[Unicode]
အခန်း(၈၃):အမှုစစ်ဆေးခြင်း နှင့် ဆေးရုံကို အတူတူသွားကြမယ်
"ငါ့ကိုပြော!မင်းတို့နှစ်ယောက် ဘယ်တုန်းကတည်းက အတူတူဖြစ်သွားကြတာလဲ?" ဒိုင်အန်းက တကယ်ကို တင်းကြပ်တာပဲ။
အနှစ်သာရမရှိတဲ့ 'အတူတူဖြစ်သွားကြတယ်' ဆိုတဲ့ စကားမျိုး ဘယ်လိုများ ပြောထွက်ရတာလဲ?
ဆုနိုသည် သူ့မျက်လုံးတွေနဲ့သာ ကန့်ကွက်လိုက်ပြီး “တော်တော်ကြာနေပြီ” လို့ ရိုးသားစွာ ပြန်ဖြေလိုက်သည်။
"တော်တော်ကြာပြီ!" ဒါကိုကြားပြီးနောက် ဒိုင်အန်းသည် သွေးအန်ထွက်လုနီးပါးဖြစ်သွားပြီး "ဒါဆို Duan Rui အတွက် ရိုက်ကူးရေးပြီးကတည်းက အိုးရန်လုံနဲ့ ချိန်းတွေ့ခဲ့တာလား?"
ဟုတ်တယ်!
ဆုနိုသည် ရိုးရိုးသားသား ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။ "ငါတို့ မြင်မြင်ချင်း ချစ်မိသွားတယ်!"
နည်းနည်းချဲ့ကားထားပေမယ့် လှပတဲ့အချစ်က ဒီလိုပဲဖြစ်သင့်တယ်လေ!
"ဒီလောက် အရေးကြီးတာကို စောစောကတည်းက ဘာလို့မပြောခဲ့တာလဲ!" ဒိုင်အန်း အော်ဟောက်လိုက်သည်။
"အစောကြီးကတည်းကမှ မမေးတာလေ" ဆုနိုကညည်းညူလိုက်သည်။
"ဒီအကြောင်းကို ဘယ်သူသိသေးလဲ?" ဒိုင်အန်းသည် အလွန်စိတ်ညစ်လို့နေပြီ။
“ငါ့မိသားစုဝင်တွေပဲ သိသေးတယ်” ဆုနိုသည် ကျုံးလီဖုန်းပိုင်ကို အလိုအလျောက် လျစ်လျူရှုခဲ့သည်။ ဘာပဲဖြစ်ဖြစ်လေ သူက အရေးမှမကြီးတာကို!
"အဲဒါကောင်းတယ်။" ဒိုင်အန်းသည် သက်တောင့်သက်သာဖြင့် အသက်ကိုရှူထုတ်လိုက်သည်။
"အချစ်လေး...မင်းစိတ်ဆိုးမှာတော့ မဟုတ်ဘူးမဟုတ်လား?" ဆုနို၏မျက်လုံးများသည် ရိုးသားမှုအပြည့်နှင့်။
"ဒေါသထွက်မှာ!!!!!!"
ဒိုင်အန်းသည် တောင်များနှင့် မြစ်များက သံယောင်လိုက်သည်အထိ အော်ဟောက်လိုက်သည်။relationship ရှိနေတာကိုမှ ဆိုးရွားနေပြီဖြစ်ပြီး အဲ့ဒီအပြင်ကို ယောက်ျားတစ်ယောက်နဲ့ တွဲနေတာ ဖြစ်နေသေးတယ်။ ဒီစကားကို ကျယ်ကျယ်လောင်လောင် ပြောတာမျိုးဆိုရင်တောင် လူတွေကို သေတဲ့အထိ ကြောက်လန့်စေလိမ့်မယ်!
ဆုနိုသည် ခါးခါးသီးသီးနဲ့ "ကိုယ်တော့်မိဖုရားခေါင်ကြီးရယ်... ဒီမှာအော်လိုက် ဟိုမှာအော်လိုက်နဲ့ ဆက်မအော်ပါနဲ့။ အရမ်း အောက်တန်းကျတယ်ဆိုတာ ပြသလို ဖြစ်သွားလိမ့်မယ်!"
မဟုတ်ရင် မင်းအိမ်ထောင်ပြုနိုင်မှာ မဟုတ်ဘူး။ ငါ မင်းကို ဂရုစိုက်ဖို့ လိုနေသေးတယ်။ အရမ်းစားပြီး ဇီဇာကြောင်လွန်းတယ်။ ဒီလိုအိတ်ကြီးကြီးရတာ တကယ်ပင်ပန်းရတယ်!
"မင်းတို့နှစ်ယောက် အိပ်ယာပေါ်ရောက်ပြီလား?" ဒိုင်အန်းကတော့ တကယ့်ကို တည့်ပင်။
ဆုနိုသည် ချက်ချင်းပင် ရှက်သွားရ၏။
ငါတို့ အိပ်ယာပေါ်မှာ ရောက်ပြီးနှင့်နေပြီပေါ့,အား! ကြိမ်ဖန်များစွာလည်း နေခဲ့သေးတယ်လေ!ငါ့လူကြီးက တကယ်ကို လိုအင်ရမ္မက်ပြင်းလွန်းတယ်၊ ငါကလည်း ခံစားလို့ အရမ်းကောင်းတယ်။ ဒါပေမယ့် ဒီလိုမျိုးကို ငါဘယ်လိုဖော်ပြရမယ်မသိဘူး။တကယ်လို့ငါပြောလိုက်ရရင်တောင် လူပျိုတစ်ယောက်ဖြစ်တဲ့မင်းက နားမလည်နိုင်ဘူး!ဒါက တကယ်ကို စိတ်ပျက်လက်ပျက်ဖြစ်စရာပဲ!
"ငါတို့ အိပ်ယာပေါ်ကိုတောင် မရောက်ဖူးပါဘူး!" တကယ့်ကို ကြောင်သူတော်ပဲ!
"မင်းတို့နှစ်ယောက် အိပ်ယာပေါ်မှာ ဘယ်နှစ်ခါရှိပြီလဲ?" မျက်နှာကနီရဲနေပြီး အိပ်ယာပေါ်မရောက်ဘူးလို့ ပြောနေသေးတယ်ပေါ့! ရုံးခန်း၏ အသံလုံစွမ်းရည်သည် အလွန်ကောင်းမွန်သောကြောင့် ဒိုင်အန်း၏အော်ဟောက်သံများက ဆက်လက်ထွက်ပေါ်လာသည်။
"ဆယ်ခါလောက်ရှိပြီ...အာ..ဖတ်..ဖတ်.. တကယ်ဆို ငါတို့ အိပ်ယာပေါ်ကိုတောင် မတက်ဖူးပါဘူး!" ဆုနို၏မျက်နှာသည် အလွန်လေးနက်စွာ။
မတော်တဆ ဘယ်လိုတောင် ပြောထွက်သွားရတာလဲ!တကယ့်ကို ရူးလောက်စရာပဲ!
"နှစ်ယောက်တွဲပြီး ဓာတ်ပုံရိုက်ဖူးလား?" ဒိုင်အန်းသည် ဆက်ပြီးလောင်ကျွမ်းလို့နေသည်။
ဆုနို ခဏလောက်စဉ်းစားပြီး ခေါင်းယမ်းရင်း "ငါတို့မရိုက်ဖူးဘူး" ဒါတော့ တကယ်မဖြစ်ခဲ့ဘူး!
"လမ်းခွဲဖို့ အလားအလာရှိလား?" လမ်းခွဲရန် အကြံပေးနေခြင်း၏သန့်ရှင်းသည့်အလင်းရောင်များက ဒိုင်အန်း၏မျက်နှာထက်တွင် ပြည့်လို့နေသည်။
ဒါတော့လုံးဝမရှိဘူး! ဆုနိုသည်ဒေါသတွေနဲ့ ပြည့်နှက်သွားပြီး "မင်းက ဘယ်လိုဖြစ်လို့ ဒီလောက်တောင်ဆိုးရတာလဲ!"
တကယ်ချစ်တဲ့ လင်လင်နှစ်ယောက်ကို လမ်းခွဲချင်နေတာ သာမာန်လူတစ်ယောက်တောင် ဒီလို ရူးသွပ်တဲ့ လုပ်ရပ်မျိုးကို မလုပ်နိုင်ဘူး။ဒါက တကယ်ကို ဆိုးဆိုးရွားရွားပါပဲ၊
"မိဖုရားခေါင်ကြီး...မင်းက ကိုယ်တော့်ကို တကယ်စိတ်ပျက်စေတာပဲ!"
"မင်းက ပိုပြီးတော့တောင် ငါ့ကိုစိတ်ပျက်စေတယ်!" ဒိုင်အန်းသည် ဆိုဖာကူရှင်ကို မျက်နှာပေါ်ဖိထားလိုက်၏။
ဆုနို၏အကြောင်းကို ထုတ်ဖော်လိုက်မည်ဆိုပါက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေမည့် လှိုင်းလုံးတွေကို ကြိုတင်ပြီးခန့်မှန်းနိုင်နေပြီ။တွေးကြည့်ရုံနဲ့တင် သူ့ခေါင်းက ပေါက်ကွဲတော့မှာ...ပေါက်ကွဲတော့မယ်...ပေါက်ကွဲတော့မယ်!
"တကယ်တော့ ဒါက ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး" ဆုနိုသည် သူ့ဘေးမှာထိုင်ပြီး "RSဆိုတာက တကယ်ကို ပုံမှန်ဖြစ်တာပါ။ ပြီးတော့လည်း သူ့ကို အရမ်းသဘောကျတယ်"
"Relationship ရှိနေတာတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် မင်းက မင်းနဲ့မျိုးတူတဲ့သူနဲ့ ကြိုက်နေတာလေ!" ဒိုင်အန်းအရမ်းပေါက်ကွဲနေသည်။ သူ ဘာလို့ .....ယောက်ျားတစ်ယောက်နဲ့ ကြိုက်သွားရတာလဲ!
"ဒီလိုကိစ္စမျိုးက ထိန်းလို့မရဘူးလေ" ဆုရှောင်းနိုသည် အရမ်းကို အပြစ်ကင်းစွာဖြင့်။ မစ္စတာဒါရိုက်တာက အရမ်းချောတယ်လို့ မပြောရင်တောင် ဒီလိုမျိုးက ထိန်းထားလို့ မရဘူး!
"မင်းတို့နှစ်ယောက် လမ်းခွဲလို့မရဘူးလား?" ဒိုင်အန်းသည် ဒေါသတကြီး ဖြစ်နေသေးသည်။
ဆုနို ပြတ်သားစွာ ပြောလိုက်သည်။
"မင်း ငါတို့ကို အတူတူနေခွင့်မပေးဘူးဆိုရင် ငါ Wu Tai တောင်မှာ ဘုန်းကြီးပဲ သွားဝတ်လိုက်တော့မယ်"
အချစ်က ရွှေထက်ခိုင်ခံ့တာမို့ တကယ်ကို ရင်ထဲထိမိပါတယ်!
ဆိုဖာပေါ် လဲကျသွားရင်း ဒိုင်အန်းရဲ့အတွေးတွေကလည်း ပျက်စီးသွားတော့သည်။
သူဘာများ အပြစ်လုပ်မိထားလို့လဲ...
"ကိုယ်တော်မိဖုရားခေါင်ကြီးရယ်..." ဆုနိုသည် ဒိုင်အန်း၏ကျောပြင်ပေါ်တွင် ကိုအာလာတစ်ကောင်လို ကပ်တွယ်နေပြီး "မင်း ငါ့ကို ကောင်းချီးပေးရမယ်လေ!"
ဒိုင်အန်း ညည်းညူရင်း....ဒီလို မယုံနိုင်စရာ ဖွံ့ဖြိုးတိုးတက်မှုမျိုးကြီးကို သူ ချေဖျက်နိုင်ဖို့ တစ်ပတ်လုံး အသုံးပြုခဲ့ရပြီး အောင်မြင်စွာ ချေဖျက်လို့တောင် မရသေးပါဘူး!
ဒီအကြောင်းကိုသာ ငါကြိုသိခဲ့ရင် Ren Duan ကြော်ငြာကို လုယူဖို့တောင် ကူညီပေးမှာ မဟုတ်ဘူး!
ခြေတစ်လှမ်းမှားသွားရင် အရာအားလုံးက မှားသွားနိုင်တယ်လို့ ဆိုလိုတာပဲ!
ဒီလိုဖြစ်လာခဲ့မယ်ဆိုတာ ငါကြိုသိခဲ့ရင် ပထမနေရာအတွက် ငါ အရင်မလုပ်ခဲ့ရတာလဲ?
ဒီလိုအခြေအနေမျိုးကို ဆိုလိုတာနော်!!!
"မင်းလည်း အနာဂတ်မှာ သာယာတဲ့အိမ်ထောင်ရေးတစ်ခုရလာမှာပါ!" ဆုရှောင်းနိုသည် သူ့ပျော်ရွှင်မှုကို ဂရုစိုက်ရုံသာမက သူ့အချစ်ကို ဖြန့်ကျက်ရမယ်လို့ ခံစားလိုက်မိတာကြောင့် မိဖုရားကြီးလက်ကို လေးလေးနက်နက်ခံစားချက်နဲ့အတူ ဆုပ်ကိုင်လိုက်ပြီး "ကမ္ဘာပေါ်မှာရှိတဲ့နေရာတိုင်းမှာ အချစ်စစ်ရှိတယ်ဆိုတာ မင်းယုံရမယ်"
"မင်း ငါ့ကို ခဏလောက် စိတ်ငြိမ်အောင်ထားပေးလို့ မရဘူးလား!" ဒိုင်အန်းသည် ဂျာကင်အင်္ကျီကို ဆွဲတင်ကာ မျက်နှာကို ဖုံးအုပ်လိုက်သည်။
ကောင်းတဲ့ အိမ်ထောင်ရေးကို နည်းနည်းလေးမှ မလိုချင်ဘူး!
______________
ဆေးရုံမှာတော့ ကျုံးလီဖုန်းပိုင်သည် နေ့လည်စာအတွက် မုချိုးကို နောက်ထပ်ဖြည့်စွက်စာတစ်မျိုးကို ခွံကျွေးနေသည်။
ဒါ တကယ်ကို ကိုယ်ကျင့်သီလဖြူစင်သူလေးပင်!
"ဒါဘာလဲ?" မုချိုးသည် ဆက်ဝါးလိုက်လေရာ အရသာက သိပ်မရင်းနှီးသည်ကို တွေ့လိုက်ရ၏။
"ငါးနက်ပဲတီစိမ်းဟင်းချို" ကျုံးလီဖုန်းပိုင်သည် သူ့ပါးစပ်ကို သုတ်ပေးလိုက်ရင်း "များများစားရင် မျက်လုံးအတွက် ကောင်းလိမ့်မယ်"
"မင်း ချက်ထားတာလား?။" မုချိုးက မေးသည်။
ကျုပ်ချက်ထားတာပေါ့! အစားအသောက်ဆိုင်မှာတောင် ဒီလိုဟင်းချက်နည်းမျိုး မရောင်းဘူး! ဒါရိုက်တာကျုံးက tsundere ဖြစ်လာလေရာ.....
"ဆေးရုံကန်တင်းကနေ ဝယ်လာတာ။ ငါးဒေါ်လာနဲ့ ပန်းကန်ကြီးကြီးတစ်ခွက်စာရတဲ့အပြင် ထမင်းသုံးပန်းကန်ပါရလာသေးတယ်”
"လူလိမ်လေးပဲ။" မုချိုးသည် "ဒါက ဆေးရုံက ဇွန်းမဟုတ်ဘူး။ မင်းကိုယ့်အတွက် သီးသန့်ချက်ထားတာမလား?"
"........."
"ခင်ဗျား အရမ်းအတွေးလွန်နေတာပဲ။ ကျွန်တော်က ဇွန်းယူဖို့ အိမ်ပြန်ခဲ့တာလေးပဲ ရှိတယ်!" ကျုံးလီဖုန်းပိုင်သည် အလွန်တည်ငြိမ်နေ၏။
မုချိုး သူ့ကို ပြုံးပြလိုက်သည်။အရမ်းနူးညံ့လှစွာဖြင့်။
"ဒီလို ခံစားချက်မျိုးကို မပြပါနဲ့!" ကျုံးလီဖုန်းပိုင်ာစိတ်ရှုပ်သွားသည်။ ဒီလိုခံစားချက်တွေက အရမ်းစိတ်ထိခိုက်ရတယ်!
"သောက်ရတာ အရမ်းကောင်းတယ်။" မုချိုးသည် သူ့လက်ကိုဆွဲလိုက်ပြီး "ကျေးဇူးတင်ပါတယ်"
သူ့စိတ်ထဲမှာ အော်ဟောက်ချင်သေးပေမယ့် သူ့လက်ကို ကိုင်ထားဖို့တောင် အချိန်အတော်ကြာအောင် ရှာဖို့လိုနေတာကြောင့် tsundere ဒါရိုက်တာကျုံးသည် ထပ်ပြီး ရင်ထဲ နာကျင်ထိခိုက်သွားရပြန်သည်။ ထို့ကြောင့် သူ မုချိုး၏မျက်နှာကို လက်တစ်ဖက်ဖြင့် ထိလိုက်ပြီး "ဒဏ်ရာက နာနေသေးလား?"
“အဆင်ပြေနေပါပြီ။” မုချိုး ပြောလိုက်သည်။ "ကိုယ့်ရဲ့ ပြန်လည်နာလန်ထူနိုင်စွမ်းက အရမ်းကောင်းပါတယ်၊ ဒါကြောင့် စိတ်မပူပါနဲ့။"
ကျွန်တော်က!
ခင်ဗျား!
အကြောင်းကို!
စိတ်မပူပါဘူး!
ဒါရိုက်တာကျုံးသည် ပတ်တီးများဖြင့် စည်းနှောင်ထားသည့် ချုပ်ရိုးတွေကို ထိလိုက်စဉ် စိတ်ထဲမှာ ကဗျာကို အေးစက်စွာ ရွတ်ဆိုနေပါတော့သည်။
သူ့နှလုံးသားက!
ကြေမွပျက်စီးလို့သွား!
ထိုလူဆိုးတွေက!
သေချာပေါက် ရင်ဆိုင်ရမှာ!
ဥပဒေရဲ့!
ပြစ်ဒဏ်ကို!
"ကုတင်ပေါ်တက်ပြီး ကိုယ့်ဘေးနားမှာ အိပ်လိုက်ပါလား?" မုချိုးသည် သူ့ကြောင့် နှလုံးသားထဲကနေ နာကျင်မှုကို ခံစားခဲ့ရသည်။ "မင်း မကြာသေးခင် အချိန်တွေတုန်းက ကောင်းကောင်း အိပ်မပျော်ခဲ့ရဘူးလေ"
ကျုံးလီဖုန်းပိုင်သည် ပုံမှန်ဆိုလျှင်တောင် အအိပ်စက်တဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် ယခုအခါတွင် မုချိုးသည် ဒဏ်ရာရနေခဲ့သောကြောင့် သူ၏အာရုံကြောများသည် ပို၍ပင် ထိခိုက်လွယ်လေသည်။အခြေခံအားဖြင့် မုချိုး လုပ်လိုက်သည့် သေးငယ်သည့် လုပ်ဆောင်ချက်တိုင်းသည် သူ့ကို နိုးလာစေကာ,ရေထသောက်ခြင်းပင် ခြွင်းချက်မဟုတ်ပေ။ ထို့အပြင် သူနာပြုဆရာမလေးသည် လူနာကို စစ်ဆေးရမည်ဖြစ်တာမို့ ညတိုင်း သုံးလေးကြိမ် သူ နိုးသွားတတ်သဖြင့် ကောင်းကောင်းမအိပ်နိုင်ပေ။
"ရတယ်" ကျုံးလီဖုန်းပိုင်သည် မျက်ကွင်းများ ညိုနေလေပြီဖြစ်သည်။ ဒါကသာမန်အချိန်တွေဆိုရင် ဖုံးအုပ်ဖို့ ပေါင်ဒါမျိုးစုံကို အရူးအမူးအသုံးပြုပြီး တခြားသူတွေကို ဒီလို နွမ်းလျပြီးရူးကြောင်ကြောင်မျက်နှာကို ပြမည်မဟုတ်ဘူးဆိုတာ သေချာပါသည်။ ဒါပေမယ့်လည်း ဒီအချိန်ဟာ အထူးကာလဖြစ်သည့်အတွက် သူ့ခဗျာ သူ့ကိုယ်သူ ဂရုမစိုက်ဖို့ပင် ပျင်းနေလွန်း၏။
"မင်း ကိုယ့်ကိုကိုယ် ဂရုမစိုက်ရင် ကိုယ့်ဇနီးလေးအတွက် စိတ်မကောင်းဖြစ်ရတယ်။" မုချိုးသည် အရမ်း ရင်ခုန်စရာကောင်းတဲ့ စာသားတွေကို ပြောလိုက်သည်။
ဒီလိုဆိုရင်တောင် ဒါရိုက်တာကျုံး၏မျက်နှာမှာ ပူတတ်သွားရသည်။
ဒီလိုမျိုး!
ခံစားချက်တွေက!
တကယ်ကို!
အရမ်းဆိုးလွန်းတယ်!
"ဘာလို့ ကိုယ့်ဘေးမှာ မအိပ်ရတာလဲ?" မုချိုးသည် နေရာတစ်ခုကို ပေးရန်အတွက် အနည်းငယ်ဘေးတိုးပေးကာ "ကိုယ် မင်းကို ကြည့်ပေးမယ်၊ ဒီအချိန်အတွင်း မင်းကို ဘယ်သူမှ အနှောင့်အယှက် မပေးစေရဘူး"
ကျုံးလီဖုန်းပိုင်သည် ခဏတာ တုံ့ဆိုင်းနေပြီး.....နောက် ပူးပေါင်းကာ အိပ်ယာပေါ်သို့ တက်သွားသည်။
ဒါက သူတကယ် ပင်ပန်းနေလို့ပါ!
“အိပ်လိုက်ဦး။” မုချိုးသည် နှာခေါင်းလေးကို လက်ညိုးလေးဖြင့်နဲ့ခြစ်ကုတ်လိုက်သည်။
"တစ်ခုခုဖြစ်ရင် နှိုးလိုက်နော်" ကျုံးလီဖုန်းပိုင်သည် ပြောလိုက်သည်။
“အင်း” မုချိုးသည် သူ့လက်လေးကို ဆုပ်ကိုင်လိုက်ပြီး "အေးအေးဆေးဆေး အနားယူ"
နေ့ခင်းနေ့လည် နေရောင်ခြည်သည် မျက်စိကျိန်းစပ်လိုက်အောင် ရှိနေသော်လည်း ထူထဲသော ကန့်လန့်ကာများဖြင့် ဖုံးအုပ်ထားသောကြောင့် အလွန်အားပျော့သွားသည်။မှောင်ရိပ်သန်းတဲ့အလင်းရောင်သည် နေ့ခင်းတစ်ရေးအိပ်ဖို့ တကယ်ကို သင့်တော်ပါသည်။
သုံးမိနစ်ကြာပြီးနောက် ကျုံးလီဖုန်းပိုင်၏အသက်ရှုသံသည် ပိုကြာရှည်လာပြီး မုချိုး၏လက်ကို ဆုပ်ကိုင်ထားသည့် လက်သည် တဖြည်းဖြည်း ပြေလျော့သွားသည်။
သူ တကယ်ပင်ပန်းနေရပြီ... သူ့လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားရင်း မုချိုးရဲ့နှလုံးသားက နာကျင်မှုကို ခံစားလိုက်ရသည်။
နေ့တိုင်း သူက ငါ့ရဲ့ဝေယဝစ္စကိစ္စတွေနဲ့ အလုပ်ရှုပ်နေရတယ်၊ ထမင်းဟင်းချက်ဖို့၊ ငါ့ခန္ဓာကိုယ်နဲ့ အဝတ်တွေကို လျှော်ဖွတ်ပေးရင်း အလုပ်ရှုပ်လွန်းလို့ ပတ်ချာလည်ပြေးနေရတယ်!
ဒီတစ်ကြိမ်ဒဏ်ရာကြောင့်သာမဟုတ်ရင် မုချိုးသည် မနက်တိုင်း သတိမမူခင် အချိန်အတော်ကြာထိ အိပ်နေလျှင် ကျုံးလီဖုန်းပိုင်က သူ့မျက်နှာကို ညင်သာစွာ နမ်းလိုက်ပြီး Tsundere ဆန်ဆန် အော်ဟောက်ပြီး "မြန်မြန်ထ။ ဒါမှမဟုတ်ရင် ကွာရှင်းပစ်မယ်" ဆိုတဲ့ စကားမျိုး ပြောနေလိမ့်မယ် !
သူ့အမြင်အာရုံက မှုန်ဝါးနေသေးပေမယ့် သူ့နှလုံးသားက တဖြည်းဖြည်းနဲ့ စိတ်တထင့်ထင့်ဖြင့် မလိုမကျဖြစ်နေ၏။
အခုရက်အတွင်း တကယ်မဆိုးပါဘူး။ ကုမ္ပဏီအတွက် စိတ်ပူစရာမလိုသလို ဖောက်သည်တွေနဲ့ တွေ့ဆုံဖို့ လှည့်ပတ်လည်ပတ်နေစရာမလိုပေ။ ရိုးရိုးရှင်းရှင်းနဲ့ အရသာရှိတဲ့ အစားအစာတွေကို စားသောက်နိုင်ပြီး တစ်ခါတစ်ရံတွင် လမ်းလျှောက်ထွက်ကာ နေရောင်ခြည်ကို ခံစားရန် ဆရာဝန်မှ ခွင့်ပြုပေးခဲ့သည်။
အရေးကြီးဆုံးကတော့ သူက ငါ့အနားမှာ အမြဲရှိနေတာပဲ။
အားလပ်ရက်ထက် အနားယူချိန်ဖြစ်ခဲ့တယ်!
ကျုံးလီဖုန်းပိုင်သည် နေ့ခင်းဘက် တစ်ရေးတစ်မော အိပ်ရာမှ နိုးလာသောအခါတွင် နေသည် လုံးလုံးလျားလျား ဝင်သွားပြီဖြစ်၍ အိပ်ယာဘေးမှ မီးအိမ်လေးမှ နွေးထွေးသည့် အလင်းရောင်ကို ထုတ်ပေးနေသည်။
"ဘာလို့ အဲ့လောက်ထိ နောက်ကျသွားရတာလဲ?" ကျုံးလီဖုန်းပိုင် ထထိုင်လိုက်သည်။
“သိပ်နောက်ကျတာ မဟုတ်ပါဘူး၊ ည ၇ နာရီပဲ ရှိသေးတယ်။ မင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတယ်ဆိုတာ ရှားတယ်လေ"
ထို့ကြောင့် သူ့ကို နှိုးရန် ဆန္ဒမရှိပေ!
"ဟင့်အင်း။ ကျွန်တော် တစ်ယောက်ယောက်နဲ့ ချိန်းထားတာရှိသေးတယ်" ကျုံးလီဖုန်းပိုင်သည် နေရာတိုင်းတွင် သူ့ဖုန်းအား အရူးအမူးရှာဖွေနေသည်။
"ကိုယ် သိပါတယ်။ သူတို့က ချိုးကျီယန်နဲ့ဆုနို မလား?ကိုယ် မင်းအစား ဖျက်ပေးဖို့ အိုးရန်လုံကို စာပို့ပြီးပြီ"
"ခင်ဗျား? တစ်ယောက်ယောက်ကို စာပို့လိုက်တာလား? ဒါကိုကြားပြီးနောက် ကျုံးလီဖုန်းပိုင်သည် ထိတ်လန့်သွားပြီး သူ့ရှေ့မှာ သူ့လက်ကိုဆွဲကာ "ခင်ဗျား မြင်နိုင်ပြီလား?"
မုချိုး ရိုးရိုးသားသား ဖြေလိုက်သည်။ "မြင်ရတာ နည်းနည်းတော့ ခက်တယ်။ ဒါပေမယ့် မျက်စိရှေ့မှာ ဖုန်းကိုချပြီး တစ်ယောက်ယောက်ကို စာပို့လို့တော့ရသေးတယ်"
ဒါကိုကြားပြီးနောက် ဒါရိုက်တာကျုံးက ဒေါသတကြီးနဲ့ "ခင်ဗျားကို ဒီလိုမျိုး အမြင်တွေကိုဖြုန်းတီးဖို့ ဘယ်သူပြောတာလဲ? ဖုန်းမှာ ဓါတ်ရောင်ခြည်တွေရှိနေမှန်း မသိဘူးလား?"
ဒါက!
တကယ်မတတ်နိုင်ဘူး!
သူ့ကိုဆက်ဆံဖို့!
ညင်ညင်သာသာ!
မတတ်နိုင်ပေမယ့် လုပ်ရမယ်!
သူ့ကို အော်ဟောက်ပစ်ရမယ်!
တစ်ချိန်တည်းမှာ အတူတူ အော်ဟောက်ချင်တဲ့ တခြားလူကတော့ စိတ်တိုနေတဲ့ ဆုရှောင်းနိုပင်။
မူလက မုချိုးကိုသွားတွေ့ဖို့ ဆေးရုံကိုသွားချင်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ နှာဘူးကောင် ဓားအမာရွတ်နဲ့လော့လီအကြောင်းကို ကျုံးလီဖုန်းပိုင်နဲ့ အတင်းစကားပြောချင်ခဲ့ပေမယ့်လည်း ကုမ္ပဏီကနေ ထွက်မလာခင်မှာပဲ မမျှော်လင့်ထားစွာ မစ္စတာဒါရိုက်တာရဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ကျုံးလီဖုန်းပိုင်က အရမ်းပင်ပန်းနေပြီမို့ သူနေ့လည်မှာ အနားယူမှာဖြစ်သည့်အတွက် ချိန်းထားတာကို ဖျက်သိမ်းလိုက်သည်ပင်။ ချိန်းဆိုမှုကို ဖျက်သိမ်းလိုက်ကြောင်း ချိုးကျီယန်ထံ မက်ဆေ့ချ်ပို့ရန်လည်း ဖြစ်သည်။
ဒီနှစ်ခုကို သီးခြားစီကြားလိုက်တဲ့အခါ အမှားအယွင်းမရှိပေမယ့် အဲဒါကို ပေါင်းပြီးကြားလိုက်ရင်တော့ ဒါက ကြောက်စရာကောင်းသွားမည် ဖြစ်မှာ သေချာ၏။
ဆိုလိုတာက သူက ချိုးကျီယန်နဲ့ အတူဆေးရုံသွားမှာပေါ့!
ချောမောခန့်ညားတဲ့ မစ္စတာဒါရိုက်တာက ဘယ်လိုလုပ်ပြီး မနာလိုဖြစ်ရမှာလဲ?ဘာလို့ဆို သူက ကင်မ်ချီတောင် ဖြစ်နေပြီလေ!
"ချိုးကျီယန်နဲ့အတူတူသွားဖို့ ကျွန်တော် တကယ်သဘောမတူထားပါဘူး!" ဆုနိုသည် အရမ်းဝမ်းနည်းပြီး ဒေါသထွက်သွားရသည်။ ချိုးကျီယန်ဆိုတဲ့ကောင်က ဘယ်လိုလုပ် ဒီလောက်ဆိုးရတာလဲ? သူက ကြွက်သားအတုတွေ လုပ်ထားရုံသာမကမကဘူး စုံတွဲတစ်တွဲရဲ့ဆက်ဆံရေးကိုလည်း ဖျက်ဆီးခဲ့တာပဲ!
Cotton candy (ခွေး)လေးသည် ရုန်းရင်းဆန်ခတ်ဖြစ်နေမှုကိုမြင်ရန် ထောင့်တစ်ထောင့်တွင် လဲလျောင်းနေရင်း ၎င်း၏အမြီးကို ဒေါင်လိုက်ထားလို့နေသည်။
"မင်းသွားခဲ့ရင်တောင် အဆင်ပြေပါတယ်။" အိုးရန်လုံသည် သူ့ခေါင်းလေးကို ကိုင်လိုက်ပြီး "ကိုယ် စိတ်ထဲ မထားပါဘူး"
စိတ်မကောင်းဖြစ်နေရပေမယ့် တကယ်တမ်း အဲ့ဒီလို ကိစ္စမျိုးတော့မရှိဘူး!
ဆုနိုသည် မတရားခံလိုက်ရသလို ခံစားလိုက်ရသည်။ချိုးကျီယန်ကြောင့်ပင် လွန်ခဲ့သည့်လအနည်းငယ်က နှစ်ယောက်သား လမ်းခွဲပြီးနောက်တွင် ဤအမည်နာမကို ထုတ်ပြောရန်ပင် ခွင့်မပြုခဲ့လေရာ နှစ်ယောက်သား၏ နတ်ဆိုးဖြစ်လာခဲ့သည်။
အခြေအနေတွေက ကောင်းနေခဲ့ပြီး ရုတ်တရက်ကြီး မင်းက 'ကြွက်သားကောင်းနဲ့အတူ ဆေးရုံသွားမယ်' ဆိုတဲ့ ခေါင်းစည်းကြီးနဲ့ တံဆိပ်ကပ်ခံလိုက်ရလေရော...တကယ့်ကို မတရားခံလိုက်ရသလိုနဲ့ ခံစားရသည်။
¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
အခန္း(၈၃):အမႈစစ္ေဆးျခင္း ႏွင့္ ေဆး႐ုံကို အတူတူသြားၾကမယ္
"ငါ့ကိုေျပာ!မင္းတို႔ႏွစ္ေယာက္ ဘယ္တုန္းကတည္းက အတူတူျဖစ္သြားၾကတာလဲ?" ဒိုင္အန္းက တကယ္ကို တင္းၾကပ္တာပဲ။
အႏွစ္သာရမ႐ွိတဲ့ 'အတူတူျဖစ္သြားၾကတယ္' ဆိုတဲ့ စကားမ်ိဳး ဘယ္လိုမ်ား ေျပာထြက္ရတာလဲ?
ဆုႏိုသည္ သူ႕မ်က္လုံးေတြနဲ႔သာ ကန္႔ကြက္လိုက္ၿပီး “ေတာ္ေတာ္ၾကာေနၿပီ” လို႔ ႐ိုးသားစြာ ျပန္ေျဖလိုက္သည္။
"ေတာ္ေတာ္ၾကာၿပီ!" ဒါကိုၾကားၿပီးေနာက္ ဒိုင္အန္းသည္ ေသြးအန္ထြက္လုနီးပါးျဖစ္သြားၿပီး "ဒါဆို Duan Rui အတြက္ ႐ိုက္ကူးေရးၿပီးကတည္းက အိုးရန္လုံနဲ႔ ခ်ိန္းေတြ႕ခဲ့တာလား?"
ဟုတ္တယ္!
ဆုႏိုသည္ ႐ိုး႐ိုးသားသား ေခါင္းညိတ္ျပရင္း ေျပာလိုက္သည္။ "ငါတို႔ ျမင္ျမင္ခ်င္း ခ်စ္မိသြားတယ္!"
နည္းနည္းခ်ဲ႕ကားထားေပမယ့္ လွပတဲ့အခ်စ္က ဒီလိုပဲျဖစ္သင့္တယ္ေလ!
"ဒီေလာက္ အေရးႀကီးတာကို ေစာေစာကတည္းက ဘာလို႔မေျပာခဲ့တာလဲ!" ဒိုင္အန္း ေအာ္ေဟာက္လိုက္သည္။
"အေစာႀကီးကတည္းကမွ မေမးတာေလ" ဆုႏိုကညည္းညဴလိုက္သည္။
"ဒီအေၾကာင္းကို ဘယ္သူသိေသးလဲ?" ဒိုင္အန္းသည္ အလြန္စိတ္ညစ္လို႔ေနၿပီ။
“ငါ့မိသားစုဝင္ေတြပဲ သိေသးတယ္” ဆုႏိုသည္ က်ံဳးလီဖုန္းပိုင္ကို အလိုအေလ်ာက္ လ်စ္လ်ဴ႐ႈခဲ့သည္။ ဘာပဲျဖစ္ျဖစ္ေလ သူက အေရးမွမႀကီးတာကို!
"အဲဒါေကာင္းတယ္။" ဒိုင္အန္းသည္ သက္ေတာင့္သက္သာျဖင့္ အသက္ကို႐ွဴထုတ္လိုက္သည္။
"အခ်စ္ေလး...မင္းစိတ္ဆိုးမွာေတာ့ မဟုတ္ဘူးမဟုတ္လား?" ဆုႏို၏မ်က္လုံးမ်ားသည္ ႐ိုးသားမႈအျပည့္ႏွင့္။
"ေဒါသထြက္မွာ!!!!!!"
ဒိုင္အန္းသည္ ေတာင္မ်ားႏွင့္ ျမစ္မ်ားက သံေယာင္လိုက္သည္အထိ ေအာ္ေဟာက္လိုက္သည္။relationship ႐ွိေနတာကိုမွ ဆိုး႐ြားေနၿပီျဖစ္ၿပီး အဲ့ဒီအျပင္ကို ေယာက်္ားတစ္ေယာက္နဲ႔ တြဲေနတာ ျဖစ္ေနေသးတယ္။ ဒီစကားကို က်ယ္က်ယ္ေလာင္ေလာင္ ေျပာတာမ်ိဳးဆိုရင္ေတာင္ လူေတြကို ေသတဲ့အထိ ေၾကာက္လန္႔ေစလိမ့္မယ္!
ဆုႏိုသည္ ခါးခါးသီးသီးနဲ႔ "ကိုယ္ေတာ္႕မိဖုရားေခါင္ႀကီးရယ္... ဒီမွာေအာ္လိုက္ ဟိုမွာေအာ္လိုက္နဲ႔ ဆက္မေအာ္ပါနဲ႔။ အရမ္း ေအာက္တန္းက်တယ္ဆိုတာ ျပသလို ျဖစ္သြားလိမ့္မယ္!"
မဟုတ္ရင္ မင္းအိမ္ေထာင္ျပဳႏိုင္မွာ မဟုတ္ဘူး။ ငါ မင္းကို ဂ႐ုစိုက္ဖို႔ လိုေနေသးတယ္။ အရမ္းစားၿပီး ဇီဇာေၾကာင္လြန္းတယ္။ ဒီလိုအိတ္ႀကီးႀကီးရတာ တကယ္ပင္ပန္းရတယ္!
"မင္းတို႔ႏွစ္ေယာက္ အိပ္ယာေပၚေရာက္ၿပီလား?" ဒိုင္အန္းကေတာ့ တကယ့္ကို တည့္ပင္။
ဆုႏိုသည္ ခ်က္ခ်င္းပင္ ႐ွက္သြားရ၏။
ငါတို႔ အိပ္ယာေပၚမွာ ေရာက္ၿပီးႏွင့္ေနၿပီေပါ့,အား! ႀကိမ္ဖန္မ်ားစြာလည္း ေနခဲ့ေသးတယ္ေလ!ငါ့လူႀကီးက တကယ္ကို လိုအင္ရမၼက္ျပင္းလြန္းတယ္၊ ငါကလည္း ခံစားလို႔ အရမ္းေကာင္းတယ္။ ဒါေပမယ့္ ဒီလိုမ်ိဳးကို ငါဘယ္လိုေဖာ္ျပရမယ္မသိဘူး။တကယ္လို႔ငါေျပာလိုက္ရရင္ေတာင္ လူပ်ိဳတစ္ေယာက္ျဖစ္တဲ့မင္းက နားမလည္ႏိုင္ဘူး!ဒါက တကယ္ကို စိတ္ပ်က္လက္ပ်က္ျဖစ္စရာပဲ!
"ငါတို႔ အိပ္ယာေပၚကိုေတာင္ မေရာက္ဖူးပါဘူး!" တကယ့္ကို ေၾကာင္သူေတာ္ပဲ!
"မင္းတို႔ႏွစ္ေယာက္ အိပ္ယာေပၚမွာ ဘယ္ႏွစ္ခါ႐ွိၿပီလဲ?" မ်က္ႏွာကနီရဲေနၿပီး အိပ္ယာေပၚမေရာက္ဘူးလို႔ ေျပာေနေသးတယ္ေပါ့! ႐ုံးခန္း၏ အသံလုံစြမ္းရည္သည္ အလြန္ေကာင္းမြန္ေသာေၾကာင့္ ဒိုင္အန္း၏ေအာ္ေဟာက္သံမ်ားက ဆက္လက္ထြက္ေပၚလာသည္။
"ဆယ္ခါေလာက္႐ွိၿပီ...အာ..ဖတ္..ဖတ္.. တကယ္ဆို ငါတို႔ အိပ္ယာေပၚကိုေတာင္ မတက္ဖူးပါဘူး!" ဆုႏို၏မ်က္ႏွာသည္ အလြန္ေလးနက္စြာ။
မေတာ္တဆ ဘယ္လိုေတာင္ ေျပာထြက္သြားရတာလဲ!တကယ့္ကို ႐ူးေလာက္စရာပဲ!
"ႏွစ္ေယာက္တြဲၿပီး ဓာတ္ပုံ႐ိုက္ဖူးလား?" ဒိုင္အန္းသည္ ဆက္ၿပီးေလာင္ကြၽမ္းလို႔ေနသည္။
ဆုႏို ခဏေလာက္စဥ္းစားၿပီး ေခါင္းယမ္းရင္း "ငါတို႔မ႐ိုက္ဖူးဘူး" ဒါေတာ့ တကယ္မျဖစ္ခဲ့ဘူး!
"လမ္းခြဲဖို႔ အလားအလာ႐ွိလား?" လမ္းခြဲရန္ အၾကံေပးေနျခင္း၏သန္႔႐ွင္းသည့္အလင္းေရာင္မ်ားက ဒိုင္အန္း၏မ်က္ႏွာထက္တြင္ ျပည့္လို႔ေနသည္။
ဒါေတာ့လုံးဝမ႐ွိဘူး! ဆုႏိုသည္ေဒါသေတြနဲ႔ ျပည့္ႏွက္သြားၿပီး "မင္းက ဘယ္လိုျဖစ္လို႔ ဒီေလာက္ေတာင္ဆိုးရတာလဲ!"
တကယ္ခ်စ္တဲ့ လင္လင္ႏွစ္ေယာက္ကို လမ္းခြဲခ်င္ေနတာ သာမာန္လူတစ္ေယာက္ေတာင္ ဒီလို ႐ူးသြပ္တဲ့ လုပ္ရပ္မ်ိဳးကို မလုပ္ႏိုင္ဘူး။ဒါက တကယ္ကို ဆိုးဆိုး႐ြား႐ြားပါပဲ၊
"မိဖုရားေခါင္ႀကီး...မင္းက ကိုယ္ေတာ္႕ကို တကယ္စိတ္ပ်က္ေစတာပဲ!"
"မင္းက ပိုၿပီးေတာ့ေတာင္ ငါ့ကိုစိတ္ပ်က္ေစတယ္!" ဒိုင္အန္းသည္ ဆိုဖာကူ႐ွင္ကို မ်က္ႏွာေပၚဖိထားလိုက္၏။
ဆုႏို၏အေၾကာင္းကို ထုတ္ေဖာ္လိုက္မည္ဆိုပါက ေကာင္းကင္ႏွင့္ ေျမႀကီးကို တုန္လႈပ္သြားေစမည့္ လိႈင္းလုံးေတြကို ႀကိဳတင္ၿပီးခန္႔မွန္းႏိုင္ေနၿပီ။ေတြးၾကည့္႐ုံနဲ႔တင္ သူ႕ေခါင္းက ေပါက္ကြဲေတာ့မွာ...ေပါက္ကြဲေတာ့မယ္...ေပါက္ကြဲေတာ့မယ္!
"တကယ္ေတာ့ ဒါက ႀကီးႀကီးမားမား ကိစၥေတာ့ မဟုတ္ပါဘူး" ဆုႏိုသည္ သူ႕ေဘးမွာထိုင္ၿပီး "RSဆိုတာက တကယ္ကို ပုံမွန္ျဖစ္တာပါ။ ၿပီးေတာ့လည္း သူ႕ကို အရမ္းသေဘာက်တယ္"
"Relationship ႐ွိေနတာေတာ့ ပုံမွန္ပါပဲ။ ဒါေပမယ့္ မင္းက မင္းနဲ႔မ်ိဳးတူတဲ့သူနဲ႔ ႀကိဳက္ေနတာေလ!" ဒိုင္အန္းအရမ္းေပါက္ကြဲေနသည္။ သူ ဘာလို႔ .....ေယာက်္ားတစ္ေယာက္နဲ႔ ႀကိဳက္သြားရတာလဲ!
"ဒီလိုကိစၥမ်ိဳးက ထိန္းလို႔မရဘူးေလ" ဆုေ႐ွာင္းႏိုသည္ အရမ္းကို အျပစ္ကင္းစြာျဖင့္။ မစၥတာဒါ႐ိုက္တာက အရမ္းေခ်ာတယ္လို႔ မေျပာရင္ေတာင္ ဒီလိုမ်ိဳးက ထိန္းထားလို႔ မရဘူး!
"မင္းတို႔ႏွစ္ေယာက္ လမ္းခြဲလို႔မရဘူးလား?" ဒိုင္အန္းသည္ ေဒါသတႀကီး ျဖစ္ေနေသးသည္။
ဆုႏို ျပတ္သားစြာ ေျပာလိုက္သည္။
"မင္း ငါတို႔ကို အတူတူေနခြင့္မေပးဘူးဆိုရင္ ငါ Wu Tai ေတာင္မွာ ဘုန္းႀကီးပဲ သြားဝတ္လိုက္ေတာ့မယ္"
အခ်စ္က ေ႐ႊထက္ခိုင္ခံ့တာမို႔ တကယ္ကို ရင္ထဲထိမိပါတယ္!
ဆိုဖာေပၚ လဲက်သြားရင္း ဒိုင္အန္းရဲ႕အေတြးေတြကလည္း ပ်က္စီးသြားေတာ့သည္။
သူဘာမ်ား အျပစ္လုပ္မိထားလို႔လဲ...
"ကိုယ္ေတာ္မိဖုရားေခါင္ႀကီးရယ္..." ဆုႏိုသည္ ဒိုင္အန္း၏ေက်ာျပင္ေပၚတြင္ ကိုအာလာတစ္ေကာင္လို ကပ္တြယ္ေနၿပီး "မင္း ငါ့ကို ေကာင္းခ်ီးေပးရမယ္ေလ!"
ဒိုင္အန္း ညည္းညဴရင္း....ဒီလို မယုံႏိုင္စရာ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ိဳးႀကီးကို သူ ေခ်ဖ်က္ႏိုင္ဖို႔ တစ္ပတ္လုံး အသုံးျပဳခဲ့ရၿပီး ေအာင္ျမင္စြာ ေခ်ဖ်က္လို႔ေတာင္ မရေသးပါဘူး!
ဒီအေၾကာင္းကိုသာ ငါႀကိဳသိခဲ့ရင္ Ren Duan ေၾကာ္ျငာကို လုယူဖို႔ေတာင္ ကူညီေပးမွာ မဟုတ္ဘူး!
ေျခတစ္လွမ္းမွားသြားရင္ အရာအားလုံးက မွားသြားႏိုင္တယ္လို႔ ဆိုလိုတာပဲ!
ဒီလိုျဖစ္လာခဲ့မယ္ဆိုတာ ငါႀကိဳသိခဲ့ရင္ ပထမေနရာအတြက္ ငါ အရင္မလုပ္ခဲ့ရတာလဲ?
ဒီလိုအေျခအေနမ်ိဳးကို ဆိုလိုတာေနာ္!!!
"မင္းလည္း အနာဂတ္မွာ သာယာတဲ့အိမ္ေထာင္ေရးတစ္ခုရလာမွာပါ!" ဆုေ႐ွာင္းႏိုသည္ သူ႕ေပ်ာ္႐ႊင္မႈကို ဂ႐ုစိုက္႐ုံသာမက သူ႕အခ်စ္ကို ျဖန္႔က်က္ရမယ္လို႔ ခံစားလိုက္မိတာေၾကာင့္ မိဖုရားႀကီးလက္ကို ေလးေလးနက္နက္ခံစားခ်က္နဲ႔အတူ ဆုပ္ကိုင္လိုက္ၿပီး "ကမ႓ာေပၚမွာ႐ွိတဲ့ေနရာတိုင္းမွာ အခ်စ္စစ္႐ွိတယ္ဆိုတာ မင္းယုံရမယ္"
"မင္း ငါ့ကို ခဏေလာက္ စိတ္ၿငိမ္ေအာင္ထားေပးလို႔ မရဘူးလား!" ဒိုင္အန္းသည္ ဂ်ာကင္အက်ႌကို ဆြဲတင္ကာ မ်က္ႏွာကို ဖုံးအုပ္လိုက္သည္။
ေကာင္းတဲ့ အိမ္ေထာင္ေရးကို နည္းနည္းေလးမွ မလိုခ်င္ဘူး!
______________
ေဆး႐ုံမွာေတာ့ က်ံဳးလီဖုန္းပိုင္သည္ ေန႔လည္စာအတြက္ မုခ်ိဳးကို ေနာက္ထပ္ျဖည့္စြက္စာတစ္မ်ိဳးကို ခြံေကြၽးေနသည္။
ဒါ တကယ္ကို ကိုယ္က်င့္သီလျဖဴစင္သူေလးပင္!
"ဒါဘာလဲ?" မုခ်ိဳးသည္ ဆက္ဝါးလိုက္ေလရာ အရသာက သိပ္မရင္းႏွီးသည္ကို ေတြ႕လိုက္ရ၏။
"ငါးနက္ပဲတီစိမ္းဟင္းခ်ိဳ" က်ံဳးလီဖုန္းပိုင္သည္ သူ႕ပါးစပ္ကို သုတ္ေပးလိုက္ရင္း "မ်ားမ်ားစားရင္ မ်က္လုံးအတြက္ ေကာင္းလိမ့္မယ္"
"မင္း ခ်က္ထားတာလား?။" မုခ်ိဳးက ေမးသည္။
က်ဳပ္ခ်က္ထားတာေပါ့! အစားအေသာက္ဆိုင္မွာေတာင္ ဒီလိုဟင္းခ်က္နည္းမ်ိဳး မေရာင္းဘူး! ဒါ႐ိုက္တာက်ံဳးက tsundere ျဖစ္လာေလရာ.....
"ေဆး႐ုံကန္တင္းကေန ဝယ္လာတာ။ ငါးေဒၚလာနဲ႔ ပန္းကန္ႀကီးႀကီးတစ္ခြက္စာရတဲ့အျပင္ ထမင္းသုံးပန္းကန္ပါရလာေသးတယ္”
"လူလိမ္ေလးပဲ။" မုခ်ိဳးသည္ "ဒါက ေဆး႐ုံက ဇြန္းမဟုတ္ဘူး။ မင္းကိုယ့္အတြက္ သီးသန္႔ခ်က္ထားတာမလား?"
"........."
"ခင္ဗ်ား အရမ္းအေတြးလြန္ေနတာပဲ။ ကြၽန္ေတာ္က ဇြန္းယူဖို႔ အိမ္ျပန္ခဲ့တာေလးပဲ ႐ွိတယ္!" က်ံဳးလီဖုန္းပိုင္သည္ အလြန္တည္ၿငိမ္ေန၏။
မုခ်ိဳး သူ႕ကို ျပဳံးျပလိုက္သည္။အရမ္းႏူးညံ့လွစြာျဖင့္။
"ဒီလို ခံစားခ်က္မ်ိဳးကို မျပပါနဲ႔!" က်ံဳးလီဖုန္းပိုင္ာစိတ္႐ႈပ္သြားသည္။ ဒီလိုခံစားခ်က္ေတြက အရမ္းစိတ္ထိခိုက္ရတယ္!
"ေသာက္ရတာ အရမ္းေကာင္းတယ္။" မုခ်ိဳးသည္ သူ႕လက္ကိုဆြဲလိုက္ၿပီး "ေက်းဇူးတင္ပါတယ္"
သူ႕စိတ္ထဲမွာ ေအာ္ေဟာက္ခ်င္ေသးေပမယ့္ သူ႕လက္ကို ကိုင္ထားဖို႔ေတာင္ အခ်ိန္အေတာ္ၾကာေအာင္ ႐ွာဖို႔လိုေနတာေၾကာင့္ tsundere ဒါ႐ိုက္တာက်ံဳးသည္ ထပ္ၿပီး ရင္ထဲ နာက်င္ထိခိုက္သြားရျပန္သည္။ ထို႔ေၾကာင့္ သူ မုခ်ိဳး၏မ်က္ႏွာကို လက္တစ္ဖက္ျဖင့္ ထိလိုက္ၿပီး "ဒဏ္ရာက နာေနေသးလား?"
“အဆင္ေျပေနပါၿပီ။” မုခ်ိဳး ေျပာလိုက္သည္။ "ကိုယ့္ရဲ႕ ျပန္လည္နာလန္ထူႏိုင္စြမ္းက အရမ္းေကာင္းပါတယ္၊ ဒါေၾကာင့္ စိတ္မပူပါနဲ႔။"
ကြၽန္ေတာ္က!
ခင္ဗ်ား!
အေၾကာင္းကို!
စိတ္မပူပါဘူး!
ဒါ႐ိုက္တာက်ံဳးသည္ ပတ္တီးမ်ားျဖင့္ စည္းေႏွာင္ထားသည့္ ခ်ဳပ္႐ိုးေတြကို ထိလိုက္စဥ္ စိတ္ထဲမွာ ကဗ်ာကို ေအးစက္စြာ ႐ြတ္ဆိုေနပါေတာ့သည္။
သူ႕ႏွလုံးသားက!
ေၾကမြပ်က္စီးလို႔သြား!
ထိုလူဆိုးေတြက!
ေသခ်ာေပါက္ ရင္ဆိုင္ရမွာ!
ဥပေဒရဲ႕!
ျပစ္ဒဏ္ကို!
"ကုတင္ေပၚတက္ၿပီး ကိုယ့္ေဘးနားမွာ အိပ္လိုက္ပါလား?" မုခ်ိဳးသည္ သူ႕ေၾကာင့္ ႏွလုံးသားထဲကေန နာက်င္မႈကို ခံစားခဲ့ရသည္။ "မင္း မၾကာေသးခင္ အခ်ိန္ေတြတုန္းက ေကာင္းေကာင္း အိပ္မေပ်ာ္ခဲ့ရဘူးေလ"
က်ံဳးလီဖုန္းပိုင္သည္ ပုံမွန္ဆိုလွ်င္ေတာင္ အအိပ္စက္တဲ့သူတစ္ေယာက္ျဖစ္တဲ့အျပင္ ယခုအခါတြင္ မုခ်ိဳးသည္ ဒဏ္ရာရေနခဲ့ေသာေၾကာင့္ သူ၏အာ႐ုံေၾကာမ်ားသည္ ပို၍ပင္ ထိခိုက္လြယ္ေလသည္။အေျခခံအားျဖင့္ မုခ်ိဳး လုပ္လိုက္သည့္ ေသးငယ္သည့္ လုပ္ေဆာင္ခ်က္တိုင္းသည္ သူ႕ကို ႏိုးလာေစကာ,ေရထေသာက္ျခင္းပင္ ႁခြင္းခ်က္မဟုတ္ေပ။ ထို႔အျပင္ သူနာျပဳဆရာမေလးသည္ လူနာကို စစ္ေဆးရမည္ျဖစ္တာမို႔ ညတိုင္း သုံးေလးႀကိမ္ သူ ႏိုးသြားတတ္သျဖင့္ ေကာင္းေကာင္းမအိပ္ႏိုင္ေပ။
"ရတယ္" က်ံဳးလီဖုန္းပိုင္သည္ မ်က္ကြင္းမ်ား ညိဳေနေလၿပီျဖစ္သည္။ ဒါကသာမန္အခ်ိန္ေတြဆိုရင္ ဖုံးအုပ္ဖို႔ ေပါင္ဒါမ်ိဳးစုံကို အ႐ူးအမူးအသုံးျပဳၿပီး တျခားသူေတြကို ဒီလို ႏြမ္းလ်ၿပီး႐ူးေၾကာင္ေၾကာင္မ်က္ႏွာကို ျပမည္မဟုတ္ဘူးဆိုတာ ေသခ်ာပါသည္။ ဒါေပမယ့္လည္း ဒီအခ်ိန္ဟာ အထူးကာလျဖစ္သည့္အတြက္ သူ႕ခဗ်ာ သူ႕ကိုယ္သူ ဂ႐ုမစိုက္ဖို႔ပင္ ပ်င္းေနလြန္း၏။
"မင္း ကိုယ့္ကိုကိုယ္ ဂ႐ုမစိုက္ရင္ ကိုယ့္ဇနီးေလးအတြက္ စိတ္မေကာင္းျဖစ္ရတယ္။" မုခ်ိဳးသည္ အရမ္း ရင္ခုန္စရာေကာင္းတဲ့ စာသားေတြကို ေျပာလိုက္သည္။
ဒီလိုဆိုရင္ေတာင္ ဒါ႐ိုက္တာက်ံဳး၏မ်က္ႏွာမွာ ပူတတ္သြားရသည္။
ဒီလိုမ်ိဳး!
ခံစားခ်က္ေတြက!
တကယ္ကို!
အရမ္းဆိုးလြန္းတယ္!
"ဘာလို႔ ကိုယ့္ေဘးမွာ မအိပ္ရတာလဲ?" မုခ်ိဳးသည္ ေနရာတစ္ခုကို ေပးရန္အတြက္ အနည္းငယ္ေဘးတိုးေပးကာ "ကိုယ္ မင္းကို ၾကည့္ေပးမယ္၊ ဒီအခ်ိန္အတြင္း မင္းကို ဘယ္သူမွ အေႏွာင့္အယွက္ မေပးေစရဘူး"
က်ံဳးလီဖုန္းပိုင္သည္ ခဏတာ တုံ႔ဆိုင္းေနၿပီး.....ေနာက္ ပူးေပါင္းကာ အိပ္ယာေပၚသို႔ တက္သြားသည္။
ဒါက သူတကယ္ ပင္ပန္းေနလို႔ပါ!
“အိပ္လိုက္ဦး။” မုခ်ိဳးသည္ ႏွာေခါင္းေလးကို လက္ညိဳးေလးျဖင့္နဲ႔ျခစ္ကုတ္လိုက္သည္။
"တစ္ခုခုျဖစ္ရင္ ႏိႈးလိုက္ေနာ္" က်ံဳးလီဖုန္းပိုင္သည္ ေျပာလိုက္သည္။
“အင္း” မုခ်ိဳးသည္ သူ႕လက္ေလးကို ဆုပ္ကိုင္လိုက္ၿပီး "ေအးေအးေဆးေဆး အနားယူ"
ေန႔ခင္းေန႔လည္ ေနေရာင္ျခည္သည္ မ်က္စိက်ိန္းစပ္လိုက္ေအာင္ ႐ွိေနေသာ္လည္း ထူထဲေသာ ကန္႔လန္႔ကာမ်ားျဖင့္ ဖုံးအုပ္ထားေသာေၾကာင့္ အလြန္အားေပ်ာ့သြားသည္။ေမွာင္ရိပ္သန္းတဲ့အလင္းေရာင္သည္ ေန႔ခင္းတစ္ေရးအိပ္ဖို႔ တကယ္ကို သင့္ေတာ္ပါသည္။
သုံးမိနစ္ၾကာၿပီးေနာက္ က်ံဳးလီဖုန္းပိုင္၏အသက္႐ႈသံသည္ ပိုၾကာ႐ွည္လာၿပီး မုခ်ိဳး၏လက္ကို ဆုပ္ကိုင္ထားသည့္ လက္သည္ တျဖည္းျဖည္း ေျပေလ်ာ့သြားသည္။
သူ တကယ္ပင္ပန္းေနရၿပီ... သူ႕လက္ကို တင္းက်ပ္စြာဆုပ္ကိုင္ထားရင္း မုခ်ိဳးရဲ႕ႏွလုံးသားက နာက်င္မႈကို ခံစားလိုက္ရသည္။
ေန႔တိုင္း သူက ငါ့ရဲ႕ေဝယဝစၥကိစၥေတြနဲ႔ အလုပ္႐ႈပ္ေနရတယ္၊ ထမင္းဟင္းခ်က္ဖို႔၊ ငါ့ခႏၶာကိုယ္နဲ႔ အဝတ္ေတြကို ေလွ်ာ္ဖြတ္ေပးရင္း အလုပ္႐ႈပ္လြန္းလို႔ ပတ္ခ်ာလည္ေျပးေနရတယ္!
ဒီတစ္ႀကိမ္ဒဏ္ရာေၾကာင့္သာမဟုတ္ရင္ မုခ်ိဳးသည္ မနက္တိုင္း သတိမမူခင္ အခ်ိန္အေတာ္ၾကာထိ အိပ္ေနလွ်င္ က်ံဳးလီဖုန္းပိုင္က သူ႕မ်က္ႏွာကို ညင္သာစြာ နမ္းလိုက္ၿပီး Tsundere ဆန္ဆန္ ေအာ္ေဟာက္ၿပီး "ျမန္ျမန္ထ။ ဒါမွမဟုတ္ရင္ ကြာ႐ွင္းပစ္မယ္" ဆိုတဲ့ စကားမ်ိဳး ေျပာေနလိမ့္မယ္ !
သူ႕အျမင္အာ႐ုံက မႈန္ဝါးေနေသးေပမယ့္ သူ႕ႏွလုံးသားက တျဖည္းျဖည္းနဲ႔ စိတ္တထင့္ထင့္ျဖင့္ မလိုမက်ျဖစ္ေန၏။
အခုရက္အတြင္း တကယ္မဆိုးပါဘူး။ ကုမၸဏီအတြက္ စိတ္ပူစရာမလိုသလို ေဖာက္သည္ေတြနဲ႔ ေတြ႕ဆုံဖို႔ လွည့္ပတ္လည္ပတ္ေနစရာမလိုေပ။ ႐ိုး႐ိုး႐ွင္း႐ွင္းနဲ႔ အရသာ႐ွိတဲ့ အစားအစာေတြကို စားေသာက္ႏိုင္ၿပီး တစ္ခါတစ္ရံတြင္ လမ္းေလွ်ာက္ထြက္ကာ ေနေရာင္ျခည္ကို ခံစားရန္ ဆရာဝန္မွ ခြင့္ျပဳေပးခဲ့သည္။
အေရးႀကီးဆုံးကေတာ့ သူက ငါ့အနားမွာ အၿမဲ႐ွိေနတာပဲ။
အားလပ္ရက္ထက္ အနားယူခ်ိန္ျဖစ္ခဲ့တယ္!
က်ံဳးလီဖုန္းပိုင္သည္ ေန႔ခင္းဘက္ တစ္ေရးတစ္ေမာ အိပ္ရာမွ ႏိုးလာေသာအခါတြင္ ေနသည္ လုံးလုံးလ်ားလ်ား ဝင္သြားၿပီျဖစ္၍ အိပ္ယာေဘးမွ မီးအိမ္ေလးမွ ေႏြးေထြးသည့္ အလင္းေရာင္ကို ထုတ္ေပးေနသည္။
"ဘာလို႔ အဲ့ေလာက္ထိ ေနာက္က်သြားရတာလဲ?" က်ံဳးလီဖုန္းပိုင္ ထထိုင္လိုက္သည္။
“သိပ္ေနာက္က်တာ မဟုတ္ပါဘူး၊ ည ၇ နာရီပဲ ႐ွိေသးတယ္။ မင္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားတယ္ဆိုတာ ႐ွားတယ္ေလ"
ထို႔ေၾကာင့္ သူ႕ကို ႏိႈးရန္ ဆႏၵမ႐ွိေပ!
"ဟင့္အင္း။ ကြၽန္ေတာ္ တစ္ေယာက္ေယာက္နဲ႔ ခ်ိန္းထားတာ႐ွိေသးတယ္" က်ံဳးလီဖုန္းပိုင္သည္ ေနရာတိုင္းတြင္ သူ႕ဖုန္းအား အ႐ူးအမူး႐ွာေဖြေနသည္။
"ကိုယ္ သိပါတယ္။ သူတို႔က ခ်ိဳးက်ီယန္နဲ႔ဆုႏို မလား?ကိုယ္ မင္းအစား ဖ်က္ေပးဖို႔ အိုးရန္လုံကို စာပို႔ၿပီးၿပီ"
"ခင္ဗ်ား? တစ္ေယာက္ေယာက္ကို စာပို႔လိုက္တာလား? ဒါကိုၾကားၿပီးေနာက္ က်ံဳးလီဖုန္းပိုင္သည္ ထိတ္လန္႔သြားၿပီး သူ႕ေ႐ွ႕မွာ သူ႕လက္ကိုဆြဲကာ "ခင္ဗ်ား ျမင္ႏိုင္ၿပီလား?"
မုခ်ိဳး ႐ိုး႐ိုးသားသား ေျဖလိုက္သည္။ "ျမင္ရတာ နည္းနည္းေတာ့ ခက္တယ္။ ဒါေပမယ့္ မ်က္စိေ႐ွ႕မွာ ဖုန္းကိုခ်ၿပီး တစ္ေယာက္ေယာက္ကို စာပို႔လို႔ေတာ့ရေသးတယ္"
ဒါကိုၾကားၿပီးေနာက္ ဒါ႐ိုက္တာက်ံဳးက ေဒါသတႀကီးနဲ႔ "ခင္ဗ်ားကို ဒီလိုမ်ိဳး အျမင္ေတြကိုျဖဳန္းတီးဖို႔ ဘယ္သူေျပာတာလဲ? ဖုန္းမွာ ဓါတ္ေရာင္ျခည္ေတြ႐ွိေနမွန္း မသိဘူးလား?"
ဒါက!
တကယ္မတတ္ႏိုင္ဘူး!
သူ႕ကိုဆက္ဆံဖို႔!
ညင္ညင္သာသာ!
မတတ္ႏိုင္ေပမယ့္ လုပ္ရမယ္!
သူ႕ကို ေအာ္ေဟာက္ပစ္ရမယ္!
တစ္ခ်ိန္တည္းမွာ အတူတူ ေအာ္ေဟာက္ခ်င္တဲ့ တျခားလူကေတာ့ စိတ္တိုေနတဲ့ ဆုေ႐ွာင္းႏိုပင္။
မူလက မုခ်ိဳးကိုသြားေတြ႕ဖို႔ ေဆး႐ုံကိုသြားခ်င္ခဲ့ၿပီး တစ္ခ်ိန္တည္းမွာပဲ ႏွာဘူးေကာင္ ဓားအမာ႐ြတ္နဲ႔ေလာ့လီအေၾကာင္းကို က်ံဳးလီဖုန္းပိုင္နဲ႔ အတင္းစကားေျပာခ်င္ခဲ့ေပမယ့္လည္း ကုမၸဏီကေန ထြက္မလာခင္မွာပဲ မေမွ်ာ္လင့္ထားစြာ မစၥတာဒါ႐ိုက္တာရဲ႕ ဖုန္းေခၚဆိုမႈကို လက္ခံရ႐ွိခဲ့သည္။က်ံဳးလီဖုန္းပိုင္က အရမ္းပင္ပန္းေနၿပီမို႔ သူေန႔လည္မွာ အနားယူမွာျဖစ္သည့္အတြက္ ခ်ိန္းထားတာကို ဖ်က္သိမ္းလိုက္သည္ပင္။ ခ်ိန္းဆိုမႈကို ဖ်က္သိမ္းလိုက္ေၾကာင္း ခ်ိဳးက်ီယန္ထံ မက္ေဆ့ခ်္ပို႔ရန္လည္း ျဖစ္သည္။
ဒီႏွစ္ခုကို သီးျခားစီၾကားလိုက္တဲ့အခါ အမွားအယြင္းမ႐ွိေပမယ့္ အဲဒါကို ေပါင္းၿပီးၾကားလိုက္ရင္ေတာ့ ဒါက ေၾကာက္စရာေကာင္းသြားမည္ ျဖစ္မွာ ေသခ်ာ၏။
ဆိုလိုတာက သူက ခ်ိဳးက်ီယန္နဲ႔ အတူေဆး႐ုံသြားမွာေပါ့!
ေခ်ာေမာခန္႔ညားတဲ့ မစၥတာဒါ႐ိုက္တာက ဘယ္လိုလုပ္ၿပီး မနာလိုျဖစ္ရမွာလဲ?ဘာလို႔ဆို သူက ကင္မ္ခ်ီေတာင္ ျဖစ္ေနၿပီေလ!
"ခ်ိဳးက်ီယန္နဲ႔အတူတူသြားဖို႔ ကြၽန္ေတာ္ တကယ္သေဘာမတူထားပါဘူး!" ဆုႏိုသည္ အရမ္းဝမ္းနည္းၿပီး ေဒါသထြက္သြားရသည္။ ခ်ိဳးက်ီယန္ဆိုတဲ့ေကာင္က ဘယ္လိုလုပ္ ဒီေလာက္ဆိုးရတာလဲ? သူက ႂကြက္သားအတုေတြ လုပ္ထား႐ုံသာမကမကဘူး စုံတြဲတစ္တြဲရဲ႕ဆက္ဆံေရးကိုလည္း ဖ်က္ဆီးခဲ့တာပဲ!
Cotton candy (ေခြး)ေလးသည္ ႐ုန္းရင္းဆန္ခတ္ျဖစ္ေနမႈကိုျမင္ရန္ ေထာင့္တစ္ေထာင့္တြင္ လဲေလ်ာင္းေနရင္း ၎၏အၿမီးကို ေဒါင္လိုက္ထားလို႔ေနသည္။
"မင္းသြားခဲ့ရင္ေတာင္ အဆင္ေျပပါတယ္။" အိုးရန္လုံသည္ သူ႕ေခါင္းေလးကို ကိုင္လိုက္ၿပီး "ကိုယ္ စိတ္ထဲ မထားပါဘူး"
စိတ္မေကာင္းျဖစ္ေနရေပမယ့္ တကယ္တမ္း အဲ့ဒီလို ကိစၥမ်ိဳးေတာ့မ႐ွိဘူး!
ဆုႏိုသည္ မတရားခံလိုက္ရသလို ခံစားလိုက္ရသည္။ခ်ိဳးက်ီယန္ေၾကာင့္ပင္ လြန္ခဲ့သည့္လအနည္းငယ္က ႏွစ္ေယာက္သား လမ္းခြဲၿပီးေနာက္တြင္ ဤအမည္နာမကို ထုတ္ေျပာရန္ပင္ ခြင့္မျပဳခဲ့ေလရာ ႏွစ္ေယာက္သား၏ နတ္ဆိုးျဖစ္လာခဲ့သည္။
အေျခအေနေတြက ေကာင္းေနခဲ့ၿပီး ႐ုတ္တရက္ႀကီး မင္းက 'ႂကြက္သားေကာင္းနဲ႔အတူ ေဆး႐ုံသြားမယ္' ဆိုတဲ့ ေခါင္းစည္းႀကီးနဲ႔ တံဆိပ္ကပ္ခံလိုက္ရေလေရာ...တကယ့္ကို မတရားခံလိုက္ရသလိုနဲ႔ ခံစားရသည္။