[Uicode]
အခန်း(၇၆):ညလယ်ခေါင် ဒရမ်မာ နှင့် သူ ငါ့ကို တိတ်တခိုး ကြိုက်နေတာပဲ
ထိုညတွင် ဆုနိုသည် ဒိုင်အန်းကို သူနှင့်အတူ အိပ်ရန် အပြင်းအထန် တောင်းဆိုခဲ့သည်။ဃလော့လီသည် ညနက်သန်းခေါင်အချိန်တွင် သူ့အခန်းထဲကို ဖောက်ထွင်းဝင်ရောက်ကာ သူ့ကို အတင်းအကြပ် beep- ပြီး နောက်တစ်ကြိမ် beep-ခိုင်းလိမ့်မည်ကို စိုးရိမ်မိသောကြောင့်ပင်။
လော့လီသည် ဤဟိုတယ်၏လုပ်ငန်းဖော်ဆောင်သူများထဲမှ တစ်ဦးဖြစ်ပြီး သူမှာ ဟိုတယ်အခန်းအားလုံး၏ သော့တွေ ရှိကောင်းရှိနိုင်သည်။
"ကောင်းသောညပါ" ဒိုင်အန်းသည် စောင်ဆွဲခြုံလိုက်ရင်း သမ်းဝေလိုက်သည်။
"မအိပ်နဲ့ဦး။" ဆုနို သူ့ကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။
"ဘာမှားနေလို့လဲ?" မစ္စတာမန်နေဂျာသည် ဒေါသတကြီး ခက်ထန်သောမျက်နှာဖြင့် သူ့ကို ကြည့်လိုက်သည်။
"တိုက်ကွမ်ဒို ချနည်းသိလား?" ဆုနို ဆက်မေးလိုက်သည်။ "ဒါမှမဟုတ် မင်းမှာ ခံစစ်စွမ်းရည်ကောင်းရှိလား?"
"မရှိဘူး!လုံးဝမရှိဘူး!" ဒိုင်အန်းက ခေါင်းခါသည်။
"မင်း ဘာလို့ တိုက်ကွမ်ဒိုကိုတောင် မတက်ရတာလဲ..." ဆုနို သက်ပြင်း ခပ်ပြင်းပြင်းချလိုက်သည်။
"ဘာလို့ ငါက တိုက်ကွမ်ဒိုကို သင်ရမှာလဲ?" ဒိုင်အန်း စိတ်ရှုပ်သွားသည်။
"ကာကွယ်ဖို့လေ အား!နှာဘူးကောင် အခန်းထဲကို ဖောက်ဝင်ရောက်လာခဲ့ရင်...." ဆုနိုသည် သူ့ဘေးမှာ လှဲနေလျက်။ "ဒါမှမဟုတ်... ငါတို့ ခေါင်းအုံးအောက်မှာ ဓားတစ်ချောင်းထည့်ထားရမလား?"
"မလုပ်ပါနဲ့" ဒိုင်အန်းသည် ချက်ချင်း ငြင်းဆိုလိုက်သည်။ "မင်း အိပ်ငိုက်ပြီး ငါ့ကို ဓားနဲ့ထထိုးမှာကို ကြောက်တယ်"
"ဒါပေမယ့် လော့လီက လူကောင်းမဟုတ်ဘူးလို့ ငါ သံသယဖြစ်မိတယ်" ဆုနိုသည် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။ "သူဟာ မုဒိမ်းကောင်ကြီး ဖြစ်ရင်တောင်ဖြစ်နေလိမ့်မယ်!"
"ဘာလို့လဲ?" ဒိုင်အန်း အံ့သြသွားသည်။
"သူက ငါ့ကို ထူးထူးဆန်းဆန်း စိုက်ကြည့်နေလို့!" ဆုနိုပြောသည်မှာ မှန်သည်။လော့လီသည် အချစ်ဝတ္ထုတိုင်းလိုလိုထဲရှိ ဆိုးရွားပြီး ညစ်ညမ်းသည့် မုဒိန်းကောင်များကဲ့သို့ သရုပ်ဆောင်ခဲ့သည်။
"သူ မင်းအပေါ်မှာ ရန်လိုစိတ်တွေရှိနေတယ်ထင်လား?" ဒိုင်အန်းသည် အေးစက်သောလေကို ရှူရှိုက်ရင်း ကုတင်ပေါ်မှ ထိတ်လန့်တကြား ထထိုင်လိုက်ပြီး "အဲဒါကို မင်းထင်ထားလို့ပဲမရဘူး။ မီဒီယာက မင်းကို လိင်တူချစ်သူလို့ ထင်နေတာ။ ချိုးကျီယန်ကလည်း အရမ်းစိတ်ညစ်နေပြီ။ မင်း သူ့ကို ဒီအထဲမှာ ထပ်ထည့်လိုက်ရင် ရှုပ်သွားလိမ့်မယ်။ မင်း gay မဟုတ်ဘူးဆိုတာ ဘယ်လိုရှင်းပြမှာလဲ!"
ဒါပေမယ့် ငါက gay ဖြစ်ပြီး ယောက်ျားတွေကို ကြိုက်တယ်လေ...
ဒါပေမယ့် အဲဒါက အဓိကမဟုတ်ဘူး!
ဆုနို လေးလေးနက်နက်ပြောလိုက်သည်။ "မှန်ပါတယ်။ ငါကတိပေးတယ်"
"ဥပမာ.....?" ဒိုင်အန်းက ဆက်မေးသည်။ "သူက မင်းကို စိတ်ဝင်စားတယ်ဆိုတဲ့ အထောက်အထားလည်း မရှိဘူးမလား?"
"အလိုလို သိတာလေ!" ဆုနိုသည် ဒိုင်အန်း၏လက်ကို ဆုပ်ကိုင်ထားသည်။
ဒိုင်အန်း၏ တင်းမာနေသော အာရုံကြောများ ပြေလျော့သွားသည်။
လော့လီက ဒီအကြောင်းပြချက်ကြောင့် သူ့ကိုကြိုက်နေပြီလို့ သူထင်တာပဲ......
"ဒါဆိုရင် ငါတို့က ဘာလို့ အလှည့်ကျမစောင့်ကြည့်ကြမှာလဲ?" ဆုနိုသည် သူ့ကိုယ်သူနဲ့ ဒိုင်အန်းကို တာဝန်ပေးလိုက်သည်။ "ငါက ညရဲ့ ပထမအပိုင်းမှာ အိပ်မယ်။ ပြီးရင် ဒုတိယမှာ စောင့်မယ်။"
"ကောင်းပြီလေ" ဒိုင်အန်းက စိတ်ထက်သန်စွာပြောလိုက်သည်။ "စောစောအိပ်တော့။"
"ဒါဆို 3 နာရီ နှိုးနော်" ဆုနို သူ့ကို သတိပေးလိုက်သည်။
"ကောင်းပြီ" ဒိုင်အန်းက ခေါင်းညိတ်သည်။
"မင်း အဲဒါကို မေ့လို့မရဘူးနော်။" ဘာကြောင့်လဲဆိုတော့ ဒါက ငါ့ရဲ့ အပေါက်ကလေးရဲ့ ဂုဏ်သိက္ခာနဲ့ တစ်ဦးတည်းမူပိုင်ဖြစ်မှုကို ကာကွယ်ပေးရမှာမို့လို့ပဲ!
"ငါ ကတိပေးပါတယ်!" ဒိုင်အန်းသည် သူ့ရဲ့ညာလက်ကို မြှောက်လိုက်သည်။ "အိပ်တော့"
"ကောင်းသောညပါ။ "ဆုနိုသည် စောင်အောက်ထဲသို့ ပြန်ဆုတ်သွားသော်လည်း ထိုအကြောင်းကို ထပ်စဉ်းစားမိနေတုန်းပင်။ "သူ တကယ်လို့ဆိုရင်....-"
"သူဝင်လာရင် ငါတို့ ခေါင်းမူးသွားတဲ့အထိ တုတ်နဲ့ရိုက်မယ် ပြီးရင် ကြိုးနဲ့ချည်ပြီး ထပ်ရိုက်မယ်။" ဒိုင်အန်းက မြန်မြန်ပြန်ဖြေသည်။
"အမှန်ပဲ!" ဆုနိုသည် အနည်းငယ် စိတ်လျှော့လိုက်သည်။
"ကဲ မျက်လုံးမှိတ်ထားတော့!" ဒိုင်အန်းသည် အလွန် အမိန့်ပေးသော အသံဖြင့် အမိန့်ပေးသည်။
"မင်းသမီးလေး....မင်းက အရမ်းရက်စက်တာပဲ" ဆုနိုက ပြန်အော်သည်။
"အိပ်တော့!" ဒိုင်အန်းသည် မျက်နှာပေါ်တွင် တည်ငြိမ်နေပုံရသော်လည်း အမှန်တကယ်တွင် သူသည် အော်ဟစ်ကာ ဆုနို၏မျက်နှာကို ဆွဲဆိတ်ပစ်လိုက်ချင်သည်။
ဆုနိုသည် နောက်ဆုံးတော့ သူ့မျက်လုံးတွေကိုမှိတ်လိုက်သည်။
ဆယ်မိနစ်လောက်အကြာ....
"မင်း အိပ်ပျော်ပြီလား?" ဒိုင်အန်းက သူ့ကို လက်ဖြင့် ပုတ်နိုးလိုက်သည်။
ဆုနိုက ဟောက်နေဆဲ။ သူ့အလုပ်က နေ့တိုင်း အရမ်းပင်ပန်းရတယ်လေ!
ဒိုင်အန်းက သူထိန်းထားရသည့် အသက်ရှုသံကို စိတ်သက်သာရာရစွာ ချလိုက်ပြီး ကုတင်ဘေးက မီးအိမ်ကို အမှောင်ချလိုက်ပြီးနောက် ကုတင်ပေါ်ကို တက်လိုက်သည်။
ဘုရင်ငယ်လေးကို အိပ်ပျော်သွားအောင် ချော့ပေးရတဲ့ကိစ္စက ရိုးရိုးရှင်းရှင်းဖြစ်ပေမယ့် ပင်ပန်းခက်ခဲပြီး နှိပ်စက်ခံရသလိုပဲ!
ညသန်းခေါင်ယံမှာ နှစ်ယောက်သား စောင်တွေကို ပွေ့ဖက်ရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြသည်။ ကောင်းကင်က မိုးရေစက်လေးတွေ ကြွေကျလာပြီး ကျယ်လောင်တဲ့ မိုးခြိမ်းသံကြောင့် ဆုနိုသည် ဒိုင်အန်းကို ငိုက်မျဉ်းနေရင်း ပွေ့ဖက်မိလိုက်သည်။ "မင်းသမီးလေး!"
"ဘာဖြစ်တာလဲ?" ဒိုင်အန်းသည် အအိပ်စက်သည်ကြောင့် အခြေခံအားဖြင့် အနည်းငယ်ထိရုံဖြင့် နိုးလာသည်။
"ဘေးခုံမှာ...." ဆုနိုက တတွတ်တွတ် တိုးတိုးလေးပြောသည်။
"........."
"အိပ်....အိပ်...?" ဒိုင်အန်းသည် ငိုရခက်ရယ်ရခက်ဖြင့် ဆုနို၏ခေါင်းလေးကို ပုတ်ပေးလိုက်သည်။
ဆုနို၏အသက်ရှုသံများက ရှည်သွားသည်နှင့် ဒိုင်အန်းသည်လည်း မီးအိမ်ကိုဖွင့်ကာ သန့်စင်ခန်းသို့ သွားခါနီး စင်္ကြံဘက်တွင် လူတစ်ယောက် လမ်းလျှောက်လာနေသည်ကို ကြားလိုက်ရသည်။
ဖာ့ခ်!!!
ဒီအိမ်ကြီးမှာ အထပ်နှစ်ထပ်သာ ရှိပြီး ဓာတ်ပုံရိုက်အဖွဲ့သားအားလုံးသည် အောက်ထပ်မှာ အိပ်နေတာကြောင့် မစ္စတာမန်နေဂျာသည် ထိတ်လန့်သွားပါတော့သည်။ ဆုနိုနှင့်သူသာ ဤထပ်တွင်ရှိသည်။
ဘယ်သူက အပြင်မှာ လမ်းလျှောက်နေတာလဲ!
ညနက်သန်းခေါင်မှာ ခြေသံတွေ ပဲ့တင်ထပ်နေတာကြောင့် လူတွေရဲ့သောက်စိတ်တွေကို ကြောက်လန့်စေနိုင်ပါသည်။
"နိုနို..." ဒိုင်အန်းက သူ့ကို တွန်းလိုက်ပြီး "ထ...ထ!"
".....အင်းး" ဆုနိုသည် သူ့ကိုယ်သူ စောင်ဖြင့်ပြန်ပတ်လိုက်သည်။
"စင်္ကြံမှာ တစ်ယောက်ယောက်ရှိနေတယ်!" ဒိုင်အန်းသည် တိုးတိုးလေးဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။
"ဘာ?" ဆုနို ချက်ခြင်းပင် နိုးလာတော့သည်။
"ရှူး..." ဒိုင်အန်းက သူ့ကို တိတ်တိတ်နေရန် လက်ဟန်ပြသည်။
"တံခါးအပြင်မှာ တစ်ယောက်ယောက်ရှိနေတယ်လို့ မင်းပြောတာလား?" ဆုနို၏မျက်လုံးများက ပြူးကျယ်သွားသည်။
"ခြေသံတွေကြားရတယ်"
"ငါသိနေတယ်!ဒါ လော့လီပဲဖြစ်ရမယ်! " ဆုနိုသည် ပြင်းပြင်းထန်ထန်ပြောပြီး သူ့စောင်တွေကို ကန်ထုတ်ပစ်လိုက်ပြီး တံခါးဆီ လှမ်းလိုက်သည်။
"မင်းဘာလုပ်နေတာလဲ?" ဒိုင်အန်းက သူ့ကို ပြန်ဆွဲလိုက်သည်။
"မိမိကိုယ်အတွက် ခုခံတိုက်ခိုက်ရမယ်!"ဆုနိုသည် ကုလားထိုင်တစ်လုံးကို ဆွဲယူလိုက်ပြီး တံခါးနားတွင် ယောက်ျားပီသစွာ ရပ်လိုက်သည်။
ဒိုင်အန်းသည် တံခါးကိုမှီ၍ တစ်မိနစ်လောက် ထိတ်လန့်စွာဖြင့် နားထောင်နေသည်။ "အသံမရှိတော့ဘူးထင်တယ်"
"ခုနက တစ်ခုခုကြားလိုက်တာ သေချာရဲ့လား?" ဆုနိုက တိုးတိုးလေးပြောလိုက်သည်။
"သေချာတယ်။" ဒိုင်အန်းက ပြတ်ပြတ်သားသားပင်။
သူပြောတာကို အတည်ပြုဖို့အတွက် တံခါးအပြင်ဘက်မှာ တိုးညှင်းတဲ့ ခြေသံတွေ ထွက်လာသည်။
"အဖွဲ့သားတွေကို ခေါ်ချင်လား,ဒီမှာ လူတွေများလေလေ၊ ပိုသန်မာပြီး အားကြီးလေပဲ" ဒိုင်အန်းက တိတ်တဆိတ်မေးလိုက်သည်။
"ကောင်းပြီ။" ဆုနိုက ခေါင်းညိတ်ပြီး "မင်းဖုန်းသွားယူ၊ အားလုံးကို အတူတူတက်ခိုင်းပြီး ဒီကြောင်သူတော်တွေကို ငါတို့ဖော်ထုတ်ရမယ်!"
သုံးနာရီလောက်ကြီး နံရံကို လျှို့ဝှက်ပြီး တွယ်တက်တယ်ဆိုတာမျိုးက တကယ်ကို ရွံရှာစရာကောင်းတယ်!
ဒီလိုအပြုအမူမျိုးကို သည်းမခံသင့်ဘူး!
ဒိုင်အန်းခေါ်နေချိန်တွင် ဆုနိုက တံခါးကို ထောက်ကာ ပြန်နားထောင်လိုက်သည်။ ခြေသံများ နီးကပ်လာသည်နှင့်အမျှ။ အဲ့ဒီနောက်... သော့ပေါက်ထဲကို သော့သံထည့်ဖွင့်လိုက်သည့် အသံ!
သေချာတာပေါ့၊ သူ့မှာသော့ရှိနေတာပဲ!
အဲဒါ လော့လီပဲဖြစ်ရမယ်!
သူက ငါ့ကို သတ်ပစ်ဖို့ တောင်းဆိုနေတာလား!
ဆုနိုသည် ကုလားထိုင်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး နှာဘူးကောင်ကို ပြင်းပြင်းထန်ထန် ထိုးနှက်ရန် ကြံရွယ်လိုက်သည်။ အစ်ကို့သူငယ်ချင်းဖြစ်ရင်တောင် ခွင့်မလွှတ်သင့်ဘူး!
"ကင်မရာအဖွဲ့သားတွေရဲ့ ဖုန်းက စက်ပိတ်နေတယ်။" ဒိုင်အန်းသည် မျက်မှောင်ကြုတ်လိုက်သည်။
ဆုနိုသည် သူ့ကို တိတ်တိတ်နေရန် အမူအယာပြလိုက်ပြီး ကုလားထိုင်ကို မြှောက်လိုက်သည်။
သူရဲကောင်းစစ်သည်တစ်ယောက်လိုပင်!
တံခါးလက်ကိုင်ကို ညင်သာစွာ လှည့်လိုက်ပြီး တံခါးသည် ပြင်းပြင်းထန်ထန် ပွင့်သွားသည်။
ဆုနိုက ကုလားထိုင်ဖြင့် ရိုက်ချလိုက်သည်။
"စပရိုက်......အား!!!!!!"
ကြောက်မက်ဖွယ်ကောင်းသည့် အသံနှင့်အတူ ညကောင်းကင်ယံ၌ အော်ဟစ်သံတစ်ခု ပျံ့လွင့်သွားသည်။
တုန်ခါနေပြီး တောက်ပနေသည့် မီးရောင်အောက်တွင် ဂေးဓာတ်ပုံဆရာသည် မလှုပ်ရှားနိုင်တော့ဘဲ မြေပြင်ပေါ်တွင် ကားယားကြီးလဲကျနေ၏။
"အား!!!!!!!!"
စင်္ကြံအဆုံးမှာ ပုန်းနေတဲ့ အမျိုးသမီး လက်ထောက်တွေကလည်း အော်ဟစ်ပြီး ထွက်ပြေးသွားကြသည်။
"ဘာဖြစ်နေကြတာလဲ?" ဆုနိုသည် တောင့်တင်းသွားပြီး လုံးလုံးလျားလျား ထိတ်လန့်သွားသည်။
"...." ဒိုင်အန်း၏မေးရိုးသည်လည်း အံ့သြမှုကြောင့် ပြုတ်ကျသွားသည်။
"ဆရာဝန်ကိုခေါ်!" လော့လီသည် ဒဏ်ရာရသွား
သည့် ဓာတ်ပုံဆရာကို ကုတင်ပေါ်တင်ရန် ကူညီပေးခဲ့သည်။
"ဒီမှာ ဘာဖြစ်နေတာလဲ?" ချစ်စရာကောင်းသည့် နွားရုပ်ပုံညအိပ်ဝတ်စုံလေးကို ဝတ်ထားသည့် ဆုနိုသည်လည်း သောက်ကျိုးနည်းစိတ်ရှုပ်ထွေးနေသည်။
"ဒီနေ့က မစ္စတာဒိုင်အန်းရဲ့ မွေးနေ့မို့လို့ ဆိုင်မွန်က ဒိုင်အန်းကို စပရိုက်လုပ်ပေးစေချင်ခဲ့တာပါ" လက်ထောက်တစ်ယောက်သည်ကိတ်မုန့်ကို လက်ထဲမှာ ကိုင်ထားတုန်း ရှုံ့မဲ့နေတဲ့ မျက်နှာဖြင့်နေရာမှာ ရပ်နေသည်။
ဒိုင်အန်း: ......
"ကျွန်တော် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်ပါဘူး!" ဆုနို အော်လိုက်တော့သည်။
အား!!!!!! ဒါဟာ ရိုးရိုးရှင်းရှင်း စပရိုက်ပါတီတစ်ခုပဲလေ! ငါအရမ်းတုံးတာပဲ!!
"အဆင်ပြေပါတယ်......ငါ့အတွက် စိတ်မပူပါနဲ့" ဂေးဓာတ်ပုံဆရာက ပြောလိုက်သည်။
ဒိုင်အန်း၏ခေါင်းထဲတွင် မူးနှောက်သွားရကာ ဘာလို့များ ဘုရားသခင်က သူ့ကို ဒီလိုနေ့မျိုးအတွက် မွေးဖွားလာပေးရသလဲဟု မိမိကိုယ်ကိုသာ မေးလိုက်တော့သည်။
စပရိုက်ပါတီပွဲက သာယာဖွယ်ကောင်းသော်လည်း ရုတ်တရက် ပြဿနာအချို့ ဖြစ်သွားသည်။ ကိတ်မုန့်နှင့် ဖယောင်းတိုင်များကို လျစ်လျူရှုထားပြီး ဖဲကြိုးများ နေရာအနှံ့ ပြန့်ကျဲနေ၏။ ဓာတ်ပုံဆရာ ဆိုင်မွန်ကို ဆရာဝန်က စစ်ဆေးနေပြီး အမျိုးသမီး လက်ထောက်တွေကလည်း ကုတင်တစ်ဝိုက်မှာ ဝိုင်းအုံနေပြီး သူတို့ရဲ့ စိုးရိမ်မှုတွေကို ဖော်ပြနေကြသည်။
"တောင်းပန်ပါတယ်။" ဒိုင်အန်းနှင့် သူသည် လသာဆောင်အပြင်ဘက်တွင် ရပ်နေစဉ် ဆုနိုက စိတ်ဓာတ်ကျနေသည့်အသံဖြင့် ပြောလိုက်သည်။
"ရပါတယ်။ မင်း တောင်းပန်စကားပြောစရာမှ မလိုတာ။" ဒိုင်အန်းက အနည်းငယ်တော့ အံသြသွားမိသည်။
"မင်းရဲ့ မွေးနေ့ပွဲကို ငါ ဖျက်ဆီးပစ်လိုက်တဲ့အပြင် ဆိုင်မွန် ခေါင်းကိုလည်း ရိုက်လိုက်သေးတယ် " သူ့ရဲ့ လုပ်ရပ်တွေက ခွင့်မလွှတ်နိုင်လောက်အောင်ပါပဲ!
"ဒါက မတော်တဆမှုတစ်ခုပဲလေ။ ဆိုင်မွန်ကလည်း မင်းကို အပြစ်မတင်ပါဘူး။ စိတ်ထဲမှာ ထားမနေနဲ့" ဒိုင်အန်းက သူ့ကိုနှစ်သိမ့်ပေးလိုက်သည်။
ဒိုင်အန်း ပြောတာမှန်ပေမယ့်လည်း ဆိုင်မွန်ကို ဒဏ်ရာရစေခဲ့တဲ့အတွက် ဆုနိုက အပြစ်ရှိတယ်လို့ ခံစားမိနေတုန်းပါပဲ။
ဒီအလုပ်ကို လက်မခံသင့်ဘူးဆိုတာ ငါသိတယ်!
အမာရွတ်နဲ့လူက walking plague လိုပဲ!
"နိုနို " လော့လီသည် လသာဆောင်ဘက်သို့ ရောက်လာပြီး "မင်း ဘာလို့ အပြင်မှာ ရပ်နေတာလဲ?"
မင်းက ငါ့အနားကို လာရဲတယ်ပေါ့! ဆုနို သူ့ကို အေးစက်စက် စိုက်ကြည့်နေလိုက်သည်။
လော့လီက တောင့်တင်းသွား၏၊ ဆုနိုက သူ့အပေါ်ကို ဘာလို့ ဒီလိုအမူအရာမျိုး လုပ်နေရတာလဲ?
"ဥက္ကဌလော့" ဒိုင်အန်းသည် တင်းမာနေမှုကို ဖြေလျှော့ရန် ဝင်နှောင့်ယှက်လိုက်သည်။
"မင်းအရင် အထဲဝင်သွားလိုက်" ဆုနိုသည် သူ့မင်းသမီးလေးကို အရင်လွှတ်လိုက်သည်။
ဒီလိုမျိုးတွေ ဆက်ပြီး အချိန်ဆွဲနေရင် မကောင်းတာကတော့ သေချာပေါက် ဖြစ်လာတော့မှာ သေချာတယ်ဆိုတော့ ငါ သူ့ကို မျက်နှာချင်းဆိုင် ပြောမှ ရတော့မယ်!
"အထဲဝင်!"ဆုနိုသည် သူ့ကို အထဲကို တွန်းထုတ်လိုက်သည်။
ဒိုင်အန်းသည် အခန်းတွင်းသို့ မဝင်ခင် တစ်ချက်လှည့်ကြည့်ကာ ဆုနိုအား ပြသာနာမဖြစ်စေရန်အတွက် မျက်လုံးဖြင့် သတိပေးခဲ့သည်။
ဘာပြသာနာမှမဖြစ်စေချင်ပေမယ့်လည်း ဒီနှာဘူးကောင်ကို လျစ်လျူရှုထားလို့မရဘူး! ဆုနိုသည် သူ့ကိုယ်သူ အားပေးလိုက်သည်။
လော့လီ သူ့ကို ပြုံးပြလိုက်သည်။ "ဘာအကြောင်းပြောချင်တာလဲ?"
"ကျေးဇူးပြုပြီး ဒီလိုထူးဆန်းတဲ့အကြည့်တွေနဲ့ ကျွန်တော့်ကို မကြည့်ပါနဲ့!" ဆုနိုက လေးလေးနက်နက်တွေးကာ ပြောလိုက်၏။ ငါက အိမ်ထောင်ရှင်တစ်ယောက် ဖြစ်နေပြီ!
လော့လီက စိတ်ရှုပ်ထွေးသွားပြီး "ကိုယ့်အကြည့်က ဘာဖြစ်နေလို့လဲ?"
ခင်ဗျားရဲ့အကြည့်တွေက ညစ်ညမ်းပြီးမိုက်ရိုင်းလို့ပေါ့!
ဆုနိသည် သူ့ခေါင်းထဲမှာရှိတဲ့ အဖြေကို ဖြေပေးလိုက်သည်။ ထို့နောက် သူက အေးစက်စွာပြောလိုက်ကာ "ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်နေဖြစ်နေ ကျွန်တော်နဲ့ပတ်သက်တဲ့ ခံစားချက်တွေကို အများကြီးမထားမိဖို့ သတိပေးတာပါ" သူ့စကားက အလွန်ပင် ပြင်းထန်၏။
"....ခံစားချက်တွေ သိပ်များမနေနဲ့....ဟမ့်...." လော့လီက ထူးဆန်းစွာ ပြုံးလိုက်သည်။
ညစ်ပတ်နေတဲ့ မျက်နှာထားပုံစံ လုပ်နေတာကို ရပ်လိုက်!ဆုနိုသည် သူ့ကို စိုက်ကြည့်နေသည်။
"ခံစားချက်တွေ ထားတယ်" ဆိုတဲ့အဓိပ္ပာယ်ကို ကျေးဇူးပြုပြီး ရှင်းပြပေးနိုင်မလား?" လော့လီ သည် နောက်ဆုံးစကားလုံးနှစ်လုံးကို အလေးပေး ဖိပြောပြီး ဆုနိုနှင့် မျက်လုံးချင်းဆုံရန် အနည်းငယ် ငုံ့လိုက်သည်။
ကြည့်ရတာ ရန်ဖြစ်ချင်ပုံပဲ!
ခင်ဗျားက တစ်ခုခု မကောင်းတဲ့ကောင်မှန်း ငါသိနေတယ်!ဆုနို၏သတိပေးချက်များသည် ထွက်ပေါ်လာပြီး "ဒါကို ရိုက်ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက ကျွန်တော့်အစ်ကိုကြီးကြောင့်ပဲ!" ဒါဆိုရင် ခင်ဗျားလုပ်နေတာတွေကို ရပ်လိုက်တာ ပိုကောင်းမယ်!
"ဟန်ဝေက ကြားထဲမှာ မရှိရင်တောင် မင်းရဲ့ကုမ္ပဏီက ဒီအလုပ်ကို ငြင်းမှာမဟုတ်ဘူး။" လော့လီက အနားကပ်သွားပြီး "ဘာလို့လဲ သိချင်လား?"
"... မတ်တပ်ရပ်ပြီး စကားပြော!" ဆုနိုက နောက်ပြန်ဆုတ်သွားသည်။
"မူလထက် သုံးဆ ပေးချေထားတာမို့လေ။ ဒါပေမယ့်လည်း ဓာတ်ပုံအနည်းငယ်လေး ရိုက်ရုံနဲ့ မလုံလောက်ဘူးလို့ ကိုယ်ထင်မိပြန်လာတယ်"
လော့လီက ခနဲ့တဲ့တဲ့ပြုံးပြီး "ကိုယ်တို့လည်း တခြားတစ်ခုခုလုပ်ကြမလား?"
ခင်ဗျားရဲ့ညီမသာ သွားလုပ်! ဆုနိုသည် ပေါက်ကွဲပြီး လက်သီးကို ဆုပ်ကာ လော့လီဆီသို့ ပစ်လွှတ်လိုက်သည်။
သူက ဒီလိုစကားမျိုးကို ဘယ်လိုကြောင့်ပြောရတာလဲ! အား!!ငါ သည်းမခံနိုင်တော့ဘူး!
ပြီးတော့ သူက ထိုနှာဘူးကောင်ကို ပျံထွက်သွားအောင် လုပ်လိုက်နိုင်လေသလား!
ဒါမဖြစ်နိုင်ပါဘူး......
အမာရွတ်နဲ့လော့လီ သည် အလွန်သန်မာသောကြောင့် ဆုနို၏လက်ကောက်ဝတ်များကို အလွယ်တကူ ဖမ်းဆုပ်ထားသည်။ သူဆွဲလိုက်သည်နှင့် ဆုနိုသည် သူ့ရင်ခွင်ထဲသို့ ရောက်သွားလေသည်။
သောက်ချီးထဲမှပဲ!အား!!!!! ဆုနိုသည် လော့လီကို အရှိန်အဟုန်ဖြင့် ခြေထောက်ဖြင့်ကန်လိုက်သော်လည်း လော့လီသည် ကြောင်တစ်ကောင်နှင့် ကစားနေသကဲ့သို့ ပြုမူခဲ့သည်။ ပြီးနောက် လော့လီက သူ့ကို လက်ရန်းပေါ်တွင်ဖိထားလိုက်သည်။
"အား!!!" လသာဆောင်၏လက်ရန်းပေါ်တွင်ထိုင်နေရသည်ကြောင့် ဆုနို၏နောက်ဘက်တွင် ဘာမျှမရှိ။ သူ့မျက်နှာသည် ဖြူဖျော့လို့နေပြီ။
နှစ်ထပ်မြင့်သော လသာဆောင်မှ ပြုတ်ကျသွားမယ်ဆိုတာက လုံးဝ အန္တရာယ်ကင်းမည် မဟုတ်ပေ။ အား!! ငါ့အရိုးတွေ ကျိုးသွားမှာ သေချာတယ်။ သေလည်း သေသွားနိုင်တယ်!
"တိုက်ချင်သေးလား?" လော့လီသည် သူ့ပခုံးကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်လိုက်ပြီး လေသံကိုတော့ ဖြေလျှော့လိုက်သည်။
ဆုနို အရမ်းကြောက်နေပေမယ့်လည်း သူ့မျက်လုံးတွေကတော့ ဒေါသတွေနဲ့ ပြည့်နှက်နေ၏။
"ကိုယ့်ကို နမ်းရင် မင်းကို အောက်ပြန်ချပေးမယ်" အမာရွတ်ဖြင့် လော့လီက တကယ်ကို လွန်လွန်းတယ်!
"အိမ်မက်,မက်နေလိုက်!" ဆုနို သူ့ကို စိုက်ကြည့်လိုက်သည်။
လသာဆောင်ကို အလင်းရောင် မဖောက်နိုင်တဲ့မှန်များဖြင့် ပြုလုပ်ထားသောကြောင့် ဖြစ်ပျက်နေသည်ကို မည်သူမျှ မမြင်နိုင်ပေ။
"ဒါမှမဟုတ် ကိုယ်မင်းကို နမ်းလို့ရတယ်" လော့လီသည် သူ့ကိုဆက်ပြီး နောက်ပြောင်နေသည်။
ဆုနိုသည် သူ့ခြေထောက်ကို မြှောက်ပြီး လော့လီကို ကန်ချလိုက်သည်။
"....."
လော့လီသည် သူ့လုပ်ရပ်ကြောင့် ထိတ်လန့်သွားပြီး ဆုနိုကို မြေပြင်ပေါ်သို့ ချပေးလိုက်သည်။ "မင်း ပြုတ်ကျသွားမှာကို မကြောက်ဘူးလား?"
သူက တကယ့်ကို အယောင်ဆောင်ကောင်ပဲ!
ဆုနိုသည် သူ့ကို ဒေါသတကြီးဖြင့် ကန်ထုတ်လိုက်ပြီး တံခါးကိုဖွင့်ကာ အထဲကို ဝင်ပြေးသွားသည်။
ငါ့မှာက ခွန်အားတွေမရှိဘူးဆိုပေမယ့်လည်း ငါ့ရဲ့ အားအင်တွေကို ထိန်းသိမ်းနိုင်မှုအဆင့်က ဇယားကွက်အပြင်ဘက်ကို ထိုးထွက်သွားပြီကွ!
လော့လီသည် လသာဆောင်တွင် ရပ်ကာ အချိန်အတော်ကြာသည်ထိ ရယ်မောနေကာ ဟန်ဝေကို ဖုန်းခေါ်ရန် သူ့ဖုန်းကို ထုတ်လိုက်သည်။
"မင်းဘာဖြစ်နေတာလဲ!!" မစ္စတာဟန်ဝေက သိပ်ဖော်ရွေနေသည်တော့ မဟုတ်ပေ။ "မနက်သုံးနာရီထိုးပဲ ရှိသေးတယ်! မင်း ငါ့ကိုဘာလို့ အစောကြီး ဖုန်းခေါ်တာလဲဆိုတာကို ကျိုးကြောင်းဆီလျော်တဲ့ အဖြေတစ်ခု အမြန်ပေးလိုက်တာ ပိုကောင်းမယ်!"
"မင်းညီလေးနဲ့ ကစားရတာ ဘာလို့ပျော်စရာကောင်းနေရတာလဲ?" လော့လီသည် ရယ်ရလွန်းလို့ ဗိုက်နာလာပြီ။ "အခု ငါကသူ့အပေါ်ကို နက်နက်ရှိုင်းရှိုင်း ချစ်ကျွမ်းဝင်နေတယ်လို့ ထင်နေတယ်"
ဟန်ဝေ : ......
"ဒါ မင်းညီအစစ်ဆိုတာ သေချာရဲလား?" လော့လီက ရယ်နေသေးသည်။ "မင်းတို့ နှစ်ယောက်ကမတူဘူး။ကိုယ့်လူရဲ့။"
"မင်း သူ့ကို ဘာလုပ်လိုက်တာလဲ?" ဟန်ဝေသည် ဤကိစ္စနှင့်ပတ်သက်၍ မကောင်းသည့်ခံစားချက်မျိုး ရနေသည်။
"မင်းပြောတာကို ငါနားထောင်တယ်လေ။ ဒါကြောင့်မို့ သူကို ငါ့ညီလိုပဲ ဂရုစိုက်ပေးတာပါ" လော့လီက ဆက်ပြောလိုက်သည်။ "ဒါပေမယ့် ငါအရမ်းဂရုစိုက်လွန်သွားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ငါက ရည်ရွယ်ချက်ကောင်းမရှိပဲနဲ့ သူနဲ့အိပ်ချင်တယ်ဆိုတဲ့ နှာဘူးကောင်လို့ သူထင်သွားတာပဲ"
"ဟေး...အဲလောက် ဇယားမရှုပ်နဲ့!" ဟန်ဝေ မျက်မှောင်ကြုတ်ကာ "ဒါဆိုရင်လည်း မင်း သူ့ကိုရှင်းပြလို့ရတယ်"
"ဘာလို့လုပ်ရမှာလဲ?" လော့လီသည် ဆိုးသွမ်းတဲ့ အပြုံးနဲ့ ပြောပြီး "ငါ သူ့ကို နည်းနည်းစလိုက်အုံးမယ်"
ဟန်ဝေ :....
ရန်ပွဲတောင်းနေတာလား!
"ပြီးတော့ မင်းညီငယ်လေးက မျက်နှာဖြူဖတ်ဖြူရော်နဲ့ ပြေးသွားတယ်လေ" လော့လီသည် လက်ရန်းကို မှီကာ ရယ်မောလိုက်ပြီး "သူ့ပုံစံလေးက ရယ်စရာကောင်းတယ်"
ဟန်ဝေသည် အသက်ပြင်းပြင်းရှူရင်း "လော့လီ!!!"
"ရိုးရိုးသားသားပြောရရင် အရင်က သူ့ကို တကယ်စိတ်မ၀င်စားခဲ့ပါဘူး၊ သူနေမကောင်းလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဗိုက်ဆာတဲ့အခါပဲဖြစ်ဖြစ် သူ့ကို ဂရုစိုက်ပေးခဲ့ရုံပါ၊အရင်ဆုံး ငါ့ကို နှိုးဆွတဲ့သူက သူပဲလေ" လော့လီသည် အလေးအနက်ထား ရှင်းပြခဲ့သည်။
"ဘာပဲဖြစ်ဖြစ်။ သူနဲ့ဝေးဝေးနေ။ ဒီကိစ္စကို ငါကြည့်လုပ်လိုက်မယ်။" ဟန်ဝေ ခေါင်းကိုက်လာရသည်။
လော့လီသည် ဖုန်းကို ချလိုက်ပြီးနောက် အိတ်ကပ်ထဲမှ စီးကရက်တစ်ဘူးကို ထုတ်လိုက်သည်။
သန့်စင်ခန်းထဲမှာ ဆုနိုသည် အိမ်သာဖုံးပေါ်မှာထိုင်နေပြီး သူ့အစ်ကိုကြီးကို ဘာဖြစ်ခဲ့လဲဆိုတာ ပြောပြရင်ကောင်းမလားဆိတာကို စဉ်းစားနေသည်။
ဒါပေမယ့် သူ မဆုံးဖြတ်ခင်မှာ သူ့အစ်ကိုကြီးက ဆုနိုဆီကို အရင်ဖုန်းဆက်လာခဲ့သည်။
"အစ်ကိုကြီး" ဆုနိုက ဖုန်းမြန်မြန်ဖြေလိုက်သည်။
"လော့လီနဲ့ စကားမပြောနဲ့။ သူက ဂေါက်ကြောင်သမားပဲ" ဟန်ဝေက ချက်ချင်းပင် ပြောလိုက်သည်။
"သူ အစ်ကိုကြီးကို ဖုန်းခေါ်လိုက်တာလား?" ဆုနိုသည် ဒေါသထွက်နေသည်။ လော့လီက အစ်ကိုကြီးကို ဘာလို့အရင်ဆုံးဖုန်းခေါ်ရတာလဲ? ငါကမှ ငါ့အစ်ကိုကြီးကို အရင်ဖုန်းခေါ်သင့်တာလေ။ ငါကမှ ကိုယ်ထိလက်ရောက်ကျူးလွန်ခံရတဲ့သူပဲ!
"သူပြောတာကို မယုံနဲ့" ဟန်ဝေ သူ့ကို သတိပေးသည်။ "သူက မင်းကို ဘာမှမလုပ်နိုင်ဘူး။ သူက မင်းကိုစနေတာ"
"......" ဒါပေမယ့် မမှန်ဘူး! ဆုနိုသည် မိမိသံသယကို ယုံသည်။
"သူ ပြည်မကြီးမှာရှိရတဲ့ တစ်ခုတည်းသောအကြောင်းပြချက်က အိမ်ခြံမြေပြဿနာတချို့ကို ကူညီဖြေရှင်းပေးဖို့ ဒီမှာရှိနေတာ။ ပြီးရင် အီတလီကို ချက်ချင်းပြန်သွားမှာ။ ဒါကို သိပ်မတွေးနဲ့ မင်းအလုပ်ကို စောစောပြီးရင် အိမ်ပြန်လိုက်"
"....အိုကေ။" ဆုနိုသည် ဤပြဿနာအတွက် စိတ်မပူတော့ပေ။ လော့လီက အစ်ကိုကြီးကို ကူညီဖို့ ဒီမှာရှိနေတာဆိုရင် အစ်ကိုကြီးကို ပြဿနာ ထပ်မဖြစ်စေရဘူး။
"နိုနို" ဒိုင်အန်းက တံခါးလာခေါက်သည်၊ "အဆင်ပြေရဲ့လား?သန့်စင်ခန်းထဲမှာ ဘာလို့ ဒီလောက်ကြာနေတာလဲ?"
"ပြေတယ်။" ဆုနို ဖုန်းချလိုက်ပြီး အပြင်ကို ထွက်လာခဲ့၏။ " ဆိုက်မွန်ရော ဘယ်လိုနေသေးလဲ?"
"ဆရာဝန်က ဒီဒဏ်ရာက ကြီးကြီးမားမားတော့ မဟုတ်ဘူးတဲ့။ မင်းရဲ့ကုလားထိုင်က သူ့ကို ပုခုံးပေါ်ထိမိပေမယ့် ပွန်းပဲ့ဒဏ်ရာနည်းနည်းတော့ ရသွားတာလောက်ပါပဲ။ အခုတော့ အားလုံး အိပ်ပျော်သွားကြပြီ။ မနက်ဖြန်မနက်ကျရင်တော့ ဓါတ်ပုံဆရာအသစ်တစ်ယောက်က တာဝန်ယူရလိမ့်မယ်။"
"မနက်ဖြန်မနက်ကျရင် သူ့ကိုထပ်ပြီးတောင်းပန်ရမယ်" ဆုနိုသည် ဒဏ်ရာရသွားသည့် ဓာတ်ပုံဆရာအတွက် တကယ်ကို စိတ်မကောင်းဖြစ်ရနေသည်။
"အိုး...ဟုတ်သားပဲ။လော့လီက မင်းကို ဘာပြောလိုက်တာလဲ?" ဒိုင်အန်းက မေးလိုက်သည်။
"ဒါအမှန်ဆိုတာ ငါသိပြီးသားပဲ! သူငါ့ကို ချစ်သွားပြီ!" ဆုနိုက သူမှန်တယ်ဆိုတာ သေချာသည်။
".....OMG!" ဒိုင်အန်း အံ့သြသွားသည်။
"ဒါပေမယ့် ငါ သူ့ကို အဲ့လိုလုပ်ခွင့်မပေးနိုင်ဘူး" ဆုနိုက အရမ်းကိုမှ စိတ်ပိုင်းဖြတ်ထားသည့်ပုံပင်။
"ဒီရှူတင်ကို ရပ်ဖို့ ကုမ္ပဏီကိုပြောလိုက်ရမလား?" ဒိုင်အန်း စိတ်ပူသွားသည်။
"ရတယ်။" ဆုနိုက ဒေါသတကြီးဖြင့် ခေါင်းယမ်းလိုက်ပြီး "သူ တစ်ခုခုကိုလုပ်ကြည့်စမ်း။ ငါသတ်ပစ်မယ်!"
ဆုနိုက တကယ်ကို ရက်စက်တာပဲ!
¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
အခန္း(၇၆):ညလယ္ေခါင္ ဒရမ္မာ ႏွင့္ သူ ငါ့ကို တိတ္တခိုး ႀကိဳက္ေနတာပဲ
ထိုညတြင္ ဆုႏိုသည္ ဒိုင္အန္းကို သူႏွင့္အတူ အိပ္ရန္ အျပင္းအထန္ ေတာင္းဆိုခဲ့သည္။ဃေလာ့လီသည္ ညနက္သန္းေခါင္အခ်ိန္တြင္ သူ႕အခန္းထဲကို ေဖာက္ထြင္းဝင္ေရာက္ကာ သူ႕ကို အတင္းအၾကပ္ beep- ၿပီး ေနာက္တစ္ႀကိမ္ beep-ခိုင္းလိမ့္မည္ကို စိုးရိမ္မိေသာေၾကာင့္ပင္။
ေလာ့လီသည္ ဤဟိုတယ္၏လုပ္ငန္းေဖာ္ေဆာင္သူမ်ားထဲမွ တစ္ဦးျဖစ္ၿပီး သူမွာ ဟိုတယ္အခန္းအားလုံး၏ ေသာ့ေတြ ႐ွိေကာင္း႐ွိႏိုင္သည္။
"ေကာင္းေသာညပါ" ဒိုင္အန္းသည္ ေစာင္ဆြဲျခဳံလိုက္ရင္း သမ္းေဝလိုက္သည္။
"မအိပ္နဲ႔ဦး။" ဆုႏို သူ႕ကို ျပင္းျပင္းထန္ထန္ ခါယမ္းလိုက္သည္။
"ဘာမွားေနလို႔လဲ?" မစၥတာမန္ေနဂ်ာသည္ ေဒါသတႀကီး ခက္ထန္ေသာမ်က္ႏွာျဖင့္ သူ႕ကို ၾကည့္လိုက္သည္။
"တိုက္ကြမ္ဒို ခ်နည္းသိလား?" ဆုႏို ဆက္ေမးလိုက္သည္။ "ဒါမွမဟုတ္ မင္းမွာ ခံစစ္စြမ္းရည္ေကာင္း႐ွိလား?"
"မ႐ွိဘူး!လုံးဝမ႐ွိဘူး!" ဒိုင္အန္းက ေခါင္းခါသည္။
"မင္း ဘာလို႔ တိုက္ကြမ္ဒိုကိုေတာင္ မတက္ရတာလဲ..." ဆုႏို သက္ျပင္း ခပ္ျပင္းျပင္းခ်လိုက္သည္။
"ဘာလို႔ ငါက တိုက္ကြမ္ဒိုကို သင္ရမွာလဲ?" ဒိုင္အန္း စိတ္႐ႈပ္သြားသည္။
"ကာကြယ္ဖို႔ေလ အား!ႏွာဘူးေကာင္ အခန္းထဲကို ေဖာက္ဝင္ေရာက္လာခဲ့ရင္...." ဆုႏိုသည္ သူ႕ေဘးမွာ လွဲေနလ်က္။ "ဒါမွမဟုတ္... ငါတို႔ ေခါင္းအုံးေအာက္မွာ ဓားတစ္ေခ်ာင္းထည့္ထားရမလား?"
"မလုပ္ပါနဲ႔" ဒိုင္အန္းသည္ ခ်က္ခ်င္း ျငင္းဆိုလိုက္သည္။ "မင္း အိပ္ငိုက္ၿပီး ငါ့ကို ဓားနဲ႔ထထိုးမွာကို ေၾကာက္တယ္"
"ဒါေပမယ့္ ေလာ့လီက လူေကာင္းမဟုတ္ဘူးလို႔ ငါ သံသယျဖစ္မိတယ္" ဆုႏိုသည္ သူ႕ကိုယ္သူ မထိန္းႏိုင္ေတာ့ဘဲ ေျပာလိုက္သည္။ "သူဟာ မုဒိမ္းေကာင္ႀကီး ျဖစ္ရင္ေတာင္ျဖစ္ေနလိမ့္မယ္!"
"ဘာလို႔လဲ?" ဒိုင္အန္း အံ့ၾသသြားသည္။
"သူက ငါ့ကို ထူးထူးဆန္းဆန္း စိုက္ၾကည့္ေနလို႔!" ဆုႏိုေျပာသည္မွာ မွန္သည္။ေလာ့လီသည္ အခ်စ္ဝတၳဳတိုင္းလိုလိုထဲ႐ွိ ဆိုး႐ြားၿပီး ညစ္ညမ္းသည့္ မုဒိန္းေကာင္မ်ားကဲ့သို႔ သ႐ုပ္ေဆာင္ခဲ့သည္။
"သူ မင္းအေပၚမွာ ရန္လိုစိတ္ေတြ႐ွိေနတယ္ထင္လား?" ဒိုင္အန္းသည္ ေအးစက္ေသာေလကို ႐ွဴ႐ိႈက္ရင္း ကုတင္ေပၚမွ ထိတ္လန္႔တၾကား ထထိုင္လိုက္ၿပီး "အဲဒါကို မင္းထင္ထားလို႔ပဲမရဘူး။ မီဒီယာက မင္းကို လိင္တူခ်စ္သူလို႔ ထင္ေနတာ။ ခ်ိဳးက်ီယန္ကလည္း အရမ္းစိတ္ညစ္ေနၿပီ။ မင္း သူ႕ကို ဒီအထဲမွာ ထပ္ထည့္လိုက္ရင္ ႐ႈပ္သြားလိမ့္မယ္။ မင္း gay မဟုတ္ဘူးဆိုတာ ဘယ္လို႐ွင္းျပမွာလဲ!"
ဒါေပမယ့္ ငါက gay ျဖစ္ၿပီး ေယာက်္ားေတြကို ႀကိဳက္တယ္ေလ...
ဒါေပမယ့္ အဲဒါက အဓိကမဟုတ္ဘူး!
ဆုႏို ေလးေလးနက္နက္ေျပာလိုက္သည္။ "မွန္ပါတယ္။ ငါကတိေပးတယ္"
"ဥပမာ.....?" ဒိုင္အန္းက ဆက္ေမးသည္။ "သူက မင္းကို စိတ္ဝင္စားတယ္ဆိုတဲ့ အေထာက္အထားလည္း မ႐ွိဘူးမလား?"
"အလိုလို သိတာေလ!" ဆုႏိုသည္ ဒိုင္အန္း၏လက္ကို ဆုပ္ကိုင္ထားသည္။
ဒိုင္အန္း၏ တင္းမာေနေသာ အာ႐ုံေၾကာမ်ား ေျပေလ်ာ့သြားသည္။
ေလာ့လီက ဒီအေၾကာင္းျပခ်က္ေၾကာင့္ သူ႕ကိုႀကိဳက္ေနၿပီလို႔ သူထင္တာပဲ......
"ဒါဆိုရင္ ငါတို႔က ဘာလို႔ အလွည့္က်မေစာင့္ၾကည့္ၾကမွာလဲ?" ဆုႏိုသည္ သူ႕ကိုယ္သူနဲ႔ ဒိုင္အန္းကို တာဝန္ေပးလိုက္သည္။ "ငါက ညရဲ႕ ပထမအပိုင္းမွာ အိပ္မယ္။ ၿပီးရင္ ဒုတိယမွာ ေစာင့္မယ္။"
"ေကာင္းၿပီေလ" ဒိုင္အန္းက စိတ္ထက္သန္စြာေျပာလိုက္သည္။ "ေစာေစာအိပ္ေတာ့။"
"ဒါဆို 3 နာရီ ႏိႈးေနာ္" ဆုႏို သူ႕ကို သတိေပးလိုက္သည္။
"ေကာင္းၿပီ" ဒိုင္အန္းက ေခါင္းညိတ္သည္။
"မင္း အဲဒါကို ေမ့လို႔မရဘူးေနာ္။" ဘာေၾကာင့္လဲဆိုေတာ့ ဒါက ငါ့ရဲ႕ အေပါက္ကေလးရဲ႕ ဂုဏ္သိကၡာနဲ႔ တစ္ဦးတည္းမူပိုင္ျဖစ္မႈကို ကာကြယ္ေပးရမွာမို႔လို႔ပဲ!
"ငါ ကတိေပးပါတယ္!" ဒိုင္အန္းသည္ သူ႕ရဲ႕ညာလက္ကို ေျမႇာက္လိုက္သည္။ "အိပ္ေတာ့"
"ေကာင္းေသာညပါ။ "ဆုႏိုသည္ ေစာင္ေအာက္ထဲသို႔ ျပန္ဆုတ္သြားေသာ္လည္း ထိုအေၾကာင္းကို ထပ္စဥ္းစားမိေနတုန္းပင္။ "သူ တကယ္လို႔ဆိုရင္....-"
"သူဝင္လာရင္ ငါတို႔ ေခါင္းမူးသြားတဲ့အထိ တုတ္နဲ႔႐ိုက္မယ္ ၿပီးရင္ ႀကိဳးနဲ႔ခ်ည္ၿပီး ထပ္႐ိုက္မယ္။" ဒိုင္အန္းက ျမန္ျမန္ျပန္ေျဖသည္။
"အမွန္ပဲ!" ဆုႏိုသည္ အနည္းငယ္ စိတ္ေလွ်ာ့လိုက္သည္။
"ကဲ မ်က္လုံးမွိတ္ထားေတာ့!" ဒိုင္အန္းသည္ အလြန္ အမိန္႔ေပးေသာ အသံျဖင့္ အမိန္႔ေပးသည္။
"မင္းသမီးေလး....မင္းက အရမ္းရက္စက္တာပဲ" ဆုႏိုက ျပန္ေအာ္သည္။
"အိပ္ေတာ့!" ဒိုင္အန္းသည္ မ်က္ႏွာေပၚတြင္ တည္ၿငိမ္ေနပုံရေသာ္လည္း အမွန္တကယ္တြင္ သူသည္ ေအာ္ဟစ္ကာ ဆုႏို၏မ်က္ႏွာကို ဆြဲဆိတ္ပစ္လိုက္ခ်င္သည္။
ဆုႏိုသည္ ေနာက္ဆုံးေတာ့ သူ႕မ်က္လုံးေတြကိုမွိတ္လိုက္သည္။
ဆယ္မိနစ္ေလာက္အၾကာ....
"မင္း အိပ္ေပ်ာ္ၿပီလား?" ဒိုင္အန္းက သူ႕ကို လက္ျဖင့္ ပုတ္ႏိုးလိုက္သည္။
ဆုႏိုက ေဟာက္ေနဆဲ။ သူ႕အလုပ္က ေန႔တိုင္း အရမ္းပင္ပန္းရတယ္ေလ!
ဒိုင္အန္းက သူထိန္းထားရသည့္ အသက္႐ႈသံကို စိတ္သက္သာရာရစြာ ခ်လိုက္ၿပီး ကုတင္ေဘးက မီးအိမ္ကို အေမွာင္ခ်လိုက္ၿပီးေနာက္ ကုတင္ေပၚကို တက္လိုက္သည္။
ဘုရင္ငယ္ေလးကို အိပ္ေပ်ာ္သြားေအာင္ ေခ်ာ့ေပးရတဲ့ကိစၥက ႐ိုး႐ိုး႐ွင္း႐ွင္းျဖစ္ေပမယ့္ ပင္ပန္းခက္ခဲၿပီး ႏွိပ္စက္ခံရသလိုပဲ!
ညသန္းေခါင္ယံမွာ ႏွစ္ေယာက္သား ေစာင္ေတြကို ေပြ႕ဖက္ရင္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားၾကသည္။ ေကာင္းကင္က မိုးေရစက္ေလးေတြ ေႂကြက်လာၿပီး က်ယ္ေလာင္တဲ့ မိုးၿခိမ္းသံေၾကာင့္ ဆုႏိုသည္ ဒိုင္အန္းကို ငိုက္မ်ဥ္းေနရင္း ေပြ႕ဖက္မိလိုက္သည္။ "မင္းသမီးေလး!"
"ဘာျဖစ္တာလဲ?" ဒိုင္အန္းသည္ အအိပ္စက္သည္ေၾကာင့္ အေျခခံအားျဖင့္ အနည္းငယ္ထိ႐ုံျဖင့္ ႏိုးလာသည္။
"ေဘးခုံမွာ...." ဆုႏိုက တတြတ္တြတ္ တိုးတိုးေလးေျပာသည္။
"........."
"အိပ္....အိပ္...?" ဒိုင္အန္းသည္ ငိုရခက္ရယ္ရခက္ျဖင့္ ဆုႏို၏ေခါင္းေလးကို ပုတ္ေပးလိုက္သည္။
ဆုႏို၏အသက္႐ႈသံမ်ားက ႐ွည္သြားသည္ႏွင့္ ဒိုင္အန္းသည္လည္း မီးအိမ္ကိုဖြင့္ကာ သန္႔စင္ခန္းသို႔ သြားခါနီး စႀကႍဘက္တြင္ လူတစ္ေယာက္ လမ္းေလွ်ာက္လာေနသည္ကို ၾကားလိုက္ရသည္။
ဖာ့ခ္!!!
ဒီအိမ္ႀကီးမွာ အထပ္ႏွစ္ထပ္သာ ႐ွိၿပီး ဓာတ္ပုံ႐ိုက္အဖြဲ႕သားအားလုံးသည္ ေအာက္ထပ္မွာ အိပ္ေနတာေၾကာင့္ မစၥတာမန္ေနဂ်ာသည္ ထိတ္လန္႔သြားပါေတာ့သည္။ ဆုႏိုႏွင့္သူသာ ဤထပ္တြင္႐ွိသည္။
ဘယ္သူက အျပင္မွာ လမ္းေလွ်ာက္ေနတာလဲ!
ညနက္သန္းေခါင္မွာ ေျခသံေတြ ပဲ့တင္ထပ္ေနတာေၾကာင့္ လူေတြရဲ႕ေသာက္စိတ္ေတြကို ေၾကာက္လန္႔ေစႏိုင္ပါသည္။
"ႏိုႏို..." ဒိုင္အန္းက သူ႕ကို တြန္းလိုက္ၿပီး "ထ...ထ!"
".....အင္းး" ဆုႏိုသည္ သူ႕ကိုယ္သူ ေစာင္ျဖင့္ျပန္ပတ္လိုက္သည္။
"စႀကႍမွာ တစ္ေယာက္ေယာက္႐ွိေနတယ္!" ဒိုင္အန္းသည္ တိုးတိုးေလးျဖင့္ က်ယ္ေလာင္စြာ ေျပာလိုက္သည္။
"ဘာ?" ဆုႏို ခ်က္ျခင္းပင္ ႏိုးလာေတာ့သည္။
"႐ွဴး..." ဒိုင္အန္းက သူ႕ကို တိတ္တိတ္ေနရန္ လက္ဟန္ျပသည္။
"တံခါးအျပင္မွာ တစ္ေယာက္ေယာက္႐ွိေနတယ္လို႔ မင္းေျပာတာလား?" ဆုႏို၏မ်က္လုံးမ်ားက ျပဴးက်ယ္သြားသည္။
"ေျခသံေတြၾကားရတယ္"
"ငါသိေနတယ္!ဒါ ေလာ့လီပဲျဖစ္ရမယ္! " ဆုႏိုသည္ ျပင္းျပင္းထန္ထန္ေျပာၿပီး သူ႕ေစာင္ေတြကို ကန္ထုတ္ပစ္လိုက္ၿပီး တံခါးဆီ လွမ္းလိုက္သည္။
"မင္းဘာလုပ္ေနတာလဲ?" ဒိုင္အန္းက သူ႕ကို ျပန္ဆြဲလိုက္သည္။
"မိမိကိုယ္အတြက္ ခုခံတိုက္ခိုက္ရမယ္!"ဆုႏိုသည္ ကုလားထိုင္တစ္လုံးကို ဆြဲယူလိုက္ၿပီး တံခါးနားတြင္ ေယာက်္ားပီသစြာ ရပ္လိုက္သည္။
ဒိုင္အန္းသည္ တံခါးကိုမွီ၍ တစ္မိနစ္ေလာက္ ထိတ္လန္႔စြာျဖင့္ နားေထာင္ေနသည္။ "အသံမ႐ွိေတာ့ဘူးထင္တယ္"
"ခုနက တစ္ခုခုၾကားလိုက္တာ ေသခ်ာရဲ႕လား?" ဆုႏိုက တိုးတိုးေလးေျပာလိုက္သည္။
"ေသခ်ာတယ္။" ဒိုင္အန္းက ျပတ္ျပတ္သားသားပင္။
သူေျပာတာကို အတည္ျပဳဖို႔အတြက္ တံခါးအျပင္ဘက္မွာ တိုးညႇင္းတဲ့ ေျခသံေတြ ထြက္လာသည္။
"အဖြဲ႕သားေတြကို ေခၚခ်င္လား,ဒီမွာ လူေတြမ်ားေလေလ၊ ပိုသန္မာၿပီး အားႀကီးေလပဲ" ဒိုင္အန္းက တိတ္တဆိတ္ေမးလိုက္သည္။
"ေကာင္းၿပီ။" ဆုႏိုက ေခါင္းညိတ္ၿပီး "မင္းဖုန္းသြားယူ၊ အားလုံးကို အတူတူတက္ခိုင္းၿပီး ဒီေၾကာင္သူေတာ္ေတြကို ငါတို႔ေဖာ္ထုတ္ရမယ္!"
သုံးနာရီေလာက္ႀကီး နံရံကို လွ်ိဳ႕ဝွက္ၿပီး တြယ္တက္တယ္ဆိုတာမ်ိဳးက တကယ္ကို ႐ြံ႐ွာစရာေကာင္းတယ္!
ဒီလိုအျပဳအမူမ်ိဳးကို သည္းမခံသင့္ဘူး!
ဒိုင္အန္းေခၚေနခ်ိန္တြင္ ဆုႏိုက တံခါးကို ေထာက္ကာ ျပန္နားေထာင္လိုက္သည္။ ေျခသံမ်ား နီးကပ္လာသည္ႏွင့္အမွ်။ အဲ့ဒီေနာက္... ေသာ့ေပါက္ထဲကို ေသာ့သံထည့္ဖြင့္လိုက္သည့္ အသံ!
ေသခ်ာတာေပါ့၊ သူ႕မွာေသာ့႐ွိေနတာပဲ!
အဲဒါ ေလာ့လီပဲျဖစ္ရမယ္!
သူက ငါ့ကို သတ္ပစ္ဖို႔ ေတာင္းဆိုေနတာလား!
ဆုႏိုသည္ ကုလားထိုင္ကို တင္းတင္းဆုပ္ကိုင္လိုက္ၿပီး ႏွာဘူးေကာင္ကို ျပင္းျပင္းထန္ထန္ ထိုးႏွက္ရန္ ၾကံ႐ြယ္လိုက္သည္။ အစ္ကို႔သူငယ္ခ်င္းျဖစ္ရင္ေတာင္ ခြင့္မလႊတ္သင့္ဘူး!
"ကင္မရာအဖြဲ႕သားေတြရဲ႕ ဖုန္းက စက္ပိတ္ေနတယ္။" ဒိုင္အန္းသည္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
ဆုႏိုသည္ သူ႕ကို တိတ္တိတ္ေနရန္ အမူအယာျပလိုက္ၿပီး ကုလားထိုင္ကို ေျမႇာက္လိုက္သည္။
သူရဲေကာင္းစစ္သည္တစ္ေယာက္လိုပင္!
တံခါးလက္ကိုင္ကို ညင္သာစြာ လွည့္လိုက္ၿပီး တံခါးသည္ ျပင္းျပင္းထန္ထန္ ပြင့္သြားသည္။
ဆုႏိုက ကုလားထိုင္ျဖင့္ ႐ိုက္ခ်လိုက္သည္။
"စပ႐ိုက္......အား!!!!!!"
ေၾကာက္မက္ဖြယ္ေကာင္းသည့္ အသံႏွင့္အတူ ညေကာင္းကင္ယံ၌ ေအာ္ဟစ္သံတစ္ခု ပ်ံ႕လြင့္သြားသည္။
တုန္ခါေနၿပီး ေတာက္ပေနသည့္ မီးေရာင္ေအာက္တြင္ ေဂးဓာတ္ပုံဆရာသည္ မလႈပ္႐ွားႏိုင္ေတာ့ဘဲ ေျမျပင္ေပၚတြင္ ကားယားႀကီးလဲက်ေန၏။
"အား!!!!!!!!"
စႀကႍအဆုံးမွာ ပုန္းေနတဲ့ အမ်ိဳးသမီး လက္ေထာက္ေတြကလည္း ေအာ္ဟစ္ၿပီး ထြက္ေျပးသြားၾကသည္။
"ဘာျဖစ္ေနၾကတာလဲ?" ဆုႏိုသည္ ေတာင့္တင္းသြားၿပီး လုံးလုံးလ်ားလ်ား ထိတ္လန္႔သြားသည္။
"...." ဒိုင္အန္း၏ေမး႐ိုးသည္လည္း အံ့ၾသမႈေၾကာင့္ ျပဳတ္က်သြားသည္။
"ဆရာဝန္ကိုေခၚ!" ေလာ့လီသည္ ဒဏ္ရာရသြား
သည့္ ဓာတ္ပုံဆရာကို ကုတင္ေပၚတင္ရန္ ကူညီေပးခဲ့သည္။
"ဒီမွာ ဘာျဖစ္ေနတာလဲ?" ခ်စ္စရာေကာင္းသည့္ ႏြား႐ုပ္ပုံညအိပ္ဝတ္စုံေလးကို ဝတ္ထားသည့္ ဆုႏိုသည္လည္း ေသာက္က်ိဳးနည္းစိတ္႐ႈပ္ေထြးေနသည္။
"ဒီေန႔က မစၥတာဒိုင္အန္းရဲ႕ ေမြးေန႔မို႔လို႔ ဆိုင္မြန္က ဒိုင္အန္းကို စပ႐ိုက္လုပ္ေပးေစခ်င္ခဲ့တာပါ" လက္ေထာက္တစ္ေယာက္သည္ကိတ္မုန္႔ကို လက္ထဲမွာ ကိုင္ထားတုန္း ႐ႈံ႕မဲ့ေနတဲ့ မ်က္ႏွာျဖင့္ေနရာမွာ ရပ္ေနသည္။
ဒိုင္အန္း: ......
"ကြၽန္ေတာ္ ရည္႐ြယ္ခ်က္႐ွိ႐ွိလုပ္ခဲ့တာမဟုတ္ပါဘူး!" ဆုႏို ေအာ္လိုက္ေတာ့သည္။
အား!!!!!! ဒါဟာ ႐ိုး႐ိုး႐ွင္း႐ွင္း စပ႐ိုက္ပါတီတစ္ခုပဲေလ! ငါအရမ္းတုံးတာပဲ!!
"အဆင္ေျပပါတယ္......ငါ့အတြက္ စိတ္မပူပါနဲ႔" ေဂးဓာတ္ပုံဆရာက ေျပာလိုက္သည္။
ဒိုင္အန္း၏ေခါင္းထဲတြင္ မူးေႏွာက္သြားရကာ ဘာလို႔မ်ား ဘုရားသခင္က သူ႕ကို ဒီလိုေန႔မ်ိဳးအတြက္ ေမြးဖြားလာေပးရသလဲဟု မိမိကိုယ္ကိုသာ ေမးလိုက္ေတာ့သည္။
စပ႐ိုက္ပါတီပြဲက သာယာဖြယ္ေကာင္းေသာ္လည္း ႐ုတ္တရက္ ျပႆနာအခ်ိဳ႕ ျဖစ္သြားသည္။ ကိတ္မုန္႔ႏွင့္ ဖေယာင္းတိုင္မ်ားကို လ်စ္လ်ဴ႐ႈထားၿပီး ဖဲႀကိဳးမ်ား ေနရာအႏွံ႔ ျပန္႔က်ဲေန၏။ ဓာတ္ပုံဆရာ ဆိုင္မြန္ကို ဆရာဝန္က စစ္ေဆးေနၿပီး အမ်ိဳးသမီး လက္ေထာက္ေတြကလည္း ကုတင္တစ္ဝိုက္မွာ ဝိုင္းအုံေနၿပီး သူတို႔ရဲ႕ စိုးရိမ္မႈေတြကို ေဖာ္ျပေနၾကသည္။
"ေတာင္းပန္ပါတယ္။" ဒိုင္အန္းႏွင့္ သူသည္ လသာေဆာင္အျပင္ဘက္တြင္ ရပ္ေနစဥ္ ဆုႏိုက စိတ္ဓာတ္က်ေနသည့္အသံျဖင့္ ေျပာလိုက္သည္။
"ရပါတယ္။ မင္း ေတာင္းပန္စကားေျပာစရာမွ မလိုတာ။" ဒိုင္အန္းက အနည္းငယ္ေတာ့ အံၾသသြားမိသည္။
"မင္းရဲ႕ ေမြးေန႔ပြဲကို ငါ ဖ်က္ဆီးပစ္လိုက္တဲ့အျပင္ ဆိုင္မြန္ ေခါင္းကိုလည္း ႐ိုက္လိုက္ေသးတယ္ " သူ႕ရဲ႕ လုပ္ရပ္ေတြက ခြင့္မလႊတ္ႏိုင္ေလာက္ေအာင္ပါပဲ!
"ဒါက မေတာ္တဆမႈတစ္ခုပဲေလ။ ဆိုင္မြန္ကလည္း မင္းကို အျပစ္မတင္ပါဘူး။ စိတ္ထဲမွာ ထားမေနနဲ႔" ဒိုင္အန္းက သူ႕ကိုႏွစ္သိမ့္ေပးလိုက္သည္။
ဒိုင္အန္း ေျပာတာမွန္ေပမယ့္လည္း ဆိုင္မြန္ကို ဒဏ္ရာရေစခဲ့တဲ့အတြက္ ဆုႏိုက အျပစ္႐ွိတယ္လို႔ ခံစားမိေနတုန္းပါပဲ။
ဒီအလုပ္ကို လက္မခံသင့္ဘူးဆိုတာ ငါသိတယ္!
အမာ႐ြတ္နဲ႔လူက walking plague လိုပဲ!
"ႏိုႏို " ေလာ့လီသည္ လသာေဆာင္ဘက္သို႔ ေရာက္လာၿပီး "မင္း ဘာလို႔ အျပင္မွာ ရပ္ေနတာလဲ?"
မင္းက ငါ့အနားကို လာရဲတယ္ေပါ့! ဆုႏို သူ႕ကို ေအးစက္စက္ စိုက္ၾကည့္ေနလိုက္သည္။
ေလာ့လီက ေတာင့္တင္းသြား၏၊ ဆုႏိုက သူ႕အေပၚကို ဘာလို႔ ဒီလိုအမူအရာမ်ိဳး လုပ္ေနရတာလဲ?
"ဥကၠဌေလာ့" ဒိုင္အန္းသည္ တင္းမာေနမႈကို ေျဖေလွ်ာ့ရန္ ဝင္ေႏွာင့္ယွက္လိုက္သည္။
"မင္းအရင္ အထဲဝင္သြားလိုက္" ဆုႏိုသည္ သူ႕မင္းသမီးေလးကို အရင္လႊတ္လိုက္သည္။
ဒီလိုမ်ိဳးေတြ ဆက္ၿပီး အခ်ိန္ဆြဲေနရင္ မေကာင္းတာကေတာ့ ေသခ်ာေပါက္ ျဖစ္လာေတာ့မွာ ေသခ်ာတယ္ဆိုေတာ့ ငါ သူ႕ကို မ်က္ႏွာခ်င္းဆိုင္ ေျပာမွ ရေတာ့မယ္!
"အထဲဝင္!"ဆုႏိုသည္ သူ႕ကို အထဲကို တြန္းထုတ္လိုက္သည္။
ဒိုင္အန္းသည္ အခန္းတြင္းသို႔ မဝင္ခင္ တစ္ခ်က္လွည့္ၾကည့္ကာ ဆုႏိုအား ျပသာနာမျဖစ္ေစရန္အတြက္ မ်က္လုံးျဖင့္ သတိေပးခဲ့သည္။
ဘာျပသာနာမွမျဖစ္ေစခ်င္ေပမယ့္လည္း ဒီႏွာဘူးေကာင္ကို လ်စ္လ်ဴ႐ႈထားလို႔မရဘူး! ဆုႏိုသည္ သူ႕ကိုယ္သူ အားေပးလိုက္သည္။
ေလာ့လီ သူ႕ကို ျပဳံးျပလိုက္သည္။ "ဘာအေၾကာင္းေျပာခ်င္တာလဲ?"
"ေက်းဇူးျပဳၿပီး ဒီလိုထူးဆန္းတဲ့အၾကည့္ေတြနဲ႔ ကြၽန္ေတာ္႕ကို မၾကည့္ပါနဲ႔!" ဆုႏိုက ေလးေလးနက္နက္ေတြးကာ ေျပာလိုက္၏။ ငါက အိမ္ေထာင္႐ွင္တစ္ေယာက္ ျဖစ္ေနၿပီ!
ေလာ့လီက စိတ္႐ႈပ္ေထြးသြားၿပီး "ကိုယ့္အၾကည့္က ဘာျဖစ္ေနလို႔လဲ?"
ခင္ဗ်ားရဲ႕အၾကည့္ေတြက ညစ္ညမ္းၿပီးမိုက္႐ိုင္းလို႔ေပါ့!
ဆုနိသည္ သူ႕ေခါင္းထဲမွာ႐ွိတဲ့ အေျဖကို ေျဖေပးလိုက္သည္။ ထို႔ေနာက္ သူက ေအးစက္စြာေျပာလိုက္ကာ "ခင္ဗ်ားရဲ႕ ရည္႐ြယ္ခ်က္က ဘာပဲျဖစ္ေနျဖစ္ေန ကြၽန္ေတာ္နဲ႔ပတ္သက္တဲ့ ခံစားခ်က္ေတြကို အမ်ားႀကီးမထားမိဖို႔ သတိေပးတာပါ" သူ႕စကားက အလြန္ပင္ ျပင္းထန္၏။
"....ခံစားခ်က္ေတြ သိပ္မ်ားမေနနဲ႔....ဟမ့္...." ေလာ့လီက ထူးဆန္းစြာ ျပဳံးလိုက္သည္။
ညစ္ပတ္ေနတဲ့ မ်က္ႏွာထားပုံစံ လုပ္ေနတာကို ရပ္လိုက္!ဆုႏိုသည္ သူ႕ကို စိုက္ၾကည့္ေနသည္။
"ခံစားခ်က္ေတြ ထားတယ္" ဆိုတဲ့အဓိပၸာယ္ကို ေက်းဇူးျပဳၿပီး ႐ွင္းျပေပးႏိုင္မလား?" ေလာ့လီ သည္ ေနာက္ဆုံးစကားလုံးႏွစ္လုံးကို အေလးေပး ဖိေျပာၿပီး ဆုႏိုႏွင့္ မ်က္လုံးခ်င္းဆုံရန္ အနည္းငယ္ ငုံ႔လိုက္သည္။
ၾကည့္ရတာ ရန္ျဖစ္ခ်င္ပုံပဲ!
ခင္ဗ်ားက တစ္ခုခု မေကာင္းတဲ့ေကာင္မွန္း ငါသိေနတယ္!ဆုႏို၏သတိေပးခ်က္မ်ားသည္ ထြက္ေပၚလာၿပီး "ဒါကို ႐ိုက္ရတဲ့ တစ္ခုတည္းေသာ အေၾကာင္းရင္းက ကြၽန္ေတာ္႕အစ္ကိုႀကီးေၾကာင့္ပဲ!" ဒါဆိုရင္ ခင္ဗ်ားလုပ္ေနတာေတြကို ရပ္လိုက္တာ ပိုေကာင္းမယ္!
"ဟန္ေဝက ၾကားထဲမွာ မ႐ွိရင္ေတာင္ မင္းရဲ႕ကုမၸဏီက ဒီအလုပ္ကို ျငင္းမွာမဟုတ္ဘူး။" ေလာ့လီက အနားကပ္သြားၿပီး "ဘာလို႔လဲ သိခ်င္လား?"
"... မတ္တပ္ရပ္ၿပီး စကားေျပာ!" ဆုႏိုက ေနာက္ျပန္ဆုတ္သြားသည္။
"မူလထက္ သုံးဆ ေပးေခ်ထားတာမို႔ေလ။ ဒါေပမယ့္လည္း ဓာတ္ပုံအနည္းငယ္ေလး ႐ိုက္႐ုံနဲ႔ မလုံေလာက္ဘူးလို႔ ကိုယ္ထင္မိျပန္လာတယ္"
ေလာ့လီက ခနဲ႔တဲ့တဲ့ျပဳံးၿပီး "ကိုယ္တို႔လည္း တျခားတစ္ခုခုလုပ္ၾကမလား?"
ခင္ဗ်ားရဲ႕ညီမသာ သြားလုပ္! ဆုႏိုသည္ ေပါက္ကြဲၿပီး လက္သီးကို ဆုပ္ကာ ေလာ့လီဆီသို႔ ပစ္လႊတ္လိုက္သည္။
သူက ဒီလိုစကားမ်ိဳးကို ဘယ္လိုေၾကာင့္ေျပာရတာလဲ! အား!!ငါ သည္းမခံႏိုင္ေတာ့ဘူး!
ၿပီးေတာ့ သူက ထိုႏွာဘူးေကာင္ကို ပ်ံထြက္သြားေအာင္ လုပ္လိုက္ႏိုင္ေလသလား!
ဒါမျဖစ္ႏိုင္ပါဘူး......
အမာ႐ြတ္နဲ႔ေလာ့လီ သည္ အလြန္သန္မာေသာေၾကာင့္ ဆုႏို၏လက္ေကာက္ဝတ္မ်ားကို အလြယ္တကူ ဖမ္းဆုပ္ထားသည္။ သူဆြဲလိုက္သည္ႏွင့္ ဆုႏိုသည္ သူ႕ရင္ခြင္ထဲသို႔ ေရာက္သြားေလသည္။
ေသာက္ခ်ီးထဲမွပဲ!အား!!!!! ဆုႏိုသည္ ေလာ့လီကို အ႐ွိန္အဟုန္ျဖင့္ ေျခေထာက္ျဖင့္ကန္လိုက္ေသာ္လည္း ေလာ့လီသည္ ေၾကာင္တစ္ေကာင္ႏွင့္ ကစားေနသကဲ့သို႔ ျပဳမူခဲ့သည္။ ၿပီးေနာက္ ေလာ့လီက သူ႕ကို လက္ရန္းေပၚတြင္ဖိထားလိုက္သည္။
"အား!!!" လသာေဆာင္၏လက္ရန္းေပၚတြင္ထိုင္ေနရသည္ေၾကာင့္ ဆုႏို၏ေနာက္ဘက္တြင္ ဘာမွ်မ႐ွိ။ သူ႕မ်က္ႏွာသည္ ျဖဴေဖ်ာ့လို႔ေနၿပီ။
ႏွစ္ထပ္ျမင့္ေသာ လသာေဆာင္မွ ျပဳတ္က်သြားမယ္ဆိုတာက လုံးဝ အႏၲရာယ္ကင္းမည္ မဟုတ္ေပ။ အား!! ငါ့အ႐ိုးေတြ က်ိဳးသြားမွာ ေသခ်ာတယ္။ ေသလည္း ေသသြားႏိုင္တယ္!
"တိုက္ခ်င္ေသးလား?" ေလာ့လီသည္ သူ႕ပခုံးကို လက္ႏွစ္ဖက္ျဖင့္ တင္းတင္းဆုပ္ကိုင္လိုက္ၿပီး ေလသံကိုေတာ့ ေျဖေလွ်ာ့လိုက္သည္။
ဆုႏို အရမ္းေၾကာက္ေနေပမယ့္လည္း သူ႕မ်က္လုံးေတြကေတာ့ ေဒါသေတြနဲ႔ ျပည့္ႏွက္ေန၏။
"ကိုယ့္ကို နမ္းရင္ မင္းကို ေအာက္ျပန္ခ်ေပးမယ္" အမာ႐ြတ္ျဖင့္ ေလာ့လီက တကယ္ကို လြန္လြန္းတယ္!
"အိမ္မက္,မက္ေနလိုက္!" ဆုႏို သူ႕ကို စိုက္ၾကည့္လိုက္သည္။
လသာေဆာင္ကို အလင္းေရာင္ မေဖာက္ႏိုင္တဲ့မွန္မ်ားျဖင့္ ျပဳလုပ္ထားေသာေၾကာင့္ ျဖစ္ပ်က္ေနသည္ကို မည္သူမွ် မျမင္ႏိုင္ေပ။
"ဒါမွမဟုတ္ ကိုယ္မင္းကို နမ္းလို႔ရတယ္" ေလာ့လီသည္ သူ႕ကိုဆက္ၿပီး ေနာက္ေျပာင္ေနသည္။
ဆုႏိုသည္ သူ႕ေျခေထာက္ကို ေျမႇာက္ၿပီး ေလာ့လီကို ကန္ခ်လိုက္သည္။
"....."
ေလာ့လီသည္ သူ႕လုပ္ရပ္ေၾကာင့္ ထိတ္လန္႔သြားၿပီး ဆုႏိုကို ေျမျပင္ေပၚသို႔ ခ်ေပးလိုက္သည္။ "မင္း ျပဳတ္က်သြားမွာကို မေၾကာက္ဘူးလား?"
သူက တကယ့္ကို အေယာင္ေဆာင္ေကာင္ပဲ!
ဆုႏိုသည္ သူ႕ကို ေဒါသတႀကီးျဖင့္ ကန္ထုတ္လိုက္ၿပီး တံခါးကိုဖြင့္ကာ အထဲကို ဝင္ေျပးသြားသည္။
ငါ့မွာက ခြန္အားေတြမ႐ွိဘူးဆိုေပမယ့္လည္း ငါ့ရဲ႕ အားအင္ေတြကို ထိန္းသိမ္းႏိုင္မႈအဆင့္က ဇယားကြက္အျပင္ဘက္ကို ထိုးထြက္သြားၿပီကြ!
ေလာ့လီသည္ လသာေဆာင္တြင္ ရပ္ကာ အခ်ိန္အေတာ္ၾကာသည္ထိ ရယ္ေမာေနကာ ဟန္ေဝကို ဖုန္းေခၚရန္ သူ႕ဖုန္းကို ထုတ္လိုက္သည္။
"မင္းဘာျဖစ္ေနတာလဲ!!" မစၥတာဟန္ေဝက သိပ္ေဖာ္ေ႐ြေနသည္ေတာ့ မဟုတ္ေပ။ "မနက္သုံးနာရီထိုးပဲ ႐ွိေသးတယ္! မင္း ငါ့ကိုဘာလို႔ အေစာႀကီး ဖုန္းေခၚတာလဲဆိုတာကို က်ိဳးေၾကာင္းဆီေလ်ာ္တဲ့ အေျဖတစ္ခု အျမန္ေပးလိုက္တာ ပိုေကာင္းမယ္!"
"မင္းညီေလးနဲ႔ ကစားရတာ ဘာလို႔ေပ်ာ္စရာေကာင္းေနရတာလဲ?" ေလာ့လီသည္ ရယ္ရလြန္းလို႔ ဗိုက္နာလာၿပီ။ "အခု ငါကသူ႕အေပၚကို နက္နက္႐ိႈင္း႐ိႈင္း ခ်စ္ကြၽမ္းဝင္ေနတယ္လို႔ ထင္ေနတယ္"
ဟန္ေဝ : ......
"ဒါ မင္းညီအစစ္ဆိုတာ ေသခ်ာရဲလား?" ေလာ့လီက ရယ္ေနေသးသည္။ "မင္းတို႔ ႏွစ္ေယာက္ကမတူဘူး။ကိုယ့္လူရဲ႕။"
"မင္း သူ႕ကို ဘာလုပ္လိုက္တာလဲ?" ဟန္ေဝသည္ ဤကိစၥႏွင့္ပတ္သက္၍ မေကာင္းသည့္ခံစားခ်က္မ်ိဳး ရေနသည္။
"မင္းေျပာတာကို ငါနားေထာင္တယ္ေလ။ ဒါေၾကာင့္မို႔ သူကို ငါ့ညီလိုပဲ ဂ႐ုစိုက္ေပးတာပါ" ေလာ့လီက ဆက္ေျပာလိုက္သည္။ "ဒါေပမယ့္ ငါအရမ္းဂ႐ုစိုက္လြန္သြားတာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ငါက ရည္႐ြယ္ခ်က္ေကာင္းမ႐ွိပဲနဲ႔ သူနဲ႔အိပ္ခ်င္တယ္ဆိုတဲ့ ႏွာဘူးေကာင္လို႔ သူထင္သြားတာပဲ"
"ေဟး...အဲေလာက္ ဇယားမ႐ႈပ္နဲ႔!" ဟန္ေဝ မ်က္ေမွာင္ၾကဳတ္ကာ "ဒါဆိုရင္လည္း မင္း သူ႕ကို႐ွင္းျပလို႔ရတယ္"
"ဘာလို႔လုပ္ရမွာလဲ?" ေလာ့လီသည္ ဆိုးသြမ္းတဲ့ အျပဳံးနဲ႔ ေျပာၿပီး "ငါ သူ႕ကို နည္းနည္းစလိုက္အုံးမယ္"
ဟန္ေဝ :....
ရန္ပြဲေတာင္းေနတာလား!
"ၿပီးေတာ့ မင္းညီငယ္ေလးက မ်က္ႏွာျဖဴဖတ္ျဖဴေရာ္နဲ႔ ေျပးသြားတယ္ေလ" ေလာ့လီသည္ လက္ရန္းကို မွီကာ ရယ္ေမာလိုက္ၿပီး "သူ႕ပုံစံေလးက ရယ္စရာေကာင္းတယ္"
ဟန္ေဝသည္ အသက္ျပင္းျပင္း႐ွဴရင္း "ေလာ့လီ!!!"
"႐ိုး႐ိုးသားသားေျပာရရင္ အရင္က သူ႕ကို တကယ္စိတ္မ၀င္စားခဲ့ပါဘူး၊ သူေနမေကာင္းလို႔ပဲျဖစ္ျဖစ္ ဒါမွမဟုတ္ ဗိုက္ဆာတဲ့အခါပဲျဖစ္ျဖစ္ သူ႕ကို ဂ႐ုစိုက္ေပးခဲ့႐ုံပါ၊အရင္ဆုံး ငါ့ကို ႏိႈးဆြတဲ့သူက သူပဲေလ" ေလာ့လီသည္ အေလးအနက္ထား ႐ွင္းျပခဲ့သည္။
"ဘာပဲျဖစ္ျဖစ္။ သူနဲ႔ေဝးေဝးေန။ ဒီကိစၥကို ငါၾကည့္လုပ္လိုက္မယ္။" ဟန္ေဝ ေခါင္းကိုက္လာရသည္။
ေလာ့လီသည္ ဖုန္းကို ခ်လိုက္ၿပီးေနာက္ အိတ္ကပ္ထဲမွ စီးကရက္တစ္ဘူးကို ထုတ္လိုက္သည္။
သန္႔စင္ခန္းထဲမွာ ဆုႏိုသည္ အိမ္သာဖုံးေပၚမွာထိုင္ေနၿပီး သူ႕အစ္ကိုႀကီးကို ဘာျဖစ္ခဲ့လဲဆိုတာ ေျပာျပရင္ေကာင္းမလားဆိတာကို စဥ္းစားေနသည္။
ဒါေပမယ့္ သူ မဆုံးျဖတ္ခင္မွာ သူ႕အစ္ကိုႀကီးက ဆုႏိုဆီကို အရင္ဖုန္းဆက္လာခဲ့သည္။
"အစ္ကိုႀကီး" ဆုႏိုက ဖုန္းျမန္ျမန္ေျဖလိုက္သည္။
"ေလာ့လီနဲ႔ စကားမေျပာနဲ႔။ သူက ေဂါက္ေၾကာင္သမားပဲ" ဟန္ေဝက ခ်က္ခ်င္းပင္ ေျပာလိုက္သည္။
"သူ အစ္ကိုႀကီးကို ဖုန္းေခၚလိုက္တာလား?" ဆုႏိုသည္ ေဒါသထြက္ေနသည္။ ေလာ့လီက အစ္ကိုႀကီးကို ဘာလို႔အရင္ဆုံးဖုန္းေခၚရတာလဲ? ငါကမွ ငါ့အစ္ကိုႀကီးကို အရင္ဖုန္းေခၚသင့္တာေလ။ ငါကမွ ကိုယ္ထိလက္ေရာက္က်ဴးလြန္ခံရတဲ့သူပဲ!
"သူေျပာတာကို မယုံနဲ႔" ဟန္ေဝ သူ႕ကို သတိေပးသည္။ "သူက မင္းကို ဘာမွမလုပ္ႏိုင္ဘူး။ သူက မင္းကိုစေနတာ"
"......" ဒါေပမယ့္ မမွန္ဘူး! ဆုႏိုသည္ မိမိသံသယကို ယုံသည္။
"သူ ျပည္မႀကီးမွာ႐ွိရတဲ့ တစ္ခုတည္းေသာအေၾကာင္းျပခ်က္က အိမ္ျခံေျမျပႆနာတခ်ိဳ႕ကို ကူညီေျဖ႐ွင္းေပးဖို႔ ဒီမွာ႐ွိေနတာ။ ၿပီးရင္ အီတလီကို ခ်က္ခ်င္းျပန္သြားမွာ။ ဒါကို သိပ္မေတြးနဲ႔ မင္းအလုပ္ကို ေစာေစာၿပီးရင္ အိမ္ျပန္လိုက္"
"....အိုေက။" ဆုႏိုသည္ ဤျပႆနာအတြက္ စိတ္မပူေတာ့ေပ။ ေလာ့လီက အစ္ကိုႀကီးကို ကူညီဖို႔ ဒီမွာ႐ွိေနတာဆိုရင္ အစ္ကိုႀကီးကို ျပႆနာ ထပ္မျဖစ္ေစရဘူး။
"ႏိုႏို" ဒိုင္အန္းက တံခါးလာေခါက္သည္၊ "အဆင္ေျပရဲ႕လား?သန္႔စင္ခန္းထဲမွာ ဘာလို႔ ဒီေလာက္ၾကာေနတာလဲ?"
"ေျပတယ္။" ဆုႏို ဖုန္းခ်လိုက္ၿပီး အျပင္ကို ထြက္လာခဲ့၏။ " ဆိုက္မြန္ေရာ ဘယ္လိုေနေသးလဲ?"
"ဆရာဝန္က ဒီဒဏ္ရာက ႀကီးႀကီးမားမားေတာ့ မဟုတ္ဘူးတဲ့။ မင္းရဲ႕ကုလားထိုင္က သူ႕ကို ပုခုံးေပၚထိမိေပမယ့္ ပြန္းပဲ့ဒဏ္ရာနည္းနည္းေတာ့ ရသြားတာေလာက္ပါပဲ။ အခုေတာ့ အားလုံး အိပ္ေပ်ာ္သြားၾကၿပီ။ မနက္ျဖန္မနက္က်ရင္ေတာ့ ဓါတ္ပုံဆရာအသစ္တစ္ေယာက္က တာဝန္ယူရလိမ့္မယ္။"
"မနက္ျဖန္မနက္က်ရင္ သူ႕ကိုထပ္ၿပီးေတာင္းပန္ရမယ္" ဆုႏိုသည္ ဒဏ္ရာရသြားသည့္ ဓာတ္ပုံဆရာအတြက္ တကယ္ကို စိတ္မေကာင္းျဖစ္ရေနသည္။
"အိုး...ဟုတ္သားပဲ။ေလာ့လီက မင္းကို ဘာေျပာလိုက္တာလဲ?" ဒိုင္အန္းက ေမးလိုက္သည္။
"ဒါအမွန္ဆိုတာ ငါသိၿပီးသားပဲ! သူငါ့ကို ခ်စ္သြားၿပီ!" ဆုႏိုက သူမွန္တယ္ဆိုတာ ေသခ်ာသည္။
".....OMG!" ဒိုင္အန္း အံ့ၾသသြားသည္။
"ဒါေပမယ့္ ငါ သူ႕ကို အဲ့လိုလုပ္ခြင့္မေပးႏိုင္ဘူး" ဆုႏိုက အရမ္းကိုမွ စိတ္ပိုင္းျဖတ္ထားသည့္ပုံပင္။
"ဒီ႐ွဴတင္ကို ရပ္ဖို႔ ကုမၸဏီကိုေျပာလိုက္ရမလား?" ဒိုင္အန္း စိတ္ပူသြားသည္။
"ရတယ္။" ဆုႏိုက ေဒါသတႀကီးျဖင့္ ေခါင္းယမ္းလိုက္ၿပီး "သူ တစ္ခုခုကိုလုပ္ၾကည့္စမ္း။ ငါသတ္ပစ္မယ္!"
ဆုႏိုက တကယ္ကို ရက္စက္တာပဲ!