Peculiarly System [Completed ]
By MaLaKaoYa
858K 90.4K 2.8K
Start date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့... More
Start With System
Arc(1.1) Parin
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)End
Arc(2.1) Zhang Xu Guang
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)End
Arc(3.1)Jason
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)End
Arc(4.1) Jon San
Arc(4.2)
Arc(4.3)
Arc(4.4)
Arc(4.5)
Arc(4.6)
Arc(4.7)
Arc(4.8)
Arc(4.9)
Arc(4.10)End
Arc(5.1) Zhou Wei Feng
Arc(5.2)
Arc(5.3)
Arc(5.4)
Arc(5.5)
Arc(5.6)
Arc(5.7)
Arc(5.8)
Arc(5.9)
Arc(5.10)
Arc(5.11)
Arc(5.12)End
Arc(6.1) LuYuYuan
Arc(6.2)
Arc(6.3)
Arc(6.4)
Arc(6.5)
Arc(6.6)
Arc(6.8)
Arc(6.9)
Arc(6.10)
Arc(6.11)
Arc(6.12)End
Arc(7.1)KiKo
Arc(7.2)
Arc(7.3)
Arc(7.4)
Arc(7.5)
Arc(7.6)
Arc(7.7)
Arc(7.8)
Arc(7.9)
Arc(7.10)
Arc(7.11)End
Arc(8.1)Adam
Arc(8.2)
Arc(8.3)
Arc(8.4)
Arc(8.5)
Arc(8.6)
Arc(8.7)
Arc(8.8)
Arc(8.9)
Arc(8.10)
Arc(8.11)End
Arc(9.1)Aqua
Arc(9.2)
Arc(9.3)
Arc(9.4)
Arc(9.5)
Arc(9.6)
Arc(9.7)
Arc(9.8)
Arc(9.9)
Arc(9.10)
Arc(9.11)
Arc(9.12)
Arc(9.13)End
Arc(10.1)XiaoZhan
Arc(10.2)
Arc(10.3)
Arc(10.4)
Arc(10.5)
Arc(10.6)
Arc(10.7)
Arc(10.8)
Arc(10.9)
Arc(10.10)
Arc(10.11)
Arc(10.12)End
Arc(11.1) Saw Minn Latt
Arc(11.2)
Arc(11.3)
Arc(11.4)
Arc(11.5)
Arc(11.6)
Arc(11.7)
Arc(11.8)
Arc(11.9)End
Arc(12.1) Ben
Arc(12.2)
Arc(12.3)
Arc(12.4)
Arc(12.5)
Arc(12.6)
Arc(12.7)
Arc(12.8)
Arc(12.9)
Arc(12.10)
Arc(12.11)End
Arc(13.1) Cristan Gabriel
Arc(13.2)
Arc (13.3)
Arc(13.4)
Arc(13.5)
Arc(13.6)
Arc(13.7)
Arc(13.8)
Arc(13.9)
Arc(13.10)
Arc(13.11)
Arc(13.12)End
Real Life (1)
Real Life (1)End
Real Life (2)
Real Life Ending Up (Truly End)
Arc(6.7)
5.7K 656 14
By MaLaKaoYa
"ကျင့်ရွှမ် စားမကောင်းဘူးလား ''
"ဟင့်အင်း ကောင်းတယ် ငါက ဗိုက်သိပ်မဆာလို့ ''
" ဒါဆို ငါတို့ အပင်အောက်က ခုံတန်းလေးမှာ ထိုင်ကြရအောင် ''
ကန်တင်းကနေ ၂ယောက်သားထွက်လာခဲ့ကြပြီး ကျောင်းပန်းခြံအနားက အပင်အောက်ကို လျှောက်လာခဲ့ကြသည်။
မျက်မှန်အဝိုင်းလေး၏ အောက်က မျက်ဝန်းတွေ မှိုင်နေတာကို ရှောင်းကျန့်က သတိထားမိသည် ။
" ပြဿနာတစ်ခုခုရှိလို့လား ဘာဖြစ်တာလဲ ငါ့ကို ပြောလို့ရတယ်နော် ''
ယွီယွမ်က အပြုံးလေးနဲ့ ပြောလာခဲ့တယ်။
လီကျင့်ရွှမ်က ဒီအပြုံးတွေကို ပိုင်ဆိုင်ဖို့
တစ်စတစ်စနဲ့ အတ္တပိုကြီးလာတယ်။
"ဟင့်အင်း ဘာမှမဖြစ်ပါဘူး ငါ..''
လီကျင့်ရွှမ်က ထငိုလာသည့် အတွက် ယွီယွမ်က ရင်ခွင်ကို ငှားပေးလိုက်သည်။
လီဖုန်းက ဒီလူသားနဲ့ပတ်သတ်မှာကို မလိုလားတဲ့အတွက် ယွီယွမ်ကို အနေအထိုင် ဆင်ခြင်ခိုင်းသည်။ ဒီနေ့မှ လီဖုန်းက မင်္ဂလာပွဲနဲ့ပတ်သက်ပြီး အလုပ်ရှုပ်နေတာကြောင့် သူ့အတွက်လွတ်လပ်နေခြင်းဖြစ်သည်။ ယွီယွမ်အနေနဲ့ လီဖုန်းက ဘာ့ကြောင့် ဒီလို ခပ်တုံးတုံးခပ်အအ စာကြမ်းပိုးလေးနဲ့ လိုက်ပြီး သဝန်တိုနေရသလဲ မစဉ်းစားတတ်တော့ပေ။
" ဘာတွေဖြစ်နေတာလဲ ကျင့်ရွှမ် မင်းဘာ့ကြောင့်ခံစားနေရတာလဲ ငါ့ကို ပြော ''
" ငါ ငါ အသည်းကွဲနေတာ ''
"ဟမ် မင်းက? "
ဘယ်အချိန်က ရည်စားထားပြီး ဒီကောင်အသည်းကွဲသွားရတာလဲ လို့ ဦးနှောက်ကို အပြေးအလွှားပင် အလုပ်ပေးကာ သူစဉ်းစားနေလိုက်သည်။
"စာကြမ်းပိုးက ငါမသိအောင် ရည်းစားခိုးထားတာပေါ့လေ ''
" မင်းထင်ချင်သလိုထင်ပါကွာ ''
ဒီရင်ငွေ့က ခပ်နွေးနွေး လေးမို့ ကျင့်ရွှမ်က အတ္တကြီးတယ် ဆိုတာ မဆန်းကျယ်ပေ။
" တော်တော်ပျော်နေကြတယ်ပေါ့ ဟုတ်လား ''
ဒေါသကြီးစွာ ထွက်ပေါ်လာတဲ့ လီဖုန်းရဲ့ စကားသံအဆုံးမှာ ယွီယွမ်ရဲ့ လက်တွေက ကျင့်ရွှမ် ကျောပေါ်မှာ ပုတ်ပေးနေရင်း ရပ်တန့်သွားသည် ။
" လီဖုန်း ငါတို့ အဲ့လိုမဟုတ် ..''
"ဟုတ်တယ် မင်းနောက်ဆုတ်သင့်တယ် ရှဲ့လီဖုန်း ယွီယွမ်က ငါနဲ့ ချစ်နေကြတာ ''
"ကျင့်ရွှမ်... ''
ယွီယွမ်က ဖြေရှင်းချက်ပေးမည့် စကားကို လီကျင့်ရွှမ်က ဖြတ်ပြောလိုက်သည့် အတွက် လီဖုန်း ဒေါသတွေ တားဆီးမရဖြစ်လာသည်။
လီကျင့်ရွှမ်ကို တားမြစ်သလို ခေါ်လိုက်သည့် ယွီယွမ် ကို လက်ကောက်ဝတ်ကနေဆွဲကာ ခေါ်လာခဲ့သည်။
....::::::..*....:::::::::..*....:::::::..
" ပြော အခုကိစ္စကို ဘယ်လိုရှင်းပြမလဲ ဟမ် ကိုယ်မင်းကို ပြောထားတယ်လေ အဲ့ဒီ လီကျင့်ရွှမ် နဲ့ မပတ်သတ်ပါနဲ့ လို့ ''
".....''
လီဖုန်းပုံစံက သိပ်ကို ဒေါသကြီးနေပြီး ကြောက်စရာကောင်းနေသည်။ ရှဲ့အိမ်တော်ထဲ ဝင်လာစဉ်က ရှဲ့ကတော်၏ အမေးကို တောင် ပြန်မဖြေဘဲ အစေခံတွေကိုလည်း ဘယ်သူမှ အပေါ်ထပ်မတက်လာနဲ့ဆိုပြီး အမိန့်ပေးထားခဲ့သည်။
သူ့ချစ်သူ၏ ကြောက်ဖို့ကောင်းတဲ့ ပုံစံကို ကြည့်ကာ ပြန်မဖြေနိုင်သေးဘဲ ကြောင်တောင်တောင် ငေးကြည့်နေမိစဉ် ကုတင်ပေါ် ဆောင့်တွန်းခံလိုက်ရပြီးနောက် ချစ်သူက အံကြိတ်ကာ ထပ်မေးလာပြန်သည်။
"တကယ်လား အဲ့ဒီ မျိုးမစစ်ကောင် ပြောတာ တကယ်လား သူနဲ့ မင်းက ချစ်နေကြတာ တကယ်လား ''
" မဟုတ်ဘူး မဟုတ်ပါဘူး လီဖုန်း ငါ့ကို မယုံဘူးလား ''
"မဟုတ်ဘဲနဲ့ သူက ဘာလို့ အဲ့လိုပြောရတာလဲ ဟမ် ယွီယွမ် မင်းကိုယ့်ကို ကစားနေတာလားကွာ ''
နံရံဘက်ကိုလက်သီးနဲ့ ထိုးဖို့ပြင်နေသော သူကြောင့် ရှောင်းကျန့်အမြန်တောင်းပန်လိုက်သည်။
" မဟုတ်ပါဘူး လီဖုန်းရဲ့ တောင်းပန်ပါတယ် သူကဘာလို့အဲ့လိုပြောရတာလဲ ဆိုတာ ငါမသိပေမယ့် ငါတို့က သူပြောသလို ပတ်သတ်မှုမျိုးမဟုတ်ပါဘူး ကိုယ့်ကိုယ်ကို နာကျင်အောင် မလုပ်ပါနဲ့ ''
" သေချာလား ''
"တကယ်ပြောတာပါ ငါက ညာပြောတယ်လို့ထင်ရင် စုံစမ်းကြည့်ပါ ညာနေတာဆိုရင် မင်းကြိုက်သလိုအပြစ်ပေးပါ လီဖုန်း ငါကျေကျေနပ်နပ်ကြီးခံယူပါ့မယ် ''
သူ့ဘက်ပြန်လှည့်လာပြီး ပုခုံးကို ဆုပ်ကိုင်ကာ မျက်ဝန်းချင်းစုံလျက်ကြည့်လာသော
ချစ်သူက အနည်းငယ် လေသံပျော့ပြောင်းသွားတာကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားရသည်။
သို့ပေသည့် သူ့အား ခါးလေးကို သိမ်းဖက်ကာ အိပ်ယာပေါ်မှာ အသာလေးလှဲစေလိုက်တာကြောင့် မျက်လုံးတွေဝိုင်းစက်သွားရသည်။
" လီဖုန်း ''
"ဟင် ''
"ဘာလုပ်မလို့လဲ ''
"ချစ်မလို့လေ ''
"ငါ့မှာ ကိုယ်ဝန်နဲ့လေ ''
"ဘာမှမဖြစ်ပါဘူး ကိုယ်အာလုံးလေ့လာပြီးပြီ ''
".....ဒါပေမယ့် ငါကြောက်တယ် ''
" ဘာမှ မဖြစ်ဘူး ကိုယ့်ကိုယုံလိုက် ''
"........''
" ဒါဆို ..ကိုယ်တို့ ကစားကြရအောင် ''
စကားအဆုံး၌ ခန္ဓာကိုယ်ပေါ် ကျရောက်လာတဲ့ ချစ်သူရဲ့ အချစ်တွေကို အလိုက်သင့် ခံစားစီးမျောရင်း...အကြင်နာညလေးကို စတင်သက်ဝင်စေလိုက်သည်။
...............*............*...............
မနက်ခင်းက လှလှပပလေးရယ်။
" အလားလား နာလိုက်တာ ''
ပထမဆုံး နိုးလာသူလေးက နူတ်ဖျားက ညည်းညူရင်း သူ့အားနွေးထွေးစေတဲ့ ကျယ်ပြန့်တဲ့ရင်ခွင်ပိုင်ရှင်ကို မော့ပြီး ငေးကြည့်လိုက်သည်။
'တစ်ကမ္ဘာပြီးတစ်ကမ္ဘာ ပိုပိုပြီး အချစ်ကြီးလာတယ်နော် ခင်ဗျားကို တဖြည်းဖြည်းနဲ့ လန့်လာတယ် အခုထိ ခင်ဗျား ဘယ်သူဆိုတာ နာမည်တစ်ခုတောင်မသိတဲ့ကျွန်တော်က ခင်ဗျားရှိနေတယ်ဆိုတဲ့အသိနဲ့ ကမ္ဘာတွေကိုဖြတ်သန်းဖို့ မကြောက်တော့ဘူး
အပြင်မှာ ခင်ဗျား တကယ်ရှိခဲ့ရင် ခင်းဗျားရုပ်ချောသည်ဖြစ်စေရုပ်ဆိုးသည်ဖြစ်စေ အသားမဲသည်ဖြစ်စေဖြူသည်ဖြစ်စေ အရပ်ရှည်သည်ဖြစ်စေပုသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ အသက်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ကျွန်တော်ချစ်နေမှာ သေချာပေါက် ခင်ဗျားကိုပဲ လက်ထပ်မှာ '
စိတ်ကူးလေးကို ပြုံးမိတော့ တင်းကျပ်စွာ ဖက်ခံလိုက်ရပြီး ဖျစ်ညစ်ခံလိုက်ရသည်။
"အင့် နိုးနေရင်လည်း ထတော့လေ ''
" မထပါဘူး အစောကြီးထပြီးဘာတွေတွေးနေတာလဲ ကလေး ''
"ဟင့်အင်း မင်းက ချောတယ် လို့တွေးနေတာ ''
"အဲ့ဒါပဲလား ''
" အရမ်းချစ်တာပဲလို့ ချစ်လို့မဝဘူးလို့ အင့် ဘာလုပ် အာ့ မနက်အစောကြီး အင့် လီဖုန်း ''
စကားကို အေးဆေးစွာပြော နေတဲ့ ချစ်ရသူရဲနူတ်ခမ်းလေးက ချွန်ချွန်ပါးပါးလေးရယ်။
" မင်းက ချစ်ဖို့ကောင်းလွန်းနေတော့ ကိုယ်စိတ်မထိန်းနိုင်တော့ဘူး ကလေးရာ ''
မနက်ခင်းမှာ ချစ်ဖို့ကောင်းတဲ့ အကြောင်းပြချက်နဲ့.ကောင်လေးတစ်ယောက်မှာ အိပ်ယာထဲကနေမထအောင် ဖြစ်သွားရသည်အထိ အစားခံလိုက်ရလေသည်။
..................
မနေ့က ပြန်မလာတဲ့ ယွီယွမ်ကြောင့် သူမစိတ်ထဲ တစ်မျိုးတစ်မည် ဖြစ်နေသည် ။
ပြဿနာတက်သွားတာလား ။
အဆင်ပြေသွားတာလား ။ ဘာမှ မသိရသေးသည့် အခြေအနေကြောင့် အနည်းငယ် စိတ်လေနေသည်။
ကျောင်းတက်ချိန်ရောက်နေပြီဖြစ်သော်လည်း ပေါ်မလာတဲ့ ရှဲ့လီဖုန်းနဲ့ ယွီယွမ်ကို သူမ ရိပ်မိလိုက်ပါပြီ ။
တောက် ခပ်ပြင်းပြင်း ခေါက်ကာ နူတ်ခမ်းကို ကိုက်လို့ အံကြိတ်ထားသည်။
" လုသခင်မလေးက ဘာတွေစိတ်တိုနေတာပါလိမ့် ကလိမ်စေ့ဉာဏ်းဆင် လိုက်ရတာ အထမမြောက်ဘူးထင်တယ် အဟက် ဟုတ်တယ်မလား ''
" လီကျင့်ရွှမ် နင်ပဲကိုး ဘာကိစ္စရှိလို့လဲ နင်နဲ့ မဆိုင်တာဆိုရင် ဝင်မရှုပ်ပါနဲ့လား ''
လီကျင့်ရွှမ်က မျက်မှန်ကိုင်း ကို ပင့်လိုက်ပြီး ခနဲ့ပြုံး ပြုံးလိုက်သည် ။
" ငါနဲ့ မဆိုင်ပါဘူး ဒါပေမယ့် သွားရမယ့်ခရီးပန်းတိုင်က တူနေတယ် လေ ''
" နင်က ''
"မင်းက ငါ့ရဲ့ ယွီယွမ်လေးကို ရှဲ့လီဖုန်း အနားကနေ ဝေးဝေးကိုရောက်စေချင်တယ် ငါကလည်း ထိုနည်းလည်းကောင်းပါပဲ မင်းရဲ့ ရှဲ့လီဖုန်းကို ဝေးဝေးရောက်စေချင်တယ် ငါ့အချစ်ကလေးနဲ့ ဝေးလေကောင်းလေပဲ ''
" နင် လီဖုန်းကို ဘာမှ မလုပ်နဲ့ ''
"Ohh! ..မင်းသာ ယွီယွမ်ကို ဘာမှမလုပ်နဲ့ အဲ့တာဆို ငါက ရှဲ့လီဖုန်း ဆိုတဲ့ ကောင်ကို မထိဘူး ''
" ဒါဆို ငါက သူတို့လက်ထပ်ပွဲကြီးကို ထိုင်ပြီး သြဘာပေးရမှာလား ''
"အဟက် ငါက အဲ့လို အဖြစ်ခံမယ်ကောင်မှမဟုတ်တာ မင်းငါနဲ့ ပူးပေါင်းမယ်ဆိုရင် ငါ့အစီအစဉ်မှာ ပါဝင်ပေး ''
" နင်ရဲ့ ကောင်းလှတဲ့အစီအစဉ်က ဘာလဲပြော သန်းဘက်ခါဆို သူတို့က မင်္ဂလာဆောင်ကြတော့မှာ ''
" အေးဆေးပေါ့ ငါ မေးလ်ကနေပို့ပေးထားမယ် ''
နှစ်ယောက်သားရဲ့ အပြုံးတွေက နတ်ဆိုးဆန်လွန်းသည်။ ဒါပေမယ့် သူတို့ထက်ပိုဆိုးတဲ့ နတ်ဆိုးတစ်ကောင်ရဲ့ အပြုံးက ပိုကြောက်ဖို့ကောင်းတယ် ဆိုတာ သူတို့ မသိခဲ့ကြဘူး ။
" ငါနဲ့လာကစားဖို့ မင်းတို့က ဗီလိန်သက်တမ်း ငယ်သေးတယ် ''
##########
Zawgyi
" ငါ ငါ အသည်းကွဲနေတာ ''
"ဟမ် မင်းက? "
"ကျင့်ရွှမ်... ''
....::::::..*....:::::::::..*....:::::::..
".....''
" သေချာလား ''
" လီဖုန်း ''
"ဟင် ''
"ဘာလုပ်မလို့လဲ ''
"ချစ်မလို့လေ ''
"ငါ့မှာ ကိုယ်ဝန်နဲ့လေ ''
".....ဒါပေမယ့် ငါကြောက်တယ် ''
"........''
...............*............*...............
" အလားလား နာလိုက်တာ ''
"အဲ့ဒါပဲလား ''
..................
ပြဿနာတက်သွားတာလား ။
" နင်က ''
##########
Continue Reading
You'll Also Like
261K 13.7K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
16.2K 743 9
ငါတို့တွေ အဝေးကနေ လာခဲ့ကြတယ် ငါတို့တွေ ကံတရားအရ ဆုံတွေ့ခဲ့ကြတယ် ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားခဲ့ကြတယ်
412K 9.9K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
7.9M 240K 53
In the arena, ten females must outrun or outlast their male counterparts to keep from being forcibly bred. At least that's how Lorena saw it. She was...