Unicode
အခန်း(၃၁၃) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း
"ငါမင်းကို ဒီလောက်ပေါ့ပေါ့ဆဆ ဖြစ်အောင် သင်ပေးထားတာကို မမှတ်မိပါဘူး" နောက်ဆုံးတော့ မဟာအကြီးအကဲလန်ယွဲ့က ဝမ်ရိထုန်အား ကြည့်လာသည်။
ဝမ်ရိထုန်က မျက်တောင်ခတ်လိုက်၍ လန်ယွဲ့ရှေ့မှာ ဝင်ထိုင်၏။
"ပေါ့ပေါဆဆဆိုမှ, ကျွန်တော်က သင်ကြားစရာ မလိုပဲ မွေးဖွားလာတာလေ, ဒါပေမဲ့ ဆရာနဲ့တွေ့မှပဲ ထိရောက်မှုရှိသွားတာ"
မဟာအကြီးအကဲလန်ယွဲ့မှာ မနေနိုင်စွာဖြင့် ရယ်မောမိတော့သည်။ သူက လက်မြှောက်လိုက်ပြီး ဝမ်ရိထုန်၏ နှာခေါင်းလေးအား ဆွဲညှစ်လိုက်၏။
"အကယ်၍ ဒီမှာ ခိုးနားထောင်ဖို့ အချိန်ရှိရင် မင်းရဲ့ဓားကို ပိုပြီးကောင်းကောင်း လေ့ကျင့်သင့်တယ်, တံခါးပိတ်တရားကျင့်ကြံမှု မလုပ်တာ ဘယ်လောက်တောင် ကြာနေပြီလဲ?"
ဝမ်ရိထုန်ကပြုံးသည်။
"ဆရာကလည်း, ကျွန်တော့ကိုကျွန်တော် အထဲမှာ ထည့်ပိတ်ထားဖို့က အရမ်းအိုက်စက်လွန်းတယ်, ဘယ်သူမှ ကျွန်တော့ကို စကားပြောလို့မရသလို အရသာရှိတဲ့ စားစရာတွေကိုလည်း မမြည်းစမ်းရဘူး, အဲ့ဒါက အရမ်းခက်ခဲလွန်းတယ်, အဲ့ဒါကြောင့် ကျွန်တော်ကတော့ အတွေ့အကြုံ ရဖို့အတွက် အချိန်တစ်ချို့လောက်ယူပြီး ခရီးပတ်ထွက်ဖို့ပဲ စီစဉ်ထားတယ်"
"ဒါလည်းအဆင်ပြေပါတယ်" မဟာအကြီးအကဲလန်ယွဲ့က အကြံတစ်ချို့ထပ်ပေးသည်။
"ဒါပေမဲ့, ဝေးလံခေါင်သီတဲ့ နေရာတွေသွားရင် အရမ်း အန္တာရယ်များတယ်, မင်းနဲ့အတူ ရွှမ်းဇီပါ ခေါ်ရင်ခေါ်သွားလိုက်"
ဝမ်ရိထုန်က မျက်ခုံးပင့်ပြီးပြုံးသည်။
"တကယ်တော့လေ, ဆရာ, ကျွန်တော်က အငယ်ဆုံး ညီလေးကို ခေါ်သွားဖို့ လုပ်ပြီးသွားပြီ"
လင်ရွှမ်းဇီရဲ့ ဓားကျင့်ကြံမှုက သူ့ထက်သာတယ်ဆိုတာ ငြင်းဆိုစရာမရှိဘူး။ ဒါ့အပြင် လင်ရွှမ်းဇီရဲ့ လှုပ်ရှားမှုတွေက တစ်ကွက်လောက်နဲ့ သတ်ဖြတ်နိုင်တာမို့လို့ သူ့ကိုအပြင်ခေါ်ထုတ်သွားပြီး မျက်မြင်ကိုယ်တွေ့ တွေ့ချင်စိတ်တွေ ပြင်းပြနေမိသည်လေ။ တကယ်တော့လည်း တကယ့်တိုက်ပွဲမှသာ သတ်ဖြတ်နိုင်စွမ်းကို သံသဝင်စရာမရှိ မြင်နိုင်မှာပင်။
မဟာအကြီးအကဲလန်ယွဲ့က ခပ်ဖျော့ဖျော့ပြုံးသည်။
"အရင်ပြန်နှင့်တော့, ငါဒီမှာလုပ်စရာရှိသေးတယ်"
ဝမ်ရိထုန်က ခေါင်းညိတ်ပြပြီး မဟာအကြီးအကဲလန်ယွဲ့အတွက် ရေတစ်ခွက်ငှဲ့ကာ သူ့ရှေ့က စားပွဲခုံပုလေးပေါ် တင်ပေးလိုက်သည်။ ပြီးမှသာ ဦးညွှတ်လိုက်၏။
"တပည့်အရင် သွားလိုက်ပါဦးမယ်"
ထိုသို့ဖြင့် ဝမ်ရိထုန်က ခုန်ပျံထွက်သွားတော့သည်။
ဒီနေ့ ဒီလောက်ကြီးမားတဲ့ အတင်းအဖျင်းကြီးကို ကြားထားရတာလေ, ဝမ်ရိထုန်ကတော့ သူ့စီနီယာအကိုတွေ အငယ်ဆုံး သိုင်းတူညီလေးတွေနဲ့ မျှဝေဖို့ မစောင့်နိုင်တော့ဘူး
အဲ့ဒီကောင်လေးနှစ်ယောက်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်
တောင်ထိပ်ပေါ်ကို ရောက်တာနဲ့ ဝမ်ရိထုန်က ကြေးမုံအား လှမ်းကြည့်လိုက်သည်။
"အငယ်ဆုံးညီလေး ဘယ်ရောက်သွားတာလဲ?"
ကျန်းဖုန်းထင်က သက်ပြင်းချလေသည်။
"သူဘယ်သွားလဲတော့ မသိဘူး, ဒါပေမဲ့ ကြည့်ရတာ ဆရာ့ကို သွားရှာတယ်ထင်တယ်"
ဝမ်ရိထုန်က ထပ်မေးသည်။
"အငယ်ဆုံးညိလေး တစ်ခုခုဖြစ်သွားသေးလား?"
ဟိုင်ခွမ်းလောင်က သူ့မေးအား ထိကာပြောလိုက်၏။
"သူ့ကိုကြည့်ရတာတော့ တည်ငြိမ်နေတာပဲ, ဒါပေမဲ့ မင်းသိတဲ့အတိုင်း အဲ့ဒီကောင်လေးက ပိုက်ဆံဆယ်ဆ ပေးရင်တောင် အပေါ်ယံမှာ ဘာမှပြတာမဟုတ်ဘူးလေ"
"ဆရာက အဲ့ဒိကောင်လေးနှစ်ယောက်ကို တကယ်ကြီး ရွှမ်းဇီလက်ထဲ ထည့်ပေးလိုက်တယ်" ကျန်းဖုန်းထင်က အနည်းငယ် ချီတုံချတုံဖြင့်ပြောသည်။
"ပြောစမ်းပါဦး, မင်းအထဲမှာ ပုန်းနေတာကို ဆရာသိနေလား?"
ဝမ်ရိထုန်က ပုခုံးတွန့်ပြသည်။
"ကျွန်တော် ဆရာ့ဆီက အဖမ်းခံလိုက်ရတယ်"
ကျန်းဖုန်းထင်, "...."
ဆရာက တကယ့်ကို လိမ္မာပါးနပ်လွန်းတယ်, လင်ရွှမ်းဇီကို ဒီသတင်းကြားအောင် တမင်သက်သက် လုပ်လိုက်တာပဲ
Cleansing Inkstone စံအိမ်
လင်ရွှမ်းဇီက မျက်စိမှိတ်ကာ တရားထိုင်နေသည့် မဟာအကြီးအကဲ လန်ယွဲ့ရှေ့မှာ ရပ်နေသည်။
"အကယ်၍ မင်းမှာ မေးခွန်းရှိရင်, သူတို့ကို တိုက်ရိုက်သွားမေးသင့်တယ်"
လင်ရွှမ်းဇီရဲ့ အသံက ကျိုးပဲ့နေတဲ့ ကျောက်စိမ်းကဲ့သို့ ကြည်လင်ပြီး နားထဲသို့ သာယာအေးမြစွာ ဝင်လာသည်။
"အထက်ပိုင်းဘုံမှာ ကျန်းနဲ့လျှိုမိသားစုကို တာဝန်ယူနေတာ ဘယ်မျိုးနွယ်စုလဲ"
မဟာအကြီးအကဲလန်ယွဲ့က မျက်လုံးဖွင့်လာသည်။
"ကျန်းမိသားစုတော့ ပြောပြဖို့ မလွယ်ကူဘူး"
လင်ရွှမ်းဇီက ပြန်မေးသည်။
"ဘာဖြစ်လို့လဲ?"
"အဲ့ဒီ တစ်သီးတစ်သန့် မိသားစုလို့ ခေါ်တဲ့သူတွေက အရိပ်သက်တော်စောင့်တွေလို ဓားမြှောင်တွေလိုပဲ, သူတို့ထဲကတစ်ဝက်လောက်က ပွင့်ပွင့်လင်းလင်း နေကြပြီး ကျန်တဲ့တစ်ဝက်က အမှောင်ထဲမှာ လျှောက်လှမ်းကြတယ်, သူတို့နဲ့ ပတ်သတ်နေတဲ့ မိသားစုကို ဘယ်သူမှ အလွယ်တကူ ထုတ်ဖော်လို့မရဘူး, ငါသိသလောက်ကတော့ ကျန်းမိသားစုက အမှောင်ထဲမှာပဲ, မင်မင်းဆက်မှာ ကျန်းမိသားစုက အရှေ့နဲ့တောင်ဘက်ပိုင်း အုပ်စိုးရှင်တွေနဲ့ သက်ဆိုင်ပြီး အနောက်ပိုင်းကလည်း သူတိုနဲ့ ပတ်သတ်မှု နည်းနည်းရှိခဲ့တယ်, ဒါပေမဲ့လည်း အဲ့ဒီသုံးဖွဲ့ထဲက အနည်းဆုံး နှစ်ခုက ဟန်ဆောင်သက်သက်ပဲ, အရှေ့ဘက်ပိုင်း အုပ်စိုးသူ၊ တောင်ဘက်ပိုင်းအုပ်စိုးသူနဲ့ အနောက်ဘက်ကတော့ ဖီးနစ်ဘုရင်ပေါ့"
လင်ရွှမ်းဇီက စိတ်ပါလက်ပါ ခေါင်းညိတ်သည်။
"လျှိုမိသားစုကရော?" လင်ရွှမ်းဇီက ထပ်မေးပြန်သည်။
"လျှိုမိသားစုကတော့ ကျန်တဲ့တစ်ဝက်ပေါ့, သူတို့က ရှေးခေတ်ကတည်းက ယန်မိသားစုရဲ့ လက်အောက်ခံတွေဖြစ်ပြီး အခုချိန်ထိပဲ, ဒါပေမဲ့ လျှိုမိသားစုက အစောပိုင်းကတည်းက အပိုင်းပိုင်းကွဲနေပြီး သခင်တွေ မတူကြတော့ဘူး, ယန်မိသားစုဝင်တွေကို မတူညီတဲ့ အဆင့်အတန်း အမျိုးမျိုးနဲ့ ပံ့ပိုးပေးနေကြတယ်, ငါ့အချိန်တုန်းကတော့ သူတို့ကို ထောက်ပံ့ပေးတဲ့ ပထမဆုံး အမွေဆက်ခံသူက ယန်ကျုံးဟွားပဲ"
လင်ရွှမ်းဇီမှာ ထိတ်လန့်သွားမိသည်။ မမျှော်လင့်ပဲ ယန်ကျုံးဟွားဖြစ်နေတာလား?
သီအိုရီအရဆိုရင် ယန်ထျန်းဟန်ရဲ့ အဖေအရင်းကလေ?
လင်ရွှမ်းဇီရဲ့ နှလုံးသားက ပြင်းပြတဲ့ ဒေါသတရားများနဲ့ ပြည့်နှက်နေသော်လည်း တစ်ချိန်တည်းမှာပင် ယန်ထျန်းဟန်အတွက် စိတ်မကောင်းဖြစ်နေမိသည်။
အကယ်၍ ယန်ထျန်းဟန်ကို သတ်ဖို့လွှတ်တာသာ တကယ်ယန်ကျုံးဟွားဆိုရင် ဒါက သောက်ရမ်းလွန်လွန်းသွားပြီ
လင်ရွှမ်းဇီက နောက်တစ်ခေါက် ထပ်မေးသည်။
"ဆရာ,ဆရာက နယ်မြေကြီးကိုးခုကလား?"
မဟာအကြီးအကဲလန်ယွဲ့က နယ်မြေကြီးကိုးခုအကြောင်းကို အားလုံးနီးပါး သိနေတာကြောင့် အတော်လေး သံသယဝင်နေတာ တစ်ခုရှိနေသည်။ ဒါက ကလေးဘဝကတည်းက တိုက်ကြီးငါးတိုက်ကနေ ထွက်ခွာဘူးခြင်း မရှိသော လူတစ်ယောက် သိနေနိုင်မယ့် အရာမဟုတ်ဘူးလေ။
မဟာအကြီးအကဲလန်ယွဲ့က သူ့ကိုပြန်ကြည့်လာပြီး ခပ်ဖျော့ဖျော့ တုန့်ပြန်သည်။
"ငါက နယ်မြေကြီးကိုးခုကနေ လာခဲ့တာ"
သူမှန်တယ်
လင်ရွှမ်းဇီက သူ့ကိုယ်သူ စိတ်တည်ငြိမ်စေလိုက်သည်။
"ဆရာ့အမြင်မှာ ယန်ကျုံးဟွားက ဘယ်လိုလူမျိုးလဲ?"
မဟာအကြီးအကဲလန်ယွဲ့သည် လင်ရွှမ်းဇီက သူ့ဇာစ်မြစ်အကြောင်း ပထမဆုံး သိလိုက်တဲ့အချိန်မှာ မေးလာတဲ့ မေးခွန်းက ထိုအကြောင်း ဖြစ်နေမယ်လို့ မထင်ထားမိပေ။
စဉ်းစားပြီးနောက်မှာတော့ လန်ယွဲ့က ပြန်ဖြေသည်။
"သူက လူကြီးလူကောင်းတစ်ယောက်ပါပဲ"
လင်ရွှမ်းဇီ, "...."
လူကြီးလူကောင်း?
ဖြစ်နိုင်ပါ့မလား?
အဲ့ဒီလိုလူမျိုးက ယန်ထျန်းဟန်ကို သတ်ဖို့အတွက် လူသတ်သမားတွေ လွှတ်ပါ့မလား?
အဲ့ဒီမတိုင်ခင်တုန်းကဆိုရင် သူ့အိမ်ထောင်ဖက်ကိုတောင် စွန့်လွှတ်ခဲ့တဲ့သူကလေ?
ကောင်းပြီ, သူတို့မှာ မတူညီတဲ့ လိုက်စားမှုတွေ ရှိတယ်ဆိုတာ နားလည်ပေမယ့် နားလည်တယ်ဆိုတိုင်း သူအသိအမှတ် ပြုမယ်လို့ မဆိုလိုဘူး
လင်ရွှမ်းဇီက စိတ်ထဲမှာ အမျိုးမျိုး မကျေမနပ်ပြောနေမိသည်။
မဟာအကြီးအကဲလန်ယွဲ့က လင်ရွှမ်းဇီရဲ့ အမူအယာမဲ့နေသော မျက်နှာသေကို ကြည့်ပြီး သိလိုက်သည်မှာ အမူအယာ ပိုပြီးကင်းမဲ့လာလေလေ သူ့စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုက ပိုပြီး ပြင်းထန်လာလေလေကိုပင်။
သူက မပြောခင်မှာ ခဏလောက် စဉ်းစားလိုက်သေးသည်။
"အဲ့ဒါက မင်းထင်နေသလိုမဟုတ်ဘူး, ဆုမိုက ယန်ထျန်းဟန်ရဲ့ မိဘတွေအကြောင်း မင်းကိုဘယ်လိုပြောခဲ့လဲ ဆိုတာတော့ ငါမကြားဘူးပေမယ့်, ငါထင်တာတော့ သူပြောတာတွေက တကယ့်အဖြစ်မှန်နဲ့ ခြားနားနေလိမ့်မယ်, ယန်ကျုံးဟွားက ပလ္လင်အတွက်နဲ့ သူ့အိမ်ထောင်ဖက်ကို စွန့်လွှတ်တဲ့သူမျိုးမဟုတ်ဘူး ဒါပေမဲ့ အဲ့ဒီတုန်းက ဖြစ်လာသမျှ ကိစ္စတွေကို ခေါင်းခံခဲ့တယ်, အဲ့ဒီလိုဆိုပေမယ့်လည်း အပြစ်အများစုက သူနဲ့သက်ဆိုင်တာမဟုတ်ပဲ နတ်ဆိုးအသျှင်ယိုမင်းနဲ့ သက်ဆိုင်နေတာ— ယန်ထျန်းဟန်ရဲ့ နောက်အဖေတစ်ယောက်ပေါ့"
လင်ရွှမ်းဇီက ခပ်ဖျော့ဖျော့ မျက်မှောင်ကျုံ့သည်။
"ဒါပေမဲ့ဆရာ, ဘာဖြစ်လို့ လျှိုမိသားစုက အားဟန်ကို သတ်ချင်ရတာလဲ?"
"တိုက်ကြီးငါးခုနဲ့ အထက်ဘုံကြားက ဆက်သွယ်မှုက ပြတ်တောက်နေတာ ကြာပြီ, ပြင်ပက သတင်းတွေ ဝင်လို့မရသလို အထဲက သတင်းတွေလည်း အပြင်မထွက်နိုင်ဘူး, မိသားစုနှစ်ခုလုံးက ဘာလို့ နီစွေးခြယ်သတ်ဖြတ်ခြင်း အမိန့်ကို တစ်ပြိုင်နက်တည်း ရလိုက်ကြတာလဲ? ဒါ့အပြင် တိုက်ကြီးငါးတိုက်ဆီ အားဟန်ကို ပို့လိုက်တုန်းက အနောက်ဘက် ဖီးနစ်ဘုရင်နဲ့ နတ်ဆိုးအသျှင်ယိုမင်းကလွဲရင် အထက်ဘုံမှာ သိနေတဲ့ တတိယမြောက်လူ မရှိတော့ဘူး, အားဟန်ရဲ့ အသက်ကြယ်စင်ကလည်း ရှေ့ဖြစ်ဟော မိသားစုက အပြင်းအထန် တန်ပြန်မှုကို ခံလိုက်ရတာကြောင့် ရှာမတွေ့ခဲ့ကြဘူးလေ, သူ့လက်ရှိ တည်နေရာကိုတောင် မဆုံးဖြတ်နိုင်ဘူး....ဘယ်လိုလုပ် အထက်ဘုံက နတ်ဘုရားမျိုးနွယ်စုတွေက ယန်ထျန်းဟန်ကို သတ်ဖြတ်ဖို့အတွက် တစ်သီးတစ်သန့် မိသားစုတွေဆီကို နီစွေးခြယ် သတ်ဖြတ်ခြင်း အမိန့်ပို့နိုင်တာလဲ?"
လင်ရွှမ်းဇီသည် သူ့စိတ်ထဲမှာ တစ်စုံတစ်ရာ ဖြတ်ခနဲ ဖြစ်သွားသလို ခံစားလိုက်ရသည်။
သူက အကြံဉာဏ်အား အလျင်အမြန် ဆုပ်ကိုင်လိုက်ပြီး သူ့မျက်လုံးကတော့ အနည်းငယ် ကျဉ်းမြောင်းသွားလေ၏။
"ဆရာ, အဲ့ဒီအချိန်တုန်းက အားဟန်အကြောင်းကို သိတဲ့သူက အတိအကျ ဘယ်နှစ်ယောက်ရှိတာလဲ?"
"အကယ်၍ ငါ့ကို ထည့်မတွက်ဘူးဆိုရင် လေးယောက်ရှိမယ်, ဆုမို၊လင်ကျန်၊ ယိုမင်းနဲ့ ဖုန်ကျင်းယွီ, မင်းဖုန်ကျင်းယွီအကြောင်းကို မကြားဘူးလောက်ပေမယ့် သူ့ကိုတော့ စိတ်ချထားလို့ရတယ်"
"ဘာလို့လဲ?" လင်ရွှမ်းဇီက ပြန်မေးသည်။
"ဘာဖြစ်လို့လဲ ဆိုတော့ သူက နတ်ဆိုးအသျှင်ယိုမင်းနဲ့ အရမ်းကို ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်"
"ဘယ်လောက်တောင် ကောင်းလို့လဲ? လုံးဝ သစ္စာ မဖောက်နိုင်ဘူးလား?"
"ငှက်မွှေးတွေလိုမျိုး အတူတူ ပူးပေါင်းကြံစည်ကြတဲ့ လူဆိုးတွေလေ, အတူတူ ပေါင်းစည်းထားလိုက်ပြီးရင် တစ်ခြားသူတွေအတွက် ဆိုးဝါးတဲ့ ဥပမာတွေ လုပ်ကြတယ်" မဟာအကြီးအကဲလန်ယွဲ့က တည်ငြိမ်စွာ ရှင်းပြသည်။
လင်ရွှမ်းဇီ, "..."
ကောင်းပြီ, သူယုံသွားပြီ
မဟာအကြီးအကဲလန်ယွဲ့က ပြုံးသွားပြီး ကြည့်ရတာ သူ့ဖော်ပြချက်သူ အတော်လေး ကျေနပ်နေပုံရသည်။
"ငါနောက်တစ်ခေါက် ထပ်ပြောရမယ်ဆိုရင် အနောက်ဘက် ဧကရာဇ်က ငယ်ငယ်လေးကတည်းက ငါတို့နဲ့ ခပ်ဝေးဝေးပဲနေတယ်, သူက အရမ်းကို သူ့ရုပ်သွင်သူ အထင်ကြီးပြီး ဘဝင်မြင့်လွန်းတယ်, တစ်ဖက်လူနဲ့ သဘောမတူချင်ဘူးဆိုရင်လည်း အဲ့ဒီလူတွေအပေါ် မကြာခဏ လှည့်စားတတ်တယ်, ဒါ့အပြင် သူက တမူထူးခြားတဲ့ အမူအယာနဲ့ အမြဲတမ်း ချဉ်းကပ်မရနိုင်တဲ့ မျက်နှာမျိုးကို လုပ်ထားတတ်တာလေ, အဲ့ဒါကြောင့် အစပိုင်းမှာ ငါနဲ့အတူတူ ကျင့်ကြံတဲ့ တပည့်တွေအားလုံးက အနောက်ဘက် ဖီးနစ်ဧကရာဇ်နားမှာဆို မနေချင်ကြဘူး, ဒါပေမဲ့ ယိုမင်းကတော့ ဖုန်ကျင်းယွီက သူနဲ့ ကောင်းကင်ဘုံက ပြုလုပ်ပေးထားတဲ့ တွဲဖက်မှုလို့ ခံစားမိတဲ့အတွက် အဲ့ဒီလူနဲ့ကစားဖို့ နေ့တိုင်း သူ့ဘက်က စပြီး သွားတတ်တယ်"
အဲ့ဒီအချိန်တုန်းကဆိုရင် နတ်ဘုရားမျိုးနွယ်စုက မျိုးဆက်တူ တပည့်တွေအားလုံးအတွက်တော့ တစ်သက်တာ အိမ်မက်ဆိုးတစ်ခုပဲ။ ပထမက ဟွိုင်ယွီတစ်ယောက်တည်းကသာ သူတို့အပေါ်မှာ လှည့်စားတာ ဆိုပေမယ့် နောက်ထပ် ဖုန်ကျင်းယွီတစ်ယောက်ပါ ထပ်တိုးလာမယ်လို့ ဘယ်သူက ထင်မိမှာလဲ?
ဖုန်ကျင်းယွီတစ်ယောက် ထပ်ပိုလာတာက တော်သေးတယ် ဒါပေမဲ့ အမြဲတမ်း အရိုက်ခံဖို့ တောင်းဆိုနေတဲ့ အဲ့ဒီ ခွေးကောင်စုတ်လေးက အနောက်ဘက် ဖီးနစ်ဧကရာဇ်ဖြစ်လာခဲ့မယ်လို့ ဘယ်သူက ထင်မိမှာလဲ... သူ့အဆင့်အတန်းကတောင်မှ မင်းသား ဒါမှမဟုတ် သခင်လေး ရာထူးတွေကို ကိုင်ဆောင်ထားတဲ့ အဲ့ဒီကလေးပေါက်တွေထက် အများကြီး မြင့်တက်သွားတာ.... သူတို့က ဒေါသထွက်ရဲပေမယ့်လည်း ပြန်မပြောရဲကြဘူးလေ, အကြောင်းကတော့ သူတို့အနေနဲ့ အနောက်ဖီးနစ် ဧကရာဇ်ကို စော်ကားဖို့ မတတ်နိင်ကြလို့!
မဟာအကြီးအကဲလန်ယွဲ့သည် မစဉ်းစားပဲ မနေနိုင်တော့ပေ။
ငါနဲ့မျိုးဆက်တူတဲ့ နယ်မြေကြီးကိုးခုက သားစဉ်မြေးဆက်တွေရဲ့ ကျင့်ကြံမှု အကုန်လုံးပေါင်းလိုက်ရင် အရင်မျိုးဆက်တွေ ဒါမှမဟုတ် မတိုင်မီက မျိုးဆက်တွေထက် အများကြီး သာလွန်နေမှာကိုပဲ စိုးမိတယ်....
ထိုအချိန်က ထူးချွန်ထက်မြတ်သူတွေ အများအပြား ပေါ်ပေါက်လာပြီး ၎င်းတို့က ဆွဲဆောင်မှုလည်း ရှိသလို စွမ်းဆောင်ရည်လည်း ပြည့်ဝကြသည့် ပါရမီရှင်များအဖြစ် သတ်မှတ်လို့ရနိုင်သည်။ သူတို့တွေကို တာအိုခေတ် အဆုံးသတ်ပြီးနောက် ပေါ်ပေါက်လာသည့် ထိပ်တန်းတာအိုများ၏ ပထမဆုံး ကာလဟုပင် ခေါ်ဝေါ်ခဲ့ကြသည်။ ထိုရလဒ်က ယိုမင်းနဲ့ ဖုန်ကျင်းယွီတို့ကြားမှာ 'ပံပိုးမှု' နဲ့ 'အကျင့်စာရိတ္တပျက်ပြားခြင်း' ဟူသော ထူးခြားသည့် ပေါင်းစပ်မှု၏ ခွဲထွက်မရနိုင်တဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာစေသည်။
အဲ့ဒီလိုပြောမှ ဒါက တကယ့်ကို ရယ်စရာကောင်းတာပဲ
ဒါ့အပြင် အနောက်ဘက် ဖီးနစ်ဧကရာဇ် ဖုန်ကျင်းယွီနဲ့ နတ်ဆိုးအသျှင် ယိုမင်းတို့ကြားက ဆက်ဆံရေးက အရမ်းကို ကောင်းမွန်တာကြောင့် တူညီတဲ့ ဘောင်းဘီရှည် တစ်မျိုးတည်းကိုပင် အမြဲတမ်း အတူတူ ဝတ်ကြသည်။ ထို့အတွက်ကြောင့် ယန်ကျုံးဟွားသည် မရေမတွက်နိုင်သော ရှာလကာရည်များအား စည်လိုက်သောက်ခဲ့ရသည်လေ။
အတိတ်က တောက်ပတဲ့ အရာများအား ပြန်တွေးမိတော့ မဟာအကြီးအကဲလန်ယွဲ့သည် လက်ရှိကမ္ဘာကနေ ကင်းကွာသွားမိပြီး မနေနိုင်စွာပဲ ပြုံးချင်မိလာသည်။
တကယ်လည်း ပြုံးလိုက်၏။
"ရွှမ်းဇီ, လူတစ်ယောက်က နှစ်ရာချီအောင် တစ်ယောက်တည်း နေလာပြီးမှ ရုတ်တရတ် သူ့ကို စိတ်ရင်းမှန်နဲ့ ဆက်ဆံတဲ့ မိတ်ဆွေတစ်ယောက် ရလာတဲ့အချိန်မှာ အဲ့ဒီလူကို စိတ်နှလုံး အကြွင်းမဲ့ စစ်မှန်စွာနဲ့ ဆက်ဆံမိမှာ အသေအချာပဲ, ယိုမင်းက နည်းလမ်းပေါင်းတစ်ထောင်လောက်နဲ့ ကြောက်စရာကောင်းပေမယ့် သူ့မိတ်ဆွေတွေကိုတော့ အရမ်းကို စိတ်ရင်းမှန်ပြီး ရိုးသားဖြူစင်တဲ့ နှလုံးသားနဲ့ ဆက်ဆံလေ့ရှိတယ်, ငယ်ငယ်ကတည်းက လစ်လျူရှုခံခဲ့ရပြီး သဘာဝတရားရဲ့ မြင့်မြတ်မှုကြောင့် သူ့ကိုယ်သူ အထင်ကြီးလေးစားတဲ့ အနောက်ဘက် ဖီးနစ်ဧကရာဇ်က သူ့ရဲ့ သဘာဝ စိတ်သဘောထားနဲ့ ရိုးရှင်းလှတဲ့ စိတ်ထားကြောင့် သူငယ်ချင်း တစ်ယောက်ရတာကို အရမ်းပျော်ရွှင်ခဲ့တာ, အဲ့ဒါကြောင့် ဖုန်ကျင်းယွီက ယန်ထျန်းဟန်ကို သစ္စာဖောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
လင်ရွှမ်းဇီမှာ အရှုပ်အထွေးထဲသို့ ကျရောက်သွားမိသည်။
ဖုန်ကျင်းယွီလည်း မဟုတ်ဘူး၊ သူ့အဖေလည်း မဟုတ်ဘူး.... အကယ်၍ ဆုမိုကလည်း အဲ့ဒီတုန်းကသာ အားဟန်ကို တိုက်ခိုက်ချင်ခဲ့တယ် ဆိုရင် ဒီအချိန်ထိ စောင့်နေစရာမလိုဘူး.... ယိုမင်းအတွက်ကတော့....
လင်ရွှမ်းဇီက မဟာအကြီးအကဲ လန်ယွဲ့အား ဖြည်းညှင်းစွာကြည့်လိုက်သည်။
"နတ်ဆိုးအသျှင်ယိုမင်းက အခုဘယ်မှာလဲ?"
"အကယ်၍ သူသာ အားဟန်ကို တကယ်ပဲ သတ်ချင်တယ်ဆိုရင် အဲ့ဒါက သူ့အတွက်တော့ လွယ်ကူလွန်းတယ်" သူက အဓိပ္ပါယ်နက်ရှိုင်းလှစွာဖြင့် ပြန်ပြောသည်။
လင်ရွှမ်းဇီက နားမလည်နိုင်ဖြစ်သွားသော်လည်း မဟာအကြီးအကဲ လန်ယွဲ့က သူ့ကိုဆက်ပြီး ရှင်းပြဖို့ ရည်ရွယ်ချက် မရှိတော့ပေ။
လင်ရွှမ်းဇီက ခဏလောက် စဉ်းစားလိုက်သည်။
"အဲ့ဒီလိုဆိုရင် အားဟန်ဘယ်မှာလဲ ဆိုတာကို သိနေတဲ့ လေးယောက်လုံးက သူ့ကိုဆန့်ကျင်စရာ ဘာအကြောင်းမှ မရှိဘူး...ဘယ်လိုလုပ် အားဟန်က လိုက်သတ်ခံရတာလဲ?"
"တိုက်ကြီးငါးတိုက်ထဲမှာ အစောတုန်းကထည်းက အမှန်တရားကို သိနေတဲ့ ပိုက်ကွန်ထဲက လျောကျလာတဲ့ ငါးတစ်ကောင် ရှိနေလိမ့်မယ်, အဲ့ဒီလူက အမှောင်ထဲမှာ ရှိနေတာတစ်ခုပဲ, ငါတို့အနေနဲ့ အချိန်တစ်ခုအထိတော့ အဲ့ဒီလူက ဘယ်သူလဲ ဆိုတာကို ရှာဖို့ခက်လိမ့်မယ်, ဒါပေမဲ့ သူ့စွမ်းအင်ကတော့ အတော်လေး ကောင်းတယ်ပြောရမယ်, နီစွေးခြယ်သတ်ဖြတ်ခြင်း အမိန့်ဆိုတာက နတ်ဘုရားမျိုးနွယ်စု ခေါင်းဆောင်တွေရဲ့ လက်ထဲမှာပဲရှိတဲ့ အသက်အန္တာရယ် ရှိလွန်းတဲ့ ကတ်တစ်ခုပဲ, ပြီးတော့ ဘယ်သူမဆို ရနိုင်တာမျိုးမဟုတ်ဘူး"
ဒါ့အပြင် အမိန့်နှစ်ခုက တစ်ချိန်တည်းလိုလို ချမှတ်ခဲ့တာ
နီစွေးခြယ်သတ်ဖြတ်ခြင်းအမိန့်က နယ်မြေကြီးကိုးခုက မဟုတ်ပဲ တိုက်ကြီးငါးတိုက်ကနေ ရောက်ရှိလာတာ.... ထိုသတင်းအချက်အလက်က လင်ရွှမ်းဇီအား အလွန်အမင်း စိတ်ပူပန်သွားစေသည်။
လင်ရွှမ်းဇီက နောက်တစ်ဖန် ထပ်မေးပြန်သည်။
"ဘာလို့ ဆရာက ကျန်းယွင်ရှီနဲ့ လျှိုကျောက်ယွဲ့ကို မပြောပြလိုက်တာလဲ?"
မဟာအကြီးအကဲလန်ယွဲ့က ပြန်ဖြေသည်။
"သူတို့က ပြဿနာကို နားလည်ပြီးသားမို့လို့ လင်ကျန်နဲ့ ယန်ထျန်းဟန်ကို တိုက်ခိုက်တဲ့နေရာမှာ အရမ်းနှေးကွေးကြတာပေါ့, အကယ်၍ ရှင်းပြရမယ်ဆိုရင် သူတို့ကို လှည့်ဖြားဖို့အတွက် လိမ်ညာရမယ်, ပြီးတော့ အဲ့ဒီ အလိမ်အညာကို သက်သေပြနိုင်ဖို့ တစ်ခြားအလိမ်အညာတစ်ခုကို ထပ်ပြောရမယ်, ငါကတော့ အဲ့ဒီလို ပင်ပန်းကြီးတဲ့ အရာမျိုး မလုပ်ချင်ဘူး"
လင်ရွှမ်းဇီက စဉ်းစားလိုက်သည်။
ဒါက တကယ့်ကို မဟာအကြီးအကဲလန်ယွဲ့ ပုံစံပဲ
လင်ရွှမ်းဇီကပြောသည်။
"တိုက်ကြီးငါးတိုက်မှာ ရှိနေတဲ့ အတားအဆီးက....."
"မင်းရဲ့ အဆင့်ကို နက်ရှိုင်းဘုံထိ ရောက်အောင် လုပ်လိုက်ဦး, ပြီးမှ ငါတို့ဆက်ပြောကြမယ်" မဟာအကြီးအကဲလန်ယွဲ့က ခပ်ဖွဖွ သက်ပြင်းချသည်။
"ငါလေ့လာမိသလောက်တော့ တိုက်ကြီးငါးတိုက်ရဲ့ ကံကြမ္မာက မင်းနဲ့ တစ်နည်းနည်း သက်ဆိုင်နေတယ် ဒါပေမဲ့ အခုချိန်မှာတော့ မင်းနဲ့ ဘယ်လောက်ထိ ပတ်သတ်နေလဲဆိုတာကို မမြင်နိုင်တော့ဘူး, မင်းရဲ့ ကျင့်ကြံဆင့် မတိုးတက်လာခင်မှာ ဘာမှလုပ်လို့မရဘူးဆိုတာကိုပဲ သတိရထားလိုက်"
"တပည့်နားလည်ပါပြီ" လင်ရွှမ်းဇီက တုန့်ပြန်သည်။
11.11.2021
===============
Zawgyi
အခန္း(၃၁၃) - လူဆိုးမ်ား အတူတကြ ပူးေပါင္းႀကံစည္ျခင္း
"ငါမင္းကို ဒီေလာက္ေပါ့ေပါ့ဆဆ ျဖစ္ေအာင္ သင္ေပးထားတာကို မမွတ္မိပါဘူး" ေနာက္ဆံုးေတာ့ မဟာအႀကီးအကဲလန္ယြဲ႔က ဝမ္ရိထုန္အား ၾကည့္လာသည္။
ဝမ္ရိထုန္က မ်က္ေတာင္ခတ္လိုက္၍ လန္ယြဲ႔ေရွ႕မွာ ဝင္ထိုင္၏။
"ေပါ့ေပါဆဆဆိုမွ, ကၽြန္ေတာ္က သင္ၾကားစရာ မလိုပဲ ေမြးဖြားလာတာေလ, ဒါေပမဲ့ ဆရာနဲ႔ေတြ႕မွပဲ ထိေရာက္မႈရွိသြားတာ"
မဟာအႀကီးအကဲလန္ယြဲ႔မွာ မေနႏိုင္စြာျဖင့္ ရယ္ေမာမိေတာ့သည္။ သူက လက္ေႁမွာက္လိုက္ၿပီး ဝမ္ရိထုန္၏ ႏွာေခါင္းေလးအား ဆြဲၫွစ္လိုက္၏။
"အကယ္၍ ဒီမွာ ခိုးနားေထာင္ဖို႔ အခ်ိန္ရွိရင္ မင္းရဲ႔ဓားကို ပိုၿပီးေကာင္းေကာင္း ေလ့က်င့္သင့္တယ္, တံခါးပိတ္တရားက်င့္ၾကံမႈ မလုပ္တာ ဘယ္ေလာက္ေတာင္ ၾကာေနၿပီလဲ?"
ဝမ္ရိထုန္ကျပံဳးသည္။
"ဆရာကလည္း, ကၽြန္ေတာ့ကိုကၽြန္ေတာ္ အထဲမွာ ထည့္ပိတ္ထားဖို႔က အရမ္းအိုက္စက္လြန္းတယ္, ဘယ္သူမွ ကၽြန္ေတာ့ကို စကားေျပာလို႔မရသလို အရသာရွိတဲ့ စားစရာေတြကိုလည္း မျမည္းစမ္းရဘူး, အဲ့ဒါက အရမ္းခက္ခဲလြန္းတယ္, အဲ့ဒါေၾကာင့္ ကၽြန္ေတာ္ကေတာ့ အေတြ႕အၾကံဳ ရဖို႔အတြက္ အခ်ိန္တစ္ခ်ိဳ႔ေလာက္ယူၿပီး ခရီးပတ္ထြက္ဖို႔ပဲ စီစဥ္ထားတယ္"
"ဒါလည္းအဆင္ေျပပါတယ္" မဟာအႀကီးအကဲလန္ယြဲ႔က အၾကံတစ္ခ်ိဳ႔ထပ္ေပးသည္။
"ဒါေပမဲ့, ေဝးလံေခါင္သီတဲ့ ေနရာေတြသြားရင္ အရမ္း အႏာၱရယ္မ်ားတယ္, မင္းနဲ႔အတူ ရႊမ္းဇီပါ ေခၚရင္ေခၚသြားလိုက္"
ဝမ္ရိထုန္က မ်က္ခံုးပင့္ၿပီးျပံဳးသည္။
"တကယ္ေတာ့ေလ, ဆရာ, ကၽြန္ေတာ္က အငယ္ဆံုး ညီေလးကို ေခၚသြားဖို႔ လုပ္ၿပီးသြားၿပီ"
လင္ရႊမ္းဇီရဲ႔ ဓားက်င့္ၾကံမႈက သူ႔ထက္သာတယ္ဆိုတာ ျငင္းဆိုစရာမရွိဘူး။ ဒါ့အျပင္ လင္ရႊမ္းဇီရဲ႔ လႈပ္ရွားမႈေတြက တစ္ကြက္ေလာက္နဲ႔ သတ္ျဖတ္ႏိုင္တာမို႔လို႔ သူ႔ကိုအျပင္ေခၚထုတ္သြားၿပီး မ်က္ျမင္ကိုယ္ေတြ႕ ေတြ႕ခ်င္စိတ္ေတြ ျပင္းျပေနမိသည္ေလ။ တကယ္ေတာ့လည္း တကယ့္တိုက္ပြဲမွသာ သတ္ျဖတ္ႏိုင္စြမ္းကို သံသဝင္စရာမရွိ ျမင္ႏိုင္မွာပင္။
မဟာအႀကီးအကဲလန္ယြဲ႔က ခပ္ေဖ်ာ့ေဖ်ာ့ျပံဳးသည္။
"အရင္ျပန္ႏွင့္ေတာ့, ငါဒီမွာလုပ္စရာရွိေသးတယ္"
ဝမ္ရိထုန္က ေခါင္းညိတ္ျပၿပီး မဟာအႀကီးအကဲလန္ယြဲ႔အတြက္ ေရတစ္ခြက္ငွဲ႔ကာ သူ႔ေရွ႕က စားပြဲခံုပုေလးေပၚ တင္ေပးလိုက္သည္။ ၿပီးမွသာ ဦးၫႊတ္လိုက္၏။
"တပည့္အရင္ သြားလိုက္ပါဦးမယ္"
ထိုသို႔ျဖင့္ ဝမ္ရိထုန္က ခုန္ပ်ံထြက္သြားေတာ့သည္။
ဒီေန႔ ဒီေလာက္ႀကီးမားတဲ့ အတင္းအဖ်င္းႀကီးကို ၾကားထားရတာေလ, ဝမ္ရိထုန္ကေတာ့ သူ႔စီနီယာအကိုေတြ အငယ္ဆံုး သိုင္းတူညီေလးေတြနဲ႔ မွ်ေဝဖို႔ မေစာင့္ႏိုင္ေတာ့ဘူး
အဲ့ဒီေကာင္ေလးႏွစ္ေယာက္က အရမ္းစိတ္ဝင္စားဖို႔ေကာင္းတယ္
ေတာင္ထိပ္ေပၚကို ေရာက္တာနဲ႔ ဝမ္ရိထုန္က ေၾကးမံုအား လွမ္းၾကည့္လိုက္သည္။
"အငယ္ဆံုးညီေလး ဘယ္ေရာက္သြားတာလဲ?"
က်န္းဖုန္းထင္က သက္ျပင္းခ်ေလသည္။
"သူဘယ္သြားလဲေတာ့ မသိဘူး, ဒါေပမဲ့ ၾကည့္ရတာ ဆရာ႔ကို သြားရွာတယ္ထင္တယ္"
ဝမ္ရိထုန္က ထပ္ေမးသည္။
"အငယ္ဆံုးညိေလး တစ္ခုခုျဖစ္သြားေသးလား?"
ဟိုင္ခြမ္းေလာင္က သူ႔ေမးအား ထိကာေျပာလိုက္၏။
"သူ႔ကိုၾကည့္ရတာေတာ့ တည္ၿငိမ္ေနတာပဲ, ဒါေပမဲ့ မင္းသိတဲ့အတိုင္း အဲ့ဒီေကာင္ေလးက ပိုက္ဆံဆယ္ဆ ေပးရင္ေတာင္ အေပၚယံမွာ ဘာမွျပတာမဟုတ္ဘူးေလ"
"ဆရာက အဲ့ဒိေကာင္ေလးႏွစ္ေယာက္ကို တကယ္ႀကီး ရႊမ္းဇီလက္ထဲ ထည့္ေပးလိုက္တယ္" က်န္းဖုန္းထင္က အနည္းငယ္ ခ်ီတံုခ်တံုျဖင့္ေျပာသည္။
"ေျပာစမ္းပါဦး, မင္းအထဲမွာ ပုန္းေနတာကို ဆရာသိေနလား?"
ဝမ္ရိထုန္က ပုခံုးတြန္႔ျပသည္။
"ကၽြန္ေတာ္ ဆရာ႔ဆီက အဖမ္းခံလိုက္ရတယ္"
က်န္းဖုန္းထင္, "...."
ဆရာက တကယ့္ကို လိမၼာပါးနပ္လြန္းတယ္, လင္ရႊမ္းဇီကို ဒီသတင္းၾကားေအာင္ တမင္သက္သက္ လုပ္လိုက္တာပဲ
Cleansing Inkstone စံအိမ္
လင္ရႊမ္းဇီက မ်က္စိမွိတ္ကာ တရားထိုင္ေနသည့္ မဟာအႀကီးအကဲ လန္ယြဲ႔ေရွ႕မွာ ရပ္ေနသည္။
"အကယ္၍ မင္းမွာ ေမးခြန္းရွိရင္, သူတို႔ကို တိုက္႐ိုက္သြားေမးသင့္တယ္"
လင္ရႊမ္းဇီရဲ႔ အသံက က်ိဳးပဲ့ေနတဲ့ ေက်ာက္စိမ္းကဲ့သို႔ ၾကည္လင္ၿပီး နားထဲသို႔ သာယာေအးျမစြာ ဝင္လာသည္။
"အထက္ပိုင္းဘံုမွာ က်န္းနဲ႔လွ်ိဳမိသားစုကို တာဝန္ယူေနတာ ဘယ္မ်ိဳးႏြယ္စုလဲ"
မဟာအႀကီးအကဲလန္ယြဲ႔က မ်က္လံုးဖြင့္လာသည္။
"က်န္းမိသားစုေတာ့ ေျပာျပဖို႔ မလြယ္ကူဘူး"
လင္ရႊမ္းဇီက ျပန္ေမးသည္။
"ဘာျဖစ္လို႔လဲ?"
"အဲ့ဒီ တစ္သီးတစ္သန္႔ မိသားစုလို႔ ေခၚတဲ့သူေတြက အရိပ္သက္ေတာ္ေစာင့္ေတြလို ဓားေႁမွာင္ေတြလိုပဲ, သူတို႔ထဲကတစ္ဝက္ေလာက္က ပြင့္ပြင့္လင္းလင္း ေနၾကၿပီး က်န္တဲ့တစ္ဝက္က အေမွာင္ထဲမွာ ေလွ်ာက္လွမ္းၾကတယ္, သူတို႔နဲ႔ ပတ္သတ္ေနတဲ့ မိသားစုကို ဘယ္သူမွ အလြယ္တကူ ထုတ္ေဖာ္လို႔မရဘူး, ငါသိသေလာက္ကေတာ့ က်န္းမိသားစုက အေမွာင္ထဲမွာပဲ, မင္မင္းဆက္မွာ က်န္းမိသားစုက အေရွ႕နဲ႔ေတာင္ဘက္ပိုင္း အုပ္စိုးရွင္ေတြနဲ႔ သက္ဆိုင္ၿပီး အေနာက္ပိုင္းကလည္း သူတိုနဲ႔ ပတ္သတ္မႈ နည္းနည္းရွိခဲ့တယ္, ဒါေပမဲ့လည္း အဲ့ဒီသံုးဖြဲ႔ထဲက အနည္းဆံုး ႏွစ္ခုက ဟန္ေဆာင္သက္သက္ပဲ, အေရွ႕ဘက္ပိုင္း အုပ္စိုးသူ၊ ေတာင္ဘက္ပိုင္းအုပ္စိုးသူနဲ႔ အေနာက္ဘက္ကေတာ့ ဖီးနစ္ဘုရင္ေပါ့"
လင္ရႊမ္းဇီက စိတ္ပါလက္ပါ ေခါင္းညိတ္သည္။
"လွ်ိဳမိသားစုကေရာ?" လင္ရႊမ္းဇီက ထပ္ေမးျပန္သည္။
"လွ်ိဳမိသားစုကေတာ့ က်န္တဲ့တစ္ဝက္ေပါ့, သူတို႔က ေရွးေခတ္ကတည္းက ယန္မိသားစုရဲ႔ လက္ေအာက္ခံေတြျဖစ္ၿပီး အခုခ်ိန္ထိပဲ, ဒါေပမဲ့ လွ်ိဳမိသားစုက အေစာပိုင္းကတည္းက အပိုင္းပိုင္းကြဲေနၿပီး သခင္ေတြ မတူၾကေတာ့ဘူး, ယန္မိသားစုဝင္ေတြကို မတူညီတဲ့ အဆင့္အတန္း အမ်ိဳးမ်ိဳးနဲ႔ ပံ့ပိုးေပးေနၾကတယ္, ငါ့အခ်ိန္တုန္းကေတာ့ သူတို႔ကို ေထာက္ပံ့ေပးတဲ့ ပထမဆံုး အေမြဆက္ခံသူက ယန္က်ံဳးဟြားပဲ"
လင္ရႊမ္းဇီမွာ ထိတ္လန္႔သြားမိသည္။ မေမွ်ာ္လင့္ပဲ ယန္က်ံဳးဟြားျဖစ္ေနတာလား?
သီအိုရီအရဆိုရင္ ယန္ထ်န္းဟန္ရဲ႔ အေဖအရင္းကေလ?
လင္ရႊမ္းဇီရဲ႔ ႏွလံုးသားက ျပင္းျပတဲ့ ေဒါသတရားမ်ားနဲ႔ ျပည့္ႏွက္ေနေသာ္လည္း တစ္ခ်ိန္တည္းမွာပင္ ယန္ထ်န္းဟန္အတြက္ စိတ္မေကာင္းျဖစ္ေနမိသည္။
အကယ္၍ ယန္ထ်န္းဟန္ကို သတ္ဖို႔လႊတ္တာသာ တကယ္ယန္က်ံဳးဟြားဆိုရင္ ဒါက ေသာက္ရမ္းလြန္လြန္းသြားၿပီ
လင္ရႊမ္းဇီက ေနာက္တစ္ေခါက္ ထပ္ေမးသည္။
"ဆရာ,ဆရာက နယ္ေျမႀကီးကိုးခုကလား?"
မဟာအႀကီးအကဲလန္ယြဲ႔က နယ္ေျမႀကီးကိုးခုအေၾကာင္းကို အားလံုးနီးပါး သိေနတာေၾကာင့္ အေတာ္ေလး သံသယဝင္ေနတာ တစ္ခုရွိေနသည္။ ဒါက ကေလးဘဝကတည္းက တိုက္ႀကီးငါးတိုက္ကေန ထြက္ခြာဘူးျခင္း မရွိေသာ လူတစ္ေယာက္ သိေနႏိုင္မယ့္ အရာမဟုတ္ဘူးေလ။
မဟာအႀကီးအကဲလန္ယြဲ႔က သူ႔ကိုျပန္ၾကည့္လာၿပီး ခပ္ေဖ်ာ့ေဖ်ာ့ တုန္႔ျပန္သည္။
"ငါက နယ္ေျမႀကီးကိုးခုကေန လာခဲ့တာ"
သူမွန္တယ္
လင္ရႊမ္းဇီက သူ႔ကိုယ္သူ စိတ္တည္ၿငိမ္ေစလိုက္သည္။
"ဆရာ့အျမင္မွာ ယန္က်ံဳးဟြားက ဘယ္လိုလူမ်ိဳးလဲ?"
မဟာအႀကီးအကဲလန္ယြဲ႔သည္ လင္ရႊမ္းဇီက သူ႔ဇာစ္ျမစ္အေၾကာင္း ပထမဆံုး သိလိုက္တဲ့အခ်ိန္မွာ ေမးလာတဲ့ ေမးခြန္းက ထိုအေၾကာင္း ျဖစ္ေနမယ္လို႔ မထင္ထားမိေပ။
စဥ္းစားၿပီးေနာက္မွာေတာ့ လန္ယြဲ႔က ျပန္ေျဖသည္။
"သူက လူႀကီးလူေကာင္းတစ္ေယာက္ပါပဲ"
လင္ရႊမ္းဇီ, "...."
လူႀကီးလူေကာင္း?
ျဖစ္ႏိုင္ပါ့မလား?
အဲ့ဒီလိုလူမ်ိဳးက ယန္ထ်န္းဟန္ကို သတ္ဖို႔အတြက္ လူသတ္သမားေတြ လႊတ္ပါ့မလား?
အဲ့ဒီမတိုင္ခင္တုန္းကဆိုရင္ သူ႔အိမ္ေထာင္ဖက္ကိုေတာင္ စြန္႔လႊတ္ခဲ့တဲ့သူကေလ?
ေကာင္းၿပီ, သူတို႔မွာ မတူညီတဲ့ လိုက္စားမႈေတြ ရွိတယ္ဆိုတာ နားလည္ေပမယ့္ နားလည္တယ္ဆိုတိုင္း သူအသိအမွတ္ ျပဳမယ္လို႔ မဆိုလိုဘူး
လင္ရႊမ္းဇီက စိတ္ထဲမွာ အမ်ိဳးမ်ိဳး မေက်မနပ္ေျပာေနမိသည္။
မဟာအႀကီးအကဲလန္ယြဲ႔က လင္ရႊမ္းဇီရဲ႔ အမူအယာမဲ့ေနေသာ မ်က္ႏွာေသကို ၾကည့္ၿပီး သိလိုက္သည္မွာ အမူအယာ ပိုၿပီးကင္းမဲ့လာေလေလ သူ႔စိတ္ပိုင္းဆိုင္ရာ လႈပ္ရွားမႈက ပိုၿပီး ျပင္းထန္လာေလေလကိုပင္။
သူက မေျပာခင္မွာ ခဏေလာက္ စဥ္းစားလိုက္ေသးသည္။
"အဲ့ဒါက မင္းထင္ေနသလိုမဟုတ္ဘူး, ဆုမိုက ယန္ထ်န္းဟန္ရဲ႔ မိဘေတြအေၾကာင္း မင္းကိုဘယ္လိုေျပာခဲ့လဲ ဆိုတာေတာ့ ငါမၾကားဘူးေပမယ့္, ငါထင္တာေတာ့ သူေျပာတာေတြက တကယ့္အျဖစ္မွန္နဲ႔ ျခားနားေနလိမ့္မယ္, ယန္က်ံဳးဟြားက ပလႅင္အတြက္နဲ႔ သူ႔အိမ္ေထာင္ဖက္ကို စြန္႔လႊတ္တဲ့သူမ်ိဳးမဟုတ္ဘူး ဒါေပမဲ့ အဲ့ဒီတုန္းက ျဖစ္လာသမွ် ကိစၥေတြကို ေခါင္းခံခဲ့တယ္, အဲ့ဒီလိုဆိုေပမယ့္လည္း အျပစ္အမ်ားစုက သူနဲ႔သက္ဆိုင္တာမဟုတ္ပဲ နတ္ဆိုးအသွ်င္ယိုမင္းနဲ႔ သက္ဆိုင္ေနတာ— ယန္ထ်န္းဟန္ရဲ႔ ေနာက္အေဖတစ္ေယာက္ေပါ့"
လင္ရႊမ္းဇီက ခပ္ေဖ်ာ့ေဖ်ာ့ မ်က္ေမွာင္က်ံဳ႔သည္။
"ဒါေပမဲ့ဆရာ, ဘာျဖစ္လို႔ လွ်ိဳမိသားစုက အားဟန္ကို သတ္ခ်င္ရတာလဲ?"
"တိုက္ႀကီးငါးခုနဲ႔ အထက္ဘံုၾကားက ဆက္သြယ္မႈက ျပတ္ေတာက္ေနတာ ၾကာၿပီ, ျပင္ပက သတင္းေတြ ဝင္လို႔မရသလို အထဲက သတင္းေတြလည္း အျပင္မထြက္ႏိုင္ဘူး, မိသားစုႏွစ္ခုလံုးက ဘာလို႔ နီေစြးျခယ္သတ္ျဖတ္ျခင္း အမိန္႔ကို တစ္ၿပိဳင္နက္တည္း ရလိုက္ၾကတာလဲ? ဒါ့အျပင္ တိုက္ႀကီးငါးတိုက္ဆီ အားဟန္ကို ပို႔လိုက္တုန္းက အေနာက္ဘက္ ဖီးနစ္ဘုရင္နဲ႔ နတ္ဆိုးအသွ်င္ယိုမင္းကလြဲရင္ အထက္ဘံုမွာ သိေနတဲ့ တတိယေျမာက္လူ မရွိေတာ့ဘူး, အားဟန္ရဲ႔ အသက္ၾကယ္စင္ကလည္း ေရွ႕ျဖစ္ေဟာ မိသားစုက အျပင္းအထန္ တန္ျပန္မႈကို ခံလိုက္ရတာေၾကာင့္ ရွာမေတြ႕ခဲ့ၾကဘူးေလ, သူ႔လက္ရွိ တည္ေနရာကိုေတာင္ မဆံုးျဖတ္ႏိုင္ဘူး....ဘယ္လိုလုပ္ အထက္ဘံုက နတ္ဘုရားမ်ိဳးႏြယ္စုေတြက ယန္ထ်န္းဟန္ကို သတ္ျဖတ္ဖို႔အတြက္ တစ္သီးတစ္သန္႔ မိသားစုေတြဆီကို နီေစြးျခယ္ သတ္ျဖတ္ျခင္း အမိန္႔ပို႔ႏိုင္တာလဲ?"
လင္ရႊမ္းဇီသည္ သူ႔စိတ္ထဲမွာ တစ္စံုတစ္ရာ ျဖတ္ခနဲ ျဖစ္သြားသလို ခံစားလိုက္ရသည္။
သူက အၾကံဉာဏ္အား အလ်င္အျမန္ ဆုပ္ကိုင္လိုက္ၿပီး သူ႔မ်က္လံုးကေတာ့ အနည္းငယ္ က်ဥ္းေျမာင္းသြားေလ၏။
"ဆရာ, အဲ့ဒီအခ်ိန္တုန္းက အားဟန္အေၾကာင္းကို သိတဲ့သူက အတိအက် ဘယ္ႏွစ္ေယာက္ရွိတာလဲ?"
"အကယ္၍ ငါ့ကို ထည့္မတြက္ဘူးဆိုရင္ ေလးေယာက္ရွိမယ္, ဆုမို၊လင္က်န္၊ ယိုမင္းနဲ႔ ဖုန္က်င္းယြီ, မင္းဖုန္က်င္းယြီအေၾကာင္းကို မၾကားဘူးေလာက္ေပမယ့္ သူ႔ကိုေတာ့ စိတ္ခ်ထားလို႔ရတယ္"
"ဘာလို႔လဲ?" လင္ရႊမ္းဇီက ျပန္ေမးသည္။
"ဘာျဖစ္လို႔လဲ ဆိုေတာ့ သူက နတ္ဆိုးအသွ်င္ယိုမင္းနဲ႔ အရမ္းကို ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိတယ္"
"ဘယ္ေလာက္ေတာင္ ေကာင္းလို႔လဲ? လံုးဝ သစၥာ မေဖာက္ႏိုင္ဘူးလား?"
"ငွက္ေမႊးေတြလိုမ်ိဳး အတူတူ ပူးေပါင္းၾကံစည္ၾကတဲ့ လူဆိုးေတြေလ, အတူတူ ေပါင္းစည္းထားလိုက္ၿပီးရင္ တစ္ျခားသူေတြအတြက္ ဆိုးဝါးတဲ့ ဥပမာေတြ လုပ္ၾကတယ္" မဟာအႀကီးအကဲလန္ယြဲ႔က တည္ၿငိမ္စြာ ရွင္းျပသည္။
လင္ရႊမ္းဇီ, "..."
ေကာင္းၿပီ, သူယံုသြားၿပီ
မဟာအႀကီးအကဲလန္ယြဲ႔က ျပံဳးသြားၿပီး ၾကည့္ရတာ သူ႔ေဖာ္ျပခ်က္သူ အေတာ္ေလး ေက်နပ္ေနပံုရသည္။
"ငါေနာက္တစ္ေခါက္ ထပ္ေျပာရမယ္ဆိုရင္ အေနာက္ဘက္ ဧကရာဇ္က ငယ္ငယ္ေလးကတည္းက ငါတို႔နဲ႔ ခပ္ေဝးေဝးပဲေနတယ္, သူက အရမ္းကို သူ႔႐ုပ္သြင္သူ အထင္ႀကီးၿပီး ဘဝင္ျမင့္လြန္းတယ္, တစ္ဖက္လူနဲ႔ သေဘာမတူခ်င္ဘူးဆိုရင္လည္း အဲ့ဒီလူေတြအေပၚ မၾကာခဏ လွည့္စားတတ္တယ္, ဒါ့အျပင္ သူက တမူထူးျခားတဲ့ အမူအယာနဲ႔ အၿမဲတမ္း ခ်ဥ္းကပ္မရႏိုင္တဲ့ မ်က္ႏွာမ်ိဳးကို လုပ္ထားတတ္တာေလ, အဲ့ဒါေၾကာင့္ အစပိုင္းမွာ ငါနဲ႔အတူတူ က်င့္ၾကံတဲ့ တပည့္ေတြအားလံုးက အေနာက္ဘက္ ဖီးနစ္ဧကရာဇ္နားမွာဆို မေနခ်င္ၾကဘူး, ဒါေပမဲ့ ယိုမင္းကေတာ့ ဖုန္က်င္းယြီက သူနဲ႔ ေကာင္းကင္ဘံုက ျပဳလုပ္ေပးထားတဲ့ တြဲဖက္မႈလို႔ ခံစားမိတဲ့အတြက္ အဲ့ဒီလူနဲ႔ကစားဖို႔ ေန႔တိုင္း သူ႔ဘက္က စၿပီး သြားတတ္တယ္"
အဲ့ဒီအခ်ိန္တုန္းကဆိုရင္ နတ္ဘုရားမ်ိဳးႏြယ္စုက မ်ိဳးဆက္တူ တပည့္ေတြအားလံုးအတြက္ေတာ့ တစ္သက္တာ အိမ္မက္ဆိုးတစ္ခုပဲ။ ပထမက ဟြိဳင္ယြီတစ္ေယာက္တည္းကသာ သူတို႔အေပၚမွာ လွည့္စားတာ ဆိုေပမယ့္ ေနာက္ထပ္ ဖုန္က်င္းယြီတစ္ေယာက္ပါ ထပ္တိုးလာမယ္လို႔ ဘယ္သူက ထင္မိမွာလဲ?
ဖုန္က်င္းယြီတစ္ေယာက္ ထပ္ပိုလာတာက ေတာ္ေသးတယ္ ဒါေပမဲ့ အၿမဲတမ္း အ႐ိုက္ခံဖို႔ ေတာင္းဆိုေနတဲ့ အဲ့ဒီ ေခြးေကာင္စုတ္ေလးက အေနာက္ဘက္ ဖီးနစ္ဧကရာဇ္ျဖစ္လာခဲ့မယ္လို႔ ဘယ္သူက ထင္မိမွာလဲ... သူ႔အဆင့္အတန္းကေတာင္မွ မင္းသား ဒါမွမဟုတ္ သခင္ေလး ရာထူးေတြကို ကိုင္ေဆာင္ထားတဲ့ အဲ့ဒီကေလးေပါက္ေတြထက္ အမ်ားႀကီး ျမင့္တက္သြားတာ.... သူတို႔က ေဒါသထြက္ရဲေပမယ့္လည္း ျပန္မေျပာရဲၾကဘူးေလ, အေၾကာင္းကေတာ့ သူတို႔အေနနဲ႔ အေနာက္ဖီးနစ္ ဧကရာဇ္ကို ေစာ္ကားဖို႔ မတတ္နိင္ၾကလို႔!
မဟာအႀကီးအကဲလန္ယြဲ႔သည္ မစဥ္းစားပဲ မေနႏိုင္ေတာ့ေပ။
ငါနဲ႔မ်ိဳးဆက္တူတဲ့ နယ္ေျမႀကီးကိုးခုက သားစဥ္ေျမးဆက္ေတြရဲ႔ က်င့္ၾကံမႈ အကုန္လံုးေပါင္းလိုက္ရင္ အရင္မ်ိဳးဆက္ေတြ ဒါမွမဟုတ္ မတိုင္မီက မ်ိဳးဆက္ေတြထက္ အမ်ားႀကီး သာလြန္ေနမွာကိုပဲ စိုးမိတယ္....
ထိုအခ်ိန္က ထူးခၽြန္ထက္ျမတ္သူေတြ အမ်ားအျပား ေပၚေပါက္လာၿပီး ၎တို႔က ဆြဲေဆာင္မႈလည္း ရွိသလို စြမ္းေဆာင္ရည္လည္း ျပည့္ဝၾကသည့္ ပါရမီရွင္မ်ားအျဖစ္ သတ္မွတ္လို႔ရႏိ္ုင္သည္။ သူတို႔ေတြကို တာအိုေခတ္ အဆံုးသတ္ၿပီးေနာက္ ေပၚေပါက္လာသည့္ ထိပ္တန္းတာအိုမ်ား၏ ပထမဆံုး ကာလဟုပင္ ေခၚေဝၚခဲ့ၾကသည္။ ထိုရလဒ္က ယိုမင္းနဲ႔ ဖုန္က်င္းယြီတို႔ၾကားမွာ 'ပံပိုးမႈ' နဲ႔ 'အက်င့္စာရိတၱပ်က္ျပားျခင္း' ဟူေသာ ထူးျခားသည့္ ေပါင္းစပ္မႈ၏ ခြဲထြက္မရႏိုင္တဲ့ ဆက္ဆံေရးတစ္ခု ျဖစ္လာေစသည္။
အဲ့ဒီလိုေျပာမွ ဒါက တကယ့္ကို ရယ္စရာေကာင္းတာပဲ
ဒါ့အျပင္ အေနာက္ဘက္ ဖီးနစ္ဧကရာဇ္ ဖုန္က်င္းယြီနဲ႔ နတ္ဆိုးအသွ်င္ ယိုမင္းတို႔ၾကားက ဆက္ဆံေရးက အရမ္းကို ေကာင္းမြန္တာေၾကာင့္ တူညီတဲ့ ေဘာင္းဘီရွည္ တစ္မ်ိဳးတည္းကိုပင္ အၿမဲတမ္း အတူတူ ဝတ္ၾကသည္။ ထို႔အတြက္ေၾကာင့္ ယန္က်ံဳးဟြားသည္ မေရမတြက္ႏိုင္ေသာ ရွာလကာရည္မ်ားအား စည္လိုက္ေသာက္ခဲ့ရသည္ေလ။
အတိတ္က ေတာက္ပတဲ့ အရာမ်ားအား ျပန္ေတြးမိေတာ့ မဟာအႀကီးအကဲလန္ယြဲ႔သည္ လက္ရွိကမာၻကေန ကင္းကြာသြားမိျပီး မေနႏိုင္စြာပဲ ျပံဳးခ်င္မိလာသည္။
တကယ္လည္း ျပံဳးလိုက္၏။
"ရႊမ္းဇီ, လူတစ္ေယာက္က ႏွစ္ရာခ်ီေအာင္ တစ္ေယာက္တည္း ေနလာၿပီးမွ ႐ုတ္တရတ္ သူ႔ကို စိတ္ရင္းမွန္နဲ႔ ဆက္ဆံတဲ့ မိတ္ေဆြတစ္ေယာက္ ရလာတဲ့အခ်ိန္မွာ အဲ့ဒီလူကို စိတ္ႏွလံုး အႂကြင္းမဲ့ စစ္မွန္စြာနဲ႔ ဆက္ဆံမိမွာ အေသအခ်ာပဲ, ယိုမင္းက နည္းလမ္းေပါင္းတစ္ေထာင္ေလာက္နဲ႔ ေၾကာက္စရာေကာင္းေပမယ့္ သူ႔မိတ္ေဆြေတြကိုေတာ့ အရမ္းကို စိတ္ရင္းမွန္ၿပီး ႐ိုးသားျဖဴစင္တဲ့ ႏွလံုးသားနဲ႔ ဆက္ဆံေလ့ရွိတယ္, ငယ္ငယ္ကတည္းက လစ္လ်ဴရွဳခံခဲ့ရၿပီး သဘာဝတရားရဲ႔ ျမင့္ျမတ္မႈေၾကာင့္ သူ႔ကိုယ္သူ အထင္ႀကီးေလးစားတဲ့ အေနာက္ဘက္ ဖီးနစ္ဧကရာဇ္က သူ႔ရဲ႔ သဘာဝ စိတ္သေဘာထားနဲ႔ ႐ိုးရွင္းလွတဲ့ စိတ္ထားေၾကာင့္ သူငယ္ခ်င္း တစ္ေယာက္ရတာကို အရမ္းေပ်ာ္ရႊင္ခဲ့တာ, အဲ့ဒါေၾကာင့္ ဖုန္က်င္းယြီက ယန္ထ်န္းဟန္ကို သစၥာေဖာက္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး"
လင္ရႊမ္းဇီမွာ အရႈပ္အေထြးထဲသို႔ က်ေရာက္သြားမိသည္။
ဖုန္က်င္းယြီလည္း မဟုတ္ဘူး၊ သူ႔အေဖလည္း မဟုတ္ဘူး.... အကယ္၍ ဆုမိုကလည္း အဲ့ဒီတုန္းကသာ အားဟန္ကို တိုက္ခိုက္ခ်င္ခဲ့တယ္ ဆိုရင္ ဒီအခ်ိန္ထိ ေစာင့္ေနစရာမလိုဘူး.... ယိုမင္းအတြက္ကေတာ့....
လင္ရႊမ္းဇီက မဟာအႀကီးအကဲ လန္ယြဲ႔အား ျဖည္းၫွင္းစြာၾကည့္လိုက္သည္။
"နတ္ဆိုးအသွ်င္ယိုမင္းက အခုဘယ္မွာလဲ?"
"အကယ္၍ သူသာ အားဟန္ကို တကယ္ပဲ သတ္ခ်င္တယ္ဆိုရင္ အဲ့ဒါက သူ႔အတြက္ေတာ့ လြယ္ကူလြန္းတယ္" သူက အဓိပၸါယ္နက္႐ွိဳင္းလွစြာျဖင့္ ျပန္ေျပာသည္။
လင္ရႊမ္းဇီက နားမလည္ႏိုင္ျဖစ္သြားေသာ္လည္း မဟာအႀကီးအကဲ လန္ယြဲ႔က သူ႔ကိုဆက္ၿပီး ရွင္းျပဖို႔ ရည္ရြယ္ခ်က္ မရွိေတာ့ေပ။
လင္ရႊမ္းဇီက ခဏေလာက္ စဥ္းစားလိုက္သည္။
"အဲ့ဒီလိုဆိုရင္ အားဟန္ဘယ္မွာလဲ ဆိုတာကို သိေနတဲ့ ေလးေယာက္လံုးက သူ႔ကိုဆန္႔က်င္စရာ ဘာအေၾကာင္းမွ မရွိဘူး...ဘယ္လိုလုပ္ အားဟန္က လိုက္သတ္ခံရတာလဲ?"
"တိုက္ႀကီးငါးတိုက္ထဲမွာ အေစာတုန္းကထည္းက အမွန္တရားကို သိေနတဲ့ ပိုက္ကြန္ထဲက ေလ်ာက်လာတဲ့ ငါးတစ္ေကာင္ ရွိေနလိမ့္မယ္, အဲ့ဒီလူက အေမွာင္ထဲမွာ ရွိေနတာတစ္ခုပဲ, ငါတို႔အေနနဲ႔ အခ်ိန္တစ္ခုအထိေတာ့ အဲ့ဒီလူက ဘယ္သူလဲ ဆိုတာကို ရွာဖို႔ခက္လိမ့္မယ္, ဒါေပမဲ့ သူ႔စြမ္းအင္ကေတာ့ အေတာ္ေလး ေကာင္းတယ္ေျပာရမယ္, နီေစြးျခယ္သတ္ျဖတ္ျခင္း အမိန္႔ဆိုတာက နတ္ဘုရားမ်ိဳးႏြယ္စု ေခါင္းေဆာင္ေတြရဲ႔ လက္ထဲမွာပဲရွိတဲ့ အသက္အႏာၱရယ္ ရွိလြန္းတဲ့ ကတ္တစ္ခုပဲ, ၿပီးေတာ့ ဘယ္သူမဆို ရႏိုင္တာမ်ိဳးမဟုတ္ဘူး"
ဒါ့အျပင္ အမိန္႔ႏွစ္ခုက တစ္ခ်ိန္တည္းလိုလို ခ်မွတ္ခဲ့တာ
နီေစြးျခယ္သတ္ျဖတ္ျခင္းအမိန္႔က နယ္ေျမႀကီးကိုးခုက မဟုတ္ပဲ တိုက္ႀကီးငါးတိုက္ကေန ေရာက္ရွိလာတာ.... ထိုသတင္းအခ်က္အလက္က လင္ရႊမ္းဇီအား အလြန္အမင္း စိတ္ပူပန္သြားေစသည္။
လင္ရႊမ္းဇီက ေနာက္တစ္ဖန္ ထပ္ေမးျပန္သည္။
"ဘာလို႔ ဆရာက က်န္းယြင္ရွီနဲ႔ လွ်ိဳေက်ာက္ယြဲ႔ကို မေျပာျပလိုက္တာလဲ?"
မဟာအႀကီးအကဲလန္ယြဲ႔က ျပန္ေျဖသည္။
"သူတို႔က ျပႆနာကို နားလည္ၿပီးသားမို႔လို႔ လင္က်န္နဲ႔ ယန္ထ်န္းဟန္ကို တိုက္ခိုက္တဲ့ေနရာမွာ အရမ္းေႏွးေကြးၾကတာေပါ့, အကယ္၍ ရွင္းျပရမယ္ဆိုရင္ သူတို႔ကို လွည့္ျဖားဖို႔အတြက္ လိမ္ညာရမယ္, ၿပီးေတာ့ အဲ့ဒီ အလိမ္အညာကို သက္ေသျပႏိုင္ဖို႔ တစ္ျခားအလိမ္အညာတစ္ခုကို ထပ္ေျပာရမယ္, ငါကေတာ့ အဲ့ဒီလို ပင္ပန္းႀကီးတဲ့ အရာမ်ိဳး မလုပ္ခ်င္ဘူး"
လင္ရႊမ္းဇီက စဥ္းစားလိုက္သည္။
ဒါက တကယ့္ကို မဟာအႀကီးအကဲလန္ယြဲ႔ ပံုစံပဲ
လင္ရႊမ္းဇီကေျပာသည္။
"တိုက္ႀကီးငါးတိုက္မွာ ရွိေနတဲ့ အတားအဆီးက....."
"မင္းရဲ႔ အဆင့္ကို နက္႐ွိဳင္းဘံုထိ ေရာက္ေအာင္ လုပ္လိုက္ဦး, ၿပီးမွ ငါတို႔ဆက္ေျပာၾကမယ္" မဟာအႀကီးအကဲလန္ယြဲ႔က ခပ္ဖြဖြ သက္ျပင္းခ်သည္။
"ငါေလ့လာမိသေလာက္ေတာ့ တိုက္ႀကီးငါးတိုက္ရဲ႔ ကံၾကမၼာက မင္းနဲ႔ တစ္နည္းနည္း သက္ဆိုင္ေနတယ္ ဒါေပမဲ့ အခုခ်ိန္မွာေတာ့ မင္းနဲ႔ ဘယ္ေလာက္ထိ ပတ္သတ္ေနလဲဆိုတာကို မျမင္ႏိုင္ေတာ့ဘူး, မင္းရဲ႔ က်င့္ၾကံဆင့္ မတိုးတက္လာခင္မွာ ဘာမွလုပ္လို႔မရဘူးဆိုတာကိုပဲ သတိရထားလိုက္"
"တပည့္နားလည္ပါၿပီ" လင္ရႊမ္းဇီက တုန္႔ျပန္သည္။
11.11.2021
===============