အရန်ဇာတ်ကောင်တစ်ယောက်၏အသက်ရှင...

By AvocadorableM

40.5K 3.7K 114

Author : 神田洛 12 Chapters (completed) Original Publisher jjwxc English translation Novel updates Associated... More

Chapter 1
Chapter 2
Ch 3
Ch 4
Chapter 6
Chapter 7.1
Chapter 7.2
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Zawgyi chapter 1
Zawgyi chapter 2
Zawgyi chapter 3
Zawgyi chapter 4
Zawgyi chapter 5
Zawgyi chapter 6
Zawgyi chapter 7
Zawgyi chapter 8
Zawgyi chapter 9
Zawgyi chapter 10
Zawgyi chapter 11
Zawgyi chapter 12

Chapter 5

1.6K 210 4
By AvocadorableM

ဒီလိုနဲ့ပဲ ဇာတ်ကြောင်းကြီးရှေ့ဆက်မသွားခင် သုံးလလောက်ဟာ သာယာငြိမ်းချမ်းတဲ့ ဘဝလေးဖြစ်ခဲ့တယ်။ တကယ်တော့ 'သာယာငြိမ်းချမ်းတဲ့ဘဝ' ဆိုတဲ့ စာလုံးမျိုးက ဇာတ်လိုက်ဆိုတဲ့ လူမျိုးနဲ့ လုံးဝမအပ်စပ်ဘူး။ သူရဲကောင်းမှန်ရင် စစ်ပွဲတွေ၊သတ်ဖြတ်မှုတွေနဲ့ဖရိုဖရဲ၊ ပရမ်းပတာအခြေအနေတွေကြားမှာပဲ ကြီးပြင်းလာရမှာ။ ဒီတော့ ဒီမှာလည်း ဒီနည်းအတိုင်းပဲ။ ဂိုဏ်းတွေတိုင်းမှာ တပည့်လေးတွေ ဟိုတယောက် ဒီတယောက်နဲ့ ပျောက်ပျောက်လာတယ်။ဂိုဏ်းက အကြီးအကဲတွေတောင် သတိထားမိတဲ့အထိ တဖြည်းဖြည်းနဲ့ ပျောက်နေတဲ့ တပည့်အရေအတွက်အရမ်းများလာတယ်။ ဒီတော့ အကြီးအကဲတွေက စုံစမ်းစစ်ဆေးဖို့ ဂိုဏ်းအသီးသီးကလူတွေလွှတ်ကြတယ်။ ပုံမှန်ဆိုရင်တော့ ကျုကျွယ်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှလုပ်စရာမရှိဘူး။ ဒါပေမယ့် အေးခဲတောင်ထိပ်ဂိုဏ်းရဲ့ တပည့်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါက ဒီစုံစမ်းစစ်ဆေးမှုရဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ရမယ်။ ပြီးတော့ ဒီအချိန်အတွင်းမှာပဲ ကျုကျွယ်က ဒီကိစ္စက သူ့ရဲ့ထူးဆန်းတဲ့အမေနဲ့ ပတ်သက်ဆက်နွယ်နေတယ်ဆိုတာ ဘယ်ကမှန်းမသိ သ်ိလာပြီး စုံစမ်းရေးအဖွဲ့ထဲ ပါခွင့်ရဖို့ တောင်းဆိုလိမ့်မယ်။ အခုဆိုရင်တော့ ကမ္ဘာတလွှားပြေးလွှားစုံစမ်းစစ်ဆေးကြမယ့်အဖွဲ့ထဲမှာ ဇာတ်လိုက်လည်း ပါလာပြီ။ အကြီးအကဲတွေအနေနဲ့ စုံစမ်းနေချိန်အတွင်း လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ၊တောင်းဆိုချက်တွေကို ငါ့ကိုပြောပြနေပေမယ့် တကယ်တမ်း ဘယ်သူကမှ အရေးကြီးတယ်လို့မသတ်မှတ်ကြဘူး။ ပျောက်သွားတဲ့တပည့်တွေအကုန်လုံးက ဟိုးလှေကားထစ်အောက်ဆုံးနားက အစွမ်းအစသိပ်မရှိတဲ့သူတွေချည်းပဲလေ။ ဒီအဖြစ်အပျက်က ဇာတ်လမ်းအတွက် အစပျိုးနေပြီဆိုတာ အားလုံးသိထားကြပေမယ့် ဘယ်သူကမှ ထုတ်ပြောမှာ မဟုတ်ဘူး။

ကျုကျွယ်က မြင်မြင်သမျှအရာအားလုံးကို စိတ်ဝင်တစားဖြစ်နေပြီး ဟိုဟာကို ထိုးကြည့်လိုက် ဒီဟာကို ဆိတ်ကြည့်လိုက်၊ ဟိုကြည့်ဒီကြည့်နဲ့။ တစ်ဆယ့်လေးနှစ်ဆိုတဲ့ အရွယ်က တကယ့်ကို ချစ်စရာကောင်းပြီး နှစ်သက်စရာဖြစ်နေတဲ့အပြင် ရုပ်ရည်ရူပကာပေါ်အခြေခံတဲ့ ဒီလောကကြီးမှာ ကျုကျွယ် ဟိုထိုးဒီထိုးလုပ်နေတာအပေါ် ဘယ်သူကမှ အပြစ်မမြင်ကြဘူး။ အခုချိန်ထိ ကျုကျွယ်ရဲ့ မျက်နှာက နူးနူးညံ့ညံ့လေးဖြစ်နေပြီး မရင့်ကျက်သေးပုံပေါ်တယ်။ ဒါက အရင်က အာဟာရချို့တဲ့ခဲ့လို့ဖြစ်နိုင်တယ်။ နောက်ပြီး ငါ ဖြည်းဖြည်းချင်းသူ့ကို အစာပမာဏတိုးတိုးကျွေးနေတော့ အရင်ကလောက် အရမ်းမပိန်တော့ပဲမျက်နှာလေးမှာလည်း အသားတွေပြည့်လာပြီး ဆွဲဆန့်လို့တောင်ရလာပြီ။ ဒါပေမယ့် သူ့နံရိုးတွေကို မြင်နေရတုန်းပဲ။ ကြွက်သားတွေလည်း မရှိသေးဘူး။ အခုတော့ ကျုကျွယ်ကသေးနေတုန်းပဲဆိုပေမယ့် သူလူပျိုဖော်ဝင်ချိန်ရောက်ခါနီးနေပြီ။ အဲ့ဒီအခါကျရင် သူက မြန်မြန်ဆန်ဆန် ကြီးထွားလာမှာပဲ။ ငါ ချိုးယွီကို 'ကလေးထိန်း'လုပ်ခဲ့ရတဲ့ နှစ်တွေကို ပြန်စဉ်းစားကြည့်မိတယ်။ ကလေးတွေက ကြီးပြင်းလာပြီဆိုရင် ငါ့စကားကို ဆက်နားထောင်ပါ့မလားဆိုတာ ဘယ်သူသိနိုင်မလဲ။ ပုန်ကန်ထကြွတတ်တဲ့ အရွယ်လေးတွေက တကယ်ကြောက်စရာကောင်းတယ်။

တကယ်တမ်းတော့ ကျုကျွယ်က တစ်ဆယ့်လေးနှစ်မကတော့ဘူးဆိုတာ ငါသိပါတယ်။ သူ့ရဲ့ အရင် ကမ္ဘာမှာဆို သူက နှစ်ဆယ့်ခြောက်နှစ်တောင် ရှိနေပြီ။ ငါတောင် သူ့ကို 'ဦးလေး' လို့ခေါ်ရမှာ။ ဒီတော့ ဆယ်ကျော်သက်တွေလိုမျိုး လူပျိုဖော်ဝင်ချိန်မှာ ပုန်ကန်ဖို့မရှိဘူးလိုတော့ ထင်ရတာပါပဲ။ အခုပြောမှ စဉ်းစားမိတယ်။ ကျုကျွယ်က အချိန်တိုင်းလိုလို မရင့်ကျက်သေးချင်ယောင်ဆောင်နေတာပဲ။ ထားပါ။ ဘယ်လို ဇာတ်လိုက်မျိုးပဲ ဖြစ်ဖြစ် သူက ငါ့ရဲ့ဇာတ်လိုက်ပဲလေ။ သူဟန်ဆောင်နေတာကို ငါအာရုံမထားပါဘူး။

စုံစမ်းရေးမှာ အလှည့်အပြောင်းတွေက တော်တော်များတယ်။ ချိုးယွီအပြင် ငါ၊ ကျုကျွယ်နဲ့ အေးခဲတောင်ထိပ်က တခြားတပည့်နှစ်ယောက်ပါတယ်။ အမှတ်စဉ်အတိုင်းခေါ်ရမယ်ဆို သူတို့က ဂျူနီယာ ၇၇ နဲ့  ဂျူနီယာ၃၈ ပဲ။ ငါ့အထင် ကျုကျွယ်က ၉၈ လောက် သွားကျမယ်။ အင်းပေါ့။ အေးခဲတောင်ထိပ်က ဂိုဏ်းကြီးတွေထဲကတစ်ဂိုဏ်းပဲလေ။ အခုတော့ ကျုကျွယ်က တပည့်လေးဆိုပေမယ့် အကြီးအကဲတွေရဲ့ တိုက်ရိုက်တပည့်မဟုတ်တဲ့ တခြားတပည့်တွေဆို အမှတ်စဉ် ၉၈ ထဲတောင် မဝင်ဘူး။ ချိုးယွီက ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးဆိုပေမယ့် သူက အေးခဲတောင်ထိပ်နဲ့ မဆိုင်ဘူး။ သူ့ဆရာက တခြားတနေရာက လေလွင့်နေတဲ့ အင်းဆက်ထိန်းသိမ်းသူဆရာတစ်ယောက်လေ။ ဂျူနီယာ ၇၇ ရဲ့ နာမည်က ပိုင်လျန် (ဟုတ်တယ်။ နင်တို့ထင်နေသလိုပဲ။ အဲ့ဒီ ကြာပန်းဖြူဆိုတဲ့ တရုတ်စာလုံး ) သူက သူ့နာမည်သူ ကြိုက်နေတဲ့ယောင်္ကျားလေးတစ်ယောက်။ မျက်နှာရော လူရော သေးသေးကွေးကွေးလေး။ သူ့ရဲ့ ကာရိုက်တာဆက်တင်က အင်မတန်ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့တဲ့ ကြာပန်းဖြူလေးလို ကလေးပဲ။ အင်း။ သူက ကောင်းတယ်။ တော်တော်လေးကောင်းတဲ့အပြင် ကြမ်းကြမ်းတမ်းတမ်းတစ်ခုမှ မရှိဘူး။ အရမ်းလည်း စိတ်ရှည်သည်းခံတတ်သေးတယ်။ ဂျူနီယာ ၃၈ က ပိုင်လိချွမ်လို့ခေါ်တယ်။ သူက အရပ်ရှည်ရှည်နဲ့ ဝမ်းတွင်းမည်းတစ်ယောက်။ သူက မွေးကတည်းက စဉ်းစားဆင်ခြေဉာဏ်မရှိတဲ့ မိုက်မဲတဲ့သူမဟုတ်ဘူး။ ဒီတိုင်း ..... စိတ်တိုလွယ်တဲ့သူပဲ။

အခုတော့ ဇာတ်ကြောင်းအရ ငါတို့ ဆောင်ကြာမြိုင်ကို သွားနေကြတယ်။

ဘာလို့ ဆောင်ကြာမြိုင်လဲ ? ဘာလို့ဆို ငါတို့ သတင်းအချက်အလက်တွေ လိုတယ်လေ။ ပြီးတော့ ပြည့်တန်ဆာအိမ်မှာ သတင်းအချက်အလက်တွေ အင်မတန်ပေါတဲ့ လူတစ်ယောက်ရှိတယ်။ အိုး ... ဘယ်သူများလဲ? သေချာပေါက်ကို ပြည့်တန်ဆာအိမ်ရဲ့ သူဌေးပဲလေ။ စာရေးသူကတော့ အဲ့လိုပြောတာပဲ။ ဒါပေမယ့် ငါသိနေတယ်။ စာရေးသူက တကယ်တော့ ဇာတ်လိုက်ကို ဒီနေရာကကောင်မလေးတွေအများကြီးနဲ့ 'သိကျွမ်း'စေချင်တာ။ မတတ်နိုင်စွာနဲ့ ငါနည်းနည်း မနာလိုဖြစ်မိတယ်။ တကယ် နည်းနည်းလေးပါ။

ဒီလိုနဲ့ ငါ ကျုကျွယ်ကို ဒီထူးဆန်းတဲ့ သူဌေးဆီခေါ်သွားခဲ့တယ်။ ငါက သူဌေးနဲ့ သိပြီးသားဖြစ်တဲ့အပြင် ဒီပြည့်တန်ဆာအိမ်ကို မကြာခဏလာလည်တယ်လေ။ ငါ မိန်းမပွေချင်လို့သေချာပေါက်မဟုတ်ဘူးနော်။ ငါ့ဆရာကြောင့်။ ငါ့ဆရာက စိတ်အပြောင်းအလဲမြန်တဲ့ မိန်းမလိုက်စားသူတစ်ယောက်လေ။ သူ့ဘဝရဲ့ အချိန်တော်တော်များများကို ပြည့်တန်ဆာအိမ်မှာပဲ ကုန်ဆုံးနေတာ။ ငါ့အသက် ငါးနှစ်အရွယ်တုန်းက ငါ့ကို ငါ့ဆရာက ကောက်လာခဲ့တာ။ ပြီးတော့ သူက ကလေးမထိန်းတတ်ဘူး။ ငါ့ကို ဒီအတိုင်း ကျွဲ၊ နွားမွေးသလိုပဲ ကြီးအောင်မွေးလာတာ။ တခါတလေဆို ငါ့ကိုပါ ပြည့်တန်ဆာအိမ်ခေါ်လာတတ်သေးတယ်။ နောက်တော့ ငါ့အနေနဲ့ ပြည့်တန်ဆာအိမ်ဆိုရင် ငါ့ပါးကို ကိုင်ရတာကြိုက်တဲ့ မမလှလှလေးတွေ အများကြီးရှိပြီး ငါစားဖို့မုန့်တွေပေးတဲ့နေရာလို့ပဲ မှတ်မိတော့တယ်။ ဒီက မမနဲ့ ညီမလေးတွေက ငါ့ကို တကယ်ကောင်းကောင်းဆက်ဆံကြတယ်။ ငါကြီးလာတဲ့အထိ တခါတလေ ဒီကို ပြန်ပြန်လာတတ်တယ်။ မင်းတို့ သိတဲ့ ဟိုစကားနဲ့ပြောလို့မရတဲ့ အရာတွေတွက်တော့မဟုတ်ဘူး။ ငါ့ဆရာက အခုလက်ရှိ သူဌေးရဲ့အဖေနဲ့ သိတယ်လေ။ ဒီတော့ ငါလည်း သူဌေးနဲ့ သိနေတယ်။ သူဌေးက နှစ်ဆယ့်လေးနှစ်ရှိပြီ။ သူက ငါ့ထက် လေးနှစ်စောတဲ့ စီနီယာတစ်ယောက်ပဲ။ ငါတို့က အသိမိတ်ဆွေဖြစ်ပြီး ငါနဲ့ယှဉ်လိုက်မယ်ဆိုရင် သူက အရပ်ရှည်၊ချမ်းသာပြီးချောမောတဲ့ ကာရိုက်တာဆက်တင်နဲ့ သူက ငါ့ထက်တောင် ပိုလိုက်သေးတယ်။ သူက ပြည့်တန်ဆာအိမ်ကို ပိုင်တယ်လေ။ ရိုးရိုးပြည့်တန်ဆာအိမ်တောင်မဟုတ်ဘူး။ လုပ်ငန်းမှတ်ပုံတင်ရထားပြီး နိုင်ငံအနှံ့ ဆိုင်ခွဲတွေတောင်ရှိတယ်။ ဒါ့အပြင် ဟိုစပ်စပ်ဒီစပ်စပ်ဆိုသလိုပဲ သူတို့ဆီမှာ စားသောက်ဆိုင်တွေ၊ လောင်းကစားရုံတွေ၊ လေလံအိမ်တွေနဲ့ တခြားအများကြီးပဲ။ ကဏ္ဍအသီးသီးကလုပ်ငန်းတွေ အများကြီးရှိတယ်။ နိုင်ငံ့စီးပွါးရေးက သူတို့မိသားစုလက်ထဲရှိတယ်လို့တောင် ပြောလို့ရတယ်။ သူဌေးနာမည်က ဟွားချုံကျင်း။

နာမည်ကြားရုံနဲ့တင် မင်းသိနိုင်တယ်။ သူက *သန်မာတဲ့ အကိုကြီးပုံစံမျိုးမဟုတ်ဘူး။ ဒီဒုတိယသခင်လေးက အမြဲလိုလို ပန်းပွင့်အကြီးကြီးတွေ ဆီးကွင့်ထိုးထားတဲ့ ၊ကြော့ရှင်းတဲ့အနီရောင်ဝတ်စုံကို ဝတ်လေ့ရှိတယ်။ ဒါက သိပ်ပြီးတော့ အာရုံမလာတဲ့ဝတ်စားမှုမျိုးဆိုပေမယ့် ဒီ ဟွားချုံကျင်း က ချောတယ်လေ။ ဒီလို အဝတ်မျိုးကို ဝတ်တာတောင် ဖက်ရှင်မကျမဖြစ်ပဲ ပိုတောင် ချောမောသွားသေးတယ်။ အခုငါတို့ရှာနေတာ သေချာပေါက်ကို သူပဲ။

၇၇၊၃၈ နဲ့ ချိုးယွီတို့က တည်းခိုခန်းထဲမှာပဲ နေခဲ့ပြီး မလိုက်လာဘူး။ ၇၇ ပြောတာတော့ "မိန်းမတွေက အာရုံနောက်တယ်၊ ငါမသွားဘူး" တဲ့။ ၃၈ ကလည်း သူနဲ့ရင်းနှီးတော့ သူလည်း မလိုက်ဘူး။ ပြီးတော့ သေချာပေါက်ကို မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ချိုးယွီက ပြည့်တန်ဆာအိမ်ကို သွားဖို့မသင့်တော်ဘူးလေ။ ဒီလိုနဲ့ နောက်ဆုံး ကျုကျွယ်နဲ့ ငါပဲ သွားရတာပေါ့။
ဒုတိယသခင်လေးရဲ့ ဆောင်ကြာမြိုင်က 'မြူးမြူးကြွကြွပန်းပွင့်လေးများ' လို့ အမည်ရပြီး မြ်ို့ရဲ့ အချက်အချာ စီးပွါးရေးကောင်းတဲ့နေရာမှာ ရှိတယ်။ ငါတို့ တည်းခိုတဲ့နေရာကနေ အလွယ်လေးလျှောက်သွားရုံပဲ။ ပြီးတော့ သွားတဲ့လမ်းတလျှောက်လုံး ကျုကျွယ်က ငါ့င်္အကျီလက်ကို ဆွဲထားတယ်။ သူဘယ်လောက်ထိ ထိရှလွယ်နေဆိုတာမြင်ရတော့ ငါသူ့ရဲ့လက်သေးသေးလေးကို ငါ့လက်တွေနဲ့အုပ်ကိုင်ထားပေးလိုက်တယ်။ တစ်ဆယ့်လေးနှစ်ပဲရှိသေးတဲ့ ကလေးဆိုတော့ လက်လေးတွေက နူးနူးညံ့ညံ့လေး။ အမြဲ ဓားရေးလေ့ကျင့်နေရတဲ့ ငါ့ရဲ့အသားမာတက်နေတဲ့ လက်နဲ့တခြားစီပဲ။ ဒီနူးနူးညံ့ညံ့ကလေးရဲ့ကိုယ်ထဲမှာ ဦးလေးကြီးတစ်ယောက်ရဲ့ဝိဉာဉ်ရှိနေတယ်ဆိုတာ သိထားရတာက တကယ် မယုံနိုင်စရာကောင်းလွန်းတယ်။ 

'မြူးမြူးကြွကြွပန်းပွင့်လေးများ' ကိုရောက်တာနဲ့ တံခါးမှာ ရပ်နေတဲ့ မိန်းကလေးတချို့ကို တွေ့လိုက်ရတယ်။ ငါ့ကိုသိတဲ့ မိန်းကလေးနှစ်ယောက်က ဝမ်းသာအားရ လှမ်းပြီးလက်ပြနှုတ်ဆက်တယ်။ ကျန်တဲ့ နှစ်ယောက်က သိပ်မရင်းနှီးသလိုပဲ။ ကြည့်ရတာ အသစ်ရောက်လာတဲ့အလှလေးတွေနေမယ်။ ကျုကျွယ်က မိန်းကလေးနှစ်ယောက် ဝမ်းသာအားရနှုတ်ဆက်လာမှာကို မမျှော်လင့်ထားဘူး။ သူက ခဏတော့ လန့်သွားပြီး ငါ့ကို ကြည့်လာတယ်။ ငါလည်း ငါ့အဝတ်အစားကို သေသေသပ်သပ်ဖြစ်အောင် ပြင်ဆင်လိုက်ပြီး သူတို့ဆီ သွားလိုက်တယ်။ ဖန်းလျှို့နဲ့ လုယဲ့က ငါ့တစ်ဖက်စီကိုရောက်လာပြီး နွေးနွေးထွေးထွေးပွေ့ဖက်နှုတ်ဆက်လေတယ်။

"ရှောင်းဖုန်း.... မတွေ့ရတာကြာပေါ့။"

ကျုကျွယ်က ငါ့လက်ကိုကိုင်းထားပြီး ကြောင်ကြည့်နေတယ်။ ငါလဲ ဒီ မိန်းမလှလေးနှစ်ယောက်ကို ကျုကျွယ်နဒ့ မိတ်ဆက်ပေးလိုက်တယ်။

"ဒါ ကျွန်တော့်ရဲ့ ဂျူနီယာ။"

လုယဲ့က ပျော်ပျော်ရွှင်ရွှင်နဲ့ ငါ့ကိုဖက်ထားရာကနေ ကျုကျွယ်ကို တင်းတင်းကြပ်ကြပ်သွားဖက်တယ်။ ကျုကျွယ်ရဲ့ခေါင်းက သူမရဲ့ရင်နှစ်မွှာထဲနစ်သွားတဲ့အထိ အားရပါးရဖက်ကာ

"ဒါက ဂျူနီယာတပည့်လေးပေါ့။ ဒါဆို မမတို့က သေချာကြိုဆိုပေးရမှာပေါ့။"

ငါလည်း ကျုကျွယ်ကို ပြန်ဆွဲလိုက်ပြီး

"ဒီဂျူနီယာလေးက အစအနောက်မခံနိုင်ဘူး။"

ကျုကျွယ်ကလည်း ပူးပေါင်းတဲ့အနေနဲ့ သူ့ခေါင်းကို ငုံထားတယ်။ ဒါပေမယ့် သူက တကယ်တော့နှစ်ဆယ့်ခြောက်နှစ်တောင်ရှိနေပြီး ဒါကို ရှက်သွေးဖြာနေမှာမဟုတ်တာကို ငါသိတယ်။ လုယဲ့ကလည်း စနောက်နေတာရပ်လိုက်ပြီး ငါတို့ကို အထဲခေါ်သွားပေးတယ်။ သွားနေရင်းနဲ့ ဘေးက ဖန်းလျှို့ကို ငါမေးလိုက်တယ်။

"ဒီနေ့ ချုံကျင်းဒီကိုလာလား။"

ဖန်းလျှို့က ခေါင်းငြိမ့်ပြီး ပြန်ဖြေတယ်။ ငါဆက်မပြောခင်မှာ ကျုကျွယ်က မျက်မှောင်ကြုတ်ပြီး မေးလာတယ်။

"ကျွန်တော်တို့က ဒီနေရာရဲ့ အလှထိပ်ခေါင်ကို သွား​တွေ့မလို့လား။"

"....ဘာလို့ အလှထိပ်ခေါင်လဲ။"

ငါနည်းနည်း ခေါင်းရှုပ်သွားတယ် ကျုကျွယ်က ရှုတည်တည်ရုပ်နဲ့ပြန်ဖြေတယ်။

"ဝူရှဝတ္ထုတွေမှာဆို ဒီလိုပဲရေးကြတယ်လေ။"

"အဲ့ဒီ ထူးဆန်းတဲ့ ဝတ္ထုတွေကို မဖတ်နဲ့တော့။"

ပြောနေရင်းနဲ့ပဲ အထဲက အော်သံတစ်ချို့ထွက်လာတယ်။ ကြည့်ရတာ အလှထိပ်ခေါင်လေး ယင်းမိန်ရောက်လာပြီထင်တယ်။ ငါ ခေါင်းမော့လိုက်ပြီး ဒီနေ့ ဒီနေရာက မန်းကလေးတွေ ဝတ်ထားတာထက် လှပကြော့ရှင်းတဲ့ အနီရောင်ဝတ်စုံနဲ့လူ အပေါ်ထပ်ကနေ ဆင်းလာတာကို ကြည့်လိုက်တယ်။ ဟွားချုံကျင်းက လှေကားကနေ တစ်လှမ်းချင်း ဆင်းလာပြီး ဆွဲဆောင်မှုရှိတဲ့အပြုံးနဲ့ မေးလာတယ်။

"ဒါက မုဖုန်း မဟုတ်လား။ ဘာကိစ္စရှိလို့လဲ။"

...ဒုတိယသခင်လေးဟွားက  အရင်ကလိုပဲ တည်တည်တံ့တံ့မရှိဘူး။ သူလည်း ငယ်ငယ်တုန်းက တကယ့်ကို သောက်ကလေးလေး ဖြစ်ခဲ့တာ။

လောလောဆယ် ကျုကျွယ်က သူ့တစ်ကိုယ်လုံး ငါ့ပေါ်တက်မတတ်ပဲ။ သူ့ပုံစံအရ ဒီလိုနေရာမျိုးကို သူတစ်ခါမှရောက်ဖူးတဲ့ပုံပေါ်မနေဘူး။ ဒီတော့ ငါ့အနေနဲ့ သူဌေးတစ်ယောက်ကို လက်အောက်ငယ်သားက ဟိုဟိုဒီဒီလိုက်ပြပေးနေရသလို ခံစားရတယ်။ ဒီအခြေအနေက ဇာတ်လိုက်အတွက်ဂွင်ဖန်ပေးတဲ့ အခန်းဖြစ်ပေမယ့် ငါ့အင်္ကျီကို ဆွဲထားပြီး ငါ့အနားပဲ ကပ်နေတဲ့ ရိုးသားတဲ့ ငါတို့ဇာတ်လိုက် ကျုကျွယ်ရဲ့ တုံ့ပြန်မှုတွေကို ကြည့်ရင်း ငါချီးကျူးချင်လာတယ်။ အကိုကြီးတစ်ယောက်ရဲ့ပုံစံအနေနဲ့ ငယ်ရွယ်တဲ့ညီလေးက နာခံမှုရှိနေတာက အရမ်းကို ကျေနပ်အားရဖွယ်ကောင်းတယ်။ ယုံကြည်အားထားခံရတာက အချစ်ခံရတာထက် ပိုကောင်းတယ်လေ။ ဒါပေမယ့်လည်း  ဒီလိုဝတ္ထုထဲရောက်နေတဲ့အတွက် ငါ ငါတို့ဇာတ်လိုက်ရဲ့ အနာဂတ်မောင်းမဆောင်ကြီးကို စိုးရိမ်လာတယ်။ နေပါဦး။ ကျုကျွယ်က တကယ်တော့ နှစ်ဆယ့်ခြောက်နှစ်လေ။ ချစ်စရာကောင်းနေရတာက ပင်ပန်းမှာပဲ။

ငါစဉ်းစားနေတုန်း ဒုတိယသခင်လေးဟွားက ငါ့အရှေ့ကို ရောက်လာနေပြီ။ သူက ကျုကျွယ်ထက်ပိုဖြူဖွေးတဲ့ သူ့လက်နဲ့ ငါ့မေးကို ဆွဲမော့လိုက်ပြီး

"မုဖုန်း။ အနမ်းတစ်ပွင့်လောက်။"

ဒီလိုမျိုး ငါ့ကို သူစနောက်နေတာ ဒါပထမဆုံးမဟုတ်ဘူး။ ငါကလည်း သူစနောက်တာနဲ့ ကျင့်သားရနေပြီ။ကျုကျွယ် ငါ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်တာခံစားမိပေမယ့် အခုချိန်မှာ ငါသူ့ကို ဂရုမစိုက်အားဘူး။ ဒုတိယသခင်လေးဟွားရဲ့ လက်ကိုပုတ်ထုတ်ပြီး

"ဒီမှာ လူတွေ အများကြီးရှိနေတယ်။"

"အာ ~ ဒါဆို လူတွေမရှိရင် မင်းကို ကိုယ်နမ်းလို့ရတယ်လို့ ဆိုလိုချင်တာလား။"

"မရဘူး။"

"ကိုယ့်ကို ဘယ်လိုတောင်လုပ်ရက်တာလဲ မုဖုန်းရယ်။ ဒီလို သူငယ်ချင်းကောင်းတွေဖြစ်နေတာကို ကိုယ့်ကို ခုလိုဆက်ဆံရက်တယ်။"

"ခေါက်ထားလိုက်။ ငါဒီနေ့ အရေးကြီးကိစ္စနဲ့လာခဲ့တာ။"

ချုံကျင်းက ချွဲပျစ်ပျစ်လေသံနဲ့ ဆက်ပြောတယ်။

"ကိုယ့်ကို တစ်ခေါက်လောက်တော့ နမ်းလေကွာ ~ တစ်ခေါက်ပဲလေ ~"

ပြောရင်းနဲ့ ချုံကျင်း အနောက်ဘက်က အခန်းထဲဝင်သွားတယ်။ ချုံကျင်းက သူဘာလုပ်နေလဲဆိုတာ သူသိတယ်။ ဒီတော့ ငါလည်း သူ့အနောက်ကို လိုက်သွားမလို့လုပ်တုန်း ငါ့လက်ကောက်ဝတ်ဆီကနေ ထပ်အဆွဲခံလိုက်ရတယ်။ ငါလှည့်ကြည့်တော့ ကျုကျွယ်က စိတ်လှုပ်ရှားကြောက်ရွံ့နေတဲ့ပုံနဲ့ ပြောလာတယ်။

"ခင်ဗျား မသွားသင့်ဘူး။"

"ဘာလို့လဲ။"

"အဲ့ဒီလူက ခင်ဗျားကို နှောင့်ယှက်လိမ့်မယ်။"

"ချုံကျင်းက သူဘာလုပ်နေလဲ သူသိပါတယ်။"  ...... ပြီးတော့ သူက ငါ့ကို နိုင်အောင်မချနိုင်ဘူးလေ။

"မသွားရဘူးဆို မသွားရဘူးပဲ။"

"မင်းက စီနီယာလား ငါကစီနီယာလား။"

"ရှစ်ရှုံး..."

ကျုကျွယ်က မျက်ရည်တွေဝေ့လာလေတယ်။

ချစ်ဖို့ကောင်းချင်ယောင်ဆောင်တာက အသုံးမဝင်ဘူး။ မင်းအထဲမှာက ဦးလေးကြီးတစ်ယောက်ဆိုတာ ငါသိနေတယ်။

သူဘာကို စိုးရိမ်နေလဲဆိုတာ အခုငါမသိချင်သေးဘူး။ ကျုကျွယ်လည်း သူ နှုတ်ခမ်းကိုထော်ပြီး ချစ်ဖို့ကောင်းအောင်လုပ်ပြနေတာက အလုပ်မဖြစ်ဘူးဆိုတာ ရိပ်မိသွားပြီး စိတ်ဓာတ်ကျတဲ့ပုံပေါ်လာတယ်။ နောက်တော့ ငါ့အင်္ကျီလက်ကို ဆွဲထားရင်းပဲ ငါတို့နှစ်ယောက်လုံး အနောက်ဖက်အခန်းထဲ လျှောက်သွားတော့တယ်။
**************
စာရေးသူမှာ ပြောစရာရှိတယ်။

ငါ ဟို့ထန်အစား ဟို့ထင်လို့ရေးမိတော့မလို့။
ဟို့ထင်ဆီ အတူသွားတယ် ........ ဘယ်လောက်လူကြီးလူကောင်းဆန်လိုက်သလဲ။

*******

ထပ်ဆင့် ဘာသာပြန်သူမှာပြောစရာရှိတယ်။

后庭 - ဟို့ထင် - လူတစ်ယောက်ရဲ့ အနောက်ပေါက်
后堂 - ဟို့ထန် - တရုတ်ရိုးရာ အဆောက်အဦးတွေမှာပါတဲ့ အခန်းလွတ်။ သီးသန့်အစည်းအဝေးတွေလုပ်ရင်သုံးတာ။

Continue Reading

You'll Also Like

91.2K 14.1K 17
Original Author - Yan ZhaoMu 言朝暮 Eng Translator - Sakhyulations & A Splash Of Novel You can read eng translation here https://www.novelupdates.com/se...
54.7K 6.7K 7
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ This is just a fun translation. I do not own the novel. All credits go to the orig...
48.3K 3.8K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
391K 49.9K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...