[Unicode]
အခန်း(၇၄): Photoshoot နှင့် သူက ငါ့ကိုလိုက်နေတယ်
"ကိုယ် မင်းဆီကိုလာဖို့မလိုတာ သေချာရဲ့လား?" အိုးရန်လုံသည် စိတ်မအေးနိုင်ပေ။
"ရတယ်။ ကျွန်တော် အခုပဲ ကုမ္ပဏီကို ပြန်မောင်းနေပြီ" ဆုနိုသည် ကားစက်နှိုးလိုက်ပြီး "ဒါကိုသာ ဒိုင်အန်း သိရင် သူထပ်ပြီး ဇီဇာကြောင်ပြီး ဇာချဲ့နေအုံးမှာ!"
သူ ပါးစပ်ဟလိုက်တာနဲ့ အမြဲလိုလို စိတ်အနှောင့်အယှက်ဖြစ်ရတယ်!
“ကောင်းပြီ။ သတိထားမောင်းနော်။ တစ်ခုခုဆိုရင် ကိုယ့်ဆီသာ ဖုန်းခေါ်လိုက်” အိုးရန်လုံ ပြောလိုက်သည်။
“ကောင်းပါပြီ” ဆုနို ဖုန်းချလိုက်ပြီး ထွက်သွားဖို့ အဆင်သင့်ဖြစ်နေချိန်မှာပဲ တစ်စုံတစ်ယောက်က ကားပြတင်းပေါက်မှန်ကို ရုတ်တရက် ခေါက်လိုက်သည်။
ပြီးတော့.....အနက်ရောင်ဂျက်လေယာဉ်ဖြင့် မြေပြင်ပေါ် ဆင်းသက်လာတဲ့ မစ္စတာဒါရိုက်တာကို သူတွေ့လိုက်သည်။
ဘယ်ဟုတ်မလဲ!
တကယ်တော့ လူတွေကို တိုက်သွားတဲ့ စိတ်ရှုပ်ဖွယ် စက်ဘီးသမားပဲ!
"ဘာလိုချင်လို့လဲ?" ဆုနိုသည် ပြတင်းပေါက်မှန်ကို နှိမ့်လိုက်ပြီး သူ့လေသံက သိပ်သဘောကျနေပုံမရပေ။
"တကယ် တောင်းပန်ပါတယ်ဗျာ" အမာရွတ်ရှိတဲ့လူက သူ့လက်ထဲမှာ အရမ်းကြည့်လို့ရှု့လို့ကောင်းတဲ့ သေတ္တာတစ်ဘူးကို ကိုင်ထားပြီး "မင်းသွားနေတဲ့လမ်းအရ ဒီဆိုင်ကိုသွားချင်နေတယ်လို့ ကိုယ် ထင်ခဲ့လို့ပါ"
သူဘာလုပ်ဖို့ကြိုးစားနေတာလဲ...
"မင်း မှားနေပြီ" ဆုနို အေးစက်စွာပြောလိုက်သည်။
ငါက အစားအသောက်ကို နှစ်သက်သူတစ်ဦးဖြစ်ပေမယ့်လည်း ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာရှိတဲ့ foodie တစ်ယောက်ပဲ!
ဒါကို လက်မခံနိုင်ဘူး!
"ဒါ ကိုယ့်ဖုန်းနံပါတ်" အမာရွတ်နဲ့လူက သူ့ကို စာရွက်တစ်ရွက် ပေးလိုက်သည်။
မင်းဘာလို့ လာရှုပ်နေရတာလဲ! ဆုနိုသည် သူ၏နက်မှောင်နေသည့် နေကာမျက်မှန်ကနေ သူ့ကို စိုက်ကြည့်ကာ အေးစက်စက် အသံဖြင့် "ဘာကိစ္စမှ မရှိတော့ရင် ငါ သွားတော့မယ်"
မဟားတရား ရန်လိုတတ်တယ်!လုံးဝ ယောက်ျားဆန်ချက်!
“ကိုယ့်နာမည်က လော့လီပါ။ တစ်ခုခု အဆင်မပြေတာရှိရင် အချိန်မရွေး ဖုန်းဆက်လို့ရပါတယ်။" အမာရွတ်ဖြင့်လူသည် သူ့ဒေါသကို စိတ်မ၀င်စားပေ။
"မင်းနာမည်က လော့လီလား???!!!!" ဖာ့ခ်?? ဆုနိုသည် ဒီနာမည်က တကယ်ကို ထူးဆန်းတယ်လွန်းလို့ အံ့သြသွားသည်။ သူ့အဖေရင်းနဲ့အမေရင်းတောင်မှ ဖြစ်နိုင်ရဲ့လား!
အရပ်ရှည်ရှည် သန်မာလွန်းတဲ့ ဒီကောင်ကို လော့လီ လို့ ခေါ်တယ်!!! ဟား ဟား ဟား ဟား !!!!!! ဒါက ရယ်စရာတော့ မဟုတ်ပါဘူး!၊ ဒါရိုက်တာရယ်၊ အစ်ကိုကြီးနဲ့ ဒိုင်အန်းတို့ကို ပြန်ပြောပြရမယ်!
"မင်းနာမည်ကရော?" အမာရွတ်ဖြင့်လူက မေးခွန်းတွေ ဆက်မေးသည်။
ဆုနိုသည် လီဗာ ပေါ်တင်လိုက်ပြီး “ငါ့နာမည်က မာလီဆု "
အမာရွတ်ဖြင့်လူသည် မည်ကိုမျှမတုံ့ပြန်ပေ။
အနီရောင်ပြိုင်ကားလေးသည် လမ်းမပေါ်သို့ ပြေးတက်လာကာ လော့လီဟုခေါ်သော အမာရွတ်ဖြင့်လူကို ဖုန်မှုန့်ထဲတွင် ထားခဲ့သည်။
"မင်းသမီးလေး!"ဆုနိုသည် သူ့အိမ်သို့ ကားပြန်မောင်းလာပြီး ဒိုင်အန်းသည် မီးဖိုချောင်တွင် အလုပ်ရှုပ်စွာ ချက်ပြုတ်နေသည်။
"လက်ဆေးပြီး ထမင်းစားဖို့ လုပ်တော့”
“အိုး” ဆုနိုသည် မီးဖိုချောင်တံခါးရှေ့မှာရပ်ပြီး “မင်းသမီးလေး၊ ငါ့ကိုကြည့်”
ဒိုင်အန်းသည် ကဏန်းတွေကို ပန်းကန်ထဲ ထည့်ရင်းဖြင့်အလုပ်များနေသည်။
"မင်းသမီးလေး!" ဆုနိုက အရှုံးမပေး။
ဒိုင်အန်း လှည့်ကြည့်ပြီး “ဘာကြည့်စရာရှိလို့လဲ—အား!” သူ ဘာလို့ ဖုန်လူးထားသလို ဖြစ်နေရတာလဲ?
"မင်းသမီးလေး!" ဆုနိုသည် သူ့ကို ဝမ်းနည်းနေတဲ့ မျက်လုံးတွေဖြင့် ကြည့်ပြီး "ကိုယ်တော် ဒဏ်ရာရသွားပြီ!"
"ဘာဖြစ်သွားတာလဲ?" ဒိုင်အန်းသည် သူ့ဆီသို့ အမြန်ချဉ်းကပ်ပြီး “မင်း တစ်ယောက်ယောက်နဲ့ ရန်ဖြစ်လာတာလား?”
“ကိုယ်တော် လုပ်ကြံသတ်ဖြတ်သူနဲ့တွေ့ခဲ့ရတယ်” ဆုနိုသည် လေးနက်သည့်ဟန်ပန်ဖြင့် ပြောလိုက်သည်။
"မင်းအဝတ်အစားတွေကို ချွတ်လိုက်စမ်း" ဒိုင်အန်းသည် တစ်ရှူးများကို ထုတ်ကာ သူ့လက်များကို သုတ်လိုက်သည်။
ဆုနိုက "မယ်မင်းက အရမ်းဆာလောင်နေတာပဲ"
“သရုပ်ဆောင်နေတာကို တော်တော့!၊” ဒိုင်အန်းသည် သူ့အင်္ကျီကို အတင်းချွတ်ကာ “မင်း ဘာဖြစ်သွားတာလဲ?”
"စက်ဘီးနဲ့တိုက်မိလို့" ဆုနို ရိုးရိုးသားသားပြောလိုက်သည်။
သူ့ခန္ဓာကိုယ်မှာ ဘာဒဏ်ရာမှမရှိဘူး!ဒိုင်အန်းသည် သက်ပြင်းတစ်ချက်ချပြီး ထိုင်ချလိုက်ကာ ဆုနိုရဲ့ဘောင်းဘီကို ဆွဲချွတ်လိုက်သည်!
ဆုနို:.......
မင်းသမီးလေးက အရမ်းရိုင်းတာပဲ!
"အား!!!!!!" ဒိုင်အန်း ထအော်လိုက်သည်။
“ကိုယ်တော်က အတွင်းခံဘောင်းဘီ ဝတ်ထားတာကိုမှကို မယ်မင်း လန့်သွားတာပဲလား! မင်းသမီးလေးက ကိုယ်တော်ကို တကယ်ပဲ စိတ်မသက်မသာ ဖြစ်စေတယ်။ အဲ့လောက် ကြီးလို့လား?" ဆုနိုကတော့ ရဲတင်းစွာ ပြောရဲသည်။
"မင်းဒူးခေါင်းက ဘာလို့ဒီလိုဖြစ်သွားရတာလဲ?" ဒိုင်အန်း၏မျက်လုံးထဲတွင် မီးဝင်းဝင်းတောက်လောင်သွားသည်။
“ငါလည်း ငါ့ဒူးကို ဒီလို မဖြစ်စေချင်ပါဘူး....” ဆုနိုသည် ရိုးသားအပြစ်ကင်းသည့် မျက်နှာထားလေးဖြင့် ပြောလိုက်သည်။ “စက်ဘီးက ငါ့ကိုဝင်တိုက်မိလို့ပဲလေ” ရလဒ်ကို ငါမထိန်းနိုင်တော့ဘူး!
“နောက်ရက်အနည်းငယ်အတွင်း ဓာတ်ပုံရိုက်စရာတွေ အများကြီးရှိတယ်လေ။ မင်း ဒီအတိုင်း အိမ်ပြန်လာတယ်ပေါ့!" ဒိုင်အန်း အော်လိုက်သည်။
“နောက်မှ ပတ်တီး ပတ်ထားလို့ရတယ်” ဆုနိုသည် သူ့မန်နေဂျာ မူးမေ့လဲသွားမည်စိုး၍ စိတ်တည်ငြိမ်အောင် ကြိုးပမ်းလိုက်ရသည်။
"မင်း ငါ့ကို တကယ်သတ်မှ ဖြစ်တော့မှာလား?။" ဒိုင်အန်း ဒေါသထွက်သွားသည်။
သူဘာလို့ ဒေါသကြီးနေတာလဲ!!!
ဆုနိုသည် နောက်တစ်နေ့နံနက်တွင် အလုပ်လုပ်ရမည် ဖြစ်သောကြောင့် မင်းသမီးလေး (ဒိုင်အန်း) ကို စိတ်တည်ငြိမ်စေရန် အိမ်တွင် အိပ်ရမည်ဖြစ်ကာ သူ့ရဲ့ ခန့်ညားတဲ့မစ္စတာဒါရိုက်တာကို ခေတ္တခဏ စွန့်ပစ်လိုက်ရသည်။
"အခုဘာလုပ်နေလဲ?" အိပ်ယာမဝင်ခင် ဆုနိုသည် သူ့ကိုဖုန်းဆက်လိုက်သည်။
“စာဖတ်နေတာ။မင်းလည်း စောစောအိပ်သင့်တယ်”
“ကောင်းပြီ၊” ဆုနိုသည် ကုတင်ပေါ်သို့ တင်လိုက်ပြီး “နောက်သုံးရက်လုံး ဗီလာမှာ ဓါတ်ပုံရိုက်တော့မယ်ဆိုတော့ အိမ်မပြန်နိုင်တော့ဘူး” တစ်ယောက်ကို တစ်ယောက် ခွဲခွာနေရတာ အရမ်းရက်စက်တာပဲ!
"ကိုယ် သိတယ်။" မစ္စတာဒါရိုက်တာသည် ထူးဆန်းဖွယ် ကိုယ်တစ်ပိုင်း ဗလာကျင်းဓာတ်ပုံရိုက်ရမည်ကို တွေးမိပြီး လောလောဆယ်တွင် သူ့ခံစားချက်ကိုပင် မဖော်ပြနိုင်တော့ပေ။
"ဒါဆို ကျွန်တော်အိပ်တော့မယ်၊ ကောင်းသောညပါ" ဆုနိုသည် စကားပြောများလွန်းခဲ့ရင် မစ္စတာဒါရိုက်တာ စိတ်ပြောင်းသွားပြီး ဆုနိုကို အိမ်ပြန်လာခိုင်းမှာကို စိုးရိမ်မိသည်။
“ဒါဆိုရင်လည်း အိပ်တော့” အိုးရန်လုံသည် ဖုန်းကတစ်ဆင့် နမ်းတဲ့အသံလေး ပေးလိုက်သည်။
အား!!ငါ့လူကြီးက အရမ်းနူးညံ့တာပဲ!ဆုနိုသည် သူ့စိတ်ထဲကနေ သူ့ကို ချီးကျူးပြီး သူ့ဖုန်းထဲက broswer tap တစ်ခုကို ဖွင့်လိုက်သည်။စာရေးသူက နောက်တစ်ပိုင်း တင်ထားသည်ကို တွေ့လိုက်ရတော့ သူ အံ့သြသွားသည်။
အိပ်ရာမဝင်ခင် ဒီအခန်းကို ဖတ်ရမယ်!
နောက်ဆုံးအပိုင်းတွင် ဇာတ်လမ်းသည် ဆုနိုနိုက ထူးဆန်းစွာပျောက်ကွယ်သွားသဖြင့် အိုးရန်ကျင်းလုံသည် ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသဒဏ်ကြောင့် သူ၏ပုံစံအစစ်အမှန်ကို ပေါ်သွားသည့် နေရာတွင် အဆုံးသတ်ထားသည်။
သူသည် မီးတောက်ကိုးချောင်းရှိသော ရွှေနဂါးအဖြစ်သို့ ပြောင်းလဲသွားသည်။ ကံကြမ္မာက လည်ပတ်နေတဲ့ စကြာဝဠာကို နှောင့်ယှက်ပြီး လူ့ကမ္ဘာကြီး မီးလောင်သွားကာ လှပတဲ့အိမ်ငယ်လေးတွေဟာ တခဏချင်း ပျောက်သွားသည်။ အရာအားလုံးက ကြေကွဲစရာပါပဲ!
ပြီးတော့ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင် ပေါ်လာတယ်။ ဒီလိုနဲ့ ဒီမငြိမ်မသက်မှုနောက်ကွယ်က ချုပ်ကိုင်သူ ပေါ်လာပါပြီ။
"ဟား! ဟား! ဟား!”တီဗီစီးရီးတိုင်းလိုလိုမှာ ပါတဲ့ ဗီလိန်တစ်ယောက်ရဲ့ ရယ်မောခြင်းသုံးခါကို ရယ်ပြီးနောက်၊ အမြီးတစ်ချောင်း မျက်လုံးတစ်လုံးပါတဲ့အမျိုးသားတစ်ဦး ပေါ်ထွက်လာသည်။ သူသည် မြေပြင်များကိုဖြတ်ကျော်ကာ မြက်ပင်တွေနှင့် သဘာဝအားလုံးကို လောင်ကျွမ်းစေသည့် အနက်ရောင်မီးတောက်များကို လွှတ်ထုတ်ခဲ့သည်။
သူ့ရင်ခွင်ထဲတွင် လှပသည့် သလင်းကျောက်နှင့်တူသော ဆုနိုနိုက အိပ်ပျော်နေသည်။
စာဖတ်သူများအားလုံး ငိုနေရပြီဟု မှတ်ချက်ပေးကြသည်။
အကယ်၍ အိုးရန်ကျင်းလုံသည် တခြားသူ၏ရင်ခွင်တွင် အဝတ်မပါတဲ့ သူ့ချစ်သူကို မြင်လိုက်ရပါက သူ့နှလုံးသားသည် သေးငယ်သောအပိုင်းအစများ အဖြစ်း ကွဲကြေသွားလိမ့်မည်။
နာနီ??? ဆုနိုသည် အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။ ဆုနိုနိုက မည်သည့်အဝတ်အစားမှ မဝတ်ထားကြောင်း ဇာတ်လမ်း၏ ဘယ်အပိုင်းအစမှာမှဖော်ပြထားခြင်းမရှိပေ။
ဆုနိုနိုက ကိုယ်လုံးတီးဖြစ်နေတယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး!
အဲလိုမျိုး လှည့်ကွက်တွေကို တွေးရတာ တကယ်စိတ်ရှုပ်စရာပဲ ah!!
ပိုစိတ်ပျက်စရာကောင်းတာက စာရေးဆရာကြောင့်လည်း ပါတယ်!ကြည့်ရတာတော့ စာရေးသူက ဒီအဝတ်အစားမပါတဲ့ ရုပ်ကွက်က ဇာတ်လမ်းအတွက် ကောင်းမွန်တဲ့ အချိတ်အဆက်တစ်ခု ဖြစ်ရမယ်လို့ သူတွေးကောင်းတွေးခဲ့တာ ဖြစ်လိမ့်မယ်။ဒါ့ကြောင့် စာရေးသူသည် သူမ၏လက်များကို မြှောက်ကာ ဆုနိုနို၏ဖြူဖျော့သည့်မျက်နှာ၊ သိမ်မွေ့သည့် ခန္ဓာကိုယ်၊ သွယ်လျသည့် လက်ချောင်းတွေ၊ ခြေနှစ်ချောင်းကြားက နူးညံ့သော 'beep' လေး၊ ပန်းနုရောင် နို့သီးခေါင်းလေးတွေနှင့် နူးညံ့သည်အသွင်အပြင်နှင့်အတူ ဆွဲဆောင်မှုရှိသည့် အနောက်တစ်နေရာက 'beep' တို့ကို အသေးစိတ် ဂရုတစိုက် ရေးသားခဲ့သည်။
သို့သော် ထို beep—နဲ့ beep—ကို တစ်ချိန်တည်းမှာ ဘယ်လိုလုပ်ပြီးမြင်ရတာလဲ? အဲဒါက အဓိပ္ပါယ် မရှိဘူး!ဆုနို စိတ်ရှုပ်သွားသည်။ တစ်ချို့အရာတွေက တကယ်ကို အဓိပ္ပါယ်မရှိဘူးပဲ! တာဝန်မဲ့တဲ့ ဒီစာရေးသူက တကယ့်ကို စိတ်အနှောက်အယှက်ဖြစ်စရာပဲ!
"အိုးရန်ကျင်းလုံ!" မျက်လုံးတစ်ဖက်ဖြင့် လူက သူ့ကို ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ "နိုက ငါ့လက်ထဲမှာရှိတယ်၊ မင်းသတ္တိရှိရင် လာယူလိုက်!"
ထူထပ်သော တိမ်တိုက်များသည် ရွှေရောင်အလင်းတန်းများကြောင့် ကွဲအက်သွားခဲ့သည်။လက်သည်းကိုးချောင်းရှိသော နဂါးကြီးတစ်ကောင်သည် ကောင်းကင်မှ ပျံဆင်းလာကာ ၎င်း၏ပါးစပ်မှ မီးတောက်များ ဖြာထွက်နေလျက် ဆင်းသက်ချိန်တွင် လူသားအသွင်သို့ ချက်ချင်း ပြောင်းလဲသွားသည်။
"နိုကို ပြန်ပေး!" အိုးရန်ကျင်းလုံသည် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။
"သူက ငါ့အပိုင်လေ။" မျက်လုံးတစ်လုံးဖြင့်လူသည် နတ်ဆိုးဆန်ဆန် ပြုံးလိုက်သည်။ "ငါ သူ့ခန္ဓာကိုယ်ကို ဆုအဖြစ်ယူပြီး သူ့ရဲ့ဖြူစင်မှုကို ဖျက်ဆီးပစ်မယ်!!"
"လုပ်ရဲလား!!" အိုးရန်လုံသည် ဒေါသမီးလျှံများ တောက်လောင်ကာ သူ့မျက်လုံးများသည် အနီရင့်ရောင်သို့ ပြောင်းသွားသည်။
"ဒါဆိုရင် ငါ့ကိုသတ်ကြည့်လေ!" မျက်လုံးတစ်လုံးဖြင့်လူသည် ဆုနိုနို၏ သွယ်လျလှပပြီး ဖြူစွက်နေသည့်လည်ပင်းလေးကို ဆုပ်ကိုင်ထားပြီး အရှက်မရှိ ခြိမ်းခြောက်ခဲ့သည်။
“ဒါပေမယ့် သူအရင်သေရမယ်လို့ ငါကတိပေးရဲတယ်”
“ဝူ…” အိပ်ပျော်နေသော ဆုနိုနိုသည် သူ့ပတ်ဝန်းကျင်ရှိ အန္တရာယ်ကို သတိပြုမိပြီး မျက်မှောင်ကြုတ်လိုက်သည်။
"မင်း ဘာကို လိုချင်နေတာလဲ?" အိုးရန်လုံသည် ထောင့်မှာ ပိတ်မိနေသည့် သားရဲတစ်ကောင်နှင့်တူလှသည်။
ထို့နောက် မျက်လုံးတစ်လုံးဖြင့် လူက ဂန္ထဝင်စာကြောင်းများကို ပြောလိုက်တော့သည်။ “မင်း ငါနဲ့ ညှိနှိုင်းချင်ရင် ငါ့အောက်မှာ တွားသွားလိုက်လေ ဟား ဟား ဟား ဟား ဟား"
ဖာ့ခ်! ဆုနို နည်းနည်းတော့ စိတ်ပူမိသွား၏။ ဒီလိုလူဆိုးကောင်က ဘယ်လိုဖြစ်ပြီး ရှိလာရတာလဲ? သူက အရမ်းကို ကြမ်းတမ်းပြီး မိုက်မဲတယ်!!
စာဖတ်သူအားလုံးသည် cmt section တွင် အဖွဲ့နှစ်ဖွဲ့ ကွဲသွားလေသည်။ပထမအဖွဲ့က ဂုဏ်သိက္ခာနဲ့ မာန ကြောင့် အိုးရန်ကျင်းလုံကို အရှုံးမပေးသင့်ဘူးလို့ ပြောကြသည်။ အခြားအဖွဲ့တစ်ဖွဲ့ကလည်း မိမိချစ်ရသူကို ကယ်တင်နိုင်ဖို့အတွက် စော်ကားမှုတွေကို ခံနိုင်ရည်ရှိဖို့ လိုအပ်သည်ဟု ပြောဆိုခဲ့သည်။
ဒီတဖက်ကိုတော့ အရမ်းရင်ထဲထိမိသွားရတယ်, ah! တွားသွားလိုက်တာက အရေးမကြီးပါဘူး။ အကယ်၍ ဒီလို လုပ်လိုက်မယ်ဆိုရင် ဆုနိုနိုက အိုးရန်ကျင်းလုံကို ပို၍ ချစ်လာပေလိမ့်မည်။
နှစ်ဦးနှစ်ဖက် ရန်ဖြစ်ရင်း cmt section မှာ ရှုပ်ယှက်ခတ်နေသဖြင့် စာရေးသူပင် ထိတ်လန့်သွားကာ ဇာတ်လမ်းကိုအဆုံးသတ်ပြီး နောက်လာမည့် အပ်ဒိတ်များကို ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါရန် စာဖတ်သူများအား ပြောကြားခဲ့သည်။
ဆုနိုသည် ဇာတ်လမ်းကို အလေးအနက်ထား တွေးပြီး အိုးရန်ကျင်းလုံကို တွားမသွားစေလိုသော အဖွဲ့ဆီသို့ ဝင်ရောက်ခဲ့သည်။ 'ငါသာ ဆုနိုနိုဆိုရင် အိုးရန်လုံကို ဒီလိုမျိုး စော်ကားတာကို မခံစေချင်ဘူး။ ငါသေရရင်တောင် သူ့ကို ခွင့်မပြုဘူး!'
“နိုနို” ဒိုင်အန်း တံခါးခေါက်လာသည်။ "ဘာလို့မအိပ်တာလဲ?"
"အိပ်မပျော်ဘူး" ဆုနိုသည် အရမ်းတက်ကြွနေသည်။
"မင်း အစောတုန်းက နေကောင်းပါတယ်။ဘယ်လိုဖြစ်ပြီး အိပ်မပျော်သွားရတာလဲ?" ဒိုင်အန်း တံခါးကို တွန်းဖွင့်ပြီး အခန်းထဲသို့ ဝင်လိုက်သည်။
မစ္စတာဒါရိုက်တာရဲ့ ချစ်စဖွယ်ထိတွေ့မှုမရှိ၊ ပြင်သစ်အနမ်းလေးလည်းမရှိ၊ beep-ဆိုတာလည်း မရတာကြောင့် ငါ အိပ်လို့မပျော်ဘူးလေ!ဆုနိုက ထိုသို့တွေးနေပေမယ့်လည်း "မနက်ဖြန်အလုပ်အကြောင်း တွေးနေတာ" ဟုသာ တည်ငြိမ်စွာပြောလိုက်သည်။
ကြောင်သူတော်ပဲ!!
"ဘာလို့ မင်းအလုပ်ကို တွေးနေတာလဲ?မင်းက အခုမှ debut လုပ်ထားတဲ့ ကြယ်ပွင့်အသစ်မဟုတ်ဘူး၊ ဓာတ်ပုံရိုက်ရမှာကို ကြောက်နေတာလား?"
“ငါ အနားယူပြီးကတည်းက နည်းနည်း အဆင်မပြေဘူး” ဆုနိုသည် သူ့ကိုယ်သူ ကာဗာများဖြင့် ထုပ်ပိုးထားလိုက်သည်။
"နည်းနည်းအဆင်မပြေဘူး... ဘာကိုဆိုလိုတာလဲ?" ဒိုင်အန်းသည် ဂရုမစိုက်ပေ။ "ငါတို့ တစ်နှစ်လောက် အနားယူရမယ်ဆိုရင်တောင် ချိုးကျီယန်ထက် ငါတို့က ပိုကောင်းနေမှာပဲ!!"
သူ့အကြောင်းကို ဘာလို့ပြောရတာလဲ? ဒါပေမယ့်... 'ချိုးကျီယန်ထက် ပိုကောင်းနေမှာပဲ'ဆိုတဲ့ အသံက နားဝင်တော့ချိုသား!ဆုနို ခေါင်းညိတ်ပြပြီး “ငါလည်း အဲ့လို ထင်တယ်။”
“ဒါကို စဉ်းစားကြည့်ရအောင်။ ဓာတ်ပုံရိုက်နေတုန်း ချိုးကျီယန်က သူ့ရဲ့ ဇာဘောင်းဘီကို မတော်တဆ ထုတ်ဖော်ပြမိခဲ့မယ်ဆိုရင် သူ့အတွက် ဘာဖြစ်သွားမလဲ?” ဒိုင်အန်းသည် ဆုနို၏ စိုးရိမ်မှု တံတိုင်းကို အလွယ်တကူ ကျိုးဖြတ်ပေးလိုက်ကာ "ဒီလိုဖြစ်သွားရင် ငါတို့ သူ့ကိုမရယ်ရဘူးနော်"
"ငါ သူ့ကို မရယ်ပါဘူး။" ဟား ဟား ဟား ဟား ဟား ဟား ဟား !
"ဒါဆို ကောင်းကောင်းအိပ်တော့။ ငါတို့က ဓါတ်ပုံရိုက်နေတုန်း တစ်ခုခုဖြစ်ခဲ့ရင်တောင် အနည်းဆုံးတော့ ပန်းရောင်ဇာဘောင်းဘီနဲ့ ခြေအိတ်တွေ ရှိမှာမဟုတ်ဘူး။ မှန်တယ်ဟုတ်!?!”
"ဟုတ်တယ်!"ဆုနိုသည် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းသောညပါ။" ဒိုင်အန်းသည် ကုတင်ဘေးက မီးအိမ်ကို မှိန်လိုက်သည်။
"ကောင်းသောညပါ။"ဆုနိုသည် ဒိုင်အန်း အိပ်ခန်းထဲမှ ထွက်သွားသည်ကို ကြည့်ပြီးနောက် သုံးမိနစ်ကြာအောင် တိတ်တိတ်ဆိတ်ဆိတ် ရယ်မောလိုက်သည်။
သူ့ရဲ့စိတ်ကူးထဲမှာတော့ ဓာတ်ပုံထဲရှိ 'ချိုးကျီယန်၏ abs နှင့် ဇာဘောင်းဘီများ' မြင်ကွင်းတွေဖြင့် ပြည့်နေတော့သည်။ဆုနိုသည် ရယ်မောနေတာကို လုံးဝ မရပ်နိုင်တော့ပေ။ ဟားဟားဟားဟားဟား ဒါက ရယ်စရာတော့ မဟုတ်ပါဘူး ။ ဟား ဟား ဟား ဟား ဟား !
ငါက သူနဲ့ယှဉ်ရင် ပိုပြီးယောက်ျားပီသတယ်!
ဆုနို ကျေနပ်သလို ခံစားလိုက်ရပြီး နောက်ဆုံးတော့ သူ အိပ်ပျော်သွားသည်။
အိပ်မက်ကောင်းတွေနဲ့ ပြည့်နေတဲ့ ညတစ်ညကို ပိုင်ဆိုင်ခဲ့ရသည်။
နောက်နေ့ မနက် ခြောက်နာရီ တိတိမှာ ဒိုင်အန်းသည် မုန့်သားကြွပ်ကြွပ်လေး တစ်ပန်းကန်နဲ့အတူ တံခါးလာခေါက်ခဲ့သည်။
"ဆက်အိပ်ချင်သေးတယ်" ဆုနိုသည် အိပ်ယာခင်းထဲတွင် သေသလို ဟန်ဆောင်နေ၏။
“ဒါက မင်းအကြိုက် အချိုပွဲဆိုင်ကပဲနော်၊” ဒိုင်အန်းသည် စတော်ဘယ်ရီသီးတစ်လုံးကိုယူပြီး ဆုနို၏ပါးစပ်ရှေ့တွင် ဝှေ့ယမ်းကာ “ဒါက မုန့်ပွဲအသစ်ပဲ”
ဆုနိုသည် မျက်လုံးမှိတ်ထားဆဲဖြစ်ကာ စတော်ဘယ်ရီသီးကို စားလိုက်ပြီး "ဘေးမှာ တင်ထားလိုက်။ နောက်မှစားမယ်"
"မိနစ် 20 အတွင်းမှာမှ မစားရင် ခရင်တွေက မုန့်သားအကြွပ်တွေထဲ စိမ့်ဝင်သွားပြီး ဒီအချိုပွဲရဲ့ ကြွပ်ဆတ်တဲ့ အသွင်အပြင်က ပျောက်သွားပြီး ဒီအရသာရှိတဲ့အစားအစာကို ပျက်စီးစေလိမ့်မယ်နော်" ဒိုင်အန်းသည် အလွန်တည်ငြိမ်စွာဖြင့် "အဲဒါက Limited Edition ဖြစ်တာမို့ တစ်ရက်ကို နှစ်ဆယ့်ငါးပွဲပဲ ရောင်းတာ၊ ဒါကြောင့် မင်းမစားတော့ဘူးဆိုရင် မနက်ဖြန်အသုတ်ကို စောင့်ရမှာနော်။ ဒါတောင် မနက်ဖြန် ရချင်မှရမှာ!"
ဆုနို ချက်ခြင်းပင် မျက်လုံးဖွင့်ပြီး အိပ်ယာထဲက ဆံပင်အမိုက်စားနဲ့ သန့်စင်ခန်းဆီ ပြေးသွားလိုက်သည်။
ဒိုင်အန်းက အရမ်းကျေနပ်သွားသည်။
ဆယ်မိနစ်အကြာတွင် ဒိုင်အန်းသည် စားပွဲ၌ ဆုနိုကို ချီးကျူးလိုက်သည်။ "ဒါက မင်းမျက်နှာသစ်ခဲ့တာတွေထဲ အမြန်ဆုံးအချိန်ပဲ" သူ ဒီ့ထက် ပိုကောင်းအောင် လုပ်နိုင်ရဲ့သားနဲ့!
"အဲဒါက မင်းသမီးလေးကြောင့်မို့လို့လေ!မင်းက ** တက်နိုးတာ အရမ်းကောင်းလို့ပဲ။" ဆုနိုသည် အလွန်လေးနက်စွာဖြင့် အချိုပွဲကို ဓားနဲ့ခက်ရင်းသုံးကာ သေချာခွဲလိုက်သည်။
မစ္စတာမန်နေဂျာသည် အသက်ပြင်းပြင်းရှူပြီး သူ့ကိုယ်သူ အော်ငေါက်ခံရခြင်းမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ "မင်း နောက်တစ်ခါ စကားလုံးလေးပြောင်းပြောလို့ရမလား! 'နံနက်ခင်း နိုးသံလေး' ဒါမှမဟုတ်ရင် တစ်ခုခုပေါ့"
"ဒါဆို မင်းသမီးလေး, မင်းက ** နိုးတာ အရမ်းတော်တာပဲ!" ဆုနိုသည် တစ်ချက်မှမလွတ်ပြန်ဖြေသည်။
ဒိုင်အန်းသည် ရယ်ရမလား ငိုရမလား မသိ။
ရိုက်ကူးရေးပထမနေ့တွင် ဆုနိုသည် စောစောသွားရန် လိုအပ်သောကြောင့် နံနက်စာစားပြီးနောက် သူတို့နှစ်ဦးသည် တောင်ပေါ်ရှိ ဗီလာသို့ မောင်းသွားကြသည်။ရိုက်ကူးရေးအဖွဲ့သည် ယခင်ပူးပေါင်းဆောင်ရွက်မှုတစ်ခုမှ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးဖြစ်သောကြောင့် သူတို့သည် အလွန်ရင်းနှီးကြသည်။
“မောနင်း နိုနို” ဂေးဓာတ်ပုံဆရာသည် သူ့ကို ပွေ့ဖက်လိုက်သည်။
အမျိုးသမီး လက်ထောက်များသည်လည်း ဓာတ်ပုံဆရာကို မနာလိုဖြစ်ခဲ့ကြသည်။သူတို့လည်း ပွေ့ဖက်ချင်တာပေါ့!
"သွားမယ်,အဆင်သင့်ဖြစ်ပြီ" ဒိုင်အန်းသည် သူ့ကို အဝတ်လဲခန်းဆီ ခေါ်သွားသည်။ " သက်ဆိုင်ရာ လူတွေက ကိုးနာရီထိုးလောက်ဆို ရောက်လာမယ်တဲ့"
"အမြင့်ဆုံးရာထူးနဲ့ ဘော့စ်လား?" ဆုနို မေးလိုက်သည်။
"မဖြစ်နိုင်ဘူး။ ကြော်ငြာမန်နေဂျာဖြစ်နိုင်တယ်။ ဒီလိုပွဲမျိုးအတွက် ဥက္ကဌကိုယ်တိုင် လာစရာ မလိုဘူး။ ဘာပဲဖြစ်ဖြစ် သူက ဒီနယ်ပယ်မှာ ပရော်ဖက်ရှင်နယ်မှ မဟုတ်တာ။”
ဒိုင်အန်းပြောသည့်စကားက မမှားသော်လည်း ကျွန်တော့်အစ်ကိုကြီးနဲ့ ဥက္ကဌက သူ့သူငယ်ချင်းကောင်းတစ်ယောက်လို့ ပြောထားတာပဲ။ယဉ်ကျေးမှုတစ်ရပ်အနေနဲ့တောင် ဓာတ်ပုံရိုက်တာကို လာကြည့်သင့်တယ်။ ဆုနိုသည် အ၀တ်စားလဲနေတုန်း စပ်စုကြည့်လိုက်ရာ ဒီလူက နိုင်ငံခြားက ပြန်လာတာကြားတော့ ဘယ်လိုပုံစံလဲ သိချင်မိသည်။
ထို့နောက် တစ်နာရီအကြာတွင် အမာရွတ်ဖြင့်လူကို တွေ့လိုက်ရသည်။ =口=!
ဒါအမှန်မဟုတ်ဘူး!!!
"ဟယ်လို.....ကိုယ်က လော့လီပါ" အမာရွတ်ဖြင့်လူတွင် အလွန်နက်နဲသိမ်မွေ့သည့် အပြုံးတစ်ခုရှိနေသည်။
“ပု…!အဟွတ် အဟွတ်!" ဒိုင်အန်းသည် နာမည်ကြောင့် သိသာစွာ အံ့သြသွားသော်လည်း ဆုနိုတစ်ယောက် မျက်နှာကြီးနီရဲကာ ရေသီးသွားသည်ကို သတိပြုမိလိုက်သည်။ တစ်ရှူးတစ်ရွက်ကို အမြန်ဆွဲထုတ်ကာ ဆုနို၏ပါးစပ်ကို သုတ်ပေးလိုက်ရင်း "တောင်းပန်ပါတယ်ဗျာ.....ဥက္ကဌလော ရေက အရမ်းပူသွားလို့ပါ"
ဆုနို ကတော့ ထိတ်လန့်နေတုန်းပါပဲ။ သူ့အစ်ကိုကြီးက 'အားလီ' ဆိုတာမျိုး တစ်ခုခုပြောခဲ့တာကို ယောင်ဝါးဝါး မှတ်မိလိုက်ပေမယ့် တကယ်တော့ လော့လီ ဆိုတာကြီး ဖြစ်နေတာပေါ့!
ဘဝဆိုတာ တကယ်ကို အံ့သြစရာကောင်းတာပဲ!
"မင်းတို့တွေ အရင်ပြင်ထားကြပါ။ အပြင်ထွက်ပြီး တစ်ချက် ကြည့်လိုက်အုံးမယ်" အမာရွတ်ဖြင့်လူသည် အလွန်သတိရှိ၍ နားနေခန်းထဲမှ လှည့်ထွက်လာခဲ့သည်။
"OMG!" အမာရွတ်ဖြင့်လူ ထွက်သွားတဲ့အခါ ဆုနိုသည် ဒိုင်အန်းရဲ့ အင်္ကျီကို ဆွဲကိုင်လိုက်ပြီး "သူက ငါ့ကို စက်ဘီးနဲ့တိုက်မိတဲ့သူပဲ!"
"တကယ်!?" ဒိုင်အန်း အံ့သြသွားသည်။
“ဟုတ်တယ်!သူ ပြာဖြစ်သွားရင်တောင် ငါ သူ့ကို မှတ်မိတယ်!” ဤစာကြောင်းသည် အလွန်ရက်စက်ကြမ်းတမ်းသော်လည်း တစ်ချိန်တည်းတွင် လန်းဆန်းစေသည်။
"မနေ့က ရန်ဖြစ်ခဲ့တာတော့ မဟုတ်ဘူးမလား?" လော့လီသည် ဆုနို၏အေဂျင်စီကိုတိုက်ရိုက်ဆက်သွယ်ခဲ့သော်လည်း ဒိုင်အန်းသည် ဟန်ဝေနှင့် လော့လီကြားက ဆက်ဆံရေးကိုမသိခဲ့ပေ။
“ရန်မဖြစ်ခဲ့ပါဘူး။ နေကာမျက်မှန်တပ်ပြီးပဲ သူ့ကို စိုက်ကြည့်ခဲ့တာ”
"ကောင်းတယ်။ ဒါဆို ဘာပြသာနာမှ ရှိလာစရာမရှိဘူး။” ဒိုင်အန်းသည် စိတ်သက်သာရာ ရသွားသည်။
“ဒါပေမယ့် ငါ့နာမည်က မာလီဆုလို့ ပြောခဲ့တယ်" ဆုနိုသည် ရှုံ့မဲ့နေသည့် မျက်နှာဖြင့် ပြောလိုက်သည်။
ရှက်စရာကြီး!
“......ဒါက တကယ်တော့ ကောင်းပါတယ်” ဒိုင်အန်း သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ “ဦးစားပေးက ဓာတ်ပုံရိုက်လို့ပြီးဖို့ပဲ ကျန်တဲ့ အသေးအမွှားကိစ္စတွေကို စိတ်မပူနေနဲ့”
“ကောင်းပြီ၊” ဆုနိုသည် စိုးရိမ်မှု နည်းပါးသွားသည်။ကမ္ဘာကြီးက သေးငယ်တယ်ဆိုတာ အမှန်ပဲ!
ပထမဆုံး ဓာတ်ပုံကို ဗီလာအပြင်ဘက် ပန်းခြံထဲမှာ ရိုက်ကူးရမည် ဖြစ်သည်။နွေဦးရာသီတွင် အညှောက်ပေါက်ခဲ့တဲ့ မိုးမခပင်တွင် အဝါရောင် ဖူးပွင့်အသစ်များ တောက်ပစွာ ထွန်းလင်းနေသည်။ ဆုနိုသည် လှုပ်ခါလို့ရသည့် ကုလားထိုင်တွင်ထိုင်ကာ စားပွဲပေါ်တွင် လက်ဖက်ရည်တစ်ခွက်ဖြင့် သူ့လက်ထဲတွင်လည်း စာအုပ်တစ်အုပ်ကိုင်ထားလျက် ရိုးရိုးရှင်းရှင်းနဲ့ ရှေးဟောင်းဆီဆေးပန်းချီကားတစ်ချပ်လိုပင်။
အမျိုးသမီး လက်ထောက်များသည် အလွန်စိတ်လှုပ်ရှား နေကြသည်။နိုနိုက တကယ်ကို ချစ်ဖို့ကောင်းလွန်းလို့ ကာကွယ်ပေးချင်စရာပဲ!သူ့ကို ပွေ့ဖက်ပြီး ခေါင်းလေးပုတ်ပေးချင်လွန်းလို့ မနေနိုင်တော့ဘူး!
ဆုနိုနိုနဲ့ အိုးရန်ကျင်းလုံတို့ရဲ့ ဇာတ်လမ်းကို ဆက်လက်ရေးတင်ရမယ်!
လော့လီသည် ဘေးနားတွင် ရပ်ကာ ဆုနိုကို စိုက်ကြည့်နေပြီး သူ့မျက်လုံးများက ဘယ်ကိုမှ မရွေ့ပေ။
ဆုနိုသည် သူ့ကို လော့လီ၏မျက်လုံးများက စိုက်ကြည့်နေသည်ကို ခံစားမိသော်လည်း သူ ဘာမှ မပြောနိုင်ပေ။ ဒီတော့ သူလုပ်နိုင်တာက သူ့ခေါင်းထဲမှာ ညည်းညူဖို့ပါပဲ၊ ပြီးတော့ နားချိန်ကို အခွင့်ကောင်းယူပြီး သူ့အစ်ကိုကြီးကို ဖုန်းခေါ်ဖို့ပဲပေါ့။
"ဘာလို့ အစောကြီးဖုန်းဆက်တာလဲ?" ဟန်ဝေက သမ်းဝေလိုက်သည်။
"...အစ်ကိုကြီး အိပ်နေသေးတာလား?" ဆုနိုသည် သူ့အစ်ကိုကြီး အနားယူနေတာကို အနှောင့်အယှက်ပေးမိသောကြောင့် အပြစ်ရှိသလို ခံစားခဲ့ရသည်။ သူ့ တကယ်မလုပ်သင့်ဘူး!
“အစ်ကိုကြီး မနေ့ညက အိပ်ရာဝင်နောက်ကျလို့ပါ။ဘာဖြစ်လို့လဲ?" ဟန်ဝေက မေးသည်။
"ဘာမှမဟုတ်ပါဘူး၊ ပြန်အိပ်" တကယ်တော့ ဆုနိုက အမာရွတ်နဲ့ လော့လီအကြောင်းကို တိုင်ကြားချင်ပေမယ့်လည်း သူ့အစ်ကိုကြီး အနားယူဖို့လောက် အရေးမကြီးပေ။ ဒါကြောင့် မေ့လိုက်တော့မည်။
“ပြော,တစ်ခုခုတော့ ဖြစ်နေတာမလား?” ဟန်ဝေက သူ့အကြောင်းကို ကောင်းကောင်းသိသည်။
"ဒါက တကယ် ကြီးကြီးမားမားတော့ မဟုတ်ပါဘူး" ဆုနိုက မေးလိုက်သည်။ "အစ်ကိုကြီး ဒီလော့လီနဲ့ အဆင်ပြေလား?"
“ပြေပါတယ်။သူက အားကိုးရတယ်။ အစ်ကိုကြီး အီတလီမှာရှိတုန်းကလည်း သူက အများကြီး ကူညီပေးခဲ့တယ်လေ။ မဟုတ်ရင် အစ်ကိုကြီးတို့ရဲ့ဆက်ဆံရေးကို သူ့ကို သိခွင့်မပြုပါဘူး"
“..... ကောင်းပါပြီ။” ဆုနို လက်လျှော့လိုက်သည်။
"သူ မင်းကို အနိုင်ကျင့်နေတာလား?" ဟန်ဝေ မျက်မှောင်ကြုတ်လိုက်သည်။
“မဟုတ်ဘူး!” ဒါက တကယ်တော့ အနိုင်ကျင့်တာတော့မဟုတ်ပါဘူး၊
ဆုနိုသည် အတွေးယာဥ်ထဲ မျောပါနေသည်။ "သူက ကျွန်တော်ကို စိုက်ကြည့်နေတယ်" လို့ အသံကျယ်ကျယ်နဲ့ ပြောလိုက်တာက သူ့ကိုမိန်းကလေးတစ်ယောက်လို ခံစားရစေတယ်။ နောက်ဆုံးအနေနဲ့ ယောက်ျားပီသတဲ့ အမျိုးသားတွေက သူတို့ကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေရင်တောင် ဂရုမစိုက်ဘူး!
"အစ်ကိုကြီး သူ့ကို သတိပေးလိုက်မယ်။ တစ်ခုခုရှိရင် ဖုန်းခေါ်လိုက်။ ဟုတ်ပြီလား?"
“ဟုတ် ” ဆုနို ဖုန်းချလိုက်ပြီးနောက် လော့လီသည် သူ့ဘက်သို့ လှည့်လာနေသည်ကို တွေ့လိုက်ရသည်။
".....ဟယ်လို" သူက အစ်ကိုကြီးရဲ့သူငယ်ချင်းမို့လို့ သူ့ကို အရမ်းအေးစက်စက် မဆက်ဆံသင့်ပါဘူးလေ။
"မနေ့ကအတွက် စိတ်မကောင်းပါဘူး" လော့လီသည် သူ့ကို တလက်လက်တောက်ပနေတဲ့ ရွှေရောင်ကတ်ပြားကို ပေးလိုက်သည်။
"ဒါဘာလဲ?"ဆုနို စိတ်ရှုပ်သွားသည်။
"မနေ့က ဆိုင်ရဲ့ VIP ကဒ်" လော့လီက ပြောလိုက်၏။ "မင်း အဲ့တုန်းက မစားလိုက်ရဘူးလေ။ ဒါကြောင့် မင်းကို လျော်ကြေးအဖြစ် ပေးဖို့ပါ"
“အဆင်ပြေပါတယ်။အဲ့လို လုပ်စရာမလိုပါဘူး။" ဆုနိုက ငြင်းပယ်လိုက်သည်။ "မစ္စတာလော့က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ဘူးလေ"
ဒါကို ငါလက်မခံနိုင်ဘူး!အစ်ကိုကြီး,ဒိုင်အန်း,မစ္စတာဒါရိုက်တာဆီကနဲ့ ငါ့ရဲ့ပရိသတ်တွေ ပြီးတော့ ကျုံးလီဖုန်းပိုင်.....ဆီကနေပဲ လက်ဆောင်တွေကိုပဲ လက်ခံနိုင်မယ်... ဟုတ်ပြီလား၊ လက်ခံနိုင်တဲ့ လက်ဆောင်တွေကအများကြီးပါ။ ဒါပေမယ့်! သူ့လက်ဆောင်တွေကိုတော့ ငါလက်မခံဘူး!
“နိုနို၊” ဒိုင်အန်းက ခေါ်လိုက်ပြီး “အဆင်သင့်ပြင်ထားတော့"
"ကျွန်တော် အရင်သွားလိုက်ပါအုံးမယ်။" ဆုနိုသည် ဒိုင်အန်းဆီသို့ ပြေးသွားသည်။
ဘာကြောင့်မှန်းမသိပေမယ့် သူ့မှာ တစ်ခုခုရှိနေသလို ခံစားနေရတယ်! သူနဲ့ ခပ်ဝေးဝေးနေသင့်တယ်!
လော့လီက ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ ပြန်သွားဖို့ အဆင်သင့်ဖြစ်နေပေမဲ့ သူ့ဖုန်းက ရုတ်တရက်မြည်လာသည်။
"ဟေ့,မင်း ငါ့ညီလေးကို မနှောက်ယှက်နဲ့" ဟန်ဝေသည် နည်းနည်းတော့ စိတ်ဆိုးနေသည့်ပုံ။
"ဒါ...မြန်လိုက်တာ,ဟမ့်" လော့လီ အပြုံးပျက်သွားရသည်။
"မင်း စည်းကျော်ရင်,ငါ မင်းကို ရိုက်ပစ်မယ်" ဟန်ဝေသည် အနည်းငယ် ဒေါသထွက်သွားသည်။
“စိတ်မပူပါနဲ့။ ပရိုမိုးရှင်းဓာတ်ပုံရိုက်ဖို့ပဲ သူ့ကို ငှားချင်တာပါ။ငါ သူ့ကို ဘာမှမလုပ်ပါဘူး"
သူတို့နှစ်ယောက်ဟာ နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့ကြတာကြောင့် ဟန်ဝေသည် သူ့ကို အလိုအလျောက်ယုံကြည်ခဲ့သည်။ ထို့ကြောင့် လော့လီကို သတိပေးပြီးနောက် ဖုန်းချလိုက်သည်။
လော့လီသည် သူ့မေးစေ့ကို ထိပြီး စေ့စေ့တွေးကြည့်ပြီးနောက် အတွင်းရေးမှူးကို ခေါ်ကာ အချိုပွဲများနှင့် အဆာပြေအချို့ကို ပြင်ထားရန် မှာကြားလိုက်သည်။
ဒီအကွက်က ဝန်ထမ်းတွေရဲ့ နှလုံးသားကို ရှင်းရှင်းလင်းလင်း ရရှိခဲ့ကာ အထူးသဖြင့် အမျိုးသမီးဝန်ထမ်းတွေပေါ့လေ! ဒီလိုစျေးကြီးတဲ့အချိုပွဲမျိုးကို တခြားသူတွေက ဝယ်ကျွေးမှ အရသာပိုကောင်းတာ!
"ဘော့စ် တစ်ခုခု လိုချင်လား?"ဆုနိုက ခါးသီးနေ
သည့် ခံစားချက်တွေကို ထုတ်လွှတ်နေတာကြောင့် ဒိုင်အန်း သူ့ကို မေးလိုက်သည်။
သူက ရင်သပ်ရှုမောဖွယ်ပန်းတစ်ပွင့်လေးဖြစ်ပေမယ့်လည်း အချိုပွဲအချို့ကို ရံဖန်ရံခါစားတာက ဝက်ခြေထောက်ကို စားသလိုမစားသရွေတော့ အဆင်ပြေပါသည်။
သို့သော် သူအံ့သြမိတာက ဆုနိုက ငြင်းပယ်လိုက်တာပဲဖြစ်သည်။
အစားအသောက်ကို နှစ်သက်သူတစ်ယောက်က အရသာရှိသည့်အစားအစာတွေကို ငြင်းဆန်နေတာက နည်းလမ်းတကျ မဖြစ်ပေ။
ဒိုင်အန်း စိတ်ပူသွားပြီး မေးလိုက်၏။
"ဘာလို့လဲ?"
“ဖျော်ရည်ပဲသောက်မယ်” ဆုနိုသည် ဖျော်ရည်ဘူးဖုံး ဝက်အူကိုဖြုတ်ပြီး သစ်သီးဖျော်ရည်ကို သောက်လိုက်သည်။
အချိုပွဲတွေက အရမ်းဆွဲဆောင်မှုရှိပေမယ့် လော့လီ ဝယ်ထားတဲ့ မုန့်တွေကို တကယ် မစားချင်ပေ။
"နိုနို မစားချင်ဘူးလား?" လော့လီသည် ဆုနိုရှေ့ကို ချောကလက် nut-italian cracker မုန့် ယူလာခဲ့သည်။
"ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော် မစားချင်လို့ပါ" ဆုနိုက စိတ်ပိုင်းဖြတ်ထားပြီး သူ့စိတ်ထဲမှာတော့ "ငါ့ကို နိုနိုလို့ မခေါ်နဲ့ မစ္စတာဆုလို့ခေါ်စမ်းပါ" ဆိုပြီး ဟိန်းဟောက်လိုက်သည်။
"ဗာဒံသီးပန်ကိတ်ကကော? အဆီနည်းတဲ့အတွက် စားရတာ အဆင်ပြေသင့်တယ်" လော့လီက ထပ်မံကမ်းလှမ်းသည်။
“ရပါတယ်။ကျွန်တော် မစားချင်ဘူး။" ဆုနို ခေါင်းခါပြီး ငြင်းလိုက်သည်။
ဒီနေရာမှာ တစ်ခုခု မှားနေသလို ခံစားရသဖြင့် ဒိုင်အန်းသည် သူတို့ စကားပြောနေတာကို အချိန်မီ အနှောင့်အယှက်ပေးလိုက်သည်။ “ခွင့်လွှတ်ပါ ဒါရိုက်တာလော့။ နိုနိုရဲ့ဆံပင်က နည်းနည်းရှုပ်နေလို့ပါ အဲဒါကို ပြင်ဖို့လိုတယ်။"
“ကောင်းပါပြီ” လော့လီသည် ပခုံးတွန့်ပြသည်။
သူထွက်သွားပြီးနောက် ဆုနို အသက်ရှုထုတ်လိုက်ရပြီး "ဒီလူက အရမ်းစိတ်ညစ်စရာကောင်းတာပဲ!"
"ဘာလို့လဲ?" ဒိုင်အန်းက ရိုးရိုးသားသားပြောခဲ့သည်။ "လော့လီက မင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးနေတယ် ထင်တယ်"
"သူ့ရဲ့ အပြင်ပိုင်းအသွင်အပြင်ကြောင့် အလှည့်စားမခံနဲ့" ဆုနိုက အခိုင်အမာပြောလိုက်သည်။ “သူက ငါ့ကို ဘာမှမလုပ်သေးပေမယ့် သူက ငါ့ကို ကောင်းကောင်း ဆက်ဆံပေးနေတာက အရမ်းကြောက်ဖို့ကောင်းတယ်။ သူ့မှာ မလိုလားအပ်တဲ့ ရည်ရွယ်ချက်တွေ ရှိမှာ သေချာတယ်!”
“....ကောင်းပြီ၊ မင်း ပြောချင်ရာပြောတော့ ” ဒိုင်အန်း ဆက်ပြောလိုက်သည်။ "ရန်တော့ မဖြစ်နဲ့။"
ဆုနို လမ်းလျှောက်ရင်း တွေးလိုက်မိသည်။
'လော့လီက ငါ့ရဲ့အလှကို တပ်မက်ပြီး တောင့်တနေတာများလား? '
shit! shit! ဒါက ကြောက်စရာပဲ!ဒါပေမယ့် အဲဒါကို ပိုတွေးလေ၊ ဖြစ်လာနိုင်ခြေ ပိုများလေပဲ! အဲဒီလိုဖြစ်ရင် ဒါရိုက်တာ အရမ်းဒေါသထွက်လိမ့်မယ်။ လူသိရှင်ကြား ဓါတ်ပုံမရိုက်ဖို့ တားမှာ သေချာတယ်။ ဒါပေမယ့် ဒီလိုအချိန်ကြီးမှာ ရိုက်နေတာကို ရပ်လိုက်ရင် အစ်ကိုကြီးကို ဒီကိစ္စ ဘယ်လိုရှင်းပြရမလဲ? 'သူ ကျွန်တော့်ကိုချစ်နေတယ်လို့ သံသယရှိလို့ ရှူတင်မရိုက်ချင်ဘူး' လို့ မပြောနိုင်ဘူး။ အဲဒါက အရမ်းကို ငတုံးငအ ဆန်တယ်!
"အိုး…” ဆုနိုသည် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ သူက ကျောက်တုံးတွေနဲ့ ခက်ခဲတဲ့အရပ်ကြားမှာ နေ,နေရတာပဲ။
ဒီလိုနဲ့ ကိစ္စတွေက ဒီအတိုင်းပဲ တိုးတက်နေပြီဆိုတော့ တစ်ကြိမ်မှာ ခြေတစ်လှမ်းပဲ လှမ်းရတော့မှာပဲ။
မနက်ပိုင်းရိုက်ကွင်းက မြန်မြန်ပြီးသွားတော့ မူလအစီအစဉ်အတိုင်း နေ့လည်ခင်းမှာ ရေချိုးခန်းထဲ၌ ရိုက်ရမည်ဖြစ်သည်။ ပုံမှန်အတိုင်းဆိုရင်၊ ဒါက ဆုနို အတွက် ပြဿနာမဟုတ်ပေမယ့် အမာရွတ်နဲ့ လော့လီက ဒီမှာရှိနေတယ်!
ဘုရားရေ… တွေးလေလေ ရှက်စရာကြီးလေ!
"ကျွန်တော်တို့ ဧည့်ခန်းနဲ့ မီးဖိုခန်းကို အရင်ရိုက်လို့ရမလား? မနေ့က ကျွန်တော့်ခြေထောက်မှာ ဒဏ်ရာရသွားတယ်။ ဒါကြောင့် မနက်ဖြန်မှ ရေချိုးခန်းထဲမှာ ရိုက်ဖို့ စောင့်ပေးလို့ရမလား။ အဲ့တာဆို ရလဒ်က ပိုကောင်းလိမ့်မယ် ထင်တယ်” ဆုနိုက အကြံပြုလိုက်သည်။
“ကိစ္စမရှိပါဘူး” ကြော်ငြာမန်နေဂျာက အလွန်ရွှင်လန်းစွာ လက်ခံကြောင်း ပြောလိုက်သည်။
လော့လီသည် ၎င်းနှင့်ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာမရှိခဲ့ဘဲ နေ့လည်ခင်းရိုက်ကူးချိန်တွင်လည်း ဆုနိုဆီကနေ သူ့မျက်လုံးတွေကို သင့်လျော်စွာ လွှဲထားပေးခဲ့သည်။
ဒါပေမယ့်လည်း ဆုနိုအတွက် မလုံလောက်သေးပေ။ အထူးသဖြင့် လော့လီကို လုံးဝ ပျောက်ကွယ်သွားရမည်ဟု သူမျှော်လင့်ခဲ့သည်။ တင်ပါးလေးသာ ပြရမည်ဖြစ်သော်လည်း ၎င်းကို 3D ဗားရှင်းအစစ်အမှန် ကြည့်ရှုခွင့် မပြုနိုင်ဘဲ ပိုစတာပေါ်တွင်သာမြင်ခွင့်ရစေမည်ဖြစ်သည်။ဒါ အဓိကကိစ္စပဲ!
ဆုနိုသည် သူ့အစ်ကိုကြီးကို ထပ်မနှောက်ယှက်ချင်တော့ဘဲ ဒိုင်အန်းကို ဘေးနားကနေ ဆွဲခေါ်လိုက်ပြီး "မင်း သူ့ကို ထွက်သွားအောင်လုပ်ဖို့ နည်းလမ်းရှိလား?"
"လော့လီကို ဘာလို့ အရမ်းမုန်းနေတာလဲ?" ဒိုင်အန်း အံ့ဩသွားသည်။ "သူက အတော်လေး ရည်မွန်တယ်လို့ ငါထင်ပါတယ်"
ဘာလို့လဲဆိုတော့ သူ့မှာ ငါ့အပေါ် မလိုလားအပ်တဲ့ စိတ်တွေရှိနေလို့ပဲ။ဆုနိုသည် လက်သီးကို တင်းတင်းဆုပ်ပြီး စိတ်ထဲမှာ အော်ဟစ်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် တွန်းအားပေးပြီးသာ ပြောလိုက်သည်။ “သူ့မျက်နှာမှာ အမာရွတ်ရှိလို့”
ဒိုင်အန်း:.....
အဲ့ဒါ မင်းရဲ့အကြောင်းပြချက်လား?!
"ရှင်းရှင်းပြောရရင် မင်းငါ့ကို နည်းလမ်းရှာဖို့ ကူညီပေး!" ဆုနိုသည် ဝမ်းနည်းတစ်လှည့် ဒေါသ တစ်လှည့်ဖြင့်။
သူ့ရှေ့မှာ ကိုယ်လုံးတီးဓာတ်ပုံ မရိုက်ချင်ဘူး!
အိုက်ယား.. ဒါက အရမ်းစိတ်ပျက်စရာကောင်းတယ်!
▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
အခန္း(၇၄): Photoshoot ႏွင့္ သူက ငါ့ကိုလိုက္ေနတယ္
"ကိုယ္ မင္းဆီကိုလာဖို႔မလိုတာ ေသခ်ာရဲ႕လား?" အိုးရန္လုံသည္ စိတ္မေအးႏိုင္ေပ။
"ရတယ္။ ကြၽန္ေတာ္ အခုပဲ ကုမၸဏီကို ျပန္ေမာင္းေနၿပီ" ဆုႏိုသည္ ကားစက္ႏိႈးလိုက္ၿပီး "ဒါကိုသာ ဒိုင္အန္း သိရင္ သူထပ္ၿပီး ဇီဇာေၾကာင္ၿပီး ဇာခ်ဲ႕ေနအုံးမွာ!"
သူ ပါးစပ္ဟလိုက္တာနဲ႔ အၿမဲလိုလို စိတ္အေႏွာင့္အယွက္ျဖစ္ရတယ္!
“ေကာင္းၿပီ။ သတိထားေမာင္းေနာ္။ တစ္ခုခုဆိုရင္ ကိုယ့္ဆီသာ ဖုန္းေခၚလိုက္” အိုးရန္လုံ ေျပာလိုက္သည္။
“ေကာင္းပါၿပီ” ဆုႏို ဖုန္းခ်လိုက္ၿပီး ထြက္သြားဖို႔ အဆင္သင့္ျဖစ္ေနခ်ိန္မွာပဲ တစ္စုံတစ္ေယာက္က ကားျပတင္းေပါက္မွန္ကို ႐ုတ္တရက္ ေခါက္လိုက္သည္။
ၿပီးေတာ့.....အနက္ေရာင္ဂ်က္ေလယာဥ္ျဖင့္ ေျမျပင္ေပၚ ဆင္းသက္လာတဲ့ မစၥတာဒါ႐ိုက္တာကို သူေတြ႕လိုက္သည္။
ဘယ္ဟုတ္မလဲ!
တကယ္ေတာ့ လူေတြကို တိုက္သြားတဲ့ စိတ္႐ႈပ္ဖြယ္ စက္ဘီးသမားပဲ!
"ဘာလိုခ်င္လို႔လဲ?" ဆုႏိုသည္ ျပတင္းေပါက္မွန္ကို ႏွိမ့္လိုက္ၿပီး သူ႕ေလသံက သိပ္သေဘာက်ေနပုံမရေပ။
"တကယ္ ေတာင္းပန္ပါတယ္ဗ်ာ" အမာ႐ြတ္႐ွိတဲ့လူက သူ႕လက္ထဲမွာ အရမ္းၾကည့္လို႔႐ႈ႕လို႔ေကာင္းတဲ့ ေသတၱာတစ္ဘူးကို ကိုင္ထားၿပီး "မင္းသြားေနတဲ့လမ္းအရ ဒီဆိုင္ကိုသြားခ်င္ေနတယ္လို႔ ကိုယ္ ထင္ခဲ့လို႔ပါ"
သူဘာလုပ္ဖို႔ႀကိဳးစားေနတာလဲ...
"မင္း မွားေနၿပီ" ဆုႏို ေအးစက္စြာေျပာလိုက္သည္။
ငါက အစားအေသာက္ကို ႏွစ္သက္သူတစ္ဦးျဖစ္ေပမယ့္လည္း ဉာဏ္ပညာႏွင့္ ဂုဏ္သိကၡာ႐ွိတဲ့ foodie တစ္ေယာက္ပဲ!
ဒါကို လက္မခံႏိုင္ဘူး!
"ဒါ ကိုယ့္ဖုန္းနံပါတ္" အမာ႐ြတ္နဲ႔လူက သူ႕ကို စာ႐ြက္တစ္႐ြက္ ေပးလိုက္သည္။
မင္းဘာလို႔ လာ႐ႈပ္ေနရတာလဲ! ဆုႏိုသည္ သူ၏နက္ေမွာင္ေနသည့္ ေနကာမ်က္မွန္ကေန သူ႕ကို စိုက္ၾကည့္ကာ ေအးစက္စက္ အသံျဖင့္ "ဘာကိစၥမွ မ႐ွိေတာ့ရင္ ငါ သြားေတာ့မယ္"
မဟားတရား ရန္လိုတတ္တယ္!လုံးဝ ေယာက်္ားဆန္ခ်က္!
“ကိုယ့္နာမည္က ေလာ့လီပါ။ တစ္ခုခု အဆင္မေျပတာ႐ွိရင္ အခ်ိန္မေ႐ြး ဖုန္းဆက္လို႔ရပါတယ္။" အမာ႐ြတ္ျဖင့္လူသည္ သူ႕ေဒါသကို စိတ္မ၀င္စားေပ။
"မင္းနာမည္က ေလာ့လီလား???!!!!" ဖာ့ခ္?? ဆုႏိုသည္ ဒီနာမည္က တကယ္ကို ထူးဆန္းတယ္လြန္းလို႔ အံ့ၾသသြားသည္။ သူ႕အေဖရင္းနဲ႔အေမရင္းေတာင္မွ ျဖစ္ႏိုင္ရဲ႕လား!
အရပ္႐ွည္႐ွည္ သန္မာလြန္းတဲ့ ဒီေကာင္ကို ေလာ့လီ လို႔ ေခၚတယ္!!! ဟား ဟား ဟား ဟား !!!!!! ဒါက ရယ္စရာေတာ့ မဟုတ္ပါဘူး!၊ ဒါ႐ိုက္တာရယ္၊ အစ္ကိုႀကီးနဲ႔ ဒိုင္အန္းတို႔ကို ျပန္ေျပာျပရမယ္!
"မင္းနာမည္ကေရာ?" အမာ႐ြတ္ျဖင့္လူက ေမးခြန္းေတြ ဆက္ေမးသည္။
ဆုႏိုသည္ လီဗာ ေပၚတင္လိုက္ၿပီး “ငါ့နာမည္က မာလီဆု "
အမာ႐ြတ္ျဖင့္လူသည္ မည္ကိုမွ်မတုံ႔ျပန္ေပ။
အနီေရာင္ၿပိဳင္ကားေလးသည္ လမ္းမေပၚသို႔ ေျပးတက္လာကာ ေလာ့လီဟုေခၚေသာ အမာ႐ြတ္ျဖင့္လူကို ဖုန္မႈန္႔ထဲတြင္ ထားခဲ့သည္။
"မင္းသမီးေလး!"ဆုႏိုသည္ သူ႕အိမ္သို႔ ကားျပန္ေမာင္းလာၿပီး ဒိုင္အန္းသည္ မီးဖိုေခ်ာင္တြင္ အလုပ္႐ႈပ္စြာ ခ်က္ျပဳတ္ေနသည္။
"လက္ေဆးၿပီး ထမင္းစားဖို႔ လုပ္ေတာ့”
“အိုး” ဆုႏိုသည္ မီးဖိုေခ်ာင္တံခါးေ႐ွ႕မွာရပ္ၿပီး “မင္းသမီးေလး၊ ငါ့ကိုၾကည့္”
ဒိုင္အန္းသည္ ကဏန္းေတြကို ပန္းကန္ထဲ ထည့္ရင္းျဖင့္အလုပ္မ်ားေနသည္။
"မင္းသမီးေလး!" ဆုႏိုက အ႐ႈံးမေပး။
ဒိုင္အန္း လွည့္ၾကည့္ၿပီး “ဘာၾကည့္စရာ႐ွိလို႔လဲ—အား!” သူ ဘာလို႔ ဖုန္လူးထားသလို ျဖစ္ေနရတာလဲ?
"မင္းသမီးေလး!" ဆုႏိုသည္ သူ႕ကို ဝမ္းနည္းေနတဲ့ မ်က္လုံးေတြျဖင့္ ၾကည့္ၿပီး "ကိုယ္ေတာ္ ဒဏ္ရာရသြားၿပီ!"
"ဘာျဖစ္သြားတာလဲ?" ဒိုင္အန္းသည္ သူ႕ဆီသို႔ အျမန္ခ်ဥ္းကပ္ၿပီး “မင္း တစ္ေယာက္ေယာက္နဲ႔ ရန္ျဖစ္လာတာလား?”
“ကိုယ္ေတာ္ လုပ္ၾကံသတ္ျဖတ္သူနဲ႔ေတြ႕ခဲ့ရတယ္” ဆုႏိုသည္ ေလးနက္သည့္ဟန္ပန္ျဖင့္ ေျပာလိုက္သည္။
"မင္းအဝတ္အစားေတြကို ခြၽတ္လိုက္စမ္း" ဒိုင္အန္းသည္ တစ္႐ွဴးမ်ားကို ထုတ္ကာ သူ႕လက္မ်ားကို သုတ္လိုက္သည္။
ဆုႏိုက "မယ္မင္းက အရမ္းဆာေလာင္ေနတာပဲ"
“သ႐ုပ္ေဆာင္ေနတာကို ေတာ္ေတာ့!၊” ဒိုင္အန္းသည္ သူ႕အက်ႌကို အတင္းခြၽတ္ကာ “မင္း ဘာျဖစ္သြားတာလဲ?”
"စက္ဘီးနဲ႔တိုက္မိလို႔" ဆုႏို ႐ိုး႐ိုးသားသားေျပာလိုက္သည္။
သူ႕ခႏၶာကိုယ္မွာ ဘာဒဏ္ရာမွမ႐ွိဘူး!ဒိုင္အန္းသည္ သက္ျပင္းတစ္ခ်က္ခ်ၿပီး ထိုင္ခ်လိုက္ကာ ဆုႏိုရဲ႕ေဘာင္းဘီကို ဆြဲခြၽတ္လိုက္သည္!
ဆုႏို:.......
မင္းသမီးေလးက အရမ္း႐ိုင္းတာပဲ!
"အား!!!!!!" ဒိုင္အန္း ထေအာ္လိုက္သည္။
“ကိုယ္ေတာ္က အတြင္းခံေဘာင္းဘီ ဝတ္ထားတာကိုမွကို မယ္မင္း လန္႔သြားတာပဲလား! မင္းသမီးေလးက ကိုယ္ေတာ္ကို တကယ္ပဲ စိတ္မသက္မသာ ျဖစ္ေစတယ္။ အဲ့ေလာက္ ႀကီးလို႔လား?" ဆုႏိုကေတာ့ ရဲတင္းစြာ ေျပာရဲသည္။
"မင္းဒူးေခါင္းက ဘာလို႔ဒီလိုျဖစ္သြားရတာလဲ?" ဒိုင္အန္း၏မ်က္လုံးထဲတြင္ မီးဝင္းဝင္းေတာက္ေလာင္သြားသည္။
“ငါလည္း ငါ့ဒူးကို ဒီလို မျဖစ္ေစခ်င္ပါဘူး....” ဆုႏိုသည္ ႐ိုးသားအျပစ္ကင္းသည့္ မ်က္ႏွာထားေလးျဖင့္ ေျပာလိုက္သည္။ “စက္ဘီးက ငါ့ကိုဝင္တိုက္မိလို႔ပဲေလ” ရလဒ္ကို ငါမထိန္းႏိုင္ေတာ့ဘူး!
“ေနာက္ရက္အနည္းငယ္အတြင္း ဓာတ္ပုံ႐ိုက္စရာေတြ အမ်ားႀကီး႐ွိတယ္ေလ။ မင္း ဒီအတိုင္း အိမ္ျပန္လာတယ္ေပါ့!" ဒိုင္အန္း ေအာ္လိုက္သည္။
“ေနာက္မွ ပတ္တီး ပတ္ထားလို႔ရတယ္” ဆုႏိုသည္ သူ႕မန္ေနဂ်ာ မူးေမ့လဲသြားမည္စိုး၍ စိတ္တည္ၿငိမ္ေအာင္ ႀကိဳးပမ္းလိုက္ရသည္။
"မင္း ငါ့ကို တကယ္သတ္မွ ျဖစ္ေတာ့မွာလား?။" ဒိုင္အန္း ေဒါသထြက္သြားသည္။
သူဘာလို႔ ေဒါသႀကီးေနတာလဲ!!!
ဆုႏိုသည္ ေနာက္တစ္ေန႔နံနက္တြင္ အလုပ္လုပ္ရမည္ ျဖစ္ေသာေၾကာင့္ မင္းသမီးေလး (ဒိုင္အန္း) ကို စိတ္တည္ၿငိမ္ေစရန္ အိမ္တြင္ အိပ္ရမည္ျဖစ္ကာ သူ႕ရဲ႕ ခန္႔ညားတဲ့မစၥတာဒါ႐ိုက္တာကို ေခတၱခဏ စြန္႔ပစ္လိုက္ရသည္။
"အခုဘာလုပ္ေနလဲ?" အိပ္ယာမဝင္ခင္ ဆုႏိုသည္ သူ႕ကိုဖုန္းဆက္လိုက္သည္။
“စာဖတ္ေနတာ။မင္းလည္း ေစာေစာအိပ္သင့္တယ္”
“ေကာင္းၿပီ၊” ဆုႏိုသည္ ကုတင္ေပၚသို႔ တင္လိုက္ၿပီး “ေနာက္သုံးရက္လုံး ဗီလာမွာ ဓါတ္ပုံ႐ိုက္ေတာ့မယ္ဆိုေတာ့ အိမ္မျပန္ႏိုင္ေတာ့ဘူး” တစ္ေယာက္ကို တစ္ေယာက္ ခြဲခြာေနရတာ အရမ္းရက္စက္တာပဲ!
"ကိုယ္ သိတယ္။" မစၥတာဒါ႐ိုက္တာသည္ ထူးဆန္းဖြယ္ ကိုယ္တစ္ပိုင္း ဗလာက်င္းဓာတ္ပုံ႐ိုက္ရမည္ကို ေတြးမိၿပီး ေလာေလာဆယ္တြင္ သူ႕ခံစားခ်က္ကိုပင္ မေဖာ္ျပႏိုင္ေတာ့ေပ။
"ဒါဆို ကြၽန္ေတာ္အိပ္ေတာ့မယ္၊ ေကာင္းေသာညပါ" ဆုႏိုသည္ စကားေျပာမ်ားလြန္းခဲ့ရင္ မစၥတာဒါ႐ိုက္တာ စိတ္ေျပာင္းသြားၿပီး ဆုႏိုကို အိမ္ျပန္လာခိုင္းမွာကို စိုးရိမ္မိသည္။
“ဒါဆိုရင္လည္း အိပ္ေတာ့” အိုးရန္လုံသည္ ဖုန္းကတစ္ဆင့္ နမ္းတဲ့အသံေလး ေပးလိုက္သည္။
အား!!ငါ့လူႀကီးက အရမ္းႏူးညံ့တာပဲ!ဆုႏိုသည္ သူ႕စိတ္ထဲကေန သူ႕ကို ခ်ီးက်ဴးၿပီး သူ႕ဖုန္းထဲက broswer tap တစ္ခုကို ဖြင့္လိုက္သည္။စာေရးသူက ေနာက္တစ္ပိုင္း တင္ထားသည္ကို ေတြ႕လိုက္ရေတာ့ သူ အံ့ၾသသြားသည္။
အိပ္ရာမဝင္ခင္ ဒီအခန္းကို ဖတ္ရမယ္!
ေနာက္ဆုံးအပိုင္းတြင္ ဇာတ္လမ္းသည္ ဆုႏိုႏိုက ထူးဆန္းစြာေပ်ာက္ကြယ္သြားသျဖင့္ အိုးရန္က်င္းလုံသည္ ဝမ္းနည္းပူေဆြးမႈႏွင့္ ေဒါသဒဏ္ေၾကာင့္ သူ၏ပုံစံအစစ္အမွန္ကို ေပၚသြားသည့္ ေနရာတြင္ အဆုံးသတ္ထားသည္။
သူသည္ မီးေတာက္ကိုးေခ်ာင္း႐ွိေသာ ေ႐ႊနဂါးအျဖစ္သို႔ ေျပာင္းလဲသြားသည္။ ကံၾကမၼာက လည္ပတ္ေနတဲ့ စၾကာဝဠာကို ေႏွာင့္ယွက္ၿပီး လူ႕ကမ႓ာႀကီး မီးေလာင္သြားကာ လွပတဲ့အိမ္ငယ္ေလးေတြဟာ တခဏခ်င္း ေပ်ာက္သြားသည္။ အရာအားလုံးက ေၾကကြဲစရာပါပဲ!
ၿပီးေတာ့ ဇာတ္လမ္းရဲ႕ အဓိက ဇာတ္ေကာင္ ေပၚလာတယ္။ ဒီလိုနဲ႔ ဒီမၿငိမ္မသက္မႈေနာက္ကြယ္က ခ်ဳပ္ကိုင္သူ ေပၚလာပါၿပီ။
"ဟား! ဟား! ဟား!”တီဗီစီးရီးတိုင္းလိုလိုမွာ ပါတဲ့ ဗီလိန္တစ္ေယာက္ရဲ႕ ရယ္ေမာျခင္းသုံးခါကို ရယ္ၿပီးေနာက္၊ အၿမီးတစ္ေခ်ာင္း မ်က္လုံးတစ္လုံးပါတဲ့အမ်ိဳးသားတစ္ဦး ေပၚထြက္လာသည္။ သူသည္ ေျမျပင္မ်ားကိုျဖတ္ေက်ာ္ကာ ျမက္ပင္ေတြႏွင့္ သဘာဝအားလုံးကို ေလာင္ကြၽမ္းေစသည့္ အနက္ေရာင္မီးေတာက္မ်ားကို လႊတ္ထုတ္ခဲ့သည္။
သူ႕ရင္ခြင္ထဲတြင္ လွပသည့္ သလင္းေက်ာက္ႏွင့္တူေသာ ဆုႏိုႏိုက အိပ္ေပ်ာ္ေနသည္။
စာဖတ္သူမ်ားအားလုံး ငိုေနရၿပီဟု မွတ္ခ်က္ေပးၾကသည္။
အကယ္၍ အိုးရန္က်င္းလုံသည္ တျခားသူ၏ရင္ခြင္တြင္ အဝတ္မပါတဲ့ သူ႕ခ်စ္သူကို ျမင္လိုက္ရပါက သူ႕ႏွလုံးသားသည္ ေသးငယ္ေသာအပိုင္းအစမ်ား အျဖစ္း ကြဲေၾကသြားလိမ့္မည္။
နာနီ??? ဆုႏိုသည္ အနည္းငယ္ ထူးဆန္းသလို ခံစားလိုက္ရသည္။ ဆုႏိုႏိုက မည္သည့္အဝတ္အစားမွ မဝတ္ထားေၾကာင္း ဇာတ္လမ္း၏ ဘယ္အပိုင္းအစမွာမွေဖာ္ျပထားျခင္းမ႐ွိေပ။
ဆုႏိုႏိုက ကိုယ္လုံးတီးျဖစ္ေနတယ္လို႔ ဘယ္တုန္းကမွ မေျပာခဲ့ဖူးပါဘူး!
အဲလိုမ်ိဳး လွည့္ကြက္ေတြကို ေတြးရတာ တကယ္စိတ္႐ႈပ္စရာပဲ ah!!
ပိုစိတ္ပ်က္စရာေကာင္းတာက စာေရးဆရာေၾကာင့္လည္း ပါတယ္!ၾကည့္ရတာေတာ့ စာေရးသူက ဒီအဝတ္အစားမပါတဲ့ ႐ုပ္ကြက္က ဇာတ္လမ္းအတြက္ ေကာင္းမြန္တဲ့ အခ်ိတ္အဆက္တစ္ခု ျဖစ္ရမယ္လို႔ သူေတြးေကာင္းေတြးခဲ့တာ ျဖစ္လိမ့္မယ္။ဒါ့ေၾကာင့္ စာေရးသူသည္ သူမ၏လက္မ်ားကို ေျမႇာက္ကာ ဆုႏိုႏို၏ျဖဴေဖ်ာ့သည့္မ်က္ႏွာ၊ သိမ္ေမြ႕သည့္ ခႏၶာကိုယ္၊ သြယ္လ်သည့္ လက္ေခ်ာင္းေတြ၊ ေျခႏွစ္ေခ်ာင္းၾကားက ႏူးညံ့ေသာ 'beep' ေလး၊ ပန္းႏုေရာင္ ႏို႔သီးေခါင္းေလးေတြႏွင့္ ႏူးညံ့သည္အသြင္အျပင္ႏွင့္အတူ ဆြဲေဆာင္မႈ႐ွိသည့္ အေနာက္တစ္ေနရာက 'beep' တို႔ကို အေသးစိတ္ ဂ႐ုတစိုက္ ေရးသားခဲ့သည္။
သို႔ေသာ္ ထို beep—နဲ႔ beep—ကို တစ္ခ်ိန္တည္းမွာ ဘယ္လိုလုပ္ၿပီးျမင္ရတာလဲ? အဲဒါက အဓိပၸါယ္ မ႐ွိဘူး!ဆုႏို စိတ္႐ႈပ္သြားသည္။ တစ္ခ်ိဳ႕အရာေတြက တကယ္ကို အဓိပၸါယ္မ႐ွိဘူးပဲ! တာဝန္မဲ့တဲ့ ဒီစာေရးသူက တကယ့္ကို စိတ္အေႏွာက္အယွက္ျဖစ္စရာပဲ!
"အိုးရန္က်င္းလုံ!" မ်က္လုံးတစ္ဖက္ျဖင့္ လူက သူ႕ကို က်ယ္ေလာင္စြာ ဟစ္ေႂကြးလိုက္သည္။ "ႏိုက ငါ့လက္ထဲမွာ႐ွိတယ္၊ မင္းသတၱိ႐ွိရင္ လာယူလိုက္!"
ထူထပ္ေသာ တိမ္တိုက္မ်ားသည္ ေ႐ႊေရာင္အလင္းတန္းမ်ားေၾကာင့္ ကြဲအက္သြားခဲ့သည္။လက္သည္းကိုးေခ်ာင္း႐ွိေသာ နဂါးႀကီးတစ္ေကာင္သည္ ေကာင္းကင္မွ ပ်ံဆင္းလာကာ ၎၏ပါးစပ္မွ မီးေတာက္မ်ား ျဖာထြက္ေနလ်က္ ဆင္းသက္ခ်ိန္တြင္ လူသားအသြင္သို႔ ခ်က္ခ်င္း ေျပာင္းလဲသြားသည္။
"ႏိုကို ျပန္ေပး!" အိုးရန္က်င္းလုံသည္ ေဒါသတႀကီးျဖင့္ ဟိန္းေဟာက္လိုက္သည္။
"သူက ငါ့အပိုင္ေလ။" မ်က္လုံးတစ္လုံးျဖင့္လူသည္ နတ္ဆိုးဆန္ဆန္ ျပဳံးလိုက္သည္။ "ငါ သူ႕ခႏၶာကိုယ္ကို ဆုအျဖစ္ယူၿပီး သူ႕ရဲ႕ျဖဴစင္မႈကို ဖ်က္ဆီးပစ္မယ္!!"
"လုပ္ရဲလား!!" အိုးရန္လုံသည္ ေဒါသမီးလွ်ံမ်ား ေတာက္ေလာင္ကာ သူ႕မ်က္လုံးမ်ားသည္ အနီရင့္ေရာင္သို႔ ေျပာင္းသြားသည္။
"ဒါဆိုရင္ ငါ့ကိုသတ္ၾကည့္ေလ!" မ်က္လုံးတစ္လုံးျဖင့္လူသည္ ဆုႏိုႏို၏ သြယ္လ်လွပၿပီး ျဖဴစြက္ေနသည့္လည္ပင္းေလးကို ဆုပ္ကိုင္ထားၿပီး အ႐ွက္မ႐ွိ ၿခိမ္းေျခာက္ခဲ့သည္။
“ဒါေပမယ့္ သူအရင္ေသရမယ္လို႔ ငါကတိေပးရဲတယ္”
“ဝူ…” အိပ္ေပ်ာ္ေနေသာ ဆုႏိုႏိုသည္ သူ႕ပတ္ဝန္းက်င္႐ွိ အႏၲရာယ္ကို သတိျပဳမိၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"မင္း ဘာကို လိုခ်င္ေနတာလဲ?" အိုးရန္လုံသည္ ေထာင့္မွာ ပိတ္မိေနသည့္ သားရဲတစ္ေကာင္ႏွင့္တူလွသည္။
ထို႔ေနာက္ မ်က္လုံးတစ္လုံးျဖင့္ လူက ဂႏၴဝင္စာေၾကာင္းမ်ားကို ေျပာလိုက္ေတာ့သည္။ “မင္း ငါနဲ႔ ညႇိႏိႈင္းခ်င္ရင္ ငါ့ေအာက္မွာ တြားသြားလိုက္ေလ ဟား ဟား ဟား ဟား ဟား"
ဖာ့ခ္! ဆုႏို နည္းနည္းေတာ့ စိတ္ပူမိသြား၏။ ဒီလိုလူဆိုးေကာင္က ဘယ္လိုျဖစ္ၿပီး ႐ွိလာရတာလဲ? သူက အရမ္းကို ၾကမ္းတမ္းၿပီး မိုက္မဲတယ္!!
စာဖတ္သူအားလုံးသည္ cmt section တြင္ အဖြဲ႕ႏွစ္ဖြဲ႕ ကြဲသြားေလသည္။ပထမအဖြဲ႕က ဂုဏ္သိကၡာနဲ႔ မာန ေၾကာင့္ အိုးရန္က်င္းလုံကို အ႐ႈံးမေပးသင့္ဘူးလို႔ ေျပာၾကသည္။ အျခားအဖြဲ႕တစ္ဖြဲ႕ကလည္း မိမိခ်စ္ရသူကို ကယ္တင္ႏိုင္ဖို႔အတြက္ ေစာ္ကားမႈေတြကို ခံႏိုင္ရည္႐ွိဖို႔ လိုအပ္သည္ဟု ေျပာဆိုခဲ့သည္။
ဒီတဖက္ကိုေတာ့ အရမ္းရင္ထဲထိမိသြားရတယ္, ah! တြားသြားလိုက္တာက အေရးမႀကီးပါဘူး။ အကယ္၍ ဒီလို လုပ္လိုက္မယ္ဆိုရင္ ဆုႏိုႏိုက အိုးရန္က်င္းလုံကို ပို၍ ခ်စ္လာေပလိမ့္မည္။
ႏွစ္ဦးႏွစ္ဖက္ ရန္ျဖစ္ရင္း cmt section မွာ ႐ႈပ္ယွက္ခတ္ေနသျဖင့္ စာေရးသူပင္ ထိတ္လန္႔သြားကာ ဇာတ္လမ္းကိုအဆုံးသတ္ၿပီး ေနာက္လာမည့္ အပ္ဒိတ္မ်ားကို ဆက္လက္ေစာင့္ေမွ်ာ္ၾကည့္႐ႈေပးၾကပါရန္ စာဖတ္သူမ်ားအား ေျပာၾကားခဲ့သည္။
ဆုႏိုသည္ ဇာတ္လမ္းကို အေလးအနက္ထား ေတြးၿပီး အိုးရန္က်င္းလုံကို တြားမသြားေစလိုေသာ အဖြဲ႕ဆီသို႔ ဝင္ေရာက္ခဲ့သည္။ 'ငါသာ ဆုႏိုႏိုဆိုရင္ အိုးရန္လုံကို ဒီလိုမ်ိဳး ေစာ္ကားတာကို မခံေစခ်င္ဘူး။ ငါေသရရင္ေတာင္ သူ႕ကို ခြင့္မျပဳဘူး!'
“ႏိုႏို” ဒိုင္အန္း တံခါးေခါက္လာသည္။ "ဘာလို႔မအိပ္တာလဲ?"
"အိပ္မေပ်ာ္ဘူး" ဆုႏိုသည္ အရမ္းတက္ႂကြေနသည္။
"မင္း အေစာတုန္းက ေနေကာင္းပါတယ္။ဘယ္လိုျဖစ္ၿပီး အိပ္မေပ်ာ္သြားရတာလဲ?" ဒိုင္အန္း တံခါးကို တြန္းဖြင့္ၿပီး အခန္းထဲသို႔ ဝင္လိုက္သည္။
မစၥတာဒါ႐ိုက္တာရဲ႕ ခ်စ္စဖြယ္ထိေတြ႕မႈမ႐ွိ၊ ျပင္သစ္အနမ္းေလးလည္းမ႐ွိ၊ beep-ဆိုတာလည္း မရတာေၾကာင့္ ငါ အိပ္လို႔မေပ်ာ္ဘူးေလ!ဆုႏိုက ထိုသို႔ေတြးေနေပမယ့္လည္း "မနက္ျဖန္အလုပ္အေၾကာင္း ေတြးေနတာ" ဟုသာ တည္ၿငိမ္စြာေျပာလိုက္သည္။
ေၾကာင္သူေတာ္ပဲ!!
"ဘာလို႔ မင္းအလုပ္ကို ေတြးေနတာလဲ?မင္းက အခုမွ debut လုပ္ထားတဲ့ ၾကယ္ပြင့္အသစ္မဟုတ္ဘူး၊ ဓာတ္ပုံ႐ိုက္ရမွာကို ေၾကာက္ေနတာလား?"
“ငါ အနားယူၿပီးကတည္းက နည္းနည္း အဆင္မေျပဘူး” ဆုႏိုသည္ သူ႕ကိုယ္သူ ကာဗာမ်ားျဖင့္ ထုပ္ပိုးထားလိုက္သည္။
"နည္းနည္းအဆင္မေျပဘူး... ဘာကိုဆိုလိုတာလဲ?" ဒိုင္အန္းသည္ ဂ႐ုမစိုက္ေပ။ "ငါတို႔ တစ္ႏွစ္ေလာက္ အနားယူရမယ္ဆိုရင္ေတာင္ ခ်ိဳးက်ီယန္ထက္ ငါတို႔က ပိုေကာင္းေနမွာပဲ!!"
သူ႕အေၾကာင္းကို ဘာလို႔ေျပာရတာလဲ? ဒါေပမယ့္... 'ခ်ိဳးက်ီယန္ထက္ ပိုေကာင္းေနမွာပဲ'ဆိုတဲ့ အသံက နားဝင္ေတာ့ခ်ိဳသား!ဆုႏို ေခါင္းညိတ္ျပၿပီး “ငါလည္း အဲ့လို ထင္တယ္။”
“ဒါကို စဥ္းစားၾကည့္ရေအာင္။ ဓာတ္ပုံ႐ိုက္ေနတုန္း ခ်ိဳးက်ီယန္က သူ႕ရဲ႕ ဇာေဘာင္းဘီကို မေတာ္တဆ ထုတ္ေဖာ္ျပမိခဲ့မယ္ဆိုရင္ သူ႕အတြက္ ဘာျဖစ္သြားမလဲ?” ဒိုင္အန္းသည္ ဆုႏို၏ စိုးရိမ္မႈ တံတိုင္းကို အလြယ္တကူ က်ိဳးျဖတ္ေပးလိုက္ကာ "ဒီလိုျဖစ္သြားရင္ ငါတို႔ သူ႕ကိုမရယ္ရဘူးေနာ္"
"ငါ သူ႕ကို မရယ္ပါဘူး။" ဟား ဟား ဟား ဟား ဟား ဟား ဟား !
"ဒါဆို ေကာင္းေကာင္းအိပ္ေတာ့။ ငါတို႔က ဓါတ္ပုံ႐ိုက္ေနတုန္း တစ္ခုခုျဖစ္ခဲ့ရင္ေတာင္ အနည္းဆုံးေတာ့ ပန္းေရာင္ဇာေဘာင္းဘီနဲ႔ ေျခအိတ္ေတြ ႐ွိမွာမဟုတ္ဘူး။ မွန္တယ္ဟုတ္!?!”
"ဟုတ္တယ္!"ဆုႏိုသည္ စိတ္အားထက္သန္စြာ ေခါင္းညိတ္လိုက္သည္။
"ေကာင္းေသာညပါ။" ဒိုင္အန္းသည္ ကုတင္ေဘးက မီးအိမ္ကို မွိန္လိုက္သည္။
"ေကာင္းေသာညပါ။"ဆုႏိုသည္ ဒိုင္အန္း အိပ္ခန္းထဲမွ ထြက္သြားသည္ကို ၾကည့္ၿပီးေနာက္ သုံးမိနစ္ၾကာေအာင္ တိတ္တိတ္ဆိတ္ဆိတ္ ရယ္ေမာလိုက္သည္။
သူ႕ရဲ႕စိတ္ကူးထဲမွာေတာ့ ဓာတ္ပုံထဲ႐ွိ 'ခ်ိဳးက်ီယန္၏ abs ႏွင့္ ဇာေဘာင္းဘီမ်ား' ျမင္ကြင္းေတြျဖင့္ ျပည့္ေနေတာ့သည္။ဆုႏိုသည္ ရယ္ေမာေနတာကို လုံးဝ မရပ္ႏိုင္ေတာ့ေပ။ ဟားဟားဟားဟားဟား ဒါက ရယ္စရာေတာ့ မဟုတ္ပါဘူး ။ ဟား ဟား ဟား ဟား ဟား !
ငါက သူနဲ႔ယွဥ္ရင္ ပိုၿပီးေယာက်္ားပီသတယ္!
ဆုႏို ေက်နပ္သလို ခံစားလိုက္ရၿပီး ေနာက္ဆုံးေတာ့ သူ အိပ္ေပ်ာ္သြားသည္။
အိပ္မက္ေကာင္းေတြနဲ႔ ျပည့္ေနတဲ့ ညတစ္ညကို ပိုင္ဆိုင္ခဲ့ရသည္။
ေနာက္ေန႔ မနက္ ေျခာက္နာရီ တိတိမွာ ဒိုင္အန္းသည္ မုန္႔သားႂကြပ္ႂကြပ္ေလး တစ္ပန္းကန္နဲ႔အတူ တံခါးလာေခါက္ခဲ့သည္။
"ဆက္အိပ္ခ်င္ေသးတယ္" ဆုႏိုသည္ အိပ္ယာခင္းထဲတြင္ ေသသလို ဟန္ေဆာင္ေန၏။
“ဒါက မင္းအႀကိဳက္ အခ်ိဳပြဲဆိုင္ကပဲေနာ္၊” ဒိုင္အန္းသည္ စေတာ္ဘယ္ရီသီးတစ္လုံးကိုယူၿပီး ဆုႏို၏ပါးစပ္ေ႐ွ႕တြင္ ေဝွ႔ယမ္းကာ “ဒါက မုန္႔ပြဲအသစ္ပဲ”
ဆုႏိုသည္ မ်က္လုံးမွိတ္ထားဆဲျဖစ္ကာ စေတာ္ဘယ္ရီသီးကို စားလိုက္ၿပီး "ေဘးမွာ တင္ထားလိုက္။ ေနာက္မွစားမယ္"
"မိနစ္ 20 အတြင္းမွာမွ မစားရင္ ခရင္ေတြက မုန္႔သားအႂကြပ္ေတြထဲ စိမ့္ဝင္သြားၿပီး ဒီအခ်ိဳပြဲရဲ႕ ႂကြပ္ဆတ္တဲ့ အသြင္အျပင္က ေပ်ာက္သြားၿပီး ဒီအရသာ႐ွိတဲ့အစားအစာကို ပ်က္စီးေစလိမ့္မယ္ေနာ္" ဒိုင္အန္းသည္ အလြန္တည္ၿငိမ္စြာျဖင့္ "အဲဒါက Limited Edition ျဖစ္တာမို႔ တစ္ရက္ကို ႏွစ္ဆယ့္ငါးပြဲပဲ ေရာင္းတာ၊ ဒါေၾကာင့္ မင္းမစားေတာ့ဘူးဆိုရင္ မနက္ျဖန္အသုတ္ကို ေစာင့္ရမွာေနာ္။ ဒါေတာင္ မနက္ျဖန္ ရခ်င္မွရမွာ!"
ဆုႏို ခ်က္ျခင္းပင္ မ်က္လုံးဖြင့္ၿပီး အိပ္ယာထဲက ဆံပင္အမိုက္စားနဲ႔ သန္႔စင္ခန္းဆီ ေျပးသြားလိုက္သည္။
ဒိုင္အန္းက အရမ္းေက်နပ္သြားသည္။
ဆယ္မိနစ္အၾကာတြင္ ဒိုင္အန္းသည္ စားပြဲ၌ ဆုႏိုကို ခ်ီးက်ဴးလိုက္သည္။ "ဒါက မင္းမ်က္ႏွာသစ္ခဲ့တာေတြထဲ အျမန္ဆုံးအခ်ိန္ပဲ" သူ ဒီ့ထက္ ပိုေကာင္းေအာင္ လုပ္ႏိုင္ရဲ႕သားနဲ႔!
"အဲဒါက မင္းသမီးေလးေၾကာင့္မို႔လို႔ေလ!မင္းက ** တက္ႏိုးတာ အရမ္းေကာင္းလို႔ပဲ။" ဆုႏိုသည္ အလြန္ေလးနက္စြာျဖင့္ အခ်ိဳပြဲကို ဓားနဲ႔ခက္ရင္းသုံးကာ ေသခ်ာခြဲလိုက္သည္။
မစၥတာမန္ေနဂ်ာသည္ အသက္ျပင္းျပင္း႐ွဴၿပီး သူ႕ကိုယ္သူ ေအာ္ေငါက္ခံရျခင္းမွ ႐ုန္းထြက္ရန္ ႀကိဳးစားလိုက္သည္။ "မင္း ေနာက္တစ္ခါ စကားလုံးေလးေျပာင္းေျပာလို႔ရမလား! 'နံနက္ခင္း ႏိုးသံေလး' ဒါမွမဟုတ္ရင္ တစ္ခုခုေပါ့"
"ဒါဆို မင္းသမီးေလး, မင္းက ** ႏိုးတာ အရမ္းေတာ္တာပဲ!" ဆုႏိုသည္ တစ္ခ်က္မွမလြတ္ျပန္ေျဖသည္။
ဒိုင္အန္းသည္ ရယ္ရမလား ငိုရမလား မသိ။
႐ိုက္ကူးေရးပထမေန႔တြင္ ဆုႏိုသည္ ေစာေစာသြားရန္ လိုအပ္ေသာေၾကာင့္ နံနက္စာစားၿပီးေနာက္ သူတို႔ႏွစ္ဦးသည္ ေတာင္ေပၚ႐ွိ ဗီလာသို႔ ေမာင္းသြားၾကသည္။႐ိုက္ကူးေရးအဖြဲ႕သည္ ယခင္ပူးေပါင္းေဆာင္႐ြက္မႈတစ္ခုမွ လုပ္ေဖာ္ကိုင္ဖက္ေဟာင္းတစ္ဦးျဖစ္ေသာေၾကာင့္ သူတို႔သည္ အလြန္ရင္းႏွီးၾကသည္။
“ေမာနင္း ႏိုႏို” ေဂးဓာတ္ပုံဆရာသည္ သူ႕ကို ေပြ႕ဖက္လိုက္သည္။
အမ်ိဳးသမီး လက္ေထာက္မ်ားသည္လည္း ဓာတ္ပုံဆရာကို မနာလိုျဖစ္ခဲ့ၾကသည္။သူတို႔လည္း ေပြ႕ဖက္ခ်င္တာေပါ့!
"သြားမယ္,အဆင္သင့္ျဖစ္ၿပီ" ဒိုင္အန္းသည္ သူ႕ကို အဝတ္လဲခန္းဆီ ေခၚသြားသည္။ " သက္ဆိုင္ရာ လူေတြက ကိုးနာရီထိုးေလာက္ဆို ေရာက္လာမယ္တဲ့"
"အျမင့္ဆုံးရာထူးနဲ႔ ေဘာ့စ္လား?" ဆုႏို ေမးလိုက္သည္။
"မျဖစ္ႏိုင္ဘူး။ ေၾကာ္ျငာမန္ေနဂ်ာျဖစ္ႏိုင္တယ္။ ဒီလိုပြဲမ်ိဳးအတြက္ ဥကၠဌကိုယ္တိုင္ လာစရာ မလိုဘူး။ ဘာပဲျဖစ္ျဖစ္ သူက ဒီနယ္ပယ္မွာ ပေရာ္ဖက္႐ွင္နယ္မွ မဟုတ္တာ။”
ဒိုင္အန္းေျပာသည့္စကားက မမွားေသာ္လည္း ကြၽန္ေတာ့္အစ္ကိုႀကီးနဲ႔ ဥကၠဌက သူ႕သူငယ္ခ်င္းေကာင္းတစ္ေယာက္လို႔ ေျပာထားတာပဲ။ယဥ္ေက်းမႈတစ္ရပ္အေနနဲ႔ေတာင္ ဓာတ္ပုံ႐ိုက္တာကို လာၾကည့္သင့္တယ္။ ဆုႏိုသည္ အ၀တ္စားလဲေနတုန္း စပ္စုၾကည့္လိုက္ရာ ဒီလူက ႏိုင္ငံျခားက ျပန္လာတာၾကားေတာ့ ဘယ္လိုပုံစံလဲ သိခ်င္မိသည္။
ထို႔ေနာက္ တစ္နာရီအၾကာတြင္ အမာ႐ြတ္ျဖင့္လူကို ေတြ႕လိုက္ရသည္။ =口=!
ဒါအမွန္မဟုတ္ဘူး!!!
"ဟယ္လို.....ကိုယ္က ေလာ့လီပါ" အမာ႐ြတ္ျဖင့္လူတြင္ အလြန္နက္နဲသိမ္ေမြ႕သည့္ အျပဳံးတစ္ခု႐ွိေနသည္။
“ပု…!အဟြတ္ အဟြတ္!" ဒိုင္အန္းသည္ နာမည္ေၾကာင့္ သိသာစြာ အံ့ၾသသြားေသာ္လည္း ဆုႏိုတစ္ေယာက္ မ်က္ႏွာႀကီးနီရဲကာ ေရသီးသြားသည္ကို သတိျပဳမိလိုက္သည္။ တစ္႐ွဴးတစ္႐ြက္ကို အျမန္ဆြဲထုတ္ကာ ဆုႏို၏ပါးစပ္ကို သုတ္ေပးလိုက္ရင္း "ေတာင္းပန္ပါတယ္ဗ်ာ.....ဥကၠဌေလာ ေရက အရမ္းပူသြားလို႔ပါ"
ဆုႏို ကေတာ့ ထိတ္လန္႔ေနတုန္းပါပဲ။ သူ႕အစ္ကိုႀကီးက 'အားလီ' ဆိုတာမ်ိဳး တစ္ခုခုေျပာခဲ့တာကို ေယာင္ဝါးဝါး မွတ္မိလိုက္ေပမယ့္ တကယ္ေတာ့ ေလာ့လီ ဆိုတာႀကီး ျဖစ္ေနတာေပါ့!
ဘဝဆိုတာ တကယ္ကို အံ့ၾသစရာေကာင္းတာပဲ!
"မင္းတို႔ေတြ အရင္ျပင္ထားၾကပါ။ အျပင္ထြက္ၿပီး တစ္ခ်က္ ၾကည့္လိုက္အုံးမယ္" အမာ႐ြတ္ျဖင့္လူသည္ အလြန္သတိ႐ွိ၍ နားေနခန္းထဲမွ လွည့္ထြက္လာခဲ့သည္။
"OMG!" အမာ႐ြတ္ျဖင့္လူ ထြက္သြားတဲ့အခါ ဆုႏိုသည္ ဒိုင္အန္းရဲ႕ အက်ႌကို ဆြဲကိုင္လိုက္ၿပီး "သူက ငါ့ကို စက္ဘီးနဲ႔တိုက္မိတဲ့သူပဲ!"
"တကယ္!?" ဒိုင္အန္း အံ့ၾသသြားသည္။
“ဟုတ္တယ္!သူ ျပာျဖစ္သြားရင္ေတာင္ ငါ သူ႕ကို မွတ္မိတယ္!” ဤစာေၾကာင္းသည္ အလြန္ရက္စက္ၾကမ္းတမ္းေသာ္လည္း တစ္ခ်ိန္တည္းတြင္ လန္းဆန္းေစသည္။
"မေန႔က ရန္ျဖစ္ခဲ့တာေတာ့ မဟုတ္ဘူးမလား?" ေလာ့လီသည္ ဆုႏို၏ေအဂ်င္စီကိုတိုက္႐ိုက္ဆက္သြယ္ခဲ့ေသာ္လည္း ဒိုင္အန္းသည္ ဟန္ေဝႏွင့္ ေလာ့လီၾကားက ဆက္ဆံေရးကိုမသိခဲ့ေပ။
“ရန္မျဖစ္ခဲ့ပါဘူး။ ေနကာမ်က္မွန္တပ္ၿပီးပဲ သူ႕ကို စိုက္ၾကည့္ခဲ့တာ”
"ေကာင္းတယ္။ ဒါဆို ဘာျပသာနာမွ ႐ွိလာစရာမ႐ွိဘူး။” ဒိုင္အန္းသည္ စိတ္သက္သာရာ ရသြားသည္။
“ဒါေပမယ့္ ငါ့နာမည္က မာလီဆုလို႔ ေျပာခဲ့တယ္" ဆုႏိုသည္ ႐ႈံ႕မဲ့ေနသည့္ မ်က္ႏွာျဖင့္ ေျပာလိုက္သည္။
႐ွက္စရာႀကီး!
“......ဒါက တကယ္ေတာ့ ေကာင္းပါတယ္” ဒိုင္အန္း သူ႕ကို ႏွစ္သိမ့္ေပးလိုက္သည္။ “ဦးစားေပးက ဓာတ္ပုံ႐ိုက္လို႔ၿပီးဖို႔ပဲ က်န္တဲ့ အေသးအမႊားကိစၥေတြကို စိတ္မပူေနနဲ႔”
“ေကာင္းၿပီ၊” ဆုႏိုသည္ စိုးရိမ္မႈ နည္းပါးသြားသည္။ကမ႓ာႀကီးက ေသးငယ္တယ္ဆိုတာ အမွန္ပဲ!
ပထမဆုံး ဓာတ္ပုံကို ဗီလာအျပင္ဘက္ ပန္းျခံထဲမွာ ႐ိုက္ကူးရမည္ ျဖစ္သည္။ေႏြဦးရာသီတြင္ အေညႇာက္ေပါက္ခဲ့တဲ့ မိုးမခပင္တြင္ အဝါေရာင္ ဖူးပြင့္အသစ္မ်ား ေတာက္ပစြာ ထြန္းလင္းေနသည္။ ဆုႏိုသည္ လႈပ္ခါလို႔ရသည့္ ကုလားထိုင္တြင္ထိုင္ကာ စားပြဲေပၚတြင္ လက္ဖက္ရည္တစ္ခြက္ျဖင့္ သူ႕လက္ထဲတြင္လည္း စာအုပ္တစ္အုပ္ကိုင္ထားလ်က္ ႐ိုး႐ိုး႐ွင္း႐ွင္းနဲ႔ ေ႐ွးေဟာင္းဆီေဆးပန္းခ်ီကားတစ္ခ်ပ္လိုပင္။
အမ်ိဳးသမီး လက္ေထာက္မ်ားသည္ အလြန္စိတ္လႈပ္႐ွား ေနၾကသည္။ႏိုႏိုက တကယ္ကို ခ်စ္ဖို႔ေကာင္းလြန္းလို႔ ကာကြယ္ေပးခ်င္စရာပဲ!သူ႕ကို ေပြ႕ဖက္ၿပီး ေခါင္းေလးပုတ္ေပးခ်င္လြန္းလို႔ မေနႏိုင္ေတာ့ဘူး!
ဆုႏိုႏိုနဲ႔ အိုးရန္က်င္းလုံတို႔ရဲ႕ ဇာတ္လမ္းကို ဆက္လက္ေရးတင္ရမယ္!
ေလာ့လီသည္ ေဘးနားတြင္ ရပ္ကာ ဆုႏိုကို စိုက္ၾကည့္ေနၿပီး သူ႕မ်က္လုံးမ်ားက ဘယ္ကိုမွ မေ႐ြ႕ေပ။
ဆုႏိုသည္ သူ႕ကို ေလာ့လီ၏မ်က္လုံးမ်ားက စိုက္ၾကည့္ေနသည္ကို ခံစားမိေသာ္လည္း သူ ဘာမွ မေျပာႏိုင္ေပ။ ဒီေတာ့ သူလုပ္ႏိုင္တာက သူ႕ေခါင္းထဲမွာ ညည္းညဴဖို႔ပါပဲ၊ ၿပီးေတာ့ နားခ်ိန္ကို အခြင့္ေကာင္းယူၿပီး သူ႕အစ္ကိုႀကီးကို ဖုန္းေခၚဖို႔ပဲေပါ့။
"ဘာလို႔ အေစာႀကီးဖုန္းဆက္တာလဲ?" ဟန္ေဝက သမ္းေဝလိုက္သည္။
"...အစ္ကိုႀကီး အိပ္ေနေသးတာလား?" ဆုႏိုသည္ သူ႕အစ္ကိုႀကီး အနားယူေနတာကို အေႏွာင့္အယွက္ေပးမိေသာေၾကာင့္ အျပစ္႐ွိသလို ခံစားခဲ့ရသည္။ သူ႕ တကယ္မလုပ္သင့္ဘူး!
“အစ္ကိုႀကီး မေန႔ညက အိပ္ရာဝင္ေနာက္က်လို႔ပါ။ဘာျဖစ္လို႔လဲ?" ဟန္ေဝက ေမးသည္။
"ဘာမွမဟုတ္ပါဘူး၊ ျပန္အိပ္" တကယ္ေတာ့ ဆုႏိုက အမာ႐ြတ္နဲ႔ ေလာ့လီအေၾကာင္းကို တိုင္ၾကားခ်င္ေပမယ့္လည္း သူ႕အစ္ကိုႀကီး အနားယူဖို႔ေလာက္ အေရးမႀကီးေပ။ ဒါေၾကာင့္ ေမ့လိုက္ေတာ့မည္။
“ေျပာ,တစ္ခုခုေတာ့ ျဖစ္ေနတာမလား?” ဟန္ေဝက သူ႕အေၾကာင္းကို ေကာင္းေကာင္းသိသည္။
"ဒါက တကယ္ ႀကီးႀကီးမားမားေတာ့ မဟုတ္ပါဘူး" ဆုႏိုက ေမးလိုက္သည္။ "အစ္ကိုႀကီး ဒီေလာ့လီနဲ႔ အဆင္ေျပလား?"
“ေျပပါတယ္။သူက အားကိုးရတယ္။ အစ္ကိုႀကီး အီတလီမွာ႐ွိတုန္းကလည္း သူက အမ်ားႀကီး ကူညီေပးခဲ့တယ္ေလ။ မဟုတ္ရင္ အစ္ကိုႀကီးတို႔ရဲ႕ဆက္ဆံေရးကို သူ႕ကို သိခြင့္မျပဳပါဘူး"
“..... ေကာင္းပါၿပီ။” ဆုႏို လက္ေလွ်ာ့လိုက္သည္။
"သူ မင္းကို အႏိုင္က်င့္ေနတာလား?" ဟန္ေဝ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
“မဟုတ္ဘူး!” ဒါက တကယ္ေတာ့ အႏိုင္က်င့္တာေတာ့မဟုတ္ပါဘူး၊
ဆုႏိုသည္ အေတြးယာဥ္ထဲ ေမ်ာပါေနသည္။ "သူက ကြၽန္ေတာ္ကို စိုက္ၾကည့္ေနတယ္" လို႔ အသံက်ယ္က်ယ္နဲ႔ ေျပာလိုက္တာက သူ႕ကိုမိန္းကေလးတစ္ေယာက္လို ခံစားရေစတယ္။ ေနာက္ဆုံးအေနနဲ႔ ေယာက်္ားပီသတဲ့ အမ်ိဳးသားေတြက သူတို႔ကို တစ္စုံတစ္ေယာက္က စိုက္ၾကည့္ေနရင္ေတာင္ ဂ႐ုမစိုက္ဘူး!
"အစ္ကိုႀကီး သူ႕ကို သတိေပးလိုက္မယ္။ တစ္ခုခု႐ွိရင္ ဖုန္းေခၚလိုက္။ ဟုတ္ၿပီလား?"
“ဟုတ္ ” ဆုႏို ဖုန္းခ်လိုက္ၿပီးေနာက္ ေလာ့လီသည္ သူ႕ဘက္သို႔ လွည့္လာေနသည္ကို ေတြ႕လိုက္ရသည္။
".....ဟယ္လို" သူက အစ္ကိုႀကီးရဲ႕သူငယ္ခ်င္းမို႔လို႔ သူ႕ကို အရမ္းေအးစက္စက္ မဆက္ဆံသင့္ပါဘူးေလ။
"မေန႔ကအတြက္ စိတ္မေကာင္းပါဘူး" ေလာ့လီသည္ သူ႕ကို တလက္လက္ေတာက္ပေနတဲ့ ေ႐ႊေရာင္ကတ္ျပားကို ေပးလိုက္သည္။
"ဒါဘာလဲ?"ဆုႏို စိတ္႐ႈပ္သြားသည္။
"မေန႔က ဆိုင္ရဲ႕ VIP ကဒ္" ေလာ့လီက ေျပာလိုက္၏။ "မင္း အဲ့တုန္းက မစားလိုက္ရဘူးေလ။ ဒါေၾကာင့္ မင္းကို ေလ်ာ္ေၾကးအျဖစ္ ေပးဖို႔ပါ"
“အဆင္ေျပပါတယ္။အဲ့လို လုပ္စရာမလိုပါဘူး။" ဆုႏိုက ျငင္းပယ္လိုက္သည္။ "မစၥတာေလာ့က ရည္႐ြယ္ခ်က္႐ွိ႐ွိ လုပ္ခဲ့တာမဟုတ္ဘူးေလ"
ဒါကို ငါလက္မခံႏိုင္ဘူး!အစ္ကိုႀကီး,ဒိုင္အန္း,မစၥတာဒါ႐ိုက္တာဆီကနဲ႔ ငါ့ရဲ႕ပရိသတ္ေတြ ၿပီးေတာ့ က်ံဳးလီဖုန္းပိုင္.....ဆီကေနပဲ လက္ေဆာင္ေတြကိုပဲ လက္ခံႏိုင္မယ္... ဟုတ္ၿပီလား၊ လက္ခံႏိုင္တဲ့ လက္ေဆာင္ေတြကအမ်ားႀကီးပါ။ ဒါေပမယ့္! သူ႕လက္ေဆာင္ေတြကိုေတာ့ ငါလက္မခံဘူး!
“ႏိုႏို၊” ဒိုင္အန္းက ေခၚလိုက္ၿပီး “အဆင္သင့္ျပင္ထားေတာ့"
"ကြၽန္ေတာ္ အရင္သြားလိုက္ပါအုံးမယ္။" ဆုႏိုသည္ ဒိုင္အန္းဆီသို႔ ေျပးသြားသည္။
ဘာေၾကာင့္မွန္းမသိေပမယ့္ သူ႕မွာ တစ္ခုခု႐ွိေနသလို ခံစားေနရတယ္! သူနဲ႔ ခပ္ေဝးေဝးေနသင့္တယ္!
ေလာ့လီက ျပဳံးၿပီး ေခါင္းယမ္းလိုက္သည္။ ျပန္သြားဖို႔ အဆင္သင့္ျဖစ္ေနေပမဲ့ သူ႕ဖုန္းက ႐ုတ္တရက္ျမည္လာသည္။
"ေဟ့,မင္း ငါ့ညီေလးကို မေႏွာက္ယွက္နဲ႔" ဟန္ေဝသည္ နည္းနည္းေတာ့ စိတ္ဆိုးေနသည့္ပုံ။
"ဒါ...ျမန္လိုက္တာ,ဟမ့္" ေလာ့လီ အျပဳံးပ်က္သြားရသည္။
"မင္း စည္းေက်ာ္ရင္,ငါ မင္းကို ႐ိုက္ပစ္မယ္" ဟန္ေဝသည္ အနည္းငယ္ ေဒါသထြက္သြားသည္။
“စိတ္မပူပါနဲ႔။ ပ႐ိုမိုး႐ွင္းဓာတ္ပုံ႐ိုက္ဖို႔ပဲ သူ႕ကို ငွားခ်င္တာပါ။ငါ သူ႕ကို ဘာမွမလုပ္ပါဘူး"
သူတို႔ႏွစ္ေယာက္ဟာ ႏွစ္ေပါင္းမ်ားစြာ ခင္မင္ရင္းႏွီးခဲ့ၾကတာေၾကာင့္ ဟန္ေဝသည္ သူ႕ကို အလိုအေလ်ာက္ယုံၾကည္ခဲ့သည္။ ထို႔ေၾကာင့္ ေလာ့လီကို သတိေပးၿပီးေနာက္ ဖုန္းခ်လိုက္သည္။
ေလာ့လီသည္ သူ႕ေမးေစ့ကို ထိၿပီး ေစ့ေစ့ေတြးၾကည့္ၿပီးေနာက္ အတြင္းေရးမႉးကို ေခၚကာ အခ်ိဳပြဲမ်ားႏွင့္ အဆာေျပအခ်ိဳ႕ကို ျပင္ထားရန္ မွာၾကားလိုက္သည္။
ဒီအကြက္က ဝန္ထမ္းေတြရဲ႕ ႏွလုံးသားကို ႐ွင္း႐ွင္းလင္းလင္း ရ႐ွိခဲ့ကာ အထူးသျဖင့္ အမ်ိဳးသမီးဝန္ထမ္းေတြေပါ့ေလ! ဒီလိုေစ်းႀကီးတဲ့အခ်ိဳပြဲမ်ိဳးကို တျခားသူေတြက ဝယ္ေကြၽးမွ အရသာပိုေကာင္းတာ!
"ေဘာ့စ္ တစ္ခုခု လိုခ်င္လား?"ဆုႏိုက ခါးသီးေန
သည့္ ခံစားခ်က္ေတြကို ထုတ္လႊတ္ေနတာေၾကာင့္ ဒိုင္အန္း သူ႕ကို ေမးလိုက္သည္။
သူက ရင္သပ္႐ႈေမာဖြယ္ပန္းတစ္ပြင့္ေလးျဖစ္ေပမယ့္လည္း အခ်ိဳပြဲအခ်ိဳ႕ကို ရံဖန္ရံခါစားတာက ဝက္ေျခေထာက္ကို စားသလိုမစားသေ႐ြေတာ့ အဆင္ေျပပါသည္။
သို႔ေသာ္ သူအံ့ၾသမိတာက ဆုႏိုက ျငင္းပယ္လိုက္တာပဲျဖစ္သည္။
အစားအေသာက္ကို ႏွစ္သက္သူတစ္ေယာက္က အရသာ႐ွိသည့္အစားအစာေတြကို ျငင္းဆန္ေနတာက နည္းလမ္းတက် မျဖစ္ေပ။
ဒိုင္အန္း စိတ္ပူသြားၿပီး ေမးလိုက္၏။
"ဘာလို႔လဲ?"
“ေဖ်ာ္ရည္ပဲေသာက္မယ္” ဆုႏိုသည္ ေဖ်ာ္ရည္ဘူးဖုံး ဝက္အူကိုျဖဳတ္ၿပီး သစ္သီးေဖ်ာ္ရည္ကို ေသာက္လိုက္သည္။
အခ်ိဳပြဲေတြက အရမ္းဆြဲေဆာင္မႈ႐ွိေပမယ့္ ေလာ့လီ ဝယ္ထားတဲ့ မုန္႔ေတြကို တကယ္ မစားခ်င္ေပ။
"ႏိုႏို မစားခ်င္ဘူးလား?" ေလာ့လီသည္ ဆုႏိုေ႐ွ႕ကို ေခ်ာကလက္ nut-italian cracker မုန္႔ ယူလာခဲ့သည္။
"ေက်းဇူးတင္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ မစားခ်င္လို႔ပါ" ဆုႏိုက စိတ္ပိုင္းျဖတ္ထားၿပီး သူ႕စိတ္ထဲမွာေတာ့ "ငါ့ကို ႏိုႏိုလို႔ မေခၚနဲ႔ မစၥတာဆုလို႔ေခၚစမ္းပါ" ဆိုၿပီး ဟိန္းေဟာက္လိုက္သည္။
"ဗာဒံသီးပန္ကိတ္ကေကာ? အဆီနည္းတဲ့အတြက္ စားရတာ အဆင္ေျပသင့္တယ္" ေလာ့လီက ထပ္မံကမ္းလွမ္းသည္။
“ရပါတယ္။ကြၽန္ေတာ္ မစားခ်င္ဘူး။" ဆုႏို ေခါင္းခါၿပီး ျငင္းလိုက္သည္။
ဒီေနရာမွာ တစ္ခုခု မွားေနသလို ခံစားရသျဖင့္ ဒိုင္အန္းသည္ သူတို႔ စကားေျပာေနတာကို အခ်ိန္မီ အေႏွာင့္အယွက္ေပးလိုက္သည္။ “ခြင့္လႊတ္ပါ ဒါ႐ိုက္တာေလာ့။ ႏိုႏိုရဲ႕ဆံပင္က နည္းနည္း႐ႈပ္ေနလို႔ပါ အဲဒါကို ျပင္ဖို႔လိုတယ္။"
“ေကာင္းပါၿပီ” ေလာ့လီသည္ ပခုံးတြန္႔ျပသည္။
သူထြက္သြားၿပီးေနာက္ ဆုႏို အသက္႐ႈထုတ္လိုက္ရၿပီး "ဒီလူက အရမ္းစိတ္ညစ္စရာေကာင္းတာပဲ!"
"ဘာလို႔လဲ?" ဒိုင္အန္းက ႐ိုး႐ိုးသားသားေျပာခဲ့သည္။ "ေလာ့လီက မင္းကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံေပးေနတယ္ ထင္တယ္"
"သူ႕ရဲ႕ အျပင္ပိုင္းအသြင္အျပင္ေၾကာင့္ အလွည့္စားမခံနဲ႔" ဆုႏိုက အခိုင္အမာေျပာလိုက္သည္။ “သူက ငါ့ကို ဘာမွမလုပ္ေသးေပမယ့္ သူက ငါ့ကို ေကာင္းေကာင္း ဆက္ဆံေပးေနတာက အရမ္းေၾကာက္ဖို႔ေကာင္းတယ္။ သူ႕မွာ မလိုလားအပ္တဲ့ ရည္႐ြယ္ခ်က္ေတြ ႐ွိမွာ ေသခ်ာတယ္!”
“....ေကာင္းၿပီ၊ မင္း ေျပာခ်င္ရာေျပာေတာ့ ” ဒိုင္အန္း ဆက္ေျပာလိုက္သည္။ "ရန္ေတာ့ မျဖစ္နဲ႔။"
ဆုႏို လမ္းေလွ်ာက္ရင္း ေတြးလိုက္မိသည္။
'ေလာ့လီက ငါ့ရဲ႕အလွကို တပ္မက္ၿပီး ေတာင့္တေနတာမ်ားလား? '
shit! shit! ဒါက ေၾကာက္စရာပဲ!ဒါေပမယ့္ အဲဒါကို ပိုေတြးေလ၊ ျဖစ္လာႏိုင္ေျခ ပိုမ်ားေလပဲ! အဲဒီလိုျဖစ္ရင္ ဒါ႐ိုက္တာ အရမ္းေဒါသထြက္လိမ့္မယ္။ လူသိ႐ွင္ၾကား ဓါတ္ပုံမ႐ိုက္ဖို႔ တားမွာ ေသခ်ာတယ္။ ဒါေပမယ့္ ဒီလိုအခ်ိန္ႀကီးမွာ ႐ိုက္ေနတာကို ရပ္လိုက္ရင္ အစ္ကိုႀကီးကို ဒီကိစၥ ဘယ္လို႐ွင္းျပရမလဲ? 'သူ ကြၽန္ေတာ္႕ကိုခ်စ္ေနတယ္လို႔ သံသယ႐ွိလို႔ ႐ွဴတင္မ႐ိုက္ခ်င္ဘူး' လို႔ မေျပာႏိုင္ဘူး။ အဲဒါက အရမ္းကို ငတုံးငအ ဆန္တယ္!
"အိုး…” ဆုႏိုသည္ သက္ျပင္းမခ်ဘဲ မေနႏိုင္ေတာ့ေပ။ သူက ေက်ာက္တုံးေတြနဲ႔ ခက္ခဲတဲ့အရပ္ၾကားမွာ ေန,ေနရတာပဲ။
ဒီလိုနဲ႔ ကိစၥေတြက ဒီအတိုင္းပဲ တိုးတက္ေနၿပီဆိုေတာ့ တစ္ႀကိမ္မွာ ေျခတစ္လွမ္းပဲ လွမ္းရေတာ့မွာပဲ။
မနက္ပိုင္း႐ိုက္ကြင္းက ျမန္ျမန္ၿပီးသြားေတာ့ မူလအစီအစဥ္အတိုင္း ေန႔လည္ခင္းမွာ ေရခ်ိဳးခန္းထဲ၌ ႐ိုက္ရမည္ျဖစ္သည္။ ပုံမွန္အတိုင္းဆိုရင္၊ ဒါက ဆုႏို အတြက္ ျပႆနာမဟုတ္ေပမယ့္ အမာ႐ြတ္နဲ႔ ေလာ့လီက ဒီမွာ႐ွိေနတယ္!
ဘုရားေရ… ေတြးေလေလ ႐ွက္စရာႀကီးေလ!
"ကြၽန္ေတာ္တို႔ ဧည့္ခန္းနဲ႔ မီးဖိုခန္းကို အရင္႐ိုက္လို႔ရမလား? မေန႔က ကြၽန္ေတာ့္ေျခေထာက္မွာ ဒဏ္ရာရသြားတယ္။ ဒါေၾကာင့္ မနက္ျဖန္မွ ေရခ်ိဳးခန္းထဲမွာ ႐ိုက္ဖို႔ ေစာင့္ေပးလို႔ရမလား။ အဲ့တာဆို ရလဒ္က ပိုေကာင္းလိမ့္မယ္ ထင္တယ္” ဆုႏိုက အၾကံျပဳလိုက္သည္။
“ကိစၥမ႐ွိပါဘူး” ေၾကာ္ျငာမန္ေနဂ်ာက အလြန္႐ႊင္လန္းစြာ လက္ခံေၾကာင္း ေျပာလိုက္သည္။
ေလာ့လီသည္ ၎ႏွင့္ပတ္သက္ၿပီး ျပႆနာတစ္စုံတစ္ရာမ႐ွိခဲ့ဘဲ ေန႔လည္ခင္း႐ိုက္ကူးခ်ိန္တြင္လည္း ဆုႏိုဆီကေန သူ႕မ်က္လုံးေတြကို သင့္ေလ်ာ္စြာ လႊဲထားေပးခဲ့သည္။
ဒါေပမယ့္လည္း ဆုႏိုအတြက္ မလုံေလာက္ေသးေပ။ အထူးသျဖင့္ ေလာ့လီကို လုံးဝ ေပ်ာက္ကြယ္သြားရမည္ဟု သူေမွ်ာ္လင့္ခဲ့သည္။ တင္ပါးေလးသာ ျပရမည္ျဖစ္ေသာ္လည္း ၎ကို 3D ဗား႐ွင္းအစစ္အမွန္ ၾကည့္႐ႈခြင့္ မျပဳႏိုင္ဘဲ ပိုစတာေပၚတြင္သာျမင္ခြင့္ရေစမည္ျဖစ္သည္။ဒါ အဓိကကိစၥပဲ!
ဆုႏိုသည္ သူ႕အစ္ကိုႀကီးကို ထပ္မေႏွာက္ယွက္ခ်င္ေတာ့ဘဲ ဒိုင္အန္းကို ေဘးနားကေန ဆြဲေခၚလိုက္ၿပီး "မင္း သူ႕ကို ထြက္သြားေအာင္လုပ္ဖို႔ နည္းလမ္း႐ွိလား?"
"ေလာ့လီကို ဘာလို႔ အရမ္းမုန္းေနတာလဲ?" ဒိုင္အန္း အံ့ဩသြားသည္။ "သူက အေတာ္ေလး ရည္မြန္တယ္လို႔ ငါထင္ပါတယ္"
ဘာလို႔လဲဆိုေတာ့ သူ႕မွာ ငါ့အေပၚ မလိုလားအပ္တဲ့ စိတ္ေတြ႐ွိေနလို႔ပဲ။ဆုႏိုသည္ လက္သီးကို တင္းတင္းဆုပ္ၿပီး စိတ္ထဲမွာ ေအာ္ဟစ္လိုက္သည္။ ထို႔ေနာက္ သူ႕ကိုယ္သူ စိတ္တည္ၿငိမ္ေအာင္ တြန္းအားေပးၿပီးသာ ေျပာလိုက္သည္။ “သူ႕မ်က္ႏွာမွာ အမာ႐ြတ္႐ွိလို႔”
ဒိုင္အန္း:.....
အဲ့ဒါ မင္းရဲ႕အေၾကာင္းျပခ်က္လား?!
"႐ွင္း႐ွင္းေျပာရရင္ မင္းငါ့ကို နည္းလမ္း႐ွာဖို႔ ကူညီေပး!" ဆုႏိုသည္ ဝမ္းနည္းတစ္လွည့္ ေဒါသ တစ္လွည့္ျဖင့္။
သူ႕ေ႐ွ႕မွာ ကိုယ္လုံးတီးဓာတ္ပုံ မ႐ိုက္ခ်င္ဘူး!
အိုက္ယား.. ဒါ အရမ္းစိတ္ပ်က္စရာေကာင္းတယ္!