Intro

1.3K 72 0
                                    

(Unicode)

သေချာတဲ့ ဟောကိန်းတစ်ခု ထုတ်ပေးလိုက်မယ်။ ဒီနတ်ဆိုးကို ငါကပဲ ဇီဝိန်ခြွေနိုင်တာ...

-တိမ်တိုက်တည်မြဲ

*

ရေလှိုင်းတွေက သိပ်ကြီးလို့ထင်တယ်။ ကျောက်ဆောင်တွေ မပြောနဲ့... ငါ့စိတ်တွေတောင် ယိုင်နဲ့ကုန်တယ်။

-စိုင်းယဥ်မာန်

*

မင်းအပြုံးက ငါ့အတွက် ဟုတ်ဟုတ် မဟုတ်ဟုတ် ငါစိတ်မဝင်စားဘူး။ ငါက မင်းပြုံးရတဲ့အကြောင်းပြချက်ပဲ ဖြစ်ချင်ခဲ့တာ...

-မိုးသောက်ကြယ်

*

မင်းကိုင်ခဲ့တဲ့ ခွဲစိတ်ဓားက လူ့အသက်ကယ်ဖို့ပေမဲ့ ငါကိုင်ခဲ့တဲ့ ဆေးထိုးအပ်က လူသတ်ဖို့အတွက်ချည်းပဲ...

-ခြိမ့်မိုးဝသုန်

*

မင်းနဲ့စတွေ့ကတည်းက အခုချိန်ထိ တစ်ခါလေးတောင် အချစ်မလျော့ဖူးဘူး...

-လင်းကာရံလွှမ်း

*

Hero ဖြစ်ချင်တိုင်း လူ​တွေလိုက်သတ်နေလို့မရဘူး။ လူသတ်သမားနဲဲ့ hero မတူဘူး။ သွေးနားထင်ရောက်မနေနဲ့... မင်းကို ဘယ်သူကမှ ကိုးကွယ်မထားဘူး။

-စိုင်းထည်ဝါလွှမ်း

*

အားရင် Baeနှလုံးသားကို ကစားကြည့်မလား
အပျင်းပြေတာပေါ့...

-Klayton Ashford (ရှေးပြဿဒ်ဦး)

*

ဇာတ်လမ်းအလယ်ခေါင်မှာ Intro ရေးရတာက နာမည်တွေမမှတ်မိကြလို့ပါ။ လူကဥာဏ်ရည်မမှီပေမဲ့ အကြီးကြီးလုပ်ချင်တာ ဝါသနာအရမို့ ခွင့်လွှတ်ပေးပါ။

*******

စိုင်းယဥ်မာန်ဆိုတဲ့သူက ကိုယ်ကိုးတန်းနှစ်က မြင်ဖူးခဲ့တဲ့သူပါ။ Episode (1) တုန်းကအတိုင်း ကိုယ်တွေ့ခဲ့တာပေါ့။ တိမ်တိုက်လိုတော့ Hoodie အောက်ကမျက်နှာကိုတော့ မမြင်ဖူးပါဘူး။ လက်တစ်ဖက်တည်းမြင်ဖူးခဲ့တဲ့ ကိုယ်တစ်ယောက်တည်းမြင်ခဲ့ရတဲ့ သူပေါ့။ အဲ့ကတည်းက တနေ့တနေ့အရူးကြီးရူးပြီး ဖန်တီးခဲ့တဲ့ ဒီ plot. အခုပြန်ကြည့်တော့ ကြောင်တောင်တောင်နိုင်တယ်။ ဒါပေမဲ့စာရေးသူက မဟားတရားတွေ ဖန်တီးချင်နေတော့ Supernatural လို့ခေါင်းစဥ်တပ်လိုက်တယ်။ ဒါကြောင့် ဇာတ်ကားတွေထဲက သွေးစုပ်ဖုတ်ကောင်တွေနဲ့ မတူနိုင်ပါဘူး။

Lilac U (Ongoing.....)Where stories live. Discover now