ဧကရီ မဟုတ်တဲ့ ဧကရီ

Od Thornless_rose_wine

7.5K 511 61

(ဤဇာတ်လမ်းတွင်ပါဝင်သော သက်ရှိသက်မဲ့ အကြောင်းအရာ အားလုံးသည် မိမိ၏ ကိုယ်ပိုင်စိတ်ကူးဖြင့် ဖန်တီးထားခြင်းဖြစ်ပါသ... Více

part 1(ဧကရီသရဖူ)
part 2(ဧကရီ နန်းတွင် အိပ်စက်ခြင်း)
part 3(အမျိုးမျိုးသော ပန်းတို့နဲ့ တွေ့ဆုံမှု)
part 4(ပေကောင်းရဲ့ဟွမ် )
part 5 (ဧကရီ ယွဲ့နဲ့ တွေ့ဆုံမှု)
part 6(သူ သဝန်တိုနေတာလား)
part 7(ညဥ့်အလယ်က ဗျပ်စောင်းတေးသံ)
part 8 ( ရယ်ရွှင်ဖွယ်ရာ မျက်နှာလိုက်မှု )
part 9( ဒီမင်းသားက ကိုယ့်ဟာကိုယ် လုပ်နိုင်တယ်)
part 11 (သံတမန်အား ကြိုဆိုရန် တာဝန်ကို လက်ခံရရှိခြင်း)

part 10 ( မြတ်နိုးပေမဲ့ မနှစ်သက်ဘူး)

286 33 2
Od Thornless_rose_wine

Unicode & Zawgyi

(Unicode)

ယိမ်းနွဲ့နေသည့် ပန်းပင်သွဲ့သွဲ့ကြားမှာ ပြာဖျော့ဖျော့ ဝတ်ရုံရှည်လေးကို ဆင်မြန်းလျှက် နှုတ်ခမ်းပေါ်၌ ကြည်နူးပြုံးလေး ခြယ်သ ထားသည့် မိန်းမပျိုလေးတစ်ဦးသည်ကား တလှုပ်လှုပ်ဖြင့် လက်ထဲ၌ မြေတူးပေါက်ပြားငယ်လေး ကို ကိုင်ရင်း အလုပ်ရှုပ်လို့နေ၏။

မြေကြီးတို့ကို အနည်းငယ် ပေါက်စွရင်း ပန်းပင်အချို့ ပြန်လည်စိုက်ပျိုးလို့နေချေသည်။

ထိုမိန်းမပျိုမှာ မရိုးမဆန်း ဆင်ယင်ထုံးဖွဲ့ထားပြီး သင့်တင့်သည့် ကိုယ်ဟန်မူယာ ရှိသည်။

"အားခွမ်..."

တစ်ဦးတစ်ယောက်၏ ခေါ်လာသည့် အသံကြောင့် ပန်းခြုံထဲက အလုပ်ရှုပ်နေသည့် အကောင်ငယ်လေးမှာ အသံလာရာ
လှည့်ကြည့်လာသည်။

"မမ..."

သာယာနာပျော်ဖွယ် အသံလေးက တိုးပေါက်လို့ ထွက်လာ၏။

အပြစ်ကင်းစင်သည့် မျက်ဝန်းတို့က အရောင်တို့ လင်းလက်နေသည့်အလား ဝိုင်းစက်ကာ လှပနေ၏။

မုခယ်ခွမ်ကျန်း။ ထိုအမျိုးသမီးငယ်လေးကား ကြင်ယာတော်လေးပါးအနက် တစ်ပါးဖြစ်၏။ မုခယ်မျိုးနွယ်၏  အလှဂုဏ်က ထပ်ညွှန်းစာဖွဲ့စရာလိုအံ့မထင်။

"မမ ဒီကို ကိစ္စ ရှိလို့လား..."

"မရှိပါဘူး...ဒီအတိုင်း အားခွမ် ဆီ လာလည်တာ...မရဘူးလား..."

ရင့်ကျက်တည်ငြိမ်နေသည့် မျက်နှာလေးဆီက အပြုံးတစ်စနဲ့အတူ စကားသံတို့ ထွက်ကျလာသည်။

"ရတာ..."

"အဟမ်း..."

ဘေး၌ ရှိနေသည့် အစေခံ မိန်းကလေးက သူ့ရှေ့၌ ရှိနေသည့် သူကို ခေါင်းငုံ့အရိုအသေ ပေးနေရင်းကနေ သခင်ဖြစ်သူကို ချောင်းဟန့်ကာ သတိပေးလာ၏။

မုခယ်ခွမ်ကျန်း အလိုမကျဖြစ်စွာ ထိုအစေခံ မိန်းကလေး ထံ ပြန်လှည့်ကြည့်၏။

"ဘာဖြစ်လို့လဲ..."

"သခင်မ... ဧကရီကို ဂါဝရပြု  နှုတ်ဆက်ရမယ်လေ..."

ထိုအခါမှ မုခယ်ခွမ်ကျန်း မှာ သတိရသွားဟန်ဖြင့် ထိတ်ထိတ်ပြာပြာ အလျင်စလို
ဂါဝရပြုလာသည်။

"ဧကရီ အရှင်မကို ဂါဝရပြု ပါတယ်... "

"ထပါ..."

ယွဲ့မင်လန် ဘေးဘက်ကို အနည်းငယ် လှည့်လည်ကြည့်လိုက်ပြီး

"အားခွမ် က ပန်းတွေကို အတော်နှစ်သက်တာပဲ.."

ဝိုင်းစက်နေသည့် မျက်ဝန်းလေးတွေက အပြစ်ကင်းစွာ လင်းလက်လာ၏။

ကလေးငယ်တစ်ယောက်လို ပေါ့ပါးသည့် အပြုံးလေးမှာလည်း မုခယ်ခွမ်ကျန်း နှုတ်ခမ်းထက်၌ တည်လာသည်။

"အရှေ့မြောက်ပိုင်းမှာ ပန်းမန်တွေက သိပ်မဖြစ်ထွန်းဘူး...."

နူးနူးညံ့ညံ့ လက်လေးက အနားရှိ ပန်းပွင့်ဖတ်လေးကို ခပ်လျှော့လျှော့ထိကပ်ကြည်စယ်လာသည်။

"ညီမက ပန်းတွေကို အမြဲစိုက်ချင်ခဲ့ပေမဲ့ မဖြစ်မြောက်ခဲ့ဘူး...ဒီရောက်မှ စိုက်ပျိုးခွင့်ရတာ... ပြောရရင် ညီမအတွက် ပန်းပင်လေးတွေက သားသမီးလိုပဲ...အမှန်အတိုင်း ပြောရရင် ပန်းပင်လေးတွေက အထီးကျန်မှုကို သက်သာစေတယ်လေ.... "

ကတ္တီပါ ပိတ်ထက်၌ ထိုးထားသည့် ဖီးနစ်သည်ကား လေအလွင့်မှာ ခပ်မြောမြောလွင့်ပါနေ၏။

တည်ငြိမ်နေသည့် မျက်ဝန်းအိမ်က မပြိုမလဲ ခပ်ထက်ထက် ဆက်လက်တည်ငြိမ်နေသည်။

ခပ်ပါးပါး အပြုံးလေးက ​နက်ရှိုင်းလာခဲ့သည်နှင့်အမျှ ကန်ရေပြင်လို တည်ငြိမ်နေသည့် မျက်ဝန်းအိမ်က လည်း ခပ်ရေးရေး လှိုင်းကြက်ခွပ်လေးများ တည်လာသည်။

"မှန်တာပေါ့... ပန်းပွင့်လေးတွေက အဖော်ပြုပေးနိုင်တယ်..."

ခပ်ဖူးဖူး လေး တည်နေသည့် နှုတ်ခမ်းလွှာက ပွင့်အာလာ၏။

"မမ ပန်းပင်လေးတွေ မြတ်နိုးရင်... မမနှစ်သက်ရာ ရွေးယူလိုက်ပါ...အရှင်က ညီမအတွက် ပန်းမျိုးအစုံ လက်ဆောင်ပေးထားတယ်..."

ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် မုခယ်ခွမ်ကျန်း အဆိုပြုလာ၏။

"မြတ်နိုးပေမဲ့ မနှစ်သက်ဘူး...ဘာကြောင့် မွေးမြူရမှာလဲ... အားခွမ် ပဲ ဂရုစိုက်လိုက်ပါ..."

မည်သည့် စိတ်ခံစားချက်မှ မပါဝင်သည့် မျက်ဝန်းတစ်စုံနဲ့အတူ တည်ငြိမ်နေသည့် လေသံခပ်အေးအေးက ယွဲ့မင်လန် နှုတ်ခမ်းနှစ်လွှာကြားတည်ရှိလာသည်။

အရောင်အသွေးစုံနေသည့် ပန်းခင်းအလယ်၌
မတူညီသည့် ပန်းနှစ်ပွင့်ကား တူညီစွာ လျှောက်လှမ်းရင်း ပေါ့ပေါးပါးပါးစကားဆိုနေကြ၏။

"ဧကရီကို ဂါဝရပြုပါတယ်..."

ခပ်လျှိုလျှို ရောက်ရှိလာသည့် အားဇီ၏ လျှောက်တင်သံက ပန်းနှစ်ပွင့်၏စကားဝိုင်းကို ပယ်ဖျက်လိုက်သည်။

"ကြင်ယာတော်မုခယ်ကို ဂါဝရပြုပါတယ်.."

အားဇီ.. မုခယ်ခွမ်ကျန်း ကိုထပ်မံနှုတ်ခွန်းဆက်လိုက်၏။

"ထပါ.."

"ဟုတ်ကဲ့ "

"အားဇီ အရှင် မှာကြားတာများရှိလို့လား..."

"ဟုတ်ပါတယ် ဧကရီအရှင်မ..."

အနှီအခိုက်အတန့်အတွင်း  ယွဲ့မင်လန်၏ ကျောဘက်၌ ရှိနေသည့် အပြစ်ကင်းစင်သည့် မျက်ဝန်းတစ်စုံကား ရုတ်ချည်း အေးစက်နက်မှောင်သွား၏။

ထိုအခြင်းအရာကား လေးညှင်းတသွဲ့၏ တိုက်ခတ်မှုကြားမှာ တခဏအတွင်း ကွယ်ပျောက်လို့သွားခဲ့သည်။

........................................................................

(Zawgyi)

ယိမ္းႏြဲ႕ေနသည့္ ပန္းပင္သြဲ႕သြဲ႕ၾကားမွာ ျပာေဖ်ာ့ေဖ်ာ့ ဝတ္႐ုံရွည္ေလးကို ဆင္ျမန္းလွ်က္ ႏႈတ္ခမ္းေပၚ၌ ၾကည္ႏူးၿပဳံးေလး ျခယ္သ ထားသည့္ မိန္းမပ်ိဳေလးတစ္ဦးသည္ကား တလႈပ္လႈပ္ျဖင့္ လက္ထဲ၌ ေျမတူးေပါက္ျပားငယ္ေလး ကို ကိုင္ရင္း အလုပ္ရႈပ္လို႔ေန၏။

ေျမႀကီးတို႔ကို အနည္းငယ္ ေပါက္စြရင္း ပန္းပင္အခ်ိဳ႕ ျပန္လည္စိုက္ပ်ိဳးလို႔ေနေခ်သည္။

ထိုမိန္းမပ်ိဳမွာ မရိုးမဆန္း ဆင္ယင္ထုံးဖြဲ႕ထားၿပီး သင့္တင့္သည့္ ကိုယ္ဟန္မူယာ ရွိသည္။

"အားခြမ္..."

တစ္ဦးတစ္ေယာက္၏ ေခၚလာသည့္ အသံေၾကာင့္ ပန္းၿခဳံထဲက အလုပ္ရႈပ္ေနသည့္ အေကာင္ငယ္ေလးမွာ အသံလာရာ
လွည့္ၾကည့္လာသည္။

"မမ..."

သာယာနာေပ်ာ္ဖြယ္ အသံေလးက တိုးေပါက္လို႔ ထြက္လာ၏။

အျပစ္ကင္းစင္သည့္ မ်က္ဝန္းတို႔က အေရာင္တို႔ လင္းလက္ေနသည့္အလား ဝိုင္းစက္ကာ လွပေန၏။

မုခယ္ခြမ္က်န္း။ ထိုအမ်ိဳးသမီးငယ္ေလးကား ၾကင္ယာေတာ္ေလးပါးအနက္ တစ္ပါးျဖစ္၏။ မုခယ္မ်ိဳးႏြယ္၏ အလွဂုဏ္က ထပ္ၫႊန္းစာဖြဲ႕စရာလိုအံ့မထင္။

"မမ ဒီကို ကိစၥ ရွိလို႔လား..."

"မရွိပါဘူး...ဒီအတိုင္း အားခြမ္ ဆီ လာလည္တာ...မရဘူးလား..."

ရင့္က်က္တည္ၿငိမ္ေနသည့္ မ်က္ႏွာေလးဆီက အၿပဳံးတစ္စနဲ႕အတူ စကားသံတို႔ ထြက္က်လာသည္။

"ရတာ..."

"အဟမ္း..."

ေဘး၌ ရွိေနသည့္ အေစခံ မိန္းကေလးက သူ႕ေရွ႕၌ ရွိေနသည့္ သူကို ေခါင္းငုံ႕အရိုအေသ ေပးေနရင္းကေန သခင္ျဖစ္သူကို ေခ်ာင္းဟန့္ကာ သတိေပးလာ၏။

မုခယ္ခြမ္က်န္း အလိုမက်ျဖစ္စြာ ထိုအေစခံ မိန္းကေလး ထံ ျပန္လွည့္ၾကည့္၏။

"ဘာျဖစ္လို႔လဲ..."

"သခင္မ... ဧကရီကို ဂါဝရျပဳ ႏႈတ္ဆက္ရမယ္ေလ..."

ထိုအခါမွ မုခယ္ခြမ္က်န္း မွာ သတိရသြားဟန္ျဖင့္ ထိတ္ထိတ္ျပာျပာ အလ်င္စလို
ဂါဝရျပဳလာသည္။

"ဧကရီ အရွင္မကို ဂါဝရျပဳ ပါတယ္... "

"ထပါ..."

ယြဲ႕မင္လန္ ေဘးဘက္ကို အနည္းငယ္ လွည့္လည္ၾကည့္လိုက္ၿပီး

"အားခြမ္ က ပန္းေတြကို အေတာ္ႏွစ္သက္တာပဲ.."

ဝိုင္းစက္ေနသည့္ မ်က္ဝန္းေလးေတြက အျပစ္ကင္းစြာ လင္းလက္လာ၏။

ကေလးငယ္တစ္ေယာက္လို ေပါ့ပါးသည့္ အၿပဳံးေလးမွာလည္း မုခယ္ခြမ္က်န္း ႏႈတ္ခမ္းထက္၌ တည္လာသည္။

"အေရွ႕ေျမာက္ပိုင္းမွာ ပန္းမန္ေတြက သိပ္မျဖစ္ထြန္းဘူး...."

ႏူးႏူးညံ့ညံ့ လက္ေလးက အနားရွိ ပန္းပြင့္ဖတ္ေလးကို ခပ္ေလွ်ာ့ေလွ်ာ့ထိကပ္ၾကည္စယ္လာသည္။

"ညီမက ပန္းေတြကို အၿမဲစိုက္ခ်င္ခဲ့ေပမဲ့ မျဖစ္ေျမာက္ခဲ့ဘူး...ဒီေရာက္မွ စိုက္ပ်ိဳးခြင့္ရတာ... ေျပာရရင္ ညီမအတြက္ ပန္းပင္ေလးေတြက သားသမီးလိုပဲ...အမွန္အတိုင္း ေျပာရရင္ ပန္းပင္ေလးေတြက အထီးက်န္မႈကို သက္သာေစတယ္ေလ.... "

ကတၱီပါ ပိတ္ထက္၌ ထိုးထားသည့္ ဖီးနစ္သည္ကား ေလအလြင့္မွာ ခပ္ေျမာေျမာလြင့္ပါေန၏။

တည္ၿငိမ္ေနသည့္ မ်က္ဝန္းအိမ္က မၿပိဳမလဲ ခပ္ထက္ထက္ ဆက္လက္တည္ၿငိမ္ေနသည္။

ခပ္ပါးပါး အၿပဳံးေလးက နက္ရွိုင္းလာခဲ့သည္ႏွင့္အမွ် ကန္ေရျပင္လို တည္ၿငိမ္ေနသည့္ မ်က္ဝန္းအိမ္က လည္း ခပ္ေရးေရး လွိုင္းၾကက္ခြပ္ေလးမ်ား တည္လာသည္။

"မွန္တာေပါ့... ပန္းပြင့္ေလးေတြက အေဖာ္ျပဳေပးနိုင္တယ္..."

ခပ္ဖူးဖူး ေလး တည္ေနသည့္ ႏႈတ္ခမ္းလႊာက ပြင့္အာလာ၏။

"မမ ပန္းပင္ေလးေတြ ျမတ္နိုးရင္... မမႏွစ္သက္ရာ ေ႐ြးယူလိုက္ပါ...အရွင္က ညီမအတြက္ ပန္းမ်ိဳးအစုံ လက္ေဆာင္ေပးထားတယ္..."

ေပ်ာ္႐ႊင္ဝမ္းေျမာက္စြာျဖင့္ မုခယ္ခြမ္က်န္း အဆိုျပဳလာ၏။

"ျမတ္နိုးေပမဲ့ မႏွစ္သက္ဘူး...ဘာေၾကာင့္ ေမြးျမဴရမွာလဲ... အားခြမ္ ပဲ ဂ႐ုစိုက္လိုက္ပါ..."

မည္သည့္ စိတ္ခံစားခ်က္မွ မပါဝင္သည့္ မ်က္ဝန္းတစ္စုံနဲ႕အတူ တည္ၿငိမ္ေနသည့္ ေလသံခပ္ေအးေအးက ယြဲ႕မင္လန္ ႏႈတ္ခမ္းႏွစ္လႊာၾကားတည္ရွိလာသည္။

အေရာင္အေသြးစုံေနသည့္ ပန္းခင္းအလယ္၌
မတူညီသည့္ ပန္းႏွစ္ပြင့္ကား တူညီစြာ ေလွ်ာက္လွမ္းရင္း ေပါ့ေပါးပါးပါးစကားဆိုေနၾက၏။

"ဧကရီကို ဂါဝရျပဳပါတယ္..."

ခပ္လွ်ိုလွ်ို ေရာက္ရွိလာသည့္ အားဇီ၏ ေလွ်ာက္တင္သံက ပန္းႏွစ္ပြင့္၏စကားဝိုင္းကို ပယ္ဖ်က္လိုက္သည္။

"ၾကင္ယာေတာ္မုခယ္ကို ဂါဝရျပဳပါတယ္.."

အားဇီ.. မုခယ္ခြမ္က်န္း ကိုထပ္မံႏႈတ္ခြန္းဆက္လိုက္၏။

"ထပါ.."

"ဟုတ္ကဲ့ "

"အားဇီ အရွင္ မွာၾကားတာမ်ားရွိလို႔လား..."

"ဟုတ္ပါတယ္ ဧကရီအရွင္မ..."

အႏွီအခိုက္အတန့္အတြင္း  ယြဲ႕မင္လန္၏ ေက်ာဘက္၌ ရွိေနသည့္ အျပစ္ကင္းစင္သည့္ မ်က္ဝန္းတစ္စုံကား ႐ုတ္ခ်ည္း ေအးစက္နက္ေမွာင္သြား၏။

ထိုအျခင္းအရာကား ေလးညွင္းတသြဲ႕၏ တိုက္ခတ္မႈၾကားမွာ တခဏအတြင္း ကြယ္ေပ်ာက္လို႔သြားခဲ့သည္။

........................................................................



Pokračovat ve čtení

Mohlo by se ti líbit

585K 67.6K 188
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
4.4M 501K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...
754K 83K 158
system ficလေးပါ အနေအေးတဲ့ မိဘမဲ့ဂေဟာမှူးလေး ဝတ္ထုကမ္ဘာထဲ ရောက်သွားသောအခါ (own creation) system ficေလးပါ အေနေအးတဲ့ မိဘမဲ့ေဂဟာမႉးေလး ဝတၳဳကမၻာထဲ ေရာက္သ...
41.3K 3K 25
ʙᴏᴏɴ ᴛʜᴀᴛ ᴄʜᴀɴɢᴇꜱ ᴇᴠᴇʀʏᴛʜɪɴɢ ᴏʀ ᴡɪʟʟ ɪᴛ? ɪꜱ ɪᴛ ᴀ ʙᴏᴏɴ ᴏʀ ᴡɪʟʟ ɪᴛ ʙᴇᴄᴏᴍᴇ ᴀ ᴄᴜʀꜱᴇ? ᴡᴏᴜʟᴅ ᴛʜᴇ ᴄʜᴀɴɢᴇ ʙᴇ ɢᴏᴏᴅ ᴏʀ ɴᴏᴛ? ᴡɪʟʟ ᴛʜᴇ ᴛʜɪʀꜱᴛ ᴏꜰ ᴛʜᴇ ᴀɢᴏɴʏ ᴏꜰ ᴀ ᴍ...