☁️ငယ်☁️[Season.1]Completed

By BabeNan

2.1M 67.3K 2.6K

"ငါက ငယ်လေးရဲ့ Future Husband! ငါ့ရဲ့ လူကို ထိရဲရအောင် မင်းတို့မွေးကတည်းက အသက်အပို ပါခဲ့ကြလို့လားဟမ်း? ... More

Intro(Unicode+Zawgyi)
Part.1(Unicode)
Part.1(Zawgyi)
Part.2(Unicode)
Part.2(Zawgyi)
Part.3(Unicode)
Part.3(Zawgyi)
Part.4(Unicode)
Part.4(Zawgyi)
Part.5(Unicode)
Part.5(Zawgyi)
Part.6(Unicode)
Part.6(Zawgyi)
Part.7(Unicode)
Part.7(Zawgyi)
Part.8(Unicode)
Part.8(Zawgyi)
Part.9(Zawgyi)
Part.10(Unicode)
Part.10(Zawgyi)
Part.11(Unicode)
Part.11(Zawgyi)
Part.12(Unicode)
Part.12(Zawgyi)
Part.13(Unicode)
Part.13(Zawgyi)
Part.14(Unicode)
Part.14(Zawgyi)
Part.15(Unicode)
Part.15(Zawgyi)
Part.16(Unicode)🔞🚨
Part.16(Zawgyi)🔞🚨
Part.17(Unicode)
Part.17(Zawgyi)
Part.18(Unicode)
Part.18(Zawgyi)
Part.19(Unicode)
Part.19(Zawgyi)
Part.20(Unicode)🔞🚨
Part.20(Zawgyi)🔞🚨
Part.21(Unicode)
Part.21(Zawgyi)
Part.22(Unicode)
Part.22(Zawgyi)
Part.23(Unicode)🔞🚨
Part.23(Zawgyi)🔞🚨
Part.24(Unicode)
Part.24(Zawgyi)
Part.25(Unicode)
Part.25(Zawgyi)
Part.26(Unicode)
Part.26(Zawgyi)
Part.27(Unicode)🔞🚨
Part.27(Zawgyi)🔞🚨
Part.28(Unicode)
Part.28(Zawgyi)
Part.29(Unicode)
Part.29(Zawgyi)
Part.30(Unicode)
Part.30(Zawgyi)
Part.31(Unicode)
Part.31(Zawgyi)
Part.32(Unicode)🔞🚨
Part.32(Zawgyi)🔞🚨
Part.33(Unicode)
Part.33(Zawgyi)
Part.34(Unicode)
Part.34(Zawgyi)
Part.35(Unicode)
Part.35(Zawgyi)
Part.36(Unicode)🔞🚨
Part.36(Zawgyi)🔞🚨
Part.37(Unicode)
Part.37(Zawgyi)
Part.38(Unicode)
Part.38(Zawgyi)
Part.39(Unicode)🔞🚨
Part.39(Zawgyi)🔞🚨
Part.40(Unicode)🚨
Part.40(Zawgyi)🚨
Part.41(Unicode)🔞🚨
Part.41(Zawgyi)🔞🚨
Part.42(Unicode)ဇာတ်သိမ်းပိုင်း
Part.42(Zawgyi) ဇာတ်သိမ်းပိုင်း
❤️ကျေးဇူးတင်လွှာ❤️(Unicode)
❤️ေက်းဇူးတင္လႊာ❤️(Zawgyi)
Extra (Unicode)
Extra(Zawgyi)
New Fiction Promotion.
New Fiction Promotion

Part.9(Unicode)

35.9K 1.6K 64
By BabeNan

☁️ငယ်☁️

နေမင်းအက္ခရာ က Kaimuran ဆီ ရောက်သွားတဲ့နေ့ကစပီး သူ့ရဲ့ ပုံစံက အရင်က တိမ်ယံလမင်းငယ်နဲ့ မတွေ့ဆုံရသေးတဲ့ အချိန်တုန်းက ပုံစံလိုမျိုးဖြစ်သွားခဲ့သည်။ အရင်ကထက် အပြုံးအရယ် ကင်းမဲ့လာခဲ့ပီး သွေးအေးလာခဲ့သည်။

အက္ခရာ က တရုတ်ကို ရောက်တာ ၂ပတ် တောင်ရှိနေပါပီး ။ မှတ်ညာဏ်အားကောင်းလွန်းတဲ့သူဖြစ်တဲ့အတွက် တစ်ခုခုကို သင်ပေးလိုက်ရင် လဲ အတတ်မြန်သည်။ Kai က အက္ခရာကို ကျောင်းလဲ တက်ခိုင်းသည်။ အားလပ်တဲ့အချိန်တွေမှာဆို Kai ရဲ့ ဂိုဏ်းသားတွေကို လေ့ကျင့်ပေးတဲ့နေရာကို ခေါ်သွားပီး ဟိုက သူ့ထက် ကြီးတဲ့ အကိုတွေစီနီယာတွေ နဲ့ သူ လေ့ကျင့်လေ့ရှိသည်။

"ရွှမ်း ! ဖြန်း!"
ဒီနေ့ ကျောင်းပိတ်ရက်ဖြစ်လို့ အက္ခရာကဓားလေ့ကျင့်ရေးအခန်းမှာ ဓားအစစ်ကို ကိုင်ပီး အရှေ့က ကောက်ရိုးပုံလူတွေ နဲ့ လေ့ကျင့်နေသည်။ ထိုစဥ် Kaimuran က အက္ခရာ ဆီကို လျှောက်လာခဲ့သည်။
" အက္ခရာ မင်း ပြန်ခေါ် ခိုင်းထားတဲ့ ဖုန်းက အခုပြန်ဆက်လာပီး!"

" ဟုတ် သခင်ကြီး !"
Kai က သူ့ကို ကမ်းလာပေးတဲ့ ဖုန်းကို အက္ခရာ ယူလိုက်ပီး ..
"Hello !"

"ဟုတ်ကဲ့ ရဲစခန်းကပါ အခြေနေ ထူးရင် ဖုန်းပြန်ခေါ် ပါဆိုလို့ပါ!"

အက္ခရာ ရင်ထဲ ပလောင်ဆူ သွားခဲ့သည်။ အခြေနေထူးရင် တဲ့ မဟုတ်မှ ငယ်လေး ! သူထင်ထားတဲ့အတိုင်း မဖြစ်ပါစေနဲ့ လို့ပဲ အက္ခရာ မျက်လုံးစုံကို မှိတ်ထား ပီး လေပူတစ်ချက် ရှူထုတ်လိုက်သည်။
"ဟူး,ဟုတ်ကဲ့ ပြောပါခင်ဗျ"

" စည်း ဆိုတဲ့ တရားမဝင် ဖွင့်ထားတဲ့ ဂေဟာကိုတော့ ကျွန်တော်တို့ ပိတ်လိုက်ပါပီး ။ ပီးတော့ ကလေးတွေကို တော့အခြား မိဘမဲ့ဂေဟာကို ပို့ဆောင်လိုက်ပါတယ် ။ "

"ဟုတ်ကဲ့ !"

"ဟုတ် ဂေဟာ မှူး ဒေါ်ပန်းသစ္စာကတော့ ထွက်ပြေးသွားပါတယ်။ ကျွန်တော်တို့ ဖမ်းလို့ မရသေးပါဘူး ။ "

"............"

"နောက်တော့ ပန်းသစ္စာအခန်းမှာ ကလေးတစ်ယောက်က ဒဏ်ရာတွေနဲ့မေ့လဲနေတာ ။အဲ့ကလေးကိုတော့ ဆေးရုံသို့ ပို့ပေးခဲ့ပါတယ်."

ဖြိုးလေး မှန်းအက္ခရာ တန်းသိလိုက်သည်။
"ဟုတ်ကဲ့ ဟို တောအုပ်ထဲ မှာရော ဘာများတွေ့ခဲ့ ပါသလဲ !"

" တော ဘက်မှာ တော့ ဘာအလောင်းမှလဲ ရှာမတွေ့ခဲ့ပါဘူး "

"အော် ဟုတ် ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "

"ဟုတ် အခုပြောနေတာက ဘယ်သူလဲ မသိဘူး ဗျ ကျွန်တော်တို့ ကို နာမည် လေးပြောပြပေးလို့ရမလား !"

"Sun !"
အက္ခရာ ကထိုသို့ တစ်လုံးထဲပြောလိုက်ပီး ဖုန်းချလိုက်သည်။
" ပန်းသစ္စာ! ဟက် ထွက်ပြေးသွားတယ်ပေါ့ ! ခင်ဗျားကြောင့်သာ မဟုတ်ရင် ငယ်လေး နဲ့ ခွဲရမှာလဲ မဟုတ်ဘူး . ငယ်လေးလဲ နာကျင်ရမှာမဟုတ်ဘူး ! အခုတော့ ပုန်းထားလိုက်အုံးပေါ့ အချိန်တန်ရင် ငယ်လေး နာကျင်တာထက် ခင်ဗျားကို အဆ ၁၀၀ထက် ပိုပီးနာကျင် စေခိုင်းမယ် ! ရွှန်း! ရွှန်း!"
ပြောပြီး မျက်လုံးတွေလဲ နီရဲ လာခဲ့ရာ သူ့အရှေ့ က ကောက်ရိုးလူ ပုံကို တစ်ချက်ထဲ ဖြတ်ခုတ်လိုက်ကာ ခေါင်း ပါ ပြုတ်ထွက်သွားခဲ့သည်။

********
********

"သားလေးရေ့ အဝတ်အစားလဲပီးပီးလား "

"ပီးပီးမေကြီး ဟီးဟီး သားကို ကြယ်သီးတပ်ပေးအုံး!"

" ဟော ပီးပီးဆို လာလာ မေကြီးတပ်ပေးမယ်!"
လမင်းငယ် ကို ဖိုးဖိုးနဲ့ဖွားဖွားက ကျောင်းထားပေးသည်။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေဖြစ်ပေမဲ့ လဲ လမင်းငယ်ကို မျက်နှာမငယ်ချင် ပါ။ ကျောင်းနေတဲ့ အရွယ် ဖြစ်နေလို့ သူတို့ တတ်နိုင်သလောက် သားငယ်လေးကို ကျောင်းထားပေးသည်။ ပီးတော့ လမင်းငယ်ကနေ့တိုင်း "ကိုကို့ကို ရှာတွေ့ပီးလား" ဆိုတဲ့ စကားကို ​မေးဖို့ လဲ မမေ့ နေခဲ့ ။
အခုလဲ ကျောင်းသွားဖို့ အဖြူအစိမ်း ကို လဲ ဝတ်နေတာ ကြယ်သီး တပ်မရသေးလို့ မေကြီးက တပ်ပေးနေသည်။ လင်မယားနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဖေကြီးနဲ့ မေကြီးလို့ပဲ ခေါ်နေတော့ လမင်းငယ် လဲ သူတို့ကို မေကြီး နဲ့ ဖေကြီး ဆိုပီး ခေါ် လိုက်တော့သည်။
" မေကြီး ကိုကို့ကို ရှာတွေ့ပီးလား ဟင်!"

" အမ် မေကြီးတို့ ရှာနေတုန်းပဲကွယ် စိတ်မပူပါနဲ့ သားလေးရဲ့ ကိုကို့ကို မေကြီးတို့ ကနေ့တိုင်း ရှာပေးနေပါတယ် နော် သာလေး ကတော့ စာကြိုးစားဟုတ်ပီးလား!"

"ဟုတ် !"

"အမလေး မေကြီးရဲ့ သားလေးက ချစ်ဖို့ကောင်းတယ်ကွယ်!"
လမင်းငယ်က ကြက်တောင်စည်း လေးနဲ့ အိစက်နေတဲ့ ပါးပြင်နှစ်ဖက်ကလဲ လမင်းလေးလို ဝိုင်းစက်နေတဲ့ သနပ်ခါးကို လိမ်းခြယ်ပေးထားတော့ အရမ်းကို ချစ်ဖို့ကောင်းနေခဲ့သည်။
"သားရေ့ ပီးပီးလား !"

"ပီးပီး ဖေကြီး ရေ့ မေကြီး သားသွားပီးနော် တာ့တာ !"
ပြောပြီး ထမင်းချိုင့် ခြင်းလေးကို ဆွဲ သွားလိုက်ပီး ဖေကြီးရဲ့ ထောလာကျီ ကားပေါ်ကို တက်သွားလိုက်သည်။ ဖေကြီးက လမင်းငယ်ကို ကျောင်းသို့ပို့ပေးခဲ့ပြီးမှ တောဘက်ကို ထင်းသွားရှာဖို့ သွားသည်။

လမင်းငယ်က ကောင်းကင်ပေါ်က ထိန်ထိန်ဖြာနေတဲ့ နေလုံးကြီးကို မော့ကြည့်လိုက်ရင်း.
* ကိုကို့ ကို သား အရမ်းလွမ်းတာပဲ * ဆိုပီး တိုးတိုးလေး ရေရွတ်လိုက် တော့သည်။

**********************************

12 နှစ်ခန့်ကြာသော်..!
_____________________

ခန်းနားထည်ဝါလွန်းပီးနန်းတော်ကြီးသဖွယ် ကြီးမား တဲ့ နှစ်ထပ်တိုက်အိမ် ကြီးထဲမှာ တလက်လက်တောက်ပြောင်နေတဲ့ ပရိဘောဂ အပြင်အဆင်လေးတွေရယ် တန်ဖိုးကြီး တဲ့ ပန်းအိုးတွေကလဲ နေရာတိုင်းမှာပင်စီရီ ထားသည်။ အိမ်တော်ရဲ့ အပြင်ဘက်မှာလဲ ကိုယ်ရံတော် ရာချီနဲ့ အိမ်ရဲ့ ပတ်ပတ်လည်မှာ
လှည့်လည်ဝန်းရံနေသည်။

ဧည့် ခန်း က တင့်တယ်တဲ့ ဆိုဖာခုံပေါ်မှာ GS ဂိုဏ်းရဲ့ သခင်ကြီး Kaimuran ကခြေချိတ်ထိုင်နေပီး တစ်ဖက်က ခုံမှာတော့ ရှေ့နေတွေက ထိုင်နေကြသည်။ ထိုစဥ်..
ကျွန်းသစ်နဲ့ ဆောက်လုပ်ထားတဲ့ သန့်ရှင်းတောက်ပြောင်နေတဲ့ လှေကားကနေ တစ်ထစ်ပီးတစ်ထစ် ဆင်းလာတဲ့ နေမင်းအက္ခရာ တရုတ်ကို ရောက်လာခဲ့တဲ့နေ့ကစပီး သူ့နာမည်ကို *Sun* ဆိုပီး တစ်လုံးထဲ ပင် ပြောင်းလိုက်သည်။

" ဖေဖေ!"

Kai က လှည့်ကြည့်လိုက်ရာ လှေကားကနေဆင်းလာတဲ့ သူ့ရဲ့ သား Sun!"
"အိုး သား လာလာ ဒီမှာ ရှေ့နေတွေရောက်နေပါပီး!"

"ဟုတ်ကဲ့ ဖေဖေ!"

အက္ခရာကအိမ်နေရင်း ညအိပ်လိုမျိုး ဝတ်ရုံ အရှည်ကို ခါးမှာ ကြိုးချည်ထားပီး ယောကျ်ားဆန်တဲ့ရင်အုပ် ကျယ်ကျယ်တွေက ပေါ်လွင်နေခဲ့သည်။
အက္ခရာရဲ့အရပ်က 6ပေ နဲ့ 3လက်မ လောက် ရှိသည်။ နေ့တိုင်း အားကစားလုပ်နေတဲ့ခန္ဓာကိုယ်ဖြစ်လို့ လက်မောင်းကြွက်သားတွေနဲ့ ဗိုက်ပေါ်က ကြွက်သားတွေ လဲ အမြှောင်းလိုက် တင်းထွက်နေသည်။အသားရည်က အဖြူ ဘက်လဲ မဟုတ်သလို အမဲ ဘက်လဲ မဟုတ်ပဲ ဝါတဲ့ဘက်ကို သွားနေသည်။နက်မှောင်နေတဲ့ ဆံပင်တွေနဲ့ နီညိုရောင် နှုတ်ခမ်းတစ်စုံကို တင်းတင်စေ့ထားလျက် မျက်ခုံး ထူထူ ကြီးနဲ့ မျက်နှာထားက ခပ်တည်တည်နဲ့ပင် ဆင်းလာခဲ့သည်။
.
.
Flash Back Start,
အက္ခရာ အသက်၁၈နှစ်ပြည့် တဲ့ နှစ်က သူဟာပညာ တွေလဲ အတော် လေးစုံနေခဲ့ပါပီး။ သေနတ် ပစ်တာလဲ ကျွမ်းကျင်သလို ...ဓားကိုလဲ ကျွမ်းကျွမ်းကျင်ကျင် ကိုင်နိုင်ခဲ့ပါပီး ။ ရန်သူတစ်ယောက်ကိုလဲ မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်နိုင်ခဲ့ပြီးဖြစ်သည်။

" သခင်ကြီး ဟိုကောင်တွေရှိတဲ့နေရာကို သိရပါပီး"
Kai ရဲ့ အမျိုးသားကို သတ်လိုက်တဲ့ တစ်ဖက်ဂိုဏ်းက ခေါင်းဆောင်ဆိုတဲ့လူ ရှိတဲ့နေရာကို သိတော့ Kai ရဲ့ လူယုံက လာအကြောင်းကြားသည်။

"ဟုတ်လား!"

"ဟုတ် သူက ဒီတရုတ်မှာပဲ အခြေပြန်ချနေပါပီးတဲ့ !"

"အိုခေ ဂိုဏ်သား ၅ယောက်လောက် ခေါ်လာခဲ့ !"

"ဟို သခင်ကြီး ကိုယ်တိုင်သွားဖို့လား !"

ထိုစဥ် အက္ခရာက သူတို့ စကားပြောနေတဲ့ အခန်းထဲ ဝင်လာခဲ့ပြီး.
" သခင်ကြီး"

" အင်း Sun ဘာပြောဖို့လဲ "

" ကျွန်တော့် ကို သွားခိုင်းပါ ။ ကျွန်တော် ထိုလူရဲ့ ခေါင်းကို သခင်ကြီးဆီ ယူလာပေးမယ်!"

Kai က အက္ခရာ ဆီလျှောက်သွားခဲ့ပီး ..
" မင်းသေချာလား Sun !"

"ဟုတ် ကျွန်တော် သတ်ပေးမယ် ! သခင်ကြီး ခွင့်ပြုပေးပါ ! "

"ကောင်းပီးလေ ငါ့အစား မင်းက သူ့ခေါင်းကို ငါ့ဆီ ယူလာပေးပါ !"

"ဟုတ်ကဲ့ !"

အက္ခရာက အခန်းထဲ ကနေ ထွက်မည်လုပ်တော့
"Sun!" Kai က သူ့ကိုပြန်ခေါ် လိုက်တော့ ..

" ဟုတ်သခင်ကြီး !"

" သတိထား ပါ!"

အက္ခရာက ခေါင်းငြိမ့် လိုက်ပီး သူ့ရဲ့ အလုပ်ကို စလုပ်တော့သည်။

" သခင်ကြီး သူ့ကို လွှတ်လိုက်တာ သေချာပြီးလား !"

" ဒါက သူ့ရဲ့ ပထမဦးဆုံး မစ်ရှင်း တစ်ခုပဲ မင်းစောင့်ကြည့်နေ သူသေချာပေါက် လုပ်နိုင်တယ်!"

ထို့နောက်
အက္ခရာ နဲ့ ဂိုဏ်သား၅ယောက် လောက်က ဟိုကောင်တွေရှိတဲ့ သူ့ရဲ့ အပန်းဖြေအိမ်ထဲကို ကျူးကျော် ဝင်ရောက် လာခဲ့သည်။ ဂိုဏ်သား၅ယောက်ကတော့ ထိုလူရဲ့ ကိုယ်ရံတော်တွေနောက်လိုက်တွေနဲ့ ရှင်းနေတဲ့အချိန်မှာ အက္ခရာကတော့ ခေါင်းဆောင်ဆိုတဲ့ လူရှိတဲ့အခန်းထဲ ကို တစ်ယောက်ထဲဝင်သွားလိုက်သည်။ ...

၁မိနစ်တောင်မကြာလိုက်ပဲ အက္ခရာက ထိုလူရဲ့ခေါင်းကို ကိုင်ထားရင်းနဲ့ပင် ထွက်လာခဲ့သည်။
ဂိုဏ်သား ၅ယောက်စလုံး က မျက်လုံးပျူးကြောင်သွားခဲ့သည်။ သူတို့တောင်ဒီမှာသတ်ဖြတ်လို့မပီးသေးဘူး !
အသက်၁၈ နှစ်အရွယ်နဲ့ ဒီလိုမျိုး မျက်စိတစ်မှိတ်အတွင်း သွေးအေးအေးနဲ့ လူသတ်နိုင်တာကို .!

အဲ့နေ့က စပီး Kai က အက္ခရာကို သူ့ရဲ့ ခြေလှမ်းတွေကိုအမှီလိုက်နင်း နိုင်ခဲ့တယ် ဆိုပီး... အက္ခရာကို သူ့ရဲ့ သားအဖြစ် စာချုပ်စာတန်းနဲ့တကွ အပီးအပိုင် မွေးစားလိုက်သည်။
အက္ခရာကို ဘာသာစကားတွေသင်ခိုင်းစေပီး ကျောင်းတွေဘာတွေ တက်ခိုင်းလိုက်ကာ ဘွဲ့တွေရတဲ့အထိ ပင် !
.
.
.
အခု အက္ခရာက ၂၅နှစ် ပြည့်သွားခဲ့ပါပီး . ဒီနေ့ ရှေ့နေတွေကို ခေါ်ရတဲ့ အကြောင်းရင်းကလဲ
Kaimuran က သူ့ရဲ့ အမွေတွေ, GS{Golden Snake} ဂိုဏ်းတွေ သူ့ရဲ့ ကုမ္ပဏီတွေကို အက္ခရာနာမည်နဲ့ အကုန်လုံး လွှဲပြောင်းပေးသွားမှာ ဖြစ်သည်။
အက္ခရာရဲ့ အရည်အချင်းတွေကို သူ ကိုယ်တိုင်တွေ့မြင်နေရတော့ အက္ခရာကို သူယုံကြည်သည်။

" Sun သား လက်မှတ် ထိုးလိုက် !"

"ဖေဖေ သားကို အကုန်လွှဲ ပေးတော့ဖို့လား ! သားက ဒီတိုင်း ဖေဖေ့လက်အောက် မှာပဲ လုပ်နေရင် ရတယ်လေ ! မြန်မာပြည်မှာလဲ ဖေဖေဖွင့်ထားပေတဲ့သားရဲ့ကုမ္ပဏီ ရှိပါတယ်လေ ဖေဖေ!"

" ဖေဖေက အသက် ကြီးနေပီး အဲ့ကြောင့်မို့ သားကို လွှဲပေးတာ ဖေဖေ မလုပ်တော့တာ မဟုတ်ဘူး လုပ်တယ်။ ဒီတစ်ခါ တော့ ဖေဖေကပဲ သားရဲ့ လက်အောက်မှာ နေမယ် ဖေဖေပြောတာ နားလည်တယ်မလား သား"

"ဖေဖေ!"

" ဟက် လက်မှတ် ထိုးလိုက်ပါ ကွာ!"

အက္ခရာ သက်ပြင်းတစ်ချက်ချလိုက်ပီး သူ့ရှေ့က စာရွက်ပေါ်မှာ လက်မှတ်ထိုးလိုက်သည်။

ထို့နောက် ရှေ့နေတွေ လဲပြန်သွားကြတော့ ..
" ဖေဖေ ဘာလို့လဲ !"

" သားက အရည်အချင်းရှိတယ် ထက်မြက်တယ်
ဖေဖေ မရှိတဲ့ အချိန်ဆို သားက ဂိုဏ်းသားတွေကို ဦးစည်းနိုင်တယ် ။ သားက ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေနဲ့
ပြည့်စုံတယ် သား ,ဖေဖေ ပြောတာနားလည်တယ်ဟုတ် ! ဖေဖေ က သားကို အကုန်လွှဲပြောင်းပေးတာက တစ်ချိန် ချိန်ကြရင် ဖေဖေသာ မရှိတော့ရင် ...!"

"ရပါပီး ဖေဖေ ဖေဖေမရှိရအောင် ဘယ်သွားမှာမို့လို့လဲ !"

"သဘောပြောတာပါကွာ !"

"ဟုတ်ဖေဖေ ကျေးဇူးတင်ပါတယ် အရာအာလုံးအတွက်!"

"ဟော ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားကို တစ်ရက်လေးပဲ မပြောလို့ မရဘူးလား ။ အခုဟာက နေ့တိုင်း ဖေဖေ့ ကို ကျေးဇူးတင်စကားပြောနေတယ် !"

"ဟားဟား သားက တကယ်ကျေးဇူးတင်လို့ ပြောတာပါ ဖေဖေ ရာ!"

"ဟုတ်ပါပီးကွာ အော် လမင်းငယ် အကြောင်းရောသားစုံစမ်းတာ သိပီးလား !"

"ဟုတ်ကဲ့ သားအကုန်သိပီးပါပီး . သား က လမင်းငယ်ရဲ့ ဖေဖေ ဦးလမင်းရဲ့ Moon Group ကို သေချာပေါက်ဦးမင်းသွေးလက်ထဲကနေ ပြန်ယူမယ် .ဟက် ဦးမင်းသွေး အကြောင်း သိရသလောက်ကတော့ သူ့ကို အနိုင်ရဖို့က တော်တော် လေး လွယ်ကူ ပါတယ်"

" လမင်းငယ်ကိုရော ရှာတွေ့ပီးလား သား! သားလွှတ်ထားတဲ့ ကောင်တွေဆီကနေ ဘာသတင်းကြားသေးလဲ !"

"အခုချိန်ထိ ရှာမတွေ့သေးဘူး ငယ်သေချာပေါက် အသက်ရှင်နေသေးတယ်ဆိုတာ သားသိတယ်!"

"ဟုတ်ပါပီး သား မြန်မာပြည်ကို ပြန်လို့ရပီးထင်တယ်သား ကုမ္ပဏီကို သားရဲ့အတွင်းရေးမှူးမင်းထက်သာ နဲ့ပဲ အပ်ထားခဲ့တော့မှာလား!"

" သား ပြန်သွားရင် ဒီက ဖေဖေ့ ကုမ္ပဏီနဲ့ Gs ဂိုဏ်းကိုရော ဖေဖေ တစ်ယောက်ထဲ နိုင်ပါ့မလား!" ပီးတော့ဟိုတစ်ခါလိုမျိုး ဖြစ်ရင် ဘယ်လိုလုပ်ရမှာလဲ "

"အဲ့တာက ဖေဖေ သတိလွတ်သွားလို့ပါ ကွာ အခု အဲ့ကောင် လဲ သားရဲ့ လက်ထဲ မှာပဲသေသွားခဲ့ပီလေ ဘာကိုတွေးပူနေတာတုန်း .!"

အက္ခရာက မြန်မာပြည်ကို သူ့အသက် ၂၄ မှာ ပြန်လာခဲ့တယ်။ . သူနေဖို့ စံအိမ်တော်ကိုလဲ တည်ဆောက်ခဲ့တယ်။ ပီးတော့ S& M ဆိုတဲ့ sun နဲ့ moon ကို အတ်ိုကောက်ယူ ထားတဲ့ S&M Group ကို လဲ ဆောက်လုပ်ခဲ့သေးသည်။ ပီးတော့ S&M Hotel , Shopping Mall, S&M Private School, BAR တွေ နောက်တော့ S&M အမည်နဲ့ပဲ မိဘမဲ့ဂေဟာ တပ်ခုကိုလဲ ထပ်ပီး တိုးချဲ့ ဆောက်လာခဲ့သည်။
သူ မြန်မာပြည်ကို ရောက်တော့ အရင်ဦးဆုံး လမင်းငယ် ကို အရင်ရှာခဲ့သည်။ ဒါပေမဲ့ သူ့ရဲ့ ကလေးငယ် နဲ့ တူတဲ့ ဘယ်တစ်စုံတစ်ယောက်ကိုမှ လဲ မတွေ့ခဲ့ပါ ။

အက္ခရာက သူ့ရဲ့ လူတွေကို လွှတ်ထားခဲ့ပီး သူကိုယ်တိုင်ဆွဲထားတဲ့လမင်းငယ်ရဲ့ ပုံတူ ပန်းချီကားတွေကို ပေးထားခဲ့ပီး ရှာခိုင်းစေသည်။ သူ့ကလေးငယ် က သေချာပေါက် ငယ်ငယ် တုန်းကလိုမျိုး လမင်းလေးကို ဝိုင်းစက်ပီး ချစ်စရာကောင်းတဲ့ ပုံစံလေးအတိုင်းပဲ လို့ သူထင်သည်။ တစ်ကယ်လို့များ ပြောင်းလဲစရာဆိုလို့ အရပ်ရှည် လာမယ် အဲ့ဒါတစ်ခုပဲ ပြောင်းလဲလာမှာသေချာ သည်။
အက္ခရာက သူချစ်ရတဲ့ ကလေးငယ် ရဲ့ ပုံစံတွေကို တစ်စက္ကန့်လေးမှတောင် မေ့မသွားခဲ့ပါဘူး။သူ့ရဲ့ခေါင်းထဲမှာ ကလေးငယ်က သူ့ကို မျက်လုံးတွေပိတ်သွားသည်အထိ ပြုံးပြပေးနေတဲ့ ရုပ်ကလေးကို သူတစ်သက်လုံး မေ့မရခဲ့ပါ။
ညတိုင်းလဲ ကလေးငယ် ကို အိပ်မက်မက်နေခဲ့သည်။
*ကိုကိုလေ ငယ်လေးကို အချိန်တိုင်း စက္ကန့်တိုင်း သတိရနေတယ် အရမ်းလဲ လွမ်းတယ် ကလေးရယ် ဘယ်မှာရှိနေလဲကွာ*

အက္ခရာ မြန်မာပြည်ကိုရောက်ပီး တစ်နှစ်တောင်မပြည့်သေးဘူး ။ဒါပေမဲ့ တစ်နေ့မှာ တရုတ်ကသူ့ရဲ့ဖေဖေ Kaimuran က လေလံပွဲတစ်ခုမှာ အလစ်တိုက် ခံရလို့ ဗိုက်မှာ ဒဏ်ရာရခဲ့သည်။ အဲ့အကြောင်းကိုကြားသွားတဲ့ အက္ခရာက ကုမ္ပဏီကို သူ့ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ မင်းထက်သာနဲ့ လွှဲထားလိုက်ပီး ညတွင်းချင်းပင် တရုတ်ကို ကိုယ်ပိုင်လေယာဥ်နဲ့ ပြန်ပီးထွက်ခွာသွားခဲ့သည်။ ဟိုရောက်တော့ တစ်ညတောင် မကူးလိုက်ရပဲ Kaimuran ကို ဓားနဲ့ ထိုးသွားခဲ့တဲ့ လူကို မျက်စိတစ်မှိတ်အတွင်းမှာ သတ်ပစ်လိုက်နိုင်တော့သည်။
အဲ့ဒီကတည်းက အခုချိန်ထိ မြန်မာပြည်ကို ပြန်ပြီးအခြေမချရသေးပါ။

×××××××
×××××××

" ဖေဖေ သိလိုက်ပါပီး ဘာဖြစ်လို့ သားက မြန်မာနိုင်ငံကို မပြန်သေးလဲ ဆိုတာ ...ဖေဖေ့ ကို စိတ်မချလို့ ဟုတ်တယ်ဟုတ်!"

" ဟက် ဖေဖေက ညဏ်ကောင်းသားပဲ !"

"ဟားဟား,သားရာ ဖေဖေ ကို စိတ်မပူပါနဲ့ကွာ ဖေဖေ နားမှာ ဖေဖေ့လူယုံတွေရှိပါတယ် ကွာ သားသာ မြန်မာ နိုင်ငံကိုပြန်ပီး သားချစ်တဲ့
တိမ်ယံလမင်းငယ်ကို လိုက်ရှာပါ ။ ပီးတော့ သားရဲ့ S&M Group ကို Moon Group ထက်သာအောင် ဦးစီးလိုက်ပါသား"

" ဟုတ်ကဲ့ပါ ဖေဖေ !သားပြန်ပါ့မယ်"
ပြောပြီး အက္ခရာက ထိုင်နေတဲ့Kai အရှေ့မှာ ဒူးထောက် ထိုင်ချလိုက်ပီး Kai ရဲ့ခြေထောက် ကို သူ့နှာဖူးနဲ့ ထိအောင် ရှိခိုးကန်တော့ လိုက်သည်။ Kai ကလဲ အက္ခရာရဲ့ ခေါင်းကို ကိုင်လိုက်ပီး .!
" ဖေဖေ့ကို မျက်ရည် ကျရအောင် ကွာ!"

အက္ခရာ ရဲ့ မျက်ဝန်းကနေလဲ မျက်ရည်တွေ စီးကျလာကာ
" ထပ်ပီး တော့ ကျေးဇူးတင်ပါတယ် ဖေဖေ ကျွန်တော့်ကို သားအရင်းတစ်ယောက်လို ပြုစု စောင့်ရှောက် ပေးခဲ့တယ် ။ ပညာတွေလဲ စုံအောင်သင်ပေးခဲ့တယ် ။ ဖေဖေ ကျန်းကျန်းမာမာ နဲ့ အသက်ရှည်ရှည် နေထိုင်သွားပေးပါ ။"

"ဟုတ်ပါပီးကွာ ထတော့ !အဟမ်း ! မာဖီးယား တစ်ယောက်က လွယ်လွယ်နဲ့မျက်ရည် မကျရဘူးဆိုတာ မေ့သွားပီးလား !သား"

" ဟက် ငယ်လေးနဲ့ ဖေဖေ့ အတွက်ဆိုရင်တော့ ချွင်းချက်ပေါ့ !"

"ဟုတ်ပါပီး ကဲ အဝတ်အစားတွေ သိမ်းစည်းတော့ မနက်ဖန် မြန်မာ ပြည်ကို ပြန်တော့ .! အော် ဂိုဏ်သားတွေကို အယောက် ၅၀လောက်ခေါ်သွား
သားလုံခြုံ ရေးအတွက်!"

"ဟုတ် ကဲ့ပါ အဟမ်း ကိုယ့်သားကို မောင်းထုတ်နေပါပီး !"

"အင်းမောင်းထုတ်လိုက်တော့မယ်...အော် မြန်မာပြည်က သားရဲ့ စံအိမ်တော်က အိမ်တော်ထိန်း ကို လှမ်း အကြောင်းကြားလိုက်အုံး !"

"သိပါတယ် ဗျာ !"
နောက်တစ်နေ့မနက်ကျတော့ အက္ခရာ က မြန်မာပြည်ကိုတစ်ဖန် ပြန်လာခဲ့တော့သည်။

>>>>>>>
<<<<<<<

"ယေ့ မေကြီးရေ့ မေကြီး ဖေကြီး!"

" သားလမင်း မေကြီးဒီမှာ !"
မေကြီးက မနက်စောစော မုန့်ဟင်းခါး ရောင်းဖို့အတွက် ပြင်ဆင်နေသည်။

"မေကြီး မေကြီး သားလေ သား ၁၀တန်းအောင်သွားပြီး ကွ!"

"ဟုတ်လား မေကြီး ပြောပါတယ် သားက အောင်မှာပါလို့ !"

"ဟီးဟီး ပီးတော့လေ သား2Dထွက်တယ်!"

"အယ် တကယ်ကြီး !"

"အင်း မြန်မာစာနဲ့ ဓာတုဗေဒ "

" အမလေး ဝမ်သာလိုက်တာ !မေကြီးရဲ့ သားက တော်လိုက်တာကွယ်!"

"ဟီးဟီး ဖေကြီးရော"

" ဖေကြီးက ခုနကပဲ ထင်းထွက်ရှာပီး သားရဲ့ !"

"အော်!"

တိမ်ယံလမင်းငယ်ကတော့ ဒီနှစ်မှာဆို သူ့အသက်၁၇ နှစ်ပြည့်သွားခဲ့ပါပီး ။ ငယ်ငယ်တုန်းကလိုပင် ပါးကဖောင်းဖောင်းလေးနဲ့ ကြက်တောင် စည်းကို စည်းထားနေတုန်း။ ပီးတော့သနပ်ခါးကိုလဲ ဝလုံးလေးလို လိမ်းခြယ်နေတုန်းပင်။ ကလေးစိတ်က လုံးဝမပျောက် သေးပါ ။အခုတောင်မှ ၁၀တန်းအောင်လို့ ဆိုပီး ကလေးတစ်ယောက်လို ခုန်ဆွ ခုန်ဆွ လုပ်နေသည်။မနက် စောစောစီးစီး ၁၀တန်းအောင်စာရင်းကို သူနဲ့ သူ့သူငယ်ချင်း ဖြစ်တဲ့ အိစံပယ် တို့နှစ်ယောက် က သွားကြည့်ကြသည်။ အိစံပယ်ကတော့ လမင်းငယ်နဲ့ ဟိုးသူငယ်တန်းကတည်းက ခင်လာကြသည်။ ငယ်ငယ်တုန်းက အတန်းမှာ လမင်းငယ်ကို အနိုင်ကျင့်ကြတဲ့ ကလေးတွေမှန်သမျှ စံပယ် လက်နဲ့ အကုန် အရိုက်ခံ ရကြသည်။ သူတို့နှစ်ယောက်က အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြသလို လမင်းငယ်မှာလဲ စံပယ်ဆိုတဲ့ သူငယ်ချင်းမလေး တစ်ယောက်ပဲ ရှိသည်။

"သမီး စံပယ် သမီးရော All Dလား !"

" ဘာ All Dလဲ မေကြီးရယ် သမီးက ၂၄၀ နဲ့ အောင်တာ!"

"ဟားဟား  "
စံပယ်က ထိုသို့ပြောလိုက်တော့ လမင်းငယ်က ထရီပါလေရော !"

" ဘာရီတာ !"

"ရီမှာပေါ့ ၁၀ တန်းစာမေးပွဲက ဖြေတော့မယ် နင်က ကိုကြီးတွေကို ဖွန်ကြောင်လို့ကောင်းတုန်းလေ . ကံကောင်းလို့ ၂၄၀ နဲ့အောင်တာ !ဟားဟား"

" အမလေး ငါကစကေးနဲ့ဖြေထားတာဟဲ့ ဟုတ်တယ်ဟုတ်မေကြီး !"

"ဟုတ်ပါတယ်ကွယ် ကဲ ဘာစားမလဲ မုန့်ဟင်းခါးလား!"

"အင်းအင်း ဗိုက်ဆာနေပီး စားမယ် !"

" အေးနင်စားပီးရင် ပိုက်ဆံလေးတော့ပေးသွားအုံးဟယ်"

"နင်ကလဲ မေကြီးက အလကားကျွေးတာပါနော် ဟုတ်တယ်ဟုတ်မေကြီး !"

" ဒါပေါ့ သမီးရယ် စားသာစား !"

"အဟမ် မေကြီး သူ့ကို သိပ်အလိုမလိုက်နဲ့ အရင်းပြုတ်တော့မယ်!"

"ဟားဟား စားမှာပဲ !"
နှစ်ယောက်သား မုန့်ဟင်းခါး စားနေရင်းနဲ့ပင် စနောက်နေကြသည်။ ထိုစဥ်.

"လမင်း!"

လမင်းငယ်က ခေါ်သံကြားတော့ နောက်လှည့်
ကြည့်လိုက်တဲ့အခါမှ.
" ကိုဇွဲထက်ယံ!"

(A\N ဟီးဟီး နောက်ကျသွားတယ် 😝😝)
























Continue Reading

You'll Also Like

2.7M 164K 41
🔺S(1) 🔺ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ 🔺Abuse type ဖြစ်၍ အထူး ကြိုတောင်းပန်အပ်ပါသည်။ 🔺အပိုင်း(၁) မှ အပိုင်း(၄၀) 🔺S(1) 🔺...
3M 196K 34
🔺(S2) 🔺S1 လေးအရင်ဖတ်ပေးပါနော်။ 🔺ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ 🔺Abuse type ဖြစ်၍ အထူး ကြိုတောင်းပန်အပ်ပါသည်။ 🔺အပိုင်း(၄...
6.9M 338K 82
Married Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အ...
614K 17.2K 58
My Husband Hates Me ထဲမှာပါတဲ့ လင်းမြတ်နိုင်နဲ့ရှိန်းခေါင်ယံရဲ့ Fic အသစ်လေးပါ ။ Start Date - January 1,2024 End Date - April 15,2024
Wattpad App - Unlock exclusive features