"ဝလုံး.."
"ပူတူး ဒီနားလာ...
ကိုကိုသင်ပေးမယ်..."
"ဟုတ်..."
ခမ်းခေါ်လိုက်တော့ ပူတူးကအနားမှာလာထိုင်သည်။
"ကိုကို သားရဲကျောင်းတက်ရှင်ရယ်..."
"တက်ရမှာပေါ့ ပူတူးရဲ့...
ပူတူးကအခုမှာ ၃နှစ်ကျော်ကျော်ပဲရှိသေးတာလေ...
၄နှစ်ပြည့်တာနဲ့မူကြိုထားပေးမယ်နော်..."
"ဟီး ဟုတ်...
သားကစာရေးရှင်ရာ..."
ပြုံးပြနေတဲ့ပူတူးရဲ့ပါးလေးကိုဆွဲဖဲ့လိုက်ပြီး ဝလုံးလေးရေးပြလိုက်သည်။
"ဝလုံး..."
"ညီညီလေးရေးနော်..."
"ဟုတ်..."
"ကိုကိုဟင်းအိုးသွားကြည့်ဦးမယ်...
ပူတူးစာရေးနေနော်..."
"ဟုတ်..."
ပူတူးကိုထားခဲ့ပြီး ခမ်းဟင်းအိုးကြည့်ရန် မီးဖိုဆောင်ထဲဝင်လာခဲ့သည်။
"အဟင့် အူးဝါး..."
"ဟင် ညီမရေး ညီမရေးနိုးပီ..."
စာရေးနေရာကနေခဲတံကိုချက်ချင်းပြစ်ချပြီး အိမ်ထဲကနေချက်ချင်းပြေးထွက်သွားသည့်ပူတူး...
"ပူတူးချော်လဲမယ်ဖြေးဖြေးသွား.."
"ညီမရေး ညီမရေး..."
ခမ်းမီးဖိုဆောင်ထဲကနေအော်ပြောနေတာကိုပူတူးမှာအရေးမစိုက်အား ညိုပြာတို့အိမ်ပေါ်ကိုအမြန်ကုတ်တက်နေသည်။ ပူတူးလာမှန်းသိတော့ မျိုးမြင့်မြတ်ကလည်းဆင်းချီရှာပါသည်။
လွန်ခဲ့သော၃လကပဲ ညိုပြာကသမီးဦးလေးကိုမွေးဖွားလေသည်။ သမီးလေးဆိုတော့မျိုးမြင့်မြတ်ကတုန်နေအောင်ချစ်သည်။ ညိုမောင်ကလည်းတူမလေးမွေးကတည်းကအိမ်ကပ်သည်ကများသည်။ သူ့တူမကိုစိတ်မချလို့အပြင်သွားရင်တောင် ဖုန်းဆက်ပြီးလှမ်းမေးရတာအမောပင်။ ပူတူးကလည်း ညီမလေး ညီမလေးဆိုပြီးချစ်ရှာသည်။ မျိုးမြင့်မြတ်နဲ့ညိုပြာတို့ရဲ့သမီးလေးကအားလုံးရဲ့အချစ်ခံလေးပါ...
"ခမ်း..."
"ဖွား! ဟာ ဦးထွဋ်...
အသံမပေးဘာမှမပေးနဲ့..."
"လန့်သွားတာလား...
လိပ်ပြာလေးရေပြန်ဝင်လာခဲ့ ကလူ ကလူ..."
"ဦးထွဋ် လိုက်မစနေနဲ့..."
"ဟက်! ချစ်လို့စတာပါ...
ခမ်းအခုဘာလုပ်နေတာလဲ?..."
"သီးစုံဟင်းချက်နေတာ...
ဦးထွဋ်ရေချိုးတော့လေ...
ပြီးရင် ပူတူးအကြောင်းပြောပြရဦးမယ်သိလား..."
"ဟုတ်လား ပူတူးကဘာတွေလုပ်လို့လဲ?..."
"ရေအရင်ချိုးလိုက် ပြီးရင်ပြောပြမယ်..."
ထွဋ်ဦးထင်ကိုယ်ကိုမီးဖိုဆောင်ထဲကအတင်းတွန်းပြီး ရေချိုခိုင်းသည်။ ထွဋ်ဦးထင်လည်း ခမ်းအလိုကျ ရေအရင်ချိုးလိုက်သည်။ ထွဋ်ဦးထင်ရေချိုးပြီး ရေလဲပုဆိုးလဲအိမ်ထဲဝင်တော့ ခမ်းကသဘက်တစ်ထည်ကိုင်ပြီး ထွဋ်ဦးထင်ကိုကမ်းပေးလိုက်သည်။
"ပူတူးကအရင်လိုမဟုတ်ဘူး အရမ်းအားကိုးရတယ်သိလား..."
ဗီရိုထဲကထွဋ်ဦးထင်လဲရန်အဝတ်အစားတွေကိုရှာနေရင်း ပူတူးအကြောင်းစကားဆိုလာသည်။
"ကျွန်တော်အသီးတွေလှီးနေတော့လေ သူလည်းဝိုင်းလုပ်ပေးမယ်ဆိုပြီးဓားတွေကောက်ကိုင်နေလို့ မနည်းတားထားရတယ်..."
"ဟုတ်လား..."
"ဒါတောင် ပဲဆံကိုသူပဲတောင်းပေးထားတာ ဟက်! ဦးထွဋ်သားရဲ့အစေ့မကွဲတဲ့ပဲတွေကိုဦးထွဋ်ပဲမြန်မြန်စားရမယ်..."
"ပူတူးကပဲဆံပါထောင်းပေတယ်ပေါ့...
အားကိုးရသားပဲ..."
"အင်း အားကိုးရတယ်...
အခုတော့ ဟိုဘက်အိမ်ကညီမလေးဆီသွားလည်နေတယ်လေ...
သြော် ကျန်သေးတယ်....."
ခမ်း ပူတူးရောက်ပြီးနောက်ပိုင်းစကားအရမ်းသွက်လာသည်။ အရင်ကစကားများများစားစားမပြောတဲ့ခမ်းက အခုဆိုပူတူးနဲ့ပတ်သတ်ပြီး အရာရာကို ထွဋ်ဦးထင်ကိုပြန်ပြန်ပြောတတ်သည်လေ။
အခုလည်း ပူတူး ဘယ်လိုလည်တယ်ဆိုတာပြောပြဖို့အတွက် ထွဋ်ဦးထင်ကိုအင်္ကျီနဲ့ပုဆိုးကမ်းပေးပြီး စာအုပ်တစ်အုပ်ကိုသွားယူနေသည်။
"ဒီမှာတွေ့လား ဦးထွဋ်သားရေးထားတာ..
ဝလုံးလေးတွေဆိုဝလာပြီ...
၁ကနေ၁၀ထိလည်းရတယ်သိလား လာရင်ဦးထွဋ်ဆိုခိုင်းကြည့်...
ီဦးထွဋ်သားကသင်ရလွယ်တယ်..."
ဦးထွဋ်သား ဦးထွဋ်သားနဲ့ဆိုတော့ ထွဋ်ဦးထင်အပြုံးကြီးပြုံးနေသည်။
"တော်သေးတာပေါ့ ကိုယ်ခမ်းအိမ်မှာတယောက်တည်းပျင်းနေမှာစိုးတာ...
ပူတူးရှိတော့အဖော်ရတာပေါ့..."
"ဦးထွဋ်သားကကျောင်းတက်ချင်နေပြီတဲ့ စာရေးချင်လို့တဲ့..."
"ဟုတ်လား..."
"ဟုတ်တယ် သူနဲ့ကစားတဲ့အခြားကလေးတွေကအသက်ပြည့်တော့မူကြိုတက်နေကြပြီလေ..
သူကတယောက်ကျန်တာ ပျင်းနေတာပေါ့.."
"ပူတူးပျင်းရင် ခမ်းကအတူကစားပေးလိုက်တော့.."
"ဟာ မဟုတ်တာ ကျွန်တော်ကကလေးမှမဟုတ်တာ ပူတူးနဲ့ဘယ်လိုလုပ်ကစားလို့ရမှာလဲ?.."
ချက်ချင်းနှုတ်ခမ်းလေးစူပြီးပြောနေတဲ့ကောင်လေးအား ထွဋ်ဦးထင်မနေနိုင်တော့ဘဲ ပါးဖောင်းဖောင်းလေးကိုနမ်းလိုက်သည်။
"ကိုယ့်ကိုဘယ်တော့မှအခန်းထဲမှာပေးအိပ်မှာလဲ?.."
ထွဋ်ဦးထင်မေးလိုက်တော့ ခမ်းကမျက်လုံးဝိုင်းလေးနဲ့မော့ကြည့်သည်။
"ကိုယ်နဲ့ခမ်းအိမ်ထောင်သည်တွေဖြစ်နေပြီပဲ...
ဒီလိုကိစ္စကရှိမှာပေါ့..."
လွန်ခဲ့သော၅ရက်ခန့်က ထွဋ်ဦးထင်တယောက် သူငယ်ချင်းတွေဆုံပြီး သူငယ်ချင်းတွေကအတင်းတိုက်ကြတာကြောင့် ထွဋ်ဦးထင်သောက်လိုက်ရသည်။ မူးမူးရူးရူးနဲ့ပြန်လာပြီး ခမ်းအပေါ် အချစ်စိတ်တွေထကြွကာ ကျူးလွန်ခဲ့မိသည်။ မနက်ဘက်အမူးပြေသည့်အခါမှာတော့ ခမ်းကစိတ်ဆိုးသွားလေပြီ။ ထွဋ်ဦးထင်ချော့ပေမယ့်လည်း ခမ်းကစိတ်မပြေဘဲ အပြင်မှာထွက်အိပ်ခိုင်းသည်။ အခုဆိုထွဋ်ဦးထင်အပြင်ထွက်အိပ်ရတာ ၃ညရှိပြီဖြစ်သည်။
"အပြင်ခြင်အရမ်းကိုက်တယ်ဆိုခမ်းသိလား...
စောင်ပါလည်းလေတိုက်တော့ချမ်းတယ်...
အေးတာကကိစ္စမရှိဘူး ဖက်စရာခမ်းမှမရှိတာ ကိုယ်ဘယ်လိုလုပ်အိပ်ပျော်မှာလဲ?..."
ထွဋ်ဦးထင်ပြောလိုက်တော့ ခမ်းကတွေတွေလေးဖြစ်သွားသည်။ စိတ်ပြေသွာြးွားပြီထင်ပါရဲ့...
"နောက်တခါကျရင်အရက်မူးပြီးပြန်မလာဘူးလို့ကတိပေး..."
"အင်းအင်းကတိပေးတယ်...
ပြီးတော့ နောက်တခါ ခမ်းမကြည်ဖြူဘဲကိုယ်အတင်းမယူတော့ဘူးနော်..."
"အင်း ဒီညကအထဲမှာဝင်အိပ်..."
"ဒီအသံလေးကိုပဲကြားချင်နေတာ..."
ထွဋ်ဦးထင် ခမ်းကိုယ်လေးကိုဖက်လိုက်ပြီး ဝမ်းသာအားရပြောလိုက်သည်။
တဆက်တည်းမှာပဲ ဘယ်သူတိုက်တိုက်အမျာျးြားကြီးမသောက်တော့ဘူးလို့ဆုံးဖြတ်လိုက်သည်။
အရင်ကအရက်မူးပြီးပြန်ရင်ဘာမှမဖြစ်ပေမယ့် အခုတော့သူ့ဘဝကအရင်လိုမှမဟုတ်တော့ဘဲ အိမ်မှာကစောင့်နေတဲ့သူ့ခမ်းငယ်လေးကရှိနေပြီလေ...
________________________________________
"ခမ်း အဲ့တာဘာထိုင်လုပ်နေတာလဲ?...
ဟိုဘက်အိမ်ကကလေးကိုချီမယ်ဆိုပြီးသွားတာမဟုတ်ဘူးလား..."
အိမ်ရှေ့ကကွပ်ပျစ်မှာထိုင်ပြီးမှိုင်နေတဲ့ခမ်းကိုကြည့်ပြီးထွဋ်ဦးထင်မေးလိုက်သည်။ ခုနတုန်းကတော့ ဟိုဘက်အိမ်ကကလေးလေးကိုသွားချီမယ်ဆိုပြီးထွက်သွားတာ အခုတော့ မှိုင်နေသည်။ ဘာဖြစ်တာလဲမသိ။
"ခမ်း ကိုယ့်ကိုပြောစမ်းမင်းကိုဘယ်သူဘာလုပ်လို့လဲ?..."
"မလုပ်ပါဘူး..."
"မလုပ်ရင် ခမ်းမျက်နှာကဘာလို့မှိုင်နေတာလဲ?..."
"မမှိုင်ပါဘူး..."
ထွဋ်ဦးထင်စိတ်မရှည်တော့ဘဲ ခမ်းအနားမှာဝင်ထိုင်ပြီး အကြောင်းစုံသိရအောင်မေးဖို့ပြင်သည်။
"အဲ့တာဆို ခမ်းဘာလို့ထိုင်နေတာလဲ?...
ဘာလဲ? ညိုပြာ ခမ်းကိုကလေးပေးမချီလို့လား..."
"မဟုတ်ပါဘူး ပေးချီပါတယ်..."
"ပေးချီတယ်ဆို ဘာလို့ခေါ်မလာတာလဲ?...
ခမ်းပဲကလေးသွားခေါ်မယ်ဆို..."
"ဟုတ်တယ်လေ..."
"အဲ့တာဘာလို့ကလေးမပါလာတာလဲ?..."
"အဲ့တာက..."
"အဲ့တာကဘာဖြစ်လဲ?..."
ထွဋ်ဦးထင်မေးလိုက်တော့ ခမ်းကညိုပြာတို့အိမ်လှမ်းကြည့်ပြီးတခုခုပြောဖို့ပြင်နေသည်။
"ဟို ဟို မျိုးမြင့်မြတ်ကလိုက်ကြည့်နေတယ်..."
"ဘာ! အဲ့ကောင်ကဘာလို့ခမ်းငယ်ကိုလိုက်ကြည့်တာလဲ?...
ဒီကောင်ကဘာလဲ?..-
"ကျွန်တော်ကလေးချီတာကို သူကလိုက်ကြည့်နေတာ...
ကြည့်ရတာ မချီစေချင်ဘူးလားမသိဘူး..."
"ဘာ! တောက်!....
ဒီကောင်ကခမ်းကိုအဲ့လိုအကြည့်တွေကြည့်တယ်လား...
သူ့ကလေးချစ်လို့ချီတာလေ သူကများဖြစ်ရတယ်ရှိသေးတယ်...
အဲ့ကောင်ကိုကိုယ်အခုသွားပြောမယ်..."
"ဦးထွဋ်..."
ထွက်သွားတဲ့ထွဋ်ဦးထင်နောက် ခမ်းမှာအမှီလိုက်ရသည်။ ခြံစပ်ရောက်တော့ ထွဋ်ဦးထင်က မျိုးမြင့်မြတ်ကိုလှမ်းခေါ်နေသည်။
"မျိုးမြင့်မြတ်! မျိုးမြင့်မြတ်! ဟေ့ကောင် လာခဲ့စမ်းပါဦး..."
"တိုးတိုးခေါ်စမ်းပါ ထွဋ်ဦးထင် ငါ့သမီးအိပ်နေတယ်..."
"အဖြစ်သည်းမနေနဲ့ ဟေ့ကောင်...
မင်းနဲ့ရှင်းစရာရှိလို့..."
"ဘာရှင်းမှာလဲ?..."
မျိုးမြင့်မြတ်ကခြံစပ်ကနေကျော်ပြီး ထွဋ်ဦးထင်တို့ခြံဘက်ကိုကူးလာသည်။
"မင်းက ခမ်း မင်းရဲ့သမီးကိုချီတာကို လိုက်ကြည့်နေတယ်ဆို..."
"ဟမ်..."
"ဟုတ်တယ် ဘာလဲ? မင်းတို့ကကလေးချီတာကိုမကြိုက်လို့လား...
ခမ်းကမင်းရဲ့သမီးကိုချစ်လို့ချီတာလေ...
မင်းမျက်လုံးကဘာလို့လိုက်ကြည့်နေတာလဲ?..."
"နေ နေ နေပါဦးကွာ...
ဘာတွေဖြစ်နေတာလဲ?..."
"ဦးထွဋ် တော်တော့..."
"နေ ခမ်း ကိုယ်ပြောရမယ်...
မင်းက ခမ်းကလေးချီတာကိုမျက်လုံးထောင့်ထောက်လိုက်ကြည့်တယ်ဆိုတာအမှန်ပဲလား..."
"ဟုတ်တယ်လေ..."
"ဘာကွ..."
"အခြားမထင်ပါနဲ့ကွာ...
ငါ့မှာဘာစိတ်မှမရှိပါဘူး...
ခမ်းကသမီးကိုပွေ့ချီပြီးမြှူနေတော့ အားကျလို့လိုက်ကြည့်တာပါ...
အိမ်မှာက ညိုမောင်ရှိတဲ့အချိန်ဆို သူကသူပဲချီချင်နေတာ ငါချီရင်အပြစ်တွေလိုက်ပြောနေရော...
အဲ့တာကြောင့် ခမ်းချီတဲ့အချိန်ကျရင်လိုက်ကြည့်နေတာ...
ခမ်းကိုကျညိုမောင်ကအလွယ်တကူလက်ထဲထည့်ပေးတယ်လေ အဲ့တာကြောင့်..."
"သြော်..."
မျိုးမြင့်မြတ်ရှင်းပြလိုက်တော့ ထွဋ်ဦးထင်ထွက်နေတဲ့ဒေါသတွေဘယ်ရောက်သွားမှန်းတောင်မသိတော့။ မျိုးမြင့်မြတ်ကိုတောင် သနားမိသွားသည်။ ခမ်းကိုလှည့်ကြည့်တော့လည ခမ်းကသနားသလို မျိုးမြင့်မြတ်ကိုကြည့်နေသည်။
"သူလည်းတူမကိုချစ်လို့ပါကွာ...
အပြစ်မမြင်ပါနဲ့..."
"ငါသိပါတယ်ကွာ...
အဲ့တာကြောင့် ငါလည်းသည်းခံနေတာပေါ့..."
သနားစရာကောင်းတဲ့မျိုးမြင့်မြတ်ကိုသည်းခံရန်ပြောပြီး ခမ်းပခုံးကိုဖက်ကာ ထွဋ်ဦးထင်တို့နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။ သွားတုန်းကတော့ ရန်တွေ့မယ်ဆိုပြီးသွားခဲ့တာ အခုတော့ မျိုးမြင့်မြတ်ကိုကြည့်ပြီး ဒေါသတွေတောင်ဘယ်ရောက်သွားလဲမသိပေ။
"ထွဋ်ဦးထင်က ဒေါသထွက်မယ်ဆိုတာချည်းပဲ..."
"ခမ်းကလည်း ကိုယ်မှအလုံးစုံမသိတာ..."
"နောက်တခါ ဒေါသကိုရှေ့တန်းမတင်ပါနဲ့...
ကျွန်တော်အထပ်ထပ်ပြောလည်း ဦးထွဋ်ကနားမထောင်ဘူး..."
"နောက်တခါ အဲ့လိုမလုပ်တော့ဘူးနော်...
ကိုယ်ကခမ်းငယ်ကိုချစ်တော့ ခမ်းငယ်တခုခုဖြစ်ရင် ကိုယ်ကိုယ်တိုင်ကပိုပြီးခံစားရလို့ပါ..."
"ဟုတ်ပါပြီ...
ဆံပင်ဖြူရှာပေးမယ် အထဲဝင်..."
"အင်းအင်း နေ့လယ်ဘက်တရေးတမောအိပ်ရဦးမယ်..."
ပခုံးကိုဖက်ထားတဲ့ထွဋ်ဦးထင်လက်ကိုကိုင်ပြီး အိမ်ထဲဝင်ဖို့ပြင်လိုက်သည်။
"အီး အဟင့် ဖေဖေ အီး ကိုကို ဟင့်..."
"ဟင် ပူတူး..."
ပူတူးရဲ့ငိုသံကိုကြားတာကြောင့် ထွဋ်ဦးထင်နဲ့ခမအနောက်ကိုလှည့်ကြည့်လိုက်တော့ မျက်ရည်ကိုလက်နဲ့သုတ်ပြီး တကိုယ်လုံးဖုန်တွေနဲ့ညစ်ပတ်နေတဲ့ပူတူး...
"ပူတူးဘာဖြစ်တာလဲ?..."
မြန်မြန်ဆန်ဆန်ပဲ ဦးထွဋ်တယောက် ပူတူးအနားကိုရောက်သွားလေသည်။
"အီး ဖေဖေ သားကိုဟိုကောင်ဂျပုဇရုံနဲ့ရိုက်ရယ် အီး..."
"ဘာ! သားကိုဘာလုပ်တယ်..."
"ဇရုံနဲ့ ခွက်ခွက်ဆိုပြီးထုရာ အီး အဟင့်..."
"ဖေ့သားကိုအဲ့လိုပဲလုပ်လား..
လာ ဖေနဲ့အဲ့ကောင်လေးအိမ်သွားမယ်..."
"ဦးထွဋ် ဒေါသကိုရှေ့တန်းမတင်နဲ့နော်...
ပူတူး သား သူငယ်ချင်းတွေပဲဟာ သည်းခံလိုက်နော်..."
"မရဘူး ခမ်း...
ကိုယ့်သားကသူများလုပ်တာကိုယ်ဒီတိုင်းရပ်ကြည့်မနေနိုင်ဘူး..."
"ဦးထွဋ်..."
"လာ သား ဖေဖေပြန်ခေါက်ပေးမယ်..."
"ခေါက်ပေး ၅ချက် ရွှတ်..."
"ခေါက်ပေးမယ် ဖေ့သားကိုဘယ်သူမှမထိစေရဘူး..."
"ဦးထွဋ် အကျယ်အကျယ်မလုပ်စမ်းပါနဲ့..."
"ကိုယ့်သားကိုထိတာ ကိုယ်လုံးဝသည့်ခံမှာမဟုတ်ဘူး..."
ခမ်းဘယ်လိုမှပြောမရ ဦးထွဋ်ကပူတူးကိုချီပြီးထွက်သွားလေပြီ။
ခုလေးတင် ဒေါသကိုရှေ့တန်းမတင်ပါနဲ့လို့ပြောထားတာကို ဦးထွဋ်ကတော့လေ။
ပြီးရင် အရပ်ထဲကပြောကြဦးမယ် ထွဋ်ဦးထင်အဖြစ်သည့်တယ်လို့...
ဦးထွဋ် ခမ်းနဲ့ပူတူးအပေါ်ချစ်ပေးတဲ့အချစ်က တကယ်ကိုကြီးမားလွန်းပါသည်။
ခမ်းနဲ့ပူတူးအတွက်ကလွဲပြီး ထွဋ်ဦးထင်ခေါင်းထဲမှာအခြားအကြောင်းအရာမရှိ။ တစ်ယောက်တည်းနေလာခဲ့ရတဲ့သူ့ဘဝမှာ ခမ်းနဲ့ပူတူးကသူ့ရဲ့အလင်းရောင်ပါ။
💞ဘဝလက်တွဲဖော်အဖြစ် ထွဋ်ဦးထင်ကိုပိုင်ဆိုင်ရသည်မှာ ခမ်းအတွက်ဘုရားပေးတဲ့ဆုလာဘ်လို့ပင် မှတ်ယူမိပါတော့သည်💞
________________________________________________________
ပြီးပါပြီ💞
နောက်ဆုံးအပိုင်းထိရှိနေပေးတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ဗျ💙
ထွဋ်ဦးထင်နဲ့ခမ်းတို့ဖြူစင်တဲ့ချစ်ခြင်းလေးကိုမြင်စေချင်ရုံလေးပါ...
14.11.2021
💙Chel💙