(Unicode)
[ ...........] လေးထောင့်ကွင်းထဲက စကားတွေက အင်္ဂလိပ်လို ပြောတာတွေပါ။
///////
စိုင်းထည်ဝါလွှမ်းသည် သူငယ်ချင်းဖြစ်သူ နိုင်ငံခြားသွားမှာမို့ လေဆိပ်ကိုလိုက်ပို့ခြင်းဖြစ်သည်။ လေဆိပ်တွင် မိန်းမငယ်လေးတွေ ကြိတ်ကြိတ်တိုးနေတာကြောင့် ကာရံပြောတာကိုသတိရသွားသည်။ ကာရံက သူ့ idol ဆိုတဲ့ကောင်လေး လာမယ်ဆိုတဲ့သတင်းကြားကတည်းက တစ်အိမ်လုံးကို ပတ်ကြွားနေတာ ဖြစ်သည်။ ကာရံ့ idol ကောင်လေး ဒီနေ့ရောက်သည်ထင်သည်။ ထည်ဝါက လူရှုပ်ရင်မကြိုက်မှန်းသိတာကြောင့် သူငယ်ချင်းက အထဲထိလိုက်မပို့ခိုင်းတော့ပဲ ကားပေါ်ကနေ Luggage ယူကာ ဆင်းသွားသည်။ သူလည်း driver ကို ဆေးရုံပြန်ပို့ဖို့ပြောလိုက်၏။
ထိုအချိန်တွင် ကားတံခါးကိုဆွဲဖွင့်ကာ ဝရုန်းသုန်းကားဝင်လာပြီး သူ့ဘေးဝင်ထိုင်လိုက်သည့် ကောင်လေး။ သူမော့ကြည့်လိုက်တော့ အဝါဖျော့ရောင်နဲ့ ခဲရောင်ရောစပ်ထားသည့် အနောက်တိုင်းဆန်ဆန် မျက်လုံးဝါလေး။ Mask ချွတ်လိုက်တော့ မြင်လိုက်ရသည့် မျက်နှာက ကာရံ့အခန်းထဲတွင် သူအမြဲ မြင်နေကျ ဓာတ်ပုံတွေထဲက ကောင်လေး။ ပုံတွေထဲမှာထက် အပြင်မှာပိုချောသည်ပင်။ အဓိက က မျက်လုံး... ဖန်ဂေါ်လီလုံး ဝါကြည်ကြည်လေးတွေကို ထည့်ထားသလိုပင်။ မျက်လုံးဝါလေးတွေကို ကော့ညွတ်နေသည့် မျက်တောင်ညိုလေးတွေက အနားသတ်သည်။ ခပ်ရေးရေး အညိုရောင်နှုတ်ခမ်းမွှေးတွေနဲ့ ပါးသိုင်းမွှေးတွေက အနောက်တိုင်းဆန်ဆန် ယောက်ျားပီသတဲ့မျက်နှာကျကို ပုံဖော်နေသည်။
Klayton ဘေးက လူက ပထမတော့ မျက်လုံးတွေဝိုင်းစက်ကာ အံ့သြနေပြီး သူလည်း Mask ချွတ်လိုက်ရော နှုတ်ခမ်းတွေပွင့်ဟလာသည်အထိ အံ့သြနေပြန်သည်။ ဖြည်းဖြည်းနဲ့ အံ့သြပုံတွေပျောက်သွားကာ သူ့မျက်နှာ အစိတ်အပိုင်းတစ်ခုချင်းစီကို ခပ်တည်တည်နဲ့မော့ကြည့်နေတာဖြစ်သည်။ မျက်ဝန်းတွေက လဲ့နေကာ တစ်ခုခုကို စူးစမ်းချင်နေဟန်။
"Daddy..."
Klayton သူ့ကိုယ်သူ မျက်စိရှေ့က လူရဲ့ အပိုင်လို့ သတ်မှတ်ချင်တာကြောင့် Daddy ဆိုတဲ့အခေါ်အဝေါ်ကို စတင်သုံးနှုန်းလိုက်ခြင်းပင်။
Daddy? ထည်ဝါ မျက်ခုံးတွေ ပင့်တက်သွားကာ ပါးစပ်အဟောင်းသား။ ဘယ်နှယ့်ဟာတုန်း! ဒီကောင်လေး သူ့ကိုလာ flirt နေတာလား။ သူမွေးရင် သူ့သားထက်တောင်ငယ်နေမဲ့ဟာလေးကများ...။ ပင့်တက်သွားတဲ့ မျက်ခုံးတန်းတွေက အတော်နဲ့ပြန်မကျ။
သို့သော်လည်း ကောင်လေးရဲ့ ပြုံးနေတဲ့ မျက်နှာလေးက အပြစ်ကင်းစင်သလို နှစ်လိုဖွယ်။ ထွက်ပြေးလာပုံပေါက်တာကြောင့်...
[ဘယ်လိုက်ပို့ပေးရမလဲ]
ရှေ့က driver ကောင်လေးကို ကားထွက်ဖို့ပြောလိုက်ရင်း မျက်လုံးဝါလေးကို ကြည့်ကာ မေးလိုက်သည်။
[Hotel တစ်ခုခု...]
[သက်တောင့်သက်သာနေ]
[Bae ကိုသိလို့လား]
သူ့ကိုယ်သူ လက်ညှိုးထိုးကာ မေးလာသည်မို့...
[ကိုယ့်တူလေးက မင်းfan]
"Ahhh~"
ခဏ တိတ်ဆိတ်သွားသည်။ ကားက Hotel တစ်ခုရှေ့ရပ်သွားသည်နှင့်...
[မင်းတစ်ယောက်တည်းလား]
ထည်ဝါမေးလိုက်တော့ မျက်လုံးဝါလေးက ခေါင်းငြိမ့်ဖြေသည်။
[ဆရာလုပ်တာမဟုတ်ဘူး... နာမည်ကြီးတစ်ယောက်က ဒီလို လျှောက်သွားနေလို့မဖြစ်ဘူးလေ... မင်းရဲ့လူတွေကိုလှမ်းခေါ်ထားလား၊ သူတို့လာတဲ့အထိ စောင့်ပေးမယ်]
နေရာဒေသလည်း အခုမှရောက်ဖူးတဲ့ပုံပင်။ ဘာသာစကားကလည်း ကျွမ်းကျင်ပုံမရ။ ဒီလိုပုံစံနဲ့ တစ်ယောက်တည်း...။ ထည်ဝါ မျက်လုံးဝါလေးကိုကြည့်ကာ သက်ပြင်းချမိသည်။
[Bae အခုခေါ်လိုက်မယ်]
Klayton တစ်ယောက်တည်းနေချင်သော်လည်း Daddy ကပြောလာသည်မို့ ဖုန်းထုတ်ကာ သူ့လူတွေကို SNS ပို့လိုက်သည်။
Daddy လို့ခေါ်တာကို ဘယ်လိုထင်သွားသလဲမသိ သူ့ကိုမော့ကြည့်ကာ သက်ပြင်းတွေပါချနေသည်။ Daddy က အသက်လေးဆယ်လောက်ရှိမည်ထင်သည်။ နုဖက်နေလိုက်တာများ အပြစ်ဆိုဖွယ်မရှိ။ ဒီနိုင်ငံသားရုပ်ရည်မျိုးကိုမှ တစ်မျိုးလေးချောသည်။ သူလည်းသေချာမပြောတတ်။ တိကျပြီး ပြတ်သားတဲ့မေးရိုးထင်းတွေရှိသေးသည်။
ထည်ဝါ မျက်လုံးဝါလေးလူတွေကို စောင့်ပေးနေပေမဲ့ သူဆေးရုံမှာ ဂျူတီဝင်ရမဲ့အချိန်ကလည်းနီးလာပြီဖြစ်သည်။ ကောင်လေးကိုကြည့်တော့လည်း ပတ်ဝန်းကျင်ကို တောင်ကြည့်မြောက်ကြည့်နဲ့ အထူးအဆန်းလို လိုက်ကြည့်နေသည်။ မွန်းကျပ်နေဟန်လည်း ရှိတာကြောင့်...
[လာ... ဆင်းလာခဲ့]
ကားထဲမှာလည်း ရေပဲရှိတာမို့ ရေသန့်တစ်ဘူးကိုင်ကာ မျက်လုံးဝါလေးကိုခေါ်ရင်း hotel နားက သစ်ပင်ရိပ်ဆီခေါ်လာခဲ့လိုက်သည်။ သစ်ပင်ရိပ်အောက်က ကျောက်ခုံတွေချထားတဲ့ဆီရောက်တော့ ထည်ဝါအမြန်ဝင်ထိုင်လိုက်သည်။ ထိုင်နေလျှင်သာမသိသာပေမဲ့ အတူလမ်းလျှောက်တော့ သူက မျက်လုံးဝါလေးပုခုံးသာရှိသည်။ ကိုကြီးတို့ ကာရံတို့နဲ့လည်း အပြင်သိပ်မထွက်တာ အဲ့အချက်ကြောင့်ပင်။
[ရော့... လောလောဆယ် ရေပဲသောက်၊ ပင်ပန်းနေတယ်ထင်တယ်၊ ဒီနေ့တော့ဘယ်မှမသွားပဲ နားလိုက်တာကောင်းမယ်]
ဆရာဝန်မျက်လုံးဆိုတော့ လူတစ်ယောက်မြင်ရင် ရောဂါအရင်ရှာတတ်တာ အကျင့်ဖြစ်နေသည်။
[နောက်...မင်းအားရင် မြန်မာပြည်ကိုရောက်တုန်းရောက်ခိုက် ဘုရားသွားဖူးချေ။ မြန်မာပြည်က အစားအစာတွေ အကုန်လိုက်စားကြည့်]
သစ်ပင်ရိပ်အောက်က လေကတစ်ဟူးဟူးတိုက်နေတာကြောင့် Daddy ဆံပင် မတိုမရှည်လေးတွေက ယိမ်းနွဲ့နေသည်။
[ငါတို့နိုင်ငံက အစားစာတွေက သူ့ဟာနဲ့သူ အစပ်အဟပ် တည့်တည့်နဲ့စားရတာဆိုတော့ မင်းလျှာတော့ အကျင့်ရဦးမှာမဟုတ်ဘူး၊ ဒါပေမဲ့ တကယ်ကောင်းတာပါ၊ မင်းပြန်သွားရင် လွမ်းတောင်လွမ်းနေဦးမှာ]
Klayton မျက်နှာကို မော့ကြည့်ကာ တတွတ်တွတ်နဲ့ စကားတွေပြောနေသည်။ တွေ့တဲ့သူတိုင်းကို ဒီလိုပဲပြောတာပဲလား သူစိတ်မချတွေဖြစ်လာသည်။
[ပြီးတော့ မင်းအရပ်ကြီးက ထင်းနေတဲ့ဟာ မင်းပုံစံက လူတွေသတိထားမိနိုင်တဲ့ ခန္ဓာကိုယ်မျိုးလေ၊ အဲ့တော့ ရုပ်ဖျက်လည်းအပိုပဲ ဖြစ်မှာ... မင်း ဖန်တွေက မှတ်မိမှာပဲ]
ထည်ဝါပြောနေတုန်း ကားတစ်စီး သူတို့နားထိုးရပ်ပြီး အနောက်တိုင်းပုံစံ လူနှစ်ယောက်ဆင်းလာသည်။ ဘေးက မျက်လုံးဝါလေးလူတွေမှန်းသိသာတာမို့ သူထိုင်ရာမှထကာ သူ့ကားဆီပြန်လာခဲ့သည်။ ဂျူတီချိန် နောက်ကျတော့မည်လေ။
"Daddy"
ကားတံခါးဖွင့်မဲ့လက်ကို လှမ်းဆွဲလိုက်တာမို့ သူမော့ကြည့်လိုက်တော့ မျက်လုံးဝါလေးထဲမှာ ကျေးဇူးတင်ချင်ဟန်။
[ဆက်သွယ်လို့ရမဲ့ ဖုန်းနံပါတ်ပေးခဲ့ပါ]
ထည်ဝါ ခဏ စဥ်းစားသွားသည်။ အကယ်၍ ဒီကောင်လေးနဲ့သူရင်းနှီးသွားလို့
ညီမလေးဆိုင်ကို ကြော်ငြာခိုင်းရင် ဈေးလျှော့ပေးလောက်သည်။ ပြီးတော့ ဒီကောင်လေးဖုန်းနံပါတ်သာ ကာရံကိုပေးလိုက်ရင်...
[မင်းဖုန်းနံပါတ်ပေး]
[Daddy ဖုန်းသာ Bae ကိုပေးပါ]
မျက်မှောင်ကျုံ့ကာ သဘောမကျသလိုပြန်ကြည့်လာတဲ့ Daddy ကို ဂရုမစိုက်ဘဲ လက်ထဲကိုင်လာတဲ့ ဖုန်းကို ဆွဲလုလိုက်သည်။
[Bae ဆက်သွယ်လိုက်မယ်၊ အဆင်ပြေတဲ့နေ့ ဘုရားလိုက်ပို့ပေးမလား]
လက်ထဲပါလာတဲ့ ဖုန်းကို ဆွဲလုယူသွားပြီး သူ့ဖုန်းဆွဲထုတ်ကာ နံပါတ်တွေမှတ်နေပုံရသည်။ ထည်ဝါခေါင်းငြိမ့်သဘောတူလိုက်ရင်း ကိုယ့်ဖုန်းကိုယ် ပြန်ဆွဲယူလိုက်သည်။ ကားပေါ်တက်မလို့ အလုပ် လက်ကိုထပ်ဆွဲပြန်သည်။
"Daddy"
Klayton ကို စိတ်မရှည်တော့ဘူးထင်သည်။ မှုန်ကုတ်ကုတ် ပြန်ကြည့်နေသည်။
မိကျောင်းမသားက ပြောမဆုံးပေါင်တောသုံးတောင်ဖြစ်နေသည်။ ဒင်းကို မော့မော့ကြည့်ပြီးစကားပြောနေရတာ ဇက်ဘယ်လောက်ညောင်းတယ်မှတ်သလဲလေ။
"Bae နာမည် ရှေးပြဿဒ်ဦး"
"ဘယ်လို!"
"ရှေးပြဿဒ်ဦးလို့..."
"မင်းက ဗမာစကားပြောတတ်တယ်လား"
"ပြောတတ်တာပေါ့... မြန်မာနိုင်ငံလာပြီး မြန်မာစကားမပြောတတ်လို့ လေချွန်နေရမှာလား၊ အချိန်ပြည့်စကားပြန်ကို အားကိုးနေရတာ ဝါသနာမပါဘူး"
"ဒါနဲ့များ စောစောက ဘာလို့မပြောတာလဲ"
"Daddy က တအားစကားများလို့လေ၊ Bae သာမြန်မာစကားပြောတတ်တာ သိရင် Hotel ထဲထိ လိုက်ပြောနေမှာစိုးလို့"
"မင်းငါ့ကိုလာမခေါ်နဲ့"
ဝုန်း!
ကားထဲဝင်ထိုင်ပြီး မောင်းထွက်သွားသည်အထိ တဟားဟားနဲ့ အော်ရယ်သံကိုကြားနေရသည်။ မသိရင်သူကပဲ သူများနားမခံနိုင်အောင် စကားများတဲ့သူလိုပြောသွားသည်။ သူပဲ ဟိုလိုလိုဒီလိုလိုအထာနဲ့ Daddy လို့လာခေါ်ပြီးတော့ ကိုယ်က ရင်းရင်းနှီးနှီးပြန်ပြောတော့ သာလိကာဖြစ်ရပြီ။ စောက်ကလေးလေး။
*******
"အကာလေးကို သုန်သုန်က လွမ်းနေတာ..."
လင်းကာရံလွှမ်း ကားပေါ်ကဆင်းလာသည်နှင့် ရင်ခွင်ပစ်ဝင်လာတဲ့ကောင်လေးကို သူဘယ်လိုလုပ် ဆူရက်တော့မှာတဲ့လဲ။ ခန္ဓာကိုယ်အရပ်အမောင်းက သူနဲ့အတူတူပေမို့ ဒူးတွေကွေးညွှတ်ပြီး ကိုယ်ကိုကျုံ့ကာ သူ့ရင်ခွင်ထဲ အတင်းတိုးဝင်နေရရှာသည်။ မေးဖျားဆီ နွေးခနဲ ခံစားလိုက်ရကာ သူငုံ့ကြည့်လိုက်တော့ ကောင်လေးရဲ့မူပိုင် သွားစွယ်လေးတွေပေါ်သည်အထိ ရယ်ပြနေသေးသည်။ ဘယ်လောက်စိတ်ဆိုးဆိုး ဘာမှမပြောရသေးခင် အမြဲအရည်ပျော်ရသည်သာ။ ရင်ထဲကအပူတွေ ခဏငြိမ်းအေးအောင် သူပြန်ဖက်ထားလိုက်သည်။ ဆံနွယ်တွေကို ငုံ့နမ်းရင်း ခဏအကြာ ဖက်ထားတဲ့သူကို ပုခုံးတွေကနေဆွဲခွာလိုက်သည်။ ကြာရင်ညောင်းလိမ့်မည်။
"လွမ်းတဲ့သူက Bar မှာကောင်မလေးနဲ့နော်"
"ငါလည်းလိုတယ်လေ... အချိန်ပြည့်မင်းအောက်မှာ မနေနိုင်ဘူး"
"ဒါဆို ငါ့ကိုယူလေ၊ ငါ့တိုက်ခန်းကို အခုသွားမလား"
"ဟား မယူပါဘူးဆို"
ဒီလိုကျတော့လည်း မဟုတ်ပြန်ဘူး။ ဒီလိုနဲ့ ဟိုကောင်မလေးကို နမ်းလိုက် ဒီကောင်မလေးကိုဖက်လိုက် လုပ်နေသည်ကို သူဘယ်အချိန်ထိငြိမ်ခံရမလဲ မသိတော့ပေ။ ချစ်တော့လည်း အကုန်လုံးကို မျက်စိစုံမှိတ်ပေးထားရသည်။
"ပြောပါဦး... ကိုယ့်ကိုမသိချင်ယောင်ဆောင်ရတဲ့အကြောင်းလေး"
သူ့သူငယ်ချင်းတွေနဲ့တွေ့ရင် မသိသလိုနေပေး ဆိုတဲ့အမိန့်ကြောင့် သူ့သူငယ်ချင်းတွေကြားထဲ အခုမှတွေ့ဖူးသလို သရုပ်ဆောင်ရပြန်သည်။ ဆေးလောကရဲ့နံပါတ်တစ် Autumn ဆေးရုံအုပ်ကိုမှမသိရင် သူဘယ်လိုဆရာဝန်ဖြစ်လာလဲဆိုတာ မေးခွန်းထုတ်ရလိမ့်မည်။ ကိုယ်တိုင်လည်း Autumn က နှလုံးအထူးကုတစ်ယောက်ပင်။ အိမ်ကိုတော့အခြားဆေးရုံမှာ အယောင်ပြပြီး လိမ်ထားရသည်။ ချစ်တော့လည်း အနားမှာအမြဲရှိနေချင်တာ သူ့အလွန်မဟုတ်ပေ။ ဒီလောက်ချစ်ပြလည်း ဆေးရုံအုပ်လေးက ဖာသိဖာသာ။
ကာရံ ရပ်ထားတဲ့ကားကိုမှီကာ ကားဘောနက်ဖုံးပေါ်တက်ထိုင်နေတဲ့သူကို သေချာကြည့်နေလိုက်သည်။ မြစ်ကမ်းနဘေး ဖြစ်တာကြောင့် ညနေလေနုအေးက ညှင်းသွဲ့သွဲ့။ မြစ်ပြင်ကျယ်ကို မျက်နှာမူနေသူက ဝင်ခါနီး လိမ္မော်ရောင်နေလုံးကြီးကြောင့် နဂိုကထက်ပိုကြည့်ကောင်းနေသည်မို့ လေညှင်းနဲ့အတူ ရင်ခုန်သံတွေက ပရမ်းပဒါဖြစ်ရသည်။ နားသံသီးလေးပေါ်က စိန်ပွင့်လေးကလည်း လက်ခနဲ။
"ဘာရယ်မဟုတ်ဘူး၊ မိတ်ဆက်ပေးရမှာပျင်းလို့..."
ကာရံ့ကိုတစ်ချက်မှမကြည့်ပဲ ထွက်လာတဲ့အသံက ပေါ့ပျက်ပျက်။
"ကိုယ်ကမပျင်းဘူးလေ..."
"အကာလေး ညီကချောသားပဲ၊ အရင်ကတစ်ခါမှ ပြောသံမကြားဖူးသလိုပဲနော်"
"စကားမစပ်မိလို့ပါ၊ ဘာလဲငါ့ညီကိုတောင်ကြိုက်ပြန်ပြီလား"
"ဒီလိုလည်းဘယ်ဟုတ်ပါ့မလဲ"
"အတည်မေးမလို့... ငါ့ကိုဒီလိုပဲ တွဲနေတော့မှာလား"
သူ့ပတ်ဝန်းကျင်မှာ ကိုယ်ကဘောင်မဝင်တဲ့သူတစ်ယောက်ပင်။ တစ်နှစ်ကျော်အထိ silent တွဲလာပြီး အခုထိခြေရှုပ်နေတုန်း။
"အယ်ဂီးယား(ကလေးရေ)"
သူတစ်ခုခုအတည်တကျပြောတော့မယ်ဆို အဲ့လိုခေါ်တတ်သည်။ ကာရံအနားထိရောက်လာပြီး နောက်က ကားကိုလက်ထောက်လိုက်တာကြောင့် ကာရံက သူနဲ့ကားကြားထဲရောက်သွားသည်။ ကာရံ့မျက်လုံးတွေကို စူးစိုက်ကြည့်ကာ နှုတ်ခမ်းတွေက ပြုံးစစ။
"ကိုယ့်အကြောင်းလည်းသိရက်နဲ့... ဘာတွေချည်နေတာလဲကွာ... ဟမ်"
"ငါက မင်းအရင် ex တွေလို ချပြဖို့... မင်းသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဖို့တောင်မတန်ဘူးလား"
"အရင် exက လက်တစ်ဖက်တောင်မပြည့်ပါဘူးကွာ... ငါအစကတည်းက silent လို့ပြောခဲ့ပြီးသားပဲ၊ အခုမှဘာတွေလာခံစားနေတာလဲ"
ပြောနေရင်း လေသံတွေက မာ လာသည်။ ဒီအကြောင်းကို စ လိုက်ရင် အမြဲ ရန်ဖြစ်ရသည်။
"ငါ့ဘက်ကတော့ silent မဟုတ်ဘူး၊ မင်းကို ငါ့အိမ်ခေါ်လာလို့ရအောင် ငါအားလုံးလမ်းခင်းပြီးပြီ"
"အဲ့တော့ လမ်းခွဲကြမလား"
ဒါပါပဲ။ ရေရှည်စီမံကိန်းတွေ အများကြီးချပြီး လက်တွဲချင်နေတဲ့ ကိုယ်ကပဲ အဲ့စကားတစ်ခွန်းကြားတာနဲ့ နောက်ပြန်ဆုတ်ရစမြဲ။ လုပ်ချင်တာလုပ် ပြီးရင် နည်းနည်းလောက်လေး လေသံမမာလိုက်နဲ့ လမ်းခွဲခိုင်းတော့တာပဲ။
ကိုယ်နဲ့တွဲနေပြီး အခြားသူတွေနဲ့လည်း မရှင်းမရှင်းလုပ်နေတာ ဘယ်သူက သည်းခံနိုင်မှာတဲ့လဲ။ ဒီဆေးရုံအုပ်လေး အပေါ်လောဘတွေ တနင့်တပိုးနဲ့ ပိုင်ဆိုင်ချင်ပေမဲ့ မကြိုက်မှန်းသိလို့ မျိုချထားရတာ ဘယ်လောက်ပူလောင်တယ် မှတ်သလဲလေ။
ထို့နောက် ကာရံ့နှုတ်ခမ်းဆီပြေးကပ်လာတဲ့ နှုတ်ခမ်းတစ်စုံ...။ နူးညံ့နေမှုကြောင့် လွတ်ထွက်သွားမှာ စိုးရိမ်လှသည်။ ကျင်လည်စွာ အနူးညံ့ဆုံးနမ်းရှိုက်နေတာကြောင့် သူကိုယ်တိုင်စီးမျောသွားကာ တိုက်ခက်နေတဲ့ လေနုအေးတွေထဲ မျောပါသွားမလားမှတ်ရသည်။
သူ့နှုတ်ခမ်းတွေကြားထဲ လျှာဖျားတိုးဝင်မလို့ကြံတုန်း တိခနဲ ရပ်ပစ်ကာ ဆွဲခွာသွားသည်။
ဒါသက်သက်လုပ်ကြံတာ...
"ဒါက ဘာလဲ"
"လမ်းခွဲကြတာပေါ့၊ ဒီဘဝတော့ ဒီမျှပဲ၊ Ok! လမ်းမှာတွေ့လည်း မသိသလိုနေကြရအောင်... ငါတို့ပတ်သတ်မှုက ခေါင်းစဥ်မရှိလို့..."
ကာရံ့ကိုစိုက်ကြည့်ကာ ခပ်ထေ့ထေ့ပြုံးရင်း သူ့ကားဆီသွားကာ မောင်းထွက်သွားသည်။ ဒီလိုနဲ့ ပြီးသွားပြီလို့ ဘယ်သူပြောလဲ။ သူစိတ်ပြေရင် ပြန်လာလိမ့်မည်။ ဒီကြားထဲ သွားချော့မိရင် အရွဲ့တိုက်ခံရလိမ့်မည်။ တွဲလာတာတစ်နှစ်ကျော်ပဲ ကြာသေးပေမဲ့ သူ့ကိုပဲအရိပ်တကြည့်ကြည့်နဲ့ ကြည့်ခဲ့တဲ့သူမို့ သူ့အကြောင်းကို ကောင်းကောင်းနားလည်သည်။
လမ်းခွဲချင်တိုင်း Goodbye kiss ဆိုပြီး အမြဲလာနမ်းတတ်သည်။ အစကတော့ မပြတ်နိုင်ဘူး ဘာညာနဲ့ ရုန်းပြီး အချေအတင်ဖြစ်ကြသည်။ နောက်တော့ အသားကျသွားသည်မို့ အနမ်းခံရလည်း နည်းလားဆိုပြီး ငြိမ်နေဖြစ်သည်။ သူစိတ်ဆိုးရင် သူ့သဘောနဲ့သူ အမြဲ ပြတ်နေကျပင်။
ဒါလေးကိုပဲ သူ့မှာစိတ်မကုန်နိုင် ချစ်စနိုးလေးဖြစ်နေရသည်။ ဒါတွေကိုသိလို့ ဘ ကိုတားနေတာပင်။ ကိုယ်တိုင် ခံစားနေရသည်မို့ ဘ ကိုတားနေတာဖြစ်သည်။ ဘ လည်းသူ့လို ထားရာနေ စေရာသွား ဖြစ်နေရင် ဘယ်လိုလုပ်မလဲလေ။ သူတစ်ယောက် အပြုစားခံရုံနဲ့ပင်လုံလောက်နေပြီမဟုတ်လား။
ခြိမ့်မိုးဝသုန် ကားနောက်ကြည့်မှန်က နေကြည့်လိုက်တော့ ကာရံက မထုံတတေး ရပ်နေသေးသည်။ တကယ့်ဟာလေး။ သူပစ်ချခဲ့တဲ့နေရာမှာ အမြဲရပ်ကျန်ခဲ့သည်ချည်းသာ။ ဒီလူရဲ့ အချစ်တွေကို မမြင်ဘဲနေမလား။ ဒီလူရဲ့ ပိုင်ဆိုင်ချင်စိတ်တွေကို မသိဘဲနေမလားလေ။ သူတစ်ချက်မျက်မှောင်ကုတ်လိုက်တာနဲ့ ဘာစကားမှားသွားလဲ ပြန်စဥ်းစားနေတတ်သူကို သူဘယ်လိုလုပ် မချစ်ပဲနေနိုင်မလဲလေ။
ဒီနေ့ ဒီအချိန်အထိ ဘယ်သူ့ကိုမှ သူ silent မတွဲဖူးပါ။ သူ့ဘဝထဲကိုဘယ်သူမှ အဝင်မခံတော့တာ အတော်ကြာပြီဖြစ်သည်။ ဘယ်သူ့ကိုမှ အသိမပေးပဲ ဒီလူနဲ့ တစ်ကမ္ဘာတည်ချင်သည်။ သူ့အကြောင်းတွေ အကုန်သိသွားရင် ဒီလူ့ အသိုင်းအဝိုင်းမှာ အမဲစက်ဆိုတာ ကျန်ခဲ့မှာစိုးရိမ်သည်။ တိတ်တိတ်ကလေးပဲ စတင်ပြီး အရာအားလုံးကို တိတ်တိတ်ကလေးသာ အဆုံးသတ်ချင်သည်။
သူတို့တွဲနေတာကို တိမ်တိုက်တစ်ယောက်သာ သိသွားတာဖြစ်သည်။ ဘယ်တုန်းက စသိတာလဲတော့မသေချာ။ ဆေးရုံကိစ္စ စာချုပ်ချုပ်တဲ့နေ့က သိသွားတာဖြစ်ဖို့များသည်။ မသိသလိုနေ နေတဲ့ကြားက ဘယ်လိုဘယ်လို ရိပ်မိသွားသလဲ မသိ။ တိမ်တိုက်က တကယ် လှစ်လှစ်ကလေးရယ်။ သူနဲ့ မိုးသောက်က်ိုကြည့်မနေရင်တောင် သူတို့မူပျက်နေတာကို ချက်ချင်းသိနိုင်တဲ့လူစားမျိုးပင်။ ဒါကြောင့်လည်း တိမ်တိုက်ရဲ့ ဦး အကြောင်းကိုပြောတော့ မင်းလင်မင်းပါ့လား ဆိုတဲ့ သဘောနဲ့ မျက်လုံးကြီးပြေးကပ်မတတ်ကြည့်ပြီး ခနဲ့နေတာဖြစ်သည်။
(ဒီနားမှာ အားလုံးရှင်းလောက်ပြီထင်တယ်။ ep 7 က ခြောက်ယောက်စုံတဲ့နေရာမှာ ကာရံနဲ့ ခြိမ့်က မသိချင်ယောင်ဆောင်နေကြတာပါ)
တိမ်တိုက်အိမ်ပြန်ရောက်တော့ သူ့အခန်းရှေ့မှာ မိုးသောက်ကရပ်စောင့်နေကာ ဝရန်တာနားက ပုခက်ကိုမျက်စပစ်သည်။ သူတို့အိမ်ရဲ့ အလုရဆုံးနေရာက အဲ့ပုခက်ပင်။
"ဒိန်ချဥ်ဘူး တစ်ကဒ်ယူပြီး အဲ့ထဲဝင်သွားတာ စကားလည်းတစ်ခွန်းမှ မပြောဘူး"
မိုးသောက်က သူ့အနားအပြေးကလေးလာကာ မေးငေါ့ပြောလာသည်။ သေချာပြီ။ ဒီလက္ခဏာကအသည်းကွဲတဲ့ လက္ခဏာဆိုတာ။ တစ်နေကုန်အလုပ်လုပ်ရလို့ ပင်ပန်းတာတွေတောင်ဘယ်ရောက်သွားသလဲမသိ။ ဒါမျိုးကိုမှ ရန်သွားမစရင် ပင်ပန်းတာ ပျောက်မယ်မထင်။
"အသည်းကွဲလာတာလား"
ပုခက်နားသွားမေးတော့ ပုခက်ထဲက ခြိမ့်က မျက်နှာကျက်ကိုပဲ မျက်လုံးသေကြီးနဲ့ကြည့်နေသည်။
"ပုခက်မလွှဲပေးရင် အနားမလာနဲ့"
ငိုချင်ရဲ့လက်တို့ အသံက ခပ်အက်အက်။
"မငိုဘူးလား"
"ငိုချင်တယ် ဒါပေမဲ့..."
"မျက်ရည်ကျဖို့တောင် အဲ့ကောင်က မတန်ဘူးလား"
"မဟုတ်ပါဘူးဘ eye liner ပျက်သွားမှာဆိုးလို့"
"ဒီ..."
တိမ်တိုက်နဲ့ မိုးသောက် မျက်စံလှန် သူကလှန်၊ နှုတ်ခမ်းရွဲ့ သူကရွဲ့နဲ့ ဖြစ်ကုန်ကြသည်။
"ဟိုက ဖြတ်လိုက်တာလား"
မိုးသောက်မထိတထိကြည့်ကာမေးတော့...
"ငါ့ရုပ်က အပစ်ခံရမဲ့ရုပ်လား"
"မင်းက ဖြတ်ခဲ့ပြီး ကျက်သရေမရှိ ငိုအုံးမှာ..."
"မင်းရဲ့ ex ၊ Klayton Ashford ဆိုတဲ့ကောင်ပြန်လာလို့ မှတ်လား၊ ခွေးဇာတ်ခင်းမလို့လား၊ သူများသားသမီးကို လိုသုံးလုပ်တာတော့ မကောင်းပါဘူး"
"မင်းကများ... သူများသားပျို သမီးပျိုလေးတွေကို ပန်းဦးအညွှန့်ချိုးကောင်ကများ ငါ့ကို..."
မီးဝင်းဝင်းတောက်နေတဲ့မျက်လုံးတွေနဲ့ မိုးသောက်ကိုကြည့်ကာ ချက်ချင်းထသတ်ကြတော့မဲ့ပုံပင်။
"အောင်မာ! ဘာပန်းဦးအညွှန့်ချိုးလဲ၊ ပါးစပ်နားလာခွံ့ကျွေးမှတော့ စားရမှာပေါ့"
"အဲ့တော့ ဟပ်လိုက်တယ်ပေါ့"
"တကယ်ကြီး ex ကြောင့်လား"
တိမ်တိုက်က မယုံနိုင်သလိုကြည့်ကာ အံ့သြသလိုဝင်မေးသည်။
"မင်းဖေကြီးက သစ်မှကိုင်တာကွ"
"ဟွန့်! ရည်းစားလေးသုံးယောက်ထားပြီးတော့... အဲလေ ဒါနဲ့ဆိုလေးယောက်ပေါ့... playboy ကြီးလို သစ်မှတဲ့... ပါးစပ်နဲ့ လေနဲ့ဆန့်လား နင် နေဦးမယ်"
"အဲ့လေးယောက်စလုံးကို ငါကထားခဲ့တာပါနော်"
"တော်ပြီ၊ ကိုက်မနေနဲ့ စကားပြောရအောင်... ပုခက်ထဲကဆင်းစမ်းပါ"
တိမ်တိုက် နှစ်ယောက်ကြားထဲ တကယ်ခေါင်းကိုက်သည်။ အချိန်ပြည့် မာန်ဖီနေလိုက်တာများ အဆွယ်တဝင်းဝင်းနဲ့ ထကိုက်တော့မလိုပင်။
တိမ်တိုက်ကပဲဦးဆောင်ကာ ဝရန်တာကိုခေါ်ထုတ်လာခဲ့သည်။ ဝရန်တာအလယ်တွင်သစ်ပင်ကြီးတစ်ပင်စိုက်ထားကာ ထိုသစ်ပင်အောက်တွင်မှ ဆိုဖာခုံအသေးစားလေးတွေနဲ့ စားပွဲတစ်ခုချထားသည်။
ညမှောင်နေပြီဖြစ်တာမို့ ကြယ်တွေက
တလဲ့လဲ့။ စိုက်ထားတဲ့ပန်းခင်းကြီးက စည်းစနစ်မကျ ဗရုတ်သုတ်ခဖြစ်နေပေမဲ့ လွတ်လပ်စွာ ရှင်သန်နေကြကာ ပန်းရောင်စုံတွေက ဖူးပွင့်ဝေနေသည်။ ကောင်းကင်က ကြယ်တွေနဲ့အတူ မြေပြင်က ပိုးစုန်းကြူးတွေကလည်း ပန်းပွင့်တွေကြား ကူးခပ်လျက်။
တိမ်တိုက်က အရင်ဝင်ထိုင်လိုက်လျှင် မေးချင်တာကိုဦးတည်ရတော့သည်။
"ဒီတစ်ယောက်က သက်တမ်းအကြာဆုံးမှတ်လား၊ ဘာလို့ silend တွဲတာလဲ၊ ငါတို့ကိုတောင်အသိမပေးဘဲနဲ့"
"သွယ်ဝိုက်၍ဖြစ်စေ... တိုက်ရိုက်ဖြစ်စေ... မင်းရဲ့လူကြောင့် ငါတို့ ဒုက္ခမရောက်ရင် မင်းရဲ့ကောင်လေးကို လက်ဖျားနဲ့တောင်မထိဘူး စိတ်ချ"
မိုးသောက်က ခြိမ့်ရဲ့ လဒမှိုင်မှိုင်နေတဲ့ပုံကိုကြည့်ကာ ဝင်အာမခံသည်။
"ခြိမ့်... ငါတို့ထဲကို လူတစ်ယောက်ခေါ်လာတာနဲ့ ငါတို့ကြားထဲက ဆက်ဆံရေးက ပျက်ပြားမသွားဘူးဆိုတာယုံ... မင်းကိုနှမျောတာ သဝန်တိုတာက တစ်ကဏ္ဍ... မင်းချစ်တဲ့သူကို ငါတို့လိုက်မချစ်နိုင်ရင်တောင် မင်းအပေါ်အချစ်က မလျှော့ဘူး"
"ငါတို့ကြောင့် ခံစားမနေနဲ့... မင်းကို ဘယ်သူ့လက်ထဲမှ ထည့်မမေးနိုင်လို့ လိုက်ရှုပ်နေတာ..."
တစ်ယောက်တစ်ခွန်း ဝင်ပြောတော့မှ...
"အများကြီးရှင်းပြစရာမလိုဘူး၊ အရင်လူတွေတုန်းက မင်းတို့အတွက်အချိန်တွေ သူတို့အတွက် ဖဲ့မပေးနိုင်တော့လို့ ဖြတ်လိုက်တာ..."
"အခုကရော"
"အခုက..."
"လာ... ဒီကို"
မိုးသောက်က ခြိမ့်ဆီ လက်ဖက်ဆန့်တန်းပေးလိုက်သည်။ ခြိမ့်ကလည်း မိုးသောက်ရင်ခွင်ထဲဝင်လာသည်။
"အခုက ငါကိုယ်တိုင်က ပျော်ဝင်နေပြီ၊ ငါကျဆုံးနေပြီ သူ့ဆီမှာ..."
ခြိမ့်က အသံတိမ်တိမ်နဲ့ပြောတော့ မိုးသောက်က ကျောကုန်းကို ခပ်ဖွဖွလေးပုတ်ပေးနေသည်။
"အဲ့လိုဖြစ်လို့မရဘူးလေကွာ..."
"ဘာလို့မရရမှာလဲ၊ ရင်ဆိုင်ရမှာတွေက များပေမဲ့ မင်းတကယ်ချစ်ရင် ငါတို့က ရာခူဇာ ဂိုဏ်းခေါင်းဆောင်ဆိုရင်တောင် လိုက်တောင်းပေးမှာ..."
တိမ်တိုက်ကပါ ခြိမ့်ဆံပင်တွေကိုသပ်ပေးရင်းဝင်ပြောသည်။
"သူက ဒေါက်တာလေးလေ"
"မင်းက ဖာခေါင်းလေးလား"
မိုးသောက်က ချက်ချင်း ခပ်ဆက်ဆက် ခွန်းတုံ့ပြန်လိုက်သည်။ တကယ်တည်း အသည်းကွဲတာတောင် သူ့လင်ကိုကြွားနေသေးသည်။
"သူက လူတိုင်းလိုချင်နေတဲ့ အဖိုးတန်လေးကွ"
"မင်းလည်းငါတို့အိမ်က အဖိုးတန်လေးပဲလေ"
"လူ့အသက်ကယ်နေတဲ့ ဆရာဝန်လေးက ငါ့လုပ်နေတဲ့အလုပ်တွေသာသိသွားရင်..."
ခြိမ့်က သက်ပြင်းခပ်ဖွဖွချကာဆက်ပြောသည်။
"ငါက အားနည်းချက်တွေနဲ့ စက်ဆုပ်ဖို့ကောင်းအောင် ပေါက်ဖွားလာမှန်းသာသိရင်..."
"အဲ့လိုမပြောနဲ့၊ မင်းအဲ့ကောင်လေးကို အဲ့လောက်ကြိုက်လား၊ ငါရအောင်ယူပေးမယ်၊ အဲ့လိုထပ်မပြောနဲ့... ငါ့ကိုကြည့်... ရစေရမယ်"
မိုးသောက်က ခြိမ့်မျက်နှာကိုဆွဲမော့ကာ မျက်ဝန်းတွေက ဂတိပေးရင်း တတွတ်တွတ်ပြောနေသည်။ သူတို့သုံးယောက်စုံချိန်တွင် မိသားစုအကြောင်း မပြောဖြစ်တာများသည်။ တစ်ယောက်အတွက် ကျန်တဲ့နှစ်ယောက်က မိသားစု၊ အုပ်ထိန်းသူတွေပင်။
"ဘာတွေလာပေးနေတာလဲ၊ မလိုချင်ပါဘူးဆို"
"စောက်ပိုတွေလုပ်ပြီး ကလေးလိုလိုခွေးလိုလိုလုပ်မနေနဲ့နော်၊ ခြိမ့် မိုး ဝ သုန်! ရင်ဆိုင်ဖို့ကျ မတွေးပဲ အားနည်းချက်မဟုတ်တာကို လိုက်တွေးပြီး ချီးခြောက်ရေနှူးမနေနဲ့... ငါစိတ်မရှည်ဘူး၊ သွား..."
မိုးသောက်က ပြောလည်းပြော သူ့ရင်ခွင်ထဲရောက်နေတဲ့ ခြိမ့်ကို တွန်းလည်းတွန်းထုတ်သည်။ သူချော့လို့ရသလောက် ချော့ပြီးပြီ။ စောက်လုပ်မဟုတ်တာကို ထိုင် feel နေတာကိုတော့ လက်မခံချင်ပေ။ ရည်းစားရတာ တစ်ခွန်းမှ မဟ။ ပြတ်သွားမှသာ ထုတ်ပြောဖော်ရတော့သည်။ ရည်းစားတွေ မှိုလိုပေါက်အောင်ထားခဲ့ကိုယ်က ဘာမှမဖြစ်ရဘူး။ သူတို့နှစ်ယောက်ကျမှပဲ။ တိမ်တိုက်ဆိုတဲ့ကောင်ကလည်း ထုတ်သာမပြောတာ ဆွေးနေတာ အသိသာ။ သွားမတွေ့ရတာ ဘယ်နှရက်မှမရှိသေးတာကို အပိုတွေလုပ်နေသည်။
"မင်းပဲ ငါ့ခြိမ့်လေးကို ရင်ခွင်ထဲဆွဲခေါ်ပြီးတော့... နေရာတကာသူ့စောက်စိတ်ချည်းပဲ"
ဟုတ်သည်လေ သူပဲအမျိုးမျိုး။ ဆိတ်ဂွေးစိကောင်လို့ ပြောရင်လည်း ဘေးနားကစိုက်ထားတဲ့ပန်းအိုးနဲ့အပစ်ခံရဦးမည်။
တိမ်တိုက်ကို လက်ခလယ်ထောင်ပြသွားပြီး အိမ်ထဲကိုခြေဆောင့်ကာ ဝင်သွားသည်။ ခြိမ့်က မိုးသောက်ဝင်သွားသည်ကို ငိုမဲ့မဲ့နဲ့လှမ်းကြည့်ကာ...
"မင်း မိုးသောက်ကို ဘာတွေသွားပြောထားသေးလဲ"
"မပြောဘူးနော်... လုံးဝမပြောဘူး၊ 'မင်းကိုကျတော့ ဘယ်သူနဲ့မှ ခံမလာနဲ့လို့ ပြောတဲ့ကောင်က အခုတော့ သူကအောက်ထပ်သိလား' လို့ငါယောင်လို့တောင်မပြောဘူး"
*ဒါလည်းသိပြန်ပြီလား ဒီကောင်ဘယ်လိုတောင် အာရုံရနေတာလား*
ခြိမ့်အတွေးထဲမှာတင် ပါးစပ်အဟောင်းသား။
"အား! ခွေးကောင်"
တိမ်တိုက်ကပြောပြီး အိမ်ထဲဝင်ပြေးကာ သူ့အခန်းထဲဝင်ပြီး lock ချလိုက်သည်။ ခြိမ့်က တော့အပြင်ဘက်မှာ ဆွေ့ဆွေ့ခုန်နေသည်။
တိမ်တိုက် ဦးဆီ ဖုန်းခေါ်ချင်ပေမဲ့ သူ့ရဲ့အလွမ်းထုထည်က အသံနဲ့တင်လုံလောက်မှာမဟုတ်။ အလွမ်းပြေ ဦးအိမ်ရှေ့သွားတော့လည်း ထုံးစံအတိုင်း ဦးကိုမတွေ့ရပေ။ မနက်ဖြန်ဆိုရင်ပဲ မိုးသောက်နဲ့ အဆောက်အဦး ဒီဇိုင်းဆွေးနွေးမှာမို့ အဲ့ကျမှ ဦးနဲ့တွေ့ရလိမ့်မည်။ ဒီတစ်ညတော့ သူလွမ်းရဦးမှာပေါ့...
>>>>>>>U<<<<<<<
12.11.2021
/
/
/
(Zawgyi)
[ ...........] ေလးေထာင့္ကြင္းထဲက စကားေတြက အဂၤလိပ္လို ေျပာတာေတြပါ။
///////
စိုင္းထည္ဝါလႊမ္းသည္ သူငယ္ခ်င္းျဖစ္သူ ႏိုင္ငံျခားသြားမွာမို႔ ေလဆိပ္ကိုလိုက္ပို႔ျခင္းျဖစ္သည္။ ေလဆိပ္တြင္ မိန္းမငယ္ေလးေတြ ႀကိတ္ႀကိတ္တိုးေနတာေၾကာင့္ ကာရံေျပာတာကိုသတိရသြားသည္။ ကာရံက သူ႕ idol ဆိုတဲ့ေကာင္ေလး လာမယ္ဆိုတဲ့သတင္းၾကားကတည္းက တစ္အိမ္လုံးကို ပတ္ႂကြားေနတာ ျဖစ္သည္။ ကာရံ႕ idol ေကာင္ေလး ဒီေန႔ေရာက္သည္ထင္သည္။ ထည္ဝါက လူ႐ႈပ္ရင္မႀကိဳက္မွန္းသိတာေၾကာင့္ သူငယ္ခ်င္းက အထဲထိလိုက္မပို႔ခိုင္းေတာ့ပဲ ကားေပၚကေန Luggage ယူကာ ဆင္းသြားသည္။ သူလည္း driver ကို ေဆး႐ုံျပန္ပို႔ဖို႔ေျပာလိုက္၏။
ထိုအခ်ိန္တြင္ ကားတံခါးကိုဆြဲဖြင့္ကာ ဝ႐ုန္းသုန္းကားဝင္လာၿပီး သူ႕ေဘးဝင္ထိုင္လိုက္သည့္ ေကာင္ေလး။ သူေမာ့ၾကည့္လိုက္ေတာ့ အဝါေဖ်ာ့ေရာင္နဲ႔ ခဲေရာင္ေရာစပ္ထားသည့္ အေနာက္တိုင္းဆန္ဆန္ မ်က္လုံးဝါေလး။ Mask ခြၽတ္လိုက္ေတာ့ ျမင္လိုက္ရသည့္ မ်က္ႏွာက ကာရံ႕အခန္းထဲတြင္ သူအၿမဲ ျမင္ေနက် ဓာတ္ပုံေတြထဲက ေကာင္ေလး။ ပုံေတြထဲမွာထက္ အျပင္မွာပိုေခ်ာသည္ပင္။ အဓိက က မ်က္လုံး... ဖန္ေဂၚလီလုံး ဝါၾကည္ၾကည္ေလးေတြကို ထည့္ထားသလိုပင္။ မ်က္လုံးဝါေလးေတြကို ေကာ့ၫြတ္ေနသည့္ မ်က္ေတာင္ညိဳေလးေတြက အနားသတ္သည္။ ခပ္ေရးေရး အညိဳေရာင္ႏႈတ္ခမ္းေမႊးေတြနဲ႔ ပါးသိုင္းေမႊးေတြက အေနာက္တိုင္းဆန္ဆန္ ေယာက်္ားပီသတဲ့မ်က္ႏွာက်ကို ပုံေဖာ္ေနသည္။
Klayton ေဘးက လူက ပထမေတာ့ မ်က္လုံးေတြဝိုင္းစက္ကာ အံ့ၾသေနၿပီး သူလည္း Mask ခြၽတ္လိုက္ေရာ ႏႈတ္ခမ္းေတြပြင့္ဟလာသည္အထိ အံ့ၾသေနျပန္သည္။ ျဖည္းျဖည္းနဲ႔ အံ့ၾသပုံေတြေပ်ာက္သြားကာ သူ႕မ်က္ႏွာ အစိတ္အပိုင္းတစ္ခုခ်င္းစီကို ခပ္တည္တည္နဲ႔ေမာ့ၾကည့္ေနတာျဖစ္သည္။ မ်က္ဝန္းေတြက လဲ့ေနကာ တစ္ခုခုကို စူးစမ္းခ်င္ေနဟန္။
"Daddy..."
Klayton သူ႕ကိုယ္သူ မ်က္စိေ႐ွ႕က လူရဲ႕ အပိုင္လို႔ သတ္မွတ္ခ်င္တာေၾကာင့္ Daddy ဆိုတဲ့အေခၚအေဝၚကို စတင္သုံးႏႈန္းလိုက္ျခင္းပင္။
Daddy? ထည္ဝါ မ်က္ခုံးေတြ ပင့္တက္သြားကာ ပါးစပ္အေဟာင္းသား။ ဘယ္ႏွယ့္ဟာတုန္း! ဒီေကာင္ေလး သူ႕ကိုလာ flirt ေနတာလား။ သူေမြးရင္ သူ႕သားထက္ေတာင္ငယ္ေနမဲ့ဟာေလးကမ်ား...။ ပင့္တက္သြားတဲ့ မ်က္ခုံးတန္းေတြက အေတာ္နဲ႔ျပန္မက်။
သို႔ေသာ္လည္း ေကာင္ေလးရဲ႕ ျပဳံးေနတဲ့ မ်က္ႏွာေလးက အျပစ္ကင္းစင္သလို ႏွစ္လိုဖြယ္။ ထြက္ေျပးလာပုံေပါက္တာေၾကာင့္...
[ဘယ္လိုက္ပို႔ေပးရမလဲ]
ေ႐ွ႕က driver ေကာင္ေလးကို ကားထြက္ဖို႔ေျပာလိုက္ရင္း မ်က္လုံးဝါေလးကို ၾကည့္ကာ ေမးလိုက္သည္။
[Hotel တစ္ခုခု...]
[သက္ေတာင့္သက္သာေန]
[Bae ကိုသိလို႔လား]
သူ႕ကိုယ္သူ လက္ညိႇဳးထိုးကာ ေမးလာသည္မို႔...
[ကိုယ့္တူေလးက မင္းfan]
"Ahhh~"
ခဏ တိတ္ဆိတ္သြားသည္။ ကားက Hotel တစ္ခုေ႐ွ႕ရပ္သြားသည္ႏွင့္...
[မင္းတစ္ေယာက္တည္းလား]
ထည္ဝါေမးလိုက္ေတာ့ မ်က္လုံးဝါေလးက ေခါင္းၿငိမ့္ေျဖသည္။
[ဆရာလုပ္တာမဟုတ္ဘူး... နာမည္ႀကီးတစ္ေယာက္က ဒီလို ေလွ်ာက္သြားေနလို႔မျဖစ္ဘူးေလ... မင္းရဲ႕လူေတြကိုလွမ္းေခၚထားလား၊ သူတို႔လာတဲ့အထိ ေစာင့္ေပးမယ္]
ေနရာေဒသလည္း အခုမွေရာက္ဖူးတဲ့ပုံပင္။ ဘာသာစကားကလည္း ကြၽမ္းက်င္ပုံမရ။ ဒီလိုပုံစံနဲ႔ တစ္ေယာက္တည္း...။ ထည္ဝါ မ်က္လုံးဝါေလးကိုၾကည့္ကာ သက္ျပင္းခ်မိသည္။
[Bae အခုေခၚလိုက္မယ္]
Klayton တစ္ေယာက္တည္းေနခ်င္ေသာ္လည္း Daddy ကေျပာလာသည္မို႔ ဖုန္းထုတ္ကာ သူ႕လူေတြကို SNS ပို႔လိုက္သည္။
Daddy လို႔ေခၚတာကို ဘယ္လိုထင္သြားသလဲမသိ သူ႕ကိုေမာ့ၾကည့္ကာ သက္ျပင္းေတြပါခ်ေနသည္။ Daddy က အသက္ေလးဆယ္ေလာက္႐ွိမည္ထင္သည္။ ႏုဖက္ေနလိုက္တာမ်ား အျပစ္ဆိုဖြယ္မ႐ွိ။ ဒီႏိုင္ငံသား႐ုပ္ရည္မ်ိဳးကိုမွ တစ္မ်ိဳးေလးေခ်ာသည္။ သူလည္းေသခ်ာမေျပာတတ္။ တိက်ၿပီး ျပတ္သားတဲ့ေမး႐ိုးထင္းေတြ႐ွိေသးသည္။
ထည္ဝါ မ်က္လုံးဝါေလးလူေတြကို ေစာင့္ေပးေနေပမဲ့ သူေဆး႐ုံမွာ ဂ်ဴတီဝင္ရမဲ့အခ်ိန္ကလည္းနီးလာၿပီျဖစ္သည္။ ေကာင္ေလးကိုၾကည့္ေတာ့လည္း ပတ္ဝန္းက်င္ကို ေတာင္ၾကည့္ေျမာက္ၾကည့္နဲ႔ အထူးအဆန္းလို လိုက္ၾကည့္ေနသည္။ မြန္းက်ပ္ေနဟန္လည္း ႐ွိတာေၾကာင့္...
[လာ... ဆင္းလာခဲ့]
ကားထဲမွာလည္း ေရပဲ႐ွိတာမို႔ ေရသန္႔တစ္ဘူးကိုင္ကာ မ်က္လုံးဝါေလးကိုေခၚရင္း hotel နားက သစ္ပင္ရိပ္ဆီေခၚလာခဲ့လိုက္သည္။ သစ္ပင္ရိပ္ေအာက္က ေက်ာက္ခုံေတြခ်ထားတဲ့ဆီေရာက္ေတာ့ ထည္ဝါအျမန္ဝင္ထိုင္လိုက္သည္။ ထိုင္ေနလွ်င္သာမသိသာေပမဲ့ အတူလမ္းေလွ်ာက္ေတာ့ သူက မ်က္လုံးဝါေလးပုခုံးသာ႐ွိသည္။ ကိုႀကီးတို႔ ကာရံတို႔နဲ႔လည္း အျပင္သိပ္မထြက္တာ အဲ့အခ်က္ေၾကာင့္ပင္။
[ေရာ့... ေလာေလာဆယ္ ေရပဲေသာက္၊ ပင္ပန္းေနတယ္ထင္တယ္၊ ဒီေန႔ေတာ့ဘယ္မွမသြားပဲ နားလိုက္တာေကာင္းမယ္]
ဆရာဝန္မ်က္လုံးဆိုေတာ့ လူတစ္ေယာက္ျမင္ရင္ ေရာဂါအရင္႐ွာတတ္တာ အက်င့္ျဖစ္ေနသည္။
[ေနာက္...မင္းအားရင္ ျမန္မာျပည္ကိုေရာက္တုန္းေရာက္ခိုက္ ဘုရားသြားဖူးေခ်။ ျမန္မာျပည္က အစားအစာေတြ အကုန္လိုက္စားၾကည့္]
သစ္ပင္ရိပ္ေအာက္က ေလကတစ္ဟူးဟူးတိုက္ေနတာေၾကာင့္ Daddy ဆံပင္ မတိုမ႐ွည္ေလးေတြက ယိမ္းႏြဲ႕ေနသည္။
[ငါတို႔ႏိုင္ငံက အစားစာေတြက သူ႕ဟာနဲ႔သူ အစပ္အဟပ္ တည့္တည့္နဲ႔စားရတာဆိုေတာ့ မင္းလွ်ာေတာ့ အက်င့္ရဦးမွာမဟုတ္ဘူး၊ ဒါေပမဲ့ တကယ္ေကာင္းတာပါ၊ မင္းျပန္သြားရင္ လြမ္းေတာင္လြမ္းေနဦးမွာ]
Klayton မ်က္ႏွာကို ေမာ့ၾကည့္ကာ တတြတ္တြတ္နဲ႔ စကားေတြေျပာေနသည္။ ေတြ႕တဲ့သူတိုင္းကို ဒီလိုပဲေျပာတာပဲလား သူစိတ္မခ်ေတြျဖစ္လာသည္။
[ၿပီးေတာ့ မင္းအရပ္ႀကီးက ထင္းေနတဲ့ဟာ မင္းပုံစံက လူေတြသတိထားမိႏိုင္တဲ့ ခႏၶာကိုယ္မ်ိဳးေလ၊ အဲ့ေတာ့ ႐ုပ္ဖ်က္လည္းအပိုပဲ ျဖစ္မွာ... မင္း ဖန္ေတြက မွတ္မိမွာပဲ]
ထည္ဝါေျပာေနတုန္း ကားတစ္စီး သူတို႔နားထိုးရပ္ၿပီး အေနာက္တိုင္းပုံစံ လူႏွစ္ေယာက္ဆင္းလာသည္။ ေဘးက မ်က္လုံးဝါေလးလူေတြမွန္းသိသာတာမို႔ သူထိုင္ရာမွထကာ သူ႕ကားဆီျပန္လာခဲ့သည္။ ဂ်ဴတီခ်ိန္ ေနာက္က်ေတာ့မည္ေလ။
"Daddy"
ကားတံခါးဖြင့္မဲ့လက္ကို လွမ္းဆြဲလိုက္တာမို႔ သူေမာ့ၾကည့္လိုက္ေတာ့ မ်က္လုံးဝါေလးထဲမွာ ေက်းဇူးတင္ခ်င္ဟန္။
[ဆက္သြယ္လို႔ရမဲ့ ဖုန္းနံပါတ္ေပးခဲ့ပါ]
ထည္ဝါ ခဏ စဥ္းစားသြားသည္။ အကယ္၍ ဒီေကာင္ေလးနဲ႔သူရင္းႏွီးသြားလို႔
ညီမေလးဆိုင္ကို ေၾကာ္ျငာခိုင္းရင္ ေဈးေလွ်ာ့ေပးေလာက္သည္။ ၿပီးေတာ့ ဒီေကာင္ေလးဖုန္းနံပါတ္သာ ကာရံကိုေပးလိုက္ရင္...
[မင္းဖုန္းနံပါတ္ေပး]
[Daddy ဖုန္းသာ Bae ကိုေပးပါ]
မ်က္ေမွာင္က်ံဳ႕ကာ သေဘာမက်သလိုျပန္ၾကည့္လာတဲ့ Daddy ကို ဂ႐ုမစိုက္ဘဲ လက္ထဲကိုင္လာတဲ့ ဖုန္းကို ဆြဲလုလိုက္သည္။
[Bae ဆက္သြယ္လိုက္မယ္၊ အဆင္ေျပတဲ့ေန႔ ဘုရားလိုက္ပို႔ေပးမလား]
လက္ထဲပါလာတဲ့ ဖုန္းကို ဆြဲလုယူသြားၿပီး သူ႕ဖုန္းဆြဲထုတ္ကာ နံပါတ္ေတြမွတ္ေနပုံရသည္။ ထည္ဝါေခါင္းၿငိမ့္သေဘာတူလိုက္ရင္း ကိုယ့္ဖုန္းကိုယ္ ျပန္ဆြဲယူလိုက္သည္။ ကားေပၚတက္မလို႔ အလုပ္ လက္ကိုထပ္ဆြဲျပန္သည္။
"Daddy"
Klayton ကို စိတ္မ႐ွည္ေတာ့ဘူးထင္သည္။ မႈန္ကုတ္ကုတ္ ျပန္ၾကည့္ေနသည္။
မိေက်ာင္းမသားက ေျပာမဆုံးေပါင္ေတာသုံးေတာင္ျဖစ္ေနသည္။ ဒင္းကို ေမာ့ေမာ့ၾကည့္ၿပီးစကားေျပာေနရတာ ဇက္ဘယ္ေလာက္ေညာင္းတယ္မွတ္သလဲေလ။
"Bae နာမည္ ေ႐ွးျပႆဒ္ဦး"
"ဘယ္လို!"
"ေ႐ွးျပႆဒ္ဦးလို႔..."
"မင္းက ဗမာစကားေျပာတတ္တယ္လား"
"ေျပာတတ္တာေပါ့... ျမန္မာႏိုင္ငံလာၿပီး ျမန္မာစကားမေျပာတတ္လို႔ ေလခြၽန္ေနရမွာလား၊ အခ်ိန္ျပည့္စကားျပန္ကို အားကိုးေနရတာ ဝါသနာမပါဘူး"
"ဒါနဲ႔မ်ား ေစာေစာက ဘာလို႔မေျပာတာလဲ"
"Daddy က တအားစကားမ်ားလို႔ေလ၊ Bae သာျမန္မာစကားေျပာတတ္တာ သိရင္ Hotel ထဲထိ လိုက္ေျပာေနမွာစိုးလို႔"
"မင္းငါ့ကိုလာမေခၚနဲ႔"
ဝုန္း!
ကားထဲဝင္ထိုင္ၿပီး ေမာင္းထြက္သြားသည္အထိ တဟားဟားနဲ႔ ေအာ္ရယ္သံကိုၾကားေနရသည္။ မသိရင္သူကပဲ သူမ်ားနားမခံႏိုင္ေအာင္ စကားမ်ားတဲ့သူလိုေျပာသြားသည္။ သူပဲ ဟိုလိုလိုဒီလိုလိုအထာနဲ႔ Daddy လို႔လာေခၚၿပီးေတာ့ ကိုယ္က ရင္းရင္းႏွီးႏွီးျပန္ေျပာေတာ့ သာလိကာျဖစ္ရၿပီ။ ေစာက္ကေလးေလး။
*******
"အကာေလးကို သုန္သုန္က လြမ္းေနတာ..."
လင္းကာရံလႊမ္း ကားေပၚကဆင္းလာသည္ႏွင့္ ရင္ခြင္ပစ္ဝင္လာတဲ့ေကာင္ေလးကို သူဘယ္လိုလုပ္ ဆူရက္ေတာ့မွာတဲ့လဲ။ ခႏၶာကိုယ္အရပ္အေမာင္းက သူနဲ႔အတူတူေပမို႔ ဒူးေတြေကြးၫႊတ္ၿပီး ကိုယ္ကိုက်ံဳ႕ကာ သူ႕ရင္ခြင္ထဲ အတင္းတိုးဝင္ေနရ႐ွာသည္။ ေမးဖ်ားဆီ ေႏြးခနဲ ခံစားလိုက္ရကာ သူငုံ႔ၾကည့္လိုက္ေတာ့ ေကာင္ေလးရဲ႕မူပိုင္ သြားစြယ္ေလးေတြေပၚသည္အထိ ရယ္ျပေနေသးသည္။ ဘယ္ေလာက္စိတ္ဆိုးဆိုး ဘာမွမေျပာရေသးခင္ အၿမဲအရည္ေပ်ာ္ရသည္သာ။ ရင္ထဲကအပူေတြ ခဏၿငိမ္းေအးေအာင္ သူျပန္ဖက္ထားလိုက္သည္။ ဆံႏြယ္ေတြကို ငုံ႔နမ္းရင္း ခဏအၾကာ ဖက္ထားတဲ့သူကို ပုခုံးေတြကေနဆြဲခြာလိုက္သည္။ ၾကာရင္ေညာင္းလိမ့္မည္။
"လြမ္းတဲ့သူက Bar မွာေကာင္မေလးနဲ႔ေနာ္"
"ငါလည္းလိုတယ္ေလ... အခ်ိန္ျပည့္မင္းေအာက္မွာ မေနႏိုင္ဘူး"
"ဒါဆို ငါ့ကိုယူေလ၊ ငါ့တိုက္ခန္းကို အခုသြားမလား"
"ဟား မယူပါဘူးဆို"
ဒီလိုက်ေတာ့လည္း မဟုတ္ျပန္ဘူး။ ဒီလိုနဲ႔ ဟိုေကာင္မေလးကို နမ္းလိုက္ ဒီေကာင္မေလးကိုဖက္လိုက္ လုပ္ေနသည္ကို သူဘယ္အခ်ိန္ထိၿငိမ္ခံရမလဲ မသိေတာ့ေပ။ ခ်စ္ေတာ့လည္း အကုန္လုံးကို မ်က္စိစုံမွိတ္ေပးထားရသည္။
"ေျပာပါဦး... ကိုယ့္ကိုမသိခ်င္ေယာင္ေဆာင္ရတဲ့အေၾကာင္းေလး"
သူ႕သူငယ္ခ်င္းေတြနဲ႔ေတြ႕ရင္ မသိသလိုေနေပး ဆိုတဲ့အမိန္႔ေၾကာင့္ သူ႕သူငယ္ခ်င္းေတြၾကားထဲ အခုမွေတြ႕ဖူးသလို သ႐ုပ္ေဆာင္ရျပန္သည္။ ေဆးေလာကရဲ႕နံပါတ္တစ္ Autumn ေဆး႐ုံအုပ္ကိုမွမသိရင္ သူဘယ္လိုဆရာဝန္ျဖစ္လာလဲဆိုတာ ေမးခြန္းထုတ္ရလိမ့္မည္။ ကိုယ္တိုင္လည္း Autumn က ႏွလုံးအထူးကုတစ္ေယာက္ပင္။ အိမ္ကိုေတာ့အျခားေဆး႐ုံမွာ အေယာင္ျပၿပီး လိမ္ထားရသည္။ ခ်စ္ေတာ့လည္း အနားမွာအၿမဲ႐ွိေနခ်င္တာ သူ႕အလြန္မဟုတ္ေပ။ ဒီေလာက္ခ်စ္ျပလည္း ေဆး႐ုံအုပ္ေလးက ဖာသိဖာသာ။
ကာရံ ရပ္ထားတဲ့ကားကိုမွီကာ ကားေဘာနက္ဖုံးေပၚတက္ထိုင္ေနတဲ့သူကို ေသခ်ာၾကည့္ေနလိုက္သည္။ ျမစ္ကမ္းနေဘး ျဖစ္တာေၾကာင့္ ညေနေလႏုေအးက ညႇင္းသြဲ႕သြဲ႕။ ျမစ္ျပင္က်ယ္ကို မ်က္ႏွာမူေနသူက ဝင္ခါနီး လိေမၼာ္ေရာင္ေနလုံးႀကီးေၾကာင့္ နဂိုကထက္ပိုၾကည့္ေကာင္းေနသည္မို႔ ေလညႇင္းနဲ႔အတူ ရင္ခုန္သံေတြက ပရမ္းပဒါျဖစ္ရသည္။ နားသံသီးေလးေပၚက စိန္ပြင့္ေလးကလည္း လက္ခနဲ။
"ဘာရယ္မဟုတ္ဘူး၊ မိတ္ဆက္ေပးရမွာပ်င္းလို႔..."
ကာရံ႕ကိုတစ္ခ်က္မွမၾကည့္ပဲ ထြက္လာတဲ့အသံက ေပါ့ပ်က္ပ်က္။
"ကိုယ္ကမပ်င္းဘူးေလ..."
"အကာေလး ညီကေခ်ာသားပဲ၊ အရင္ကတစ္ခါမွ ေျပာသံမၾကားဖူးသလိုပဲေနာ္"
"စကားမစပ္မိလို႔ပါ၊ ဘာလဲငါ့ညီကိုေတာင္ႀကိဳက္ျပန္ၿပီလား"
"ဒီလိုလည္းဘယ္ဟုတ္ပါ့မလဲ"
"အတည္ေမးမလို႔... ငါ့ကိုဒီလိုပဲ တြဲေနေတာ့မွာလား"
သူ႕ပတ္ဝန္းက်င္မွာ ကိုယ္ကေဘာင္မဝင္တဲ့သူတစ္ေယာက္ပင္။ တစ္ႏွစ္ေက်ာ္အထိ silent တြဲလာၿပီး အခုထိေျခ႐ႈပ္ေနတုန္း။
"အယ္ဂီးယား(ကေလးေရ)"
သူတစ္ခုခုအတည္တက်ေျပာေတာ့မယ္ဆို အဲ့လိုေခၚတတ္သည္။ ကာရံအနားထိေရာက္လာၿပီး ေနာက္က ကားကိုလက္ေထာက္လိုက္တာေၾကာင့္ ကာရံက သူနဲ႔ကားၾကားထဲေရာက္သြားသည္။ ကာရံ႕မ်က္လုံးေတြကို စူးစိုက္ၾကည့္ကာ ႏႈတ္ခမ္းေတြက ျပဳံးစစ။
"ကိုယ့္အေၾကာင္းလည္းသိရက္နဲ႔... ဘာေတြခ်ည္ေနတာလဲကြာ... ဟမ္"
"ငါက မင္းအရင္ ex ေတြလို ခ်ျပဖို႔... မင္းသူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးဖို႔ေတာင္မတန္ဘူးလား"
"အရင္ exက လက္တစ္ဖက္ေတာင္မျပည့္ပါဘူးကြာ... ငါအစကတည္းက silent လို႔ေျပာခဲ့ၿပီးသားပဲ၊ အခုမွဘာေတြလာခံစားေနတာလဲ"
ေျပာေနရင္း ေလသံေတြက မာ လာသည္။ ဒီအေၾကာင္းကို စ လိုက္ရင္ အၿမဲ ရန္ျဖစ္ရသည္။
"ငါ့ဘက္ကေတာ့ silent မဟုတ္ဘူး၊ မင္းကို ငါ့အိမ္ေခၚလာလို႔ရေအာင္ ငါအားလုံးလမ္းခင္းၿပီးၿပီ"
"အဲ့ေတာ့ လမ္းခြဲၾကမလား"
ဒါပါပဲ။ ေရ႐ွည္စီမံကိန္းေတြ အမ်ားႀကီးခ်ၿပီး လက္တြဲခ်င္ေနတဲ့ ကိုယ္ကပဲ အဲ့စကားတစ္ခြန္းၾကားတာနဲ႔ ေနာက္ျပန္ဆုတ္ရစၿမဲ။ လုပ္ခ်င္တာလုပ္ ၿပီးရင္ နည္းနည္းေလာက္ေလး ေလသံမမာလိုက္နဲ႔ လမ္းခြဲခိုင္းေတာ့တာပဲ။
ကိုယ္နဲ႔တြဲေနၿပီး အျခားသူေတြနဲ႔လည္း မ႐ွင္းမ႐ွင္းလုပ္ေနတာ ဘယ္သူက သည္းခံႏိုင္မွာတဲ့လဲ။ ဒီေဆး႐ုံအုပ္ေလး အေပၚေလာဘေတြ တနင့္တပိုးနဲ႔ ပိုင္ဆိုင္ခ်င္ေပမဲ့ မႀကိဳက္မွန္းသိလို႔ မ်ိဳခ်ထားရတာ ဘယ္ေလာက္ပူေလာင္တယ္ မွတ္သလဲေလ။
ထို႔ေနာက္ ကာရံ႕ႏႈတ္ခမ္းဆီေျပးကပ္လာတဲ့ ႏႈတ္ခမ္းတစ္စုံ...။ ႏူးညံ့ေနမႈေၾကာင့္ လြတ္ထြက္သြားမွာ စိုးရိမ္လွသည္။ က်င္လည္စြာ အႏူးညံ့ဆုံးနမ္း႐ိႈက္ေနတာေၾကာင့္ သူကိုယ္တိုင္စီးေမ်ာသြားကာ တိုက္ခက္ေနတဲ့ ေလႏုေအးေတြထဲ ေမ်ာပါသြားမလားမွတ္ရသည္။
သူ႕ႏႈတ္ခမ္းေတြၾကားထဲ လွ်ာဖ်ားတိုးဝင္မလို႔ၾကံတုန္း တိခနဲ ရပ္ပစ္ကာ ဆြဲခြာသြားသည္။
ဒါသက္သက္လုပ္ၾကံတာ...
"ဒါက ဘာလဲ"
"လမ္းခြဲၾကတာေပါ့၊ ဒီဘဝေတာ့ ဒီမွ်ပဲ၊ Ok! လမ္းမွာေတြ႕လည္း မသိသလိုေနၾကရေအာင္... ငါတို႔ပတ္သတ္မႈက ေခါင္းစဥ္မ႐ွိလို႔..."
ကာရံ႕ကိုစိုက္ၾကည့္ကာ ခပ္ေထ့ေထ့ျပဳံးရင္း သူ႕ကားဆီသြားကာ ေမာင္းထြက္သြားသည္။ ဒီလိုနဲ႔ ၿပီးသြားၿပီလို႔ ဘယ္သူေျပာလဲ။ သူစိတ္ေျပရင္ ျပန္လာလိမ့္မည္။ ဒီၾကားထဲ သြားေခ်ာ့မိရင္ အ႐ြဲ႕တိုက္ခံရလိမ့္မည္။ တြဲလာတာတစ္ႏွစ္ေက်ာ္ပဲ ၾကာေသးေပမဲ့ သူ႕ကိုပဲအရိပ္တၾကည့္ၾကည့္နဲ႔ ၾကည့္ခဲ့တဲ့သူမို႔ သူ႕အေၾကာင္းကို ေကာင္းေကာင္းနားလည္သည္။
လမ္းခြဲခ်င္တိုင္း Goodbye kiss ဆိုၿပီး အၿမဲလာနမ္းတတ္သည္။ အစကေတာ့ မျပတ္ႏိုင္ဘူး ဘာညာနဲ႔ ႐ုန္းၿပီး အေခ်အတင္ျဖစ္ၾကသည္။ ေနာက္ေတာ့ အသားက်သြားသည္မို႔ အနမ္းခံရလည္း နည္းလားဆိုၿပီး ၿငိမ္ေနျဖစ္သည္။ သူစိတ္ဆိုးရင္ သူ႕သေဘာနဲ႔သူ အၿမဲ ျပတ္ေနက်ပင္။
ဒါေလးကိုပဲ သူ႕မွာစိတ္မကုန္ႏိုင္ ခ်စ္စႏိုးေလးျဖစ္ေနရသည္။ ဒါေတြကိုသိလို႔ ဘ ကိုတားေနတာပင္။ ကိုယ္တိုင္ ခံစားေနရသည္မို႔ ဘ ကိုတားေနတာျဖစ္သည္။ ဘ လည္းသူ႕လို ထားရာေန ေစရာသြား ျဖစ္ေနရင္ ဘယ္လိုလုပ္မလဲေလ။ သူတစ္ေယာက္ အျပဳစားခံ႐ုံနဲ႔ပင္လုံေလာက္ေနၿပီမဟုတ္လား။
ၿခိမ့္မိုးဝသုန္ ကားေနာက္ၾကည့္မွန္က ေနၾကည့္လိုက္ေတာ့ ကာရံက မထုံတေတး ရပ္ေနေသးသည္။ တကယ့္ဟာေလး။ သူပစ္ခ်ခဲ့တဲ့ေနရာမွာ အၿမဲရပ္က်န္ခဲ့သည္ခ်ည္းသာ။ ဒီလူရဲ႕ အခ်စ္ေတြကို မျမင္ဘဲေနမလား။ ဒီလူရဲ႕ ပိုင္ဆိုင္ခ်င္စိတ္ေတြကို မသိဘဲေနမလားေလ။ သူတစ္ခ်က္မ်က္ေမွာင္ကုတ္လိုက္တာနဲ႔ ဘာစကားမွားသြားလဲ ျပန္စဥ္းစားေနတတ္သူကို သူဘယ္လိုလုပ္ မခ်စ္ပဲေနႏိုင္မလဲေလ။
ဒီေန႔ ဒီအခ်ိန္အထိ ဘယ္သူ႕ကိုမွ သူ silent မတြဲဖူးပါ။ သူ႕ဘဝထဲကိုဘယ္သူမွ အဝင္မခံေတာ့တာ အေတာ္ၾကာၿပီျဖစ္သည္။ ဘယ္သူ႕ကိုမွ အသိမေပးပဲ ဒီလူနဲ႔ တစ္ကမ႓ာတည္ခ်င္သည္။ သူ႕အေၾကာင္းေတြ အကုန္သိသြားရင္ ဒီလူ႕ အသိုင္းအဝိုင္းမွာ အမဲစက္ဆိုတာ က်န္ခဲ့မွာစိုးရိမ္သည္။ တိတ္တိတ္ကေလးပဲ စတင္ၿပီး အရာအားလုံးကို တိတ္တိတ္ကေလးသာ အဆုံးသတ္ခ်င္သည္။
သူတို႔တြဲေနတာကို တိမ္တိုက္တစ္ေယာက္သာ သိသြားတာျဖစ္သည္။ ဘယ္တုန္းက စသိတာလဲေတာ့မေသခ်ာ။ ေဆး႐ုံကိစၥ စာခ်ဳပ္ခ်ဳပ္တဲ့ေန႔က သိသြားတာျဖစ္ဖို႔မ်ားသည္။ မသိသလိုေန ေနတဲ့ၾကားက ဘယ္လိုဘယ္လို ရိပ္မိသြားသလဲ မသိ။ တိမ္တိုက္က တကယ္ လွစ္လွစ္ကေလးရယ္။ သူနဲ႔ မိုးေသာက္က္ိဳၾကည့္မေနရင္ေတာင္ သူတို႔မူပ်က္ေနတာကို ခ်က္ခ်င္းသိႏိုင္တဲ့လူစားမ်ိဳးပင္။ ဒါေၾကာင့္လည္း တိမ္တိုက္ရဲ႕ ဦး အေၾကာင္းကိုေျပာေတာ့ မင္းလင္မင္းပါ့လား ဆိုတဲ့ သေဘာနဲ႔ မ်က္လုံးႀကီးေျပးကပ္မတတ္ၾကည့္ၿပီး ခနဲ႔ေနတာျဖစ္သည္။
(ဒီနားမွာ အားလုံး႐ွင္းေလာက္ၿပီထင္တယ္။ ep 7 က ေျခာက္ေယာက္စုံတဲ့ေနရာမွာ ကာရံနဲ႔ ၿခိမ့္က မသိခ်င္ေယာင္ေဆာင္ေနၾကတာပါ)
တိမ္တိုက္အိမ္ျပန္ေရာက္ေတာ့ သူ႕အခန္းေ႐ွ႕မွာ မိုးေသာက္ကရပ္ေစာင့္ေနကာ ဝရန္တာနားက ပုခက္ကိုမ်က္စပစ္သည္။ သူတို႔အိမ္ရဲ႕ အလုရဆုံးေနရာက အဲ့ပုခက္ပင္။
"ဒိန္ခ်ဥ္ဘူး တစ္ကဒ္ယူၿပီး အဲ့ထဲဝင္သြားတာ စကားလည္းတစ္ခြန္းမွ မေျပာဘူး"
မိုးေသာက္က သူ႕အနားအေျပးကေလးလာကာ ေမးေငါ့ေျပာလာသည္။ ေသခ်ာၿပီ။ ဒီလကၡဏာကအသည္းကြဲတဲ့ လကၡဏာဆိုတာ။ တစ္ေနကုန္အလုပ္လုပ္ရလို႔ ပင္ပန္းတာေတြေတာင္ဘယ္ေရာက္သြားသလဲမသိ။ ဒါမ်ိဳးကိုမွ ရန္သြားမစရင္ ပင္ပန္းတာ ေပ်ာက္မယ္မထင္။
"အသည္းကြဲလာတာလား"
ပုခက္နားသြားေမးေတာ့ ပုခက္ထဲက ၿခိမ့္က မ်က္ႏွာက်က္ကိုပဲ မ်က္လုံးေသႀကီးနဲ႔ၾကည့္ေနသည္။
"ပုခက္မလႊဲေပးရင္ အနားမလာနဲ႔"
ငိုခ်င္ရဲ႕လက္တို႔ အသံက ခပ္အက္အက္။
"မငိုဘူးလား"
"ငိုခ်င္တယ္ ဒါေပမဲ့..."
"မ်က္ရည္က်ဖို႔ေတာင္ အဲ့ေကာင္က မတန္ဘူးလား"
"မဟုတ္ပါဘူးဘ eye liner ပ်က္သြားမွာဆိုးလို႔"
"ဒီ..."
တိမ္တိုက္နဲ႔ မိုးေသာက္ မ်က္စံလွန္ သူကလွန္၊ ႏႈတ္ခမ္း႐ြဲ႕ သူက႐ြဲ႕နဲ႔ ျဖစ္ကုန္ၾကသည္။
"ဟိုက ျဖတ္လိုက္တာလား"
မိုးေသာက္မထိတထိၾကည့္ကာေမးေတာ့...
"ငါ့႐ုပ္က အပစ္ခံရမဲ့႐ုပ္လား"
"မင္းက ျဖတ္ခဲ့ၿပီး က်က္သေရမ႐ွိ ငိုအုံးမွာ..."
"မင္းရဲ႕ ex ၊ Klayton Ashford ဆိုတဲ့ေကာင္ျပန္လာလို႔ မွတ္လား၊ ေခြးဇာတ္ခင္းမလို႔လား၊ သူမ်ားသားသမီးကို လိုသုံးလုပ္တာေတာ့ မေကာင္းပါဘူး"
"မင္းကမ်ား... သူမ်ားသားပ်ိဳ သမီးပ်ိဳေလးေတြကို ပန္းဦးအၫႊန္႔ခ်ိဳးေကာင္ကမ်ား ငါ့ကို..."
မီးဝင္းဝင္းေတာက္ေနတဲ့မ်က္လုံးေတြနဲ႔ မိုးေသာက္ကိုၾကည့္ကာ ခ်က္ခ်င္းထသတ္ၾကေတာ့မဲ့ပုံပင္။
"ေအာင္မာ! ဘာပန္းဦးအၫႊန္႔ခ်ိဳးလဲ၊ ပါးစပ္နားလာခြံ႕ေကြၽးမွေတာ့ စားရမွာေပါ့"
"အဲ့ေတာ့ ဟပ္လိုက္တယ္ေပါ့"
"တကယ္ႀကီး ex ေၾကာင့္လား"
တိမ္တိုက္က မယုံႏိုင္သလိုၾကည့္ကာ အံ့ၾသသလိုဝင္ေမးသည္။
"မင္းေဖႀကီးက သစ္မွကိုင္တာကြ"
"ဟြန္႔! ရည္းစားေလးသုံးေယာက္ထားၿပီးေတာ့... အဲေလ ဒါနဲ႔ဆိုေလးေယာက္ေပါ့... playboy ႀကီးလို သစ္မွတဲ့... ပါးစပ္နဲ႔ ေလနဲ႔ဆန္႔လား နင္ ေနဦးမယ္"
"အဲ့ေလးေယာက္စလုံးကို ငါကထားခဲ့တာပါေနာ္"
"ေတာ္ၿပီ၊ ကိုက္မေနနဲ႔ စကားေျပာရေအာင္... ပုခက္ထဲကဆင္းစမ္းပါ"
တိမ္တိုက္ ႏွစ္ေယာက္ၾကားထဲ တကယ္ေခါင္းကိုက္သည္။ အခ်ိန္ျပည့္ မာန္ဖီေနလိုက္တာမ်ား အဆြယ္တဝင္းဝင္းနဲ႔ ထကိုက္ေတာ့မလိုပင္။
တိမ္တိုက္ကပဲဦးေဆာင္ကာ ဝရန္တာကိုေခၚထုတ္လာခဲ့သည္။ ဝရန္တာအလယ္တြင္သစ္ပင္ႀကီးတစ္ပင္စိုက္ထားကာ ထိုသစ္ပင္ေအာက္တြင္မွ ဆိုဖာခုံအေသးစားေလးေတြနဲ႔ စားပြဲတစ္ခုခ်ထားသည္။
ညေမွာင္ေနၿပီျဖစ္တာမို႔ ၾကယ္ေတြက
တလဲ့လဲ့။ စိုက္ထားတဲ့ပန္းခင္းႀကီးက စည္းစနစ္မက် ဗ႐ုတ္သုတ္ချဖစ္ေနေပမဲ့ လြတ္လပ္စြာ ႐ွင္သန္ေနၾကကာ ပန္းေရာင္စုံေတြက ဖူးပြင့္ေဝေနသည္။ ေကာင္းကင္က ၾကယ္ေတြနဲ႔အတူ ေျမျပင္က ပိုးစုန္းၾကဴးေတြကလည္း ပန္းပြင့္ေတြၾကား ကူးခပ္လ်က္။
တိမ္တိုက္က အရင္ဝင္ထိုင္လိုက္လွ်င္ ေမးခ်င္တာကိုဦးတည္ရေတာ့သည္။
"ဒီတစ္ေယာက္က သက္တမ္းအၾကာဆုံးမွတ္လား၊ ဘာလို႔ silend တြဲတာလဲ၊ ငါတို႔ကိုေတာင္အသိမေပးဘဲနဲ႔"
"သြယ္ဝိုက္၍ျဖစ္ေစ... တိုက္႐ိုက္ျဖစ္ေစ... မင္းရဲ႕လူေၾကာင့္ ငါတို႔ ဒုကၡမေရာက္ရင္ မင္းရဲ႕ေကာင္ေလးကို လက္ဖ်ားနဲ႔ေတာင္မထိဘူး စိတ္ခ်"
မိုးေသာက္က ၿခိမ့္ရဲ႕ လဒမိႈင္မိႈင္ေနတဲ့ပုံကိုၾကည့္ကာ ဝင္အာမခံသည္။
"ၿခိမ့္... ငါတို႔ထဲကို လူတစ္ေယာက္ေခၚလာတာနဲ႔ ငါတို႔ၾကားထဲက ဆက္ဆံေရးက ပ်က္ျပားမသြားဘူးဆိုတာယုံ... မင္းကိုႏွေမ်ာတာ သဝန္တိုတာက တစ္က႑... မင္းခ်စ္တဲ့သူကို ငါတို႔လိုက္မခ်စ္ႏိုင္ရင္ေတာင္ မင္းအေပၚအခ်စ္က မေလွ်ာ့ဘူး"
"ငါတို႔ေၾကာင့္ ခံစားမေနနဲ႔... မင္းကို ဘယ္သူ႕လက္ထဲမွ ထည့္မေမးႏိုင္လို႔ လိုက္႐ႈပ္ေနတာ..."
တစ္ေယာက္တစ္ခြန္း ဝင္ေျပာေတာ့မွ...
"အမ်ားႀကီး႐ွင္းျပစရာမလိုဘူး၊ အရင္လူေတြတုန္းက မင္းတို႔အတြက္အခ်ိန္ေတြ သူတို႔အတြက္ ဖဲ့မေပးႏိုင္ေတာ့လို႔ ျဖတ္လိုက္တာ..."
"အခုကေရာ"
"အခုက..."
"လာ... ဒီကို"
မိုးေသာက္က ၿခိမ့္ဆီ လက္ဖက္ဆန္႔တန္းေပးလိုက္သည္။ ၿခိမ့္ကလည္း မိုးေသာက္ရင္ခြင္ထဲဝင္လာသည္။
"အခုက ငါကိုယ္တိုင္က ေပ်ာ္ဝင္ေနၿပီ၊ ငါက်ဆုံးေနၿပီ သူ႕ဆီမွာ..."
ၿခိမ့္က အသံတိမ္တိမ္နဲ႔ေျပာေတာ့ မိုးေသာက္က ေက်ာကုန္းကို ခပ္ဖြဖြေလးပုတ္ေပးေနသည္။
"အဲ့လိုျဖစ္လို႔မရဘူးေလကြာ..."
"ဘာလို႔မရရမွာလဲ၊ ရင္ဆိုင္ရမွာေတြက မ်ားေပမဲ့ မင္းတကယ္ခ်စ္ရင္ ငါတို႔က ရာခူဇာ ဂိုဏ္းေခါင္းေဆာင္ဆိုရင္ေတာင္ လိုက္ေတာင္းေပးမွာ..."
တိမ္တိုက္ကပါ ၿခိမ့္ဆံပင္ေတြကိုသပ္ေပးရင္းဝင္ေျပာသည္။
"သူက ေဒါက္တာေလးေလ"
"မင္းက ဖာေခါင္းေလးလား"
မိုးေသာက္က ခ်က္ခ်င္း ခပ္ဆက္ဆက္ ခြန္းတုံ႔ျပန္လိုက္သည္။ တကယ္တည္း အသည္းကြဲတာေတာင္ သူ႕လင္ကိုႂကြားေနေသးသည္။
"သူက လူတိုင္းလိုခ်င္ေနတဲ့ အဖိုးတန္ေလးကြ"
"မင္းလည္းငါတို႔အိမ္က အဖိုးတန္ေလးပဲေလ"
"လူ႕အသက္ကယ္ေနတဲ့ ဆရာဝန္ေလးက ငါ့လုပ္ေနတဲ့အလုပ္ေတြသာသိသြားရင္..."
ၿခိမ့္က သက္ျပင္းခပ္ဖြဖြခ်ကာဆက္ေျပာသည္။
"ငါက အားနည္းခ်က္ေတြနဲ႔ စက္ဆုပ္ဖို႔ေကာင္းေအာင္ ေပါက္ဖြားလာမွန္းသာသိရင္..."
"အဲ့လိုမေျပာနဲ႔၊ မင္းအဲ့ေကာင္ေလးကို အဲ့ေလာက္ႀကိဳက္လား၊ ငါရေအာင္ယူေပးမယ္၊ အဲ့လိုထပ္မေျပာနဲ႔... ငါ့ကိုၾကည့္... ရေစရမယ္"
မိုးေသာက္က ၿခိမ့္မ်က္ႏွာကိုဆြဲေမာ့ကာ မ်က္ဝန္းေတြက ဂတိေပးရင္း တတြတ္တြတ္ေျပာေနသည္။ သူတို႔သုံးေယာက္စုံခ်ိန္တြင္ မိသားစုအေၾကာင္း မေျပာျဖစ္တာမ်ားသည္။ တစ္ေယာက္အတြက္ က်န္တဲ့ႏွစ္ေယာက္က မိသားစု၊ အုပ္ထိန္းသူေတြပင္။
"ဘာေတြလာေပးေနတာလဲ၊ မလိုခ်င္ပါဘူးဆို"
"ေစာက္ပိုေတြလုပ္ၿပီး ကေလးလိုလိုေခြးလိုလိုလုပ္မေနနဲ႔ေနာ္၊ ၿခိမ့္ မိုး ဝ သုန္! ရင္ဆိုင္ဖို႔က် မေတြးပဲ အားနည္းခ်က္မဟုတ္တာကို လိုက္ေတြးၿပီး ခ်ီးေျခာက္ေရႏႉးမေနနဲ႔... ငါစိတ္မ႐ွည္ဘူး၊ သြား..."
မိုးေသာက္က ေျပာလည္းေျပာ သူ႕ရင္ခြင္ထဲေရာက္ေနတဲ့ ၿခိမ့္ကို တြန္းလည္းတြန္းထုတ္သည္။ သူေခ်ာ့လို႔ရသေလာက္ ေခ်ာ့ၿပီးၿပီ။ ေစာက္လုပ္မဟုတ္တာကို ထိုင္ feel ေနတာကိုေတာ့ လက္မခံခ်င္ေပ။ ရည္းစားရတာ တစ္ခြန္းမွ မဟ။ ျပတ္သြားမွသာ ထုတ္ေျပာေဖာ္ရေတာ့သည္။ ရည္းစားေတြ မိႈလိုေပါက္ေအာင္ထားခဲ့ကိုယ္က ဘာမွမျဖစ္ရဘူး။ သူတို႔ႏွစ္ေယာက္က်မွပဲ။ တိမ္တိုက္ဆိုတဲ့ေကာင္ကလည္း ထုတ္သာမေျပာတာ ေဆြးေနတာ အသိသာ။ သြားမေတြ႕ရတာ ဘယ္ႏွရက္မွမ႐ွိေသးတာကို အပိုေတြလုပ္ေနသည္။
"မင္းပဲ ငါ့ၿခိမ့္ေလးကို ရင္ခြင္ထဲဆြဲေခၚၿပီးေတာ့... ေနရာတကာသူ႕ေစာက္စိတ္ခ်ည္းပဲ"
ဟုတ္သည္ေလ သူပဲအမ်ိဳးမ်ိဳး။ ဆိတ္ေဂြးစိေကာင္လို႔ ေျပာရင္လည္း ေဘးနားကစိုက္ထားတဲ့ပန္းအိုးနဲ႔အပစ္ခံရဦးမည္။
တိမ္တိုက္ကို လက္ခလယ္ေထာင္ျပသြားၿပီး အိမ္ထဲကိုေျခေဆာင့္ကာ ဝင္သြားသည္။ ၿခိမ့္က မိုးေသာက္ဝင္သြားသည္ကို ငိုမဲ့မဲ့နဲ႔လွမ္းၾကည့္ကာ...
"မင္း မိုးေသာက္ကို ဘာေတြသြားေျပာထားေသးလဲ"
"မေျပာဘူးေနာ္... လုံးဝမေျပာဘူး၊ 'မင္းကိုက်ေတာ့ ဘယ္သူနဲ႔မွ ခံမလာနဲ႔လို႔ ေျပာတဲ့ေကာင္က အခုေတာ့ သူကေအာက္ထပ္သိလား' လို႔ငါေယာင္လို႔ေတာင္မေျပာဘူး"
*ဒါလည္းသိျပန္ၿပီလား ဒီေကာင္ဘယ္လိုေတာင္ အာ႐ုံရေနတာလား*
ၿခိမ့္အေတြးထဲမွာတင္ ပါးစပ္အေဟာင္းသား။
"အား! ေခြးေကာင္"
တိမ္တိုက္ကေျပာၿပီး အိမ္ထဲဝင္ေျပးကာ သူ႕အခန္းထဲဝင္ၿပီး lock ခ်လိုက္သည္။ ၿခိမ့္က ေတာ့အျပင္ဘက္မွာ ေဆြ႕ေဆြ႕ခုန္ေနသည္။
တိမ္တိုက္ ဦးဆီ ဖုန္းေခၚခ်င္ေပမဲ့ သူ႕ရဲ႕အလြမ္းထုထည္က အသံနဲ႔တင္လုံေလာက္မွာမဟုတ္။ အလြမ္းေျပ ဦးအိမ္ေ႐ွ႕သြားေတာ့လည္း ထုံးစံအတိုင္း ဦးကိုမေတြ႕ရေပ။ မနက္ျဖန္ဆိုရင္ပဲ မိုးေသာက္နဲ႔ အေဆာက္အဦး ဒီဇိုင္းေဆြးေႏြးမွာမို႔ အဲ့က်မွ ဦးနဲ႔ေတြ႕ရလိမ့္မည္။ ဒီတစ္ညေတာ့ သူလြမ္းရဦးမွာေပါ့...
>>>>>>>U<<<<<<<
12.11. 2021