို့ ဘေးနားပြေးကပ်ပြီး ကိုကို့အင်္ကျီစလေးကိုဆွဲကိုင်ထားတယ် ။

" လွီစူး ပါးပါးတို့သွားရအောင် "

" အွန်း လွီစူးကိုချီ "

ထိုစကားကြောင့် ကုန်းကျွင်းက မျက်မှောင်ကြုံ့တယ် ။ ကလေးမလေးကအပျင်းကြီးလိုက်တာ ၊ တစ်လမ်းလုံးချီခိုင်းနေတာလမ်းလေးနည်းနည်းတောင်မလျှောက်ဘူး ။ ထိုအချင်းအရာက ကိုကိုနဲ့တူတာလုံးဝမဖြစ်နိုင်ဘူး ။

ပြီးတော့ ဂဂျီဂဂျောင်များတယ် ။ ကိုကိုက ဘယ်လောက်တောင်အလိုလိုက်ထားခဲ့တာလဲ ။

ကိုကို့ မျက်နှာလေးက အားရှိတဲ့ပုံမပေါ်ဘူး ။ အလိုမသိလိုက်တဲ့ကလေးမပဲ ။ ကုန်းကျွင်းအော်လိုက်ရင်လည်း ကိုကိုက သူ့ကလေးကိုအော်တယ်ဆိုပြီးစိတ်ဆိုးဦးမယ် ။

ကုန်းကျွင်းက ကိုင်ဆွဲနေကြဓားကို လက်တစ်ဖက်ကသေချာကိုင်ပြီး ကိုကို့ လက်ထဲက လွီစူးကိုဆွဲယူချီလိုက်တယ် ။

" အာ အား "

လွီစူးက အော်တယ် ။ ကုန်းကျွင်းဆီကိုမလိုက်ချင်တဲ့ပုံ ။

" မင်းဘာလုပ်ပြန်တာလဲ "

" ကျွန်တော်ချီမယ် ၊ ကိုကိုက ရှောင်ယွင့်ကိုခေါ်ပြီးသက်တောင့်သက်သာလိုက်ခဲ့ပါ "

ကုန်းကျွင်းကအရှေ့ကနေထွက်သွားတယ် ။ လွီစူးက သူ့ပါးပါးကိုအကူအညီတောင်းတဲ့မျက်လုံးလေးတွေနဲ့ကြည့်နေသေးပေမယ့် ဒီဦးလေးကြီးကခြေလှမ်းကျဲကြီးတွေနဲ့လျှောက်လာမို့ ခပ်လှမ်းလှမ်းရောက်သွားတဲ့အခါ မလှုပ်ရဲတော့ဘဲငြိမ်ကျသွားတယ် ။ ပါးပါးက ဘာလို့ဒီဦးလေးကြီးကို လွီစူးနဲ့လွှတ်ထားတာလဲ ။

ကျန်းကျယ်ဟန့်လည်း သက်ပြင်းသာချပြီး ရှောင်ယွင့်ကိုခေါ်လို့လိုက်သွားရတော့တယ် ။ အမှန်တကယ်လည်း သူလွီစူးကို ချီပြီးလမ်းမလျှောက်နိုင်လောက်ဘူး ။ ဆေးသောက်ထားတာမကြာသေးပါဘူး ။ ပြန်လာတဲ့အချိန်ထိ ခံနိုင်လောက်မယ်ထင်တယ် ။ ၃ရက်လောက်နေပြီးတာနဲ့ ပြန်လာမှာပဲမလား ။

ရီဇွင်းလေးကို ထပ်မထားခဲ့ချင်ပေမယ့်လည်း မကြာခဏလာတွေ့လို့ရတာပဲ ။ ဧကရာဇ်အရှင်ရဲ့အနားမှာ ကြာကြာနေလို့ ဒီလူအတွက် ကောင်းတာဘာမှမရှိလောက်ဘူးလေ ။ ဒုက္ခပိုရမှာ ဧကရာဇ်ကိုယ်တော်တိုင်ပဲဖြစ်နေလိမ့်မယ် ။

ဧကရာဇ်ကိုမုန်းနေလားတဲ့ ။ ဒီလူက မမုန်းရက်လို့ ဧကရာဇ်အနားကိုယ်တိုင်ထွက်လာပေးခဲ့တာလေ ။ စိတ်နာရမယ့်အစား မေတ္တာတွေသာတိုးတယ် ။ ဒီလူက အမှတ်မရှိတဲ့ အရူးသာသာပဲ ။ ဒါပေမယ့် ဧကရာဇ်အနားမှာ နောက်တစ်ကြိမ်ဆက်နေဖို့ အင်အားမရှိပါဘူး ။ ဒီလူက ဝေဒနာတွေထပ်ပြီး မခံစားနိုင်တော့လို့ပါ ။

_______________♡_______________

♡´・ᴗ・'♡

Cutie KmJz~


[ Zawgyi version ]

ေနကလည္းဝင္လာၿပီ ။ ခရီးတျဖတ္နားဖို႔အတြက္ ကုန္းကြၽင္းကလက္ရွိေရာက္ေနတဲ့ေတာထဲမွာပဲ အနားယူနိုင္ဖို႔သူကိုယ္တိုင္ျပင္ဆင္တယ္ ။ တဲေလးထိုးၿပီး အျပင္ဘက္မွာ သစ္ကိုင္းစေတြလိုက္ေကာက္ၿပီး မီးေမႊးေနတဲ့ ကုန္းကြၽင္းက သူ႕ကိုယ္သူ ဧကရာဇ္တစ္ပါးဆိုတာကိုလည္းေမ့ေလ်ာ့ေနခဲ့တယ္ထင္ရဲ႕ ။ ဂုဏ္အရွိန္အဝါေတြဆိုတာလည္း ခ်စ္ျခင္းတရားဆိုတဲ့အရာေတြေအာက္မွာ ျပားျပားဝပ္လို႔က်ရႈံးပါတယ္ ။

ကိုကိုက တဲထဲမွာ လြီစူးေလးကိုသိပ္ေနပုံရတယ္ ။ ကုန္းကြၽင္းကေတာ့အျပင္မွာပဲ မီးထိုင္ေမႊးေနတုန္းပဲ ။ ေတာက္ေလာင္ေနတဲ့မီးေတာက္ကေလးကိုၾကည့္ၿပီး ကုန္းကြၽင္းအေတြးေတြကပ်ံ့လြင့္တယ္ ။

ကုန္းကြၽင္းကို ကိုကိုကယ္ထားခဲ့တုန္းက မီးထိုင္ေမႊးေနတဲ့ ကိုကို႔ပုံရိပ္ေလးကတကယ္လွတယ္ ။ ကုန္းကြၽင္းက ကိုကို႔ကို အရမ္းလည္းအထင္ႀကီးခဲ့ေသးတာ ။ ကိုကိုက သန္မာတယ္ ။ ဘယ္သူ႕ကိုမွလည္းမေၾကာက္ဘူး ။ ကုန္းကြၽင္းနဲ႕တစ္ျခားစီပဲ ။

အမဲလိုက္ထားတဲ့ယုန္ကိုကင္ၿပီး ကုန္းကြၽင္းကိုေကြၽးေသးတာ ။ ကိုကိုက မလုပ္တတ္လုပ္တတ္နဲ႕လုပ္ထားတယ္ထင္ရဲ႕ ။ အသားကင္က တူးၿပီးခါးေနတာပဲ ။ ကိုကိုတို႔ဘယ္လိုစားေနလဲမသိေပမယ့္ ကုန္းကြၽင္းကတကယ္မစားနိုင္ခဲ့ဘူး ။ ခ်က္ခ်င္းျပန္အန္ထြက္ခ်င္ေနေပမယ့္ ကိုကို သူ႕အတြက္အပင္ပန္းခံၿပီးလုပ္ေပးထားတာဆိုတဲ့အေတြးနဲ႕ ကုန္းကြၽင္းကပါးစပ္ထဲကိုႀကိတ္မွိတ္ထိုးသြင္းခဲ့တာ ။ အစာအိမ္ေတြပ်က္စီးသြားလည္းဘာျဖစ္လဲ ၊ ကိုကို႔ေစတနာေတြမို႔ သူက အသိအမွတ္ျပဳၿပီး မရမက စားမွာပဲ ။

ေတာထဲကတဲေလးထဲ ႏွစ္ေယာက္ထဲျဖတ္သန္းခဲ့တဲ့ အခ်ိန္ေတြကလည္း လွတယ္ ။

အဲ့ဒီညက ကုန္းကြၽင္းအနာရွိန္ေၾကာင့္ အဖ်ားတတ္ၿပီး အရမ္းခ်မ္းေနခဲ့တာ ။ ကိုကိုက သူ႕အကၤ်ီအေပၚထပ္ကိုခြၽတ္ၿပီး ကုန္းကြၽင္းကိုၿခဳံေပးတယ္ေလ ။ အဲ့တုန္းက အေအးဒါဏ္ခံနိုင္တယ္လို႔ေျပာတဲ့ ကိုကို႔ စကားကို ကုန္းကြၽင္းကလက္မခံခ်င္ခဲ့ဘူး ။ ဒါကေတာ့ ကိုကိုဘယ္ကလာလဲဆိုတာ ကုန္းကြၽင္းမသိခဲ့ေသးလို႔ျဖစ္ပါလိမ့္မယ္ ။

ၿပီးေတာ့ ကိုကိုက ကုန္းကြၽင္းလက္ေတြကိုဆြဲယူၿပီး ႏႈတ္ခမ္းေႏြးေႏြးေလးနဲ႕ အာေငြ႕ေပးေသးတာ ။ အဲ့ဒီအခ်ိန္တုန္းက ကုန္းကြၽင္းရင္ေတြကအဆမတန္ခုန္ေပါက္လို႔ ။ အခ်စ္ဆိုတာကိုေတာ့ နားမလည္ေသးေပမယ့္ သူ ကိုကို႔ ကိုအရမ္းဖက္ထားခ်င္ခဲ့တယ္ ။ လုံးဝ လႊတ္မေပးေတာ့ဘဲ တင္းတင္းၾကပ္ၾကပ္ဖက္ထားခ်င္ခဲ့တာ ။

" ကြၽန္ေတာ္ .. ကိုကို႔ ကို ဖက္ထားခ်င္တယ္ "

ထိုစကားကိုေျပာၿပီးကာမွ ကုန္းကြၽင္းက ကိုကိုစိတ္ဆိုးသြားမွာကိုလည္းစိုးရိမ္ခဲ့ေသးတယ္ ။ သူ႕ကိုမ်က္လုံးဝိုင္းေလးေတြနဲ႕ၾကည့္ေနတဲ့ ကိုကို႔ေၾကာင့္ ကုန္းကြၽင္းမွာ ကိုကို႔ရဲ႕‌အ‌ေျဖစကားကိုေမွ်ာ္လင့္တႀကီးေစာင့္ဆိုင္းခဲ့ရေသးတာ ။

ကိုကိုက ေခါင္းေလးေတြၿငိမ့္လို႔ လက္ခံလိုက္မွသာကုန္းကြၽင္းမွာ ဝမ္းသာအားရနဲ႕ေပြ႕ဖက္မိတယ္ ။ ကိုကိုကေျပာတယ္ ကုန္းကြၽင္းကိုဝမ္းနည္းေနလားတဲ့ ။ အဲ့တုန္းက ခံစားခ်က္ကိုေျပာရရင္ ဝမ္းနည္းေနတယ္ဆိုတာ ဆင္ေျခသက္သက္ပဲလို႔ေျပာရလိမ့္မယ္ ။ မယ့္ေတာ့္ကိုလြမ္းေနလို႔ပါဆိုတာကလည္း ၾကည့္ေကာင္း႐ုံအေျဖသက္သက္ပဲ ။ မယ့္ေတာ့္ကိုလြမ္းတာက အဲ့ဒီအခ်ိန္မွမဟုတ္ခဲ့ဘဲ ။ ကုန္းကြၽင္းက ဒီအတိုင္း ကိုကို႔ ကိုဖက္ထားခ်င္႐ုံပဲ ။ ကုန္းကြၽင္းခႏၲာကိုယ္နဲ႕ထိေတြ႕ေနမယ့္ ကိုကို႔ အေႏြးဓာတ္ေလးကိုလိုခ်င္ခဲ့႐ုံပဲ ။

အဲ့ဒီညကအိပ္ေပ်ာ္ၿပီး ေနာက္ေန႕မွာ နိုးလာေတာ့ ကုန္းကြၽင္းေဘးနားကိုကို မရွိေတာ့ ကုန္းကြၽင္းတအားကိုလန႔္သြားေသးတယ္ ။ ကိုကိုက သူ႕ကိုပစ္ထားခဲ့ၿပီအထင္နဲ႕ ။ သူက ဒီေလာက္အသုံးမက်တာ ဘယ္သူကလိုခ်င္မွာလဲ ။ ဝမ္းနည္းစိတ္နဲ႕အတူ နာေနတဲ့ေျခေထာက္ကို ဂ႐ုမစိုက္ဘဲ ႏႈတ္ခမ္းေတြကို ဖိကိုက္လို႔ ကိုကို႔ ကိုလိုက္ရွာခဲ့တယ္ ။

ေရတံခြန္မွာ ကုန္းကြၽင္းေၾကာက္တဲ့ ဝံပုေလြ နဲ႕ ေဆာ့ကစားေနတဲ့ ကိုကို႔ ကိုေတြ႕တဲ့အခါမွသာ ကုန္းကြၽင္းက သက္ျပင္းအသာခ်မိတယ္ ။ ေရထဲက ကိုကို႔ ပုံစံကို ေသခ်ာျပန္ၾကည့္မိေတာ့ ကုန္းကြၽင္းစိတ္ေတြကထူးဆန္းလာတယ္ ။ သစ္ပင္အေနာက္မွာကြယ္ၿပီး ေရေတြၾကားထဲက ၿပဳံးရယ္ေနတဲ့ ကိုကို႔ ကို ကုန္းကြၽင္းက ၿပဳံးတုံ႕တုံ႕နဲ႕ၾကည့္ေနခဲ့တာ ။

ကိုကိုက သူခိုးၾကည့္ေနတာကိုသိသြားတယ္ေလ ။ ကိုကို စိတ္ဆိုးေတာ့မယ္အထင္နဲ႕လည္း ဘာစကားမွမေျပာနိုင္ခဲ့ဘူး ။ ေတာ္ေသးတာေပါ့ ကိုကိုက သူ႕ကို ကေလးတစ္ေယာက္လိုနားလည္ေပးလို႔ ။ ကိုကိုက ကုန္းကြၽင္းေခါင္းကိုပုတ္တယ္ ။ ကုန္းကြၽင္းသေဘာက်တယ္ ။ ဒါေပမယ့္ ေရစိုေနတဲ့ ကိုကို႔မ်က္ႏွာေလးကိုၾကည့္ၿပီး ကုန္းကြၽင္းက ပထမဆုံးအႀကိမ္တစ္စုံတစ္ေယာက္ကို နမ္းခ်င္လာတယ္ ။ အမွန္အတိုင္းေျပာရရင္ရိုးသားခဲ့ပါတယ္ ။ ကိုကို႔ပါးအိအိေလးတစ္ဖက္ကိုနစ္ဝင္ေအာင္နမ္းခဲ့ရတဲ့အခ်ိန္ေတြက ကုန္းကြၽင္းအတြက္ လိပ္ျပာေတြအမ်ားႀကီးရွိတဲ့ေနရာကိုေရာက္သြားသလိုခံစားခ်က္မ်ိဳးပဲ ။ ကုန္းကြၽင္းအရမ္းေပ်ာ္တယ္ ။ အရမ္းကိုပဲ ။
သိလား ၊ ကိုကိုက ေရ‌ေတြစိုေနတဲ့အခ်ိန္ အရမ္းကိုလွတယ္ ။

အတိတ္ပုံျပင္ေတြကလွေတာ့ ကုန္းကြၽင္းႏႈတ္ခမ္းေတြမွာ ဖုံးမရတဲ့အၿပဳံးေတြနဲ႕ ။ ႐ုတ္တရက္တဲထဲကထြက္လာတဲ့ ကိုကို႔ ကိုေတြ႕တဲ့အခါ ကုန္းကြၽင္းကၿပဳံးေနတာကိုရပ္လိုက္တယ္ ။

ကိုကိုကေတာ့ ကုန္းကြၽင္းကိုတစ္ခ်က္မွ်ၾကည့္ၿပီး မီးပုံေဘးမွာလာထိုင္တယ္ ။ ကုန္းကြၽင္းနဲ႕မလွမ္းမကမ္းမွာပဲ ။

" လြီစူးအိပ္သြားၿပီလား "

တိတ္ဆိတ္ေနတဲ့ပတ္ဝန္းက်င္က ကုန္းကြၽင္းႏွလုံးသားကိုနာက်င္ေစသလိုပဲ ။ ဒါေၾကာင့္ သူကပထမဆုံးစကားစျဖစ္လိုက္တယ္ ။ ထိုအခါ ကိုကို႔ ဘက္က ထြက္လာတဲ့ စကားက ' အင္း ' ဆိုတာေလးပဲ ။ ေတာ္ပါေသးတယ္ ၊ ကိုကိုက သူ႕ကိုျပန္ေျဖေသးတယ္ ။ ဒါဆို ကိုကိုကသူ႕ကိုအရမ္းမမုန္းေသးဘူးဆိုတဲ့သေဘာပဲေပါ့ေနာ္ ။

" ေတာင္းပန္ပါတယ္ "

ထြက္လာတဲ့စကားတစ္ခြန္းက အဖ်ားခတ္ကာတုန္ရီတယ္ ။ ခြင့္လႊတ္ေပးဖို႔ မေမွ်ာ္လင့္ပါဘူး ၊ ဒါေပမယ့္ အနည္းဆုံးေတာ့ ေတာင္းပန္စကားေလးေျပာခ်င္လို႔ ။

" ဘာအတြက္လဲ "

ေအးစက္စက္ထြက္လာတဲ့စကားေၾကာင့္ ကုန္းကြၽင္းက ကိုကို႔ ကိုၾကည့္တယ္ ။ ကိုကိုကေတာ့ မီးပုံကိုသာမ်က္လုံးေသေတြနဲ႕ စိုက္ၾကည့္ေနတယ္ ။

" အရာအားလုံးအတြက္ပါ "

" ...... "

" ...... "

ကိုကိုက ကုန္းကြၽင္းကိုျပန္ၾကည့္ေပမယ့္ ဘာစကားမွမတုန႔္ျပန္ဘူး ။ ဝမ္းနည္းရိပ္သန္းေနတဲ့ ကိုကို႔မ်က္ဝန္းေတြကို ကုန္းကြၽင္းကေသခ်ာေပါက္ဖတ္တတ္ခဲ့တယ္ ။ ကုန္းကြၽင္းက ကိုကိုနဲ႕ပတ္သတ္လာရင္ အေသးစိတ္‌‌အရာ‌ေလးေတြကအစ ရင္းႏွီးကြၽမ္းဝင္ပါတယ္တဲ့ ။

" ရီဇြင္းကို ေတြ႕ၿပီးတာနဲ႕ ငါျပန္မယ္ "

ၾကားလိုက္ရတဲ့စကားက ထိတ္လန႔္ဖြယ္ရာပဲ ။ ကိုကိုက ကုန္းကြၽင္းနဲ႕အၿပီးျပန္လိုက္လာတာမဟုတ္ဘူးလား ။ ဟုတ္သားပဲ ၊ ကိုကိုက မိသားစုရွိေနၿပီ ။ လြီစူးရဲ႕အေဖကို ဘယ္ပစ္ထားခဲ့ပါ့မလဲ ။

ကုန္းကြၽင္း ဘာအေျဖစကားမွမေပးနိုင္ခဲ့ဘူး ။ ေသေတာ့မယ့္မီးပုံထဲကိုထင္းေတြသာအဆက္မျပတ္ထည့္ေနခဲ့မိတယ္ ။ မီးပုံကမီးေတြလိုပဲ သူ႕ရင္ေတြဟာေလာင္ၿမိဳက္တယ္ ။ ေသခ်ာမကာကြယ္ေပးနိုင္ခဲ့တဲ့အတြက္ ကိုယ့္ကိုကိုယ္ေပးခဲ့တဲ့ အျပစ္ဒါဏ္ေတြေၾကာင့္ သုံးျပည္ေထာင္အရွင္သခင္ ကုန္းကြၽင္းရဲ႕ ခႏၲာကိုယ္မွာ ဘယ္သူမွသိရွိေလျခင္းမရွိတဲ့ အမာ႐ြတ္မ်ားစြာတည္ရွိပါတယ္ ။

ညက နက္သထက္နက္လာတယ္ ။ မီးပုံေဘးနားမွာ ကိုကိုနဲ႕ ကုန္းကြၽင္းကထိုင္ေနတုန္းပဲ ။ အရင္ကလိုေတာ့ ကိုကိုက ကုန္းကြၽင္းကိုအေႏြးဓာတ္မေပးနိုင္ေတာ့ပါဘူး ။ အေျခအေနေတြကကြာျခားသြားၿပီပဲ ။ ဒါေတြကလည္း ကုန္းကြၽင္းအျပစ္ေတြပဲ ။

" ကိုကိုသြားအိပ္ေတာ့ေလ မနက္ၾက ေစာေစာထသြားရေအာင္ "

ကုန္းကြၽင္းဘက္ကပဲအရင္ဆုံးေျပာျဖစ္လိုက္တယ္ ။ ေျပာစရာစကားေတြမွမရွိဘဲ ။ ထိုင္ေနလို႔လည္းအက်ိဳးမွမရွိတာ ။ ကိုကို အိပ္ေရးဝဖို႔လိုေသးတယ္ေလ ။

" မင္းကေရာ "

ကုန္းကြၽင္းႏႈတ္ခမ္းေတြက အနည္းငယ္ေကြးၫြတ္တယ္ ။ ကိုကို႔ဦးေႏွာက္ထဲမွာ ကုန္းကြၽင္းကရွိေနေသးသားပဲ ။

" ကြၽန္ေတာ္ မအိပ္ခ်င္လို႔ "

" ေကာင္းၿပီေလ ဒါဆိုလည္းၿပီးေရာ "

ကိုကိုက ကုန္းကြၽင္းကိုေျပာၿပီးတာနဲ႕ တဲထဲကိုဝင္သြားတယ္ ။ ေအးစက္သြားလိုက္တာ ၊ ေႏြးေထြးမႈေတြမရွိေတာ့ဘဲ ။

ခဏအၾကာမွာပဲ ကုန္းကြၽင္းက တဲထဲကို အနည္းငယ္ေခ်ာင္းၾကည့္မိတယ္ ။ ကိုကိုက လြီစူးကိုဖက္ၿပီးေအးေအးခ်မ္းခ်မ္းအိပ္ေနတယ္ ။ တစ္ခ်ိန္က လြီစူးေနရာမွာ ကုန္းကြၽင္းျဖစ္ခဲ့ဖူးတယ္ ။ ကယ္ ထားလိုက္ပါ ၊ ျပန္မရနိုင္တဲ့အတိတ္ေတြပဲ ။

ကုန္းကြၽင္းအိပ္ခ်င္လာတာေၾကာင့္ မီးပုံေဘးနားက သစ္တုံးေပၚမွာပဲ လွဲအိပ္လိုက္ေတာ့တယ္ ။ မနက္နိုးတာနဲ႕ ခရီးအျမန္ဆက္ၿပီး သားေတာ္ရီဇြင္းကို သူ႕ပါးပါးနဲ႕ေပးေတြ႕ရမယ္ ။ သူ႕ေၾကာင့္မို႔ ရီဇြင္းေလးက ကိုကို႔ဆီက ေမတၱာေတြအျပည့္အဝမရရွိခဲ့ဘူး ။ ကိုကို႔ ကိုသာေတြ႕ရင္ ရီဇြင္းတအားေပ်ာ္ေနေတာ့မွာပဲ ။

တက်ီက်ီေအာ္ေနတဲ့ ညအေကာင္ေလးေတြအသံကပိုက်ယ္လာတယ္ ။ တဲအိမ္အျပင္ေရာအတြင္းေရာက လူေတြအကုန္လုံးကအိမ္ေမာက်ေနတယ္ ။ တဲအိမ္ေဘးနားက ေရွာင္ယြင္ကလည္း တစ္ခ်က္မွမလႈပ္ဘဲအိပ္စက္လို႔ ။ ဘယ္သူ႕မွသတိမထားမိတဲ့အခ်ိန္ေလးအတြင္းမွာ တဲအိမ္အျပင္ဘက္ကေကာင္ေလး ခႏၲာကိုယ္ေပၚ အေပၚ႐ုံတစ္ထည္လႊမ္းၿခဳံသြားတယ္ ။

.
မနက္နိုးလာေတာ့ ကုန္းကြၽင္း သူ႕ခႏၲာကိုယ္ေပၚကဝတ္႐ုံကိုသတိျပဳမိသြားတယ္ ။ ေျပာစရာမလိုေအာင္ဘယ္သူ႕အဝတ္လည္း သိၿပီးသားပါပဲ ။ ကိုကိုက အခုထိ သူတစ္ပါးအေပၚေႏြးေထြးတတ္တုန္းပဲ ။

" နိုးၿပီဆိုရင္ သြားရေအာင္ "

တဲထဲက ထြက္လာတဲ့ကိုကိုက ထိုသို႔ဆိုတယ္ ။ ကိုကိုက အေစာႀကီးနိုးေနခဲ့တာထင္တယ္ ။ ကိုကို႔အေနာက္ကေန လြီစူးကပါထြက္လာတယ္ ။ ကေလးမေလးက သစ္တုံးေပၚက ကုန္းကြၽင္းကိုေတြ႕တာနဲ႕ ကိုကို႔ ေဘးနားေျပးကပ္ၿပီး ကိုကို႔အကၤ်ီစေလးကိုဆြဲကိုင္ထားတယ္ ။

" လြီစူး ပါးပါးတို႔သြားရေအာင္ "

" အြန္း လြီစူးကိုခ်ီ "

ထိုစကားေၾကာင့္ ကုန္းကြၽင္းက မ်က္ေမွာင္ႀကဳံ႕တယ္ ။ ကေလးမေလးကအပ်င္းႀကီးလိုက္တာ ၊ တစ္လမ္းလုံးခ်ီခိုင္းေနတာလမ္းေလးနည္းနည္းေတာင္မေလွ်ာက္ဘူး ။ ထိုအခ်င္းအရာက ကိုကိုနဲ႕တူတာလုံးဝမျဖစ္နိုင္ဘူး ။

ၿပီးေတာ့ ဂဂ်ီဂေဂ်ာင္မ်ားတယ္ ။ ကိုကိုက ဘယ္ေလာက္ေတာင္အလိုလိုက္ထားခဲ့တာလဲ ။

ကိုကို႔ မ်က္ႏွာေလးက အားရွိတဲ့ပုံမေပၚဘူး ။ အလိုမသိလိုက္တဲ့ကေလးမပဲ ။ ကုန္းကြၽင္းေအာ္လိုက္ရင္လည္း ကိုကိုက သူ႕ကေလးကိုေအာ္တယ္ဆိုၿပီးစိတ္ဆိုးဦးမယ္ ။

ကုန္းကြၽင္းက ကိုင္ဆြဲေနၾကဓားကို လက္တစ္ဖက္ကေသခ်ာကိုင္ၿပီး ကိုကို႔ လက္ထဲက လြီစူးကိုဆြဲယူခ်ီလိုက္တယ္ ။

" အာ အား "

လြီစူးက ေအာ္တယ္ ။ ကုန္းကြၽင္းဆီကိုမလိုက္ခ်င္တဲ့ပုံ ။

" မင္းဘာလုပ္ျပန္တာလဲ "

" ကြၽန္ေတာ္ခ်ီမယ္ ၊ ကိုကိုက ေရွာင္ယြင့္ကိုေခၚၿပီးသက္ေတာင့္သက္သာလိုက္ခဲ့ပါ "

ကုန္းကြၽင္းကအေရွ႕ကေနထြက္သြားတယ္ ။ လြီစူးက သူ႕ပါးပါးကိုအကူအညီေတာင္းတဲ့မ်က္လုံးေလးေတြနဲ႕ၾကည့္ေနေသးေပမယ့္ ဒီဦးေလးႀကီးကေျခလွမ္းက်ဲႀကီးေတြနဲ႕ေလွ်ာက္လာမို႔ ခပ္လွမ္းလွမ္းေရာက္သြားတဲ့အခါ မလႈပ္ရဲေတာ့ဘဲၿငိမ္က်သြားတယ္ ။ ပါးပါးက ဘာလို႔ဒီဦးေလးႀကီးကို လြီစူးနဲ႕လႊတ္ထားတာလဲ ။

က်န္းက်ယ္ဟန႔္လည္း သက္ျပင္းသာခ်ၿပီး ေရွာင္ယြင့္ကိုေခၚလို႔လိုက္သြားရေတာ့တယ္ ။ အမွန္တကယ္လည္း သူလြီစူးကို ခ်ီၿပီးလမ္းမေလွ်ာက္နိုင္ေလာက္ဘူး ။ ေဆးေသာက္ထားတာမၾကာေသးပါဘူး ။ ျပန္လာတဲ့အခ်ိန္ထိ ခံနိုင္ေလာက္မယ္ထင္တယ္ ။ ၃ရက္ေလာက္ေနၿပီးတာနဲ႕ ျပန္လာမွာပဲမလား ။

ရီဇြင္းေလးကို ထပ္မထားခဲ့ခ်င္ေပမယ့္လည္း မၾကာခဏလာေတြ႕လို႔ရတာပဲ ။ ဧကရာဇ္အရွင္ရဲ႕အနားမွာ ၾကာၾကာေနလို႔ ဒီလူအတြက္ ေကာင္းတာဘာမွမရွိေလာက္ဘူးေလ ။ ဒုကၡပိုရမွာ ဧကရာဇ္ကိုယ္ေတာ္တိုင္ပဲျဖစ္ေနလိမ့္မယ္ ။

ဧကရာဇ္ကိုမုန္းေနလားတဲ့ ။ ဒီလူက မမုန္းရက္လို႔ ဧကရာဇ္အနားကိုယ္တိုင္ထြက္လာေပးခဲ့တာေလ ။ စိတ္နာရမယ့္အစား ေမတၱာေတြသာတိုးတယ္ ။ ဒီလူက အမွတ္မရွိတဲ့ အ႐ူးသာသာပဲ ။ ဒါေပမယ့္ ဧကရာဇ္အနားမွာ ေနာက္တစ္ႀကိမ္ဆက္ေနဖို႔ အင္အားမရွိပါဘူး ။ ဒီလူက ေဝဒနာေတြထပ္ၿပီး မခံစားနိုင္ေတာ့လို႔ပါ ။

_______________♡_______________

♡´・ᴗ・'♡

Cutie KmJz~

Continue Reading

You'll Also Like

28.4K 4.8K 50
__ဘဝဆက်တိုင်း ကျွန်တော့်ကိုချစ်ပေးတဲ့ခင်ဗျားနဲ့တွေ့ဆုံရပြီး ခင်ဗျားနားမှာပဲ ကျန်ရှိတဲ့သက်တမ်းကို ကုန်ဆုံးချင်တယ် ။ ခင်ဗျား‌ပြောခဲ့သလိုပေါ့ 'မင်းဘယ်ခ...
4.6M 214K 200
The main character always ends up with the male lead? Even if they're backstabbing, evil, and cruel, they will live happily ever after just because t...
76.7K 4.2K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
15.8K 2K 10
" ခင်ဗျားညီက ကျွန်တော့်ကိုငြင်းသွားတယ်လို့ .. ခင်ဗျားက အကြီးပဲဟာ .. ခင်ဗျားတာဝန်ယူရမှာပေါ့ ။ အဲ့တော့ ကျွန်တော်နဲ့တွဲလိုက် " ✨ZeroBase1 Minamz (Rick...