စေလိုရာစေ(Completed)

By Syringa99

386K 18.9K 411

ဘဝတစ်ခုလုံး ပုံအပ်ခဲ့ပြီးပြီမို့.. သူစေလိုရာစေ.. နေဖို့အဆင်သင့်... Main Character-မှော်စက္ခ❤ လေညှင်းသွဲ့ Star... More

Ep(1)
Ep(2)
Ep(3)
Ep(4)
Ep(5)
Ep(6)
Ep(7)
Ep (8)
Ep (9)
Ep(10)
Ep(11)
Ep(12)
Ep(13)
Ep(14)
Ep(15)
Ep(16)
Ep(17)
Ep(18)
Ep(19)
Ep(20)
Ep (21)
Ep(22)
Ep(23)
Ep(24)
Ep(25)
Ep(26)
Ep(27)
Ep(28)
Ep(29)
Ep(30)
Ep(31)
Ep(32)
Ep(33)
Ep(34)
Ep(35)
Ep(36)
Ep (38)
Ep(39)
Ep(40)
Ep(41)
Ep(42)
Ep(43)
Ep(44)
Ep(45)
Ep(46)
Ep(47)
Ep(48)
Ep(49)
Ep(50)
Ep(51)
Ep(52)
Ep(53)
Ep(54)
Ep(55)
*Final
ကျေးဇူးတင်လွှာ
Extra

EP(37)

5.1K 296 4
By Syringa99


စေလိုရာစေ..

(Unicode)

စက္ခ နေ့လည်တုန်းက အသေးလေးလုပ်ရက်ကို ဒေါသထွက်မိသည့်အပြင် ကိုယ့်စေတနာကို အသိမှတ်မပြုသူကြောင့် အနည်းငယ်တော​့ ရင်ထဲနာကျင်ရသည်။ဒါကြောင့် အိမ်ပြန်ရောက်ရောက်ချင်း နေ့လည်စာလည်းထွက်မစားဘဲ ညစာပါအငတ်ခံဖို့ စဥ်းစားပြီးသား။

ဒါပေမယ့် သူ့အဖြစ်က သနားခံချင်ကာမှ အသေးလေးက ပိုပြီးမုန်းသွားမည့်အဖြစ်ကို တွေးမိတော့
ကိုယ့်မှာ ကြာကြာလည်း ဆန္ဒမပြနိုင်။အနားရှိနေသူကို ဒီအတိုင်းလေး ကြည့်နေရင်းတောင် လွမ်းနေရတာ အခုလို အသေးလေးကိုမခေါ်မပြော ဘဲနေဖို့ဆိုတာ စက္ခအတွက် လုံးဝမဖြစ်နိုင်တဲ့ကိစ္စ။

"အသေးလေး"

"......"

ခေါင်းသုတ်ပေးနေသူကို မမြင်ရပေမယ့် ခေါင်းမော့၍ သူတစ်ယောက်တည်းသာ ခေါ်ခွင့်ရှိသည့် နာမ်စားလေးကို ဖွင့်ဟတော့ အာရုံစူးစိုက်နေသူလေးက ပြန်၍ထူးမလာ။

"ငြိမ်ငြိမ်နေ...ငါအချိန်အားနေလို့ မင်းကိုလုပ်ပေးနေတာမဟုတ်ဘူး"

အနေထားက စက္ခက ကုတင်အစွန်းမှာ ထိုင်လျက်ရှိပြီး လေညှင်းက နဖူးပေါ်ဝဲကျနေသည့် လှိုင်းတွန့်ဆံပင်တွေကို စိတ်ရှည်လက်ရှည် ရေသုတ်ပေးပြီးနောက် dryerနဲ့ အခြောက်ခံပေးဖို့ ပြင်နေသည်။စက္ခက အသေးလေးထက် အရပ်ရှည်ပေမယ့် အခုပုံစံက သူ့ကကုတင်ပေါ် ထိုင်နေတာကြောင့် အသေးလေးက သူ့ထက်ခေါင်းတစ်လုံးပိုသာနေသည်။

ရုတ်တရတ် ငြိမ်နေရာကနေ လူဆိုးကောင်ရဲ့လက်တွေက လေညှင်းရဲ့ ခါးသွယ်သွယ်လေးဆီသွယ်ဝိုက်၍ ရင်ခွင်ထဲ ခေါင်းကိုကပ်လာတာကြောင့် နေရင်းထိုင်ရင်း လူက ချွေးစေးတွေပြန်ပြီး ဗိုက်ဆာသလိုလို မာရသွန်ပြေးထားတဲ့သူလို တုန်ရီမောဟိုက်လာသည်။

မကြိုက်ဘူး ဒီအထိအတွေ့တွေကို လေညှင်းတကယ်မနှစ်သက်ဘူး။

"ရ..ရပြီ..ငါသွားတော့မယ်..ထမင်းစားမယ်ဆို မိနွယ်ကိုပြင်ခိုင်းလိုက်..ကြီးလုံးကတော့ ဘုရားဝတ်ပြုနေပြီ"

ပြောပြီးတာနဲ့ ချက်ချင်းလှည့်အထွက် ကုတင်ကနေ ဝုန်းကနဲထရပ်ကာ နောက်ကနေ သန်မာ
တုတ်ခိုင်တဲ့ လက်မောင်းကြီးတွေက တင်းကြပ်စွာ ထပ်မံဖက်တွယ်လာပြန်သည်။

"မှော်စက္ခ!!..မင်းတော်တော်လွန်နေပြီနော်..
ဘာလဲ..ငါက အခုလိုလုပ်ပေးလိုက်တာနဲ့..မင်းရဲ့လုပ်ရက်တွေကို ခွင့်လွှတ်လိုက်နိုင်ပြီလို့ ထင်နေတာလား..ဟက်..အဲ့လိုထင်နေရင်တော့ မင်းသိပ်မှားနေပြီ!!.."

ဖက်ထားတဲ့ လက်တွေကိူ အတင်းဖယ်ချတော့ အားချင်းမမျှတာ​ကြောင့် ဖက်ထားတဲ့သူဆီက လုံးဝမလွတ်မြောက်နိုင်ဖြစ်နေသည်။

လေညှင်းက သူ့အခန်းထဲရောက်နေတယ်ဆိုပြီး လူကိုသက်သက်မဲ့ အသားယူတာ။

"အင့်ဟာ!!"

ထို့နောက် ဒေါသထွက်လွန်း၍ အသားတွေ တဆတ်ဆတ်တုန်လာပြီး မျက်စိရှေ့ မြင်နေရတဲ့ သွေးကြောတွေ ထောင်ထနေသည့် လက်ကို သွားနဲ့ဖိကြိတ်ကာ ကုန်းကိုက်ပစ်လိုက်သည်။

"အ!"

သွားချွန်ချွန်ရာလေးတွေ စက္ခရဲ့လက်မှာ နေရာယူသွားပြီးနောက် သွေးတွေ စိမ့်ထွက်လို့လာသည်။သို့ပေမယ့် သူ့ရှေ့က အနွေးလုံးလေးကို မလွတ်ပေးဘဲ ပို၍ တင်းကြပ်စွာ ချုပ်နှောင်ထားလိုက်သည်။

ဒီကိုယ်လုံးသေးသေးလေးကို စက္ခဘယ်လောက်တောင် လွမ်းနေခဲ့ရလဲ။လည်တိုင်နားလေးကို နှာတံချွန်ချွန်နဲ့ ပွတ်ဆဲွဲပြီး ချိုချဥ်နံ့ကဲ့သို့ ကိုယ်သင်းနံ့လေးကို တမက်တမော ရှိုက်လိုက်တော့
ဒေါက်တာသေးသေးလေးထံမှ ငိုသံသံသေးသေးလေး ထွက်လာသည်။

"ဟင့်..အင့်"

"ခဏလေးပါ..မောင့်ကို ဒ​ီလိုလေး ခဏလောက် နေခွင့်ပြုပါ.."

"ဖယ်ပါတော့..မင်းရဲ့အထိတွေ့တွေ့ကို ငါမကြိုက်ဘူး..ဟင့်.."

အိစက်စက် ကိုယ်လုံးလေးကို မလွတ်ချင်လွတ်ချင်နဲ့ ဖက်ထားရာမှ ပြေလျော့ပေးလိုက်ရသည်။
အခွင့်ရေးသာရှိရင် သူ့ရှေ့က ကောင်လေးကို ရင်ခွင်ကျယ်ထဲ ထည့်ပြီး တယုတယထွေးပွေ့ထားချင်သည်။နဖူးပြေပြေလေးကို ချစ်ခြင်းများစွာဖြင့် အနမ်းဖွဖွလေးတွေ ခဏခဏစွန့်ကြဲချင်သည်။သို့သော် တကယ်တမ်းကျ အသေးလေးက
စက္ခကို ရွံမုန်းနေတာကြောင့် ဒီလိုစိတ်ကူးအိပ်မက်လေးတွေ လက်တွေ့ဖြစ်လာနိုင်စရာ အကြောင်းမရှိ။

တနေ့ အင်း တနေ့ပေါ့ အသေးလေး သူ့ရဲ့စစ်မှန်တဲ့ မေတ္တာတရားကို မြင်လာတဲ့တနေ့ အမုန်းတရားတွေ ပြေပျောက်လာတဲ့နေ့ကို မျော်လင့်ရင်း။

စက္ခ မအိပ်ချင်သေးတာမို့ ခြံထဲဆင်းလမ်းလျောက်ဖို့ တွေးလိုက်သည်။ထိုစဥ် ဂီတာသံသဲ့သဲ့က သူနဲ့မလှမ်းမကမ်းဆီမှ တိုးညှင်းစွာ ထွက်ပေါ်လာတာကြောင့် နားစွင့်မိသည်။

ဒီအချိန်ကြီး ဘယ်သူဂီတာတီးနေပါလိမ့်။အသေးလေးတော့ ဖြစ်လိမ့်မယ်မထင်။ဘာလို့ဆို အသေးလေးနဲ့ သူလပ်ထပ်ပြီးအတူ နေလာခဲ့တဲ့
ရှစ်လအတွင်းမှာ ဂီတနဲ့ပက်သက်ပြီး စိတ်ဝင်စားသည်ဆိုတာ မကြားခဲ့ဖူးသောကြောင့်ပင်။

"အကိုလေး ညဥ့်နက်နေပြီဗျ..ဘယ်သွားမလို့လဲ

ခြံထဲ ဆက်လျောက်မလို့ရှိသေး ကိုထွန်းအသံကြောင့် ခြေလှမ်းတွေကို ရပ်တန့်လိုက်သည်။

"ကျုပ်အိပ်မပျော်လို့..ကိုထွန်း..ခြံထဲ ခဏနေပြီးမှ
အိပ်မလားလို့.."

"​ေဩာ်...ဟုတ်ပါပြီ..လာ..အကိုလေး..ကိုထွန်းတွဲပေးမယ်..ဒီမှာထိုင်လိုက်..ဒီနေရာလေးက လေကောင်းလေသန့်လည်းရတယ်..ကိုထွန်းညတိုင်းထိုင်နေကျလေ"

ပြောလည်းပြော စက္ခကို​ ထတွဲပြီး ကျောက် သားထိုင်ခုံးအဝိုင်းလေးတွေရှိရာ နေရာချပေးလါသည်။

ကိုထွန်းဆိုသူကို အရင်က ရိုင်းပြခဲ့မိတာ ပြန်တွေးမိတော့ ပြန်အားနာရသည်။အဲ့ဒီတုန်းက အသေးလေးစိတ်နဲ့ လူက စိတ်ရိုင်းတွေဝင်နေတော့ ဒေါ်လုံးနဲ့ကိုထွန်းတို့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်ပြောဆိုသည်အထိ လုပ်ခဲ့မိသည်။
တကယ်ဆို သူတို့တွေက အသေးလေးနဲ့သူ့ကြား ခဏတာ ဓားစာခံဖြစ်သွားခဲ့ရုံသာ။

"ကိုထွန်းကို ကျုပ်တောင်းပန်စရာရှိတယ်"

"ဟင်..ဘာများလဲ ညီလေးရ..ကိုထွန်းသိသလောက်တော့ မရှိပါဘူး..ကိုထွန်းနဲ့တောင် အခုမှစကားပြောဖူးတာမလား"

"လွန်ခဲ့တဲ့ နှစ်လက အသေးလေးကို ပြန်ခေါ်ချင်ဇောနဲ့..ဒေါ်လုံးနဲ့ကိုထွန်းကို ခြိမ်းခြောက်မိသွားတယ်..အဲ့ဒါ တကယ်တော့ ကျုပ်.."

"အာ..ရပါတယ် ညီ​လေးရာ..ကိုထွန်းနားလည်ပြီးသား...ဘာမှတောင်းပန်စရာမလိုဘူး.အဲ့ဒီတုန်းက...ဒေါ်ကြီးလုံးနဲ့ ကိုထွန်း မင်းကို နည်းနည်းတော့ လန့်သွားပေမယ့်..ပြီးမှ ပြန်စဥ်းစားကြည့်တော့ကွာ..တကယ်ဆို မင်းကိုတောင် ကျေးဇူးတင်နေမိသေးတာ..အကိုတို့ ဒေါက်တာလေးက သူ့အမေကို သိပ်ခင်တွယ်တာလေ..တနေ့မမကြီးများ မရှိတော့ရင် မမကြီးလောက် အကိုလေးပေါ် မေတ္တာပေးနိုင်မယ့်သူမရှိမှာကိုပဲ စိုးရိမ်နေခဲ့တာ..အခုတော့ ကိုထွန်းတို့ စိတ်အေးသွားပြီ..ဒီက ငါ့ညီက ကိုထွန်းတို့အငယ်လေးကို သိပ်ချစ်တယ်ဆိုတာ.. ကိုထွန်းတို့လို ဘေးလူ​တွေ မြင်နေရတယ်လေ..ဟ..ဟား"

ကိုထွန်းစကားကြောင့် သူပါ စိတ်လိုလက်ရ လိုက်ရယ်မိသည်။ဟုတ်သည် အသေးလေးကို အပ်နှင်းထားတဲ့ မေတ္တာတရားတွေက မူပိုင်ရှင်လေး မလိုအပ်ရင်တောင် ရာနူန်းပြည့်ပိုလျံပြီးသားလေ။ဘေးလူတွေ မြင်နိုင်တာ မဆန်းတော့။အသည်းသခင် ကိုယ့်ကြင်သူလေးသိဖို့သာ လိုတော့သည်။

"ကျုပ် တနေ့တနေ့ အိမ်ထဲမှာပဲ အချိန်ကုန်နေတာ..ကိုထွန်းနဲ့တွေ့မှပဲ စိတ်ပေါ့ပါးသွားတော့တယ်...နောက်လည်း ဆိုးတူကောင်းဖက်တိုင်ပင်ချင်တယ်..ရတယ်မလား"

"ဟာ..ရတာပေါ့..ငါ့ညီရ..အချိန်မရွေးပဲ..ကိုထွန်းတို့က ရွာကထွက်လာရလို့ အဖော်လိုနေတာ..အခု ငါ့ညီရောက်လာတော့ အတော်ပဲ ဖြစ်သွားတာပေါ့"

ဂိုဏ်းမှာတုန်းက မိုးစက်နဲ့ဂိုဏ်းချုပ်ကလွဲလို့ ဘယ်သူနဲ့မှ အဆက်ဆံမလုပ်ခဲ့တဲ့ သူ အခုတော့ ဂိုဏ်းသားလည်းမဟုတ်တော့တာကြောင့် သာမန်လူတွေလိုမျိုး မိတ်ဆွေအပေါင်းသင်းနဲ့ နေကြည့်ချင်သည်။

သာမန်လူတွေလို သွားလာ လှုပ်ရှားပြီး သူတို့လိုပဲ ဘဝကို ကိုယ်ချစ်တဲ့သူနဲ့ သက်ဆုံးသည်ထိ ဖြတ်သန်းချင်မိသည်။
ဒီလို future planတွေနဲ့ အခြားလူတစ်ယောက်လို ပြောင်းလဲလာခဲ့တာ ဘယ်သူ့ကြောင့်မှမဟုတ်။မောင့်အသေးလေးကြောင့်ဆိုတာ အသေးလေးကလွဲလို့ တစ်လောကလုံး သိပေသည်။

🎵 🎵 🎵..

စကားပြောလက်စရပ်ပြီး တီးလက်စ သီချင်းကို ဆက်ဆိုလေသည်။အသံက အရမ်းအကောင်းကြီးမဟုတ်ပေမယ့် သံစဥ်အတက်အကျ လိုက်ဆိုနိုင်တော့ သီချင်းအေးပေမယ့် နားထောင်လို့ကောင်းနေပြန်သည်။

သူလည်း အသေးလေးအတွက် သီးသန့်သိုလှောင်ထားတဲ့ ရင်ထဲက စကားလုံး​တွေကို သီချင်းအဖြစ် ပြောင်းလဲ ဖွင့်ဆိုပြရင် စက္ခရဲ့အချစ်တွေကို မြင်လာနိုင်မလားလေ။

"ကိုထွန်း"

္"ပြောစေဗျာ"

"ကျုပ်ကို နောက်နေ့ အားတဲ့အချိန်တိုင်း ဂီတာတီးသင်ပေး.."

"ဘာလဲ..ကိုလေးက ဂီတာတီးတာ နားထောင်ချင်တယ်ဆိုလို့လား"

"မဟုတ်ပါဘူး..ဒီအတိုင်း ကိုထွန်းဂီတာတီးတာ တွေ့ပြီး..သင်ချင်စိတ်ပေါက်လာလို့..ဒါနဲ့ အသေးလေးက ဂီတာတီးရတာ ကြိုက်လား"

"အင်း..ဘယ်လိုပြောရမလဲ. သူကိုယ်တိုင်တီးရတာတော့ မကြိုက်ဘူး..ဒီလိုကွာ..သူများတီးတဲ့ အသံ..အင်း..အဲ့လိုနားထောင်ရတာပိုကြိုက်တာ..အရင်ဆို ကိုထွန်းတီးနေရင် လာနားထောင်နေကျလေ..ဒါပေမယ့် ဒီနေ့တော့ စောစောအိပ်သွားတယ်ထင်ပါတယ်..ဘယ်လိုလဲ ပိုသင်ချင်သွားပြီမလား"

"ဒါပေါ့..အသေးလေးနဲ့ပက်သက်တဲ့ အရာအသေးစိတ်ကအစ ကျုပ်မှာရူးသွပ်နေတာ..ကိုထွန်းသင်ပေးမယ်မလား"

"ရတာပေါ့..ကိုထွန်းတို့က ရယ်ဒီပဲ..မင်းသင်ချင်တဲ့အချိန်သာ ကိုထွန်းကိုပြောလိုက် ဟုတ်ပြီလား"

သူက လိုလိုချင်ချင် လက်ခံလိုက်တော့ နူတ်ခမ်းစွန်းတစ်ဖက် မြင့်တက်သွားတယ်ဆိုရုံလေး ပြုံးလိုက်တဲ့ ကောင်လေး။မေးရိုးထင်းထင်း မျက်ဝန်းနက်နက်နဲ့ သူ့ရှေ့ကကောင်ငယ်လေးက ယောက်ျားဆန်ဆန် ချောမောလွန်းလှသည်။

လူဆိုးဂိုဏ်းခေါင်းဆောင် လုပ်ခဲ့တယ်ဆိုတာ နောက်ကြောင်းကို ရှာဖွေလှန်လောစရာမလို စကားပြောရင် အမိန့်ဆန်တဲ့လေသံနဲ့ တဖက်လူကို ကြည့်တဲ့ စူးရှခက်ထန်တဲ့ အကြည့်တို့က
သက်သက်ပြနေပြန်သည်။

"ကဲ..အချိန်လည်းမစောတော့ဘူး..ကိုထွန်းအိပ်တော့မယ်..မင်းလည်း ညဥ့်နက်တဲ့အထိ နေမနေနဲ့ဦး.."

ကိုထွန်းအထဲ ဝင်သွားပြီး ခဏနေတော့ စက္ခလည်း အခန်းပြန်ဖို့ ဆုံးဖြတ်လိုက်သည်။
အပေါ်ထပ် လှေကားနားကအဖြတ် အခန်းထဲဝင်ဖို့ စိတ်ကူးက ပြောင်းသွားပြန်သည်။

ခုနက စက္ခကြောင့် ငိုသွားသူလေးကို ပြန်တောင်းပန်ချင်သည်။

လှေကားလက်ရမ်းကို အားပြုပြီး စမ်းတဝါးဝါးနဲ့ အပေါ်တက်လာတာ အသေးလေး အခန်းရှေ့နား ရောက်နေပြီ။တံခါးလက်ကိုင်ကို လှည့်ဖွင့်တော့ ဂျက်ချမထား။အသံမထွက်အောင် အသာလေး တွန်းဖွင့်ရင်း ဒွိဟဖြစ်နေပြန်သည်။ သူဝင်သွားရင် အသေးလေး နိုးသွားမှာစိုးတာကြောင့် ဝင်ရင်ကောင်းမလား ပြန်လှည့်ရင်ကောင်းမလား။

ထိုအချိန် အသေးလေးရဲ့ ငြီးသံသဲ့သဲ့လေးကို ကြားလိုက်တာကြောင့် ပြန်လှည့်မယ့် ခြေလှမ်းတွေ အသေးလေး အိပ်နေမယ် ထင်တဲ့အနား ရောက်လို့သွားသည်။ကုတင်နေရာကို လက်နဲ့စမ်းပြီး မျက်နှာလေးကို အသာစမ်း၍ မျက်ရည်စတွေကို လက်မလေးနဲ့ အသာသုတ်ဖယ်ပေးမိသည်။

"အဟင့်..မေမေ..သားကိုထားမသွားပါနဲ့..ဟင့်..
အင့်"

"မောင်..မောင်ရှိတယ်..ကလေးလေး..
ကျွတ်စ်..ကျွတ်စ်..မငိုပါနဲ့..ကလေးလေးရယ်..မောင်ကသာ မင်းအမေကို သေစေခဲ့တဲ့ တရားခံပါ..ဒါကြောင့် မောင် မင်းအပေါ် အသက်သေတဲ့အထိ ပေးဆပ်သွားမှာ..မင်းစိတ်ကြိုက် ထားရာနေ စေရာသွားမယ့် ကောင်မို့ ဒီထက်ပိုပြီး မောင့်ကိုအပြစ်ဒဏ်ပေး.. ရတယ်..မောင့်အသေးလေး စိတ်သက်သာရာရဖို့ဆို မောင့်ကိုမုန်းပစ်လိုက်.."

မျက်ရည်စတွေကို လက်မလေးနဲ့ ပွတ်သုတ်ပေးပြီးနောက် ခပ်ဟဟ နူတ်ခမ်းသားအိအိလေးကို လက်က ရောက်လို့သွားတော့ ရင်တွေအဆမတန် အခုန်မြန်လာရသည်။

ထိတွေ့ချင်တယ် မက်မက်မောမော နမ်းရှိုက်ချင်မိတယ် ဒီနူတ်ခမ်းသေးသေးလေးကို။

​အသိစိတ်က ထိန်းချုပ်နေပေမယ့် မသိစိတ်က အနိုင်ယူလို့သွားသည်နှင့် တချိန်က မက်မောစွာပြင်းရှစွာ ထိတွေ့စုပ်ယူခဲ့ဖူးသော နူတ်ခမ်းပါးလေးရှိရာကို သူ့နူတ်ခမ်းတို့နဲ့ တစ်စက္ကန့်မျှ ကြာရုံလေး ထိကပ်မိသွားသည်။

ခဏလေးပါ ပိုင်ရှင်လေး အိပ်ပျော်နေတဲ့ အချိန်ခဏတာလေးပဲ အနမ်းလေးတွေ ခိုးယူခွင့်ပြုပါ။

"လူယုတ်မာ!!မင်းဘာလုပ်တာလဲ!!"

#Thanks for reading

#Syringa

A/N:နှစ်ရက်အတွင်း viewer 2Kထပ်တက်လာလို့ သာသာ အရမ်းပျော်နေပါပြီ🤗
RLလှလှလေးတွေထဲ ထည့်ပေးကြတဲ့ voteလေးတွေပေးကြတဲ့ ငယ်လေးတွေရော အချိန်ပေးပြီးဝင်ဖတ်ပေးတဲ့ silent reader လေးတွေရော သာသာ ကျေးဇူးအရမ်းတင်ပါတယ်နော်
love u all😍😘

*************************************

ေစလိုရာေစ..

(Zaagyi)

စကၡ ေန႔လည္တုန္းကေ အေသးေလးလုပ္ရက္ကို ေဒါသထြက္မိသည့္အျပင္ ကိုယ့္ေစတနာကို အသိမွတ္မျပဳသူေၾကာင့္ အနည္းငယ္ေတာ​့ ရင္ထဲနာက်င္ရသည္။ဒါေၾကာင့္ အိမ္ျပန္ေရာက္ေရာက္ခ်င္း ေန႔လည္စာလည္းထြက္မစားဘဲ ညစာပါအငတ္ခံဖို႔ စဥ္းစားၿပီးသား။

ဒါေပမယ့္ သူ့အျဖစ္က သနားခံခ်င္ကာမွ အေသးေလးက ပိုၿပီးမုန္းသြားမည့္အျဖစ္ကို ေတြးမိေတာ့
ကိုယ့္မွာ ၾကာၾကာလည္း ဆႏၵမျပႏိုင္။အနားရွိေနသူကို ဒီအတိုင္းေလး ၾကည့္ေနရင္းေတာင္ လြမ္းေနရတာ အခုလို အေသးေလးကိုမေခၚမေျပာ ဘဲေနဖို႔ဆိုတာ စကၡအတြက္ လုံးဝမျဖစ္ႏိုင္တဲ့ကိစၥ။

"အေသးေလး"

"......"

ေခါင္းသုတ္ေပးေနသူကို မျမင္ရေပမယ့္ ေခါင္းေမာ့၍ သူတစ္ေယာက္တည္းသာ ေခၚခြင့္ရွိသည့္ နာမ္စားေလးကို ဖြင့္ဟေတာ့ အာ႐ုံစူးစိုက္ေနသူေလးက ျပန္၍ထူးမလာ။

"ၿငိမ္ၿငိမ္ေန...ငါအခ်ိန္အားေနလို႔ မင္းကိုလုပ္ေပးေနတာမဟုတ္ဘူး"

အေနထားက စကၡက ကုတင္အစြန္းမွာ ထိုင္လ်က္ရွိၿပီး ေလညႇင္းက နဖူးေပၚဝဲက်ေနသည့္ လႈိင္းတြန္႔ဆံပင္ေတြကို စိတ္ရွည္လက္ရွည္ ေရသုတ္ေပးၿပီးေနာက္ dryerနဲ႔ အေျခာက္ခံေပးဖို႔ ျပင္ေနသည္။စကၡက အေသးေလးထက္ အရပ္ရွည္ေပမယ့္ အခုပုံစံက သူ့ကကုတင္ေပၚ ထိုင္ေနတာေၾကာင့္ အေသးေလးက သူ့ထက္ေခါင္းတစ္လုံးပိုသာေနသည္။

႐ုတ္တရတ္ ၿငိမ္ေနရာကေန လူဆိုးေကာင္ရဲ႕လက္ေတြက ေလညႇင္းရဲ႕ ခါးသြယ္သြယ္ေလးဆီသြယ္ဝိုက္၍ ရင္ခြင္ထဲ ေခါင္းကိုကပ္လာတာေၾကာင့္ ေနရင္းထိုင္ရင္း လူက ေခြၽးေစးေတြျပန္ၿပီး ဗိုက္ဆာသလိုလို မာရသြန္ေျပးထားတဲ့သူလို တုန္ရီေမာဟိုက္လာသည္။

မႀကိဳက္ဘူး ဒီအထိအေတြ႕ေတြကို ေလညႇင္းတကယ္မႏွစ္သက္ဘူး။

"ရ..ရၿပီ..ငါသြားေတာ့မယ္..ထမင္းစားမယ္ဆို မိႏြယ္ကိုျပင္ခိုင္းလိုက္..ႀကီးလုံးကေတာ့ ဘုရားဝတ္ျပဳေနၿပီ"

ေျပာၿပီးတာနဲ႔ ခ်က္ခ်င္းလွည့္အထြက္ ကုတင္ကေန ဝုန္းကနဲထရပ္ကာ ေနာက္ကေန သန္မာ
တုတ္ခိုင္တဲ့ လက္ေမာင္းႀကီးေတြက တင္းၾကပ္စြာ ထပ္မံဖက္တြယ္လာျပန္သည္။

"ေမွာ္စကၡ!!..မင္းေတာ္ေတာ္လြန္ေနၿပီေနာ္..
ဘာလဲ..ငါက အခုလိုလုပ္ေပးလိုက္တာနဲ႔..မင္းရဲ႕လုပ္ရက္ေတြကို ခြင့္လႊတ္လိုက္ႏိုင္ၿပီလို႔ ထင္ေနတာလား..ဟက္..အဲ့လိုထင္ေနရင္ေတာ့ မင္းသိပ္မွားေနၿပီ!!.."

ဖက္ထားတဲ့ လက္ေတြကိူ အတင္းဖယ္ခ်ေတာ့ အားခ်င္းမမွ်တာ​ေၾကာင့္ ဖက္ထားတဲ့သူဆီက လုံးဝမလြတ္ေျမာက္ႏိုင္ျဖစ္ေနသည္။

ေလညႇင္းက သူ့အခန္းထဲေရာက္ေနတယ္ဆိုၿပီး လူကိုသက္သက္မဲ့ အသားယူတာ။

"အင့္ဟာ!!"

ထို႔ေနာက္ ေဒါသထြက္လြန္း၍ အသားေတြ တဆတ္ဆတ္တုန္လာၿပီး မ်က္စိေရွ႕ ျမင္ေနရတဲ့ ေသြးေၾကာေတြ ေထာင္ထေနသည့္ လက္ကို သြားနဲ႔ဖိႀကိတ္ကာ ကုန္းကိုက္ပစ္လိုက္သည္။

"အ!"

သြားခြၽန္ခြၽန္ရာေလးေတြ စကၡရဲ႕လက္မွာ ေနရာယူသြားၿပီးေနာက္ ေသြးေတြ စိမ့္ထြက္လို႔လာသည္။သို႔ေပမယ့္ သူ့ေရွ႕က အေႏြးလုံးေလးကို မလြတ္ေပးဘဲ ပို၍ တင္းၾကပ္စြာ ခ်ဳပ္ေႏွာင္ထားလိုက္သည္။

ဒီကိုယ္လုံးေသးေသးေလးကို စကၡဘယ္ေလာက္ေတာင္ လြမ္းေနခဲ့ရလဲ။လည္တိုင္နားေလးကို ႏွာတံခြၽန္ခြၽန္နဲ႔ ပြတ္ဆဲွဲၿပီး ခ်ိဳခ်ဥ္နံ႔ကဲ့သို႔ ကိုယ္သင္းနံ႔ေလးကို တမက္တေမာ ရႈိက္လိုက္ေတာ့
ေဒါက္တာေသးေသးေလးထံမွ ငိုသံသံေသးေသးေလး ထြက္လာသည္။

"ဟင့္..အင့္"

"ခဏေလးပါ..ေမာင့္ကို ဒ​ီလိုေလး ခဏေလာက္ ေနခြင့္ျပဳပါ.."

"ဖယ္ပါေတာ့..မင္းရဲ႕အထိေတြ႕ေတြ႕ကို ငါမႀကိဳက္ဘူး..ဟင့္.."

အိစက္စက္ ကိုယ္လုံးေလးကို မလြတ္ခ်င္လြတ္ခ်င္နဲ႔ ဖက္ထားရာမွ ေျပေလ်ာ့ေပးလိုက္ရသည္။
အခြင့္ေရးသာရွိရင္ သူ့ေရွ႕က ေကာင္ေလးကို ရင္ခြင္က်ယ္ထဲ ထည့္ၿပီး တယုတယေထြးေပြ႕ထားခ်င္သည္။နဖူးေျပေျပေလးကို ခ်စ္ျခင္းမ်ားစြာျဖင့္ အနမ္းဖြဖြေလးေတြ ခဏခဏစြန္႔ႀကဲခ်င္သည္။သို႔ေသာ္ တကယ္တမ္းက် အေသးေလးက
စကၡကို ရြံမုန္းေနတာေၾကာင့္ ဒီလိုစိတ္ကူးအိပ္မက္ေလးေတြ လက္ေတြ႕ျဖစ္လာႏိုင္စရာ အေၾကာင္းမရွိ။

တေန႔ အင္း တေန႔ေပါ႔ အေသးေလး သူ့ရဲ႕စစ္မွန္တဲ့ ေမတၱာတရားကို ျမင္လာတဲ့တေန႔ အမုန္းတရားေတြ ေျပေပ်ာက္လာတဲ့ေန႔ကို ေမ်ာ္လင့္ရင္း။

စကၡ မအိပ္ခ်င္ေသးတာမို႔ ၿခံထဲဆင္းလမ္းေလ်ာက္ဖို႔ ေတြးလိုက္သည္။ထိုစဥ္ ဂီတာသံသဲ့သဲ့က သူနဲ႔မလွမ္းမကမ္းဆီမွ တိုးညႇင္းစြာ ထြက္ေပၚလာတာေၾကာင့္ နားစြင့္မိသည္။

ဒီအခ်ိန္ႀကီး ဘယ္သူဂီတာတီးေနပါလိမ့္။အေသးေလးေတာ့ ျဖစ္လိမ့္မယ္မထင္။ဘာလို႔ဆို အေသးေလးနဲ႔ သူလပ္ထပ္ၿပီးအတူ ေနလာခဲ့တဲ့
ရွစ္လအတြင္းမွာ ဂီတနဲ႔ပက္သက္ၿပီး စိတ္ဝင္စားသည္ဆိုတာ မၾကားခဲ့ဖူးေသာေၾကာင့္ပင္။

"အကိုေလး ညဥ့္နက္ေနၿပီဗ်..ဘယ္သြားမလို႔လဲ

ၿခံထဲ ဆက္ေလ်ာက္မလို႔ရွိေသး ကိုထြန္းအသံေၾကာင့္ ေျခလွမ္းေတြကို ရပ္တန္႔လိုက္သည္။

"က်ဳပ္အိပ္မေပ်ာ္လို႔..ကိုထြန္း..ၿခံထဲ ခဏေနၿပီးမွ
အိပ္မလားလို႔.."

"ေ​ဩာ္...ဟုတ္ပါၿပီ..လာ..အကိုေလး..ကိုထြန္းတြဲေပးမယ္..ဒီမွာထိုင္လိုက္..ဒီေနရာေလးက ေလေကာင္းေလသန္႔လည္းရတယ္..ကိုထြန္းညတိုင္းထိုင္ေနက်ေလ"

ေျပာလည္းေျပာ စကၡကို​ ထတြဲၿပီး ေက်ာက္ သားထိုင္ခုံးအဝိုင္းေလးေတြရွိရာ ေနရာခ်ေပးလါသည္။

ကိုထြန္းဆိုသူကို အရင္က ႐ိုင္းျပခဲ့မိတာ ျပန္ေတြးမိေတာ့ ျပန္အားနာရသည္။အဲ့ဒီတုန္းက အေသးေလးစိတ္နဲ႔ လူက စိတ္႐ိုင္းေတြဝင္ေနေတာ့ ေဒၚလုံးနဲ႔ကိုထြန္းတို႔ အသက္အႏၲရာယ္ကိုပါ ၿခိမ္းေျခာက္ေျပာဆိုသည္အထိ လုပ္ခဲ့မိသည္။
တကယ္ဆို သူတို႔ေတြက အေသးေလးနဲ႔သူ့ၾကား ခဏတာ ဓားစာခံျဖစ္သြားခဲ့႐ုံသာ။

"ကိုထြန္းကို က်ဳပ္ေတာင္းပန္စရာရွိတယ္"

"ဟင္..ဘာမ်ားလဲ ညီေလးရ..ကိုထြန္းသိသေလာက္ေတာ့ မရွိပါဘူး..ကိုထြန္းနဲ႔ေတာင္ အခုမွစကားေျပာဖူးတာမလား"

"လြန္ခဲ့တဲ့ ႏွစ္လက အေသးေလးကို ျပန္ေခၚခ်င္ေဇာနဲ႔..ေဒၚလုံးနဲ႔ကိုထြန္းကို ၿခိမ္းေျခာက္မိသြားတယ္..အဲ့ဒါ တကယ္ေတာ့ က်ဳပ္.."

"အာ..ရပါတယ္ ညီ​ေလးရာ..ကိုထြန္းနားလည္ၿပီးသား...ဘာမွေတာင္းပန္စရာမလိုဘူး.အဲ့ဒီတုန္းက...ေဒၚႀကီးလုံးနဲ႔ ကိုထြန္း မင္းကို နည္းနည္းေတာ့ လန္႔သြားေပမယ့္..ၿပီးမွ ျပန္စဥ္းစားၾကည့္ေတာ့ကြာ..တကယ္ဆို မင္းကိုေတာင္ ေက်းဇူးတင္ေနမိေသးတာ..အကိုတို႔ ေဒါက္တာေလးက သူ့အေမကို သိပ္ခင္တြယ္တာေလ..တေန႔မမႀကီးမ်ား မရွိေတာ့ရင္ မမႀကီးေလာက္ အကိုေလးေပၚ ေမတၱာေပးႏိုင္မယ့္သူမရွိမွာကိုပဲ စိုးရိမ္ေနခဲ့တာ..အခုေတာ့ ကိုထြန္းတို႔ စိတ္ေအးသြားၿပီ..ဒီက ငါ႔ညီက ကိုထြန္းတို႔အငယ္ေလးကို သိပ္ခ်စ္တယ္ဆိုတာ.. ကိုထြန္းတို႔လို ေဘးလူ​ေတြ ျမင္ေနရတယ္ေလ..ဟ..ဟား"

ကိုထြန္းစကားေၾကာင့္ သူပါ စိတ္လိုလက္ရ လိုက္ရယ္မိသည္။ဟုတ္သည္ အေသးေလးကို အပ္ႏွင္းထားတဲ့ ေမတၱာတရားေတြက မူပိုင္ရွင္ေလး မလိုအပ္ရင္ေတာင္ ရာႏူန္းျပည့္ပိုလ်ံၿပီးသားေလ။ေဘးလူေတြ ျမင္ႏိုင္တာ မဆန္းေတာ့။အသည္းသခင္ ကိုယ့္ၾကင္သူေလးသိဖို႔သာ လိုေတာ့သည္။

"က်ဳပ္ တေန႔တေန႔ အိမ္ထဲမွာပဲ အခ်ိန္ကုန္ေနတာ..ကိုထြန္းနဲ႔ေတြ႕မွပဲ စိတ္ေပါ႔ပါးသြားေတာ့တယ္...ေနာက္လည္း ဆိုးတူေကာင္းဖက္တိုင္ပင္ခ်င္တယ္..ရတယ္မလား"

"ဟာ..ရတာေပါ႔..ငါ႔ညီရ..အခ်ိန္မေရြးပဲ..ကိုထြန္းတို႔က ရြာကထြက္လာရလို႔ အေဖာ္လိုေနတာ..အခု ငါ႔ညီေရာက္လာေတာ့ အေတာ္ပဲ ျဖစ္သြားတာေပါ႔"

ဂိုဏ္းမွာတုန္းက မိုးစက္နဲ႔ဂိုဏ္းခ်ဳပ္ကလြဲလို႔ ဘယ္သူနဲ႔မွ အဆက္ဆံမလုပ္ခဲ့တဲ့ သူ အခုေတာ့ ဂိုဏ္းသားလည္းမဟုတ္ေတာ့တာေၾကာင့္ သာမန္လူေတြလိုမ်ိဳး မိတ္ေဆြအေပါင္းသင္းနဲ႔ ေနၾကည့္ခ်င္သည္။

သာမန္လူေတြလို သြားလာ လႈပ္ရွားၿပီး သူတို႔လိုပဲ ဘဝကို ကိုယ္ခ်စ္တဲ့သူနဲ႔ သက္ဆုံးသည္ထိ ျဖတ္သန္းခ်င္မိသည္။
ဒီလို future planေတြနဲ႔ အျခားလူတစ္ေယာက္လို ေျပာင္းလဲလာခဲ့တာ ဘယ္သူ့ေၾကာင့္မွမဟုတ္။ေမာင့္အေသးေလးေၾကာင့္ဆိုတာ အေသးေလးကလြဲလို႔ တစ္ေလာကလုံး သိေပသည္။

🎵 🎵 🎵..

စကားေျပာလက္စရပ္ၿပီး တီးလက္စ သီခ်င္းကို ဆက္ဆိုေလသည္။အသံက အရမ္းအေကာင္းႀကီးမဟုတ္ေပမယ့္ သံစဥ္အတက္အက် လိုက္ဆိုႏိုင္ေတာ့ သီခ်င္းေအးေပမယ့္ နားေထာင္လို႔ေကာင္းေနျပန္သည္။

သူလည္း အေသးေလးအတြက္ သီးသန္႔သိုေလွာင္ထားတဲ့ ရင္ထဲက စကားလုံး​ေတြကို သီခ်င္းအျဖစ္ ေျပာင္းလဲ ဖြင့္ဆိုျပရင္ စကၡရဲ႕အခ်စ္ေတြကို ျမင္လာႏိုင္မလားေလ။

"ကိုထြန္း"

္"ေျပာေစဗ်ာ"

"က်ဳပ္ကို ေနာက္ေန႔ အားတဲ့အခ်ိန္တိုင္း ဂီတာတီးသင္ေပး.."

"ဘာလဲ..ကိုေလးက ဂီတာတီးတာ နားေထာင္ခ်င္တယ္ဆိုလို႔လား"

"မဟုတ္ပါဘူး..ဒီအတိုင္း ကိုထြန္းဂီတာတီးတာ ေတြ႕ၿပီး..သင္ခ်င္စိတ္ေပါက္လာလို႔..ဒါနဲ႔ အေသးေလးက ဂီတာတီးရတာ ႀကိဳက္လား"

"အင္း..ဘယ္လိုေျပာရမလဲ. သူကိုယ္တိုင္တီးရတာေတာ့ မႀကိဳက္ဘူး..ဒီလိုကြာ..သူမ်ားတီးတဲ့ အသံ..အင္း..အဲ့လိုနားေထာင္ရတာပိုႀကိဳက္တာ..အရင္ဆို ကိုထြန္းတီးေနရင္ လာနားေထာင္ေနက်ေလ..ဒါေပမယ့္ ဒီေန႔ေတာ့ ေစာေစာအိပ္သြားတယ္ထင္ပါတယ္..ဘယ္လိုလဲ ပိုသင္ခ်င္သြားၿပီမလား"

"ဒါေပါ႔..အေသးေလးနဲ႔ပက္သက္တဲ့ အရာအေသးစိတ္ကအစ က်ဳပ္မွာ႐ူးသြပ္ေနတာ..ကိုထြန္းသင္ေပးမယ္မလား"

"ရတာေပါ႔..ကိုထြန္းတို႔က ရယ္ဒီပဲ..မင္းသင္ခ်င္တဲ့အခ်ိန္သာ ကိုထြန္းကိုေျပာလိုက္ ဟုတ္ၿပီလား"

သူက လိုလိုခ်င္ခ်င္ လက္ခံလိုက္ေတာ့ ႏူတ္ခမ္းစြန္းတစ္ဖက္ ျမင့္တက္သြားတယ္ဆို႐ုံေလး ၿပဳံးလိုက္တဲ့ ေကာင္ေလး။ေမး႐ိုးထင္းထင္း မ်က္ဝန္းနက္နက္နဲ႔ သူ့ေရွ႕ကေကာင္ငယ္ေလးက ေယာက္က်ားဆန္ဆန္ ေခ်ာေမာလြန္းလွသည္။

လူဆိုးဂိုဏ္းေခါင္းေဆာင္ လုပ္ခဲ့တယ္ဆိုတာ ေနာက္ေၾကာင္းကို ရွာေဖြလွန္ေလာစရာမလို စကားေျပာရင္ အမိန္႔ဆန္တဲ့ေလသံနဲ႔ တဖက္လူကို ၾကည့္တဲ့ စူးရွခက္ထန္တဲ့ အၾကည့္တို႔က
သက္သက္ျပေနျပန္သည္။

"ကဲ..အခ်ိန္လည္းမေစာေတာ့ဘူး..ကိုထြန္းအိပ္ေတာ့မယ္..မင္းလည္း ညဥ့္နက္တဲ့အထိ ေနမေနနဲ႔ဦး.."

ကိုထြန္းအထဲ ဝင္သြားၿပီး ခဏေနေတာ့ စကၡလည္း အခန္းျပန္ဖို႔ ဆုံးျဖတ္လိုက္သည္။
အေပၚထပ္ ေလွကားနားကအျဖတ္ အခန္းထဲဝင္ဖို႔ စိတ္ကူးက ေျပာင္းသြားျပန္သည္။

ခုနက စကၡေၾကာင့္ ငိုသြားသူေလးကို ျပန္ေတာင္းပန္ခ်င္သည္။

ေလွကားလက္ရမ္းကို အားျပဳၿပီး စမ္းတဝါးဝါးနဲ႔ အေပၚတက္လာတာ အေသးေလး အခန္းေရွ႕နား ေရာက္ေနၿပီ။တံခါးလက္ကိုင္ကို လွည့္ဖြင့္ေတာ့ ဂ်က္ခ်မထား။အသံမထြက္ေအာင္ အသာေလး တြန္းဖြင့္ရင္း ဒြိဟျဖစ္ေနျပန္သည္။ သူဝင္သြားရင္ အေသးေလး ႏိုးသြားမွာစိုးတာေၾကာင့္ ဝင္ရင္ေကာင္းမလား ျပန္လွည့္ရင္ေကာင္းမလား။

ထိုအခ်ိန္ အေသးေလးရဲ႕ ၿငီးသံသဲ့သဲ့ေလးကို ၾကားလိုက္တာေၾကာင့္ ျပန္လွည့္မယ့္ ေျခလွမ္းေတြ အေသးေလး အိပ္ေနမယ္ ထင္တဲ့အနား ေရာက္လို႔သြားသည္။ကုတင္ေနရာကို လက္နဲ႔စမ္းၿပီး မ်က္ႏွာေလးကို အသာစမ္း၍ မ်က္ရည္စေတြကို လက္မေလးနဲ႔ အသာသုတ္ဖယ္ေပးမိသည္။

"အဟင့္..ေမေမ..သားကိုထားမသြားပါနဲ႔..ဟင့္..
အင့္"

"ေမာင္..ေမာင္ရွိတယ္..ကေလးေလး..
ကြၽတ္စ္..ကြၽတ္စ္..မငိုပါနဲ႔..ကေလးေလးရယ္..ေမာင္ကသာ မင္းအေမကို ေသေစခဲ့တဲ့ တရားခံပါ..ဒါေၾကာင့္ ေမာင္ မင္းအေပၚ အသက္ေသတဲ့အထိ ေပးဆပ္သြားမွာ..မင္းစိတ္ႀကိဳက္ ထားရာေန ေစရာသြားမယ့္ ေကာင္မို႔ ဒီထက္ပိုၿပီး ေမာင့္ကိုအျပစ္ဒဏ္ေပး.. ရတယ္..ေမာင့္အေသးေလး စိတ္သက္သာရာရဖို႔ဆို ေမာင့္ကိုမုန္းပစ္လိုက္.."

မ်က္ရည္စေတြကို လက္မေလးနဲ႔ ပြတ္သုတ္ေပးၿပီးေနာက္ ခပ္ဟဟ ႏူတ္ခမ္းသားအိအိေလးကို လက္က ေရာက္လို႔သြားေတာ့ ရင္ေတြအဆမတန္ အခုန္ျမန္လာရသည္။

ထိေတြ႕ခ်င္တယ္ မက္မက္ေမာေမာ နမ္းရႈိက္ခ်င္မိတယ္ ဒီႏူတ္ခမ္းေသးေသးေလးကို။

​အသိစိတ္က ထိန္းခ်ဳပ္ေနေပမယ့္ မသိစိတ္က အႏိုင္ယူလို႔သြားသည္ႏွင့္ တခ်ိန္က မက္ေမာစြာျပင္းရွစြာ ထိေတြ႕စုပ္ယူခဲ့ဖူးေသာ ႏူတ္ခမ္းပါးေလးရွိရာကို သူ့ႏူတ္ခမ္းတို႔နဲ႔ တစ္စကၠန္႔မွ် ၾကာ႐ုံေလး ထိကပ္မိသြားသည္။

ခဏေလးပါ ပိုင္ရွင္ေလး အိပ္ေပ်ာ္ေနတဲ့ အခ်ိန္ခဏတာေလးပဲ အနမ္းေလးေတြ ခိုးယူခြင္ျပဳပါ။

"လူယုတ္မာ!!မင္းဘာလုပ္တာလဲ!!"

#Thanks for reading

#Syringa

A/N:ႏွစ္ရက္အတြင္း viewer 2Kထပ္တက္လာလို႔ သာသာ အရမ္းေပ်ာ္ေနပါၿပီ🤗
RLလွလွေလးေတြထဲ ထည့္ေပးၾကတဲ့ voteေလးေတြေပးၾကတဲ့ ငယ္ေလးေတြေရာ အခ်ိန္ေပးၿပီးဝင္ဖတ္ေပးတဲ့ silent reader ေလးေတြေရာ သာသာ ေက်းဇူးအရမ္းတင္ပါတယ္ေနာ္
love u all😍😘

*************************************

Continue Reading

You'll Also Like

245K 14.7K 21
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
42.5K 1.6K 6
Mature on ထားပါတယ်။ အဆင်မပြေရင် မဖတ်ကြဖို့ တောင်းဆိုပါတယ်။ S 1 မဖတ်ပဲနဲ့ S 2 ကနေပဲ စဖတ်လဲ အဆင်ပြေပါတယ်။ Note - အထွန်းသည် ငပျင်းတစ်ယောက်ဖြစ်တာကြောင့်...
4.5K 130 11
"ခင္ဗ်ားျပန္လာတဲ့အထိ ဒီခေရပင္ႀကီး ေအာက္မွာေစာင့္ေနပါမယ္လို႔ ခေရေတြနဲ႔အတူသစၥာတည္ပါတယ္...." ေကာင္းရိပ္ညိဳ ခေရေ...
857K 34.4K 82
မာန်ထက်လွှား ~ မင်းကို ​ဒေါ်​ဒေါ့်​ကြောင့် ငါအ​တော်သည်းခံ​နေရတာ ရွန်း​ဝေလ ​တော်​တော်စိတ်ပျက်ဖို့​ကောင်းတဲ့​ကောင်ပဲ ကျစ်! ရွန်း​ဝေလ ~ မင်းရဲ့ကံဆိုးမှု...