Peculiarly System [Completed ]
By MaLaKaoYa
854K 90.3K 2.7K
Start date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့... More
Start With System
Arc(1.1) Parin
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)End
Arc(2.1) Zhang Xu Guang
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)End
Arc(3.1)Jason
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)End
Arc(4.1) Jon San
Arc(4.2)
Arc(4.3)
Arc(4.4)
Arc(4.5)
Arc(4.6)
Arc(4.7)
Arc(4.8)
Arc(4.9)
Arc(4.10)End
Arc(5.1) Zhou Wei Feng
Arc(5.2)
Arc(5.3)
Arc(5.4)
Arc(5.5)
Arc(5.6)
Arc(5.7)
Arc(5.8)
Arc(5.9)
Arc(5.10)
Arc(5.11)
Arc(5.12)End
Arc(6.1) LuYuYuan
Arc(6.2)
Arc(6.3)
Arc(6.4)
Arc(6.5)
Arc(6.6)
Arc(6.7)
Arc(6.8)
Arc(6.10)
Arc(6.11)
Arc(6.12)End
Arc(7.1)KiKo
Arc(7.2)
Arc(7.3)
Arc(7.4)
Arc(7.5)
Arc(7.6)
Arc(7.7)
Arc(7.8)
Arc(7.9)
Arc(7.10)
Arc(7.11)End
Arc(8.1)Adam
Arc(8.2)
Arc(8.3)
Arc(8.4)
Arc(8.5)
Arc(8.6)
Arc(8.7)
Arc(8.8)
Arc(8.9)
Arc(8.10)
Arc(8.11)End
Arc(9.1)Aqua
Arc(9.2)
Arc(9.3)
Arc(9.4)
Arc(9.5)
Arc(9.6)
Arc(9.7)
Arc(9.8)
Arc(9.9)
Arc(9.10)
Arc(9.11)
Arc(9.12)
Arc(9.13)End
Arc(10.1)XiaoZhan
Arc(10.2)
Arc(10.3)
Arc(10.4)
Arc(10.5)
Arc(10.6)
Arc(10.7)
Arc(10.8)
Arc(10.9)
Arc(10.10)
Arc(10.11)
Arc(10.12)End
Arc(11.1) Saw Minn Latt
Arc(11.2)
Arc(11.3)
Arc(11.4)
Arc(11.5)
Arc(11.6)
Arc(11.7)
Arc(11.8)
Arc(11.9)End
Arc(12.1) Ben
Arc(12.2)
Arc(12.3)
Arc(12.4)
Arc(12.5)
Arc(12.6)
Arc(12.7)
Arc(12.8)
Arc(12.9)
Arc(12.10)
Arc(12.11)End
Arc(13.1) Cristan Gabriel
Arc(13.2)
Arc (13.3)
Arc(13.4)
Arc(13.5)
Arc(13.6)
Arc(13.7)
Arc(13.8)
Arc(13.9)
Arc(13.10)
Arc(13.11)
Arc(13.12)End
Real Life (1)
Real Life (1)End
Real Life (2)
Real Life Ending Up (Truly End)
Arc(6.9)
5.4K 635 28
By MaLaKaoYa
" ယွီယွမ် ''
အခန်းထဲကို ဝင်လာတဲ့ လီကျင့်ရွှမ်က ဆွဲဆောင်မှုရှိရှိခေါ်လာသည်။ ဒါပေမယ့် ရှောင်းကျန့်က စိတ်တိုနေတဲ့ပုံစံနဲ့မဟုတ်ဘဲ နားမလည်တဲ့ပုံစံလေးနဲ့ပြန်ကြည့်သည်။
"ကျင့်ရွှမ် မင်း ဒါဘာလုပ်တာလဲ ငါ့ကို ဘယ်ခေါ်လာတာလဲ ''
သခင် သရုပ်ဆောင်တာတော်ချက်ပဲ
Kitty က ချီးကျူးလိုက်သည်။
" ယွီယွမ် ကိုယ်မင်းကို ခိုးပြေးလာတာ မင်းဘယ်လိုမှ ကိုယ့်ကို ငြင်းလို့မရတော့ဘူး ''
"မင်းကရူးနေတာပဲ ကျင့်ရွှမ် ''
ယွီယွမ် စကားကို ကြားတဲ့အချိန်မှာ အရမ်းဟာသမြောက်တဲ့ ပျက်လုံးတစ်ခုကိုကြားရသလို လီကျင့်ရွှမ်က တဟားဟား ထရယ်သည်။
"ဟုတ်တယ် ကိုယ်ကရူးနေတဲ့အရူးတစ်ယောက် အဲ့ဒီ အရူးကောင် ကို မကြာခင်မှာပဲ မင်းက လက်ထပ်ရမယ် မင်းကအရူးရဲ့လင်ဖြစ်လာမှာ ''
" လီကျင့်ရွှမ် ဘာလို့ ငါ့ကို အခုလိုမျိုး ဖမ်းချုပ်ချင်နေ တာလဲ ငါ့ကို လွှတ်ပေးပါ နော် ငါတို့က သူငယ်ချင်းတွေလေ ''
"ဟုတ်တယ် အဲ့တာက အရင်တုန်းက အခုတော့ ဘယ်လိုလုပ်မလဲ ငါက မင်းနဲ့ သူငယ်ချင်း မဖြစ်ချင်ဘူး မင်းရဲ့အိမ်ထောင်ဖက်ဖြစ်ချင်တာ ''
"ကျင့်ရွှမ် မဖြစ်နိုင်တော့ဘူးလေ ငါက ရှဲ့လီဖုန်းနဲ့ လက်ထပ်မှာ ငါ့မှာ သူနဲ့ ရထားတဲ့ ကိုယ်ဝန်ရှိနေပြီလေ ''
လီကျင့်ရွှမ်က ထိုစကားကြောင့် အနည်းငယ် ငြိမ်သက်သွားသည် ။
တွေဝေနေပုံရတာမို့အားတက်စွာ ထပ်ပြောဖို့ ပါးစပ်ဟလိုက်ပေမယ့် လီကျင့်ရွှမ်က ပိတ်ပင်လိုက်သည်။
" ငါက အဲ့တာတွေနဲ့ ချော့ပြောလည်းနားထောင်မယ့်သူမဟုတ်ဘူး ယွီယွမ် အနားယူလိုက်ပါအုန်း..ညကျရင် မင်းနဲ့ ကိုယ့်ရဲ့ မင်္ဂလာပွဲ ကျင်းပဖို့ ရှိတယ် ''
"......''
အိပ်ယာပေါ်ကို အသာလှဲချပေးပြီး သူ့ကို နှပ်သွားသော လီကျင့်ရွှမ်က တစ်ခြမ်းစောင်းအပြုံးကြီး နဲ့ အခန်းထဲကနေ ထွက်သွားလေသည် ။
အား....လီကျင့်ရွှမ် သောက်ရူး သောက်ပေါ သေချင်းဆိုးကြီး ရူးနေလား ငါက ဘာလို့ မင်းနဲ့ လက်ထပ်ရမှာလဲ.
စိတ်ထဲက ကျိန်ဆဲပြီး ပေါက်ကွဲနေရင်း တစ်စုံတစ်ရာကိုသတိတရရှိသွားကာ
Kitty ကို အခန်းထဲမှာ လှည့်ပတ်ရှာကြည့်လိုက်သည်။
" ဟမ် Kitty သွားလိုက်ပြီလား ငါ့ကိုတောင် အသိမပေးသွားဘူး ''
စိတ်ညစ်ညစ်နဲ့ပဲ လာပို့သွားတဲ့ ကျောက်ပုစွန်တွေ ဂဏန်းတွေ အခြားပင်လယ်စာတွေကို ထိုင်စားနေလိုက်သည်။
ငါလေးက တကယ်စိတ်ညစ်နေတာပါနော်
ဒါတွေကလည်း စားချင်လွန်းလို့မဟုတ်ပါဘူး လီကျင့်ရွှမ်ကို အကုန်အကျများအောင်လို့ပါ တစ်မျိုးမတွေးကြပါနဲ့
.........................
တည်နေရာနားကိုမောင်းလိုက်လာရင်း ရောက်လာသည်က ဆိပ်ကမ်းတစ်ခု ။
" သောက်ရူးကောင် လီကျင့်ရွှမ် ငါ့ကလေးလေးရဲ့ပါးပါးကို သင်္ဘောနဲ့ ဘယ်ခေါ်သွားတာလဲ ''
ရှဲ့လီဖုန်း တစ်ယောက်အခက်တွေ့နေရသည်။ သူ့အား လိုက်လံကူညီပေးနေသည့် Kitty မှာလည်း လျှာပင်တစ်လစ်ထွက်ကျနေသည်အထိ ပင်ပန်းနေသည်။
ကားဘရိတ်ကြိုးဖျက်ထားလို့လည်း တစ်ခါကူညီပြီးပြီ ။ အခုလည်း သင်္ဘောကို ငါရှာပေးရမယ်လို့တော့မပြောနဲ့နော် ။
အစ်ကိုရိပေါ်ရေ ဒီဘဝကျမှ ဘာကိစ္စနဲ့ တုံးအနေတာလဲ ။ ကျုပ်လည်းစိတ်မရှည်တော့ဘူး ။ ဒီ လင်လင်နှစ်ယောက်ကို ကူညီရတာလည်း ငရဲပြည်မှာ ရေရှာရသလိုပဲ ။ ခက်ခဲလိုက်တာ ။
Kitty အတော်ပင်ပန်းနေပြီ မှန်း မင်းတို့ နားလည်ကြလော့ ။
သင်္ဘောဆိပ်မှာ လှည့်ပတ်ပြီး ကြည့်လိုက်ရင်း သင်္ဘောတစ်စီးကိုတွေ့သွားသည်။
တခြားတော့ မဟုတ် ။ သူ ဟိုတစ်လောက ပင်လယ်ကွေ့ကို ယွီယွမ် နဲ့ အတူ အပန်းဖြေခရီးထွက်ဖို့ ဝယ်ထားတာဖြစ်သည်။
" အဲ့တာမှ ဒုက္ခပဲ ငါက သင်္ဘောမမောင်းတတ်ဘူးလေ ''
Kitty သက်ပြင်းသာ ချလိုက်မိတော့သည်။
ဒီကိစ္စကို သူဝင်မကူညီလို့မရတော့ဘူးဆိုတာအတတ်သိလိုက်တာကြောင့်ဖြစ်သည်။
" အစ်ကို ဒီမှာ ဘာရှာနေတာလဲ ''
"ဟမ် ''
လီဖုန်း သည် စိတ်ညစ်ညစ်နဲ့အကြံထုတ်နေတုန်း နောက်ပါးမှ သူ့ကိုမေးလာသူအားကြည့်လိုက်သည်။
မဆိုးဘူး ကောင်လေးက ငါလောက်နီးနီးချောတယ် ။ ငါနဲ့အရပ်အမောင်းလည်းမတိမ်းမယိမ်းပဲ ။ ကောင်မလေးတွေကြားရေပန်းစားမယ့်ပုံပဲ ။
" ဟို အစ်ကို ဘာရှာနေတာလဲ လို့ ကျွန်တော်မေးနေတာကြားရဲ့လား ''
" အာ အစ်ကိုက သင်္ဘောမမောင်းတတ်ဘူးလေ အဲ့တော့ ဘယ်လိုလုပ်ရပါ့မလဲ ဆိုပြီး စဉ်းစားနေတာ ''
" ဟုတ်လား အစ်ကိုအနေနဲ့အရမ်းအရေးကြီးနေရင် ကျွန်တော်မောင်းပို့ပေးမယ်လေ ကျွန်တော်မောင်းတတ်ပါတယ် စိတ်ချလို့ရတယ် ''
" တကယ်လား ကျေးဇူးပါကွာ လာ အစ်ကိုနဲ့လိုက်ခဲ့ ...ဒါနဲ့ ညီလေးနာမည်က ''
"ဟုတ် ကျွန်တော့်နာမည်က မော့ယွဲ့ဖေးပါ Kitty လို့လည်းခေါ်လို့ရပါတယ် ''
" အင်း နာမည်ကကောင်းသားပဲ အစ်ကို့နာမည်က ရှဲ့လီဖုန်း ''
"ဟုတ် အစ်ကို့နာမည်ကလည်းအရမ်းကောင်းတာပဲ ''
သူတို့နှစ်ဦးက စကားစမြည်ပြောရင်း သင်္ဘောရှိရာသို့ ရောက်လာခဲ့ကြသည် ။
" ကဲ အစ်ကို ပြော..ကျွန်တော် ဘယ်ကိုမောင်းပို့ပေးရမှာလဲ ''
" အော် ဒီမှာ ဒီတည်နေရာကို ''
ရှဲ့လီဖုန်း မပြောလည်း သူသိပါသည်။ ဒါပေမယ့် သဏ္ဌာန်လုပ်သရုပ်တူ ပီပြင်အောင်လို့ပါ အဟဲ ။
တည်နေရာကို တစ်ချက်ကြည့်ရင်း ပြုံးစိစိဖြစ်သွားတဲ့ ဒီတစ်ယောက်ကို ရှဲ့လီဖုန်း နားမလည်နိုင် ။
ဒီကောင်လေးက လူဆိုးတော့မဖြစ်နိုင်ပါဘူး ရုပ်ရည်ကလည်း ငါလောက်နီးပါးချောတာပဲ ဆိုတော့ ....
.....................
တစ်ဖက်တွင်လည်း ..
" လီကျင့်ရွှမ် နင် ငါ့ကို ဘာကိစ္စ ဖမ်းထားတာလဲ နင်က ငါနဲ့သဘောတူညီထားတယ်လေ အခုက နင်ငါ့ကို ဒီအခန်းထဲကနေအပြင်ပေးမထွက်တာဘာကြောင့်လဲ ''
" နေပါအုံး ဘာလို့ စကားတွေအများကြီးပြောပြီး အပင်ပန်းခံနေတာလဲ ဟမ် ''
" လီကျင့်ရွှမ် နင် ...''
" လုမမလေး ဘာတွေများ ဒေါသထွက်နေရတာလဲ အရာအားလုံးကိုမကြာခင်မှာပဲ အဆုံးသတ်ပေးတော့မှာလေ ''
" နင် ငါမသိအောင် ဘာတွေကြံစည်နေတာလဲ ငါ့မောင်လေးကရော သူဘယ်မှာလဲ ''
"ငါ့အခန်းထဲမှာ တနည်းပြောရမယ်ဆိုရင်တော့ ငါ့ အိပ်ယာထဲမှာလေ ''
" နင်!!... လူယုတ်မာ ''
" ဘာ!!!    လူယုတ်မာ ? ဟုတ်လား ? ငါက လူယုတ်မာ ထားပါတော့ မင်းကအရမ်းကောင်းနေတာရောဟုတ်ရဲ့လား ကိုယ့်ကိုယ်ကို ပြန်မေးကြည့် မင်းက မှ အယုတ်တမာမ ''
"......''
" ရှဲ့လီဖုန်း နဲ့အတူမင်းကိုပါထည့်ပေးမှာစိတ်ချ အခုဆိုရင် မင်းချစ်တဲ့ရှဲ့လီဖုန်းက တမလွန်ကို အခွန်မဆောင်ဘဲရောက်နေလောက်ပြီ သိလား ''
" နင်... ''
"ဟုတ်တယ် ငါက သိပ်မရက်စက်ပါဘူး သိတယ်မလား အဟက် ''
" ကတိမတည်တဲ့ကောင် ''
" အဲ့တာ ငါပြောရမယ့်စကားမဟုတ်ဘူးလား ကြီးမြတ်လှတဲ့လုသခင်မလေးက သူ့ရဲ့ အမြွာမောင်လေးကို သတ်ဖို့ ကြံစည်တယ်.. ငါတို့ကြားမှာထားတဲ့ကတိစကားနဲ့အတူငါပြောဖူးတယ်လေ မင်းသာယွီယွမ်ကိုထိရင် ငါကလည်းလီဖုန်းကိုလက်စဖျောက်ပစ်မယ်လို့''
"....''
"မင်းက ကတိမတည်တာကွ ''
" မဟုတ်ဘူး အဲ့တာငါမဟုတ်ဘူး ငါတကယ်မလုပ်ခဲ့တာ ''
" ဒါဆို ယွီယွမ်ရဲ့ မိတ်ကပ်ကူရှင်ထဲက အဆိပ်မှုန့်တွေကဘာလဲ ''
" မိတ်ကပ်ကူရှင် ငါမသိဘူး နင်ဘာတွေပြောနေတာလဲ လီကျင့်ရွှမ် ငါက ငါ့မောင်ကို အဲ့လိုလုပ်မတဲ့လား ''
" မင်းမဟုတ်ရင် ဘယ်သူလုပ်မှာလဲ မင်းပဲ ယွီယွမ်ကို မုန်းနေတာလေ ''
" အဟက် ဟားဟားဟား လီကျင့်ရွှမ် နင်က တုံးအတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်နေမှန်းငါမသိခဲ့ဘူး ငါက ငါ့မောင်ကိုမုန်းတယ် ဟုတ်ပါပြီ ဘာပဲဖြစ်ဖြစ် သူက ငါ့မောင်ဆိုတဲ့အမှန်တရားကိုပြောင်းလဲလို့မရဘူး အေး နင်ပြောသလိုပဲ ငါက ယွီယွမ်ကိုသေစေချင်ရင်တောင်မှ ငါ့မောင်ကိုတစ်ချက်တည်းနဲ့ အသေသတ်မှာ အဲ့တာဆိုမခံစားရတော့ဘူးလေ အခုလို အဆိပ်မှုန်နဲ့လုပ်ရင် ငါ့မောင်လေးက ဝေဒနာတွေခံစားနေရအုန်းမှာ ''
".....''
" နင်မသိဘူးလား နင့်ဘေးမှာ အမြဲရှိနေတဲ့ Suzy ဆိုတဲ့တစ်ယောက်ကို ...သူမနင့်ကိုသဘောကျနေတာ သူမနင့်ကိုချစ်နေတာ နင်ကန်းနေတယ်မလား အဲ့ဒီ Suzy ကနင့်ကို ချစ်လို့ ယွီယွမ်ကိုလုပ်ကြံနေတာဆိုရင်ရော.. ''
" မဖြစ်နိုင်တာ ''
" အဟက် သောက်အ ''
လုယွီရန် ရဲ့ အထင်သေးစွာ ဆိုလာတဲ့ စကားကြောင့် လီကျင့်ရွှမ် ကဒေါသတွေထွက်လာသည်။
တကယ်ပဲ Suzy လုပ်တာဆိုရင်တော့ ဘာအကြောင်းနဲ့မှ ခွင့်မလွှတ်ဘူး
တောက်တစ်ချက်ခေါက်ကာ လီကျင့်ရွှမ်က အခန်းတံခါးကို ဆောင့်ကန်ပြီး ထွက်သွားသည်။
ယွီရန် အခု စိတ်ပူနေတာက ရှဲ့လီဖုန်း ဘာမှ မဖြစ်ရဖို့ပင်။ သူမအနေနဲ့ အရူးတစ်ယောက်လို ဒီလူသားကို ဆက်ပြီးစွဲလမ်းနေမယ့်အစား မောင်လေးနဲ့ ဘဝတစ်ခုထူထောင်သွားလည်း သူမစိတ်ထဲ ဘယ်လိုမှ မနာလိုမှုမရှိတော့ပေ။
ယောက်ျားတစ်ယောက်အတွက် အမှောင်ဖုံးနေတဲ့ မျက်လုံးတွေက အလင်းဝင်သင့်နေပြီလို့သူမတွေးမိသည်။
သူမဘက်ကသာတစ်ဖတ်သတ်ဖြစ်တည်နေတဲ့ ချစ်ခြင်းကြီးကို သူမဆက်ပြီးထိန်းသိမ်းမထားချင်တော့ပေ။
......................
" ဖြေးဖြေး မောင်းမနေနဲ့လေ ''
" လာ အစ်ကိုဝင်မောင်း လာ ''
" တောင်းပန်ပါတယ် အစ်ကို့ချစ်သူကိုစိတ်ပူလို့ပါ ''
Kitty နားလည်ပါသည် ။ ဒီလောက်ထိ ပျာကလပ်ထနေတဲ့ သခင့်ချစ်သူက မင်္ဂလာသတို့သားဝတ်စုံတောင် မလဲနိုင်ရှာဘူး ။
သူလည်းမမောင်းတတ်ပေမယ့် အထက်က အကြီးအကဲတွေအကူအညီနဲ့ အာဖြန်ကွီးဟိုရွှီးသည်ရွှီးလျှောက်မောင်းနေတာဖြစ်သည်။
မင်းတို့ငါ့ကို အထင်စမောလ်သွားမနေကြနဲ့အုန်း သင်္ဘောမမောင်းတတ်ဘူးဆိုပေမယ့်
ငါက ရုပ်ချောတယ်လေ.. အဟဲ
သူ့အတွေးနဲ့သူ မျက်စိတစ်ဖက်မှိလိုက်ပြီး လှလှလေးပြုံးလိုက်သည်။
ရှဲ့လီဖုန်း အနေနဲ့ Kitty ဆိုတဲ့တစ်ယောက်က ရုပ်လေးချောပေမယ့် ဦးနှောက်ကတော့တစ်ခန်းလွတ်နေတယ်လို့ တွေးဆမှတ်ယူလိုက်သည်။
ငါ ဒီနေ့ယွီယွမ်ကို ကယ်ရပါ့မလားနော်
#######
AN.တစ်ခုတော့ပြောချင်ပါတယ် တောင်းပန်တာဆိုပိုမှန်မယ် ငါအခုတလော Training ပြန်စနေရတယ် အရင်က ခြေထောက်ကျိုးတာနားနေရလို့ ပုံမှန်ရေးအပ်နိုင်ပေမယ့် အခုကျတော့ ငါမအားတော့ဘူး ပြောချင်တာက အပ်ဒိပ်လေးကြာမယ်ပေါ့ကွာ 
Zawgyi
" ယွီယွမ် ''
"......''
.........................
"ဟမ် ''
.....................
တစ်ဖက်တွင်လည်း ..
" လီကျင့်ရွှမ် နင် ...''
" နင်!!... လူယုတ်မာ ''
"......''
" နင်... ''
" ကတိမတည်တဲ့ကောင် ''
"....''
"မင်းက ကတိမတည်တာကွ ''
".....''
" မဖြစ်နိုင်တာ ''
" အဟက် သောက်အ ''
......................
" လာ အစ်ကိုဝင်မောင်း လာ ''
ငါက ရုပ်ချောတယ်လေ.. အဟဲ
#######
Continue Reading
You'll Also Like
1.7M 69.8K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
40.8K 4.8K 39
wang yibo & xiao zhan
51.8K 5.4K 45
✔Uploaded in both Zawgyi and Unicode. ကာကွယ်​ပေးမည် ဆို​သော ဒမ်ဘယ်​ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်​မျှော်စင်​ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်​...
985K 76.4K 26
တစ်ချိန်က အချိုးမပြေလို့ လမ်းခွဲခဲ့တဲ့ ကိုယ့် Ex အစုတ်ပလုတ်လေးဟာလည်း ကိုယ့်ယောက်ျားဖြစ်လာနိုင်ပါတယ် ။ တစ်ချိန်က အချိူးမပြေလို့ လမ်းခွဲခဲ့တဲ့ ကိုယ့် E...