နားခိုခွင့် /နားခိုခြင့္ {Com...

بواسطة naynway_216

577K 33K 907

ငယ်ငယ်လေးကတည်းက ပတ်ဝန်းကျင်ကြောင့် စိတ်ထဲမှာ နာကျင်မှုတွေပဲ ပြည့်နေခဲ့တဲ့မောင် ...။ ညီမလေးကို သူ့ကြောင့် ထပ်ဆ... المزيد

Hi
part (1)
part (2)
part (3)
part (4)
part (5)
part (6)
part (7)
part (8)
part (9)
part (10)
part (11)
hi
part (12)
part (13)
part (14)
part (15)
Sorry for updated
part (16)
part (17)
part (18)
part (19)
part (20)
part (21)
part (22)
part.(23)
beautiful 😍
part (25)
part (26)
updated
part (27)
part (28)
part (29)
part (30)
part (31)
part (32)
sorry for updated
part (33)
part (34)
part (35) End
Extra 🎄🎄🎄
New fic
Extra
Art

part (24)

14.5K 801 42
بواسطة naynway_216

Unicode

ထမင်းစားပြီး၍ လောင်းရိပ်က စာဖတ်ခန်းထဲသို့ ဝင်သွားသလို မောင်လည်း အိပ်ခန်းဆီသို့သာ ဦးတည်လိုက်သည် ။
မနက်က အနမ်းခံလိုက်ရသည့် ကိစ္စကြောင့် မျက်နှာပူနေသဖြင့် တစ်ယောက်နှင့်တစ်ယောက် မသိမသာ ရှောင်နေကြတာလည်း ပါသည် ။

ဒီနေ့ ပါလာတဲ့ အလုပ်က သိပ်တော့မများ ။

ကုတင်ပေါ်တွင် မောင် ကျကျနနထိုင်လိုက်ပြီး ဟိုစာရွက် ဒီဖိုင်ထဲပို့ ဒီစာရွက် ဟိုဖိုင်ထဲပို့ဖြင့် အလုပ်ရှုပ်နေပါသည် ။

မိုးက မသည်းသေးသဖြင့် မောင်၏ စိတ်တို့ တည်ငြိမ်နေပါသေး၏။
သို့သော် ထစ်ချုန်းလာသည့် မိုးခြိမ်းသံကြောင့် လူတစ်ကိုယ်လုံး.တုန်တက်သွားသည် ။
မိုးခြိမ်းသံကြားသည်နှင့် သူ ပထမဦးဆုံး သတိရမိသည်က မေ ။
မေနှင့်အတူ မေ့ကို ထားပစ်ခဲ့သော နေရာ၊မေ သေဆုံးမှုနှင့် မောင့်အပေါ် လူအများ၏ စက်ဆုပ်နေသည့် အကြည့်များ ၊ မိဘများ၏ အမုန်းမျက်လုံးများ အပါအဝင် မောင်ချစ်ရတဲ့ လောင်းရိပ်၏ နာကြည်းနေသည့် မျက်ဝန်များ စသည့် ဖြစ်စဥ်အားလုံးက ရုပ်ရှင်ပိတ်ကားကြီးပေါ်တွင် ပြနေသည့် ရုပ်ပုံများလို တစ်ခုပြီးတစ်ခု မောင့်ခေါင်းထဲမှာ နေရာယူလာတော့သည် ။
မိုးခြိမ်းသံများကြီးစိုးနေပြီး မိုးရွာသည့်ညက မောင့်အတွက်တော့ ငရဲတစ်ခုအလား....စိတ်အစဥ်တို့ ​ခြောက်ခြားရသည် ။

ကြီးမားကျယ်လောင်လှသည့် မိုးခြိမ်းသံကို ကြောက်သည် ။ ထိုအသံအား မကြားနိုင်စေရန် မောင် ပုန်းချင်သည် ။
မည်သူမှ မမြင်နိုင်သည့် နေရာဆို ပိုမှန်လိမ့်မည် ။
မောင်၏ စိတ်အစဥ်တို့က ကစဥ့်ကလျားမို့ အခန်းပတ်ဝန်းကျင်နေရာများအား ကောင်းကောင်း မမြင်နိုင်တော့ချေ။
ကုတင်ပေါ်မှ လူးလိမ့်၍ ပုန်းခိုးရမည့် နေရာကို လိိုက်ရှာရင်း ကုတင်ခြေရင်းကြမ်းပြင်ဆီသို့ သွားမိသည် ။
မောင့်ကိုယ်လုံးလေးက စောင်နဲ့ ကုတင်နဲ့ ကွယ်နေတာပဲလေ ။ ဘယ်သူမှ မမြင်နိုင်ပါဘူး ။

မောင်၏ ဖြစ်စဥ်တို့က လုံခြုံသော နေရာတစ်ခုကို လိုအပ်နေသည့် ကောင်ငယ်လေးတစ်ယောက်လိုပင် ။

"မမြင်နိုင်တော့ပါဘူး... ဟုတ်တယ်... ဘယ်သူမှ မြင်ရမှာမဟုတ်ဘူး.... မေမေကော ၊ အဘွားကော ၊ ဦးရိပ်ကော...လူတွေအကုန်လုံး မောင့်ကို မမြင်ရဘူး...မြင်နိုင်ကြမှာမဟုတ်ဘူး... မောင် ပုန်းနေတာ လုံခြုံပါတယ် "

ချွေးသီးချွေးပေါက်တိ​ု့က မောင့်မျက်နှာ တစ်ဝိုက်နှင့် တစ်ကိုယ်လုံး စိုရွှဲစ ပြုလာသလို... ချမ်းနေသည့်အလား ခန္ဓာကိုယ်လေးကလည်း တုန်ယင်ကာနေသည် ။
မျက်ဝန်းအစုံတို့ကို စောင်ဖြင့် အုပ်ထားသလို အသိစိတ်တို့ကလည်း ကယောင်ချောက်ချား....

မိုးရွာ၍ မိုးခြိမ်းတိုင်း ခံစားရသည့် ဝေဒနာတစ်ခု ဖြစ်နေပါသော်လည်း မောင့်အတွက် အခုထက်ထိ နေသားမကျနိုင်သေး..သတ္တိတို့ မရှိနိုင်သေးပါလေ ။

"မောင်!!"

လောင်းရိပ်၏.ခေါ်သံကို မောင်ကြားရပါ၏ ။ မည်သို့မည်ပုံ ခေါ်သည်မသိနိုင်ပါပဲ ခေါ်သံဟူသော အသိဉာဏ်တစ်ခုသာ ရှိလေသည် ။

မောင့်အနားသို့ လောင်းရိပ်ရောက်လာသည် ။ စောင်အောက်တွင် ကျုံကျုံ့လေးထိုင်ကာ မျက်နှာကို လက်ဝါးကလေးဖြင့် အုပ်ထားသည့် မောင်...တစ်ခုခုကို အလွန်အမင်း ကြောက်နေသည့်ပုံပါလေ ။

"ဦးရိပ် မောင့်ကို ရှာတွေ့သွားပြီ.... မောင် ပုန်းနေတာကို တွေ့သွားပြီ...ကြော​က်တယ်...ဦးရိပ် မောင့်ကို မုန်းတယ်ပြောပြီး ကျောခိုင်းမှာကို ကြော​က်တယ်...
...အရင်က မောင်ပုန်းရင် ဘယ်သူမှ မတွေ့ပါဘူး.....အခု...အခု... ဦးရိပ်ရှာတွေ့နေပြီ....ထပ်ပုန်းရမယ်...ဟုတ်တယ်...ပုန်းဖို့နေရာ လိုက်ရှာရမယ် "

"မောင်....မောင်..."

လောင်းရိပ်၏ လက်နှစ်ဖက်က မောင်၏.ပုခုံးကို လှုပ်ရမ်းနေပါသော်လည်း မောင်ကတော့ အသိစိတ်မဲ့သူ တစ်ယော​က်လို အဆက်မပြတ်သော စကားများသာ ဆိုနေသည် ။

စိတ်ပူလှပါ၏ ။ မောင်၏ ...ကြောက်လန့်နေသော....မတည်ငြိမ်သော မျက်ဝန်းအိမ်တို့က လောင်းရိပ်ကို အလွန် တုန်လှုပ်စေသည် ။
အေးတိအေးစက် ခံစားချက် မရှိသလို နေနေတတ်သည့် မောင်က ယခုတွင် ကြောက်လန့်မှု ၊ ဝမ်းနည်းမှုများက မျက်နှာပေါ်တွင် ထင်ပေါ်နေသလို နှင့် ပုန်းကွယ်ချင်နေသော စိတ်အစုံကို မျက်မြင်တွေ့နေရပါသည် ။

"မောင်....သတိထားပါဦးကွာ...မောင်"

"မုန်းတယ်ဆိုပြီး မပြောနဲ့ဦးနော် ဦးရိပ်.....နေဦး....မောင်....အား....."

မြေကြီးပင် တုန်သွားလောက်အောင်ထိ ထစ်ချုန်းသွားသည့် မိုးကြောင့် မောင်၏ မျက်ဝန်းအစုံကို မှိတ်ကာ နားနှစ်ဖက်အား လက်ဖြင့် ပိတ်ထားလေသည် ။

"မုန်းနေကြပြီ....မောင့်ကို သူတို့ မလိုချင်ကြတော့ဘူး.....မောင်သေသွားတာကို မြင်နေချင်ကြတာ"

"မောင်....မဟုတ်သေးဘူးလေ...ကိုယ့်ကို မခြောက်ပါနဲ့ကွာ....ဒီလိုကြီး မလုပ်ပါနဲ့... မောင်...သတိထားပါဦး "

မောင်၏ ပါးနှစ်ဖက်ကို ကိုင်ကာ လောင်းရိပ်နှင့် မျက်နှာချင်းဆိုင် အနေအထားသို့ ယူလိုက်မှ မောင် သတိထားမိသွားသလို တုန်လှုပ်နေသည့် စကားသံတို့ အနည်းငယ်ပြေလျော့သွားသည် ။

"အာ...ဦးရိပ်ပဲ...ဦးရိပ်ကော မောင့်ကို သေစေချင်တာပဲလားဟင်..."

"မောင်...စိတ်ကိုလျှော့ထားလေ...အရမ်းကြီး မတွေးပါနဲ့"

"ဒါပေမယ့်.....မောင် သေလို့မရသေးဘူး...မေက ပြောတယ်...မေမေ့ကိုကော ဦးရိပ်ကိုကော စောင့်ရှောက်ပေးတဲ့...မောင် သေချင်တာတောင် သေလို့မရသေးဘူး....ဟားဟား...."

မောင်၏ မျက်ဝန်းရှိ မျက်ရည်များ...တစ်ပေါက်ပေါက် ဆက်တိုက်သာ ကျဆင်းနေသလို ခြောက်ကပ်ကပ်ရယ်သံတို့က မိမိကိုယ်ကို စိတ်ပျက်နေသည့် ခံစားချက်တို့ ရောယှက်နေသည် ။

"မောင်....ပင်ပန်းနေပြီ..... မောင် အသက်မရှင်တော့လို့ မရဘူးလားဟင်...တကယ်ကို လက်လျှော့ချင်ပြီ "

စကားသံတို့က အဆုံးသတ်တွင် ဖိအားတို့ လျော့ကျသွားသည့်အလား အင်အားတို့ မရှိပါတော့ချေ ။

"မောင်ရယ် "

ငြိမ်ကျသွားသော မောင်၏ ကိုယ်လုံးလေးအား ပွေ့ယူလျက် လောင်းရိပ် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ကာ မောင့်ကို သူ့ပေါင်ပေါ်၌ ထိုင်စေလျက် ရင်ခွင်အတွင်းသို့ ထည့်ကာ ဖက်ထားလိုက်သည် ။
မောင်၏ ပုခုံးတို့က တုန်ရီနေသည်မှာ ယခုတိုင် မပျောက်သေးပါချေ ။

လောင်းရိပ် မျက်ရည်များ တားဆီးမရနိုင်အောင် ကျလာသည် ။
မောင်၏ နာကျင်မှုတို့က လောင်းရိပ်၏.ရင်ကိုပါ ရိုက်ခတ်လာသလိုပါပင် ။ ဖိအားသည်က ပြင်းလွန်း၏ ။
မောင်ဆိုလျှင် မည်မျှ ခံစားရမည်ကို မတွေးနိုင်ပါတော့ချေ ။ မတွေးရဲတာဆိုလျှင် ပိုမှန်ပါလိမ့်မည် ။

အတိတ်၏ ဖိအားတို့က မောင့်အပေါ် ဘယ်အချိန်မှ ပြေလျော့နိုင်ပါတော့မလဲ ။

ဖက်ထားသည့် လူသားလေးက ရင်ခွင်ထဲတွင် အနည်းငယ် ငြိမ်လာပါ၏ ။
တတွတ်တွတ်ပြောနေသော စကားသံတို့လည်း ငြိမ်လာသလို အပြင်၌ မိုးကလည်း တိတ်သွားသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်နေပါတော့သည် ။

"မောင်..."

လောင်းရိပ်၏ ခေါ်သံကြောင့် မောင်၏ မျက်ဝန်းများ ပွင့်ဟ လာပါသည် ။
ကြောက်ရွံ့ရတာ ပင်ပန်းနေသေးသလို မျက်နှာက ရှိရင်းစွဲထက် ဖြူဖျော့လျက်...

"အဆင်ပြေရဲ့လား ဘယ်လိုနေသေးလဲဟင် "

"ခဏနေ အဆင်ပြေမှာပါ... မိုးရွာရင် မိုးခြိမ်းရင် ဖြစ်နေကြပါ ကိစ္စမရှိပါဘူး "

ဖြစ်နေကြတစ်ခုလို ပေါ့ပေါ့ပါးပါး.ပြောနေသော်လည်း မောင်၏ ခံစားချက်တို့က ပေါ့ပါးနေသည် မဟုတ်ပါချေ ။

"အရင်တုန်းကကော မောင်ဘယ်လိုများ.နေခဲ့ရလဲကွာ "

"ဒီလိုပဲ.... ဒီလိုပဲ တစ်ယောက်ထဲပဲ ထင်တယ်.....မောင် မမှတ်မိဘူး...အခုတော့ ဦးရိပ် ရှိနေတာပေါ့လေ "

"....."

တစ်ယောက်တည်းသာ ဝေဒနာကို အံတုနေသည့် မောင့်အဖို့ နှစ်သိမ့်စကားပြောရန် လောင်းရိပ် မတတ်နိုင်ချေ ။

"မနက်ရောက်ရင် မေ့သွားပြီး အဆင်​ပြေသွားမှာပါ... မောင့်ကို အရမ်းကြီး စိတ်မပူပါနဲ့ "

အများကြီး.ခက်ခဲခဲ့တာပဲ ။ မောင်နဲ့ ပိုနီးလာလေ မောင့်ရဲ့ ဒဏ်ရာ နက်နက်တွေကို လောင်းရိပ် မြင်ရလေပါပင် ။
မောင် နာကျင်သလို သူပါထပ်တူနီးပါး နာကျင်နေရသည် ။ ဖြစ်နိုင်လျှင် မောင့်ရဲ့ ဒဏ်ရာတွေကို ကူပြောင်းယူပစ်လိုက်ချင်သည် ။

"ဦးရိပ်ရဲ့ ရင်ခွင်က နွေးလိုက်တာ "

မောင်၏ ခေါင်းလေးက လောင်းရိပ်၏ ရင်ခွင်ထဲသို့ တိုး၍တိုး၍ ဝင်လာသဖြင့် အလိုက်သင့်ကလေး ဖက်ထားမိသည် ။

"ဒါဆို ဒီတိုင်းလေးပဲ ဆက်နေနော် "

"ဟင့်အင်း..... မောင်က ဦးရိပ်ရဲ့ အဝေးမှာပဲ နေမှာ "

သူ့ဘက်က ဘယ်လောက်ပင် အပြုအမူတို့ ပြောင်းလဲနေပါစေ မောင်ကတော့ အတိတ်က အကြောင်းကိုသာ ဂရုစိုက်ပြီး ရုန်းထွက်ဖို့ မကြိုးစားပါလေ ။

"မနေရဘူး မောင်....ကိုယ်ခွင့်မပြုဘူး မောင် နေရင်တောင် ကိုယ်က လိုက်ကပ်မှာ "

"ဦးရိပ်က မောင့်ကို ချစ်နေတာလား "

"ဟုတ်တယ် ကိုယ် မောင့်ကို ချစ်တယ် "

"ဒါဆို မေကကော မေကို မေ့သွားနိုင်ပြီလား "

မောင်၏ အမေးကို ဖြေဖို့ သင့်တော်သည့် စကားလုံးကို ရှာ၍ မရနိုင်သေးပေ ။သူ မေကို ချစ်ခဲ့သလားဆိုတာ တကယ်ကို ဝေးဝါးစွာ ရှိနေခဲ့ပါတော့သည် ။
သူသိသည်က သူ့စိတ်အစဥ်ကို စိုးမိုးထားခဲ့သည်က မောင်ဟူသော ကောင်ကလေးပင် ။

"ဟင်း.....မမေ့နိုင်သေးဘူးမလား "

ခြောက်ကပ်ကပ်ရယ်သံနှင့်အတူ စိတ်ပျက်အားငယ်ခြင်းများလည်း ပါနေသည် ။

"မဟုတ်ဘူးမောင်.....ကိုယ် မောင့်ကို ချစ််တယ် ၊ ကိုယ်သေချာသိတာက ကိုယ်မောင့်ကို အရမ်းချစ်တယ် အရင်ကတည်းက ချစ်နေမိခဲ့တာပဲ ၊ ကိုယ့်မှာ မောင်နဲ့ ပတ်သတ်တဲ့ မှတ်ဉာဏ်သာ အများဆုံးရှိခဲ့တာပါ.... က​ိုယ်...ကိုယ်သင့်တော်တဲ့ စကားလုံးတွေကို မပြောတတ်ဘူး.ဖြစ်နေတယ် မောင် ၊ပြီးတော့.... မောင် ကိုယ့်ကို စိတ်ပျက်သွားမှာကိုလည်း ကြောက်တယ် "

"မောင်က ဦးရိပ်ကို စိတ်မဆိုးဖူးပါဘူး စိတ်ပျက်မှာလည်း မဟုတ်ဘူး ၊ ဒီတိုင်း...ဒီတိုင်းလေး ကြည့်နေရရုံနဲ့တင် ကျေနပ်ပြီ "

ရင်ခွင်ထဲမှ ကောင်လေးက လောင်းရိပ်၏ ပါးတစ်ဖက်က သူ၏ လက်သေးသေးလေးဖြင့် ကိုင်လျက် ပြောလာလေသည် ။
လောင်းရိပ်၏ ပါးပြင်ပေါ်ရှိ လက်ကလေးပေါ််ကို လောင်းရိပ်၏ လက်က ထပ်မံ ဆုပ်ကိုင်လိုက်သည် ။
မောင်၏ မျက်ဝန်းများက အနည်းငယ် ပြုံးနေပါ၏ ။

"ချစ်တယ်မောင်...ကိုယ် မောင့်ကို အရမ်းချစ်တယ် "

"ဒီစကားကို သေချာစဥ်းစားပြီးမှ ပြောပါ ဦးရိပ် .... ၊ မောင်က အချစ်ခံရဖို့ ကံပါလာတာ မဟုတ်ဘူးဗျ.... မောင့်ကို ချစ်ပါတယ်ဆိုတဲ့လူလည်း မရှိသေးဘူး "

"လူတိုင်းက အချစ်ခံရဖို့ ထိုက်တန်ပါတယ် မောင်ရယ်....
ကိုယ် မောင့်ကို တကယ်ချစ်မြတ်နိုးတာပါ "

ပါးပြင်ပေါ်မှ လက်ကို ပြန်ရုပ်လိုက်ကာ လောင်းရိပ်၏ မျက်လုံးတစ်ဝိုက်ကို လက်ချောင်းလေးဖြင့် လာထိသည် ။

" မယုံနိုင်ဘူး.... ဦးရိပ်... မောင့်ကို ချစ်တယ်ဆိုတာ မောင် မယုံရဲဘူး ၊ ဒါပေမယ့် ဦးရိပ်ရဲ့ စိတ်ရင်းဆိုတာလည်း မောင်သိနေတယ် "

"မောင် ယုံအောင် ကိုယ်ကြိုးစားမှာမို့ မောင်က ကိုယ့်ကို လက်ခံပေးလေ ၊ ကိုယ့်ကို တွန်းမထုတ်နေဘဲနဲ့ လက်ခံပေးပါ "

မိုးပေါက် အနည်းငယ်က အိမ်အမိုးပေါ်သို့ ကျနေသံကို ကြားလာရသည် ။ မတိုးမကျယ်သော မိုးထစ်ချုန်းသံကလည်း ကြားလာရသည်မို့ တည်ငြိမ်နေသည့် မောင်...ပြန်၍ တုန်ယင်လာပြန်သည် ။

"မောင်.....မောင့်အနားမှာ ကိုယ်ရှိနေတယ်လေ ၊ မောင် ပုန်းလို့ရတဲ့ ကိုယ့်ရဲ့ ရင်ခွင် ရှိနေတာမို့ အရမ်းကြီး.မကြောက်ပါနဲ့တော့နော် "

မောင်၏ မျက်ဝန်းများက မျက်ရည်များဖြင့် ပြည့်လာသလို လောင်းရိပ်၏ လည်တိုင်အား လက်တစ်ဖက်ဖြင့် ပိုတိုး၍ ဖက်ထားသည် ။

"မောင်....မငိုဘူးနော် "

"ငိုချလိုက်ပါ...မောင်ရယ်.၊.. မောင့်ရင်ထဲ ပေါ့သွားပါလိမ့်မယ်...စိတ်ကို တင်းမထားပါနဲ့ ၊ ကိုယ့်ရှေ့မှာ မောင် စိတ်ရှိတိုင်းနေလို့ရပါတယ် "

ထိုသို့ပြောလိုက်ခါမှသာ ကလေးတစ်ယောက်လို ငိုကြွေးလာသည့် မောင်...

လောင်းရိပ်၏ ရင်ဘတ်တို့၌ စိုစွတ်မှုကို ခံစားရသဖြင့် မောင့်မျက်ရည်များ.စီးဆင်းရာက သူ၏ အကျီရင်ဘတ်ဆိုတာ ပြောစရာပင်မလို ။

"ဦးရိပ် စကားကို မောင် နားထောင်တာနော်....
ဦးရိပ်က ငိုဆိုလို့ ငိုတာ "

ငိုရင်းတန်လန်း ပြန်ပြောနေသည့် မောင်က ချစ်စရာအတိ ။
သူ့စကားဆို မြေဝယ်မကျနားထောင်ပါသည်ဟူ၍ အမှတ်ယူနေသလားပင် ။

"ဟုတ်ပါ့ဗျာ....ကိုယ်က ငိုခိုင်းလို့ ကလေးက ငိုတာပါ "

"....."

"ကဲ အိပ်ယာပေါ် သွားရအောင်နော်...ကြမ်းခင်းက အေးတယ် "

မောင်၏ ကျောပြင်နှင့် ဒူးခေါက်ကွေးကို မ၍ ချီရန် ပြင်လိုက်သောလည်း အငိုတိတ်သွားသည့် မောင်က လောင်းရိပ်၏.လည်တိုင်အား.ဖက်ထားသည်ကို ဖြည်လိုက်ကာ ခြေထောက်လေး နှစ်ဖက်က လောင်းရိပ်၏ ခါးကို လာခွသည် ။ ထို့နောက် ရင်ချင်းအပ်ကာ လောင်းရိပ်၏ လည်တိုင်ကို ပြန်ဖက်သည် ။

"ဟိုလိုချီရင် ဦးရိပ် ခါးနာသွားမှာစိုးလို့ "

"ဒီလိုချီရင်ကျ မနာဘူးပေါ့ "

"မသိဘူး ဟိုလို.... မောင့်ကို ပက်လက်အနေအထားနဲ့ ချီတာ မကြိုက်ဘူး "

"ဟုတ်ပါပြီဗျာ....မောင့်သဘော မောင့်သဘော "

ခါးကို ခွထားသည့် ကောင်လေး၏ ခန္ဓာကိုယ်လေးအား ပြန်၍ ဖက်ထားလိုက်ပြီလျှင် မတ်တတ်ထရလေသည် ။
အိပ်ယာဆီသို့ မရောက်ခင်တွင် မောင်၏ စကားသံတိုးတိုးလေး ထွက်လာသဖြင့် မောင်အား.ကုတင်ပေါ်သို့ မချသေးဘဲ မတ်တတ်ရပ်လျက်သာ ချီထားလျက် နားထောင်လိုက်သည် ။

"သီချင်းဆိုပြပါလား...."

"ဟင်? "

"ဘာမှ မဟုတ်တော့ပါဘူး "

"ဒီကလေးလေးက ပူဆာတတ်သားပဲ "

"မဟုတ်ပါဘူး "

"ပူဆာပါလို့ မောင် ပူဆာတာကို ကိုယ်က ဖြည့်ဆည်းပေးချင်တာ "

"..."

"ကဲ ဘာသီချင်း နားထောင်ချင်လဲ "

"မသိဘူး...ဦးရိပ် ဆိုချင်တာဆို မောင်က ဦးရိပ်ကြိုက်တာ အကုန်ကြို​က်တယ် "

ဆိုမည့်သီချင်းကား....လောင်းရိပ်လည်း မသိပါတော့ချေ ။
သီချင်း.နားမထောင်ဖြစ်သည်မှာ ဘယ်ကတည်းကလည်း မသိတော့ ။ ဘာသီချင်းများ ပေါ်နေသည်လည်း မသိ ။
စိတ်ထဲပေါ်လာသည်ကတော့...

"......မိုးရွာသလို ငိုနေတဲ့ ကလေးရယ်..."

အစပျိုးလာသည် သီချင်းသံကြောင့် နီးနေသည့် ခန္ဓာကိုယ်ချင်း ခွာလျက် မောင်က လောင်းရိပ်ကို ဝိုင်းစက်နေသော မျက်ဝန်းများဖြင့်.ကြည့်သည် ။ ညမီးအိမ်၏ အလင်းက မောင်၏ အရည်လဲ့နေသည့် မျက်ဝန်းတို့ကို ပို၍ အထောက်အကူပြုနေသလို လှပလှပါ၏ ။

"ဒါက ကလေး သီချင်းလေ "

"မောင်က ကလေးပဲလေ ကိုယ်က ကလေးသီချင်းပဲ ဆိုမှာပေါ့ "

"ဟုတ်ပါဘူး...မောင်က.လူကြီး "

"ဪ.... လူကြီး ဖြစ်သွားပြီကိုး....ဒါဆို.ကိုယ်သီချင်း ဆက်မဆိုရတော့ဘူးလား "

"ဆိုပြ... "

"ဟင် "

"ဆက်ဆိုပြလို့ "

"ဟုတ်ပြီ ဟုတ်ပြီ "

ချီလျက် အနေအထားနှင့်ပင် အခန်းအတွင်း လှည့်ပတ်လျှောက်လျက် ကလေးသိပ်သလို သိပ်နေရသည် ။
မောင်လည်း.လောင်းရိပ်ကို ဖက်ထားလျက် ဇိမ်ယူနေလေတော့၏။
ထိုအမူအရာလေးများက လောင်းရိပ်နှင့် မရင်းနှီးသေးပါသော်လည်း မောင်၏ ပွင့်လင်းလာမှုကို မြင်နေရသည် ။ သူ ကြည်နူးရပါ၏ ။

"မိုးရွာသလို .......ငိုနေတဲ့ ကလေးရယ်......
တိတ်ပါတော့ကွယ်....
သိကြားမင်းကြီး....စိတ်ဆိုးရင်...တုတ်နဲ့ ရိုက်လိမ့်မယ်....ကလေးလေးရယ် အိပ်တော့ကွယ်......
မိုးပေါ်မှာ ယုန်ကလေးရှိတယ်.....ဖိုးလမင်းကြီး.ရင်ထဲမယ်.....
အခုညမှာ တိမ်ညိုဖုံးလို့ရယ်.... ရွှေလရယ်... မသာနိုင်ဘူးတဲ့..... "

ရသည်မရသည် နောက်ထား စည်းဝါးညီနေဖို့သာ အဓိကကျသည် ။ ရှိသမျှ မှတ်ဉာဏ်တို့ စုပေါင်းလျက် သီချင်းတစ်ပုဒ်တော့ အောင်အောင်မြင်မြင် ဆိုပြီးသွားလေသည် ။

ပုခုံးပေါ်တွင် ခေါင်းကို မှီကာ ငြိမ်နေသည့် မောင်ကတော့ အိပ်ပျော်သွားပုံ ရပါသည် ။ ပုံမှန် ဖြစ်သွားသော ထွက်သက်ဝင်သက်လေတို့က အတည်ပြုနိုင်ပါ၏ ။

အပြင်မှာ မိုးသည်းနေပါသည်  ။ မိုးလည်း ခြိမ်းနေသည် ။
သို့သော် မောင်ကတော့ သူ့ရဲ့ ရင်ခွင်ထဲမှာ ငြိမ်းချမ်းစွာ အိပ်စက်လျက်.... ။

မောင် နားခိုခွင့် ရတဲ့ ရင်ခွင်တစ်ခု တွေ့ပြီထင်ပါရဲ့......

......

မနက်ခင်း၏ အသံဖြစ်သော ဘေးအိမ်က အဘိုးတစ်ယောက်၏ ဘုရားရှိခိုးသံ ၊ ကြေးစည်ထုသံတို့က မောင်အိပ်နေသော အခန်းအတွင်းသို့ ပဲ့တင်ထပ်လာပါသည် ။

ဘေးသို့ စမ်းကြည့်လိုက်တော့ အိစက်စက်အိပ်ယာက အေးစက်လျက်။ လောင်းရိပ် အိပ်သည့် နေရာတွင် လောင်းရိပ် ရှိမနေပါချေ ။

မျက်လုံးအား အသာဖွင့်ပြီး ကြည့်လိုက်တော့ နေရောင်စူးစူးက ပြတင်းပေါက်မှညတစ်ဆင့် မောင်၏ မျက်နှာပေါ်သို့ ဖြာကျနေပါ၏ ။
တစ်ကိုယ်လုံး မလှုပ်ချင်လောက်အောင် ညောင်းညာနေသလို မျက်စိထဲမှလည်း အခိုးတွေ ထွက်နေသည့်အလား ပူနေသည် ။ အာခံတွင်း၌လည်း ပူလှပါ၏။
နဖူးပေါ်သို့ လက်ကို မြှောက်တင်ကြည့်လိုက်လျှင်

"ဖျားပြန်ပြီကွာ "

မိုးရွာ၍ မောင်၏ စိတ်တို့ ကယောက်ကယက်ဖြစ်ပြီး နောက်တစ်နေ့တွင် မောင် ဖျားတတ်သည် ။ ပုံမှန်လိုတောင် ဖြစ်နေပါ၏ ။

"ဦးရိပ် ရုံးသွားပြီလား...စောပါသေးတယ် "

နံရံပေါ်ရှိ နာရီကို ကြည့်လိုက်ရင်း မောင် တစ်ယောက်တည်း ရေရွတ်လိုက်ရင်း အိပ်ယာမှ လူးလဲထလိုက်သည် ။
ညက ဘယ်လို အိပ်ပျော်သွားမှန်းကို မသိတော့ ။
လောင်းရိပ်ရဲ့ ရင်ခွင်ထဲမှာများလား ။
တစ်ခုဆိုးသည်က မောင် ညကအဖြစ်အပျက်တို့ကို ခပ်ရေးရေးသာ သိသည် ။
ကောင်းပါတယ်လေ... နာကျင်ရတာတွေ မေ့သွားတာ... နည်းနည်းတော့ သက်သာတာပေါ့ ။

နုံးနေသည့် ခန္ဓာကိုယ်အား ဇွတ်အတင်းသယ်၍ လောင်းရိပ်ကို ရှာရန် အိပ်ခန်းထဲမှ ထွက်ခဲ့သည် ။

"မောင်...အခုမှ နိုးတာလား "

အိမ်ထဲသို့ ဝင်ဝင်ချင်း နှုတ်ဆက်လိုက်သည့် လောင်းရိပ်အသံက နူးညံ့မှုအပြည့် ။
ညကကော...လောင်းရိပ်သူ့ကို ဒီလိုပဲ ပြောနေခဲ့သလို ထင်နေမိသည် ။ မှတ်တော့ မမှတ်မိနိုင်သေး ။

"ကိုယ် စျေးသွားဝယ်နေတာ "

လက်ထဲတွင် အထုပ်များက ထောက်ခံနေသည့် သဖွယ်ပါပင် ။

ကြာရွက်ဖြင့် ထုပ်ထားသည့် ချဥ်ပေါင်ရွက် အစည်းလေး ၊ ဂေါ်ရခါးသီး ၊ ခရမ်းသီး ၊ ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော ခဝဲသီး၊ ပြီးတော့ ကြာရွက်နှင့် ထုပ်ထားပြီး တစ်ဖန် ထပ်၍ ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ပိုးထားသော ငါး ။
လိုက်ဖက်လှသည့် ဟင်းလျာပါတကား ။ ဘယ်လို ချက်ရမှန်းတောင် မောင် မသိတော့ ။ ခါတိုင်း မောင်သာ စျေးဝယ်သည်မို့ အခု လောင်းရိပ်ဝယ်လာသည့် ချက်စရာများက အဆက်အဟက်တည့်အောင် စဥ်းစား၍ ချက်ရပေလိမ့်မည် ။

"ဦးရိပ် ဒါတွေကို ဘယ်လို တွဲချက်ဖို့ စိတ်ကူးထားတာလဲဟင် "

ဘေစင်ပေါ်သို့ ဝယ်လာသည့် ချက်စရာများ.တစ်ခုချင်းတင်နေသော လောင်းရိပ်နားသို့ ကပ်ကာ မေးလိုက်သည် ။

"ကိုယ်လည်း.သေချာ မသိဘူး ၊ အစက ငါးနဲ့ ခရမ်းချဥ်သီးပဲ ဝယ်ဖို့ သွားတာပါ ၊ ဒါပေမယ့်....စျေးထဲက စျေးသည်တွေက ကိုယ့်ကို ဇွတ်အတင်းပေးနေကြတာ ၊ ပိုက်ဆံပေးလည်း မယူဘူး "

"အားနာနာနဲ့ ယူလာခဲ့တာပေါ့ "

"ဟုတ်တယ်... ကိုယ်မြန်မြန်ကို ပြေးခဲ့ရတယ် ...မဟုတ်ရင် သယ်နိုင်မှာကို မဟုတ်ဘူး "

မောင်တို့ရဲ့ မြို့မစျေးကြီးရှိ စျေးသည်တို့က သူတို့သိသည့် သူတို့ကို ကုသပေးခဲ့သည့် ဆရာဝန် ၊ ဆရာမများ အားနာရသည်အထိ သူတို့၏ ကုန်ပစ္စည်းများကို နှမျောတွန့်တိုခြင်းမရှိ ကျေးဇူးတင်စွာ ပေးတတ်သည့် အကျင့်ရှိကြသည် ။
ချစ်စရာကောင်းသည့် အလေ့အကျင့်လေးတစ်ခု ဆိုလျှင်မမှား ။

သူတို့၏ သူတို့ဆွေမျိုးများ၏ ရောဂါဘယများကို  စေတနာထား ကုသပေးသည့် ဆေးရုံရှိ ဝန်ထမ်းများကို ကျေးဇူးတင်မဆုံးနိုင်သလို မိမိတတ်နိုင်သည့် အရာများဖြင့် ကျေးဇူးဆပ်ကြသည်ကား မောင်မြင်ဖူးနေကြအရာတစ်ခု.ဖြစ်သော်လည်း လောင်းရိပ်အဖို့ စစ်ပွဲထဲ ရောက်သွားသလိုပါပင် ။ ဟိုက ဇွတ်ခေါ်ပြီး ပေးလိုက် ဒီက ဇွတ်ခေါ်ပြီး ပေးလိုက်နှင့်မို့ တော်တော် စိတ်အိုက်ခဲ့သည့် ပုံပါလေ ။

"Breakfast အတွက် ဘာစားမလဲ မောင် "

"မောင် ဖျားနေတာ စားချင်စိတ် ပျောက်နေတယ် "

"ဟောဗျာ....မှန်းစမ်း...ဘယ်လောက်ဖျားနေလဲ ကြည့်ရအောင် "

မောင်၏.နဖူးပေါ်သို့ လောင်းရိပ်၏.လက်က ရောက်လာသလို.မျက်နှာချင်းဆိုင် အနေအထားက နီးကပ်နေသည် ။

"ပူနေတယ်.... တစ်ခုခုစားပြီး ဆေးသောက်ရအောင်နော် "

"ဟင့်အင်း"

နီးကပ်နေသည်မှ မောင်က နောက်သို့ ဆုတ်ကာ ပါးစပ်ကို လက်ဝါးဖြင့် ပိတ်ရင်း.ခေါင်းရမ်းပြလေသည် ။
မောင်​က ဆေးကြောက်တတ်သည် ။

"ဆေးမသောက်ချင်ဘူးလား "

"ဟုတ် "

"ဒါပေမယ့် ဖျားတာပေ​ျာက်အောင် ဆေးသောက်ရမှာပေါ့ မောင်ရဲ့ "

"ဟင့်အင်း.... ဆေးခါးကြီး မ​ကြိုက်ဘူး "

"ဒါဆို ဆေးထိုးမယ်."

"ဟာ....မရဘူး "

"ဟောဗျာ....မောင်က အဆိုးလေးပဲ "

"မဆိုးပါဘူး "

"အပြင်မှာအေးတယ် လက်တိုလေးနဲ့ အတင့်ရဲနေတယ်ပေါ့လေ... လာ..အိပ်ယာကို သွားမယ် "

မောင့်လက်ကို ဆွဲယူ၍.အိပ်ခန်းသို့သာ သွားလိုက်သည် ။ ဖျားနေတာကို နွေးနွေးထွေးထွေးနေသင့်သည် ။မိုးကလည်း တစ်ညလုံး ရွာခဲ့သည်မို့ ရာသီဥတုက အေးစိမ့်စိမ့် ။
မောင်က ညဝတ်အိပ်သည့် လက်တိုအဖြူအပါးလေးနှင်​့ ဘောင်းဘီရှည်ပွပွကိုသာ ဝတ်ဆင်ထားသည်မို့ ပို၍ပင် အအေးပတ်နိုင်ပါသည် ။

မောင်အား အိပ်ယာပေါ်သို့ ထိုင်စေပြီးလျှင် လောင်းရိပ်က ဘေးမှာ ဝင်ထိုင်လိုက်သည် ။

"ဆေးမထိုးဘူးနော် ဦးရိပ်... "

"အင်း.....စဥ်းစားစရာပဲ ဆေးသောက်ရမှာလည်း ကြောက်တယ် ဆိုရင်တော့.... "

ခေတ္တမျှ စဥ်းစားပြီးနောက် လောင်းရိပ်အတွေးထဲ ရောက်လာသည်က

"ဖင်ထဲ ဒုန်းကျည်ထည့်မလား"

"ဗျာ! "

အကြံရသွားသည့် လောင်းရိပ် မျက်နှာနှင့်အတူ မောင်၏ အလန့်တကြားအော်သံ.....။

ဆက်ရန်.....။

*********************************

ထမင္းစားၿပီး၍ ေလာင္းရိပ္က စာဖတ္ခန္းထဲသို႔ ဝင္သြားသလို ေမာင္လည္း အိပ္ခန္းဆီသို႔သာ ဦးတည္လိုက္သည္ ။
မနက္က အနမ္းခံလိုက္ရသည့္ ကိစၥေၾကာင့္ မ်က္ႏွာပူေနသျဖင့္ တစ္ေယာက္ႏွင့္တစ္ေယာက္ မသိမသာ ေရွာင္ေနၾကတာလည္း ပါသည္ ။

ဒီေန႕ ပါလာတဲ့ အလုပ္က သိပ္ေတာ့မမ်ား ။

ကုတင္ေပၚတြင္ ေမာင္ က်က်နနထိုင္လိုက္ၿပီး ဟိုစာ႐ြက္ ဒီဖိုင္ထဲပို႔ ဒီစာ႐ြက္ ဟိုဖိုင္ထဲပို႔ျဖင့္ အလုပ္ရႈပ္ေနပါသည္ ။

မိုးက မသည္းေသးသျဖင့္ ေမာင္၏ စိတ္တို႔ တည္ၿငိမ္ေနပါေသး၏။
သို႔ေသာ္ ထစ္ခ်ဳန္းလာသည့္ မိုးၿခိမ္းသံေၾကာင့္ လူတစ္ကိုယ္လုံး.တုန္တက္သြားသည္ ။
မိုးၿခိမ္းသံၾကားသည္ႏွင့္ သူ ပထမဦးဆုံး သတိရမိသည္က ေမ ။
ေမႏွင့္အတူ ေမ့ကို ထားပစ္ခဲ့ေသာ ေနရာ၊ေမ ေသဆုံးမႈႏွင့္ ေမာင့္အေပၚ လူအမ်ား၏ စက္ဆုပ္ေနသည့္ အၾကည့္မ်ား ၊ မိဘမ်ား၏ အမုန္းမ်က္လုံးမ်ား အပါအဝင္ ေမာင္ခ်စ္ရတဲ့ ေလာင္းရိပ္၏ နာၾကည္းေနသည့္ မ်က္ဝန္မ်ား စသည့္ ျဖစ္စဥ္အားလုံးက ႐ုပ္ရွင္ပိတ္ကားႀကီးေပၚတြင္ ျပေနသည့္ ႐ုပ္ပုံမ်ားလို တစ္ခုၿပီးတစ္ခု ေမာင့္ေခါင္းထဲမွာ ေနရာယူလာေတာ့သည္ ။
မိုးၿခိမ္းသံမ်ားႀကီးစိုးေနၿပီး မိုး႐ြာသည့္ညက ေမာင့္အတြက္ေတာ့ ငရဲတစ္ခုအလား....စိတ္အစဥ္တို႔ ​ေျခာက္ျခားရသည္ ။

ႀကီးမားက်ယ္ေလာင္လွသည့္ မိုးၿခိမ္းသံကို ေၾကာက္သည္ ။ ထိုအသံအား မၾကားနိုင္ေစရန္ ေမာင္ ပုန္းခ်င္သည္ ။
မည္သူမွ မျမင္နိုင္သည့္ ေနရာဆို ပိုမွန္လိမ့္မည္ ။
ေမာင္၏ စိတ္အစဥ္တို႔က ကစဥ့္ကလ်ားမို႔ အခန္းပတ္ဝန္းက်င္ေနရာမ်ားအား ေကာင္းေကာင္း မျမင္နိုင္ေတာ့ေခ်။
ကုတင္ေပၚမွ လူးလိမ့္၍ ပုန္းခိုးရမည့္ ေနရာကို လိိုက္ရွာရင္း ကုတင္ေျခရင္းၾကမ္းျပင္ဆီသို႔ သြားမိသည္ ။
ေမာင့္ကိုယ္လုံးေလးက ေစာင္နဲ႕ ကုတင္နဲ႕ ကြယ္ေနတာပဲေလ ။ ဘယ္သူမွ မျမင္နိုင္ပါဘူး ။

ေမာင္၏ ျဖစ္စဥ္တို႔က လုံၿခဳံေသာ ေနရာတစ္ခုကို လိုအပ္ေနသည့္ ေကာင္ငယ္ေလးတစ္ေယာက္လိုပင္ ။

"မျမင္နိုင္ေတာ့ပါဘူး... ဟုတ္တယ္... ဘယ္သူမွ ျမင္ရမွာမဟုတ္ဘူး.... ေမေမေကာ ၊ အဘြားေကာ ၊ ဦးရိပ္ေကာ...လူေတြအကုန္လုံး ေမာင့္ကို မျမင္ရဘူး...ျမင္နိုင္ၾကမွာမဟုတ္ဘူး... ေမာင္ ပုန္းေနတာ လုံၿခဳံပါတယ္ "

ေခြၽးသီးေခြၽးေပါက္တိ​ု႔က ေမာင့္မ်က္ႏွာ တစ္ဝိုက္ႏွင့္ တစ္ကိုယ္လုံး စို႐ႊဲစ ျပဳလာသလို... ခ်မ္းေနသည့္အလား ခႏၶာကိုယ္ေလးကလည္း တုန္ယင္ကာေနသည္ ။
မ်က္ဝန္းအစုံတို႔ကို ေစာင္ျဖင့္ အုပ္ထားသလို အသိစိတ္တို႔ကလည္း ကေယာင္ေခ်ာက္ခ်ား....

မိုး႐ြာ၍ မိုးၿခိမ္းတိုင္း ခံစားရသည့္ ေဝဒနာတစ္ခု ျဖစ္ေနပါေသာ္လည္း ေမာင့္အတြက္ အခုထက္ထိ ေနသားမက်နိဳင္ေသး..သတၱိတို႔ မရွိနိုင္ေသးပါေလ ။

"ေမာင္!!"

ေလာင္းရိပ္၏.ေခၚသံကို ေမာင္ၾကားရပါ၏ ။ မည္သို႔မည္ပုံ ေခၚသည္မသိနိုင္ပါပဲ ေခၚသံဟူေသာ အသိဉာဏ္တစ္ခုသာ ရွိေလသည္ ။

ေမာင့္အနားသို႔ ေလာင္းရိပ္ေရာက္လာသည္ ။ ေစာင္ေအာက္တြင္ က်ဳံက်ဳံ႕ေလးထိုင္ကာ မ်က္ႏွာကို လက္ဝါးကေလးျဖင့္ အုပ္ထားသည့္ ေမာင္...တစ္ခုခုကို အလြန္အမင္း ေၾကာက္ေနသည့္ပုံပါေလ ။

"ဦးရိပ္ ေမာင့္ကို ရွာေတြ႕သြားၿပီ.... ေမာင္ ပုန္းေနတာကို ေတြ႕သြားၿပီ...ေၾကာ​က္တယ္...ဦးရိပ္ ေမာင့္ကို မုန္းတယ္ေျပာၿပီး ေက်ာခိုင္းမွာကို ေၾကာ​က္တယ္...
...အရင္က ေမာင္ပုန္းရင္ ဘယ္သူမွ မေတြ႕ပါဘူး.....အခု...အခု... ဦးရိပ္ရွာေတြ႕ေနၿပီ....ထပ္ပုန္းရမယ္...ဟုတ္တယ္...ပုန္းဖို႔ေနရာ လိုက္ရွာရမယ္ "

"ေမာင္....ေမာင္..."

ေလာင္းရိပ္၏ လက္ႏွစ္ဖက္က ေမာင္၏.ပုခုံးကို လႈပ္ရမ္းေနပါေသာ္လည္း ေမာင္ကေတာ့ အသိစိတ္မဲ့သူ တစ္ေယာ​က္လို အဆက္မျပတ္ေသာ စကားမ်ားသာ ဆိုေနသည္ ။

စိတ္ပူလွပါ၏ ။ ေမာင္၏ ...ေၾကာက္လန့္ေနေသာ....မတည္ၿငိမ္ေသာ မ်က္ဝန္းအိမ္တို႔က ေလာင္းရိပ္ကို အလြန္ တုန္လႈပ္ေစသည္ ။
ေအးတိေအးစက္ ခံစားခ်က္ မရွိသလို ေနေနတတ္သည့္ ေမာင္က ယခုတြင္ ေၾကာက္လန့္မႈ ၊ ဝမ္းနည္းမႈမ်ားက မ်က္ႏွာေပၚတြင္ ထင္ေပၚေနသလို ႏွင့္ ပုန္းကြယ္ခ်င္ေနေသာ စိတ္အစုံကို မ်က္ျမင္ေတြ႕ေနရပါသည္ ။

"ေမာင္....သတိထားပါဦးကြာ...ေမာင္"

"မုန္းတယ္ဆိုၿပီး မေျပာနဲ႕ဦးေနာ္ ဦးရိပ္.....ေနဦး....ေမာင္....အား....."

ေျမႀကီးပင္ တုန္သြားေလာက္ေအာင္ထိ ထစ္ခ်ဳန္းသြားသည့္ မိုးေၾကာင့္ ေမာင္၏ မ်က္ဝန္းအစုံကို မွိတ္ကာ နားႏွစ္ဖက္အား လက္ျဖင့္ ပိတ္ထားေလသည္ ။

"မုန္းေနၾကၿပီ....ေမာင့္ကို သူတို႔ မလိုခ်င္ၾကေတာ့ဘူး.....ေမာင္ေသသြားတာကို ျမင္ေနခ်င္ၾကတာ"

"ေမာင္....မဟုတ္ေသးဘူးေလ...ကိုယ့္ကို မေျခာက္ပါနဲ႕ကြာ....ဒီလိုႀကီး မလုပ္ပါနဲ႕... ေမာင္...သတိထားပါဦး "

ေမာင္၏ ပါးႏွစ္ဖက္ကို ကိုင္ကာ ေလာင္းရိပ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ အေနအထားသို႔ ယူလိုက္မွ ေမာင္ သတိထားမိသြားသလို တုန္လႈပ္ေနသည့္ စကားသံတို႔ အနည္းငယ္ေျပေလ်ာ့သြားသည္ ။

"အာ...ဦးရိပ္ပဲ...ဦးရိပ္ေကာ ေမာင့္ကို ေသေစခ်င္တာပဲလားဟင္..."

"ေမာင္...စိတ္ကိုေလွ်ာ့ထားေလ...အရမ္းႀကီး မေတြးပါနဲ႕"

"ဒါေပမယ့္.....ေမာင္ ေသလို႔မရေသးဘူး...ေမက ေျပာတယ္...ေမေမ့ကိုေကာ ဦးရိပ္ကိုေကာ ေစာင့္ေရွာက္ေပးတဲ့...ေမာင္ ေသခ်င္တာေတာင္ ေသလို႔မရေသးဘူး....ဟားဟား...."

ေမာင္၏ မ်က္ဝန္းရွိ မ်က္ရည္မ်ား...တစ္ေပါက္ေပါက္ ဆက္တိုက္သာ က်ဆင္းေနသလို ေျခာက္ကပ္ကပ္ရယ္သံတို႔က မိမိကိုယ္ကို စိတ္ပ်က္ေနသည့္ ခံစားခ်က္တို႔ ေရာယွက္ေနသည္ ။

"ေမာင္....ပင္ပန္းေနၿပီ..... ေမာင္ အသက္မရွင္ေတာ့လို႔ မရဘူးလားဟင္...တကယ္ကို လက္ေလွ်ာ့ခ်င္ၿပီ "

စကားသံတို႔က အဆုံးသတ္တြင္ ဖိအားတို႔ ေလ်ာ့က်သြားသည့္အလား အင္အားတို႔ မရွိပါေတာ့ေခ် ။

"ေမာင္ရယ္ "

ၿငိမ္က်သြားေသာ ေမာင္၏ ကိုယ္လုံးေလးအား ေပြ႕ယူလ်က္ ေလာင္းရိပ္ ၾကမ္းျပင္ေပၚတြင္ ထိုင္ခ်လိဳက္ကာ ေမာင့္ကို သူ႕ေပါင္ေပၚ၌ ထိုင္ေစလ်က္ ရင္ခြင္အတြင္းသို႔ ထည့္ကာ ဖက္ထားလိုက္သည္ ။
ေမာင္၏ ပုခုံးတို႔က တုန္ရီေနသည္မွာ ယခုတိုင္ မေပ်ာက္ေသးပါေခ် ။

ေလာင္းရိပ္ မ်က္ရည္မ်ား တားဆီးမရနိုင္ေအာင္ က်လာသည္ ။
ေမာင္၏ နာက်င္မႈတို႔က ေလာင္းရိပ္၏.ရင္ကိုပါ ရိုက္ခတ္လာသလိုပါပင္ ။ ဖိအားသည္က ျပင္းလြန္း၏ ။
ေမာင္ဆိုလွ်င္ မည္မွ် ခံစားရမည္ကို မေတြးနိုင္ပါေတာ့ေခ် ။ မေတြးရဲတာဆိုလွ်င္ ပိုမွန္ပါလိမ့္မည္ ။

အတိတ္၏ ဖိအားတို႔က ေမာင့္အေပၚ ဘယ္အခ်ိန္မွ ေျပေလ်ာ့နိုင္ပါေတာ့မလဲ ။

ဖက္ထားသည့္ လူသားေလးက ရင္ခြင္ထဲတြင္ အနည္းငယ္ ၿငိမ္လာပါ၏ ။
တတြတ္တြတ္ေျပာေနေသာ စကားသံတို႔လည္း ၿငိမ္လာသလို အျပင္၌ မိုးကလည္း တိတ္သြားသျဖင့္ ပတ္ဝန္းက်င္တစ္ခုလုံး ၿငိမ္သက္ေနပါေတာ့သည္ ။

"ေမာင္..."

ေလာင္းရိပ္၏ ေခၚသံေၾကာင့္ ေမာင္၏ မ်က္ဝန္းမ်ား ပြင့္ဟ လာပါသည္ ။
ေၾကာက္႐ြံ႕ရတာ ပင္ပန္းေနေသးသလို မ်က္ႏွာက ရွိရင္းစြဲထက္ ျဖဴေဖ်ာ့လ်က္...

"အဆင္ေျပရဲ႕လား ဘယ္လိုေနေသးလဲဟင္ "

"ခဏေန အဆင္ေျပမွာပါ... မိုး႐ြာရင္ မိုးၿခိမ္းရင္ ျဖစ္ေနၾကပါ ကိစၥမရွိပါဘူး "

ျဖစ္ေနၾကတစ္ခုလို ေပါ့ေပါ့ပါးပါး.ေျပာေနေသာ္လည္း ေမာင္၏ ခံစားခ်က္တို႔က ေပါ့ပါးေနသည္ မဟုတ္ပါေခ် ။

"အရင္တုန္းကေကာ ေမာင္ဘယ္လိုမ်ား.ေနခဲ့ရလဲကြာ "

"ဒီလိုပဲ.... ဒီလိုပဲ တစ္ေယာက္ထဲပဲ ထင္တယ္.....ေမာင္ မမွတ္မိဘူး...အခုေတာ့ ဦးရိပ္ ရွိေနတာေပါ့ေလ "

"....."

တစ္ေယာက္တည္းသာ ေဝဒနာကို အံတုေနသည့္ ေမာင့္အဖို႔ ႏွစ္သိမ့္စကားေျပာရန္ ေလာင္းရိပ္ မတတ္နိုင္ေခ် ။

"မနက္ေရာက္ရင္ ေမ့သြားၿပီး အဆင္​ေျပသြားမွာပါ... ေမာင့္ကို အရမ္းႀကီး စိတ္မပူပါနဲ႕ "

အမ်ားႀကီး.ခက္ခဲခဲ့တာပဲ ။ ေမာင္နဲ႕ ပိုနီးလာေလ ေမာင့္ရဲ႕ ဒဏ္ရာ နက္နက္ေတြကို ေလာင္းရိပ္ ျမင္ရေလပါပင္ ။
ေမာင္ နာက်င္သလို သူပါထပ္တူနီးပါး နာက်င္ေနရသည္ ။ ျဖစ္နိုင္လွ်င္ ေမာင့္ရဲ႕ ဒဏ္ရာေတြကို ကူေျပာင္းယူပစ္လိုက္ခ်င္သည္ ။

"ဦးရိပ္ရဲ႕ ရင္ခြင္က ႏြေးလိုက္တာ "

ေမာင္၏ ေခါင္းေလးက ေလာင္းရိပ္၏ ရင္ခြင္ထဲသို႔ တိုး၍တိုး၍ ဝင္လာသျဖင့္ အလိုက္သင့္ကေလး ဖက္ထားမိသည္ ။

"ဒါဆို ဒီတိုင္းေလးပဲ ဆက္ေနေနာ္ "

"ဟင့္အင္း..... ေမာင္က ဦးရိပ္ရဲ႕ အေဝးမွာပဲ ေနမွာ "

သူ႕ဘက္က ဘယ္ေလာက္ပင္ အျပဳအမူတို႔ ေျပာင္းလဲေနပါေစ ေမာင္ကေတာ့ အတိတ္က အေၾကာင္းကိုသာ ဂ႐ုစိုက္ၿပီး ႐ုန္းထြက္ဖို႔ မႀကိဳးစားပါေလ ။

"မေနရဘူး ေမာင္....ကိုယ္ခြင့္မျပဳဘူး ေမာင္ ေနရင္ေတာင္ ကိုယ္က လိုက္ကပ္မွာ "

"ဦးရိပ္က ေမာင့္ကို ခ်စ္ေနတာလား "

"ဟုတ္တယ္ ကိုယ္ ေမာင့္ကို ခ်စ္တယ္ "

"ဒါဆို ေမကေကာ ေမကို ေမ့သြားနိုင္ၿပီလား "

ေမာင္၏ အေမးကို ေျဖဖို႔ သင့္ေတာ္သည့္ စကားလုံးကို ရွာ၍ မရနိုင္ေသးေပ ။သူ ေမကို ခ်စ္ခဲ့သလားဆိုတာ တကယ္ကို ေဝးဝါးစြာ ရွိေနခဲ့ပါေတာ့သည္ ။
သူသိသည္က သူ႕စိတ္အစဥ္ကို စိုးမိုးထားခဲ့သည္က ေမာင္ဟူေသာ ေကာင္ကေလးပင္ ။

"ဟင္း.....မေမ့နိုင္ေသးဘူးမလား "

ေျခာက္ကပ္ကပ္ရယ္သံႏွင့္အတူ စိတ္ပ်က္အားငယ္ျခင္းမ်ားလည္း ပါေနသည္ ။

"မဟုတ္ဘူးေမာင္.....ကိုယ္ ေမာင့္ကို ခ်စ္္တယ္ ၊ ကိုယ္ေသခ်ာသိတာက ကိုယ္ေမာင့္ကို အရမ္းခ်စ္တယ္ အရင္ကတည္းက ခ်စ္ေနမိခဲ့တာပဲ ၊ ကိုယ့္မွာ ေမာင္နဲ႕ ပတ္သတ္တဲ့ မွတ္ဉာဏ္သာ အမ်ားဆုံးရွိခဲ့တာပါ.... က​ိုယ္...ကိုယ္သင့္ေတာ္တဲ့ စကားလုံးေတြကို မေျပာတတ္ဘူး.ျဖစ္ေနတယ္ ေမာင္ ၊ၿပီးေတာ့.... ေမာင္ ကိုယ့္ကို စိတ္ပ်က္သြားမွာကိုလည္း ေၾကာက္တယ္ "

"ေမာင္က ဦးရိပ္ကို စိတ္မဆိုးဖူးပါဘူး စိတ္ပ်က္မွာလည္း မဟုတ္ဘူး ၊ ဒီတိုင္း...ဒီတိုင္းေလး ၾကည့္ေနရ႐ုံနဲ႕တင္ ေက်နပ္ၿပီ "

ရင္ခြင္ထဲမွ ေကာင္ေလးက ေလာင္းရိပ္၏ ပါးတစ္ဖက္က သူ၏ လက္ေသးေသးေလးျဖင့္ ကိုင္လ်က္ ေျပာလာေလသည္ ။
ေလာင္းရိပ္၏ ပါးျပင္ေပၚရွိ လက္ကေလးေပၚ္ကို ေလာင္းရိပ္၏ လက္က ထပ္မံ ဆုပ္ကိုင္လိုက္သည္ ။
ေမာင္၏ မ်က္ဝန္းမ်ားက အနည္းငယ္ ၿပဳံးေနပါ၏ ။

"ခ်စ္တယ္ေမာင္...ကိုယ္ ေမာင့္ကို အရမ္းခ်စ္တယ္ "

"ဒီစကားကို ေသခ်ာစဥ္းစားၿပီးမွ ေျပာပါ ဦးရိပ္ .... ၊ ေမာင္က အခ်စ္ခံရဖို႔ ကံပါလာတာ မဟုတ္ဘူးဗ်.... ေမာင့္ကို ခ်စ္ပါတယ္ဆိုတဲ့လူလည္း မရွိေသးဘူး "

"လူတိုင္းက အခ်စ္ခံရဖို႔ ထိုက္တန္ပါတယ္ ေမာင္ရယ္....
ကိုယ္ ေမာင့္ကို တကယ္ခ်စ္ျမတ္နိုးတာပါ "

ပါးျပင္ေပၚမွ လက္ကို ျပန္႐ုပ္လိုက္ကာ ေလာင္းရိပ္၏ မ်က္လုံးတစ္ဝိုက္ကို လက္ေခ်ာင္းေလးျဖင့္ လာထိသည္ ။

" မယုံနိုင္ဘူး.... ဦးရိပ္... ေမာင့္ကို ခ်စ္တယ္ဆိုတာ ေမာင္ မယုံရဲဘူး ၊ ဒါေပမယ့္ ဦးရိပ္ရဲ႕ စိတ္ရင္းဆိုတာလည္း ေမာင္သိေနတယ္ "

"ေမာင္ ယုံေအာင္ ကိုယ္ႀကိဳးစားမွာမို႔ ေမာင္က ကိုယ့္ကို လက္ခံေပးေလ ၊ ကိုယ့္ကို တြန္းမထုတ္ေနဘဲနဲ႕ လက္ခံေပးပါ "

မိုးေပါက္ အနည္းငယ္က အိမ္အမိုးေပၚသို႔ က်ေနသံကို ၾကားလာရသည္ ။ မတိုးမက်ယ္ေသာ မိုးထစ္ခ်ဳန္းသံကလည္း ၾကားလာရသည္မို႔ တည္ၿငိမ္ေနသည့္ ေမာင္...ျပန္၍ တုန္ယင္လာျပန္သည္ ။

"ေမာင္.....ေမာင့္အနားမွာ ကိုယ္ရွိေနတယ္ေလ ၊ ေမာင္ ပုန္းလို႔ရတဲ့ ကိုယ့္ရဲ႕ ရင္ခြင္ ရွိေနတာမို႔ အရမ္းႀကီး.မေၾကာက္ပါနဲ႕ေတာ့ေနာ္ "

ေမာင္၏ မ်က္ဝန္းမ်ားက မ်က္ရည္မ်ားျဖင့္ ျပည့္လာသလို ေလာင္းရိပ္၏ လည္တိုင္အား လက္တစ္ဖက္ျဖင့္ ပိုတိုး၍ ဖက္ထားသည္ ။

"ေမာင္....မငိုဘူးေနာ္ "

"ငိုခ်လိဳက္ပါ...ေမာင္ရယ္.၊.. ေမာင့္ရင္ထဲ ေပါ့သြားပါလိမ့္မယ္...စိတ္ကို တင္းမထားပါနဲ႕ ၊ ကိုယ့္ေရွ႕မွာ ေမာင္ စိတ္ရွိတိုင္းေနလို႔ရပါတယ္ "

ထိုသို႔ေျပာလိုက္ခါမွသာ ကေလးတစ္ေယာက္လို ငိုေႂကြးလာသည့္ ေမာင္...

ေလာင္းရိပ္၏ ရင္ဘတ္တို႔၌ စိုစြတ္မႈကို ခံစားရသျဖင့္ ေမာင့္မ်က္ရည္မ်ား.စီးဆင္းရာက သူ၏ အက်ီရင္ဘတ္ဆိုတာ ေျပာစရာပင္မလို ။

"ဦးရိပ္ စကားကို ေမာင္ နားေထာင္တာေနာ္....
ဦးရိပ္က ငိုဆိုလို႔ ငိုတာ "

ငိုရင္းတန္လန္း ျပန္ေျပာေနသည့္ ေမာင္က ခ်စ္စရာအတိ ။
သူ႕စကားဆို ေျမဝယ္မက်နားေထာင္ပါသည္ဟူ၍ အမွတ္ယူေနသလားပင္ ။

"ဟုတ္ပါ့ဗ်ာ....ကိုယ္က ငိုခိုင္းလို႔ ကေလးက ငိုတာပါ "

"....."

"ကဲ အိပ္ယာေပၚ သြားရေအာင္ေနာ္...ၾကမ္းခင္းက ေအးတယ္ "

ေမာင္၏ ေက်ာျပင္ႏွင့္ ဒူးေခါက္ေကြးကို မ၍ ခ်ီရန္ ျပင္လိုက္ေသာလည္း အငိုတိတ္သြားသည့္ ေမာင္က ေလာင္းရိပ္၏.လည္တိုင္အား.ဖက္ထားသည္ကို ျဖည္လိုက္ကာ ေျခေထာက္ေလး ႏွစ္ဖက္က ေလာင္းရိပ္၏ ခါးကို လာခြသည္ ။ ထို႔ေနာက္ ရင္ခ်င္းအပ္ကာ ေလာင္းရိပ္၏ လည္တိုင္ကို ျပန္ဖက္သည္ ။

"ဟိုလိုခ်ီရင္ ဦးရိပ္ ခါးနာသြားမွာစိုးလို႔ "

"ဒီလိုခ်ီရင္က် မနာဘူးေပါ့ "

"မသိဘူး ဟိုလို.... ေမာင့္ကို ပက္လက္အေနအထားနဲ႕ ခ်ီတာ မႀကိဳက္ဘူး "

"ဟုတ္ပါၿပီဗ်ာ....ေမာင့္သေဘာ ေမာင့္သေဘာ "

ခါးကို ခြထားသည့္ ေကာင္ေလး၏ ခႏၶာကိုယ္ေလးအား ျပန္၍ ဖက္ထားလိုက္ၿပီလွ်င္ မတ္တတ္ထရေလသည္ ။
အိပ္ယာဆီသို႔ မေရာက္ခင္တြင္ ေမာင္၏ စကားသံတိုးတိုးေလး ထြက္လာသျဖင့္ ေမာင္အား.ကုတင္ေပၚသို႔ မခ်ေသးဘဲ မတ္တတ္ရပ္လ်က္သာ ခ်ီထားလ်က္ နားေထာင္လိုက္သည္ ။

"သီခ်င္းဆိုျပပါလား...."

"ဟင္? "

"ဘာမွ မဟုတ္ေတာ့ပါဘူး "

"ဒီကေလးေလးက ပူဆာတတ္သားပဲ "

"မဟုတ္ပါဘူး "

"ပူဆာပါလို႔ ေမာင္ ပူဆာတာကို ကိုယ္က ျဖည့္ဆည္းေပးခ်င္တာ "

"..."

"ကဲ ဘာသီခ်င္း နားေထာင္ခ်င္လဲ "

"မသိဘူး...ဦးရိပ္ ဆိုခ်င္တာဆို ေမာင္က ဦးရိပ္ႀကိဳက္တာ အကုန္ႀကိဳ​က္တယ္ "

ဆိုမည့္သီခ်င္းကား....ေလာင္းရိပ္လည္း မသိပါေတာ့ေခ် ။
သီခ်င္း.နားမေထာင္ျဖစ္သည္မွာ ဘယ္ကတည္းကလည္း မသိေတာ့ ။ ဘာသီခ်င္းမ်ား ေပၚေနသည္လည္း မသိ ။
စိတ္ထဲေပၚလာသည္ကေတာ့...

"......မိုး႐ြာသလို ငိုေနတဲ့ ကေလးရယ္..."

အစပ်ိဳးလာသည္ သီခ်င္းသံေၾကာင့္ နီးေနသည့္ ခႏၶာကိုယ္ခ်င္း ခြာလ်က္ ေမာင္က ေလာင္းရိပ္ကို ဝိုင္းစက္ေနေသာ မ်က္ဝန္းမ်ားျဖင့္.ၾကည့္သည္ ။ ညမီးအိမ္၏ အလင္းက ေမာင္၏ အရည္လဲ့ေနသည့္ မ်က္ဝန္းတို႔ကို ပို၍ အေထာက္အကူျပဳေနသလို လွပလွပါ၏ ။

"ဒါက ကေလး သီခ်င္းေလ "

"ေမာင္က ကေလးပဲေလ ကိုယ္က ကေလးသီခ်င္းပဲ ဆိုမွာေပါ့ "

"ဟုတ္ပါဘူး...ေမာင္က.လူႀကီး "

"ဪ.... လူႀကီး ျဖစ္သြားၿပီကိုး....ဒါဆို.ကိုယ္သီခ်င္း ဆက္မဆိုရေတာ့ဘူးလား "

"ဆိုျပ... "

"ဟင္ "

"ဆက္ဆိုျပလို႔ "

"ဟုတ္ၿပီ ဟုတ္ၿပီ "

ခ်ီလ်က္ အေနအထားႏွင့္ပင္ အခန္းအတြင္း လွည့္ပတ္ေလွ်ာက္လ်က္ ကေလးသိပ္သလို သိပ္ေနရသည္ ။
ေမာင္လည္း.ေလာင္းရိပ္ကို ဖက္ထားလ်က္ ဇိမ္ယူေနေလေတာ့၏။
ထိုအမူအရာေလးမ်ားက ေလာင္းရိပ္ႏွင့္ မရင္းႏွီးေသးပါေသာ္လည္း ေမာင္၏ ပြင့္လင္းလာမႈကို ျမင္ေနရသည္ ။ သူ ၾကည္ႏူးရပါ၏ ။

"မိုး႐ြာသလို .......ငိုေနတဲ့ ကေလးရယ္......
တိတ္ပါေတာ့ကြယ္....
သိၾကားမင္းႀကီး....စိတ္ဆိုးရင္...တုတ္နဲ႕ ရိုက္လိမ့္မယ္....ကေလးေလးရယ္ အိပ္ေတာ့ကြယ္......
မိုးေပၚမွာ ယုန္ကေလးရွိတယ္.....ဖိုးလမင္းႀကီး.ရင္ထဲမယ္.....
အခုညမွာ တိမ္ညိုဖုံးလို႔ရယ္.... ေ႐ႊလရယ္... မသာနိုင္ဘူးတဲ့..... "

ရသည္မရသည္ ေနာက္ထား စည္းဝါးညီေနဖို႔သာ အဓိကက်သည္ ။ ရွိသမွ် မွတ္ဉာဏ္တို႔ စုေပါင္းလ်က္ သီခ်င္းတစ္ပုဒ္ေတာ့ ေအာင္ေအာင္ျမင္ျမင္ ဆိုၿပီးသြားေလသည္ ။

ပုခုံးေပၚတြင္ ေခါင္းကို မွီကာ ၿငိမ္ေနသည့္ ေမာင္ကေတာ့ အိပ္ေပ်ာ္သြားပုံ ရပါသည္ ။ ပုံမွန္ ျဖစ္သြားေသာ ထြက္သက္ဝင္သက္ေလတို႔က အတည္ျပဳနိုင္ပါ၏ ။

အျပင္မွာ မိုးသည္းေနပါသည္  ။ မိုးလည္း ၿခိမ္းေနသည္ ။
သို႔ေသာ္ ေမာင္ကေတာ့ သူ႕ရဲ႕ ရင္ခြင္ထဲမွာ ၿငိမ္းခ်မ္းစြာ အိပ္စက္လ်က္.... ။

ေမာင္ နားခိုခြင့္ ရတဲ့ ရင္ခြင္တစ္ခု ေတြ႕ၿပီထင္ပါရဲ႕......

......

မနက္ခင္း၏ အသံျဖစ္ေသာ ေဘးအိမ္က အဘိုးတစ္ေယာက္၏ ဘုရားရွိခိုးသံ ၊ ေၾကးစည္ထုသံတို႔က ေမာင္အိပ္ေနေသာ အခန္းအတြင္းသို႔ ပဲ့တင္ထပ္လာပါသည္ ။

ေဘးသို႔ စမ္းၾကည့္လိုက္ေတာ့ အိစက္စက္အိပ္ယာက ေအးစက္လ်က္။ ေလာင္းရိပ္ အိပ္သည့္ ေနရာတြင္ ေလာင္းရိပ္ ရွိမေနပါေခ် ။

မ်က္လုံးအား အသာဖြင့္ၿပီး ၾကည့္လိုက္ေတာ့ ေနေရာင္စူးစူးက ျပတင္းေပါက္မွညတစ္ဆင့္ ေမာင္၏ မ်က္ႏွာေပၚသို႔ ျဖာက်ေနပါ၏ ။
တစ္ကိုယ္လုံး မလႈပ္ခ်င္ေလာက္ေအာင္ ေညာင္းညာေနသလို မ်က္စိထဲမွလည္း အခိုးေတြ ထြက္ေနသည့္အလား ပူေနသည္ ။ အာခံတြင္း၌လည္း ပူလွပါ၏။
နဖူးေပၚသို႔ လက္ကို ျမႇောက္တင္ၾကည့္လိုက္လွ်င္

"ဖ်ားျပန္ၿပီကြာ "

မိုး႐ြာ၍ ေမာင္၏ စိတ္တို႔ ကေယာက္ကယက္ျဖစ္ၿပီး ေနာက္တစ္ေန႕တြင္ ေမာင္ ဖ်ားတတ္သည္ ။ ပုံမွန္လိုေတာင္ ျဖစ္ေနပါ၏ ။

"ဦးရိပ္ ႐ုံးသြားၿပီလား...ေစာပါေသးတယ္ "

နံရံေပၚရွိ နာရီကို ၾကည့္လိုက္ရင္း ေမာင္ တစ္ေယာက္တည္း ေရ႐ြတ္လိုက္ရင္း အိပ္ယာမွ လူးလဲထလိုက္သည္ ။
ညက ဘယ္လို အိပ္ေပ်ာ္သြားမွန္းကို မသိေတာ့ ။
ေလာင္းရိပ္ရဲ႕ ရင္ခြင္ထဲမွာမ်ားလား ။
တစ္ခုဆိုးသည္က ေမာင္ ညကအျဖစ္အပ်က္တို႔ကို ခပ္ေရးေရးသာ သိသည္ ။
ေကာင္းပါတယ္ေလ... နာက်င္ရတာေတြ ေမ့သြားတာ... နည္းနည္းေတာ့ သက္သာတာေပါ့ ။

ႏုံးေနသည့္ ခႏၶာကိုယ္အား ဇြတ္အတင္းသယ္၍ ေလာင္းရိပ္ကို ရွာရန္ အိပ္ခန္းထဲမွ ထြက္ခဲ့သည္ ။

"ေမာင္...အခုမွ နိုးတာလား "

အိမ္ထဲသို႔ ဝင္ဝင္ခ်င္း ႏႈတ္ဆက္လိုက္သည့္ ေလာင္းရိပ္အသံက ႏူးညံ့မႈအျပည့္ ။
ညကေကာ...ေလာင္းရိပ္သူ႕ကို ဒီလိုပဲ ေျပာေနခဲ့သလို ထင္ေနမိသည္ ။ မွတ္ေတာ့ မမွတ္မိနိုင္ေသး ။

"ကိုယ္ ေစ်းသြားဝယ္ေနတာ "

လက္ထဲတြင္ အထုပ္မ်ားက ေထာက္ခံေနသည့္ သဖြယ္ပါပင္ ။

ၾကာ႐ြက္ျဖင့္ ထုပ္ထားသည့္ ခ်ဥ္ေပါင္႐ြက္ အစည္းေလး ၊ ေဂၚရခါးသီး ၊ ခရမ္းသီး ၊ ႂကြပ္ႂကြပ္အိတ္ျဖင့္ ထုပ္ထားေသာ ခဝဲသီး၊ ၿပီးေတာ့ ၾကာ႐ြက္ႏွင့္ ထုပ္ထားၿပီး တစ္ဖန္ ထပ္၍ ႂကြပ္ႂကြပ္အိတ္ျဖင့္ ထုပ္ပိုးထားေသာ ငါး ။
လိုက္ဖက္လွသည့္ ဟင္းလ်ာပါတကား ။ ဘယ္လို ခ်က္ရမွန္းေတာင္ ေမာင္ မသိေတာ့ ။ ခါတိုင္း ေမာင္သာ ေစ်းဝယ္သည္မို႔ အခု ေလာင္းရိပ္ဝယ္လာသည့္ ခ်က္စရာမ်ားက အဆက္အဟက္တည့္ေအာင္ စဥ္းစား၍ ခ်က္ရေပလိမ့္မည္ ။

"ဦးရိပ္ ဒါေတြကို ဘယ္လို တြဲခ်က္ဖို႔ စိတ္ကူးထားတာလဲဟင္ "

ေဘစင္ေပၚသို႔ ဝယ္လာသည့္ ခ်က္စရာမ်ား.တစ္ခုခ်င္းတင္ေနေသာ ေလာင္းရိပ္နားသို႔ ကပ္ကာ ေမးလိုက္သည္ ။

"ကိုယ္လည္း.ေသခ်ာ မသိဘူး ၊ အစက ငါးနဲ႕ ခရမ္းခ်ဥ္သီးပဲ ဝယ္ဖို႔ သြားတာပါ ၊ ဒါေပမယ့္....ေစ်းထဲက ေစ်းသည္ေတြက ကိုယ့္ကို ဇြတ္အတင္းေပးေနၾကတာ ၊ ပိုက္ဆံေပးလည္း မယူဘူး "

"အားနာနာနဲ႕ ယူလာခဲ့တာေပါ့ "

"ဟုတ္တယ္... ကိုယ္ျမန္ျမန္ကို ေျပးခဲ့ရတယ္ ...မဟုတ္ရင္ သယ္နိုင္မွာကို မဟုတ္ဘူး "

ေမာင္တို႔ရဲ႕ ၿမိဳ႕မေစ်းႀကီးရွိ ေစ်းသည္တို႔က သူတို႔သိသည့္ သူတို႔ကို ကုသေပးခဲ့သည့္ ဆရာဝန္ ၊ ဆရာမမ်ား အားနာရသည္အထိ သူတို႔၏ ကုန္ပစၥည္းမ်ားကို ႏွေမ်ာတြန့္တိုျခင္းမရွိ ေက်းဇူးတင္စြာ ေပးတတ္သည့္ အက်င့္ရွိၾကသည္ ။
ခ်စ္စရာေကာင္းသည့္ အေလ့အက်င့္ေလးတစ္ခု ဆိုလွ်င္မမွား ။

သူတို႔၏ သူတို႔ေဆြမ်ိဳးမ်ား၏ ေရာဂါဘယမ်ားကို  ေစတနာထား ကုသေပးသည့္ ေဆး႐ုံရွိ ဝန္ထမ္းမ်ားကို ေက်းဇူးတင္မဆုံးနိုင္သလို မိမိတတ္နိုင္သည့္ အရာမ်ားျဖင့္ ေက်းဇူးဆပ္ၾကသည္ကား ေမာင္ျမင္ဖူးေနၾကအရာတစ္ခု.ျဖစ္ေသာ္လည္း ေလာင္းရိပ္အဖို႔ စစ္ပြဲထဲ ေရာက္သြားသလိုပါပင္ ။ ဟိုက ဇြတ္ေခၚၿပီး ေပးလိုက္ ဒီက ဇြတ္ေခၚၿပီး ေပးလိုက္ႏွင့္မို႔ ေတာ္ေတာ္ စိတ္အိုက္ခဲ့သည့္ ပုံပါေလ ။

"Breakfast အတြက္ ဘာစားမလဲ ေမာင္ "

"ေမာင္ ဖ်ားေနတာ စားခ်င္စိတ္ ေပ်ာက္ေနတယ္ "

"ေဟာဗ်ာ....မွန္းစမ္း...ဘယ္ေလာက္ဖ်ားေနလဲ ၾကည့္ရေအာင္ "

ေမာင္၏.နဖူးေပၚသို႔ ေလာင္းရိပ္၏.လက္က ေရာက္လာသလို.မ်က္ႏွာခ်င္းဆိုင္ အေနအထားက နီးကပ္ေနသည္ ။

"ပူေနတယ္.... တစ္ခုခုစားၿပီး ေဆးေသာက္ရေအာင္ေနာ္ "

"ဟင့္အင္း"

နီးကပ္ေနသည္မွ ေမာင္က ေနာက္သို႔ ဆုတ္ကာ ပါးစပ္ကို လက္ဝါးျဖင့္ ပိတ္ရင္း.ေခါင္းရမ္းျပေလသည္ ။
ေမာင္​က ေဆးေၾကာက္တတ္သည္ ။

"ေဆးမေသာက္ခ်င္ဘူးလား "

"ဟုတ္ "

"ဒါေပမယ့္ ဖ်ားတာေပ​်ာက္ေအာင္ ေဆးေသာက္ရမွာေပါ့ ေမာင္ရဲ႕ "

"ဟင့္အင္း.... ေဆးခါးႀကီး မ​ႀကိဳက္ဘူး "

"ဒါဆို ေဆးထိုးမယ္."

"ဟာ....မရဘူး "

"ေဟာဗ်ာ....ေမာင္က အဆိုးေလးပဲ "

"မဆိုးပါဘူး "

"အျပင္မွာေအးတယ္ လက္တိုေလးနဲ႕ အတင့္ရဲေနတယ္ေပါ့ေလ... လာ..အိပ္ယာကို သြားမယ္ "

ေမာင့္လက္ကို ဆြဲယူ၍.အိပ္ခန္းသို႔သာ သြားလိုက္သည္ ။ ဖ်ားေနတာကို ႏြေးႏြေးေထြးေထြးေနသင့္သည္ ။မိုးကလည္း တစ္ညလုံး ႐ြာခဲ့သည္မို႔ ရာသီဥတုက ေအးစိမ့္စိမ့္ ။
ေမာင္က ညဝတ္အိပ္သည့္ လက္တိုအျဖဴအပါးေလးႏွင္​့ ေဘာင္းဘီရွည္ပြပြကိုသာ ဝတ္ဆင္ထားသည္မို႔ ပို၍ပင္ အေအးပတ္နိုင္ပါသည္ ။

ေမာင္အား အိပ္ယာေပၚသို႔ ထိုင္ေစၿပီးလွ်င္ ေလာင္းရိပ္က ေဘးမွာ ဝင္ထိုင္လိုက္သည္ ။

"ေဆးမထိုးဘူးေနာ္ ဦးရိပ္... "

"အင္း.....စဥ္းစားစရာပဲ ေဆးေသာက္ရမွာလည္း ေၾကာက္တယ္ ဆိုရင္ေတာ့.... "

ေခတၱမွ် စဥ္းစားၿပီးေနာက္ ေလာင္းရိပ္အေတြးထဲ ေရာက္လာသည္က

"ဖင္ထဲ ဒုန္းက်ည္ထည့္မလား"

"ဗ်ာ! "

အႀကံရသြားသည့္ ေလာင္းရိပ္ မ်က္ႏွာႏွင့္အတူ ေမာင္၏ အလန့္တၾကားေအာ္သံ......။

ဆက္ရန္.....။

واصل القراءة

ستعجبك أيضاً

963K 77.8K 36
▫️❕Male pregnant မဟုတ်ပါ❕▫️ ❦{Own Creation}❦ Cover by Suyi ▫️❕Male pregnant မဟုတ္ပါ❕▫️ Start Date >>(9.10.2020) End Date >>(14.11.2020) Lily_Han🍀
1M 64.1K 53
မင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light
1.3M 13.6K 16
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...
459K 22.9K 46
မောင်လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော သူက မင်းပါ ရုဏ်ရုဏ် 💙💐 ကွန့်ထူးထည်ဝါ မောင့်အာရုဏ်ဦး coverartist = Pann Eain 💐 ေမာင္လက္ထပ္ခ်င္တဲ့ တစ္ဦးတည္းေသာ...