Unicode & Zawgyi
(Unicode)
ရွှေအိုရောင် တောက်ပနေသော ဝတ်ရုံထက် အတောင်ဖြန့်လျှက် ကောင်းကင်ထက်ပျံသန်းနေသော ဖီးနစ်ရှိနေ၏။
နက်မှောင်ရှည်လျားသည့် ဆံနွှယ်တို့က လေအလူး မှာ ခပ်မြူးမြူး ကခုန်နေသည်။
ရွှေချည်ပိုးထိုး ဖိနပ်ကို ဝတ်ဆင်ထားသည့် ခြေလှမ်းတို့က မနှေးမမြန် လုံချီနန်းတော် ထံ ဦးတည်လျှောက်လှမ်းလာ၏။
အားဇီက အလျင်ကျော်တက်ကာ ဧကရီ ရောက်ရှိကြောင်း သူ၏ အရှင်ထံ လျှောက်တင်မှု ပြု၏။
"ဝင်လာခဲ့..."
ခန်းမဆောင်အတွင်းမှ တည်ငြိမ်သည့် အသံက ထွက်ပေါ်လာသည်။
အားဇီက သူ၏ အရှင်မအတွက် ခန်းမဆောင်တံခါးကို ဖွင့်ဟပေးလိုက်၏။
အသရေ ဝင့်နေသည့် မျက်နှာလေးက အနည်းငယ်ပင့်မော့လာသည်။
မတင်မကျဖြစ်နေသည့် စိတ်တို့က တစ်စုံတစ်ရာကို အတည်ပြုနိုင်သွားသလို
ယွဲ့မင်လန် စိတ်တို့ ပကတိ ပြန်လည်တည်ငြိမ်သွား၏။
လျှောက်လှမ်းနေဆဲ ပေါ့ပါးသည့် ခြေလှမ်းလေးက တုံ့ဆိုင်းသွားကာ သူ့နောက်က ခပ်လျှိုလျှို လိုက်ပါဟန်ပြင်နေသည့် လုရှန်းအား လှည့်ကြည့်လာ၏။
"လုရှန်း...အပြင်မှာ ပဲ နေခဲ့..."
လုရှန်း နေခဲ့ဖို့ ငြင်းဆန်လိုသော်လည်း သူမသခင်မစကားကို မငြင်းဆန်ဝံ့သည်မို့ နာခံမှုရှိစွာနဲ့ နောက်ဆုတ်ကာသာ ကျန်ခဲ့ရသည်။
ကြော့ရှင်းလှသည့် ကိုယ်ဟန် တစ်ခု ၏ အရိပ် ကျရောက်လာချိန်၌ ပိုင်လီရီယန် သူ့လက်ထဲက ပေလွှာတို့ကို ဘေးနားအသာချလိုက်သည်။
"အရှင့်ကို ဂါဝရပြုပါတယ်... "
"ထပါ..."
ပိုင်လီရီယန် သူ၏ နဂါးဝတ်ရုံလက်ကို ခါယမ်းကာ ယွဲ့မင်လန် ထရလွယ်ကူစေရန် ဖေးမလိုက်၏။
"အရှင် အခေါ်ရှိတာ အကြောင်းထူးမှာကြားစရာများရှိလို့ပါလား..."
လေပြေ သွေးလို ညှင်းသွဲ့တည်ငြိမ်သည့် အသံလေး ထွက်ပေါ်လာချိန်မှာတော့
ပိုင်လီရီယန် သူ၏ဧကရီကို သေချာကြည့်မိသွား၏။
သူမလေးသည်ကား ဒီရက်ပိုင်းအတွင်း ပို၍ပို၍ ခံစားချက်မဲ့လာသလိုပင်။ သူမလေး၏ သူ့အပေါ်ထားရှိသည့် လေးစားမှုကလွှဲလျှင် မည်သည့်ခံစားချက်ကိုမျှ မတွေ့ရှိရချေ။
တခြားမိဖုရားတို့နဲ့ ခြားနားစွာ သူမလေးသည်ကား သူနဲ့ခပ်ဝေးဝေးနေချင်နေသည့် ရှားပါးလှသည့် တစ်ဦးတည်းသောသူပင် ဖြစ်ချေ၏။
သမိုင်းအဆက်ဆက် ဤကဲ့သို့ ဧကရီကို ရှာတွေ့နိုင်မည်မထင်ပေ။
ဧကရီ အရာ တင်မြောက်ပြီးကတည်းက သူအလိုရှိလို့ အခေါ်ဆင့်ခိုင်းချိန်မှ လွဲ၍ သူမလေးက သူ့ထံဦးစွာလာတွေ့သည့်အချိန်ဆို၍ မရှိသလောက်ပင်။ ရှိကိုမရှိသည်က ပို၍မှန်ချေ၏။
ရုတ်တရက် တိတ်ဆိတ်စွာ နဲ့ သူ့အား စိုက်
ကြည့်နေသော ဧကရာဇ်အရှင်ကြောင့် ယွဲ့မင်လန် နှုတ်ခမ်းပါးတို့က အနည်းငယ်လှုပ်ခတ်သွား၏။
"အရှင်..ကျွန်မ မျက်နှာမှာ တစ်စုံတစ်ရာ ပေကျံနေပါသလား..."
ယွဲ့မင်လန် အမေးစကားကြောင့် ပိုင်လီရီယန် အိုးတိုးအန်းတန်း ဖြစ်စွာ ချောင်းဟန့်လာ၏။
"မရှိပါဘူး...မရှိပါဘူး...ကိုယ်တော် အတွေးလွန်သွားလို့..."
စကားဆိုရင်း သူ့မျက်ဝန်းထောင့်ကနေ တစ်ဖက်က သူမလေး၏ မျက်နှာအမူအယာကို အကဲခတ်လိုက်၏။
သို့သော် သူ့ဘက်ကသာ အမူအယာပျက်ယွင်းကာ မျက်နှာပူလာခြင်း ဖြစ်၏။
သူမလေးကတော့ အမူအယာ မပျက်ယွင်း ပကတိအတိုင်းသာ ဆက်လက်တည်မြဲနေ၏။
တစ်ခါတစ်ရံ သူ၏ဧကရီကား နိုင့်ဟယ်တံတားမှာ နှလုံးသားကိုပါ ထားခဲ့လေသလားဟု တွေးထင်မိသည်။
မည်သည့်အတွက်ကြောင့်ဆို ချစ်ခြင်းအမူအယာ စိုးစဥ်းမျှ သူ့အပေါ်ထားရှိခြင်းမရှိသလို သူပြုမူလိုက်သည့် အပြုအမူအတွက်လည်း ခံစားချက်အမူအယာပြောင်းလဲခြင်းမရှိသောကြောင့်ပင်။
"အရှင်... အခေါ်ရှိရတဲ့ ကိစ္စက... "
ယွဲ့မင်လန်ထပ်မံမေးမြန်းမှု ပြု၏။
"ကိုယ်တော်...ဧကရီထံ တောင်းဆိုစရာ
တစ်ခုရှိလို့ပါ..."
ယွဲ့မင်လန် မျက်ဝန်းတို့က ပြန်လည်ပင့်မော့လာ၏။
"ယွင်နိုင်ငံကနေ မဟာမိတ်ပြုဖို့ သံတမန် လာရောက်လိမ့်မယ်...ဒီကိစ္စက အရမ်းအရေးကြီးတာမို့ သံတမန်ကို ကြိုဆိုဖို့ တာဝန် ဧကရီထံ ပေးအပ်ချင်တယ်...လုပ်ဆောင်ပေးနိုင်မလား..."
ပေကောင်းလူကြီးမင်း ရှိပါရဲ့နဲ့ ဒီအရေးကြီး တာဝန်ကို သူမထံ ပေးအပ်တယ်။ ထူးဆန်းပါဘိ။
"ဒီကိစ္စက အရမ်းအရေးကြီးတယ်လို့
အရှင်မိန့်ကြားခဲ့တယ်... ကျွန်မဖခင်က တိုင်းပြည်စစ်သူကြီး...ကျွန်မက ဧကရီ.. ညီလာခံအမတ်မင်းတိုင်းရဲ့ ပါးစပ်ဖျားမှာ
အရှင့်နေရာခြိမ်းခြောက်ခံရနိုင်မှုကို ဦးတည်နေတယ်..ဒါတောင် အရှင် ကျွန်မကို ဒီကိစ္စ အပ်နှင်းဖို့ ယုံကြည်ပါရဲ့လား..."
ယုံကြည်မှုအပြည့် ကြောက်ရွံ့မှု အလျှင်းကင်းစွာနဲ့ သူ့ထံက အတည်ပြုစကားတောင်းခံနေသော သူမလေးထံ ပိုင်လီရီယန် နူးညံ့ စွာ ပြုံးပြလိုက်၏။
"ကိုယ်တော် ဧကရီဆီ ဒီကိစ္စ အပ်နှင်းတယ်ဆိုကတည်းက ကိုယ်တော် အပြည့်အဝယုံကြည်လို့ပါ..."
သူမလေးသည်ကား မျက်နှာအမူအယာရင့်ကျက်ကာ ထက်မြက်၏။
ယောကျာ်း တစ်ယောက်သာ ဖြစ်လျှင် ကျော်ကြားသည့် စစ်သူကြီးဖြစ်လာနိုင်သည်။ သူ၏ညီအစ်ကိုကောင်းလည်းဖြစ်လာနိုင်၏။
နှမြောစရာကောင်းစွာ အမျိုးသမီးတစ်ဦးဖြစ်နေသည်။ ပိုနှမြောစရာကောင်းသည်က သူနဲ့ဝေးဝေးနေလိုသည့် အမျိုးသမီး ဖြစ်နေခြင်းပင်။
နှမြောတသ ဖြစ်နေသည့် ပိုင်လီရီယန် မျက်ဝန်းတို့ကြောင့် ယွဲ့မင်လန် မျက်ခုံး တစ်ချက် ပင့်တက်သွားသော်လည်း တခဏအတွင်းပြေပျောက်သွား၏။
ထို့နောက် ခြေတစ်လှမ်းနောက်ဆုတ်ကာ အလျှင် အရိုအသေ ပြုလိုက်၏။
"အရှင့်အမိန့်ကို ကျွန်မ ထမ်းဆောင်ပါမယ်..."
........................................................................
(Zawgyi)
ေ႐ႊအိုေရာင္ ေတာက္ပေနေသာ ဝတ္႐ုံထက္ အေတာင္ျဖန့္လွ်က္ ေကာင္းကင္ထက္ပ်ံသန္းေနေသာ ဖီးနစ္ရွိေန၏။
နက္ေမွာင္ရွည္လ်ားသည့္ ဆံႏႊယ္တို႔က ေလအလူး မွာ ခပ္ျမဴးျမဴး ကခုန္ေနသည္။
ေ႐ႊခ်ည္ပိုးထိုး ဖိနပ္ကို ဝတ္ဆင္ထားသည့္ ေျခလွမ္းတို႔က မႏွေးမျမန္ လုံခ်ီနန္းေတာ္ ထံ ဦးတည္ေလွ်ာက္လွမ္းလာ၏။
အားဇီက အလ်င္ေက်ာ္တက္ကာ ဧကရီ ေရာက္ရွိေၾကာင္း သူ၏ အရွင္ထံ ေလွ်ာက္တင္မႈ ျပဳ၏။
"ဝင္လာခဲ့..."
ခန္းမေဆာင္အတြင္းမွ တည္ၿငိမ္သည့္ အသံက ထြက္ေပၚလာသည္။
အားဇီက သူ၏ အရွင္မအတြက္ ခန္းမေဆာင္တံခါးကို ဖြင့္ဟေပးလိုက္၏။
အသေရ ဝင့္ေနသည့္ မ်က္ႏွာေလးက အနည္းငယ္ပင့္ေမာ့လာသည္။
မတင္မက်ျဖစ္ေနသည့္ စိတ္တို႔က တစ္စုံတစ္ရာကို အတည္ျပဳနိုင္သြားသလို
ယြဲ႕မင္လန္ စိတ္တို႔ ပကတိ ျပန္လည္တည္ၿငိမ္သြား၏။
ေလွ်ာက္လွမ္းေနဆဲ ေပါ့ပါးသည့္ ေျခလွမ္းေလးက တုံ႕ဆိုင္းသြားကာ သူ႕ေနာက္က ခပ္လွ်ိုလွ်ို လိုက္ပါဟန္ျပင္ေနသည့္ လုရွန္းအား လွည့္ၾကည့္လာ၏။
"လုရွန္း...အျပင္မွာ ပဲ ေနခဲ့..."
လုရွန္း ေနခဲ့ဖို႔ ျငင္းဆန္လိုေသာ္လည္း သူမသခင္မစကားကို မျငင္းဆန္ဝံ့သည္မို႔ နာခံမႈရွိစြာနဲ႕ ေနာက္ဆုတ္ကာသာ က်န္ခဲ့ရသည္။
ေၾကာ့ရွင္းလွသည့္ ကိုယ္ဟန္ တစ္ခု ၏ အရိပ္ က်ေရာက္လာခ်ိန္၌ ပိုင္လီရီယန္ သူ႕လက္ထဲက ေပလႊာတို႔ကို ေဘးနားအသာခ်လိဳက္သည္။
"အရွင့္ကို ဂါဝရျပဳပါတယ္... "
"ထပါ..."
ပိုင္လီရီယန္ သူ၏ နဂါးဝတ္႐ုံလက္ကို ခါယမ္းကာ ယြဲ႕မင္လန္ ထရလြယ္ကူေစရန္ ေဖးမလိုက္၏။
"အရွင္ အေခၚရွိတာ အေၾကာင္းထူးမွာၾကားစရာမ်ားရွိလို႔ပါလား..."
ေလေျပ ေသြးလို ညွင္းသြဲ႕တည္ၿငိမ္သည့္ အသံေလး ထြက္ေပၚလာခ်ိန္မွာေတာ့
ပိုင္လီရီယန္ သူ၏ဧကရီကို ေသခ်ာၾကည့္မိသြား၏။
သူမေလးသည္ကား ဒီရက္ပိုင္းအတြင္း ပို၍ပို၍ ခံစားခ်က္မဲ့လာသလိုပင္။ သူမေလး၏ သူ႕အေပၚထားရွိသည့္ ေလးစားမႈကလႊဲလွ်င္ မည္သည့္ခံစားခ်က္ကိုမွ် မေတြ႕ရွိရေခ်။
တျခားမိဖုရားတို႔နဲ႕ ျခားနားစြာ သူမေလးသည္ကား သူနဲ႕ခပ္ေဝးေဝးေနခ်င္ေနသည့္ ရွားပါးလွသည့္ တစ္ဦးတည္းေသာသူပင္ ျဖစ္ေခ်၏။
သမိုင္းအဆက္ဆက္ ဤကဲ့သို႔ ဧကရီကို ရွာေတြ႕နိုင္မည္မထင္ေပ။
ဧကရီ အရာ တင္ေျမာက္ၿပီးကတည္းက သူအလိုရွိလို႔ အေခၚဆင့္ခိုင္းခ်ိန္မွ လြဲ၍ သူမေလးက သူ႕ထံဦးစြာလာေတြ႕သည့္အခ်ိန္ဆို၍ မရွိသေလာက္ပင္။ ရွိကိုမရွိသည္က ပို၍မွန္ေခ်၏။
႐ုတ္တရက္ တိတ္ဆိတ္စြာ နဲ႕ သူ႕အား စိုက္
ၾကည့္ေနေသာ ဧကရာဇ္အရွင္ေၾကာင့္ ယြဲ႕မင္လန္ ႏႈတ္ခမ္းပါးတို႔က အနည္းငယ္လႈပ္ခတ္သြား၏။
"အရွင္..ကြၽန္မ မ်က္ႏွာမွာ တစ္စုံတစ္ရာ ေပက်ံေနပါသလား..."
ယြဲ႕မင္လန္ အေမးစကားေၾကာင့္ ပိုင္လီရီယန္ အိုးတိုးအန္းတန္း ျဖစ္စြာ ေခ်ာင္းဟန့္လာ၏။
"မရွိပါဘူး...မရွိပါဘူး...ကိုယ္ေတာ္ အေတြးလြန္သြားလို႔..."
စကားဆိုရင္း သူ႕မ်က္ဝန္းေထာင့္ကေန တစ္ဖက္က သူမေလး၏ မ်က္ႏွာအမူအယာကို အကဲခတ္လိုက္၏။
သို႔ေသာ္ သူ႕ဘက္ကသာ အမူအယာပ်က္ယြင္းကာ မ်က္ႏွာပူလာျခင္း ျဖစ္၏။
သူမေလးကေတာ့ အမူအယာ မပ်က္ယြင္း ပကတိအတိုင္းသာ ဆက္လက္တည္ၿမဲေန၏။
တစ္ခါတစ္ရံ သူ၏ဧကရီကား နိုင့္ဟယ္တံတားမွာ ႏွလုံးသားကိုပါ ထားခဲ့ေလသလားဟု ေတြးထင္မိသည္။
မည္သည့္အတြက္ေၾကာင့္ဆို ခ်စ္ျခင္းအမူအယာ စိုးစဥ္းမွ် သူ႕အေပၚထားရွိျခင္းမရွိသလို သူျပဳမူလိုက္သည့္ အျပဳအမူအတြက္လည္း ခံစားခ်က္အမူအယာေျပာင္းလဲျခင္းမရွိေသာေၾကာင့္ပင္။
"အရွင္... အေခၚရွိရတဲ့ ကိစၥက... "
ယြဲ႕မင္လန္ထပ္မံေမးျမန္းမႈ ျပဳ၏။
"ကိုယ္ေတာ္...ဧကရီထံ ေတာင္းဆိုစရာ
တစ္ခုရွိလို႔ပါ..."
ယြဲ႕မင္လန္ မ်က္ဝန္းတို႔က ျပန္လည္ပင့္ေမာ့လာ၏။
"ယြင္နိုင္ငံကေန မဟာမိတ္ျပဳဖို႔ သံတမန္ လာေရာက္လိမ့္မယ္...ဒီကိစၥက အရမ္းအေရးႀကီးတာမို႔ သံတမန္ကို ႀကိဳဆိုဖို႔ တာဝန္ ဧကရီထံ ေပးအပ္ခ်င္တယ္...လုပ္ေဆာင္ေပးနိုင္မလား..."
ေပေကာင္းလူႀကီးမင္း ရွိပါရဲ႕နဲ႕ ဒီအေရးႀကီး တာဝန္ကို သူမထံ ေပးအပ္တယ္။ ထူးဆန္းပါဘိ။
"ဒီကိစၥက အရမ္းအေရးႀကီးတယ္လို႔
အရွင္မိန့္ၾကားခဲ့တယ္... ကြၽန္မဖခင္က တိုင္းျပည္စစ္သူႀကီး...ကြၽန္မက ဧကရီ.. ညီလာခံအမတ္မင္းတိုင္းရဲ႕ ပါးစပ္ဖ်ားမွာ
အရွင့္ေနရာၿခိမ္းေျခာက္ခံရနိုင္မႈကို ဦးတည္ေနတယ္..ဒါေတာင္ အရွင္ ကြၽန္မကို ဒီကိစၥ အပ္ႏွင္းဖို႔ ယုံၾကည္ပါရဲ႕လား..."
ယုံၾကည္မႈအျပည့္ ေၾကာက္႐ြံ႕မႈ အလွ်င္းကင္းစြာနဲ႕ သူ႕ထံက အတည္ျပဳစကားေတာင္းခံေနေသာ သူမေလးထံ ပိုင္လီရီယန္ ႏူးညံ့ စြာ ၿပဳံးျပလိုက္၏။
"ကိုယ္ေတာ္ ဧကရီဆီ ဒီကိစၥ အပ္ႏွင္းတယ္ဆိုကတည္းက ကိုယ္ေတာ္ အျပည့္အဝယုံၾကည္လို႔ပါ..."
သူမေလးသည္ကား မ်က္ႏွာအမူအယာရင့္က်က္ကာ ထက္ျမက္၏။
ေယာက်ာ္း တစ္ေယာက္သာ ျဖစ္လွ်င္ ေက်ာ္ၾကားသည့္ စစ္သူႀကီးျဖစ္လာနိုင္သည္။ သူ၏ညီအစ္ကိုေကာင္းလည္းျဖစ္လာနိုင္၏။
ႏွေျမာစရာေကာင္းစြာ အမ်ိဳးသမီးတစ္ဦးျဖစ္ေနသည္။ ပိုႏွေျမာစရာေကာင္းသည္က သူနဲ႕ေဝးေဝးေနလိုသည့္ အမ်ိဳးသမီး ျဖစ္ေနျခင္းပင္။
ႏွေျမာတသ ျဖစ္ေနသည့္ ပိုင္လီရီယန္ မ်က္ဝန္းတို႔ေၾကာင့္ ယြဲ႕မင္လန္ မ်က္ခုံး တစ္ခ်က္ ပင့္တက္သြားေသာ္လည္း တခဏအတြင္းေျပေပ်ာက္သြား၏။
ထို႔ေနာက္ ေျခတစ္လွမ္းေနာက္ဆုတ္ကာ အလွ်င္ အရိုအေသ ျပဳလိုက္၏။
"အရွင့္အမိန့္ကို ကြၽန္မ ထမ္းေဆာင္ပါမယ္..."
........................................................................