Chapter ( 23 )

826 91 10
                                    

[ Unicode version ]

နန်းတွင်း ၊
ဧကရာဇ်ထီးနန်း ၊
ဘုရင်ဆိုတဲ့ ဘွဲ့ထူး ။
အရာအားလုံးရဲ့နောက်မှာ ပုန်ကန်ချင်သူတွေ ၊ တော်လှန်ချင်သူတွေ ရှိတယ် ။ ဘုရင့်ထက် ဘဏ္ဏာငွေတွေများပြီး အင်အားကြီးနေတဲ့ လူတစ်ချို့က ကုန်းချင်ယန်းကိုထိန်းချုပ်ခဲ့သလို ကုန်းကျွင်းကိုလည်းထိန်းချုပ်ချင်ကြတယ် ။ ဧကရာဇ်ငယ်ကုန်းကျွင်းက အရင်မင်းကြီးလို မတုံးအမှန်းသိတဲ့အခါ ချုပ်ကိုင်ဖို့လမ်းစတွေရှာလာကြတယ် ။ အရာအားလုံးကိုသိနှင့်တဲ့ ဧကရာဇ်က သူချစ်ရတဲ့လူအပေါ် အာရုံတွေရောက်မလာအောင် ကြင်ယာတော်ဆိုတဲ့ အဆင့်နိမ့်တဲ့ ဘွဲ့ကိုသာပေးအပ်ခဲ့တယ် ။

ဧကရာဇ်က ဒီလူသားကိုချစ်ပါတယ် ။
ဒီလူသားသဘောအတိုင်း ဧကရာဇ်ဖြစ်လာပြန်တော့လည်း ထွက်ခွာသွားမှာစိုးတာကြောင့် အနားမှာခေါ်ထားမိတယ် ။ ဧကရာဇ်မဖြစ်ခင် ကုန်းကျွင်းဟာလည်း အရွယ်ရောက်လာတဲ့လူတစ်ယောက်မို့ ကိုကို သူ့အပေါ်ခံစားချက်တွေကို တဖြည်းဖြည်းချင်းနားလည်လာတယ် ။

ဟုန်ချင်းကို အရင်ဆုံးထွက်သွားတဲ့ ကိုကို့ကြောင့် ကုန်းကျွင်းက စိတ်မချတာနဲ့ အနောက်ကနေလိုက်သွားမိတယ် ။ ဒီနန်းတွင်းက သူကျင်လည်ခဲ့ပြီးသားမို့ ဝင်ရတာလွယ်ကူခဲ့တယ် ။ ကုန်းချင်ယန်း ! သူ့မယ်တော်ကိုသတ်ခဲ့တဲ့ မိဖုရားရဲ့တစ်ဦးတည်းသောသား ၊ လက်ရှိဧကရာဇ်တဲ့ ။ ကုန်းကျွင်းမှာလူသတ်ဖို့ စိတ်ကူးမရှိပါဘူး ။ ကုန်းကျွင်းလက်ပထမဆုံးသွေးစွန်းခဲ့ခြင်းက ကိုကို့ ကိုထိပါးဖို့ကြံနေတဲ့လူကြောင့်တဲ့ ။ ကုန်းကျွင်းက ကိုကိုနဲ့ပတ်သတ်ရင် တစ်စိတ်တစ်ဒေသလေးတောင်သည်းခံနိုင်စွမ်းမဲ့တယ် ။

" ထပ်ပြီး ကျွန်တော်ပိုင်တဲ့အရာတွေကို လုယူဖို့ကြိုးစားနေတုန်းပဲကို ၊ သွားသေလိုက် "

ငယ်စဉ်က ကစားစရာအရုပ်တွေကို လုယူခဲ့တာတွေ ၊ ခမည်းတော်ပေးတဲ့ လက်ဆောင်တွေကို အနိုင်ကျင့်ယူခဲ့တာတွေ ။ သူ့အစ်ကိုတော်တွေက သူပိုင်ဆိုင်သမျှအရာအားလုံးကိုလုယူနေကြပဲ ။ ထိုထဲမှာ ကုန်းချင်ယန်းကအဆိုးဆုံး ။ အရင်က ကြောက်တတ်တဲ့ကုန်းကျွင်းက သည်းခံခဲ့ပေမယ့် အခုကုန်းကျွင်းကတော့ နည်းနည်းလေးမှတောင်သည်းခံမှာမဟုတ်ဘူး ။ အဓိက ကုန်းကျွင်းရဲ့ အဲ့ဒီပိုင်ဆိုင်မှုက ကိုကို ဖြစ်နေလို့ပဲ ။ ဟုတ်တယ် ။ ကိုကိုက ကုန်းကျွင်းအပိုင်ပဲ ။ ကုန်းကျွင်းအတွက် ကောင်းကင်ဘုံက ဖန်ဆင်းပေးလိုက်တဲ့ အဖိုးတန်ဆုံးလက်ဆောင်တစ်ခုပဲ ။ သူ့အပိုင်လို့သတ်မှတ်ပြီးသားမို့ တစ်ခြားသူလာထိပါးတာမျိုး နည်းနည်းလေးတောင်မကြိုက်ဘူး ။

The Heart of Sacrifice || Complete ✓Where stories live. Discover now