[Unicode]
အခန်း(၇၈):စာပေပညာရှင် လူငယ်လေး နှင့် အရမ်း သတ္တိရှိတာပဲ
ဆေးရုံခန်းထဲမှာတော့ ကျုံးလီဖုန်းပိုင်သည် ကုတင်ပေါ်မှာ မှီထိုင်နေပြီး မုချိုးအတွက် သူ့ ဖုန်းထဲကနေ သတင်းတွေကို ဖတ်ပေးနေသည်။ ပုံစံလေးက အရမ်းထိမိစရာပဲ!အိုကေ!
"မင်း ကိုယ်နဲ့အတူတစ်ချိန်လုံး ရှိနေဖို့မလိုပါဘူး။
ကိုယ် နာစ်ရှိတာနဲ့ အဆင်ပြေပါတယ်" မုချိုးသည် သူ့လက်ကို ဆုပ်ကိုင်ထားသည်။
"ခင်ဗျားက ကျွန်တော် ဂရုစိုက်ပေးတာကို မလိုချင်တာလား!?" ကျုံးလီဖုန်းပိုင်သည် အနည်းငယ် ဒေါသထွက်သွားသည်။
ကျွန်တော်ကို ခင်ဗျားနဲ့!
စကားများရန်ဖြစ်ရအောင်!
မလုပ်နဲ့!
“ဘယ်ဟုတ်ပါ့မလဲ?” မုချိုးသည် ငိုရခက်ရယ်ရခက်ဖြင့် “ကိုယ်က မင်းရဲ့အလုပ် နှောင့်နှေးသွားမှာကို စိုးရိမ်လို့ပါ”
"ကျွန်တော် အလုပ်လုံးဝမလုပ်ချင်ဘူး!" ကျုံးလီဖုန်းပိုင်သည် လုံးဝအသေချာပင်။
“.....ဟုတ်ပါပြီ” မုချိုးသည် ကျုံးလီဖုန်းပိုင်၏မျက်နှာကို ဖျစ်ညှစ်ချင်သော်လည်း ရှင်းရှင်းလင်းလင်း မမြင်ရသောကြောင့် ဝမ်းနည်းကြေကွဲစရာကောင်းစွာ မျက်လုံးကို သွားထိုးမိခဲ့သည်။
“အာ့!” ဒါရိုက်တာကျုံး အော်ဟစ်လိုက်မိသည်။ဘာလို့လဲဆိုတော့ စာပေနှင့် အနုပညာရှင်လူငယ်လေးတွေက အထူးနူးညံ့ သိမ်မွေ့သောကြောင့်ပင်။
"မင်း အဆင်ပြေရဲ့လား?" မုချိုး ထိတ်လန့်သွားသည်။
"ရပါတယ်!" ကျုံးလီဖုန်းပိုင်သည် မုချိုး၏လက်ကိုဆွဲကိုင်လိုက်ပြီး သူ့မျက်နှာပေါ်သို့ ဖြန်းခနဲ့ရိုက်တင်ပေးလိုက်သည်။
မုချိုး: "……"
"အသီးစားမလား?" ကျုံးလီဖုန်းပိုင် မေးလိုက်သည်။
မုချိုး ခေါင်းခါလိုက်ပြီး သူ့လက်မသည် ကျုံးလီဖုန်းပိုင်၏မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်၏။ သူ့အမူအရာက အရမ်းနူးညံ့လွန်းတာပဲ!
အဲ့ဒီအချိန်မှာပဲ ဒါရိုက်တာကျုံးက မာသွားရောလား?
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ!
ဒါ မဖြစ်နိုင်ဘူး!
စာပေပညာရှင်လူငယ်လေးသည် သာမန်ကိစ္စလေးဖြင့် မမာလာနိုင်ပေ။ ဘာလို့လဲဆိုတော့ နည်းလမ်းတကျမဟုတ်သောကြောင့်ပင်။
သူတို့သည် အာရုံကြောများကို ဓားထိုးခံလိုက်ရသလိုဖြစ်ပြီး ရင်ခုန်လွန်ကာ ကျယ်လောင်စွာ အော်ဟစ်နိုင်ပေ၏။
ဒီလိုပဲ အတိအကျဖြစ်လိမ့်မယ်!
ကျုံးလီဖုန်းပိုင်သည် မုချိုး၏ ညစ်ညမ်းသည့်အမူအရာကြောင့် သူ့နှာခေါင်းက နီရဲသွားတော့သည်။
ထို့ကြောင့် သူထကာ ဥက္ကဌမုကို နမ်းလိုက်သည်။
အရမ်းပူပြင်းပြီး နူးညံ့လို့နေ၏။
မုချိုးသည် ခဏတာ အံ့အားသင့်သွားပြီး ပြင်းထန်စွာ ကိုက်ခဲခံလိုက်ရတာကြောင့် သူ့နှုတ်ခမ်းတွေ နာကျင်လို့သွားသည်။
ဒါရိုက်တာကျုံးသည် မုချိုး၏လည်ပင်းကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ကာ မုချိုး၏နှုတ်ခမ်းနှင့် သွားများပေါ် သူ့လျှာဖျားဖြင့် ညင်သာစွာ ပွတ်သပ်နေ၏။
မုချိုးက ဒဏ်ရာအပြင်းအထန်ရထားသည့်အတွက် အမူးအရူးဖြစ်ကာ သူ့ခန္ဓာကိုယ်အောက်မှာ ဖိထားပြီး 'Beep' လုပ်လို့မရပေ။ သို့သော်လည်း ကျုံးလီဖုန်းပိုင်ကို ပွေ့ဖက်ပြီး နက်ရှိုင်းစွာ နမ်းရှိုက်နေသည်မှာလည်း ရပ်တန့်သွားခြင်း မရှိ။
သူတို့နှစ်ယောက်သည် ကြိမ်ဖန်များစွာ အမိုက်စားအရာလေးတွေကို လုပ်ခဲ့ကြပေမယ့် အများစုကတော့ ဒါရိုက်တာကျုံးသည် မလုပ်မယှက်သာနေလေ့ရှိသည်။လုပ်နေသည့်လမ်းတစ်ဝက်မှာလည်း ဒေါသတကြီးအော်ဟစ်လေ့ရှိ၏။
“ခင်ဗျားသေချင်ပြီလား။ ဘာလို့ဒီလောက်ကြီးနေရတာလဲ" ဒါမှမဟုတ် "ခင်ဗျား ပိုညင်သာစမ်း!" ပြီးတော့ စိတ်ခံစားချက်ကို များစွာထိခိုက်စေသည့် စကားလုံးအချို့တွေကိုပေါ့။
ဒီနေ့လိုမျိုးက အလွန်ရှားပါးသောကြောင့် ဥက္ကဌမုသည် ၎င်းကို အပြည့်အဝခံစားသင့်သည်ဟု ထင်မှတ်မိသည်။
ထို့ကြောင့် နှစ်ယောက်သား နမ်းရှိုက်နေသည့်ကိစ္စတွင် နှစ်မြှုပ်ထားရင်း မောဟိုက်သံများ ထွက်ပေါ်လို့လာသည်။ငါးမိနစ်ကြာသည်အထိ သူတို့၏လျှာများက ရောယှက်နေဆဲ။
"တော်ပြီ၊ လုံလောက်ပြီ" ကျုံးလီဖုန်းပိုင်သည် မနေနိုင်တော့ဘဲ အသက်ရှူကြပ်လာသလို ခံစားလာရသောကြောင့် သူ့ကို တွန်းထုတ်လိုက်သည်။
“အချစ်လေး” မုချိုးက လက်မလျှော့ချင်ပေ။ သူသည် ကျုံးလီဖုန်းပိုင်၏ခါးကို လက်ချောင်းများဖြင့် ဆုပ်ကိုင်ထားသေးသည်။
“ခင်ဗျားလုပ်ချင်နေတယ်လို့တော့ မပြောနဲ့....” ကျုံးလီဖုန်းပိုင်၏ မျက်နှာသည် ခရမ်းရောင်ဖြစ်နေပြီ။
ဒီ!
ရင်းနှီးတဲ့ အမူအယာမျိုးက!
ရှင်းလင်းစေလျက်!
သေချာတဲ့!
တစ်ခုခုရဲ့!
ရှေ့ပြေးနိမိတ်ပဲ!
ဒါပေမယ့် သူ့မှာချုပ်ရိုးတွေရှိနေသေးတယ်!အိမ်သာတက်ဖို့တောင် အကူအညီလိုသေးတာလေ,ဘာဆက်လုပ်ချင်နေသေးတာလဲ!ကန်ချခံရပြီး သေချင်နေတာလား?
ဒါရိုက်တာကျုံးသည် သူ့ကို စိုက်ကြည့်လိုက်ရင်း "ကိုယ့်ကိုယ်ကို ထိန်း!"
“လိမ္မာပေးပါကွာ” မုချိုးသည် ကျုံးလီဖုန်းပိုင်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး တစ်နေရာသို့ ညင်သာစွာ ပို့ပေးလိုက်သည်။
အား..အား..အား..!
ကျုံးလီဖုန်းပိုင်၏ မျက်နှာနှင့် နားရွက်များသည် နီရဲလို့သွားသည်။
ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲ!
ကွာရှင်းဖို့ လိုနေပြီ!
အခြေအနေကတော့ တော်တော်ဆိုးပေမယ့် သူတွေးပေးနေတုန်းပါပဲ။
နားလည်ပေးဖို့ အကြောင်းအရင်းမရှိဘူးလေ!
"မလုပ်ချင်ဘူးလား?" မုချိုးက မေးလိုက်သည်။
ကျုံးလီဖုန်းပိုင်သည် ဝင့်ကြွားစွာ အော်ဟစ်လိုက်ပြီး မတ်တပ်ထရပ်ကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။
ပြီးတော့ သူထွက်သွားရောလား?
ဘယ်ဟုတ်မလဲ!
အမှန်တော့ ဒါရိုက်တာကျုံးသည် တံခါးကို လော့ချလိုက်တာပဲ ဖြစ်သည်။
ဘယ်လောက်တွေးပေးတက်သလဲ? မင်းတို့ သူ့ကို လိုက်ကီ(like)ပေးသင့်တယ်!
ဒါရိုက်တာမုသည် အမြင်အာရုံဝေဝါးနေသောကြောင့် ကျုံးလီဖုန်းပိုင်က ထွက်သွားပြီး ပြန်လာသည်ကိုသာ သိရှိလိုက်သည်။ ထို့နောက် မုချိုး စကားပြန်မပြောမီ ကျုံးလီဖုန်းပိုင်သည် မုချိုး၏ဘောင်းဘီကို တစ်ဝက်တစ်ပျက် ဆွဲချွတ်ထားလိုက်ပြီးပြီဖြစ်သည်။
မုချိုး:"……"
လူနှစ်ယောက် အပြင်းအထန် နမ်းထားတာကြောင့် ဒါရိုက်တာမု၏ သည်းမခံနိုင်တဲ့ တုံ့ပြန်မှုကြောင့် ကျုံးလီဖုန်းပိုင်သည် သူ့အောက်ခံဘောင်းဘီကို စိုက်ကြည့်ပြီး ထိန်းလို့မရနိုင်ဘူးလို့ ခံစားလိုက်ရသည်။
ဘာ့ကြောင့်များ ကမ္ဘာ့မြေကြီးပေါ်မှာ!
ငါက!
သူ့ကို ပြောင်းလဲပေးရမည်လား!
ဒီလိုမျိုး erotic ဆန်တဲ့!
အတွင်းခံအဝတ်အစားအဖြစ်နဲ့!
မနက်ခင်းကြီးမှာလေ!
“အချစ်လေး” ကျုံးလီဖုန်းပိုင်က အချိန်အတော်ကြာအောင် ဘာမှမလုပ်သောကြောင့် မုချိုး သူ့ကိုလှမ်းခေါ်လိုက်သည်။
"ပါးစပ်ပိတ်ထား!" ကျုံးလီဖုန်းပိုင်သည် သူ့အား နီရဲနေသည့်မျက်နှာဖြင့် စိုက်ကြည့်ပြီးနောက် မုချိုး၏အတွင်းခံဘောင်းဘီအောက်သို့ လက်ထည့်လိုက်ကာ အနည်းငယ် ဆွဲချလိုက်သည်။
အလွန်စိတ်အားထက်သန်လျက်!
ကုတင်ခင်းပေါ်မှာ အကြိမ်ပေါင်းများစွာ လှိမ့်ခဲ့ပေမယ့် မုချိုးက အခြေခံအားဖြင့် အမြဲတမ်းတက်ကြွနေသူပင်။အများစုမှာ ကျုံးလီဖုန်းပိုင်က စိတ်ရှုပ်ထွေးနေချိန်တွင် မုချိုးသည် သူ့လက်များကို ဆုပ်ကိုင်ထားပြီး တယုတယဖြင့် နေရာအနှံ့ လှည့်ပတ်လုပ်နေသောကြောင့် ယခုအချိန်မှာတော့ ကျုံးလီဖုန်းပိုင်မှာ အနည်းငယ် စိတ်လှုပ်ရှားရသည်။
ဒါပေမယ့် အနည်းဆုံး တစ်ခါလောက်တော့ အတွေ့အကြုံမရှိဘဲ မလုပ်နိုင်ကြပေ။ အကယ်၍ သူတို့က ၎င်းကို ဒီအတိုင်းထားခဲ့ပါက ၎င်းသည် မုချိုးအပေါ် အရိပ်မည်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး စောစီးစွာ ပန်းသေတာတို့ ဒါမှမဟုတ် အချိန်မတန်မီ သုတ်လွှတ်မြန်တာတို့ဆီသို့ ဦးတည်သွားစေကာ သူတို့၏ နောင်အခါအတွက် ကြီးစွာသည့် အန္တရာယ်ကို ဖြစ်စေလိမ့်မည်။
ပြီးတော့လည်း သူက သူ့ဒဏ်ရာတွေနဲ့မို့ သူကိုယ်တိုင် မလုပ်နိုင်ဘူး!
ဒါကြောင့်လုပ်ရခက်နေတာတောင် သူလုပ်ရမယ်!
အကျင့်စာရိတ္တဆန်ဆန်အနုပညာဟုသာ သဘောထားရမည်ပင်!
ဒါရိုက်တာကျုံးသည် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။
ထို့နောက် ရက်စက်ကြမ်းကြုတ်သည့်ထိုအရာကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။
"မျက်လုံးမှိတ်ထား!" ကျုံးလီဖုန်းပိုင်၏မျက်နှာနှင့် နားများက နီရဲလို့နေသည်။
"ကိုယ် ဖွင့်တောင်ဖွင့်လို့မရဘူးလေ" မုချိုးသည် အမှန်အတိုင်းသာပြောနေသည်သာ။
"ခင်ဗျားကို ပါးစပ်ပိတ်ဖို့ပါ ပြောထားတယ်လေ!" သူဘာလို့ ဒီလောက် အဓိပ္ပါယ်မရှိတာတွေပါပြောနေရတာလဲ!ကျုံးလီဖုန်းပိုင်သည် သူ့စိတ်ထဲကနေ ဟောက်လိုက်သည်။
မုချိုး သူ့မျက်လုံးတွေကိုမှိတ်ထားလိုက်ရသည်။
ကျုံးလီဖုန်းပိုင်သည် အနည်းငယ် စိတ်လျှော့လိုက်ပြီး အပေါ်အောက် ဖြည်းဖြည်းချင်း ရွေ့လျားလာသည်။ ဟုတ်ပါတယ်။ သူက သိပ်ကျွမ်းကျင်နေတာမဟုတ်ပေ။သို့သော်လည်း မုချိုးသည် ကျေနပ်အားရစွာ ညည်းညူနေဆဲဖြစ်ပြီး သူ၏အမူအရာမှာ ကြည်နူးသဘောကျနေမှုကို ဖော်ပြနေသည်။
လက်လက်ဆတ်ဆတ်ဖြစ်တည်နေတဲ့ဆန္ဒတွေဖြင့် ထိန်းချုပ်ခံထားရတဲ့ ဒီလူသားတွေကတော့!
ဒါရိုက်တာကျုံး ဂရုမစိုက်တော့ပေ။
တစ်ဖက်လူရဲ့ ထောင်မတ်နေတဲ့ထိပ်ဖျားကို လျှာဖြင့်လျက်ဖို့ သူ့ခေါင်းကို ငုံ့ထားလိုက်သည့်အချိန်မှာတော့ သူ့ခေါင်းတစ်ခုလုံးပူထူသွားတော့သည်။
"........."
ငါဘာလုပ်နေတာလဲ! အခုဘာမှ မလုပ်လိုက်ဘူး မလား!
ဒါရိုက်တာမုနဲ့ တွဲပြီးကတည်းက ဒါရိုက်တာကျုံးသည် သူ့ရဲ့ မောက်မာတဲ့သဘောသဘာဝကို ဆန့်ကျင့်တဲ့ အပြုအမူတချို့ လုပ်ခဲ့ဖူးသည်။
ဥပမာအားဖြင့် သူသည် မုချိုး၏ပရိုပို့စ်ကို သဘောတူပြီးနောက် တီဗီကြည့်ရင်း မသိစိတ်ကနေ သူ့ကို မကြာခဏ သွေးဆောင်မိသွားတတ်သည်။
အခြားဥပမာအားဖြင့် ပြောရရင်တော့ အခုလိုမျိုး သူသည် သူ့ကို blowjob ပေးရန်အတွက် အစပြုခဲ့သည်။ ဆုရှောင်းနိုပင်လျှင် ထိုမျှ သတ္တိမရှိ။
မုချိုးသည် သိသိသာသာ ထိတ်လန့်သွားသည်။ သူ မျက်လုံးဖွင့်ပြီး ကျုံးလီဖုန်းပိုင်ကို ကြည့်လိုက်သည်။ တကယ်တော့ သူက ရှင်းရှင်းလင်းလင်း မမြင်နိုင်သောကြောင့် တုန်လှုပ်ချောက်ချားသွားတဲ့ အမူအရာက မပေါ်လွင်ခဲ့ပေ။
"ခင်ဗျားမျက်လုံးကို ဖွင့်ခွင့်ပေးထားလို့လား?" ကျုံးလီဖုန်းပိုင်သည် ရှက်ရွံ့မှုကြောင့် ဒေါသထွက်လာပြီး အော်ငေါက်လိုက်သည်။ "ပြန်ပိတ်ထား!"
“မင်းရဲ့လက်ကိုပဲ သုံးပါ။” မုချိုးက သူ့ကိုမထိခိုက်စေချင်ပေ။
"ခင်ဗျား မျက်လုံးမှိတ်ထား!" ကျုံးလီဖုန်းပိုင်သည် ထပ်မံအော်ဟောက်လိုက်ပြန်သည်။
မုချိုး "……"
တော်လှန်တိုက်ခိုက်ရေးသမားတစ်ယောက်၏ စိတ်ဓာတ်ဖြင့် ကျုံးလီဖုန်းပိုင်သည် တစ်ဖက်သူ၏ညီလေးကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်၏။
မုချိုး၏အသက်ရှူသံသည် မြန်လာတော့သည်။
မျှမျှတတပြောရလျှင် ကြာပန်းဖြူကဲ့သို့ ဖြူစင်သည့် ဒါရိုက်တာကျုံးသည် ဤကဲ့သို့သော ကိစ္စမျိုးတွင် အတွေ့အကြုံမရှိသည့်အပြင် ကျွမ်းကျင်မှုမှာလည်း ညံ့ဖျင်းလှသည်။ သို့သော် သူသည် အခြေခံအရာများကိုတော့ လုပ်နိုင်သေး၏။ ထို့အပြင် မုချိုးက သူ့ကို အလွန်သဘောကျတာကြောင့် အမြန်ပြီးသွားလေသည်။
"အဟွတ်!" ကျုံးလီဖုန်းပိုင်သည် တစ်ရှူးတစ်ထုပ်ယူရန် ကုတင်ဘေးသို့ အပြေးသွားလိုက်ရသည်။
“အချစ်လေး” မုချိုးလည်း ထိတ်လန့်သွားကာ သူထထိုင်ပြီး သူ့ကို ကူညီပေးချင်ပေမယ့် ဒဏ်ရာကြောင့် ပြင်းပြင်းထန်ထန် နာကျင်စွာ အသက်ရှူသွင်းလိုက်မိသည်။
"မလှုပ်နဲ့လေ!" ကျုံးလီဖုန်းပိုင်သည် သူ့ကို အိပ်ယာထဲ ပြန်တွန်းလိုက်သည်။
"တောင်းပန်ပါတယ်" မုချိုး သူ့မျက်နှာကို ထိလိုက်သည်။
"မင်းကို ကိုယ် တွန်းမထုတ်လိုက်မိဘူး။ အရမ်း ခံစားလို့ကောင်းလို့ ကိုယ်သတိလွတ်သွားတာပါ!"
"ပါးစပ်ပိတ်ထား!" ကျုံးလီဖုန်းပိုင်၏နားရွက်များသည် နီရဲနေပြီး မုချိုး၏မျက်နှာကို ကူရှင်ဖြင့် ပစ်ပေါက်လိုက်သည်။
"ဒီအကြောင်းကို ထပ်ပြောရဲရင် သတ်ပစ်မယ်!"
"ကိုယ် ဘာမှမပြောပါဘူး။" မုချိုးသည် သူ့လက်များကို မြှောက်ကာ လက်နက်ချလိုက်သည်။
"ဟမ့်!" ကျုံးလီဖုန်းပိုင်သည် သူ့ပါးစပ်ကို ဆေးဖို့ ရေချိုးခန်းထဲကို ဝင်သွားသည်။
ငါက သူ့အတွက် ဒီလိုမျိုး လုပ်ဖို့ဆန္ဒရှိနေတယ်!ငါ ရူးသွားတာပဲဖြစ်မယ်!
ဥက္ကဌမုသည် အိပ်ရာပေါ်တွင် လဲလျောင်းနေချိန်တွင် သူ့ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းသည် ပျော်ရွှင်မှုအဖြစ် ယိုစီးကျသွားစေသည်။
ပုံမှန်အားဖြင့် သူက အိုးရန်လုံကို ဆယ်မိနစ်လောက်အထိ ကြွားဝါဖို့ရာ ဖုန်းခေါ်လိုက်မည် ဖြစ်ပေမယ့်လည်း ယခုမူ ကျုံးလီဖုန်းပိုင်က သူ့အား ကုမ္ပဏီအကြောင်း မတွေးတောရန် တားမြစ်ထားသောကြောင့် သူ့လက်ကိုင်ဖုန်းကို သိမ်းဆည်းသွားခဲ့သည်။ ဒါကြောင့် လောလောဆယ်တော့ သူ့နှလုံးသားထဲမှာပဲ သိမ်းထားရမှာပေါ့!
ငါ့ရဲ့ချစ်သူလေးက အရမ်းဟော့တာပဲ!
"ဒါရိုက်တာကျုံး" ဆုနိုဆီက ဖုန်းခေါ်လာသည်။
"ဘာဖြစ်လို့လဲ?" ကျုံးလီဖုန်းပိုင်က ပါးစပ်ကို ပလုပ်ကျင်းနေဆဲ။
"ဘာမှမဟုတ်ပါဘူး၊ မင်းဆီ အခြေအနေ လှမ်းမေးကြည့်တာပါ။ဥက္ကဌမုရော ဘယ်လိုနေသေးလဲ?"
သူ တော်တော်ကြီးကို ကောင်းနေတာပေါ့၊ သူက ငါ့ပါးစပ်ထဲမှာ 'beep'လိုက်သေးတယ်လေ! ဒါရိုက်တာကျုံးသည် သူ့စိတ်ထဲမှာ အေးစက်စွာ ဒေါသတွေထွက်နေပြီး “သူအဆင်ပြေပါတယ်” လို့တော့ တိုးတိုးလေးပြောလိုက်သည်။
"မနက်ဖြန်ဆို ငါ အလုပ်ပြီးပြီ။ သဘက်ခါကျရင် ဥက္ကဌမုဆီ လာခဲ့မယ်" ဆုနိုက ထိုကဲ့သို့ပြောသော်လည်း တကယ်တော့ ဆုနိုကို ခိုးကြောင်ခိုးဝှက်ဖြင့် အခွင့်ကောင်းယူဖို့ကြိုးစားနေသည့် အောက်တန်းကျတဲ့လုပ်ငန်းရှင် တစ်ယောက်ရှိနေပြီး ထိုလူကို သူ ရဲရဲရင့်ရင့်ဖြင့် နှင်ထုတ်လိုက်ကြောင်းကို သူကြွားချင်သည်သာ ဖြစ်သည်။ ဤသည်မှာ ရဲရင့်သည့် ဇာတ်လမ်းဖြစ်ခဲ့သည်လေ။ တခြားသူတွေကို မမျှဝေရလျှင် အလွန်နှာမြောစရာပင်။
"သဘက်ခါကျရင် ချိုးကျီယန်လည်း လာလိမ့်မယ်။ မကြာသေးခင်ကပဲ သူငါ့ကိုဖုန်းဆက်ပြောထားတယ်"
"သူက ဘာလို့လာမှာတဲ့လဲ?" ဆုနိုသည် အလွန်စက်ဆုပ်မိသည်။
“.....မုချိုးကို သတင်းလာမေးတာပေါ့။ တခြား ဘာရှိမှာမို့လို့လဲ!"
"ဒါဆို သူသွားပြီးမှ ငါလာခဲ့လိုက်မယ်" ဆုနိုသည် အရမ်း ဇီဇာကြောင်လေသည်။
"ဘာလို့လဲ?" ကျုံးလီဖုန်းပိုင်က အံ့သြတကြီးဖြင့် "မင်းမှာ သူနဲ့အဆင်မပြေတာတွေရှိနေလို့လား?"
မဟုတ်ပါဘူး!
ဆုနို ပြောလိုက်သည်။ "ငါ သူနဲ့ အဆင်ပြေပါတယ်"
"အို...ငါသိပြီ" ကျုံးလီဖုန်းပိုင်က ရုတ်တရက်တွေးမိကာ ပြောလိုက်သည်။ "မင်း ဒါရိုက်တာအိုးရန်နဲ့ ဒီကိုလာမှာမို့ မင်းသူနဲ့တွေ့သွားမှာကြောက်နေတာမလား?"
"......" တကယ်မဟုတ်ပါဘူးကွာ! ငါတစ်ယောက်တည်း လာမှာပါ! တကယ်လို့ ငါက ငါ့ရဲ့ခန့်ညားတဲ့လူကြီးနဲ့ အတူရှိနေခဲ့ရင် ငါ့အပေါ်ကို ခိုးကြောင်ခိုးဝှက်နဲ့ အခွင့်ကောင်းယူဖို့ ကြိုးစားနေတဲ့ လုပ်ငန်းရှင် အကြောင်းကိုဘယ်လိုလုပ်ပြီး ပြောလို့ရနိုင်မှာလဲ! ဒါပေမယ့် ဆုနိုသည် သိပ်ရှင်းပြမနေတော့ဘဲ “အင်း...” ဟုသာ ယောင်ဝါးဝါးပဲ ပြန်ဖြေလိုက်သည်။
အလွန်လိမ္မာပါးနပ်ပြီး ရှေ့/နောက် ကို အချိန်မရွေး ဆုတ်လို့ရနိုင်တယ်လေ!
"ချိုးကျီယန် ပြန်သွားရင် မင်းကို ငါဖုန်းဆက်လိုက်မယ် ဒါပေမယ့် သူ ဒီမှာ အကြာကြီးရှိနေမယ်လို့ မထင်ပါဘူး။မကြာခင်မှာပဲ single album အသစ်ထွက်တော့မယ်တဲ့။ သူအရမ်းအလုပ်များနေလိမ့်မယ်။"
နာနီ?! ဆုနိုသည် ထိုအချိန်တွင် အလွန်စိတ်မချမ်းသာဖြစ်သွားရသည်။
Absတွေ အပြည့်နဲ့ သီချင်းဆိုနေတဲ့ပုံက အရမ်းကို ရူးကြောင်ကြောင်နိုင်နေမှာပဲ! ဟား ဟား ဟား ဟား ဟား !
ငါ သူ့ကို လုံးဝ မနာလိုလို့မဟုတ်ပါဘူး!
"ချိုးကျီယန်ရဲ့အသံက အရမ်းဆိုးမယ်ထင်လား?" ဖုန်းချပြီးနောက် ဆုနိုသည် ဒေါသတကြီးဖြင့် ဒိုင်အန်းကို မေးလိုက်သည်။
"ဆိုးမှာကတော့ အမှန်ပဲ" ဒိုင်အန်းသည် တစ်နေ့တာလုံးပြေးလွှားနေရပြီးနောက် သေလုနီးပါးဖြစ်သွားကာ အိပ်ရာပေါ်တွင် အသက်မဲ့စွာ လဲလျောင်းနေခဲ့သည်။သို့သော် ဆုနို၏နှောင့်ယှက်ခြင်းကို သူ မတားဆီးနိုင်ခဲ့ပေ။
"single album လောက်ကိုမပြောနဲ့? ဖျော်ဖြေပွဲဆိုရင်တောင် ပရိသတ် 90% က သူ့အဝတ်အစားတွေကို စုတ်ဖြဲပြီး absတွေကို ပြချင်နေတာပဲလို့ တွေးကြမှာပဲ။ ငါလောင်းကြေးထပ်ရဲတယ်!”
"Absက ဘာကောင်းလို့လဲ!" ဆုနိုက ဒေါသတကြီးပြောသည်။
"Absတွေက လုံးဝ မကောင်းဘူး!" ဒိုင်အန်းသည် ဆက်ပြီးလိမ်နေလိုက်၏။ “ငါဆိုလိုချင်တာက အဲဒီabsအတုတွေကို ကြည့်ရဖို့လေ! အလှအပဆိုင်ရာနည်းပညာတွေက ဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ၊ စီလီကွန်ဂျယ်တုံးတွေနဲ့ ပြုပြင်ထားတဲ့ ဗိုက်သားအတုတွေရဲ့ စစ်မှန်မှုအဆင့်ကို သူတို့တွေက(ပရိသတ်) သိမြင်နေရမယ်လေ။ ဒါကြောင့် ချိုးကျီယန်က အကောင်းဆုံးဥပမာပဲ။ ကြည့်ကိုကြည့်သင့်တာပေါ့!”
“ဟုတ်ပ!” ဆုနိုက ခေါင်းညိတ်သည်။
"ဒါဆို သွားအိပ်တော့။ ငါ မကြာခင် သေတော့မယ်” ဒိုင်အန်း မျက်လုံးမှိတ်လိုက်သည်။ "ငါ့ခြေထောက်တွေတောင် ကျိုးနေပြီ"
"ချစ်ရတဲ့မင်းသမီးလေး!"ဆုနိုသည် သူ့ကို ဖက်ပြီး “ဒီနေ့ မင်းကို ဒုက္ခပေးလိုက်မိပြီ။ နန်းတော်ပြန်ရောက်တဲ့အခါ ပုလဲတစ်လုံးနဲ့ သစ်ခွတစ်ထောင် ပေးမယ်။”
လေထုအခြေအနေက အရမ်းကိုကောင်းနေတာပဲ!
ဒိုင်အန်း: “......”
ဘုရားသခင်......သူ တကယ်ပဲ ကောင်းကောင်းမွန်မွန် အိပ်ချင်မိရုံလေးတင်ပါ~~~
¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
မလုပ်နဲ့!
မုချိုး: "……"
ဒါ မဖြစ်နိုင်ဘူး!
ဒီ!
ရှင်းလင်းစေလျက်!
သေချာတဲ့!
တစ်ခုခုရဲ့!
ရှေ့ပြေးနိမိတ်ပဲ!
အား..အား..အား..!
ဘယ်ဟုတ်မလဲ!
မုချိုး:"……"
ငါက!
မနက်ခင်းကြီးမှာလေ!
"........."
မုချိုး "……"
မဟုတ်ပါဘူး!
ဆုနို ပြောလိုက်သည်။ "ငါ သူနဲ့ အဆင်ပြေပါတယ်"
ဒိုင်အန်း: “......”