နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ...

By MayPaing97

272K 26K 1.1K

နန်းကိုဆိုလူတွေကသိပ်မုန်းကြတယ်နန်းယဥ်ခမ်းကသိပ်အတ္တကြီးတဲ့မိန်းမတဲ့မမခင်ရောအဲ့လိုထင်လား မမခင်ကသခင်မလေးရဲ့ကျွန်... More

နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါep1
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ2
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ3
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ4
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ5
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ6
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ7
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ8
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ9
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ10
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ11
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ12
နန်းယဥ်ခမ်းအားချစ်သနားလှည့်ပါ13
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ14
နန်းယဥ်ခမ်း Note
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ15
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ16
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ17
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ18
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ19
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ20
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ21
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ22
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ23
နန်းယဥ်ခမ်း No update
နန်းယဥ်ခမ်းအားချစ်သနားလှည့်ပါ24
နန်းယဥ်ခမ်းအားချစ်သနားလှည့်ပါ25
နန်းယဥ်ခမ်းအားချစ်သနားလှည့်ပါ26
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ27
နန်းယဥ်ခမ်း
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ28
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ29
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ30
နန်းယဥ်ခမ်းတောင်းပန်စာ
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ
နန်းယဥ်ခမ်း Extra
နန်းယဥ်ခမ်း Extra 2
နန်းယဥ်ခမ်း Extra 3
နန်းယဥ်ခမ်း Extra 4
နန်းယဥ်ခမ်း Extra 5
Happy Birthday မမခင်
စာအုပ်အတွက်ကြေငြာစကားလေးပါ
နန်းယဥ်ခမ်း Book Announcement
Pre Order Now at Hope-H BookHouse

နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါEnding

9.4K 834 96
By MayPaing97

"ဘာမှမကြောက်နဲ့နော်မမခင် နန်းရှိတယ် နန်းအနားမှာရှိတယ်နော်"

နန်းယဥ်ခမ်း ခင်ခင်အားထွေးပွေ့ထားရင်း ထွေးမာတို့အား ကျယ်လောင်စွာအော်ခေါ်လိုက်သည်။

ထွေးမာနှင့်ဌေးဌေးတို့နှစ်ဦး ခင်ခင်၏အခန်းဝတွင် လဲနေသော ပုလိပ်အားတွေ့မြင်လိုက်ကြရသည်။

"ထွေးမာ လာ မမခင်အနားနေနေအုံးနော် "

ပြူးတူးကြောင်တောင်ဖြင့် ထွေးမာနှင့်ဌေးဌေးတို့ ခင်ခင်၏အနားဝင်ထိုင်လိုက်၏။

"မမခင်ဘာမှမကြောက်နဲ့နော် နန်းတစ်ယောက်လုံးရှိတယ် ခု ဒီလူယုတ်မာကို သူ့သခင်ဆီပြန်ပို့လိုက်အုံးမယ်နော်"

ခင်ခင် ခေါင်းတစ်ချက်ညိတ်ပြလိုက်၏။နန်းယဥ်ခမ်း ကိုဘသောင်းအားသွားခေါ်ကာ ထိုပုလိပ်အား ရှီလာစံအိမ်ကြီးထဲသို့ သယ်လာခိုင်းစေသည်။

"ဒီမှာချထားလိုက် ကိုဘသောင်း"

"ဟုတ်မမလေးနန်း"

"သွေးအရမ်းမထွက်ဖူးမှတ်လား"

"ဟုတ် အနည်းငယ်ပဲထိခိုက်သွားတာပါ မမလေးနန်း"

"သူ့ကိုခဏစောင့်ကြည့်ထားလိုက် ကိုဘသောင်း"

"ဟုတ် မမလေးနန်း"

နန်းယဥ်ခမ်း အိမ်အပေါ်ထပ်သို့အလျင်အမြန်တက်သွားသည်။အိပ်ခန်းထဲတွင် အိပ်ပျော်နေသော ဂျော်နသန်အနားမတ်တပ်ရပ်လိုက်ကာ

"ကိုဂျော်နသန် ကိုဂျော်နသန် "

အနည်းငယ်ပြင်းထန်လာသောခေါ်သံကြောင့် ဂျော်နသန်နိုးသွားခဲ့သည်။

"ဟာ မအိပ်သေးဘူးလား ဟန်နီ"

နန်းယဥ်ခမ်း ဂျော်နသန်အနားဝင်ထိုင်လိုက်ကာ

"ခုပဲကိုဂျော်နသန်ခေါ်လာတဲ့ပုလိပ်တစ်ယောက်ကို နန်း ခေါင်းရိုက်ခွဲခဲ့တယ် ကိုဂျော်နသန် "

ဂျော်နသန် မအံ့သြပေ။မှန်၏။ဂျော်နသန်လုံးဝမအံ့သြခဲ့ချေ။ အဘယ်ကြောင့်ဆိုသော သူကိုယ်တိုင်ထိုပုလိပ်အားခိုင်းစေထားသောကြောင့်
ဖြစ်သည်။ ဂျော်နသန်၏မျက်နှာထားအခြေအနေအား နန်းယဥ်ခမ်းအကဲခတ်မိပြီး သူမအခြေအနေအားရိပ်မိခဲ့လေပြီ။

"ရှင်မအံ့သြဘူးနော် ကိုဂျော်နသန် ဘာလဲရှင်ကိုယ်တိုင်ခိုင်းခဲ့တာမို့ မအံ့သြမိတာလား"

"oh no no no ဟန်နီ ကိုယ်မခိုင်းပါဘူး ဟန်နီကလည်း မမခင်က ဟိုပုလိပ်ကိုသွားမြူဆွယ်လားမှမသိတာ"

"ကိုဂျော်နသန် မိန်းမတစ်ယောက်ရဲ့ကိုယ်ကျင့်တရားကို မစော်ကားပါနဲ့"

"ကယ်ပါ စိတ်ကိုလျော့ ဟိုပုလိပ်ဘာမှကြီးကြီးမားမားမဖြစ်ဘူးမှတ်လား"

"ခေါင်းပေါက်သွားတယ်"

"ဪ ဟုတ်လား ဒါဆိုလည်းကိုယ်ခဏဆင်းကြည့်လိုက်မယ် ဟန်နီအနားယူတော့လေ မနက်ရောက်ရင် ကိုယ်အဲ့ပုလိပ်ကို ဂတ်ပြန်ပို့လိုက်မယ်လေ"

စကားအား ပေါ့ပေါ့တန်တန်ပြောကာ ဂျော်နသန်အောက်ထပ်ဆင်းသွားသည်။မိမိ၏ဒေါသများ ဖြေလျော့စရာဟူ၍မရှိ။လက်နှစ်ဖက်ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ဂျော်နသန်အား မိမိကိုယ်တိုင်သတ်ချင်စိတ်များ တဖွာဖွာပေါ်နေခဲ့လေတော့သည်။
ဂျော်နသန်သည် သတိမေ့နေသော ထိုပုလိပ်၏ဦးခေါင်းအား ဆေးထည့်ပေးပြီး ကိုဘသောင်းအား ပတ်တီးစည်းပေးစေ၏။

နောက်နေ့မနက် ဂျော်နသန်သည် မနေ့ည ခေါင်းပေါက်သွားသော ပုလိပ်အားခေါ်ကာ ထွက်သွား၏။ကျန်ခဲ့သည့် ပုလိပ်သုံးယောက်မှာလည်း ရှီလာစံအိမ်ကြီး၏ မိန်းမလေးများအား ဟိုကြည့်ဒီကြည့် တဏှာလောကမကင်းသော မျက်လုံးများဖြင့်လိုက်ကြည့်ကြသည်။

"မမခင်ကို နန်းအရေးကြီးပြောစရာရှိတယ်"

မနက်စောစောမိမိအားခေါ်ကာ အရေးကြီးပြောစရာရှိတယ်ဟုပြောသော နန်း၏နူတ်ဖျားမှ ဘာစကားထွက်လာမည်ဆိုတာကို ခင်ခင်တစ်ယောက်ကြိုသိနေခဲ့သောကြောင့်

"မမခင်ထွက်မသွားဘူးနော် နန်း"

မမခင်၏နူတ်မှ အရင်ဖွင့်ဟလာသောစကားကြောင့် နန်းယဥ်ခမ်း၏မျက်ရည်အိမ် ဖုဖုကလေးမှမျက်ရည်စလေး ပေါက်ဖွားလာတော့သည်။

"နန်းပြောတာကို နားထောင်ပါ မမခင်ရယ် နန်းလေ ညကလိုအဖြစ်မျိုး မမခင်ကိုထက်မဖြစ်စေချင်ဘူး"

"မမခင် အနေအထိုင်ဆင်ခြင်မယ်လေနော် မမခင်နောက်ဆို ထွေးမာတို့နဲ့တူတူအိပ်မယ်လေ"

ခင်ခင် နန်းယဥ်ခမ်း၏လက်ကလေးများအား အားကိုးတကြီးကိုင်ထားကာ မျှော်လင့်ချက်မဲ့နေသော မျက်ဝန်းတစ်စုံဖြင့် ငေးကြည့်ရင်းစကားများပြောနေရှာသည်။

"မနေ့ညကကိစ္စက ကိုဂျော်နသန်တမင်ခိုင်းထားတာ မမခင် ဒါကိုနန်းသိတယ် ဒါပေမဲ့ နန်းမှာသူ့ကိုပြောဖို့ အင်အားတွေမရှိခဲ့ဘူး တစ်ခါယုတ်မာပြီးရင် သူနောက်တစ်ခါဆိုဒီထက်ယုတ်မာတာတွေကို လုပ်ဖို့ဝန်လေးမှာ မဟုတ်ဘူး "

ခင်ခင်၏ပါးတစ်ဖက်အား မိမိလက်ကလေးဖြင့်ဖွဖွကိုင်ကာ

"နန်း မမခင်ကိုအဆုံးရှုံးမခံနိုင်ဘူး မမခင်ကိုဒဏ်ရာတွေထပ်မရစေချင်ဘူး မမခင်ရွာ နန်းကိုသေချာကြည့်ပါအုံး"

ခေါင်းအားငုံထားသော ခင်ခင်၏ဦးခေါင်းလေး မော့ကာ နန်းယဥ်ခမ်း၏မျက်ဝန်းများအား ကြည့်မိလိုက်သည်။နှစ်ဦးသား မျက်ဝန်းအိမ်တွင် မပေါသောလည်း မရှားတတ်သော မျက်ရည်စလေးများ မျက်ဝန်းအိမ်ထဲတွင် ပါးပြင်ပေါ်သို့စီးဆင်းရန်အဆင့်အနေအထားပင်

"အဝေးနှင်တိုင်း အနားမှာမထားချင်လို့မဟုတ်ပါဘူး မမခင်ရယ် ကိုယ့်အနားမှာဒဏ်ရာတွေပိုက်ပြီးနေရတာကို မမြင်ရက်လို့ ဟော့ဒီက ရွှေရင်တွေနာကျင်ရလွန်းလို့ နှလုံးအကွဲခံအဝေးထံပို့ရတာပါ မမခင်ရယ်"

နန်းယဥ်ခမ်း၏မျက်ရည်ကလေးဦးစွာစီးဆင်းကျလာတော့သည်။ခင်ခင် နန်းယဥ်ခမ်း၏ ပါးပြင်ပေါ်မှ မျက်ရည်ကလေးများအားသုတ်ပေးရင်း

"မမခင် မသွားပါရစေနဲ့ နန်းရယ် ဒဏ်ရာမကလို့အသက်ပါ သေချင်သေပါစေ နန်းရဲ့အနားမှာပဲနေပါရစေနော်"

"ခက်လှချည်ရဲ့ မမခင်ရယ် နန်းဘယ်လိုများလုပ်ရပါ့မလည်း မမခင်အပေါ်ကို နောက်ထပ်တစ်ခုခုအန္တရာယ်ကျရောက်လာရင် အန္တရာယ်ပြုလာခဲ့ရင် နန်း လူသတ်မိလိမ့်မယ် မမခင်ရဲ့"

နူတ်မှစကားများပြောထွက်မလာတော့ပါ။သူမ၏မျက်ဝန်းများအား ငေးကြည့်ရင်း မျက်ရည်ကလေးများ ဖြည်မဆည်နိုင်ရင်ကျနေလေတော့သည်။ အဝေးအရပ်သို့ လုံးဝမသွားချင်။သူမအနားမှ တစ်ဖွားမှမခွာချင်။

နန်းယဥ်ခမ်း ခင်ခင်အားဖြောင့်ဖြသော်လည်း မရခဲ့ပေ။ခင်ခင်၏မျက်ရည်စများကြည့်ရင်း မိမိရင်ဟာနာကျင်ရပါဘိ။ မမခင်၏မျက်ရည်များကို နန်းသိပ်ကြောက်သည်။ အဝေးအရပ်ကိုသွားပါဟု နူတ်မှနှင်သောလည်း နှလုံးသားကမနှင်ရပ်နိုင်။ အနားတွင်နေစေချင်သော နှလုံးသား၏ဆန္ဒနှင့် နာကျင်မှုများထပ်မဖြစ်စေချင်သောကြောင့် အဝေးသို့နှင်နေပြန်သော စိတ်ဆန္ဒ နန်းယဥ်ခမ်းတစ်ယောက် မသေချာမရေရာသော ကန္တာရခရီးသွားရခြင်းထက် အခက်တွေ့ပြီပါရော့လား။

အတွင်းဝန်များရုံးတွင် ဂျော်နသန်နှင့်ပုလိပ်မင်းကြီးနှင့် အခြားကိုနီလိုအစိုးရဝန်ထမ်းများစကားဝိုင်းဖွဲ့ပြောနေကြသည်။

"ဂုဏ်ယူပါတယ် ပုလိပ်မင်းကြီး"

"ဟားဟားဟား ကျေးဇူးပါ ဒါက မကွေးရှာရှိတဲ့ ပုလိပ်တွေရဲ့ကြိုးပမ်းမှုလည်းပါပါတယ်"

"ပုလိပ်မင်းကြီးရဲ့စည်းစနစ်ကျမှုကြောင့်ဆိုလည်း မှန်ပါတယ်ဗျာ"

"ချီးမွမ်းတာစောနေပါပြီ မစ္စတာဂျော်နသန်"

"ခေါင်းဆောင်ဖိုးလှကြီးနဲ့အခြား ခေါင်းဆောင်တွေကိုဖမ်းမိပြီဆိုတော့ ရေနံလုပ်သားတွေသိပ်လူပ်ရှားရဲမှာမဟုတ်တော့ပါဘူး"

"အင်း အဲ့လိုဖြစ်ရင်တော့ကောင်းမှာပေါ့ မစ္စတာရောဘတ် ဒါပေမဲ့ဒီမြန်မာကောင်တွေက သိပ်ပြောရခက်တယ် ပညာတတ်ဟော့ဒီကမစ္စတာဂျော်နသန်တို့လို့ ဦးနှောက်မသုံးတတ်ဘူး သူတို့ဖြစ်ချင်တာ သူတို့လိုချင်တာဆို စပြီးရင်နောက်မဆုတ်ကြဘူး ဒီလောက်ဖမ်းဆီး ကြိုးစင်တင်ပြလည်း ဒင်းတို့ကနောက်မဆုတ်ကြ မကြောက်တတ်ကြဘူး တစ်မျိူးပြီးတစ်မျိူးသပိတ်တွေနဲ့ထထလာတယ်"

"ဒီအတွက်စိတ်မပူပါနဲ့ပုလိပ်မင်းကြီး သူတို့က ကျွန်တော်တို့ရဲ့ညှာတာသနားမှုကိုမမြင်ဘဲ အတင်းလိုက်သပိတ်တွေမှောက်နေကြတာပါ ခုဆိုမြင်းစီးပုလိပ်တွေလည်း အင်အားထက်ရောက်နေပြီဆိုတော့ သူတို့ကိုကောင်းကောင်းပညာပြလို့ရပြီပေါ့"

"မစ္စတာဂျော်နသန် ပြောတာမှန်တယ် ရန်ကုန်မြို့မှာရော မန္တလေးမှာပါ မြင်းစီးပုလိပ်တွေအင်အားထက်ဖြည့်ထားတယ်ဆိုတော့ သူတို့လူပ်ရဲမှာမဟုတ်ပါဘူး ကယ်ကယ် ဒီည ကျွန်တော်အိမ်မှာ ပါတီပေးမယ် အားလုံးလာခဲ့ကြနော်"

"ဟုတ်ကဲ့ပါ ပုလိပ်မင်းကြီး"

"မစ္စတာဂျော်နသန် ဟိုတစ်ခါဖမ်းဆီးထားတဲ့ သူလျှိုဆိုတဲ့လူကို ကြိုးစင်တင်လိုက်ပြီလား"

"ဟို မတင်ရသေးပါဘူး ပုလိပ်မင်းကြီး ကျွန်တော်စစ်ဆေးမေးမြန်းနေတုန်းမို့ပါ"

"ကောင်းပြီ မြန်မြန်ဆန်ဆန်မေးမြန်းပြီး အဆုံးသတ်လိုက်ပါ မစ္စတာဂျော်နသန် ထွက်ပြေးလွတ်မြောက်သွားရင် အခက်တွေ့မယ်"

"ဟုတ်ကဲ့ပါ ပုလိပ်မင်းကြီး "

စကားဝိုင်းပြီးသော ဂျော်နသန် ကိုထွန်းမော်အား ဖမ်းဆီးထားသော ဂတ်သို့လာခဲ့သည်။

"သူဘာတွေပြောသေးလဲ"

"ဘာမှမပြောပါဘူး Sir"

"ကျွန်တော်သူ့ကိုမေးမြန်းစရာရှိတယ် ခဏလောက်အပြင်ထွက်နေပေးပါ"

"Yes Sir"

တာဝန်ကျစောင့်နေသော ပုလိပ်ချက်ချင်း အပြင်ဘက်သို့ထွက်ပေးသည်။
ဂျော်နသန် ကုလားထိုင်ပေါ်တွင်ထိုင်ချ စီးကရတ်တစ်လိပ်အားထုတ်ကာ မီးညှိပြီး တစ်ဖွာချင်းဖွာကာ

"ကယ် အားလုံးအခက်တွေ့ရအောင်လုပ်မနေနဲ့ ကိုထွန်းမော် ကျွန်တော်ပြောတဲ့အတိုင်း ခင်ဗျားကို ခင်ခင်ဆိုတဲ့မိန်းမခိုင်းတာပါလို့ပြောလိုက်ပါ ဒါဆိုခင်ဗျားချက်ချင်းလွတ်မှာလေ"

ကိုထွန်းမော်၏ ခြေထောက်တစ်ချောင်းအား ဂျော်နသန်ရိုက်ချိူးထားသည်။သူ၏မျက်နှာသည်လည်း ထိုးထားသော ဒဏ်ရာများအပြည့်။ကျောတွင်လည်း ခါးပတ်ဖြင့်ရိုက်ခံထားရသောကြောင့် အသားများနီရဲနေ၏။ ကိုထွန်းမော် ခြေထောက်တစ်ဖက်ဖြင့် ရအောင်မတ်တပ်ရပ်ပြီး

"ဒီကိစ္စတွေက မမခင်နဲ့ဘာမှမဆိုင်ဘူး ခင်ဗျားမမခင်ကို ဆွဲထည့်စရာမလိုဘူး အေးကျုပ်သေချင်သေပါစေ ခင်ဗျားပြောခိုင်းတဲ့အောက်တန်းကျတဲ့ စကားမျိူးကျုပ်သေတဲ့အထိမပြောဘူး"

ဂျော်နသန်ဒေါသတကြီးဖြင့် ထိုင်နေရာမှထကာ ကိုထွန်းမော်၏ဆံသားများအား ဆောင့်ဆွဲ နဖူးတည့်တည့်တွင် သေနတ်ဖြင့်ချိန်ကာ

"သိပ်ကို သတ္တိတွေရှိနေတာပေါ့ ကိုထွန်းမော်"

"ကျုပ်မှမဟုတ်ဘူး မြန်မာသွေးအပြည့်ပါတဲ့ ကျုပ်တို့မြန်မာလူမျိူးတိုင်း ကျုပ်လို့သတ္တိအပြည့်ရှိတယ် ခင်ဗျားတို့လိုကျွန်စိတ်တော့ တစ်စက်ကလေးမှမရှိဘူး"

"ဟားဟားဟားဟား သိပ်ကိုသတ္တိတွေရှိနေပါလား ကိုထွန်းမော် ဘယ်မှာလည်းခင်ဗျားပြောတဲ့မြန်မာ့သွေးအပြည့်ပါတဲ့သတ္တိတွေ လူမျိူးတွေ ခုသေရမှာကြောက်လို့ ကုတ်ကုတ်ကလေးပုန်းနေကြတာပဲလေ ခင်ဗျားပြောတဲ့မြန်မာ့သွေးအပြည့်ပါတဲ့ မျိူးချစ်ကြီးတွေက သေရမှာကြောက်လို့ ပုန်းခိုနေကြတာပဲမဟုတ်ဘူးလား"

"သေရမှာကြောက်တယ်လို့ထင်နေရင် ခင်ဗျားတို့သတ္တိတွေရှိလှပါချည်ရဲ့ဆိုရင် လက်နက်တွေချပြီး ကျုပ်တို့လို လက်ရုံးရည်နဲ့ယှဥ်ချလေ ကိုယ့်လူမျိူးကို သစ္စာဖောက် လက်နက်အားကိုးနဲ့သိပ်ကို သတ္တိတွေရှိပြနေတာကမှ တကယ်သေရမှာကြောက်လို့လက်နက်ကိုပြပြီး အာဏာရူးနေတဲ့ခွေးမျိူးတွေ"

"ဟာ..ဒီကောင်ကွာ"

ဒိုင်း~~~~

ကိုထွန်းမော်၏နဖူးသို့ ကျည်ဆံဝင်သွားလေပြီ။ကိုထွန်းမော် သူ၏သေခြင်းအားနောင်တမရ။သိပ်ကိုဂုဏ်ယူနေခဲ့သည်။တိုင်းပြည်အတွက် နန်းယဥ်ခမ်းအတွက် သူအများကြီးတက်နိုင်သောဘက်မှ စွမ်းဆောင်ပေးခဲ့သည်။သတင်းတွေပို့ပေးခဲ့သည်။ ယခုလည်း မမခင်အား ကာကွယ်သွားပြန်လေတော့သည်။

ရှီလာစံအိမ်ကြီးတွင် သုဿန်တစပြင်ကဲ့သို့တိတ်ဆိတ်ငြိမ်သက်နေသည်မှာ ကျီးအာသံတစ်ချက်ပင်မကြားရပေ။ထိုစဥ် ခွမ်း ခနဲတစ်ခုခုကျကွဲသံ ကျယ်ကျယ်လောင်လောင်အား နန်းယဥ်ခမ်းကြားလိုက်ရသည်။

"ဘာဖြစ်တာလဲ ဌေးဌေး"

"ဟို ဌေးဌေးမတော်တဆဘုရားပန်းအိုးကျကွဲတာပါ မမလေးနန်း"

"အတိတ်နမိတ်တွေမကောင်းလိုက်တာ ကိုထွန်းမော်များတစ်ခုခုဖြစ်လေပြီလား နန်းစိတ်တွေလေးလိုက်တာ"

နေ့လည်ခင်း ဂျော်နသန်ဂျစ်ကားအား ကိုယ်တိုင်မောင်းကာ ရှီလာစံအိမ်သို့ပြန်လာ၏။

"ဟန်နီရေ ဟန်နီ"

"မမလေးနန်းအပေါ်ထပ်မှာပါ အရေးပိုင်မင်း "

"ဪ ငါ့ဖိနပ်တစ်ရံကိုခုသေချာတိုက်ထားပေး ထွေးမာ"

"ဟုတ်အရေးပိုင်မင်း "

ဂျော်နသန် မိမိတို့အိပ်ခန်းတံခါးအား ဖွင့်ကာအခန်းထဲဝင်သွားသည်။နန်းယဥ်ခမ်း တစ်ယောက်ကုတင်ပေါ်တွင်လှဲနေ၏။

"အိပ်နေတာလား ဟန်နီ"

"မအိပ်ပါဘူး ဒီအတိုင်းလှဲနေတာ"

"ဒီနေ့ည ကိုယ်အိမ်ပြန်မလာတော့ဘူးနော် ပုလိပ်မင်းကြီးကသူ့အိမ်မှာ ပါတီပေးမလို့"

"အင်း"

"ကိုယ်ရေချိူးလိုက်အုံးမယ် အဝတ်အစားလေးထုတ်ပေးထားပါအုံး ဟန်နီ"

"ဟုတ်"

ဂျော်နသန်ရေချိူးခန်းထဲသို့ဝင်သွားသည်။နန်းယဥ်ခမ်း ဂျော်နသန်၏အင်္ကျီထဲမှ ပစ္စည်းတစ်ခုအားထုတ်ကာ ဖွတ်ယူထားလိုက်သည်။

"ညစာလည်းများများစားအုံးနော် ဟန်နီကြည့်ရတာပိန်လာသလိုပဲ"

"အသက်ရလာလို့ပါ ကိုဂျော်နသန်"

"ဒါဆိုလည်း အာဟာရရှိတာများများစားပေါ့"

"ဟုတ်"

"ကယ် ကိုယ်သွားတော့မယ်"

ဂျော်နသန် ကျော့မော့စွာပြင်ဆင်ပြီး ရှီလာစံအိမ်မှ ပြန်လည်ထွက်ခွာလာခဲ့သည်။

"ထွေးမာ "

"ဟုတ်မမလေးနန်း"

"ကိုဘသောင်းကိုခဏလောက်သွားခေါ်လာခဲ့ပါအုံး"

"ဟုတ်မမလေးနန်း"

နန်းယဥ်ခမ်း ကိုဘသောင်းအားအိမ်အပေါ်ထပ်သို့ခေါ်ကာ စကားတိုးတီးပြော၏။

"ဖြစ်ပါ့မလား မမလေးနန်းညဘက်ဆို ပုလိပ်ကင်းတွေရှိတယ်"

"ဒါကိုယူသွား ကိုဘသောင်း ပုလိပ်မင်းကြီးကိုယ်တိုင်ပေးထားတဲ့ အရေးပိုင်မင်းရဲ့တံဆိပ် သူတို့ဒါကိုသိတယ် ဒါကိုပြပြီး သူတို့ဆီကခွင့်ပြုချက်ရှိပြီးသား အရေးပိုင်မင်းရဲ့အစေခံလို့ပြော"

"ဒါပေမဲ့ မမခင်ကရောလက်ခံပါ့မလား မမလေးနန်း အိမ်ကပုလိပ်တွေကရော"

"မမခင်ရောပုလိပ်တွေကိုရော အိပ်ဆေးခတ်မှာ ကိုဘသောင်း"

"ဖြစ်ပါ့မလားမမလေးနန်း"

"ဖြစ်မှာပါ ကိုဘသောင်းသာလမ်းမမှားဖို့အရေးကြီးတာပါ"

"လမ်းကတော့မမှားစေရပါဘူး ကြီးမြရှိစဥ်ကကျွန်တော်နဲ့ဦးမြလူလိုက်ပို့နေကျပါ"

"အဲ့ဒါဆိုဒီနေ့ညနော် ကိုဘသောင်း နန်းစိတ်ချလို့ရမလား"

"စိတ်ချပါမမလေးနန်း အရင်ကမှားခဲ့တာကိုခုကိစ္စနဲ့ပြင်ဆင်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် "

နန်းယဥ်ခမ်း ခင်ခင်အားအိပ်ဆေးခတ်ကာ ရွာသို့ပြန်ပို့ရန်စီစဥ်တော့သည်။၁၇နှစ်ကြာမြင့်ခဲ့သောလည်း လှေဆိပ်တွင် ကိုထွန်းသာတစ်ယောက်ရှိကောင်းရှိနိုင်မည်ဟု နန်းယဥ်ခမ်းယုံကြည်၏။ကိုထွန်းသာ မရှိခဲ့လျှင်တောင် ခင်ခင်အားမှတ်မိမည့်သူတစ်ဦးဦးရှိနိုင်ပါလိမ့်မည်ဟု နန်းယဥ်ခမ်းဖြည့်တွေး၏။

ထိုနေ့ည နန်းယဥ်ခမ်းပုလိပ်သုံးယောက်အား အရင်ထမင်းဖိတ်ကျွေးကာ ဟင်းရည်ထဲတွင်အိပ်ရေးများခတ်ထားခဲ့သည်။ပုလိပ်သုံးယောက်လည်း အားရပါးရစားသောက်ရင်း ခဏအကြာတွင်အိပ်မောကျစွာ အိပ်ပျော်သွားကြ၏။
ကိုဘသောင်းလည်း ပုလိပ်သုံးယောက်အား ရိုစီတို့နေခဲ့သော အိမ်ထဲထည့်ထားလိုက်သည်။
ထို့နောက်တွင် မမခင်အားခေါ်ကာ သူမတို့နှစ်ဦးထဲစားပွဲတွင် ထိုင်ကာ ထမင်းတူတူစားကြတော့သည်။

"ဒါတွေအကုန်နန်းကိုယ်တိုင်ချက်ထားတာ မမခင်"

"ဟာ တကယ်ကြီးပေါ့"

"ဘာလဲမမခင်က မယုံတာလား"

"မဟုတ်ပါဘူး နန်းရယ် နန်းကိုယ်တိုင်ချက်ထားတာဆိုတော့ မမခင်က အားရပါးရစားပေးရမှာပေါ့"

ပြုံးပျော်နေသော မမခင်၏မျက်နှာအား မည်သည့်အချိန်မှထပ်တွေ့ရမည်ဆိုတာ နန်းယဥ်ခမ်းသေချာမသိတော့ပါ။သူမရှေ့တွင် ထိုင်ကာပြုံးပျော်နေသော မမခင်၏အပြုံးအား သူမနောက်ဆုံးအကြိမ်အဖြစ်တစ်ဝကြီးကြည့်နေခဲ့သည်။ဝမ်းနည်းခဲ့ရပါသည် သို့သော်လည်း ဝမ်းသာရပြန်ပါသည်။ မမခင်အား ဝေဒနာများကင်းရာနေရာသို့ပို့ပေးနိုင်တော့မည် ဖြစ်သောကြောင့် ဝမ်းသာရပါသော်လည်း မမခင်အားနောက်ထပ်တစ်ခါမည်သည့်အချိန်တွင် ပြန်တွေ့ရတော့မည်ဆိုတာ သေချာမပြောနိုင်သဖြင့်ဝမ်းနည်းရပြန်ပါတော့သည်။

"မမခင်"

"အင်း ဘာပြောမို့လဲ နန်း"

"နန်း မမခင်ကိုတန်ဖိုးထားတာသိတယ်မှတ်လားဟင်"

"သိတာပေါ့ မမခင်ဘဝမှာလည်း နန်းကသာတန်ဖိုးအထားရဆုံးလူပါပဲ"

နန်းယဥ်ခမ်းမငိုမိအောင်ထိန်းချုပ်ထားသောလည်း သူမ၏ဝမ်းနည်းပူဆွေးမှုသည် ဟန်မဆောင်နိုင်တော့ပေ။နန်းယဥ်ခမ်း၏မျက်ရည်မိုးများ ရွာလေတော့သည်။ခင်ခင်တစ်ယောက် ချက်ချင်းနူတ်ခမ်းနှင့်လက်ထဆေးကာ နန်းယဥ်ခမ်း၏ဘေးအနားထိုင်လိုက်သည်။

"ဘာဖြစ်လို့ငိုနေတာလဲ နန်းရယ် မငိုနဲ့တော့နော် "

နန်းယဥ်ခမ်း၏ဦးခေါင်းကလေးအား မိမိပခုံးပေါ်တင်ကာ ခင်ခင်တစ်ယောက်ရေရေရာရာမသိသောလည်း နန်းယဥ်ခမ်းအားနှစ်သိမ့်ပေးနေ၏။
ကျုဘသောငျးလညျး ထွေးမာနှင့်ဌေးဌေးအား နန်းယဥ်ခမ်းခိုင်းစေထားသော ကိစ္စအားပြောပြလိုက်သည်။ထွေးမာနှင့်ဌေးဌေးတို့လည်း ရှိုက်ကြီးတငင်ငိုကြွေးကြလေတော့သည်။

"မမခင်"

"အင်း"

"မမခင်စိတ်ချနော် မမခင်အနောက်ကို နန်းမရ ရအောင်လိုက်လာခဲ့မှာပါ"

အသက်အရွယ်လည်းရပြီဖြစ်၍ ခင်ခင်တစ်ယောက်ဆေးအရှိန်မခံတော့ပေ။နန်းယဥ်ခမ်း၏ စကားအားကြားပြီး တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။

"နန်းတောင်းပန်ပါတယ် မမခင်ရယ် နန်းကိုနားလည်ပေးပါ မမခင်နောက်နန်းလိုက်လာမှာပါ"

သူမ၏ပါးပြင်မှမျက်ရည်စများအား သုတ်ပြီး
ကိုဘသောင်းအားခေါ်ကာ မမခင်အားကားပေါ်တင်တော့သည်။ထွေးမာနှင့်ဌေးဌေးတို့လည်း ထုပ်ပိုးပေးထားသော မမခင်၏အဝတ်အစားလေးများအား ကားပေါ်တင်ပေးပြီး အိပ်ပျော်နေသော ခင်ခင်အားကြည့်ရင်း မြေပေါ်တွင်ထိုင်ကာ ရှိခိုးဦးချခဲ့ကြသည်။

"ဒါဆိုကျွန်တော်တို့သွားတော့မယ် မမလေးနန်း"

"ကောင်းပါပြီ ကိုဘသောင်း"

ရှီလာစံအိမ်ကြီးမှ ထွက်ခွာသွားသော ဂျစ်ကားအားငေးကြည့်ရင်း ရင်ထဲအသည်းထဲနာကျင်ရလွန်းလှပါတော့သည်။ ၁၇နှစ်ဆိုသည့် အချိန်ကာလသည် မိမိအတွက်အလွန်မြန်ဆန်လွန်းလှခဲ့သည်။သူမ၏အနားနားနေချင်ပါသေးသည်။သူမ၏ဂရုစိုက်ကြင်နာပေးမှုများလိုချင်ပါသေးသည်။သူမနှင့်တူတူရယ်မောချင်ပါသေးသည်။သို့သော် သူမအားထပ်၍မနာကျင်စေတော့ပါ။အနားနားဆွဲမထားချင်တော့ပါ။ နာကျင်လည်းနာကျင်ပါစေတော့ ရင်ကွဲလည်းကွဲပါစေတော့ သူမအားအဝေးတစ်နေရာသို့ မိမိကိုယ်တိုင်ပို့ခဲ့ပါတော့သည်။

ဗြုန်း...

"မမလေးနန်း မမလေးနန်း သတိထားပါအုံး"

မြေပေါ်သို့ အရုပ်ကြိုးပျက်သလိုပင် နန်းယဥ်ခမ်းအပုံလိုက်မေ့လဲကျသွားတော့သည်။ သူမခံနိုင်ရည်ရှိမည်ဟု ထင်ထားခဲ့မိသောလည်း သူမ၏နှလုံးသားခံရည်စွမ်းမရှိခဲ့ပေ။
ကိုဘသောင်းတစ်ယောက်လည်း ဧရာဝတီတိုင်းဘက်သို့ ကားအားမောင်းနှင်လာခဲ့သည်။လမ်းတွင်တွေ့ရသော ပုလိပ်ကင်းစခန်းများတွင် နန်းယဥ်ခမ်းသင်ပေးလိုက်သည့်အတိုင်း တံဆိပ်အားပြကာ အရေးပိုင်မင်း၏အိမ်မှအစေခံနေမကောင်းဖြစ်နေသောကြောင့် ရွာတွင်ပြန်ကာခေါင်းချစေချင်သောကြောင့် လိုက်ပို့ပေးရသည်ဖြစ်ကြောင်းတစ်သွေမသိမ်းပြောသည်။

ခရီးမှအလွန်ပေါက်လာခဲ့လေပြီ။နန်းယဥ်ခမ်းမှာလိုက်သည့်အတိုင်း ခင်ခင်၏လက်များအား ကိုဘသောင်းနှစ်ဖက်ပူးကာ တုတ်နှောင်ထားသည်။ပင်ပန်းလျှင်တအောင့်နားကာ ခရီးဆက်သည်။လှေဆိပ်သို့ရောက်သော ကိုဘသောင်း လှေထွက်ချိန်အားထိုင်စောင့်နေတော့သည်။

ခင်ခင်နိုးလာ၏။သူမ၏လက်နှစ်ဖက်လူပ်ရှား၍ မရပေ။သူမသည်လည်း ရှီလာတွင်မဟုတ် အပြင်ပတ်ဝန်းကျင်တွင်။

"ကိုဘသောင်းမှတ်လား ကိုဘသောင်း ကိုဘသောင်းဘာတွေဖြစ်ကုန်တာလဲ"

"နိုးလာပြီလား မမခင်"

ကိုဘသောင်းမိမိအင်္ကျီအိတ်ကပ်တွင်းမှ စာတစ်စောင်အားနှင့် ဓာတ်ပုံတစ်ပုံအားထုတ်ကာ ခင်ခင်လက်ထဲထည့်ပေးလိုက်သည်။

ဓာတ်ပုံလေးသည် ခင်ခင်တစ်ခါမှမမြင်ဖူးခဲ့သော ခင်ခင်နှင့်နန်းယဥ်ခမ်းတို့ ဓာတ်ပုံဆိုင်လေးတွင်ရိုက်ခဲ့သောပုံကလေးပင်ဖြစ်သည်။
စာအားဖတ်ကြည့်သော

မမခင် ငိုနေပြီလားဟင် မငိုပါနဲ့နော် နန်းကိုချစ်တယ်သံယောဇဥ်ရှိတယ်ဆို မငိုပါနဲ့ မမခင်၏မျက်ဝန်းကကျလာတဲ့မျက်ရည်တွေကို နန်းသိပ်ကြောက်လို့ပါ။မမခင်ငိုကြွေးနေတာကို နန်း မကြိုက်လို့ပါ။ မမခင် ဒီစာကိုဖတ်နေရင် နန်းနဲ့ဝေးတဲ့ ဧရာဝတီတိုင်းလေးကိုရောက်နေတော့မှာပေါ့။ မမခင် နန်းလေ မမခင်ကိုသိပ်မြတ်နိုးတာ နန်းဘဝမှာ မမခင်ကနေမင်းကြီးလိုလမင်းကြီးလို နွေးပေးမှုပေးအလင်းပေးခဲ့တာ။ မမခင်ကိုဒဏ်ရာတွေထပ်မရစေချင်ဘူး။အခြားပုရိသတွေရဲ့ စော်ကားမော်ကားမှုတွေမခံစေချင်ဘူး။ မမခင် ရှီလာကိုပြန်မလာပါနဲ့နော်။ မမခင်ပြန်လာရင် နန်းကိုယ့်ကိုကိုယ်တစ်ခုခုလုပ်ပစ်မှာ။ မမခင် နောက်ကိုနန်းလိုက်လာမှာပါ။မမခင်စိတ်ချနေနော်။ နန်းကိုမမခင်ယုံတယ်မှတ်လား။ ရွာရောက်ရင် မမခင်က စာမဖတ်တတ်တဲ့ကလေးတွေအပျိူလေးတွေကို စာပြန်သင်ပေးပေါ့။နန်းဝယ်ပေးထားတဲ့ ကျောက်သင်ပုန်းလေးလည်းထည့်ပေးလိုက်တယ်။ နန်းအနားမှာ၁၇နှစ်လုံးလုံးနေပေးခဲ့လို့ မမခင်ကိုနန်းသိပ်ကျေးဇူးတင်ပါတယ်။
မမခင် နန်းကိုယုံတယ်မှတ်လားဟင် ယုံပါနော် မမခင်နောက်ကို နန်းမရရအောင်လိုက်လာခဲ့မှာပါ။နန်းကိုမမခင်ချစ်တယ်မှတ်လား သနားတယ်မှတ်လားဟင်။နန်းယဥ်ခမ်းလေးကိုချစ်သနားလှည့်ပါနော် မမခင်။မမခင်ကိုတန်ဖိုးထားလွန်းလို့ နန်းအခုလိုလုပ်ခဲ့ရတာပါ။
မမခင်ရဲ့နန်းယဥ်ခမ်း

ဓာတ်ပုံလေးအားကြည့်ရင်း ဓာတ်ပုံထဲတွင်ပြုံးနေသော နန်းယဥ်ခမ်း၏မျက်နှာလေးအားကြည့်ရင်း ရှိုက်ကြီးတငင်ငိုလေပြီကော မမခင်။ ဘယ်သူကိုများအပြစ်တင်ရပါဘိ။ ဘယ်သူကိုများနာကျည်းရပါဘိ ဤဝေဒနာသည်လည်း နာကျင်ရလှပါဘိ။နန်းယဥ်ခမ်းလေးကိုချစ်သနားလှည့်ပါတဲ့လား နန်းရယ်။ချစ်လွန်းလို့ သနားမြတ်နိုးလွန်းလို့ ချစ်သနားမိလွန်းလို့အနားကမခွာနေခဲ့ရသည်မှာ ၁၇နှစ်။ ရင်တွေနာလှပါပြီး ဟော့သည်က မေတ္တာအရူးမကြီး ခင်ခင်၏အဖြစ်ကို စာနာပေးနိုင်မည့်လူသားရှိမည်ပင်မဟုတ်တော့ပါ။

"စောင့်နေပါ့မယ် နန်းရယ် မမခင် နန်းကိုဘယ်လောက်စောင့်ရစောင့်ရ စောင့်နေပါ့မယ်"

ခင်ခင်တစ်ယောက် နန်းယဥ်ခမ်း၏စကားအားနားထောင်ကာ ရွာသို့ပြန်ခဲ့သည်။မိမိတို့အတွက်ထားခဲ့သော ကြီးမြ၏အိမ်ကလေးတွင် တစ်ယောက်ထဲနေထိုင်ရရှာသည်။နန်းပြောသည့်အတိုင်း ရွာမှစာမတတ်သောကလေးများအား မိမိမှတ်သလောက်ပြန်သင်ပေး၏။နန်းထည့်ပေးလိုက်သော ၁၇နှစ်အတွက်လုပ်အားခများအား ခင်ခင်ရွာကြီးကျောင်းတွင် အလှူဒါယိကာမလေးနန်းယဥ်ခမ်းနှင့်ခင်ခင်ကောင်းမှု ဟုကမ္မည်းထိုးကာ ဇရပ်အသစ်ကြီးဆောက်လုပ်လှူဒါန်းခဲ့သည်။

ဂျော်နသန်သည်လည်း ခင်ခင်မရှိတော့သည်ကို သိ၍ လွန်စွာပျော်နေခဲ့သည်။မနေစေချင်သောသူ နှင်နေသောသူ ယခုသူမအိမ်တွင်မရှိတော့၍ နန်းယဥ်ခမ်း၏အာရုံစိုက်မှုများ မိမိအပေါ်သို့ကျရောက်လာမည်ဟုထင်ကာ ဂျော်နသန်သိပ်ပျော်ရွှင်နေခဲ့သည်။သို့သော် ခင်ခင်မရှိတော့သည့်အချိန်မှစ နန်းယဥ်ခမ်းသာမက ရှီလာစံအိမ်ကြီးတွင်နေထိုင်သောသူများအားလုံး အရင်နှင့်မတူအေးတိအေးစက်ဖြစ်သွားခဲ့ကြသည်။

"အပန်းဖြေပြင်ဦးလွင်သွားမလား ဟန်နီ"

"နန်း မသွားချင်ဘူး ရှင်သွားချင်ရင်သွားပါ သမီးလေးလည်းဖခင်ကိုလွမ်းရင်လွမ်းမှာပေါ့"

"ကိုယ်ကနန်းမှိုင်တွေနေလို့ပါ"

"မမှိုင်ပါဘူး ပြောစရာမရှိတော့ဘူးဆိုရင် နန်းဆိုင်သွားတော့မယ်"

နန်းယဥ်ခမ်းသည် ကိုဘသောင်းထံမှကားမောင်းတတ်အောင်သင်ပြီး မိမိဘာသာဆိုင်သို့ကားမောင်းသွားတော့သည်။

၁၉၃၈ ဒီဇင်ဘာ ၁၁ ရက်နေ့ တို့ဗမာအစည်းအရုံးမှကိုယ်စားလှယ်များ၊ကျောင်းသားများ၊သမ္မဂ္ဂဥက္ကဋ္ဌကိုဗဟိန်းနှင့်အတူ အတွင်းရေးမှုးကိုဗဆွေတို့ခေါင်းဆောင်များနှင့်အတူ မကွေးသို့ရောက်ရှိလာကြပြီး ပုဒ်မ၁၄၄ကိုဖီဆန်ကြောင်း တရားဟောခဲ့ကြသည်။ကျောင်းသားခေါင်းဆောင်များလည်း ဖမ်းဆီးခံရပြီး ကိုဗဟိန်းအား ထောင်ချထားခဲ့သည်။သို့သော် ရေနံမြေတပ်ကြီးသည် နောက်မဆုတ်ခဲ့ကြပေ မကွေးမှဆက်လက်ချီတက်လာခဲ့ကြသည်။

"မောင်မင်းတို့အလုပ်ကိုဘယ်လိုလုပ်နေကြတာလဲ မကွေးကလူတွေကိုလည်းငြိမ်အောင်အထိန်းနိုင်ဘူး ရန်ကုန်ကလူတွေလည်းမထိန်းနိုင်ကြဘူး"

"တောင်းပန်ပါတယ် ပုလိပ်မင်းကြီး"

"ဘာမှတောင်းပန်နေတာမလိုချင်ဘူး ဒီတစ်ခါဆန္ဒပြတာတွေရှိလာရင် မြင်းစီးပုလိပ်တွေကိုသုံးလူစုခွဲဖမ်းဆီးပစ်"

"Yes Sir "

ဂျော်နသန်တစ်ယောက် ပုလိပ်မင်းကြီးထံမှအော်ငေါက်ခံရသဖြင့် စိတ်ရူပ်နေခဲ့ရတော့သည်။

"ခင်ခင်ရေ ဟေ့ခင်ခင်"

ခင်ခင့်အား အိမ်ရှေ့မှခေါ်နေသူမှာ မိမိအားငယ်စဥ်ချိန် ပိုးပန်းခဲ့သော မင်းမင်းပင်

"ဘာတုန်းမင်းမင်း စောစောစီးစီး"

"ငါ့သမီးလေးကိုလည်း စာသင်ပေးဖို့လာပြောတာဟ"

"မင်းမင်းရယ်ထူးထူးဆန်းဆန်းလုပ်လို့ နောက်ကလေးတွေနဲ့တူတူထည့်ပေးလိုက်ပေါ့"

"နင်ရောတစ်ယောက်ထဲနေရတာအဆင်ပြေရဲ့လား"

"ပြေပါတယ်"

"လိုအပ်တာရှိလည်းပြောနော့"

"အေးပါ"

"အေးအေးဒါဆိုငါပြန်လိုက်အုံးမယ်"

မိမိကိုယ်ကိုယ်ကို ရွာတွင်ပြန်လည်နေထိုင်ရသည်မှာ အသားကျနေပြီဟုထင်မိသောလည်း တစ်ခါတစ်ရံနူတ်မှယောင်ယမ်းကာ နန်း ဟုခေါ်နေမိသေးသည်။ မမခင်ဟုခေါ်သံလေးအားကြားယောင်နေတတ်သေးသည်။
အိမ်ရှေ့ခန်းတွင် ကပ်ထားသောဓာတ်ပုံကလေးအားငေးကြည့်တိုင်း မငိုမိအောင်ထိန်းရပြန်ရှာသည်။ နန်းကမိမိ၏မျက်ရည်များအားကြောက်သည်ဟု ပြောထား၏ မိမိမျက်ရည်ကျလျှင်သူမစိတ်မကောင်းဖြစ်လိမ့်မည်။မငိုမိအောင်ထိန်းရပြန်သည်။
နေ့စဥ်နေ့တိုင်း လှေဆိပ်သို့ရောက်လာတတ်သော ခင်ခင့်အားသနားသဖြင့် မင်းမင်းသည်ခင်ခင်ထိုင်ရန် လှေဆိပ်တွင် ခုံတန်းကလေးရိုက်ပေးထား၏။

၁၉၃၈ ဒီဇင်ဘာ ၂၀ရက်နေ့ ရန်ကုန်တက္ကသိုလ်နှင့်ယုဒသန်ကောလိပ်တို့မှကျောင်းသားကျောင်းသူများသည် မကွေးတွင်ဖမ်းဆီးခံထားရသော ကျောင်းသားခေါင်းဆောင်ကိုဗဟိန်းအတွက် အတွင်းဝန်ရုံး(ယခုတွင်ခေါ်တွင်သောဝန်ကြီးများရုံး)၏အပေါက်များအားပိတ်ဆို့ကာ စည်းကမ်းတကျစီတန်းဆန္ဒပြကြသည်။

အင်္ဂလိပ်အစိုးရနှင့်အတူဂျော်နသန်အပါအဝင် မြင်းစီးပုလိပ်များနှင့် မြင်းနှင့်ဝင်တိုက်၊တုတ်များဖြင့်ရိုက်ကာ ကျောင်းသားများအားလူစုခွဲကြသည်။ ယုဒသန်ကောလိပ်ကျောင်းသား ကိုအောင်ကျော်အပါအဝင် ကျောင်းသား၂၀၀ ကျော်ထိခိုက်ခဲ့ကြရသည်။

ထိုသတင်းသည်ရန်ကုန်အနှံနေ့ချက်ချင်းပင် ပျံ့နှံ့သွားခဲ့ပြီး ဂျော်နသန်မှာသပိတ်ဖြိုခွဲနိုင်သဖြင့် ပုလိပ်မင်းကြီးထံမှချီးမွမ်းခြင်းခံရသည်။

"ယုတ်မာလိုက်တာ ကိုယ့်လူမျိူးအချင်းချင်းကိုအဲ့လောက်ထိယုတ်မာတာ လူမှဟုတ်ရဲ့လား"

ဂျော်နသန်အိမ်ပြန်ရောက်ရောက်ချင်း နန်းယဥ်ခမ်းဒေါသတကြီးနှင့် ပြောလိုက်သည်။

"သူတို့ကမကြောက်လို့ ရုံးအထိလာတာလေ ကိုယ်လည်းခိုင်းလို့လုပ်ရတာပဲ"

"ရှင့်မှာဦးနှောက်မရှိဘူးလား သူတို့ကကိုယ့်နိုင်ငံအကျိူးသယ်ပိုးမဲ့အနာဂတ်အသီးအပွင့်တွေလေ ဘာလို့ရှင့်လက်နဲ့ကိုယ်တိုင် ကိုယ့်လူမျိူးကိုပြန်သတ်နေတာလဲ "

"တော်တော့ ဟန်နီဘာမှထပ်မပြောနဲ့တော့ ကိုယ်ပင်ပန်းလာတယ်နားတော့မယ်"

၁၉၃၈ ဒီဇင်ဘာ၂၂ရက်နေ့တွင် အင်္ဂလိပ်များ၏လက်ချက်ကြောင့် ကျောင်းသားကိုအောင်ကျော်သေဆုံးခဲ့ရတော့သည်။
သတင်းမှာရန်ကုန်အနှံ့ပျံသွား၏။ နန်းယဥ်ခမ်းသတင်းအားကြားကြားချင်း ဂျော်နသန်ရှိရာ ရုံးသို့လိုက်သွားတော့သည်။

"ဘာလာလုပ်တာလဲ နန်း"

နန်းယဥ်ခမ်း ဘာစကားတစ်ခွန်းမျှမပြော ဂျော်နသန်၏ပါးအား အားပါးပါးချလိုက်သည်။

"အာဏာရူး ကိုယ့်လူမျိူးကိုပြန်သတ်တဲ့ ခွေးလောက်တောင် အသိဥာဏ်မရှိတဲ့ လူမျိူး"

"လာ ဒီမှာစကားမများချင်ဘူး"

နန်းယဥ်ခမ်း၏လက်အားဆွဲကာ ဂျော်နသန်ရုံးမှထွက်လာ၏။

"မင်းရူးနေလား နန်းယဥ်ခမ်းဘာကိစ္စနဲ့ရုံးကိုလိုက်လာတာလဲ"

"ကျောင်းသားကိုအောင်ကျော်ဆုံးသွားပြီတဲ့ ရှင့်လက်ချက်မှတ်လား "

"ဘယ်ကအောင်ကျော်လဲမသိဘူး"

"ရှင့်ပါးစပ်ကဗြောင်မလိမ်နဲ့ ရှင်တို့ကိုယ်တိုင်မြင်းနဲ့တိုက် တုတ်နဲ့ရိုက်ခဲ့တာလေ"

"သူ့ဘာသာ လျှာရှည်လို့သေတာသေပါစေ"

နန်းယဥ်ခမ်း ဂျော်နသန်၏ပါးအားနောက်ထပ်တစ်ချက်ချပြန်သည်။

"ဒီနေ့ကစပြီး ရှင်နဲ့ကျွန်မတရားဝင်လင်မယားမဟုတ်တော့ဘူး ကျွန်မနောက်ကိုလည်းလိုက်မလားနဲ့ ရှင့်လိုအသားထဲကလောက်ထွက်တဲ့ လူမျိူးနဲ့တစ်အိမ်ထဲတူတူမနေနိုင်ဘူး"

"ဟန်နီ မင်းမသွားရဘူးနော် ငါပြောနေတယ်နော် နန်းယဥ်ခမ်း"

နန်းယဥ်ခမ်း ဂျော်နသန်အားတစ်ချက်ပင်လှည့်မကြည့်မိမိဂျစ်ကားပေါ်သို့တက်ကာ မောင်းနှင်လာခဲ့သည်။ဂျော်နသန်သည်လည်း နောက်မှဂျစ်ကားတစ်စီးဖြင့် လိုက်လာတော့သည်။
ဂျော်နသန်သည် နန်းယဥ်ခမ်း၏နဘေးမှကားချင်းယှဥ်မောင်းကာ သူမ၏ကားအားရပ်ဖို့ပြောသောလည်း နန်းယဥ်ခမ်းသည်မရပ်တန့်ခဲ့ပေ။
ဂျော်နသန် နန်းယဥ်ခမ်း၏ကားအရှေ့သို့အတင်းထိုးရပ်လိုက်သော် နန်းယဥ်ခမ်း၏ကားခေါင်းနှင့် ဂျော်နသန်၏ကားတိုက်မိလေတော့သည်။

"မမလေးနန်းတို့ကားတိုက်မှုဖြစ်လို့တဲ့ ကိုဘသောင်းဆေးရုံလိုက်သွားကြရအောင်"

"ဘုရားဘုရား မမလေးနန်းဘာမှမဖြစ်ပါစေနဲ့"

ခင်ခင်တစ်ယောက် ယနေ့လည်း လှေဆိပ်လေးတွင် လာထိုင်စောင့်ပြန်ရှာသည်။
နေ့စဥ်နေ့တိုင်းလာတတ်သော ခင်ခင်အား ကလေးငယ်များက အရူးမကြီးဟူ၍ပင် စနှောက်နေတတ်ကြသည်။

နှစ်ရက်ကြာသော နန်းယဥ်ခမ်းဦးစွာသတိရလာခဲ့သည်။နာကျင်လှပါသည်။ခန္ဓာကိုယ်တစ်ခုလုံး ရိုက်နှက်ထားသကဲ့သို့ပင်။မိမိမျက်လုံးဖွင့်ကြည့်လိုက်သော ဘေးနားတွင်မြင်တွေ့လိုက်ရသောသးမှာ ထွေးမာနှင့်ဌေးဌေးပင်

"ထွေးမာ"

"မမလေးနန်းသတိရလာပြီလား"

"ကိုဂျော်နသန်ရော"

"အရေးပိုင်မင်းသတိမရသေးပါဘူး မမလေးနန်း"

"နန်း ဆရာဝန်နဲ့စကားပြောချင်တယ်ခဏလောက်ခေါ်ပေးပါလား"

"ဟုတ် မမလေးနန်း ဌေးဌေးသွားခေါ်လိုက်မယ်နော်"

ဆရာဝန်ရောက်လာသော နန်းယဥ်ခမ်းသည် ဆရာဝန်အား မိမိသည်သေဆုံးသွားပြီဖြစ်ကြောင်း ကားမတော်တဆကြောင့်သွေးထွက်လွန်ကာ သေဆုံးသွားကြောင်း ဂျော်နသန်အားပြောပြရန်အကူအညီတောင်းသည်။ထွေးမာနှင့်ဌေးဌေးတို့နှစ်ဦးမှာလည်း နန်းယဥ်ခမ်း နိုင်ငံရေးသူလျှိုလုပ်ခဲ့ပုံ မည်သို့ပါဝင်ပေးခဲ့ပုံ ယခုလည်း ကိုအောင်ကျော်သေဆုံးသည့်ကိစ္စနှင့် စကားများကြပုံများရှင်းပြသည်။ ဆရာဝန်သည်လည်း နန်းယဥ်ခမ်း၏ဘဝအား စာနာသနားကာ ဆေးရုံတွင်အမည်မသိအလောင်းတစ်ခုအားနန်းယဥ်ခမ်းအမည်ဖြင့် သေဆုံးကြောင်းစာရွက်ထုတ်ကာ နန်းယဥ်ခမ်းအားကူညီပေးလိုက်သည်။

"ထွေးမာအခုကစပြီး မြန်မာ့ပိုးဆိုင်ကထွေးမာနဲ့ဌေးဌေးတို့ရဲ့ဆိုင်ဖြစ်သွားပြီ အရင်ကထက်ပိုပြီးဆိုင်လေးကို မြန်မာမိန်းမလေးတွေအတွက်သင့်တင့်တဲ့စျေးနဲ့ရောင်းချပေးပါ "

"နေ နေပါအုံး မမလေးနန်းကမမခင်နောက်လိုက်သွားရင် ထွေးမာတို့ကနေရာမှမသိတာ မမလေးနန်းတို့ကိုဘယ်လိုလိုက်ရှာရမှာလဲ"

"ကိုဘသောင်းသိတယ်လေ ထွေးမာရဲ့ ဘာမှဝမ်းမနည်းနဲ့နော် ထွေးမာကိုယုံကြည်လို့ရတယ်မှတ်လားဟင်"

"ဟုတ် မမလေးနန်းစိတ်ချပါ ထွေးမာနဲ့မမဌေးဆိုင်ကလေးကိုအစွမ်းကုန်စောင့်ရှောက်ပေးမှာပါ"

"ဝမ်းသာလိုက်တာ မမခင်သာသိရင်ပိုဝမ်းသာမှာ မမခင်ကထွေးမာနဲ့ဌေးဌေးကို ဆိုင်လေးမှာအတည်တကျနေစေချင်ရှာတာ"

"မမလေးနန်းနဲ့ပါခွဲရတော့မှာပေါ့"

ထွေးမာနှင့်ဌေးဌေးတို့နှစ်ဦး နန်းယဥ်ခမ်း၏လက်ကလေးအားတစ်ယောက် တစ်ဖက်ကိုင်ကာ ငိုကြွေးကြပြန်သည်။
ခဏအကြာ နန်းယဥ်ခမ်းမိမိကဲ့သို့ သူလျှိုတစ်ယောက်နှင့်ဆက်သွယ်ကာအကူအညီတောင်းပြီး ဧရာဝတီတိုင်းသို့ထွက်သွားရန်စီစဥ်တော့သည်။
သို့သော် သူမသည်အရင်လို အကောင်းပကတိမဟုတ်တော့ပေ။ခြေထောက်တစ်ဖက် မသန်စွမ်းသောသူတစ်ယောက်ဖြစ်ရရှာတော့သည်။ကားမတော်တဆမှုကြောင့် အသက်မဆုံးရှုံးခဲ့သော်လည်း သူမ၏ညာဘက်ခြေထောက်သည် ယခင်လိုအကောင်းပကတိမဟုတ်တော့ပေ။

ထွေးမာနှင့်ဌေးဌေး ကိုဘသောင်းအားနူတ်ဆက်ပြီး နန်းယဥ်ခမ်း ဒဏ်ရာများမသက်သာသေးသောလည်း အားမာန်တင်းကာ ရန်ကုန်မြို့ကြီးမှထွက်ခွာလာခဲ့တော့သည်။
ဂျော်နသန်တစ်ယောက် သတိရလာသော နန်းယဥ်ခမ်း၏ သေဆုံးသွားပြီဟုသတင်းအားကြားသော မိမိကြောင့်သေဆုံးရသည်ဟု အရူးမီးဝိုင်းစိတ်များထွေပြားကာ စိတ်ရောဂါသည် တစ်ယောက်ဖြစ်ခဲ့ရတော့သည်။

"ဆရာမခင်ခင် ဆရာမခင်ခင်"

"ဘာလဲညိုမြရဲ့ အလောတကြီးနဲ့ချွေးတွေလည်းကြည့်ပါအုံး"

"ဟို ဟို လှေဆိပ်မှာ ဆရာမခင်ခင်ကိုတွေ့ချင်လို့တဲ့အမျိူးသမီးတစ်ယောက်ရောက်နေတယ်"

ညိုမြ၏စကားကြားပြီးပြီးချင်း ခင်ခင်တစ်ယောက် ဖိနပ်ပင်မစီး လှေဆိပ်သို့အပြေးသွားတော့သည်။
ကြီးမားလှသော သစ်ပင်ကြီးအောက်တွင်သူမထိုင်နေကျ ခုံတန်းလေးပေါ် ထိုင်နေသော နန်းယဥ်ခမ်းလေးအား မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသည်။မိမိအားမြင်သော သူမလည်းမတ်တပ်ထရပ်လိုက်သည် သို့သော် ဂျိုင်းထောက်တစ်ခုအားကိုင်ကာ သူမမတ်တပ်ရပ်လိုက်သည်ကိုမြင်လိုက်ရသော နှလုံးသားများတဆစ်ဆစ်နာကျင်ရပြန်သည်။ ဂျိုင်းထောက်ကလေးအား ပစ်ချကာ သူမ၏လက်နှစ်ဖက်အားဘေးသို့ကားထားရင်း မတ်တပ်ကလေးရပ်နေရှာသည်။ခင်ခင်တစ်ယောက် ဝမ်းသာဝမ်းနည်းမျက်ရည်များကျရင်း နန်းယဥ်ခမ်းဆိုသည့်သူမအား ယုယုယယထွေးဖက်လိုက်သည်။

"နန်း မမခင်နောက်ကိုတကယ်ရောက်အောင်လာခဲ့တယ်နော်"

"နန်းရယ်"

"ဟော့ဒီက မမခင်ရဲ့နန်းလေးနဲ့ မမခင်နဲ့တူတူနေဖို့လိုက်လာခဲ့ပြီ"

ပွေ့ဖက်ထားသော နွေးထွေးမှုဟာ သူမတို့နှစ်ဦးအတွက် တောင်းတနေခဲ့သော လိုအပ်ချက်တစ်ခုပင်။ နန်း၏ခြေထောက်အားကြည့်ရင်း သူမရင်တွေနာလှသောလည်း ဘာတစ်ခွန်းမျှမမေးခဲ့ပေ။မိမိမေးလျှင် နန်းကြိုက်မည်မဟုတ်။ဒါကို ခင်ခင်တစ်ယောက်သိသည်။

ပေးဆပ်မှုပေါင်းများစွာနှင့် မိမိအနား၁၇နှစ်ကျော်နေလာသော မမခင်၏နာကျင်မှုများဒဏ်ရာများနှင့်ယှဥ်လျှင် မိမိ၏ခြေထောက်သည် အသေးအဖွဲလေးဟု နန်းသတ်မှတ်ထားခဲ့သည်။

ယခုတော့ခေါင်းစဥ်မရှိသော ကဗျာလေး၏နောက်ဆုံးအပိုဒ်ကလေးအား သူမတို့နှစ်ဦးရေးသားပြီးစီးခဲ့လေပြီ။ အနှောင့်အယှဥ်တွေမရှိ အတားအဆီးများမရှိသော မေတ္တာရပ်ဝန်းလေးထဲ မမခင်၏ဂရုဏာအိမ်ကလေးသို့ နန်းယဥ်ခမ်းခိုနားခွင့်ရခဲ့လေပြီ။

"နန်း"

"ရှင်"

"မမခင်နဲ့ နောက်တစ်ခါခွဲမသွားပါနဲ့တော့နော်"

"မမခင်အနားမှာပဲ မမခင်ရဲ့ယုယမှုတွေနဲ့ နန်းဒီနေရာလေးမှာပဲခေါင်းချသွားမှာပါ မမခင်ရယ်"

"ချစ်လိုက်ရတာ မြတ်နိုးလိုက်ရတာ မမခင်ရဲ့နန်းကို"

"နန်းဘဝမှာလည်း မမခင်သာအချစ်ရဆုံးသောသူပါ"

"အရေးပိုင်မင်းကို ဘယ်လိုထားခဲ့တာလဲ နန်း"

"နန်းသူတိုက်တဲ့ကားကြောင့် ဆုံးသွားပြီလို့လိမ်ခဲ့တာ မမခင်"

"သူကယုံပါ့မလား"

"ဆရာဝန်ကိုယ်တိုင်ပြောတာမို့ သူယုံမှာပါမမခင်ရယ်"

"ဒီနေ့ကစပြီး နန်းရယ်မမခင်ရယ် ဒီအိမ်ကလေးထဲမှာသေသည်အထိတူတူနေသွားကြမယ်နော်"

ခင်ခင် နန်းယဥ်ခမ်း၏နဖူးကလေးပေါ်သို့ ဖွဖွကလေးနမ်းရှိုက်လိုက်တော့သည်။

"မမခင်ရဲ့နန်းလေးလက်ကို နောက်ဘယ်တော့မှမလွှတ်တော့ဘူး ဒါမမခင်ရဲ့သစ္စာစကားပါ"

ပြီးပါပြီ။

ဖတ်ရှုပေးခဲ့ကြတဲ့လူတစ်ယောက်ချင်းဆီကိုကျေးဇူးတင်ပါတယ်ဗျာ။ အရေးအသားညံ့ဖျင်းမှုတွေရှိခဲ့လျှင်လည်း နားလည်ခွင့်လွှတ်ပေးကြပါဗျာ။

"ဘာမွမေၾကာက္နဲ႕ေနာ္မမခင္ နန္းရွိတယ္ နန္းအနားမွာရွိတယ္ေနာ္"

နန္းယဥ္ခမ္း ခင္ခင္အားေထြးေပြ႕ထားရင္း ေထြးမာတို႔အား က်ယ္ေလာင္စြာေအာ္ေခၚလိုက္သည္။

ေထြးမာႏွင့္ေဌးေဌးတို႔ႏွစ္ဦး ခင္ခင္၏အခန္းဝတြင္ လဲေနေသာ ပုလိပ္အားေတြ႕ျမင္လိုက္ၾကရသည္။

"ေထြးမာ လာ မမခင္အနားေနေနအုံးေနာ္ "

ျပဴးတူးေၾကာင္ေတာင္ျဖင့္ ေထြးမာႏွင့္ေဌးေဌးတို႔ ခင္ခင္၏အနားဝင္ထိုင္လိုက္၏။

"မမခင္ဘာမွမေၾကာက္နဲ႕ေနာ္ နန္းတစ္ေယာက္လုံးရွိတယ္ ခု ဒီလူယုတ္မာကို သူ႕သခင္ဆီျပန္ပို႔လိုက္အုံးမယ္ေနာ္"

ခင္ခင္ ေခါင္းတစ္ခ်က္ၿငိမ့္ျပလိုက္၏။နန္းယဥ္ခမ္း ကိုဘေသာင္းအားသြားေခၚကာ ထိုပုလိပ္အား ရွီလာစံအိမ္ႀကီးထဲသို႔ သယ္လာခိုင္းေစသည္။

"ဒီမွာခ်ထားလိုက္ ကိုဘေသာင္း"

"ဟုတ္မမေလးနန္း"

"ေသြးအရမ္းမထြက္ဖူးမွတ္လား"

"ဟုတ္ အနည္းငယ္ပဲထိခိုက္သြားတာပါ မမေလးနန္း"

"သူ႕ကိုခဏေစာင့္ၾကည့္ထားလိုက္ ကိုဘေသာင္း"

"ဟုတ္ မမေလးနန္း"

နန္းယဥ္ခမ္း အိမ္အေပၚထပ္သို႔အလ်င္အျမန္တက္သြားသည္။အိပ္ခန္းထဲတြင္ အိပ္ေပ်ာ္ေနေသာ ေဂ်ာ္နသန္အနားမတ္တပ္ရပ္လိုက္ကာ

"ကိုေဂ်ာ္နသန္ ကိုေဂ်ာ္နသန္ "

အနည္းငယ္ျပင္းထန္လာေသာေခၚသံေၾကာင့္ ေဂ်ာ္နသန္နိုးသြားခဲ့သည္။

"ဟာ မအိပ္ေသးဘူးလား ဟန္နီ"

နန္းယဥ္ခမ္း ေဂ်ာ္နသန္အနားဝင္ထိုင္လိုက္ကာ

"ခုပဲကိုေဂ်ာ္နသန္ေခၚလာတဲ့ပုလိပ္တစ္ေယာက္ကို နန္း ေခါင္းရိုက္ခြဲခဲ့တယ္ ကိုေဂ်ာ္နသန္ "

ေဂ်ာ္နသန္ မအံ့ၾသေပ။မွန္၏။ေဂ်ာ္နသန္လုံးဝမအံ့ၾသခဲ့ေခ်။ အဘယ္ေၾကာင့္ဆိုေသာ သူကိုယ္တိုင္ထိုပုလိပ္အားခိုင္းေစထားေသာေၾကာင့္
ျဖစ္သည္။ ေဂ်ာ္နသန္၏မ်က္ႏွာထားအေျခအေနအား နန္းယဥ္ခမ္းအကဲခတ္မိၿပီး သူမအေျခအေနအားရိပ္မိခဲ့ေလၿပီ။

"ရွင္မအံ့ၾသဘူးေနာ္ ကိုေဂ်ာ္နသန္ ဘာလည္းရွင္ကိုယ္တိုင္ခိုင္းခဲ့တာမို႔ မအံ့ၾသမိတာလား"

"oh no no no ဟန္နီ ကိုယ္မခိုင္းပါဘူး ဟန္နီကလည္း မမခင္က ဟိုပုလိပ္ကိုသြားျမဴဆြယ္လားမွမသိတာ"

"ကိုေဂ်ာ္နသန္ မိန္းမတစ္ေယာက္ရဲ႕ကိုယ္က်င့္တရားကို မေစာ္ကားပါနဲ႕"

"ကယ္ပါ စိတ္ကိုေလ်ာ့ ဟိုပုလိပ္ဘာမွႀကီးႀကီးမားမားမျဖစ္ဘူးမွတ္လား"

"ေခါင္းေပါက္သြားတယ္"

"ဪ ဟုတ္လား ဒါဆိုလည္းကိုယ္ခဏဆင္းၾကည့္လိုက္မယ္ ဟန္နီအနားယူေတာ့ေလ မနက္ေရာက္ရင္ ကိုယ္အဲ့ပုလိပ္ကို ဂတ္ျပန္ပို႔လိုက္မယ္ေလ"

စကားအား ေပါ့ေပါ့တန္တန္ေျပာကာ ေဂ်ာ္နသန္ေအာက္ထပ္ဆင္းသြားသည္။မိမိ၏ေဒါသမ်ား ေျဖေလ်ာ့စရာဟူ၍မရွိ။လက္ႏွစ္ဖက္က်စ္က်စ္ပါေအာင္ ဆုတ္ထားၿပီး ေဂ်ာ္နသန္အား မိမိကိုယ္တိုင္သတ္ခ်င္စိတ္မ်ား တဖြာဖြာေပၚေနခဲ့ေလေတာ့သည္။
ေဂ်ာ္နသန္သည္ သတိေမ့ေနေသာ ထိုပုလိပ္၏ဦးေခါင္းအား ေဆးထည့္ေပးၿပီး ကိုဘေသာင္းအား ပတ္တီးစည္းေပးေစ၏။

ေနာက္ေန႕မနက္ ေဂ်ာ္နသန္သည္ မေန႕ည ေခါင္းေပါက္သြားေသာ ပုလိပ္အားေခၚကာ ထြက္သြား၏။က်န္ခဲ့သည့္ ပုလိပ္သုံးေယာက္မွာလည္း ရွီလာစံအိမ္ႀကီး၏ မိန္းမေလးမ်ားအား ဟိုၾကည့္ဒီၾကည့္ တဏွာေလာကမကင္းေသာ မ်က္လုံးမ်ားျဖင့္လိုက္ၾကည့္ၾကသည္။

"မမခင္ကို နန္းအေရးႀကီးေျပာစရာရွိတယ္"

မနက္ေစာေစာမိမိအားေခၚကာ အေရးႀကီးေျပာစရာရွိတယ္ဟုေျပာေသာ နန္း၏ႏူတ္ဖ်ားမွ ဘာစကားထြက္လာမည္ဆိုတာကို ခင္ခင္တစ္ေယာက္ႀကိဳသိေနခဲ့ေသာေၾကာင့္

"မမခင္ထြက္မသြားဘူးေနာ္ နန္း"

မမခင္၏ႏူတ္မွ အရင္ဖြင့္ဟလာေသာစကားေၾကာင့္ နန္းယဥ္ခမ္း၏မ်က္ရည္အိမ္ ဖုဖုကေလးမွမ်က္ရည္စေလး ေပါက္ဖြားလာေတာ့သည္။

"နန္းေျပာတာကို နားေထာင္ပါ မမခင္ရယ္ နန္းေလ ညကလိုအျဖစ္မ်ိဳး မမခင္ကိုထက္မျဖစ္ေစခ်င္ဘူး"

"မမခင္ အေနအထိုင္ဆင္ျခင္မယ္ေလေနာ္ မမခင္ေနာက္ဆို ေထြးမာတို႔နဲ႕တူတူအိပ္မယ္ေလ"

ခင္ခင္ နန္းယဥ္ခမ္း၏လက္ကေလးမ်ားအား အားကိုးတႀကီးကိုင္ထားကာ ေမွ်ာ္လင့္ခ်က္မဲ့ေနေသာ မ်က္ဝန္းတစ္စုံျဖင့္ ေငးၾကည့္ရင္းစကားမ်ားေျပာေနရွာသည္။

"မေန႕ညကကိစၥက ကိုေဂ်ာ္နသန္တမင္ခိုင္းထားတာ မမခင္ ဒါကိုနန္းသိတယ္ ဒါေပမဲ့ နန္းမွာသူ႕ကိုေျပာဖို႔ အင္အားေတြမရွိခဲ့ဘူး တစ္ခါယုတ္မာၿပီးရင္ သူေနာက္တစ္ခါဆိုဒီထက္ယုတ္မာတာေတြကို လုပ္ဖို႔ဝန္ေလးမွာ မဟုတ္ဘူး "

ခင္ခင္၏ပါးတစ္ဖက္အား မိမိလက္ကေလးျဖင့္ဖြဖြကိုင္ကာ

"နန္း မမခင္ကိုအဆုံးရႈံးမခံနိုင္ဘူး မမခင္ကိုဒဏ္ရာေတြထပ္မရေစခ်င္ဘူး မမခင္႐ြာ နန္းကိုေသခ်ာၾကည့္ပါအုံး"

ေခါင္းအားငုံထားေသာ ခင္ခင္၏ဦးေခါင္းေလး ေမာ့ကာ နန္းယဥ္ခမ္း၏မ်က္ဝန္းမ်ားအား ၾကည့္မိလိုက္သည္။ႏွစ္ဦးသား မ်က္ဝန္းအိမ္တြင္ မေပါေသာလည္း မရွားတတ္ေသာ မ်က္ရည္စေလးမ်ား မ်က္ဝန္းအိမ္ထဲတြင္ ပါးျပင္ေပၚသို႔စီးဆင္းရန္အဆင့္အေနအထားပင္

"အေဝးႏွင္တိုင္း အနားမွာမထားခ်င္လို႔မဟုတ္ပါဘူး မမခင္ရယ္ ကိုယ့္အနားမွာဒဏ္ရာေတြပိုက္ၿပီးေနရတာကို မျမင္ရက္လို႔ ေဟာ့ဒီက ေ႐ႊရင္ေတြနာက်င္ရလြန္းလို႔ ႏွလုံးအကြဲခံအေဝးထံပို႔ရတာပါ မမခင္ရယ္"

နန္းယဥ္ခမ္း၏မ်က္ရည္ကေလးဦးစြာစီးဆင္းက်လာေတာ့သည္။ခင္ခင္ နန္းယဥ္ခမ္း၏ ပါးျပင္ေပၚမွ မ်က္ရည္ကေလးမ်ားအားသုတ္ေပးရင္း

"မမခင္ မသြားပါရေစနဲ႕ နန္းရယ္ ဒဏ္ရာမကလို႔အသက္ပါ ေသခ်င္ေသပါေစ နန္းရဲ႕အနားမွာပဲေနပါရေစေနာ္"

"ခက္လွခ်ည္ရဲ႕ မမခင္ရယ္ နန္းဘယ္လိုမ်ားလုပ္ရပါ့မလည္း မမခင္အေပၚကို ေနာက္ထပ္တစ္ခုခုအႏၱရာယ္က်ေရာက္လာရင္ အႏၱရာယ္ျပဳလာခဲ့ရင္ နန္း လူသတ္မိလိမ့္မယ္ မမခင္ရဲ႕"

ႏူတ္မွစကားမ်ားေျပာထြက္မလာေတာ့ပါ။သူမ၏မ်က္ဝန္းမ်ားအား ေငးၾကည့္ရင္း မ်က္ရည္ကေလးမ်ား ျဖည္မဆည္နိုင္ရင္က်ေနေလေတာ့သည္။ အေဝးအရပ္သို႔ လုံးဝမသြားခ်င္။သူမအနားမွ တစ္ဖြားမွမခြာခ်င္။

နန္းယဥ္ခမ္း ခင္ခင္အားေျဖာင့္ျဖေသာ္လည္း မရခဲ့ေပ။ခင္ခင္၏မ်က္ရည္စမ်ားၾကည့္ရင္း မိမိရင္ဟာနာက်င္ရပါဘိ။ မမခင္၏မ်က္ရည္မ်ားကို နန္းသိပ္ေၾကာက္သည္။ အေဝးအရပ္ကိုသြားပါဟု ႏူတ္မွႏွင္ေသာလည္း ႏွလုံးသားကမႏွင္ရပ္နိုင္။ အနားတြင္ေနေစခ်င္ေသာ ႏွလုံးသား၏ဆႏၵႏွင့္ နာက်င္မႈမ်ားထပ္မျဖစ္ေစခ်င္ေသာေၾကာင့္ အေဝးသို႔ႏွင္ေနျပန္ေသာ စိတ္ဆႏၵ နန္းယဥ္ခမ္းတစ္ေယာက္ မေသခ်ာမေရရာေသာ ကႏၱာရခရီးသြားရျခင္းထက္ အခက္ေတြ႕ၿပီပါေရာ့လား။

အတြင္းဝန္မ်ား႐ုံးတြင္ ေဂ်ာ္နသန္ႏွင့္ပုလိပ္မင္းႀကီးႏွင့္ အျခားကိုနီလိုအစိုးရဝန္ထမ္းမ်ားစကားဝိုင္းဖြဲ႕ေျပာေနၾကသည္။

"ဂုဏ္ယူပါတယ္ ပုလိပ္မင္းႀကီး"

"ဟားဟားဟား ေက်းဇူးပါ ဒါက မေကြးရွာရွိတဲ့ ပုလိပ္ေတြရဲ႕ႀကိဳးပမ္းမႈလည္းပါပါတယ္"

"ပုလိပ္မင္းႀကီးရဲ႕စည္းစနစ္က်မႈေၾကာင့္ဆိုလည္း မွန္ပါတယ္ဗ်ာ"

"ခ်ီးမြမ္းတာေစာေနပါၿပီ မစၥတာေဂ်ာ္နသန္"

"ေခါင္းေဆာင္ဖိုးလွႀကီးနဲ႕အျခား ေခါင္းေဆာင္ေတြကိုဖမ္းမိၿပီဆိုေတာ့ ေရနံလုပ္သားေတြသိပ္လူပ္ရွားရဲမွာမဟုတ္ေတာ့ပါဘူး"

"အင္း အဲ့လိုျဖစ္ရင္ေတာ့ေကာင္းမွာေပါ့ မစၥတာေရာဘတ္ ဒါေပမဲ့ဒီျမန္မာေကာင္ေတြက သိပ္ေျပာရခက္တယ္ ပညာတတ္ေဟာ့ဒီကမစၥတာေဂ်ာ္နသန္တို႔လို႔ ဦးႏွောက္မသုံးတတ္ဘူး သူတို႔ျဖစ္ခ်င္တာ သူတို႔လိုခ်င္တာဆို စၿပီးရင္ေနာက္မဆုတ္ၾကဘူး ဒီေလာက္ဖမ္းဆီး ႀကိဳးစင္တင္ျပလည္း ဒင္းတို႔ကေနာက္မဆုတ္ၾက မေၾကာက္တတ္ၾကဘူး တစ္မ်ိဴးၿပီးတစ္မ်ိဴးသပိတ္ေတြနဲ႕ထထလာတယ္"

"ဒီအတြက္စိတ္မပူပါနဲ႕ပုလိပ္မင္းႀကီး သူတို႔က ကြၽန္ေတာ္တို႔ရဲ႕ညွာတာသနားမႈကိုမျမင္ဘဲ အတင္းလိုက္သပိတ္ေတြေမွာက္ေနၾကတာပါ ခုဆိုျမင္းစီးပုလိပ္ေတြလည္း အင္အားထက္ေရာက္ေနၿပီဆိုေတာ့ သူတို႔ကိုေကာင္းေကာင္းပညာျပလို႔ရၿပီေပါ့"

"မစၥတာေဂ်ာ္နသန္ ေျပာတာမွန္တယ္ ရန္ကုန္ၿမိဳ႕မွာေရာ မႏၱေလးမွာပါ ျမင္းစီးပုလိပ္ေတြအင္အားထက္ျဖည့္ထားတယ္ဆိုေတာ့ သူတို႔လူပ္ရဲမွာမဟုတ္ပါဘူး ကယ္ကယ္ ဒီည ကြၽန္ေတာ္အိမ္မွာ ပါတီေပးမယ္ အားလုံးလာခဲ့ၾကေနာ္"

"ဟုတ္ကဲ့ပါ ပုလိပ္မင္းႀကီး"

"မစၥတာေဂ်ာ္နသန္ ဟိုတစ္ခါဖမ္းဆီးထားတဲ့ သူလွ်ိုဆိုတဲ့လူကို ႀကိဳးစင္တင္လိုက္ၿပီလား"

"ဟို မတင္ရေသးပါဘူး ပုလိပ္မင္းႀကီး ကြၽန္ေတာ္စစ္ေဆးေမးျမန္းေနတုန္းမို႔ပါ"

"ေကာင္းၿပီ ျမန္ျမန္ဆန္ဆန္ေမးျမန္းၿပီး အဆုံးသတ္လိုက္ပါ မစၥတာေဂ်ာ္နသန္ ထြက္ေျပးလြတ္ေျမာက္သြားရင္ အခက္ေတြ႕မယ္"

"ဟုတ္ကဲ့ပါ ပုလိပ္မင္းႀကီး "

စကားဝိုင္းၿပီးေသာ ေဂ်ာ္နသန္ ကိုထြန္းေမာ္အား ဖမ္းဆီးထားေသာ ဂတ္သို႔လာခဲ့သည္။

"သူဘာေတြေျပာေသးလည္း"

"ဘာမွမေျပာပါဘူး Sir"

"ကြၽန္ေတာ္သူ႕ကိုေမးျမန္းစရာရွိတယ္ ခဏေလာက္အျပင္ထြက္ေနေပးပါ"

"Yes Sir"

တာဝန္က်ေစာင့္ေနေသာ ပုလိပ္ခ်က္ခ်င္း အျပင္ဘက္သို႔ထြက္ေပးသည္။
ေဂ်ာ္နသန္ ကုလားထိုင္ေပၚတြင္ထိုင္ခ် စီးကရတ္တစ္လိပ္အားထုတ္ကာ မီးညွိၿပီး တစ္ဖြာခ်င္းဖြာကာ

"ကယ္ အားလုံးအခက္ေတြ႕ရေအာင္လုပ္မေနနဲ႕ ကိုထြန္းေမာ္ ကြၽန္ေတာ္ေျပာတဲ့အတိုင္း ခင္ဗ်ားကို ခင္ခင္ဆိုတဲ့မိန္းမခိုင္းတာပါလို႔ေျပာလိုက္ပါ ဒါဆိုခင္ဗ်ားခ်က္ခ်င္းလြတ္မွာေလ"

ကိုထြန္းေမာ္၏ ေျခေထာက္တစ္ေခ်ာင္းအား ေဂ်ာ္နသန္ရိုက္ခ်ိဴးထားသည္။သူ၏မ်က္ႏွာသည္လည္း ထိုးထားေသာ ဒဏ္ရာမ်ားအျပည့္။ေက်ာတြင္လည္း ခါးပတ္ျဖင့္ရိုက္ခံထားရေသာေၾကာင့္ အသားမ်ားနီရဲေန၏။ ကိုထြန္းေမာ္ ေျခေထာက္တစ္ဖက္ျဖင့္ ရေအာင္မတ္တပ္ရပ္ၿပီး

"ဒီကိစၥေတြက မမခင္နဲ႕ဘာမွမဆိုင္ဘူး ခင္ဗ်ားမမခင္ကို ဆြဲထည့္စရာမလိုဘူး ေအးက်ဳပ္ေသခ်င္ေသပါေစ ခင္ဗ်ားေျပာခိုင္းတဲ့ေအာက္တန္းက်တဲ့ စကားမ်ိဴးက်ဳပ္ေသတဲ့အထိမေျပာဘူး"

ေဂ်ာ္နသန္ေဒါသတႀကီးျဖင့္ ထိုင္ေနရာမွထကာ ကိုထြန္းေမာ္၏ဆံသားမ်ားအား ေဆာင့္ဆြဲ နဖူးတည့္တည့္တြင္ ေသနတ္ျဖင့္ခ်ိန္ကာ

"သိပ္ကို သတၱိေတြရွိေနတာေပါ့ ကိုထြန္းေမာ္"

"က်ဳပ္မွမဟုတ္ဘူး ျမန္မာေသြးအျပည့္ပါတဲ့ က်ဳပ္တို႔ျမန္မာလူမ်ိဴးတိုင္း က်ဳပ္လို႔သတၱိအျပည့္ရွိတယ္ ခင္ဗ်ားတို႔လိုကြၽန္စိတ္ေတာ့ တစ္စက္ကေလးမွမရွိဘူး"

"ဟားဟားဟားဟား သိပ္ကိုသတၱိေတြရွိေနပါလား ကိုထြန္းေမာ္ ဘယ္မွာလည္းခင္ဗ်ားေျပာတဲ့ျမန္မာ့ေသြးအျပည့္ပါတဲ့သတၱိေတြ လူမ်ိဴးေတြ ခုေသရမွာေၾကာက္လို႔ ကုတ္ကုတ္ကေလးပုန္းေနၾကတာပဲေလ ခင္ဗ်ားေျပာတဲ့ျမန္မာ့ေသြးအျပည့္ပါတဲ့ မ်ိဴးခ်စ္ႀကီးေတြက ေသရမွာေၾကာက္လို႔ ပုန္းခိုေနၾကတာပဲမဟုတ္ဘူးလား"

"ေသရမွာေၾကာက္တယ္လို႔ထင္ေနရင္ ခင္ဗ်ားတို႔သတၱိေတြရွိလွပါခ်ည္ရဲ႕ဆိုရင္ လက္နက္ေတြခ်ၿပီး က်ဳပ္တို႔လို လက္႐ုံးရည္နဲ႕ယွဥ္ခ်ေလ ကိုယ့္လူမ်ိဴးကို သစၥာေဖာက္ လက္နက္အားကိုးနဲ႕သိပ္ကို သတၱိေတြရွိျပေနတာကမွ တကယ္ေသရမွာေၾကာက္လို႔လက္နက္ကိုျပၿပီး အာဏာ႐ူးေနတဲ့ေခြးမ်ိဴးေတြ"

"ဟာ..ဒီေကာင္ကြာ"

ဒိုင္း~~~~

ကိုထြန္းေမာ္၏နဖူးသို႔ က်ည္ဆံဝင္သြားေလၿပီ။ကိုထြန္းေမာ္ သူ၏ေသျခင္းအားေနာင္တမရ။သိပ္ကိုဂုဏ္ယူေနခဲ့သည္။တိုင္းျပည္အတြက္ နန္းယဥ္ခမ္းအတြက္ သူအမ်ားႀကီးတက္နိုင္ေသာဘက္မွ စြမ္းေဆာင္ေပးခဲ့သည္။သတင္းေတြပို႔ေပးခဲ့သည္။ ယခုလည္း မမခင္အား ကာကြယ္သြားျပန္ေလေတာ့သည္။

ရွီလာစံအိမ္ႀကီးတြင္ သုႆန္တစျပင္ကဲ့သို႔တိတ္ဆိတ္ၿငိမ္သက္ေနသည္မွာ က်ီးအာသံတစ္ခ်က္ပင္မၾကားရေပ။ထိုစဥ္ ခြမ္း ခနဲတစ္ခုခုက်ကြဲသံ က်ယ္က်ယ္ေလာင္ေလာင္အား နန္းယဥ္ခမ္းၾကားလိုက္ရသည္။

"ဘာျဖစ္တာလည္း ေဌးေဌး"

"ဟို ေဌးေဌးမေတာ္တဆဘုရားပန္းအိုးက်ကြဲတာပါ မမေလးနန္း"

"အတိတ္နမိတ္ေတြမေကာင္းလိုက္တာ ကိုထြန္းေမာ္မ်ားတစ္ခုခုျဖစ္ေလၿပီလား နန္းစိတ္ေတြေလးလိုက္တာ"

ေန႕လည္ခင္း ေဂ်ာ္နသန္ဂ်စ္ကားအား ကိုယ္တိုင္ေမာင္းကာ ရွီလာစံအိမ္သို႔ျပန္လာ၏။

"ဟန္နီေရ ဟန္နီ"

"မမေလးနန္းအေပၚထပ္မွာပါ အေရးပိုင္မင္း "

"ဪ ငါ့ဖိနပ္တစ္ရံကိုခုေသခ်ာတိုက္ထားေပး ေထြးမာ"

"ဟုတ္အေရးပိုင္မင္း "

ေဂ်ာ္နသန္ မိမိတို႔အိပ္ခန္းတံခါးအား ဖြင့္ကာအခန္းထဲဝင္သြားသည္။နန္းယဥ္ခမ္း တစ္ေယာက္ကုတင္ေပၚတြင္လွဲေန၏။

"အိပ္ေနတာလား ဟန္နီ"

"မအိပ္ပါဘူး ဒီအတိုင္းလွဲေနတာ"

"ဒီေန႕ည ကိုယ္အိမ္ျပန္မလာေတာ့ဘူးေနာ္ ပုလိပ္မင္းႀကီးကသူ႕အိမ္မွာ ပါတီေပးမလို႔"

"အင္း"

"ကိုယ္ေရခ်ိဴးလိုက္အုံးမယ္ အဝတ္အစားေလးထုတ္ေပးထားပါအုံး ဟန္နီ"

"ဟုတ္"

ေဂ်ာ္နသန္ေရခ်ိဴးခန္းထဲသို႔ဝင္သြားသည္။နန္းယဥ္ခမ္း ေဂ်ာ္နသန္၏အကၤ်ီထဲမွ ပစၥည္းတစ္ခုအားထုတ္ကာ ဖြတ္ယူထားလိုက္သည္။

"ညစာလည္းမ်ားမ်ားစားအုံးေနာ္ ဟန္နီၾကည့္ရတာပိန္လာသလိုပဲ"

"အသက္ရလာလို႔ပါ ကိုေဂ်ာ္နသန္"

"ဒါဆိုလည္း အာဟာရရွိတာမ်ားမ်ားစားေပါ့"

"ဟုတ္"

"ကယ္ ကိုယ္သြားေတာ့မယ္"

ေဂ်ာ္နသန္ ေက်ာ့ေမာ့စြာျပင္ဆင္ၿပီး ရွီလာစံအိမ္မွ ျပန္လည္ထြက္ခြာလာခဲ့သည္။

"ေထြးမာ "

"ဟုတ္မမေလးနန္း"

"ကိုဘေသာင္းကိုခဏေလာက္သြားေခၚလာခဲ့ပါအုံး"

"ဟုတ္မမေလးနန္း"

နန္းယဥ္ခမ္း ကိုဘေသာင္းအားအိမ္အေပၚထပ္သို႔ေခၚကာ စကားတိုးတီးေျပာ၏။

"ျဖစ္ပါ့မလား မမေလးနန္းညဘက္ဆို ပုလိပ္ကင္းေတြရွိတယ္"

"ဒါကိုယူသြား ကိုဘေသာင္း ပုလိပ္မင္းႀကီးကိုယ္တိုင္ေပးထားတဲ့ အေရးပိုင္မင္းရဲ႕တံဆိပ္ သူတို႔ဒါကိုသိတယ္ ဒါကိုျပၿပီး သူတို႔ဆီကခြင့္ျပဳခ်က္ရွိၿပီးသား အေရးပိုင္မင္းရဲ႕အေစခံလို႔ေျပာ"

"ဒါေပမဲ့ မမခင္ကေရာလက္ခံပါ့မလား မမေလးနန္း အိမ္ကပုလိပ္ေတြကေရာ"

"မမခင္ေရာပုလိပ္ေတြကိုေရာ အိပ္ေဆးခတ္မွာ ကိုဘေသာင္း"

"ျဖစ္ပါ့မလားမမေလးနန္း"

"ျဖစ္မွာပါ ကိုဘေသာင္းသာလမ္းမမွားဖို႔အေရးႀကီးတာပါ"

"လမ္းကေတာ့မမွားေစရပါဘူး ႀကီးျမရွိစဥ္ကကြၽန္ေတာ္နဲ႕ဦးျမလူလိုက္ပို႔ေနက်ပါ"

"အဲ့ဒါဆိုဒီေန႕ညေနာ္ ကိုဘေသာင္း နန္းစိတ္ခ်လိဳ႕ရမလား"

"စိတ္ခ်ပါမမေလးနန္း အရင္ကမွားခဲ့တာကိုခုကိစၥနဲ႕ျပင္ဆင္ခြင့္ေပးလို႔ ေက်းဇူးတင္ပါတယ္ "

နန္းယဥ္ခမ္း ခင္ခင္အားအိပ္ေဆးခတ္ကာ ႐ြာသို႔ျပန္ပို႔ရန္စီစဥ္ေတာ့သည္။၁၇ႏွစ္ၾကာျမင့္ခဲ့ေသာလည္း ေလွဆိပ္တြင္ ကိုထြန္းသာတစ္ေယာက္ရွိေကာင္းရွိနိုင္မည္ဟု နန္းယဥ္ခမ္းယုံၾကည္၏။ကိုထြန္းသာ မရွိခဲ့လွ်င္ေတာင္ ခင္ခင္အားမွတ္မိမည့္သူတစ္ဦးဦးရွိနိုင္ပါလိမ့္မည္ဟု နန္းယဥ္ခမ္းျဖည့္ေတြး၏။

ထိုေန႕ည နန္းယဥ္ခမ္းပုလိပ္သုံးေယာက္အား အရင္ထမင္းဖိတ္ေကြၽးကာ ဟင္းရည္ထဲတြင္အိပ္ေရးမ်ားခတ္ထားခဲ့သည္။ပုလိပ္သုံးေယာက္လည္း အားရပါးရစားေသာက္ရင္း ခဏအၾကာတြင္အိပ္ေမာက်စြာ အိပ္ေပ်ာ္သြားၾက၏။
ကိုဘေသာင္းလည္း ပုလိပ္သုံးေယာက္အား ရိုစီတို႔ေနခဲ့ေသာ အိမ္ထဲထည့္ထားလိုက္သည္။
ထို႔ေနာက္တြင္ မမခင္အားေခၚကာ သူမတို႔ႏွစ္ဦးထဲစားပြဲတြင္ ထိုင္ကာ ထမင္းတူတူစားၾကေတာ့သည္။

"ဒါေတြအကုန္နန္းကိုယ္တိုင္ခ်က္ထားတာ မမခင္"

"ဟာ တကယ္ႀကီးေပါ့"

"ဘာလည္းမမခင္က မယုံတာလား"

"မဟုတ္ပါဘူး နန္းရယ္ နန္းကိုယ္တိုင္ခ်က္ထားတာဆိုေတာ့ မမခင္က အားရပါးရစားေပးရမွာေပါ့"

ၿပဳံးေပ်ာ္ေနေသာ မမခင္၏မ်က္ႏွာအား မည္သည့္အခ်ိန္မွထပ္ေတြ႕ရမည္ဆိုတာ နန္းယဥ္ခမ္းေသခ်ာမသိေတာ့ပါ။သူမေရွ႕တြင္ ထိုင္ကာၿပဳံးေပ်ာ္ေနေသာ မမခင္၏အၿပဳံးအား သူမေနာက္ဆုံးအႀကိမ္အျဖစ္တစ္ဝႀကီးၾကည့္ေနခဲ့သည္။ဝမ္းနည္းခဲ့ရပါသည္ သို႔ေသာ္လည္း ဝမ္းသာရျပန္ပါသည္။ မမခင္အား ေဝဒနာမ်ားကင္းရာေနရာသို႔ပို႔ေပးနိုင္ေတာ့မည္ ျဖစ္ေသာေၾကာင့္ ဝမ္းသာရပါေသာ္လည္း မမခင္အားေနာက္ထပ္တစ္ခါမည္သည့္အခ်ိန္တြင္ ျပန္ေတြ႕ရေတာ့မည္ဆိုတာ ေသခ်ာမေျပာနိုင္သျဖင့္ဝမ္းနည္းရျပန္ပါေတာ့သည္။

"မမခင္"

"အင္း ဘာေျပာမို႔လည္း နန္း"

"နန္း မမခင္ကိုတန္ဖိုးထားတာသိတယ္မွတ္လားဟင္"

"သိတာေပါ့ မမခင္ဘဝမွာလည္း နန္းကသာတန္ဖိုးအထားရဆုံးလူပါပဲ"

နန္းယဥ္ခမ္းမငိုမိေအာင္ထိန္းခ်ဳပ္ထားေသာလည္း သူမ၏ဝမ္းနည္းပူေဆြးမႈသည္ ဟန္မေဆာင္နိုင္ေတာ့ေပ။နန္းယဥ္ခမ္း၏မ်က္ရည္မိုးမ်ား ႐ြာေလေတာ့သည္။ခင္ခင္တစ္ေယာက္ ခ်က္ခ်င္းႏူတ္ခမ္းႏွင့္လက္ထေဆးကာ နန္းယဥ္ခမ္း၏ေဘးအနားထိုင္လိုက္သည္။

"ဘာျဖစ္လို႔ငိုေနတာလည္း နန္းရယ္ မငိုနဲ႕ေတာ့ေနာ္ "

နန္းယဥ္ခမ္း၏ဦးေခါင္းကေလးအား မိမိပခုံးေပၚတင္ကာ ခင္ခင္တစ္ေယာက္ေရေရရာရာမသိေသာလည္း နန္းယဥ္ခမ္းအားႏွစ္သိမ့္ေပးေန၏။
က်ုဘသောင်းလည်း ေထြးမာႏွင့္ေဌးေဌးအား နန္းယဥ္ခမ္းခိုင္းေစထားေသာ ကိစၥအားေျပာျပလိုက္သည္။ေထြးမာႏွင့္ေဌးေဌးတို႔လည္း ရွိုက္ႀကီးတငင္ငိုေႂကြးၾကေလေတာ့သည္။

"မမခင္"

"အင္း"

"မမခင္စိတ္ခ်ေနာ္ မမခင္အေနာက္ကို နန္းမရ ရေအာင္လိုက္လာခဲ့မွာပါ"

အသက္အ႐ြယ္လည္းရၿပီျဖစ္၍ ခင္ခင္တစ္ေယာက္ေဆးအရွိန္မခံေတာ့ေပ။နန္းယဥ္ခမ္း၏ စကားအားၾကားၿပီး တျဖည္းျဖည္း အိပ္ေပ်ာ္သြားေတာ့သည္။

"နန္းေတာင္းပန္ပါတယ္ မမခင္ရယ္ နန္းကိုနားလည္ေပးပါ မမခင္ေနာက္နန္းလိုက္လာမွာပါ"

သူမ၏ပါးျပင္မွမ်က္ရည္စမ်ားအား သုတ္ၿပီး
ကိုဘေသာင္းအားေခၚကာ မမခင္အားကားေပၚတင္ေတာ့သည္။ေထြးမာႏွင့္ေဌးေဌးတို႔လည္း ထုပ္ပိုးေပးထားေသာ မမခင္၏အဝတ္အစားေလးမ်ားအား ကားေပၚတင္ေပးၿပီး အိပ္ေပ်ာ္ေနေသာ ခင္ခင္အားၾကည့္ရင္း ေျမေပၚတြင္ထိုင္ကာ ရွိခိုးဦးခ်ခဲ့ၾကသည္။

"ဒါဆိုကြၽန္ေတာ္တို႔သြားေတာ့မယ္ မမေလးနန္း"

"ေကာင္းပါၿပီ ကိုဘေသာင္း"

ရွီလာစံအိမ္ႀကီးမွ ထြက္ခြာသြားေသာ ဂ်စ္ကားအားေငးၾကည့္ရင္း ရင္ထဲအသည္းထဲနာက်င္ရလြန္းလွပါေတာ့သည္။ ၁၇ႏွစ္ဆိုသည့္ အခ်ိန္ကာလသည္ မိမိအတြက္အလြန္ျမန္ဆန္လြန္းလွခဲ့သည္။သူမ၏အနားနားေနခ်င္ပါေသးသည္။သူမ၏ဂ႐ုစိုက္ၾကင္နာေပးမႈမ်ားလိုခ်င္ပါေသးသည္။သူမႏွင့္တူတူရယ္ေမာခ်င္ပါေသးသည္။သို႔ေသာ္ သူမအားထပ္၍မနာက်င္ေစေတာ့ပါ။အနားနားဆြဲမထားခ်င္ေတာ့ပါ။ နာက်င္လည္းနာက်င္ပါေစေတာ့ ရင္ကြဲလည္းကြဲပါေစေတာ့ သူမအားအေဝးတစ္ေနရာသို႔ မိမိကိုယ္တိုင္ပို႔ခဲ့ပါေတာ့သည္။

ျဗဳန္း...

"မမေလးနန္း မမေလးနန္း သတိထားပါအုံး"

ေျမေပၚသို႔ အ႐ုပ္ႀကိဳးပ်က္သလိုပင္ နန္းယဥ္ခမ္းအပုံလိုက္ေမ့လဲက်သြားေတာ့သည္။ သူမခံနိုင္ရည္ရွိမည္ဟု ထင္ထားခဲ့မိေသာလည္း သူမ၏ႏွလုံးသားခံရည္စြမ္းမရွိခဲ့ေပ။
ကိုဘေသာင္းတစ္ေယာက္လည္း ဧရာဝတီတိုင္းဘက္သို႔ ကားအားေမာင္းႏွင္လာခဲ့သည္။လမ္းတြင္ေတြ႕ရေသာ ပုလိပ္ကင္းစခန္းမ်ားတြင္ နန္းယဥ္ခမ္းသင္ေပးလိုက္သည့္အတိုင္း တံဆိပ္အားျပကာ အေရးပိုင္မင္း၏အိမ္မွအေစခံေနမေကာင္းျဖစ္ေနေသာေၾကာင့္ ႐ြာတြင္ျပန္ကာေခါင္းခ်ေစခ်င္ေသာေၾကာင့္ လိုက္ပို႔ေပးရသည္ျဖစ္ေၾကာင္းတစ္ေသြမသိမ္းေျပာသည္။

ခရီးမွအလြန္ေပါက္လာခဲ့ေလၿပီ။နန္းယဥ္ခမ္းမွာလိုက္သည့္အတိုင္း ခင္ခင္၏လက္မ်ားအား ကိုဘေသာင္းႏွစ္ဖက္ပူးကာ တုတ္ႏွောင္ထားသည္။ပင္ပန္းလွ်င္တေအာင့္နားကာ ခရီးဆက္သည္။ေလွဆိပ္သို႔ေရာက္ေသာ ကိုဘေသာင္း ေလွထြက္ခ်ိန္အားထိုင္ေစာင့္ေနေတာ့သည္။

ခင္ခင္နိုးလာ၏။သူမ၏လက္ႏွစ္ဖက္လူပ္ရွား၍ မရေပ။သူမသည္လည္း ရွီလာတြင္မဟုတ္ အျပင္ပတ္ဝန္းက်င္တြင္။

"ကိုဘေသာင္းမွတ္လား ကိုဘေသာင္း ကိုဘေသာင္းဘာေတြျဖစ္ကုန္တာလည္း"

"နိုးလာၿပီလား မမခင္"

ကိုဘေသာင္းမိမိအကၤ်ီအိတ္ကပ္တြင္းမွ စာတစ္ေစာင္အားႏွင့္ ဓာတ္ပုံတစ္ပုံအားထုတ္ကာ ခင္ခင္လက္ထဲထည့္ေပးလိုက္သည္။

ဓာတ္ပုံေလးသည္ ခင္ခင္တစ္ခါမွမျမင္ဖူးခဲ့ေသာ ခင္ခင္ႏွင့္နန္းယဥ္ခမ္းတို႔ ဓာတ္ပုံဆိုင္ေလးတြင္ရိုက္ခဲ့ေသာပုံကေလးပင္ျဖစ္သည္။
စာအားဖတ္ၾကည့္ေသာ

မမခင္ ငိုေနၿပီလားဟင္ မငိုပါနဲ႕ေနာ္ နန္းကိုခ်စ္တယ္သံေယာဇဥ္ရွိတယ္ဆို မငိုပါနဲ႕ မမခင္၏မ်က္ဝန္းကက်လာတဲ့မ်က္ရည္ေတြကို နန္းသိပ္ေၾကာက္လို႔ပါ။မမခင္ငိုေႂကြးေနတာကို နန္း မႀကိဳက္လို႔ပါ။ မမခင္ ဒီစာကိုဖတ္ေနရင္ နန္းနဲ႕ေဝးတဲ့ ဧရာဝတီတိုင္းေလးကိုေရာက္ေနေတာ့မွာေပါ့။ မမခင္ နန္းေလ မမခင္ကိုသိပ္ျမတ္နိုးတာ နန္းဘဝမွာ မမခင္ကေနမင္းႀကီးလိုလမင္းႀကီးလို ႏြေးေပးမႈေပးအလင္းေပးခဲ့တာ။ မမခင္ကိုဒဏ္ရာေတြထပ္မရေစခ်င္ဘူး။အျခားပုရိသေတြရဲ႕ ေစာ္ကားေမာ္ကားမႈေတြမခံေစခ်င္ဘူး။ မမခင္ ရွီလာကိုျပန္မလာပါနဲ႕ေနာ္။ မမခင္ျပန္လာရင္ နန္းကိုယ့္ကိုကိုယ္တစ္ခုခုလုပ္ပစ္မွာ။ မမခင္ ေနာက္ကိုနန္းလိုက္လာမွာပါ။မမခင္စိတ္ခ်ေနေနာ္။ နန္းကိုမမခင္ယုံတယ္မွတ္လား။ ႐ြာေရာက္ရင္ မမခင္က စာမဖတ္တတ္တဲ့ကေလးေတြအပ်ိဴေလးေတြကို စာျပန္သင္ေပးေပါ့။နန္းဝယ္ေပးထားတဲ့ ေက်ာက္သင္ပုန္းေလးလည္းထည့္ေပးလိုက္တယ္။ နန္းအနားမွာ၁၇ႏွစ္လုံးလုံးေနေပးခဲ့လို႔ မမခင္ကိုနန္းသိပ္ေက်းဇူးတင္ပါတယ္။
မမခင္ နန္းကိုယုံတယ္မွတ္လားဟင္ ယုံပါေနာ္ မမခင္ေနာက္ကို နန္းမရရေအာင္လိုက္လာခဲ့မွာပါ။နန္းကိုမမခင္ခ်စ္တယ္မွတ္လား သနားတယ္မွတ္လားဟင္။နန္းယဥ္ခမ္းေလးကိုခ်စ္သနားလွည့္ပါေနာ္ မမခင္။မမခင္ကိုတန္ဖိုးထားလြန္းလို႔ နန္းအခုလိုလုပ္ခဲ့ရတာပါ။
မမခင္ရဲ႕နန္းယဥ္ခမ္း

ဓာတ္ပုံေလးအားၾကည့္ရင္း ဓာတ္ပုံထဲတြင္ၿပဳံးေနေသာ နန္းယဥ္ခမ္း၏မ်က္ႏွာေလးအားၾကည့္ရင္း ရွိုက္ႀကီးတငင္ငိုေလၿပီေကာ မမခင္။ ဘယ္သူကိုမ်ားအျပစ္တင္ရပါဘိ။ ဘယ္သူကိုမ်ားနာက်ည္းရပါဘိ ဤေဝဒနာသည္လည္း နာက်င္ရလွပါဘိ။နန္းယဥ္ခမ္းေလးကိုခ်စ္သနားလွည့္ပါတဲ့လား နန္းရယ္။ခ်စ္လြန္းလို႔ သနားျမတ္နိုးလြန္းလို႔ ခ်စ္သနားမိလြန္းလို႔အနားကမခြာေနခဲ့ရသည္မွာ ၁၇ႏွစ္။ ရင္ေတြနာလွပါၿပီး ေဟာ့သည္က ေမတၱာအ႐ူးမႀကီး ခင္ခင္၏အျဖစ္ကို စာနာေပးနိုင္မည့္လူသားရွိမည္ပင္မဟုတ္ေတာ့ပါ။

"ေစာင့္ေနပါ့မယ္ နန္းရယ္ မမခင္ နန္းကိုဘယ္ေလာက္ေစာင့္ရေစာင့္ရ ေစာင့္ေနပါ့မယ္"

ခင္ခင္တစ္ေယာက္ နန္းယဥ္ခမ္း၏စကားအားနားေထာင္ကာ ႐ြာသို႔ျပန္ခဲ့သည္။မိမိတို႔အတြက္ထားခဲ့ေသာ ႀကီးျမ၏အိမ္ကေလးတြင္ တစ္ေယာက္ထဲေနထိုင္ရရွာသည္။နန္းေျပာသည့္အတိုင္း ႐ြာမွစာမတတ္ေသာကေလးမ်ားအား မိမိမွတ္သေလာက္ျပန္သင္ေပး၏။နန္းထည့္ေပးလိုက္ေသာ ၁၇ႏွစ္အတြက္လုပ္အားခမ်ားအား ခင္ခင္႐ြာႀကီးေက်ာင္းတြင္ အလႉဒါယိကာမေလးနန္းယဥ္ခမ္းႏွင့္ခင္ခင္ေကာင္းမႈ ဟုကမၼည္းထိုးကာ ဇရပ္အသစ္ႀကီးေဆာက္လုပ္လႉဒါန္းခဲ့သည္။

ေဂ်ာ္နသန္သည္လည္း ခင္ခင္မရွိေတာ့သည္ကို သိ၍ လြန္စြာေပ်ာ္ေနခဲ့သည္။မေနေစခ်င္ေသာသူ ႏွင္ေနေသာသူ ယခုသူမအိမ္တြင္မရွိေတာ့၍ နန္းယဥ္ခမ္း၏အာ႐ုံစိုက္မႈမ်ား မိမိအေပၚသို႔က်ေရာက္လာမည္ဟုထင္ကာ ေဂ်ာ္နသန္သိပ္ေပ်ာ္႐ႊင္ေနခဲ့သည္။သို႔ေသာ္ ခင္ခင္မရွိေတာ့သည့္အခ်ိန္မွစ နန္းယဥ္ခမ္းသာမက ရွီလာစံအိမ္ႀကီးတြင္ေနထိုင္ေသာသူမ်ားအားလုံး အရင္ႏွင့္မတူေအးတိေအးစက္ျဖစ္သြားခဲ့ၾကသည္။

"အပန္းေျဖျပင္ဦးလြင္သြားမလား ဟန္နီ"

"နန္း မသြားခ်င္ဘူး ရွင္သြားခ်င္ရင္သြားပါ သမီးေလးလည္းဖခင္ကိုလြမ္းရင္လြမ္းမွာေပါ့"

"ကိုယ္ကနန္းမွိုင္ေတြေနလို႔ပါ"

"မမွိုင္ပါဘူး ေျပာစရာမရွိေတာ့ဘူးဆိုရင္ နန္းဆိုင္သြားေတာ့မယ္"

နန္းယဥ္ခမ္းသည္ ကိုဘေသာင္းထံမွကားေမာင္းတတ္ေအာင္သင္ၿပီး မိမိဘာသာဆိုင္သို႔ကားေမာင္းသြားေတာ့သည္။

၁၉၃၈ ဒီဇင္ဘာ ၁၁ ရက္ေန႕ တို႔ဗမာအစည္းအ႐ုံးမွကိုယ္စားလွယ္မ်ား၊ေက်ာင္းသားမ်ား၊သမၼဂၢဥကၠ႒ကိုဗဟိန္းႏွင့္အတူ အတြင္းေရးမႈးကိုဗေဆြတို႔ေခါင္းေဆာင္မ်ားႏွင့္အတူ မေကြးသို႔ေရာက္ရွိလာၾကၿပီး ပုဒ္မ၁၄၄ကိုဖီဆန္ေၾကာင္း တရားေဟာခဲ့ၾကသည္။ေက်ာင္းသားေခါင္းေဆာင္မ်ားလည္း ဖမ္းဆီးခံရၿပီး ကိုဗဟိန္းအား ေထာင္ခ်ထားခဲ့သည္။သို႔ေသာ္ ေရနံေျမတပ္ႀကီးသည္ ေနာက္မဆုတ္ခဲ့ၾကေပ မေကြးမွဆက္လက္ခ်ီတက္လာခဲ့ၾကသည္။

"ေမာင္မင္းတို႔အလုပ္ကိုဘယ္လိုလုပ္ေနၾကတာလည္း မေကြးကလူေတြကိုလည္းၿငိမ္ေအာင္အထိန္းနိုင္ဘူး ရန္ကုန္ကလူေတြလည္းမထိန္းနိုင္ၾကဘူး"

"ေတာင္းပန္ပါတယ္ ပုလိပ္မင္းႀကီး"

"ဘာမွေတာင္းပန္ေနတာမလိုခ်င္ဘူး ဒီတစ္ခါဆႏၵျပတာေတြရွိလာရင္ ျမင္းစီးပုလိပ္ေတြကိုသုံးလူစုခြဲဖမ္းဆီးပစ္"

"Yes Sir "

ေဂ်ာ္နသန္တစ္ေယာက္ ပုလိပ္မင္းႀကီးထံမွေအာ္ေငါက္ခံရသျဖင့္ စိတ္႐ူပ္ေနခဲ့ရေတာ့သည္။

"ခင္ခင္ေရ ေဟ့ခင္ခင္"

ခင္ခင့္အား အိမ္ေရွ႕မွေခၚေနသူမွာ မိမိအားငယ္စဥ္ခ်ိန္ ပိုးပန္းခဲ့ေသာ မင္းမင္းပင္

"ဘာတုန္းမင္းမင္း ေစာေစာစီးစီး"

"ငါ့သမီးေလးကိုလည္း စာသင္ေပးဖို႔လာေျပာတာဟ"

"မင္းမင္းရယ္ထူးထူးဆန္းဆန္းလုပ္လို႔ ေနာက္ကေလးေတြနဲ႕တူတူထည့္ေပးလိုက္ေပါ့"

"နင္ေရာတစ္ေယာက္ထဲေနရတာအဆင္ေျပရဲ႕လား"

"ေျပပါတယ္"

"လိုအပ္တာရွိလည္းေျပာေနာ့"

"ေအးပါ"

"ေအးေအးဒါဆိုငါျပန္လိုက္အုံးမယ္"

မိမိကိုယ္ကိုယ္ကို ႐ြာတြင္ျပန္လည္ေနထိုင္ရသည္မွာ အသားက်ေနၿပီဟုထင္မိေသာလည္း တစ္ခါတစ္ရံႏူတ္မွေယာင္ယမ္းကာ နန္း ဟုေခၚေနမိေသးသည္။ မမခင္ဟုေခၚသံေလးအားၾကားေယာင္ေနတတ္ေသးသည္။
အိမ္ေရွ႕ခန္းတြင္ ကပ္ထားေသာဓာတ္ပုံကေလးအားေငးၾကည့္တိုင္း မငိုမိေအာင္ထိန္းရျပန္ရွာသည္။ နန္းကမိမိ၏မ်က္ရည္မ်ားအားေၾကာက္သည္ဟု ေျပာထား၏ မိမိမ်က္ရည္က်လွ်င္သူမစိတ္မေကာင္းျဖစ္လိမ့္မည္။မငိုမိေအာင္ထိန္းရျပန္သည္။
ေန႕စဥ္ေန႕တိုင္း ေလွဆိပ္သို႔ေရာက္လာတတ္ေသာ ခင္ခင့္အားသနားသျဖင့္ မင္းမင္းသည္ခင္ခင္ထိုင္ရန္ ေလွဆိပ္တြင္ ခုံတန္းကေလးရိုက္ေပးထား၏။

၁၉၃၈ ဒီဇင္ဘာ ၂၀ရက္ေန႕ ရန္ကုန္တကၠသိုလ္ႏွင့္ယုဒသန္ေကာလိပ္တို႔မွေက်ာင္းသားေက်ာင္းသူမ်ားသည္ မေကြးတြင္ဖမ္းဆီးခံထားရေသာ ေက်ာင္းသားေခါင္းေဆာင္ကိုဗဟိန္းအတြက္ အတြင္းဝန္႐ုံး(ယခုတြင္ေခၚတြင္ေသာဝန္ႀကီးမ်ား႐ုံး)၏အေပါက္မ်ားအားပိတ္ဆို႔ကာ စည္းကမ္းတက်စီတန္းဆႏၵျပၾကသည္။

အဂၤလိပ္အစိုးရႏွင့္အတူေဂ်ာ္နသန္အပါအဝင္ ျမင္းစီးပုလိပ္မ်ားႏွင့္ ျမင္းႏွင့္ဝင္တိုက္၊တုတ္မ်ားျဖင့္ရိုက္ကာ ေက်ာင္းသားမ်ားအားလူစုခြဲၾကသည္။ ယုဒသန္ေကာလိပ္ေက်ာင္းသား ကိုေအာင္ေက်ာ္အပါအဝင္ ေက်ာင္းသား၂၀၀ ေက်ာ္ထိခိုက္ခဲ့ၾကရသည္။

ထိုသတင္းသည္ရန္ကုန္အႏွံေန႕ခ်က္ခ်င္းပင္ ပ်ံ့ႏွံ႕သြားခဲ့ၿပီး ေဂ်ာ္နသန္မွာသပိတ္ၿဖိဳခြဲနိုင္သျဖင့္ ပုလိပ္မင္းႀကီးထံမွခ်ီးမြမ္းျခင္းခံရသည္။

"ယုတ္မာလိုက္တာ ကိုယ့္လူမ်ိဴးအခ်င္းခ်င္းကိုအဲ့ေလာက္ထိယုတ္မာတာ လူမွဟုတ္ရဲ႕လား"

ေဂ်ာ္နသန္အိမ္ျပန္ေရာက္ေရာက္ခ်င္း နန္းယဥ္ခမ္းေဒါသတႀကီးႏွင့္ ေျပာလိုက္သည္။

"သူတို႔ကမေၾကာက္လို႔ ႐ုံးအထိလာတာေလ ကိုယ္လည္းခိုင္းလို႔လုပ္ရတာပဲ"

"ရွင့္မွာဦးႏွောက္မရွိဘူးလား သူတို႔ကကိုယ့္နိုင္ငံအက်ိဴးသယ္ပိုးမဲ့အနာဂတ္အသီးအပြင့္ေတြေလ ဘာလို႔ရွင့္လက္နဲ႕ကိုယ္တိုင္ ကိုယ့္လူမ်ိဴးကိုျပန္သတ္ေနတာလည္း "

"ေတာ္ေတာ့ ဟန္နီဘာမွထပ္မေျပာနဲ႕ေတာ့ ကိုယ္ပင္ပန္းလာတယ္နားေတာ့မယ္"

၁၉၃၈ ဒီဇင္ဘာ၂၂ရက္ေန႕တြင္ အဂၤလိပ္မ်ား၏လက္ခ်က္ေၾကာင့္ ေက်ာင္းသားကိုေအာင္ေက်ာ္ေသဆုံးခဲ့ရေတာ့သည္။
သတင္းမွာရန္ကုန္အႏွံ႕ပ်ံသြား၏။ နန္းယဥ္ခမ္းသတင္းအားၾကားၾကားခ်င္း ေဂ်ာ္နသန္ရွိရာ ႐ုံးသို႔လိုက္သြားေတာ့သည္။

"ဘာလာလုပ္တာလည္း နန္း"

နန္းယဥ္ခမ္း ဘာစကားတစ္ခြန္းမွ်မေျပာ ေဂ်ာ္နသန္၏ပါးအား အားပါးပါးခ်လိဳက္သည္။

"အာဏာ႐ူး ကိုယ့္လူမ်ိဴးကိုျပန္သတ္တဲ့ ေခြးေလာက္ေတာင္ အသိဥာဏ္မရွိတဲ့ လူမ်ိဴး"

"လာ ဒီမွာစကားမမ်ားခ်င္ဘူး"

နန္းယဥ္ခမ္း၏လက္အားဆြဲကာ ေဂ်ာ္နသန္႐ုံးမွထြက္လာ၏။

"မင္း႐ူးေနလား နန္းယဥ္ခမ္းဘာကိစၥနဲ႕႐ုံးကိုလိုက္လာတာလည္း"

"ေက်ာင္းသားကိုေအာင္ေက်ာ္ဆုံးသြားၿပီတဲ့ ရွင့္လက္ခ်က္မွတ္လား "

"ဘယ္ကေအာင္ေက်ာ္လည္းမသိဘူး"

"ရွင့္ပါးစပ္ကေျဗာင္မလိမ္နဲ႕ ရွင္တို႔ကိုယ္တိုင္ျမင္းနဲ႕တိုက္ တုတ္နဲ႕ရိုက္ခဲ့တာေလ"

"သူ႕ဘာသာ လွ်ာရွည္လို႔ေသတာေသပါေစ"

နန္းယဥ္ခမ္း ေဂ်ာ္နသန္၏ပါးအားေနာက္ထပ္တစ္ခ်က္ခ်ျပန္သည္။

"ဒီေန႕ကစၿပီး ရွင္နဲ႕ကြၽန္မတရားဝင္လင္မယားမဟုတ္ေတာ့ဘူး ကြၽန္မေနာက္ကိုလည္းလိုက္မလားနဲ႕ ရွင့္လိုအသားထဲကေလာက္ထြက္တဲ့ လူမ်ိဴးနဲ႕တစ္အိမ္ထဲတူတူမေနနိုင္ဘူး"

"ဟန္နီ မင္းမသြားရဘူးေနာ္ ငါေျပာေနတယ္ေနာ္ နန္းယဥ္ခမ္း"

နန္းယဥ္ခမ္း ေဂ်ာ္နသန္အားတစ္ခ်က္ပင္လွည့္မၾကည့္မိမိဂ်စ္ကားေပၚသို႔တက္ကာ ေမာင္းႏွင္လာခဲ့သည္။ေဂ်ာ္နသန္သည္လည္း ေနာက္မွဂ်စ္ကားတစ္စီးျဖင့္ လိုက္လာေတာ့သည္။
ေဂ်ာ္နသန္သည္ နန္းယဥ္ခမ္း၏နေဘးမွကားခ်င္းယွဥ္ေမာင္းကာ သူမ၏ကားအားရပ္ဖို႔ေျပာေသာလည္း နန္းယဥ္ခမ္းသည္မရပ္တန့္ခဲ့ေပ။
ေဂ်ာ္နသန္ နန္းယဥ္ခမ္း၏ကားအေရွ႕သို႔အတင္းထိုးရပ္လိုက္ေသာ္ နန္းယဥ္ခမ္း၏ကားေခါင္းႏွင့္ ေဂ်ာ္နသန္၏ကားတိုက္မိေလေတာ့သည္။

"မမေလးနန္းတို႔ကားတိုက္မႈျဖစ္လို႔တဲ့ ကိုဘေသာင္းေဆး႐ုံလိုက္သြားၾကရေအာင္"

"ဘုရားဘုရား မမေလးနန္းဘာမွမျဖစ္ပါေစနဲ႕"

ခင္ခင္တစ္ေယာက္ ယေန႕လည္း ေလွဆိပ္ေလးတြင္ လာထိုင္ေစာင့္ျပန္ရွာသည္။
ေန႕စဥ္ေန႕တိုင္းလာတတ္ေသာ ခင္ခင္အား ကေလးငယ္မ်ားက အ႐ူးမႀကီးဟူ၍ပင္ စႏွောက္ေနတတ္ၾကသည္။

ႏွစ္ရက္ၾကာေသာ နန္းယဥ္ခမ္းဦးစြာသတိရလာခဲ့သည္။နာက်င္လွပါသည္။ခႏၶာကိုယ္တစ္ခုလုံး ရိုက္ႏွက္ထားသကဲ့သို႔ပင္။မိမိမ်က္လုံးဖြင့္ၾကည့္လိုက္ေသာ ေဘးနားတြင္ျမင္ေတြ႕လိုက္ရေသာသးမွာ ေထြးမာႏွင့္ေဌးေဌးပင္

"ေထြးမာ"

"မမေလးနန္းသတိရလာၿပီလား"

"ကိုေဂ်ာ္နသန္ေရာ"

"အေရးပိုင္မင္းသတိမရေသးပါဘူး မမေလးနန္း"

"နန္း ဆရာဝန္နဲ႕စကားေျပာခ်င္တယ္ခဏေလာက္ေခၚေပးပါလား"

"ဟုတ္ မမေလးနန္း ေဌးေဌးသြားေခၚလိုက္မယ္ေနာ္"

ဆရာဝန္ေရာက္လာေသာ နန္းယဥ္ခမ္းသည္ ဆရာဝန္အား မိမိသည္ေသဆုံးသြားၿပီျဖစ္ေၾကာင္း ကားမေတာ္တဆေၾကာင့္ေသြးထြက္လြန္ကာ ေသဆုံးသြားေၾကာင္း ေဂ်ာ္နသန္အားေျပာျပရန္အကူအညီေတာင္းသည္။ေထြးမာႏွင့္ေဌးေဌးတို႔ႏွစ္ဦးမွာလည္း နန္းယဥ္ခမ္း နိုင္ငံေရးသူလွ်ိုလုပ္ခဲ့ပုံ မည္သို႔ပါဝင္ေပးခဲ့ပုံ ယခုလည္း ကိုေအာင္ေက်ာ္ေသဆုံးသည့္ကိစၥႏွင့္ စကားမ်ားၾကပုံမ်ားရွင္းျပသည္။ ဆရာဝန္သည္လည္း နန္းယဥ္ခမ္း၏ဘဝအား စာနာသနားကာ ေဆး႐ုံတြင္အမည္မသိအေလာင္းတစ္ခုအားနန္းယဥ္ခမ္းအမည္ျဖင့္ ေသဆုံးေၾကာင္းစာ႐ြက္ထုတ္ကာ နန္းယဥ္ခမ္းအားကူညီေပးလိုက္သည္။

"ေထြးမာအခုကစၿပီး ျမန္မာ့ပိုးဆိုင္ကေထြးမာနဲ႕ေဌးေဌးတို႔ရဲ႕ဆိုင္ျဖစ္သြားၿပီ အရင္ကထက္ပိုၿပီးဆိုင္ေလးကို ျမန္မာမိန္းမေလးေတြအတြက္သင့္တင့္တဲ့ေစ်းနဲ႕ေရာင္းခ်ေပးပါ "

"ေန ေနပါအုံး မမေလးနန္းကမမခင္ေနာက္လိုက္သြားရင္ ေထြးမာတို႔ကေနရာမွမသိတာ မမေလးနန္းတို႔ကိုဘယ္လိုလိုက္ရွာရမွာလည္း"

"ကိုဘေသာင္းသိတယ္ေလ ေထြးမာရဲ႕ ဘာမွဝမ္းမနည္းနဲ႕ေနာ္ ေထြးမာကိုယုံၾကည္လို႔ရတယ္မွတ္လားဟင္"

"ဟုတ္ မမေလးနန္းစိတ္ခ်ပါ ေထြးမာနဲ႕မမေဌးဆိုင္ကေလးကိုအစြမ္းကုန္ေစာင့္ေရွာက္ေပးမွာပါ"

"ဝမ္းသာလိုက္တာ မမခင္သာသိရင္ပိုဝမ္းသာမွာ မမခင္ကေထြးမာနဲ႕ေဌးေဌးကို ဆိုင္ေလးမွာအတည္တက်ေနေစခ်င္ရွာတာ"

"မမေလးနန္းနဲ႕ပါခြဲရေတာ့မွာေပါ့"

ေထြးမာႏွင့္ေဌးေဌးတို႔ႏွစ္ဦး နန္းယဥ္ခမ္း၏လက္ကေလးအားတစ္ေယာက္ တစ္ဖက္ကိုင္ကာ ငိုေႂကြးၾကျပန္သည္။
ခဏအၾကာ နန္းယဥ္ခမ္းမိမိကဲ့သို႔ သူလွ်ိုတစ္ေယာက္ႏွင့္ဆက္သြယ္ကာအကူအညီေတာင္းၿပီး ဧရာဝတီတိုင္းသို႔ထြက္သြားရန္စီစဥ္ေတာ့သည္။
သို႔ေသာ္ သူမသည္အရင္လို အေကာင္းပကတိမဟုတ္ေတာ့ေပ။ေျခေထာက္တစ္ဖက္ မသန္စြမ္းေသာသူတစ္ေယာက္ျဖစ္ရရွာေတာ့သည္။ကားမေတာ္တဆမႈေၾကာင့္ အသက္မဆုံးရႈံးခဲ့ေသာ္လည္း သူမ၏ညာဘက္ေျခေထာက္သည္ ယခင္လိုအေကာင္းပကတိမဟုတ္ေတာ့ေပ။

ေထြးမာႏွင့္ေဌးေဌး ကိုဘေသာင္းအားႏူတ္ဆက္ၿပီး နန္းယဥ္ခမ္း ဒဏ္ရာမ်ားမသက္သာေသးေသာလည္း အားမာန္တင္းကာ ရန္ကုန္ၿမိဳ႕ႀကီးမွထြက္ခြာလာခဲ့ေတာ့သည္။
ေဂ်ာ္နသန္တစ္ေယာက္ သတိရလာေသာ နန္းယဥ္ခမ္း၏ ေသဆုံးသြားၿပီဟုသတင္းအားၾကားေသာ မိမိေၾကာင့္ေသဆုံးရသည္ဟု အ႐ူးမီးဝိုင္းစိတ္မ်ားေထြျပားကာ စိတ္ေရာဂါသည္ တစ္ေယာက္ျဖစ္ခဲ့ရေတာ့သည္။

"ဆရာမခင္ခင္ ဆရာမခင္ခင္"

"ဘာလည္းညိုျမရဲ႕ အေလာတႀကီးနဲ႕ေခြၽးေတြလည္းၾကည့္ပါအုံး"

"ဟို ဟို ေလွဆိပ္မွာ ဆရာမခင္ခင္ကိုေတြ႕ခ်င္လို႔တဲ့အမ်ိဴးသမီးတစ္ေယာက္ေရာက္ေနတယ္"

ညိုျမ၏စကားၾကားၿပီးၿပီးခ်င္း ခင္ခင္တစ္ေယာက္ ဖိနပ္ပင္မစီး ေလွဆိပ္သို႔အေျပးသြားေတာ့သည္။
ႀကီးမားလွေသာ သစ္ပင္ႀကီးေအာက္တြင္သူမထိုင္ေနက် ခုံတန္းေလးေပၚ ထိုင္ေနေသာ နန္းယဥ္ခမ္းေလးအား မ်က္ဝါးထင္ထင္ျမင္ေတြ႕လိုက္ရသည္။မိမိအားျမင္ေသာ သူမလည္းမတ္တပ္ထရပ္လိုက္သည္ သို႔ေသာ္ ဂ်ိဳင္းေထာက္တစ္ခုအားကိုင္ကာ သူမမတ္တပ္ရပ္လိုက္သည္ကိုျမင္လိုက္ရေသာ ႏွလုံးသားမ်ားတဆစ္ဆစ္နာက်င္ရျပန္သည္။ ဂ်ိဳင္းေထာက္ကေလးအား ပစ္ခ်ကာ သူမ၏လက္ႏွစ္ဖက္အားေဘးသို႔ကားထားရင္း မတ္တပ္ကေလးရပ္ေနရွာသည္။ခင္ခင္တစ္ေယာက္ ဝမ္းသာဝမ္းနည္းမ်က္ရည္မ်ားက်ရင္း နန္းယဥ္ခမ္းဆိုသည့္သူမအား ယုယုယယေထြးဖက္လိုက္သည္။

"နန္း မမခင္ေနာက္ကိုတကယ္ေရာက္ေအာင္လာခဲ့တယ္ေနာ္"

"နန္းရယ္"

"ေဟာ့ဒီက မမခင္ရဲ႕နန္းေလးနဲ႕ မမခင္နဲ႕တူတူေနဖို႔လိုက္လာခဲ့ၿပီ"

ေပြ႕ဖက္ထားေသာ ႏြေးေထြးမႈဟာ သူမတို႔ႏွစ္ဦးအတြက္ ေတာင္းတေနခဲ့ေသာ လိုအပ္ခ်က္တစ္ခုပင္။ နန္း၏ေျခေထာက္အားၾကည့္ရင္း သူမရင္ေတြနာလွေသာလည္း ဘာတစ္ခြန္းမွ်မေမးခဲ့ေပ။မိမိေမးလွ်င္ နန္းႀကိဳက္မည္မဟုတ္။ဒါကို ခင္ခင္တစ္ေယာက္သိသည္။

ေပးဆပ္မႈေပါင္းမ်ားစြာႏွင့္ မိမိအနား၁၇ႏွစ္ေက်ာ္ေနလာေသာ မမခင္၏နာက်င္မႈမ်ားဒဏ္ရာမ်ားႏွင့္ယွဥ္လွ်င္ မိမိ၏ေျခေထာက္သည္ အေသးအဖြဲေလးဟု နန္းသတ္မွတ္ထားခဲ့သည္။

ယခုေတာ့ေခါင္းစဥ္မရွိေသာ ကဗ်ာေလး၏ေနာက္ဆုံးအပိုဒ္ကေလးအား သူမတို႔ႏွစ္ဦးေရးသားၿပီးစီးခဲ့ေလၿပီ။ အႏွောင့္အယွဥ္ေတြမရွိ အတားအဆီးမ်ားမရွိေသာ ေမတၱာရပ္ဝန္းေလးထဲ မမခင္၏ဂ႐ုဏာအိမ္ကေလးသို႔ နန္းယဥ္ခမ္းခိုနားခြင့္ရခဲ့ေလၿပီ။

"နန္း"

"ရွင္"

"မမခင္နဲ႕ ေနာက္တစ္ခါခြဲမသြားပါနဲ႕ေတာ့ေနာ္"

"မမခင္အနားမွာပဲ မမခင္ရဲ႕ယုယမႈေတြနဲ႕ နန္းဒီေနရာေလးမွာပဲေခါင္းခ်သြားမွာပါ မမခင္ရယ္"

"ခ်စ္လိုက္ရတာ ျမတ္နိုးလိုက္ရတာ မမခင္ရဲ႕နန္းကို"

"နန္းဘဝမွာလည္း မမခင္သာအခ်စ္ရဆုံးေသာသူပါ"

"အေရးပိုင္မင္းကို ဘယ္လိုထားခဲ့တာလည္း နန္း"

"နန္းသူတိုက္တဲ့ကားေၾကာင့္ ဆုံးသြားၿပီလို႔လိမ္ခဲ့တာ မမခင္"

"သူကယုံပါ့မလား"

"ဆရာဝန္ကိုယ္တိုင္ေျပာတာမို႔ သူယုံမွာပါမမခင္ရယ္"

"ဒီေန႕ကစၿပီး နန္းရယ္မမခင္ရယ္ ဒီအိမ္ကေလးထဲမွာေသသည္အထိတူတူေနသြားၾကမယ္ေနာ္"

ခင္ခင္ နန္းယဥ္ခမ္း၏နဖူးကေလးေပၚသို႔ ဖြဖြကေလးနမ္းရွိုက္လိုက္ေတာ့သည္။

"မမခင္ရဲ႕နန္းေလးလက္ကို ေနာက္ဘယ္ေတာ့မွမလႊတ္ေတာ့ဘူး ဒါမမခင္ရဲ႕သစၥာစကားပါ"

ၿပီးပါၿပီ။

ဖတ္ရႈေပးခဲ့ၾကတဲ့လူတစ္ေယာက္ခ်င္းဆီကိုေက်းဇူးတင္ပါတယ္ဗ်ာ။ အေရးအသားညံ့ဖ်င္းမႈေတြရွိခဲ့လွ်င္လည္း နားလည္ခြင့္လႊတ္ေပးၾကပါဗ်ာ။

Continue Reading

You'll Also Like

310K 33.5K 170
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
425K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.2M 63.3K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
312K 5.5K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...