ဗီလိန်ကြီးကို မြူဆွယ်မယ်

Від phyothuthutun

9K 794 33

host မလုပ်ဘူးဆိုရင် hostရဲ့ စာအုပ်တွေနဲ့သူငယ်ချင်းတွေကိုနှုတ်ဆက်ရမှာနော် 😫ငါကအဖြောင့်ကွ ဘာလို့ ယောကျာ်း တစ်ယ... Більше

Intro
intro (2)
1.2
1.3
1.4
1.5
1.6
1.7
1.8(End)

1.1

956 86 1
Від phyothuthutun

Unicode

ယန်ဂျင်းနိုးထလာတော့ သူစာသင်ခန်းထဲရောက်နေတာကိုသတိထားမိလိုက်သည်
ဒါပေမယ့် ကျောင်းသားတွေက ဘာလို့
ကျောင်းသားပုံစံပေါက်မနေပါလိမ့်

အားလုံးက ခပ်မိုက်မိုက် ခပ်ဆိုးဆိုးပုံပေါက်နေကြသလို ဘဲ
သူတို့အားလုံးထဲက တစ်ယောက်ကတော့
အင်း သူ့ကို ယန်ဂျင်းသိနေသလိုဘဲ ဘယ်မှာမြင်ဖူးနေပါလိမ့် ဆံပင်ကိုလဲဂျယ်လ်နဲ့ထောင်ထားသလို နားကပ်တစ်ဖက်နဲ့ ကျောင်းဝတ်စုံကလဲ ကြယ်သီးတွေအကုန်တပ်မထား
ဒါပေမယ့်လည်း ချောနေတုန်းခန့်နေတုန်း
လောကကြီးကလဲဘက်လိုက်ချက်ပဲ

ဒါဆိုငါကကော ချောလားမသိ

'system လေးရေ ငါ့ရုပ်ကကောချောလားဟင်ဘယ်လိုနေလဲ'

'အော် host ရယ် အရင်ဆုံး ဒီကမ္ဘာရဲ့ဇာတ်ကြောင်းတို့ host လုပ်ရမယ့် mission တို့အဲ့တာလေးတွေအရင်သိအောင်လုပ်ပါ နော်'

'ပို့လိုက်တော့ ရပီ ဇာတ်ကြောင်း'

'ဟမ့်သူ လိုချင်တော့လည်းချက်ချင်း'

ယန်ဂျင်းခေါင်းထဲကိုအချက်အလက်ပေါင်းများစွာဝင်လာတာနဲ့အမျှ ခေါင်းက မခံရပ်နိုင်အောင်နာကျင်လာတာမို့ ရှေ့ကစားပွဲခုံပေါ်သို့မှောက်ချလိုက်ရတော့သည်

သူအချက်အလက်တွေကိုဖတ်ကြည့်တော့

ဒီကမ္ဘာက သာမန်ကမ္ဘာမျိုးပဲဖြစ်ပီး
ဆရာနဲ့ကျောင်းသားအချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်

ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ စိတ်ထားကောင်းနူးညံ့တဲ့ဆရာမလေးတို့ရဲ့ဇာတ်လမ်းလေးပေါ့

ဇာတ်လိုက်က ဂိုဆောင်ချန်း ဖြစ်ပီးတော့ သူဟာငယ်ငယ်တည်းက မိဘနှစ်ပါးရဲ့ လျစ်လျူရှူမှုကြောင့် ဆိုးသွမ်းနေတာဖြစ်သည်

သူ့မိဘနှစ်ပါးလုံးဟာ ကိုယ်စီကိုယ်စီ အလုပ်ရှုပ်နေကြပီး သူ့ကိုဂရုစိုက်ဖို့ အာရုံမရှိကြ ကြာတော့
အာရုံစိုက်ခံချင်တဲ့အတွက် ရန်တွေဖြစ် ဆိုးသွမ်းလာတော့သည်

သူ့အသက် 20 နှစ် အထက်တန်းကျောင်းကိုမအောင်သေး မဟုတ် မအောင်အောင်တမင် လုပ်တာဆိုပိုမှန်မည်
သူတို့ရဲ့အတန်းက ဆရာအားလုံးရဲ့ဖယ်ကျဥ်ခြင်းခံထားရသည်
ဆောင်ချန်းက တစ်ခန်းလုံးရဲ့ ခေါင်းဆောင်ဖြစ်ပီးတော့ သူ့အကြောင်း နားလည်ပေးပီး
သူဘာခိုင်းခိုင်းလုပ်ပေးတတ်တာကတော့
မူလကိုယ် ဂျီဟွန်းပင်
တကယ်တော့ ဂျီဟွန်းက ဆောင်ချန်းရဲ့စိတ်ကိုနားလည်ပေးသည့်အပြင် သူဘယ်လိုခံစားနေလဲသိတဲ့အတွက် ကရုဏာသက်ခဲ့တာဖြစ်သည်
ဂျီဟွန်းရဲ့ စိတ်ဆန္ဒက ဆောင်ချန်းအပေါ် ညီရင်းအကိုရင်းတစ်ယောက် လိုထားရှိကြောင်း
အကုန်လုံးမြင်နိုင်ကြလိမ့်မည်
ဆောင်ချန်းကလည်း အဲ့တာကိုအသိအမှတ်မပြုခဲ့ပေမယ့် သူတို့နှစ်ယောက်ဆက်ဆံရေးကတော့အဆင်ပြေနေခဲ့သည်

ဒါပေမယ့် ဇာတ်လိုက်မ ရောက်လာချိန်မှာတော့

သူမနာမည်က ဂျောင်းနိုရာ သူမက
သူတို့ကျောင်းကို ဆရာမ အဖြစ်ရောက်လာခဲ့တယ်
သူမဟာ ဆင်းရဲပီး နောက်ခံမရှိတဲ့အတွက် ဆရာတွေအားလုံး မဝင်ချင်ကြတဲ့
ဇာတ်လိုက်တို့အတန်းကို တာဝန်ယူရတော့တယ်

သူမ ဆောင်ချန်းတို့အတန်းထဲဝင်လာတဲ့အခါ

သူမဟာ ကျားဂူထဲကိုဝင်လာတဲ့ သိုးငယ်လေးလိုပဲ တုန်ရီနေပေမယ့် သူမကိုယ်သူမအတတ်နိုင်ဆုံး ထိန်းထားပုံက တကယ်ကိုပဲ
ရင်သပ်ရှုမော ဖွယ်ကောင်းလွန်းနေသည်

သူမ နှုတ်ဆက်စကားပြောတော့ ဂျီဟွန်းက
ဆောင်ချန်းဟာ တခြား ဆရာမတွေလိုပဲ
ဂျောင်းနိုရာအပေါ် သဘောထားသည်လို့ထင်မှတ်ကာ စနောက်တော့သည်
သူ့ရဲ့စနောက်မှုက မပြင်းထန်ပေမယ့်
ဆောင်ချန်းရဲ့အမြင်မှာတော့ အရမ်းကို
အပြစ်ကြီးမားသွားတော့သည်
ဆောင်ချန်းဟာအားလုံးကိုဆော်သြလိုက်သည်
ဂျောင်းနိုရာကိုဆရာမ အဖြစ် အသိမှတ်ပြု
ဖို့ကိုပေါ့
ဂျီဟွန်းအတွက်ကတော့ ဆောင်ချန်း က
ဂျောင်းနိုရာကိုပဲ လွဲအပ်လိုက်သည် အပြစ်ပေးဖို့

အဲ့ဒီ့အချိန်ကစ ပီး ဂျီဟွန်းနဲ့ ဆောင်ချန်းဟာ အရင်လိုမဟုတ်တော့
ဆောင်ချန်းအနေနဲ့ ဂျီဟွန်းအပေါ် ဒေါသတကြီးကန်ကျောက်ခြင်းက တော်သေးသည်
ဒါပေမယ့် သူက ဂျီဟွန်းကိုရှိတယ်လို့တောင်မသတ်မှတ်တော့တာဖြစ်သည်

ပြသာနာက အဲ့ဒီမှာအဆုံးမသတ်သေး

ဂျောင်းနိုရာ ကအတန်းထဲကလူတွေ စာ လိုက်နိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ တချို့တဝက်ကို အချိန်ပိုခေါ်သင်သည်

ဂျီဟွန်းလည်း အဲ့ဒီထဲမှာပါဝင်နေတာကြောင့်
တက်ရောက်ရသည်

အဲ့ဒီ့နေ့မှထူးထူးခြားခြားမိုးအုံ့နေသည့်အပြင်
အငွေ့အသက်တွေကလည်းမကောင်း

ခဏကြာတော့ မီးပျက်သွားပီး စာသင်ခန်းတစ်ခုလုံးအမှောင်ကျသွားတော့သည်
ဖြစ်ပျက်သွားတာတွေကမြန်လွန်းလို့
ဘာမှမသိလိုက်ခင်မှာပဲ မီးကပြန်လာနေပီး
ဆောင်ချန်းကလဲ နိုရာ ဘေးမှာရှိနေကာ
သူမ ရဲ့အဝတ်တွေကစုတ်ပြဲနေပီး
ငိုကြွေးနေတာကိုတွေ့လိုက်ရသည်
ဂျီဟွန်းကိစ္စတွေကို သဘောပေါက်ဖို့အချိန်ယူနေတုန်းမှာပဲ

နိုရာက ဆောင်ချန်းကိုတစ်ခုခုပြောလိုက်ပုံရပီး
ဆောင်ချန်းက သူ့ကို ဒေါသတကြီး ထိုးကြိတ်တော့သည် သူရှင်းပြဖို့လုပ်ပေမယ့်
အရာမရောက် နောက်ဆုံး သူတော်တော်အထိနာပီးမှ ဂျောင်းနိုရာက ဆောင်ချန်းကိုဝင်တားတော့သည်
အဲ့တော့မှကျန်တဲ့သူတွေကလည်း ဂျီဟွန်း
ကိုဆေးရုံပို့ပေးတော့သည်

ဂျီဟွန်း ရက်အတော်ကြာ လအတော်ကြာ
နှစ်အတော်ကြာဆေးရုံတက်ခဲ့ရပေမယ့်
သူ့ရဲ့ ဒဏ်ရာတွေက ပျောက်ကင်းသွားခြင်းမရှိတဲ့အပြင် ပိုပိုတိုးပွားလာခဲ့သည်
သူ့ရဲ့ ခြေတွေလက်တွေလှုပ်မရတော့တဲ့အပြင် စကားတောင်မပြောနိုင်တဲ့အခြေအနေရောက်ရှိသွားခဲ့သည်

တစ်နေ့သူသတိရတစ်ချက်မရတစ်ချက်ဖြစ်နေတဲ့အချိန်မှာ
သူ့အခန်းထဲကို လူနှစ်ယောက်ဝင်လာတာကိုတွေ့လိုက်ရသည်
သူတို့ကတော့သူ့ကို သတိရနေမှန်းမသိပေမယ့်
သူတို့အနားကပ်လာတော့ ဘယ်သူတွေမှန်း
ဂျီဟွန်း သိသွားသည်
အရင်ကထက်ပိုမိုရင့်ကျက် နေဟန်ရှိတဲ့ ဆောင်ချန်းနဲ့ သူ့ကိုကုသပေးနေတဲ့ဆရာဝန်ပင်

ဂျီဟွန်းအစကတော့ ဆောင်ချန်းကသူ့အပေါ်
စိတ်ပူလို့လာကြည့်ပေးတယ်လို့ထင်မိသေးသည်နောက်တော့ အခုလို ဂျီဟွန်းမလှုပ်ရှားနိုင်ရတော့တဲ့အကြောင်းရင်းက ဆောင်ချန်းခိုင်းထားတာမှန်းသိလိုက်ရသည်
အခုလည်း ဂျီဟွန်း ကို ဆေးထိုးသတ်ပေးဖို့ပြောနေတာတဲ့လေ
ဂျီဟွန်းဘာမှနားမလည်တော့ သူဘာများလုပ်ခဲ့မိလို့ အခုလိုတွေဖြစ်လာရတာလဲ

သူတို့နှစ်ယောက်ပြောဆိုပီးတာနဲ့ ဆောင်ချန်းက ဂျီဟွန်းကိုတစ်ချက်လေးတောင် လှည့်မကြည့်ဘဲထွက်သွားတော့သည် ကျန်ခဲ့တဲ့ဆရာဝန်က ဆေးထိုးအပ်နဲ့ ဂျီဟွန်းရဲ့ အသားထဲထိုးပီးနောက်မှာတော့ ဂျီဟွန်းသတိမေ့သွားတော့သည်

'system ဒီဟာ ကငါရေးထားတဲ့ ဟာနဲ့တူနေတယ် ကွာတာက ငါ့ဇာတ်လမ်းမှာဘယ်သူမှမသေဘူး '

'ပထမ ကမ္ဘာမို့ host ရင်းနှီတဲ့ပုံစံ ပေးထားတာ လက်တွေ့က အဲ့လောက်မရိုးရှင်းဘူးလေ'

'ဆိုတော့ ငါက ဂျီဟွန်းလား'

'အင်းဟုတ်တယ် hostကတော်သားပဲ'

'ငါက မှန်းလိုက်ရုံပဲ ဂျီဟွန်းက အရမ်းသနားစရာကောင်းနေတာလေ'

'......'

'ဟမ်ဘာလို့မဖြေတာလဲ အာခဏ ငါ့ဇာတ်လမ်းမှာကျ ဗီလိန်က ဂန်ဟွမ်ဝူးလေ
ဒီမှာလဲ သူလား'

'အရင်ဆုံး host လုပ်ရမယ့် ဂျီဟွန်းရဲ့ဆန္ဒတွေကိုပြောပြမယ်'

'အင်းပြော'

ဂျီဟွန်းရဲ့ဆန္ဒတွေက

1. ဘွဲ့ရပီး သူဝါသနာပါတဲ့အလုပ်လုပ်နိုင်ရန်
point 750

2. ဇာတ်လိုက်ကိုမချစ်မိစေရန် point 1000

3. သူ့အပေါ်ချစ်မြတ်နိုးမယ့်သူနဲ့အတူနေထိုင်သွားရန် point 1500

'အင်း သိပ်မခက်ခဲဘူးပဲ ငါမေးထားတာမင်းမဖြေသေးဘူးနော် '

ကဲ စောင့်နေရတဲ့အတွက်တောင်းပန်ပါတယ်နော် ရှေ့တစ်ပတ်လုံးသူသူအရမ်းကို အလုပ်ရှုပ်နေလို့ပါ
ဒါနဲ့ အသဲလေးတို့အရမ်းပဲနော် villain system မှာ မနဲ့မောင်က အရမ်းကိုများတယ်
ဦးနဲ့ကလေးက နည်းနည်းပဲရှိတယ်
😍😍😍😍😍😍😍😍😍😍😘😘😘😘😘😘😘😘😘😘

ယန္ဂ်င္းနိုးထလာေတာ့ သူစာသင္ခန္းထဲေရာက္ေနတာကိုသတိထားမိလိုက္သည္
ဒါေပမယ့္ ေက်ာင္းသားေတြက ဘာလို႔
ေက်ာင္းသားပုံစံေပါက္မေနပါလိမ့္

အားလုံးက ခပ္မိုက္မိုက္ ခပ္ဆိုးဆိုးပုံေပါက္ေနၾကသလို ဘဲ
သူတို႔အားလုံးထဲက တစ္ေယာက္ကေတာ့
အင္း သူ႕ကို ယန္ဂ်င္းသိေနသလိုဘဲ ဘယ္မွာျမင္ဖူးေနပါလိမ့္ ဆံပင္ကိုလဲဂ်ယ္လ္နဲ႕ေထာင္ထားသလို နားကပ္တစ္ဖက္နဲ႕ ေက်ာင္းဝတ္စုံကလဲ ၾကယ္သီးေတြအကုန္တပ္မထား
ဒါေပမယ့္လည္း ေခ်ာေနတုန္းခန့္ေနတုန္း
ေလာကႀကီးကလဲဘက္လိုက္ခ်က္ပဲ

ဒါဆိုငါကေကာ ေခ်ာလားမသိ

'system ေလးေရ ငါ့႐ုပ္ကေကာေခ်ာလားဟင္ဘယ္လိုေနလဲ'

'ေအာ္ host ရယ္ အရင္ဆုံး ဒီကမၻာရဲ႕ဇာတ္ေၾကာင္းတို႔ host လုပ္ရမယ့္ mission တို႔အဲ့တာေလးေတြအရင္သိေအာင္လုပ္ပါ ေနာ္'

'ပို႔လိုက္ေတာ့ ရပီ ဇာတ္ေၾကာင္း'

'ဟမ့္သူ လိုခ်င္ေတာ့လည္းခ်က္ခ်င္း'

ယန္ဂ်င္းေခါင္းထဲကိုအခ်က္အလက္ေပါင္းမ်ားစြာဝင္လာတာနဲ႕အမွ် ေခါင္းက မခံရပ္နိုင္ေအာင္နာက်င္လာတာမို႔ ေရွ႕ကစားပြဲခုံေပၚသို႔ေမွာက္ခ်လိဳက္ရေတာ့သည္

သူအခ်က္အလက္ေတြကိုဖတ္ၾကည့္ေတာ့

ဒီကမၻာက သာမန္ကမၻာမ်ိဳးပဲျဖစ္ပီး
ဆရာနဲ႕ေက်ာင္းသားအခ်စ္ဇာတ္လမ္းတစ္ပုဒ္ျဖစ္သည္

ခပ္ဆိုးဆိုးေက်ာင္းသားေလးနဲ႕ စိတ္ထားေကာင္းႏူးညံ့တဲ့ဆရာမေလးတို႔ရဲ႕ဇာတ္လမ္းေလးေပါ့

ဇာတ္လိုက္က ဂိုေဆာင္ခ်န္း ျဖစ္ပီးေတာ့ သူဟာငယ္ငယ္တည္းက မိဘႏွစ္ပါးရဲ႕ လ်စ္လ်ဴရႉမႈေၾကာင့္ ဆိုးသြမ္းေနတာျဖစ္သည္

သူ႕မိဘႏွစ္ပါးလုံးဟာ ကိုယ္စီကိုယ္စီ အလုပ္ရႈပ္ေနၾကပီး သူ႕ကိုဂ႐ုစိုက္ဖို႔ အာ႐ုံမရွိၾက ၾကာေတာ့
အာ႐ုံစိုက္ခံခ်င္တဲ့အတြက္ ရန္ေတြျဖစ္ ဆိုးသြမ္းလာေတာ့သည္

သူ႕အသက္ 20 ႏွစ္ အထက္တန္းေက်ာင္းကိုမေအာင္ေသး မဟုတ္ မေအာင္ေအာင္တမင္ လုပ္တာဆိုပိုမွန္မည္
သူတို႔ရဲ႕အတန္းက ဆရာအားလုံးရဲ႕ဖယ္က်ဥ္ျခင္းခံထားရသည္
ေဆာင္ခ်န္းက တစ္ခန္းလုံးရဲ႕ ေခါင္းေဆာင္ျဖစ္ပီးေတာ့ သူ႕အေၾကာင္း နားလည္ေပးပီး
သူဘာခိုင္းခိုင္းလုပ္ေပးတတ္တာကေတာ့
မူလကိုယ္ ဂ်ီဟြန္းပင္
တကယ္ေတာ့ ဂ်ီဟြန္းက ေဆာင္ခ်န္းရဲ႕စိတ္ကိုနားလည္ေပးသည့္အျပင္ သူဘယ္လိုခံစားေနလဲသိတဲ့အတြက္ က႐ုဏာသက္ခဲ့တာျဖစ္သည္
ဂ်ီဟြန္းရဲ႕ စိတ္ဆႏၵက ေဆာင္ခ်န္းအေပၚ ညီရင္းအကိုရင္းတစ္ေယာက္ လိုထားရွိေၾကာင္း
အကုန္လုံးျမင္နိုင္ၾကလိမ့္မည္
ေဆာင္ခ်န္းကလည္း အဲ့တာကိုအသိအမွတ္မျပဳခဲ့ေပမယ့္ သူတို႔ႏွစ္ေယာက္ဆက္ဆံေရးကေတာ့အဆင္ေျပေနခဲ့သည္

ဒါေပမယ့္ ဇာတ္လိုက္မ ေရာက္လာခ်ိန္မွာေတာ့

သူမနာမည္က ေဂ်ာင္းနိုရာ သူမက
သူတို႔ေက်ာင္းကို ဆရာမ အျဖစ္ေရာက္လာခဲ့တယ္
သူမဟာ ဆင္းရဲပီး ေနာက္ခံမရွိတဲ့အတြက္ ဆရာေတြအားလုံး မဝင္ခ်င္ၾကတဲ့
ဇာတ္လိုက္တို႔အတန္းကို တာဝန္ယူရေတာ့တယ္

သူမ ေဆာင္ခ်န္းတို႔အတန္းထဲဝင္လာတဲ့အခါ

သူမဟာ က်ားဂူထဲကိုဝင္လာတဲ့ သိုးငယ္ေလးလိုပဲ တုန္ရီေနေပမယ့္ သူမကိုယ္သူမအတတ္နိုင္ဆုံး ထိန္းထားပုံက တကယ္ကိုပဲ
ရင္သပ္ရႈေမာ ဖြယ္ေကာင္းလြန္းေနသည္

သူမ ႏႈတ္ဆက္စကားေျပာေတာ့ ဂ်ီဟြန္းက
ေဆာင္ခ်န္းဟာ တျခား ဆရာမေတြလိုပဲ
ေဂ်ာင္းနိုရာအေပၚ သေဘာထားသည္လို႔ထင္မွတ္ကာ စေနာက္ေတာ့သည္
သူ႕ရဲ႕စေနာက္မႈက မျပင္းထန္ေပမယ့္
ေဆာင္ခ်န္းရဲ႕အျမင္မွာေတာ့ အရမ္းကို
အျပစ္ႀကီးမားသြားေတာ့သည္
ေဆာင္ခ်န္းဟာအားလုံးကိုေဆာ္ၾသလိုက္သည္
ေဂ်ာင္းနိုရာကိုဆရာမ အျဖစ္ အသိမွတ္ျပဳ
ဖို႔ကိုေပါ့
ဂ်ီဟြန္းအတြက္ကေတာ့ ေဆာင္ခ်န္း က
ေဂ်ာင္းနိုရာကိုပဲ လြဲအပ္လိုက္သည္ အျပစ္ေပးဖို႔

အဲ့ဒီ့အခ်ိန္ကစ ပီး ဂ်ီဟြန္းနဲ႕ ေဆာင္ခ်န္းဟာ အရင္လိုမဟုတ္ေတာ့
ေဆာင္ခ်န္းအေနနဲ႕ ဂ်ီဟြန္းအေပၚ ေဒါသတႀကီးကန္ေက်ာက္ျခင္းက ေတာ္ေသးသည္
ဒါေပမယ့္ သူက ဂ်ီဟြန္းကိုရွိတယ္လို႔ေတာင္မသတ္မွတ္ေတာ့တာျဖစ္သည္

ျပသာနာက အဲ့ဒီမွာအဆုံးမသတ္ေသး

ေဂ်ာင္းနိုရာ ကအတန္းထဲကလူေတြ စာ လိုက္နိုင္ေအာင္ဆိုတဲ့ရည္႐ြယ္ခ်က္နဲ႕ တခ်ိဳ႕တဝက္ကို အခ်ိန္ပိုေခၚသင္သည္

ဂ်ီဟြန္းလည္း အဲ့ဒီထဲမွာပါဝင္ေနတာေၾကာင့္
တက္ေရာက္ရသည္

အဲ့ဒီ့ေန႕မွထူးထူးျခားျခားမိုးအုံ႕ေနသည့္အျပင္
အေငြ႕အသက္ေတြကလည္းမေကာင္း

ခဏၾကာေတာ့ မီးပ်က္သြားပီး စာသင္ခန္းတစ္ခုလုံးအေမွာင္က်သြားေတာ့သည္
ျဖစ္ပ်က္သြားတာေတြကျမန္လြန္းလို႔
ဘာမွမသိလိုက္ခင္မွာပဲ မီးကျပန္လာေနပီး
ေဆာင္ခ်န္းကလဲ နိုရာ ေဘးမွာရွိေနကာ
သူမ ရဲ႕အဝတ္ေတြကစုတ္ၿပဲေနပီး
ငိုေႂကြးေနတာကိုေတြ႕လိုက္ရသည္
ဂ်ီဟြန္းကိစၥေတြကို သေဘာေပါက္ဖို႔အခ်ိန္ယူေနတုန္းမွာပဲ

နိုရာက ေဆာင္ခ်န္းကိုတစ္ခုခုေျပာလိုက္ပုံရပီး
ေဆာင္ခ်န္းက သူ႕ကို ေဒါသတႀကီး ထိုးႀကိတ္ေတာ့သည္ သူရွင္းျပဖို႔လုပ္ေပမယ့္
အရာမေရာက္ ေနာက္ဆုံး သူေတာ္ေတာ္အထိနာပီးမွ ေဂ်ာင္းနိုရာက ေဆာင္ခ်န္းကိုဝင္တားေတာ့သည္
အဲ့ေတာ့မွက်န္တဲ့သူေတြကလည္း ဂ်ီဟြန္း
ကိုေဆး႐ုံပို႔ေပးေတာ့သည္

ဂ်ီဟြန္း ရက္အေတာ္ၾကာ လအေတာ္ၾကာ
ႏွစ္အေတာ္ၾကာေဆး႐ုံတက္ခဲ့ရေပမယ့္
သူ႕ရဲ႕ ဒဏ္ရာေတြက ေပ်ာက္ကင္းသြားျခင္းမရွိတဲ့အျပင္ ပိုပိုတိုးပြားလာခဲ့သည္
သူ႕ရဲ႕ ေျခေတြလက္ေတြလႈပ္မရေတာ့တဲ့အျပင္ စကားေတာင္မေျပာနိုင္တဲ့အေျခအေနေရာက္ရွိသြားခဲ့သည္

တစ္ေန႕သူသတိရတစ္ခ်က္မရတစ္ခ်က္ျဖစ္ေနတဲ့အခ်ိန္မွာ
သူ႕အခန္းထဲကို လူႏွစ္ေယာက္ဝင္လာတာကိုေတြ႕လိုက္ရသည္
သူတို႔ကေတာ့သူ႕ကို သတိရေနမွန္းမသိေပမယ့္
သူတို႔အနားကပ္လာေတာ့ ဘယ္သူေတြမွန္း
ဂ်ီဟြန္း သိသြားသည္
အရင္ကထက္ပိုမိုရင့္က်က္ ေနဟန္ရွိတဲ့ ေဆာင္ခ်န္းနဲ႕ သူ႕ကိုကုသေပးေနတဲ့ဆရာဝန္ပင္

ဂ်ီဟြန္းအစကေတာ့ ေဆာင္ခ်န္းကသူ႕အေပၚ
စိတ္ပူလို႔လာၾကည့္ေပးတယ္လို႔ထင္မိေသးသည္ေနာက္ေတာ့ အခုလို ဂ်ီဟြန္းမလႈပ္ရွားနိုင္ရေတာ့တဲ့အေၾကာင္းရင္းက ေဆာင္ခ်န္းခိုင္းထားတာမွန္းသိလိုက္ရသည္
အခုလည္း ဂ်ီဟြန္း ကို ေဆးထိုးသတ္ေပးဖို႔ေျပာေနတာတဲ့ေလ
ဂ်ီဟြန္းဘာမွနားမလည္ေတာ့ သူဘာမ်ားလုပ္ခဲ့မိလို႔ အခုလိုေတြျဖစ္လာရတာလဲ

သူတို႔ႏွစ္ေယာက္ေျပာဆိုပီးတာနဲ႕ ေဆာင္ခ်န္းက ဂ်ီဟြန္းကိုတစ္ခ်က္ေလးေတာင္ လွည့္မၾကည့္ဘဲထြက္သြားေတာ့သည္ က်န္ခဲ့တဲ့ဆရာဝန္က ေဆးထိုးအပ္နဲ႕ ဂ်ီဟြန္းရဲ႕ အသားထဲထိုးပီးေနာက္မွာေတာ့ ဂ်ီဟြန္းသတိေမ့သြားေတာ့သည္

'system ဒီဟာ ကငါေရးထားတဲ့ ဟာနဲ႕တူေနတယ္ ကြာတာက ငါ့ဇာတ္လမ္းမွာဘယ္သူမွမေသဘူး '

'ပထမ ကမၻာမို႔ host ရင္းႏွီတဲ့ပုံစံ ေပးထားတာ လက္ေတြ႕က အဲ့ေလာက္မရိုးရွင္းဘူးေလ'

'ဆိုေတာ့ ငါက ဂ်ီဟြန္းလား'

'အင္းဟုတ္တယ္ hostကေတာ္သားပဲ'

'ငါက မွန္းလိုက္႐ုံပဲ ဂ်ီဟြန္းက အရမ္းသနားစရာေကာင္းေနတာေလ'

'......'

'ဟမ္ဘာလို႔မေျဖတာလဲ အာခဏ ငါ့ဇာတ္လမ္းမွာက် ဗီလိန္က ဂန္ဟြမ္ဝူးေလ
ဒီမွာလဲ သူလား'

'အရင္ဆုံး host လုပ္ရမယ့္ ဂ်ီဟြန္းရဲ႕ဆႏၵေတြကိုေျပာျပမယ္'

'အင္းေျပာ'

ဂ်ီဟြန္းရဲ႕ဆႏၵေတြက

1. ဘြဲ႕ရပီး သူဝါသနာပါတဲ့အလုပ္လုပ္နိုင္ရန္
point 750

2. ဇာတ္လိုက္ကိုမခ်စ္မိေစရန္ point 1000

3. သူ႕အေပၚခ်စ္ျမတ္နိုးမယ့္သူနဲ႕အတူေနထိုင္သြားရန္ point 1500

'အင္း သိပ္မခက္ခဲဘူးပဲ ငါေမးထားတာမင္းမေျဖေသးဘူးေနာ္ '

ကဲ ေစာင့္ေနရတဲ့အတြက္ေတာင္းပန္ပါတယ္ေနာ္ ေရွ႕တစ္ပတ္လုံးသူသူအရမ္းကို အလုပ္ရႈပ္ေနလို႔ပါ
ဒါနဲ႕ အသဲေလးတို႔အရမ္းပဲေနာ္ villain system မွာ မနဲ႕ေမာင္က အရမ္းကိုမ်ားတယ္
ဦးနဲ႕ကေလးက နည္းနည္းပဲရွိတယ္
😍😍😍😍😍😍😍😍😍😍😘😘😘😘😘😘😘😘😘😘

Продовжити читання

Вам також сподобається

24.7K 593 83
Continuation of Modesto story who happens to intercourse with friends,mature,classmates,strangers and even family...
24.2K 1.8K 45
𝐭𝐡𝐞 𝟐𝐧𝐝 𝐛𝐨𝐨𝐤 𝐨𝐟 𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬 𝐚𝐛𝐨𝐮𝐭 𝐨𝐥𝐢𝐯𝐢𝐚 𝐫𝐨𝐝𝐫𝐢𝐠𝐨 𝐚𝐧𝐝 𝐲/𝐧'𝐬 𝐦𝐞𝐞𝐭-𝐜𝐮𝐭𝐞𝐬/𝐥𝐨𝐯𝐞 𝐬𝐭𝐨𝐫𝐢�...
196K 10K 89
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...