မရဏတမန်တော် (ဘာသာပြန်)

By Andy_Leona

31.7K 4.7K 174

Original Title: 无常劫 Wu Chang Jie Original Author: 水千丞 Shui Qian Cheng Chapter: 280 + Extra English Title: Im... More

~ အကျဥ်းချုပ် ~
~ နိဒါန်း ~
~ Character မိတ်ဆက် ~
~ အခန်း (၁) ~
~ အခန်း (၂) ~
~ အခန်း (၃) ~
~ အခန်း (၄) ~
~ အခန်း (၅) ~
~ အခန်း (၆) ~
~ အခန်း (၇) ~
~ အခန်း (၈) ~
~ အခန်း (၉) ~
~ အခန်း (၁၀) ~
~ အခန်း (၁၁) ~
~ အခန်း (၁၃) ~
~ အခန်း (၁၄) ~
~ အခန်း (၁၅) ~
~ အခန်း (၁၆) ~
~ အခန်း (၁၇) ~
~ အခန်း (၁၈) ~
~ အခန်း (၁၉) ~
~ အခန်း (၂၀) ~
~ အခန်း (၂၁) ~
~ အခန်း (၂၂) ~
~ အခန်း (၂၃) ~
~ အခန်း (၂၄) ~
~ အခန်း (၂၅) ~
~ အခန်း (၂၆) ~
~ အခန်း (၂၇) ~
~ အခန်း (၂၈) ~
~ အခန်း (၂၉) ~
~ အခန်း (၃၀) ~
~ အခန်း (၃၁) ~
~ အခန်း (၃၂) ~
~ အခန်း (၃၃) ~
~ အခန်း (၃၄) ~
~ အခန်း (၃၅) ~
~ အခန်း (၃၆) ~
~ အခန်း (၃၇) ~
~ အခန်း (၃၈) ~
~ အခန်း (၃၉) ~
~ အခန်း (၄၀) ~
~ အခန်း (၄၁) ~
~ Leona's notes ~
~ အခန်း (၄၂) ~
~ Birthday wish ~
~ အခန်း (၄၃) ~
~ အခန်း (၄၄) ~
~ အခန်း (၄၅) ~
~ အခန်း (၄၆) ~
~ အခန်း (၄၇) ~
~ အခန်း (၄၈) ~
~ အခန်း (၄၉) ~
~ အခန်း (၅၀) ~
~ အခန်း (၅၁) ~
~ အခန်း (၅၂) ~
~ အခန်း (၅၃) ~
~ အခန်း (၅၄) ~
~ အခန်း (၅၅) ~
~ အခန်း (၅၆) ~
~ အခန်း (၅၇) ~
~ အခန်း (၅၈) ~
~ အခန်း (၅၉) ~

~ အခန်း (၁၂) ~

292 68 0
By Andy_Leona

ကျုံးဇီဟန်သည် တံခါးကို ချိုးဖျက်ကာ အခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။ ပုံရိပ်သေးသေးလေးတစ်ခုက အိပ်ယာထက်မှ ခုန်ထလိုက်ရင်း မေးလာ၏။

"ဘယ်သူလဲ။"

ကျုံးဇီဟန်သည် အနည်းငယ်မျှ စိတ်သက်သာရာရသွားပြီး

"ရှောင်ကျို ... ငါပါ။
အဝတ်တွေ မြန်မြန်ဝတ်လိုက်ဦး။"

"... ဟမ်"

ကျုံးဇီရှောင်းမှာ စိတ်ရှုပ်နေသေးပုံပင်။

ရုတ်တရက် အခန်းအပြင်ဘက်မှ တိုက်ခိုက်နေကြသည့်အသံများ ပေါ်ထွက်လို့လာသည်။ ကျုံးဇီဟန်သည် သူ၏ဝတ်ရုံအား ဝတ်ထား၏ မထား၏ကိုပင် ဂရုမစိုက်နိုင်ချေ။ လက်တစ်ဖက်က ဓားကိုကိုင်ထားရင်း အခြားတစ်ဖက်က ကျုံးဇီရှောင်းကို ပွေ့ချီထားကာ အခန်းအပြင်ဘက်သို့ ပြေးထွက်လာလိုက်သည်။

"ဟွမ်ဟုန် ... ဟွမ်ဝူ ..."

ကျုံးဇီဟန်၏ ခြေလှမ်းများသည် နေရာမှာတင် ရပ်တန့်လို့သွားရ၏။

သူတို့ နားနေသောအခန်းမှာ ဒုတိယထပ်တွင် တည်ရှိလေ၏။ အခန်းသည် အဆောင်၏ တောင်ဘက်အကျဆုံးအပိုင်းဖြစ်သော်လည်း ဤတည်းခိုဆောင်လေးမှာ အလွန်ပင်သေးငယ်လှရာ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရုံဖြင့် လှေကားဆီသို့ ရောက်နေသင့်သည်။ သို့သော် သူတို့၏ အရှေ့မှ စကြ်န်လမ်းသည် ဆန်းကြယ်လှသော စွမ်းအားတစ်စုံတစ်ရာဖြင့် ကြိုးတစ်ချောင်းပမာ ဆွဲဆန့်ခံထားရသကဲ့သို့ ဖြစ်နေခဲ့သည်ကို နှစ်ဦးလုံး ထင်ထင်ရှားရှားကြီး မြင်လိုက်ရတော့၏။ ယခုအချိန်တွင် စကြ်န်လမ်းသည် အလွန်အမင်းရှည်လျားနေကာ လှေကားသည်လည်း အလွန်ဝေးသော အခြားအစွန်းတစ်ဖက်တွင် ရှိနေခဲ့၏။

ကျုံးဇီရှောင်းမှာ မျက်လုံးလေးများကို ပွတ်လိုက်မိရင်း သူသည် အိပ်ချင်မူးတူးဖြစ်နေဆဲဟု ထင်နေခဲ့သည်။ ကျုံးဇီဟန်ပင်လျှင် အိပ်မက်များလားဟု အခိုက်အတန့်မျှ အံ့အားသင့်ကာနေလျှက်သား။

"အရှင့်သား !!!"

ဟွမ်ဟုန်၏ခေါ်သံကို ကြားလိုက်မှ နှစ်ယောက်လုံး အသိပြန်ဝင်လာတော့၏။

ဟွမ်ဟုန်သည် အောက်ထပ်တွင်ရှိနေခဲ့သည်။ ကျုံးဇီဟန်မှာ အောက်သို့ ငုံ့ကြည့်လိုက်မိခါမှ အခြေအနေပိုဆိုးသွားရသလိုပင်။ မူလက အထပ်နှစ်ထပ်စာသာရှိသော အမြင့်သည် ယခုတွင်မူ ၃ - ၄ ထပ်စာမျှ ခြားသွားချေပြီ။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

"အရှင့်သား ... ကျွန်တော်တို့တွေ ချောင်းမြောင်းလုပ်ကြံခံရတာပါ။
အရှင့်သားက နဝမ မင်းသားလေးအနားမှာပဲ ရှိနေပါ။
တကွဲစီ ဖြစ်မသွားပါစေနဲ့။"

"ဘာတွေ ... ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။"

ကျုံးဇီဟန်သည် တိုက်ခိုက်နေသည့် အသံများနောက်လိုက်ကာ ဟွမ်ဝူကို ရှာရန်ကြိုးစားနေမိသည်။

"ဟွမ်ဝူရော ဘယ်မှာလဲ။"

တိုက်ခိုက်နေသံများမှာ အလွန်ပင် နီးကပ်နေသော်လည်း ဟွမ်ဝူကို သူ မမြင်နိုင်သေးပေ။

ဟွမ်ဟုန်က အံကြိတ်ထားရင်း ပြောလာသည်။

"ကျွန်တော်တို့တွေ အကုန်လုံး ဒီတည်းခိုဆောင်ထဲမှာပါပဲ။ ဒါပေမယ့် တစ်ယောက်အနား တစ်ယောက်ကပ်လို့ရမှာ မဟုတ်ဘူး။ ဒါက လက်မှုပညာရှင် နတ်ဘုရား လုပန်ရဲ့ သိဒ္ဓိလက်နက်ဖြစ်တဲ့ ဂမ္ဘီရပေတံပဲ။"

>> လုပန်ဆိုတာ ကျိုးမင်းဆက်လက်ထက်မှာ
ပေါ်ထွန်းခဲ့တဲ့ ဗိသုကာပညာရှင်ပါ။
လက်မှုအတတ်ပညာနဲ့ ပတ်သက်ပြီး
နတ်ဘုရားတစ်ပါးလို့တောင်
တင်စားကြပါတယ်။ <<

ကျုံးညီနောင်မှာ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်သာ ကြည့်နေမိတော့သည်။ အံ့ဩရလွန်း၍ စကားပင် မပြောနိုင်။

ကျင့်ကြံခြင်းလောကတွင် သိဒ္ဓိလက်နက်များကို သုံးမျိုးသုံးစား ခွဲခြားထား၏။ စွမ်းအားအကြီးဆုံးလက်နက်များသည်ကား ဒဏ္ဍာရီလာ မြင့်မြတ်သန့်စင်သည့် ရတနာလက်နက် (၄) ပါးပင်ဖြစ်သည်။ ဒုတိယအမျိုးအစားမှာမူ အနာဂါတ်မျိုးဆက်များဆီ ၎င်းတို့၏ အမှတ်လက္ခဏာကို အမွေအဖြစ် ချန်ထားပေးချင်ကြသည့် ဤမြေပြင်ပေါ်ရှိ သက်ရှိနတ်ဘုရားများက ဖန်တီးထားသော သိဒ္ဓိလက်နက်များပင် ဖြစ်သည်။ ထိုလက်နက်များအား မျိုးဆက်တစ်ဆက်ကနေတစ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ကြသည်။ နောက်ဆုံးအမျိုးအစားမှာကား မျက်မှောက်ခေတ်မှ ထူးချွန်သည့်ပညာရှင်များက ပြုလုပ်သန့်စင်ပေးထားသော သိဒ္ဓိလက်နက်များပင် ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ဦးသည် အရှိန်အဝါ အထွတ်အထိပ်သို့ ရောက်ရှိပြီး ကံကြမ္မာကလည်း မျက်နှာသာပေး၍ ရတနာလက်နက် (၄) ပါးထဲမှ တစ်ပါးကို ရှာတွေ့နိုင်ခဲ့သည်ဆိုလျှင်တောင် ထိုရတနာလက်နက်မှ ဤပုဂ္ဂိုလ် ထုတ်ယူသုံးစွဲနိုင်မည့် စွမ်းအင်ပမာဏမှာ အပေါ်ယံလွှာလောက်လေးသာ ရှိပေမည်။ သို့မဟုတ်လျှင် ရှန်နုံပန်းပဲဖိုမှ သမာဓိမီးတောက်ကို ထိန်းထားနိုင်ရန်အတွက် ကျင့်ကြံဆင့်မြင့်သူ အယောက် (၁၀၀) ခန့် လိုအပ်မည်မဟုတ်ပေ။ နှစ်တစ်သန်းကုန်လွန်သွားချိန်၌ ကမ္ဘာကြီးထဲတွင် ၎င်းတို့၏ အသွင်သဏ္ဌာန်ကို ဖော်ပြလာသော ရတနာလက်နက်ဟူ၍ နှစ်ခုသာရှိလေသည်။ တစ်ခုမှာ အမတတောင်တစ်လုံးအသွင် ပြောင်းလဲသွားပြီဖြစ်သော ရှန်နုံပန်းပဲဖိုဖြစ်ပြီး အခြားတစ်ခုမှာကား မည်သူကမျှ ထိန်းချုပ်အသုံးပြု၍ မရနိုင်ပဲ ကျုံးမျိုးနွယ်စု၏ ရတနာတိုက်ထဲတွင် ထိန်းသိမ်းထားရှိသော ရှန့်ဟယ်ရှဲ့ကျီးမြေပုံပင်ဖြစ်သည်။

လက်ရှိကာလများတွင် ပြုလုပ်သန့်စင်ထားသော သိဒ္ဓိလက်နက်အသစ်များသည် လုပ်ဆောင်နိုင်စွမ်းအမျိုးမျိုးရှိပြီး အကျိုးသက်ရောက်မှုလည်း အမျိုးမျိုးကွဲပြားကြ၏။ အချို့လက်နက်များသည် ကြီးမြတ်ဂုဏ်သရေရှိသည့် အမတမျိုးနွယ်စုများကသာလျှင် ပိုင်ဆိုင်နိုင်ကြပြီး အချို့မှာကား လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် အထူးရည်ရွယ်ပြုလုပ်ထားသော လက်နက်များဖြစ်ကြသည်။ အချို့လက်နက်များကိုမူ လူတိုင်းပိုင်ဆိုင်နိုင်ကြ၏။ ဥပမာ - ချန်းကွမ်းအိတ်။ အချို့သိဒ္ဓိလက်နက်များမှာကား ထိပ်တန်းပညာရှင်များကိုယ်တိုင် ပြုလုပ်ထားကြသည်ဖြစ်၍ ရှားပါးလှပြီး တန်ဖိုးမဖြတ်နိုင်ပေ။

မြေပြင်ထက်မှ သက်ရှိနတ်ဘုရားများ လက်ဆင့်ကမ်းခဲ့သော သိဒ္ဓိလက်နက်များမှာမူ မူလပိုင်ရှင်ဟူ၍ မရှိသကဲ့သို့ တန်ဖိုးကိုလည်း သတ်မှတ်၍မရနိုင်။ ထိုလက်နက်များအားလုံးသည် စွမ်းအင် ကြီးမားလှသောကြောင့် ကျင့်ကြံသူများက ဤကဲ့သို့ သိဒ္ဓိလက်နက်များအား လိုက်လံရှာဖွေကြရင်း သူတို့၏ ဘဝတစ်လျှောက်လုံးကို ကုန်ဆုံးသွားစေ၏။ လက်ဝယ်ပိုင်ဆိုင်ထားနိုင်သော ကျင့်ကြံသူများသည်လည်း သိဒ္ဓိလက်နက်ကို လိုချင်တပ်မက်ကြသူများကြောင့် မကြာခဏဆိုသလိုပင် သွေးစွန်းကြရ၏။ အသတ်ခံကြရ၏။ သိဒ္ဓိလက်နက်ပိုင်ရှင်ဖြစ်နိုင်ရေးအတွက် စတေးခံလိုက်ရသည့် ကျင့်ကြံသူအရေအတွက်မှာ အမြုတေသူခိုးများလက်ချက်ဖြင့် သေဆုံးသွားရသူများထက်ပင် ပို၍များပေလိမ့်ဦးမည်။

ဂမ္ဘီရပေတံဆိုသည်မှာ လက်မှုပညာရှင်နတ်ဘုရား လုပန် ချန်ထားရစ်ခဲ့သည့် အချိန်ကာလနှင့် နေရာဒေသကို စီရင်နိုင်စွမ်းရှိသော အံ့ဖွယ်အတိုင်းအတာလက်နက်တစ်ခုဖြစ်သည်။ ၎င်းသည် သက်မဲ့ပစ္စည်းများ၏ အရွယ်အစားကို အချိန်အပိုင်းအခြားတစ်ခုအတွင်း၊ တိကျသောအကွာအဝေးတစ်ခုအတွင်း၌ ပြောင်းလဲပစ်နိုင်စွမ်းရှိ၏။ အသုံးပြုမည့်သူ၏ ကျင့်ကြံဆင့်မြင့်လေလေ သက်ရောက်နိုင်မည့် အချိန်နှင့်နေရာအတိုင်းအတာကို ပိုချဲ့ပစ်နိုင်လေလေဖြစ်သည်။ ဂမ္ဘီရပေတံ၏ အပိုင်းအခြားထဲတွင် ရှိနေခဲ့သူမှန်သမျှသည် ၎င်း၏ အနှောင်အဖွဲ့အတွင်း သက်ဆင်းရမည်သာဖြစ်ပြီး တစ်ဖက်ရန်သူ၏ လက်ခုပ်ထဲမှ ရေကဲ့သို့ပင် ဖြစ်ရပေလိမ့်မည်။ လွတ်လမ်းက အနားတွင် ရှိနေလျှင်တောင်မှ လွတ်မြောက်နိုင်တော့မည်မဟုတ်။

ယခင်က ဂမ္ဘီရပေတံအကြောင်းနှင့် ပတ်သက်၍ စာပေများထဲတွင် ဖတ်ရှုမှတ်သားခဲ့ဖူး၏။ သို့ရာတွင် ဂမ္ဘီရပေတံ၏ အစွမ်းသတ္တိကို ကိုယ်တိုင်ကြုံတွေ့ကြရလိမ့်မည်ဟု သူတို့အနေဖြင့် မည်သည့်အခါမျှ မတွေးဖူးခဲ့ပေ။ ဤသိဒ္ဓိလက်နက်ကို တွေ့အောင်ရှာနိုင်ရန် ခက်ခဲသကဲ့သို့ တည်းခိုဆောင်အား ထိန်းချုပ်နိုင်ရန်မှာလည်း မလွယ်ကူလှ။

တစ်ဖက်လူက ဘယ်သူလဲ။
သူတို့က ဘာလုပ်ချင်နေကြတာလဲ။

ကျုံးဇီဟန်သည် စိတ်ကို တည်ငြိမ်အောင်ထိန်းလိုက်ပြီး လှေကားရှိရာသို့ ပြေးသွားလိုက်သည်။ သို့သော် စကြ်န်လမ်းသည်လည်း သူ၏အပြေးနှုန်းနှင့် အပြိုင်ရှည်လျားလာသလိုပင်။ ကျုံးဇီဟန် မည်မျှပင် ပြေးလွှားနေစေကာမူ လှေကားအနားသို့ မကပ်နိုင်ခဲ့။ သူပြန်ကြည့်လိုက်သည့်အခါ လှေကားက အဝေးသို့ ဆန့်ထွက်သွားခြင်းမဟုတ်။ သူကသာ နေရာမှာတင် ပြေးနေခဲ့သည့်အလား။ ကျုံးဇီဟန်သည် ဒုတိယထပ်မှနေ၍ အောက်သို့ ခုန်ချပစ်လိုက်ချင်သော်ငြား ဂမ္ဘီရပေတံအား စီရင်နေသူသည် မြေပြင်မှ အကွာအဝေးကို မည်မျှထိချဲ့ပစ်ထားမည်မှန်း သူမသိပေ။

"နောင်တော် ... ကျွန်တော့်ကို အောက်ချပေး။"

ကျုံးဇီရှောင်းက ရုန်းကန်တွန်းထိုးနေရင်း ပြောလာသည်။

"မရဘူး။ တစ်ဖက်လူက ငါတို့ကို တကွဲတပြားစီဖြစ်စေချင်နေတာ။"

ကျုံးဇီဟန်က ပြောလိုက်၏။

‌"ရှောင်ကျို ... နောင်တော်က မင်းကို ခေါ်သွားပေးမှာ။
ဘာတွေပဲ ဖြစ်လာဖြစ်လာ ရှောင်ကျိုလေးက ဘယ်တော့မှ လက်ကို မလွှတ်ရဘူးနော်။
နားလည်ရဲ့လား။"

ကျုံးဇီရှောင်းသည် ကျုံးဇီဟန်၏ မှီနေရင်း

"ဟုတ်
နောင်တော် ... ဒါက ဘာကြီးလဲ။"

"နောင်တော်လည်း ဘာဖြစ်နေတာမှန်း မသိတော့ဘူး။"
မကြောက်နဲ့နော်။
နောင်တော်ရှိတယ်။"

မကြောက်နဲ့နော် ... နောင်တော်ရှိတယ်တဲ့။

ဤစကားလေးကြားလိုက်ရရုံဖြင့် ကျုံးဇီရှောင်း၏ စိတ်အစဥ်သည်ကား ငြိမ်းအေးသွားရသလိုပင်။ သူ၏စိတ်ထဲတွင်တော့ နောင်တော်သည်သာ အနှိုင်းမဲ့တန်ခိုးရှင်တစ်ဦး။ နောင်တော်သာ အနားမှာရှိနေလျှင် ကြောက်စရာဟူ၍ မရှိ။

ဟွမ်ဟုန်မှာ အပေါ်ထပ်သို့ တက်လာရန် ကြိုးစားနေသော်လည်း မရပေ။ မန္တန်စီရင်နေသူသည် အလွန်ချီးကျူးဖွယ်ရာပင်။ ကျုံးဇီဟန်တို့အား တစ်ယောက်ကိုတစ်ယောက် အကာအကွယ်မပေးနိုင်စေရန် တစ်နေရာစီ ခွဲထုတ်ကာထား၏။ သို့မဟုတ်ပါက သူတို့၏ အစွမ်းအစနှင့်ဆိုလျှင် သာမန်ကျင့်ကြံသူလောက်ဖြင့် ကျုံးဇီဟန်တို့အပေါ် ထိခိုက်အောင်လုပ်နိုင်မည်မဟုတ်ပေ။

ဟွမ်ဟုန်က အော်ပြောလာသည်။

"အရှင့်သား ... မန္တန်စီရင်နေတဲ့သူကို ကျွန်တော်ရှာကြည့်လိုက်မယ်။ ဒီတည်းခိုဆောင်ထဲမှာပဲ ရှိမှာပါ။
အရှင့်သားတို့ ဂရုစိုက်ကြပါ။"

"ကောင်းပြီ။"

ကျုံးဇီဟန်သည် ထိုအကြောင်းကို တွေးကြည့်လိုက်ပြီးနောက် အခန်းထဲသို့ ပြန်ဝင်နေရန်သာ ဆုံးဖြတ်လိုက်သည်။ ချောင်းမြောင်းတိုက်ခိုက်လာသူ၏ ရည်ရွယ်ချက်ကို သူမသိသော်လည်း သူတို့နှစ်ယောက်အတွက် ရောက်လာကြသည်မှာ သိသာလှပေ၏။ ကျုံးဇီရှောင်းလေး သူနှင့်အတူရှိနေသ၍ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်မှာ ကျုံးဇီဟန်၏ အဓိကဦးစားပေးပင်။

သို့သော်လည်း ရုတ်တရက် သူတို့၏ အနောက်ဘက်မှ သိဒ္ဓိစွမ်းအင်များကို ခံစားမိလိုက်သည်။ မျက်နှာဖုံးတပ်ထားသော ဝတ်ရုံနက်နှင့်လူများသည် ပြတင်းပေါက်ကနေတဆင့် အခန်းထဲသို့ ခုန်ဝင်လာကာ သူတို့ညီနောင်နှစ်ဦးထံ တန်းတန်းမတ်မတ်လျှောက်လာနေကြ၏။

ကျုံးဇီဟန်သည် ဝတ်ရုံလက်ဖျားကို ဝေ့ယမ်းပစ်လိုက်ရာ တံခါးမကြီးနှစ်ချပ်မှာ ဘန်းခနဲ ပိတ်သွား၏။ သူသည် လက်ထိပ်ကို ကိုက်လိုက်ပြီး ထွက်လာသောသွေးနှင့် လေထဲတွင် အင်းကွက်တစ်ခု ရေးဆွဲလိုက်ရင်း တံခါးချပ်များဆီသို့ ကပ်စေလိုက်သည်။ ဤကဲ့သို့ သွေးဖြင့်ရေးဆွဲခြင်းသည် အင်းကွက်၏အစွမ်းသတ္တိကို အမြင့်ဆုံးထိ တိုးမြှင့်ပေးလိုက်နိုင်သည့် ကြားခံတစ်ခု ဖြစ်ပေါ်လာစေသည်။ အင်းကွက်တစ်ကွက်ထဲကိုပင် သွေးဖြင့်ရေးဆွဲခြင်းနှင့် ဟင်္သာပြဒါးဖြင့် ရေးဆွဲခြင်းက မတူညီပေ။ နှိုင်းယှဥ်ကြည့်မည်ဆိုလျှင် အကျိုးသက်ရောက်မှုခြင်းမှာ အကြီးအကျယ် ကွာခြားလှ၏။ ထို့အပြင် အင်းကွက်စီရင်သူ သုံးစွဲရမည့် သိဒ္ဓိစွမ်းအင်ပမာဏမှာလည်း အလွန်များပြားလှပေ၏။ ထိုအင်းကွက်ရေးဆွဲထားသောတံခါးက ဝတ်ရုံနက်လူများကို တားဆီးပေးထားလိမ့်မည်ဖြစ်ပြီး ယာယီအားဖြင့် အကာအရံတစ်ခုအဖြစ် ရှိနေပေလိမ့်မည်။ သို့သော် အထဲတွင်ရှိနေသော ထိုလူများက သူတို့၏ခန္ဓာကိုယ်ဖြင့် တစ်ယောက်တစ်လှည့်စီ ဝင်တိုက်နေကြရာ အချိန်ကြာအောင်တော့ တားထားနိုင်မည်မဟုတ်။ ကျုံးဇီဟန်တို့မှာ စကြ်န်လမ်းကျဥ်းလေးထဲတွင် ပိတ်မိနေခဲ့ပြီး အခြေအနေသည်လည်း ကိုယ့်ဘက်မပါ။

"နောင်တော် ... ကြည့်ပါဦး။
လမ်းက ပိုနီးလာပြီ။"

ကျုံးဇီရှောင်းက ပြောသည်။

"ဂမ္ဘီရပေတံကို စီရင်နေတဲ့သူက ကျွန်တော်တို့ကို နေရာ (၃) နေရာခွဲပြီး ပိတ်ထားနိုင်ဖို့ လှုပ်ရှားနေပုံပဲ။ သူလည်းပဲ အတော်ရုန်းကန်နေရမှာ။"

"အမှန်ပဲ။ ဒီသိဒ္ဓိလက်နက်က သိဒ္ဓိစွမ်းအား တော်တော်သုံးရမှာ။ သူဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ ငါကြည့်လိုက်ဦးမယ်။"

ကျုံးဇီဟန်သည် အောက်ထပ်သို့ဆင်းရန် တစ်ခါ ထပ်ကြိုးစားကြည့်လိုက်သည်။ တစ်ဖက်ရန်သူများက အဆင့်မြင့်ကျင့်ကြံသူများဖြစ်ကြသည့် ဟွမ်ဟုန်နှင့်ဟွမ်ဝူကို ရင်ဆိုင်နိုင်ရန်မှာ လွယ်မည်မဟုတ်။ ဤချောင်းမြောင်းလုပ်ကြံမှုသည် ကြာရှည်မခံနိုင်။ တစ်ဖက်ရန်သူက သိဒ္ဓိလက်နက်ကို သိမ်းဆည်းလိုက်ပြီး သူ၏အသွင်အစစ်အမှန်ကို ထုတ်ပြလာမည့်အချိန်အထိ သူတို့တောင့်ခံထားနိုင်သ၍ တန်ပြန်တိုက်ခိုက်ရန်မှာ နောက်မကျသေးပေ။

ဤတစ်ကြိမ်တွင် ကျုံးဇီဟန်သည် အချိန်ကြာကြာပြေးလွှားခဲ့ပြီးနောက် လှေကားထိပ်သို့ ရောက်လာနိုင်ပြီဖြစ်သည်။ သူသည် အောက်ထပ်သို့ဆင်းကာ ဟွမ်ဟုန်တို့နှင့် ဖြစ်နိုင်သမျှမြန်မြန် သွားရောက်ပူးပေါင်းချင်ခဲ့သည်။ သို့သော် လှေကားထစ်များထက် ခြေချလိုက်ရုံမျှသာရှိသေးချိန် လှေကားထစ်နှစ်ခုကြား အကွာအဝေးမှာ ဟ,သွားတော့၏။ ခြေဖဝါးအောက်မှ ကြမ်းပြင်သည် အောက်သို့ကျွံဝင်ကာ ပျောက်ကွယ်သွားပြီး အခြေကိုပင် မမြင်နိုင်တော့သည့် တွင်းနက်ကြီးအဖြစ်ပြောင်းလဲသွား၏။ ကျုံးဇီဟန်သည်လည်း ခြေလှမ်းနေရင်းဖြစ်ရာ ဟန်ချက်ပျက်ကာ ပြုတ်ကျသွားတော့သည်။ ကျဥ်းမြောင်းလှသည့် တွင်းနှုတ်ခမ်းဝသည်ကား သူတို့နှစ်ဦးအတွက်သာ အတိအကျ စီမံထားသည့်အလား။

ကျုံးဇီဟန်သည် ဓားကိုလွှဲလိုက်ကာ လှေကားလက်ရန်းကို ထိုးစိုက်ချလိုက်သည်။ ထိုအားကို အသုံးပြုရင်း ခန္ဓာကိုယ်ကို လေထဲတွင် တစ်ပါတ်လှည့်လိုက်ပြီး အောက်သို့ကျနေသည့်အရှိန်ကို ခေတ္တမျှ နှေးသွားအောင်လုပ်လိုက်သည်။ ကျုံးဇီဟန်သည် ကျုံးဇီရှောင်း၏လက်မောင်းကို ဆုတ်ကိုင်ကာ အပေါ်သို့ ပစ်တင်လိုက်၏။

ကျုံးဇီရှောင်း၏ ကိုယ်လေးမှာ တစ်ဖက်သို့ လည်ထွက်သွားလျှက်။ သူ၏ခြေထောက်နှစ်ဖက်မှာ လှေကားလက်ရန်းနှင့် ချိတ်မိနေပြီး လက်တစ်ဖက်ကလည်း ကျုံးဇီဟန်၏ ဝတ်ရုံလက်ဖျားကို တင်းတင်းဆုတ်ထားမိသောကြောင့် သူ့ကို ပြန်ဆွဲချနေသလို ဖြစ်သွားတော့၏။

ချက်ချင်းပင် လှေကားထစ်များမှာ နီးကပ်လာကြပြီး ကြီးမားထူထဲရှည်လျားသော ပျဥ်ပြားချပ်ကြီးများအဖြစ် ပြောင်းလဲသွားကာ ကျုံးဇီဟန်အား ဖိညှပ်ထားတော့၏။ တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် သူတို့နှစ်ယောက် ပိတ်မိသွားပြီမှန်း ကျုံးဇီဟန် သိလိုက်ပေသည်။ သို့သော်လည်း ကျုံးဇီဟန်၏ အကြည့်များသည် တည်ငြိမ်အေးဆေးနေဆဲ။ ဓားသွားဆီမှ လက်ခနဲ တစ်ချက် ဖြစ်သွားပြီးနောက် မျက်တောင်တစ်ချက်အခတ်တွင် ထိုသစ်သားချပ်ကြီးများသည် သစ်သားစအပုံလိုက်ကြီး ဖြစ်သွားတော့၏။

"နောင်တော် !!!"

ကျုံးဇီရှောင်းထံမှ အလန့်တကြားအော်သံ ထွက်ပေါ်လို့လာသည်။

ကျုံးဇီဟန် ခေါင်းလှည့်ကြည့်မိသည့်အခါ ကျုံးဇီရှောင်း၏ ခြေကျင်းဝတ်မှာ ပုံပျက်ပန်းပျက်ဖြစ်နေသော လှေကားလက်ရန်းကြားထဲတွင် ညပ်နေလေရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို နောက်သို့ ပြန်ဆောင့်ဆွဲလိုက်သကဲ့သို့ပင်။ သူတို့နှစ်ဦးကြား ဆုပ်ကိုင်ထားသည့်အား လျော့သွားသည့်အခါ ကျုံးဇီဟန်၏အမူအယာမှာ ရုတ်ချည်းပြောင်းလဲသွားရလေသည်။ သူသည် အလျင်စလိုဖြင့် ကိုယ်ကို ရှေ့သို့ကိုင်းကာ သူ၏ညီငယ်လေးလက်ကို ထပ်ဆွဲထားလိုက်ရင်း ဓားကိုဝင့်၍ ထိုလှေကားလက်ရန်းအား ပိုင်းဖြတ်ပစ်လိုက်သည်။ ကျုံးဇီဟန်သည် ကျုံးဇီရှောင်း၏ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဖမ်းဆွဲထားလိုက်၏။ ရင်အစုံမှာလည်း ပရမ်းပတာခုန်နေလျှက်သား။

"ရှောင်ကျို ... အဆင်ပြေရဲ့လား။"

ကျုံးဇီရှောင်းထံမှ အသံထွက်မလာနိုင်ခင်မှာပင် ကျုံးဇီဟန်သည် သူ ပိုင်းဖြတ်ထားခဲ့သည့် သစ်သားအပိုင်းအစများမှာ တစ်ပေခန့်အရှည်ရှိပြီး ချွန်ထက်နေသော သစ်သားချောင်းများအသွင် ပြောင်းလဲသွားသည်ကို မြင်လိုက်ရတော့သည်။ ထိုသစ်သားအချွန်များက သူတို့နှစ်ဦးအပေါ်သို့ နေရာအနှံမှနေ၍ တဝေါဝေါ ပြိုဆင်းကျလာလေပြီ။

ကျုံးဇီဟန်သည် ကျုံးဇီရှောင်းကို ခါးစည်းကြိုးကနေ ဆွဲကိုင်လိုက်ရင်း ဒုတိယထပ်ဆီသို့ ပစ်တင်လိုက်၏။ ထို့နောက် သူ၏ကိုယ်ထဲမှ သိဒ္ဓိစွမ်းအင်များကို အပြည့်အဝလှည့်ပတ်စီးဆင်းစေလိုက်ပြီး ကျုံးရွှမ်ဓားသိုင်း၏အဟုန်ကိုသုံးကာ ချွန်မြနေသည့် သစ်သားစများကို တစ်ခုပြီးတစ်ခု ပိုင်းဖြတ်ပစ်လိုက်တော့သည်။

သို့သော်လည်း ...

"နောင်တော် !!!"

ကျုံးဇီဟန်သည် စူးခနဲ အောင့်သွားသလို ခံစားလိုက်ရ၏။ သစ်သားစအချွန်တစ်ခုက သူ၏ပေါင်ကို ထိုးစိုက်သွားလေပြီ။ အရိုးထိမရောက်သော်ငြား အသားကို ဖြတ်ဝင်သွားသည့်အတွက် သွေးများက ပန်းထွက်နေလျှက်။

ထိုအခိုက်မှာပင် အကာအရံအင်းသည်လည်း ကျိုးပျက်သွားခဲ့ရ၏။ တံခါးချပ်များမှာ တစ်စစီပြုတ်ထွက်ကာ လွင့်ပျံသွားပြီး မျက်နှာဖုံးစွပ်ထားသော ဝတ်ရုံနက်လူများ အခန်းထဲမှ တဟုန်ထိုး ပြေးထွက်လာကြလေသည်။

ကျုံးဇီဟန်သည် အံကိုတင်းတင်းကြိတ်ထားရင်း စိုက်ဝင်နေသော သစ်သားစကို ဆွဲနှုတ်လိုက်ကာ

"ရှောင်ကျို ... ဒီနားကိုလာခဲ့။ မြန်မြန်။"

ကျုံးဇီရှောင်းသည် ဒုတိယထပ်မှနေ၍ ခုန်ချလာသည်။ ဤတစ်ကြိမ်တွင် တိုက်ခိုက်ရေးသမားများသည်လည်း တစ်ချိန်တည်း ဆင်းလာကြသောကြောင့် ကြမ်းပြင်မှ အကွာအဝေးမှာ ပြောင်းလဲမသွားတော့ပေ။ ကျုံးဇီရှောင်းမှာကား သွေးတို့ဖြင့်ရွှဲရွှဲစိုနေသော ကျုံးဇီဟန်၏ ဘောင်းဘီစကိုသာ ကြည့်နေရင်း စိုးရိမ်တကြီးဖြင့် ငိုနေတော့သည်။

"နောင်တော် ... နောင်တော် ..."

"ဘာမှမဖြစ်ပါဘူး။"

ကျုံးဇီဟန်သည် လက်တစ်ဖက်ဖြင့် သွေးကြောကို ပိတ်လိုက်ကာ သွေးတိတ်စေလိုက်သည်။ ထို့နောက် သူသည် ကျုံးဇီရှောင်းကို ဆွဲထူကာ ပြေးတော့၏။

ပြေးလွှားနေခြင်းက ဒဏ်ရာကို ပို၍ဆိုးရွားစေသည်ပင်။ ထို့ကြောင့် သွေးစက်တို့က ရပ်တန့်မသွားပဲ ကျဆင်းနေလျှက်သား။ ခြေလှမ်း,လှမ်းလိုက်တိုင်းတွင် နာကျင်မှုတို့အတိ။ ကျုံးဇီဟန်သည် အသံကြားရာနောက်ကိုလိုက်ကာ သူ၏ကိုယ်ရံတော်များကို ရှာဖွေရန် ကြိုးစားလိုက်သည်။ တိုက်ခိုက်နေသောအသံများသည် စားဖိုဆောင်၏ အနောက်ဘက်မှ ထွက်ပေါ်လာ၏။ သူတို့ကြားထဲတွင် စားပွဲနှင့်ထိုင်ခုံ အနည်းငယ်သာရှိသော်လည်း ထိုသိဒ္ဓိလက်နက်၏ ဖမ်းစားမှုအောက်တွင် တစ်ခါထပ်ပြီး မရောက်နိုင်တော့ပြန်။

လိုက်လံဖမ်းဆီးနေသူများသည်လည်း အနောက်ဘက်တွင် ရောက်ရှိလာကြပြီး မျက်တောင်တစ်ခတ်အတွင်း သူတို့နှစ်ယောက်ကို ပိတ်ဆို့ထားလိုက်လေပြီ။ ကျုံးဇီဟန်က ကျုံးဇီရှောင်း၏အရှေ့မှ ပိတ်ရပ်လိုက်ကာ မျက်နှာထားတင်းတင်းဖြင့် အော်ပြောလိုက်သည်။

"မင်းတို့က ဘယ်သူတွေလဲ။
ငါတို့ ဘယ်သူဆိုတာရော သိကြရဲ့လား။"

"သိတာပေါ့။
ကျုံးဧကရာဇ်ရဲ့ သားရတနာလေးနှစ်ပါးလေ။"

ဝတ်ရုံနက်နှင့်လူက နှာခေါင်းရှုံ့လိုက်ပြီး

"မင်းတို့နှစ်ယောက်ကိုပဲ ငါတို့ကလိုက်ရှာနေတာ။"

"ဘာလိုချင်လို့လဲ။"

"ရွှေ ... အ ... မြု ... တေ"

ကျုံးဇီဟန်သည် မျက်လုံးသူငယ်အိမ်များပင် ကျဥ်းသွားရကာ တစ်ကိုယ်လုံး တုန်ယင်လို့လာသည်။

သူတို့က အမြုတေလိုက်ခိုးနေတဲ့ မှော်နက်ကျင့်ကြံသူတွေနဲ့ တကယ်ကြီး ထိတ်တိုက်တွေ့သွားတာလား။
ဒါက လွန်ခဲ့တဲ့နှစ်ရက်က သူတို့တွေစုံစမ်းစစ်ဆေးခဲ့တဲ့ ကျင့်ကြံသူရဲ့ သေဆုံးမှုနဲ့ရော ဆက်စပ်နေနိုင်လား။

"မင်းတို့တွေက ငါ့ရဲ့ရွှေအမြုတေကို လိုချင်တာလား။
အမြုတေယူပြီးသွားရင် မင်းတို့တွေကို အမတလမ်းစဥ်လောကတစ်ခုလုံးက လိုက်ဖမ်းကြလိမ့်မယ်။"

"ဟီး ဟီး
အရှင့်သား နားမလည်မှာ စိုးမိပါတယ်။
ကျွန်တော်မျိုး လိုချင်တာက နှစ်ယောက်လုံးဆီက အမြုတေကိုပါ။"

ကျုံးဇီဟန်မှာ အဆုံးစွန်ထိ ဒေါသထွက်လာရတော့၏။

"ငါ့ညီတော်လေးက ခုမှ အမြုတေရခါစပဲ ရှိသေးတယ်။
(၉) နှစ်အရွယ် ကလေးတစ်ယောက်ရဲ့အမြုတေက ဘယ်နေရာမှာ သုံးလို့ရမှာတဲ့လဲ !!!"

"အရှင့်သားလေးရဲ့အမြုတေက သိဒ္ဓိစွမ်းအင်နည်းပါးနေသေးတယ်ဆိုပေမယ့် သူ့မှာ သိဒ္ဓိရင်းမြစ်ကောင်းရှိတယ်လေ။ ဒီလို မွေးရာပါ အရည်အသွေးကောင်းတဲ့ သိဒ္ဓိရင်းမြစ်ဆိုတာက ဆယ်စုနှစ်တွေ အများကြီး ကျင့်ကြံလာတာမျိုးထက်တောင် တွေ့ဖို့ရှားပါးသေးတယ်။ ဒါ့အပြင် သူကြီးလာတဲ့အခါကျရင် သူ့ဆီကနေ အမြုတေယူနိုင်ဖို့ဆိုတာ အတော်အားစိုက်ရတော့မှာ။"

ထိုစကားများကို ကြားလိုက်ရပြီးနောက် ကျုံးဇီဟန်သည် အမှတ်တမဲ့ပင် ကျုံးဇီရှောင်းလေးကို သူ၏ကိုယ်ဖြင့် ကွယ်ပေးထားလိုက်မိ၏။ ထိုဝတ်ရုံနက်နှင့်လူများက ကျုံးဇီရှောင်းအား မမြင်တွေ့နိုင်လောက်အောင်ထိ သူက ကားဆီးပေးထားနိုင်စေရန် ဆုတောင်းနေမိတော့သည်။

"လူ့တိရစ္ဆာန်တွေ !!!"

ကျုံးဇီရှောင်းက ဒေါသထွက်စွာ အော်ပြောလာသည်။

"မင်းတို့ တိရစ္ဆာန်ကောင်တွေ။
ငါကြမ်းကြုတ်တဲ့ တစ္ဆေဖြစ်သွားခဲ့ရင်တောင်မှ မင်းတို့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး !!!"

ဝတ်ရုံနက်နှင့်လူများက ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ကြရင်း သူတို့ထံသို့ ခုန်ဝင်လာတော့သည်။

ကျုံးဇီဟန်၏ ညာခြေထောက်မှာ ဒဏ်ရာရထားပြီးသားဖြစ်ပြီး ကျုံးဇီရှောင်းကိုလည်း ကာကွယ်ပေးနေရ၏။ အများနှင့်တစ်ယောက်ဖြစ်နေသေးရာ သူသည် နောက်သို့သာ တစ်လှမ်းပြီး တစ်လှမ်း ဆုတ်နေခဲ့ရသည်။ ထိုလူများက သူအသက်ရှင်နေစဥ်တွင် အမြုတေနှိုက်ထုတ်ချင်နေ၍သာမဟုတ်လျှင် ကျုံးဇီဟန်သည် ဤမျှကြာအောင် ခံတိုက်နေနိုင်တော့မည် မဟုတ်ပေ။

မကြာမီ ကျုံးဇီဟန်၏ တစ်ကိုယ်လုံးတွင် ဒဏ်ရာများစွာ ရနေခဲ့လေပြီ။ သူ၏ ဖြူလွှလွှဝတ်ရုံလေးမှာလည်း သွေးတို့ဖြင့် ရွှဲနစ်နေလျှက်သား။ ကျုံးဇီရှောင်းမှာ ရှေ့သို့ တိုးထွက်နိုင်ရန် အကြိမ်များစွာ ကြိုးစားနေသော်လည်း ကျုံးဇီဟန်က သူ၏နောက်မှာသာ နေစေခဲ့သည်။ ကျုံးဇီရှောင်း၏ အော်ဟစ်ငိုကြွေးသံမှာ သူ၏နားထဲသို့ ရိုက်ခတ်ကာနေဆဲ။ သို့သော် ကျုံးဇီဟန်သည် သွေးထွက်လွန်နေခဲ့ပြီဖြစ်ရာ မျက်ဝန်းများသည် ဝေဝါးလာနေပြီး ကြားနိုင်စွမ်းမှာလည်း ဖြည်းဖြည်းချင်း ဆုံးရှုံးလို့လာချေပြီ။

"ရှောင်ကျို ... မကြောက်နဲ့နော် ..."

ကျုံးဇီဟန်မှာ ထပ်ဆုတ်စရာမရှိတော့သည်အထိ နောက်သို့ ဆုတ်လာခဲ့ပြီးလေပြီ။ သူသည် ဓားကို ရင်ဘတ်ရှေ့တွင် ကန့်လန့်ဖြတ်ကာ ကိုင်ထားလိုက်ပြီး ကျုံးဇီရှောင်းကိုမူ သူနှင့်နံရံကြားထဲတွင် ပိတ်ညှပ်ထားလိုက်ရင်း တုန်ရီမောဟိုက်စွာ ပြောလာခဲ့၏။

"နောင်တော် ... ရှိတယ်။"

~ ~ ~ 🌼 Leona 🌼 ~ ~ ~

#####

က်ဳံးဇီဟန္သည္ တံခါးကို ခ်ိဳးဖ်က္ကာ အခန္းထဲသို႔ ဝင္လာခဲ့လိုက္သည္။ ပုံရိပ္ေသးေသးေလးတစ္ခုက အိပ္ယာထက္မွ ခုန္ထလိုက္ရင္း ေမးလာ၏။

"ဘယ္သူလဲ။"

က်ဳံးဇီဟန္သည္ အနည္းငယ္မၽွ စိတ္သက္သာရာရသြားၿပီး

"ေရွာင္က်ိဳ ... ငါပါ။
အဝတ္ေတြ ျမန္ျမန္ဝတ္လိုက္ဦး။"

"... ဟမ္"

က်ဳံးဇီေရွာင္းမွာ စိတ္ရွုပ္ေနေသးပုံပင္။

႐ုတ္တရက္ အခန္းအျပင္ဘက္မွ တိုက္ခိုက္ေနၾကသည့္အသံမ်ား ေပၚထြက္လို႔လာသည္။ က်ဳံးဇီဟန္သည္ သူ၏ဝတ္႐ုံအား ဝတ္ထား၏ မထား၏ကိုပင္ ဂ႐ုမစိုက္နိုင္ေခ်။ လက္တစ္ဖက္က ဓားကိုကိုင္ထားရင္း အျခားတစ္ဖက္က က်ဳံးဇီေရွာင္းကို ေပြ႕ခ်ီထားကာ အခန္းအျပင္ဘက္သို႔ ေျပးထြက္လာလိုက္သည္။

"ဟြမ္ဟုန္ ... ဟြမ္ဝူ ..."

က်ဳံးဇီဟန္၏ ေျခလွမ္းမ်ားသည္ ေနရာမွာတင္ ရပ္တန႔္လို႔သြားရ၏။

သူတို႔ နားေနေသာအခန္းမွာ ဒုတိယထပ္တြင္ တည္ရွိေလ၏။ အခန္းသည္ အေဆာင္၏ ေတာင္ဘက္အက်ဆုံးအပိုင္းျဖစ္ေသာ္လည္း ဤတည္းခိုေဆာင္ေလးမွာ အလြန္ပင္ေသးငယ္လွရာ ေျခလွမ္းအနည္းငယ္လွမ္းလိုက္႐ုံျဖင့္ ေလွကားဆီသို႔ ေရာက္ေနသင့္သည္။ သို႔ေသာ္ သူတို႔၏ အေရွ႕မွ စၾက္န္လမ္းသည္ ဆန္းၾကယ္လွေသာ စြမ္းအားတစ္စုံတစ္ရာျဖင့္ ႀကိဳးတစ္ေခ်ာင္းပမာ ဆြဲဆန႔္ခံထားရသကဲ့သို႔ ျဖစ္ေနခဲ့သည္ကို ႏွစ္ဦးလုံး ထင္ထင္ရွားရွားႀကီး ျမင္လိုက္ရေတာ့၏။ ယခုအခ်ိန္တြင္ စၾက္န္လမ္းသည္ အလြန္အမင္းရွည္လ်ားေနကာ ေလွကားသည္လည္း အလြန္ေဝးေသာ အျခားအစြန္းတစ္ဖက္တြင္ ရွိေနခဲ့၏။

က်ဳံးဇီေရွာင္းမွာ မ်က္လုံးေလးမ်ားကို ပြတ္လိုက္မိရင္း သူသည္ အိပ္ခ်င္မူးတူးျဖစ္ေနဆဲဟု ထင္ေနခဲ့သည္။ က်ဳံးဇီဟန္ပင္လၽွင္ အိပ္မက္မ်ားလားဟု အခိုက္အတန႔္မၽွ အံ့အားသင့္ကာေနလၽွက္သား။

"အရွင့္သား !!!"

ဟြမ္ဟုန္၏ေခၚသံကို ၾကားလိုက္မွ ႏွစ္ေယာက္လုံး အသိျပန္ဝင္လာေတာ့၏။

ဟြမ္ဟုန္သည္ ေအာက္ထပ္တြင္ရွိေနခဲ့သည္။ က်ဳံးဇီဟန္မွာ ေအာက္သို႔ ငုံ႔ၾကည့္လိုက္မိခါမွ အေျခအေနပိုဆိုးသြားရသလိုပင္။ မူလက အထပ္ႏွစ္ထပ္စာသာရွိေသာ အျမင့္သည္ ယခုတြင္မူ ၃ - ၄ ထပ္စာမၽွ ျခားသြားေခ်ၿပီ။

ဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ။

"အရွင့္သား ... ကၽြန္ေတာ္တို႔ေတြ ေခ်ာင္းေျမာင္းလုပ္ႀကံခံရတာပါ။
အရွင့္သားက နဝမ မင္းသားေလးအနားမွာပဲ ရွိေနပါ။
တကြဲစီ ျဖစ္မသြားပါေစနဲ႔။"

"ဘာေတြ ... ဒီမွာ ဘာေတြ ျဖစ္ေနတာလဲ။"

က်ဳံးဇီဟန္သည္ တိုက္ခိုက္ေနသည့္ အသံမ်ားေနာက္လိုက္ကာ ဟြမ္ဝူကို ရွာရန္ႀကိဳးစားေနမိသည္။

"ဟြမ္ဝူေရာ ဘယ္မွာလဲ။"

တိုက္ခိုက္ေနသံမ်ားမွာ အလြန္ပင္ နီးကပ္ေနေသာ္လည္း ဟြမ္ဝူကို သူ မျမင္နိုင္ေသးေပ။

ဟြမ္ဟုန္က အံႀကိတ္ထားရင္း ေျပာလာသည္။

"ကၽြန္ေတာ္တို႔ေတြ အကုန္လုံး ဒီတည္းခိုေဆာင္ထဲမွာပါပဲ။ ဒါေပမယ့္ တစ္ေယာက္အနား တစ္ေယာက္ကပ္လို႔ရမွာ မဟုတ္ဘူး။ ဒါက လက္မွုပညာရွင္ နတ္ဘုရား လုပန္ရဲ့ သိဒၶိလက္နက္ျဖစ္တဲ့ ဂမၻီရေပတံပဲ။"

>> လုပန္ဆိုတာ က်ိဳးမင္းဆက္လက္ထက္မွာ
ေပၚထြန္းခဲ့တဲ့ ဗိသုကာပညာရွင္ပါ။
လက္မွုအတတ္ပညာနဲ႔ ပတ္သက္ၿပီး
နတ္ဘုရားတစ္ပါးလို႔ေတာင္
တင္စားၾကပါတယ္။ <<

က်ဳံးညီေနာင္မွာ တစ္ေယာက္ႏွင့္တစ္ေယာက္ အျပန္အလွန္သာ ၾကည့္ေနမိေတာ့သည္။ အံ့ဩရလြန္း၍ စကားပင္ မေျပာနိုင္။

က်င့္ႀကံျခင္းေလာကတြင္ သိဒၶိလက္နက္မ်ားကို သုံးမ်ိဳးသုံးစား ခြဲျခားထား၏။ စြမ္းအားအႀကီးဆုံးလက္နက္မ်ားသည္ကား ဒ႑ာရီလာ ျမင့္ျမတ္သန႔္စင္သည့္ ရတနာလက္နက္ (၄) ပါးပင္ျဖစ္သည္။ ဒုတိယအမ်ိဳးအစားမွာမူ အနာဂါတ္မ်ိဳးဆက္မ်ားဆီ ၎တို႔၏ အမွတ္လကၡဏာကို အေမြအျဖစ္ ခ်န္ထားေပးခ်င္ၾကသည့္ ဤေျမျပင္ေပၚရွိ သက္ရွိနတ္ဘုရားမ်ားက ဖန္တီးထားေသာ သိဒၶိလက္နက္မ်ားပင္ ျဖစ္သည္။ ထိုလက္နက္မ်ားအား မ်ိဳးဆက္တစ္ဆက္ကေနတစ္ဆက္ လက္ဆင့္ကမ္းထိန္းသိမ္းလာခဲ့ၾကသည္။ ေနာက္ဆုံးအမ်ိဳးအစားမွာကား မ်က္ေမွာက္ေခတ္မွ ထူးခၽြန္သည့္ပညာရွင္မ်ားက ျပဳလုပ္သန႔္စင္ေပးထားေသာ သိဒၶိလက္နက္မ်ားပင္ ျဖစ္သည္။

အကယ္၍ တစ္စုံတစ္ဦးသည္ အရွိန္အဝါ အထြတ္အထိပ္သို႔ ေရာက္ရွိၿပီး ကံၾကမၼာကလည္း မ်က္ႏွာသာေပး၍ ရတနာလက္နက္ (၄) ပါးထဲမွ တစ္ပါးကို ရွာေတြ႕နိုင္ခဲ့သည္ဆိုလၽွင္ေတာင္ ထိုရတနာလက္နက္မွ ဤပုဂၢိဳလ္ ထုတ္ယူသုံးစြဲနိုင္မည့္ စြမ္းအင္ပမာဏမွာ အေပၚယံလႊာေလာက္ေလးသာ ရွိေပမည္။ သို႔မဟုတ္လၽွင္ ရွန္ႏုံပန္းပဲဖိုမွ သမာဓိမီးေတာက္ကို ထိန္းထားနိုင္ရန္အတြက္ က်င့္ႀကံဆင့္ျမင့္သူ အေယာက္ (၁၀၀) ခန့္ လိုအပ္မည္မဟုတ္ေပ။ ႏွစ္တစ္သန္းကုန္လြန္သြားခ်ိန္၌ ကမၻာႀကီးထဲတြင္ ၎တို႔၏ အသြင္သဏၭာန္ကို ေဖာ္ျပလာေသာ ရတနာလက္နက္ဟူ၍ ႏွစ္ခုသာရွိေလသည္။ တစ္ခုမွာ အမတေတာင္တစ္လုံးအသြင္ ေျပာင္းလဲသြားၿပီျဖစ္ေသာ ရွန္ႏုံပန္းပဲဖိုျဖစ္ၿပီး အျခားတစ္ခုမွာကား မည္သူကမၽွ ထိန္းခ်ဳပ္အသုံးျပဳ၍ မရနိုင္ပဲ က်ဳံးမ်ိဳးႏြယ္စု၏ ရတနာတိုက္ထဲတြင္ ထိန္းသိမ္းထားရွိေသာ ရွန႔္ဟယ္ရွဲ႕က်ီးေျမပုံပင္ျဖစ္သည္။

လက္ရွိကာလမ်ားတြင္ ျပဳလုပ္သန႔္စင္ထားေသာ သိဒၶိလက္နက္အသစ္မ်ားသည္ လုပ္ေဆာင္နိုင္စြမ္းအမ်ိဳးမ်ိဳးရွိၿပီး အက်ိဳးသက္ေရာက္မွုလည္း အမ်ိဳးမ်ိဳးကြဲျပားၾက၏။ အခ်ိဳ႕လက္နက္မ်ားသည္ ႀကီးျမတ္ဂုဏ္သေရရွိသည့္ အမတမ်ိဳးႏြယ္စုမ်ားကသာလၽွင္ ပိုင္ဆိုင္နိုင္ၾကၿပီး အခ်ိဳ႕မွာကား လူပုဂၢိဳလ္တစ္ဦးတစ္ေယာက္အတြက္ အထူးရည္ရြယ္ျပဳလုပ္ထားေသာ လက္နက္မ်ားျဖစ္ၾကသည္။ အခ်ိဳ႕လက္နက္မ်ားကိုမူ လူတိုင္းပိုင္ဆိုင္နိုင္ၾက၏။ ဥပမာ - ခ်န္းကြမ္းအိတ္။ အခ်ိဳ႕သိဒၶိလက္နက္မ်ားမွာကား ထိပ္တန္းပညာရွင္မ်ားကိုယ္တိုင္ ျပဳလုပ္ထားၾကသည္ျဖစ္၍ ရွားပါးလွၿပီး တန္ဖိုးမျဖတ္နိုင္ေပ။

ေျမျပင္ထက္မွ သက္ရွိနတ္ဘုရားမ်ား လက္ဆင့္ကမ္းခဲ့ေသာ သိဒၶိလက္နက္မ်ားမွာမူ မူလပိုင္ရွင္ဟူ၍ မရွိသကဲ့သို႔ တန္ဖိုးကိုလည္း သတ္မွတ္၍မရနိုင္။ ထိုလက္နက္မ်ားအားလုံးသည္ စြမ္းအင္ ႀကီးမားလွေသာေၾကာင့္ က်င့္ႀကံသူမ်ားက ဤကဲ့သို႔ သိဒၶိလက္နက္မ်ားအား လိုက္လံရွာေဖြၾကရင္း သူတို႔၏ ဘဝတစ္ေလၽွာက္လုံးကို ကုန္ဆုံးသြားေစ၏။ လက္ဝယ္ပိုင္ဆိုင္ထားနိုင္ေသာ က်င့္ႀကံသူမ်ားသည္လည္း သိဒၶိလက္နက္ကို လိုခ်င္တပ္မက္ၾကသူမ်ားေၾကာင့္ မၾကာခဏဆိုသလိုပင္ ေသြးစြန္းၾကရ၏။ အသတ္ခံၾကရ၏။ သိဒၶိလက္နက္ပိုင္ရွင္ျဖစ္နိုင္ေရးအတြက္ စေတးခံလိုက္ရသည့္ က်င့္ႀကံသူအေရအတြက္မွာ အျမဳေတသူခိုးမ်ားလက္ခ်က္ျဖင့္ ေသဆုံးသြားရသူမ်ားထက္ပင္ ပို၍မ်ားေပလိမ့္ဦးမည္။

ဂမၻီရေပတံဆိုသည္မွာ လက္မွုပညာရွင္နတ္ဘုရား လုပန္ ခ်န္ထားရစ္ခဲ့သည့္ အခ်ိန္ကာလႏွင့္ ေနရာေဒသကို စီရင္နိုင္စြမ္းရွိေသာ အံ့ဖြယ္အတိုင္းအတာလက္နက္တစ္ခုျဖစ္သည္။ ၎သည္ သက္မဲ့ပစၥည္းမ်ား၏ အရြယ္အစားကို အခ်ိန္အပိုင္းအျခားတစ္ခုအတြင္း၊ တိက်ေသာအကြာအေဝးတစ္ခုအတြင္း၌ ေျပာင္းလဲပစ္နိုင္စြမ္းရွိ၏။ အသုံးျပဳမည့္သူ၏ က်င့္ႀကံဆင့္ျမင့္ေလေလ သက္ေရာက္နိုင္မည့္ အခ်ိန္ႏွင့္ေနရာအတိုင္းအတာကို ပိုခ်ဲ့ပစ္နိုင္ေလေလျဖစ္သည္။ ဂမၻီရေပတံ၏ အပိုင္းအျခားထဲတြင္ ရွိေနခဲ့သူမွန္သမၽွသည္ ၎၏ အေႏွာင္အဖြဲ႕အတြင္း သက္ဆင္းရမည္သာျဖစ္ၿပီး တစ္ဖက္ရန္သူ၏ လက္ခုပ္ထဲမွ ေရကဲ့သို႔ပင္ ျဖစ္ရေပလိမ့္မည္။ လြတ္လမ္းက အနားတြင္ ရွိေနလၽွင္ေတာင္မွ လြတ္ေျမာက္နိုင္ေတာ့မည္မဟုတ္။

ယခင္က ဂမၻီရေပတံအေၾကာင္းႏွင့္ ပတ္သက္၍ စာေပမ်ားထဲတြင္ ဖတ္ရွုမွတ္သားခဲ့ဖူး၏။ သို႔ရာတြင္ ဂမၻီရေပတံ၏ အစြမ္းသတၱိကို ကိုယ္တိုင္ၾကဳံေတြ႕ၾကရလိမ့္မည္ဟု သူတို႔အေနျဖင့္ မည္သည့္အခါမၽွ မေတြးဖူးခဲ့ေပ။ ဤသိဒၶိလက္နက္ကို ေတြ႕ေအာင္ရွာနိုင္ရန္ ခက္ခဲသကဲ့သို႔ တည္းခိုေဆာင္အား ထိန္းခ်ဳပ္နိုင္ရန္မွာလည္း မလြယ္ကူလွ။

တစ္ဖက္လူက ဘယ္သူလဲ။
သူတို႔က ဘာလုပ္ခ်င္ေနၾကတာလဲ။

က်ဳံးဇီဟန္သည္ စိတ္ကို တည္ၿငိမ္ေအာင္ထိန္းလိုက္ၿပီး ေလွကားရွိရာသို႔ ေျပးသြားလိုက္သည္။ သို႔ေသာ္ စၾက္န္လမ္းသည္လည္း သူ၏အေျပးႏွုန္းႏွင့္ အၿပိဳင္ရွည္လ်ားလာသလိုပင္။ က်ဳံးဇီဟန္ မည္မၽွပင္ ေျပးလႊားေနေစကာမူ ေလွကားအနားသို႔ မကပ္နိုင္ခဲ့။ သူျပန္ၾကည့္လိုက္သည့္အခါ ေလွကားက အေဝးသို႔ ဆန႔္ထြက္သြားျခင္းမဟုတ္။ သူကသာ ေနရာမွာတင္ ေျပးေနခဲ့သည့္အလား။ က်ဳံးဇီဟန္သည္ ဒုတိယထပ္မွေန၍ ေအာက္သို႔ ခုန္ခ်ပစ္လိုက္ခ်င္ေသာ္ျငား ဂမၻီရေပတံအား စီရင္ေနသူသည္ ေျမျပင္မွ အကြာအေဝးကို မည္မၽွထိခ်ဲ့ပစ္ထားမည္မွန္း သူမသိေပ။

"ေနာင္ေတာ္ ... ကၽြန္ေတာ့္ကို ေအာက္ခ်ေပး။"

က်ဳံးဇီေရွာင္းက ႐ုန္းကန္တြန္းထိုးေနရင္း ေျပာလာသည္။

"မရဘူး။ တစ္ဖက္လူက ငါတို႔ကို တကြဲတျပားစီျဖစ္ေစခ်င္ေနတာ။"

က်ဳံးဇီဟန္က ေျပာလိုက္၏။

‌"ေရွာင္က်ိဳ ... ေနာင္ေတာ္က မင္းကို ေခၚသြားေပးမွာ။
ဘာေတြပဲ ျဖစ္လာျဖစ္လာ ေရွာင္က်ိဳေလးက ဘယ္ေတာ့မွ လက္ကို မလႊတ္ရဘူးေနာ္။
နားလည္ရဲ့လား။"

က်ဳံးဇီေရွာင္းသည္ က်ဳံးဇီဟန္၏ မွီေနရင္း

"ဟုတ္
ေနာင္ေတာ္ ... ဒါက ဘာႀကီးလဲ။"

"ေနာင္ေတာ္လည္း ဘာျဖစ္ေနတာမွန္း မသိေတာ့ဘူး။"
မေၾကာက္နဲ႔ေနာ္။
ေနာင္ေတာ္ရွိတယ္။"

မေၾကာက္နဲ႔ေနာ္ ... ေနာင္ေတာ္ရွိတယ္တဲ့။

ဤစကားေလးၾကားလိုက္ရ႐ုံျဖင့္ က်ဳံးဇီေရွာင္း၏ စိတ္အစဥ္သည္ကား ၿငိမ္းေအးသြားရသလိုပင္။ သူ၏စိတ္ထဲတြင္ေတာ့ ေနာင္ေတာ္သည္သာ အႏွိုင္းမဲ့တန္ခိုးရွင္တစ္ဦး။ ေနာင္ေတာ္သာ အနားမွာရွိေနလၽွင္ ေၾကာက္စရာဟူ၍ မရွိ။

ဟြမ္ဟုန္မွာ အေပၚထပ္သို႔ တက္လာရန္ ႀကိဳးစားေနေသာ္လည္း မရေပ။ မႏၲန္စီရင္ေနသူသည္ အလြန္ခ်ီးက်ဴးဖြယ္ရာပင္။ က်ဳံးဇီဟန္တို႔အား တစ္ေယာက္ကိုတစ္ေယာက္ အကာအကြယ္မေပးနိုင္ေစရန္ တစ္ေနရာစီ ခြဲထုတ္ကာထား၏။ သို႔မဟုတ္ပါက သူတို႔၏ အစြမ္းအစႏွင့္ဆိုလၽွင္ သာမန္က်င့္ႀကံသူေလာက္ျဖင့္ က်ဳံးဇီဟန္တို႔အေပၚ ထိခိုက္ေအာင္လုပ္နိုင္မည္မဟုတ္ေပ။

ဟြမ္ဟုန္က ေအာ္ေျပာလာသည္။

"အရွင့္သား ... မႏၲန္စီရင္ေနတဲ့သူကို ကၽြန္ေတာ္ရွာၾကည့္လိုက္မယ္။ ဒီတည္းခိုေဆာင္ထဲမွာပဲ ရွိမွာပါ။
အရွင့္သားတို႔ ဂ႐ုစိုက္ၾကပါ။"

"ေကာင္းၿပီ။"

က်ဳံးဇီဟန္သည္ ထိုအေၾကာင္းကို ေတြးၾကည့္လိုက္ၿပီးေနာက္ အခန္းထဲသို႔ ျပန္ဝင္ေနရန္သာ ဆုံးျဖတ္လိုက္သည္။ ေခ်ာင္းေျမာင္းတိုက္ခိုက္လာသူ၏ ရည္ရြယ္ခ်က္ကို သူမသိေသာ္လည္း သူတို႔ႏွစ္ေယာက္အတြက္ ေရာက္လာၾကသည္မွာ သိသာလွေပ၏။ က်ဳံးဇီေရွာင္းေလး သူႏွင့္အတူရွိေနသ၍ ကာကြယ္ေစာင့္ေရွာက္ေပးနိုင္ရန္မွာ က်ဳံးဇီဟန္၏ အဓိကဦးစားေပးပင္။

သို႔ေသာ္လည္း ႐ုတ္တရက္ သူတို႔၏ အေနာက္ဘက္မွ သိဒၶိစြမ္းအင္မ်ားကို ခံစားမိလိုက္သည္။ မ်က္ႏွာဖုံးတပ္ထားေသာ ဝတ္႐ုံနက္ႏွင့္လူမ်ားသည္ ျပတင္းေပါက္ကေနတဆင့္ အခန္းထဲသို႔ ခုန္ဝင္လာကာ သူတို႔ညီေနာင္ႏွစ္ဦးထံ တန္းတန္းမတ္မတ္ေလၽွာက္လာေနၾက၏။

က်ဳံးဇီဟန္သည္ ဝတ္႐ုံလက္ဖ်ားကို ေဝ့ယမ္းပစ္လိုက္ရာ တံခါးမႀကီးႏွစ္ခ်ပ္မွာ ဘန္းခနဲ ပိတ္သြား၏။ သူသည္ လက္ထိပ္ကို ကိုက္လိုက္ၿပီး ထြက္လာေသာေသြးႏွင့္ ေလထဲတြင္ အင္းကြက္တစ္ခု ေရးဆြဲလိုက္ရင္း တံခါးခ်ပ္မ်ားဆီသို႔ ကပ္ေစလိုက္သည္။ ဤကဲ့သို႔ ေသြးျဖင့္ေရးဆြဲျခင္းသည္ အင္းကြက္၏အစြမ္းသတၱိကို အျမင့္ဆုံးထိ တိုးျမႇင့္ေပးလိုက္နိုင္သည့္ ၾကားခံတစ္ခု ျဖစ္ေပၚလာေစသည္။ အင္းကြက္တစ္ကြက္ထဲကိုပင္ ေသြးျဖင့္ေရးဆြဲျခင္းႏွင့္ ဟသၤာျပဒါးျဖင့္ ေရးဆြဲျခင္းက မတူညီေပ။ ႏွိုင္းယွဥ္ၾကည့္မည္ဆိုလၽွင္ အက်ိဳးသက္ေရာက္မွုျခင္းမွာ အႀကီးအက်ယ္ ကြာျခားလွ၏။ ထို႔အျပင္ အင္းကြက္စီရင္သူ သုံးစြဲရမည့္ သိဒၶိစြမ္းအင္ပမာဏမွာလည္း အလြန္မ်ားျပားလွေပ၏။ ထိုအင္းကြက္ေရးဆြဲထားေသာတံခါးက ဝတ္႐ုံနက္လူမ်ားကို တားဆီးေပးထားလိမ့္မည္ျဖစ္ၿပီး ယာယီအားျဖင့္ အကာအရံတစ္ခုအျဖစ္ ရွိေနေပလိမ့္မည္။ သို႔ေသာ္ အထဲတြင္ရွိေနေသာ ထိုလူမ်ားက သူတို႔၏ခႏၶာကိုယ္ျဖင့္ တစ္ေယာက္တစ္လွည့္စီ ဝင္တိုက္ေနၾကရာ အခ်ိန္ၾကာေအာင္ေတာ့ တားထားနိုင္မည္မဟုတ္။ က်ဳံးဇီဟန္တို႔မွာ စၾက္န္လမ္းက်ဥ္းေလးထဲတြင္ ပိတ္မိေနခဲ့ၿပီး အေျခအေနသည္လည္း ကိုယ့္ဘက္မပါ။

"ေနာင္ေတာ္ ... ၾကည့္ပါဦး။
လမ္းက ပိုနီးလာၿပီ။"

က်ဳံးဇီေရွာင္းက ေျပာသည္။

"ဂမၻီရေပတံကို စီရင္ေနတဲ့သူက ကၽြန္ေတာ္တို႔ကို ေနရာ (၃) ေနရာခြဲၿပီး ပိတ္ထားနိုင္ဖို႔ လွုပ္ရွားေနပုံပဲ။ သူလည္းပဲ အေတာ္႐ုန္းကန္ေနရမွာ။"

"အမွန္ပဲ။ ဒီသိဒၶိလက္နက္က သိဒၶိစြမ္းအား ေတာ္ေတာ္သုံးရမွာ။ သူဘယ္ေလာက္ၾကာၾကာေတာင့္ခံနိုင္မလဲ ငါၾကည့္လိုက္ဦးမယ္။"

က်ဳံးဇီဟန္သည္ ေအာက္ထပ္သို႔ဆင္းရန္ တစ္ခါ ထပ္ႀကိဳးစားၾကည့္လိုက္သည္။ တစ္ဖက္ရန္သူမ်ားက အဆင့္ျမင့္က်င့္ႀကံသူမ်ားျဖစ္ၾကသည့္ ဟြမ္ဟုန္ႏွင့္ဟြမ္ဝူကို ရင္ဆိုင္နိုင္ရန္မွာ လြယ္မည္မဟုတ္။ ဤေခ်ာင္းေျမာင္းလုပ္ႀကံမွုသည္ ၾကာရွည္မခံနိုင္။ တစ္ဖက္ရန္သူက သိဒၶိလက္နက္ကို သိမ္းဆည္းလိုက္ၿပီး သူ၏အသြင္အစစ္အမွန္ကို ထုတ္ျပလာမည့္အခ်ိန္အထိ သူတို႔ေတာင့္ခံထားနိုင္သ၍ တန္ျပန္တိုက္ခိုက္ရန္မွာ ေနာက္မက်ေသးေပ။

ဤတစ္ႀကိမ္တြင္ က်ဳံးဇီဟန္သည္ အခ်ိန္ၾကာၾကာေျပးလႊားခဲ့ၿပီးေနာက္ ေလွကားထိပ္သို႔ ေရာက္လာနိုင္ၿပီျဖစ္သည္။ သူသည္ ေအာက္ထပ္သို႔ဆင္းကာ ဟြမ္ဟုန္တို႔ႏွင့္ ျဖစ္နိုင္သမၽွျမန္ျမန္ သြားေရာက္ပူးေပါင္းခ်င္ခဲ့သည္။ သို႔ေသာ္ ေလွကားထစ္မ်ားထက္ ေျခခ်လိုက္႐ုံမၽွသာရွိေသးခ်ိန္ ေလွကားထစ္ႏွစ္ခုၾကား အကြာအေဝးမွာ ဟ,သြားေတာ့၏။ ေျခဖဝါးေအာက္မွ ၾကမ္းျပင္သည္ ေအာက္သို႔ကၽြံဝင္ကာ ေပ်ာက္ကြယ္သြားၿပီး အေျခကိုပင္ မျမင္နိုင္ေတာ့သည့္ တြင္းနက္ႀကီးအျဖစ္ေျပာင္းလဲသြား၏။ က်ဳံးဇီဟန္သည္လည္း ေျခလွမ္းေနရင္းျဖစ္ရာ ဟန္ခ်က္ပ်က္ကာ ျပဳတ္က်သြားေတာ့သည္။ က်ဥ္းေျမာင္းလွသည့္ တြင္းႏွုတ္ခမ္းဝသည္ကား သူတို႔ႏွစ္ဦးအတြက္သာ အတိအက် စီမံထားသည့္အလား။

က်ဳံးဇီဟန္သည္ ဓားကိုလႊဲလိုက္ကာ ေလွကားလက္ရန္းကို ထိုးစိုက္ခ်လိုက္သည္။ ထိုအားကို အသုံးျပဳရင္း ခႏၶာကိုယ္ကို ေလထဲတြင္ တစ္ပါတ္လွည့္လိုက္ၿပီး ေအာက္သို႔က်ေနသည့္အရွိန္ကို ေခတၱမၽွ ေႏွးသြားေအာင္လုပ္လိုက္သည္။ က်ဳံးဇီဟန္သည္ က်ဳံးဇီေရွာင္း၏လက္ေမာင္းကို ဆုတ္ကိုင္ကာ အေပၚသို႔ ပစ္တင္လိုက္၏။

က်ဳံးဇီေရွာင္း၏ ကိုယ္ေလးမွာ တစ္ဖက္သို႔ လည္ထြက္သြားလၽွက္။ သူ၏ေျခေထာက္ႏွစ္ဖက္မွာ ေလွကားလက္ရန္းႏွင့္ ခ်ိတ္မိေနၿပီး လက္တစ္ဖက္ကလည္း က်ဳံးဇီဟန္၏ ဝတ္႐ုံလက္ဖ်ားကို တင္းတင္းဆုတ္ထားမိေသာေၾကာင့္ သူ႔ကို ျပန္ဆြဲခ်ေနသလို ျဖစ္သြားေတာ့၏။

ခ်က္ခ်င္းပင္ ေလွကားထစ္မ်ားမွာ နီးကပ္လာၾကၿပီး ႀကီးမားထူထဲရွည္လ်ားေသာ ပ်ဥ္ျပားခ်ပ္ႀကီးမ်ားအျဖစ္ ေျပာင္းလဲသြားကာ က်ဳံးဇီဟန္အား ဖိညႇပ္ထားေတာ့၏။ တစ္ခ်က္မၽွ ၾကည့္လိုက္႐ုံျဖင့္ သူတို႔ႏွစ္ေယာက္ ပိတ္မိသြားၿပီမွန္း က်ဳံးဇီဟန္ သိလိုက္ေပသည္။ သို႔ေသာ္လည္း က်ဳံးဇီဟန္၏ အၾကည့္မ်ားသည္ တည္ၿငိမ္ေအးေဆးေနဆဲ။ ဓားသြားဆီမွ လက္ခနဲ တစ္ခ်က္ ျဖစ္သြားၿပီးေနာက္ မ်က္ေတာင္တစ္ခ်က္အခတ္တြင္ ထိုသစ္သားခ်ပ္ႀကီးမ်ားသည္ သစ္သားစအပုံလိုက္ႀကီး ျဖစ္သြားေတာ့၏။

"ေနာင္ေတာ္ !!!"

က်ဳံးဇီေရွာင္းထံမွ အလန႔္တၾကားေအာ္သံ ထြက္ေပၚလို႔လာသည္။

က်ဳံးဇီဟန္ ေခါင္းလွည့္ၾကည့္မိသည့္အခါ က်ဳံးဇီေရွာင္း၏ ေျခက်င္းဝတ္မွာ ပုံပ်က္ပန္းပ်က္ျဖစ္ေနေသာ ေလွကားလက္ရန္းၾကားထဲတြင္ ညပ္ေနေလရာ သူ၏ခႏၶာကိုယ္တစ္ခုလုံးကို ေနာက္သို႔ ျပန္ေဆာင့္ဆြဲလိုက္သကဲ့သို႔ပင္။ သူတို႔ႏွစ္ဦးၾကား ဆုပ္ကိုင္ထားသည့္အား ေလ်ာ့သြားသည့္အခါ က်ဳံးဇီဟန္၏အမူအယာမွာ ႐ုတ္ခ်ည္းေျပာင္းလဲသြားရေလသည္။ သူသည္ အလ်င္စလိုျဖင့္ ကိုယ္ကို ေရွ႕သို႔ကိုင္းကာ သူ၏ညီငယ္ေလးလက္ကို ထပ္ဆြဲထားလိုက္ရင္း ဓားကိုဝင့္၍ ထိုေလွကားလက္ရန္းအား ပိုင္းျဖတ္ပစ္လိုက္သည္။ က်ဳံးဇီဟန္သည္ က်ဳံးဇီေရွာင္း၏ လက္ေမာင္းကို တင္းတင္းက်ပ္က်ပ္ ဖမ္းဆြဲထားလိုက္၏။ ရင္အစုံမွာလည္း ပရမ္းပတာခုန္ေနလၽွက္သား။

"ေရွာင္က်ိဳ ... အဆင္ေျပရဲ့လား။"

က်ဳံးဇီေရွာင္းထံမွ အသံထြက္မလာနိုင္ခင္မွာပင္ က်ဳံးဇီဟန္သည္ သူ ပိုင္းျဖတ္ထားခဲ့သည့္ သစ္သားအပိုင္းအစမ်ားမွာ တစ္ေပခန႔္အရွည္ရွိၿပီး ခၽြန္ထက္ေနေသာ သစ္သားေခ်ာင္းမ်ားအသြင္ ေျပာင္းလဲသြားသည္ကို ျမင္လိုက္ရေတာ့သည္။ ထိုသစ္သားအခၽြန္မ်ားက သူတို႔ႏွစ္ဦးအေပၚသို႔ ေနရာအႏွံမွေန၍ တေဝါေဝါ ၿပိဳဆင္းက်လာေလၿပီ။

က်ဳံးဇီဟန္သည္ က်ဳံးဇီေရွာင္းကို ခါးစည္းႀကိဳးကေန ဆြဲကိုင္လိုက္ရင္း ဒုတိယထပ္ဆီသို႔ ပစ္တင္လိုက္၏။ ထို႔ေနာက္ သူ၏ကိုယ္ထဲမွ သိဒၶိစြမ္းအင္မ်ားကို အျပည့္အဝလွည့္ပတ္စီးဆင္းေစလိုက္ၿပီး က်ဳံးရႊမ္ဓားသိုင္း၏အဟုန္ကိုသုံးကာ ခၽြန္ျမေနသည့္ သစ္သားစမ်ားကို တစ္ခုၿပီးတစ္ခု ပိုင္းျဖတ္ပစ္လိုက္ေတာ့သည္။

သို႔ေသာ္လည္း ...

"ေနာင္ေတာ္ !!!"

က်ဳံးဇီဟန္သည္ စူးခနဲ ေအာင့္သြားသလို ခံစားလိုက္ရ၏။ သစ္သားစအခၽြန္တစ္ခုက သူ၏ေပါင္ကို ထိုးစိုက္သြားေလၿပီ။ အရိုးထိမေရာက္ေသာ္ျငား အသားကို ျဖတ္ဝင္သြားသည့္အတြက္ ေသြးမ်ားက ပန္းထြက္ေနလၽွက္။

ထိုအခိုက္မွာပင္ အကာအရံအင္းသည္လည္း က်ိဳးပ်က္သြားခဲ့ရ၏။ တံခါးခ်ပ္မ်ားမွာ တစ္စစီျပဳတ္ထြက္ကာ လြင့္ပ်ံသြားၿပီး မ်က္ႏွာဖုံးစြပ္ထားေသာ ဝတ္႐ုံနက္လူမ်ား အခန္းထဲမွ တဟုန္ထိုး ေျပးထြက္လာၾကေလသည္။

က်ဳံးဇီဟန္သည္ အံကိုတင္းတင္းႀကိတ္ထားရင္း စိုက္ဝင္ေနေသာ သစ္သားစကို ဆြဲႏွုတ္လိုက္ကာ

"ေရွာင္က်ိဳ ... ဒီနားကိုလာခဲ့။ ျမန္ျမန္။"

က်ဳံးဇီေရွာင္းသည္ ဒုတိယထပ္မွေန၍ ခုန္ခ်လာသည္။ ဤတစ္ႀကိမ္တြင္ တိုက္ခိုက္ေရးသမားမ်ားသည္လည္း တစ္ခ်ိန္တည္း ဆင္းလာၾကေသာေၾကာင့္ ၾကမ္းျပင္မွ အကြာအေဝးမွာ ေျပာင္းလဲမသြားေတာ့ေပ။ က်ဳံးဇီေရွာင္းမွာကား ေသြးတို႔ျဖင့္ရႊဲရႊဲစိုေနေသာ က်ဳံးဇီဟန္၏ ေဘာင္းဘီစကိုသာ ၾကည့္ေနရင္း စိုးရိမ္တႀကီးျဖင့္ ငိုေနေတာ့သည္။

"ေနာင္ေတာ္ ... ေနာင္ေတာ္ ..."

"ဘာမွမျဖစ္ပါဘူး။"

က်ဳံးဇီဟန္သည္ လက္တစ္ဖက္ျဖင့္ ေသြးေၾကာကို ပိတ္လိုက္ကာ ေသြးတိတ္ေစလိုက္သည္။ ထို႔ေနာက္ သူသည္ က်ဳံးဇီေရွာင္းကို ဆြဲထူကာ ေျပးေတာ့၏။

ေျပးလႊားေနျခင္းက ဒဏ္ရာကို ပို၍ဆိုးရြားေစသည္ပင္။ ထို႔ေၾကာင့္ ေသြးစက္တို႔က ရပ္တန႔္မသြားပဲ က်ဆင္းေနလၽွက္သား။ ေျခလွမ္း,လွမ္းလိုက္တိုင္းတြင္ နာက်င္မွုတို႔အတိ။ က်ဳံးဇီဟန္သည္ အသံၾကားရာေနာက္ကိုလိုက္ကာ သူ၏ကိုယ္ရံေတာ္မ်ားကို ရွာေဖြရန္ ႀကိဳးစားလိုက္သည္။ တိုက္ခိုက္ေနေသာအသံမ်ားသည္ စားဖိုေဆာင္၏ အေနာက္ဘက္မွ ထြက္ေပၚလာ၏။ သူတို႔ၾကားထဲတြင္ စားပြဲႏွင့္ထိုင္ခုံ အနည္းငယ္သာရွိေသာ္လည္း ထိုသိဒၶိလက္နက္၏ ဖမ္းစားမွုေအာက္တြင္ တစ္ခါထပ္ၿပီး မေရာက္နိုင္ေတာ့ျပန္။

လိုက္လံဖမ္းဆီးေနသူမ်ားသည္လည္း အေနာက္ဘက္တြင္ ေရာက္ရွိလာၾကၿပီး မ်က္ေတာင္တစ္ခတ္အတြင္း သူတို႔ႏွစ္ေယာက္ကို ပိတ္ဆို႔ထားလိုက္ေလၿပီ။ က်ဳံးဇီဟန္က က်ဳံးဇီေရွာင္း၏အေရွ႕မွ ပိတ္ရပ္လိုက္ကာ မ်က္ႏွာထားတင္းတင္းျဖင့္ ေအာ္ေျပာလိုက္သည္။

"မင္းတို႔က ဘယ္သူေတြလဲ။
ငါတို႔ ဘယ္သူဆိုတာေရာ သိၾကရဲ့လား။"

"သိတာေပါ့။
က်ဳံးဧကရာဇ္ရဲ့ သားရတနာေလးႏွစ္ပါးေလ။"

ဝတ္႐ုံနက္ႏွင့္လူက ႏွာေခါင္းရွုံ႔လိုက္ၿပီး

"မင္းတို႔ႏွစ္ေယာက္ကိုပဲ ငါတို႔ကလိုက္ရွာေနတာ။"

"ဘာလိုခ်င္လို႔လဲ။"

"ေရႊ ... အ ... ျမဳ ... ေတ"

က်ဳံးဇီဟန္သည္ မ်က္လုံးသူငယ္အိမ္မ်ားပင္ က်ဥ္းသြားရကာ တစ္ကိုယ္လုံး တုန္ယင္လို႔လာသည္။

သူတို႔က အျမဳေတလိုက္ခိုးေနတဲ့ ေမွာ္နက္က်င့္ႀကံသူေတြနဲ႔ တကယ္ႀကီး ထိတ္တိုက္ေတြ႕သြားတာလား။
ဒါက လြန္ခဲ့တဲ့ႏွစ္ရက္က သူတို႔ေတြစုံစမ္းစစ္ေဆးခဲ့တဲ့ က်င့္ႀကံသူရဲ့ ေသဆုံးမွုနဲ႔ေရာ ဆက္စပ္ေနနိုင္လား။

"မင္းတို႔ေတြက ငါ့ရဲ့ေရႊအျမဳေတကို လိုခ်င္တာလား။
အျမဳေတယူၿပီးသြားရင္ မင္းတို႔ေတြကို အမတလမ္းစဥ္ေလာကတစ္ခုလုံးက လိုက္ဖမ္းၾကလိမ့္မယ္။"

"ဟီး ဟီး
အရွင့္သား နားမလည္မွာ စိုးမိပါတယ္။
ကၽြန္ေတာ္မ်ိဳး လိုခ်င္တာက ႏွစ္ေယာက္လုံးဆီက အျမဳေတကိုပါ။"

က်ဳံးဇီဟန္မွာ အဆုံးစြန္ထိ ေဒါသထြက္လာရေတာ့၏။

"ငါ့ညီေတာ္ေလးက ခုမွ အျမဳေတရခါစပဲ ရွိေသးတယ္။
(၉) ႏွစ္အရြယ္ ကေလးတစ္ေယာက္ရဲ့အျမဳေတက ဘယ္ေနရာမွာ သုံးလို႔ရမွာတဲ့လဲ !!!"

"အရွင့္သားေလးရဲ့အျမဳေတက သိဒၶိစြမ္းအင္နည္းပါးေနေသးတယ္ဆိုေပမယ့္ သူ႔မွာ သိဒၶိရင္းျမစ္ေကာင္းရွိတယ္ေလ။ ဒီလို ေမြးရာပါ အရည္အေသြးေကာင္းတဲ့ သိဒၶိရင္းျမစ္ဆိုတာက ဆယ္စုႏွစ္ေတြ အမ်ားႀကီး က်င့္ႀကံလာတာမ်ိဳးထက္ေတာင္ ေတြ႕ဖို႔ရွားပါးေသးတယ္။ ဒါ့အျပင္ သူႀကီးလာတဲ့အခါက်ရင္ သူ႔ဆီကေန အျမဳေတယူနိုင္ဖို႔ဆိုတာ အေတာ္အားစိုက္ရေတာ့မွာ။"

ထိုစကားမ်ားကို ၾကားလိုက္ရၿပီးေနာက္ က်ဳံးဇီဟန္သည္ အမွတ္တမဲ့ပင္ က်ဳံးဇီေရွာင္းေလးကို သူ၏ကိုယ္ျဖင့္ ကြယ္ေပးထားလိုက္မိ၏။ ထိုဝတ္႐ုံနက္ႏွင့္လူမ်ားက က်ဳံးဇီေရွာင္းအား မျမင္ေတြ႕နိုင္ေလာက္ေအာင္ထိ သူက ကားဆီးေပးထားနိုင္ေစရန္ ဆုေတာင္းေနမိေတာ့သည္။

"လူ႔တိရစၧာန္ေတြ !!!"

က်ဳံးဇီေရွာင္းက ေဒါသထြက္စြာ ေအာ္ေျပာလာသည္။

"မင္းတို႔ တိရစၧာန္ေကာင္ေတြ။
ငါၾကမ္းၾကဳတ္တဲ့ တေစၧျဖစ္သြားခဲ့ရင္ေတာင္မွ မင္းတို႔ကို ဘယ္ေတာ့မွ ခြင့္မလႊတ္ဘူး !!!"

ဝတ္႐ုံနက္ႏွင့္လူမ်ားက က်ယ္က်ယ္ေလာင္ေလာင္ ရယ္ေမာလိုက္ၾကရင္း သူတို႔ထံသို႔ ခုန္ဝင္လာေတာ့သည္။

က်ဳံးဇီဟန္၏ ညာေျခေထာက္မွာ ဒဏ္ရာရထားၿပီးသားျဖစ္ၿပီး က်ဳံးဇီေရွာင္းကိုလည္း ကာကြယ္ေပးေနရ၏။ အမ်ားႏွင့္တစ္ေယာက္ျဖစ္ေနေသးရာ သူသည္ ေနာက္သို႔သာ တစ္လွမ္းၿပီး တစ္လွမ္း ဆုတ္ေနခဲ့ရသည္။ ထိုလူမ်ားက သူအသက္ရွင္ေနစဥ္တြင္ အျမဳေတႏွိုက္ထုတ္ခ်င္ေန၍သာမဟုတ္လၽွင္ က်ဳံးဇီဟန္သည္ ဤမၽွၾကာေအာင္ ခံတိုက္ေနနိုင္ေတာ့မည္ မဟုတ္ေပ။

မၾကာမီ က်ဳံးဇီဟန္၏ တစ္ကိုယ္လုံးတြင္ ဒဏ္ရာမ်ားစြာ ရေနခဲ့ေလၿပီ။ သူ၏ ျဖဴလႊလႊဝတ္႐ုံေလးမွာလည္း ေသြးတို႔ျဖင့္ ရႊဲနစ္ေနလၽွက္သား။ က်ဳံးဇီေရွာင္းမွာ ေရွ႕သို႔ တိုးထြက္နိုင္ရန္ အႀကိမ္မ်ားစြာ ႀကိဳးစားေနေသာ္လည္း က်ဳံးဇီဟန္က သူ၏ေနာက္မွာသာ ေနေစခဲ့သည္။ က်ဳံးဇီေရွာင္း၏ ေအာ္ဟစ္ငိုေႂကြးသံမွာ သူ၏နားထဲသို႔ ရိုက္ခတ္ကာေနဆဲ။ သို႔ေသာ္ က်ဳံးဇီဟန္သည္ ေသြးထြက္လြန္ေနခဲ့ၿပီျဖစ္ရာ မ်က္ဝန္းမ်ားသည္ ေဝဝါးလာေနၿပီး ၾကားနိုင္စြမ္းမွာလည္း ျဖည္းျဖည္းခ်င္း ဆုံးရွုံးလို႔လာေခ်ၿပီ။

"ေရွာင္က်ိဳ ... မေၾကာက္နဲ႔ေနာ္ ..."

က်ဳံးဇီဟန္မွာ ထပ္ဆုတ္စရာမရွိေတာ့သည္အထိ ေနာက္သို႔ ဆုတ္လာခဲ့ၿပီးေလၿပီ။ သူသည္ ဓားကို ရင္ဘတ္ေရွ႕တြင္ ကန႔္လန႔္ျဖတ္ကာ ကိုင္ထားလိုက္ၿပီး က်ဳံးဇီေရွာင္းကိုမူ သူႏွင့္နံရံၾကားထဲတြင္ ပိတ္ညႇပ္ထားလိုက္ရင္း တုန္ရီေမာဟိုက္စြာ ေျပာလာခဲ့၏။

"ေနာင္ေတာ္ ... ရွိတယ္။"

~ ~ ~ 🌼 Leona 🌼 ~ ~ ~

Continue Reading

You'll Also Like

1.7M 69.2K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...