Unicode.
'' ဟမ်း ''
ငါအလန့်တကြားထခုန်လိုက်ပြီး လှည့်ပတ်ကြည့်လိုက်တယ်၊အဲ့ကျမှနံရံပေါ်က ထူးဆန်းနေတဲ့တစ်ခုခုကိုသတိပြုမိလိုက်တယ်၊
'' အဲ့မျဥ်းတွေကဘာအတွက်လဲ ''
နံရံပေါ်မှာထောင့်မှန်စတုဂံတစ်ခုပေါ်လာခဲ့တယ်၊
ငါအဲ့နားကိုသွားကြည့်ခဲ့တယ်၊
ကျစ်!ဒီနေရာအတွင်းမှာဘဲ အသံကထပ်ပြီးမြည်လာခဲ့တယ်၊ နောက်ဆုံးတော့ အဲ့တာနဲ့ပတ်သတ်ပြီးသေချာခဲ့တယ်၊အဲ့အသံက ထောင့်မှန်စတုဂံပေါ်လာခဲ့တဲ့နံရံရဲ့နောက်ကနေထွက်လာခဲ့တာ၊ငါ့ရဲ့လက်တွေကမျဥ်းကြောင်းတွေပေါ်ရောက်စေပြီးထိတွေ့လိုက်တယ်၊
''ဒါက ''
ငါသေချာကြည့်လိုက်တော့မှ အနီးကပ်မြင်လိုက်ရတာကမျဥ်းကြောင်းမဟုတ်ဘဲ အက်ကြောင်းတစ်ခုဖြစ်နေခဲ့တယ်၊
အဲ့တာကတံခါးလိုဆိုပေမဲ့တခြားဟာတွေရှိမနေခဲ့ဘူး၊တံခါးကလျှို့ဝှက်လူသွားလမ်းကိုဦးတည်နေတယ်လို့ထင်ရတယ်၊
'' အိုးဟိုး...သူကထူးခြားတဲ့မှော်ဆရာတစ်ယောက်ဆိုတာကိုသက်သေပြဖို့များ ကြိုးစားနေတာလား ''
ငါ့ရဲ့နှလုံးသားလေးက စိတ်လှုပ်ရှားမှုကြောင့်ပေါက်ကွဲထွက်တော့မလိုဘဲ၊ အဲ့ဒါကရုပ်ရှင်၊ဝတ္ထုတွေမှမြင်နေကျလို တစ်ခုခုဘဲ၊
Gameထဲမှာဆို Vinterက ဇာတ်လိုက်မစိတ်ညစ်နေတဲ့အခါ သူမရဲ့ရှေ့ကိုတစ္ဆေတစ်ကောင်လိုအမြဲတမ်းပေါ်လာလေ့ရှိပြီး ပေါတောတောမှော်နည်းနည်းလောက်ကို ကြွားတတ်သေးတယ် ၊
ထုတ်လုပ်သူရဲ့စိတ်ဝင်စားမှုတွေက Vinterဇာတ်ကောင်အပေါ်အတော်လေး ရှင်းလင်းပါတယ်၊' မင်းကသာ ဝမ်းနည်းတဲ့အချိန်တိုင်း ပေါ်လာပြီးကုသပေးနိုင်တဲ့တစ်ဦးတည်းသောသူဘဲ ' ဆိုပြီးသေချာပေါက်သူတို့ရည်ရွယ်ထားတာဘဲ အဲ့ဒီ့ဇာတ်ကောင်အတွက်ပေါ့၊
Normal moodကအရမ်းလွယ်တယ်ဒါပေမဲ့ Vinterကအလွယ်ဆုံးဘဲ၊
တခြားဉာဏ်များတဲ့ဇာတ်ကောင်တွေနဲ့မတူဘဲ၊အစကတည်းက သူကဇာတ်လိုက်မဆီကို သူ့ရဲ့Interest တွေပုံအောခဲ့တာ၊အဲ့တာကြောင့်လည်း ငါလုပ်ခဲ့တဲ့စာရင်းမှာသူ့ရဲ့နာမည်ကိုမခြစ်ချခဲ့တာပေါ့...
သူ့ရဲ့ဂရုစိုက်မှု...တကယ့်ကိစ္စက
' အဲ့လိုဆိုရင်တောင် ငါ့အပေါ်သူ့ရဲ့Interestတွေတိုးလာအောင် ငါကြိုးစားရမှာဘဲ '
ငါစဥ်းစားနေတာကိုရပ်လိုက်ပြီး ပတ်ဝန်းကင်ကိုစူးစမ်းလိုက်တယ်၊
'' ငါဒါကိုဘယ်လိုဖွင့်ရမလဲ ''
အဲ့တာကလက်ကိုင်ဘုလုံးတောင်မရှိဘူး၊အဲ့တာကဘုလုံးမပါဘဲ ဖွင့်လို့ရမဲ့တံခါးမျိုးမဟုတ်ဘူး၊
အဲ့တာကတံခါးပုံစံနဲ့အက်ကြောင်းတစ်ခုဘဲ၊
'' လုံးဝသေချာတယ် ဒါကရုံးအတွင်းပိုင်း အမျိုးအစားတခုခုတော့မဟုတ်ဘူး ''
ငါ့ရဲ့မေးစေ့ကိုပွတ်လိုက်ပြီး တံခါးကိုအသေချာကြီးစိုက်ကြည့်နေလိုက်တယ်၊အဲ့နောက်ငါ့ရဲ့လက်ကိုတံခါးပေါ်ကို ပြန်တင်လိုက်တယ်၊ ဘယ်သူသိမှာလဲ လျှို့ဝှက်ခလုတ်တွေရှိချင်ရှိနေမှာပေါ့
အဲ့အချိန်မှာဘဲ ငါ့ရဲ့လက်ကနေတံခါးကိုခံစားမိလိုက်တယ်၊ အဖြူရောင်လေးထောင့်Boxကလည်းပေါ်လာခဲ့တယ်၊
Hidden Quest![ မှော်ဆရာရဲ့လှို့ဝှက်ချက်ကိုဖော်ထုတ်လိုက်ပါ!]
သင်ဟာမှော်ဆရာရဲ့လှို့ဝှက်နေရာကိုရှာတွေ့ခဲ့ပါပြီ၊
အထဲကိုဝင်ချင်ပါသလား???
(Reward:Unknown something )
[Accept\Reject]
Hidden Queatကိုကြည့်ပြီးမျက်လုံးပါပြူးသွားရတယ်၊
'' ဘာ? ''
ဒါကNormal moodမှာတုန်းကပေါ်မလာခဲ့ဖူးဘူး၊Rewardကိုတစ်ချက်ပြန်စစ်ကြည့်ပြီးနောက်
ငါမျက်မှောင်ကြုတ်လိုက်တယ်၊
'' အား ''
အဲ့အရာက အဲ့တာ(system) ပြောသလိုတကယ်ဖုံးကွယ်ထားတာကြီးဖြစ်နေတာကြောင့် ဆုကဘာဖြစ်မလဲဆိုတာကိုငါမပြောနိုင်ဘူး၊
အဲ့တာက [ Choices On/Off] စနစ်အတိုင်းဘဲ
'' ငါလိုအပ်လို့လား? ''
Accept ခလုတ်ကိုကြည့်နေရင်းနဲ့ တစ်ချိန်တည်းမှာ အနည်းငယ်တော့စဥ်းစားနေမိတယ်၊
Vinterရဲ့ Interest တစ်ခုတည်းဘဲငါ့အတွက်လိုအပ်တာ ပြီးတော့ သူ့ရဲ့လျှို့ဝှက်ချက်ကိုလည်းငါတကယ်ကြီးသိချင်နေတာမဟုတ်ဘူး
လူတိုင်းမှာသူတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေရှိမှာဘဲလေ ပြီးတော့ ဒီအခြေနေကနေငါဘာရမှာမလို့လဲ
'Interest ဆိုတာကအာမခံပစ္စည်းမဟုတ်ဘူး၊တကယ်လို့မကောင်းတာတစ်ခုခုဖြစ်သွားရင်ရော...
ဟား (စိတ်ရှုပ်) '
Rejectခလုတ်ကိုသာနှိပ်ဖို့လုပ်လိုက်တယ်၊
ဘမ်း~~~တစ်ခါထပ်ပြီးတော့...ကျယ်လောင်တဲ့အသံကြီးတစ်ခုကအခန်းထဲမှာပြည့်သွားခဲ့တယ်၊
နံရံတွေလှုပ်ရမ်းလာခဲ့တယ်...ဒီတစ်ကြိမ်မှာတော့ ငါ့ရဲ့မျက်လုံးနှစ်လုံးစလုံးနဲ့ သေချာမြင်လိုက်ရတယ်၊
'' ဒါပေမဲ့ ဒီနေရာကVinterရဲ့လှျို့ဝှက်ရုံးခန်းဆိုရင် Vinterအဲ့နေရာမှာရှိတယ်ဆိုတဲ့အဓိပ္ပါယ်ဘဲမလား ''
ငါသူ့ကိုအတော်လေးစောင့်လိုက်ရတာကို သဘောပေါက်လိုက်ပြီ၊သူကလူလုံးထွက်မပြသေးဘူးဘဲ၊ငါဒါကိုပေါ့ပေါ့ပါးပါးလေးမတွေးလိုက်သင့်ဘူး၊ ဒါကလည်း ငါlockပွင့်အောင်ဆော့နေရင်းနဲ့ ကျရှုံးခဲ့ရတဲ့Hard moodရဲ့လမ်းကြောင်းတွေထဲကတစ်ခုဖြစ်နိုင်တယ်၊
Boxထဲကစာတွေကို သေချာလေးပြန်ဖတ်လိုက်တယ်၊ အဲ့တာကခက်ခဲတဲ့ rewardတစ်ခုဘဲပြီးတော့ ရှုံးနိမ့်မှုအတွက်ပြစ်ဒဏ်လည်းမရှိဘူး
တကယ်လို့ငါအဲ့တာကိုကျရှုံးရင်တောင် အဲ့နောက်ဘာမှဖြစ်လာမှာမဟုတ်ဘူး...ဟုတ်မှာပါ
'' ဟုတ်တယ်...ဘာလဲသိလား...ငါဒီကိုတောင်ရောက်နေပြီးပြီ ဒီေန့ငါမြပန်ခင်သူ့ကိုတွေ့ကိုတွေ့မှာ''
ငါ့ရဲ့စိတ်ကိုပြောင်းလဲလိုက်ပြီး Acceptကိုနှိပ်လိုက်တယ်၊ အဲ့နောက်အသွကျယ်ကြီးတစ်ခုနဲ့အတူ တခါးကပွင့်လာခဲ့တယ်၊
လျှို့ဝှက်လမ်းကြောင်းကပေါ်လာခဲ့ပြီ၊
တုန့်ဆိုင်းမနေတေယ့ဘဲအထဲကိုဝင်လိုက်တယ်...
နံရံရဲ့အနောက်ဘက်မှာတော့ မှောင်မဲနေပြီးကျယ်ပြန့်တဲ့ လျှောက်လမ်းကြီးရှိနေခဲ့တယ်၊
အပြင်ကဆိုရင်တော့ ဒီလိုကြီးမားပြီးရှည်လျားတဲ့လျှောက်ကြီး ရှိလောက်အောင်ကျယ်တဲ့နေရာမဟုတ်ပြန်ဘူး၊ဒါကငါ့ကိုစိတ်လှုပ်ရှားစေတာကြောင့် ကိုယ့်ကိုယ်ကိုတောင် ရုပ်ရှင်ထဲကဇာတ်လိုက်တစ်ယောက်လိုခံစားမိစေတယ်၊
ဒုတ်(ပြုတ်ကျ)ဘမ်း~~~
အသံကျယ်ကြီးက လူသွားလမ်းကနေဆက်တိုက်ထွက်လာခဲ့တယ်၊ငါ့ရဲ့လက်တွေကို နားတွေကိုကာထားဖို့အတွက်မြှောက်လိုက်ရတယ်၊
' သူဘာတွေလုပ်နေတာလဲဟာ '
ဆူညံသံတွေက လမ်းရဲ့အဆုံးတစ်ဖက်နေရာကနေထွကိလာတဲ့ပုံပေါ်တယ်၊အလင်းရောင်ကလည်းအဲ့နေရာကနေထွက်လာခဲ့တယ်၊ငါ့နားတွေကိုအုပ်ထားရင်းနဲ့လမ်းတစ်လျှောက်ဆင်းလာခဲ့ပြီး လမ်းထဲကိုရောက်တဲ့အခါမှရပ်လိုက်တယ်၊
Eckartမိသားစုရဲ့စံအိမ်အရွယ်နီးပါး အတော်လေးကျယ်ဝန်းတဲ့နေရာတစ်ခုပေါ်လာခဲ့တယ်၊နံရံတွေတိုင်းမှာ စာအုပ်တွေအများကြီးနဲ့ စာအုပ်စင်တွေရှိနေခဲ့တယ်၊Eckartမိသားစုရဲ့ စာကြည့်ခန်းကအတေယ်လေးကျယ်ပေမဲ့ ဒီနေရာကတော့နိုငိငံတကာစာကြည့်တိုက်အဆင့်လောက်ဖြစ်နေတယ်၊
'' ဝိုး ''
ငါGameဆေ့တုန်းကမတွေ့ခဲ့ရတဲ့ ထူးဆန်းတဲ့နေရာကြီးကိုငေးကြည့်နေမိတယ်၊အဲ့မှာစာအုပ်တွေနဲ့ စင်တွေအပြင်တခြားအရာတွေအများကြီးရှိနေတယ်
ဖန်လှောင်ချိုင့်တွေကကြမ်းပြင်ပေါ်မှာရှိနေပြီး ငါ့ဘဝမှာလုံးဝမမြင်ဖူးတဲ့ အသုံးဆောင်ပစ္စည်းတွေ ရတနာတွေနဲ့ပြည့်နေသေးတယ်၊ဒါမှမဟုတ် သူတို့က ကျောက်ဖြစ်ရုပ်ကြွင်းတွေလား...အခန်းရဲ့အခြားတစ်ဖက်မှာ အမည်မသိတဲ့သတ္တဝါတွေရဲ့ အရိုးအကြီးကြီးတွေရှိနေခဲ့တယ်၊
'' ဒီနေရာက ပြတိုက်...လိုဘဲ ''
အိမ်မက်ဆန်တဲ့နေရာကိုလှည့်ပတ်ကြည့်ရင်းနဲ့ရေရွတ်လိုက်တယ်၊
'' ဘုရားရေ......ဒီနေရာကမိုက်လိုက်တာ ''
စဥ်းစားကြည့်...လျှို့ဝှက်နေရာရဲ့ လျှို့ဝှက်ထားတဲ့နေရာမှာ လျှို့ဝှက်တဲ့ပစ္စည်းတွေရှိနေတာ...
ငါအဲ့တာတွေကို သေချာမြင်ရအောင် လျှောက်သွားလိုက်ပြီး ငါကိုယ်တိုင်တောင်သတိမထားမိလိုက်ဘဲနဲ့ငါ့ရဲ့နားကိုကာထားတဲ့လက်တွေကိုပါ ပြန်ချထားလိုက်မိတယ်၊ငါရှေ့ကိုလှမ်းလိုက်တဲ့အချိန်မှာဘဲ
ဘမ်း~~~)
ငါခဏလောက်မေ့သွားခဲ့တဲ့အသံကျယ်ကြီးက ငါ့ရဲ့စိတ်တွေကိုသတိပြန်လည်လာစေခဲ့တယ်၊
'' ဟေး...အရူးကောင်...ငါမင်းကိုအဲ့အရာကိုချိန်ဖို့ပြောခဲ့တယ်လေ... ''
'' ဒီ... ဒီလိုလား... ''
'' ဒီလို... ''
ဒုတ်~~ခွမ်း~~~
'' ဟား အပိုင်းလေးတွေကိုသတိထား... ''
ထောင့်တစ်နေရာမှာ စုစုရုံးရုံးဖြစ်နေတဲ့ကလေးတွေကိုတွေ့လိုက်ရတယ်၊တချိန်တည်းမှာဘဲ ရေခဲပုံစံအပိုင်းစလေးတွေကျလာခဲ့တယ်၊ကလေးတစ်ယောက်ချင်းစီက တိရိစ္ဆာန်မျက်နှာဖုံးတွေတပ်ထားကြတယ်၊
ခြသေ့်၊ကြောင်၊ရှဥ့်၊ခွေး၊ဝက်...
'' အား...ကျစ်...ဂရုစိုက်ကြပါဟ...သေတ္တာတစ်ခုကျိုးတာနဲ့ငါတို့အကုန်သေမှာ...ခေါင်းဆောင်ကငါတို့ကိုသတ်လိမ့်မယ်...''
ခြသေ့်မျက်နှာဖုံးနဲ့ကလေးက ရေခဲပုံဆောင်ခဲတွေကိုရှောင်ဖို့သာ ညွှန်ကြားလိုက်ပြီး မြှောက်ပြီးအော်လိုက်တယ်၊
'' ဟုတ်ပြီ ငါဒီအပိုင်းကိုသေချာလေးထွင်းလိုက်မယ်နောက်မှ...''
ကလေးတစ်ယောက်က တစ်ခုခုကိုကိုင်ထားရင်းနဲ့
ဝမ်းနည်းပက်လက်ရေရွတ်လိုက်တယ်၊
' တောင်ဝှေး...?သူတို့ကမှော်ဆရာတွေလား '
တခြားကလေးတွေကလည်း ရေခဲအပိုင်းတွေနဲ့အဝေးကနေ အနားကိုရောက်လာကြပြီး သူတို့ရဲ့တောင်ဝှေးတွေကိုပါမြှောက်ထားလိုက်ကြတယ်၊
'' ဒီတစ်ခါမငးကဘယ်ဘက်ကိုလုပ် ငါကညာဘက်ကိုလုပ်မယ် ''
ကလေးငါးယောက်ကသူတို့အရက်ထက်မြင့်တဲ့ ရေခဲတုံးကြီးကိုဝန်းရံလိုက်ကြတယ်၊
ငါရေခဲကိုလေ့လာကြည့်လိုက်တယ်၊ရေခဲရဲ့အတွင်းဘက်မှာ တစ်ခုခုခဲပြီးညပ်နေတာကိုမြင်လိုက်ရတယ်၊သူတို့ကငါ့အမြင်မှာအရမ်းထူးဆန်းမနေဘူး
တကယ်သာငယမှတ်မိတဲ့ဟာဆိုရင်...သေချာပါတယ်...ဒါက...
' ရှေးကမှော်ဆရာဟောင်းတွေရဲ့ အမွေအနှစ်တွေ '
[ ရှေးဟောင်းမှော်ဆရာတွေရဲ့ အမွေအနှစ်တွေကအကျ်ုးမြတ်ရနိုင်တယ်၊အဲ့ဒီ့လည်ဆွဲက Vinterတောင်ပိုင်းမှာရှာေနတဲ့ ရှေးဟောင်းပစ္စည်း ပြီးတော့ အရင်မှော်ဆရာဟောင်းတွေအသုံးပြုခဲ့တဲ့အရာလည်းဖြစ်တယ်၊အဲ့တာက အဆိပ်ရှိတဲ့အရာတွေနီးကပ်လာတဲ့အခါ အရောင်ပြောင်းတယ်၊
တချို့ရှေးဟောင်းပစ္စည်းတွေက ကာလအပြောင်းအလဲမှာပျက်ဆီးသွားကြတယ် ဒါ့အပြင်အဲ့တာကကမ္ဘာမှာ တစ်ခုတည်းသောရှေးဟောင်းပစ္စည်းဖြစ်တာကြောင့် အဲ့အရာကိုရတဲ့အခါ Vinter ရဲ့Interestတော်တော်များများနဲ့အသိမှတ်ပြုခံရလိမ့်မယ်]
Vinter ရဲ့Interest %ဘယ်လောက်တိုးလာလဲဆိုတာကိုမမှတ်မိတော့ဘူး၊
' အဲ့တာက ဒီကမ္ဘာရဲ့တစ်ခုတည်းသောရှေးဟောင်းပစ္စည်းဖြစ်ရတဲ့အကြောင်းရင်းရှိရမယ် '
အဲ့နောက်
'' နမ်...ပီဒန်ယောင်...ပယ်ရိုစွမ်...
(မှော်ဂါထာပါနော် 😥) ''
ဝက်မျက်နှာဖုံးနဲ့ကလေးက ထူးဆန်းတဲ့ဂါထာတစ်ခုကိုရွတ်လိုက်တယ်၊တချိန်တည်းမှာဘဲ တောင်ဝှေးကနေအဖြူရောင်အလင်းတန်းတွေထွက်လာပြီး လေဆာလိုအလင်းရောင်ကိုပစ်ထုတ်လိုက်တယ်
ပြီးတော့....ဘမ်း~~~
အလင်းရောင်ကရေခဲကိုထိလိုက်တာနဲ့ ပေါက်ကွဲမှုကြီးဖြစ်သွားတော့တယ်၊
'' အား...ပြေးကြ... ''
ကလေးတွေကရေခဲတုံးနားကနေပြေးကြပြန်တယ်၊
အဖြူရေယင်အစွန်းတစ်ခုကကွဲသွားခဲ့ပြီး ရေခဲထဲကသေတ္တာကိုမရောက်ခင်နားထိ ရေခဲကိုဖြတ်ပြီးအပေါက်တစ်ခုဖြစ်သွားခဲ့တယ်၊
'' ဝိုး...သားကြီးတို့ ငါတို့နောက်ဆုံးတော့အဖျားကိုလုပ်နိုင်ခဲ့ပြီ၊ငါတို့လုပ်နိုင်ခဲ့ပြီကွ... ''
'' ငါတို့တကယ်လုပ်နိုင်ခဲ့ပြီ၊နောက်တစ်ခေါက်လောက်ကြိုးစားကြည့်ရအောင် ''
ကလေးတွေကအပျော်လွန်ပြီးခုန်ပေါက်နေတာကြောင့် ကြောင်သွားရတယ်၊
' ဒီကလေးတွေကတော့မဆင်မခြင်နဲ့...နင်တို့ရှေးဟောင်းပစ္စည်းတွေကို မွေးကင်းစကလေးတွေလိုဆက်ဆံနေတယ်... '
သူတို့ဘာလုပ်နေတယ်ဆိုကိုအကဲခတ်ရင်း...
သူတို့ကရေခဲကိုခွဲဖို့ကြိုးစားနေတာ ဒါပေမဲ့သေတ္တာကလည်းအထဲမှာရှိနေတယ်၊
'' ဟေး...ကလေးတို့ ''
ငါအလောတကြီးကလေးတွေကိုခေါ်လိုက််တယ်၊
'' နမ်...ပီဒန်ယောင်... ''
'' ကလေးတို့...ရပ်လိုက်တော့...''
ဟိုးထူးဆန်းတဲ့မှော်ဂါထာကိုရွတ်ဖို့လုပ်နေတဲ့ကလေးတွေကိုတားလိုက်တယ်၊
'' မင်းတို့အဲ့ဒါဘာလုပ်နေတာလဲ ''
10?11နှစ်လား? ကလေးတွေကငါ့ကိုလှည့်ကြည့်လာခဲ့တယ်၊ခြသေ့်မျက်နှာဖုံးနဲ့ကလေးက ရေခဲပေါ်ကသူ့ရဲ့တောင်ဝှေးကိုဖယ်လိုက်ပြီး ငါ့ကိုလက်ညှိုးထိုးလိုက်တယ်...
'' ဟမ်း...အဲ့အန်တီကဘယ်သူလဲ ''
'' အန်တီကဘာအဓိပ္ပါယ်လဲ ''
ငါလေးလေးနက်နက်ဖြစ်သွားခဲ့တယ်၊
''ဒါပေမဲ့ ခင်ဗျားကဟိုမျိုးရိုးမြင့်အန်တီတွေလို မျက်နှာဖုံးဝတ်ထားတယ်လေ ''
'' ဟုတ်တယ်...ဟုတ်တယ် ကြောက်ဖို့ကောင်းတဲ့ မျိုးရိုးမြင့်အန်တီရဲ့မျက်နှာ ''
သူတို့တွေမှတ်ချက်ပေးကြတဲ့အခါမှ မျက်နှာဖုံးတပ်ထားမှန်းကိုယ့်ကိုယ်ကိုသတိထားမိတော့တယ်
' ဒါပေမဲ့ဘာကိုမျိုးရိုးမြင့်အန်တီလဲ '
ငါနားမလည်ခြင်းတချို့နဲ့အတူ ေခါင်းကိုငဲ့ကြည့်လိုက်တယ်၊အဖြူရောင်မျက်နှာဖုံးနဲ့ ပြုံးနေတဲ့မျက်နှာကသူတို့ကို မျိုးရိုးမြင့်အမျ်ုးသမီးတွေကိုအမှတ်ရစေတာဖြစ်မယ်၊
'' ငါကမျိုးရိုးမြင့်အန်တီမဟုတ်ဘူး၊ငါဒီကိုဝယ်သူတစ်ယောက်အနေနဲ့လာခဲ့တာ ''
ငါ့ကိုယ်ငါစိတ်အေးအေးထားပြီး ရှင်းပြလိုက်တယ်၊တည်ငြိမ်ချင်ယောင်ဆောင်ပြီး မေးလိုက်တယ်
'' မင်းတို့ကဘယ်သူတွေလဲ ''
''ကျွန်တော်တို်ကခေါင်းဆောင်ရဲ့အတော်ဆုံးတပည့်တွေပါ ''
'' အရူး...မင်းအဲ့လိုပြောလို့မရဘူးလေ ''
'' ဟေး...ဝယ်သူတွေကိုဒီကိုဝင်ခွင့်မပြုထားဘူးလေ''
'' သူတို့ကဒီကိုမလာဘူး...သူမကဒီကိုဘယ်လိုရောက်လာတာလဲ ''
ကလေးတွေပြောသမျှကိုတစ်ခါတည်းငါမစဥ်းစားနိုင်ဘူး၊ငါကအရင်ကမ္ဘာမှာကတည်းက ကလေးတွေနဲ့အဆင်မပြေဘူး၊ငါ့ခေါင်းထဲမှာ ဒီမူကြိုကလေးတွေရဲ့ပေါက်ပေါက်ထောက်တဲ့စကားတွေပေါ်လာတဲ့အခါ ငါဘာလုပ်ရမလဲဆိုပြွးပျာယာခတ်သွားရတယ်၊
'' ကလေးတို့...တော်...ရပ်တော့...အားလုံးအာရုံစိုက်ကြ''
THE END😊
*sang-dan-ju(သတင်းပေးအဖွဲ့ရဲ့ပိုင်ရှင်)ဆိုပြီးE.tranကပြောထားပါတယ်၊ ကိုယ်ကခေါငိးဆောင်လို့သုံးလိုက်ပါတယ်၊*
အဆင်မပြေတာရှိရင်ပြောလို့ရပါတယ်၊
မနက်ဖြန်နောက်တစ်ပိုင်း 😉
-----------------------------
Zawgyi
'' ဟမ်း ''
''ဒါက ''
Gameထဲမှာဆို Vinterက ဇာတ်လိုက်မစိတ်ညစ်နေတဲ့အခါ သူမရဲ့ရှေ့ကိုတစ်ဆေတစ်ကောင်လိုအမြဲတမ်းပေါ်လာလေ့ရှိပြီး ပေါတောတောမှော်နည်းနည်းလောက်ကို ကြွားတတ်သေးတယ် ၊
အထဲကိုဝင်ချင်ပါသလား???
[Accept\Reject]
'' ဘာ? ''
'' အား ''
'' ငါလိုအပ်လို့လား? ''
ဟား (စိတ်ရှုပ်) '
'' ဒါပေမဲ့ ဒီနေရာကVinterရဲ့လှျို့ဝှက်ရုံးခန်းဆိုရင် Vinterအဲ့နေရာမှာရှိတယ်ဆိုတဲ့အဓိပ္ပါယ်ဘဲမလား ''
'' ဟုတ်တယ်...ဘာလဲသိလား...ငါဒီကိုတောင်ရောက်နေပြီးပြီ ဒီနေ့ငါမပြန်ခင်သူ့ကိုတွေ့ကိုတွေ့မှာ''
ဒုတ်(ပြုတ်ကျ)ဘမ်း~~~
' သူဘာတွေလုပ်နေတာလဲဟာ '
'' ဝိုး ''
'' ဒီနေရာက ပြတိုက်...လိုဘဲ ''
ဘမ်း~~~)
'' ဒီ... ဒီလိုလား... ''
'' ဒီလို... ''
ဒုတ်~~ခွမ်း~~~
ထောင့်တစ်နေရာမှာ စုစုရုံးရုံးဖြစ်နေတဲ့ကလေးတွေကိုတွေ့လိုက်ရတယ်၊တချိန်တည်းမှာဘဲ ရေခဲပုံစံအပိုင်းစလေးတွေကျလာခဲ့တယ်၊ကလေးတစ်ယောက်ချင်းစီက တိရိစ်ဆာန်မျက်နှာဖုံးတွေတပ်ထားကြတယ်၊
အဲ့နောက်
(မှော်ဂါထာပါနော် 😥) ''
ပြီးတော့....ဘမ်း~~~
'' အား...ပြေးကြ... ''
'' ဟေး...ကလေးတို့ ''
ငါအလောတကြီးကလေးတွေကိုခေါ်လိုက်တယ်၊
'' နမ်...ပီဒန်ယောင်... ''
'' အန်တီကဘာအဓိပ္ပါယ်လဲ ''
'' မင်းတို့ကဘယ်သူတွေလဲ ''
''ကျွန်တော်တိုကခေါင်းဆောင်ရဲ့အတော်ဆုံးတပည့်တွေပါ ''
THE END😊