ယွန်ဂီတယောက် ဟိုတယ်ကနေ ပြန်လာပြီးတည်း
က ဧည့်ခန်းမှာ ထယ်တယောက်
ပြန်လာနိုးပြန်လာနိုးနဲ့ စောင့်နေခဲ့တယ်..
ဒါပေမဲ့... မနက်ရောက်တယ့်အထိ သူ
ပြန်မလာခဲ့...
ထို့နောက် အိမ်ရှေ့မှာ ကားရပ်သံကို ကြားလိုက်
ရတယ်....
'' မင်... မအိပ်ဖူးလားဟင်... ''
'' မဟုတ်ပါဖူး..စောစောနိုးနေတာ..ဒါနဲ့..
ခုမှ ပြန်လာတာလား...''
'' အာ..ဟုတ်တယ်... မနေ့ညက လီရန်းကို သွားကြိုရင်းနဲ့ သူငယ်ချင်းနဲ့တွေ့ရင်း သူက
အတင်းခေါ်တိုက်နေတာနဲ့..
သောက်ပြီး မူးသွားလို့ပါ..''
'' အော်... အင်း.. ရေသွားချိုးတော့လေ.. မင်
မနက်စာ ပြင်ထားလိုက်မယ်...''
'' အွန်း...ကိုယ်ပြန်လာခဲ့မယ်...''
ကျနော့်ဘက်က ထယ့်ကို ပြန်မပြောမိလိုက်...
ထယ်ရာ.. ကိုယ့်ကို အမှန်အတိုင်း ပြောမယ်ဆိုရင်
တောင် ကိုယ်ခွင့်လွှတ်ပေးမှာပါ...
ဒါပေမဲ့... ဘာကြောင့် လိမ်ပြောရတာလည်း..
ပြီးတော့..မနေ့က ကိုယ်တို့ရဲ့ မင်္ဂလာဦးညလေ...
အတွေးမြောက်မြားစွာနဲ့ ယွန်ဂီတယောက်...
ပြီးရင်
ထိတ်လန့်ခြင်းများစွာနဲ့ ထယ်...
*******************
ထယ်ယောင်းတယောက် နိုးနိုးခြင်း အင်္ကျီဗလာ
ဖြစ်နေတယ့် ခန္ဓာကိုယ်နဲ့.. ဘေးနားက
လီရန်းကို မြင်တော့
အရမ်းလန့်သွားခဲ့တယ်...
'' ယောင်း..နိုးလာပြီပဲ... ''
'' လီရန်း... မင်း..ငါ့ကို ဘာလုပ်လိုက်တာလည်း..''
'' ဘာမှ မလုပ်ပါဖူး..မဆိုသလောက်လေး
ဆေးခပ်လိုက်တာ...''
'' မင်း..တော်တော်မိုက်ရိုင်းလှချည်လား...''
'' ယောင်းအတွက်ဆိုရင် ရန်းလုပ်တယ့်အရာအားလုံးက အကောင်းတွေကြီးပဲ...''
'' မနေ့က ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့..မေ့လိုက်တော့..
မင်း..မင့်ကို သွားပြောဖို့ မစဉ်းစားနဲ့...''
'' မေ့လိုက်...ဟုတ်လား...မေ့ပစ်ဖို့အတွက် ဆေးခပ်ခဲ့တာမှ မဟုတ်တာ...''
'' မင်း..တော်တော်ယုတ်မာတာပဲ...''
'' ယောင်းကိုရမယ်ဆိုရင် ရန်း ဘယ်လိုနည်းနဲ့
လုပ်ရလုပ်ရ လုပ်မှာပဲ... ပြီးတော့
ဒါလေးကို ကြည့်လိုက်ပါအုန်း...''
ဆိုပြီး ကျနော့်ကို ဓာတ်ပုံအချို့လာပြတယ်...
'' လီ..... ရန်း..... မင်းတော်တော် အောက်တန်း
ကျလှချည်လား..ဒီပုံတွေရိုက်ထားပြီး
ဘာလုပ်မလို့လည်း..''
'' ဘာလုပ်ရမှာလည်း... မင်ယွန်ဂီ ဆိုတယ့် လူကို
ပြမလို့ပေါ့... ''
'' တောက်..မင်းမလွန်လာနဲ့နော်...''
'' အဲ့တာဆိုရင် ရန်းခိုင်းတာ လုပ်ပေးမှာလား..''
'' ကျစ်...မင်းက ဘာတွေများ ခိုင်းချင်လို့လည်း..ဟမ်...''
'' ထွေထွေထူးထူးတော့မဟုတ်ပါဖူး..ဒီတိုင်း
ရန်းကနေ ဖုန်းဆက်ခေါ်လိုက်ရင် ယောင်း
ဘယ်နေရာရောက်နေနေ ရန်းဆီကို အရောက်လာရမယ်...ဒါပါပဲ...''
'' ဘာကွ... ''
'' တလလောက်ပါပဲ... ဘာလည်း....မလုပ်ပေးနိုင်ဖူး...အဲ့တာဆိုရင်တော့ ဒီပုံတွေကို
မင်ယွန်ဂီဆီကို ပို့လိုက်မယ်လေ... ''
'' တောက်...လက်ခံတယ်ကွာ...ဒါပေမဲ့
တလပဲနော်...''
'' အင်း..တလပါပဲ...ဒါနဲ့ ယောင်းပြန်တော့လေ..
ယောင်းရဲ့အမျိုးသားစောင့်နေအုန်းမယ်...''
ဟုတ်တယ်... မင်.. သူ ကျနော့်ကို စိတ်ပူနေလောက်ပြီ...
သူ့ဆီကို အမြန်ဆုံးသွားမှဖြစ်မယ်...
**************
ကင်ထယ်ယောင်း... ရန်းကို စွန့်လွှတ်ချင်တယ်ပေါ့...
ဟက်... ယောင်းက ရန်းအပိုင်ပဲ ဖြစ်စေရမယ်...
မင်ယွန်ဂီ... ခင်များကလည်း ကျနော့်အပိုင်ကို
လုယူတယ့်အတွက် သေချာပေါက်
ပြစ်ဒဏ်ခံရမယ်....
ထယ်ယောင်းတယောက် အိမ်ကိုအမြန်ဆုံးပြန်လာတယ်..
အိမ်ကိုရောက်တော့ ဧည့်ခန်းမှာ ထိုင်နေတယ့်
မင်...မင့်ကို ကြည့်ရတာ ဝမ်းနည်းနေသလိုပဲ...
မင်က ခုမှပြန်လာတာလားတဲ့...ကျနော့်ကို
မေးတယ်...
ကျနော် သူ့ကိုလိမ်ညာပြီး ပြောလိုက်တယ်..
တောင်းပန်ပါတယ်... မင်... ကိုယ်တောင်းပန်ပါတယ်....
ကိုယ့်ကိုကိုယ်အပြစ်တင်နေတယ့် ကောင်လေး
နဲ့
သူ့ကို မလိမ်ပဲ အမှန်အတိုင်းပြောမယ်ဆိုရင်
တောင် ခွင့်လွှတ်ပေးမယ့် ကောင်လေး
သူတို့နှစ်ယောက်သာ ပွင့်လင်းခဲ့မယ်ဆိုရင်
နောင်ဖြစ်လာမယ့် ကိစ္စတွေကို
ဖြေရှင်းနိုင်မှာ အမှန်ပါပဲ...
*******************
11:10am
9.11.2021
ven....
yeahhh... ဒီ စာရေးသူ ဟိုတလောက update
မလုပ်ပဲ..ခုမှ နေ့တိုင်း အပ်နေပါလားလို့
မထင်ပါနဲ့...
ဒီ fic ကိုအမြန်အပြီးသတ်နေတာ...
ရေးစရာ 3 ခုလောက်ရှိနေလို့...🥴