[Uicode]
အခန်း(၇၅):မြန်မြန်,သူ့ကိုနှင်ထုတ်လိုက်! နှင့် ခင်ဗျားသေပြီပဲ
"ဒါပေမယ့် ဥက္ကဌလော့က ငါတို့ရဲ့ ရင်းနှီးမြုပ်နှံသူလေ။ သူ့ကို ဘယ်လိုလုပ်ပြီး နှင်ထုတ်လို့ရမှာလဲ!" ဒိုင်အန်းက ထိုလူ၏အရေးပါမှုကို ထုတ်ဖော်ပြောလိုက်သည်။
"အဲဒါကြောင့် မင်းကို အကြံဥာဏ်တွေ ပေးစေချင်နေတာပေါ့!" ဆုနိုသည် သူ့အား မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်နေသည်။
သူ့အကြည့်က ဒိုင်အန်းကို စိတ်မသက်မသာဖြစ်စေပြီး နောက်ဆုံးတော့ တုံ့ဆိုင်းစွာပင် သဘောတူလိုက်ရသည်။ အလုပ်ပြီးတာနဲ့ သူ လော့လီဆီကို စကားပြောဖို့ အမြန်သွားပြီး မနက်ဖြန် ဒီကိုလာအုံးမလားလို့ သွားမေးလိုက်သည်။
“လာဖို့ရှိပါတယ်။ ဒီအတောအတွင်း ကျွန်တော် ဘာမှလုပ်စရာမရှိပါဘူး”
ဒိုင်အန်း၏နှလုံးသည် ချက်ချင်းပင် နစ်မြုပ်သွားသော်လည်း သူသည် ပန်းပွင့်လေးလို အပြုံးမျိုးဖြင့် ပြုံးထားဆဲဖြစ်သည်။“တကယ်တော့ နိုနိုက တကယ်ပဲ ပရော်ဖက်ရှင်နယ်ဆန်တဲ့ မော်ဒယ်တစ်ယောက်ပါ။ ရိုက်ကူးရေးအဖွဲ့ကလည်း ပါတနာဟောင်း ဖြစ်ပြန်နေရော။အဲ့တာကြောင့်မို့လို့ ဥက္ကဌလော့ စိတ်ပူစရာမလိုပါဘူး။" ဒါဆိုရင် မြန်မြန် အလုပ်ဆင်းတော့!
"ကျွန်တော် သိပါတယ်" လော့လီက ပြုံးပြီး "ဒါပေမယ့် ဒီက ဆက်တင်တွေက အရမ်းကောင်းတယ်။ အဲဒါကို စိတ်ဖိစီးမှုလျှော့ကျသွားအောင်လို့ လာအပန်းဖြေတဲ့သဘောအနေနဲ့ပါ။ သိပ်မဆိုးပါဘူး"
ဒီအချက်ကို ရောက်သည်နှင့် ဒိုင်အန်းသည် မည်သို့ဆက်လုပ်ရမည်ကို မသိတော့ပေ။ ထို့ကြောင့် သူသည် ဆုနိုဆီသို့သာ ပြန်သွားပြီး ဒီကြေကွဲဖွယ်သတင်းကို သတင်းပို့ရပြန်တော့သည်။
"မနက်ဖြန်လည်း ဒီကိုလာအုံးမှာလား?" ထိုသတင်းကိုကြားပြီးနောက် ဆုနိုသည် အလွန်ဒေါသထွက်သွားသည်။ တခြားသူရဲ့ ဖင်ကိုကြည့်ဖို့အတွက် အလုပ်လုပ်တာကို အကြောင်းပြပြီး... ဒီလိုမျိုး... တကယ်ပဲ အရှက်မရှိဘူး!
"ဟုတ်တယ်။ ဥက္ကဌလော့က သူ့ကုမ္ပဏီက သိပ်မကြာသေးခင်ကမှ အလုပ်မများတာမဟုတ်ပဲ လုပ်စရာအများကြီးကို မရှိနေတာလို့ ပြောတယ်" ဒိုင်အန်းက အမှန်အတိုင်းပြောခဲ့သည်။
"ဘာမှလုပ်စရာမရှိဘူး?" ထိုစကားကိုကြားပြီးနောက် ဆုနိုသည် ချက်ချင်းပင် အတည်ပေါက်ဖြင့် "ငါ့ကြော်ငြာခကို ပေးပြီးပြီလား?"
“ပေးပြီးပြီ။” ဒိုင်အန်းသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ “ဘာလို့ ဒီလိုမေးဖို့ ရုတ်တရတ် တွေးလိုက်ရတာလဲ?”
ဆုနိုသည် စေ့စေ့စပ်စပ် တွေးတောလိုက်သည့်ဟန်
ဖြင့် "အဲဒါကောင်းတယ်။ကုမ္ပဏီက ဘာမှလုပ်စရာမရှိဘူးဆို။ ဒါကိုကြားရုံနဲ့ ကုမ္ပဏီက ဒေဝါလီခံသွားရပုံရတယ်။ ငါတို့က ပိုက်ဆံပြန်ရဖို လိုတယ်လေ။ မဟုတ်ရင် ငါတို့ ဘာမှမလုပ်ပေးနိုင်ဘူး!”
ဒိုင်အန်း:........
ဗီလာသည် ပြင်ဆင်ဆဲအဆင့်တွင်ရှိနေဆဲဖြစ်သောကြောင့် facilities တွေကို အချောသတ် အပြီးမတည်ဆောက်ရသေးပေ။ လော့လီက သူ့အတွင်းရေးမှူးကို ညစာစားဖို့ လူတိုင်းအတွက် ရေနွေးငွေ့လှေတစ်စီး စီစဉ်ပေးဖို့ ပြောထားသည်။
"ငါတို့က ဘာစားရမှာလဲ?" ဆုနိုသည် ဒိုင်အန်းကို ထောင့်သို့ ဆွဲခေါ်လိုက်သည်။ ဒါကို သူအရမ်းစိုးရိမ်နေခဲ့တာ!
"ဥက္ကဌ လော့က မင်းအတွက် အထူးအစားအသောက်ကိုပြင်ဆင်ပေးထားတယ်"
ဆုနိုသည် ချက်ချင်းသေဆုံးသွားသလို ခံစားလိုက်ရသည်။ "အေးစက်နေတဲ့ salad တွေပဲလား!"
“ဟုတ်တယ်လေ။” ဒိုင်အန်းက သူ့ကို အချိန်မီ နှစ်သိမ့်ပေးခဲ့သည်။ "ဒါပေမယ့် ငါ အမဲသားဟင်းကို vacuumed packing နဲ့ထုပ်ပြီး ယူလာတယ်၊ အရမ်းစားကောင်းတယ်!"
"အေးစက်စက်ကြီးကို ဘယ်လိုလုပ်ပြီး စားရမလဲ?" ဆုနို ဒေါသတကြီး ပြောလိုက်သည်။
ဒိုင်အန်းသည် တုန်လှုပ်ချောက်ချားစရာ စကားတစ်ခွန်း ပြောလိုက်သည်။ “ငါ လျှပ်စစ်အိုးတစ်လုံးကိုလည်း ယူလာပါတယ်”
ဆုနိုသည် ခဏအကြာထိ အံ့အားသင့်သွားသည်။
သူဆီမှာ ဘာပစ္စည်းမဆို အဆင်သင့်ဖြစ်နေပုံရတယ်!
"အစတုန်းက ညဘက်မှာ ရာသီဥတု အခြေအနေကောင်းရင် နောက်တစ်ကြိမ် ရှူတင်းပြန်စမယ်။ ဒါဆိုရင် မြို့ထဲကိုပြန်ပြီး ညစာစားဖို့ အချိန်မလောက်တော့ဘူးလေ။ ဒါကြောင့် လျှပ်စစ်အိုးကို တစ်ခါတည်း ဝယ်လာခဲ့တာ!"
“ချစ်ရတဲ့ အိုက်ဖေးရယ် ” ဆုရှောင်းနိုသည် ချက်ချင်းပင် မျက်ရည်ယို စီးကျသွားသလို ခံစားလိုက်ရပြီး “ဒီဧကရာဇ် ပြန်ရောက်ရင် အိုက်ဖေးကို ဧကရီအဖြစ် တင်မြှောက်ပေးမယ်!”
"မစ္စတာဒိုင်အန်း။" ဝန်ထမ်းတစ်ယောက် ရောက်လာပြီး လာမေးသည်။ “မစ္စတာတို့နှစ်ယောက် ဘယ်မှာ စားချင်ပါသလဲ?”
"အခန်းထဲကိုပဲ ပို့ပေးပါ" ဒိုင်အန်းက အိတ်ကို ကိုင်လိုက်ပြီး “နိုနိုက အခု စားချင်စိတ်မရှိသေးလို့ပါ။ ခဏလောက် အနားယူပြီးမှပဲ နောက်မှ စားခိုင်းလိုက်ပါ့မယ်”
ဆုရှောင်းနိုသည် အသက်မဲ့သွားသည့်ဟန်ပန်လေးဖြင့် အလွန်သနားစရာကောင်းစွာ ပူးပေါင်းပေးခဲ့သည်။
သူက တကယ်,တကယ့်ကို အားနည်းလွယ်ပုံပင်!
မီးဖိုချောင်မှ ရနံ့များက ပျံ့လွင့်လာတော့ ဆုနို၏ဝမ်းဗိုက်က အသုံစုံမြည်လာသည်။
သူ့ဒေါသတွေ မပေါက်ကွဲခင် ဒိုင်အန်းသည် သူ့ကို အမြန်ပြန်ဆွဲခေါ်လာခဲ့သည်။
နှစ်ယောက်စလုံးက ဗီလာဘေးရှိ အဆောင်ခန်းလေးမှာ နေကြသည်။ ဒုတိယထပ်ရှိ သေးငယ်တဲ့ ကောင်းကင်အလင်းတန်းသည် အလွန်ချစ်စရာကောင်းပြီး ညဘက်တွင်ပင် ကောင်းကင်ကို မြင်နိုင်သည်။
သို့သော် ဆုနိုသည် ဤအချင်းအရာကို စိတ်မဝင်စားသည်မှာ ထင်ရှားပါသည်။ သူက ဒေါသတကြီး ညည်းညူရင်း "ငါလည်း streamboat ပေါ်မှာ စားချင်တယ်!"
"ရှုတင်ပြီးတာနဲ့ ငါတို့ မြို့ထဲကိုပြန်ကြမယ်လေ" ဒိုင်အန်းသည် သူ့ကို နှစ်သိမ့်ပေးရင်း လျှပ်စစ်အိုးကို ထုတ်လိုက်သည်။
"နာမည်ကြီး streamboat ဆိုင်တိုင်းမှာတစ်လှည့်စီလိုက်စားကြမယ်!မွှေးကြိုင်တဲ့ အစပ်အိုး ကနေ ပင်လယ်စာ အိုးအထိ၊ ခရမ်းချဉ်သီးအိုးကိုတောင် အလဟသမဖြစ်စေရဘူး!” အရမ်းရူးသွပ်!
“အင်း။” ဆုနိုသည် vacuum packing ဖြင့် ထုတ်ပိုးထားသည်ကိုဖွင့်ရန် ဓားငယ်ကိုအသုံးပြုလျက် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ "ဒါက ဘာတံဆိပ်လဲ?"
“ငါ့ အမေ လုပ်ပေးလိုက်တာ” ဒိုင်အန်းက ပြောလိုက်သည်။
ဆုနို၏အရည်ပြားသည် မည်မျှပင် ထူထဲနေသော်လည်း အနည်းငယ်တော့ ရှက်ရွံ့သွားရပြီး "စားစရာတွေ လုပ်ဖို့ အဒေါ်ကို ဆက်ပြီး အနှောက်အယှက် ပေးနေရတာ အဆင်မပြေဘူး"
"ရပါတယ်၊ သူက အငြိမ်းစားယူပြီးပြီ။ ဘာမှလုပ်စရာမရှိဘူး" ဒိုင်အန်းက လျှပ်စစ်အိုးကို အပူပေးလိုက်သည်။
"ဒါပေမယ့် မင်းမိသားစုမှာ ဘာလို့ vacuum packing လုပ်တဲ့စက်ရှိနေရတာလဲ?" ဆုနို အနည်းငယ် စိတ်ရှုပ်သွားသည်။
"အိမ်မှာ ငါ့ခယ်မက အမဲသားကို ချက်ပြီး အွန်လိုင်းမှာ ရောင်းတယ်လေ" ဒိုင်အန်းသည် ဟင်းအိုးထဲသို့ ထမင်းလောင်းထည့်လိုက်သည်။ "အဲ့တာရှိလို့ ကျေးဇူးတင်ရမယ်၊ငါတို့မှာ အမျိုးမျိုး ရှိတယ်။"
"မင်းတို့မိသားစုက အရမ်းကောင်းတာပဲ" ဆုရှောင်းနိုသည် ဒိုင်အန်းတွင် မိသားစုကြီးတစ်ခုရှိနေတာကြောင့် အနည်းငယ် မနာလိုဖြစ်မိသည်။
"ဒါတွေပြီးရင်တော့ ငါတို့ ဒီလောက် အလုပ်မရှုပ်တော့ရင် မင်းကိုစားဖို့သောက်ဖို့အတွက် ငါ့အိမ်ကို လိုက်ပို့ပေးမယ်။ စိတ်မပူပါနဲ့ သူတို့အားလုံး မင်းကို အရမ်းချစ်ကြပြီး မလိုအပ်တဲ့အရာတွေကို ပြောကြမှာ မဟုတ်ဘူး"
"အချစ်လေး!"ဆုနိုသည် အရမ်းကို ရင်ထဲထိသွားပြီး ပွေ့ဖက်လိုက်ကာ “မင်း နောင်အခါကျ အိမ်ထောင်ပြုပြီးအဝေးကိုထွက်သွားရင် ငါ မင်းကို သေချာပေါက် လက်လွှတ်နိုင်မှာ မဟုတ်တော့ဘူး”
ဒိုင်အန်းသည် ဆွံအကာ "... ဘာလို့ အဝေးမှာ လက်ထပ်ရမှာလဲ?"
ဘာလို့လဲဆိုတော့ ဒီဧကရာဇ်က အိမ်ထောင်ကျပြီးသားမို့လို့ပဲ။ ဆုရှောင်းနိုသည် အနည်းငယ်ရှက်သွားမိသည်။
“လိုက်စနေတာကို ရပ်တော့၊ ငါတို့ ထမင်းမြန်မြန်စားရမယ်။ ငါတို့ ရိုက်ရမှာတွေ ရှိသေးတယ်” ဒိုင်အန်းက သူ့လွယ်အိတ်ထဲက ပန်းကန်ခွက်ယောက်တွေကို ထုတ်လိုက်သည်။
curryဟင်းက နူးအိနေပြီး စေးကပ်နေသည်။ အမဲသား ၏နူးညံ့မှုနှင့်အတူ အရသာက ပြင်းထန်ပြီး အုန်းရနံ့ရှိသည်။ ပန်းကန်လုံးကြီးတစ်လုံးကို တစ်ခါတည်းစားရင်တောင် အီသွားမှာမဟုတ်ပေ။
"အန်တီက အရမ်းတော်တာပဲ!" ဆုနိုသည် သူ့မျက်နှာတပြင်လုံး ထမင်းလုံးတွေပေပွသွားသည်အထိ စားလိုက်သည်။
“အချဉ်ဖောက်ထားတဲ့ ဇီးသီးဖျော်ရည်လည်း ရှိသေးတယ်၊ ထင်းမီးနဲ့ လုပ်ထားတာ” ဒိုင်အန်းသည် ဆုနို၏ပါးစပ်ကို သုတ်ပေးလိုက်သည်။
ဆုနိုသည် ချက်ချင်းပင် သွားရည်တွေထွက်လာရတော့သည်။ ဇီးသီးဖျော်ရည်က ချဉ်ချဥ်ချိုချိုလေး၊ ကြားလိုက်ရုံနဲ့တင် လူကိုတကယ်ကို ဆွဲဆောင်မှုရှိတယ်။
"အခု သောက်ချင်လား?" ဒိုင်အန်းသည် သူ့အမူအရာပြောင်းလဲသွားတာနဲ့ပတ်သက်လျှင် အလွန်ရင်းနှီးနေပြီဖြစ်သည်။
ဆုနို ခေါင်းကို အမြန်ညိတ်လိုက်သည်။
"ငါ မင်းကို နည်းနည်းထည့်ပေးမယ်" ဒိုင်အန်းသည် မတ်တပ်ရပ်လိုက်သည့်အချိန် တစ်စုံတစ်ယောက်က ရုတ်တရက် တံခါးလာခေါက်သောအခါ ခရီးဆောင်အိတ်နားကိုပင် မရောက်လိုက်ပေ။
shshshit!! ဆုနိုသည် ချက်ခြင်း မျက်လုံးပြူးသွားတော့သည်။ အခန်းထဲမှာ ဟင်းနံ့တွေ ပြည့်နေတာ ဘာလုပ်ရမလဲ။ ဒါက တကယ်ကို ထိတ်လန့်စရာကောင်းတယ်!
ထို့နောက် ဒိုင်အန်းသည် ဆုနိုတစ်ယောက် ပြတင်းပေါက်ဘက်သို့ ခုန်ပျံခွခုန်ကာ ဟင်းအနံ့တွေ ပြန်ထွက်ရန် မဂ္ဂဇင်းဖြင့် ယတ်ခတ်နေသည်ကို မြင်လိုက်ရသည်။
"ဘယ်သူလဲ?" ဒိုင်အန်းက မေးလိုက်သည်။
"ကျွန်တော်ပါ " လော့လီက ပြန်ဖြေသည်။
ဓားအမာရွတ်နဲ့လူက စက်ဆုပ်အထင်အမြင်သေးဖွယ်ကောင်းပြီး အရှက်ကင်းမဲ့သူဆိုတာ အသိသာကြီး! ဆုနိုက အရမ်းဒေါသထွက်နေပြီး ဒိုင်အန်းသည်လည်း ခေါင်းကိုက်နေရပြီ "ဥက္ကဌ လော့ လိုအပ်တာများတစ်ခုခုရှိနေလို့လား"
"နိုနိုနေမကောင်းဘူးဆိုတာ ကြားလိုက်ရလို့ပါ, ဒါကြောင့် သူဘယ်လိုနေသေးလဲဆိုတာကြည့်ဖို့ ဒီကိုလာခဲ့တာ,တံခါးဖွင့်လို့ရမလား?" လော့လီက ပြောလိုက်သည်။
သေချာပေါက် မဖြစ်နိုင်ဘူး! ဆုနိုသည် ချစ်လှစွာသော သူ့ဘဝလေးအတွက် ခေါင်းယမ်းလိုက်သည်။
"တောင်းပန်ပါတယ်။ ဥက္ကဌလော့...နိုနိုက အိပ်ပျော်နေပါပြီ"
ဤကဲ့သို့ အရေးပေါ်အခြေအနေမျိုးတွင် ဒိုင်အန်းသည် ပိုမိုကောင်းမွန်သော ဆင်ခြေကို ရှာမတွေ့နိုင်တော့ပေ။ "ဥက္ကဌရဲ့စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
ဒါက ဘယ်လို အမိုက်စား ဆင်ခြေမျိုးလဲ။ ဆုနိုသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။ တကယ်လို့သာ သူအိပ်ပျော်နေပြီဆိုတာကို ကြားတာနဲ့ သူ ရူးကြောင်ကြောင်နဲ့ ဝင်ဖို့တံခါးကိုချိုးချလိုက်ရင်ရော! အမာရွတ်နဲ့လူရဲ့အသံက အလွန်စိတ်အားထက်သန်ပုံရ နေတာလေ။ အဲ့ဒီအပြင် သူက မြေအောက်အဖွဲ့အစည်းထဲကလူလည်း ဖြစ်သေးတယ်!
"သူ အအေးမိသွားတာလား?" လော့လီက မေးသည်။
“.....ဖြစ်နိုင်တယ်။” ဒိုင်အန်း၏ မျက်နှာသည် အလွန်တောင့်တင်းနေသည်။
ဆုရှောင်းနိုသည် သူ့ကိုယ်သူ ကာကွယ်ရန် သစ်သားချောင်းကို ရှာရန် လှည့်ပတ်ကြည့်နေလိုက်သည်။ သူ့အပေါ် မကောင်းတဲ့အကြံအစည်ရှိပုံရတဲ့ဒီလူကို မျက်စိစုံမှိတ်မထားနိုင်ဘူး!
"ဒါဆို တုပ်ကွေးဆေး ရှာလာခဲ့ပေးပါ့မယ်" လော့လီသည် အကြာကြီးမနေဘဲ၊ ဤသို့ပြောပြီးနောက် လှည့်၍ထွက်သွားလေသည်။
ခြေလှမ်းကျဲကျဲ အသံများကို ကြားလိုက်ပြီးနောက် ဆုနိုသည် စိတ်သက်တောင့်သက်သာရစွာ အသက်ကိုရှူထုတ်လိုက်သည်။
"စားအုံးမလား?" ဒိုင်အန်းက မေးလိုက်သည်။
"မစားတော့ဘူး!" ဆုနိုသည် ဆိုဖာပေါ်ထိုင်ပြီး အထွန့်တက်လိုက်သည်။ "အခုတွေ့ပြီလား?လော့လီက တော်တော် စက်ဆုပ်ရွံစရာကောင်းတယ် မဟုတ်လား !”
"တကယ်တော့ သူက ကောင်းတဲ့ပုံပါပဲ" ဒိုင်အန်းသည် မီးဖိုချောင်သုံးပစ္စည်းတွေကို သန့်ရှင်းရေးလုပ်နေကာ "သူက မင်းကို အရမ်းစိတ်ပူပေးနေတာပါ"
"ဘာလို့ ငါက သူ့စိုးရိမ်ဖို့လိုရမှာလဲ?" ဆုနိုသည် အမာရွတ်ဖြင့် လော့လီကို နှာဘူးအုပ်စုထဲသို့ အလိုအလျောက်ထည့်ထားပြီးပြီဖြစ်သည်။
"စိုးရိမ်ပေးခံရတာကို မကြိုက်တာလား? ဒါရိုက်တာအိုးရန်က မင်းအပေါ်ကို ကောင်းကောင်း ဆက်ဆံနေတဲ့အချိန်တုန်းက မင်းစိတ်ဆိုးနေတာကို ငါမတွေ့ပါဘူး"
ဒါက ဘယ်လိုတောင် မလျော်ကန်တဲ့ နှိုင်းယှဉ်မှုလဲ! အဲဒါက ငါ့ရဲ့ခန့်ညားတဲ့ကိုလူချော! ဆုနိုသည် သူ့ကို စိုက်ကြည့်နေလိုက်သည်၊ တစ်နေ့မှာ ဒီထိတ်လန့်စရာကောင်းတဲ့ လျှို့ဝှက်ချက်ကို မင်းသိလာပါလိမ့်မယ်!
အဲဒီလိုဖြစ်လာရင် ကောင်းကင်ကြီးပြိုကျပြီး မြေကြီးလည်း ကွဲအက်သွားလိမ့်မယ်!
ငါးမိနစ်လောက်ကြာတော့ လော့လီ ပြန်ရောက်လာပြီး တံခါးလာခေါက်ကာ "တုပ်ကွေးဆေးတွေ ယူလာခဲ့တယ်"
သေချာပေါက် အရှုံးမပေးဘူးပဲ!ဆုနိုသည် လက်သီးများကို ဆုပ်ထားသည်။
ဒိုင်အန်းက သူ့ကို စောင်အောက်မှာ တွန်းလှဲလိုက်ပြီး "မင်းနေမကောင်းသလို လုပ်နေ!"
အလိမ်အညာတွေကို အမှန်အတိုင်းဖြစ်အောင် လုပ်ရမယ်!
ဆုရှောင်းနိုသည် စောင်ကို ခေါင်းပေါ်ဆွဲတင်လိုက်သည်။
ဒါက တကယ်ကို စိတ်အနှောက်အယှက်ဖြစ်စရာပဲ!
အခန်းတွင်းရှိအရာအားလုံးပုံမှန်ဖြစ်ကြောင်း သေချာစေပြီးနောက် ဒိုင်အန်းသည်တံခါးကို တည်ငြိမ်စွာဖွင့်လိုက်ပြီး "ဥက္ကဌလော့"
"နိုနို အိပ်ပျော်နေပြီလား?" လော့လီက အခန်းထဲကို ချောင်းကြည့်လိုက်သည်။
နိုနို၏တစ်ကိုယ်လုံးကို စောင်ဖြင့် ဖုံးအုပ်ထားသည်။
“ဟုတ်တယ်၊ သူ အအေးမိသွားတာ ဖြစ်နိုင်တယ်” ဒိုင်အန်းက ပြန်ဖြေသည်။
"ဆရာဝန် ခေါ်ပေးရမလား?" လော့လီက ဝင်လာပြီး တံခါးကို ဖြတ်လျှောက်သွားလိုက်သည်။
ဒိုင်အန်း:......
တကယ်တော့ သူက ဆေးယူထားပြီး ပြန်လွှတ်လိုက်ချင်ခဲ့တာလေ။ သူက ဘာလို့ဝင်လာရတာလဲ!
"နိုနို။" လော့လီသည် ကုတင်အစွန်းတွင် ထိုင်လိုက်သည်။
Shitttt!!
ဆုရှောင်းနိုသည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရကာ စောင်အောက်ထဲမှ မျက်လုံးပြူးထွက်သွားရသည်။
ဒီအခြေအနေကဘာကြီးလဲ!
ချစ်ရတဲ့မိဖုရားကြီးက သူ့ကို တကယ်ကြီး အထဲကို ဝင်ခွင့်ပြုလိုက်တယ်ပေါ့! ဒါ အဓိပ္ပါယ်မရှိဘူး!
"မင်းမျက်နှာကို မဖုံးထားပါနဲ့။" လော့လီက စောင်ကို ဆွဲချလိုက်သည်။
ဆုနို သူ့မျက်လုံးတွေကို မှိတ်ထားဖို့တောင် အချိန်မရှိလိုက်ပေ!
ထို့ကြောင့် သူသည် လော့လီ နှင့် မတော်တဆ မျက်လုံးချင်းဆုံမိသွားသည်။
ဒါ တကယ်ကြောက်စရာကောင်းတယ်!
"မင်းအဆင်ပြေရဲ့လား?" လော့လီသည် ရယ်ချင်စိတ်ကို စိတ်ထဲတွင် ထိန်းချုပ်ထားလိုက်ရသည်။
“.. အင်း” ဆုနိုသည် အိပ်ပျော်နေသလို သရုပ်ဆောင်လို့မရတော့သောကြောင့် အားနည်းနေသည့် အသံကိုသာ ပေးနိုင်သည်။
"အဖျားရှိနေလား?" လော့လီသည် သူ့နှာဖူးအပူချိန်ကို တိုင်းဖို့ကြိုးစားရင်း သူ့လက်ကို ဆန်ထုတ်လိုက်သည်။
မထိနဲ့ အား! ဆုနိုသည် စိတ်ထဲ၌ အော်ဟစ်လိုက်သည်။
ညစ်ပတ်တဲ့ ဂမ်းစတားကြီး!!!
"ဥက္ကဌလော့....နိုနိုမှာ ဘာပြဿနာမှမရှိပါဘူး။ သူကောင်းကောင်းအိပ်ဖို့ပဲ လိုတာပါ။ ပြီးရင် သူနေကောင်းသွားပါလိမ့်မယ်" ဒိုင်အန်းသည် လော့လီကို ရပ်တန့်စေလိုက်သည်။
"ဆန်ပြုတ်ချက်ပေးဖို့ လူရှာပေးရမလား?" လော့လီက မေးသည်။
“တကယ်တော့ မလိုပါဘူး။ သူ ဆေးနည်းနည်းသောက်ပြီး နားဖို့ပဲ လိုတာပါ၊ မနက်ဖြန် အလုပ်အတွက် မနှောင့်နှေးစေရပါဘူးလို့ ကတိပေးပါတယ်။”
အဲ့လောက် မသေချာနဲ့လေ!
ဆုနိုက သူ့စိတ်ထဲမှာ ညည်းညူနေ၏။ သူတကယ် နိုင်ငံခြားကို ပြန်သွားခဲ့ရင် ငါ သေချာပေါက် ရိုက်နှက်ပစ်ရမယ်!
“ဒါဆို ကောင်းကောင်းအနားယူပါ။ ညရှူတင်ကို ဖျက်ပေးလိုက်ပါမယ်" လော့လီသည် ကုတင်ဘေးရှိ စားပွဲခုံပေါ်တွင် နာမည်ကဒ်ကို တင်ထားပေးလိုက်သည်။ “မင်း တစ်ခုခု လိုအပ်ရင် အချိန်မရွေး ဖုန်းဆက်လို့ရပါတယ်”
"ကျေးဇူးတင်ပါတယ်" ဒိုင်အန်း၏လူ့ကျင့်ဝတ်သည် ထိပ်တန်းပင်။ လော့လီထွက်သွားတာကို သူမြင်လိုက်ရသည်။ သူပြန်လာပြီးနောက်တွင် နာမည်ကတ်ကို ရွံရှာစွာဖြင့် ကြည့်နေသည့် ဆုနိုကို တွေ့လိုက်ရသည်။
"အခု ဘာဖြစ်နေတာလဲ?" ဒိုင်အန်းက မေးသည်။
"တစ်ခုခုရှိရင် သူ့ကို အချိန်မရွေး ဖုန်းဆက်လိုက်ပါ။ ဒီစကားလုံးက ဟိုတယ်က maidတွေနဲ့တူတယ်လို့ မထင်ဘူးလား?" ဆုနိုသည် သူ့စိတ်ကူးထဲက အတွေးတွေကို ထုတ်ပြောလိုက်သည်။
“.....လုံးဝမထင်ပါဘူး။” ဒိုင်အန်းက နာမည်ကဒ်ကို ဆွဲယူကာ ဖွက်ထားလိုက်သည်။ “သွား ရေချိုးပြီး ဒီည စောစောအိပ်တော့”
"သူ လှေကားထောင့်မှာ နတ်ဆိုးဆန်ဆန် ပြုံးနေမှာ သေချာတယ်။ ဒါဆိုရင် ဆိုးဝါးတဲ့အစီအစဥ်တစ်ခုနဲ့အတူ သူပြန်ပေါ်လာလိမ့်မယ်။” ဆုနိုသည် သူ့ခေါင်းထဲမှာ တွေးနေတုန်းပင်။
ဒိုင်အန်း သူ့ကို ရေချိုးခန်းထဲသို့ တွန်းပို့လိုက်သည်။
အဲ့ဒီနောက်......ဆုနိုက နာနာခံခံဖြင့် ရေသွားချိုးတာများ ဖြစ်နိုင်မလား?
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မလဲ!
အမှန်မှာတော့ သူသည် လျှို့ဝှက်ကင်မရာများ ရှိ၊ မရှိ၊လျှောက်ပတ်စစ်ဆေးနေကာ သူ့ရဲ့ သတိထားနိုင်မှုမှာ အလွန်နိုးကြားမြင့်မားသဖြင့် ကြည့်ရခက်ရပေသည်။
"နိုနို....ဘာလို့ အခုထိ ရေမချိုးသေးတာလဲ?" ဆယ်မိနစ်အကြာတဲ့အထိ ရေသံမကြားရသေးသည့်အတွက် ဒိုင်အန်းသည် အလွန်စိတ်ရှုပ်ထွေးသွားသည်။
"ဝမ်းချုပ်နေလို့ -ီး မထွက်နိုင်သေးဘူး" ဆုနိုသည် လေးလေးနက်နက် ပြန်ဖြေသည်။
ဒိုင်အန်း၏ ပါးစပ်သည် ဆားနယ်ထားသော ဇီးသီးများ ပြည့်နေသကဲ့သို့ ခံစားလိုက်ရကာ မျိုချ၍မရ.တွေးထုတ်၍လည်းမရနိုင်ပေ။
မျက်နှာကျက်ကို စစ်ဆေးပြီးနောက် အားလုံးပုံမှန်ဖြစ်နေသည့်မို့ ဆုနိုသည် နောက်ဆုံးတွင် toilet ပေါ်မှခုန်ဆင်းကာ ရေချိုးရန် ရေနွေးကိုဖွင့်လိုက်သည်။နောက်နှစ်ရက်အကြာ အလုပ်ပြီးလို့အိမ်ပြန်ရောက်သည်နှင့် သူဘယ်လိုနေရမည်ကို သေချာစွာ တွေးနေမိတော့သည်။ မစ္စတာဒါရိုက်တာနှင့်အတူ 'ဆင်ဆာဖြတ်*' နှင့် 'ဆင်ဆာဖြတ်*' ဘယ်လိုလုပ်ကြမလဲ ဆိုတာတွေကိုပေါ့!
နောက်ဆုံးတော့ အလုပ်ရက်ရှည်က ကြင်စဦးမောင်နှံတို့ကို လွှမ်းမိုးထားလေတော့သည်။
LDRS ဆက်ဆံရေးက လူကို တကယ် ဝမ်းနည်းစေတာပဲ!
LDRS ဆက်ဆံရေးထက် ပို၍ခါးသီးရသည်မှာ ကျုံးလီဖုန်းပိုင်နှင့် မုချိုးတို့ပင် ဖြစ်သည်။
အကြောင်းမှာ ဥက္ကဌမု၏ မျက်လုံးများသည် ပြဿနာအနည်းငယ်ရှိပုံရသည်။
“သူ့ရဲ့ဦးနှောက်ကို ထိခိုက်သွားတဲ့အရှိန်ကြောင့် အမြင်အာရုံကြောတွေကို ထိသွားပြီး ပြဿနာဖြစ်သွားတာပါ” ဆရာဝန်က ဆက်လက် ပြောခဲ့သည်။ “ဒါက ကြီးမားတဲ့ ပြဿနာ မဟုတ်ပါဘူး။လုံလုံလောက်လောက် အနားယူပြီးရင် တဖြည်းဖြည်း ပြန်လည်ကောင်းလာမှာပါ”
မုချိုးသည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး မျက်နှာကျက်ကို ကြည့်ရင်း တိတ်ဆိတ်နေ၏။
"စိတ်မပူပါနဲ့" ဆရာဝန်ထွက်သွားပြီးနောက် ကျုံးလီဖုန်းပိုင်သည် ကုတင်ဘေးမှာထိုင်လိုက်ပြီး "ဒါက ယာယီအခြေအနေတစ်ခုလို့ ဆရာဝန်ကပြောတယ်လေ။ နောက်ကျရင်တော့ ပြန်ကောင်းလာမှာပါ"
“...အင်း” မုချိုး၏အသံသည် အလွန်တိုးညှင်းနေသည်။
“လအနည်းငယ်လေးပါပဲ။ ဆေးရုံမှာ အပန်းဖြေခရီးထွက်နေသလိုမျိုး စိတ်ထဲထားလိုက်ပါ” ကျုံးလီဖုန်းပိုင်သည် မုချိုးကို နှစ်သိမ့်ပေးခဲ့သည်။
မုချိုးကတော့ စကားတစ်ခွန်းမှ ပြန်မပြော။ သူနိုးလာသောအခါတွင် သူ့မျက်လုံးတွေကို ပိတ်အလွှာဖြင့် ဖုံးအုပ်ထားသည်ကိုသာ တွေ့လိုက်ရပြီး ဘာမှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူမှ စိတ်ချမ်းသာမှာ မဟုတ်ပါဘူး။
ကျုံးလီဖုန်းပိုင် ပြောလိုက်သည်။“အခုလေးတင် ခင်ဗျားရဲ့ဝန်ထမ်းက လာသွားတယ်။ ကုမ္ပဏီက ပုံမှန်အတိုင်းလည်ပတ်နေတယ်လို့ ပြောတယ်၊ သူက ခင်ဗျားကို စိတ်မပူစေချင်တဲ့ပုံပါပဲ။ ကျွန်တော်လည်း ခွင့်လျှောက်ထားပြီးပြီ၊ ခင်ဗျား ပြန်ကောင်းလာတဲ့အထိ အတူတူရှိနေမှာပါ"
"အနာဂတ်မှာ ကိုယ် ဘာမှမမြင်နိုင်တော့ဘူးလား?" မုချိုး၏အသံသည် အက်ရှရှဖြင့်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မလဲ?” ကျုံးလီဖုန်းပိုင်သည် မျက်ခုံးကျုံ့လိုက်ပြီး "ပေါက်ကရတွေ တွေးမနေနဲ့!"
မုချိုးက နှုတ်ဆိတ်နေဆဲ။ သူ့အမူအရာက နည်းနည်းတော့ ပင်ပန်းနေသည့်ပုံပင်။
"ဒီလိုမဖြစ်စေရပါဘူး။ သေချာပေါက် အဆင်ပြေမှာပါ" ကျုံးလီဖုန်းပိုင်သည် မုချိုး၏လည်ပင်းကြားတွင် သူ့မျက်နှာကို အပ်ထားလေသည်။
“မှတ်ထားနော်၊ သတင်းထောက်တွေကို လျှောက်ပြီး မရေးစေနဲ့,ပြီးတော့လည်း.....ကိုယ်တို့ရဲ့ ဆက်ဆံရေးကို ဖွင့်မဟစေနဲ့"
"ဘာလို့လဲ!" ကျုံးလီဖုန်းပိုင် နားမလည်နိုင်ပေ။ " ခင်ဗျားက ဘာလို့ ဒါမျိုးကို ရုတ်တရက် ဆုံးဖြတ်လိုက်ရတာလဲ?"
"ကိုယ် ပြန်ကောင်းလာပြီးမှ ဒီအကြောင်းဆက်ပြောကြမယ်လေ။" မုချိုးသည် သူ့နောက်ကျောလေးကို ပွတ်ပေးလိုက်သည်။
"ခင်ဗျားက နောင်တရသွားလို့မလား?" သူ့ဦးနှောက်က ချက်ခြင်းပင် ဖြစ်နိုင်ချေတစ်ခုကို စဥ်းစားလိုက်ပြီး ကျုံးလီဖုန်းပိုင်က တည့်တည့်မတ်မတ် ထထိုင်လိုက်သည်။
မုချိုးက ခါးသက်သက် ပြုံးလိုက်ပြီး "ဒီလိုမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
"ဒါဆို ခင်ဗျားက ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို တခြားသူတွေကို ဝန်မခံချင်တာလား။" ကျုံးလီဖုန်းပိုင်က ဆက်မေးသည်။
“.......”
မုချိုးက သက်ပြင်းချလိုက်ပြီး “ဘာမှ စိတ်မပူပါနဲ့, ထားလိုက်ပါ”
စိတ်မပူစေချင်ရင် စကားပြောနေရင်း လမ်းတစ်ဝက်မှာတင် မရပ်လိုက်နဲ့လေ!ကျုံးလီဖုန်းပိုင်သည် သူ့ကော်လံကို ဆုပ်ကိုင်လိုက်ပြီး လှုပ်ရမ်းလိုက်ချင်သည်။ ဒါပေမယ့် သူ ဒါကို သေချာပေါက် မလုပ်နိုင်ဘူး။
မုချိုး ချောင်းဆိုးနေသေးတာကို မြင်လိုက်ရတော့ သူက နှင်းမှိုနဲ့ နှင်းသစ်တော်သီးဟင်းရည်ကို အပူပေးပြီး ဂရုစိုက်တတ်တဲ့ ဇနီးတစ်ယောက်လို ပန်းကန်တစ်လုံးထဲကို ထည့်ကာ ခွံ့ကျွေးလိုက်သည်။
သူ့ဦးနှောက်ဒဏ်ရာရထားပြီး သွေးအရမ်းထွက်ထားတာကြောင့်လားမသိ။ ဖြစ်နိုင်တာက မုချိုးကတော့ ထူးထူးခြားခြား နုံးနေလေသည်။အိုးရန်လုံ ရောက်လာပြန်တော့လည်း သူ အိပ်ပျော်သွားပြန်သည်။
"သူ့မျက်လုံးတွေကရော ဘယ်လိုလဲ?" ဒီကိစ္စကို ဖုန်းကနေတစ်ဆင့် ကြားပြီးနောက် အိုးရန်လုံက ဒီကိုချက်ချင်းရောက်လာတာပဲ ဖြစ်သည်။
"ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ ဆရာဝန်က လအနည်းငယ်လောက် အနားယူပြီးရင် ပြန်ကောင်းလာလိမ့်မယ်လို့ ပြောတယ်" မုချိုးနိုးလာမည်ကို စိုးရိမ်သဖြင့် ကျုံးလီဖုန်းပိုင်နှင့် အိုးရန်လုံတို့သည် လသာဆောင်သို့ ရောက်လာကြသည်။
"အစောင့်တစ်ယောက်ငှားဖို့ လိုလား?"
"အရေးပေါ်အခြေအနေတွေမှာ ကူညီပေးမယ့် အဒေါ်တစ်ယောက်တော့ ရှိပါတယ်၊ ဒါပေမယ့် သူ့ကိုနေ့စဉ်ဂရုစိုက်ပေးမယ့်သူ ကျွန်တော်ပါပဲ,ကျွန်တော် အလုပ်ခဏ နားထားလိုက်ပြီ"
အိုးရန်လုံက ပြောလိုက်သည်။ "မင်းနဲ့တွေ့ခွင့်ရခဲ့တဲ့အတွက် သူ့ဘဝက ဒီလောက်မဆိုးပါဘူး"
"ကျွန်တော့်အတွက်မဟုတ်ရင် ဒီလိုမျိုးတွေဖြစ်လာမှာ မဟုတ်ဘူး” ကျုံးလီဖုန်းပိုင်ရဲ့နှလုံးသားထဲမှာ တင်းကျပ်သွားလေသည်။
"အများကြီး မစဉ်းစားပါနဲ့။" အိုးရန်လုံက သူ့ပုခုံးကို ပုတ်ပေးလိုက်ပြီး "သေချာပေါက် မင်းကို အပြစ်မတင်ပါဘူး"
"တစ်ခုလောက် မေးလို့ရမလား?" ကျုံးလီဖုန်းပိုင်က မေးလိုက်သည်။
"ရပါတယ်။" အိုးရန်လုံက ခေါင်းညိတ်သည်။
"မစ္စတာအိုးရန်လုံ ဒီကိုမလာခင်မှာ သူက ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို မီဒီယာကိုမထုတ်ဖော်ဖို့ စည်းရုံးဖို့ကြိုးစားခဲ့တယ်" ကျုံးလီဖုန်းပိုင်သည် မျက်ခုံးပင့်လိုက်သည်။ "ကျွန်တော် အကြောင်းပြချက်ကို မေးပေမယ့်လည်း သူက ကျွန်တော့်ကို မပြောပြဘူး။" အရင်တုန်းကပဲ သူက ဖွင့်ပြောဖို့ အရမ်းစိတ်အားထက်သန်နေတာလေ,အခု ဘာကြောင့် ဖုံးကွယ်ထားချင်ရတာလဲ!
အဲဒါကိုကြားပြီးနောက် အိုးရန်လုံသည် မရယ်ဘဲ မနေနိုင်တော့ပေ, "မင်းရဲ့အကျိုးအတွက်လို့ သူထင်နေတာပဲ"
"ဘာကိုဆိုလိုတာလဲ?" ကျုံးလီဖုန်းပိုင်က နားမလည်နိုင်သေး။
"သူတကယ်မျက်စိမမြင်ရတော့ရင် မင်းကိုဆွဲချခံသွားမှာကို သူကြောက်နေတာပဲ။"
ကျုံးလီဖုန်းပိုင်သည် public figure
တစ်ဦးဖြစ်သောကြောင့်၊ RS ကဲ့သို့ အရာများသည် အမြဲထင်ရှားပေါ်လွင်နေမည်ဖြစ်သည်။ ချို့ယွင်းချက်မှန်သမျှကို အတိုင်းအတာတစ်ခုအထိ ချဲ့ထွင်ခံသွားရမည်ဖြစ်သည်။ အဆိုးဆုံးအခြေအနေတွင် မုချိုးသည် အနာဂတ်တွင် အမှန်တကယ် မျက်စိကွယ်သွားခဲ့ပါက၊ သူတို့နှစ်ဦး လမ်းခွဲလိုက်မည်ဆိုပါက.....
၎င်းတို့၏ဆက်ဆံရေးကို ဘယ်သောအခါမှ ထုတ်ဖော်ပြသခြင်းမရှိပါက၊ ၎င်းကို မီဒီယာ၏ချဲ့ကားမှုအဖြစ် ယူဆနိုင်သည်။ သူတို့နှစ်ဦးသည် အစကတည်းက သူငယ်ချင်းများသာဖြစ်သကဲ့သို့ ကျုံးလီဖုန်းပိုင်သည်လည်း အပြင်ဘက်မှာ 'မျက်မမြင်ချစ်သူကို စွန့်လွှတ်ခဲ့သူ' အဖြစ် တံဆိပ်ကပ်ခံရမည်မဟုတ်ပေ။
ကျုံးလီဖုန်းပိုင်သည် အနည်းငယ် မူးဝေသွားရသည်။
ဒေါသထွက်ရဖို့ အကြောင်းရင်းက ပေါ်လာလေပြီ။
'တကယ်လို့ မျက်မမြင်ဖြစ်သွားရင် ဆွဲချခံသွားရမယ်' ဆိုတာက ဘာကိုဆိုလိုတာလဲ!
အစကတည်းက သူ့ကို အရှက်မဲ့စွာ တွယ်ကပ်နေခဲ့ပြီး သူ့ခံစားချက်တွေကို ရှုပ်ထွေးအောင် လုပ်ခဲ့ပြီး လက်ကို ကိုင်ချင်၊ ပွေ့ဖက်ချင်၊ နမ်းချင်၊ အိပ်ယာပေါ်မှာ နေချင်နေခဲ့တာလည်း သူပဲလေ။ အခု နောက်ဆုံးမှာတော့ သူတို့ဟာ လက်ချင်း တွဲခဲ့ကြတယ်၊ နမ်းခဲ့ကြတယ်၊ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကုတင်ပေါ်မှာ လူးလဲပြီး လက်စွပ်တွေတောင် လဲလှယ်ခဲ့ကြသေးတယ်။ သူတို့တစ်ဘဝလုံးသတ်မှတ်ခံထားရပြီးပြီ ထင်ရပေမယ့် အခု သူက တကယ်ပဲ အနာဂတ်မှာ လမ်းခွဲနိုင်ခြေကို တွေးနေခဲ့တာပဲ။ ဒါက တကယ်ကို ခွင့်မလွှတ်နိုင်စရာကိစ္စပဲ!
တခါ!
ဒါရိုက်တာကျုံးက!
ရပ်သွားပြီ!
သူ့စကားတွေကိုပေါ့!
ဒါက ဘာကိုဆိုလိုတာလဲဆိုတော့!
သူတကယ်ပဲ!
စိတ်ဆိုးနေပြီ!
"မင်းလည်း စိတ်ဆိုးမနေပါနဲ့တော့" အိုးရန်လုံက သူ့ကို နှစ်သိမ့်လိုက်ပြီး " မုချိုးက မင်းအကျိုးအတွက် တွေးလိုက်တာပဲ"
"ကျွန်တော်ကို မယုံပေးတာလား!" အနုပညာရှင်လူငယ်လေး၏နုနယ်သည့် အာရုံကြောတွေကို ထိမှန်သွားလေပြီ!
"သူက တုံးတယ်လေ!" အိုးရန်လုံက သူ့ကို လေးလေးနက်နက် သတိပေးလိုက်သည်။ "မုချိုးက ပြင်းထန်တဲ့ဒဏ်ရာကနေ မသက်သာသေးတဲ့အတွက် သေချာပေါက် သူ့ကိုရိုက်လို့မရသေးဘူးနော်!"
"ကျွန်တော်သိတယ်!" ကျုံးလီဖုန်းပိုင်သည် သူ့ဘေးနားက တံမြက်စည်းကို ပြင်းပြင်းထန်ထန် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး "သူပြန်ကောင်းလာတဲ့အထိ ကျွန်တော် စောင့်မယ်။ ပြီးတော့ ရိုက်နှက်ပစ်မယ်"
"အကြံဥာဏ်ကောင်းပဲ!" အိုးရန်လုံသည် လက်မထောင်ပြပြီး "ဒါဆို မင်းအတွက် အဝတ်လျှော်ဘုတ်ပြား သုံးခုကို ပြင်ပေးထားမယ်"
ကျုံးလီဖုန်းပိုင်သည် သူ့သွားတွေကို တင်းတင်းကျိတ်နေလိုက်ပြီး လူနာခန်းထဲကို ကြည့်လိုက်သည်။
ပြန်ကောင်းလာပြီးရင်!
ခင်ဗျား!
သေပြီပဲ!
¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
အခန္း(၇၅):ျမန္ျမန္,သူ႕ကိုႏွင္ထုတ္လိုက္! ႏွင့္ ခင္ဗ်ားေသၿပီပဲ
"ဒါေပမယ့္ ဥကၠဌေလာ့က ငါတို႔ရဲ႕ ရင္းႏွီးျမဳပ္ႏွံသူေလ။ သူ႕ကို ဘယ္လိုလုပ္ၿပီး ႏွင္ထုတ္လို႔ရမွာလဲ!" ဒိုင္အန္းက ထိုလူ၏အေရးပါမႈကို ထုတ္ေဖာ္ေျပာလိုက္သည္။
"အဲဒါေၾကာင့္ မင္းကို အၾကံဥာဏ္ေတြ ေပးေစခ်င္ေနတာေပါ့!" ဆုႏိုသည္ သူ႕အား ေမွ်ာ္လင့္ခ်က္မ်ားျဖင့္ ျပည့္ႏွက္ေနသည့္ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနသည္။
သူ႕အၾကည့္က ဒိုင္အန္းကို စိတ္မသက္မသာျဖစ္ေစၿပီး ေနာက္ဆုံးေတာ့ တုံ႔ဆိုင္းစြာပင္ သေဘာတူလိုက္ရသည္။ အလုပ္ၿပီးတာနဲ႔ သူ ေလာ့လီဆီကို စကားေျပာဖို႔ အျမန္သြားၿပီး မနက္ျဖန္ ဒီကိုလာအုံးမလားလို႔ သြားေမးလိုက္သည္။
“လာဖို႔႐ွိပါတယ္။ ဒီအေတာအတြင္း ကြၽန္ေတာ္ ဘာမွလုပ္စရာမ႐ွိပါဘူး”
ဒိုင္အန္း၏ႏွလုံးသည္ ခ်က္ခ်င္းပင္ နစ္ျမဳပ္သြားေသာ္လည္း သူသည္ ပန္းပြင့္ေလးလို အျပဳံးမ်ိဳးျဖင့္ ျပဳံးထားဆဲျဖစ္သည္။“တကယ္ေတာ့ ႏိုႏိုက တကယ္ပဲ ပေရာ္ဖက္႐ွင္နယ္ဆန္တဲ့ ေမာ္ဒယ္တစ္ေယာက္ပါ။ ႐ိုက္ကူးေရးအဖြဲ႕ကလည္း ပါတနာေဟာင္း ျဖစ္ျပန္ေနေရာ။အဲ့တာေၾကာင့္မို႔လို႔ ဥကၠဌေလာ့ စိတ္ပူစရာမလိုပါဘူး။" ဒါဆိုရင္ ျမန္ျမန္ အလုပ္ဆင္းေတာ့!
"ကြၽန္ေတာ္ သိပါတယ္" ေလာ့လီက ျပဳံးၿပီး "ဒါေပမယ့္ ဒီက ဆက္တင္ေတြက အရမ္းေကာင္းတယ္။ အဲဒါကို စိတ္ဖိစီးမႈေလွ်ာ့က်သြားေအာင္လို႔ လာအပန္းေျဖတဲ့သေဘာအေနနဲ႔ပါ။ သိပ္မဆိုးပါဘူး"
ဒီအခ်က္ကို ေရာက္သည္ႏွင့္ ဒိုင္အန္းသည္ မည္သို႔ဆက္လုပ္ရမည္ကို မသိေတာ့ေပ။ ထို႔ေၾကာင့္ သူသည္ ဆုႏိုဆီသို႔သာ ျပန္သြားၿပီး ဒီေၾကကြဲဖြယ္သတင္းကို သတင္းပို႔ရျပန္ေတာ့သည္။
"မနက္ျဖန္လည္း ဒီကိုလာအုံးမွာလား?" ထိုသတင္းကိုၾကားၿပီးေနာက္ ဆုႏိုသည္ အလြန္ေဒါသထြက္သြားသည္။ တျခားသူရဲ႕ ဖင္ကိုၾကည့္ဖို႔အတြက္ အလုပ္လုပ္တာကို အေၾကာင္းျပၿပီး... ဒီလိုမ်ိဳး... တကယ္ပဲ အ႐ွက္မ႐ွိဘူး!
"ဟုတ္တယ္။ ဥကၠဌေလာ့က သူ႕ကုမၸဏီက သိပ္မၾကာေသးခင္ကမွ အလုပ္မမ်ားတာမဟုတ္ပဲ လုပ္စရာအမ်ားႀကီးကို မ႐ွိေနတာလို႔ ေျပာတယ္" ဒိုင္အန္းက အမွန္အတိုင္းေျပာခဲ့သည္။
"ဘာမွလုပ္စရာမ႐ွိဘူး?" ထိုစကားကိုၾကားၿပီးေနာက္ ဆုႏိုသည္ ခ်က္ခ်င္းပင္ အတည္ေပါက္ျဖင့္ "ငါ့ေၾကာ္ျငာခကို ေပးၿပီးၿပီလား?"
“ေပးၿပီးၿပီ။” ဒိုင္အန္းသည္ အနည္းငယ္ စိတ္႐ႈပ္ေထြးသြားကာ “ဘာလို႔ ဒီလိုေမးဖို႔ ႐ုတ္တရတ္ ေတြးလိုက္ရတာလဲ?”
ဆုႏိုသည္ ေစ့ေစ့စပ္စပ္ ေတြးေတာလိုက္သည့္ဟန္
ျဖင့္ "အဲဒါေကာင္းတယ္။ကုမၸဏီက ဘာမွလုပ္စရာမ႐ွိဘူးဆို။ ဒါကိုၾကား႐ုံနဲ႔ ကုမၸဏီက ေဒဝါလီခံသြားရပုံရတယ္။ ငါတို႔က ပိုက္ဆံျပန္ရဖို လိုတယ္ေလ။ မဟုတ္ရင္ ငါတို႔ ဘာမွမလုပ္ေပးႏိုင္ဘူး!”
ဒိုင္အန္း:........
ဗီလာသည္ ျပင္ဆင္ဆဲအဆင့္တြင္႐ွိေနဆဲျဖစ္ေသာေၾကာင့္ facilities ေတြကို အေခ်ာသတ္ အၿပီးမတည္ေဆာက္ရေသးေပ။ ေလာ့လီက သူ႕အတြင္းေရးမႉးကို ညစာစားဖို႔ လူတိုင္းအတြက္ ေရေႏြးေငြ႕ေလွတစ္စီး စီစဥ္ေပးဖို႔ ေျပာထားသည္။
"ငါတို႔က ဘာစားရမွာလဲ?" ဆုႏိုသည္ ဒိုင္အန္းကို ေထာင့္သို႔ ဆြဲေခၚလိုက္သည္။ ဒါကို သူအရမ္းစိုးရိမ္ေနခဲ့တာ!
"ဥကၠဌ ေလာ့က မင္းအတြက္ အထူးအစားအေသာက္ကိုျပင္ဆင္ေပးထားတယ္"
ဆုႏိုသည္ ခ်က္ခ်င္းေသဆုံးသြားသလို ခံစားလိုက္ရသည္။ "ေအးစက္ေနတဲ့ salad ေတြပဲလား!"
“ဟုတ္တယ္ေလ။” ဒိုင္အန္းက သူ႕ကို အခ်ိန္မီ ႏွစ္သိမ့္ေပးခဲ့သည္။ "ဒါေပမယ့္ ငါ အမဲသားဟင္းကို vacuumed packing နဲ႔ထုပ္ၿပီး ယူလာတယ္၊ အရမ္းစားေကာင္းတယ္!"
"ေအးစက္စက္ႀကီးကို ဘယ္လိုလုပ္ၿပီး စားရမလဲ?" ဆုႏို ေဒါသတႀကီး ေျပာလိုက္သည္။
ဒိုင္အန္းသည္ တုန္လႈပ္ေခ်ာက္ခ်ားစရာ စကားတစ္ခြန္း ေျပာလိုက္သည္။ “ငါ လွ်ပ္စစ္အိုးတစ္လုံးကိုလည္း ယူလာပါတယ္”
ဆုႏိုသည္ ခဏအၾကာထိ အံ့အားသင့္သြားသည္။
သူဆီမွာ ဘာပစၥည္းမဆို အဆင္သင့္ျဖစ္ေနပုံရတယ္!
"အစတုန္းက ညဘက္မွာ ရာသီဥတု အေျခအေနေကာင္းရင္ ေနာက္တစ္ႀကိမ္ ႐ွဴတင္းျပန္စမယ္။ ဒါဆိုရင္ ၿမိဳ႕ထဲကိုျပန္ၿပီး ညစာစားဖို႔ အခ်ိန္မေလာက္ေတာ့ဘူးေလ။ ဒါေၾကာင့္ လွ်ပ္စစ္အိုးကို တစ္ခါတည္း ဝယ္လာခဲ့တာ!"
“ခ်စ္ရတဲ့ အိုက္ေဖးရယ္ ” ဆုေ႐ွာင္းႏိုသည္ ခ်က္ခ်င္းပင္ မ်က္ရည္ယို စီးက်သြားသလို ခံစားလိုက္ရၿပီး “ဒီဧကရာဇ္ ျပန္ေရာက္ရင္ အိုက္ေဖးကို ဧကရီအျဖစ္ တင္ေျမႇာက္ေပးမယ္!”
"မစၥတာဒိုင္အန္း။" ဝန္ထမ္းတစ္ေယာက္ ေရာက္လာၿပီး လာေမးသည္။ “မစၥတာတို႔ႏွစ္ေယာက္ ဘယ္မွာ စားခ်င္ပါသလဲ?”
"အခန္းထဲကိုပဲ ပို႔ေပးပါ" ဒိုင္အန္းက အိတ္ကို ကိုင္လိုက္ၿပီး “ႏိုႏိုက အခု စားခ်င္စိတ္မ႐ွိေသးလို႔ပါ။ ခဏေလာက္ အနားယူၿပီးမွပဲ ေနာက္မွ စားခိုင္းလိုက္ပါ့မယ္”
ဆုေ႐ွာင္းႏိုသည္ အသက္မဲ့သြားသည့္ဟန္ပန္ေလးျဖင့္ အလြန္သနားစရာေကာင္းစြာ ပူးေပါင္းေပးခဲ့သည္။
သူက တကယ္,တကယ့္ကို အားနည္းလြယ္ပုံပင္!
မီးဖိုေခ်ာင္မွ ရနံ႔မ်ားက ပ်ံ႕လြင့္လာေတာ့ ဆုႏို၏ဝမ္းဗိုက္က အသုံစုံျမည္လာသည္။
သူ႕ေဒါသေတြ မေပါက္ကြဲခင္ ဒိုင္အန္းသည္ သူ႕ကို အျမန္ျပန္ဆြဲေခၚလာခဲ့သည္။
ႏွစ္ေယာက္စလုံးက ဗီလာေဘး႐ွိ အေဆာင္ခန္းေလးမွာ ေနၾကသည္။ ဒုတိယထပ္႐ွိ ေသးငယ္တဲ့ ေကာင္းကင္အလင္းတန္းသည္ အလြန္ခ်စ္စရာေကာင္းၿပီး ညဘက္တြင္ပင္ ေကာင္းကင္ကို ျမင္ႏိုင္သည္။
သို႔ေသာ္ ဆုႏိုသည္ ဤအခ်င္းအရာကို စိတ္မဝင္စားသည္မွာ ထင္႐ွားပါသည္။ သူက ေဒါသတႀကီး ညည္းညဴရင္း "ငါလည္း streamboat ေပၚမွာ စားခ်င္တယ္!"
"႐ႈတင္ၿပီးတာနဲ႔ ငါတို႔ ၿမိဳ႕ထဲကိုျပန္ၾကမယ္ေလ" ဒိုင္အန္းသည္ သူ႕ကို ႏွစ္သိမ့္ေပးရင္း လွ်ပ္စစ္အိုးကို ထုတ္လိုက္သည္။
"နာမည္ႀကီး streamboat ဆိုင္တိုင္းမွာတစ္လွည့္စီလိုက္စားၾကမယ္!ေမႊးႀကိဳင္တဲ့ အစပ္အိုး ကေန ပင္လယ္စာ အိုးအထိ၊ ခရမ္းခ်ဥ္သီးအိုးကိုေတာင္ အလဟသမျဖစ္ေစရဘူး!” အရမ္း႐ူးသြပ္!
“အင္း။” ဆုႏိုသည္ vacuum packing ျဖင့္ ထုတ္ပိုးထားသည္ကိုဖြင့္ရန္ ဓားငယ္ကိုအသုံးျပဳလ်က္ ၾကမ္းျပင္ေပၚတြင္ ထိုင္ခ်လိုက္သည္။ "ဒါက ဘာတံဆိပ္လဲ?"
“ငါ့ အေမ လုပ္ေပးလိုက္တာ” ဒိုင္အန္းက ေျပာလိုက္သည္။
ဆုႏို၏အရည္ျပားသည္ မည္မွ်ပင္ ထူထဲေနေသာ္လည္း အနည္းငယ္ေတာ့ ႐ွက္႐ြံ႕သြားရၿပီး "စားစရာေတြ လုပ္ဖို႔ အေဒၚကို ဆက္ၿပီး အေႏွာက္အယွက္ ေပးေနရတာ အဆင္မေျပဘူး"
"ရပါတယ္၊ သူက အၿငိမ္းစားယူၿပီးၿပီ။ ဘာမွလုပ္စရာမ႐ွိဘူး" ဒိုင္အန္းက လွ်ပ္စစ္အိုးကို အပူေပးလိုက္သည္။
"ဒါေပမယ့္ မင္းမိသားစုမွာ ဘာလို႔ vacuum packing လုပ္တဲ့စက္႐ွိေနရတာလဲ?" ဆုႏို အနည္းငယ္ စိတ္႐ႈပ္သြားသည္။
"အိမ္မွာ ငါ့ခယ္မက အမဲသားကို ခ်က္ၿပီး အြန္လိုင္းမွာ ေရာင္းတယ္ေလ" ဒိုင္အန္းသည္ ဟင္းအိုးထဲသို႔ ထမင္းေလာင္းထည့္လိုက္သည္။ "အဲ့တာ႐ွိလို႔ ေက်းဇူးတင္ရမယ္၊ငါတို႔မွာ အမ်ိဳးမ်ိဳး ႐ွိတယ္။"
"မင္းတို႔မိသားစုက အရမ္းေကာင္းတာပဲ" ဆုေ႐ွာင္းႏိုသည္ ဒိုင္အန္းတြင္ မိသားစုႀကီးတစ္ခု႐ွိေနတာေၾကာင့္ အနည္းငယ္ မနာလိုျဖစ္မိသည္။
"ဒါေတြၿပီးရင္ေတာ့ ငါတို႔ ဒီေလာက္ အလုပ္မ႐ႈပ္ေတာ့ရင္ မင္းကိုစားဖို႔ေသာက္ဖို႔အတြက္ ငါ့အိမ္ကို လိုက္ပို႔ေပးမယ္။ စိတ္မပူပါနဲ႔ သူတို႔အားလုံး မင္းကို အရမ္းခ်စ္ၾကၿပီး မလိုအပ္တဲ့အရာေတြကို ေျပာၾကမွာ မဟုတ္ဘူး"
"အခ်စ္ေလး!"ဆုႏိုသည္ အရမ္းကို ရင္ထဲထိသြားၿပီး ေပြ႕ဖက္လိုက္ကာ “မင္း ေနာင္အခါက် အိမ္ေထာင္ျပဳၿပီးအေဝးကိုထြက္သြားရင္ ငါ မင္းကို ေသခ်ာေပါက္ လက္လႊတ္ႏိုင္မွာ မဟုတ္ေတာ့ဘူး”
ဒိုင္အန္းသည္ ဆြံအကာ "... ဘာလို႔ အေဝးမွာ လက္ထပ္ရမွာလဲ?"
ဘာလို႔လဲဆိုေတာ့ ဒီဧကရာဇ္က အိမ္ေထာင္က်ၿပီးသားမို႔လို႔ပဲ။ ဆုေ႐ွာင္းႏိုသည္ အနည္းငယ္႐ွက္သြားမိသည္။
“လိုက္စေနတာကို ရပ္ေတာ့၊ ငါတို႔ ထမင္းျမန္ျမန္စားရမယ္။ ငါတို႔ ႐ိုက္ရမွာေတြ ႐ွိေသးတယ္” ဒိုင္အန္းက သူ႕လြယ္အိတ္ထဲက ပန္းကန္ခြက္ေယာက္ေတြကို ထုတ္လိုက္သည္။
curryဟင္းက ႏူးအိေနၿပီး ေစးကပ္ေနသည္။ အမဲသား ၏ႏူးညံ့မႈႏွင့္အတူ အရသာက ျပင္းထန္ၿပီး အုန္းရနံ႔႐ွိသည္။ ပန္းကန္လုံးႀကီးတစ္လုံးကို တစ္ခါတည္းစားရင္ေတာင္ အီသြားမွာမဟုတ္ေပ။
"အန္တီက အရမ္းေတာ္တာပဲ!" ဆုႏိုသည္ သူ႕မ်က္ႏွာတျပင္လုံး ထမင္းလုံးေတြေပပြသြားသည္အထိ စားလိုက္သည္။
“အခ်ဥ္ေဖာက္ထားတဲ့ ဇီးသီးေဖ်ာ္ရည္လည္း ႐ွိေသးတယ္၊ ထင္းမီးနဲ႔ လုပ္ထားတာ” ဒိုင္အန္းသည္ ဆုႏို၏ပါးစပ္ကို သုတ္ေပးလိုက္သည္။
ဆုႏိုသည္ ခ်က္ခ်င္းပင္ သြားရည္ေတြထြက္လာရေတာ့သည္။ ဇီးသီးေဖ်ာ္ရည္က ခ်ဥ္ခ်ဥ္ခ်ိဳခ်ိဳေလး၊ ၾကားလိုက္႐ုံနဲ႔တင္ လူကိုတကယ္ကို ဆြဲေဆာင္မႈ႐ွိတယ္။
"အခု ေသာက္ခ်င္လား?" ဒိုင္အန္းသည္ သူ႕အမူအရာေျပာင္းလဲသြားတာနဲ႔ပတ္သက္လွ်င္ အလြန္ရင္းႏွီးေနၿပီျဖစ္သည္။
ဆုႏို ေခါင္းကို အျမန္ညိတ္လိုက္သည္။
"ငါ မင္းကို နည္းနည္းထည့္ေပးမယ္" ဒိုင္အန္းသည္ မတ္တပ္ရပ္လိုက္သည့္အခ်ိန္ တစ္စုံတစ္ေယာက္က ႐ုတ္တရက္ တံခါးလာေခါက္ေသာအခါ ခရီးေဆာင္အိတ္နားကိုပင္ မေရာက္လိုက္ေပ။
shshshit!! ဆုႏိုသည္ ခ်က္ျခင္း မ်က္လုံးျပဴးသြားေတာ့သည္။ အခန္းထဲမွာ ဟင္းနံ႔ေတြ ျပည့္ေနတာ ဘာလုပ္ရမလဲ။ ဒါက တကယ္ကို ထိတ္လန္႔စရာေကာင္းတယ္!
ထို႔ေနာက္ ဒိုင္အန္းသည္ ဆုႏိုတစ္ေယာက္ ျပတင္းေပါက္ဘက္သို႔ ခုန္ပ်ံခြခုန္ကာ ဟင္းအနံ႔ေတြ ျပန္ထြက္ရန္ မဂၢဇင္းျဖင့္ ယတ္ခတ္ေနသည္ကို ျမင္လိုက္ရသည္။
"ဘယ္သူလဲ?" ဒိုင္အန္းက ေမးလိုက္သည္။
"ကြၽန္ေတာ္ပါ " ေလာ့လီက ျပန္ေျဖသည္။
ဓားအမာ႐ြတ္နဲ႔လူက စက္ဆုပ္အထင္အျမင္ေသးဖြယ္ေကာင္းၿပီး အ႐ွက္ကင္းမဲ့သူဆိုတာ အသိသာႀကီး! ဆုႏိုက အရမ္းေဒါသထြက္ေနၿပီး ဒိုင္အန္းသည္လည္း ေခါင္းကိုက္ေနရၿပီ "ဥကၠဌ ေလာ့ လိုအပ္တာမ်ားတစ္ခုခု႐ွိေနလို႔လား"
"ႏိုႏိုေနမေကာင္းဘူးဆိုတာ ၾကားလိုက္ရလို႔ပါ, ဒါေၾကာင့္ သူဘယ္လိုေနေသးလဲဆိုတာၾကည့္ဖို႔ ဒီကိုလာခဲ့တာ,တံခါးဖြင့္လို႔ရမလား?" ေလာ့လီက ေျပာလိုက္သည္။
ေသခ်ာေပါက္ မျဖစ္ႏိုင္ဘူး! ဆုႏိုသည္ ခ်စ္လွစြာေသာ သူ႕ဘဝေလးအတြက္ ေခါင္းယမ္းလိုက္သည္။
"ေတာင္းပန္ပါတယ္။ ဥကၠဌေလာ့...ႏိုႏိုက အိပ္ေပ်ာ္ေနပါၿပီ"
ဤကဲ့သို႔ အေရးေပၚအေျခအေနမ်ိဳးတြင္ ဒိုင္အန္းသည္ ပိုမိုေကာင္းမြန္ေသာ ဆင္ေျခကို ႐ွာမေတြ႕ႏိုင္ေတာ့ေပ။ "ဥကၠဌရဲ႕စိုးရိမ္ေပးမႈအတြက္ ေက်းဇူးတင္ပါတယ္"
ဒါက ဘယ္လို အမိုက္စား ဆင္ေျခမ်ိဳးလဲ။ ဆုႏိုသည္ ခ်က္ခ်င္းပင္ စိတ္လႈပ္႐ွားလာသည္။ တကယ္လို႔သာ သူအိပ္ေပ်ာ္ေနၿပီဆိုတာကို ၾကားတာနဲ႔ သူ ႐ူးေၾကာင္ေၾကာင္နဲ႔ ဝင္ဖို႔တံခါးကိုခ်ိဳးခ်လိုက္ရင္ေရာ! အမာ႐ြတ္နဲ႔လူရဲ႕အသံက အလြန္စိတ္အားထက္သန္ပုံရ ေနတာေလ။ အဲ့ဒီအျပင္ သူက ေျမေအာက္အဖြဲ႕အစည္းထဲကလူလည္း ျဖစ္ေသးတယ္!
"သူ အေအးမိသြားတာလား?" ေလာ့လီက ေမးသည္။
“.....ျဖစ္ႏိုင္တယ္။” ဒိုင္အန္း၏ မ်က္ႏွာသည္ အလြန္ေတာင့္တင္းေနသည္။
ဆုေ႐ွာင္းႏိုသည္ သူ႕ကိုယ္သူ ကာကြယ္ရန္ သစ္သားေခ်ာင္းကို ႐ွာရန္ လွည့္ပတ္ၾကည့္ေနလိုက္သည္။ သူ႕အေပၚ မေကာင္းတဲ့အၾကံအစည္႐ွိပုံရတဲ့ဒီလူကို မ်က္စိစုံမွိတ္မထားႏိုင္ဘူး!
"ဒါဆို တုပ္ေကြးေဆး ႐ွာလာခဲ့ေပးပါ့မယ္" ေလာ့လီသည္ အၾကာႀကီးမေနဘဲ၊ ဤသို႔ေျပာၿပီးေနာက္ လွည့္၍ထြက္သြားေလသည္။
ေျခလွမ္းက်ဲက်ဲ အသံမ်ားကို ၾကားလိုက္ၿပီးေနာက္ ဆုႏိုသည္ စိတ္သက္ေတာင့္သက္သာရစြာ အသက္ကို႐ွဴထုတ္လိုက္သည္။
"စားအုံးမလား?" ဒိုင္အန္းက ေမးလိုက္သည္။
"မစားေတာ့ဘူး!" ဆုႏိုသည္ ဆိုဖာေပၚထိုင္ၿပီး အထြန္႔တက္လိုက္သည္။ "အခုေတြ႕ၿပီလား?ေလာ့လီက ေတာ္ေတာ္ စက္ဆုပ္႐ြံစရာေကာင္းတယ္ မဟုတ္လား !”
"တကယ္ေတာ့ သူက ေကာင္းတဲ့ပုံပါပဲ" ဒိုင္အန္းသည္ မီးဖိုေခ်ာင္သုံးပစၥည္းေတြကို သန္႔႐ွင္းေရးလုပ္ေနကာ "သူက မင္းကို အရမ္းစိတ္ပူေပးေနတာပါ"
"ဘာလို႔ ငါက သူ႕စိုးရိမ္ဖို႔လိုရမွာလဲ?" ဆုႏိုသည္ အမာ႐ြတ္ျဖင့္ ေလာ့လီကို ႏွာဘူးအုပ္စုထဲသို႔ အလိုအေလ်ာက္ထည့္ထားၿပီးၿပီျဖစ္သည္။
"စိုးရိမ္ေပးခံရတာကို မႀကိဳက္တာလား? ဒါ႐ိုက္တာအိုးရန္က မင္းအေပၚကို ေကာင္းေကာင္း ဆက္ဆံေနတဲ့အခ်ိန္တုန္းက မင္းစိတ္ဆိုးေနတာကို ငါမေတြ႕ပါဘူး"
ဒါက ဘယ္လိုေတာင္ မေလ်ာ္ကန္တဲ့ ႏိႈင္းယွဥ္မႈလဲ! အဲဒါက ငါ့ရဲ႕ခန္႔ညားတဲ့ကိုလူေခ်ာ! ဆုႏိုသည္ သူ႕ကို စိုက္ၾကည့္ေနလိုက္သည္၊ တစ္ေန႔မွာ ဒီထိတ္လန္႔စရာေကာင္းတဲ့ လွ်ိဳ႕ဝွက္ခ်က္ကို မင္းသိလာပါလိမ့္မယ္!
အဲဒီလိုျဖစ္လာရင္ ေကာင္းကင္ႀကီးၿပိဳက်ၿပီး ေျမႀကီးလည္း ကြဲအက္သြားလိမ့္မယ္!
ငါးမိနစ္ေလာက္ၾကာေတာ့ ေလာ့လီ ျပန္ေရာက္လာၿပီး တံခါးလာေခါက္ကာ "တုပ္ေကြးေဆးေတြ ယူလာခဲ့တယ္"
ေသခ်ာေပါက္ အ႐ႈံးမေပးဘူးပဲ!ဆုႏိုသည္ လက္သီးမ်ားကို ဆုပ္ထားသည္။
ဒိုင္အန္းက သူ႕ကို ေစာင္ေအာက္မွာ တြန္းလွဲလိုက္ၿပီး "မင္းေနမေကာင္းသလို လုပ္ေန!"
အလိမ္အညာေတြကို အမွန္အတိုင္းျဖစ္ေအာင္ လုပ္ရမယ္!
ဆုေ႐ွာင္းႏိုသည္ ေစာင္ကို ေခါင္းေပၚဆြဲတင္လိုက္သည္။
ဒါက တကယ္ကို စိတ္အေႏွာက္အယွက္ျဖစ္စရာပဲ!
အခန္းတြင္း႐ွိအရာအားလုံးပုံမွန္ျဖစ္ေၾကာင္း ေသခ်ာေစၿပီးေနာက္ ဒိုင္အန္းသည္တံခါးကို တည္ၿငိမ္စြာဖြင့္လိုက္ၿပီး "ဥကၠဌေလာ့"
"ႏိုႏို အိပ္ေပ်ာ္ေနၿပီလား?" ေလာ့လီက အခန္းထဲကို ေခ်ာင္းၾကည့္လိုက္သည္။
ႏိုႏို၏တစ္ကိုယ္လုံးကို ေစာင္ျဖင့္ ဖုံးအုပ္ထားသည္။
“ဟုတ္တယ္၊ သူ အေအးမိသြားတာ ျဖစ္ႏိုင္တယ္” ဒိုင္အန္းက ျပန္ေျဖသည္။
"ဆရာဝန္ ေခၚေပးရမလား?" ေလာ့လီက ဝင္လာၿပီး တံခါးကို ျဖတ္ေလွ်ာက္သြားလိုက္သည္။
ဒိုင္အန္း:......
တကယ္ေတာ့ သူက ေဆးယူထားၿပီး ျပန္လႊတ္လိုက္ခ်င္ခဲ့တာေလ။ သူက ဘာလို႔ဝင္လာရတာလဲ!
"ႏိုႏို။" ေလာ့လီသည္ ကုတင္အစြန္းတြင္ ထိုင္လိုက္သည္။
Shitttt!!
ဆုေ႐ွာင္းႏိုသည္ မိုးႀကိဳးပစ္ခံလိုက္ရသလို ခံစားလိုက္ရကာ ေစာင္ေအာက္ထဲမွ မ်က္လုံးျပဴးထြက္သြားရသည္။
ဒီအေျခအေနကဘာႀကီးလဲ!
ခ်စ္ရတဲ့မိဖုရားႀကီးက သူ႕ကို တကယ္ႀကီး အထဲကို ဝင္ခြင့္ျပဳလိုက္တယ္ေပါ့! ဒါ အဓိပၸါယ္မ႐ွိဘူး!
"မင္းမ်က္ႏွာကို မဖုံးထားပါနဲ႔။" ေလာ့လီက ေစာင္ကို ဆြဲခ်လိုက္သည္။
ဆုႏို သူ႕မ်က္လုံးေတြကို မွိတ္ထားဖို႔ေတာင္ အခ်ိန္မ႐ွိလိုက္ေပ!
ထို႔ေၾကာင့္ သူသည္ ေလာ့လီ ႏွင့္ မေတာ္တဆ မ်က္လုံးခ်င္းဆုံမိသြားသည္။
ဒါ တကယ္ေၾကာက္စရာေကာင္းတယ္!
"မင္းအဆင္ေျပရဲ႕လား?" ေလာ့လီသည္ ရယ္ခ်င္စိတ္ကို စိတ္ထဲတြင္ ထိန္းခ်ဳပ္ထားလိုက္ရသည္။
“.. အင္း” ဆုႏိုသည္ အိပ္ေပ်ာ္ေနသလို သ႐ုပ္ေဆာင္လို႔မရေတာ့ေသာေၾကာင့္ အားနည္းေနသည့္ အသံကိုသာ ေပးႏိုင္သည္။
"အဖ်ား႐ွိေနလား?" ေလာ့လီသည္ သူ႕ႏွာဖူးအပူခ်ိန္ကို တိုင္းဖို႔ႀကိဳးစားရင္း သူ႕လက္ကို ဆန္ထုတ္လိုက္သည္။
မထိနဲ႔ အား! ဆုႏိုသည္ စိတ္ထဲ၌ ေအာ္ဟစ္လိုက္သည္။
ညစ္ပတ္တဲ့ ဂမ္းစတားႀကီး!!!
"ဥကၠဌေလာ့....ႏိုႏိုမွာ ဘာျပႆနာမွမ႐ွိပါဘူး။ သူေကာင္းေကာင္းအိပ္ဖို႔ပဲ လိုတာပါ။ ၿပီးရင္ သူေနေကာင္းသြားပါလိမ့္မယ္" ဒိုင္အန္းသည္ ေလာ့လီကို ရပ္တန္႔ေစလိုက္သည္။
"ဆန္ျပဳတ္ခ်က္ေပးဖို႔ လူ႐ွာေပးရမလား?" ေလာ့လီက ေမးသည္။
“တကယ္ေတာ့ မလိုပါဘူး။ သူ ေဆးနည္းနည္းေသာက္ၿပီး နားဖို႔ပဲ လိုတာပါ၊ မနက္ျဖန္ အလုပ္အတြက္ မေႏွာင့္ေႏွးေစရပါဘူးလို႔ ကတိေပးပါတယ္။”
အဲ့ေလာက္ မေသခ်ာနဲ႔ေလ!
ဆုႏိုက သူ႕စိတ္ထဲမွာ ညည္းညဴေန၏။ သူတကယ္ ႏိုင္ငံျခားကို ျပန္သြားခဲ့ရင္ ငါ ေသခ်ာေပါက္ ႐ိုက္ႏွက္ပစ္ရမယ္!
“ဒါဆို ေကာင္းေကာင္းအနားယူပါ။ ည႐ွဴတင္ကို ဖ်က္ေပးလိုက္ပါမယ္" ေလာ့လီသည္ ကုတင္ေဘး႐ွိ စားပြဲခုံေပၚတြင္ နာမည္ကဒ္ကို တင္ထားေပးလိုက္သည္။ “မင္း တစ္ခုခု လိုအပ္ရင္ အခ်ိန္မေ႐ြး ဖုန္းဆက္လို႔ရပါတယ္”
"ေက်းဇူးတင္ပါတယ္" ဒိုင္အန္း၏လူ႕က်င့္ဝတ္သည္ ထိပ္တန္းပင္။ ေလာ့လီထြက္သြားတာကို သူျမင္လိုက္ရသည္။ သူျပန္လာၿပီးေနာက္တြင္ နာမည္ကတ္ကို ႐ြံ႐ွာစြာျဖင့္ ၾကည့္ေနသည့္ ဆုႏိုကို ေတြ႕လိုက္ရသည္။
"အခု ဘာျဖစ္ေနတာလဲ?" ဒိုင္အန္းက ေမးသည္။
"တစ္ခုခု႐ွိရင္ သူ႕ကို အခ်ိန္မေ႐ြး ဖုန္းဆက္လိုက္ပါ။ ဒီစကားလုံးက ဟိုတယ္က maidေတြနဲ႔တူတယ္လို႔ မထင္ဘူးလား?" ဆုႏိုသည္ သူ႕စိတ္ကူးထဲက အေတြးေတြကို ထုတ္ေျပာလိုက္သည္။
“.....လုံးဝမထင္ပါဘူး။” ဒိုင္အန္းက နာမည္ကဒ္ကို ဆြဲယူကာ ဖြက္ထားလိုက္သည္။ “သြား ေရခ်ိဳးၿပီး ဒီည ေစာေစာအိပ္ေတာ့”
"သူ ေလွကားေထာင့္မွာ နတ္ဆိုးဆန္ဆန္ ျပဳံးေနမွာ ေသခ်ာတယ္။ ဒါဆိုရင္ ဆိုးဝါးတဲ့အစီအစဥ္တစ္ခုနဲ႔အတူ သူျပန္ေပၚလာလိမ့္မယ္။” ဆုႏိုသည္ သူ႕ေခါင္းထဲမွာ ေတြးေနတုန္းပင္။
ဒိုင္အန္း သူ႕ကို ေရခ်ိဳးခန္းထဲသို႔ တြန္းပို႔လိုက္သည္။
အဲ့ဒီေနာက္......ဆုႏိုက နာနာခံခံျဖင့္ ေရသြားခ်ိဳးတာမ်ား ျဖစ္ႏိုင္မလား?
ဘယ္လိုလုပ္ၿပီး ျဖစ္ႏိုင္မလဲ!
အမွန္မွာေတာ့ သူသည္ လွ်ိဳ႕ဝွက္ကင္မရာမ်ား ႐ွိ၊ မ႐ွိ၊ေလွ်ာက္ပတ္စစ္ေဆးေနကာ သူ႕ရဲ႕ သတိထားႏိုင္မႈမွာ အလြန္ႏိုးၾကားျမင့္မားသျဖင့္ ၾကည့္ရခက္ရေပသည္။
"ႏိုႏို....ဘာလို႔ အခုထိ ေရမခ်ိဳးေသးတာလဲ?" ဆယ္မိနစ္အၾကာတဲ့အထိ ေရသံမၾကားရေသးသည့္အတြက္ ဒိုင္အန္းသည္ အလြန္စိတ္႐ႈပ္ေထြးသြားသည္။
"ဝမ္းခ်ဳပ္ေနလို႔ -ီး မထြက္ႏိုင္ေသးဘူး" ဆုႏိုသည္ ေလးေလးနက္နက္ ျပန္ေျဖသည္။
ဒိုင္အန္း၏ ပါးစပ္သည္ ဆားနယ္ထားေသာ ဇီးသီးမ်ား ျပည့္ေနသကဲ့သို႔ ခံစားလိုက္ရကာ မ်ိဳခ်၍မရ.ေတြးထုတ္၍လည္းမရႏိုင္ေပ။
မ်က္ႏွာက်က္ကို စစ္ေဆးၿပီးေနာက္ အားလုံးပုံမွန္ျဖစ္ေနသည့္မို႔ ဆုႏိုသည္ ေနာက္ဆုံးတြင္ toilet ေပၚမွခုန္ဆင္းကာ ေရခ်ိဳးရန္ ေရေႏြးကိုဖြင့္လိုက္သည္။ေနာက္ႏွစ္ရက္အၾကာ အလုပ္ၿပီးလို႔အိမ္ျပန္ေရာက္သည္ႏွင့္ သူဘယ္လိုေနရမည္ကို ေသခ်ာစြာ ေတြးေနမိေတာ့သည္။ မစၥတာဒါ႐ိုက္တာႏွင့္အတူ 'ဆင္ဆာျဖတ္*' ႏွင့္ 'ဆင္ဆာျဖတ္*' ဘယ္လိုလုပ္ၾကမလဲ ဆိုတာေတြကိုေပါ့!
ေနာက္ဆုံးေတာ့ အလုပ္ရက္႐ွည္က ၾကင္စဦးေမာင္ႏွံတို႔ကို လႊမ္းမိုးထားေလေတာ့သည္။
LDRS ဆက္ဆံေရးက လူကို တကယ္ ဝမ္းနည္းေစတာပဲ!
LDRS ဆက္ဆံေရးထက္ ပို၍ခါးသီးရသည္မွာ က်ံဳးလီဖုန္းပိုင္ႏွင့္ မုခ်ိဳးတို႔ပင္ ျဖစ္သည္။
အေၾကာင္းမွာ ဥကၠဌမု၏ မ်က္လုံးမ်ားသည္ ျပႆနာအနည္းငယ္႐ွိပုံရသည္။
“သူ႕ရဲ႕ဦးေႏွာက္ကို ထိခိုက္သြားတဲ့အ႐ွိန္ေၾကာင့္ အျမင္အာ႐ုံေၾကာေတြကို ထိသြားၿပီး ျပႆနာျဖစ္သြားတာပါ” ဆရာဝန္က ဆက္လက္ ေျပာခဲ့သည္။ “ဒါက ႀကီးမားတဲ့ ျပႆနာ မဟုတ္ပါဘူး။လုံလုံေလာက္ေလာက္ အနားယူၿပီးရင္ တျဖည္းျဖည္း ျပန္လည္ေကာင္းလာမွာပါ”
မုခ်ိဳးသည္ ကုတင္ေပၚတြင္ လဲေလ်ာင္းေနၿပီး မ်က္ႏွာက်က္ကို ၾကည့္ရင္း တိတ္ဆိတ္ေန၏။
"စိတ္မပူပါနဲ႔" ဆရာဝန္ထြက္သြားၿပီးေနာက္ က်ံဳးလီဖုန္းပိုင္သည္ ကုတင္ေဘးမွာထိုင္လိုက္ၿပီး "ဒါက ယာယီအေျခအေနတစ္ခုလို႔ ဆရာဝန္ကေျပာတယ္ေလ။ ေနာက္က်ရင္ေတာ့ ျပန္ေကာင္းလာမွာပါ"
“...အင္း” မုခ်ိဳး၏အသံသည္ အလြန္တိုးညႇင္းေနသည္။
“လအနည္းငယ္ေလးပါပဲ။ ေဆး႐ုံမွာ အပန္းေျဖခရီးထြက္ေနသလိုမ်ိဳး စိတ္ထဲထားလိုက္ပါ” က်ံဳးလီဖုန္းပိုင္သည္ မုခ်ိဳးကို ႏွစ္သိမ့္ေပးခဲ့သည္။
မုခ်ိဳးကေတာ့ စကားတစ္ခြန္းမွ ျပန္မေျပာ။ သူႏိုးလာေသာအခါတြင္ သူ႕မ်က္လုံးေတြကို ပိတ္အလႊာျဖင့္ ဖုံးအုပ္ထားသည္ကိုသာ ေတြ႕လိုက္ရၿပီး ဘာမွ ႐ွင္း႐ွင္းလင္းလင္း မျမင္ရေပ။ ဒီလိုအေျခအေနမ်ိဳးမွာ ဘယ္သူမွ စိတ္ခ်မ္းသာမွာ မဟုတ္ပါဘူး။
က်ံဳးလီဖုန္းပိုင္ ေျပာလိုက္သည္။“အခုေလးတင္ ခင္ဗ်ားရဲ႕ဝန္ထမ္းက လာသြားတယ္။ ကုမၸဏီက ပုံမွန္အတိုင္းလည္ပတ္ေနတယ္လို႔ ေျပာတယ္၊ သူက ခင္ဗ်ားကို စိတ္မပူေစခ်င္တဲ့ပုံပါပဲ။ ကြၽန္ေတာ္လည္း ခြင့္ေလွ်ာက္ထားၿပီးၿပီ၊ ခင္ဗ်ား ျပန္ေကာင္းလာတဲ့အထိ အတူတူ႐ွိေနမွာပါ"
"အနာဂတ္မွာ ကိုယ္ ဘာမွမျမင္ႏိုင္ေတာ့ဘူးလား?" မုခ်ိဳး၏အသံသည္ အက္႐ွ႐ွျဖင့္။
“ဘယ္လိုလုပ္ၿပီး ျဖစ္ႏိုင္မလဲ?” က်ံဳးလီဖုန္းပိုင္သည္ မ်က္ခုံးက်ံဳ႕လိုက္ၿပီး "ေပါက္ကရေတြ ေတြးမေနနဲ႔!"
မုခ်ိဳးက ႏႈတ္ဆိတ္ေနဆဲ။ သူ႕အမူအရာက နည္းနည္းေတာ့ ပင္ပန္းေနသည့္ပုံပင္။
"ဒီလိုမျဖစ္ေစရပါဘူး။ ေသခ်ာေပါက္ အဆင္ေျပမွာပါ" က်ံဳးလီဖုန္းပိုင္သည္ မုခ်ိဳး၏လည္ပင္းၾကားတြင္ သူ႕မ်က္ႏွာကို အပ္ထားေလသည္။
“မွတ္ထားေနာ္၊ သတင္းေထာက္ေတြကို ေလွ်ာက္ၿပီး မေရးေစနဲ႔,ၿပီးေတာ့လည္း.....ကိုယ္တို႔ရဲ႕ ဆက္ဆံေရးကို ဖြင့္မဟေစနဲ႔"
"ဘာလို႔လဲ!" က်ံဳးလီဖုန္းပိုင္ နားမလည္ႏိုင္ေပ။ " ခင္ဗ်ားက ဘာလို႔ ဒါမ်ိဳးကို ႐ုတ္တရက္ ဆုံးျဖတ္လိုက္ရတာလဲ?"
"ကိုယ္ ျပန္ေကာင္းလာၿပီးမွ ဒီအေၾကာင္းဆက္ေျပာၾကမယ္ေလ။" မုခ်ိဳးသည္ သူ႕ေနာက္ေက်ာေလးကို ပြတ္ေပးလိုက္သည္။
"ခင္ဗ်ားက ေနာင္တရသြားလို႔မလား?" သူ႕ဦးေႏွာက္က ခ်က္ျခင္းပင္ ျဖစ္ႏိုင္ေခ်တစ္ခုကို စဥ္းစားလိုက္ၿပီး က်ံဳးလီဖုန္းပိုင္က တည့္တည့္မတ္မတ္ ထထိုင္လိုက္သည္။
မုခ်ိဳးက ခါးသက္သက္ ျပဳံးလိုက္ၿပီး "ဒီလိုမ်ိဳး ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ?"
"ဒါဆို ခင္ဗ်ားက ကြၽန္ေတာ္တို႔ရဲ႕ ဆက္ဆံေရးကို တျခားသူေတြကို ဝန္မခံခ်င္တာလား။" က်ံဳးလီဖုန္းပိုင္က ဆက္ေမးသည္။
“.......”
မုခ်ိဳးက သက္ျပင္းခ်လိုက္ၿပီး “ဘာမွ စိတ္မပူပါနဲ႔, ထားလိုက္ပါ”
စိတ္မပူေစခ်င္ရင္ စကားေျပာေနရင္း လမ္းတစ္ဝက္မွာတင္ မရပ္လိုက္နဲ႔ေလ!က်ံဳးလီဖုန္းပိုင္သည္ သူ႕ေကာ္လံကို ဆုပ္ကိုင္လိုက္ၿပီး လႈပ္ရမ္းလိုက္ခ်င္သည္။ ဒါေပမယ့္ သူ ဒါကို ေသခ်ာေပါက္ မလုပ္ႏိုင္ဘူး။
မုခ်ိဳး ေခ်ာင္းဆိုးေနေသးတာကို ျမင္လိုက္ရေတာ့ သူက ႏွင္းမိႈနဲ႔ ႏွင္းသစ္ေတာ္သီးဟင္းရည္ကို အပူေပးၿပီး ဂ႐ုစိုက္တတ္တဲ့ ဇနီးတစ္ေယာက္လို ပန္းကန္တစ္လုံးထဲကို ထည့္ကာ ခြံ႕ေကြၽးလိုက္သည္။
သူ႕ဦးေႏွာက္ဒဏ္ရာရထားၿပီး ေသြးအရမ္းထြက္ထားတာေၾကာင့္လားမသိ။ ျဖစ္ႏိုင္တာက မုခ်ိဳးကေတာ့ ထူးထူးျခားျခား ႏုံးေနေလသည္။အိုးရန္လုံ ေရာက္လာျပန္ေတာ့လည္း သူ အိပ္ေပ်ာ္သြားျပန္သည္။
"သူ႕မ်က္လုံးေတြကေရာ ဘယ္လိုလဲ?" ဒီကိစၥကို ဖုန္းကေနတစ္ဆင့္ ၾကားၿပီးေနာက္ အိုးရန္လုံက ဒီကိုခ်က္ခ်င္းေရာက္လာတာပဲ ျဖစ္သည္။
"ႀကီးႀကီးမားမားေတာ့ မဟုတ္ပါဘူး၊ ဆရာဝန္က လအနည္းငယ္ေလာက္ အနားယူၿပီးရင္ ျပန္ေကာင္းလာလိမ့္မယ္လို႔ ေျပာတယ္" မုခ်ိဳးႏိုးလာမည္ကို စိုးရိမ္သျဖင့္ က်ံဳးလီဖုန္းပိုင္ႏွင့္ အိုးရန္လုံတို႔သည္ လသာေဆာင္သို႔ ေရာက္လာၾကသည္။
"အေစာင့္တစ္ေယာက္ငွားဖို႔ လိုလား?"
"အေရးေပၚအေျခအေနေတြမွာ ကူညီေပးမယ့္ အေဒၚတစ္ေယာက္ေတာ့ ႐ွိပါတယ္၊ ဒါေပမယ့္ သူ႕ကိုေန႔စဥ္ဂ႐ုစိုက္ေပးမယ့္သူ ကြၽန္ေတာ္ပါပဲ,ကြၽန္ေတာ္ အလုပ္ခဏ နားထားလိုက္ၿပီ"
အိုးရန္လုံက ေျပာလိုက္သည္။ "မင္းနဲ႔ေတြ႕ခြင့္ရခဲ့တဲ့အတြက္ သူ႕ဘဝက ဒီေလာက္မဆိုးပါဘူး"
"ကြၽန္ေတာ္႕အတြက္မဟုတ္ရင္ ဒီလိုမ်ိဳးေတြျဖစ္လာမွာ မဟုတ္ဘူး” က်ံဳးလီဖုန္းပိုင္ရဲ႕ႏွလုံးသားထဲမွာ တင္းက်ပ္သြားေလသည္။
"အမ်ားႀကီး မစဥ္းစားပါနဲ႔။" အိုးရန္လုံက သူ႕ပုခုံးကို ပုတ္ေပးလိုက္ၿပီး "ေသခ်ာေပါက္ မင္းကို အျပစ္မတင္ပါဘူး"
"တစ္ခုေလာက္ ေမးလို႔ရမလား?" က်ံဳးလီဖုန္းပိုင္က ေမးလိုက္သည္။
"ရပါတယ္။" အိုးရန္လုံက ေခါင္းညိတ္သည္။
"မစၥတာအိုးရန္လုံ ဒီကိုမလာခင္မွာ သူက ကြၽန္ေတာ္တို႔ရဲ႕ဆက္ဆံေရးကို မီဒီယာကိုမထုတ္ေဖာ္ဖို႔ စည္း႐ုံးဖို႔ႀကိဳးစားခဲ့တယ္" က်ံဳးလီဖုန္းပိုင္သည္ မ်က္ခုံးပင့္လိုက္သည္။ "ကြၽန္ေတာ္ အေၾကာင္းျပခ်က္ကို ေမးေပမယ့္လည္း သူက ကြၽန္ေတာ့္ကို မေျပာျပဘူး။" အရင္တုန္းကပဲ သူက ဖြင့္ေျပာဖို႔ အရမ္းစိတ္အားထက္သန္ေနတာေလ,အခု ဘာေၾကာင့္ ဖုံးကြယ္ထားခ်င္ရတာလဲ!
အဲဒါကိုၾကားၿပီးေနာက္ အိုးရန္လုံသည္ မရယ္ဘဲ မေနႏိုင္ေတာ့ေပ, "မင္းရဲ႕အက်ိဳးအတြက္လို႔ သူထင္ေနတာပဲ"
"ဘာကိုဆိုလိုတာလဲ?" က်ံဳးလီဖုန္းပိုင္က နားမလည္ႏိုင္ေသး။
"သူတကယ္မ်က္စိမျမင္ရေတာ့ရင္ မင္းကိုဆြဲခ်ခံသြားမွာကို သူေၾကာက္ေနတာပဲ။"
က်ံဳးလီဖုန္းပိုင္သည္ public figure
တစ္ဦးျဖစ္ေသာေၾကာင့္၊ RS ကဲ့သို႔ အရာမ်ားသည္ အၿမဲထင္႐ွားေပၚလြင္ေနမည္ျဖစ္သည္။ ခ်ိဳ႕ယြင္းခ်က္မွန္သမွ်ကို အတိုင္းအတာတစ္ခုအထိ ခ်ဲ႕ထြင္ခံသြားရမည္ျဖစ္သည္။ အဆိုးဆုံးအေျခအေနတြင္ မုခ်ိဳးသည္ အနာဂတ္တြင္ အမွန္တကယ္ မ်က္စိကြယ္သြားခဲ့ပါက၊ သူတို႔ႏွစ္ဦး လမ္းခြဲလိုက္မည္ဆိုပါက.....
၎တို႔၏ဆက္ဆံေရးကို ဘယ္ေသာအခါမွ ထုတ္ေဖာ္ျပသျခင္းမ႐ွိပါက၊ ၎ကို မီဒီယာ၏ခ်ဲ႕ကားမႈအျဖစ္ ယူဆႏိုင္သည္။ သူတို႔ႏွစ္ဦးသည္ အစကတည္းက သူငယ္ခ်င္းမ်ားသာျဖစ္သကဲ့သို႔ က်ံဳးလီဖုန္းပိုင္သည္လည္း အျပင္ဘက္မွာ 'မ်က္မျမင္ခ်စ္သူကို စြန္႔လႊတ္ခဲ့သူ' အျဖစ္ တံဆိပ္ကပ္ခံရမည္မဟုတ္ေပ။
က်ံဳးလီဖုန္းပိုင္သည္ အနည္းငယ္ မူးေဝသြားရသည္။
ေဒါသထြက္ရဖို႔ အေၾကာင္းရင္းက ေပၚလာေလၿပီ။
'တကယ္လို႔ မ်က္မျမင္ျဖစ္သြားရင္ ဆြဲခ်ခံသြားရမယ္' ဆိုတာက ဘာကိုဆိုလိုတာလဲ!
အစကတည္းက သူ႕ကို အ႐ွက္မဲ့စြာ တြယ္ကပ္ေနခဲ့ၿပီး သူ႕ခံစားခ်က္ေတြကို ႐ႈပ္ေထြးေအာင္ လုပ္ခဲ့ၿပီး လက္ကို ကိုင္ခ်င္၊ ေပြ႕ဖက္ခ်င္၊ နမ္းခ်င္၊ အိပ္ယာေပၚမွာ ေနခ်င္ေနခဲ့တာလည္း သူပဲေလ။ အခု ေနာက္ဆုံးမွာေတာ့ သူတို႔ဟာ လက္ခ်င္း တြဲခဲ့ၾကတယ္၊ နမ္းခဲ့ၾကတယ္၊ အႀကိမ္ေပါင္း မေရမတြက္ႏိုင္ေအာင္ ကုတင္ေပၚမွာ လူးလဲၿပီး လက္စြပ္ေတြေတာင္ လဲလွယ္ခဲ့ၾကေသးတယ္။ သူတို႔တစ္ဘဝလုံးသတ္မွတ္ခံထားရၿပီးၿပီ ထင္ရေပမယ့္ အခု သူက တကယ္ပဲ အနာဂတ္မွာ လမ္းခြဲႏိုင္ေျခကို ေတြးေနခဲ့တာပဲ။ ဒါက တကယ္ကို ခြင့္မလႊတ္ႏိုင္စရာကိစၥပဲ!
တခါ!
ဒါ႐ိုက္တာက်ံဳးက!
ရပ္သြားၿပီ!
သူ႕စကားေတြကိုေပါ့!
ဒါက ဘာကိုဆိုလိုတာလဲဆိုေတာ့!
သူတကယ္ပဲ!
စိတ္ဆိုးေနၿပီ!
"မင္းလည္း စိတ္ဆိုးမေနပါနဲ႔ေတာ့" အိုးရန္လုံက သူ႕ကို ႏွစ္သိမ့္လိုက္ၿပီး " မုခ်ိဳးက မင္းအက်ိဳးအတြက္ ေတြးလိုက္တာပဲ"
"ကြၽန္ေတာ္ကို မယုံေပးတာလား!" အႏုပညာ႐ွင္လူငယ္ေလး၏ႏုနယ္သည့္ အာ႐ုံေၾကာေတြကို ထိမွန္သြားေလၿပီ!
"သူက တုံးတယ္ေလ!" အိုးရန္လုံက သူ႕ကို ေလးေလးနက္နက္ သတိေပးလိုက္သည္။ "မုခ်ိဳးက ျပင္းထန္တဲ့ဒဏ္ရာကေန မသက္သာေသးတဲ့အတြက္ ေသခ်ာေပါက္ သူ႕ကို႐ိုက္လို႔မရေသးဘူးေနာ္!"
"ကြၽန္ေတာ္သိတယ္!" က်ံဳးလီဖုန္းပိုင္သည္ သူ႕ေဘးနားက တံျမက္စည္းကို ျပင္းျပင္းထန္ထန္ တင္းၾကပ္စြာ ဆုပ္ကိုင္လိုက္ၿပီး "သူျပန္ေကာင္းလာတဲ့အထိ ကြၽန္ေတာ္ ေစာင့္မယ္။ ၿပီးေတာ့ ႐ိုက္ႏွက္ပစ္မယ္"
"အၾကံဥာဏ္ေကာင္းပဲ!" အိုးရန္လုံသည္ လက္မေထာင္ျပၿပီး "ဒါဆို မင္းအတြက္ အဝတ္ေလွ်ာ္ဘုတ္ျပား သုံးခုကို ျပင္ေပးထားမယ္"
က်ံဳးလီဖုန္းပိုင္သည္ သူ႕သြားေတြကို တင္းတင္းက်ိတ္ေနလိုက္ၿပီး လူနာခန္းထဲကို ၾကည့္လိုက္သည္။
ျပန္ေကာင္းလာၿပီးရင္!
ခင္ဗ်ား!
ေသၿပီပဲ!