Unicode
အခန်း(၃၁၂) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
ကျန်းယွင်ရှီက သူ့အောက်နှုတ်ခမ်းအား ပြတ်ထွက်လုမတတ် ကိုက်လိုက်သည်။
သေစမ်း! ကျန်းမိသားစုကို အထက်ပိုင်းဘုံရဲ့ နတ်ဘုရားမျိုးနွယ်စုကနေ ပို့ပေးလိုက်တဲ့ နီစွေးခြယ်သတ်ဖြတ်ခြင်းအမိန့်က သူတို့ကို သေကြောင်းကြံခိုင်းလိုက်သလိုပဲ! ကျန်းမိသားစုတွေအားလုံး အတူတူပေါင်းစည်းလိုက်ရင်တောင် လင်ကျန်ကို တကယ်တမ်းသတ်ဖို့က မဖြစ်နိုင်သေးဘူး!
လျှိုကျောက်ယွဲ့က ကျန်းယွင်ရှီရဲ့ တုန်ယင်နေသော လက်သီးဆုပ်အား ဘေးတစ်စောင်း တစ်ချက်ကြည့်လိုက်ပြီး စာနာစိတ်ဖြင့် ပုခုံးတွန့်လိုက်သည်။
သူ့ပုံစံက စိတ်ချဖို့ မကောင်းဘူးဟု ထင်ရသော်လည်း လျှိုကျောက်ယွဲ့၏ စိတ်က မြန်ဆန်စွာ လည်ပတ်နေတာဖြစ်သည်။
လင်ကျန်က အထက်ပိုင်းဘုံနဲ့ တစ်စုံတစ်ခု ပတ်သတ်နေတာမို့လို့ ကျန်းမိသားစုက အဲ့ဒီ နီစွေးခြယ်သတ်ဖြတ်ခြင်းအမိန့်ကို လက်ခံရသွားကြတာပဲ, ပြီးတော့ လျှိုမိသားစုမှာလည်း ယန်ထျန်းဟန်ကို သတ်ဖို့အမိန့်ကို တစ်ပြိုင်နက်တည်း လက်ခံရတယ်, ဒါကလည်း အထက်ပိုင်းဘုံနဲ့ တစ်စုံတစ်ခု ပတ်သတ်နေလောက်တယ်
"အဲ့ဒီတုန်းက ယန်ထျန်းဟန်က အသက်ဆယ့်နှစ်နှစ်ပဲ ရှိသေးတဲ့ ကလေးတစ်ယောက်ပဲလေ အခုလည်း ကလေးပဲ ရှိသေးပေမယ့်ပေါ့" လျှိကျောက်ယွဲ့၏ လက်ချောင်းများက အထိုင်ခင်းအား ခေါက်နေပြီး သူ့မျက်လုံးက အနည်းငယ် အောက်စိုက်နေသည်။
"အသက်ဆယ့်နှစ်နှစ်အရွယ် ကလေးတစ်ယောက်ကို အထက်ပိုင်းဘုံကနေ နီစွေးခြယ်သတ်ဖြတ်ခြင်း အမိန့်လိုမျိုး အမြင့်ဆုံး သေဒဏ်ထိ ချမှတ်လိုက်တယ် ဆိုတော့, သူ့ဆီမှာ သေဆုံးခြင်း ဖြစ်စေလောက်တဲ့အထိ ကြောက်စရာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေလို့ဖြစ်လိမ့်မယ်, ဒါပေမဲ့ သူနဲ့ပတ်သတ်ပြီး ဘာမှ ထူးခြားတာလည်း မရှိပါဘူး"
လျှိုကျောက်ယွဲ့က သူ့မိသားစု စုဆောင်းထားသော ယန်ထျန်းဟန်နဲ့ ပတ်သတ်သည့် အချက်အလက်အားလုံးကို ရပြီးတာ သိသာထင်ရှားသည်။
"သူ့မိဘ ဒါမှမဟုတ် မိသားစုက အထက်ပိုင်းဘုံမှာ အဆင့်အတန်း အရမ်းမြင့်နေမှာကိုပဲ ကြောက်မိတယ်" လျှိုကျောက်ယွဲ့က သက်ပြင်းချသည်။ မဟာအကြီးအကဲ လန်ယွဲ့ကလည်း သူ့ကိုဘာလမ်းညွှန်မှုမှ မပေးဘူးလေ။
ထင်ရှားတာကတော့ တိုက်ကြီးငါးတိုက်မှာ ရှိနေတဲ့ တစ်သီးတစ်သန့် မိသားစုများက အထက်ဘုံက မည်သည့်သတင်းမှ မရတာ နှစ်ပေါင်းတစ်ရာနီးပါး ရှိနေပြီ။ သဘာဝကျကျပင်, အထက်ပိုင်းဘုံမှ နတ်ဘုရားမျိုးနွယ်စု ကိုးခုသည် လွန်ခဲ့တဲ့ ဆယ်စုနှစ် သို့မဟုတ် နှစ်ဆယ်ကျော်အတွင်းမှာ သိသိသာသာ ပြောင်းလဲသွားသည်ကို သူတို့မသိကြပေ။
ဒီဇာတ်လမ်းတွေရဲ့ အကြောင်းအရင်းနဲ့ သက်ရောက်မှုတွေကို သိနေတဲ့သူက တိုက်ကြီးငါးတိုက်မှာ မဟာအကြီးအကဲ လန်ယွဲ့တစ်ယောက်တည်းရှိသည်။ သူသည်လည်း အထက်ပိုင်းဘုံနဲ့ ပတ်သတ်သော အချက်အလက်များကို ဘယ်သူ့ကိုမှ ထုတ်ဖော်ပြောခြင်း မရှိခဲ့ပေ။ ထို့ကြောင့် အထက်ပိုင်းဘုံက သတင်းအချက်အလက်များနဲ့ အနိမ့်ပိုင်းဘုံနဲ့က ပြတ်တောက်နေပြီဖြစ်သည်။
အနိမ့်ပိုင်းဘုံက လူတွေအနေနဲ့ အထက်ဘုံသည် လေထဲမှာတင် ပျောက်သွားတဲ့ နတ်ဆိုးတစ်ဝက် ယန်ထျန်းဟန်ကို ရှာဖို ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ် ကြိုးစားနေတယ်ဆိုတာနဲ့ ယန်ထျန်းဟန်ရဲ့ အထူး ဝိသေသလက္ခဏာများကို ဘယ်တော့မှ သိနိုင်မှာမဟုတ်ပေ။
ဒီကိစ္စမှာတော့ လျှိုနဲ့ကျန်းမိသားစု မဆိုနဲ့ ယန်ထျန်းဟန်ရဲ့ အကြောင်းကို သံသယရှိနေကြသော တိုက်ကြီးငါးတိုက်မှာ ရှိတဲ့ ဘယ်သူ့ကိုမဆို ကျယ်ပြန့်လှတဲ့ ခန့်မှန်းချက်များ ဆက်လက်လုပ်ခွင့် ပြုထားသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က မှန်းဆဖို့ ကြိုးစားရင်း ခေါင်းတွေ ကွဲထွက်သွားရင်တောင် သာမာန်ဆန်လှတဲ့ ယန်ထျန်းဟန်က အထက်ပိုင်းဘုံကိုဘာလို့ ဆွဲဆောင်နိုင်သွားတာလဲ ဆိုတာကို လုံးဝသိနိုင်မှာမဟုတ်ဘူး။
လျှိုကျောက်ယွဲ့က မဟာအကြီးအကဲ လန်ယွဲ့၏ မျက်နှာပေါ်က အမူအယာများအား တိတ်တဆိတ် စူးစမ်းလေ့လာနေသည်။ သူ့မျက်နှာပေါ်က သိမ်မွေ့တဲ့ အပြောင်းအလဲကနေ တစ်ခုခုရနိုင်မလားလို့ ကြည့်ချင်တာပင်။
ဒါပေမဲ့လည်း ဘာမှရှာမတွေ့တာဖြင့် ကျဆုံးသွားရသည်။
သို့သော်ငြား, လျှိုကျောက်ယွဲ့က စိတ်ပျက်မှု မခံစားရဘူး..... သူက ယန်ထျန်းဟန်ရဲ့ အကြောင်းကို တကယ်ပဲ နားလည်ချင်နေတာ မဟုတ်ဘူးလေ.... လျှိုမိသားစုက အထက်ပိုင်းဘုံကနေ နှစ်ပေါင်းများစွာ စွန့်ပစ်ခံပြီးနေပြီ, ဘာလို့သူတို့အတွက် ဆက်ပြီးအလုပ်လုပ်ပေးနေရမှာလဲ?
သိတာများလေလေ အန္တာရယ်ပိုများလေလေပဲ
လျှိုကျောက်ယွဲ့က ထိုအမှန်တရားအား ကလေးဘဝကတည်းက သိခဲ့သည်။
လျှိုကျောက်ယွဲ့က ခေါင်းစဉ်အား အစဆီ ပြန်သွားလိုက်ကာ မေးလိုက်သည်။
"မဟာအကြီးအကဲလန်ယွဲ့, ကျွန်တော်တို့ ဘယ်လိုများ တိုက်ကြီးငါးတိုက်ကနေ ထွက်သွားလို့ ရနိုင်မလဲ? ဒါမှမဟုတ်, တိုက်ကြီးငါးတိုက်ကနေ ထွက်ခွာနိုင်မယ့် အခွင့်အရေးက ရှိရောရှိသေးရဲ့လား?"
ကျန်းယွင်ရှီသည်လည်း အလွန်လေးနက်လှသည့် အမူအယာဖြင့်ပြောလာသည်။
"ရိုးရိုးသားသားပြောရရင်, ကျွန်တော့အဖေက ကျွန်တော့ကိုပဲ နက်ရှိုင်းကောင်းကင်ဂိုဏ်းဆီလွှတ်ပြီး အသျှင်ကိုယ်တော်မြတ်ဆီ လာရောက်ခိုင်းရတဲ့ အကြောင်းအရင်းက ကျွန်တော့အဖေရဲ့ ကျင့်ကြံဆင့်က တော်တော်ကြာကတည်းက အထွတ်အထိပ်ကို ရောက်နေပြီမို့လို့ပါ, လင်ကျန်နဲ့ ဖြစ်သွားတဲ့ အရင်တစ်ခေါက် အဖြစ်အပျက် ပြီးကတည်းက အဖေ့ခန္တာကိုယ်ထဲက ချီတွေက ဒေါသတကြီးဖြစ်ကုန်ပြီး သူ့ကိုချိုးဖြတ်ဖို့အတွက် တွန်းအားပေးလုနီးပါး ဖြစ်ခဲ့တယ်,ဒါပေမဲ့ အဆုံးမှာတော့ မိသားစု တစ်ခုလုံးရဲ ကြိုးပမ်းအားထုတ်မှုကြောင့် နှစ်နှစ်ကြာအောင် ဖိနှိပ်နိုင်ခဲ့တာ, ဒါပေမဲ့လည်း သူ့အောင်မြင်မှုက နီးလာနေပြီ ဆိုတာကို အဖေကသိနေတော့ သူ့ကျင့်ကြံဆင့်ကို ဖိနှိပ်ထားတာက နောက်သုံးနှစ်ထက် ပိုမကြာတော့မှာကို ကျွန်တော်ကြောက်တယ်, ကျွန်တော်ဒီကို လာခဲ့ရတာက မဟာအကြီးအကဲ လန်ယွဲ့အနေနဲ့ ကျွန်တော်တို့ မိသားစုအတွက် ရှင်းလင်းတဲ့ လမ်းကြောင်းကိုများ ပြသပေးနိုင်မလားလို့ပါ "
လျှိုကျောက်ယွဲ့က ကျန်းယွင်ရှီအား အံ့အားသင့်ဟန် လှည့်ကြည့်သည်။
"မင်းတို့မိသားစုမှာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက နက်ရှိုင်းဘုံ အထွတ်အထိပ်အဆင့် အကြီးအကဲရှိတယ်လေ, မင်းပြောတော့သူက တစ်ခြားအနိမ့်ပိုင်းဘုံကို ဆင်းသွားတယ်ဆို? မင်းအဖေရော ဘာလို့အဲ့ဒီ တစ်ခြားအနိမ့်ပိုင်းဘုံကို မသွားရတာလဲ?"
ကျန်းယွင်ရှိရဲ့ ပုံစံက မှောင်မိုက်နေပြီး သူ့နှုတ်ခမ်းကို ဖိကပ်လိုက်သည်။ သူက ခဏတာမျှ ဆိုင်းငံ့နေပြီးမှ တိုးတိုးလေးပြောလာ၏။
"မဟုတ်ဘူး, တစ်ခြားအနိမ့်ပိုင်းဘုံဆိုတာ မရှိခဲ့ဘူး, ငါ့မိသားစုက အဲ့ဒီအကြီးအကဲက တက်ရောက်ဖို့အတွက် ကျဆုံးသွားခဲ့ပြီး ပြိုလဲသွားခဲ့တယ်"
လျှိုကျောက်ယွဲ့မှာ လုံးဝကို အံ့အားသင့်နေမိပြီး လေအေးများ ရှုရှိုက်မိသည်။ တစ်သီးတစ်သန့် မိသားစုမှ အကြီးအကဲများက ယေဘုယျအားဖြင့် မိသားစုတွင် သြဇာအရှိဆုံး ပုဂ္ဂိုလ်များဖြစ်သည်။ အကယ်၍ သူတို့ ပြိုလဲတယ်ဆိုရင် တစ်သီးတစ်သန့် မိသားစုများအနေနဲ့ ချိုးဖြတ်နိုင်မယ့် နည်းလမ်းကို ရှာမတွေ့ဘူးဟု ပြသနေသည်။
"ဘာလို့ တစ်ခြားအနိမ့်ပိုင်းဘုံကို မသွားတာလဲ?" လျှိုကျောက်ယွဲ့က ထိတ်လန့်တုန်လှုပ်စွာဖြင့်မေးသည်။
ကျန်းယွင်ရှီက ပေါ့ပါးစွာ ပြန်ဖြေ၏။
"တိုက်ကြီးငါးတိုက်ရဲ့ ပတ်ပတ်လည်က အတားအဆီးကြောင့် ဝင်ပေါက်ထွက်ပေါက်တွေ မရှိဘူး, အထက်ပိုင်းဘုံကို သွားတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ထားရုံတင်မကပဲ တစ်ခြားအနိမ့်ပိုင်းဘုံကို သွားတဲ့လမ်းလည်း မရှိဘူး, ငါတို့တွေ တစ်ခြားအနိမ့်ပိုင်းဘုံကို သွားလို့ရတဲ့ အကြောင်းအရင်းက ကူးပြောင်းရေး အခင်းအကျင်းကို ဖြတ်သန်းလို့ပဲ, ဒါပေမဲ့ အဲ့ဒီ ကူးပြောင်းမှု အခင်းအကျင်း အများစုက တစ်ခါတည်းပဲ အသုံးပြုလို့ရပြီး အခုချိန်မှာ အဲ့ဒါကို သင့်တော်အောင် လုပ်နိုင်မယ့် ကမ္ဘာဘုံအဆင့်ကျင့်ကြံသူက အနိမ့်ပိုင်းဘုံမှာ ရှာမတွေ့နိုင်ဘူး"
လျှိုကျောက်ယွဲ့မှာ ဆွံ့အသွားရသည်။ အမြဲတမ်း ပြုံးနေတဲ့ မျက်နှာက လေးနက်သွားတာကြောင့် ထူးဆန်းသည့်ပုံပေါက်သွားရ၏။
လွန်ခဲ့တဲ့ အနှစ်ငါးဆယ်အတွင်း လျှိုမိသားစုက ဘယ်သူကမှ အထက်ကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ သူတို့က တောင်တန်းများထဲမှာ နက်နက်ရှိုင်းရှိုင်း သိုဝှက်နေခဲ့ကြကာ 'တစ်သီးတစ်သန့်' မိသားစုဆိုသည့် စကားလုံး၏ အဓိပ္ပါယ်အား စစ်မှန်စွာ အကောင်အထည်ဖော်ခဲ့သည်။ တိုက်ကြီးငါးတိုက်ထက် ဝိညာဉ်ချီပိုကောင်းပြီး ကမ္ဘာဘုံအဆင့် ကျင့်ကြံသူ နေလို့ရနိုင်မယ့် အနိမ့်ပိုင်းဘုံများကို သွားဖို့လည်း မကြိုးစားခဲ့ပေ။
အဲ့ဒါကြောင့် လျှိုမိသားစုက တိုက်ကြီးငါးတိုက်ရဲ့ အခြေအနေက ဒီလောက်ထိ လေးနက်နေတာကို မသိခဲ့ဘူး!
လျှိုကျောက်ယွဲ့က အံကြိတ်လိုက်ပြီး ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ သူဒီသတင်းကို မျိုးနွယ်စုဆီ ချက်ချင်းတင်ပြမှရမယ်
"ချီးပဲ, မင်းငါတို့ကို ဒီသတင်း စောစောကတည်းက ပြောခဲ့သင့်တာ!" လျှိုကျောက်ယွဲ့က အနည်းငယ် စိတ်ရှုပ်နေပုံရသည်။
ကျန်းယွင်ရှီက သူ့အား အေးစက်စက် စိုက်ကြည့်လာ၏။
"မင်းတို့ လျှိုမိသားစုလည်း ငါတို့ကို ဖုန်းကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ရှိတာပဲလေ"
လျှိုကျောက်ယွဲ့မှာ ဘာမှမပြောနိုင်တော့ပေ။
ခဏလောက်ကြာမှ မဟာအကြီးအကဲ လန်ယွဲ့အား လှည့်ကြည့်လိုက်သည်။
"မဟာအကြီးအကဲလန်ယွဲ့ခင်ဗျာ, ကျေးဇူးပြုပြီး ကျွန်တော့မိသားစုအတွက် ရှင်းလင်းတဲ့ လမ်းကြောင်းလေး ပြပေးပါ, ကျွန်တော့အကိုအကြီးဆုံး..... သူ့ကျင့်ကြံဆင့်ကလည်း ထိန်းချုပ်မှု လွတ်လုနီးပါးဖြစ်နေပြီ"
"မင်းထွက်သွားချင်တယ်ဆိုရင် ငါ့အဖြေကတော့ ဖြစ်နိုင်တယ်"
ကောင်လေးနှစ်ယောက်က စိတ်လှုပ်ရှားသွားကြသည်။
သို့သော်လည်း ချက်ချင်းပင် မဟာအကြီးအကဲလန်ယွဲ့၏ ဆက်ပြောလာတဲ့ စကားလုံးကြောင့် ရိုက်ချခံလိုက်ကြရ၏။
"အခွင့်အရေးယူရမှာ" သူကဆက်ပြောသည်။
"မင်းအနေနဲ့ ဒီအခင်းအကျင်းကို ချိုးဖြတ်နိုင်မယ့်သူ ပေါ်လာတဲ့အထိ စောင့်ဖို့လိုတယ် ပြီးရင် စည်းတံဆိပ်ကို ဖွင့်ဖို့ နည်းလမ်းရှာကြ"
"အဲ့ဒီလူက ဘယ်သူလဲ?" ကျန်းယွင်ရှီကမေးသည်။
"အချိန်ရောက်လာရင် သိပါလိမ့်မယ်" လန်ယွဲ့က ပြန်ဖြေ၏။
လျှိုကျောက်ယွဲ့မှာ မျက်မှောင်ကျုံ့သွားလေသည်။
"နည်းလမ်းကရော?"
"သူသိပြီးသားဖြစ်မှာပါ"
ကျန်းယွင်ရှီက သည်းခံပြီး ဆက်မေးသည်။
"ကျွန်တော်တို့ ဘယ်လောက်ထိ စောင့်ဖို့လိုလဲ?"
မဟာအကြီးအကဲလန်ယွဲ့က လျှို့ဝှက်ဆန်းကြယ်စွာ ပြန်ဖြေသည်။
"ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်က ဖော်ထုတ်ပြောလို့ မဖြစ်ဘူး"
ကျန်းယွင်ရှီ, "..."
လျှိုကျောက်ယွဲ့, "..."
ဒီလောက်အများကြီးပြောပြီးမှ မမျှော်လင့်ပဲ ပေါက်ကရတွေ ထပြောနေတယ်!
ကျန်းယွင်ရှီနဲ့ လျှိုကျောက်ယွဲ့တို့က ဘယ်လောက်ပဲ စကားတွေ ထပ်ပြောနေပါစေ မဟာအကြီးအကဲ လန်ယွဲ့ကတော့ ကြည့်ရတာ အသုံးဝင်ပုံပေါ်ပေမယ့် ယာယီမှာတော့ အသုံးမဝင်သည့် သတင်းတစ်ချို့ကိုသာ ဆက်ပြောနေသည်။
အဆုံးမှာတော့ နှစ်ယောက်လုံး စိတ်ဓာတ်ကျသွားကြသည်။
လျှိုကျောက်ယွဲ့က မဟာအကြီးအကဲလန်ယွဲ့အား အလွန်နွမ်းနယ်နေဟန်ဖြင့်ကြည့်သည်။
"မဟာအကြီးအကဲလန်ယွဲ့, ကြည့်ရတာ ကျွန်တော် အကြီးအကဲရဲ့ တောင်ထွတ်ကို ဝင်ချင်တယ်ဆိုရင်တောင် အခွင့်အရေး မရှိဘူးနောွ"
"မင်းစောစော လာခဲ့မယ်ဆိုရင် ငါမင်းကို တပည့်အဖြစ် လက်ခံပါတယ်, ဒါပေမဲ့, အခုက ငါ့ရဲ့ သတင်းစကားကို ထုတ်ပြန်လိုက်ပြီး လင်ရွှမ်းဇီကို ငါ့ရဲ့ တံခါးပိတ်တပည့်အဖြစ် လက်ခံလိုက်ပြီမို့လို့ တစ်ခြားတပည့်တစ်ယောက်ကို လက်ခံဖို့က မဖြစ်နိုင်တော့ဘူး"
လျှိုကျောက်ယွဲ့က စိတ်ရင်းမှန်လှစွာဖြင့်ပြောသည်။
"ဒါပေမဲ့, ကျွန်တော် အကြီးအကဲရဲ့ ကျက်သရေကို သဘောကျတယ်, အကယ်၍ တပည့်မဟုတ်ရင်တောင် အကြီးအကဲဆီက သင်ယူလို့ရနိုင်မလား?"
မဟာအကြီးအကဲလန်ယွဲ့က သူ့ကိုပေါ့ပါးစွာကြည့်သည်။
"ဘာလို့ အဲ့ဒိလို လုပ်ချင်ရတာလဲ? မင်းရဲ့ စွမ်းဆောင်ရည်နဲ့ လက်ရှိ ကျင့်ကြံဆင့်အရဆိုရင် ဂိုဏ်းချုပ်နဲ့ အကြီးအကဲတစ်ချို့ကလွဲရင် နက်ရှိုင်းကောင်းကင်ဂိုဏ်းကနေ မင်းကိုသင်ပေးနိုင်မယ့်သူ ဘယ်သူမှမရှိဘူး, ဒီမှာမင်းရဲ့ အချိန်တွေနဲ့ ပါရမီစွမ်းရည်တွေကို လာဖြုန်းတီးနေတာပဲ"
လျှိုကျောက်ယွဲ့က ပိုလို့ပင် စိတ်ရင်းမှန်ပြီး ကျိုးနွံလာသည်။
"အကြီးအကဲက ကျွန်တော့ကို မြှောက်ပင့်နေပါပြီ, ကျွန်တော့အကိုကြီးက ကျွန်တော့ကို တစ်ခါတုန်းက သင်ပေးခဲ့ဘူးတယ်, အကြီးအကဲလို ပညာရှိမျိုးနဲ့ အကျွမ်းတဝင်ရှိအောင် လုပ်ရမယ်တဲ့ အဲ့ဒါမှ ကျွန်တော့ ကျင့်ကြံဆင့်ကို သဘာဝအတိုင်း တိုးတက်အောင် လုပ်နိုင်မှာ, ကျွန်တော့အမြင်အရတော့ မဟာအကြီးအကဲလန်ယွဲ့က အရမ်းလေးစားဖို့ကောင်းပြီး ထက်မြတ်လှတယ်, အဲ့ဒါက အသျှင်သခင်တစ်ပါးလိုမျိုး အခြံအရံပဲဖြစ်ပြီး အကြီးအကဲရဲ့ ပုံစံကြောင့် လွှမ်းမိုးမှု ခံနေရတာပါ ဆိုရင်တောင် အဲ့ဒါက ကျွန်တော် ကိုယ့်ဘာသာကိုယ် သုံးနှစ် ဒါမှမဟုတ် ငါးနှစ်လောက် လေ့ကျင့်နေတာထက်တော့ သာလွန်ပါတယ်"
ဒီလိုစကားမျိုးကို ကြားရတာ ရယ်စရာတော့မဟုတ်ပေ။ ဒီနေ့ခေတ်ရဲ့ လူငယ်မျိုးဆက်သစ်များက တကယ့်ကို ပိုပိုကာ ထက်မြက်လာတာကြောင့် ဒီစကားတွေက သူ့တောင်ထွတ်ကို စောစော ရောက်နေကြတဲ့ ပင်ရင်းတပည့်တွေပြောတာထက် ပိုပြီးနားဝင်ပီယံရှိလှသည်။
ထို့ကြောင့် မဟာအကြီးအကဲလန်ယွဲ့က အနည်းငယ် လုပ်ပိုင်ခွင့် ဖွင့်ပေးလိုက်သည်။
"အကယ်၍ မင်းက နစ်မြှုပ်ဓားတောင်ထွတ်မှာပဲနေဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင် မဖြစ်နိုင်တာတော့မဟုတ်ဘူး"
လျှိုကျောက်ယွဲ့က တောက်ပလာသည်။
သူဒီကိုလာတာက ဆရာတစ်ယောက်ရှာဖို့မဟုတ်ပဲ မဟာအကြီးအကဲ လန်ယွဲ့အတွက် လာခြင်းသာဖြစ်သည်။ သူသာ ဒီလူနဲ့ နီးစပ်ပြီး ထိုလူ့ကို စောင့်ကြည့်နေနိုင်သ၍ အနှေးနဲ့အမြန် အချက်အလက်များ ရရှိပြီး တိုက်ကြီးငါးတိုက်ရဲ့ နယ်မြေ အဆီးအတားအား ချိုးဖြတ်နိုင်လိမ့်မည်။
ဒါ့အပြင် သူအခု အိမ်ပြန်သွားရင်တောင် အများကြီး ကူညီနိုင်မှာမှမဟုတ်ပဲ သူလျှောက်သွားနေခဲ့ရင်လည်း အဲ့ဒါက ရည်ရွယ်ချက်မဲ့ပြီး ထိရောက်မှုမရှိနိုင်....
လျှိုကျောက်ယွဲ့က ပြန်ဖြေသည်။
"ကျေးဇူးပြုပြီး ပြောပြပေးပါ, မဟာအကြီးအကဲလန်ယွဲ့"
မဟာအကြီးအကဲလန်ယွဲ့က ရှင်းပြသည်။
"ငါ့တံခါးဆီ ဝင်လာတဲ့ တပည့်အငယ်လေးက မင်းကို ညွှန်ကြားချက် ပေးနိုင်လိမ့်မယ် သူက ငယ်ရွယ်ပေမယ့်လည်း ဓားကျင့်ကြံမှုမှာ သူ့ပါရမီက သာမာန်ထက်လွန်ကဲလှတယ်, မင်းသူ့နောက်ကို အချိန်အတိုင်းအတာ တစ်ခုထိ လိုက်ပါပြီး သူ့ဆီက အကြံဉာဏ်တစ်ချို့ ယူလို့ရတယ်"
"လင်ရွှမ်းဇီလား?" လျှိုကျောက်ယွဲ့မှာ အံ့အားသင့်သွားမိသည်။
"လင်ရွှမ်းဇီ" မဟာအကြီးအကဲလန်ယွဲ့က ခေါင်းညိတ်သည်။
လျှိုကျောက်ယွဲ့က ခဏတာမျှ အံ့အားသင့်သွားမိသော်လည်း နောက်ဆုံးတော့ အံကိုကြိတ်၍ ပြုံးပြလိုက်သည်။
"ကောင်းပါပြီ?"
ကျန်းယွင်ရှီက လျှိုကျောက်ယွဲ့အား ခပ်ပေါ့ပေါ့ တစ်ချက်ကြည့်လိုက်သည်။
"အသျှင်သခင်, ကျွန်တော်လည်း အမတသခင် ဟွားရုန်ရဲ့ နာမည်ကို ကြားဘူးတာကြာပါပြီ, ကျွန်တော်လည်း သူ့နောက်ကို လိုက်ပါပြီး သူ့ခံယူချက်တွေကို အလေးအမြတ် ပြနိုင်ဖို့အတွက် အခွင့်အရေးရဖို့ မျှော်လင့်မိပါတယ်"
လျှိုကျောက်ယွဲ့သည် ကျန်းယွင်ရှီက တကယ့်ကို အရှက်မရှိဘူးဟု တွေးမိသည်။
သို့သော်လည်း မဟာအကြီးအကဲ လန်ယွဲ့က ဂရုမစိုက်ပဲ ခေါင်းညတ်ပြသည်။
"ရွှမ်းဇီဆီသွားပြီး သတင်းပို့လိုက်"
အကယ်၍ ဒီနေ့ခေတ် ကလေးတွေက ထိုးနှက်ချက် နည်နည်းလောက် မခံရဘူးဆိုရင် ကောင်းကင်နဲ့ ကမ္ဘာမြေက ဘယ်လောက်ခြားနားလဲ ဆိုတာကို သိကြမှာ မဟုတ်ဘူး
ဒါ့အပြင် ဒီကောင်လေးနှစ်ယောက်က သူတို့ကိုယ်တိုင် လင်ရွှမ်းဇီရဲ့ လက်ထဲ ခုန်ဆင်းကြတာလေ
ကျန်းယွင်ရှီနဲ့ လျှိုကျောက်ယွဲ့တို့က Cleansing Inkstone စံအိမ်ကနေ ထွက်ခွာရန်အတွက် စံအိမ်မှ ထွက်သွားကြသည်
လျှိုကျောက်ယွဲ့က ကျန်းယွင်ရှီအား မထီမဲ့မြင်ပြုဟန်ဖြင့် လှောင်ပြောင်သည်။
"မင်းအစား ရှက်လိုက်တာ, မင်းတို့မိသားစုက သူ့အဖေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ပြီး အခုတော့သူ့ကို ရှာရဲတယ်ပေါ့လေ"
ကျန်းယွင်ရှိရဲ့ မျက်နှာက မပြောင်းလဲပေ။ သူက လျှိုကျောက်ယွဲ့အား တစ်ပုံစံတည်းပြန်ကြည့်သည်။
"မင်းလည်း အရှက်မရှိတာပါပဲ, ယန်ထျန်းဟန်က သူ့ညီလေးနော်"
"သူတို့က သွေးချင်းတွေမှမဟုတ်တာ" လျှိုကျောက်ယွဲ့က ပြန်ပက်သည်။
"ပြီးတော့ ငါ့အကိုက ဘာမှမလုပ်ခဲ့ဘူး"
ကျန်းယွင်ရှီကပြောသည်။
"သူတို့တွေက သွေးချင်းဟုတ်လား မဟုတ်လား ဆိုတာက အရေးမကြီးဘူး, အရေးကြိးတာက သူတို့တစ်ယောက်နဲ့တစ်ယောက် အဲ့ဒီလို ဆက်ဆံကြတယ်ဆိုတာပဲ, ဒါ့အပြင် ငါ့အဖေကလည်း ဘာမှမလုပ်ခဲ့ဘူးလေ"
လျှိုကျောက်ယွဲ့က သူ့ကိုစိုက်ကြည့်သည်။
"လိုက်တုနေတဲ့ကောင်, လင်ရွှမ်းဇီက မင်းတို့မိသားစုရဲ့ လုပ်ရပ်တွေကို သိသွားတဲ့တစ်နေ့မှာ မင်းကိုလက်တုန့်ပြန်ဖို့ လာရှာမှာ မကြောက်ဘူးလား?"
ကျန်းယွင်ရှီက သူ့ကိုပြန်ကြည့်သည်။
"လင်ရွှမ်းဇီက အဲ့ဒီလိုအရာမျိုးကို ဘယ်လိုလုပ်သိမှာလဲ?"
လျှိုကျောက်ယွဲ့က 'ဟန့်' ဟုအသံထွက်လိုက်သည်။
ထိုအချိန်မှာ ဓားကိုင်ထားတဲ့ ကောင်လေးကို မြင်လိုက်ရတာကြောင့် သူ့မျက်လုံးများ တောက်ပသွားလေ၏။
"ဒီက ဂုဏ်သရေရှိ သခင်လေးက အလှလေးကို သွားနမ်းလိုက်ဦးမယ်, အကယ်၍ မင်းမလိုက်ချင်ဘူးဆိုရင်လည်း ငါ့ဖင်နောက်ကနေ လိုက်လာစရာ မလိုဘူး"
ကျန်းယွင်ရှိရဲ့ မျက်နှာက ရှည်လျားလာပြီး သူ့ရဲ့ အေးဆေးတည်ငြိမ်သည့် မျက်လုံးများက ကောင်လေးကို စကားသွားပြောနေသည့် လျှိုကျောက်ယွဲ့အား အထင်အမြင် သေးစွာဖြင့် ကြည့်နေသည်။
"ငါလည်း မင်းနဲ့အတူ မသွားပါဘူး, ဒီမျက်နှာကို အပျက်မခံနိုင်ဘူး"
ထိုသို့ပြောရင်းဖြင့် ကျန်းယွင်ရှီက သူ့ဓားကို စီးနင်းကာ တစ်ခြားတောင်တစ်ဖက်မှာ တည်ရှိနေသည့် အတွင်းစည်း တပည့်များရဲ့ အိမ်တော်ရှိရာသို့ သွားလိုက်တော့လေသည်။
Cleansing Inkstone စံအိမ်
ဧည့်သည်နှစ်ယောက် ပြန်သွားပြီးနောက်မှာ မဟာအကြီးအကဲ လန်ယွဲ့က စံအိမ်ထဲက အခင်းပေါ်တွင် တင်ပလ္လင်ခွေ ဆက်ထိုင်နေပြီး သူ့အနေအထားက တရားထိုင်နေသည့် ပုံစံပင်။
စံအိမ်ရဲ့ ထောင့်တစ်နေရာမှာ ပုန်းကွယ်နေသည့် ဝမ်ရိထုန်က ခါးခါးသီးသီး ညည်းညူမိသည်။ ခဏတာ ထိန်းချုပ်နေပြီး နောက်မှာတော့ သူ့ဘက်ကနေ သူ့ကိုယ်သူ ဖော်ထုတ်ရန် လုပ်လိုက်ပြီး မဟာအကြိးအကဲ လန်ယွဲ့ရှေ့ကိုခုန်ဆင်းလိုက်၏။
မဟာအကြီးအကဲလန်ယွဲ့က မျက်လွှာတောင် မပင့်ပဲ မေးသည်။
"ငါပြောတာတွေ လုံလောက်အောင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရရဲ့လား?"
ဝမ်ရိထုန်က အနည်းငယ် ရှက်ရွံ့မိသော်လည်း ရိုးရိုးသားသားပြောရရင် ဒီလိုအဖြစ်အပျက်မျိုးက ပထမဆုံးအကြိမ်မဟုတ်ပေ။ သူ့နှာခေါင်းကို တို့ထိလိုက်ပြီး နှစ်သက်စရာကောင်းသော အရိုအသေတန်သည့်ပုံစံဖြင့်ရွှတ်နောက်နောက် ပြုံးလေသည်။
" ကျွန်တော် ကျယ်ကျယ်လောင်လောင် ပြတ်ပြတ်သားသား ကြားလိုက်ရပြီး ယေဘုယျ သဘောတရားကို နားလည်လိုက်ပါတယ်, ကျွန်တော့ကို စိတ်မဆိုးပဲ စေတနာထားပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်"
11.7.2021
===============
Next Episode
လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
===============
Zawgyi
အခန္း(၃၁၂) - တိုက္ႀကီးငါးတိုက္၏အက်ပ္႐ိုက္မႈ
က်န္းယြင္ရွီက သူ႔ေအာက္ႏႈတ္ခမ္းအား ျပတ္ထြက္လုမတတ္ ကိုက္လိုက္သည္။
ေသစမ္း! က်န္းမိသားစုကို အထက္ပိုင္းဘံုရဲ႔ နတ္ဘုရားမ်ိဳးႏြယ္စုကေန ပို႔ေပးလိုက္တဲ့ နီေစြးျခယ္သတ္ျဖတ္ျခင္းအမိန္႔က သူတို႔ကို ေသေၾကာင္းၾကံခိုင္းလိုက္သလိုပဲ! က်န္းမိသားစုေတြအားလံုး အတူတူေပါင္းစည္းလိုက္ရင္ေတာင္ လင္က်န္ကို တကယ္တမ္းသတ္ဖို႔က မျဖစ္ႏိုင္ေသးဘူး!
လွ်ိဳေက်ာက္ယြဲ႔က က်န္းယြင္ရွီရဲ႔ တုန္ယင္ေနေသာ လက္သီးဆုပ္အား ေဘးတစ္ေစာင္း တစ္ခ်က္ၾကည့္လိုက္ၿပီး စာနာစိတ္ျဖင့္ ပုခံုးတြန္႔လိုက္သည္။
သူ႔ပံုစံက စိတ္ခ်ဖို႔ မေကာင္းဘူးဟု ထင္ရေသာ္လည္း လွ်ိဳေက်ာက္ယြဲ႔၏ စိတ္က ျမန္ဆန္စြာ လည္ပတ္ေနတာျဖစ္သည္။
လင္က်န္က အထက္ပိုင္းဘံုနဲ႔ တစ္စံုတစ္ခု ပတ္သတ္ေနတာမို႔လို႔ က်န္းမိသားစုက အဲ့ဒီ နီေစြးျခယ္သတ္ျဖတ္ျခင္းအမိန္႔ကို လက္ခံရသြားၾကတာပဲ, ၿပီးေတာ့ လွ်ိဳမိသားစုမွာလည္း ယန္ထ်န္းဟန္ကို သတ္ဖို႔အမိန္႔ကို တစ္ၿပိဳင္နက္တည္း လက္ခံရတယ္, ဒါကလည္း အထက္ပိုင္းဘံုနဲ႔ တစ္စံုတစ္ခု ပတ္သတ္ေနေလာက္တယ္
"အဲ့ဒီတုန္းက ယန္ထ်န္းဟန္က အသက္ဆယ့္ႏွစ္ႏွစ္ပဲဲ ရွိေသးတဲ့ ကေလးတစ္ေယာက္ပဲေလ အခုလည္း ကေလးပဲ ရွိေသးေပမယ့္ေပါ့" လွ်ိေက်ာက္ယြဲ႔၏ လက္ေခ်ာင္းမ်ားက အထိုင္ခင္းအား ေခါက္ေနၿပီး သူ႔မ်က္လံုးက အနည္းငယ္ ေအာက္စိုက္ေနသည္။
"အသက္ဆယ့္ႏွစ္ႏွစ္အရြယ္ ကေလးတစ္ေယာက္ကို အထက္ပိုင္းဘံုကေန နီေစြးျခယ္သတ္ျဖတ္ျခင္း အမိန္႔လိုမ်ိဳး အျမင့္ဆံုး ေသဒဏ္ထိ ခ်မွတ္လိုက္တယ္ ဆိုေတာ့, သူ႔ဆီမွာ ေသဆံုးျခင္း ျဖစ္ေစေလာက္တဲ့အထိ ေၾကာက္စရာ လွ်ိဳ႔ဝွက္ခ်က္တစ္ခုုခု ရွိေနလို႔ျဖစ္လိမ့္မယ္, ဒါေပမဲ့ သူနဲ႔ပတ္သတ္ၿပီး ဘာမွ ထူးျခားတာလည္း မရွိပါဘူး"
လွ်ိဳေက်ာက္ယြဲ႔က သူ႔မိသားစု စုေဆာင္းထားေသာ ယန္ထ်န္းဟန္နဲ႔ ပတ္သတ္သည့္ အခ်က္အလက္အားလံုးကို ရၿပီးတာ သိသာထင္ရွားသည္။
"သူ႔မိဘ ဒါမွမဟုတ္ မိသားစုက အထက္ပိုင္းဘံုမွာ အဆင့္အတန္း အရမ္းျမင့္ေနမွာကိုပဲ ေၾကာက္မိတယ္" လွ်ိဳေက်ာက္ယြဲ႔က သက္ျပင္းခ်သည္။ မဟာအႀကီးအကဲ လန္ယြဲ႔ကလည္း သူ႔ကိုဘာလမ္းၫႊန္မႈမွ မေပးဘူးေလ။
ထင္ရွားတာကေတာ့ တိုက္ႀကီးငါးတိုက္မွာ ရွိေနတဲ့ တစ္သီးတစ္သန္႔ မိသားစုမ်ားက အထက္ဘံုက မည္သည့္သတင္းမွ မရတာ ႏွစ္ေပါင္းတစ္ရာနီးပါး ရွိေနၿပီ။ သဘာဝက်က်ပင္, အထက္ပိုင္းဘံုမွ နတ္ဘုရားမ်ိဳးႏြယ္စု ကိုးခုသည္ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ သို႔မဟုတ္ ႏွစ္ဆယ္ေက်ာ္အတြင္းမွာ သိသိသာသာ ေျပာင္းလဲသြားသည္ကို သူတို႔မသိၾကေပ။
ဒီဇာတ္လမ္းေတြရဲ႔ အေၾကာင္းအရင္းနဲ႔ သက္ေရာက္မႈေတြကို သိေနတဲ့သူက တိုက္ႀကီးငါးတိုက္မွာ မဟာအႀကီးအကဲ လန္ယြဲ႔တစ္ေယာက္တည္းရွိသည္။ သူသည္လည္း အထက္ပိုင္းဘံုနဲ႔ ပတ္သတ္ေသာ အခ်က္အလက္မ်ားကို ဘယ္သူ႔ကိုမွ ထုတ္ေဖာ္ေျပာျခင္း မရွိခဲ့ေပ။ ထို႔ေၾကာင့္ အထက္ပိုင္းဘံုက သတင္းအခ်က္အလက္မ်ားနဲ႔ အနိမ့္ပိုင္းဘံုနဲ႔က ျပတ္ေတာက္ေနၿပီျဖစ္သည္။
အနိမ့္ပိုင္းဘံုက လူေတြအေနနဲ႔ အထက္ဘံုသည္ ေလထဲမွာတင္ ေပ်ာက္သြားတဲ့ နတ္ဆိုးတစ္ဝက္ ယန္ထ်န္းဟန္ကို ရွာဖို ဘယ္လိုနည္းလမ္းနဲ႔ပဲျဖစ္ျဖစ္ ႀကိဳးစားေနတယ္ဆိုတာနဲ႔ ယန္ထ်န္းဟန္ရဲ႔ အထူး ဝိေသသလကၡဏာမ်ားကို ဘယ္ေတာ့မွ သိႏိုင္မွာမဟုတ္ေပ။
ဒီကိစၥမွာေတာ့ လွ်ိဳနဲ႔က်န္းမိသားစု မဆိုနဲ႔ ယန္ထ်န္းဟန္ရဲ႔ အေၾကာင္းကို သံသယရွိေနၾကေသာ တိုက္ႀကီးငါးတိုက္မွာ ရွိတဲ့ ဘယ္သူ႔ကိုမဆို က်ယ္ျပန္႔လွတဲ့ ခန္႔မွန္းခ်က္မ်ား ဆက္လက္လုပ္ခြင့္ ျပဳထားသည္။ ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔က မွန္းဆဖို႔ ႀကိဳးစားရင္း ေခါင္းေတြ ကြဲထြက္သြားရင္ေတာင္ သာမာန္ဆန္လွတဲ့ ယန္ထ်န္းဟန္က အထက္ပိုင္းဘံုကိုဘာလို႔ ဆြဲေဆာင္ႏိုင္သြားတာလဲ ဆိုတာကို လံုးဝသိႏိုင္မွာမဟုတ္ဘူး။
လွ်ိဳေက်ာက္ယြဲ႔က မဟာအႀကီးအကဲ လန္ယြဲ႔၏ မ်က္ႏွာေပၚက အမူအယာမ်ားအား တိတ္တဆိတ္ စူးစမ္းေလ့လာေနသည္။ သူ႔မ်က္ႏွာေပၚက သိမ္ေမြ႕တဲ့ အေျပာင္းအလဲကေန တစ္ခုခုရႏိုင္မလားလို႔ ၾကည့္ခ်င္တာပင္။
ဒါေပမဲ့လည္း ဘာမွရွာမေတြ႕တာျဖင့္ က်ဆံုးသြားရသည္။
သို႔ေသာ္ျငား, လွ်ိဳေက်ာက္ယြဲ႔က စိတ္ပ်က္မႈ မခံစားရဘူး..... သူက ယန္ထ်န္းဟန္ရဲ႔ အေၾကာင္းကို တကယ္ပဲ နားလည္ခ်င္ေနတာ မဟုတ္ဘူးေလ.... လွ်ိဳမိသားစုက အထက္ပိုင္းဘံုကေန ႏွစ္ေပါင္းမ်ားစြာ စြန္႔ပစ္ခံၿပီးေနၿပီ, ဘာလို႔သူတို႔အတြက္ ဆက္ၿပီးအလုပ္လုပ္ေပးေနရမွာလဲ?
သိတာမ်ားေလေလ အႏာၱရယ္ပိုမ်ားေလေလပဲ
လ်ွိုေက်ာက္ယြဲ႔က ထိုအမွန္တရားအား ကေလးဘဝကတည္းက သိခဲ့သည္။
လွ်ိဳေက်ာက္ယြဲ႔က ေခါင္းစဥ္အား အစဆီ ျပန္သြားလိုက္ကာ ေမးလိုက္သည္။
"မဟာအႀကီးအကဲလန္ယြဲ႔, ကၽြန္ေတာ္တို႔ ဘယ္လိုမ်ား တိုက္ႀကီးငါးတိုက္ကေန ထြက္သြားလို႔ ရႏိုင္မလဲ? ဒါမွမဟုတ္, တိုက္ႀကီးငါးတိုက္ကေန ထြက္ခြာႏိုင္မယ့္ အခြင့္အေရးက ရွိေရာရွိေသးရဲ႔လား?"
က်န္းယြင္ရွီသည္လည္း အလြန္ေလးနက္လွသည့္ အမူအယာျဖင့္ေျပာလာသည္။
"႐ိုး႐ိုးသားသားေျပာရရင္, ကၽြန္ေတာ့အေဖက ကၽြန္ေတာ့ကိုပဲ နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းဆီလႊတ္ၿပီး အသွ်င္ကိုယ္ေတာ္ျမတ္ဆီ လာေရာက္ခိုင္းရတဲ့ အေၾကာင္းအရင္းက ကၽြန္ေတာ့အေဖရဲ႔ က်င့္ၾကံဆင့္က ေတာ္ေတာ္ၾကာကတည္းက အထြတ္အထိပ္ကို ေရာက္ေနၿပီမို႔လို႔ပါ, လင္က်န္နဲ႔ ျဖစ္သြားတဲ့ အရင္တစ္ေခါက္ အျဖစ္အပ်က္ ၿပီးကတည္းက အေဖ့ခႏာၱကိုယ္ထဲက ခ်ီေတြက ေဒါသတႀကီးျဖစ္ကုန္ၿပီး သူ႔ကိုခ်ိဳးျဖတ္ဖို႔အတြက္ တြန္းအားေပးလုနီးပါး ျဖစ္ခဲ့တယ္,ဒါေပမဲ့ အဆံုးမွာေတာ့ မိသားစု တစ္ခုလံုးရဲ ႀကိဳးပမ္းအားထုတ္မႈေၾကာင့္ ႏွစ္ႏွစ္ၾကာေအာင္ ဖိႏွိပ္ႏိုင္ခဲ့တာ, ဒါေပမဲ့လည္း သူ႔ေအာင္ျမင္မႈက နီးလာေနၿပီ ဆိုတာကို အေဖကသိေနေတာ့ သူ႔က်င့္ၾကံဆင့္ကို ဖိႏွိပ္ထားတာက ေနာက္သံုးႏွစ္ထက္ ပိုမၾကာေတာ့မွာကို ကၽြန္ေတာ္ေၾကာက္တယ္, ကၽြန္ေတာ္ဒီကို လာခဲ့ရတာက မဟာအႀကီးအကဲ လန္ယြဲ႔အေနနဲ႔ ကၽြန္ေတာ္တို႔ မိသားစုအတြက္ ရွင္းလင္းတဲ့ လမ္းေၾကာင္းကိုမ်ား ျပသေပးႏိုင္မလားလို႔ပါ "
လွ်ိဳေက်ာက္ယြဲ႔က က်န္းယြင္ရွီအား အံ့အားသင့္ဟန္ လွည့္ၾကည့္သည္။
"မင္းတို႔မိသားစုမွာ လြန္ခဲ့တဲ့ ႏွစ္ႏွစ္တုန္းက နက္႐ွိဳင္းဘံု အထြတ္အထိပ္အဆင့္ အႀကီးအကဲရွိတယ္ေလ, မင္းေျပာေတာ့သူက တစ္ျခားအနိမ့္ပိုင္းဘံုကို ဆင္းသြားတယ္ဆို? မင္းအေဖေရာ ဘာလို႔အဲ့ဒီ တစ္ျခားအနိမ့္ပိုင္းဘံုကို မသြားရတာလဲ?"
က်န္းယြင္ရွိရဲ႔ ပံုစံက ေမွာင္မိုက္ေနၿပီး သူ႔ႏႈတ္ခမ္းကို ဖိကပ္လိုက္သည္။ သူက ခဏတာမွ် ဆိုင္းငံ့ေနၿပီးမွ တိုးတိုးေလးေျပာလာ၏။
"မဟုတ္ဘူး, တစ္ျခားအနိမ့္ပိုင္းဘံုဆိုတာ မရွိခဲ့ဘူး, ငါ့မိသားစုက အဲ့ဒီအႀကီးအကဲက တက္ေရာက္ဖို႔အတြက္ က်ဆံုးသြားခဲ့ၿပီး ၿပိဳလဲသြားခဲ့တယ္"
လွ်ိဳေက်ာက္ယြဲ႔မွာ လံုးဝကို အံ့အားသင့္ေနမိၿပီး ေလေအးမ်ား ရွဳ႐ွိဳက္မိသည္။ တစ္သီးတစ္သန္႔ မိသားစုမွ အႀကီးအကဲမ်ားက ေယဘုယ်အားျဖင့္ မိသားစုတြင္ ၾသဇာအရွိဆုံး ပုဂၢိဳလ္မ်ားျဖစ္သည္။ အကယ္၍ သူတို႔ ၿပိဳလဲတယ္ဆိုရင္ တစ္သီးတစ္သန္႔ မိသားစုမ်ားအေနနဲ႔ ခ်ိဳးျဖတ္ႏိုင္မယ့္ နည္းလမ္းကို ရွာမေတြ႕ဘူးဟု ျပသေနသည္။
"ဘာလို႔ တစ္ျခားအနိမ့္ပိုင္းဘံုကို မသြားတာလဲ?" လွ်ိဳေက်ာက္ယြဲ႔က ထိတ္လန္႔တုန္လွဳပ္စြာျဖင့္ေမးသည္။
က်န္းယြင္ရွီက ေပါ့ပါးစြာ ျပန္ေျဖ၏။
"တိုက္ႀကီးငါးတိုက္ရဲ႔ ပတ္ပတ္လည္က အတားအဆီးေၾကာင့္ ဝင္ေပါက္ထြက္ေပါက္ေတြ မရွိဘူး, အထက္ပိုင္းဘံုကို သြားတဲ့ လမ္းေၾကာင္းေတြကို ပိတ္ဆို႔ထားရံုတင္မကပဲ တစ္ျခားအနိမ့္ပိုင္းဘံုကို သြားတဲ့လမ္းလည္း မရွိဘူး, ငါတို႔ေတြ တစ္ျခားအနိမ့္ပိုင္းဘံုကို သြားလို႔ရတဲ့ အေၾကာင္းအရင္းက ကူးေျပာင္းေရး အခင္းအက်င္းကို ျဖတ္သန္းလို႔ပဲ, ဒါေပမဲ့ အဲ့ဒီ ကူးေျပာင္းမွဳ အခင္းအက်င္း အမ်ားစုက တစ္ခါတည္းပဲ အသံုးျပဳလို႔ရၿပီး အခုခ်ိန္မွာ အဲ့ဒါကို သင့္ေတာ္ေအာင္ လုပ္ႏိုင္မယ့္ ကမာၻဘံုအဆင့္က်င့္ၾကံသူက အနိမ့္ပိုင္းဘံုမွာ ရွာမေတြ႕ႏိုင္ဘူး"
လွ်ိဳေက်ာက္ယြဲ႔မွာ ဆြံ႔အသြားရသည္။ အၿမဲတမ္း ျပံဳးေနတဲ့ မ်က္ႏွာက ေလးနက္သြားတာေၾကာင့္ ထူးဆန္းသည့္ပံုေပါက္သြားရ၏။
လြန္ခဲ့တဲ့ အႏွစ္ငါးဆယ္အတြင္း လ်ွိုမိသားစုက ဘယ္သူကမွ အထက္ကို တက္ေရာက္ႏိုင္ျခင္း မရွိခဲ့ေပ။ သူတို႔က ေတာင္တန္းမ်ားထဲမွာ နက္နက္႐ွိဳင္း႐ွိဳင္း သိုဝွက္ေနခဲ့ၾကကာ 'တစ္သီးတစ္သန္႔' မိသားစုဆိုသည့္ စကားလံုး၏ အဓိပၸါယ္အား စစ္မွန္စြာ အေကာင္အထည္ေဖာ္ခဲ့သည္။ တိုက္ႀကီးငါးတိုက္ထက္ ဝိညာဥ္ခ်ီပိုေကာင္းၿပီး ကမာၻဘံုအဆင့္ က်င့္ၾကံသူ ေနလို႔ရႏိုင္မယ့္ အနိမ့္ပိုင္းဘံုမ်ားကို သြားဖို႔လည္း မႀကိဳးစားခဲ့ေပ။
အဲ့ဒါေၾကာင့္ လွ်ိဳမိသားစုက တိုက္ႀကီးငါးတိုက္ရဲ႔ အေျခအေနက ဒီေလာက္ထိ ေလးနက္ေနတာကို မသိခဲ့ဘူး!
လွ်ိဳေက်ာက္ယြဲ႔က အံႀကိတ္လိုက္ၿပီး ထြက္သြားဖို႔ ဆံုးျဖတ္လိုက္သည္။ သူဒီသတင္းကို မ်ိဳးႏြယ္စုဆီ ခ်က္ခ်င္းတင္ျပမွရမယ္
"ခ်ီးပဲ, မင္းငါတို႔ကို ဒီသတင္း ေစာေစာကတည္းက ေျပာခဲ့သင့္တာ!" လွ်ိဳေက်ာက္ယြဲ႔က အနည္းငယ္ စိတ္ရႈပ္ေနပုံရသည္။
က်န္းယြင္ရွီက သူ႔အား ေအးစက္စက္ စိုက္ၾကည့္လာ၏။
"မင္းတို႔ လွ်ိဳမိသားစုလည္း ငါတို႔ကို ဖုန္းကြယ္ထားတဲ့ လ်ွို႔ဝွက္ခ်က္ေတြ ရွိတာပဲေလ"
လွွ်ိဳေက်ာက္ယြဲ႔မွာ ဘာမွမေျပာႏိုင္ေတာ့ေပ။
ခဏေလာက္ၾကာမွ မဟာအႀကီးအကဲ လန္ယြဲ႔အား လွည့္ၾကည့္လိုက္သည္။
"မဟာအႀကီးအကဲလန္ယြဲ႔ခင္ဗ်ာ, ေက်းဇူးျပဳၿပီး ကၽြန္ေတာ့မိသားစုအတြက္ ရွင္းလင္းတဲ့ လမ္းေၾကာင္းေလး ျပေပးပါ, ကၽြန္ေတာ့အကိုအႀကီးဆံုး..... သူ႔က်င့္ၾကံဆင့္ကလည္း ထိန္းခ်ဳပ္မႈ လြတ္လုနီးပါးျဖစ္ေနၿပီ"
"မင္းထြက္သြားခ်င္တယ္ဆိုရင္ ငါ့အေျဖကေတာ့ ျဖစ္ႏိုင္တယ္"
ေကာင္ေလးႏွစ္ေယာက္က စိတ္လႈပ္ရွားသြားၾကသည္။
သို႔ေသာ္လည္း ခ်က္ခ်င္းပင္ မဟာအႀကီးအကဲလန္ယြဲ႔၏ ဆက္ေျပာလာတဲ့ စကားလံုးေၾကာင့္ ႐ိုက္ခ်ခံလိုက္ၾကရ၏။
"အခြင့္အေရးယူရမွာ" သူကဆက္ေျပာသည္။
"မင္းအေနနဲ႔ ဒီအခင္းအက်င္းကို ခ်ိဳးျဖတ္ႏိုင္မယ့္သူ ေပၚလာတဲ့အထိ ေစာင့္ဖို႔လိုတယ္ ၿပီးရင္ စည္းတံဆိပ္ကို ဖြင့္ဖို႔ နည္းလမ္းရွာၾက"
"အဲ့ဒီလူက ဘယ္သူလဲ?" က်န္းယြင္ရွီကေမးသည္။
"အခ်ိန္ေရာက္လာ၇င္ သိပါလိမ့္မယ္" လန္ယြဲ႔က ျပန္ေျဖ၏။
လွ်ိဳေက်ာက္ယြဲ႔မွာ မ်က္ေမွာင္က်ံဳ႔သြားေလသည္။
"နည္းလမ္းကေရာ?"
"သူသိၿပီးသားျဖစ္မွာပါ"
က်န္းယြင္ရွီက သည္းခံၿပီး ဆက္ေမးသည္။
"ကၽြန္ေတာ္တို႔ ဘယ္ေလာက္ထိ ေစာင့္ဖို႔လိုလဲ?"
မဟာအႀကီးအကဲလန္ယြဲ႔က လွ်ိဳ႔ဝွက္ဆန္းၾကယ္စြာ ျပန္ေျဖသည္။
"ေကာင္းကင္ဘံုရဲ႔ လွ်ိဳ႔ဝွက္ခ်က္က ေဖာ္ထုတ္ေျပာလို႔ မျဖစ္ဘူး"
က်န္းယြင္ရွီ, "..."
လွ်ိဳေက်ာက္ယြဲ႔, "..."
ဒီေလာက္အမ်ားႀကီးေျပာၿပီးမွ မေမွ်ာ္လင့္ပဲ ေပါက္ကရေတြ ထေျပာေနတယ္!
က်န္းယြင္ရွီနဲ႔ လွ်ိဳေက်ာက္ယြဲ႔တို႔က ဘယ္ေလာက္ပဲ စကားေတြ ထပ္ေျပာေနပါေစ မဟာအႀကီးအကဲ လန္ယြဲ႔ကေတာ့ ၾကည့္ရတာ အသံုးဝင္ပံုေပၚေပမယ့္ ယာယီမွာေတာ့ အသံုးမဝင္သည့္ သတင္းတစ္ခ်ိဳ႔ကိုသာ ဆက္ေျပာေနသည္။
အဆံုးမွာေတာ့ ႏွစ္ေယာက္လံုး စိတ္ဓာတ္က်သြားၾကသည္။
လွ်ိဳေက်ာက္ယဲြဲ႔က မဟာအႀကီးအကဲလန္ယဲြ႕အား အလြန္ႏြမ္းနယ္ေနဟန္ျဖင့္ၾကည့္သည္။
"မဟာအႀကီးအကဲလန္ယြဲ႔, ၾကည့္ရတာ ကၽြန္ေတာ္ အႀကီးအကဲရဲ႔ ေတာင္ထြတ္ကို ဝင္ခ်င္တယ္ဆိုရင္ေတာင္ အခြင့္အေရး မရွိဘူးေနာြ"
"မင္းေစာေစာ လာခဲ့မယ္ဆိုရင္ ငါမင္းကို တပည့္အျဖစ္ လက္ခံပါတယ္, ဒါေပမဲ့, အခုက ငါ့ရဲ႔ သတင္းစကားကို ထုတ္ျပန္လိုက္ၿပီး လင္ရႊမ္းဇီကို ငါ့ရဲ႔ တံခါးပိတ္တပည့္အျဖစ္ လက္ခံလိုက္ၿပီမို႔လို႔ တစ္ျခားတပည့္တစ္ေယာက္ကို လက္ခံဖို႔က မျဖစ္ႏိုင္ေတာ့ဘူး"
လွ်ိဳေက်ာက္ယြဲ႔က စိတ္ရင္းမွန္လွစြာျဖင့္ေျပာသည္။
"ဒါေပမဲ့, ကၽြန္ေတာ္ အႀကီးအကဲရဲ႔ က်က္သေရကို သေဘာက်တယ္, အကယ္၍ တပည့္မဟုတ္ရင္ေတာင္ အႀကီးအကဲဆီက သင္ယူလို႔ရႏိုင္မလား?"
မဟာအႀကီးအကဲလန္ယြဲ႔က သူ႔ကိုေပါ့ပါးစြာၾကည့္သည္။
"ဘာလို႔ အဲ့ဒိလို လုပ္ခ်င္ရတာလဲ? မင္းရဲ႔ စြမ္းေဆာင္ရည္နဲ႔ လက္ရွိ က်င့္ၾကံဆင့္အရဆိုရင္ ဂိုဏ္းခ်ဳပ္နဲ႔ အႀကီးအကဲတစ္ခ်ိဳ႔ကလြဲရင္ နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းကေန မင္းကိုသင္ေပးႏိုင္မယ့္သူ ဘယ္သူမွမ၇ွိဘူး, ဒီမွာမင္းရဲ႔ အခ်ိန္ေတြနဲ႔ ပါရမီစြမ္းရည္ေတြကို လာျဖဳန္းတီးေနတာပဲ"
လွ်ိဳေက်ာက္ယြဲ႔က ပိုလို႔ပင္ စိတ္ရင္းမွန္ၿပီး က်ိဳးႏြံလာသည္။
"အႀကီးအကဲက ကၽြန္ေတာ့ကို ေႁမွာက္ပင့္ေနပါၿပီ, ကၽြန္ေတာ့အကိုႀကီးက ကၽြန္ေတာ့ကို တစ္ခါတုန္းက သင္ေပးခဲ့ဘူးတယ္, အႀကီးအကဲလို ပညာရွိမ်ိဳးနဲ႔ အကၽြမ္းတဝင္ရွိေအာင္ လုပ္ရမယ္တဲ့ အဲ့ဒါမွ ကၽြန္ေတာ့ က်င့္ၾကံဆင့္ကို သဘာဝအတိုင္း တိုးတက္ေအာင္ လုပ္ႏိုင္မွာ, ကၽြန္ေတာ့အျမင္အရေတာ့ မဟာအႀကီးအကဲလန္ယြဲ႔က အရမ္းေလးစားဖို႔ေကာင္းၿပီး ထက္ျမတ္လွတယ္, အဲ့ဒါက အသွ်င္သခင္တစ္ပါးလိုမ်ိဳး အျခံအရံပဲျဖစ္ၿပီး အႀကီးအကဲရဲ႔ ပံုစံေၾကာင့္ လႊမ္းမိုးမွဳ ခံေနရတာပါ ဆိုရင္ေတာင္ အဲ့ဒါက ကၽြန္ေတာ္ ကိုယ့္ဘာသာကိုယ္ သံုးႏွစ္ ဒါမွမဟုတ္ ငါးႏွစ္ေလာက္ ေလ့က်င့္ေနတာထက္ေတာ့ သာလြန္ပါတယ္"
ဒီလိုစကားမ်ိဳးကို ၾကားရတာ ရယ္စရာေတာ့မဟုတ္ေပ။ ဒီေန႔ေခတ္ရဲ႔ လူငယ္မ်ိဳးဆက္သစ္မ်ားက တကယ့္ကို ပိုပိုကာ ထက္ျမက္လာတာေၾကာင့္ ဒီစကားေတြက သူ႔ေတာင္ထြတ္ကို ေစာေစာ ေရာက္ေနၾကတဲ့ ပင္ရင္းတပည့္ေတြေျပာတာထက္ ပိုၿပီးနားဝင္ပီယံရွိလွသည္။
ထို႔ေၾကာင့္ မဟာအႀကီးအကဲလန္ယြဲ႔က အနည္းငယ္ လုပ္ပိုင္ခြင့္ ဖြင့္ေပးလိုက္သည္။
"အကယ္၍ မင္းက နစ္ႁမွဳပ္ဓားေတာင္ထြတ္မွာပဲေနဖို႔ စိတ္ပိုင္းျဖတ္ထားတယ္ဆိုရင္ မျဖစ္ႏိုင္တာေတာ့မဟုတ္ဘူး"
လွ်ိဳေက်ာက္ယြဲ႔က ေတာက္ပလာသည္။
သူဒီကိုလာတာက ဆရာတစ္ေယာက္ရွာဖို႔မဟုတ္ပဲ မဟာအႀကီးအကဲ လန္ယြဲ႔အတြက္ လာျခင္းသာျဖစ္သည္။ သူသာ ဒီလူနဲ႔ နီးစပ္ၿပီး ထိုလူ႔ကို ေစာင့္ၾကည့္ေနႏိုင္သ၍ အေႏွးနဲ႔အျမန္ အခ်က္အလက္မ်ား ရရွိၿပီး တိုက္ႀကီးငါးတိုက္ရဲ႔ နယ္ေျမ အဆီးအတားအား ခ်ိဳးျဖတ္ႏိုင္လိမ့္မည္။
ဒါ့အျပင္ သူအခု အိမ္ျပန္သြားရင္ေတာင္ အမ်ားႀကီး ကူညီႏိုင္မွာမွမဟုတ္ပဲ သူေလွ်ာက္သြားေနခဲ့ရင္လည္း အဲ့ဒါက ရည္ရြယ္ခ်က္မဲ့ၿပီး ထိေရာက္မွဳမရွိႏိုင္....
လွ်ိဳေက်ာက္ယြဲ႔က ျပန္ေျဖသည္။
"ေက်းဇူးျပဳၿပီး ေျပာျပေပးပါ, မဟာအႀကီးအကဲလန္ယြဲ႔"
မဟာအႀကီးအကဲလန္ယြဲ႔က ရွင္းျပသည္။
"ငါ့တံခါးဆီ ဝင္လာတဲ့ တပည့္အငယ္ေလးက မင္းကို ၫႊန္ၾကားခ်က္ ေပးႏိုင္လိမ့္မယ္ သူက ငယ္ရြယ္ေပမယ့္လည္း ဓားက်င့္ၾကံမႈမွာ သူ႔ပါရမီက သာမာန္ထက္လြန္ကဲလွတယ္, မင္းသူ႔ေနာက္ကို အခ်ိန္အတိုင္းအတာ တစ္ခုထိ လိုက္ပါၿပီး သူ႔ဆီက အၾကံဉာဏ္တစ္ခ်ိဳ႔ ယူလို႔ရတယ္"
"လင္ရႊမ္းဇီလား?" လွ်ိဳေက်ာက္ယြဲ႔မွာ အံ့အားသင့္သြားမိသည္။
"လင္ရႊမ္းဇီ" မဟာအႀကီးအကဲလန္ယြဲ႔က ေခါင္းညိတ္သည္။
လွ်ိဳေက်ာက္ယြဲ႔က ခဏတာမွ် အံ့အားသင့္သြားမိေသာ္လည္း ေနာက္ဆံုးေတာ့ အံကိုႀကိတ္၍ ျပံဳးျပလိုက္သည္။
"ေကာင္းပါၿပီ?"
က်န္းယြင္ရွီက လွ်ိဳေက်ာက္ယြဲ႔အား ခပ္ေပါ့ေပါ့ တစ္ခ်က္ၾကည့္လိုက္သည္။
"အသွ်င္သခင္, ကၽြန္ေတာ္လည္း အမတသခင္ ဟြား႐ုန္ရဲ႔ နာမည္ကို ၾကားဘူးတာၾကာပါၿပီ, ကၽြန္ေတာ္လည္း သူ႔ေနာက္ကို လိုက္ပါၿပီး သူ႔ခံယူခ်က္ေတြကို အေလးအျမတ္ ျပႏိုင္ဖို႔အတြက္ အခြင့္အေရးရဖို႔ ေမွ်ာ္လင့္မိပါတယ္"
လွ်ိဳေက်ာက္ယြဲ႔သည္ က်န္းယြင္ရွီက တကယ့္ကို အရွက္မရွိဘူးဟု ေတြးမိသည္။
သို႔ေသာ္လည္း မဟာအႀကီးအကဲ လန္ယြဲ႔က ဂ႐ုမစိုက္ပဲ ေခါင္းညတ္ျပသည္။
"ရႊမ္းဇီဆီသြားၿပီး သတင္းပို႔လိုက္"
အကယ္၍ ဒီေန႔ေခတ္ ကေလးေတြက ထိုးႏွက္ခ်က္ နည္နည္းေလာက္ မခံရဘူးဆိုရင္ ေကာင္းကင္နဲ႔ ကမာၻေျမက ဘယ္ေလာက္ျခားနားလဲ ဆိုတာကို သိၾကမွာ မဟုတ္ဘူး
ဒါ့အျပင္ ဒီေကာင္ေလးႏွစ္ေယာက္က သူတို႔ကိုယ္တိုင္ လင္ရႊမ္းဇီရဲ႔ လက္ထဲ ခုန္ဆင္းၾကတာေလ
က်န္းယြင္ရွီနဲ႔ လွ်ိဳေက်ာက္ယြဲ႔တို႔က Cleansing Inkstone စံအိမ္ကေန ထြက္ခြာရန္အတြက္ စံအိမ္မွ ထြက္သြားၾကသည္
လွ်ိဳေက်ာက္ယြဲ႔က က်န္းယြင္ရွီအား မထီမဲ့ျမင္ျပဳဟန္ျဖင့္ ေလွာင္ေျပာင္သည္။
"မင္းအစား ရွက္လိုက္တာ, မင္းတို႔မိသားစုက သူ႔အေဖကို လုပ္ၾကံသတ္ျဖတ္ဖို႔ ႀကိဳးစားခဲ့ၿပီး အခုေတာ့သူ႔ကို ရွာရဲတယ္ေပါ့ေလ"
က်န္းယြင္ရွိရဲ႔ မ်က္ႏွာက မေျပာင္းလဲေပ။ သူက လွ်ိဳေက်ာက္ယြဲ႔အား တစ္ပံုစံတည္းျပန္ၾကည့္သည္။
"မင္းလည္း အရွက္မရွိတာပါပဲ, ယန္ထ်န္းဟန္က သူ႔ညီေလးေနာ္"
"သူတို႔က ေသြးခ်င္းေတြမွမဟုတ္တာ" လွ်ိဳေက်ာက္ယြဲ႔က ျပန္ပက္သည္။
"ၿပီးေတာ့ ငါ့အကိုက ဘာမွမလုပ္ခဲ့ဘူး"
က်န္းယြင္ရွီကေျပာသည္။
"သူတို႔ေတြက ေသြးခ်င္းဟုတ္လား မဟုတ္လား ဆိုတာက အေရးမႀကီးဘူး, အေရးႀကိးတာက သူတို႔တစ္ေယာက္နဲ႔တစ္ေယာက္ အဲ့ဒီလို ဆက္ဆံၾကတယ္ဆိုတာပဲ, ဒါ့အျပင္ ငါ့အေဖကလည္း ဘာမွမလုပ္ခဲ့ဘူးေလ"
လွ်ိဳေက်ာက္ယြဲ႔က သူ႔ကိုစိုက္ၾကည့္သည္။
"လိုက္တုေနတဲ့ေကာင္, လင္ရႊမ္းဇီက မင္းတို႔မိသားစုရဲ႔ လုပ္ရပ္ေတြကို သိသြားတဲ့တစ္ေန႔မွာ မင္းကိုလက္တုန္႔ျပန္ဖို႔ လာရွာမွာ မေၾကာက္ဘူးလား?"
က်န္းယြင္ရွီက သူ႔ကိုျပန္ၾကည့္သည္။
"လင္ရႊမ္းဇီက အဲ့ဒီလိုအရာမ်ိဳးကို ဘယ္လိုလုပ္သိမွာလဲ?"
လွ်ဳိေက်ာက္ယြဲ႔က 'ဟန္႔' ဟုအသံထြက္လိုက္သည္။
ထိုအခ်ိန္မွာ ဓားကိုင္ထားတဲ့ ေကာင္ေလးကို ျမင္လိုက္ရတာေၾကာင့္ သူ႔မ်က္လံုးမ်ား ေတာက္ပသြားေလ၏။
"ဒီက ဂုဏ္သေရရွိ သခင္ေလးက အလွေလးကို သြားနမ္းလိုက္ဦးမယ္, အကယ္၍ မင္းမလိုက္ခ်င္ဘူးဆိုရင္လညး္ ငါ့ဖင္ေနာက္ကေန လိုက္လာစရာ မလိုဘူး"
က်န္းယြင္ရွိရဲ႔ မ်က္ႏွာက ရွည္လ်ားလာၿပီး သူ႔ရဲ႔ ေအးေဆးတည္ၿငိမ္သည့္ မ်က္လံုးမ်ားက ေကာင္ေလးကို စကားသြားေျပာေနသည့္ လွ်ိဳေက်ာက္ယြဲ႔အား အထင္အျမင္ ေသးစြာျဖင့္ ၾကည့္ေနသည္။
"ငါလည္း မင္းနဲ႔အတူ မသြားပါဘူး, ဒီမ်က္ႏွာကို အပ်က္မခံႏိုင္ဘူး"
ထိုသို႔ေျပာရင္းျဖင့္ က်န္းယြင္ရွီက သူ႔ဓားကို စီးနင္းကာ တစ္ျခားေတာင္တစ္ဖက္မွာ တည္ရွိေနသည့္ အတြင္းစည္း တပည့္မ်ားရဲ႔ အိမ္ေတာ္ရွိရာသို႔ သြားလိုက္ေတာ့ေလသည္။
Cleansing Inkstone စံအိမ္
ဧည့္သည္ႏွစ္ေယာက္ ျပန္သြားၿပီးေနာက္မွာ မဟာအႀကီးအကဲ လန္ယြဲ႔က စံအိမ္ထဲက အခင္းေပၚတြင္ တင္ပလႅင္ေခြ ဆက္ထိုင္ေနၿပီး သူ႔အေနအထားက တရားထိုင္ေနသည့္ ပံုစံပင္။
စံအိမ္ရဲ႔ ေထာင့္တစ္ေနရာမွာ ပုန္းကြယ္ေနသည့္ ဝမ္ရိထုန္က ခါးခါးသီးသီး ညည္းညဴမိသည္။ ခဏတာ ထိန္းခ်ဳပ္ေနၿပီး ေနာက္မွာေတာ့ သူ႔ဘက္ကေန သူ႔ကိုယ္သူ ေဖာ္ထုတ္ရန္ လုပ္လိုက္ၿပီး မဟာအႀကိးအကဲ လန္ယြဲ႔ေရွ႕ကိုခုန္ဆင္းလိုက္၏။
မဟာအႀကီးအကဲလန္ယြဲ႔က မ်က္လႊာေတာင္ မပင့္ပဲ ေမးသည္။
"ငါေျပာတာေတြ လံုေလာက္ေအာင္ ရွင္းရွင္းလင္းလင္း ၾကားလိုက္ရရဲ႔လား?"
ဝမ္ရိထုန္က အနည္းငယ္ ရွက္႐ြံ႕မိေသာ္လည္း ႐ိုး႐ိုးသားသားေျပာရရင္ ဒီလိုအျဖစ္အပ်က္မ်ိဳးက ပထမဆုံးအႀကိမ္မဟုတ္ေပ။ သူ႔ႏွာေခါင္းကို တို႔ထိလိုက္ၿပီး ႏွစ္သက္စရာေကာင္းေသာ အ႐ိုအေသတန္သည့္ပံုစံျဖင့္ရႊတ္ေနာက္ေနာက္ ျပံဳးေလသည္။
" ကၽြန္ေတာ္ က်ယ္က်ယ္ေလာင္ေလာင္ ျပတ္ျပတ္သားသား ၾကားလိုက္ရၿပီး ေယဘုယ် သေဘာတရားကို နားလည္လိုက္ပါတယ္, ကၽြန္ေတာ့ကို စိတ္မဆိုးပဲ ေစတနာထားေပးတဲ့အတြက္ ဆရာ႔ကို ေက်းဇူးတင္ပါတယ္"
11.7.2021
===============
Next Episode
လူဆိုးမ်ား အတူတကြ ပူးေပါင္းႀကံစည္ျခင္း။
===============