နားခိုခွင့် /နားခိုခြင့္ {Com...

By naynway_216

577K 33K 907

ငယ်ငယ်လေးကတည်းက ပတ်ဝန်းကျင်ကြောင့် စိတ်ထဲမှာ နာကျင်မှုတွေပဲ ပြည့်နေခဲ့တဲ့မောင် ...။ ညီမလေးကို သူ့ကြောင့် ထပ်ဆ... More

Hi
part (1)
part (2)
part (3)
part (4)
part (5)
part (6)
part (7)
part (8)
part (9)
part (10)
part (11)
hi
part (12)
part (13)
part (14)
part (15)
Sorry for updated
part (16)
part (17)
part (18)
part (19)
part (20)
part (22)
part.(23)
beautiful 😍
part (24)
part (25)
part (26)
updated
part (27)
part (28)
part (29)
part (30)
part (31)
part (32)
sorry for updated
part (33)
part (34)
part (35) End
Extra 🎄🎄🎄
New fic
Extra
Art

part (21)

14K 879 27
By naynway_216

Unicode

တစ်နေ့လုံး အဆင်ပြေပြီးမှ ညဘက်တွင်တော့ ခေါင်းခြောက်ရပြန်ပါသည်။

အကြောင်းအရာကတော့ အိပ်စရာနေရာပင် ။

"အိမ်မှာ အခန်း.သုံးခန်းရှိတယ် မောင် ၊ တစ်ခန်းက ကိုယ့်အခန်း ၊ တစ်ခန်းက ကိုယ်စာဖတ်တဲ့အခန်း ၊ တစ်ခန်းက မေမေအိပ်သွားတဲ့အခန်း...အဲ့ဒါက ရေချိုးခန်း သီးသန့်မရှိဘူး...မောင် ဘယ်အခန်းမှာ နေမလဲ ....
၊.... ကိုယ့်အခန်းမှာပဲ နေလိုက်တော့နော် ၊ ယော်ကျားလေးအချင်းချင်းပဲ မျှသုံးလို့ ရတယ်မလား "

"ဗျာ "

မောင့်ကို ရွေးခွင့်ပေးတာမဟုတ်ဘဲ သူဘာသာသူ ရွေးသွားသော လောင်းရိပ်ကတော့ ထမင်းစားခန်းထဲသို့ ဝင်သွားလေသည်။ မောင်ကတော့ ဧည့်ခန်းထဲ၌ ထိုင်နေသေး၏ ။

"မောင်...ညစာအတွက် ဘာဟင်းနဲ့စားမလဲ "

မီးဖိုချောင်မှ လှမ်းအော်ပြောနေသော လောင်းရိပ်အသံကြောင့် မောင်လည်း လောင်းရိပ်ရှိရာသို့ သွားလိုက်သည်။

ဂတ်စ် မီးဖိုးနား အလုပ်ရှုပ်နေသော လောင်းရိပ်အနားသို့ သွားလိုက်ပြီး

"ဦးရိပ်က ဟင်းချက်တတ်တယ်လား "

"နည်းနည်းပါးပါးပါ လက်ရာကတော့ အကောင်းကြီး.မဟုတ်ပေမယ့် စားလို့တော့ ဖြစ်ပါတယ်...
မောင် ဘာစားချင်လဲ "

"ရေခဲသေတ္တာထဲမှာ ဘာမှ မရှိဘူးမဟုတ်ဘူးလား "

"အာ...ဟုတ်သားပဲ အပြင်ပဲ ထွက်စားမလား "

ရေခဲသေတ္တာကို ဖွင့်ကာ တစ်ခုခု ရှိလိုရှိငြား မောင် ရှာကြည့်လိုက်သည်။

"ဒီမှာ ကြက်ဥတွေ ရှိသားပဲ ၊ ဂေါ်ရခါးညွန့် တွေကော ၊ သရက်ချဥ်ရော ...ဦးရိမ် မေမေ ဝယ်ပေးသွားတာထင်တယ် "

"ဒါတွေပဲ ချက်လိုက်တော့မယ်လေ... ကိုယ်ချက်ပြီးရင် မောင့်ကို ခေါ်လိုက်မယ် မောင်က သွားနားချည်"

လောင်းရိပ်က  ရေခဲသေတ္တာနားတွင် ရပ်နေသော မောင်အား ပုခုံးကို ကိုင်ပြီးလျှင် အပြင်သို့ တွန်းထုတ်နေသည်။

အခန်းအပြင်သို့ ရောက်ခါမှ မောင်က လောင်းရိပ်ဘက်သို့ စူးစမ်းလိုသော မျက်နှာဝန်းလေးဖြင့် လှည့်ကြည့်လိုက်သည် ။ မျက်နှာထားလေးကတော​့ ထုံးစံအတိုင်း.အေးစက်စက်ကလေးပေါ့ ။

"ဦးရိပ် "

"အင်း..."

"မောင်ပဲ ထူးထူးဆန်းဆန်း တွေးနေမိတာလားလို့ ဦးရိပ် နည်းနည်း ထူးဆန်းနေသလိုပဲ"

"မောင် ဗိုက်ဆာနေလို့ တွေးချင်ရာ တွေးနေမိတာနေမှာပေါ့ မဟုတ်ဘူးလား "

လောင်းရိပ်က ပြုံးကာ သူ့မျက်နှာအား မောင့်မျက်နှာနားသို့ တိုးကပ်လာသဖြင့် မောင်က နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။

"ဟုတ်...ဟုတ်မှာပါ "

"ဒါဆို ကိုယ် ဟင်းချက်ချည်တော့မယ်နော် "

"မောင်လည်း.ကူမယ်လေ "

"ရပါတယ် "

"မြန်မြန်ပြီးတော့ မြန်မြန်စားလို့ ရတာပေါ့ မောင် ကူချက်ပေးပါ့မယ် "

"အဲ့လို လုပ်မလား "

"....ဟုတ် "

မီးဖိုခန်းက သိပ်မကျဥ်းပေးမယ့် လူနှစ်ယောက် သွားလာလှုပ်ရှားမည် ဆိုလျှင်တော့ အနည်းငယ် ကျဥ်းသည်ဟု ဆိုရမည် ။
ဟင်းချက်နေရင်း တစ်ခါတလေ ခန္ဓာကိုယ်ချင်း.နီးသွားတာလည်း ရှိသည် ။ ထိမိတာလည်း.ရှိလောက်ပေမည် ။
တစ်ခါတလေ ပြုံးယောင်သမ်းနေသည့် မျက်မှန်လေးအောက်မှ မျက်ဝန်းအိမ်များ နှင့် မောင့်နှုတ်ခမ်းဖူးဖူးလေးကိုလည်း တွေ့ရပါ၏ ။

နောက်ဆို စိတ်ကို ပေါ့ပါးနေအောင်.ထားပြီး ပိုပြုံးပါတော့ မောင်ရယ် ။

"ကဲ... စားကြတော့မလား "

"ဟုတ် "

နှစ်ယောက် အတူတူ ချက်ထားသည့် ပထမဆုံး ညစာဟင်းပွဲလေးက ရိုးရှင်းနေသော်ငြား စားချင်စဖွယ်လေးပင် ။

ဂေါ်ရခါးညွန့်ကို အရည်သောက် ချက်ထားပြီး ကြက်ဥကို ခရမ်းချဥ်သီးဖြင့် ​ေမွှကြော် ကြော်ထားသည်၊၊ ငရုပ်သီးဆားထောင်း အပြင် သရက်ချဥ်လေးပါ သုပ်ထား၏ ။

နှစ်ယောက်သား ဗိုက်ဆာဆာဖြင့် စားလိုက်ကြသည်မှာ စကားပင် မပြောဖြစ်ခဲ့ပါချေ ။
...

အချိန်နာရီလက်တံသည်ကား... ည 9 နာရီသို့ ညွှန်ပြနေသည် ။
လောင်းရိပ်က စာဖတ်ခန်းထဲတွင် ဖတ်ပြီးသားဖြစ်သော စာအုပ်ကိုသာ ဖတ်နေပြီး.မောင်ကတော့ စာဖတ်ခန်း၏ တံခါးအဝတွင် ခေါင်းလေး.ပြူကာကြည့်နေ၏ ။

လောင်းရိပ် စာဖတ်နေသည့် ပုံစံမှာ ကြည့်ကောင်းလွန်း၍ မောင်ခမျာ ငေးကနဲပင် ။
ရှပ်အကျီအညိုအပါးလေး နှင့်.စာကြည့်သည့် ရွှေရောင်မျက်မှန်ကလေးမှာ လောင်းရိပ်၏ မဖြူမညို အသားအရည်ကို ထောက်ပံ့ပေးနေသည်။

လေးနက်စွာ စူးစိုက်နေသည့် မျက်ဝန်းများနှင့် ပိရိသေသပ်သော နှုတ်ခမ်း ၊ ထင်းသော မေးရိုးတို့က သန့်သန့်ပြန့်ပြန့် သားသားနားနား.ဝတ်ဆင် နေထိုင်ခဲ့သော လောင်းရိပ်၏ ဆရာဝန်ပေါက်စ ဘဝကို အမှတ်ရစေသည် ။
ယခု မောင့် ရှေ့မှာ ရှိနေသည့်သူက ပို၍ ရင့်ကျက်ပါသည် ။
မည်သို့ပင် ဖြစ်စေ မောင့်အတွက် လောင်းရိပ်က လူနာများအပေါ် နွေးထွေးကြင်နာမှုများ.ပေးသည့် ဆရာဝန်ကောင်းတစ်ယောက်ပင် ။
တခါတလေ မောင်လည်း.လောင်းရိပ်၏.လူနာဖြစ်ချင်မိသည် ။

"မောင် ဒီတိုင်း ကြည့်မနေဘဲ အထဲထိဝင်လာပြီး ကြည့်လို့ရပါတယ် ၊ ဒီထဲမှာ ထိုင်ခုံအပိုလည်း ရှိတယ် "

စာအုပ်ကိုသာ.ကြည့်နေသော လောင်းရိပ်က မောင် တံခါးအဝမှာ ခေါင်းပြူကြည့်နေသည်ကို ဘယ်လိုများ သိသွားသည်မသိ ။ စာအုပ်ကိုသာ ကြည့်နေရင်း မောင်အား တည်ငြိမ်နေသော မျက်နှာဖြင့် လှမ်းပြောလို​က်လေတော့...
သူခိုးလူမိထားသော မျက်နှာလေးဖြင့် အထဲသို့ မောင် ဝင်လာသည် ။ လောင်းရိပ် ဝယ်ပေးထားသော အဖြူနှင့် ကာကီရောင်စပ်ထားသည့် ညဝတ်အကျီနှင့် ဘောင်းဘီလေးကား.မောင့်ခန္ဓာကိုယ်လေးနှင့် အံဝင်ခွင်ကျ ရှိနေပါသည် ။

ဖတ်လက်စ စာအုပ်အား ပိတ်ကာ စာအုပ်စင်ပေါ်သို့ ထားလိုက်ပြီး စာကြည့်မျက်မှန်လေးအား.ချွတ်၍ စားပွဲပေါ်သို့ တင်ပြီးနောက် မောင်ထိုင်တော့မည့် ခုံနားသို့ သွားရပ်လိုက်သည် ။

"ဦးရိပ်ကို အနှောက်ယှက်ဖြစ်သွားလားဟင် "

မောင်က ထိုင်ခုံမှာ မထိုင်ဘဲ လောင်းရိပ်နှင့် ခပ်လှမ်းလှမ်း၌ ရပ်ကာ အနည်းငယ် စိုးရိမ်သော မျက်ဝန်းများဖြင့် ကြည့်နေသည်။
ဟန်ဆောင်ကောင်းသည့် မောင်မှာ မျက်လုံးအိမ်များကတော့ မဟန်ဆောင်နိုင်သေးပါချေ ။ မျက်မှန်မတပ်ထားသဖြင့် မောင့်မျက်ဝန်းတို့ကို ပို၍ပင် ရှင်းလင်းနေအောင်.မြင်ရသည်။

အခုနောက်ပိုင်းတွင်လည်း လောင်းရိပ်... မောင့်မျက်ဝန်းတို့ကို ပို၍ နားလည်လာပါ၏ ။ ကိုယ့်စိတ်ကို သေချာသိလာ၍ ကိုယ်ချစ်ရသည့်သူကိုလည်း နားလည်လာသည်ဟု ထင်မိသည်။

"မဖြစ်ပါဘူး ၊ မောင်က ဘာပြောချင်လို့လဲ "

"ဟိုလေ...ဟို... မောင်တို့ တစ်ခါပြောဖူးတယ်လေ...
ဦးရိပ်နဲ့ မောင် နှစ်နှစ်တာ စာချုပ်ကိစ္စ..."

"ကိုယ်စဥ်းစားနေတုန်းပဲ ... မောင်က စာချုပ် ချုပ်ချင်နေပြီလား "

အမှန်တော့ လောင်းရိပ် ခေါင်းထဲတွင် ထိုကိစ္စအား မေ့ထားသည် ။ လိုမှ မလိုတော့ပဲလေ ။ မောင်နဲ့ တစ်သက်လုံး.အတူတူနေသွားတော့မည်ဟု ဆုံးဖြတ်ထားသည်မို့ ထိုကိစ္စက အလိုလိုပင် ပျောက်ကွယ်သွားရမည် ။

"မ...မဟုတ်ပါဘူး မောင်က ဦးရိပ် ဘေးမှာ နေချင်တာ...တစ်သက်လုံး.....
...မောင် လျှော​က်ပြောနေမိတာပဲ သွားလိုက်ပါဦးမယ် "

အခန်းထဲမှ မောင် ပြေးထွက်သွားသဖြင့် လောင်းရိပ်လည်း နောက်မှလိုက်သွားလေသည် ။

မောင်က အိပ်ခန်းကို ပြေးကာ ဝင်သွားသဖြင့် လောင်းရိပ်ကပါ အနောက်မှ လိုက်ပြီး အခန်းထဲရောက်ရောက်ချင်း.မောင်ရဲ့ လက်ကောက်ဝတ်အား ဆွဲလိုက်သည် ။

အရှိန်များသွား၍လားမသိ လောင်းရိပ် အနားသို့ပင် နီးကပ်စွာ မောင် ရောက်လာပါ၏ ။

"ဘယ်ပြေးတာလဲ "

"မဟုတ်ပါဘူး...မောင်ပြောတာတွေ ဗွေမယူပါနဲ့နော်"

"ဗေွယူရအောင် ကိုယ်က ရုက္ခစိုးလား."

"မ..မဟုတ်ဘူးလေ ၊ ဟို... "

"ကိုယ်ပြောပြီးပြီပဲလေ မောင်ဖြစ်ချင်တာတွေ ပြောလို့ရပါတယ်ဆို "

လောင်းရိပ်အား မျှော်လင့်ချက်ကင်းမဲ့နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသော မောင့်ကို ကြည့်ရင်း ဝမ်းနည်းလာမိပါ၏ ။
မောင် သူ့ကို လက်လျှော့ထားတာပဲ ။ မောင့်မျက်ဝန်းထဲမှာ အထင်သား.ပေါ်နေပါသည်။မောင်က အရာရာကို လက်လျှော့ထားပုံရပါသည်။

"မောင် ဖြစ်ချင်တာက... မရှိလို့ မပြောတာပါ"

"မောင့်ကို ကိုယ်က အရမ်းမမုန်းစေချင်ဘူးဆို.​.. မောင် တောင်းဆိုဖူးတယ်လေ "

"တောင်းဆိုတာကို လိုက်လျောပေးစရာမလိုပါဘူးဗျာ...
မောင်က... ခံစားရတာ သက်သာအောင်လို့ ပြောရုံပဲမို့ ဦးရိပ် လိုက်လျောပေးစရာမလိုပါဘူး...
ဦးရိပ် စိတ်ကို မောင် ပိုင်ဖို့မှ မလိုတာလေ အင်း...ဒါပေမယ့် ဦးရိပ်နဲ့တော့ နှစ်နှစ်တာ အတူတူနေခွင့်တော့ ပိုင်သွားတယ် ဟင်း "

အနည်းငယ်.ပျော်နေသည့်ပုံ​ဖြင့် ရယ်နေသည့် မောင်...။ ထို့အပြင် နာကျင်နေသည့် အရိပ်အယောင်များ ။

တကယ်ကို လောင်းရိပ် ဆက်မကြည့်နိုင်တော့ပေ ။

လူကောင်သေးသေးလေးအား.ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ ထွေးပွေ့ထားလိုက်သည်။

"တစ်သက်လုံးပိုင်ချင်လည်း ရပါတယ် "

ရင်ခွင်ထဲရှိ မောင်က လောင်းရိပ်ကို မော့ကြည့်လာသည် ။ လောင်းရိပ်ကလည်း.မောင့်အား.ဖက်ထားလျက်ပင် ငုံ့ကြည့်နေ၏ ။

"ဦးရိပ်... "

"ဟင် "

"မောင့်ကို အရမ်းကြင်နာမပြပါနဲ့လားဟင်... ၊ မောင်...ဦးရိပ်ကို လက်မလွှတ်နိုင်ပဲ နေလိမ့်မယ် ၊ နောက်ဆို အကွာအဝေးတစ်ခုမှာပဲ နေကြရအောင်နော် "

"မနေချင်ဘူး..."

"မောင့်ကို မုန်းလွန်းလို့ မောင့်ရင်ကိုများ ခွဲနေသလားဗျာ...ဟန်ဆောင်ပြီး ကြင်နာမပြပါနဲ့ ၊ မောင်...အခုတောင် အသက်ရှင်နိုင်ဖို့ မနည်းကြိုးစားနေရတာမို့ အရမ်းပင်ပန်းအောင် မလုပ်လို့ မရဘူးလားဟင်၊ မောင်...ရှေ့လျှောက် ပင်ပန်းရဦးမှာလေ ...၊
နည်းနည်းဖြစ်ဖြစ် သနားပေးပါ ၊
ဒီတစ်ခါတော့ မောင် တကယ် တောင်းဆိုတာပါ ဦးရိပ်... .
နောက်ဆို မောင်တို့က သူစိမ်းတွေပဲ ပြန်ဖြစ်..."

" ကိုယ် ဟန်ဆောင်တာ မဟုတ်ဘူး...
တကယ့်စိတ်ရင်းနဲ့ မောင့်ကို ဆက်ဆံနေတာပါ..."

စကားစအား.အမြန်ပင် ဖြတ်ပြောလိုက်ရပါ၏ ။
လောင်းရိပ် မောင်၏.စကာလုံးတိုင်အား ဆက်ပြီး မကြားချင်တော့ပေ။ မောင်ပြောသမျှက သူ့စိတ်အစဉ်တို့ နာကျင်ရပါသည် ။

မောင့်စကားတို့ကလည်း နာကျင်မှုများ ရောယှက်နေပါ၏။ သို့သော် တည်ငြိမ်နေသည် ။ လေးလေးနက်နက် ပြောနေပုံ.ရသည် ။

ဘဝတစ်လျှောက်လုံး.ဂရုစိုက်ပေးတာ မခံခဲ့ရသူမို့ ယခု သူ ကြင်နာပြသည်ကိုလည်း အတည်လို့ မောင် မမှတ်ယူနိုင်ခြင်း ဖြစ်ပေလိမ့်မည်။
ပင်ပန်းခဲ့တယ်ဆိုတာ သိခဲ့ပြီမို့ နောက်ဆို သူ... မောင့်ကို မပင်ပန်းစေချင်ရုံပါ။
သူ့အပြုအမူတွေက မောင်ရဲ့ အသိစိတ် တံခါးကို မတိုးပေါက်နိုင်သည့်အပြင်..အနားမှာ ဝဲနေသည်ကိုတောင် နှင်ထုတ်နေပါသေး၏ ။
ပေါ့စေချင်လို့ ကြောင်ရုပ်ထိုး.၊ ဆေးကြောင့် လေးသွားမှာ လောင်းရိပ် စိုးရိမ်နေမိပါသည် ။

လောင်းရိပ်၏ ခေါင်းက.မောင့်မျက်နှာရှိရာသို့ ငုံ့ဆင်းလျက် မောင်၏ မျက်လုံးလေးအား.သူ့ နှုတ်ခမ်းနွေးနွေးဖြင့် ထိကပ်လိုက်သည် ။
မောင် ... သတိကင်းမဲ့စွာ မျက်ဝန်းတို့ကို မှိတ်ချလျက် မလှုပ်မယှက်နေနေပါ၏ ။
လောင်းရိပ်၏.ယခုပုံစံနှင့် မောင် မရင်းနှီးသေးပါ ။
လောင်းရိပ်ရဲ့ မုန်းနေသည့် မျက်ဝန်းတောက်တောက်များ ၊ ခက်ထန်နေသည့် မျက်နှာထားများ ၊ ကြမ်းတမ်းသည့် အမူအရာများကို ရင်းနှီးကျွမ်းဝင်ခဲ့ရသည်မို့ ယခု အပြုအမူက မောင်ရဲ့စိတ် ၊ မောင်ရဲ့နှလုံးသားကို ပျော်စေပါသည် ။ သို့သော် မောင် ပျော်ရသည်ကို ပို၍ ကြောက်သည်။

လောင်းရိပ်က အနုနည်းဖြင့် မောင့်နှလုံးသားတွေ ပိုပြီး ကွဲကြေအောင် လုပ်မှာစိုးသည် ။

မောင် နာကျင်ပြီးပြီလေ ။ ထပ်ပြီး ဒဏ်ရာမရချင်တော့ရုံလေးပါ ။

" ကိုယ့်ကို ဒီလို မျက်ဝန်းတွေနဲ့ မကြည့်ပါနဲ့...မောင်ရယ်...
ကိုယ်တကယ် မောင့်ကို မမုန်းပါဘူး မမုန်းခဲ့ဖူးဘူး နောင်လည်း မုန်းမှာမဟုတ်ဘူး ...
အရင်တုန်းက ကိုယ့်ရဲ့ အပြုအမူအပြောအဆိုတွေ အတွက် တောင်းပန်ပါတယ်...ကိုယ် တကယ် တောင်းပန်းပါတယ် "

"ဒါပေမယ့် မောင်...ဦးရိပ်ကို ချစ်နေသေးတယ်လေ... "

"ကိုယ်လက်ခံတယ်"

လောင်းရိပ်၏ လေးနက်စွာ အမှန်အကန်ပြောနေသော မျက်နှာအမူအရာတို့ကြောင့် မောင် ယုံကြည့်လိုက်ချင်သည် ။ သို့သော် အလုံးစုံတော့ ယုံရဲသည်မဟုတ် ။

"ဦးရိပ် အတွက် အနှောက်အယှက်ဖြစ်နေတယ် မဟုတ်လား "

"မောင်ရာ ကိုယ့်အကြောင်းကို အရမ်းကြီး.စိုးရိမ်လွန်ပြီး မတွေးပါနဲ့တော့...ကိုယ် အနှောက်အယှက် မဖြစ်ပါဘူး...
ပြီးတော့..
အတွေးလွန်တာ မကောင်းဘူးနော် သိရဲ့လား "

"..."

"အိပ်တော့နော်... ကလေးဆိုတာ စောစောအိပ်ရတယ် "

"မ..မဟုတ်သေးဘူးလေ "

ရုတ်ချည်းပြောင်းလဲသွားသည့် အခြေအနေက မောင်က ကလေးဖြစ်သွားတာတဲ့လား ။

"အိပ်မယ်... အိပ်တော့မယ်...ဟုတ်ပြီ...ကလေးလေး အိပ်ယာပေါ်ကို သွားတော့မယ် "

မျက်နှာချင်းဆိုင်နေသော မောင်အား  ဆန့်ကျင်ဘက်သို့ လှည့်စေပြီး ပုခုံးအား တွန်း၍ အိပ်ယာဆီသို့ သွားစေသည် ။

"အစောကြီး ရှိသေးတယ်လေဗျ"

အိပ်ယာပေါ်သို့ ဇွတ်လှဲသိပ်ပြီး စောင်ပါ တစ်ခါတည်း ခြုံပေးလိုက်သည် ။

"ဦးရိပ်ကော...မ..မအိပ်သေးဘူးလား"

"ကိုယ့်ရင်ခွင်ထဲမှာ အိပ်ချင်လို့လား "

"မ..မ..မဟုတ်ပါဘူး "

"ဒီကလေးလေး စကားတွေပါ ထစ်ကုန်ပြီ...  ဘာတွေ ကြံစည်နေတာလဲ"

"....."

"ကိုယ်က မနက်ဖြန် operation တစ်ခုအတွက် ပြန်လေ့လာစရာလေးတွေ ရှိသေးလို့ အခု အိပ်လို့မရသေးဘူး...မောင်ကတော့ အိပ်တော့နော်
Good night... "

မောင်ရဲ့ နားထင်စပ်ကလေးအား အနမ်းတစ်ပွင့် ပေးခဲ့ပြီး အခန်းထဲမှ ထွက်သွားသော လောင်းရိပ် ကျောပြင်အား.ပျောက်ကွယ်သွားသည်ထိ မောင်ကြည့်နေမိသည် ။

"ဦးရိပ်ရဲ့ ဒီလိုအပြုအမူတွေမှာ မောင် တကယ်ပျော်နေမိတယ် ၊ ပျော်နေမိတာကိုလည်း ကြောက်တယ်.....
မောင် လက်ရှိပိုင်ဆိုင်နေတဲ့ ပျော်နေရတဲ့ ခံစားချက်လေး တစ်ခုခုကြောင့် ပျက်ဆီးသွားမှာ အရမ်းကြောက်တယ် "

......

"အား....မျက်လုံးတွေကို ညောင်းသွားတာပဲ "

စာအုပ်အား စာကြည့်စားပွဲပေါ်ကို အသာတင်လိုက်ပြီး.ကုလားထိုင်နောက်မှီပေါ်သို့ မှီချလိုက်ကာ မျက်လုံးအား မှိတ်ထားလိုက်သည် ။

အချိန်သည်ကား ၁၁ခွဲ ။ ဒီအချိန်ဆို မောင် အိပ်နေလောက်တော့မည် ။

ခန္ဓာကိုယ်အား အညောင်းအညာ ဆန့်လိုက်ပြီး.အိပ်ခန်းဆီသို့သာ သွားလိုက်သည် ။

အိပ်နေသော မောင် မနိုးစေရန် တံခါးလေးအား.အသာလေးဖွင့်လိုက်သော်လည်း မြင်လိုက်ရသည့် မြင်ကွင်းကား တအံတသြရှိလှပါ၏ ။

"မောင်...မအိပ်သေးဘူးလား "

ခေါင်းရင်းရှိ မှန်ပြတင်းပေါက်မှ ဖြာကျနေသော လရောင်အား အိပ်ယာပေါ်တွင် ပုခုံးလေးကျုံ့လျက် ခေါင်းအုံးကို.ပိုက်ထားပြီး ငုတ်တုတ်ထိုင်ကာ ကြည့်နေသော မောင့်အနားသို့ သွားလိုက်ရင်း.မေးလိုက်သည် ။

"အိပ်မပျော်သေးလို့ပါ "

"ညဉ့်နက်နေပြီလေကွာ...  ဒီတိုင်းကြီးပဲ ထိုင်နေတာလား "

"ညဘက်တွေ သိပ်ပြီး အိပ်လို့ မပျော်တတ်ဘူးဗျ... တော်တော်လေးညဉ့်နက်မှ အိပ်ပျော်သွားတတ်တာ...."

"ကြာပြီလား... အဲ့လို အိပ်မပျော်တာ "

"လမင်းကြီးကို ကြည့်ရတာ သဘောကျတယ်....
လမင်းဘေးက ကြယ်ကလေးကောပဲ...
လှတယ်နော် ဦးရိပ် "

မေးသည့်မေးခွန်းကို မဆိုင်စွာ ဖြေနေသော မောင်အား လောင်းရိပ် သေချာ ကြည့်လိုက်ပါသည် ။
လမင်း၏ အရောင်ကြောင့် မောင့်မျက်နှာလေး ဝင်းလဲ့နေသည် ။
မျက်ဝန်းအိမ်ထဲမှာ သဘောတကျရှိနေသော တောက်ပနေသည့် အပြုံးတချို့ ။
နှုတ်ခမ်းပါးတို့ကတော့ ပြုံးနေသည်လည်း မဟုတ် ၊ တည်နေသည်လည်း မဟုတ်ပါချေ ။ 

"ဦးရိပ် အိပ်ချင်နေပြီလား... မောင်က ခဏနေမှ အိပ်ပျော်မှာ ခုချိန်က မောင့်အိပ်ချိန်မဟုတ်သေးဘူး...
ဦးရိပ် အရင် အိပ်နှင့်လေ "

အပြုံးမမည်သော မောင့်အပြုံး..
၊ တိုးလျသော အသံလေးက ညပတ်ဝန်းကျင်၏ အကောင်လေးများ၏ အော်သံလောက်ပင် ရှိသည် ။

လောင်းရိပ်က မောင်အား.စူးစူးစိုက်စိုက် ကြည့်မိနေသလို အပြုံးလေးဖြင့် မောင်ကလည်း လောင်းရိပ်အား ပြန်ကြည့်နေမိသည် ။
ည၏ အသံတို့က တိတ်ဆိတ်လှပါ၏ ။
ထို့အတူ ထိုလူသားနှစ်ဦး၏ နှစ်ကိုယ်ကြားတွင် အသက်ရှူသံမှ လွဲ၍ အခြားအသံ မရှိတော့သောကြောင့် တိတ်ဆိတ်နေသည်မှာ ည၏ တိတ်ဆိတ်မှုနှင့် ပြိုင်နေသည့် သဘော ရှိသည် ။

နှလုံးသားတို့ကတော့ တိတ်ဆိတ်ကာ အေးစက်နေမည်တော့ မဟုတ်တန်ရာ ။

ရင်ခုန်သံ ကြိမ်နှုန်းများက ပုံမှန်ထက် မြန်ဆန်နေပြီး တစ်စုံတစ်ယောက်၏ လွှမ်းခြုံမှုအောက် ရောက်နေသလို နွေးထွေးလှပါ၏ ။
အချင်းချင်း မဖော်ပြတတ်သော အဓိပ္ပါယ်ပါသည့် မျက်ဝန်းများဖြင့် နွေးထွေးစွာ စိုက်ကြည့်နေကြပါတော့သည် ။

.......

လုပ်ကြပါဦး.😵
ရေးရင်း.mood မဝင်ပဲ ဇာတ်ကားတွေဆီ ချော်ချော်ထွက်နေလို့.... 🤢
ဒီအပိုင်းကို တော်တော်.ခက်ခက်ခဲခဲရေးလိုက်ရတယ်... လည်နေရောပဲ

ခုထိ လိုက်ဖတ်ပေးသူလေးတွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်နော် ❤💛

***************************************

Zawgyi

တစ္ေန႕လုံး အဆင္ေျပၿပီးမွ ညဘက္တြင္ေတာ့ ေခါင္းေျခာက္ရျပန္ပါသည္။

အေၾကာင္းအရာကေတာ့ အိပ္စရာေနရာပင္ ။

"အိမ္မွာ အခန္း.သုံးခန္းရွိတယ္ ေမာင္ ၊ တစ္ခန္းက ကိုယ့္အခန္း ၊ တစ္ခန္းက ကိုယ္စာဖတ္တဲ့အခန္း ၊ တစ္ခန္းက ေမေမအိပ္သြားတဲ့အခန္း...အဲ့ဒါက ေရခ်ိဳးခန္း သီးသန့္မရွိဘူး...ေမာင္ ဘယ္အခန္းမွာ ေနမလဲ ....
၊.... ကိုယ့္အခန္းမွာပဲ ေနလိုက္ေတာ့ေနာ္ ၊ ေယာ္က်ားေလးအခ်င္းခ်င္းပဲ မွ်သုံးလို႔ ရတယ္မလား "

"ဗ်ာ "

ေမာင့္ကို ေ႐ြးခြင့္ေပးတာမဟုတ္ဘဲ သူဘာသာသူ ေ႐ြးသြားေသာ ေလာင္းရိပ္ကေတာ့ ထမင္းစားခန္းထဲသို႔ ဝင္သြားေလသည္။ ေမာင္ကေတာ့ ဧည့္ခန္းထဲ၌ ထိုင္ေနေသး၏ ။

"ေမာင္...ညစာအတြက္ ဘာဟင္းနဲ႕စားမလဲ "

မီးဖိုေခ်ာင္မွ လွမ္းေအာ္ေျပာေနေသာ ေလာင္းရိပ္အသံေၾကာင့္ ေမာင္လည္း ေလာင္းရိပ္ရွိရာသို႔ သြားလိုက္သည္။

ဂတ္စ္ မီးဖိုးနား အလုပ္ရႈပ္ေနေသာ ေလာင္းရိပ္အနားသို႔ သြားလိုက္ၿပီး

"ဦးရိပ္က ဟင္းခ်က္တတ္တယ္လား "

"နည္းနည္းပါးပါးပါ လက္ရာကေတာ့ အေကာင္းႀကီး.မဟုတ္ေပမယ့္ စားလို႔ေတာ့ ျဖစ္ပါတယ္...
ေမာင္ ဘာစားခ်င္လဲ "

"ေရခဲေသတၱာထဲမွာ ဘာမွ မရွိဘူးမဟုတ္ဘူးလား "

"အာ...ဟုတ္သားပဲ အျပင္ပဲ ထြက္စားမလား "

ေရခဲေသတၱာကို ဖြင့္ကာ တစ္ခုခု ရွိလိုရွိျငား ေမာင္ ရွာၾကည့္လိုက္သည္။

"ဒီမွာ ၾကက္ဥေတြ ရွိသားပဲ ၊ ေဂၚရခါးၫြန့္ ေတြေကာ ၊ သရက္ခ်ဥ္ေရာ ...ဦးရိမ္ ေမေမ ဝယ္ေပးသြားတာထင္တယ္ "

"ဒါေတြပဲ ခ်က္လိုက္ေတာ့မယ္ေလ... ကိုယ္ခ်က္ၿပီးရင္ ေမာင့္ကို ေခၚလိုက္မယ္ ေမာင္က သြားနားခ်ည္"

ေလာင္းရိပ္က  ေရခဲေသတၱာနားတြင္ ရပ္ေနေသာ ေမာင္အား ပုခုံးကို ကိုင္ၿပီးလွ်င္ အျပင္သို႔ တြန္းထုတ္ေနသည္။

အခန္းအျပင္သို႔ ေရာက္ခါမွ ေမာင္က ေလာင္းရိပ္ဘက္သို႔ စူးစမ္းလိုေသာ မ်က္ႏွာဝန္းေလးျဖင့္ လွည့္ၾကည့္လိုက္သည္ ။ မ်က္ႏွာထားေလးကေတာ​့ ထုံးစံအတိုင္း.ေအးစက္စက္ကေလးေပါ့ ။

"ဦးရိပ္ "

"အင္း..."

"ေမာင္ပဲ ထူးထူးဆန္းဆန္း ေတြးေနမိတာလားလို႔ ဦးရိပ္ နည္းနည္း ထူးဆန္းေနသလိုပဲ"

"ေမာင္ ဗိုက္ဆာေနလို႔ ေတြးခ်င္ရာ ေတြးေနမိတာေနမွာေပါ့ မဟုတ္ဘူးလား "

ေလာင္းရိပ္က ၿပဳံးကာ သူ႕မ်က္ႏွာအား ေမာင့္မ်က္ႏွာနားသို႔ တိုးကပ္လာသျဖင့္ ေမာင္က ေနာက္သို႔ တစ္လွမ္းဆုတ္လိုက္သည္။

"ဟုတ္...ဟုတ္မွာပါ "

"ဒါဆို ကိုယ္ ဟင္းခ်က္ခ်ည္ေတာ့မယ္ေနာ္ "

"ေမာင္လည္း.ကူမယ္ေလ "

"ရပါတယ္ "

"ျမန္ျမန္ၿပီးေတာ့ ျမန္ျမန္စားလို႔ ရတာေပါ့ ေမာင္ ကူခ်က္ေပးပါ့မယ္ "

"အဲ့လို လုပ္မလား "

"....ဟုတ္ "

မီးဖိုခန္းက သိပ္မက်ဥ္းေပးမယ့္ လူႏွစ္ေယာက္ သြားလာလႈပ္ရွားမည္ ဆိုလွ်င္ေတာ့ အနည္းငယ္ က်ဥ္းသည္ဟု ဆိုရမည္ ။
ဟင္းခ်က္ေနရင္း တစ္ခါတေလ ခႏၶာကိုယ္ခ်င္း.နီးသြားတာလည္း ရွိသည္ ။ ထိမိတာလည္း.ရွိေလာက္ေပမည္ ။
တစ္ခါတေလ ၿပဳံးေယာင္သမ္းေနသည့္ မ်က္မွန္ေလးေအာက္မွ မ်က္ဝန္းအိမ္မ်ား ႏွင့္ ေမာင့္ႏႈတ္ခမ္းဖူးဖူးေလးကိုလည္း ေတြ႕ရပါ၏ ။

ေနာက္ဆို စိတ္ကို ေပါ့ပါးေနေအာင္.ထားၿပီး ပိုၿပဳံးပါေတာ့ ေမာင္ရယ္ ။

"ကဲ... စားၾကေတာ့မလား "

"ဟုတ္ "

ႏွစ္ေယာက္ အတူတူ ခ်က္ထားသည့္ ပထမဆုံး ညစာဟင္းပြဲေလးက ရိုးရွင္းေနေသာ္ျငား စားခ်င္စဖြယ္ေလးပင္ ။

ေဂၚရခါးၫြန့္ကို အရည္ေသာက္ ခ်က္ထားၿပီး ၾကက္ဥကို ခရမ္းခ်ဥ္သီးျဖင့္ ​ေမႊေၾကာ္ ေၾကာ္ထားသည္၊၊ င႐ုပ္သီးဆားေထာင္း အျပင္ သရက္ခ်ဥ္ေလးပါ သုပ္ထား၏ ။

ႏွစ္ေယာက္သား ဗိုက္ဆာဆာျဖင့္ စားလိုက္ၾကသည္မွာ စကားပင္ မေျပာျဖစ္ခဲ့ပါေခ် ။
...

အခ်ိန္နာရီလက္တံသည္ကား... ည 9 နာရီသို႔ ၫႊန္ျပေနသည္ ။
ေလာင္းရိပ္က စာဖတ္ခန္းထဲတြင္ ဖတ္ၿပီးသားျဖစ္ေသာ စာအုပ္ကိုသာ ဖတ္ေနၿပီး.ေမာင္ကေတာ့ စာဖတ္ခန္း၏ တံခါးအဝတြင္ ေခါင္းေလး.ျပဴကာၾကည့္ေန၏ ။

ေလာင္းရိပ္ စာဖတ္ေနသည့္ ပုံစံမွာ ၾကည့္ေကာင္းလြန္း၍ ေမာင္ခမ်ာ ေငးကနဲပင္ ။
ရွပ္အက်ီအညိုအပါးေလး ႏွင့္.စာၾကည့္သည့္ ေ႐ႊေရာင္မ်က္မွန္ကေလးမွာ ေလာင္းရိပ္၏ မျဖဴမညို အသားအရည္ကို ေထာက္ပံ့ေပးေနသည္။

ေလးနက္စြာ စူးစိုက္ေနသည့္ မ်က္ဝန္းမ်ားႏွင့္ ပိရိေသသပ္ေသာ ႏႈတ္ခမ္း ၊ ထင္းေသာ ေမးရိုးတို႔က သန့္သန့္ျပန့္ျပန့္ သားသားနားနား.ဝတ္ဆင္ ေနထိုင္ခဲ့ေသာ ေလာင္းရိပ္၏ ဆရာဝန္ေပါက္စ ဘဝကို အမွတ္ရေစသည္ ။
ယခု ေမာင့္ ေရွ႕မွာ ရွိေနသည့္သူက ပို၍ ရင့္က်က္ပါသည္ ။
မည္သို႔ပင္ ျဖစ္ေစ ေမာင့္အတြက္ ေလာင္းရိပ္က လူနာမ်ားအေပၚ ႏြေးေထြးၾကင္နာမႈမ်ား.ေပးသည့္ ဆရာဝန္ေကာင္းတစ္ေယာက္ပင္ ။
တခါတေလ ေမာင္လည္း.ေလာင္းရိပ္၏.လူနာျဖစ္ခ်င္မိသည္ ။

"ေမာင္ ဒီတိုင္း ၾကည့္မေနဘဲ အထဲထိဝင္လာၿပီး ၾကည့္လို႔ရပါတယ္ ၊ ဒီထဲမွာ ထိုင္ခုံအပိုလည္း ရွိတယ္ "

စာအုပ္ကိုသာ.ၾကည့္ေနေသာ ေလာင္းရိပ္က ေမာင္ တံခါးအဝမွာ ေခါင္းျပဴၾကည့္ေနသည္ကို ဘယ္လိုမ်ား သိသြားသည္မသိ ။ စာအုပ္ကိုသာ ၾကည့္ေနရင္း ေမာင္အား တည္ၿငိမ္ေနေသာ မ်က္ႏွာျဖင့္ လွမ္းေျပာလို​က္ေလေတာ့...
သူခိုးလူမိထားေသာ မ်က္ႏွာေလးျဖင့္ အထဲသို႔ ေမာင္ ဝင္လာသည္ ။ ေလာင္းရိပ္ ဝယ္ေပးထားေသာ အျဖဴႏွင့္ ကာကီေရာင္စပ္ထားသည့္ ညဝတ္အက်ီႏွင့္ ေဘာင္းဘီေလးကား.ေမာင့္ခႏၶာကိုယ္ေလးႏွင့္ အံဝင္ခြင္က် ရွိေနပါသည္ ။

ဖတ္လက္စ စာအုပ္အား ပိတ္ကာ စာအုပ္စင္ေပၚသို႔ ထားလိုက္ၿပီး စာၾကည့္မ်က္မွန္ေလးအား.ခြၽတ္၍ စားပြဲေပၚသို႔ တင္ၿပီးေနာက္ ေမာင္ထိုင္ေတာ့မည့္ ခုံနားသို႔ သြားရပ္လိုက္သည္ ။

"ဦးရိပ္ကို အႏွောက္ယွက္ျဖစ္သြားလားဟင္ "

ေမာင္က ထိုင္ခုံမွာ မထိုင္ဘဲ ေလာင္းရိပ္ႏွင့္ ခပ္လွမ္းလွမ္း၌ ရပ္ကာ အနည္းငယ္ စိုးရိမ္ေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္ေနသည္။
ဟန္ေဆာင္ေကာင္းသည့္ ေမာင္မွာ မ်က္လုံးအိမ္မ်ားကေတာ့ မဟန္ေဆာင္နိုင္ေသးပါေခ် ။ မ်က္မွန္မတပ္ထားသျဖင့္ ေမာင့္မ်က္ဝန္းတို႔ကို ပို၍ပင္ ရွင္းလင္းေနေအာင္.ျမင္ရသည္။

အခုေနာက္ပိုင္းတြင္လည္း ေလာင္းရိပ္... ေမာင့္မ်က္ဝန္းတို႔ကို ပို၍ နားလည္လာပါ၏ ။ ကိုယ့္စိတ္ကို ေသခ်ာသိလာ၍ ကိုယ္ခ်စ္ရသည့္သူကိုလည္း နားလည္လာသည္ဟု ထင္မိသည္။

"မျဖစ္ပါဘူး ၊ ေမာင္က ဘာေျပာခ်င္လို႔လဲ "

"ဟိုေလ...ဟို... ေမာင္တို႔ တစ္ခါေျပာဖူးတယ္ေလ...
ဦးရိပ္နဲ႕ ေမာင္ ႏွစ္ႏွစ္တာ စာခ်ဳပ္ကိစၥ..."

"ကိုယ္စဥ္းစားေနတုန္းပဲ ... ေမာင္က စာခ်ဳပ္ ခ်ဳပ္ခ်င္ေနၿပီလား "

အမွန္ေတာ့ ေလာင္းရိပ္ ေခါင္းထဲတြင္ ထိုကိစၥအား ေမ့ထားသည္ ။ လိုမွ မလိုေတာ့ပဲေလ ။ ေမာင္နဲ႕ တစ္သက္လုံး.အတူတူေနသြားေတာ့မည္ဟု ဆုံးျဖတ္ထားသည္မို႔ ထိုကိစၥက အလိုလိုပင္ ေပ်ာက္ကြယ္သြားရမည္ ။

"မ...မဟုတ္ပါဘူး ေမာင္က ဦးရိပ္ ေဘးမွာ ေနခ်င္တာ...တစ္သက္လုံး.....
...ေမာင္ ေလွ်ာ​က္ေျပာေနမိတာပဲ သြားလိုက္ပါဦးမယ္ "

အခန္းထဲမွ ေမာင္ ေျပးထြက္သြားသျဖင့္ ေလာင္းရိပ္လည္း ေနာက္မွလိုက္သြားေလသည္ ။

ေမာင္က အိပ္ခန္းကို ေျပးကာ ဝင္သြားသျဖင့္ ေလာင္းရိပ္ကပါ အေနာက္မွ လိုက္ၿပီး အခန္းထဲေရာက္ေရာက္ခ်င္း.ေမာင္ရဲ႕ လက္ေကာက္ဝတ္အား ဆြဲလိုက္သည္ ။

အရွိန္မ်ားသြား၍လားမသိ ေလာင္းရိပ္ အနားသို႔ပင္ နီးကပ္စြာ ေမာင္ ေရာက္လာပါ၏ ။

"ဘယ္ေျပးတာလဲ "

"မဟုတ္ပါဘူး...ေမာင္ေျပာတာေတြ ေဗြမယူပါနဲ႕ေနာ္"

"ေဗြယူရေအာင္ ကိုယ္က ႐ုကၡစိုးလား."

"မ..မဟုတ္ဘူးေလ ၊ ဟို... "

"ကိုယ္ေျပာၿပီးၿပီပဲေလ ေမာင္ျဖစ္ခ်င္တာေတြ ေျပာလို႔ရပါတယ္ဆို "

ေလာင္းရိပ္အား ေမွ်ာ္လင့္ခ်က္ကင္းမဲ့ေနေသာ မ်က္ဝန္းမ်ားျဖင့္ စိုက္ၾကည့္ေနေသာ ေမာင့္ကို ၾကည့္ရင္း ဝမ္းနည္းလာမိပါ၏ ။
ေမာင္ သူ႕ကို လက္ေလွ်ာ့ထားတာပဲ ။ ေမာင့္မ်က္ဝန္းထဲမွာ အထင္သား.ေပၚေနပါသည္။ေမာင္က အရာရာကို လက္ေလွ်ာ့ထားပုံရပါသည္။

"ေမာင္ ျဖစ္ခ်င္တာက... မရွိလို႔ မေျပာတာပါ"

"ေမာင့္ကို ကိုယ္က အရမ္းမမုန္းေစခ်င္ဘူးဆို.​.. ေမာင္ ေတာင္းဆိုဖူးတယ္ေလ "

"ေတာင္းဆိုတာကို လိုက္ေလ်ာေပးစရာမလိုပါဘူးဗ်ာ...
ေမာင္က... ခံစားရတာ သက္သာေအာင္လို႔ ေျပာ႐ုံပဲမို႔ ဦးရိပ္ လိုက္ေလ်ာေပးစရာမလိုပါဘူး...
ဦးရိပ္ စိတ္ကို ေမာင္ ပိုင္ဖို႔မွ မလိုတာေလ အင္း...ဒါေပမယ့္ ဦးရိပ္နဲ႕ေတာ့ ႏွစ္ႏွစ္တာ အတူတူေနခြင့္ေတာ့ ပိုင္သြားတယ္ ဟင္း "

အနည္းငယ္.ေပ်ာ္ေနသည့္ပုံ​ျဖင့္ ရယ္ေနသည့္ ေမာင္...။ ထို႔အျပင္ နာက်င္ေနသည့္ အရိပ္အေယာင္မ်ား ။

တကယ္ကို ေလာင္းရိပ္ ဆက္မၾကည့္နိုင္ေတာ့ေပ ။

လူေကာင္ေသးေသးေလးအား.ရင္ခြင္ထဲသို႔ ဆြဲသြင္းလိုက္ကာ ေထြးေပြ႕ထားလိုက္သည္။

"တစ္သက္လုံးပိုင္ခ်င္လည္း ရပါတယ္ "

ရင္ခြင္ထဲရွိ ေမာင္က ေလာင္းရိပ္ကို ေမာ့ၾကည့္လာသည္ ။ ေလာင္းရိပ္ကလည္း.ေမာင့္အား.ဖက္ထားလ်က္ပင္ ငုံ႕ၾကည့္ေန၏ ။

"ဦးရိပ္... "

"ဟင္ "

"ေမာင့္ကို အရမ္းၾကင္နာမျပပါနဲ႕လားဟင္... ၊ ေမာင္...ဦးရိပ္ကို လက္မလႊတ္နိုင္ပဲ ေနလိမ့္မယ္ ၊ ေနာက္ဆို အကြာအေဝးတစ္ခုမွာပဲ ေနၾကရေအာင္ေနာ္ "

"မေနခ်င္ဘူး..."

"ေမာင့္ကို မုန္းလြန္းလို႔ ေမာင့္ရင္ကိုမ်ား ခြဲေနသလားဗ်ာ...ဟန္ေဆာင္ၿပီး ၾကင္နာမျပပါနဲ႕ ၊ ေမာင္...အခုေတာင္ အသက္ရွင္နိုင္ဖို႔ မနည္းႀကိဳးစားေနရတာမို႔ အရမ္းပင္ပန္းေအာင္ မလုပ္လို႔ မရဘူးလားဟင္၊ ေမာင္...ေရွ႕ေလွ်ာက္ ပင္ပန္းရဦးမွာေလ ...၊
နည္းနည္းျဖစ္ျဖစ္ သနားေပးပါ ၊
ဒီတစ္ခါေတာ့ ေမာင္ တကယ္ ေတာင္းဆိုတာပါ ဦးရိပ္... .
ေနာက္ဆို ေမာင္တို႔က သူစိမ္းေတြပဲ ျပန္ျဖစ္..."

" ကိုယ္ ဟန္ေဆာင္တာ မဟုတ္ဘူး...
တကယ့္စိတ္ရင္းနဲ႕ ေမာင့္ကို ဆက္ဆံေနတာပါ..."

စကားစအား.အျမန္ပင္ ျဖတ္ေျပာလိုက္ရပါ၏ ။
ေလာင္းရိပ္ ေမာင္၏.စကာလုံးတိုင္အား ဆက္ၿပီး မၾကားခ်င္ေတာ့ေပ။ ေမာင္ေျပာသမွ်က သူ႕စိတ္အစဥ္တို႔ နာက်င္ရပါသည္ ။

ေမာင့္စကားတို႔ကလည္း နာက်င္မႈမ်ား ေရာယွက္ေနပါ၏။ သို႔ေသာ္ တည္ၿငိမ္ေနသည္ ။ ေလးေလးနက္နက္ ေျပာေနပုံ.ရသည္ ။

ဘဝတစ္ေလွ်ာက္လုံး.ဂ႐ုစိုက္ေပးတာ မခံခဲ့ရသူမို႔ ယခု သူ ၾကင္နာျပသည္ကိုလည္း အတည္လို႔ ေမာင္ မမွတ္ယူနိုင္ျခင္း ျဖစ္ေပလိမ့္မည္။
ပင္ပန္းခဲ့တယ္ဆိုတာ သိခဲ့ၿပီမို႔ ေနာက္ဆို သူ... ေမာင့္ကို မပင္ပန္းေစခ်င္႐ုံပါ။
သူ႕အျပဳအမူေတြက ေမာင္ရဲ႕ အသိစိတ္ တံခါးကို မတိုးေပါက္နိုင္သည့္အျပင္..အနားမွာ ဝဲေနသည္ကိုေတာင္ ႏွင္ထုတ္ေနပါေသး၏ ။
ေပါ့ေစခ်င္လို႔ ေၾကာင္႐ုပ္ထိုး.၊ ေဆးေၾကာင့္ ေလးသြားမွာ ေလာင္းရိပ္ စိုးရိမ္ေနမိပါသည္ ။

ေလာင္းရိပ္၏ ေခါင္းက.ေမာင့္မ်က္ႏွာရွိရာသို႔ ငုံ႕ဆင္းလ်က္ ေမာင္၏ မ်က္လုံးေလးအား.သူ႕ ႏႈတ္ခမ္းႏြေးႏြေးျဖင့္ ထိကပ္လိုက္သည္ ။
ေမာင္ ... သတိကင္းမဲ့စြာ မ်က္ဝန္းတို႔ကို မွိတ္ခ်လ်က္ မလႈပ္မယွက္ေနေနပါ၏ ။
ေလာင္းရိပ္၏.ယခုပုံစံႏွင့္ ေမာင္ မရင္းႏွီးေသးပါ ။
ေလာင္းရိပ္ရဲ႕ မုန္းေနသည့္ မ်က္ဝန္းေတာက္ေတာက္မ်ား ၊ ခက္ထန္ေနသည့္ မ်က္ႏွာထားမ်ား ၊ ၾကမ္းတမ္းသည့္ အမူအရာမ်ားကို ရင္းႏွီးကြၽမ္းဝင္ခဲ့ရသည္မို႔ ယခု အျပဳအမူက ေမာင္ရဲ႕စိတ္ ၊ ေမာင္ရဲ႕ႏွလုံးသားကို ေပ်ာ္ေစပါသည္ ။ သို႔ေသာ္ ေမာင္ ေပ်ာ္ရသည္ကို ပို၍ ေၾကာက္သည္။

ေလာင္းရိပ္က အႏုနည္းျဖင့္ ေမာင့္ႏွလုံးသားေတြ ပိုၿပီး ကြဲေၾကေအာင္ လုပ္မွာစိုးသည္ ။

ေမာင္ နာက်င္ၿပီးၿပီေလ ။ ထပ္ၿပီး ဒဏ္ရာမရခ်င္ေတာ့႐ုံေလးပါ ။

" ကိုယ့္ကို ဒီလို မ်က္ဝန္းေတြနဲ႕ မၾကည့္ပါနဲ႕...ေမာင္ရယ္...
ကိုယ္တကယ္ ေမာင့္ကို မမုန္းပါဘူး မမုန္းခဲ့ဖူးဘူး ေနာင္လည္း မုန္းမွာမဟုတ္ဘူး ...
အရင္တုန္းက ကိုယ့္ရဲ႕ အျပဳအမူအေျပာအဆိုေတြ အတြက္ ေတာင္းပန္ပါတယ္...ကိုယ္ တကယ္ ေတာင္းပန္းပါတယ္ "

"ဒါေပမယ့္ ေမာင္...ဦးရိပ္ကို ခ်စ္ေနေသးတယ္ေလ... "

"ကိုယ္လက္ခံတယ္"

ေလာင္းရိပ္၏ ေလးနက္စြာ အမွန္အကန္ေျပာေနေသာ မ်က္ႏွာအမူအရာတို႔ေၾကာင့္ ေမာင္ ယုံၾကည့္လိုက္ခ်င္သည္ ။ သို႔ေသာ္ အလုံးစုံေတာ့ ယုံရဲသည္မဟုတ္ ။

"ဦးရိပ္ အတြက္ အႏွောက္အယွက္ျဖစ္ေနတယ္ မဟုတ္လား "

"ေမာင္ရာ ကိုယ့္အေၾကာင္းကို အရမ္းႀကီး.စိုးရိမ္လြန္ၿပီး မေတြးပါနဲ႕ေတာ့...ကိုယ္ အႏွောက္အယွက္ မျဖစ္ပါဘူး...
ၿပီးေတာ့..
အေတြးလြန္တာ မေကာင္းဘူးေနာ္ သိရဲ႕လား "

"..."

"အိပ္ေတာ့ေနာ္... ကေလးဆိုတာ ေစာေစာအိပ္ရတယ္ "

"မ..မဟုတ္ေသးဘူးေလ "

႐ုတ္ခ်ည္းေျပာင္းလဲသြားသည့္ အေျခအေနက ေမာင္က ကေလးျဖစ္သြားတာတဲ့လား ။

"အိပ္မယ္... အိပ္ေတာ့မယ္...ဟုတ္ၿပီ...ကေလးေလး အိပ္ယာေပၚကို သြားေတာ့မယ္ "

မ်က္ႏွာခ်င္းဆိုင္ေနေသာ ေမာင္အား  ဆန့္က်င္ဘက္သို႔ လွည့္ေစၿပီး ပုခုံးအား တြန္း၍ အိပ္ယာဆီသို႔ သြားေစသည္ ။

"အေစာႀကီး ရွိေသးတယ္ေလဗ်"

အိပ္ယာေပၚသို႔ ဇြတ္လွဲသိပ္ၿပီး ေစာင္ပါ တစ္ခါတည္း ၿခဳံေပးလိုက္သည္ ။

"ဦးရိပ္ေကာ...မ..မအိပ္ေသးဘူးလား"

"ကိုယ့္ရင္ခြင္ထဲမွာ အိပ္ခ်င္လို႔လား "

"မ..မ..မဟုတ္ပါဘူး "

"ဒီကေလးေလး စကားေတြပါ ထစ္ကုန္ၿပီ...  ဘာေတြ ႀကံစည္ေနတာလဲ"

"....."

"ကိုယ္က မနက္ျဖန္ operation တစ္ခုအတြက္ ျပန္ေလ့လာစရာေလးေတြ ရွိေသးလို႔ အခု အိပ္လို႔မရေသးဘူး...ေမာင္ကေတာ့ အိပ္ေတာ့ေနာ္
Good night... "

ေမာင္ရဲ႕ နားထင္စပ္ကေလးအား အနမ္းတစ္ပြင့္ ေပးခဲ့ၿပီး အခန္းထဲမွ ထြက္သြားေသာ ေလာင္းရိပ္ ေက်ာျပင္အား.ေပ်ာက္ကြယ္သြားသည္ထိ ေမာင္ၾကည့္ေနမိသည္ ။

"ဦးရိပ္ရဲ႕ ဒီလိုအျပဳအမူေတြမွာ ေမာင္ တကယ္ေပ်ာ္ေနမိတယ္ ၊ ေပ်ာ္ေနမိတာကိုလည္း ေၾကာက္တယ္.....
ေမာင္ လက္ရွိပိုင္ဆိုင္ေနတဲ့ ေပ်ာ္ေနရတဲ့ ခံစားခ်က္ေလး တစ္ခုခုေၾကာင့္ ပ်က္ဆီးသြားမွာ အရမ္းေၾကာက္တယ္ "

......

"အား....မ်က္လုံးေတြကို ေညာင္းသြားတာပဲ "

စာအုပ္အား စာၾကည့္စားပြဲေပၚကို အသာတင္လိုက္ၿပီး.ကုလားထိုင္ေနာက္မွီေပၚသို႔ မွီခ်လိဳက္ကာ မ်က္လုံးအား မွိတ္ထားလိုက္သည္ ။

အခ်ိန္သည္ကား ၁၁ခြဲ ။ ဒီအခ်ိန္ဆို ေမာင္ အိပ္ေနေလာက္ေတာ့မည္ ။

ခႏၶာကိုယ္အား အေညာင္းအညာ ဆန့္လိုက္ၿပီး.အိပ္ခန္းဆီသို႔သာ သြားလိုက္သည္ ။

အိပ္ေနေသာ ေမာင္ မနိုးေစရန္ တံခါးေလးအား.အသာေလးဖြင့္လိုက္ေသာ္လည္း ျမင္လိုက္ရသည့္ ျမင္ကြင္းကား တအံတၾသရွိလွပါ၏ ။

"ေမာင္...မအိပ္ေသးဘူးလား "

ေခါင္းရင္းရွိ မွန္ျပတင္းေပါက္မွ ျဖာက်ေနေသာ လေရာင္အား အိပ္ယာေပၚတြင္ ပုခုံးေလးက်ဳံ႕လ်က္ ေခါင္းအုံးကို.ပိုက္ထားၿပီး ငုတ္တုတ္ထိုင္ကာ ၾကည့္ေနေသာ ေမာင့္အနားသို႔ သြားလိုက္ရင္း.ေမးလိုက္သည္ ။

"အိပ္မေပ်ာ္ေသးလို႔ပါ "

"ညဥ့္နက္ေနၿပီေလကြာ...  ဒီတိုင္းႀကီးပဲ ထိုင္ေနတာလား "

"ညဘက္ေတြ သိပ္ၿပီး အိပ္လို႔ မေပ်ာ္တတ္ဘူးဗ်... ေတာ္ေတာ္ေလးညဥ့္နက္မွ အိပ္ေပ်ာ္သြားတတ္တာ...."

"ၾကာၿပီလား... အဲ့လို အိပ္မေပ်ာ္တာ "

"လမင္းႀကီးကို ၾကည့္ရတာ သေဘာက်တယ္....
လမင္းေဘးက ၾကယ္ကေလးေကာပဲ...
လွတယ္ေနာ္ ဦးရိပ္ "

ေမးသည့္ေမးခြန္းကို မဆိုင္စြာ ေျဖေနေသာ ေမာင္အား ေလာင္းရိပ္ ေသခ်ာ ၾကည့္လိုက္ပါသည္ ။
လမင္း၏ အေရာင္ေၾကာင့္ ေမာင့္မ်က္ႏွာေလး ဝင္းလဲ့ေနသည္ ။
မ်က္ဝန္းအိမ္ထဲမွာ သေဘာတက်ရွိေနေသာ ေတာက္ပေနသည့္ အၿပဳံးတခ်ိဳ႕ ။
ႏႈတ္ခမ္းပါးတို႔ကေတာ့ ၿပဳံးေနသည္လည္း မဟုတ္ ၊ တည္ေနသည္လည္း မဟုတ္ပါေခ် ။ 

"ဦးရိပ္ အိပ္ခ်င္ေနၿပီလား... ေမာင္က ခဏေနမွ အိပ္ေပ်ာ္မွာ ခုခ်ိန္က ေမာင့္အိပ္ခ်ိန္မဟုတ္ေသးဘူး...
ဦးရိပ္ အရင္ အိပ္ႏွင့္ေလ "

အၿပဳံးမမည္ေသာ ေမာင့္အၿပဳံး..
၊ တိုးလ်ေသာ အသံေလးက ညပတ္ဝန္းက်င္၏ အေကာင္ေလးမ်ား၏ ေအာ္သံေလာက္ပင္ ရွိသည္ ။

ေလာင္းရိပ္က ေမာင္အား.စူးစူးစိုက္စိုက္ ၾကည့္မိေနသလို အၿပဳံးေလးျဖင့္ ေမာင္ကလည္း ေလာင္းရိပ္အား ျပန္ၾကည့္ေနမိသည္ ။
ည၏ အသံတို႔က တိတ္ဆိတ္လွပါ၏ ။
ထို႔အတူ ထိုလူသားႏွစ္ဦး၏ ႏွစ္ကိုယ္ၾကားတြင္ အသက္ရႉသံမွ လြဲ၍ အျခားအသံ မရွိေတာ့ေသာေၾကာင့္ တိတ္ဆိတ္ေနသည္မွာ ည၏ တိတ္ဆိတ္မႈႏွင့္ ၿပိဳင္ေနသည့္ သေဘာ ရွိသည္ ။

ႏွလုံးသားတို႔ကေတာ့ တိတ္ဆိတ္ကာ ေအးစက္ေနမည္ေတာ့ မဟုတ္တန္ရာ ။

ရင္ခုန္သံ ႀကိမ္ႏႈန္းမ်ားက ပုံမွန္ထက္ ျမန္ဆန္ေနၿပီး တစ္စုံတစ္ေယာက္၏ လႊမ္းၿခဳံမႈေအာက္ ေရာက္ေနသလို ႏြေးေထြးလွပါ၏ ။
အခ်င္းခ်င္း မေဖာ္ျပတတ္ေသာ အဓိပၸါယ္ပါသည့္ မ်က္ဝန္းမ်ားျဖင့္ ႏြေးေထြးစြာ စိုက္ၾကည့္ေနၾကပါေတာ့သည္ ။

.......

လုပ္ၾကပါဦး.😵
ေရးရင္း.mood မဝင္ပဲ ဇာတ္ကားေတြဆီ ေခ်ာ္ေခ်ာ္ထြက္ေနလို႔.... 🤢
ဒီအပိုင္းကို ေတာ္ေတာ္.ခက္ခက္ခဲခဲေရးလိုက္ရတယ္... လည္ေနေရာပဲ

ခုထိ လိုက္ဖတ္ေပးသူေလးေတြကိုလည္း ေက်းဇူးအမ်ားႀကီး တင္ပါတယ္ေနာ္ ❤💛

Continue Reading

You'll Also Like

54K 3.3K 25
ကြင်နာရသည်ကဘဝတစ်လျှောက်လုံး ချစ်ရသည်က အသက်ထက်ဆုံး။ ၾကင္နာရသည္ကဘဝတစ္ေလ်ွာက္လံုး ခ်စ္ရသည္က အသက္ထက္ဆံုး။
87.3K 3.8K 71
ကရင္ျပည္နယ္ ေဒါနေတာင္ေျခကရြာေလးတစ္ရြာကို လုပ္အားေပးေရာက္ရွိလာတဲဲ ႕ ဆရာဝန္ေလးရယ္ ေဒသခံ ကရင္ကျပားေလး ေစာ ရဲ႕အခ်စ္ဇာတ္လမ္းေလးပါ ေက်းလက္ေဒသအေငြ႕အသက္ေလး...
26.4K 967 5
ဆုံတွေ့ခွင့်ပေးလာတဲ့ရေစက်တွေကို ကျွန်တော်က ထပ်တလဲလဲ ကျေးဇူးတင်ပါတယ် ။ ဆုံေတြ႕ခြင့္ေပးလာတဲ့ေရစက္ေတြကို ကြၽန္ေတာ္က ထပ္တလဲလဲ ေက်းဇူးတင္ပါတယ္ ။
459K 22.9K 46
မောင်လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော သူက မင်းပါ ရုဏ်ရုဏ် 💙💐 ကွန့်ထူးထည်ဝါ မောင့်အာရုဏ်ဦး coverartist = Pann Eain 💐 ေမာင္လက္ထပ္ခ်င္တဲ့ တစ္ဦးတည္းေသာ...