Part-8

3.7K 265 20
                                    


     ထွဋ်ဦးထင် ခြံထဲကပြန်လာတော့ ခမ်းကိုမတွေ့တာနဲ့အိမ်ထဲကိုဝင်လာလိုက်သည်။ အိမ်ထဲရောက်တော့ ခမ်းနဲ့အတူ မိန်းကလေး၂ယောက်ကိုပါတွေ့ရလေသည်။

"မောင် လေးကလည်း ဒီဘက်ကိုလှည့်ပါ..."

"မမကလည်း အသားပဲ့သွားဦးမယ် ဖြေးဖြေးလုပ်ပါ...
သြော် ဦးထွဋ်ပြန်လာပြီလား.."

"ညည်းတို့ဘာလာလုပ်ကြတာလဲ?..."

ထွဋ်ဦးထင်ထိုမိန်းကလေး၂ယောက်ကိုတွေ့ရသည်နှင့် မျက်မှောင်ကြုတ်သွားသည်။ သူတို့တွေကတော့ ခေါင်းရင်းအိမ်က ညီမ၂ယောက်ပဲဖြစ်သည်။ ထိုညီအစ်မ၂ယောက်က မြို့မှာနေကြတာဖြစ်ပြီး တခါတလေမှ သူတို့အဒေါ်အိမ်ကိုလာလည်ကြသည်။ လာလည်တိုင်းလည်း သူတို့ညီအစ်မကိုကြည့်မရတာကြောင့် စကားတောင်မပြောပေ။ သူကမပြောလေ ထိုညီအစ်မက သူ့ကိုစနောက်လေဖြစ်သည်။ အခုလည်း သူမရှိတုန်းသူ့အိမ်လာပြီး ခမ်းဘေးမှာတစ်ယောက်စီနေကာ ခမ်းကိုဝိုင်းကလိနေကြသည်။ ခမ်းခမျာ ထွဋ်ဦးထင်ကိုတွေ့သည်နှင့် သနားစရာမျက်နှာလေးနဲ့လှမ်းကြည့်လာသည်။ ထထလို့ကလည်းမရ ထိုညီအစ်မက လက်ုတစ်ယောက်တစ်ဖက်ဆီကိုင်ထားကြသည်။

"မောင်လေးကချစ်ဖို့ကောင်းလို့ပါ နော် ညီမလေး..."

"ဟုတ်တယ် မမ...
ဦးထွဋ်ကလည်း ဒီလိုလေးရှိတာကိုမိငယ်တို့ကိုတောင်မပြောဘူး..."

"ညည်းတို့ကိုဘာလို့ပြောရမှာလဲ?...
သွား သွား ပြန်ကြ..."

"ဦးထွဋ်ကလည်း နှင်ဖို့ချည်းပါပဲ...
သမီးတို့က မောင် လေးအတွက်မုန့်လာပို့တာ..
ဝရံတာကလှည့်တွေ့လိုက်တာ အရုပ်မှတ်လို့...
ဦးထွဋ်ကြီးမိန်းမမရလို့ ဆီလီကွန်အရုပ်ဝယ်ထားတာလားဆိုပြီး လာကြည့်လိုက်တာ...
ဒီရောက်မှ လူလေးမှန်းသိရတာ...
နော် ညီမလေး..."

"ဟုတ်တယ် မမ..."

တယောက်နဲ့တယောက် အတိုင်အဖောက်ညီနေကြတဲ့၂ယောက်ကို ထွဋ်ဦးထင်စိတ်မရှည်တော့။ လွယ်အိတ်ကိုချိတ်ပြီး ရေကိုအရင်ဝင်သောက်လိုက်သည်။ ခေါင်းရင်းအိမ်က ကြီးကြီးတို့နဲ့မျက်နှာမပျက်ချင်လို့သာ ထွဋ်ဦးထင်ဒီလောက်ထိသည်းခံနေခြင်းဖြစ်သည်။

Kham(ခမ်း) (completed)Where stories live. Discover now