VINE(Completed)

By elisa_khin

26.3K 2.2K 138

About a girl who deserves all the love and affection Start Date- 22 October 2021 End Date-5 January 2022 More

Author's Note
1.
2.
3.
4.
5.
6.
7.
8.
9.
10.
11.
12.
13.
14.
16.
17.
18.
19.
20.
21.
22.
23.
24.
25.
26.
27.
28.
29.
30.
31.
32.
ဖတ်ပေးပါ♥
33.
34.
35.1
35.2
Happy birthday Nwe❤
36.
37.(End)

15.

392 44 4
By elisa_khin


"နွယ် ဒါ ကိုယ့်အိမ်ပဲ အပေါ်ထပ်မှာမင်းအခန်းရှိတယ် ပစ္စည်းတွေသွားထားပြီးရင် အောက်ကိုပြန်ဆင်းလာခဲ့ စကားနည်းနည်းပြောချင်လို့ ''

အမိန့်စကားမဆိုသာသော ခပ်ပြတ်ပြတ်စကားတွေပြောကာ အိမ်အောက်ထပ်က အခန်းတစ်ခုထဲသို့ဝင်သွားသောလူကြီးအား နွယ် ကြောင်တောင်တောင်နှင့်လိုက်ကြည့်နေမိသည် ။

နွယ် အခုရောက်နေတာက နှစ်ထပ်ပျဥ်ထောင်အိမ်ကြီးတစ်အိမ်တွင်ဖြစ်သည် ။

နွယ်တို့ရဲ့ အိမ်အစုတ်လေးထက် သုံးဆလောက်ပိုကြီးသော ဒီအိမ်ကြီးကို ခြေချလိုက်ထဲက နွယ့်ကိုယ်လုံးလေးကပိုသေးသွားသယောင်ပင် ။

ဘာမှန်းညာမှန်းမသိလိုက်ဘဲ ယောင်္ကျားတစ်ယောက်နဲ့လက်ထပ်လိုက်ရပြီး အဝတ်အစားသုံးလေးစုံကို ပုဆိုးနဲ့ထုပ်ကာပိုက်ပြီး လိုက်ခဲ့ရသော နွယ့်ကို အခု နွယ့်ရဲ့ယောင်္ကျားတစ်ဖြစ်လဲ ဒီလူကြီးကပါ အရေးမလုပ်သောကြောင့် အနည်းငယ်တော့ကြောက်စိတ်ဝင်မိသည် ။

အိမ်ကြီးကို တောင်ကြည့်မြောက်ကြည့်လုပ်ရင်းနှင့်ပင် အပေါ်ထပ်ကိုဆက်သွယ်ထားသော သစ်သားလှေကားအတိုင်း တက်လာခဲ့လိုက်သည် ။

အပေါ်ထပ်၌ အခန်းနှစ်ခုရှိရာ တစ်ခုမှာသော့ခတ်ထားသောကြောင့် ကျန်တဲ့ သော့မခတ်ထားတဲ့အခန်းတံခါးကို သာသာလေး တွန်းဖွင့်လိုက်သည် ။

နံရံကပ် သစ်သားဗီရိုတစ်ခု ၊ စာရေးစားပွဲခုံတစ်ခုနှင့် သစ်သားကုတင်တစ်လုံးသာရှိသောအခန်းက ရှင်းလင်းသပ်ရပ်နေသည် ။

အခန်း၏ ဘေးနံရံ၌ ပြတင်းပေါက်တစ်ခုရှိ၍ အညိုဖျော့ဖျော့လိုက်ကာနှစ်စမှာလဲ တလွင်လွင့်ဖြစ်နေသည် ။

အခန်းလေးကိုဝေ့ဝဲကြည့်လိုက်၍ အဝတ်ထုပ်လေးကိုပိုက်ကာ ကုတင်ပေါ်၌ နွယ်ထိုင်ချလိုက်သည် ။

နွယ်တို့အိမ်မှာဆို ကြမ်းခင်းပေါ်မှာ ဖျာအစုတ်လေးခင်းပြီး ဒီတိုင်းအိပ်ရတာပဲလေ ။

ဒါပေမယ့် အခုလို အခန်းအကျယ်ကြီးထဲမှာ တခမ်းတနားရှိတဲ့သစ်သားကုတင်ကြီးနဲ့အိပ်ရမှာကိုတော့ နွယ်ကပျော်မနေဘူး ။

ချမ်းသာတဲ့လူတွေကအထီးကျန်ကြတယ်ဆိုတဲ့စကားကို သရော်ခဲ့ဖူးတဲ့နွယ်က အခုတော့ ဒီတိတ်ဆိတ်နေတဲ့အိမ်ကြီးထဲမှာ အထီးကျန်သလိုခံစားနေရပြီဖြစ်သည် ။

ခပ်လေးလေးသက်ပြင်းတစ်ချက်ချကာ အဝတ်ထုပ်လေးကို ကုတင်ပေါ်၌ ချ၍ အောက်ထပ်သို့ပြန်ဆင်းရန်ပြင်လိုက်သည် ။

အိမ်ကြီးရှင် ယောင်္ကျားဖြစ်သူက နွယ့်ကိုစောင့်နေတော့မည်လေ ။

**************************

"ထိုင်လေ နွယ် ''

ဧည့်ခန်းထောင့်လေးမှာ မတ်တပ်ရပ်နေတဲ့နွယ်က ထိုလူကြီး၏ ခွင့်ပြုမိန့်ရမှ ခေါင်းတစ်ချက်ညိတ်ပြကာ ထိုင်လိုက်သည် ။

သူများအိမ်မှာလိုက်နေရတာမို့ ထိုလူကြီး၏ မျက်နှာအရိပ်အကဲကိုလိုက်ကြည့်နေရတဲ့နွယ်က မျက်ခုံးတန်းတွေကို ချက်ချင်းတွန့်ချိုးပစ်လိုက်တဲ့ ထိုလူကြီးကြောင့် နွယ် ဘာများမှားသွားပြီလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်ရသည် ။

ထိုလူကြီးငြိုငြင်မှာစိုးလို့ ဧည့်ခန်းထဲမှာချထားတဲ့သစ်သားခုံတွေပေါ်မှာတောင်မထိုင်ဘဲ ကြမ်းပြင်လေးပေါ်မှာပဲ နွယ်ကထိုင်နေတာပါ ။

အဲ့ဒါကို ဒီလူကြီးစိတ်တိုအောင် နွယ် ဘာတွေများ ထပ်လုပ်မိလို့လဲ ။

ကိုယ့်ကိုယ်ကိုယ် ဘာအပြစ်လုပ်ထားမှန်းတောင် မသိတဲ့နွယ်က မျက်နှာငယ်လေးနှင့် မော့ကြည့်လိုက်တော့ ထိုလူကြီး၏ နွယ့်ကို စူးစူးရဲရဲ စိုက်ကြည့်နေသော မျက်လုံးများနှင့် ဆုံသည် ။

အကြည့်စူးစူးများကို ရင်မဆိုင်ရဲစွာ နွယ် ခေါင်းကို ချက်ချင်းငုံ့ချပစ်လိုက်သည် ။

သူများအိမ်မှာလိုက်နေရတာ သိပ်ကိုစိတ်ကျဥ်းကြပ်စရာကောင်းတာပဲ ။

"အဲ့ဒါ ဘာလုပ်နေတာလဲ နွယ် ''

ခပ်အေးအေးလေသံနဲ့ပြောလာပေမယ့် ထိုလူကြီး၏ စကားသံတွေမှာ အေးစက်စက်အငွေ့အသက်တွေပါနေတာမို့ နွယ် ခေါင်းကိုမြန်မြန်မော့ကာ ထိုလူကြီးကို အလန့်တကြားကြည့်လိုက်သည် ။

နွယ် ဘာမှမလုပ်ပါဘူး ။
နွယ်က ထိုင်ရုံပဲထိုင်နေတာပါ ။

ပြောချင်သည့်စကားများကအပြင်သို့ထွက်မလာဘဲ မျက်နှာငယ်လေးဖြင့်သာ ထိုလူကြီးကို ကြည့်မိလိုက်သည် ။

စကားပြန်မရသော နွယ်ကြောင့် ထိုလူကြီးက စိတ်အလိုမကျဖြစ်သွားဟန် တွန့်ချိုးပြီးသား မျက်ခုံးတန်းတွေကို ပိုလို့တောင်တွန့်ချိုးလိုက်သေးသည် ။

"ဒီနေရာမှာရှိတဲ့ခုံတွေက လူတွေထိုင်ဖို့ချထားတာနွယ်
မင်းထိုင်လို့ရတယ် ''

ခပ်ပြတ်ပြတ်စကားသံအဆုံး နွယ် အယောင်ယောင်အမှားမှားနှင့် ခေါင်းထပ်ညိတ်ပြကာ ခုံပေါ်တက်ထိုင်လိုက်သည် ။

ထိုလူကြီး၏အရိပ်အခြေကြည့်နေရသော နွယ်က ခေါင်းကိုတော့ တွင်တွင်ငုံ့ထားဆဲပင် ။

"ရော့ ဒီမှာလက်မှတ်ထိုးလိုက် ''

မိမိအရှေ့ကို ထိုးပေးလာသော စာရွက်တစ်ရွက်နှင့် ဘောပင်တစ်ချောင်းကြောင့် နွယ် ခေါင်းထပ်ညိတ်ပြကာ ခပ်မြန်မြန်လက်မှတ်ထိုးလိုက်သည် ။

ဘာစာတွေရေးထားမှန်းမဖတ်နိုင်လောက်တဲ့အထိ အနည်းငယ်ကြောက်နေဟန်ရှိတဲ့နွယ်က စာချုပ်တစ်ခုမှာ လက်မှတ်ထိုးလိုက်ရမှန်းတော့သိပါသည် ။

အို...ဘာစာချုပ်ဖြစ်ဖြစ်ပေါ့ နွယ်က ဒီလူကြီးရဲ့ မိန်းမနေရာတောင်ရောက်နေပြီပဲဟာ ဒီလူကြီးဘာခိုင်းခိုင်းလုပ်ရမှာ နွယ့်တာဝန်ဖြစ်သွားပြီမလား ။

နွယ်အိမ်ကမထွက်ခင်တုန်းကလဲ အမေက မှာလိုက်သေးတယ်လေ ။
ကိုယ့်ယောင်္ကျားကို ဘုရားလို ကိုးကွယ်ရမယ်ဆိုလားပဲ ။

ဘုရားတောင် နပ်မှန်အောင် မရှိခိုးတဲ့နွယ်က လူတစ်ယောက်ကို မကိုးကွယ်နိုင်ပေမယ့် ခိုင်းသမျှတော့လုပ်ပေးရမှာပါပဲ ။

"မင်းဒီနေ့ ကိုယ့်ကို စကားပြောဖို့အစီအစဥ်ရောရှိသေးရဲ့လား ''

ပိုမို့ပျော့ပြောင်းလာသော ထိုလူကြီး၏ စကားသံကြောင့် နွယ် ထိုလူကြီးကို မရဲတရဲလေးနှင့်မော့ကြည့်လိုက်သည် ။

"ဟုတ်...ဟုတ်ကဲ့ ''

ခြေထောက်တစ်ဖက်ကိုချိတ်ထိုင်ကာ ဆေးပေါ့လိပ်ကို ဟန်ပါပါနှင့် မီးငြှိနေသော ထိုလူကြီးက နွယ့်ဘက်ကိုတော့ လှည့်မကြည့်လာခဲ့ပေ ။

"မင်းက ဒီစာချုပ်မှာ လက်မှတ်ထိုးလိုက်ပြီဆိုတော့ ကိုယ့်ကို မင်းရဲ့ တရားဝင် ခင်ပွန်းလို့ သတ်မှတ်လိုက်ပြီပေါ့ ဟုတ်လား ''

"ဟုတ်....ကဲ့ ''

နွယ် အသက်ကိုအောင့်ထားမိသည် ။

အခန်းအတွင်း၌ တလွင့်လွင့်ပျံ့နေတဲ့ ဆေးလိပ်ငွေ့တွေကြောင့် နွယ် အသက်ရှုပင်ကြပ်လာရသည် ။

ပြောရမယ်ဆိုရင် နွယ့်ပထွေးက အရက်သမားမို့လို့ နွယ့်နှာခေါင်းက အရက်နံ့ကိုပဲ ယဥ်နေတာလေ ။

ဒီလို ဆေးလိပ်နံ့မျိုးဆို အသက်ရှုကြပ်လွန်းလို့ ဝေးဝေးကရှောင်ခဲ့တဲ့နွယ်က အခုတော့ ဆေးလိပ်ငွေ့တွေကြားမှာ ဘယ်မှလဲထမပြေးရဲဘဲ သည်းခံပြီးထိုင်နေရသည် ။

ဆေးလိပ်ငွေ့တွေမရှူမိအောင် အသက်အောင့်ထားရတဲ့နွယ်က ပါးစပ်ကမလှုပ်နိုင်ဘဲ ဦးနှောက်ကိုသာ အလုပ်ပေး၍ စဥ်းစားနေရသည် ။

ခုန နွယ် လက်မှတ်ထိုးလိုက်တဲ့စာရွက်က လက်ထပ်စာချုပ်တဲ့လား ။

မမဖြူကပြောဖူးတယ် လက်ထပ်စာချုပ်ဆိုတာ လူနှစ်ယောက်ကို ချည်နှောင်ပေးမယ့် ချစ်ခြင်းမေတ္တာတွေနဲ့ဖွဲ့သီထားတဲ့ပေလွှာလေးတစ်ရွက်တဲ့လေ ။

အဲ့ဒါမို့ လွတ်လပ်တဲ့လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ချစ်လွန်းလို့သာ လက်ထပ်စာချုပ်မှာလက်မှတ်ထိုးကြတာတဲ့ ။

လက်ထပ်စာချုပ်မှာလက်မှတ်ထိုးခိုင်းတယ်ဆိုတော့ ဒီလူကြီးက နွယ့်ကိုချစ်လို့လား ။

ရူးကြောင်ကြောင်အတွေးများအား နွယ် မောင်းထုတ်ပစ်လိုက်သည် ။

ဒီလိုအချိန်မှာတောင် ချစ်ခြင်းမေတ္တာအကြောင်းတွေးချင်သေးတဲ့နွယ်က တကယ့်ကို ငကြောင်မလေးတစ်ယောက်ပဲ ။

ချစ်ခြင်းမေတ္တာပါလို့ နွယ့်ရင်ထဲမှာ တံဆိပ်ကပ်ခဲ့တဲ့ မင်းထင်ကျော်နဲ့တောင်ဝေးခဲ့ရတာပဲလေ ။

တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ ထိုက်တန်တဲ့သူတွေမှရမယ့် အဖိုးတန်လက်ဆောင်ကလေးပဲ ။

မင်းထင်ကျော်ကတော့ ဘယ်တော့မှပြန်မက်ခွင့်မရတော့မယ့် နွယ့်ရဲ့အိမ်မက်လှလှလေး ။
အပြီးတိုင် မြေမြုပ်ပြီး သိမ်းဆည်းပစ်လိုက်ရတော့မယ့် နွယ့်ရဲ့ အကောင်းမွန်ဆုံး အမှတ်တရလေး ။

"ကိုယ့်နာမည်က မျိုးမင်း အသက်က ၂၉
မင်းထက်တော့ အသက်ထက်ဝက်လောက်ကြီးမယ်ထင်တယ် ''

အို....ကိုယ် လက်ထပ်ထားတဲ့ ယောင်္ကျားနာမည်ကိုမသိတဲ့ အမျိုးသမီးဆိုတာ မရှိဘူးလို့ပြောလာကြရင် 'ဟောဒီမှာ ကျွန်မကို လာကြည့်ကြပါရှင်လို့ ' နွယ်ကတော့ပြောလိုက်ချင်တာပဲ ။

ကိုယ့်အတွေးကိုယ်သဘောကျကာ နွယ် စိတ်ထဲ၌ ကျိတ်ရယ်မိလိုက်သည် ။

အပြင်မှာတော့ မရယ်ရဲပါဘူး ။
နွယ်ဟာ ဘယ်လောက်ပဲ ရဲတင်းတဲ့မိန်းကလေးပါလို့ပြောပြော အဲ့ဒါက မမဖြူရှိနေလို့ ဆိုးရဲတာ ၊ ရဲတင်းရဲတာ ။

အခု နွယ်တစ်ယောက်ထဲ ဆက်လျှောက်ရမယ့် လမ်းမှာ နွယ်က ဦးမျိုးကို မထီမဲ့မြင်မလုပ်ရဲသလို ကြောက်စိတ်လဲအနည်းငယ်ရှိနေသည် ။

"ဟုတ်ကဲ့ နွယ့် နာမည်က နွယ် တစ်လုံးတည်းပါ ဦးမျိုး ''

"မင်းက အခုဆို ကိုယ့်ရဲ့ တရားဝင်ဇနီးမယားဖြစ်သွားပြီမို့လို့ ဘယ်နေရာမှာမှ မင်းသိမ်ငယ်နေစရာမလိုဘူးနွယ်
မျိုးမင်းရဲ့ မိန်းမဟာ ဘယ်သူ့ရှေ့မှာမှ သိမ်ငယ်မနေရဘူး ''

"ဟုတ်ကဲ့ ဦးမျိုး ''

ဟုတ်ကဲ့လို့သာ ခေါင်းညိတ်ပြပေမယ့် နွယ့်ရဲ့ ခန္ဓာကိုယ်သေးသေးလေးကို ပိုသေးသထက် သေးအောင် ကျုံ့ထားမိသည် ။

နွယ်က တခြားသူတွေရှေ့မှာတော့မသိပေမယ့် အခုလောလောဆယ်တော့ ဦးမျိုးရှေ့မှာ သိမ်ငယ်နေရတာပဲ ။

ဦးမျိုးရဲ့လေသံခပ်မာမာအောက်မှာ ခေါင်းငုံ့သွားရလောက်အောင် သိမ်ငယ်သွားရတဲ့နွယ်က ဘယ်လိုလုပ်မော်ကြည့်ရဲပါ့မလဲလေ ။

"ကျောင်းကိစ္စကိုရော ဘယ်လိုလုပ်ချင်လဲ နွယ် ''

"ဟို...နွယ်က ကျောင်းဆက်မတက်လဲရပါတယ် ဒီ၈တန်းပြီးရင်လဲ ကျောင်းထွက်ဖို့စဥ်းစားပြီးသားပါ နွယ်က အိမ်မှုကိစ္စတော့အကုန်လုပ်တတ်ပါတယ် ဦးမျိုး ''

နွယ် ဒီတစ်ခါတော့ အားတက်သရောဖြေမိသည် ။

ဦးမျိုး သူ့ကို အမြင်ကြည်ပါစေဆိုတဲ့ ဆန္ဒသေးသေးလေးဖြင့်ပေါ့ ။

လူတစ်ယောက်ကိုအိမ်ပေါ်ခေါ်တင်ပြီး ကျွေးမွေးထားဖို့ဆိုတာ လွယ်တာမဟုတ်မှန်း နွယ်အသိဆုံးပဲလေ ။

ဒါတောင် နွယ်က ကျောင်းဆက်တက်ပါဦးမယ်လို့ပြောရင် နွယ့်လောက် အလိုက်ကန်းဆိုးမသိတဲ့လူ ကမ္ဘာမှာရှိမှာတောင်မဟုတ်ဘူး ။

"မင်းက လူဆင်းရဲယုံတင်မကဘူး စိတ်ဓာတ်ကပါ ဆင်းရဲနေတာပဲ နွယ်
ကိုယ်မင်းကို ပထမဆုံးအကြိမ် စိတ်ပျက်မိတယ် ''

ကိုယ့်အတွေးကိုယ် ကျေနပ်နေတဲ့နွယ်က ဦးမျိုးရဲ့ စိတ်ပျက်လက်ပျက်အသံကြားမှ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ရတော့သည် ။

နွယ်ဘာများ မှားသွားပြန်ပြီလဲလေ ။

"ခပ်ရှင်းရှင်းပြောရရင် ကိုယ်ကမင်းကို ငွေပုံပေးပြီးဝယ်လာခဲ့တာပဲ
အဲ့တော့ မင်းက ဒီနေ့ကစပြီး ကိုယ်ပြောတဲ့အတိုင်းပဲလုပ်ရမယ် ''

ဆက်ပြောလာတဲ့ ဦးမျိုးစကားကြောင့် နွယ် သက်ပြင်းတစ်ချက်ကျိတ်ချလိုက်သည် ။

ငွေနဲ့ဝယ်လာတယ်ဆိုရင်လဲ ဘာလို့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးခိုင်းသေးလဲ ကျွန်လိုပဲခိုင်းစားပါတော့လား ဦးမျိုးရယ်လို့ နွယ် ပြန်ပြောလိုက်ချင်ပေမယ့်လဲ တကယ်တမ်းမှာတော့ ခေါင်းကို ခပ်ဆက်ဆက်ညိတ်ပြမိသည် ။

"ဟုတ်ကဲ့ ဦးမျိုးပြောတဲ့အတိုင်း နွယ်နေပါ့မယ် ''

တည်တင်းနေတဲ့ ဦးမျိုးရဲ့ မျက်နှာက တစ်စုံတစ်ရာပြောင်းလဲသွားခြင်းမရှိပေမယ့် ပြေလျော့သွားသော မျက်ခုံးတန်းတို့ကြောင့် စိတ်ကျေနပ်သွားဟန်ရှိသည် ။

ထိုအခါမှ နွယ် သက်ပြင်းတစ်ချက်ခိုးချလိုက်သည် ။

အိမ်အနုတ်စုတ်ဂုတ်စုတ်လေးနဲ့နေတုန်းကတောင် လွတ်လွတ်လပ်လပ်နေခဲ့ရတဲ့နွယ်က အခုလို စိတ်ကျဥ်းကြပ်စရာကောင်းတဲ့ အိမ်ကြီးထဲမှာ သူစိမ်းယောင်္ကျားတစ်ယောက်နဲ့ ဘယ်လိုနှစ်ပါးသွားရမလဲဆိုတာကို နွယ့်ရဲ့ ဦးနှောက်သေးသေးလေးနှင့် အသည်းအသန်အဖြေရှာနေမိသည် ။

ရုပ်သေးရုပ်လှလှလေးလို ဦးမျိုးကြိုးဆွဲရာကရတော့မယ့်အရေးမှာ နာခံတတ်တဲ့အမျိုးသမီးငယ်လေးအဖြစ် နွယ်က အသွင်ပြောင်းရဦးမည်ပေါ့လေ ။

***************************************************

A/N

Eli ဒီရက်ပိုင်း deဝင်နေလို့ စာမရေးဖြစ်တာပါ
အခုပြန်ရေးပါတော့မယ်နော် 😗

#Zawgyi

"ႏြယ္ ဒါ ကိုယ့္အိမ္ပဲ အေပၚထပ္မွာမင္းအခန္းရွိတယ္ ပစၥည္းေတြသြားထားၿပီးရင္ ေအာက္ကိုျပန္ဆင္းလာခဲ့ စကားနည္းနည္းေျပာခ်င္လို႔ ''

အမိန့္စကားမဆိုသာေသာ ခပ္ျပတ္ျပတ္စကားေတြေျပာကာ အိမ္ေအာက္ထပ္က အခန္းတစ္ခုထဲသို႔ဝင္သြားေသာလူႀကီးအား ႏြယ္ ေၾကာင္ေတာင္ေတာင္ႏွင့္လိုက္ၾကည့္ေနမိသည္ ။

ႏြယ္ အခုေရာက္ေနတာက ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္ႀကီးတစ္အိမ္တြင္ျဖစ္သည္ ။

ႏြယ္တို႔ရဲ႕ အိမ္အစုတ္ေလးထက္ သုံးဆေလာက္ပိုႀကီးေသာ ဒီအိမ္ႀကီးကို ေျခခ်လိဳက္ထဲက ႏြယ့္ကိုယ္လုံးေလးကပိုေသးသြားသေယာင္ပင္ ။

ဘာမွန္းညာမွန္းမသိလိုက္ဘဲ ေယာကၤ်ားတစ္ေယာက္နဲ႕လက္ထပ္လိုက္ရၿပီး အဝတ္အစားသုံးေလးစုံကို ပုဆိုးနဲ႕ထုပ္ကာပိုက္ၿပီး လိုက္ခဲ့ရေသာ ႏြယ့္ကို အခု ႏြယ့္ရဲ႕ေယာကၤ်ားတစ္ျဖစ္လဲ ဒီလူႀကီးကပါ အေရးမလုပ္ေသာေၾကာင့္ အနည္းငယ္ေတာ့ေၾကာက္စိတ္ဝင္မိသည္ ။

အိမ္ႀကီးကို ေတာင္ၾကည့္ေျမာက္ၾကည့္လုပ္ရင္းႏွင့္ပင္ အေပၚထပ္ကိုဆက္သြယ္ထားေသာ သစ္သားေလွကားအတိုင္း တက္လာခဲ့လိုက္သည္ ။

အေပၚထပ္၌ အခန္းႏွစ္ခုရွိရာ တစ္ခုမွာေသာ့ခတ္ထားေသာေၾကာင့္ က်န္တဲ့ ေသာ့မခတ္ထားတဲ့အခန္းတံခါးကို သာသာေလး တြန္းဖြင့္လိုက္သည္ ။

နံရံကပ္ သစ္သားဗီရိုတစ္ခု ၊ စာေရးစားပြဲခုံတစ္ခုႏွင့္ သစ္သားကုတင္တစ္လုံးသာရွိေသာအခန္းက ရွင္းလင္းသပ္ရပ္ေနသည္ ။

အခန္း၏ ေဘးနံရံ၌ ျပတင္းေပါက္တစ္ခုရွိ၍ အညိုေဖ်ာ့ေဖ်ာ့လိုက္ကာႏွစ္စမွာလဲ တလြင္လြင့္ျဖစ္ေနသည္ ။

အခန္းေလးကိုေဝ့ဝဲၾကည့္လိုက္၍ အဝတ္ထုပ္ေလးကိုပိုက္ကာ ကုတင္ေပၚ၌ ႏြယ္ထိုင္ခ်လိဳက္သည္ ။

ႏြယ္တို႔အိမ္မွာဆို ၾကမ္းခင္းေပၚမွာ ဖ်ာအစုတ္ေလးခင္းၿပီး ဒီတိုင္းအိပ္ရတာပဲေလ ။

ဒါေပမယ့္ အခုလို အခန္းအက်ယ္ႀကီးထဲမွာ တခမ္းတနားရွိတဲ့သစ္သားကုတင္ႀကီးနဲ႕အိပ္ရမွာကိုေတာ့ ႏြယ္ကေပ်ာ္မေနဘူး ။

ခ်မ္းသာတဲ့လူေတြကအထီးက်န္ၾကတယ္ဆိုတဲ့စကားကို သေရာ္ခဲ့ဖူးတဲ့ႏြယ္က အခုေတာ့ ဒီတိတ္ဆိတ္ေနတဲ့အိမ္ႀကီးထဲမွာ အထီးက်န္သလိုခံစားေနရၿပီျဖစ္သည္ ။

ခပ္ေလးေလးသက္ျပင္းတစ္ခ်က္ခ်ကာ အဝတ္ထုပ္ေလးကို ကုတင္ေပၚ၌ ခ်၍ ေအာက္ထပ္သို႔ျပန္ဆင္းရန္ျပင္လိုက္သည္ ။

အိမ္ႀကီးရွင္ ေယာကၤ်ားျဖစ္သူက ႏြယ့္ကိုေစာင့္ေနေတာ့မည္ေလ ။

**************************

"ထိုင္ေလ ႏြယ္ ''

ဧည့္ခန္းေထာင့္ေလးမွာ မတ္တပ္ရပ္ေနတဲ့ႏြယ္က ထိုလူႀကီး၏ ခြင့္ျပဳမိန့္ရမွ ေခါင္းတစ္ခ်က္ညိတ္ျပကာ ထိုင္လိုက္သည္ ။

သူမ်ားအိမ္မွာလိုက္ေနရတာမို႔ ထိုလူႀကီး၏ မ်က္ႏွာအရိပ္အကဲကိုလိုက္ၾကည့္ေနရတဲ့ႏြယ္က မ်က္ခုံးတန္းေတြကို ခ်က္ခ်င္းတြန့္ခ်ိဳးပစ္လိုက္တဲ့ ထိုလူႀကီးေၾကာင့္ ႏြယ္ ဘာမ်ားမွားသြားၿပီလဲလို႔ ကိုယ့္ကိုယ္ကိုယ္ ျပန္ၾကည့္လိုက္ရသည္ ။

ထိုလူႀကီးၿငိဳျငင္မွာစိုးလို႔ ဧည့္ခန္းထဲမွာခ်ထားတဲ့သစ္သားခုံေတြေပၚမွာေတာင္မထိုင္ဘဲ ၾကမ္းျပင္ေလးေပၚမွာပဲ ႏြယ္ကထိုင္ေနတာပါ ။

အဲ့ဒါကို ဒီလူႀကီးစိတ္တိုေအာင္ ႏြယ္ ဘာေတြမ်ား ထပ္လုပ္မိလို႔လဲ ။

ကိုယ့္ကိုယ္ကိုယ္ ဘာအျပစ္လုပ္ထားမွန္းေတာင္ မသိတဲ့ႏြယ္က မ်က္ႏွာငယ္ေလးႏွင့္ ေမာ့ၾကည့္လိုက္ေတာ့ ထိုလူႀကီး၏ ႏြယ့္ကို စူးစူးရဲရဲ စိုက္ၾကည့္ေနေသာ မ်က္လုံးမ်ားႏွင့္ ဆုံသည္ ။

အၾကည့္စူးစူးမ်ားကို ရင္မဆိုင္ရဲစြာ ႏြယ္ ေခါင္းကို ခ်က္ခ်င္းငုံ႕ခ်ပစ္လိုက္သည္ ။

သူမ်ားအိမ္မွာလိုက္ေနရတာ သိပ္ကိုစိတ္က်ဥ္းၾကပ္စရာေကာင္းတာပဲ ။

"အဲ့ဒါ ဘာလုပ္ေနတာလဲ ႏြယ္ ''

ခပ္ေအးေအးေလသံနဲ႕ေျပာလာေပမယ့္ ထိုလူႀကီး၏ စကားသံေတြမွာ ေအးစက္စက္အေငြ႕အသက္ေတြပါေနတာမို႔ ႏြယ္ ေခါင္းကိုျမန္ျမန္ေမာ့ကာ ထိုလူႀကီးကို အလန့္တၾကားၾကည့္လိုက္သည္ ။

ႏြယ္ ဘာမွမလုပ္ပါဘူး ။
ႏြယ္က ထိုင္႐ုံပဲထိုင္ေနတာပါ ။

ေျပာခ်င္သည့္စကားမ်ားကအျပင္သို႔ထြက္မလာဘဲ မ်က္ႏွာငယ္ေလးျဖင့္သာ ထိုလူႀကီးကို ၾကည့္မိလိုက္သည္ ။

စကားျပန္မရေသာ ႏြယ္ေၾကာင့္ ထိုလူႀကီးက စိတ္အလိုမက်ျဖစ္သြားဟန္ တြန့္ခ်ိဳးၿပီးသား မ်က္ခုံးတန္းေတြကို ပိုလို႔ေတာင္တြန့္ခ်ိဳးလိုက္ေသးသည္ ။

"ဒီေနရာမွာရွိတဲ့ခုံေတြက လူေတြထိုင္ဖို႔ခ်ထားတာႏြယ္
မင္းထိုင္လို႔ရတယ္ ''

ခပ္ျပတ္ျပတ္စကားသံအဆုံး ႏြယ္ အေယာင္ေယာင္အမွားမွားႏွင့္ ေခါင္းထပ္ညိတ္ျပကာ ခုံေပၚတက္ထိုင္လိုက္သည္ ။

ထိုလူႀကီး၏အရိပ္အေျခၾကည့္ေနရေသာ ႏြယ္က ေခါင္းကိုေတာ့ တြင္တြင္ငုံ႕ထားဆဲပင္ ။

"ေရာ့ ဒီမွာလက္မွတ္ထိုးလိုက္ ''

မိမိအေရွ႕ကို ထိုးေပးလာေသာ စာ႐ြက္တစ္႐ြက္ႏွင့္ ေဘာပင္တစ္ေခ်ာင္းေၾကာင့္ ႏြယ္ ေခါင္းထပ္ညိတ္ျပကာ ခပ္ျမန္ျမန္လက္မွတ္ထိုးလိုက္သည္ ။

ဘာစာေတြေရးထားမွန္းမဖတ္နိုင္ေလာက္တဲ့အထိ အနည္းငယ္ေၾကာက္ေနဟန္ရွိတဲ့ႏြယ္က စာခ်ဳပ္တစ္ခုမွာ လက္မွတ္ထိုးလိုက္ရမွန္းေတာ့သိပါသည္ ။

အို...ဘာစာခ်ဳပ္ျဖစ္ျဖစ္ေပါ့ ႏြယ္က ဒီလူႀကီးရဲ႕ မိန္းမေနရာေတာင္ေရာက္ေနၿပီပဲဟာ ဒီလူႀကီးဘာခိုင္းခိုင္းလုပ္ရမွာ ႏြယ့္တာဝန္ျဖစ္သြားၿပီမလား ။

ႏြယ္အိမ္ကမထြက္ခင္တုန္းကလဲ အေမက မွာလိုက္ေသးတယ္ေလ ။
ကိုယ့္ေယာကၤ်ားကို ဘုရားလို ကိုးကြယ္ရမယ္ဆိုလားပဲ ။

ဘုရားေတာင္ နပ္မွန္ေအာင္ မရွိခိုးတဲ့ႏြယ္က လူတစ္ေယာက္ကို မကိုးကြယ္နိုင္ေပမယ့္ ခိုင္းသမွ်ေတာ့လုပ္ေပးရမွာပါပဲ ။

"မင္းဒီေန႕ ကိုယ့္ကို စကားေျပာဖို႔အစီအစဥ္ေရာရွိေသးရဲ႕လား ''

ပိုမို႔ေပ်ာ့ေျပာင္းလာေသာ ထိုလူႀကီး၏ စကားသံေၾကာင့္ ႏြယ္ ထိုလူႀကီးကို မရဲတရဲေလးႏွင့္ေမာ့ၾကည့္လိုက္သည္ ။

"ဟုတ္...ဟုတ္ကဲ့ ''

ေျခေထာက္တစ္ဖက္ကိုခ်ိတ္ထိုင္ကာ ေဆးေပါ့လိပ္ကို ဟန္ပါပါႏွင့္ မီးျငႇိေနေသာ ထိုလူႀကီးက ႏြယ့္ဘက္ကိုေတာ့ လွည့္မၾကည့္လာခဲ့ေပ ။

"မင္းက ဒီစာခ်ဳပ္မွာ လက္မွတ္ထိုးလိုက္ၿပီဆိုေတာ့ ကိုယ့္ကို မင္းရဲ႕ တရားဝင္ ခင္ပြန္းလို႔ သတ္မွတ္လိုက္ၿပီေပါ့ ဟုတ္လား ''

"ဟုတ္....ကဲ့ ''

ႏြယ္ အသက္ကိုေအာင့္ထားမိသည္ ။

အခန္းအတြင္း၌ တလြင့္လြင့္ပ်ံ့ေနတဲ့ ေဆးလိပ္ေငြ႕ေတြေၾကာင့္ ႏြယ္ အသက္ရႈပင္ၾကပ္လာရသည္ ။

ေျပာရမယ္ဆိုရင္ ႏြယ့္ပေထြးက အရက္သမားမို႔လို႔ ႏြယ့္ႏွာေခါင္းက အရက္နံ႕ကိုပဲ ယဥ္ေနတာေလ ။

ဒီလို ေဆးလိပ္နံ႕မ်ိဳးဆို အသက္ရႈၾကပ္လြန္းလို႔ ေဝးေဝးကေရွာင္ခဲ့တဲ့ႏြယ္က အခုေတာ့ ေဆးလိပ္ေငြ႕ေတြၾကားမွာ ဘယ္မွလဲထမေျပးရဲဘဲ သည္းခံၿပီးထိုင္ေနရသည္ ။

ေဆးလိပ္ေငြ႕ေတြမရႉမိေအာင္ အသက္ေအာင့္ထားရတဲ့ႏြယ္က ပါးစပ္ကမလႈပ္နိုင္ဘဲ ဦးႏွောက္ကိုသာ အလုပ္ေပး၍ စဥ္းစားေနရသည္ ။

ခုန ႏြယ္ လက္မွတ္ထိုးလိုက္တဲ့စာ႐ြက္က လက္ထပ္စာခ်ဳပ္တဲ့လား ။

မမျဖဴကေျပာဖူးတယ္ လက္ထပ္စာခ်ဳပ္ဆိုတာ လူႏွစ္ေယာက္ကို ခ်ည္ႏွောင္ေပးမယ့္ ခ်စ္ျခင္းေမတၱာေတြနဲ႕ဖြဲ႕သီထားတဲ့ေပလႊာေလးတစ္႐ြက္တဲ့ေလ ။

အဲ့ဒါမို႔ လြတ္လပ္တဲ့လူႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ခ်စ္လြန္းလို႔သာ လက္ထပ္စာခ်ဳပ္မွာလက္မွတ္ထိုးၾကတာတဲ့ ။

လက္ထပ္စာခ်ဳပ္မွာလက္မွတ္ထိုးခိုင္းတယ္ဆိုေတာ့ ဒီလူႀကီးက ႏြယ့္ကိုခ်စ္လို႔လား ။

႐ူးေၾကာင္ေၾကာင္အေတြးမ်ားအား ႏြယ္ ေမာင္းထုတ္ပစ္လိုက္သည္ ။

ဒီလိုအခ်ိန္မွာေတာင္ ခ်စ္ျခင္းေမတၱာအေၾကာင္းေတြးခ်င္ေသးတဲ့ႏြယ္က တကယ့္ကို ငေၾကာင္မေလးတစ္ေယာက္ပဲ ။

ခ်စ္ျခင္းေမတၱာပါလို႔ ႏြယ့္ရင္ထဲမွာ တံဆိပ္ကပ္ခဲ့တဲ့ မင္းထင္ေက်ာ္နဲ႕ေတာင္ေဝးခဲ့ရတာပဲေလ ။

တကယ္ေတာ့ ခ်စ္ျခင္းေမတၱာဆိုတာ ထိုက္တန္တဲ့သူေတြမွရမယ့္ အဖိုးတန္လက္ေဆာင္ကေလးပဲ ။

မင္းထင္ေက်ာ္ကေတာ့ ဘယ္ေတာ့မွျပန္မက္ခြင့္မရေတာ့မယ့္ ႏြယ့္ရဲ႕အိမ္မက္လွလွေလး ။
အၿပီးတိုင္ ေျမျမဳပ္ၿပီး သိမ္းဆည္းပစ္လိုက္ရေတာ့မယ့္ ႏြယ့္ရဲ႕ အေကာင္းမြန္ဆုံး အမွတ္တရေလး ။

"ကိုယ့္နာမည္က မ်ိဳးမင္း အသက္က ၂၉
မင္းထက္ေတာ့ အသက္ထက္ဝက္ေလာက္ႀကီးမယ္ထင္တယ္ ''

အို....ကိုယ္ လက္ထပ္ထားတဲ့ ေယာကၤ်ားနာမည္ကိုမသိတဲ့ အမ်ိဳးသမီးဆိုတာ မရွိဘူးလို႔ေျပာလာၾကရင္ 'ေဟာဒီမွာ ကြၽန္မကို လာၾကည့္ၾကပါရွင္လို႔ ' ႏြယ္ကေတာ့ေျပာလိုက္ခ်င္တာပဲ ။

ကိုယ့္အေတြးကိုယ္သေဘာက်ကာ ႏြယ္ စိတ္ထဲ၌ က်ိတ္ရယ္မိလိုက္သည္ ။

အျပင္မွာေတာ့ မရယ္ရဲပါဘူး ။
ႏြယ္ဟာ ဘယ္ေလာက္ပဲ ရဲတင္းတဲ့မိန္းကေလးပါလို႔ေျပာေျပာ အဲ့ဒါက မမျဖဴရွိေနလို႔ ဆိုးရဲတာ ၊ ရဲတင္းရဲတာ ။

အခု ႏြယ္တစ္ေယာက္ထဲ ဆက္ေလွ်ာက္ရမယ့္ လမ္းမွာ ႏြယ္က ဦးမ်ိဳးကို မထီမဲ့ျမင္မလုပ္ရဲသလို ေၾကာက္စိတ္လဲအနည္းငယ္ရွိေနသည္ ။

"ဟုတ္ကဲ့ ႏြယ့္ နာမည္က ႏြယ္ တစ္လုံးတည္းပါ ဦးမ်ိဳး ''

"မင္းက အခုဆို ကိုယ့္ရဲ႕ တရားဝင္ဇနီးမယားျဖစ္သြားၿပီမို႔လို႔ ဘယ္ေနရာမွာမွ မင္းသိမ္ငယ္ေနစရာမလိုဘူးႏြယ္
မ်ိဳးမင္းရဲ႕ မိန္းမဟာ ဘယ္သူ႕ေရွ႕မွာမွ သိမ္ငယ္မေနရဘူး ''

"ဟုတ္ကဲ့ ဦးမ်ိဳး ''

ဟုတ္ကဲ့လို႔သာ ေခါင္းညိတ္ျပေပမယ့္ ႏြယ့္ရဲ႕ ခႏၶာကိုယ္ေသးေသးေလးကို ပိုေသးသထက္ ေသးေအာင္ က်ဳံ႕ထားမိသည္ ။

ႏြယ္က တျခားသူေတြေရွ႕မွာေတာ့မသိေပမယ့္ အခုေလာေလာဆယ္ေတာ့ ဦးမ်ိဳးေရွ႕မွာ သိမ္ငယ္ေနရတာပဲ ။

ဦးမ်ိဳးရဲ႕ေလသံခပ္မာမာေအာက္မွာ ေခါင္းငုံ႕သြားရေလာက္ေအာင္ သိမ္ငယ္သြားရတဲ့ႏြယ္က ဘယ္လိုလုပ္ေမာ္ၾကည့္ရဲပါ့မလဲေလ ။

"ေက်ာင္းကိစၥကိုေရာ ဘယ္လိုလုပ္ခ်င္လဲ ႏြယ္ ''

"ဟို...ႏြယ္က ေက်ာင္းဆက္မတက္လဲရပါတယ္ ဒီ၈တန္းၿပီးရင္လဲ ေက်ာင္းထြက္ဖို႔စဥ္းစားၿပီးသားပါ ႏြယ္က အိမ္မႈကိစၥေတာ့အကုန္လုပ္တတ္ပါတယ္ ဦးမ်ိဳး ''

ႏြယ္ ဒီတစ္ခါေတာ့ အားတက္သေရာေျဖမိသည္ ။

ဦးမ်ိဳး သူ႕ကို အျမင္ၾကည္ပါေစဆိုတဲ့ ဆႏၵေသးေသးေလးျဖင့္ေပါ့ ။

လူတစ္ေယာက္ကိုအိမ္ေပၚေခၚတင္ၿပီး ေကြၽးေမြးထားဖို႔ဆိုတာ လြယ္တာမဟုတ္မွန္း ႏြယ္အသိဆုံးပဲေလ ။

ဒါေတာင္ ႏြယ္က ေက်ာင္းဆက္တက္ပါဦးမယ္လို႔ေျပာရင္ ႏြယ့္ေလာက္ အလိုက္ကန္းဆိုးမသိတဲ့လူ ကမၻာမွာရွိမွာေတာင္မဟုတ္ဘူး ။

"မင္းက လူဆင္းရဲယုံတင္မကဘူး စိတ္ဓာတ္ကပါ ဆင္းရဲေနတာပဲ ႏြယ္
ကိုယ္မင္းကို ပထမဆုံးအႀကိမ္ စိတ္ပ်က္မိတယ္ ''

ကိုယ့္အေတြးကိုယ္ ေက်နပ္ေနတဲ့ႏြယ္က ဦးမ်ိဳးရဲ႕ စိတ္ပ်က္လက္ပ်က္အသံၾကားမွ ေျခမကိုင္မိ လက္မကိုင္မိျဖစ္ရေတာ့သည္ ။

ႏြယ္ဘာမ်ား မွားသြားျပန္ၿပီလဲေလ ။

"ခပ္ရွင္းရွင္းေျပာရရင္ ကိုယ္ကမင္းကို ေငြပုံေပးၿပီးဝယ္လာခဲ့တာပဲ
အဲ့ေတာ့ မင္းက ဒီေန႕ကစၿပီး ကိုယ္ေျပာတဲ့အတိုင္းပဲလုပ္ရမယ္ ''

ဆက္ေျပာလာတဲ့ ဦးမ်ိဳးစကားေၾကာင့္ ႏြယ္ သက္ျပင္းတစ္ခ်က္က်ိတ္ခ်လိဳက္သည္ ။

ေငြနဲ႕ဝယ္လာတယ္ဆိုရင္လဲ ဘာလို႔ လက္ထပ္စာခ်ဳပ္မွာ လက္မွတ္ထိုးခိုင္းေသးလဲ ကြၽန္လိုပဲခိုင္းစားပါေတာ့လား ဦးမ်ိဳးရယ္လို႔ ႏြယ္ ျပန္ေျပာလိုက္ခ်င္ေပမယ့္လဲ တကယ္တမ္းမွာေတာ့ ေခါင္းကို ခပ္ဆက္ဆက္ညိတ္ျပမိသည္ ။

"ဟုတ္ကဲ့ ဦးမ်ိဳးေျပာတဲ့အတိုင္း ႏြယ္ေနပါ့မယ္ ''

တည္တင္းေနတဲ့ ဦးမ်ိဳးရဲ႕ မ်က္ႏွာက တစ္စုံတစ္ရာေျပာင္းလဲသြားျခင္းမရွိေပမယ့္ ေျပေလ်ာ့သြားေသာ မ်က္ခုံးတန္းတို႔ေၾကာင့္ စိတ္ေက်နပ္သြားဟန္ရွိသည္ ။

ထိုအခါမွ ႏြယ္ သက္ျပင္းတစ္ခ်က္ခိုးခ်လိဳက္သည္ ။

အိမ္အႏုတ္စုတ္ဂုတ္စုတ္ေလးနဲ႕ေနတုန္းကေတာင္ လြတ္လြတ္လပ္လပ္ေနခဲ့ရတဲ့ႏြယ္က အခုလို စိတ္က်ဥ္းၾကပ္စရာေကာင္းတဲ့ အိမ္ႀကီးထဲမွာ သူစိမ္းေယာကၤ်ားတစ္ေယာက္နဲ႕ ဘယ္လိုႏွစ္ပါးသြားရမလဲဆိုတာကို ႏြယ့္ရဲ႕ ဦးႏွောက္ေသးေသးေလးႏွင့္ အသည္းအသန္အေျဖရွာေနမိသည္ ။

႐ုပ္ေသး႐ုပ္လွလွေလးလို ဦးမ်ိဳးႀကိဳးဆြဲရာကရေတာ့မယ့္အေရးမွာ နာခံတတ္တဲ့အမ်ိဳးသမီးငယ္ေလးအျဖစ္ ႏြယ္က အသြင္ေျပာင္းရဦးမည္ေပါ့ေလ ။

***************************************************

A/N

Eli ဒီရက္ပိုင္း deဝင္ေနလို႔ စာမေရးျဖစ္တာပါ
အခုျပန္ေရးပါေတာ့မယ္ေနာ္ 😗

Continue Reading

You'll Also Like

440K 7.3K 18
When 6 year old Aurelia tells her family that her so called uncle touched her and did weird stuff to her they don't believe her and sent her to an or...
22.6M 793K 69
"The Hacker and the Mob Boss" ❦ Reyna Fields seems to be an ordinary girl with her thick-framed glasses, baggy clothes, hair always up in a ponytail...
415K 6.2K 26
Due to a miserable turn of events ,you are in prison.... But the place you are in has surprisingly very less prisoners and they all are girls. All ha...
599K 41.2K 41
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}