ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ...

By Kay_Wine

109K 19.5K 960

Title - I and My Husband Sleep in a Coffin Author - Wu Shui Bu Du [无水不渡] Chapters - 93 chapters (Complete) E... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter- 43
Chapter 44

Chapter 33

1.5K 387 12
By Kay_Wine

{Zawgyi}

ခန္းမေဆာင္တံခါးႀကီးလည္း တစ္ဖန္ျပန္ပိတ္သြားေတာ့တယ္။

မေကာင္းဆိုးဝါးေတြကို ဦးေဆာင္ထားတဲ့မုယီက ေသြးဆာေနသလိုအၿပဳံးႀကီးနဲ႔ ခပ္ၿပဳံးၿပဳံးျဖစ္ေနတယ္။ သခ်ႋဳင္းကိုေစာင့္ေရွာက္ၾကတဲ့ ဆယ္ေယာက္စလုံးက သူတို႔ဗိုက္ေတြ တင္းကားေနၿပီျဖစ္တယ္။ သူတို႔ေတြက ႐ုပ္ရွင္ကားတစ္ကားၾကည့္ေနရသလို က်န္းပိုင္ကို ပတ္လည္ဝိုင္းကာ ႏွာတရႈံ႕ရႈံ႕နဲ႔ ေငးၾကည့္ေနၾကတယ္။

တကယ္ေတာ့ သူ႔ဆီကေန သူတို႔ေတြနဲ႔ အေတာ္ေလးဆင္တူနဲ႔ ရက္စက္ၾကမ္းၾကဳတ္တဲ့အနံ႔တစ္ခု ထုတ္လႊတ္ေနတယ္။

က်န္းပိုင္ က်န္းမူကို ေဘးဘက္တြန္းလႊတ္လိုက္တယ္။ ထို႔ေနာက္ သူက လက္ထဲမွာပင္ ေခါက္ဓားကို ကြၽမ္းက်င္စြာ ဆတ္ခနဲသိမ္းလိုက္ၿပီး က်န္းေဟာင္ကို ေလ့လာၾကည့္ဖို႔ ေဆာင့္ေၾကာင့္ထိုင္လိုက္တယ္။ ထိုလူရဲ႕မ်က္ႏွာက အခုေတာ့ အ႐ိုက္ခံထားရတာေတြေၾကာင့္ ေသြးခ်င္းခ်င္းရဲေနၿပီ။ က်န္းပိုင္က က်န္းေဟာင္အတြက္ လက္ကိုင္ပဝါေလးတစ္ခု ထုတ္ေပးေတာ့မယ့္ လူႀကီးလူေကာင္းတစ္ေယာက္လို ေႏြးေထြးစြာ ၿပဳံးျပလာတယ္။

သို႔ေပမယ့္ သူ ဆြဲထုတ္လိုက္တာက ေနာက္ထပ္ဓားတစ္ေခ်ာင္းျဖစ္ေနတယ္။

ေနာက္ဆုံးေတာ့ အႏၲရာယ္က်လုဆဲဆဲျဖစ္ေနၿပီဆိုတာ က်န္းေဟာင္ခံစားမိလိုက္တဲ့အတြက္ သူ႔ရဲ႕ဆဲဆိုေနတာေတြကို ရပ္တန႔္လိုက္တယ္။ က်န္းပိုင္က မ်က္ႏွာေပၚမွာ ဘယ္တုန္းကမွေပ်ာက္ကြယ္မသြားဖူးတဲ့ အၿပဳံးႀကီးတစ္ခုကို ခ်ိတ္ဆြဲကာ သူ႔နားကို တစ္လွမ္းစီ ေျဖးေျဖးခ်င္းတိုးကပ္လာတာနဲ႔အမွ် သူကလည္း ေၾကာက္လန႔္တၾကား သူ႔ကိုယ္သူ ေနာက္ျပန္တ႐ြတ္ဆြဲ ဆုတ္ေနမိတယ္။

အတိအက်ကို စိတ္မႏွံ႔တဲ့လူသတ္သမားတစ္ေယာက္နဲ႔ တူေနတယ္။

"အစ္ကို~ ႀကီးေရ~ ေပ်ာ္ရေအာင္ေလ~ ဟား ဟား ဟား ဟား"

က်န္းေဟာင္ မေကာင္းဆိုးဝါးတစ္ေကာင္နဲ႔ တိုက္မိသြားေပမယ့္ အခုခ်ိန္ျပန္ၾကည့္မယ္ဆို သူ႔ကိုအ႐ူးတစ္ေယာက္လို ေခၚေနတဲ့ညီျဖစ္သူက ပိုေတာင္ ေၾကာက္စရာေကာင္းေသးတယ္!

လွပတဲ့ေခါက္ဓားေလးက ေျမာက္လာလိုက္ ျပန္က်သြားလိုက္ျဖစ္ေနတယ္။

"အား-!"

က်န္းပိုင္က ေဆာင့္ေၾကာင့္ထိုင္ၿပီး သူ႔ရဲ႕ညာဘက္လက္ေပၚ ေမးေထာက္ကာ "လက္ေလး တစ္ဖက္ပါပဲ အစ္ကိုႀကီးရာ၊ ေအာ္တာကလည္း က်ယ္လိုက္တာ ဒါေပမယ့္... အဲ့တာက ကြၽန္ေတာ့္ကို မတရားေပ်ာ္ေစတယ္!"

"ငါ့ကိုလႊတ္... က်န္းပိုင္... ေက်းဇူးျပဳၿပီး ငါ့ကို လႊတ္ေပးပါ၊ ငါတို႔ ဒီကထြက္တဲ့အခါ..." က်န္းေဟာင္မွာ နာက်င္လြန္းတာေၾကာင့္ မ်က္ရည္ေတြႏွာရည္ေတြက မ်က္လုံးေတြနဲ႔ႏွာေခါင္းထဲက တသြင္သြင္စီးက်ေနေတာ့တယ္။ သူက ျပင္းထန္လွတဲ့အေၾကာက္တရားေအာက္မွာ က်န္းပိုင္နဲ႔ ေဆြးေႏြးႏိုင္ဖို႔ အားတင္းေနမိတယ္။

"မလိုပါဘူး" က်န္းပိုင္ သူ႔ကို စကားျဖတ္ေျပာလိုက္တယ္ "အစ္ကိုႀကီးက ဒီကေန ထြက္သြားရမွာမွမဟုတ္တာ~"

"မင္း!" ဆဲေရးတိုင္းထြာတာေတြ တစ္ပုံတစ္ပင္ကို ခ်ိဳးႏွိမ္ထားရင္း က်န္းေဟာင္ရဲ႕မ်က္ႏွာက တြန႔္ရႈံ႕လို႔ေနတယ္ "မင္းက ေခြးတစ္ေကာင္သာသာပဲ! မင္းတို႔အားလုံးက ငါ့ရဲ႕ေခြးေတြ! ငါ - hmm!"

"ၾကည့္ရတာ လွ်ာကို မလိုခ်င္ေတာ့တဲ့ပုံပဲ"

ဓားေပၚက ေသြးကို ခါကာ က်န္းပိုင္ရဲ႕လက္ေခ်ာင္းသုံးေခ်ာင္းက ေခါက္ဓားေလးကို ခပ္သြက္သြက္ေလးလႊဲလိုက္တယ္။ "ဪ ဟုတ္သား၊ ကြၽန္ေတာ္တို႔ရဲ႕ကြာျခားခ်က္ေတြကို တဲ့တိုးေျပာရမွာေပါ့၊ ခင္ဗ်ားရဲ႕အကဲခတ္စြမ္းရည္ေတြကို သေနႏိုင္ေအာင္လို႔ ခင္ဗ်ားအမ်ားႀကီးႀကိဳးစားခဲ့တယ္ဆိုတာ ကြၽန္ေတာ္မွတ္မိေသးတယ္ ဒါေပမယ့္ တစ္ႏွစ္က်ေတာ့ ခင္ဗ်ားက က်န္းမူလုပ္ခဲ့တဲ့ ပုံစံငယ္ေလးကို မခြဲျခားႏိုင္ခဲ့ဘူးေလ ဟား ဟား ဟား! အဲ့တာက ခင္ဗ်ားကိုယ္ခင္ဗ်ား အႀကီးအက်ယ္အ႐ူးလုပ္မိခဲ့တဲ့ ပထမဆုံးအႀကိမ္ပဲ"

က်န္းေဟာင္က တစ္စကၠန႔္စာ အားပါးတရရယ္ၿပီး ေနာက္ခဏမွာတင္ သူ႔မ်က္ႏွာက သတ္ခ်င္ျဖတ္ခ်င္တဲ့ပုံမ်ိဳးနဲ႔ ေအးစက္လာတယ္။ သူက က်န္းေဟာင္မ်က္ႏွာေပၚ ဓားနဲ႔ ပုတ္ကာ "ဒါေပမယ့္ အဲ့တာက ခင္ဗ်ား ကန္းေနခဲ့လို႔ေလ၊ ဒါေတာင္မွ ခင္ဗ်ားက က်န္းမူကို ခင္ဗ်ားအခန္းထဲေခၚၿပီး သူ႔လက္ႏွစ္ဖက္စလုံးကို မေရမတြက္ႏိုင္ေအာင္ ဓားနဲ႔မႊန္းခဲ့တယ္... အစ္ကိုႀကီး ကြၽန္ေတာ္အခု ခင္ဗ်ားလက္ႏွစ္ဖက္စလုံးကို ဒီတိုင္းျဖတ္လိုက္သင့္တယ္လို႔ ထင္လား?"

"Wu wu-!"

"ေနာက္ၿပီးေတာ့ က်န္းမူက ခင္ဗ်ားထက္အမ်ားႀကီး အရည္အခ်င္းပိုရွိတာေၾကာင့္မို႔လို႔ ခင္ဗ်ားက သူ႔အသက္ကို သခ်ႋဳင္းေတြထဲမွာ စြန႔္စားဖို႔ အမိန႔္ေပးခဲ့တယ္၊ ကြၽန္ေတာ္က်ေတာ့ ေရွးေဟာင္းပစၥည္းေတြအေၾကာင္းသိတဲ့ ဗဟုသုတက နည္းနည္းပဲရွိေၾကာင္း ျပခဲ့တာဆိုေတာ့ ခင္ဗ်ားက ကြၽန္ေတာ့္ကို ေဘးဖယ္ထားဖို႔ လူတိုင္းကိုေျပာၿပီး ကြၽန္ေတာ့္ကို အ႐ူးလို႔ေခၚခဲ့တယ္"

"ဟိုက္~~အား! ေတြးေလေလ ေဒါသထြက္ေလေလပဲ... ဟက္!"

"Wooo-!!"

အနီေရာင္အရည္ေတြက ထပ္တလဲလဲပန္းထြက္လာျပန္တယ္။ မုယီနဲ႔ တျခားသူေတြက တီးတိုးစကားဆိုကာ သူတို႔အခ်င္းခ်င္း ရယ္ေမာေနၾကတယ္။ မေကာင္းဆိုးဝါးအုပ္စုက လူသားတစ္ေယာက္ကို ဝန္းရံထားတယ္ဆိုေပမယ့္ အလယ္မွာရွိတဲ့လူက က်န္မေကာင္းဆိုးဝါးေတြထက္ ပိုေတာင္ေၾကာက္စရာေကာင္းေနေသးတယ္...

ျပဇာတ္တစ္ခုလိုမ်ိဳး သူတို႔ေတြ မတ္တပ္ရပ္ကာ ထိုသူရဲ႕'ေဖ်ာ္ေျဖမႈ'ကိုၾကည့္ၿပီး သူ႔ရဲ႕'ပူးတြဲသ႐ုပ္ေဆာင္'ဆီက ေအာ္သံေတြကို နားေထာင္ေနရတယ္။

အခ်ိန္ အေတာ့္အေတာ္ကိုၾကာသြားၿပီးေနာက္။

က်န္းပိုင္ ေသြးေတြ႐ႊဲ႐ႊဲစိုေနၿပီး အၿပဳံးႀကီးတစ္ခုနဲ႔ မတ္တပ္ထလာတယ္။ သူ႔ရဲ႕မက္မြန္ပန္းလိုမ်က္လုံးေတြ တဖ်တ္ဖ်တ္ခတ္ေနၿပီး ေသြးမ်က္ရည္ေတြလိုမ်ိဳး အနီေရာင္အစက္ကေလးေတြက ပါးကေန ေမး႐ိုးတစ္ေယာက္ စီးက်သြားတယ္။

"ေပ်ာ္သင့္သေလာက္လည္း ေပ်ာ္ၿပီးၿပီ" သူက ေစးကပ္ေနတဲ့အနီေရာင္အရာေတြနဲ႔ ေပစြန္းေနတဲ့ေခါက္ဓားေတြကို အေဝးပစ္ထုတ္လိုက္ၿပီးေနာက္ လက္ကိုင္ပဝါတစ္ခုထုတ္ကာ လက္ေတြကို တင့္တယ္စြာ သုတ္လိုက္တယ္။

သူမ်က္လႊာေတြ ပင့္ေမာ့ကာ မေကာင္းဆိုးဝါးေတြကို ၾကည့္ရင္း : "အိုး ဟုတ္သားပဲ၊ ခင္ဗ်ားတို႔ရဲ႕သခင္ကို ကြၽန္ေတာ္က ေက်းဇူးတင္ေၾကာင္း ေျပာေပးပါ၊ သူက သူ႔စကားတည္ေတာ့ ကြၽန္ေတာ္ကလည္း တည္ရမွာေပါ့ ဒီလူ..." သူ က်န္းမူရဲ႕ေက်ာကို ေျခေထာက္နဲ႔ အသာတို႔ကာ "ကြၽန္ေတာ္သူ႔ကို အျပင္ပို႔ေပးရအုံးမယ္"

မုယီနဲ႔တျခားသူေတြက ထိုလူ႔ကို ေနာက္ဆုံးတစ္ေခါက္ၾကည့္ၿပီးေနာက္ လွည့္ထြက္ကာ ျမင္ကြင္းထဲက ေပ်ာက္ကြယ္သြားေတာ့တယ္။

က်န္းပိုင္ သူတို႔ကို လ်စ္လ်ဴရႈလိုက္တယ္။ သူ က်န္းမူဆီမွာခ်ည္ထားတဲ့ မီးခိုးေရာင္အိတ္ရႈံ႕ေလးကို ဖယ္လိုက္တယ္။ အိတ္ရႈံ႕ေလးက သူ႔ရဲ႕အက်ီစေတြနဲ႔ လုပ္ထားခဲ့တာေၾကာင့္ ထိုအရာမွာ သူ႔အနံ႔တို႔ ကပ္ၿငိတယ္။ ဒါက သူ သခ်ႋဳင္းသခင္နဲ႔ သေဘာတူညီမႈလုပ္ခဲ့တာပဲျဖစ္တယ္ : သူ႔အနံ႔ရွိေနတဲ့ ဘယ္သူ႔ကိုမဆို မတိုက္ခိုက္ဖို႔။

ပစၥည္းကို ဖယ္ထုတ္ၿပီးေနာက္ က်န္းမူကို သူ႔ေက်ာေပၚတင္ကာ ပင့္မလိုက္တယ္။

"ဒါေပမယ့္... ငါ ျပန္လာအုံးမွာ~"

သူ႔ရဲ႕ခပ္႐ြဲ႐ြဲမ်က္လုံးေတြထဲမွာ အႏၲရာယ္ေပးမယ့္အေငြ႕အသက္တို႔နဲ႔ သခ်ႋဳင္းေစာင့္ေရွာက္သူေတြ ေပ်ာက္ကြယ္သြားတဲ့ဘက္ကို ၾကည့္လိုက္တယ္။

"... ေနာက္ဆုံးေတာ့လည္း ရွိခိုးေကာင္က ပုစဥ္းရင္ကြဲကို ေခ်ာင္းေနတုန္း ငွက္ဝါကလည္း အရိပ္ထဲကေန အလစ္အငိုက္ကို ေစာင့္ေနတာပဲေလ~"

ထိုအခ်ိန္အေတာအတြင္းတြင္။

ခမ္းနားလွတဲ့သခ်ႋဳင္းႀကီးတစ္ေလွ်ာက္ ျဖတ္လာရင္း သူတို႔ေတြ ေရွးေခတ္အခ်ိန္အခါက ဂုဏ္သေရႀကီးမားတဲ့ေတာ္ဝင္နန္းေတာ္ႀကီးဆီကို ျပန္ေရာက္သြားသလိုမ်ိဳး ခံစားရတယ္။ ေက်ာက္လက္ရန္းေတြက နဂါးတို႔ေလွ်ာက္လမ္းလိုမ်ိဳး ထြင္းထုထားၿပီး သူတို႔ေလွ်ာက္လာရတဲ့ ေျမႀကီးေပၚမွာ မွန္တမွ် လင္းလက္ေနတဲ့ အေရာင္တင္ၿပီးသားေက်ာက္စရစ္ေလးေတြ စီရီထားတယ္။ ေဘးဘက္ေတြမွာ ဧရာမဟသၤာပဒါးတိုင္ႀကီးေတြ အတန္းလိုက္ရွိေနၿပီး ထိုေပၚမွာ အထက္သို႔ဆန္တက္ေနတဲ့ နဂါးေတြပုံကို ေရးထြင္းထားတယ္။

သာမန္လူတစ္ေယာက္အဖို႔ ဒီလိုမ်ိဳးဂုဏ္သေရႀကီးျမင့္တဲ့ ဗိသုကာလက္ရာကို နားလည္သေဘာေပါက္ႏိုင္ဖို႔ ခဲယဥ္းတယ္။

သူတို႔ေတြ သူတို႔ဦးတည္ရာကို ေရာက္ၿပီလို႔ ေတြးမိခ်ိန္တိုင္း အလင္းေရာင္အရင္းအျမစ္ေလးတစ္ခုက လမ္းၫႊန္ျပေနတဲ့သေဘာမ်ိဳးနဲ႔ ေလာင္ၿမိဳက္လာၿပီး သူတို႔ေတြရဲ႕အေရွ႕မွာ လမ္းရွည္ႀကီးတစ္ခု ရွိေနေသးေၾကာင္း ေျပာေနသေယာင္ ေပၚလာတတ္တယ္။

"ဒီေျမေအာက္နန္းေတာ္ႀကီးက ေတာ္ဝင္နန္းေတာ္ဆယ္ခုစာေလာက္ ႀကီးေနတာပဲ! တကယ္ပဲ အဲ့ဝမ္ဖုန္းက်င္ဆိုတာ ဘယ္သူလဲ?" ေရွာင္လ်ိဳ႕တစ္ေယာက္ တစ္သက္စာေလာက္ဖူလုံမွာ ေသခ်ာႏိုင္တဲ့ ပန္းအိုးတစ္လုံးကို သဲႀကီးမဲႀကီးေငးေမာေနမိတယ္။

အမိုးခုံးေတြကေတာင္ ေက်ာက္ျမက္ရတနာေတြနဲ႔ စီျခယ္ထားတယ္။

လိန္းက်ဲ႕ဘာမွမေျပာႏိုင္ေသးခင္ လူႀကီးမင္းယန္က ျဖတ္ေျပာလာတယ္ "ဟမ့္ ဒါေတြက ဒီတိုင္းေရခဲစိုင္ႀကီးရဲ႕ ထိပ္ပိုင္းပဲရွိေသးတယ္၊ အရင္ကဆို အဲ့လူက သူ႔လက္နဲ႔ေတာင္ ေကာင္းကင္ႀကီးကို ကာဆီးလိုက္ႏိုင္တယ္၊ ဒါက သူ ေျမာက္ပိုင္းႏိုင္ငံေတာ္ႀကီးနဲ႔ ဒီ့ျပင္ေဒသေတြကို ဘယ္လိုအုပ္စိုးခဲ့တယ္ဆိုတာပဲ... သူ စြမ္းအင္ရလာတဲ့အခ်ိန္ကစလို႔ ႐ိုး႐ိုးလူေတြေရာ အင္အားႀကီးတဲ့တရားသူႀကီးေတြပါ ပရမ္းပတာေတြထဲ အားလုံးပါလာၾကတယ္၊ ထီးနန္းေတာင္မလိုဘဲ အုပ္စိုးသူေနရာကိုေရာက္ဖို႔ သူ႔အတြက္ ငါးႏွစ္ပဲၾကာခဲ့တယ္! သူ႔အက်ီလက္စကို တစ္ခ်က္ေဝွ႔လိုက္တာနဲ႔ သူ႔ကိုဘယ္သူမွ မလြန္ဆန္ရဲေတာ့ဘူး၊ သူက နတ္ဘုရားတစ္ပါးအျဖစ္ ေတာ္ေတာ္ေလးဝတ္ျပဳခံခဲ့ရတယ္... သူ႔အတြက္ ႐ူး႐ူးမိုက္မိုက္အရာေတြ လုပ္ေပးခ်င္တဲ့လူေတြမွ မေရမတြက္ႏိုင္ေအာင္ပဲ"

"..."

'ၿပီးေတာ့ ခင္ဗ်ားဘယ္လိုလုပ္ ဒီေလာက္ေတာင္သိေနလဲ...'ဆိုတာက ေရွာင္လ်ိဳ႕ထုတ္ေမးလိုက္ခ်င္တာဆိုေပမယ့္ အဆုံးမွာ သူ႔ကိုယ္သူသာ ထိန္းလိုက္တယ္။ ဒီလူက သူ႔ရဲ႕တပည့္ကို မေကာင္းဆိုးဝါးေတြဆီ ထိုးေကြၽးလိုက္တဲ့အခ်ိန္ကစလို႔ ဒီလူ႔ကိုၾကည့္မိတိုင္းမွာ သူ႔ဆံပင္ေမႊးေတြ တ႐ြ႐ြျဖစ္ေနသလိုသာ ေရွာင္လ်ိဳ႕ခံစားရတယ္။

သို႔ေပမယ့္ သိပ္မၾကာခင္ သူ႔အေတြးေတြကို တျခားအရာက စိုးမိုးသြားျပန္တယ္။

ဘာေၾကာင့္ဆို သူတို႔ေတြက ေနာက္ဆုံးခန္းမေဆာင္ႀကီးထဲက ထြက္လာၿပီး ႀကီးမားလွတဲ့ပြဲႀကီးစင္ႀကီးတစ္ခုဆီ ေရာက္လာၾကလို႔ပဲျဖစ္တယ္။ အတြင္းခန္းေတြထဲက ခပ္မွိန္မွိန္လမ္းျပအလင္းေရာင္ေလးကလည္း ေတာက္ပတဲ့အလင္းတန္းအျဖစ္ အစားထိုးကာ လင္းထင္းလာတယ္။

ေရွ႕မွာရွိတဲ့ျမင္ကြင္းကို မ်က္လုံးေရာက္သြားတဲ့အခိုက္ သူေျပာစရာစကားေတြ ေပ်ာက္ရွကုန္တယ္။ ေနာက္ၿပီး သူ႔ဆရာနဲ႔ ထိုလူလည္း ထပ္တူအံ့အားသင့္ေနမယ္ဆိုတာ သူသိတယ္။

...

သူတို႔ေရွ႕က က်ယ္ျပန႔္တဲ့ေနရာႀကီးက အိုလံပစ္ကြင္းတစ္ခုစာေလာက္ က်ယ္တယ္။ နံရံတစ္ေလွ်ာက္ ေငါထြက္ေနတဲ့စင္ေတြ မေရမတြက္ႏိုင္ေအာင္ရွိၿပီး ေက်ာက္ထရံဘုရားေက်ာင္းေတြတည္ထားတဲ့ ျမင္ကြင္းလိုမ်ိဳး ထိုေပၚမွာ ပြဲၾကည့္တဲ့နန္းေဆာင္ေလးေတြရွိတယ္။

ေနာက္ၿပီး သူတို႔သုံးေယာက္က ထိုအနီေရာင္ပြဲၾကည့္စင္ေတြထဲက တစ္ခုမွာ ရပ္ေနၾကတာျဖစ္ၿပီး သူတို႔ေျခေထာက္ေအာက္မွာ အေျခမဲ့ေခ်ာက္နက္ႀကီးတစ္ခု ရွိေနတယ္။

ထိုဧရာမခ်ိဳင့္ႀကီးအလယ္တည့္တည့္မွာ ေယာက်ာ္းတစ္ေယာက္ရဲ႕ ခါးအ႐ြယ္ေလာက္ထူတဲ့ခ်ိန္းႀကိဳးေတြနဲ႔ နံရံေတြကိုခ်ိတ္တြယ္ကာထားတဲ့ ထုထည္ႀကီးမားလွေသာ မိုးထိုးေအာင္ျမင့္တဲ့တိုင္ႀကီးတစ္လုံးရွိတယ္။ တိုင္ထိပ္က ေနရာက်ယ္က်ယ္ေပၚမွာ ႀကီးမားတဲ့ေရွးေဟာင္းသစ္ပင္ႀကီးတစ္ခု တည္ရွိတယ္။ ထူးျခားတဲ့သစ္ပင္ႀကီးမွာ အ႐ြက္တစ္႐ြက္မွမရွိဘဲ ပန္းပြင့္ေတြခ်ည္းသာျဖစ္တယ္။ ဘာက ပိုၿပီးထူးျခားသလဲဆို ၾကက္ေသြးေရာင္အပြင့္ေတြက သစ္ပင္ႀကီးကို ရဲရဲေတာက္ေနတဲ့မီးေတာက္တစ္ခုလိုမ်ိဳး လႊမ္းၿခဳံထားတာျဖစ္တယ္။

သစ္ပင္ႀကီးဆီက ျဖာထြက္ေနတဲ့အလင္းေရာင္က ေရာင္ျခည္ေတာ္လို ခံစားခ်က္ကို ရေစတယ္။

ေနာက္ၿပီး သူတို႔ရဲ႕ေနာက္ဆုံးပန္းတိုင္၊ သူတို႔ဒီကိုေရာက္လာရတဲ့ အေၾကာင္းအရင္းျဖစ္တဲ့ ေခါင္းတလားႀကီးက ေလာင္ကြၽမ္းေနသလိုျဖစ္ေနတဲ့ အပင္ႀကီးရဲ႕ေအာက္မွာ ရွိေနတယ္။

"..."

"..."

"ၾကည့္ရတာ ေရွ႕ဆက္ဖို႔ အခ်ိန္က်ၿပီပဲ" လိန္းက်ဲ႕က သူ႔ရဲ႕ေျခာက္ကပ္ေနတဲ့ႏႈတ္ခမ္းေတြကို လွ်ာနဲ႔သပ္လိုက္တယ္။ သူက ေနာက္လွည့္ကာ သူ႔ရဲ႕အလုပ္သင္ေလးကို ၾကည့္လိုက္တယ္။ "ဒီေနရာကစၿပီး ကိစၥေတြက ပိုဆိုးလာဖို႔ပဲရွိႏိုင္တယ္၊ အသက္ရွင္ေအာင္ေနဖို႔ကလည္း ခက္ခဲလိမ့္မယ္၊ နင္က ငါ့ရဲ႕အလုပ္သင္ ဒါေတာင္မွ ငါနင့္ကို ေသလမ္းဆီ ေခၚလာမိတယ္၊ နင္ငါ့ကို မုန္းေနၿပီလား?"

"မမုန္းပါဘူး" ေရွာင္လ်ိဳ႕ေခါင္းယမ္းကာ စိတ္ဓာတ္ခိုင္မာစြာ ေျပာလိုက္တယ္ "ရွစ္ဖူမရွိရင္ ကြၽန္ေတာ့္တစ္ဘဝလုံး လူမိုက္တစ္ေယာက္ပဲ ျဖစ္သြားေတာ့မွာ... ဒါေပမယ့္ ရွစ္ဖူ ကြၽန္ေတာ္တို႔အခု တကယ္ပဲ ေနာက္ျပန္လွည့္လို႔မရေတာ့ဘူးလား?"

"ျပန္လွည့္မယ္? ငါတို႔ ဘယ္လိုအေျခအေနကို ေရာက္ေနတယ္လို႔ နင္ထင္လဲ? အဲ့ဟာေတြက ငါတို႔ကို ထြက္သြားခြင့္ေပးမယ္လို႔ ထင္ေနတာလား? ဒီေလာက္ထိအျပည့္အဝစြမ္းအားရွိဟာနဲ႔ရင္ဆိုင္ရေနတာမို႔လို႔ ငါတို႔ရဲ႕စြမ္းရည္ေတြက ထုတ္ေျပာဖို႔ေတာင္ မထိုက္တန္ဘူး၊ ငါ အဲ့မေကာင္းဆိုးဝါးေတြကို တစ္ေကာင္ႏွစ္ေကာင္ေလာက္ေတာ့ ကိုင္တြယ္ႏိုင္တယ္ဆိုေပမယ့္ အုပ္စုလိုက္ဆို မျဖစ္ႏိုင္ဘူး"

ခ်ိန္းႀကိဳးဆီကို တုံ႔ဆိုင္းျခင္းမရွိ ေလွ်ာက္သြားတဲ့လူကို လိန္းက်ဲ႕ ေလ့လာလိုက္တယ္။ သူမက ေလသံနဲ႔ "သူ ဒီကို ေရာက္လာတည္းက ပူးကပ္ခံလိုက္ရသလိုပဲ၊ သူ႔အက်ီလက္စေတြေအာက္မွာ တစ္ခုခုေတာ့ ရွိေနႏိုင္တယ္၊ ေရွာင္လ်ိဳ႕ ဒါကိုမွတ္ထား... ငါတို႔ အဲ့ကို တက္သြားတဲ့အခ်ိန္မွာ ငါတို႔ေတြ ဘာကိုမွ ဦးေအာင္မလုပ္သင့္ဘူး၊ သူ႔ေနာက္မွာပဲေန"

"ဟုတ္ကဲ့! ရွစ္ဖူး!"

တက္ရတဲ့လမ္းေၾကာင္းမွာ ျပန္လွည့္ဖို႔လမ္းမရွိသလို သူ႔ေျခေထာက္ေအာက္မွာကလည္း ေသခ်ာေပါက္ ေသသြားႏိုင္တဲ့တြင္းနက္ႀကီးတစ္ခုသာရွိတယ္။ ခိုင္မာလွတဲ့စင္ေတြနဲ႔ ခ်ိတ္ဆက္ထားတဲ့ ထူထဲလွတဲ့ခ်ိန္းႀကိဳးေတြကိုၾကည့္ကာ လိန္းက်ဲ႕ႏႈတ္ခမ္းေတြကို ေကြးၿပီး တစ္ခ်က္လႊားခနဲခုန္လိုက္တယ္။

ယန္မ်ိဳး႐ိုးလူႀကီးရဲ႕မ်က္ႏွာက ထူးဆန္းတဲ့အမူအယာနဲ႔ လိမ္တြန႔္ေနၿပီး မ်က္လုံးေတြက လႈံ႕ေဆာ္မႈေၾကာင့္ တဖိတ္ဖိတ္ေတာက္ေနတယ္!

ေထာင္စုႏွစ္တစ္ခုရွိၿပီ! ေထာင္စုႏွစ္တစ္ခုေတာင္ ရွိေနၿပီ!

ေနာက္ဆုံးေတာ့ ထိုလူကို ထပ္ၿပီးျမင္ေတြ႕ႏိုင္ေတာ့မယ္!

ဝမ္ဖုန္းက်င္...

စိတ္ထဲမွာ ထိုကဲ့သို႔ျဖစ္ေပၚေနၿပီး မေနသာစြာ ေျခလွမ္းတို႔ကို သြက္လိုက္တယ္။ ခ်ိန္းႀကိဳးက ယမ္းခါေနရင္ေတာင္၊ ေျခလ်မ္းတစ္ခ်က္မွားတာနဲ႔ အဆုံးမဲ့တဲ့တြင္းႀကီးတစ္ခုထဲ ေရာက္သြားႏိုင္တယ္ ဆိုရင္ေတာင္ သူကေတာ့ အေၾကာက္အလန႔္မရွိ နင္းေလွ်ာက္ေနဆဲပဲ။

သူ႔ေနာက္ကေန နီးနီးကပ္ကပ္လိုက္ေနတာက ဆရာနဲ႔ သူ႔ရဲ႕အလုပ္သင္ေလးျဖစ္တယ္။

သူတို႔ေတြ စႀကႍေပၚ ေျခခ်မိတဲ့အခိုက္ တြင္းနက္ႀကီးဆီက ေလျပင္းေတြတိုက္ခတ္လာၿပီး သူတို႔အျမင္ကို လာေရာက္ထိမွန္ကာ ေလာင္ၿမိဳက္ေနသလိုသစ္ပင္ႀကီးကလည္း အသက္ဝင္လာသလိုမ်ိဳး သစ္ကိုင္းေတြ လႈပ္ရွားလာတယ္။ ေႂကြလြယ္တဲ့ပြင့္ဖတ္ေတြက သူတို႔ရဲ႕သစ္ကိုင္းေတြကေန ေႂကြက်လာၿပီး ညေကာင္းကင္ေပၚက ၾကယ္ကေလးေတြလို ေလထဲမွာ လြင့္ေျမာေနတယ္! ျမင္ကြင္းက ျမတ္ႏိုးဖြယ္ေကာင္းၿပီး ေမွာ္ဆန္လွတယ္!

အထြတ္အျမတ္သစ္ပင္ႀကီးေအာက္မွာတင္ လြင့္ေျမာေနတဲ့ပြင့္ဖတ္ေတြက ကမာၻေျမရဲ႕ဆြဲအားအတိုင္း ေျဖးေျဖးခ်င္းက်ဆင္းလာကာ လူႏွစ္ေယာက္လွဲလို႔ရတဲ့အထိ ႀကီးမားတဲ့ေခါင္းတလားႀကီးေပၚမွာ သြားတင္ေနေတာ့တယ္။ ထိုေဘးမွာေတာ့ သစ္ပင္ႀကီးကို လက္ေနာက္ပစ္ကာ ေငးေမာေနတဲ့လူတစ္ေယာက္ရွိေနတယ္။ ပြင့္ဖတ္ေတြကလည္း သူ႔နားတစ္ဝိုက္ ဝဲပ်ံေနၿပီး ေလက သူ႔ရဲ႕ခမ္းနားလွတဲ့ အနီနဲ႔အနက္စပ္ထားတာကိုမွ ၾကည့္ေကာင္းတဲ့ခါးကိုေပၚလြင္ေအာင္ ခါးစည္းႀကိဳးတစ္ခုနဲ႔ တုပ္ေႏွာင္ထားတဲ့ဝတ္႐ုံကို ျဖတ္တိုက္သြားတယ္။သူ႔ရဲ႕အနက္ေရာင္ဆံႏြယ္ေပၚမွာ အနီေရာင္သရဖူတစ္ခုဆင္ျမန္းထားၿပီး သူ႔ရဲ႕ဂုတ္ပိုးေပၚက ျဖဴအုေနတဲ့အသားအေရတစ္ခုသာ ျမင္ေတြ႕ႏိုင္တယ္...

... မေသမ်ိဳးပုံရိပ္တစ္ခု။

ထို႔ေနာက္ စိတ္ေလးစရာေကာင္းလွတဲ့ ထူးဆန္းလွေသာတိတ္ဆိတ္မႈက အားေကာင္းလြန္းတာေၾကာင့္ သူတို႔တစ္ေယာက္မွ အသက္ေတာင္မရႈရဲၾကဘူး။

လိန္းက်ဲ႕နဲ႔ ေရွာင္လ်ိဳ႕တို႔ ေျပာစရာစကားတို႔ မဲ့ေနၾကတယ္။

ဒီလူအေပၚ မ်က္လုံးေတြက်ေရာက္သြားတဲ့အခါ သူတို႔ေတြလည္း ျပဒါးလုံးနဲ႔ ေက်ာက္စာေပၚမွာ ေရးထိုးထားတာေတြကို သံသယဝင္တာမ်ိဳး မရွိေတာ့ဘူး။ အေတြးတစ္ခုသာ က်န္ရွိေတာ့တယ္ 'အိုး အဲ့ေတာ့ကာ ဒါက မေသမ်ိဳးေပါ့'

တစ္ဖက္မွာ ယန္မ်ိဳး႐ိုးလူႀကီးက ထိုလူ႔ေနာက္ေက်ာေပၚမွာသာ အၾကည့္တို႔ စြဲကပ္ေနတယ္။ ႏႈတ္ခမ္းတို႔ကို ကိုက္ခ်ရင္း သူ႔ရဲ႕မ်က္ခြံေတြနဲ႔ ႂကြက္သားေတြ တြန႔္ရႈံ႕သြားရတယ္။ လက္ေခ်ာင္းေတြကေတာင္ လက္သီးဆုပ္တစ္ခုအသြင္ ေျပာင္းလဲသြားတယ္။

တစ္ခဏအၾကာမွာ ပါးစပ္ကို ႐ုတ္ျခည္းဖြင့္ဟကာ စကားလုံးသုံးလုံး ဖြင့္ဟလိုက္တယ္ "ဝမ္ ဖုန္း က်င္"

စကားလုံးေတြက ျခင္ေအာ္သံလိုမ်ိဳး တဝီဝီေလာက္သာရွိေပမယ့္ ထိုလူ႔ရဲ႕အာ႐ုံစိုက္မႈကို ရလိုက္တယ္။

ထိုလူက အၾကင္နာတရားေခါင္းပါးစြာ သူတို႔ကို လွည့္ၾကည့္လာတယ္။ သူ႔မွာ ႏွစ္လိုဖြယ္လွပတဲ့ မ်က္ႏွာေလးတစ္ခု ရွိေပမယ့္ ရန္မူလိုတဲ့အမူအယာကလည္း ရွိေနေသးတယ္။ ေနာက္ၿပီး ႀကီးမားတဲ့မီးေတာက္ေက်ာက္လို မ်က္လုံးသူငယ္အိမ္ေတြနဲ႔ မ်က္လုံးေတြမွာ ခံစားခ်က္ေတြမဲ့ေနၿပီး သူ႔ေရွ႕က ပု႐ြက္ဆိတ္ေတြကို ၾကည့္ေနသေယာင္ ထင္ရတယ္။

လူႀကီးမင္းယန္ သက္ျပင္းတစ္ခ်က္ရႈိက္ကာ မ်က္လုံးခ်င္းဆုံလိုက္တယ္။

ထို႔ေနာက္ ဘာမေျပာညာမေျပာ အူတက္မတတ္ ရယ္ေမာလာေတာ့တယ္။

"တကယ္ပဲ ခင္ဗ်ားကိုး! တကယ္ ခင္ဗ်ားပဲ..."

ထို႔ေနာက္ သူ႔မ်က္လုံးေတြက ဝမ္ဖုန္းက်င္ေဘးက ေခါင္းတလားႀကီးေပၚ က်ေရာက္သြားၿပီး ရယ္သံေတြ ပိုက်ယ္လာတယ္။

႐ူးသြပ္ေနတဲ့အသံနဲ႔ သူေျပာလိုက္တယ္ "ဟား ဟား ဟား ဒီေလာက္ႏွစ္ေတြအမ်ားႀကီး ၾကာတာေတာင္မွ ခင္ဗ်ားက လူေသတစ္ေယာက္ကို ေစာင့္ေရွာက္ေပးေနတုန္း! ဘာကို အထြတ္အျမတ္သစ္ပင္လဲ? ဘာကို ျပန္လည္ရွင္သန္တာလဲ? ဒါေတြအားလုံးက လွည့္ကြက္တစ္ခုပဲ! ဟား ဟား ဟား! ဒါက ျပန္ေပးဆပ္ေနရတာ _ က်ဳပ္ကို စြန႔္လႊတ္ခဲ့တဲ့အတြက္ ခင္ဗ်ားျပန္ေပးဆပ္ရတာ_!"

"မင္း ဘယ္သူလဲ?" ဝမ္ဖုန္းက်င္ ထိုလူကို မ်က္ေမွာင္ၾကဳတ္ၾကည့္လိုက္တယ္။ ဒီမ်က္ႏွာက ဘာေၾကာင့္မ်ား ေတာ္ေတာ္ေလး ရင္းႏွီးေနရတာလဲ?

လူႀကီးမင္းယန္က ျပန္မေျဖဘူး။ သူက အမုန္းတရားတို႔ျပည့္ေနတဲ့မ်က္လုံးေတြနဲ႔ ေခါင္းတလားႀကီးကိုသာ လက္ညႇိဳးနဲ႔ထိုးေနတယ္!

"အဲ့အေခါင္းထဲမွာ ဘာရွိလဲ? အေလာင္းတစ္ေလာင္းလား? ဒါမွမဟုတ္ လက္တစ္ဆုပ္စာျပာေတြလား? ဟား ဟား ဟား ဘယ္လိုေနေန က်ဳပ္ႏိုင္ၿပီ! က်ဳပ္ႏိုင္တယ္!"

ထိုစကားလုံးေတြ ထြက္လာၿပီးၿပီးခ်င္း ေခါင္းတလားထဲကေန ပုံရိပ္ေလးတစ္ခု ႐ုတ္တရက္ ေခါင္းေထာင္ကာထလာတယ္။

သူတို႔အခ်င္းခ်င္း ေနရခက္စြာ စိုက္ၾကည့္ေနမိတယ္။

လူႀကီးမင္းယန္ "..."

ဝမ္ေရွာင္းမ်ယ္ "..."

ထိုလူ႔ရဲ႕ျမဴးတူးေနတဲ့ ရယ္သံကလည္း လမ္းတစ္ဝက္မွာတင္ ရပ္သြားတယ္! သူ႔မ်က္လုံးေတြက အလုံးလိုက္ကြၽတ္ထြက္ေတာ့မလို ျပဴးက်ယ္ေနတယ္!

သူ႔ဆီက အေတာ္ၾကာေအာင္ စိုက္ၾကည့္ခံရတာေၾကာင့္ ဝမ္ေရွာင္းမ်ယ္ ၾကက္သီးေတြပါထလာတယ္။

"အာ..."

"ငါဘာလို႔... ဒီတိုင္း ျပန္မလွဲရမွာလဲေနာ္???"



_____



{Unicode}

ခန်းမဆောင်တံခါးကြီးလည်း တစ်ဖန်ပြန်ပိတ်သွားတော့တယ်။

မကောင်းဆိုးဝါးတွေကို ဦးဆောင်ထားတဲ့မုယီက သွေးဆာနေသလိုအပြုံးကြီးနဲ့ ခပ်ပြုံးပြုံးဖြစ်နေတယ်။ သင်္ချိုင်းကိုစောင့်ရှောက်ကြတဲ့ ဆယ်ယောက်စလုံးက သူတို့ဗိုက်တွေ တင်းကားနေပြီဖြစ်တယ်။ သူတို့တွေက ရုပ်ရှင်ကားတစ်ကားကြည့်နေရသလို ကျန်းပိုင်ကို ပတ်လည်ဝိုင်းကာ နှာတရှုံ့ရှုံ့နဲ့ ငေးကြည့်နေကြတယ်။

တကယ်တော့ သူ့ဆီကနေ သူတို့တွေနဲ့ အတော်လေးဆင်တူနဲ့ ရက်စက်ကြမ်းကြုတ်တဲ့အနံ့တစ်ခု ထုတ်လွှတ်နေတယ်။

ကျန်းပိုင် ကျန်းမူကို ဘေးဘက်တွန်းလွှတ်လိုက်တယ်။ ထို့နောက် သူက လက်ထဲမှာပင် ခေါက်ဓားကို ကျွမ်းကျင်စွာ ဆတ်ခနဲသိမ်းလိုက်ပြီး ကျန်းဟောင်ကို လေ့လာကြည့်ဖို့ ဆောင့်ကြောင့်ထိုင်လိုက်တယ်။ ထိုလူရဲ့မျက်နှာက အခုတော့ အရိုက်ခံထားရတာတွေကြောင့် သွေးချင်းချင်းရဲနေပြီ။ ကျန်းပိုင်က ကျန်းဟောင်အတွက် လက်ကိုင်ပဝါလေးတစ်ခု ထုတ်ပေးတော့မယ့် လူကြီးလူကောင်းတစ်ယောက်လို နွေးထွေးစွာ ပြုံးပြလာတယ်။

သို့ပေမယ့် သူ ဆွဲထုတ်လိုက်တာက နောက်ထပ်ဓားတစ်ချောင်းဖြစ်နေတယ်။

နောက်ဆုံးတော့ အန္တရာယ်ကျလုဆဲဆဲဖြစ်နေပြီဆိုတာ ကျန်းဟောင်ခံစားမိလိုက်တဲ့အတွက် သူ့ရဲ့ဆဲဆိုနေတာတွေကို ရပ်တန့်လိုက်တယ်။ ကျန်းပိုင်က မျက်နှာပေါ်မှာ ဘယ်တုန်းကမှပျောက်ကွယ်မသွားဖူးတဲ့ အပြုံးကြီးတစ်ခုကို ချိတ်ဆွဲကာ သူ့နားကို တစ်လှမ်းစီ ဖြေးဖြေးချင်းတိုးကပ်လာတာနဲ့အမျှ သူကလည်း ကြောက်လန့်တကြား သူ့ကိုယ်သူ နောက်ပြန်တရွတ်ဆွဲ ဆုတ်နေမိတယ်။

အတိအကျကို စိတ်မနှံ့တဲ့လူသတ်သမားတစ်ယောက်နဲ့ တူနေတယ်။

"အစ်ကို~ ကြီးရေ~ ပျော်ရအောင်လေ~ ဟား ဟား ဟား ဟား"

ကျန်းဟောင် မကောင်းဆိုးဝါးတစ်ကောင်နဲ့ တိုက်မိသွားပေမယ့် အခုချိန်ပြန်ကြည့်မယ်ဆို သူ့ကိုအရူးတစ်ယောက်လို ခေါ်နေတဲ့ညီဖြစ်သူက ပိုတောင် ကြောက်စရာကောင်းသေးတယ်!

လှပတဲ့ခေါက်ဓားလေးက မြောက်လာလိုက် ပြန်ကျသွားလိုက်ဖြစ်နေတယ်။

"အား-!"

ကျန်းပိုင်က ဆောင့်ကြောင့်ထိုင်ပြီး သူ့ရဲ့ညာဘက်လက်ပေါ် မေးထောက်ကာ "လက်လေး တစ်ဖက်ပါပဲ အစ်ကိုကြီးရာ၊ အော်တာကလည်း ကျယ်လိုက်တာ ဒါပေမယ့်... အဲ့တာက ကျွန်တော့်ကို မတရားပျော်စေတယ်!"

"ငါ့ကိုလွှတ်... ကျန်းပိုင်... ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ၊ ငါတို့ ဒီကထွက်တဲ့အခါ..." ကျန်းဟောင်မှာ နာကျင်လွန်းတာကြောင့် မျက်ရည်တွေနှာရည်တွေက မျက်လုံးတွေနဲ့နှာခေါင်းထဲက တသွင်သွင်စီးကျနေတော့တယ်။ သူက ပြင်းထန်လှတဲ့အကြောက်တရားအောက်မှာ ကျန်းပိုင်နဲ့ ဆွေးနွေးနိုင်ဖို့ အားတင်းနေမိတယ်။

"မလိုပါဘူး" ကျန်းပိုင် သူ့ကို စကားဖြတ်ပြောလိုက်တယ် "အစ်ကိုကြီးက ဒီကနေ ထွက်သွားရမှာမှမဟုတ်တာ~"

"မင်း!" ဆဲရေးတိုင်းထွာတာတွေ တစ်ပုံတစ်ပင်ကို ချိုးနှိမ်ထားရင်း ကျန်းဟောင်ရဲ့မျက်နှာက တွန့်ရှုံ့လို့နေတယ် "မင်းက ခွေးတစ်ကောင်သာသာပဲ! မင်းတို့အားလုံးက ငါ့ရဲ့ခွေးတွေ! ငါ - hmm!"

"ကြည့်ရတာ လျှာကို မလိုချင်တော့တဲ့ပုံပဲ"

ဓားပေါ်က သွေးကို ခါကာ ကျန်းပိုင်ရဲ့လက်ချောင်းသုံးချောင်းက ခေါက်ဓားလေးကို ခပ်သွက်သွက်လေးလွှဲလိုက်တယ်။ "ဪ ဟုတ်သား၊ ကျွန်တော်တို့ရဲ့ကွာခြားချက်တွေကို တဲ့တိုးပြောရမှာပေါ့၊ ခင်ဗျားရဲ့အကဲခတ်စွမ်းရည်တွေကို သနေနိုင်အောင်လို့ ခင်ဗျားအများကြီးကြိုးစားခဲ့တယ်ဆိုတာ ကျွန်တော်မှတ်မိသေးတယ် ဒါပေမယ့် တစ်နှစ်ကျတော့ ခင်ဗျားက ကျန်းမူလုပ်ခဲ့တဲ့ ပုံစံငယ်လေးကို မခွဲခြားနိုင်ခဲ့ဘူးလေ ဟား ဟား ဟား! အဲ့တာက ခင်ဗျားကိုယ်ခင်ဗျား အကြီးအကျယ်အရူးလုပ်မိခဲ့တဲ့ ပထမဆုံးအကြိမ်ပဲ"

ကျန်းဟောင်က တစ်စက္ကန့်စာ အားပါးတရရယ်ပြီး နောက်ခဏမှာတင် သူ့မျက်နှာက သတ်ချင်ဖြတ်ချင်တဲ့ပုံမျိုးနဲ့ အေးစက်လာတယ်။ သူက ကျန်းဟောင်မျက်နှာပေါ် ဓားနဲ့ ပုတ်ကာ "ဒါပေမယ့် အဲ့တာက ခင်ဗျား ကန်းနေခဲ့လို့လေ၊ ဒါတောင်မှ ခင်ဗျားက ကျန်းမူကို ခင်ဗျားအခန်းထဲခေါ်ပြီး သူ့လက်နှစ်ဖက်စလုံးကို မရေမတွက်နိုင်အောင် ဓားနဲ့မွှန်းခဲ့တယ်... အစ်ကိုကြီး ကျွန်တော်အခု ခင်ဗျားလက်နှစ်ဖက်စလုံးကို ဒီတိုင်းဖြတ်လိုက်သင့်တယ်လို့ ထင်လား?"

"Wu wu-!"

"နောက်ပြီးတော့ ကျန်းမူက ခင်ဗျားထက်အများကြီး အရည်အချင်းပိုရှိတာကြောင့်မို့လို့ ခင်ဗျားက သူ့အသက်ကို သင်္ချိုင်းတွေထဲမှာ စွန့်စားဖို့ အမိန့်ပေးခဲ့တယ်၊ ကျွန်တော်ကျတော့ ရှေးဟောင်းပစ္စည်းတွေအကြောင်းသိတဲ့ ဗဟုသုတက နည်းနည်းပဲရှိကြောင်း ပြခဲ့တာဆိုတော့ ခင်ဗျားက ကျွန်တော့်ကို ဘေးဖယ်ထားဖို့ လူတိုင်းကိုပြောပြီး ကျွန်တော့်ကို အရူးလို့ခေါ်ခဲ့တယ်"

"ဟိုက်~~အား! တွေးလေလေ ဒေါသထွက်လေလေပဲ... ဟက်!"

"Wooo-!!"

အနီရောင်အရည်တွေက ထပ်တလဲလဲပန်းထွက်လာပြန်တယ်။ မုယီနဲ့ တခြားသူတွေက တီးတိုးစကားဆိုကာ သူတို့အချင်းချင်း ရယ်မောနေကြတယ်။ မကောင်းဆိုးဝါးအုပ်စုက လူသားတစ်ယောက်ကို ဝန်းရံထားတယ်ဆိုပေမယ့် အလယ်မှာရှိတဲ့လူက ကျန်မကောင်းဆိုးဝါးတွေထက် ပိုတောင်ကြောက်စရာကောင်းနေသေးတယ်...

ပြဇာတ်တစ်ခုလိုမျိုး သူတို့တွေ မတ်တပ်ရပ်ကာ ထိုသူရဲ့'ဖျော်ဖြေမှု'ကိုကြည့်ပြီး သူ့ရဲ့'ပူးတွဲသရုပ်ဆောင်'ဆီက အော်သံတွေကို နားထောင်နေရတယ်။

အချိန် အတော့်အတော်ကိုကြာသွားပြီးနောက်။

ကျန်းပိုင် သွေးတွေရွှဲရွှဲစိုနေပြီး အပြုံးကြီးတစ်ခုနဲ့ မတ်တပ်ထလာတယ်။ သူ့ရဲ့မက်မွန်ပန်းလိုမျက်လုံးတွေ တဖျတ်ဖျတ်ခတ်နေပြီး သွေးမျက်ရည်တွေလိုမျိုး အနီရောင်အစက်ကလေးတွေက ပါးကနေ မေးရိုးတစ်ယောက် စီးကျသွားတယ်။

"ပျော်သင့်သလောက်လည်း ပျော်ပြီးပြီ" သူက စေးကပ်နေတဲ့အနီရောင်အရာတွေနဲ့ ပေစွန်းနေတဲ့ခေါက်ဓားတွေကို အဝေးပစ်ထုတ်လိုက်ပြီးနောက် လက်ကိုင်ပဝါတစ်ခုထုတ်ကာ လက်တွေကို တင့်တယ်စွာ သုတ်လိုက်တယ်။

သူမျက်လွှာတွေ ပင့်မော့ကာ မကောင်းဆိုးဝါးတွေကို ကြည့်ရင်း : "အိုး ဟုတ်သားပဲ၊ ခင်ဗျားတို့ရဲ့သခင်ကို ကျွန်တော်က ကျေးဇူးတင်ကြောင်း ပြောပေးပါ၊ သူက သူ့စကားတည်တော့ ကျွန်တော်ကလည်း တည်ရမှာပေါ့ ဒီလူ..." သူ ကျန်းမူရဲ့ကျောကို ခြေထောက်နဲ့ အသာတို့ကာ "ကျွန်တော်သူ့ကို အပြင်ပို့ပေးရအုံးမယ်"

မုယီနဲ့တခြားသူတွေက ထိုလူ့ကို နောက်ဆုံးတစ်ခေါက်ကြည့်ပြီးနောက် လှည့်ထွက်ကာ မြင်ကွင်းထဲက ပျောက်ကွယ်သွားတော့တယ်။

ကျန်းပိုင် သူတို့ကို လျစ်လျူရှုလိုက်တယ်။ သူ ကျန်းမူဆီမှာချည်ထားတဲ့ မီးခိုးရောင်အိတ်ရှုံ့လေးကို ဖယ်လိုက်တယ်။ အိတ်ရှုံ့လေးက သူ့ရဲ့အကျီစတွေနဲ့ လုပ်ထားခဲ့တာကြောင့် ထိုအရာမှာ သူ့အနံ့တို့ ကပ်ငြိတယ်။ ဒါက သူ သင်္ချိုင်းသခင်နဲ့ သဘောတူညီမှုလုပ်ခဲ့တာပဲဖြစ်တယ် : သူ့အနံ့ရှိနေတဲ့ ဘယ်သူ့ကိုမဆို မတိုက်ခိုက်ဖို့။

ပစ္စည်းကို ဖယ်ထုတ်ပြီးနောက် ကျန်းမူကို သူ့ကျောပေါ်တင်ကာ ပင့်မလိုက်တယ်။

"ဒါပေမယ့်... ငါ ပြန်လာအုံးမှာ~"

သူ့ရဲ့ခပ်ရွဲရွဲမျက်လုံးတွေထဲမှာ အန္တရာယ်ပေးမယ့်အငွေ့အသက်တို့နဲ့ သင်္ချိုင်းစောင့်ရှောက်သူတွေ ပျောက်ကွယ်သွားတဲ့ဘက်ကို ကြည့်လိုက်တယ်။

"... နောက်ဆုံးတော့လည်း ရှိခိုးကောင်က ပုစဉ်းရင်ကွဲကို ချောင်းနေတုန်း ငှက်ဝါကလည်း အရိပ်ထဲကနေ အလစ်အငိုက်ကို စောင့်နေတာပဲလေ~"

ထိုအချိန်အတောအတွင်းတွင်။

ခမ်းနားလှတဲ့သင်္ချိုင်းကြီးတစ်လျှောက် ဖြတ်လာရင်း သူတို့တွေ ရှေးခေတ်အချိန်အခါက ဂုဏ်သရေကြီးမားတဲ့တော်ဝင်နန်းတော်ကြီးဆီကို ပြန်ရောက်သွားသလိုမျိုး ခံစားရတယ်။ ကျောက်လက်ရန်းတွေက နဂါးတို့လျှောက်လမ်းလိုမျိုး ထွင်းထုထားပြီး သူတို့လျှောက်လာရတဲ့ မြေကြီးပေါ်မှာ မှန်တမျှ လင်းလက်နေတဲ့ အရောင်တင်ပြီးသားကျောက်စရစ်လေးတွေ စီရီထားတယ်။ ဘေးဘက်တွေမှာ ဧရာမဟင်္သာပဒါးတိုင်ကြီးတွေ အတန်းလိုက်ရှိနေပြီး ထိုပေါ်မှာ အထက်သို့ဆန်တက်နေတဲ့ နဂါးတွေပုံကို ရေးထွင်းထားတယ်။

သာမန်လူတစ်ယောက်အဖို့ ဒီလိုမျိုးဂုဏ်သရေကြီးမြင့်တဲ့ ဗိသုကာလက်ရာကို နားလည်သဘောပေါက်နိုင်ဖို့ ခဲယဉ်းတယ်။

သူတို့တွေ သူတို့ဦးတည်ရာကို ရောက်ပြီလို့ တွေးမိချိန်တိုင်း အလင်းရောင်အရင်းအမြစ်လေးတစ်ခုက လမ်းညွှန်ပြနေတဲ့သဘောမျိုးနဲ့ လောင်မြိုက်လာပြီး သူတို့တွေရဲ့အရှေ့မှာ လမ်းရှည်ကြီးတစ်ခု ရှိနေသေးကြောင်း ပြောနေသယောင် ပေါ်လာတတ်တယ်။

"ဒီမြေအောက်နန်းတော်ကြီးက တော်ဝင်နန်းတော်ဆယ်ခုစာလောက် ကြီးနေတာပဲ! တကယ်ပဲ အဲ့ဝမ်ဖုန်းကျင်ဆိုတာ ဘယ်သူလဲ?" ရှောင်လျို့တစ်ယောက် တစ်သက်စာလောက်ဖူလုံမှာ သေချာနိုင်တဲ့ ပန်းအိုးတစ်လုံးကို သဲကြီးမဲကြီးငေးမောနေမိတယ်။

အမိုးခုံးတွေကတောင် ကျောက်မြက်ရတနာတွေနဲ့ စီခြယ်ထားတယ်။

လိန်းကျဲ့ဘာမှမပြောနိုင်သေးခင် လူကြီးမင်းယန်က ဖြတ်ပြောလာတယ် "ဟမ့် ဒါတွေက ဒီတိုင်းရေခဲစိုင်ကြီးရဲ့ ထိပ်ပိုင်းပဲရှိသေးတယ်၊ အရင်ကဆို အဲ့လူက သူ့လက်နဲ့တောင် ကောင်းကင်ကြီးကို ကာဆီးလိုက်နိုင်တယ်၊ ဒါက သူ မြောက်ပိုင်းနိုင်ငံတော်ကြီးနဲ့ ဒီ့ပြင်ဒေသတွေကို ဘယ်လိုအုပ်စိုးခဲ့တယ်ဆိုတာပဲ... သူ စွမ်းအင်ရလာတဲ့အချိန်ကစလို့ ရိုးရိုးလူတွေရော အင်အားကြီးတဲ့တရားသူကြီးတွေပါ ပရမ်းပတာတွေထဲ အားလုံးပါလာကြတယ်၊ ထီးနန်းတောင်မလိုဘဲ အုပ်စိုးသူနေရာကိုရောက်ဖို့ သူ့အတွက် ငါးနှစ်ပဲကြာခဲ့တယ်! သူ့အကျီလက်စကို တစ်ချက်ဝှေ့လိုက်တာနဲ့ သူ့ကိုဘယ်သူမှ မလွန်ဆန်ရဲတော့ဘူး၊ သူက နတ်ဘုရားတစ်ပါးအဖြစ် တော်တော်လေးဝတ်ပြုခံခဲ့ရတယ်... သူ့အတွက် ရူးရူးမိုက်မိုက်အရာတွေ လုပ်ပေးချင်တဲ့လူတွေမှ မရေမတွက်နိုင်အောင်ပဲ"

"..."

'ပြီးတော့ ခင်ဗျားဘယ်လိုလုပ် ဒီလောက်တောင်သိနေလဲ...'ဆိုတာက ရှောင်လျို့ထုတ်မေးလိုက်ချင်တာဆိုပေမယ့် အဆုံးမှာ သူ့ကိုယ်သူသာ ထိန်းလိုက်တယ်။ ဒီလူက သူ့ရဲ့တပည့်ကို မကောင်းဆိုးဝါးတွေဆီ ထိုးကျွေးလိုက်တဲ့အချိန်ကစလို့ ဒီလူ့ကိုကြည့်မိတိုင်းမှာ သူ့ဆံပင်မွှေးတွေ တရွရွဖြစ်နေသလိုသာ ရှောင်လျို့ခံစားရတယ်။

သို့ပေမယ့် သိပ်မကြာခင် သူ့အတွေးတွေကို တခြားအရာက စိုးမိုးသွားပြန်တယ်။

ဘာကြောင့်ဆို သူတို့တွေက နောက်ဆုံးခန်းမဆောင်ကြီးထဲက ထွက်လာပြီး ကြီးမားလှတဲ့ပွဲကြီးစင်ကြီးတစ်ခုဆီ ရောက်လာကြလို့ပဲဖြစ်တယ်။ အတွင်းခန်းတွေထဲက ခပ်မှိန်မှိန်လမ်းပြအလင်းရောင်လေးကလည်း တောက်ပတဲ့အလင်းတန်းအဖြစ် အစားထိုးကာ လင်းထင်းလာတယ်။

ရှေ့မှာရှိတဲ့မြင်ကွင်းကို မျက်လုံးရောက်သွားတဲ့အခိုက် သူပြောစရာစကားတွေ ပျောက်ရှကုန်တယ်။ နောက်ပြီး သူ့ဆရာနဲ့ ထိုလူလည်း ထပ်တူအံ့အားသင့်နေမယ်ဆိုတာ သူသိတယ်။

...

သူတို့ရှေ့က ကျယ်ပြန့်တဲ့နေရာကြီးက အိုလံပစ်ကွင်းတစ်ခုစာလောက် ကျယ်တယ်။ နံရံတစ်လျှောက် ငေါထွက်နေတဲ့စင်တွေ မရေမတွက်နိုင်အောင်ရှိပြီး ကျောက်ထရံဘုရားကျောင်းတွေတည်ထားတဲ့ မြင်ကွင်းလိုမျိုး ထိုပေါ်မှာ ပွဲကြည့်တဲ့နန်းဆောင်လေးတွေရှိတယ်။

နောက်ပြီး သူတို့သုံးယောက်က ထိုအနီရောင်ပွဲကြည့်စင်တွေထဲက တစ်ခုမှာ ရပ်နေကြတာဖြစ်ပြီး သူတို့ခြေထောက်အောက်မှာ အခြေမဲ့ချောက်နက်ကြီးတစ်ခု ရှိနေတယ်။

ထိုဧရာမချိုင့်ကြီးအလယ်တည့်တည့်မှာ ယောကျာ်းတစ်ယောက်ရဲ့ ခါးအရွယ်လောက်ထူတဲ့ချိန်းကြိုးတွေနဲ့ နံရံတွေကိုချိတ်တွယ်ကာထားတဲ့ ထုထည်ကြီးမားလှသော မိုးထိုးအောင်မြင့်တဲ့တိုင်ကြီးတစ်လုံးရှိတယ်။ တိုင်ထိပ်က နေရာကျယ်ကျယ်ပေါ်မှာ ကြီးမားတဲ့ရှေးဟောင်းသစ်ပင်ကြီးတစ်ခု တည်ရှိတယ်။ ထူးခြားတဲ့သစ်ပင်ကြီးမှာ အရွက်တစ်ရွက်မှမရှိဘဲ ပန်းပွင့်တွေချည်းသာဖြစ်တယ်။ ဘာက ပိုပြီးထူးခြားသလဲဆို ကြက်သွေးရောင်အပွင့်တွေက သစ်ပင်ကြီးကို ရဲရဲတောက်နေတဲ့မီးတောက်တစ်ခုလိုမျိုး လွှမ်းခြုံထားတာဖြစ်တယ်။

သစ်ပင်ကြီးဆီက ဖြာထွက်နေတဲ့အလင်းရောင်က ရောင်ခြည်တော်လို ခံစားချက်ကို ရစေတယ်။

နောက်ပြီး သူတို့ရဲ့နောက်ဆုံးပန်းတိုင်၊ သူတို့ဒီကိုရောက်လာရတဲ့ အကြောင်းအရင်းဖြစ်တဲ့ ခေါင်းတလားကြီးက လောင်ကျွမ်းနေသလိုဖြစ်နေတဲ့ အပင်ကြီးရဲ့အောက်မှာ ရှိနေတယ်။

"..."

"..."

"ကြည့်ရတာ ရှေ့ဆက်ဖို့ အချိန်ကျပြီပဲ" လိန်းကျဲ့က သူ့ရဲ့ခြောက်ကပ်နေတဲ့နှုတ်ခမ်းတွေကို လျှာနဲ့သပ်လိုက်တယ်။ သူက နောက်လှည့်ကာ သူ့ရဲ့အလုပ်သင်လေးကို ကြည့်လိုက်တယ်။ "ဒီနေရာကစပြီး ကိစ္စတွေက ပိုဆိုးလာဖို့ပဲရှိနိုင်တယ်၊ အသက်ရှင်အောင်နေဖို့ကလည်း ခက်ခဲလိမ့်မယ်၊ နင်က ငါ့ရဲ့အလုပ်သင် ဒါတောင်မှ ငါနင့်ကို သေလမ်းဆီ ခေါ်လာမိတယ်၊ နင်ငါ့ကို မုန်းနေပြီလား?"

"မမုန်းပါဘူး" ရှောင်လျို့ခေါင်းယမ်းကာ စိတ်ဓာတ်ခိုင်မာစွာ ပြောလိုက်တယ် "ရှစ်ဖူမရှိရင် ကျွန်တော့်တစ်ဘဝလုံး လူမိုက်တစ်ယောက်ပဲ ဖြစ်သွားတော့မှာ... ဒါပေမယ့် ရှစ်ဖူ ကျွန်တော်တို့အခု တကယ်ပဲ နောက်ပြန်လှည့်လို့မရတော့ဘူးလား?"

"ပြန်လှည့်မယ်? ငါတို့ ဘယ်လိုအခြေအနေကို ရောက်နေတယ်လို့ နင်ထင်လဲ? အဲ့ဟာတွေက ငါတို့ကို ထွက်သွားခွင့်ပေးမယ်လို့ ထင်နေတာလား? ဒီလောက်ထိအပြည့်အဝစွမ်းအားရှိဟာနဲ့ရင်ဆိုင်ရနေတာမို့လို့ ငါတို့ရဲ့စွမ်းရည်တွေက ထုတ်ပြောဖို့တောင် မထိုက်တန်ဘူး၊ ငါ အဲ့မကောင်းဆိုးဝါးတွေကို တစ်ကောင်နှစ်ကောင်လောက်တော့ ကိုင်တွယ်နိုင်တယ်ဆိုပေမယ့် အုပ်စုလိုက်ဆို မဖြစ်နိုင်ဘူး"

ချိန်းကြိုးဆီကို တုံ့ဆိုင်းခြင်းမရှိ လျှောက်သွားတဲ့လူကို လိန်းကျဲ့ လေ့လာလိုက်တယ်။ သူမက လေသံနဲ့ "သူ ဒီကို ရောက်လာတည်းက ပူးကပ်ခံလိုက်ရသလိုပဲ၊ သူ့အကျီလက်စတွေအောက်မှာ တစ်ခုခုတော့ ရှိနေနိုင်တယ်၊ ရှောင်လျို့ ဒါကိုမှတ်ထား... ငါတို့ အဲ့ကို တက်သွားတဲ့အချိန်မှာ ငါတို့တွေ ဘာကိုမှ ဦးအောင်မလုပ်သင့်ဘူး၊ သူ့နောက်မှာပဲနေ"

"ဟုတ်ကဲ့! ရှစ်ဖူး!"

တက်ရတဲ့လမ်းကြောင်းမှာ ပြန်လှည့်ဖို့လမ်းမရှိသလို သူ့ခြေထောက်အောက်မှာကလည်း သေချာပေါက် သေသွားနိုင်တဲ့တွင်းနက်ကြီးတစ်ခုသာရှိတယ်။ ခိုင်မာလှတဲ့စင်တွေနဲ့ ချိတ်ဆက်ထားတဲ့ ထူထဲလှတဲ့ချိန်းကြိုးတွေကိုကြည့်ကာ လိန်းကျဲ့နှုတ်ခမ်းတွေကို ကွေးပြီး တစ်ချက်လွှားခနဲခုန်လိုက်တယ်။

ယန်မျိုးရိုးလူကြီးရဲ့မျက်နှာက ထူးဆန်းတဲ့အမူအယာနဲ့ လိမ်တွန့်နေပြီး မျက်လုံးတွေက လှုံ့ဆော်မှုကြောင့် တဖိတ်ဖိတ်တောက်နေတယ်!

ထောင်စုနှစ်တစ်ခုရှိပြီ! ထောင်စုနှစ်တစ်ခုတောင် ရှိနေပြီ!

နောက်ဆုံးတော့ ထိုလူကို ထပ်ပြီးမြင်တွေ့နိုင်တော့မယ်!

ဝမ်ဖုန်းကျင်...

စိတ်ထဲမှာ ထိုကဲ့သို့ဖြစ်ပေါ်နေပြီး မနေသာစွာ ခြေလှမ်းတို့ကို သွက်လိုက်တယ်။ ချိန်းကြိုးက ယမ်းခါနေရင်တောင်၊ ခြေလျမ်းတစ်ချက်မှားတာနဲ့ အဆုံးမဲ့တဲ့တွင်းကြီးတစ်ခုထဲ ရောက်သွားနိုင်တယ် ဆိုရင်တောင် သူကတော့ အကြောက်အလန့်မရှိ နင်းလျှောက်နေဆဲပဲ။

သူ့နောက်ကနေ နီးနီးကပ်ကပ်လိုက်နေတာက ဆရာနဲ့ သူ့ရဲ့အလုပ်သင်လေးဖြစ်တယ်။

သူတို့တွေ စင်္ကြံပေါ် ခြေချမိတဲ့အခိုက် တွင်းနက်ကြီးဆီက လေပြင်းတွေတိုက်ခတ်လာပြီး သူတို့အမြင်ကို လာရောက်ထိမှန်ကာ လောင်မြိုက်နေသလိုသစ်ပင်ကြီးကလည်း အသက်ဝင်လာသလိုမျိုး သစ်ကိုင်းတွေ လှုပ်ရှားလာတယ်။ ကြွေလွယ်တဲ့ပွင့်ဖတ်တွေက သူတို့ရဲ့သစ်ကိုင်းတွေကနေ ကြွေကျလာပြီး ညကောင်းကင်ပေါ်က ကြယ်ကလေးတွေလို လေထဲမှာ လွင့်မြောနေတယ်! မြင်ကွင်းက မြတ်နိုးဖွယ်ကောင်းပြီး မှော်ဆန်လှတယ်!

အထွတ်အမြတ်သစ်ပင်ကြီးအောက်မှာတင် လွင့်မြောနေတဲ့ပွင့်ဖတ်တွေက ကမ္ဘာမြေရဲ့ဆွဲအားအတိုင်း ဖြေးဖြေးချင်းကျဆင်းလာကာ လူနှစ်ယောက်လှဲလို့ရတဲ့အထိ ကြီးမားတဲ့ခေါင်းတလားကြီးပေါ်မှာ သွားတင်နေတော့တယ်။ ထိုဘေးမှာတော့ သစ်ပင်ကြီးကို လက်နောက်ပစ်ကာ ငေးမောနေတဲ့လူတစ်ယောက်ရှိနေတယ်။ ပွင့်ဖတ်တွေကလည်း သူ့နားတစ်ဝိုက် ဝဲပျံနေပြီး လေက သူ့ရဲ့ခမ်းနားလှတဲ့ အနီနဲ့အနက်စပ်ထားတာကိုမှ ကြည့်ကောင်းတဲ့ခါးကိုပေါ်လွင်အောင် ခါးစည်းကြိုးတစ်ခုနဲ့ တုပ်နှောင်ထားတဲ့ဝတ်ရုံကို ဖြတ်တိုက်သွားတယ်။သူ့ရဲ့အနက်ရောင်ဆံနွယ်ပေါ်မှာ အနီရောင်သရဖူတစ်ခုဆင်မြန်းထားပြီး သူ့ရဲ့ဂုတ်ပိုးပေါ်က ဖြူအုနေတဲ့အသားအရေတစ်ခုသာ မြင်တွေ့နိုင်တယ်...

... မသေမျိုးပုံရိပ်တစ်ခု။

ထို့နောက် စိတ်လေးစရာကောင်းလှတဲ့ ထူးဆန်းလှသောတိတ်ဆိတ်မှုက အားကောင်းလွန်းတာကြောင့် သူတို့တစ်ယောက်မှ အသက်တောင်မရှုရဲကြဘူး။

လိန်းကျဲ့နဲ့ ရှောင်လျို့တို့ ပြောစရာစကားတို့ မဲ့နေကြတယ်။

ဒီလူအပေါ် မျက်လုံးတွေကျရောက်သွားတဲ့အခါ သူတို့တွေလည်း ပြဒါးလုံးနဲ့ ကျောက်စာပေါ်မှာ ရေးထိုးထားတာတွေကို သံသယဝင်တာမျိုး မရှိတော့ဘူး။ အတွေးတစ်ခုသာ ကျန်ရှိတော့တယ် 'အိုး အဲ့တော့ကာ ဒါက မသေမျိုးပေါ့'

တစ်ဖက်မှာ ယန်မျိုးရိုးလူကြီးက ထိုလူ့နောက်ကျောပေါ်မှာသာ အကြည့်တို့ စွဲကပ်နေတယ်။ နှုတ်ခမ်းတို့ကို ကိုက်ချရင်း သူ့ရဲ့မျက်ခွံတွေနဲ့ ကြွက်သားတွေ တွန့်ရှုံ့သွားရတယ်။ လက်ချောင်းတွေကတောင် လက်သီးဆုပ်တစ်ခုအသွင် ပြောင်းလဲသွားတယ်။

တစ်ခဏအကြာမှာ ပါးစပ်ကို ရုတ်ခြည်းဖွင့်ဟကာ စကားလုံးသုံးလုံး ဖွင့်ဟလိုက်တယ် "ဝမ် ဖုန်း ကျင်"

စကားလုံးတွေက ခြင်အော်သံလိုမျိုး တဝီဝီလောက်သာရှိပေမယ့် ထိုလူ့ရဲ့အာရုံစိုက်မှုကို ရလိုက်တယ်။

ထိုလူက အကြင်နာတရားခေါင်းပါးစွာ သူတို့ကို လှည့်ကြည့်လာတယ်။ သူ့မှာ နှစ်လိုဖွယ်လှပတဲ့ မျက်နှာလေးတစ်ခု ရှိပေမယ့် ရန်မူလိုတဲ့အမူအယာကလည်း ရှိနေသေးတယ်။ နောက်ပြီး ကြီးမားတဲ့မီးတောက်ကျောက်လို မျက်လုံးသူငယ်အိမ်တွေနဲ့ မျက်လုံးတွေမှာ ခံစားချက်တွေမဲ့နေပြီး သူ့ရှေ့က ပုရွက်ဆိတ်တွေကို ကြည့်နေသယောင် ထင်ရတယ်။

လူကြီးမင်းယန် သက်ပြင်းတစ်ချက်ရှိုက်ကာ မျက်လုံးချင်းဆုံလိုက်တယ်။

ထို့နောက် ဘာမပြောညာမပြော အူတက်မတတ် ရယ်မောလာတော့တယ်။

"တကယ်ပဲ ခင်ဗျားကိုး! တကယ် ခင်ဗျားပဲ..."

ထို့နောက် သူ့မျက်လုံးတွေက ဝမ်ဖုန်းကျင်ဘေးက ခေါင်းတလားကြီးပေါ် ကျရောက်သွားပြီး ရယ်သံတွေ ပိုကျယ်လာတယ်။

ရူးသွပ်နေတဲ့အသံနဲ့ သူပြောလိုက်တယ် "ဟား ဟား ဟား ဒီလောက်နှစ်တွေအများကြီး ကြာတာတောင်မှ ခင်ဗျားက လူသေတစ်ယောက်ကို စောင့်ရှောက်ပေးနေတုန်း! ဘာကို အထွတ်အမြတ်သစ်ပင်လဲ? ဘာကို ပြန်လည်ရှင်သန်တာလဲ? ဒါတွေအားလုံးက လှည့်ကွက်တစ်ခုပဲ! ဟား ဟား ဟား! ဒါက ပြန်ပေးဆပ်နေရတာ _ ကျုပ်ကို စွန့်လွှတ်ခဲ့တဲ့အတွက် ခင်ဗျားပြန်ပေးဆပ်ရတာ_!"

"မင်း ဘယ်သူလဲ?" ဝမ်ဖုန်းကျင် ထိုလူကို မျက်မှောင်ကြုတ်ကြည့်လိုက်တယ်။ ဒီမျက်နှာက ဘာကြောင့်များ တော်တော်လေး ရင်းနှီးနေရတာလဲ?

လူကြီးမင်းယန်က ပြန်မဖြေဘူး။ သူက အမုန်းတရားတို့ပြည့်နေတဲ့မျက်လုံးတွေနဲ့ ခေါင်းတလားကြီးကိုသာ လက်ညှိုးနဲ့ထိုးနေတယ်!

"အဲ့အခေါင်းထဲမှာ ဘာရှိလဲ? အလောင်းတစ်လောင်းလား? ဒါမှမဟုတ် လက်တစ်ဆုပ်စာပြာတွေလား? ဟား ဟား ဟား ဘယ်လိုနေနေ ကျုပ်နိုင်ပြီ! ကျုပ်နိုင်တယ်!"

ထိုစကားလုံးတွေ ထွက်လာပြီးပြီးချင်း ခေါင်းတလားထဲကနေ ပုံရိပ်လေးတစ်ခု ရုတ်တရက် ခေါင်းထောင်ကာထလာတယ်။

သူတို့အချင်းချင်း နေရခက်စွာ စိုက်ကြည့်နေမိတယ်။

လူကြီးမင်းယန် "..."

ဝမ်ရှောင်းမျယ် "..."

ထိုလူ့ရဲ့မြူးတူးနေတဲ့ ရယ်သံကလည်း လမ်းတစ်ဝက်မှာတင် ရပ်သွားတယ်! သူ့မျက်လုံးတွေက အလုံးလိုက်ကျွတ်ထွက်တော့မလို ပြူးကျယ်နေတယ်!

သူ့ဆီက အတော်ကြာအောင် စိုက်ကြည့်ခံရတာကြောင့် ဝမ်ရှောင်းမျယ် ကြက်သီးတွေပါထလာတယ်။

"အာ..."

"ငါဘာလို့... ဒီတိုင်း ပြန်မလှဲရမှာလဲနော်???"


_____


Thanks 🌹





Continue Reading

You'll Also Like

78.2K 5.1K 27
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
479K 16.9K 17
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
250K 34.4K 107
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...
889K 17.7K 83
ကောင်မလေးကိုချစ်ပါသည်။