"ခင်ဗျား ကျွန့်တော့်ခန္ဓာကိုယ်ကို အရမ်းသဘောကျတယ်မလား??"
ရှဲ့ဟယ် ခပ်ဖျော့ဖျော့ပြုံးပြလိုက်တယ်။ကျိုးရိကျယ်ရဲ့လက်တွေကို လှမ်းဆွဲလိုက်ပြီး ရမက်ခိုးတွေဝေနဲ့အသံခပ်အက်အက်နဲ့....
"ကျွန်တော့်ခန္ဒာကိုယ်ကလဲ ခင်ဗျားရဲ့ အထိတွေ့တွေကို သဘောကျတယ်တဲ့...ကျွန်တော့်ခန္ဓာကိုယ်ကခင်ဗျားကို လိုအပ်နေပြီ....ကျွန်တော့်ကို မလိုချင်ဘူးလို့ မငြင်းလိုက်ပါနဲ့...."
နီရဲနေတဲ့ နှုတ်ခမ်းဖျားကနေ လျှံကျလာတဲ့ အသနားခံမှုတွေက ကျိုးရိကျယ်ရဲ့ နှလုံးသားကို ဆွဲကိုင်လှုပ်ရမ်းနေသည့်နှယ်....
ဒီလူငယ်လေးက ဆွဲဆောင်မှုရှိပြီး လှပချိုသာတဲ့အသံနဲ့ နားထောင်ကောင်းတဲ့စကားတွေ ပြောတတ်တယ်....ဒါတွေကညအစကနေအဆုံးထိ ကျိုးရိကျယ်ကို ပိတ်လှောင်ထားပစ်မယ့် အနက်ရောင်ပိုက်ကွန်တွေပါပဲ....အသက်ရှူရခက်ခဲတဲ့အထိ မွန်းကြပ်နေပြီ....
စိတ်ခံစားချက်ဟူသမျှကို ဖုံးကွယ်ထားရတာကို နှစ်ခြိုက်သူတစ်ယောက်က အခုဆို နာကျင်ရတဲ့ခံစားချက်ကို အရှင်းသား လှစ်ဟပြသနေခဲ့ပြီဖြစ်တယ်....
ရှုပ်ယှက်ခတ်နေတဲ့ ခံစားချက်တွေကို ကျိုးရိကျယ် မထိန်းညှိချင်တော့ဘူး...
ကျိုးရိကျယ်က ရှဲ့ဟယ်ကို ဆိုဖာပေါ် ညှင်သာဟွာတွန်းလှဲလိုက်တယ်။သူ့တစ်ကိုယ်လုံကနေ ဖိနှိပ်လွှမ်းမိုးလိုတဲ့ အရှိန်အဝါတွေ ထိန်းမရအောင် ပေါ်ထွက်လာတယ်။ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေထဲမှာ ပျော်ရွှင်မှုအရိပ်အယောင်တွေ တောက်ပလာတယ်။ဒါဆို ကျိုးရိကျယ်ကလဲ သူ့ကိုလိုချင်နေတယ်ပေါ့....ဟုတ်တယ်မလား??
ရုတ်တရက် လက်တွေကို ချည်နှောင်ခံရသလိုခံစားလိုက်ရတယ်။ကျိုးရိကျယ်က ရှဲ့ဟယ်ရဲ့ လက်တွေကို ညအိတ်ဝတ်စုံနဲ့ ချည်နှောင်လိုက်ပြီး ရေချိုးခန်းထဲကို ဝင်သွားခဲ့တယ်။
ခဏလောက်ထပ်နေမိတာနဲ့ ထိန်းချုပ်နိုင်စွမ်းတွေပျောက်ရှပြီး ဒီလူငယ်လေးကို နာကျင်အောင်လုပ်မိတော့မယ်....
ဒီတစ်ကြိမ်မှာ ကျိုးရိကျယ် ရေအကြာကြီးချိုးခဲ့ရတယ်။အလိုဆန္ဒတွေကို ဖိနှိပ်ဖို့ ခွန်အားတွေအများကြီးသုံးခဲ့ရတယ်....ရေခဲတစ်မျှအေးစက်နေတဲ့ရေတွေကြောင့် ဆင်ခြင်တုံတရားတွေ နေရာမှန်ပြန်ရောက်လာခဲ့ပြီဖြစ်တယ်...တင်းကြပ်တဲ့ထိန်းချုပ်မှုကြောင့် တဖြည်းဖြည်း တည်ငြိမ်နေခဲ့ပါပြီ...သူက ဒီဆက်ဆံရေးမှာ အသာစီးရနေသူတစ်ယောက်ဖြစ်တဲ့အတွက် ဒီထက့်ပိုပြီး သည်းခံနိုင်မှဖြစ်မယ်...ဒီလူငယ်လေးကို စိတ်ဒဏ်ရာထပ်မပေးမိဖို့ လုပ်သင့်လုပ်ထိုက်တာမှန်သမျှ လုပ်ရပါလိမ့်မယ်...
ရေချိုးခန်းထဲကထွက်လာချိန်မှာ သူထားခဲ့တဲ့အတိုင်း နေရာမရွေ့သေးဘဲ ဒီအတိုင်းနေနေတဲ့ ကောင်လေးကို ကျိုးရိကျယ် ဆွဲယူပွေ့ဖက်လိုက်ပြီး ကောင်လေးရဲ့ ကြောက်ရွံ့ထိတ်လန့်နေတဲ့ မျက်ဝန်းတွေကို စိုက်ကြည့်လိုက်တယ်။
ဒီအကြည့်တွေက ကျိုးရိကျယ်ရဲ့ နှလုံးသားကို တစ်စုံတစ်ခုနဲ့ ထိုးနှက်တူးဆွနေသလို နာကျင်စေတယ်။အတတ်နိုင်ဆုံး ချိုမြိန်အောင်ပြုံးပြပြီး လေသံအေးအေးနဲ့.....
"စိတ်ကူးတွေရိုင်းမနေနဲ့...ကိုယ် မင်းကို မလိုချင်တာမဟုတ်ဘူး...မင်းရဲ့ခန္ဓာကိုယ်က အပြည့်အဝမသက်သာသေးဘူးလေ...အဲ့တာကြောင့် သက်သာမယ့်အချိန်ကိုစောင့်နေတာ..."
"ကျွန်တော်..."
ရှဲ့ဟယ်တစ်ခုခုပြောချင်နေပေမယ့် ကျိုးရိကျယ်က ခေါင်းငုံ့ပြီး ရှဲ့ဟယ်ကို မျက်နှာတွေနီမြန်းပြီး အသက်ရှူရခက်တဲ့အထိ နမ်းရှိုက်လိုက်တယ်။
"ကိုယ့်ကို မယုံဘူးလား?"မင်းဘက်က လိမ်လိမ်မာမာနဲ့ ပြောစကားနားထောင်နေသ၍ ကိုယ် ဘက်က မင်းကို လိုချင်နေမှာပါ..."
ထုတ်မပြောဖြစ်လိုက်တဲ့စကားတွေကို တွေးပြီးကျိုးရိကျယ်ရယ်လိုက်မိတယ်...
//မင်းဘက်က နာခံမှုမရှိတော့ရင်လဲရတယ်...ကိုယ့်ကိုမုန်းနေလဲ ရတယ်....ကိုယ်ကတော့ မင်းကို လိုချင်နေတုန်းပါပဲ....//
ရှဲ့ဟယ်က ကျိုးရိကျယ်ရဲ့ စကားတွေ မှန်သလား မှားသလားဆိုတာ စစ်ဆေးဖို့ ပြူးကြောင်ကြောင်နဲ့ ငေးကြည့်နေတယ်။
အချိန်တစ်ခုကြာမြင့်ပြီးချိန်မှာ....စိတ်သက်သာရာရသွားသည့်နှယ် ကျိုးရိကျယ်ရဲ့စကားတွေကို ချွင်းချက်မရှိယုံကြည်လိုက်ပြီဖြစ်တယ်...ရှဲ့ဟယ်က ကျိုးရိကျယ်ဆီကနေ မျက်နှာသာအပေးခံချင်သလိုပုံမျိုးနဲ့....
"တောင်းပန်ပါတယ်... ကျွန်တော် ခင်ဗျား ကို သံသယမဝင်လိုက်သင့်ဘူး....အခုချိန်ကစပြီး ခင်ဗျားကို အမြဲယုံကြည်ပါတော့မယ်...."
[တင်းတောင်...နှစ်သက်မှု 1မှတ်ထပ်တိုးပါတယ်...စုစုပေါင်း 96မှတ်ပါ...]
ကျိုးရိကျယ် သက်ပြင်းချလိုက်ပြီး ရှဲ့ဟယ်ရဲ့လက်က ချည်နှောင်ထားတာတွေကို ဖြည်ပေးလိုက်တယ်။ ဒီကောင်လေးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတဲ့အထိ ရင်ခွင်ထဲထည့်ပြီး ဖက်ထားပေးခဲ့တယ်။ဒီကောင်လေး အိပ်နေတာကို ကျိုးရိကျယ် တစိမ့်စိမ့်ထိုင်ကြည့်နေခဲ့တယ်။ဒီကောင်လေးက တစ်ခါတစ်ရံမျက်မှောင်ကြုံ့ပြီး အိပ်မက်ဆိုးတွေကြောင့် ယောင်ယမ်းညီးတွားနေတတ်ပြန်တယ်....
ဒီကောင်လေး သူ့အပေါ် စစ်မှန်ရဲ့လား....
ကျိုးရိအန်ကို ကာကွယ်ပေးချင်စိတ်တစ်ခုတည်းကြောင့် ဒီကောင်လေးက သူ့အပေါ်မှာ အခုလို ဟန်ဆောင်နေခြင်းဖြစ်တယ်။ကျိုးနွံ့နာခံမှုတွေအကုန်လုံးက ကျိုးရိအန်အတွက်တဲ့.... ကျိုးရိကျယ် ဒီရလဒ်ကိုကြိုတင်မှန်းထားခဲ့ဖူးတဲ့အပြင် လက်ခံနိူင်မယ်လို့လဲ ယုံကြည်ချက်ရှိခဲ့တယ်.. တကယ်.တမ်းကျတော့ လက်ခံနိုင်တယ်ဆိုပြီး သူ့ကိုယ်သူလှည့်စားနေခဲ့ခြင်းသာဖြစ်တယ်....
ဒီနေ့ ရှဲ့ဟယ်က သူ့အပေါ်အဝတ်ဗလာနဲ့ ကုပ်ကတ်တက်လာပြီးမြှူစွယ်လိုက်ချိန်မှာ သူ့နှလုံးသားတစ်ခုလုံး ကွဲကြေသွားမတတ်ခံစားလိုက်ရတယ်။ဒီနာကျင်မှုက အသက်ရှူရပ်လောက်တဲ့အထိ ပြင်းထန်စူးရှလွန်းပါတယ်.....
သူလိုချင်ခဲ့တာ ဒါမျိုးမဟုတ်ဘူး....
………………………… …………………………
နေ့ရက်အချို့ကုန်လွန်ခဲ့လေပြီ.....
အရင်နေ့တွေတုန်းကအတိုင်း ကျိုးရိကျယ်ရဲ့ရင်ခွင်ထဲကနေ ရှဲ့ဟယ်နိုးထလာရပြန်တယ်....ဒီနေ့တော့ ကျိုးရိကျယ်က အိပ်ယာထဲကနေ ထွက်ဖို့အစီအစဉ်ရှိပုံမရဘူး....သာမာန်ချစ်သူစုံတွဲတွေလို အိပ်ယာထဲမှာ အီစီကလီရိုက်ဖို့ ကျိုးရိကျယ်က ရှဲ့ဟယ်ကို သိမ်းသွင်းနေတယ်....
"နည်းနည်းထပ်ပြီး အိပ်ချင်သေးလား?"
ကျိုးရိကျယ်က ရှဲ့ဟယ်ကို သိမ်းကြုံးပွေ့ဖက်ပြီး တရှုံ့ရှုံ့နဲ့ ရှဲ့ဟယ်ရဲ့ ကိုယ်သင်းနံ့ကိုရှူရှိုက်နေတယ်။
"အမ်..."
ရှဲ့ဟယ်က မျက်လုံးလေးမှိတ်တုတ်မှိတ်တုတ်နဲ့ အသံပြုလိုက်တယ်။
"ဒီနေ့အပြင်သွားကြမလား??ကိုယ့်သူငယ်ချင်းတွေက အပြင်မှာတွေ့ဖို့ချိန်းထားတယ်....မင်းလဲ အိမ်ထဲမှာနေရတာကြာတော့ပျင်းနေပြီမလား?"
"အင်း..."
ကျိုးရိကျယ်ရဲ့အဆိုပြုချက်မှန်သမျှကို ရှဲ့ဟယ်ငြင်းဆန်မှာမဟုတ်ဘူး....
ရှဲ့ဟယ်ကို ကျိုးရိကျယ်နားလည်တယ်...ဒါ့ကြောင့် တောင်းဆိုမှုတွေရှိလာတိုင်း ရှဲ့ဟယ်အတွက် အမြဲတမ်းစေ့စေ့စပ်စပ်စဉ်းစားပေးခဲ့တယ်...ရှဲ့ဟယ်အတွက် အဆင်ပြေမပြေဆိုတာ ဉီးစားပေးစဉ်းစားဖြစ်တယ်....ဟုတ်တာပေါ့....ဒီကောင်လေးက အဆင်မပြေတာကို ဘယ်တုန်းကများထုတ်ပြောဖူးလို့လဲ??
ကျိုးရိကျယ်ကိုယ်တိုင် ရှဲ့ဟယ်ကို အဝတ်အစားဝတ်ပေးတယ်...ကိုယ်တိုင် ဖိနပ်စီးပေးတယ်။
"သွားကြစို့..."
မြို့ပြင်မှာရှိတဲ့ လူသူကင်းမဲ့နေတဲ့ နေရာတစ်ခုမှာ ချိန်းဆိုထားကြခြင်းဖြစ်တယ်။ချမ်းသာကြွယ်ဝတဲ့ ဒုတိယမျိုးဆက်သခင်လေးတွေက သနတ်ပစ်တာတို့ အမဲလိုက်တာတို့ကို ဝါသနာပါကြတယ်...ကျိုးရိကျယ်က ဒီလိုချိန်းဆိုမှုတွေကိုမသွားဖြစ်ခဲ့တာကြာနေပြီ...မျိုးဆက်ခြင်းတူပေမယ့် ကျိုးရိကျယ်က တခြားသူတွေထက် ပိုရင့်ကျက်တယ်ဆိုရမလားပဲ...တခြားသူတွေ မိန်းမတရုန်းရုန်း၊ပြိုင်ကားတဝီဝီဖြစ်နေချိန်မှာ ကျိုးရိကျယ်က အရေးကြီးတဲ့ အခန်းကဏ္ဍကနေ အစည်းဝေးတွေတက်နေရပြီလေ....
ဒါ့ကြောင့် မမျှော်လင့်ဘဲ ကျိုးရိကျယ်ရောက်ချလာချိန်မှာ အကုန်လုံး မှင်သက်နေကြတယ်။သိပ်မကြာခင်မှာပဲ...ကျိုးကော...ကျိုးတာ့ကော...ဆိုတဲ့ခေါ်သံတွေစီစီညံကုန်ပါလေရော....
ဒီအခြေနေက ရှဲ့ဟယ်ကို နေရထိုင်ရခက်စေခဲ့တယ်။ဒီအခြေနေကနေ သူ့ကိုယ်သူ ကာကွယ်ဖို့နည်းလမ်းတစ်ခုမြန်မြန်စဉ်းစားလိုက်တယ်....အိမ်မှာနေသလိုကျိုးရိကျယ်ရဲ့ဘေးမှာ မှီနွဲ့လိုက်တဲ့အခါ အကုန်လုံးအသံတွေတိပ်ကုန်ပြီး သူတို့နှစ်ယောက်ကို ကြည့်နေကြတယ်။
ကျိုးရိကျယ်က ဒီလူတွေအကုန်လုံးရဲ့အကြည့်ကို ကျေနပ်နေတဲ့အမူအရာနဲ့တုန့်ပြန်လိုက်တယ်။ဒီကိုရောက်လာပေမယ့် တခြားသူတွေနဲ့မပူးပေါင်းပဲ ရှဲ့ဟယ်အနားမှာ ကပ်ပြီး ဗိုက်ဆာနေပြီလား...ရေသောက်ဉီးမလား....စတဲ့ ရည်းစားကောင်းတစ်ယောက်ရဲ့ဝတ္တရားတွေကို ကျေပွန်စွာထမ်းဆောင်နေခဲ့တယ်။
ကျိုးရိကျယ်ရဲ့အပြုအမူတွေက လူတိုင်းရဲ့အာရုံကိုဖမ်းစားသွားခဲ့တယ်။ရှဲ့ဟယ်ကို ကြည့်တဲ့အကြည့်တွေပြောင်းလဲသွားကြပြီ....သူတို့အသိုင်းအဝိုင်းမှာ ကျိုးရိကျယ်က ဒီကောင်လေးကို ပွဲထုတ်ခဲ့တယ်ဆိုတော့ ဒီကောင်လေးကို ကျိုးရိကျယ် အမှန်တကယ်ချစ်မိသွားတာများလား??
ရှဲ့ဟယ်ကတော့ဘာကိုမှဂရုစိုက်မနေဘဲ...ကျိုးရိကျယ် တိုက်ရင် သောက်လိုက်တယ်...ကျွေးရင် စားလိုက်တယ်....ဒီလိုအပေးယူမျှနေမှုကြောင့် အချိန်နဲ့အမျှပျော်ရွင်ကျေနပ်လာသလိုခံစားနေရတယ်။
သူတို့အတွဲက တခြားသူတွေကို တနင့်တပိုးခွေးစာကျွေးနေခဲ့တယ်....
ထိုအချိန်မှာ ရင်းနှီးကျွမ်းဝင်နေတဲ့ အသံတစ်ခုကိုကြားလိုက်ရတာကြောင့် သတိမထားမိလိုက်ခင်မှာတင် ရှဲ့ဟယ် ရဲ့ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီသွားခဲ့တယ်။
"ကော...အခုလိုရောက်လာတာကြုံရခဲတယ်..."
ကျိုးရိအန်က သာမာန်ပေါ့ပါးတဲ့အဝတ်တွေကို ဝတ်ဆင်ထားတယ်။တောင်တက်လာတာကြောင့် ရင်ဘတ်တစ်ခုလုံးချွေးတွေစိုရွှဲနေတယ်။နေရောင်ခြည်လို တောက်ပနေတဲ့မျက်နှာပေါ်မှာ ယုံကြည်မှုတွေပြည့်နှက်နေတယ်။
"ကျွန်တော်တို့နဲ့အတူ ပူးပေါင်းလိုက်ပါလား?"
ကျိုးရိကျယ်က ကျိုးရိအန်ကို အေးတိအေးစက်ကြည့်လိုက်တယ်...အကုန်လုံးက ငြင်းမယ်လို့ထင်နေချိန်မှာ....
"သေချာတာပေါ့..."
ကျိုးရိအန်ကိုကြည့်ရတာ ပျော်သွားပုံရတယ်။သူ့ရဲ့အကြည့်တွေရှဲ့ဟယ်ဆီရောက်သွားချိန်မှာ မျက်ခုံးပင့်လိုက်ပြီး...
"မရီးလဲအတူပါလာတာကိုးး"
"ဟုတ်တယ်.."
ကျိုးရိကျယ်ရဲ့ အကြည့်တွေလေးနက်နေတယ်။
ကျိုးရိအန်က တဖြည်းဖြည်းချင်း နှစ်လိုဖွယ်ကောင်းအောင်ပြုံးပြလိုက်ပြီး...
"လောင်းကြေးမပါရင်ပျော်ဖို့မကောင်းဘူး...မရီးကိုလောင်းကြေးထပ်ကြမယ်လေ...ဒီနေ့အနိုင်ရတဲ့သူနဲ့ မရီးလိုက်သွားရမယ်...ကော..ဒီအကြံပြုချက်ကိုဘယ်လိုထင်လဲ??"
[TN:ကျိုးရိအန်ရေ..အသည်းကွဲနေတယ်ဆိုလဲ ငါ့ဆီသာလာခဲ့...ပဒူအုံစုံတွဲကို တုတ်နဲ့သွားထိုးမနေနဲ့😩]
Zawgyi
"ခင္ဗ်ား ကြၽန္႔ေတာ္႕ခႏၶာကိုယ္ကို အရမ္းသေဘာက်တယ္မလား??"
႐ွဲ႕ဟယ္ ခပ္ေဖ်ာ့ေဖ်ာ့ျပဳံးျပလိုက္တယ္။က်ိဳးရိက်ယ္ရဲ႕လက္ေတြကို လွမ္းဆြဲလိုက္ၿပီး ရမက္ခိုးေတြေဝနဲ႔အသံခပ္အက္အက္နဲ႔....
"ကြၽန္ေတာ့္ခႏၵာကိုယ္ကလဲ ခင္ဗ်ားရဲ႕ အထိေတြ႕ေတြကို သေဘာက်တယ္တဲ့...ကြၽန္ေတာ့္ခႏၶာကိုယ္ကခင္ဗ်ားကို လိုအပ္ေနၿပီ....ကြၽန္ေတာ္႕ကို မလိုခ်င္ဘူးလို႔ မျငင္းလိုက္ပါနဲ႔...."
နီရဲေနတဲ့ ႏႈတ္ခမ္းဖ်ားကေန လွ်ံက်လာတဲ့ အသနားခံမႈေတြက က်ိဳးရိက်ယ္ရဲ႕ ႏွလုံးသားကို ဆြဲကိုင္လႈပ္ရမ္းေနသည့္ႏွယ္....
ဒီလူငယ္ေလးက ဆြဲေဆာင္မႈ႐ွိၿပီး လွပခ်ိဳသာတဲ့အသံနဲ႔ နားေထာင္ေကာင္းတဲ့စကားေတြ ေျပာတတ္တယ္....ဒါေတြကညအစကေနအဆုံးထိ က်ိဳးရိက်ယ္ကို ပိတ္ေလွာင္ထားပစ္မယ့္ အနက္ေရာင္ပိုက္ကြန္ေတြပါပဲ....အသက္႐ွဴရခက္ခဲတဲ့အထိ မြန္းၾကပ္ေနၿပီ....
စိတ္ခံစားခ်က္ဟူသမွ်ကို ဖုံးကြယ္ထားရတာကို ႏွစ္ၿခိဳက္သူတစ္ေယာက္က အခုဆို နာက်င္ရတဲ့ခံစားခ်က္ကို အ႐ွင္းသား လွစ္ဟျပသေနခဲ့ၿပီျဖစ္တယ္....
႐ႈပ္ယွက္ခတ္ေနတဲ့ ခံစားခ်က္ေတြကို က်ိဳးရိက်ယ္ မထိန္းညႇိခ်င္ေတာ့ဘူး...
က်ိဳးရိက်ယ္က ႐ွဲ႕ဟယ္ကို ဆိုဖာေပၚ ညႇင္သာဟြာတြန္းလွဲလိုက္တယ္။သူ႕တစ္ကိုယ္လုံကေန ဖိႏွိပ္လႊမ္းမိုးလိုတဲ့ အ႐ွိန္အဝါေတြ ထိန္းမရေအာင္ ေပၚထြက္လာတယ္။႐ွဲ႕ဟယ္ရဲ႕ မ်က္ဝန္းေတြထဲမွာ ေပ်ာ္႐ႊင္မႈအရိပ္အေယာင္ေတြ ေတာက္ပလာတယ္။ဒါဆို က်ိဳးရိက်ယ္ကလဲ သူ႕ကိုလိုခ်င္ေနတယ္ေပါ့....ဟုတ္တယ္မလား??
႐ုတ္တရက္ လက္ေတြကို ခ်ည္ေႏွာင္ခံရသလိုခံစားလိုက္ရတယ္။က်ိဳးရိက်ယ္က ႐ွဲ႕ဟယ္ရဲ႕ လက္ေတြကို ညအိတ္ဝတ္စုံနဲ႔ ခ်ည္ေႏွာင္လိုက္ၿပီး ေရခ်ိဳးခန္းထဲကို ဝင္သြားခဲ့တယ္။
ခဏေလာက္ထပ္ေနမိတာနဲ႔ ထိန္းခ်ဳပ္ႏိုင္စြမ္းေတြေပ်ာက္႐ွၿပီး ဒီလူငယ္ေလးကို နာက်င္ေအာင္လုပ္မိေတာ့မယ္....
ဒီတစ္ႀကိမ္မွာ က်ိဳးရိက်ယ္ ေရအၾကာႀကီးခ်ိဳးခဲ့ရတယ္။အလိုဆႏၵေတြကို ဖိႏွိပ္ဖို႔ ခြန္အားေတြအမ်ားႀကီးသုံးခဲ့ရတယ္....ေရခဲတစ္မွ်ေအးစက္ေနတဲ့ေရေတြေၾကာင့္ ဆင္ျခင္တုံတရားေတြ ေနရာမွန္ျပန္ေရာက္လာခဲ့ၿပီျဖစ္တယ္...တင္းၾကပ္တဲ့ထိန္းခ်ဳပ္မႈေၾကာင့္ တျဖည္းျဖည္း တည္ၿငိမ္ေနခဲ့ပါၿပီ...သူက ဒီဆက္ဆံေရးမွာ အသာစီးရေနသူတစ္ေယာက္ျဖစ္တဲ့အတြက္ ဒီထက့္ပိုၿပီး သည္းခံႏိုင္မွျဖစ္မယ္...ဒီလူငယ္ေလးကို စိတ္ဒဏ္ရာထပ္မေပးမိဖို႔ လုပ္သင့္လုပ္ထိုက္တာမွန္သမွ် လုပ္ရပါလိမ့္မယ္...
ေရခ်ိဳးခန္းထဲကထြက္လာခ်ိန္မွာ သူထားခဲ့တဲ့အတိုင္း ေနရာမေ႐ြ႕ေသးဘဲ ဒီအတိုင္းေနေနတဲ့ ေကာင္ေလးကို က်ိဳးရိက်ယ္ ဆြဲယူေပြ႕ဖက္လိုက္ၿပီး ေကာင္ေလးရဲ႕ ေၾကာက္႐ြံ႕ထိတ္လန္႔ေနတဲ့ မ်က္ဝန္းေတြကို စိုက္ၾကည့္လိုက္တယ္။
ဒီအၾကည့္ေတြက က်ိဳးရိက်ယ္ရဲ႕ ႏွလုံးသားကို တစ္စုံတစ္ခုနဲ႔ ထိုးႏွက္တူးဆြေနသလို နာက်င္ေစတယ္။အတတ္ႏိုင္ဆုံး ခ်ိဳၿမိန္ေအာင္ျပဳံးျပၿပီး ေလသံေအးေအးနဲ႔.....
"စိတ္ကူးေတြ႐ိုင္းမေနနဲ႔...ကိုယ္ မင္းကို မလိုခ်င္တာမဟုတ္ဘူး...မင္းရဲ႕ခႏၶာကိုယ္က အျပည့္အဝမသက္သာေသးဘူးေလ...အဲ့တာေၾကာင့္ သက္သာမယ့္အခ်ိန္ကိုေစာင့္ေနတာ..."
"ကြၽန္ေတာ္..."
႐ွဲ႕ဟယ္တစ္ခုခုေျပာခ်င္ေနေပမယ့္ က်ိဳးရိက်ယ္က ေခါင္းငုံ႔ၿပီး ႐ွဲ႕ဟယ္ကို မ်က္ႏွာေတြနီျမန္းၿပီး အသက္႐ွဴရခက္တဲ့အထိ နမ္း႐ိႈက္လိုက္တယ္။
"ကိုယ့္ကို မယုံဘူးလား?"မင္းဘက္က လိမ္လိမ္မာမာနဲ႔ ေျပာစကားနားေထာင္ေနသ၍ ကိုယ္ ဘက္က မင္းကို လိုခ်င္ေနမွာပါ..."
ထုတ္မေျပာျဖစ္လိုက္တဲ့စကားေတြကို ေတြးၿပီးက်ိဳးရိက်ယ္ရယ္လိုက္မိတယ္...
//မင္းဘက္က နာခံမႈမ႐ွိေတာ့ရင္လဲရတယ္...ကိုယ့္ကိုမုန္းေနလဲ ရတယ္....ကိုယ္ကေတာ့ မင္းကို လိုခ်င္ေနတုန္းပါပဲ....//
႐ွဲ႕ဟယ္က က်ိဳးရိက်ယ္ရဲ႕ စကားေတြ မွန္သလား မွားသလားဆိုတာ စစ္ေဆးဖို႔ ျပဴးေၾကာင္ေၾကာင္နဲ႔ ေငးၾကည့္ေနတယ္။
အခ်ိန္တစ္ခုၾကာျမင့္ၿပီးခ်ိန္မွာ....စိတ္သက္သာရာရသြားသည့္ႏွယ္ က်ိဳးရိက်ယ္ရဲ႕စကားေတြကို ခြၽင္းခ်က္မ႐ွိယုံၾကည္လိုက္ၿပီျဖစ္တယ္...႐ွဲ႕ဟယ္က က်ိဳးရိက်ယ္ဆီကေန မ်က္ႏွာသာအေပးခံခ်င္သလိုပုံမ်ိဳးနဲ႔....
"ေတာင္းပန္ပါတယ္... ကြၽန္ေတာ္ ခင္ဗ်ား ကို သံသယမဝင္လိုက္သင့္ဘူး....အခုခ်ိန္ကစၿပီး ခင္ဗ်ားကို အၿမဲယုံၾကည္ပါေတာ့မယ္...."
[တင္းေတာင္...ႏွစ္သက္မႈ 1မွတ္ထပ္တိုးပါတယ္...စုစုေပါင္း 96မွတ္ပါ...]
က်ိဳးရိက်ယ္ သက္ျပင္းခ်လိုက္ၿပီး ႐ွဲ႕ဟယ္ရဲ႕လက္က ခ်ည္ေႏွာင္ထားတာေတြကို ျဖည္ေပးလိုက္တယ္။ ဒီေကာင္ေလးႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားတဲ့အထိ ရင္ခြင္ထဲထည့္ၿပီး ဖက္ထားေပးခဲ့တယ္။ဒီေကာင္ေလး အိပ္ေနတာကို က်ိဳးရိက်ယ္ တစိမ့္စိမ့္ထိုင္ၾကည့္ေနခဲ့တယ္။ဒီေကာင္ေလးက တစ္ခါတစ္ရံမ်က္ေမွာင္ၾကဳံ႕ၿပီး အိပ္မက္ဆိုးေတြေၾကာင့္ ေယာင္ယမ္းညီးတြားေနတတ္ျပန္တယ္....
ဒီေကာင္ေလး သူ႕အေပၚ စစ္မွန္ရဲ႕လား....
က်ိဳးရိအန္ကို ကာကြယ္ေပးခ်င္စိတ္တစ္ခုတည္းေၾကာင့္ ဒီေကာင္ေလးက သူ႕အေပၚမွာ အခုလို ဟန္ေဆာင္ေနျခင္းျဖစ္တယ္။က်ိဳးႏြံ႕နာခံမႈေတြအကုန္လုံးက က်ိဳးရိအန္အတြက္တဲ့.... က်ိဳးရိက်ယ္ ဒီရလဒ္ကိုႀကိဳတင္မွန္းထားခဲ့ဖူးတဲ့အျပင္ လက္ခံႏိူင္မယ္လို႔လဲ ယုံၾကည္ခ်က္႐ွိခဲ့တယ္.. တကယ္.တမ္းက်ေတာ့ လက္ခံႏိုင္တယ္ဆိုၿပီး သူ႕ကိုယ္သူလွည့္စားေနခဲ့ျခင္းသာျဖစ္တယ္....
ဒီေန႔ ႐ွဲ႕ဟယ္က သူ႕အေပၚအဝတ္ဗလာနဲ႔ ကုပ္ကတ္တက္လာၿပီးျမႇဴစြယ္လိုက္ခ်ိန္မွာ သူ႕ႏွလုံးသားတစ္ခုလုံး ကြဲေၾကသြားမတတ္ခံစားလိုက္ရတယ္။ဒီနာက်င္မႈက အသက္႐ွဴရပ္ေလာက္တဲ့အထိ ျပင္းထန္စူး႐ွလြန္းပါတယ္.....
သူလိုခ်င္ခဲ့တာ ဒါမ်ိဳးမဟုတ္ဘူး....
………………………… …………………………
ေန႔ရက္အခ်ိဳ႕ကုန္လြန္ခဲ့ေလၿပီ.....
အရင္ေန႔ေတြတုန္းကအတိုင္း က်ိဳးရိက်ယ္ရဲ႕ရင္ခြင္ထဲကေန ႐ွဲ႕ဟယ္ႏိုးထလာရျပန္တယ္....ဒီေန႔ေတာ့ က်ိဳးရိက်ယ္က အိပ္ယာထဲကေန ထြက္ဖို႔အစီအစဥ္႐ွိပုံမရဘူး....သာမာန္ခ်စ္သူစုံတြဲေတြလို အိပ္ယာထဲမွာ အီစီကလီ႐ိုက္ဖို႔ က်ိဳးရိက်ယ္က ႐ွဲ႕ဟယ္ကို သိမ္းသြင္းေနတယ္....
"နည္းနည္းထပ္ၿပီး အိပ္ခ်င္ေသးလား?"
က်ိဳးရိက်ယ္က ႐ွဲ႕ဟယ္ကို သိမ္းၾကဳံးေပြ႕ဖက္ၿပီး တ႐ႈံ႕႐ႈံ႕နဲ႔ ႐ွဲ႕ဟယ္ရဲ႕ ကိုယ္သင္းနံ႔ကို႐ွဴ႐ိႈက္ေနတယ္။
"အမ္..."
႐ွဲ႕ဟယ္က မ်က္လုံးေလးမွိတ္တုတ္မွိတ္တုတ္နဲ႔ အသံျပဳလိုက္တယ္။
"ဒီေန႔အျပင္သြားၾကမလား??ကိုယ့္သူငယ္ခ်င္းေတြက အျပင္မွာေတြ႕ဖို႔ခ်ိန္းထားတယ္....မင္းလဲ အိမ္ထဲမွာေနရတာၾကာေတာ့ပ်င္းေနၿပီမလား?"
"အင္း..."
က်ိဳးရိက်ယ္ရဲ႕အဆိုျပဳခ်က္မွန္သမွ်ကို ႐ွဲ႕ဟယ္ျငင္းဆန္မွာမဟုတ္ဘူး....
႐ွဲ႕ဟယ္ကို က်ိဳးရိက်ယ္နားလည္တယ္...ဒါ့ေၾကာင့္ ေတာင္းဆိုမႈေတြ႐ွိလာတိုင္း ႐ွဲ႕ဟယ္အတြက္ အၿမဲတမ္းေစ့ေစ့စပ္စပ္စဥ္းစားေပးခဲ့တယ္...႐ွဲ႕ဟယ္အတြက္ အဆင္ေျပမေျပဆိုတာ ဉီးစားေပးစဥ္းစားျဖစ္တယ္....ဟုတ္တာေပါ့....ဒီေကာင္ေလးက အဆင္မေျပတာကို ဘယ္တုန္းကမ်ားထုတ္ေျပာဖူးလို႔လဲ??
က်ိဳးရိက်ယ္ကိုယ္တိုင္ ႐ွဲ႕ဟယ္ကို အဝတ္အစားဝတ္ေပးတယ္...ကိုယ္တိုင္ ဖိနပ္စီးေပးတယ္။
"သြားၾကစို႔..."
ၿမိဳ႕ျပင္မွာ႐ွိတဲ့ လူသူကင္းမဲ့ေနတဲ့ ေနရာတစ္ခုမွာ ခ်ိန္းဆိုထားၾကျခင္းျဖစ္တယ္။ခ်မ္းသာႂကြယ္ဝတဲ့ ဒုတိယမ်ိဳးဆက္သခင္ေလးေတြက သနတ္ပစ္တာတို႔ အမဲလိုက္တာတို႔ကို ဝါသနာပါၾကတယ္...က်ိဳးရိက်ယ္က ဒီလိုခ်ိန္းဆိုမႈေတြကိုမသြားျဖစ္ခဲ့တာၾကာေနၿပီ...မ်ိဳးဆက္ျခင္းတူေပမယ့္ က်ိဳးရိက်ယ္က တျခားသူေတြထက္ ပိုရင့္က်က္တယ္ဆိုရမလားပဲ...တျခားသူေတြ မိန္းမတ႐ုန္း႐ုန္း၊ၿပိဳင္ကားတဝီဝီျဖစ္ေနခ်ိန္မွာ က်ိဳးရိက်ယ္က အေရးႀကီးတဲ့ အခန္းက႑ကေန အစည္းေဝးေတြတက္ေနရၿပီေလ....
ဒါ့ေၾကာင့္ မေမွ်ာ္လင့္ဘဲ က်ိဳးရိက်ယ္ေရာက္ခ်လာခ်ိန္မွာ အကုန္လုံး မွင္သက္ေနၾကတယ္။သိပ္မၾကာခင္မွာပဲ...က်ိဳးေကာ...က်ိဳးတာ့ေကာ...ဆိုတဲ့ေခၚသံေတြစီစီညံကုန္ပါေလေရာ....
ဒီအေျခေနက ႐ွဲ႕ဟယ္ကို ေနရထိုင္ရခက္ေစခဲ့တယ္။ဒီအေျခေနကေန သူ႕ကိုယ္သူ ကာကြယ္ဖို႔နည္းလမ္းတစ္ခုျမန္ျမန္စဥ္းစားလိုက္တယ္....အိမ္မွာေနသလိုက်ိဳးရိက်ယ္ရဲ႕ေဘးမွာ မွီႏြဲ႕လိုက္တဲ့အခါ အကုန္လုံးအသံေတြတိပ္ကုန္ၿပီး သူတို႔ႏွစ္ေယာက္ကို ၾကည့္ေနၾကတယ္။
က်ိဳးရိက်ယ္က ဒီလူေတြအကုန္လုံးရဲ႕အၾကည့္ကို ေက်နပ္ေနတဲ့အမူအရာနဲ႔တုန္႔ျပန္လိုက္တယ္။ဒီကိုေရာက္လာေပမယ့္ တျခားသူေတြနဲ႔မပူးေပါင္းပဲ ႐ွဲ႕ဟယ္အနားမွာ ကပ္ၿပီး ဗိုက္ဆာေနၿပီလား...ေရေသာက္ဉီးမလား....စတဲ့ ရည္းစားေကာင္းတစ္ေယာက္ရဲ႕ဝတၱရားေတြကို ေက်ပြန္စြာထမ္းေဆာင္ေနခဲ့တယ္။
က်ိဳးရိက်ယ္ရဲ႕အျပဳအမူေတြက လူတိုင္းရဲ႕အာ႐ုံကိုဖမ္းစားသြားခဲ့တယ္။႐ွဲ႕ဟယ္ကို ၾကည့္တဲ့အၾကည့္ေတြေျပာင္းလဲသြားၾကၿပီ....သူတို႔အသိုင္းအဝိုင္းမွာ က်ိဳးရိက်ယ္က ဒီေကာင္ေလးကို ပြဲထုတ္ခဲ့တယ္ဆိုေတာ့ ဒီေကာင္ေလးကို က်ိဳးရိက်ယ္ အမွန္တကယ္ခ်စ္မိသြားတာမ်ားလား??
႐ွဲ႕ဟယ္ကေတာ့ဘာကိုမွဂ႐ုစိုက္မေနဘဲ...က်ိဳးရိက်ယ္ တိုက္ရင္ ေသာက္လိုက္တယ္...ေကြၽးရင္ စားလိုက္တယ္....ဒီလိုအေပးယူမွ်ေနမႈေၾကာင့္ အခ်ိန္နဲ႔အမွ်ေပ်ာ္႐ြင္ေက်နပ္လာသလိုခံစားေနရတယ္။
သူတို႔အတြဲက တျခားသူေတြကို တနင့္တပိုးေခြးစာေကြၽးေနခဲ့တယ္....
ထိုအခ်ိန္မွာ ရင္းႏွီးကြၽမ္းဝင္ေနတဲ့ အသံတစ္ခုကိုၾကားလိုက္ရတာေၾကာင့္ သတိမထားမိလိုက္ခင္မွာတင္ ႐ွဲ႕ဟယ္ ရဲ႕ခႏၶာကိုယ္တစ္ခုလုံးတုန္ရီသြားခဲ့တယ္။
"ေကာ...အခုလိုေရာက္လာတာၾကဳံရခဲတယ္..."
က်ိဳးရိအန္က သာမာန္ေပါ့ပါးတဲ့အဝတ္ေတြကို ဝတ္ဆင္ထားတယ္။ေတာင္တက္လာတာေၾကာင့္ ရင္ဘတ္တစ္ခုလုံးေခြၽးေတြစို႐ႊဲေနတယ္။ေနေရာင္ျခည္လို ေတာက္ပေနတဲ့မ်က္ႏွာေပၚမွာ ယုံၾကည္မႈေတြျပည့္ႏွက္ေနတယ္။
"ကြၽန္ေတာ္တို႔နဲ႔အတူ ပူးေပါင္းလိုက္ပါလား?"
က်ိဳးရိက်ယ္က က်ိဳးရိအန္ကို ေအးတိေအးစက္ၾကည့္လိုက္တယ္...အကုန္လုံးက ျငင္းမယ္လို႔ထင္ေနခ်ိန္မွာ....
"ေသခ်ာတာေပါ့..."
က်ိဳးရိအန္ကိုၾကည့္ရတာ ေပ်ာ္သြားပုံရတယ္။သူ႕ရဲ႕အၾကည့္ေတြ႐ွဲ႕ဟယ္ဆီေရာက္သြားခ်ိန္မွာ မ်က္ခုံးပင့္လိုက္ၿပီး...
"မရီးလဲအတူပါလာတာကိုးး"
"ဟုတ္တယ္.."
က်ိဳးရိက်ယ္ရဲ႕ အၾကည့္ေတြေလးနက္ေနတယ္။
က်ိဳးရိအန္က တျဖည္းျဖည္းခ်င္း ႏွစ္လိုဖြယ္ေကာင္းေအာင္ျပဳံးျပလိုက္ၿပီး...
"ေလာင္းေၾကးမပါရင္ေပ်ာ္ဖို႔မေကာင္းဘူး...မရီးကိုေလာင္းေၾကးထပ္ၾကမယ္ေလ...ဒီေန႔အႏိုင္ရတဲ့သူနဲ႔ မရီးလိုက္သြားရမယ္...ေကာ..ဒီအၾကံျပဳခ်က္ကိုဘယ္လိုထင္လဲ??"
[TN:က်ိဳးရိအန္ေရ..အသည္းကြဲေနတယ္ဆိုလဲ ငါ့ဆီသာလာခဲ့...ပဒူအုံစုံတြဲကို တုတ္နဲ႔သြားထိုးမေနနဲ႔😩]