မြတ်ထွဋ်ခေါင် ဒီနေ့မှ ထူးထူးဆန်းဆန်း အစောကြီးနိုးနေ၏။ ဘေးကိုကြည့်တော့ အိပ်မောကျနေဆဲဖြစ်သည့်သီဟမင်းထင်။
အိပ်နေသည့်ပုံကိုက သူ့ရဲ့အရှိန်အဝါတွေမပျောက်သွား။ မျက်ခုံးထူထူ နှာတံစင်းစင်းနဲ့တည်ငြိမ်စွာအိပ်ပျော်နေသူအား မြတ်ထွဋ်ခေါင်တစ်ခွန်းတည်းသာပြောလိုက်၏။
" ကျက်သတုံးကောင်"
မနက်ခင်းလေးမှာ ဒီလိုမှမပြောရရင် ထွဋ်ခေါင်စိတ်ထဲ မတင်မကျဖြစ်သလိုခံစားရသည်။ မျက်နှာသစ် အောက်ထပ်ကိုဆင်းတော့မနက်စာအဆင်သင့်ဖြစ်နေပြီမို့မစောင့်တော့ပဲစားနေလိုက်သည်။
" သခင်လေး "
" ပြော "
" ဧည့်သည်ရောက်နေပါတယ် "
" ဧည့်သည်! "
" ဟုတ်ပါတယ် Boss နဲ့တွေ့ချင်လို့ပါတဲ့ "
" သီဟမင်းထင် မနိုးသေးဘူးပြောလိုက်၊ အိမ်ကိုဘယ်ကဧည့်သည်တွေလာနေတာလဲ အာရုံနောက်တယ် "
ထုံးစံအတိုင်းအလိုမကျမှုကြောင့်မျက်နှာဟာခက်ထန်သွား၏။
" အစ်ကိုသီဟ "
စကားပြောနေရင်း မိန်းကလေးတစ်ယောက်ရဲ့ အသံကြောင့် သီဟ မျက်မှောင်ကျုံ့သွားသည်။ ဘယ်လိုများ အိမ်ထဲထိရောက်အောင်ဝင်လာရတာလဲ ။
စားနေရာမှထကာ အပြင်ကိုထွက်လာတော့ ဧည့်ခန်းထဲအခန့်သားထိုင်နေတဲ့ ဟိုတစ်နေ့က အမျိုးသမီး။ သူမှတ်မိပါ၏။
" အော် ကျွန်မ အစ်ကိုသီဟကိုလာတွေ့တာ အစ်ကုိ့ကိုမဟုတ်ဘူး "
" ဟားးးဟားးး အထင်မှားနေတဲ့ပုံပဲ။ ငါကလည်းမင်းကိုတကူးတကလာတွေ့တာမဟုတ်ပါဘူး။ လာလမ်းအတိုင်းပြန်လိုက်ပါလို့လာပြောတာ "
" ကျွန်မကဘာလို့ရှင်ပြောတဲ့အတိုင်းပြန်ရမှာလဲ။ ကျွန်မနဲ့ရှင်နဲ့ကသိတာမှမဟုတ်တာ။ အစ်ကိုသီဟနဲ့ပဲစကားပြောမယ် "
" အမှတ်မှားနေပုံပဲ။ ဒါက သီဟမင်းထင်နဲ့ငါ့ရဲ့ ပိုင်ဆိုင်တဲ့နယ်မြေပဲ။ မင်းကသာ သူစိမ်းတစ်ယောက်။ မင်းနဲ့မပတ်သတ်ရင်တောင် ငါနဲ့သီဟမင်းထင်နဲ့ကတော့ပတ်သတ်တယ်"
" ရှင်က ဇွတ်အထင်တွေကြီးနေတာပဲ။ ရှင်တို့အိမ်ထောင်ရေးအဆင်ပြေမပြေဆိုတာ ကျွန်မသိပြီးသား။ အချိန်တန် အနားကထွက်သွားရမှာကိုပဲ အရေးကြီးခွင်ကျယ်ပတ်သတ်ကြောင်းပြောနေသေးတယ်"
" မဆိုးပါဘူး။ ငါတို့အကြောင်းကိုသိနေတယ်ဆိုတော့ တော်တော်များများထောက်လှမ်းထားပုံပဲ။ ဘယ်လိုလုပ်မလဲ ငါကအနားကနေထွက်မှမထွက်သွားသေးတာ။ အခုချိန်ထိ သီဟမင်းထင်နဲ့ငါဟာသက်ဆိုင်သေးတယ်"
" တောက်စ်!! ရှင် "
" မိန်းကလေးတစ်ယောက်နဲ့စကားလုရတာ ဘဝင်မကျလှဘူး။ ပြီးတော့ ငါ့အိမ်အရိပ်ကိုနောက်တစ်ခါထပ်နင်းဖို့ မင်းမစဉ်းစားနဲ့ "
" ရှင်ပြောတိုင်းကျွန်မကတော့မထွက်သွားနိုင်ဘူး။ ကျွန်မ အကုိသီဟနဲ့တွေ့ဉီးမှာ "
" ဟားးးဟားးး သဘောပဲ သဘောပဲ "
" အော် ဒါနဲ့ ကျွန်မ ရှင့်ကိုပြစရာလေးရှိတယ် ကြည့်သွားပါဉီးလား "
ထိုင်နေရာမှ ထလာပြီး ထွဋ်ခေါင်နားကပ်လာသည်မို့ ထွဋ်ခေါင်ဘေးကိုရွှေ့ကာရပ်လိုက်သည်။ ထိုမိန်းကလေးပြလာသောပုံကိုကြည့်လိုက်တော့ ထိုမိန်းကလေးနဲ့သီဟမင်းထင်တို့ရဲ့ပုံဖြစ်နေ၏။ ထိုမိန်းကလေးက သီဟမင်းထင်ရဲ့လက်အားဖက်တွယ်ထား၏။
မြတ်ထွဋ်ခေါင် လက်သီးကိုကျစ်နေအောင်ဆုပ်ပြီး ဒေါသများထွက်လာ၏။ မြတ်ထွဋ်ခေါင်ရဲ့ပျက်ယွင်းသွားသောပုံစံကြောင့် ပိုးအိမှာ စိတ်ထဲ ဝမ်းသာနေ၏။
.................................
ဒီနေ့ရဲ့မနက်ခင်းလေးဟာ သီဟအတွက် လှပမနေခဲ့ပါ။ အိပ်ရာကနိုးကတည်းက ဘေးမှာမရှိတော့တဲ့ချစ်ရသောအစ်ကို။
" အိမ်တော်ထိန်း အစ်ကို ဘယ်သွားလဲ သိလား "
" ဟို...."
အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတဲ့ အိမ်တော်ထိန်းရဲ့ပုံစံက မူမမှန်လှပေ။ ဧည့်ခန်းထဲ မျက်လုံးဝေ့ကာကြည့်မိတော့ မြတ်ထွဋ်ခေါင်နဲ့အတူ ပိုးအိကိုပါတွေ့လိုက်ရသည်။
" ဟာ အစ်ကိုသီဟ " ဆိုကာ သူ့အနားပြေးလာပြီး လက်ကိုလာရောက်ဖက်တွယ်နေပြန်၏။ ရုတ်တရက်အနေအထားမှာ သီဟတစ်ယောက် ထွဋ်ခေါင်အားကြည့်လိုက်တော့ မီးတဝင်းဝင်းတောက်လောင်နေသောမျက်လုံးတစ်စုံအားမြင်လိုက်ရသည်။
" မင်း လွှတ်စမ်း! "
သီဟသည် ပိုးအိ၏ ဖက်တွယ်ထားသောလက်များအားဖယ်ချလိုက်သည်။ ထွဋ်ခေါင်နားသွားဖို့လုပ်တော့လက်ကိုပြန်ဆွဲထားပြန်သည်။
" မင်းတို့ရဲ့ဇာတ်က အိမ်ထိတောင် ရောက်လာတယ်နော်။ မင်းကိုငါ အပြင်မှာကိစ အပြင်မှာရှင်းခဲ့လို့ အတန်တန်ပြောခဲ့တယ်နော် သီဟမင်းထင်! "
" မဟုတ်..."
" မင်းသိထားဖို့က မင်းဘယ်သူနဲ့တွဲတွဲ ငါ့အလုပ်မဟုတ်ဘူး။ အေး ငါရှိနေတဲ့ ဒီနေရာ ဒီအိမ်ကိုတော့ အဲ့ကိစတွေမသယ်လာနဲ့။ အနည်းဆုံးတော့ မင်းဘက်က လေးစားမှုရှိသင့်တယ်မလား! "
အသံကိုကြိတ်ကာပြောနေပုံက ဒေါသဘယ်လောက်ထွက်နေလဲဆိုတာကိုပေါ်လွင်နေသည်။
" ကျုပ် ပြောပြမယ် "
" မပြောနဲ့ ရပြီ၊ မင်းတို့လုပ်ချင်သလိုသာလုပ်! "
တားခွင့်ရယ်လို့မရလိုက်ခင်မှာပဲ ထွဋ်ခေါင်အိမ်ထဲကထွက်သွားပြီဖြစ်သည်။
" မင်းဝေ မင်းတို့သခင်လေးရဲ့ အနောက်ကနေလိုက်ထား "
သူလိုက်လို့မဖြစ်သေး ဒီကိစကိုပြီးအောင်ရှင်းရမည်မဟုတ်လား။
" မင်း ဘာဖြစ်ချင်နေတာလဲ! မင်းနဲ့ငါ ပြောစရာမရှိဘူးလို့ အပြတ်ပြောခဲ့ပြီးပြီမလား "
" အဲ့လိုတွေမပြောပါနဲ့ အစ်ကိုသီဟရယ်၊ ညီမက အစ်ကို့ယောက်ျားကြောင့်အစ်ကိုစိတ်ညစ်နေမှာစိုးလို့ပါ"
" မင်းကို ငါ့ရဲ့ယောက်ျားကြောင့်စိတ်ညစ်နေပါတယ်လို့ဘယ်သူပြောလဲ ဖြေ! "
" ဘယ်သူမှမပြောလည်း ညီမအစ်ကိုတို့အကြောင်းကိုသိနေတာပဲလေ၊ ညီမကို မနှင်လွှတ်ပါနဲ့နော် "
" တောက်စ်! မင်းက မိန်းကလေးတစ်ယောက်ဆိုတာ သတိရဉီး၊ နောက်တစ်ခု ငါက ငါ့ယောက်ျားကြောင့်ဘယ်တော့မှစိတ်ညစ်မှာမဟုတ်ဘူး။ အဲ့တာကိုမင်းခေါင်းထဲစွဲနေအောင်မှတ်ထား! "
" သူက ဘာများသာယာအောင်လုပ်ပေးနိုင်လို့လဲ အကိုရယ်..ညီမ..."
" မင်း ပါးစပ်ကိုပိတ်လိုက်တော့၊ ငါနဲ့ငါ့ယောက်ျားအကြောင်း မင်းပါးစပ်ကမထွက်လာနဲ့၊ ငါ သာယာမှုကိုရှာနေတာမဟုတ်ဘူး!! "
သီဟ ပိုးအိနားတဖြည်းဖြည်းတိုးသွားကာ
" သတိပေးလိုက်မယ်နော် နောက်တစ်ခါဆိုရင် မင်းအိမ်ကို မင်းနာရေးဖိတ်စာရောက်သွားလိမ့်မယ်!!!! "
" ရှင်! "
" ရှိုင်းသန့် အပြင်ကိုခေါ်ထုတ်သွား၊ နောက်တစ်ခါ သူ့ကိုအထဲဝင်ခွင့်ပေးတဲ့သူ အသေပဲဆိုတာသိထား! "
...................................
မိန်းကလေးဖြစ်သူအား ဤနေရာတွင် ဇာတ်လမ်းသဘောအရသာရေးသားထားပါသည်။ ထိခိုက်ပျက်စီးစေလိုစိတ် တစ်စွန်းတစ်စမှမပါဝင်ပါ။ စာဖတ်သူများအနေနဲ့လည်း ဇာတ်လမ်းသဘာဝအရသာဖတ်ပေးကြဖို့တောင်းဆိုချင်ပါတယ်💛
~~~~~~~~~~~~~~~~~
Zawgyi!!!!!
ျမတ္ထြဋ္ေခါင္ ဒီေန႕မွ ထူးထူးဆန္းဆန္း အေစာႀကီးနိုးေန၏။ ေဘးကိုၾကည့္ေတာ့ အိပ္ေမာက်ေနဆဲျဖစ္သည့္သီဟမင္းထင္။
အိပ္ေနသည့္ပုံကိုက သူ႕ရဲ႕အရွိန္အဝါေတြမေပ်ာက္သြား။ မ်က္ခုံးထူထူ ႏွာတံစင္းစင္းနဲ႕တည္ၿငိမ္စြာအိပ္ေပ်ာ္ေနသူအား ျမတ္ထြဋ္ေခါင္တစ္ခြန္းတည္းသာေျပာလိုက္၏။
" က်က္သတုံးေကာင္"
မနက္ခင္းေလးမွာ ဒီလိုမွမေျပာရရင္ ထြဋ္ေခါင္စိတ္ထဲ မတင္မက်ျဖစ္သလိုခံစားရသည္။ မ်က္ႏွာသစ္ ေအာက္ထပ္ကိုဆင္းေတာ့မနက္စာအဆင္သင့္ျဖစ္ေနၿပီမို႔မေစာင့္ေတာ့ပဲစားေနလိုက္သည္။
" သခင္ေလး "
" ေျပာ "
" ဧည့္သည္ေရာက္ေနပါတယ္ "
" ဧည့္သည္! "
" ဟုတ္ပါတယ္ Boss နဲ႕ေတြ႕ခ်င္လို႔ပါတဲ့ "
" သီဟမင္းထင္ မနိုးေသးဘူးေျပာလိုက္၊ အိမ္ကိုဘယ္ကဧည့္သည္ေတြလာေနတာလဲ အာ႐ုံေနာက္တယ္ "
ထုံးစံအတိုင္းအလိုမက်မႈေၾကာင့္မ်က္ႏွာဟာခက္ထန္သြား၏။
" အစ္ကိုသီဟ "
စကားေျပာေနရင္း မိန္းကေလးတစ္ေယာက္ရဲ႕ အသံေၾကာင့္ သီဟ မ်က္ေမွာင္က်ဳံ႕သြားသည္။ ဘယ္လိုမ်ား အိမ္ထဲထိေရာက္ေအာင္ဝင္လာရတာလဲ ။
စားေနရာမွထကာ အျပင္ကိုထြက္လာေတာ့ ဧည့္ခန္းထဲအခန့္သားထိုင္ေနတဲ့ ဟိုတစ္ေန႕က အမ်ိဳးသမီး။ သူမွတ္မိပါ၏။
" ေအာ္ ကြၽန္မ အစ္ကိုသီဟကိုလာေတြ႕တာ အကုိ့ကိုမဟုတ်ဘူး "
" ဟားးးဟားးး အထင္မွားေနတဲ့ပုံပဲ။ ငါကလည္းမင္းကိုတကူးတကလာေတြ႕တာမဟုတ္ပါဘူး။ လာလမ္းအတိုင္းျပန္လိုက္ပါလို႔လာေျပာတာ "
" ကြၽန္မကဘာလို႔ရွင္ေျပာတဲ့အတိုင္းျပန္ရမွာလဲ။ ကြၽန္မနဲ႕ရွင္နဲ႕ကသိတာမွမဟုတ္တာ။ အကိုသီဟနဲ႕ပဲစကားေျပာမယ္ "
" အမွတ္မွားေနပုံပဲ။ ဒါက သီဟမင္းထင္နဲ႕ငါ့ရဲ႕ ပိုင္ဆိုင္တဲ့နယ္ေျမပဲ။ မင္းကသာ သူစိမ္းတစ္ေယာက္။ မင္းနဲ႕မပတ္သတ္ရင္ေတာင္ ငါနဲ႕သီဟမင္းထင္နဲ႕ကေတာ့ပတ္သတ္တယ္"
" ရွင္က ဇြတ္အထင္ေတြႀကီးေနတာပဲ။ ရွင္တို႔အိမ္ေထာင္ေရးအဆင္ေျပမေျပဆိုတာ ကြၽန္မသိၿပီးသား။ အခ်ိန္တန္ အနားကထြက္သြားရမွာကိုပဲ အေရးႀကီးခြင္က်ယ္ပတ္သတ္ေၾကာင္းေျပာေနေသးတယ္"
" မဆိုးပါဘူး။ ငါတို႔အေၾကာင္းကိုသိေနတယ္ဆိုေတာ့ ေတာ္ေတာ္မ်ားမ်ားေထာက္လွမ္းထားပုံပဲ။ ဘယ္လိုလုပ္မလဲ ငါကအနားကေနထြက္မွမထြက္သြားေသးတာ။ အခုခ်ိန္ထိ သီဟမင္းထင္နဲ႕ငါဟာသက္ဆိုင္ေသးတယ္"
" ေတာက္စ္!! ရွင္ "
" မိန္းကေလးတစ္ေယာက္နဲ႕စကားလုရတာ ဘဝင္မက်လွဘူး။ ၿပီးေတာ့ ငါ့အိမ္အရိပ္ကိုေနာက္တစ္ခါထပ္နင္းဖို႔ မင္းမစဥ္းစားနဲ႕ "
" ရွင္ေျပာတိုင္းကြၽန္မကေတာ့မထြက္သြားနိုင္ဘူး။ ကြၽန္မ အကုိသီဟနဲ့တွေ့ဉီးမှာ "
" ဟားးးဟားးး သေဘာပဲ သေဘာပဲ "
" ေအာ္ ဒါနဲ႕ ကြၽန္မ ရွင့္ကိုျပစရာေလးရွိတယ္ ၾကည့္သြားပါဉီးလား "
ထိုင္ေနရာမွ ထလာၿပီး ထြဋ္ေခါင္နားကပ္လာသည္မို႔ ထြဋ္ေခါင္ေဘးကိုေ႐ႊ႕ကာရပ္လိုက္သည္။ ထိုမိန္းကေလးျပလာေသာပုံကိုၾကည့္လိုက္ေတာ့ ထိုမိန္းကေလးနဲ႕သီဟမင္းထင္တို႔ရဲ႕ပုံျဖစ္ေန၏။ ထိုမိန္းကေလးက သီဟမင္းထင္ရဲ႕လက္အားဖက္တြယ္ထား၏။
ျမတ္ထြဋ္ေခါင္ လက္သီးကိုက်စ္ေနေအာင္ဆုပ္ၿပီး ေဒါသမ်ားထြက္လာ၏။ ျမတ္ထြဋ္ေခါင္ရဲ႕ပ်က္ယြင္းသြားေသာပုံစံေၾကာင့္ ပိုးအိမွာ စိတ္ထဲ ဝမ္းသာေန၏။
.................................
ဒီေန႕ရဲ႕မနက္ခင္းေလးဟာ သီဟအတြက္ လွပမေနခဲ့ပါ။ အိပ္ရာကနိုးကတည္းက ေဘးမွာမရွိေတာ့တဲ့ခ်စ္ရေသာအစ္ကို။
" အိမ္ေတာ္ထိန္း အစ္ကို ဘယ္သြားလဲ သိလား "
" ဟို...."
အထစ္ထစ္အေငါ့ေငါ့ျဖစ္ေနတဲ့ အိမ္ေတာ္ထိန္းရဲ႕ပုံစံက မူမမွန္လွေပ။ ဧည့္ခန္းထဲ မ်က္လုံးေဝ့ကာၾကည့္မိေတာ့ ျမတ္ထြဋ္ေခါင္နဲ႕အတူ ပိုးအိကိုပါေတြ႕လိုက္ရသည္။
" ဟာ အစ္ကိုသီဟ " ဆိုကာ သူ႕အနားေျပးလာၿပီး လက္ကိုလာေရာက္ဖက္တြယ္ေနျပန္၏။ ႐ုတ္တရက္အေနအထားမွာ သီဟတစ္ေယာက္ ထြဋ္ေခါင္အားၾကည့္လိုက္ေတာ့ မီးတဝင္းဝင္းေတာက္ေလာင္ေနေသာမ်က္လုံးတစ္စုံအားျမင္လိုက္ရသည္။
" မင္း လႊတ္စမ္း! "
သီဟသည္ ပိုးအိ၏ ဖက္တြယ္ထားေသာလက္မ်ားအားဖယ္ခ်လိဳက္သည္။ ထြဋ္ေခါင္နားသြားဖို႔လုပ္ေတာ့လက္ကိုျပန္ဆြဲထားျပန္သည္။
" မင္းတို႔ရဲ႕ဇာတ္က အိမ္ထိေတာင္ ေရာက္လာတယ္ေနာ္။ မင္းကိုငါ အျပင္မွာကိစ အျပင္မွာရွင္းခဲ့လို႔ အတန္တန္ေျပာခဲ့တယ္ေနာ္ သီဟမင္းထင္! "
" မဟုတ္..."
" မင္းသိထားဖို႔က မင္းဘယ္သူနဲ႕တြဲတြဲ ငါ့အလုပ္မဟုတ္ဘူး။ ေအး ငါရွိေနတဲ့ ဒီေနရာ ဒီအိမ္ကိုေတာ့ အဲ့ကိစေတြမသယ္လာနဲ႕။ အနည္းဆုံးေတာ့ မင္းဘက္ကေလးစားမႈရွိသင့္တယ္မလား! "
အသံကိုႀကိတ္ကာေျပာေနပုံက ေဒါသဘယ္ေလာက္ထြက္ေနလဲဆိုတာကိုေပၚလြင္ေနသည္။
" က်ဳပ္ ေျပာျပမယ္ "
" မေျပာနဲ႕ ရၿပီ၊ မင္းတို႔လုပ္ခ်င္သလိုသာလုပ္! "
တားခြင့္ရယ္လို႔မရလိုက္ခင္မွာပဲ ထြဋ္ေခါင္အိမ္ထဲကထြက္သြားၿပီျဖစ္သည္။
" မင္းေဝ မင္းတို႔သခင္ေလးရဲ႕ အေနာက္ကေနလိုက္ထား "
သူလိုက္လို႔မျဖစ္ေသး ဒီကိစကိုၿပီးေအာင္ရွင္းရမည္မဟုတ္လား။
" မင္း ဘာျဖစ္ခ်င္ေနတာလဲ! မင္းနဲ႕ငါ ေျပာစရာမရွိဘူးလို႔ အျပတ္ေျပာခဲ့ၿပီးၿပီမလား "
" အဲ့လိုေတြမေျပာပါနဲ႕ အစ္ကိုသီဟရယ္၊ ညီမက အစ္ကို႔ေယာက္်ားေၾကာင့္အစ္ကိုစိတ္ညစ္ေနမွာစိုးလို႔ပါ"
" မင္းကို ငါ့ရဲ႕ေယာက္်ားေၾကာင့္စိတ္ညစ္ေနပါတယ္လို႔ဘယ္သူေျပာလဲ ေျဖ! "
" ဘယ္သူမွမေျပာလည္း ညီမအစ္ကိုတို႔အေၾကာင္းကိုသိေနတာပဲေလ၊ ညီမကို မႏွင္လႊတ္ပါနဲ႕ေနာ္ "
" ေတာက္စ္! မင္းက မိန္းကေလးတစ္ေယာက္ဆိုတာ သတိရဉီး၊ ေနာက္တစ္ခု ငါက ငါ့ေယာက္်ားေၾကာင့္ဘယ္ေတာ့မွစိတ္ညစ္မွာမဟုတ္ဘူး။ အဲ့တာကိုမင္းေခါင္းထဲစြဲေနေအာင္မွတ္ထား! "
" သူက ဘာမ်ားသာယာေအာင္လုပ္ေပးနိုင္လို႔လဲ အကိုရယ္..ညီမ..."
" မင္း ပါးစပ္ကိုပိတ္လိုက္ေတာ့၊ ငါနဲ႕ငါ့ေယာက္်ားအေၾကာင္း မင္းပါးစပ္ကမထြက္လာနဲ႕၊ ငါ သာယာမႈကိုရွာေနတာမဟုတ္ဘူး!! "
သီဟ ပိုးအိနားတျဖည္းျဖည္းတိုးသြားကာ
" သတိေပးလိုက္မယ္ေနာ္ ေနာက္တစ္ခါဆိုရင္ မင္းအိမ္ကို မင္းနာေရးဖိတ္စာေရာက္သြားလိမ့္မယ္!!!! "
" ရွင္! "
" ရွိုင္းသန့္ အျပင္ကိုေခၚထုတ္သြား၊ ေနာက္တစ္ခါ သူ႕ကိုအထဲဝင္ခြင့္ေပးတဲ့သူ အေသပဲဆိုတာသိထား! "
...................................
မိန္းကေလးျဖစ္သူအား ဤေနရာတြင္ ဇာတ္လမ္းသေဘာအရသာေရးသားထားပါသည္။ ထိခိုက္ပ်က္စီးေစလိုစိတ္ တစ္စြန္းတစ္စမွမပါဝင္ပါ။ စာဖတ္သူမ်ားအေနနဲ႕လည္း ဇာတ္လမ္းသဘာဝအရသာဖတ္ေပးၾကဖို႔ေတာင္းဆိုခ်င္ပါတယ္💛
~~~~~~~~~~~~~~~~~