Unicode //
"နိုးလာပြီလား"
ခေါင်းထက်မှာ ပတ်တီးဖြူကိုစီးလို့ ကုတင်ပေါ်မှာ အချိန်အတော်ကြာ မေ့မြောနေတဲ့လူက လှုပ်လှုပ်ရှားရှားနဲ့ ကုန်းထလာတော့ ကုတင်အနားကို တိုးကပ်သွားလိုက်သည်။
"အား"
"မမှတ်သေးတာလား ဇွတ်ကုန်းထနေတယ်!"
စိုးရိမ်စိတ်နဲ့ ပြောလိုက်မိပေမဲ့ မော့ကြည့်လာတဲ့ မျက်၀န်းအစုံတို့က မသာမယာနဲ့မို့ အခုခံစားနေရတဲ့ ခေါင်းကဒဏ်ရာနဲ့ ေ၀ဒနာတွေကို အစားသာခံစားပေးလိုက်ချင်မိသွားရသည်။
"မင်းဘယ်သူလဲ"
သူစိမ်းဆန်သော အကြည့်တို့က လူတစ်ကိုယ်လုံးပေါ်ကို စုန်စုန်ဆန်ဆန်ကျရောက်လာပြီး မသိဘာသာမေးမြန်းလာတာရယ်ကြောင့် ..
"ခင်ဗျားယောက်ျား!"
"ငါ့မှာ ယောက်ျားမရှိဘူး။"
ပြောပြီးနောက်မျက်နှာကို ချက်ချင်းလွှဲသွားသည်။ ကုတင်နောက်ကျောကို မှီလို့ရအောင် သူခေါင်းအုံးကိုထိုးပေးလိုက်တော့ အလိုက်သင့်မှီလှဲလာပါသည်။
ရုတ်တရက်အနီရောင်ဆူးကိုစချင်လာတာကြောင့် သူရယ်မိသွားရသည်။
"အဟား ဟား ဟား ဟားဟား"
"ဘာရယ်တာလဲကွ"
ဒေါသထွက်လာတဲ့အခါ နားရွက်ဖျားလေးကစရဲလာကာ နားရွက်တပြင်လုံးကပါ ရဲလာတတ်သည်။ နှာသီးထိပ်ဖျားလေးပါ နီရဲလာကာ ပါးပြင်လေးတွေပါ သွေးရောင်လွှမ်းသွားတတ်၏။ အနီရောင်ဆူးက ဒေါသထွက်တဲ့အချိန်ဆို သိပ်လှပါသည်။ ထိုအလှတရားလေးကိုမြင်ချင်လို့ပဲ သူစနောက်မိတာဖြစ်၏။
ဒေါသထွက်တဲ့လူကို တမင်ထပ်စချင်နေတာကြောင့် အရယ်မပြတ်ဘဲ အားရပါးရ ထပ်အော်ရယ်ပြလိုက်တော့ နှုတ်ခမ်းလေးတွေပါ တဆတ်ဆတ်တုန်လာပါတော့သည်။
"ခွေးလိုကောင်! ဘာရယ်ေနတာလဲလို့"
"သြ... အတိတ်မေ့တဲ့လူက ဆဲဖို့ကျမမေ့ဘူးပဲဗျ။"
အကြံအစည်နောက်တစ်မျိုး မအောင်မြင်တာကြောင့် ဆူး စိတ်တိုကာသာ လက်ပိုက်ရင်းတစ်ဖက်ကိုမျက်နှာလွှဲလိုက်မိ၏။
ဒီလောက်လည်လွန်းတဲ့ကောင်!
အတိတ်မေ့ချင်ယောင်လည်း ဆောင်လို့မရ၊ ထွက်ပြေးလို့ကလည်းမရ။ ဘယ်လို၀ဋ်ကြွေးမျိုးလဲ ငါလိုးမလောကကြီးရေ။
ဟန်ဆောင်လက်စနဲ့ ဆက်ပြီးဟန်ဆောင်နေဖို့ကတော့ အသင့်ပါပဲ။ မမှတ်မိချင်ယောင်ဆောင်ခြင်းက ဆူးအတွက် မခဲယဥ်းလှပါ။ ခေါင်းထိသွားတာကြောင့် ရူးချင်ယောင်ဆောင်ပစ်လိုက်ဖို့ကလည်း မခဲယဥ်း။ အနီရောင်ဆူး အတွက်ကတော့ အလွန်လွယ်ကူတဲ့ အရာတွေကြီးပါပဲ။ ငါ့ဒဏ်တွေ ခံပေဦးတော့ ထန်ဦးခိုက်စေ။
"မင်းကဘယ်သူလဲ၊ မင်းကဘာအလုပ်လုပ်လဲ၊ မင်းကဘယ်မှာနေလဲ၊ မင်းအသက်က
ေရာဘယ်လောက်လဲ"
"ကိုယ့်နာမည် ထန်ဦးခိုက်စေ၊ အနီရောင်ဆူးရဲ့ အမျိုးသားပါခင်ဗျ။ အလုပ်ကတော့ ပန်းလေးတွေကိုတယုတယ စိုက်ပျိုးတဲ့ ပန်းဥယျာဥ်မှူးလေးပါ။ နေရပ်ကတော့ အနီရောင်ဆူးရဲ့ ရင်ခွင်ထဲမှာပါခင်ဗျ။ ကိုယ့်ရဲ့အသက်ကတော့ အနီရောင်ဆူးပါပဲ။"
'ဆူး'မေးလိုက်တဲ့ မေးခွန်းတွေကို မူကြိုခလေးတစ်ယောက်လို လက်ကလေးပိုက်ခေါင်းလေးတညိမ့်ညိမ့်နဲ့ ပြန်ဖြေသွားရင်း သူ့ကိုယ်သူ 'ခင်ဗျ'ဟု ယဥ်ေကျးစွာ သုံးနှုန်းလိုက်သေးသည်။ မေးမိတဲ့ လူရဲ့အမှားပါ။ ကြာရင် သူ့ရဲ့စကားလုံးလေးတွေထဲ ဒီကောင်အနီရောင်ဆူးပါ နစ်မြောပါသွားနိုင်ပါ၏။
"ရှုပ်လိုက်တာ လူလိုဖြေစမ်းပါကွာ"
"နှလုံးသားနဲ့ဖြေတာပါခင်ဗျ။"
"ရှုပ်လိုက်တာကွာ! မင်းဘယ်မှာနေတာလဲ အမှန်တိုင်းဖြေစမ်း။"
"အနီရောင်ဆူးရဲ့ နှလုံးသားအခန်းလေးခန်းထဲမှာ နေရာအပြည့်ယူထားပါတယ်ခင်ဗျ။"
"ထန်ဦးခိုက်စေ"
"ဗျား ကိုယ့်ရဲ့အမျိုးသားလေး"
မေးသမျှကို မျက်နှာချိုသွေးဖြေနေရှာတဲ့ ကောင်ရဲ့အခွက်ကို မထိုးမိအောင် 'ဆူး'စိတ်ကို မနည်းတင်းထားရပါ၏။ သူ့ကိုယ်သူလည်း ရယ်ချင်စဖွယ် 'ခင်ဗျ'တွေ 'ဗျာ'ေတွသုံးနှုန်းနေပါသေးသည်။ အဲ့တာကပဲထူးဆန်းစွာပိုရယ်ချင်စဖွယ်ဖြစ်နေရတော့၏။
"မဖြစ်ဘူး... ငါယောက်ျားဟုတ်တယ်၊ ငါကယောက်ျားတစ်ယောက်။ ဒီကောင့်ရဲ့အပြောချိုချိုလေးတွေထဲ တိမ်လေးတစ်စလို လွင့်မြောပါသွားလို့မရဘူး။ မဖြစ်ဘူးလေ၊ ငါကယောက်ျားကွ! အဟား ဟုတ်တယ် ငါကယောက်ျားပါ။"
သန့်စင်ခန်းထဲကို၀င်လာခဲ့လိုက်ပြီး တစ်ယောက်ထဲမှန်ထဲကို ကြည့်ရင်း အရူးတစ်ယောက်လို ရေရွတ်နေမိ၏။ စိတ်ကြည်လင်သွားအောင် ရေကိုဖွင့်ချကာ ဘေစင်ထဲလက်ခံယူလိုက်ရင်း ေရ၏အအေးဓာတ်ကို ခံစားနေမိပါသည်။
ဒေါက်! ဒေါက်!
"ကြာလှပြီကွာ၊ ဘာလုပ်နေတာလဲ ဒီမှာ တစ်စက္ကန့်လေးမမြင်ရတာတောင်မှ စိတ်ပူနေပြီ"
"ချီးစားနေတာဟေ့ ချီးစားနေတာ"
စိတ်တိုစွာနဲ့ အပြင်ကကြားရအောင် အော်ပြောလိုက်တော့ ရယ်သံခပ်သဲ့သဲ့ထွက်လာသည်ကို ကြားလိုက်ရသည်။ တမင်ရွဲ့ပြောတာကို ရယ်စရာများ မှတ်နေသလားမသိဘူး စိတ်တိုစရာကောင်းလိုက်တဲ့ကောင်။
"ကိုယ်ရေချိုးချင်လို့၊ တူတူချိုးကြမလား။"
"မရဘူး ငါအိမ်သာတက်မလို့"
အိမ်သာနဲ့ရေချိုးခန်းက တစ်ဆက်ထဲဖြစ်တာကြောင့် နှစ်ယောက်ထဲရှိတဲ့ဒီအိမ်မှာတောင် ရေချိုးချိန်နဲ့ အိမ်သာတက်ချိန်က တိုက်လို့မဖြစ်ပါ။ ဒါတောင် တမင်တကာ ရေအတူချိုးဖို့ လာခေါ်နေလိုက်သေး၏။
"အားး အားးးး"
အပြင်က စူးစူး၀ါး၀ါးသူ့အော်သံကြီးကို ကြားလိုက်ရတာကြောင့် အိမ်သာတက်ချင်စိတ်ပါ ဘယ်ပျောက်သွားမှန်းမသိလေတော့။ လန့်လန့်ဖျတ်ဖျတ် ပြန်မေးလိုက်သည်။
"ထန်ဦးခိုက်စေ! မင်းဘာဖြစ်တာလဲ အဆင်ပြေရဲ့လား။"
"မပြေဘူး။ ကိုယ်အခု ရေအရမ်းချိုးချင်နေလို့ အဟင့်"
"ငါလိုးပဲ လီးကင်းကိုက်သွားတာလားလို့"
"အဟင့် အဲ့တာထက်ပိုဆိုးတယ်။ ရေချိုးချင်လို့ပါ၊ ဒီမှာ အကုန်ချွတ်ပြီးနေပြီ။ ရေချိုးချင်လှပြီ လုပ်ပါနော် ရေတူတူချိုးကြရအောင်ပါ နော်.. နော်ဗျာ။"
သူ့အသံသြသြကြီးနဲ့ တမင်လုပ်ကာ ချွဲပြနေတဲ့ အကောင်ကို အခုချိန်အိမ်သာတက်နေသည်သာ မဟုတ်လျှင် အပြင်ထွက် ဆွဲထိုးပစ်လိုက်မည်သာဖြစ်၏။
"ေသာက်ရမ်းပဲကွာ! ငါဒီမှာ ချီးကောင်းကောင်းပါလို့ မရဘူးလား။ မနှောက်ယှက်စမ်းနဲ့ ထန်ဦးခိုက်စေ"
"ဒီလိုလုပ်ကြရအောင်လေ ခင်ဗျားကအီးအီးပါ၊ ကိုယ်က ရေချိုးရင်း ခင်ဗျားအီးအီးပါတာကို ထိုင်ကြည့်မယ်လေနော်ဗျာ။"
အိမ်သာဘယ်လိုမှ ကောင်းကောင်းတက်လို့ပင်မရ။ ဂဂျီဂဂျောင်တိုက်နေတဲ့ အပြင်ကကောင်ကို ယခုအချိန် ဘယ်လိုလုပ်ပစ်ရမှန်းကို မသိတော့ပေ။
"ဟာကွာ ရူးနေတာလားမင်း"
"မရဘူး ကြည့်ချင်လို့ပါ နော်ဗျာ! ရေတူတူမချိုးဘူးဆိုရင်လည်း ကိုယ်ပြောတာလေးတော့ တူတူလုပ်ကြရအောင်ပါ... နော်"
ချီးပါနေတဲ့ ဖီးလ်လင်လေးတောင် ဘယ်ဆီကို လွင့်ပျောက်သွားမှန်းမသိတော့။ ဒါ သူများချီးပါနေတာကို ဒီကောင်တမင်သပ်သပ် နှောက်ယှက်နေတာပဲ ဖြစ်ရမည်။
"ဟေ့ေကာင် မင်းဘယ်လိုဖြစ်နေတာလဲ"
"ရေချိုးချင်နေတာလေဗျာ။"
"ငါမချိုးဘူးလို့ ပြောနေတယ်လေ။"
ထန်ဦးခိုက်စေဆိုတဲ့ ဒုက္ခက ဆူးအတွက်တော်တော့်ကို ကြီးလှပါ၏။
အပြင်ကတံခါးကို ဖွင့်မပေးမချင်းလည်း တဒေါက်ဒေါက်ခေါက်လိုက် တွန်းလိုက် လုပ်နေပါသေးသည်။ တံခါးကြီးသာ သက်ရှိဆိုလျှင် 'နားငြီးလှပါပြီ၊ သွားပါတော့' ဟုပြောလွှတ်လောက်မှာပင် အမှန်ထင်၏။
အသံမထွက်ဘဲ တိတ်နေပြလိုက်တော့ ဟိုဖက်ကတဖန် အသံပြန်ထွက်လာပြန်ပါသည်။
"ရှက်နေတာလား ကိုယ့်အမျိုးသားေလး။"
"လီးလား! ငါကဘာလို့ရှက်ရမှာလဲ။ မင်းလည်းယောက်ျား ငါလည်းယောက်ျားပဲ မရှက်ပါဘူး"
"ဒါဆို သတ္တိရှိရင်ရေတူတူချိုးကြရအောင်လေ။"
အိမ်သာတက်ခြင်းအမှုကို လက်စသတ်ခဲ့ပြီးနောက် တံခါးအပြင်ထွက်လာခဲ့လိုက်တော့ အပြင်တံခါး၀မှာ Bathrobeကြီးကို၀တ်ပြီး ခွေခွေခေါက်ခေါက် လှဲမှီနေတာကို တွေ့လိုက်ရသည်။
"ငါအိမ်သာတက်ပြီးသွားပြီ! ကိုယ့်ဘာသာ ရေချိုးလိုက်တော့"
"ရေချိုးပေးပါလားဗျာ။ အကူအညီတောင်းတာပါ။"
ဆူးရယ်ချင်စိတ်ကို မနည်းကြိတ်မှိတ်မြိုသိပ်လိုက်ရပါသည်။ အမြဲတမ်း စကားလုံးကြမ်းတွေ ထွက်တဲ့ ဒီကောင့်ပါးစပ်က နူးနူးညံ့ညံ့လေးတွေ ထွက်တတ်တာကိုလည်း အံသြရပါသေးသည်။ ဟားတိုက်ကာ ရယ်လိုက်ချင်ပေမဲ့ သူတစ်ပါးကို လှောင်ရယ်တယ်ဖြစ်မှာစိုး၍ ဆူးအော်မရယ်မိတော့ပါ။ စိတ်ထဲမှာတော့ ကမ္ဘာပြိုမတတ် ၊ တစ်ယောက်ထဲ အကျယ်ကြီး အော်ရယ်နေမိပါ၏။
စိတ်ထဲမှာ အော်ရယ်နေမိပေမယ့် အပြင်မှာပါ မျက်နှာကြီးက စပ်ဖြီးဖြီးဖြစ်လာကာ ဘယ်လိုမှပင် အောင်အီးထားလို့မရတော့ပေ။ ခေါင်းကိုငုံ့ရယ်နေပေမယ့် ဆူး ကျောပင်တွေလှုပ်ခါနေတာကိုတော့ သူလည်းမြင်နေပါလိမ့်မည်။ သူ့ပုံစံကြီးကလည်း ခုနကအတိုင်း မထသေးဘဲ တံခါးနားမှာပဲ မှီထားလျက်ရှိနေသေးတာကြောင့် ရယ်ချင်စရာကြီး ဖြစ်နေပါသည်။ နောက်ကိုတဖန်လှည့်ကြည့်ပြီးတော့ ဆူး အသံထွက်ကာ ရယ်လိုက်မိတော့ သူက မော့ကြည့်လာပါသည်။ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဆူးရယ်နေတာကို မမြင်ဖူးသလို သေချာစိုက်လို့ ကြည့်နေ၏။
"အား"
ရုတ်တရက်အကောင်ကိုက်ခံလိုက်ရသလို ထအော်လာတာကြောင့် ဆူးပါ ထခုန်မိမတတ် လန့်ဖျတ်သွားမိပါသည်။ အော်ချင်ရာကို အော်ပြီး ခေါင်းကိုငုံ့ကာ မျက်နှာကို လက်နှစ်ဖက်နဲ့အုပ်ရင်း ရှိုက်နေတဲ့လူကြောင့် ဆူးစိတ်ပူမိသွားရသည်။
"ဘာဖြစ်တာလဲ ထန်ဦးခိုက်စေ"
"နှလုံးသားလေးသေဆုံးသွားပြီ။ ခင်ဗျားရယ်လိုက်လို့.."
ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေတုန်း သူ့စကားကိုကြားလိုက်ရတာကြောင့် စိတ်လှုပ်ရှားမိကာ ဆွံ့အမိသွား၏။
ဆူးမျက်နှာကိုတည်တင်းပစ်လိုက်ကာ လက်သီးကို ကျစ်ကျစ်ဆုပ်ထားလိုက်ပါသည်။
"သောက်ပိုတွေ"
"အပိုတွေမဟုတ်ဘူး တကယ်။ ခင်ဗျားရယ်လိုက်တာ ကိုယ့်ရှေ့မှာ ဒါပထမဆုံးပဲလေ။ သွားတက်ချွန်ချွန်လေးကို မြင်လိုက်ရတော့ ကိုယ့်နှလုံးခုန်သံတွေပါမူမမှန်ချင်တော့ဘူး။"
လက်တစ်ဖက်က သူ့ရဲ့ ဘယ်ဘက်ရင်အုံကိုဖွဖွအုပ်ကိုင်ရင်း ပြောနေတဲ့ပုံကြောင့် ဆူး သူ့ကိုကြည့်ရင်း ထပ်ရယ်ချင်မိပြန်ရသည်။
"ရယ်ပြီ .. ခင်ဗျားရယ်ပြီမဟုတ်လား။"
"ဟင်"
ဆူး မျက်လုံးလေးပြူးကာ အကြောင်သားပြန်စိုက်ကြည့်လိုက်သည်။ ဒါဆို ထန်ဦးခိုက်စေက ဆူးကို တမင်သပ်သပ်ရယ်အောင် လုပ်နေတာလား။
"ခင်ဗျားရယ်ရင် သိပ်လှတယ်။ အမြဲတမ်းပဲပြုံးနေ၊ ပျော်နေပေးနိုင်မလားဟင် အနီရောင်ဆူး။"
"ဘာလို့လဲ။"
"အပြစ်တွေကို ချေဖျတ်ပေးနိုင်မလား အနီရောင်ဆူး။"
" ......... "
ထန်ဦးခိုက်စေဟူသည့် လူသားကအနီရောင်ဆူးဆိုသည့် သူ့ကို ငိုအောင်လုပ်နိုင်သလို၊ ရယ်အောင်လည်း စွမ်းနိုင်ပါသည်။ မုန်းအောင်လည်း လုပ်နိုင်သလို ချစ်လာအောင်ရော ကြိုးစားနိုင်ပါ့မလား။
ချစ်ခြင်းမေတ္တာ၏ အတိမ်အနက်ဟူသည်
မှန်းဆဖို့မလွယ် နက်ရှိုင်းလွန်းလှပါ၏။
အပြစ်ဒဏ်ကို အချစ်ကြွေးနဲ့ဆပ်ပြီး ကိုယ့်ဘ၀ကို မင်းလက်ထဲ အပ်နှင်းပါ့မယ်။ သက်ဆက်နှင်းလို့ ချစ်ပါ့မယ် ကိုယ့်ရဲ့ဆူး။ နှလုံးသားတည့်တည့်ကို လာဆူးတဲ့ ဆူး။ မောင့်ရဲ့ ဆူး။ အချစ်ဆိပ်တက်လို့ သေရင်သေသွားပါစေ။ ကျေကျေနပ်နပ်ကြီး အသေခံပါ့မယ် မောင့်ရဲ့ဆူးရယ် ..။
•Nov14 , 2021
•Khi Khi Mratt Takhon
Tbc........
____________
Zawgyi //
"ႏိုးလာၿပီလား"
ေခါင္းထက္မွာ ပတ္တီးျဖဴကိုစီးလို႔ ကုတင္ေပၚမွာ အခ်ိန္အေတာ္ၾကာ ေမ့ေျမာေနတဲ့လူက လႈပ္လႈပ္႐ွား႐ွားနဲ႔ ကုန္းထလာေတာ့ ကုတင္အနားကို တိုးကပ္သြားလိုက္သည္။
"အား"
"မမွတ္ေသးတာလား ဇြတ္ကုန္းထေနတယ္!"
စိုးရိမ္စိတ္နဲ႔ ေျပာလိုက္မိေပမဲ့ ေမာ့ၾကည့္လာတဲ့ မ်က္၀န္းအစုံတို႔က မသာမယာနဲ႔မို႔ အခုခံစားေနရတဲ့ ေခါင္းကဒဏ္ရာနဲ႔ ေ၀ဒနာေတြကို အစားသာခံစားေပးလိုက္ခ်င္မိသြားသည္။
"မင္းဘယ္သူလဲ"
သူစိမ္းဆန္ေသာ အၾကည့္တို႔က လူတစ္ကိုယ္လုံးေပၚကို စုန္စုန္ဆန္ဆန္က်ေရာက္လာၿပီး မသိဘာသာေမးျမန္းလာတာရယ္ေၾကာင့္ ..
"ခင္ဗ်ားေယာက်္ား!"
"ငါ့မွာ ေယာက်္ားမ႐ွိဘူး။"
ေျပာၿပီးေနာက္မ်က္ႏွာကို ခ်က္ခ်င္းလႊဲသြားသည္။ ဆူးကုတင္ေနာက္ေက်ာကို မွီလို႔ရေအာင္ သူေခါင္းအုံးကိုထိုးေပးလိုက္ေတာ့ အလိုက္သင့္မွီလွဲလာပါသည္။
႐ုတ္တရက္ဆူးကိုစခ်င္လာတာေၾကာင့္ သူရယ္မိသြားရသည္။
"အဟား ဟား ဟား ဟားဟား"
"ဘာရယ္တာလဲကြ"
ေဒါသထြက္လာတဲ့အခါ နား႐ြက္ဖ်ားေလးကစရဲလာကာ နား႐ြက္တျပင္လုံးကပါ ရဲလာတတ္သည္။ ႏွာသီးထိပ္ဖ်ားေလးပါ နီရဲလာကာ ပါးျပင္ေလးေတြပါ ေသြးေရာင္လႊမ္းသြားတတ္၏။ အနီေရာင္ဆူးက ေဒါသထြက္တဲ့အခ်ိန္ဆို သိပ္လွပါသည္။ ထိုအလွတရားေလးကိုျမင္ခ်င္လို႔ပဲ သူစေနာက္မိတာျဖစ္၏။
ေဒါသထြက္တဲ့လူကို တမင္ထပ္စခ်င္ေနတာေၾကာင့္ အရယ္မျပတ္ဘဲ အားရပါးရ ထပ္ေအာ္ရယ္ျပလိုက္ေတာ့ ႏႈတ္ခမ္းေလးေတြပါ တဆတ္ဆတ္တုန္လာပါေတာ့သည္။
"ေခြးလိုေကာင္! ဘာရယ္ေနတာလဲ"
" ေအာ္ ... အတိတ္ေမ့တဲ့လူက ဆဲဖို႔က်မေမ့ဘူးပဲဗ်။"
အၾကံအစည္ေနာက္တစ္မ်ိဳး မေအာင္ျမင္တာေၾကာင့္ ဆူး စိတ္တိုကာသာ လက္ပိုက္ရင္းတစ္ဖက္ကိုမ်က္ႏွာလႊဲလိုက္မိ၏။
ဒီေလာက္လည္လြန္းတဲ့ေကာင္! ပန္ကာ့ထိပ္က၀က္အူလိုေကာင္!
အတိတ္ေမ့ခ်င္ေယာင္လည္း ေဆာင္လို႔မရ ၊ ထြက္ေျပးလို႔ကလဲမရ။ ဘယ္လို၀ဋ္ေႂကြးမ်ိဳးလဲ ငါလိုးမေလာကႀကီးေရ။
ဟန္ေဆာင္လက္စနဲ႔ ဆက္ၿပီးဟန္ေဆာင္ေနဖို႔ကေတာ့ အသင့္ပါပဲ။ မမွတ္မိခ်င္ေယာင္ေဆာင္ျခင္းက ဆူးအတြက္ မခဲယဥ္းလွပါ။ ေခါင္းထိသြားတာေၾကာင့္ ႐ူးခ်င္ေယာင္ေဆာင္ပစ္လိုက္ဖို႔ကလည္း မခဲယဥ္း။ အနီေရာင္ဆူး အတြက္ကေတာ့ အလြန္လြယ္ကူတဲ့ အရာေတြႀကီးပါပဲ။ ငါ့ဒဏ္ေတြ ခံေပအုန္းေတာ့ ထန္ဦးခိုက္ေစ။
"မင္းကဘယ္သူလဲ၊ မင္းကဘာအလုပ္လုပ္လဲ၊ မင္းကဘယ္မွာေနလဲ၊ မင္းအသက္က
ေရာဘယ္ေလာက္လဲ"
"ကိုယ့္နာမည္ ထန္ဦးခိုက္ေစ၊ အနီေရာင္ဆူးရဲ႕ ေယာက်္ားပါခင္ဗ်။ အလုပ္ကေတာ့ ပန္းေလးေတြကိုတယုတယ စိုက္ပ်ိဳးတဲ့ ပန္းဥယ်ာဥ္မႉးေလးပါ။ ေနရပ္ကေတာ့ အနီေရာင္ဆူးရဲ႕ ရင္ခြင္ထဲမွာပါခင္ဗ်။ ကိုယ့္ရဲ႕ အသက္ကေတာ့ အနီေရာင္ဆူးတစ္ေယာက္တည္းပါပဲ။"
'ဆူး'ေမးလိုက္တဲ့ ေမးခြန္းေတြကို မူႀကိဳခေလးတစ္ေယာက္လို လက္ကေလးပိုက္ေခါင္းေလးတညိမ့္ညိမ့္နဲ႔ ျပန္ေျဖသြားရင္း သူ႕ကိုယ္သူ 'ခင္ဗ်'ဟု ယဥ္ေက်းစြာ သုံးႏႈန္းလိုက္ေသးသည္။ ေမးမိတဲ့ လူရဲ႕အမွားပါ။ ၾကာရင္ သူ႕ရဲ႕စကားလုံးေလးေတြထဲ ဒီေကာင္အနီေရာင္ဆူးပါ နစ္ေျမာပါသြားႏိုင္ပါ၏။
"႐ႈပ္လိုက္တာ လူလိုေျဖစမ္းပါ"
"ႏွလုံးသားနဲ႔ေျဖတာပါခင္ဗ်။"
"႐ႈပ္လိုက္တာကြာ! မင္းဘယ္မွာေနတာလဲ အမွန္တိုင္းေျဖစမ္း။"
"အနီေရာင္ဆူးရဲ႕ ႏွလုံးသားအခန္းေလးခန္းထဲမွာ ေနရာအျပည့္ယူထားပါတယ္ခင္ဗ်။"
"ထန္ဦးခိုက္ေစ"
"ဗ်ား ကိုယ့္ရဲ႕အမ်ိဳးသားေလး"
ေမးသမွ်ကို မ်က္ႏွာခ်ိဳေသြးေျဖေန႐ွာတဲ့ ေကာင္ရဲ႕အခြက္ကို မထိုးမိေအာင္ 'ဆူး'စိတ္ကို မနည္းတင္းထားရပါ၏။ သူ႕ကိုယ္သူလည္း ရယ္ခ်င္စဖြယ္ 'ခင္ဗ်'ေတြ 'ဗ်ာ'ေတြသုံးႏႈန္းေနပါေသးသည္။ အဲ့တာကပဲထူးဆန္းစြာပိုရယ္ခ်င္စဖြယ္ျဖစ္ေနရ၏။
"မျဖစ္ဘူး... ငါေယာက်္ားဟုတ္တယ္၊ ငါကေယာက်္ားတစ္ေယာက္။ ဒီေကာင့္ရဲ႕အေျပာခ်ိဳခ်ိဳေလးေတြထဲ တိမ္ေလးတစ္စလို လြင့္ေျမာပါသြားလို႔မရဘူး။ မျဖစ္ဘူးေလ၊ ငါကေယာက်္ားကြ! အဟား ဟုတ္တယ္ ငါကေယာက်္ားပါ။"
သန္႔စင္ခန္းထဲကို၀င္လာခဲ့လိုက္ၿပီး တစ္ေယာက္ထဲမွန္ထဲကို ၾကည့္ရင္း အ႐ူးတစ္ေယာက္လို ေရ႐ြတ္ေနမိ၏။ စိတ္ၾကည္လင္သြားေအာင္ ေရကိုဖြင့္ခ်ကာ ေဘစင္ထဲလက္ခံယူလိုက္ရင္း ေရ၏အေအးဓာတ္ကို ခံစားေနမိပါသည္။
ေဒါက္! ေဒါက္!
"ၾကာလွၿပီကြာ၊ ဘာလုပ္ေနတာလဲ ဒီမွာ တစ္စကၠန္႔ေလးမျမင္ရတာေတာင္မွ စိတ္ပူေနၿပီ"
"ခ်ီးစားေနတာေဟ့ ခ်ီးစားေနတာ"
စိတ္တိုစြာနဲ႔ အျပင္ကၾကားရေအာင္ ေအာ္ေျပာလိုက္ေတာ့ ရယ္သံခပ္သဲ့သဲ့ထြက္လာသည္ကို ၾကားလိုက္ရသည္။ တမင္႐ြဲ႕ေျပာတာကို ရယ္စရာမ်ား မွတ္ေနသလားမသိဘူး စိတ္တိုစရာေကာင္းလိုက္တဲ့ေကာင္။
"ကိုယ္ေရခ်ိဳးခ်င္လို႔၊ တူတူခ်ိဳးၾကမလား။"
"မရဘူး ငါအိမ္သာတက္မလို႔"
အိမ္သာနဲ႔ေရခ်ိဳးခန္းက တစ္ဆက္ထဲျဖစ္တာေၾကာင့္ ႏွစ္ေယာက္ထဲ႐ွိတဲ့ဒီအိမ္မွာေတာင္ ေရခ်ိဳးခ်ိန္နဲ႔ အိမ္သာတက္ခ်ိန္က တိုက္လို႔မျဖစ္ပါ။ ဒါေတာင္ တမင္တကာ ေရအတူခ်ိဳးဖို႔ လာေခၚေနလိုက္ေသး၏။
"အားး အားးးး"
အျပင္က စူးစူး၀ါး၀ါးသူ႕ေအာ္သံႀကီးကို ၾကားလိုက္ရတာေၾကာင့္ အိမ္သာတက္ခ်င္စိတ္ပါ ဘယ္ေပ်ာက္သြားမွန္းမသိေလေတာ့။ လန္႔လန္႔ဖ်တ္ဖ်တ္ ျပန္ေမးလိုက္မိပါသည္။
"ထန္ဦးခိုက္ေစ! မင္းဘာျဖစ္တာလဲ အဆင္ေျပရဲ႕လား။"
"မေျပဘူး။ ကိုယ္အခု ေရအရမ္းခ်ိဳးခ်င္ေနလို႔ အဟင့္"
"ငါလိုးပဲ လီးကင္းကိုက္သြားတာလားလို႔"
"အဟင့္ အဲ့တာထက္ပိုဆိုးတယ္။ ေရခ်ိဳးခ်င္လို႔ပါ၊ ဒီမွာ အကုန္ခြၽတ္ၿပီးေနၿပီ။ ေရခ်ိဳးခ်င္လွၿပီ လုပ္ပါေနာ္ ေရတူတူခ်ိဳးၾကရေအာင္ပါ ေနာ္.. ေနာ္ဗ်ာ။"
သူ႕အသံၾသၾသႀကီးနဲ႔ တမင္လုပ္ကာ ခြၽဲျပေနတဲ့ အေကာင္ကို အခုခ်ိန္အိမ္သာတက္ေနသည္သာ မဟုတ္လွ်င္ အျပင္ထြက္ ဆြဲထိုးပစ္လိုက္မည္သာျဖစ္၏။
"ေသာက္ရမ္းပဲကြာ! ငါဒီမွာ ခ်ီးေကာင္းေကာင္းပါလို႔ မရဘူးလား။ မေႏွာက္ယွက္စမ္းနဲ႔ ထန္ဦးခိုက္ေစ"
"ဒီလိုလုပ္ၾကရေအာင္ေလ ခင္ဗ်ားကအီးအီးပါ၊ ကိုယ္က ေရခ်ိဳးရင္း ခင္ဗ်ားအီးအီးပါတာကို ထိုင္ၾကည့္မယ္ေလေနာ္ဗ်ာ။"
အိမ္သာဘယ္လိုမွ ေကာင္းေကာင္းတက္လို႔ပင္မရ။ ဂဂ်ီဂေဂ်ာင္တိုက္ေနတဲ့ အျပင္ကေကာင္ကို ယခုအခ်ိန္ ဘယ္လိုလုပ္ပစ္ရမွန္းကို မသိေတာ့ေပ။
"ဟာကြာ ႐ူးေနတာလားမင္း"
"မရဘူး ၾကည့္ခ်င္လို႔ပါ ေနာ္ဗ်ာ! ေရတူတူမခ်ိဳးဘူးဆိုရင္လည္း ကိုယ္ေျပာတာေလးေတာ့ တူတူလုပ္ၾကရေအာင္ပါ... ေနာ္"
ခ်ီးပါေနတဲ့ ဖီးလ္လင္ေလးေတာင္ ဘယ္ဆီကို လြင့္ေပ်ာက္သြားမွန္းမသိေတာ့။ ဒါ သူမ်ားခ်ီးပါေနတာကို ဒီေကာင္တမင္သပ္သပ္ ေႏွာက္ယွက္ေနတာပဲ ျဖစ္ရမည္။
"ေဟ့ေကာင္ မင္းဘယ္လိုျဖစ္ေနတာလဲ"
"ေရခ်ိဳးခ်င္ေနတာေလဗ်ာ။"
"ငါမခ်ိဳးဘူးလို႔ ေျပာေနတယ္ေလ။"
ထန္ဦးခိုက္ေစဆိုတဲ့ ဒုကၡက ဆူးအတြက္ေတာ္ေတာ္႕ကို ႀကီးလွပါ၏။
အျပင္ကတံခါးကို ဖြင့္မေပးမခ်င္းလည္း တေဒါက္ေဒါက္ေခါက္လိုက္ တြန္းလိုက္ လုပ္ေနပါေသးသည္။ တံခါးႀကီးသာ သက္႐ွိဆိုလွ်င္ 'နားၿငီးလွပါၿပီ၊ သြားပါေတာ့' ဟုေျပာလႊတ္ေလာက္မွာပင္ အမွန္ထင္၏။
အသံမထြက္ဘဲ တိတ္ေနျပလိုက္ေတာ့ ဟိုဖက္ကတဖန္ အသံျပန္ထြက္လာျပန္ပါသည္။
"႐ွက္ေနတာလား ကိုယ့္အမ်ိဳးသားေလး။"
"လီးလား! ငါကဘာလို႔႐ွက္ရမွာလဲ။ မင္းလည္းေယာက်္ား ငါလည္းေယာက်္ားပဲ မ႐ွက္ပါဘူး"
"ဒါဆို သတၱိ႐ွိရင္ေရတူတူခ်ိဳးၾကရေအာင္ေလ။"
အိမ္သာတက္ျခင္းအမႈကို လက္စသတ္ခဲ့ၿပီးေနာက္ တံခါးအျပင္ထြက္လာခဲ့လိုက္ေတာ့ အျပင္တံခါး၀မွာ Bathrobeႀကီးကို၀တ္ၿပီး ေခြေခြေခါက္ေခါက္ လွဲမွီေနတာကို ေတြ႕လိုက္ရသည္။
"ငါအိမ္သာတက္ၿပီးသြားၿပီ! ကိုယ့္ဘာသာ ေရခ်ိဳးလိုက္ေတာ့"
"ေရခ်ိဳးေပးပါလားဗ်ာ။ အကူအညီေတာင္းတာပါ။"
ဆူးရယ္ခ်င္စိတ္ကို မနည္းႀကိတ္မွိတ္ၿမိဳသိပ္လိုက္ရပါသည္။ အၿမဲတမ္း စကားလုံးၾကမ္းေတြ ထြက္တဲ့ ဒီေကာင့္ပါးစပ္က ႏူးႏူးညံ့ညံ့ေလးေတြ ထြက္တတ္တာကိုလည္း အံၾသရပါေသးသည္။ ဟားတိုက္ကာ ရယ္လိုက္ခ်င္ေပမဲ့ သူတစ္ပါးကို ေလွာင္ရယ္တယ္ျဖစ္မွာစိုး၍ ဆူးေအာ္မရယ္မိေတာ့ပါ။ စိတ္ထဲမွာေတာ့ ကမ႓ာၿပိဳမတတ္ ၊ တစ္ေယာက္ထဲ အက်ယ္ႀကီး ေအာ္ရယ္ေနမိပါ၏။
စိတ္ထဲမွာ ေအာ္ရယ္ေနမိေပမယ့္ အျပင္မွာပါ မ်က္ႏွာႀကီးက စပ္ၿဖီးၿဖီးျဖစ္လာကာ ဘယ္လိုမွပင္ ေအာင္အီးထားလို႔မရေတာ့ေပ။ ေခါင္းကိုငုံ႔ရယ္ေနေပမယ့္ ဆူး ေက်ာပင္ေတြလႈပ္ခါေနတာကိုေတာ့ သူလည္းျမင္ေနပါလိမ့္မည္။ သူ႕ပုံစံႀကီးကလည္း ခုနကအတိုင္း မထေသးဘဲ တံခါးနားမွာပဲ မွီထားလ်က္႐ွိေနေသးတာေၾကာင့္ ရယ္ခ်င္စရာႀကီး ျဖစ္ေနပါသည္။ ေနာက္ကိုတဖန္လွည့္ၾကည့္ၿပီးေတာ့ ဆူး အသံထြက္ကာ ရယ္လိုက္မိေတာ့ သူက ေမာ့ၾကည့္လာပါသည္။ မ်က္ေတာင္မ်ားကို ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း ဆူးရယ္ေနတာကို မျမင္ဖူးသလို ေသခ်ာစိုက္လို႔ ၾကည့္ေန၏။
"အားးးးး"
႐ုတ္တရက္အေကာင္ကိုက္ခံလိုက္ရသလို ထေအာ္လာတာေၾကာင့္ ဆူးပါ ထခုန္မိမတတ္ လန္႔ဖ်တ္သြားမိပါသည္။ ေအာ္ခ်င္ရာကို ေအာ္ၿပီး ေခါင္းကိုငုံ႔ကာ မ်က္ႏွာကို လက္ႏွစ္ဖက္နဲ႔အုပ္ရင္း ႐ိႈက္ေနတဲ့လူေၾကာင့္ ဆူးစိတ္ပူမိသြားရပါသည္။
"ဘာျဖစ္တာလဲ ထန္ဦးခိုက္ေစ"
"ႏွလုံးသားေလးေသဆုံးသြားၿပီ။ ခင္ဗ်ားရယ္လိုက္လို႔။"
ေျခမကိုင္မိ၊ လက္မကိုင္မိျဖစ္ေနတုန္း သူ႕စကားကိုၾကားလိုက္ရတာေၾကာင့္ စိတ္လႈပ္႐ွားမိကာ ဆြံ႕အမိသြား၏။
ဆူးမ်က္ႏွာကိုတည္တင္းပစ္လိုက္ကာ လက္သီးကို က်စ္က်စ္ဆုပ္ထားလိုက္ပါသည္။
"ေသာက္ပိုေတြ"
"အပိုေတြမဟုတ္ဘူး တကယ္။ ခင္ဗ်ားရယ္လိုက္တာ ကိုယ့္ေ႐ွ႕မွာ ဒါပထမဆုံးပဲေလ။ သြားတက္ခြၽန္ခြၽန္ေလးကို ျမင္လိုက္ရေတာ့ ကိုယ့္ႏွလုံးခုန္သံေတြပါမူမမွန္ခ်င္ေတာ့ဘူး။"
လက္တစ္ဖက္က သူ႕ရဲ႕ ဘယ္ဘက္ရင္အုံကိုဖြဖြအုပ္ကိုင္ရင္း ေျပာေနတဲ့ပုံေၾကာင့္ ဆူး သူ႕ကိုၾကည့္ရင္း ထပ္ရယ္ခ်င္မိသြားရပါသည္။
"ရယ္ၿပီ .. ခင္ဗ်ားရယ္ၿပီဟုတ္လား။"
"ဟင္"
ဆူး မ်က္လုံးေလးျပဴးကာ အေၾကာင္သားျပန္စိုက္ၾကည့္လိုက္မိသည္။ ဒါဆို ထန္ဦးခိုက္ေစက ဆူးကို တမင္သပ္သပ္ရယ္ေအာင္ လုပ္ေနတာ မဟုတ္လား။
"ခင္ဗ်ားရယ္ရင္ သိပ္လွတယ္ အၿမဲတမ္းပဲျပဳံးေန၊ ေပ်ာ္ေနေပးႏိုင္မလားဟင္"
"ဘာလို႔လဲ။"
"အျပစ္ေတြကို ေခ်ဖ်တ္ေပးႏိုင္မလား အနီေရာင္ဆူး။"
" ......... "
ထန္ဦးခိုက္ေစဟူသည့္ လူသားကအနီေရာင္ဆူးဆိုသည့္ သူ႕ကို ငိုေအာင္လဲလုပ္ႏိုင္သလို၊ ရယ္ေအာင္လည္း စြမ္းႏိုင္ပါသည္။ မုန္းေအာင္လည္း လုပ္ႏိုင္သလို ခ်စ္လာေအာင္ေရာ ႀကိဳးစားႏိုင္ပါ့မလား။
ခ်စ္ျခင္းေမတၱာ၏ အတိမ္အနက္ဟူသည္
မွန္းဆဖို႔မလြယ္ နက္႐ိႈင္းလြန္းလွပါ၏။
အျပစ္ဒဏ္ကို အခ်စ္ေႂကြးနဲ႔ဆပ္ၿပီး ကိုယ့္ဘ၀ကို မင္းလက္ထဲ အပ္ႏွင္းပါ့မယ္။ သက္ဆက္ႏွင္းလို႔ ခ်စ္ပါ့မယ္ ကိုယ့္ရဲ႕ဆူး။ ႏွလုံးသားတည့္တည့္ကို လာဆူးတဲ့ ဆူး။ ေမာင့္ရဲ႕ ဆူး။ အခ်စ္ဆိပ္တက္လို႔ ေသရင္ေသသြားပါေစ။ ေက်ေက်နပ္နပ္ႀကီး အေသခံပါ့မယ္ ေမာင့္ရဲ႕ဆူးရယ္ ..။
•Nov14 , 2021
•Khi Khi Mratt Takhon
Tbc........
____________