(Book-2)အမြင့်မြတ်ဆုံး ကောင်း...

By Xiao_Yiii

713K 153K 8.6K

ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာ... More

Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)

Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်

2.9K 693 36
By Xiao_Yiii

Unicode

အခန်း(၃၁၁) -  နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်

လျှိုကျောက်ယွဲ့က မျက်တောင်ခတ်သည်။

"အကယ်၍ ကျွန်တော်သာ မေးတဲ့သူဆိုရင် အချစ်နဲ့ ကံကြမ္မာကို သေချာပေါက် မေးမှာပဲ, အဲ့ဒါက အရေးကြီးဆုံးပဲလေ"

ကျန်းယွင်ရှီမှာ မျက်လုံးသာ လှည့်မိတော့သည်။ သူ့အတွေးများကိုပင် ထုတ်ပြောမိမတတ်ဖြစ်သွားသည်။

လျှိုကျောက်ယွဲ့နဲ့လျှိုမုံချန်တို့က သွေးရင်းညီအစ်ကိုတွေ ဖြစ်နေတာတောင် သူတို့ရဲ့ အကျင့်စရိုက်ကတော့ အတော်လေး ခြားနားတာပဲ!

လျှိုမုံချန်က မရွှေ့ပြောင်းနိုင်တဲ့ ကျောက်တုန်းကြီးနှင့်တူသည်။ တစ်ချိန်တုန်းက သေမျိုးတစ်ယောက်ကြောင့် သူ့မိသားစုနဲ့ ခွဲထွက်လုနီးပါး ဖြစ်ခဲ့သည်ဟု ဆိုကြသော်လည်း လျှိုကျောက်ယွဲ့က အဲ့ဒီလိုမျိုး ရည်စူးထားခြင်း မရှိခဲ့ပေ။ ကြည့်ရတာသူက "သစ္စာရှိတဲ့အချစ်" ဆိုတာမျိုး မပါပဲ မွေးဖွားလာပုံရသည်။ သူက လူတစ်ယောက်ကို ခဏတာ ချစ်မယ် ပြီးရင် နောက်တစ်ယောက်ကို ချစ်ဖို့အတွက် ထိုလူကို ပစ်ပယ်လိုက်လိမ့်မည်။ သူကတကယ့်ကို အပြောင်းအလဲများတဲ့ ချစ်သူဆိုတာရဲ့ စံနမူနာ ပြယုတ်တစ်ခုပင်။

ပြောမနိုင်ဘူး....ပြောလို့ကို မနိုင်ဘူး

မဟာအကြီးအကဲလန်ယွဲ့က ဘဝရဲ့ ရှုထောင့်ပေါင်းစုံကို မြင်တွေ့ခဲ့ရတာမို့ ခံစားချက်တွေကို ဖုံးကွယ်တဲ့နေရာမှာ မတော်သော လူငယ်မျိုးဆက်များရဲ့  စိတ်နေစိတ်ထားကို သဘာဝအတိုင်း မြင်နေရသည်။ အဲ့ဒါကဒီတိုင်း လူတိုင်းမှာ သူ့ကိုယ်ပိုင် ရည်မှန်းချက်နဲ့ ကိုယ်ပိုင်ဘဝ ရှိကြတာပဲလေ။ အခြားသူများ၏ဘဝသည် ပေါ့ပေါ့တန်တန်ဝင်ရောက်စွက်ဖက်ဖို့ ဒါမှမဟုတ် အကဲဖြတ်ဖို့ လုပ်နိုင်သည့်အရာမဟုတ်ဘူး။

မဟာအကြီးအကဲလန်ယွဲ့က သနားကြင်နာသည့် အမူအယာဖြင့် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

လျှိုကျောက်ယွဲ့သည်လည်း သူ မဟာအကြီးအကဲ လန်ယွဲ့ရှေ့မှာ ရောင့်တက်လွန်းသွားသည်ကို နားလည်လိုက်ပုံရသည်။ သူက လျှာကိုထုတ်လိုက်ပြီး ရွှတ်နောက်နောက်ဖြင့် မဟာအကြီးအကဲလန်ယွဲ့အား မျက်လုံးမှိတ်ပြကာ တောင်းပန်နေဟန် သူ့လက်ကို ဆုပ်လိုက်သည်။ သူ့အသွင်အပြင်က အထူးကို နှစ်သက်ဖွယ်ကောင်းသလို ချစ်ဖို့လည်းကောင်းလှ၏။

မဟာအကြီးအကဲ လန်ယွဲ့က စိတ်ထဲမထားပေ။

"တစ်သီးတစ်သန့် မိသားစုက သခင်လေးနှစ်ယောက်က နက်ရှိုင်းကောင်းကင်ဂိုဏ်းကို တစ်ချိန်တည်းမှာ လာရောက် လည်ပတ်ကြတာဆိုတော့ အထက်ပိုင်းဘုံကနေ ညွှန်ကြားချက် တစ်ခုခုများ ရှိလို့လား?"

လျှိုကျောက်ယွဲ့နဲ့ ကျန်းယွင်ရှီတို့က တစ်ယောက်နဲ့တစ်ယောက် ဖျတ်ခနဲ ကြည့်မိကြသည်။ တစ်ဖက်လူက အရင်စကားပြောတာကို အသီးသီးစောင့်နေကြခြင်းပင်။

သူတို့နှစ်ယောက်လုံးက တစ်သီးတစ်သန့် မိသားစုကဖြစ်ကြပြီး ငယ်စဉ် ကလေးဘဝကတည်းက တွေ့ဘူးခဲ့တာ ဆိုပေမယ့်လည်း တကယ်တမ်းတော့ နှစ်ယောက်သားက သူငယ်ချင်းများ မဟုတ်ကြပေ။ အချင်းချင်း စောင့်ကြပ်ဖို့ လိုအပ်နေသည်။ နှစ်ယောက်စလုံးက တစ်ဖက်လူရဲ့ အကြောင်းကို ပိုမိုလေ့လာဖို့ ကြိုးစားရင်း သူတိုရဲ့ ကိုယ်ပိုင်ပန်းတိုင်ကို ဘယ်လိုမျိုး ဖုံးကွယ်ရမလဲ ဆိုတာအား တွေးတောနေကြသည်။

လျှိုကျောက်ယွဲ့က အကြည့်ကို လွှဲဖယ်လိုက်ပြီးနောက် မဟာအကြီးအကဲလန်ယွဲ့အား အပြုံးဖြင့် ကြည့်လိုက်သည်။

"မဟာအကြီးအကဲလန်ယွဲ့, ကျွန်တော်တို့ မိသားစုတွေနဲ့ အထက်ဘုံရဲ့ ကြားက အဆက်အသွယ်တွေက လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်ကတည်းက လုံးဝပျက်ပြားသွားခဲ့ပြီးပါပြီ, ကျွန်တော်သိသလောက်ဆိုရင် ကျန်းမိသားစုကလည်း ဆင်တူတဲ့ အခြေအနေပဲ ဖြစ်ပါလိမ့်မယ်, အကြီးအကဲလည်း သေချာပေါက်သိနေမှာပါ!"

မဟာအကြီးအကဲလန်ယွဲ့က ခေါင်းညိတ်သည်။

"အထူးအခြေအနေအတွက် တရားဝင်ကြေညာချက် မထွက်လာဘူး"

ကျန်းယွင်ရှီက ကြားဖြတ်ပြောသည်။

"အကြီးအကဲ သတိပြုမိမလားတော့ မသိပေမယ့် လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်းမှာ ဘယ်သူကမှ တိုက်ကြီးငါးတိုက်ကနေ အောင်အောင်မြင်မြင်နဲ့ တက်ရောက်နိုင်သွားတယ် ဆိုတာ မရှိသေးဘူး,တစ်စုံတစ်ယောက်က နက်ရှိုင်းဘုံအဆင့် ထိပ်ဆုံးရောက်သွားပြီး ကမ္ဘာအဆင့်ဘုံကို ချိုးဖြတ်နိုင်ခဲ့မယ်ဆိုရင်တောင် ဆင်းရဲဒုက္ခ ခံရတဲ့အချိန်မှာ သေဆုံးခြင်းနဲ့ပဲ အဆုံးသတ်သွားတာပဲ"

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျွန်တော်တို့မိသားစုထဲက သခင်ကြီးနှစ်ယောက်ကို ဒါက တိုက်ကြီးငါးတိုက်ရဲ့ ဝိညာဉ်မြေက အထူးတလှယ် ဖြစ်နေတာကြောင့် ဖြစ်လိမ့်မယ်လို့ ပြောခဲ့ဘူးတယ်, ဒီနေရာမှာ ပကတိမျက်စိနဲ့ မမြင်နိုင်တဲ့ အကာအရံတစ်ခု ရှိနေပြီး ဝင်လို့ပဲရတယ် လွတ်မြောက်မှုတော့ မရနိုင်ဘူး"

"ကျွန်တော့အဖေလည်း တူညီတဲ့စကားပဲပြောခဲ့တာ" ကျန်းယွင်ရှီရဲ့ မျက်လုံးများက နက်နဲသွားရင်းဖြင့် ပြန်ဖြေသည်။

"ဒါပေမဲ့ နှစ်တွေကျော်လွန်သွားတာတောင် အထက်ဘုံကို တက်ရောက်နိုင်မယ့် လမ်းကိုရှာဖွေတဲ့ မျှော်လင့်ချက်ကို ကျွန်တော်တို့ မစွန့်လွှတ်ခဲ့ဘူး, လျှိုမိသားစုနဲ့ အချိန်တစ်ချို့ထိလောက် ပူးပေါင်းဖို့အတွက်တောင် ရန်လိုတဲ့ ဆက်ဆံရေးကို ဖယ်ရှားတဲ့အထိ လုပ်ခဲ့တယ်...."

လျှိုကျောက်ယွဲ့က ကျန်းယွင်ရှီအား မျက်စောင်းလှည့်ထိုးသည်။

ဘာ, သူတို့မိသားစုကများ လျှိုမိသားစုနဲ့ ပူးပေါင်းရတာကို ဘာတွေများ ဆုံးရှုံးရလို့လဲ?

ကျန်းယွင်ရှီရဲ့ အကြည့်က နက်မှောင်လာသည်။

"ဒါပေမဲ့လည်း ကျွန်တော်တို့တွေ အခုထိ လမ်းကိုရှာမတွေ့သေးဘူး"

မဟာအကြီးအကဲလန်ယွဲ့က စကားပြန်သည်။

"ဝိညာဉ်နယ်မြေအဆီးအတား မကျိုးပျက်သွားသ၍ ထွက်ဖို့လမ်းမရှိဘူး"

ကျန်းယွင်ရှီက ခေါင်းညိတ်၏။

"ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က တစ်စုံတစ်ယောက် တိုက်ကြီးငါးတိုက်ကနေ အောင်အောင်မြင်မြင် ထွက်ခွာသွားနိုင်ခဲ့တယ်, သူက အထက်ဘုံက လူဟုတ်လား မဟုတ်လား ဆိုတာတော့ မသိပေမယ့် လက်ရှိမှာတော့ သူက တိုက်ကြီးငါးတိုက်က မဟုတ်လောက်တော့ဘူး"

မဟာအကြီးအကဲလန်ယွဲ့၏ မျက်လုံးထဲတွင် အနက်ရောင် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

လျှိုကျောက်ယွဲ့က အနည်းငယ် အံ့သြသွားရသည်။ တစ်စုံတစ်ယောက်က တိုက်ကြီးငါးတိုက်က ထွက်ခွာသွားလို့ မဟုတ်ပဲ အဲ့ဒီလူက ဘယ်သူလဲ ဆိုတာကို အတိအကျ သိနေသောကြောင့်ပင်။ ဒီကိုလာရတဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခုက ထိုလူရဲ့ အခြေအနေကို နားလည်နိုင်ဖို့ဖြစ်သည်။ ကျန်းယွင်ရှီကလည်း ထိုအကြောင်း သိနေမယ်လို့ မထင်ထားမိပေ။

ကျင်းယွင်ရှီက အသက်ကိုပြင်းပြင်းရှုလိုက်ပြီး မဟာအကြီးအကဲ လန်ယွဲ့အား ကြည့်လိုက်သည်။

"အရှေ့ဘက်တိုက်မကြီး ချင်မြို့တော်က လင်မိသားစုရဲ့ အရင်သခင်လေးဟောင်း လင်ကျန်က လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက တိုက်ကြီးငါးတိုက်ကနေ ထွက်ခွာသွားခဲ့တယ်, မဟာအကြီးအကဲ အနေနဲ့ ဒီကိစ္စကို ကောင်းကင်ရဲ့ ပြောင်းလဲမှုကနေများ တွက်ချက်ပြီး ဟောပေးလို့ ရနိုင်မလား သိချင်မိပါတယ်?"

လျှိုကျောက်ယွဲ့က ရုတ်တရက် ထပြောသည်။

"မင်းဘယ်လိုသိနေတာလဲ?"

ကျင်းယွင်ရှီရဲ့ မျက်လုံးထဲက အကြည့်က လေးနက်နေသည်။

"အပေါက်ဝ ပွင့်သွားတဲ့အချိန်မှာ ကျွန်တော့အဖေလည်း တိုက်တိုက်ဆိုင်ဆိုင် ရှိနေတယ်, သူက လင်ကျန်အဲ့ဒီ ပြင်းထန်တဲ့လေပွေထဲကို စုပ်ယူခံလိုက်ရတဲ့ ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့လိုက်ရတာ...အဲ့ဒါကဒီအတိုင်း အဲ့ဒီအချိန်တုန်းက ကျွန်တော့အဖေပါ သက်ရောက်မှု ခံလိုက်ရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်, နှစ်နှစ်ကြာ တံခါးပိတ် တရားကျင့်လိုက်ရတာမို့လို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကမှ ထွက်လာနိုင်ပြီး ဒီအကြောင်း ကျွန်တော့ကိုပြောခဲ့တာ, ကျွန်တော့ကို နက်ရှိုင်းကောင်းကင်ဂိုဏ်းဆီသွားပြီး နစ်မြှုပ်ဓားတောင်ထွတ် သခင်ဆီကနေ မေးမြန်းစူးစမ်းခိုင်းလိုက်တယ်"

"မင်းအဖေက ဘယ်လိုလုပ် အဲ့ဒီမှာ တိုက်တိုက်ဆိုင်ဆိုင် ရှိနေရတာလဲ?" လျှိုကျောက်ယွဲ့ကမေးသည်။

ကျန်းယွင်ရှီက ခဏမျှ တိတ်ဆိတ်သွားမိ၏။

"ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအချိန်တုန်းက ငါ့အဖေက လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်ခဲ့လို့.......ငါ့မိသားစုက အထက်ပိုင်းဘုံကနေ နီစွေးရောင် သတ်ဖြတ်ခြင်းအမိန့်ကို လက်ခံရရှိခဲ့ပြီး အဲ့ဒီအချိန်တုန်းက လင်ကျန်နဲ့ အတူတူရှိနေခဲ့တဲ့ လင်ကျန်ရဲ့မွေးစားသား ယန်ထျန်းဟန်ကို သတ်ဖို့အတွက် ငါ့မိသားစုကို တောင်းဆိုခဲ့တယ်......."

ကျန်တဲ့စကားတွေက ပြောစရာပင်မလိုတော့

လျှိုကျောက်ယွဲ့၏ မျက်လုံးများက ပြူးကျယ်သွားပြီး အံ့အားသင့်စွာပြောလာသည်။

"ငါ့မိသားစုလည်း အထက်ဘုံကနေ အဲ့ဒီနီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်ကို တစ်ချိန်တည်းနီးပါးလိုလို ရရှိခဲ့တယ်, ဒါပေမဲ့, သတ်ရမယ့်သူက လင်ကျန်!"

စံအိမ်အထက်မှာ ပုန်းခိုနေသည့် ဝမ်ရိထုန်လည်း မအံ့သြပဲ မနေနိုင်တော့ပေ။

တစ်ချိန်တည်းမှာပင် ကောင်းကင်ကြေးမုံကနေ၍ ဝမ်ရိထုန်မှတစ်ဆင့်  Cleansing Inkstone စံအိမ်အတွင်းမှ ပြောဆိုမှုများကို အချိန်နဲ့တပြေးညီ ကြည့်နေကြသည့် တစ်ခြားတပည့်သုံးယောက်လည်း ရှိနေသည်။ သူတို့အားလုံး တစ်ပြိုင်နက်တည်းမှာ ငြိမ်သက်သွားကြ၏။

ခဏတာလောက် ကျန်းဖုန်းထင်နဲ့ ဟိုင်ခွမ်းလောင်တို့သည် လင်ရွှမ်းဇီရှိရာကို လှမ်းကြည့်မိကြသည်။

လင်ရွှမ်းဇီရဲ့ မျက်နှာပေါ်မှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုမျိုး မရှိသော်လည်း သူ့လက်ချောင်းများကတော့ သူ့လက်ထဲက ခွက်လေးအား ကွဲအက်သည်အထိ ဆုပ်ကိုင်ပြီးနေပြီဖြစ်ပြီး မကြာခင်မှာ  အပိုင်းပိုင်းအစစ ကွဲကြေသွားသည်။

ဟိုင်ခွမ်းလောင်မှာ ရင်နာသွားရပြီး မနေနိုင်စွာပင် တွေးမိသည်။ 

ဒါက လေလံအိမ်ကနေ ပိုက်ဆံအများကြီး ခြစ်ထုတ် ဝယ်ထားရတဲ့ ခရမ်းရောင် သလင်းကျောက်နဂါးခွက်လေ.... ပြီးတော့ သူအရမ်းကြိုက်နေတုန်းပဲ

သို့ပေမယ့် ကျန်းဖုန်းထင်ကတော့ လက်ကိုင်ပဝါလေး ထုတ်ယူလိုက်ကာ စိုးရိမ်တကြီးနဲ့ ပြောနေသည်။

"ဟွားရုန်, လက်ကိုသတိထားလေ"

ဟိုင်ခွမ်းလောင်က စိတ်ကောက်သွားလေသည်။

လင်ရွှမ်းဇီက သူ့နှုတ်ခမ်းကို ခပ်ဖွဖွ ဖိကပ်လိုက်ပြီး သူ့လက်ထဲက အပိုင်းအစများအား ပစ်ထုတ်လိုက်သည်။

"ကျွန်တော်တောင်းပန်ပါတယ်, ထိန်းချုပ်မှုလွတ်သွားတယ်"

နှစ်ပေါင်းများစွာ တိတ်ဆိတ်နေပြီးမှ ၎င်းတို့အား ပေးအပ်လာခဲ့သည့် နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့် နှစ်ခုသည် ကျန်းနှင့် လျှိုမိသားစုများကို ထိတ်လန့်စေခဲ့သည်။ သို့သော်လည်း အထက်ဘုံက နတ်ဘုရား မျိုးနွယ်စုများနဲ့ ပေါင်းစည်းထားရသည့် သွေးစာချုပ်သည် မိသားစုများကို ကျိန်စာကဲ့သို့ ချည်နှောင်ထားသည်။

သူတို့က အနိမ့်ပိုင်းဘုံမှာ နှစ်ပေါင်းများစွာ နေခဲ့ကြတာကြောင့် နတ်ဘုရားမျိုးနွယ်စုက ပေးအပ်လာသည့် အမိန့်များကို လုံးဝခုခံနိုင်ခြင်း မရှိကြပေ။ ရလဒ်ကတော့ ကျန်းနှင့်လျှိုမိသားစုအနေနဲ့ လူလွှတ်ရတော့သည်။

သို့သော် နှစ်ပေါင်းများစွာကြာပြီးမှ ရုတ်တရက်ပေါ်လာသည့် ထိုနီစွေးရောင်သတ်ဖြတ်ခြင်း အမိန့်နှင့်ပတ်သတ်၍ မိသားစု နှစ်ခုလုံးမှာ သံသယများရှိနေသည်ကတော့ ထင်ရှားသည်။ အမိန့်က ဘယ်သူ့လက်က ထွက်လာလဲဆိုတာ ဘယ်သူသိမှာလဲ....ပြီးတော့ အဲ့ဒီအမိန့်က သူတို့လက်အောက်ခံထားတဲ့ နတ်ဘုရားမျိုးနွယ်စုတွေက တကယ်လာခဲ့တာလား ဆိုတာရော ဘယ်သူသိနိုင်မလဲ?

သူတို့နှစ်ဖွဲ့က လင်ကျန်နဲ့ယန်ထျန်းဟန်တို့ အပြင်ထွက်ရန် ထွက်ခွာလာသော နေရာသို့ ရောက်ခဲ့ကြသော်လည်း ဘာမှမလုပ်ရသေးခင်မှာပင် အနက်ရောင်ဝတ်စုံနှင့် အပြာရောင်မျက်နှာဖုံးများ ဝတ်ဆင်ထားသည့် လူသတ်သမားတစ်စုက ၎င်းတို့ကို ကြားဖြတ်ဟန့်တားခဲ့သည်။

"အဲ့ဒီအချိန်တုန်းက, ကျွန်တော့ အကြီးဆုံးအကိုကြီးက တစ်စုံတစ်ရာ မှားယွင်းနေတယ် ဆိုတာကို ခံစားခဲ့ရတာကြောင့် အဲ့ဒီလူတွေကို ဖြေရှင်းတဲ့နေရာမှာ လင်ကျန်ကို ထွက်ပြီးကူညီပေးခဲ့တယ်" လျိုကျောက်ယွဲ့ကမျက်မှောင်ကျုံ့ရင်း စကားဆက်သည်။

"အဲ့ဒီနောက်ပိုင်းမှာ ကျွန်တော့အကိုကြီးက အပြင်းအထန် ဒဏ်ရာရသွားတာမို့လို့ ပြန်ရောက်တာနဲ့ တံခါးပိတ် တရားကျင့်ခဲ့ရတာ, သူထွက်မလာခဲ့ပေမယ့် အဲ့ဒီတံခါးပိတ် တရားကျင့်ရာကနေ ကျွန်တော့ကိုပြောခဲ့တာကတော့ လင်ကျန်က တိုက်ကြီးငါးတိုက်ကနေ ထွက်ခွာသွားပြီး အထက်ဘုံကို ရောက်သွားပြီတဲ့, အကယ်၍ ကျန်းမိသားစုက တပည့်တွေ အပြင်ဘက်ထွက်လာခဲ့မယ်ဆိုရင် ကျွန်တော်လည်း တစ်ချိန်တည်းမှာ ထွက်လာဖို့ လိုအပ်တယ်လို့ ပြောခဲ့တယ်"

ကျန်းယွင်ရှီရဲ့ နှလုံးသားထဲမှာတော့ လျှိုမိသားစုရဲ့ အရှက်မဲ့မှုအပေါ် ကျိန်ဆဲနေမိသည်။ ဒါက ရှင်းရှင်းလင်းလင်းကို ကျန်းမိသားစုရဲ့ သတင်း အချက်အလက် ကွန်ရက်အပေါ် အခွင့်အရေးယူနေတာပဲလေ။

ကျန်းယွင်ရှီက တည်ငြိမ်စွာ ထပ်ပေါင်းပြောသည်။

"တကယ်တော့ အဲ့ဒီအချိန်တုန်းက ကျွန်တော့အဖေအနေနဲ့ တစ်ခုခုလုပ်ဖို့ အချိန်လုံးဝမရှိခဲ့ဘူး....လင်ကျန်က ယန်ထျန်းဟန်ကို လုံခြုံတဲ့နေရာတစ်ခုဆီ ချက်ချင်းပို့ဖို့အတွက် ကူးပြောင်းမှုတစ်ခုကို သုံးလိုက်တာကိုတွေ့တော့ ယန်ထျန်းဟန်ကို သူရှာမတွေ့နိုင်တော့ဘူးဆိုတာကို သိလိုက်တယ်...အဲ့ဒီအချိန်တုန်းက အဖေနဲ့ လင်ကျန်တို့က အချင်းချင်း ရန်ငြိုးဖွဲ့ခြင်း မုန်းတီးခြင်း မရှိခဲ့သလို နားမလည်နိုင်တဲ့ နီစွေးခြယ်သတ်ဖြတ်ခြင်း အမိန့်ကြောင့်နဲ့တော့ အပြစ်မဲ့သူတွေကို မသတ်ချင်ခဲ့ဘူး....အဲ့ဒါကြောင့် သူက အထက်ဘုံကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ ယန်ထျန်းဟန်က ဘယ်သူလဲဆိုတာကိုသိနိုင်ဖို့ လင်ကျန်ကို အရင်ရှာရအောင် ကြံစည်ခဲ့တယ်... ဒါပေမဲ့လည်း ကျွန်တော့အဖေက ကူညီပေးဖို့ ကြိုးစားတဲ့အချိန်မှာ ရုတ်တရက် လင်ကျန်ရဲ့ ခြေထောက်အောက်မှာ ကြာပန်းအကြီးကြီးတစ်ခု ပွင့်လာပြီး သူ့ကိုလွှမ်းခြုံသွားတာကို မြင်လိုက်ရတယ်လေ....အဲ့ဒီကြာပန်းက မဲနယ်ရောင် လင်းနေပြီး မျက်စိတစ်မှိတ်အတွင်းမှာ အနက်ရောင်ဝတ်နဲ့လူတွေအကုန်လုံး သွေးအမြှုပ်တွေဖြစ်သွားပြီး ကျွန်တော့အဖေပါ တော်တော်လေး ထိခိုက်သွားတယ်"

လျှိုကျောက်ယွဲ့က လေးနက်စွာ ခေါင်းညိတ်သည်။

"အဲ့ဒါ ကျွန်တော့အကိုကြီး ပြောခဲ့တဲ့ အချိန်နဲ့အတူတူပဲ....ကြာပန်းကထွက်လာတဲ့ ပေါက်ကွဲမှုတစ်ချက်က အနည်းဆုံး ကမ္ဘာဘုံအဆင့် ကျင့်ကြံမှု ရှိတယ်လို့ပြောခဲ့တယ်, အဲ့ဒါကြောင့် ကြာပန်းက လင်ကျန်ကို ခေါ်သွားတဲ့နေရာက နယ်မြေကြီးကိုးခုပဲ ဖြစ်လိမ့်မယ်လို့ သူကောက်ချက်ချလိုက်တာ"

အခြေခံ သဘောအရဆိုရင် အနိမ့်ပိုင်းဘုံက အထူးတလှယ် သတ်မှတ်ချက် မရှိမခြင်း ကမ္ဘာဘုံအဆင့် ကျင့်ကြံသူကို လုံးဝလက်မခံထားနိုင်ပေ။ သို့သော်လည်း, ထိုသို့သောနေရာများသည် ရှာဖွေရန်အလွန်ခက်ခဲပြီး လက်လှမ်းမမီသလောက်ဖြစ်နေသည်။

ထို့ကြောင့် နက်ရှိုင်းဘုံအဆင့် အထွတ်အထိပ်ကို ရောက်တဲ့အချိန်မှာ ကျင့်ကြံသူများအနေနဲ့ သူတို့ရဲ့ ကျင့်ကြံဆင့်ကို ဖိနှိပ်မလား ဒါမှမဟုတ် အထက်ဘုံကို တက်လှမ်းမလား ဆိုတာကို ရွေးချယ်ကြရသည်။

ကြီးမားတဲ့ ကြာပန်းကြီးကနေ လင်ကျန်ကို ခေါ်သွားတဲ့နေရာက အနိမ့်ပိုင်းဘုံအဆင့်က တစ်နေရာရာ လုံးဝမဖြစ်နိုင်ပေ။

တကယ်တော့လည်း သူတို့ခန့်မှန်းချက်က မှန်ကန်ပေသည်။

လင်ကျန်က နယ်မြေကြီးကိုးခုကို သွားခဲ့ခြင်းပင်။

ပွင့်လာသည့် မဲနယ်ရောင် ကြာပန်းနှင့် ပတ်သတ်၍ မဟာအကြီးအလဲ လန်ယွဲ့သည် ၎င်းဘယ်ကလာသည်ကို ချက်ခြင်းသိသော်လည်း လူငယ်နှစ်ဦး၏ မေးခွန်းများကို ဖြေဆိုရန် အစီအစဉ်မရှိပေ။

ဒါ့အပြင် ကျန်းနှင့်လျှိုမိသားစုတို့ရဲ့ ရည်ရွယ်ချက်က လင်ကျန်ရဲ့ လက်ရှိလမ်းကြောင်းကို ခြေရာခံရန် သို့မဟုတ် ယန်ထျန်းဟန်ကို နောက်တစ်ကြိမ် လုပ်ကြံရန် မဟုတ်ဘူးလေ။ တကယ်တော့လည်း လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်က သူ့ပစ်မှတ်ကို လူသိထင်ရှား ထုတ်ပြန်လိုက်ခြင်းဆိုသည်မှာ ၎င်းတို့အနေနဲ့ တာဝန်ကို စွန့်လွတ်လိုက်ကြောင်း ပြသနေသည်။ 

လျှိုမိသားစုက ယန်ထျန်းဟန်နဲ့ လင်ရွှမ်းဇီတို့ကြားထဲက ဆက်ဆံရေးကို သိနေလိမ့်မည်။ သူတို့သာ ထက်မြက်မယ်ဆိုရင် ဒီလိုမျိုး ဗြောင်ကျကျနဲ့ လင်ရွှမ်းဇီအား ဆန့်ကျင်မှာမဟုတ်ဘူး။

ထိုမိသားစုများရဲ့ ရည်ရွယ်ချက်ကတော့ အခြေခံအားဖြင့်တူညီကြသည်။ ၎င်းသည် တိုက်ကြီးငါးတိုက်ကနေ ဘယ်လိုမျိုး ထွက်ခွာပြီး အထကိဘုံကို အောင်အောင်မြင်မြင် တက်ရောက်နိုင်မလဲ သိချင်ကြခြင်းပင်။

ကျန်းယွင်ရှီက တကယ်ကို ဒီကိစ္စကို မေးမြန်းချင်တာဖြစ်သည်။

လျှိုကျောက်ယွဲ့၏ အမူအယာကို သုံးသပ်ကြည့်ရရင်လည်း တိုက်ရိုက်မမေးရင်တောင် သူဒီကို ရောက်လာတဲ့ ရည်ရွယ်ချက်က သေချာနေသည်။

မဟာအကြီးအကဲ လန်ယွဲ့က သူ့အား မျှော်လင့်ချက်ကြီးကြီးထားပြီး စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေသော ဆယ်ကျော်သက်နှစ်ယောက်ကို ပေါ့ပါးစွာ ကြည့်လိုက်သည်။

"မင်းတို့ကို အမှန်အတိုင်းပြောရမယ်ဆိုရင် တိုက်ကြီးငါးတိုက်ကနေ အထက်ဘုံကို သွားတဲ့လမ်းကြောင်းက ပိတ်ဆို့နေခဲ့တာ ကြာလှနေပြီ"

ကျန်းယွင်ရှီက မျက်မှောင်ကျုံ့လိုက်သော်လည်း စကားမပြောပေ။

"အခု တိုက်ကြီးငါးတိုက်မှာ အခင်းအကျင်းကြီးတစ်ခုနဲ့ ဖုံးလွှမ်းနေပြီး အဲ့ဒါကို ဘယ်သူလုပ်ခဲ့လဲတော့ ငါမသိဘူး, ဒါပေမဲ့ ငါဒီကိုရောက်လာကတည်းက ကောင်းကင်ကိုတက်တာထက် အတွင်းပိုင်းကနေ ဖြတ်ကျော်ဖို့က ပိုပြီးတော့ ခက်ခဲတာကို ရှာတွေ့ခဲ့တယ်"

မဟာအကြီးအကဲလန်ယွဲ့က ကိစ္စများအား ပေါ့ပါးလှတဲ့ အမူအယာဖြင့် ပြောနေသည်မှာ အဲ့ဒါကသူနဲ့ဘာမှ မသက်ဆိုင်သလိုပင်။

လင်ကျန်က အလွန်တိုက်ဆိုင်မှုတစ်ခုကြောင့် အထက်ကမ္ဘာသို့ တိုက်ရိုက်သွားနိုင်ခဲ့ခြင်းပင်။ သူ့မှာ ကမ္ဘာအဆင့်ဘုံ ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိညာဉ်ကို ခပ်နှိပ်ထားသော တံဆိပ်တစ်ခု ရှိနေသည်။ ထိုဝိညာဉ်တံဆိပ်က သူအသက်အန္တာရယ် ကြုံလာတဲ့အချိန်မှာ တိုက်ကြီးငါးတိုက်ရဲ့ ဝေးရာကို ခေါ်ဆောင်သွားကာ သူ့အားထိုဝိညာဉ်တံဆိပ်ကို ပိုင်ဆိုင်ထားသူထံ ပြန်ပို့ခြင်းဖြင့် ကာကွယ်ပေးထားတာဖြစ်သည်။

ထိုခပ်နှိပ်ထားမှုသည် နတ်ဘုရားမျိုးနွယ်စုရဲ့ တရားဝင်အမွေခံထံမှ ဆင်းသက်လာတာ ဖြစ်သောကြောင့် ၎င်းကို ကောင်းကင်ဘုံတာအိုကနေ အသိအမှတ်ပြုခဲ့သည်။ ထို့ကြောင့် တိုက်ကြီးငါးတိုက်ကို ဖုံးအုပ်ထားသည့် ကြီးမားလှသော အခင်းအကျင်းကြီးကပင် လင်ကျန်အား ထိုလူခေါ်ဆောင်သွားခြင်းမှ မတားဆီးနိုင်ခဲ့ပေ။

မဟာအကြီးအကဲ လန်ယွဲ့၏ စကားများသည် ဆက်ကျော်သက်လေးနှစ်ယောက်ရဲ့ နှလုံးသားကို လှိုင်းထသွားစေခဲ့သည်။ အထူးသဖြင့် ကျန်းယွင်ရှီက အံအားသင့်စွာဖြင့် ထုတ်ပြောမိ၏။

"လင်ကျန်က အထက်ဘုံက နတ်ဘုရားမျိုးနွယ်စု တစ်ခုနဲ့ တကယ်ကြီး သက်ဆိုင်နေတာလား? ပြီးတော့ သူ့မှာ နတ်ဘုရားမျိုးနွယ်စုဝင် တစ်ယောက်ရဲ့ ဝိညာဉ်တံဆိပ် ခတ်ထားမှုလည်း ရှိနေတယ်ဆိုတော့...သူက ကျွန်တော်တို့ ထိတွေ့လို့ရတဲ့သူမှ မဟုတ်တာ, ဒါဆို....."

3.11.2021

=============

Next Episode

တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု

=============
Zawgyi

အခန္း(၃၁၁) -  နီေစြးေရာင္သတ္ျဖတ္ျခင္းအမိန္႔

လွ်ိဳေက်ာက္ယြဲ႔က မ်က္ေတာင္ခတ္သည္။

"အကယ္၍ ကြၽန္ေတာ္သာ ေမးတဲ့သူဆိုရင္ အခ်စ္နဲ႔ ကံၾကမၼာကို ေသခ်ာေပါက္ ေမးမွာပဲ, အဲ့ဒါက အေရးၾကီးဆံုးပဲေလ"

က်န္းယြင္ရွီမွာ မ်က္လံုးသာ လွည့္မိေတာ့သည္။ သူ႔အေတြးမ်ားကိုပင္ ထုတ္ေျပာမိမတတ္ျဖစ္သြားသည္။

လ်ွိဳေက်ာက္ယြဲ႔နဲ႔လ်ွိဳမံုခ်န္တို႔က ေသြးရင္းညီအစ္ကိုေတြ ျဖစ္ေနတာေတာင္ သူတို႔ရဲ႔ အက်င့္စရိုက္ကေတာ့ အေတာ္ေလး ျခားနားတာပဲ!

လ်ွိုမံုခ်န္က မေရႊ႔ေျပာင္းနုိင္တဲ့ ေက်ာက္တုန္းၾကီးနွင့္တူသည္။ တစ္ခ်ိန္တုန္းက ေသမ်ိဳးတစ္ေယာက္ေၾကာင့္ သူ႔မိသားစုနဲ႔ ခြဲထြက္လုနီးပါး ျဖစ္ခဲ့သည္ဟု ဆိုၾကေသာ္လည္း လ်ွိုေက်ာက္ယြဲ႔က အဲ့ဒီလိုမ်ိုး ရည္စူးထားျခင္း မရွိခဲ့ေပ။ ၾကည့္ရတာသူက "သစၥာရွိတဲ့အခ်စ္" ဆိုတာမ်ိုး မပါပဲ ေမြးဖြားလာပံုရသည္။ သူက လူတစ္ေယာက္ကို ခဏတာ ခ်စ္မယ္ ျပီးရင္ ေနာက္တစ္ေယာက္ကို ခ်စ္ဖို႔အတြက္ ထိုလူကို ပစ္ပယ္လုိက္လိမ့္မည္။ သူကတကယ့္ကို အေျပာင္းအလဲမ်ားတဲ့ ခ်စ္သူဆိုတာရဲ႔ စံနမူနာ ျပယုတ္တစ္ခုပင္။

ေျပာမနုိင္ဘူး....ေျပာလိုု႔ကို မနိုင္ဘူး

မဟာအျကီးအကဲလန္ယြဲ႔က ဘဝရဲ႔ ရႈေထာင့္ေပါင္းစုံကို ျမင္ေတြ႕ခဲ့ရတာမို႔ ခံစားခ်က္ေတြကို ဖံုးကြယ္တဲ့ေနရာမွာ မေတာ္ေသာ လူငယ္မ်ိဳးဆက္မ်ားရဲ႔  စိတ္ေနစိတ္ထားကို သဘာဝအတိုင္း ျမင္ေနရသည္။ အဲ့ဒါကဒီတိုင္း လူတိုင္းမွာ သူ႔ကိုယ္ပိုင္ ရည္မွန္းခ်က္နဲ႔ ကိုယ္ပိုင္ဘဝ ရွိၾကတာပဲေလ။ အျခားသူမ်ား၏ဘဝသည္ ေပါ့ေပါ့တန္တန္ဝင္ေရာက္စြက္ဖက္ဖို႔ ဒါမွမဟုတ္ အကဲျဖတ္ဖို႔ လုပ္ႏိုင္သည့္အရာမဟုတ္ဘူး။

မဟာအျကီးအကဲလန္ယြဲ႔က သနားၾကင္နာသည့္ အမူအယာျဖင့္ ခပ္ေဖ်ာ့ေဖ်ာ့ ျပံဳးလုိက္သည္။

လ်ွိဳေက်ာက္ယြဲ႔သည္လည္း သူ မဟာအၾကီးအကဲ လန္ယြဲ႔ေရွ႔မွာ ေရာင့္တက္လြန္းသြားသည္ကို နားလည္လုိက္ပံုရသည္။ သူက လ်ွာကိုထုတ္လုိက္ျပီး ရႊတ္ေနာက္ေနာက္ျဖင့္ မဟာအၾကီးအကဲလန္ယြဲ႔အား မ်က္လံုးမွိတ္ျပကာ ေတာင္းပန္ေနဟန္ သူ႔လက္ကို ဆုပ္လိုက္သည္။ သူ႔အသြင္အျပင္က အထူးကို နွစ္သက္ဖြယ္ေကာင္းသလို ခ်စ္ဖို႔လည္းေကာင္းလွ၏။

မဟာအျကီးအကဲ လန္ယြဲ႔က စိတ္ထဲမထားေပ။

"တစ္သီးတစ္သန္႔ မိသားစုက သခင္ေလးနွစ္ေယာက္က နက္ရွို္င္းေကာင္းကင္ဂိုဏ္းကို တစ္ခ်ိန္တည္းမွာ လာေရာက္ လည္ပတ္ၾကတာဆုိေတာ့ အထက္ပိုင္းဘံုကေန ညႊန္ၾကားခ်က္ တစ္ခုခုမ်ား ရွိလို႔လား?"

လ်ွိဳေက်ာက္ယြဲ႔နဲ႔ က်န္းယြင္ရွီတို႔က တစ္ေယာက္နဲ႔တစ္ေယာက္ ဖ်တ္ခနဲ ၾကည့္မိၾကသည္။ တစ္ဖက္လူက အရင္စကားေျပာတာကို အသီးသီးေစာင့္ေနၾကျခင္းပင္။

သူတို႔နွစ္ေယာက္လံုးက တစ္သီးတစ္သန္႔ မိသားစုကျဖစ္ၾကျပီး ငယ္စဥ္ ကေလးဘဝကတည္းက ေတြ႔ဘူးခဲ့တာ ဆိုေပမယ့္လည္း တကယ္တမ္းေတာ့ နွစ္ေယာက္သားက သူငယ္ခ်င္းမ်ား မဟုတ္ၾကေပ။ အခ်င္းခ်င္း ေစာင့္ၾကပ္ဖို႔ လိုအပ္ေနသည္။ နွစ္ေယာက္စလံုးက တစ္ဖက္လူရဲ႔ အေၾကာင္းကို ပိုမိုေလ့လာဖို႔ ၾကိဳးစားရင္း သူတိုရဲ႔ ကိုယ္ပိုင္ပန္းတိုင္ကို ဘယ္လိုမ်ိဳး ဖံုးကြယ္ရမလဲ ဆိုတာအား ေတြးေတာေနၾကသည္။

လ်ွိဳေက်ာက္ယြဲ႔က အၾကည့္ကို လႊဲဖယ္လိုက္ျပီးေနာက္ မဟာအၾကီးအကဲလန္ယြဲ႔အား အျပံုးျဖင့္ ၾကည့္လုိက္သည္။

"မဟာအၾကီးအကဲလန္ယြဲ႔, က်ြန္ေတာ္တို႔ မိသားစုေတြနဲ႔ အထက္ဘံုရဲ႔ ၾကားက အဆက္အသြယ္ေတြက လြန္ခဲ့တ့ဲ နွစ္ငါးဆယ္ေလာက္ကတည္းက လံုးဝပ်က္ျပားသြားခဲ့ျပီးပါျပီ, က်ြန္ေတာ္သိသေလာက္ဆိုရင္ က်န္းမိသားစုကလည္း ဆင္တူတဲ့ အေျခအေနပဲ ျဖစ္ပါလိမ့္မယ္, အၾကီးအကဲလည္း ေသခ်ာေပါက္သိေနမွာပါ!"

မဟာအၾကီးအကဲလန္ယြဲ႔က ေခါင္းညိတ္သည္။

"အထူးအေျခအေနအတြက္ တရားဝင္ေၾကညာခ်က္ မထြက္လာဘူး"

က်န္းယြင္ရွီက ျကားျဖတ္ေျပာသည္။

"အၾကီးအကဲ သတိျပဳမိမလားေတာ့ မသိေပမယ့္ လြန္ခဲ့တဲ့ နွစ္တစ္ရာအတြင္းမွာ ဘယ္သူကမွ တိုက္ၾကီးငါးတိုက္ကေန ေအာင္ေအာင္ျမင္ျမင္နဲ႔ တက္ေရာက္နုိင္သြားတယ္ ဆုိတာ မရွိေသးဘူး,တစ္စံုတစ္ေယာက္က နက္ရွိုင္းဘံုအဆင့္ ထိပ္ဆံုးေရာက္သြားျပီး ကမာၻအဆင့္ဘံုကို ခ်ိဳးျဖတ္နုိင္ခဲ့မယ္ဆိုရင္ေတာင္ ဆင္းရဲဒုကၡ ခံရတဲ့အခ်ိန္မွာ ေသဆံုးျခင္းနဲ႔ပဲ အဆံုးသတ္သြားတာပဲ"

"လြန္ခဲ့တဲ့ နွစ္ေပါင္းမ်ားစြာတုန္းက က်ြန္ေတာ္တို႔မိသားစုထဲက သခင္ၾကီးနွစ္ေယာက္ကို ဒါက တိုက္ၾကီးငါးတိုက္ရဲ႔ ဝိညာဥ္ေျမက အထူးတလွယ္ ျဖစ္ေနတာေၾကာင့္ ျဖစ္လိမ့္မယ္လို႔ ေျပာခဲ့ဘူးတယ္, ဒီေနရာမွာ ပကတိမ်က္စိနဲ႔ မျမင္နုိင္တဲ့ အကာအရံတစ္ခု ရွိေနျပီး ဝင္လို႔ပဲရတယ္ လြတ္ေျမာက္မွုေတာ့ မရနုိင္ဘူး"

"က်ြန္ေတာ့အေဖလည္း တူညီတဲ့စကားပဲေျပာခဲ့တာ" က်န္းယြင္ရွီရဲ႔ မ်က္လံုးမ်ားက နက္နဲသြားရင္းျဖင့္ ျပန္ေျဖသည္။

"ဒါေပမဲ့ နွစ္ေတြေက်ာ္လြန္သြားတာေတာင္ အထက္ဘံုကို တက္ေရာက္နုိင္မယ့္ လမ္းကိုရွာေဖြတဲ့ ေမ်ွာ္လင့္ခ်က္ကို က်ြန္ေတာ္တို႔ မစြန္႔လႊတ္ခဲ့ဘူး, လ်ွိဳမိသားစုနဲ႔ အခ်ိန္တစ္ခ်ို႔ထိေလာက္ ပူးေပါင္းဖို႔အတြက္ေတာင္ ရန္လိုတဲ့ ဆက္ဆံေရးကို ဖယ္ရွားတဲ့အထိ လုပ္ခဲ့တယ္...."

လ်ွိဳေက်ာက္ယြဲ႔က က်န္းယြင္ရွီအား မ်က္ေစာင္းလွည့္ထိုးသည္။

ဘာ, သူတို႔မိသားစုကမ်ား လ်ွိဳမိသားစုနဲ႔ ပူးေပါင္းရတာကို ဘာေတြမ်ား ဆံုးရွံုးရလို႔လဲ?

က်န္းယြင္ရွီရဲ႔ အၾကည့္က နက္ေမွာင္လာသည္။

"ဒါေပမဲ့လည္း က်ြန္ေတာ္တို႔ေတြ အခုထိ လမ္းကိုရွာမေတြ႔ေသးဘူး"

မဟာအၾကီးအကဲလန္ယြဲ႔က စကားျပန္သည္။

"ဝိညာဥ္နယ္ေျမအဆီးအတား မက်ိုးပ်က္သြားသ၍ ထြက္ဖို႔လမ္းမရွိဘူး"

က်န္းယြင္ရွီက ေခါင္းညိတ္၏။

"ဒါေပမဲ့ လြန္ခဲ့တဲ့ နွစ္နွစ္က တစ္စံုတစ္ေယာက္ တိုက္ၾကီးငါးတိုက္ကေန ေအာင္ေအာင္ျမင္ျမင္ ထြက္ခြာသြားနုိင္ခဲ့တယ္, သူက အထက္ဘံုက လူဟုတ္လား မဟုတ္လား ဆိုတာေတာ့ မသိေပမယ့္ လက္ရွိမွာေတာ့ သူက တိုက္ၾကီးငါးတိုက္က မဟုတ္ေလာက္ေတာ့ဘူး"

မဟာအၾကီးအကဲလန္ယြဲ႔၏ မ်က္လံုးထဲတြင္ အနက္ေရာင္ အလင္းတစ္ခ်က္ ျဖတ္ေျပးသြားသည္။

လ်ွိဳေက်ာက္ယြဲ႔က အနည္းငယ္ အံ့ၾသသြားရသည္။ တစ္စံုတစ္ေယာက္က တိုက္ၾကီးငါးတုိက္က ထြက္ခြာသြားလို႔ မဟုတ္ပဲ အဲ့ဒီလူက ဘယ္သူလဲ ဆိုတာကို အတိအက် သိေနေသာေၾကာင့္ပင္။ ဒီကိုလာရတဲ့ ရည္ရြယ္ခ်က္ေတြထဲက တစ္ခုက ထိုလူရဲ႔ အေျခအေနကို နားလည္နုိင္ဖို႔ျဖစ္သည္။ က်န္းယြင္ရွီကလည္း ထိုအေၾကာင္း သိေနမယ္လို႔ မထင္ထားမိေပ။

က်င္းယြင္ရွီက အသက္ကိုျပင္းျပင္းရွဳလုိက္ျပီး မဟာအၾကီးအကဲ လန္ယြဲ႔အား ၾကည့္လုိက္သည္။

"အေရွ႔ဘက္တိုက္မၾကီး ခ်င္ျမိဳ႔ေတာ္က လင္မိသားစုရဲ႔ အရင္သခင္ေလးေဟာင္း လင္က်န္က လြန္ခဲ့တဲ့ နွစ္နွစ္တုန္းက တိုက္ၾကီးငါးတိုက္ကေန ထြက္ခြာသြားခဲ့တယ္, မဟာအၾကီးအကဲ အေနနဲ႔ ဒီကိစၥကို ေကာင္းကင္ရဲ႔ ေျပာင္းလဲမွုကေနမ်ား တြက္ခ်က္ျပီး ေဟာေပးလို႔ ရနုိင္မလား သိခ်င္မိပါတယ္?"

လ်ွိဳေက်ာက္ယြဲ႔က ရုတ္တရက္ ထေျပာသည္။

"မင္းဘယ္လိုသိေနတာလဲ?"

က်င္းယြင္ရွီရဲ႔ မ်က္လံုးထဲက အၾကည့္က ေလးနက္ေနသည္။

"အေပါက္ဝ ပြင့္သြားတဲ့အခ်ိန္မွာ ကၽြန္ေတာ့အေဖလည္း တိုက္တိုက္ဆိုင္ဆိုင္ ရွိေနတယ္, သူက လင္က်န္အဲ့ဒီ ျပင္းထန္တဲ့ေလေပြထဲကို စုပ္ယူခံလိုက္ရတဲ့ ျဖစ္စဥ္တစ္ခုလံုးကို မ်က္ျမင္ေတြ႕လိုက္ရတာ...အဲ့ဒါကဒီအတိုင္း အဲ့ဒီအခ်ိန္တုန္းက က်ြန္ေတာ့အေဖပါ သက္ေရာက္မွဳ ခံလိုက္ရၿပီး ျပင္းျပင္းထန္ထန္ ဒဏ္ရာရသြားတယ္, ႏွစ္ႏွစ္ၾကာ တံခါးပိတ္ တရားက်င့္လိုက္ရတာမို႔လို႔ လြန္ခဲ့တဲ့ ရက္အနည္းငယ္ေလာက္ကမွ ထြက္လာႏိုင္ၿပီး ဒီအေၾကာင္း ကၽြန္ေတာ့ကိုေျပာခဲ့တာ, ကၽြန္ေတာ့ကို နက္႐ွိဳင္းေကာင္းကင္ဂိုဏ္းဆီသြားၿပီး နစ္ႁမွဳပ္ဓားေတာင္ထြတ္ သခင္ဆီကေန ေမးျမန္းစူးစမ္းခိုင္းလိုက္တယ္"

"မင္းအေဖက ဘယ္လိုလုပ္ အဲ့ဒီမွာ တိုက္တိုက္ဆိုင္ဆိုင္ ရွိေနရတာလဲ?" လွ်ိဳေက်ာက္ယြဲ႔ကေမးသည္။

က်န္းယြင္ရွီက ခဏမွ် တိတ္ဆိတ္သြားမိ၏။

"ဘာျဖစ္လို႔လဲဆိုေတာ့ အဲ့ဒီအခ်ိန္တုန္းက ငါ့အေဖက လုပ္ၾကံသတ္ျဖတ္သူတစ္ေယာက္ ျဖစ္ခဲ့လို႔.......ငါ့မိသားစုက အထက္ပိုင္းဘံုကေန နီေစြးေရာင္ သတ္ျဖတ္ျခင္းအမိန္႔ကို လက္ခံရရွိခဲ့ၿပီး အဲ့ဒီအခ်ိန္တုန္းက လင္က်န္နဲ႔ အတူတူရွိေနခဲ့တဲ့ လင္က်န္ရဲ႔ေမြးစားသား ယန္ထ်န္းဟန္ကို သတ္ဖို႔အတြက္ ငါ့မိသားစုကို ေတာင္းဆိုခဲ့တယ္......."

က်န္တဲ့စကားေတြက ေျပာစရာပင္မလိုေတာ့

လွ်ိဳေက်ာက္ယြဲ႔၏ မ်က္လံုးမ်ားက ျပဴးက်ယ္သြားၿပီး အံ့အားသင့္စြာေျပာလာသည္။

"ငါ့မိသားစုလည္း အထက္ဘံုကေန အဲ့ဒီနီေစြးေရာင္သတ္ျဖတ္ျခင္းအမိန္႔ကို တစ္ခ်ိန္တည္းနီးပါးလိုလို ရရွိခဲ့တယ္, ဒါေပမဲ့, သတ္ရမယ့္သူက လင္က်န္!"

စံအိမ္အထက္မွာ ပုန္းခိုေနသည့္ ဝမ္ရိထုန္လည္း မအံ့ၾသပဲ မေနႏိုင္ေတာ့ေပ။

တစ္ခ်ိန္တည္းမွာပင္ ေကာင္းကင္ေၾကးမံုကေန၍ ဝမ္ရိထုန္မွတစ္ဆင့္  Cleansing Inkstone စံအိမ္အတြင္းမွ ေျပာဆိုမႈမ်ားကို အခ်ိန္နဲ႔တေျပးညီ ၾကည့္ေနၾကသည့္ တစ္ျခားတပည့္သံုးေယာက္လည္း ရွိေနသည္။ သူတို႔အားလံုး တစ္ၿပိဳင္နက္တည္းမွာ ၿငိမ္သက္သြားၾက၏။

ခဏတာေလာက္ က်န္းဖုန္းထင္နဲ႔ ဟိုင္ခြမ္းေလာင္တို႔သည္ လင္ရႊမ္းဇီရွိရာကို လွမ္းၾကည့္မိၾကသည္။

လင္ရႊမ္းဇီရဲ႔ မ်က္ႏွာေပၚမွာ သိသာထင္ရွားတဲ့ ေျပာင္းလဲမႈမ်ိဳး မရွိေသာ္လည္း သူ႔လက္ေခ်ာင္းမ်ားကေတာ့ သူ႔လက္ထဲက ခြက္ေလးအား ကြဲအက္သည္အထိ ဆုပ္ကိုင္ၿပီးေနၿပီျဖစ္ၿပီး မၾကာခင္မွာ  အပိုင္းပိုင္းအစစ ကြဲေၾကသြားသည္။

ဟိုင္ခြမ္းေလာင္မွာ ရင္နာသြားရၿပီး မေနႏိုင္စြာပင္ ေတြးမိသည္။ 

ဒါက ေလလံအိမ္ကေန ပိုက္ဆံအမ်ားႀကီး ျခစ္ထုတ္ ဝယ္ထားရတဲ့ ခရမ္းေရာင္ သလင္းေက်ာက္နဂါးခြက္ေလ.... ၿပီးေတာ့ သူအရမ္းႀကိဳက္ေနတုန္းပဲ

သို႔ေပမယ့္ က်န္းဖုန္းထင္ကေတာ့ လက္ကိုင္ပဝါေလး ထုတ္ယူလိုက္ကာ စိုးရိမ္တႀကီးနဲ႔ ေျပာေနသည္။

"ဟြား႐ုန္, လက္ကိုသတိထားေလ"

ဟိုင္ခြမ္းေလာင္က စိတ္ေကာက္သြားေလသည္။

လင္ရႊမ္းဇီက သူ႔ႏႈတ္ခမ္းကို ခပ္ဖြဖြ ဖိကပ္လိုက္ၿပီး သူ႔လက္ထဲက အပိုင္းအစမ်ားအား ပစ္ထုတ္လိုက္သည္။

"ကၽြန္ေတာ္ေတာင္းပန္ပါတယ္, ထိန္းခ်ဳပ္မႈလြတ္သြားတယ္"

ႏွစ္ေပါင္းမ်ားစြာ တိတ္ဆိတ္ေနၿပီးမွ ၎တို႔အား ေပးအပ္လာခဲ့သည့္ နီေစြးေရာင္သတ္ျဖတ္ျခင္းအမိန္႔ ႏွစ္ခုသည္ က်န္းႏွင့္ လွ်ိဳမိသားစုမ်ားကို ထိတ္လန႔္ေစခဲ့သည္။ သို႔ေသာ္လည္း အထက္ဘံုက နတ္ဘုရား မ်ိဳးႏြယ္စုမ်ားနဲ႔ ေပါင္းစည္းထားရသည့္ ေသြးစာခ်ဳပ္သည္ မိသားစုမ်ားကို က်ိန္စာကဲ့သို႔ ခ်ည္ေႏွာင္ထားသည္။

သူတို႔က အနိမ့္ပိုင္းဘံုမွာ ႏွစ္ေပါင္းမ်ားစြာ ေနခဲ့ၾကတာေၾကာင့္ နတ္ဘုရားမ်ိဳးႏြယ္စုက ေပးအပ္လာသည့္ အမိန္႔မ်ားကို လံုးဝခုခံႏိုင္ျခင္း မရွိၾကေပ။ ရလဒ္ကေတာ့ က်န္းႏွင့္လွ်ိဳမိသားစုအေနနဲ႔ လူလႊတ္ရေတာ့သည္။

သို႔ေသာ္ ႏွစ္ေပါင္းမ်ားစြာၾကာၿပီးမွ ႐ုတ္တရက္ေပၚလာသည့္ ထိုနီေစြးေရာင္သတ္ျဖတ္ျခင္း အမိန္႔ႏွင့္ပတ္သတ္၍ မိသားစု ႏွစ္ခုလံုးမွာ သံသယမ်ားရွိေနသည္ကေတာ့ ထင္ရွားသည္။ အမိန္႔က ဘယ္သူ႔လက္က ထြက္လာလဲဆိုတာ ဘယ္သူသိမွာလဲ....ၿပီးေတာ့ အဲ့ဒီအမိန္႔က သူတို႔လက္ေအာက္ခံထားတဲ့ နတ္ဘုရားမ်ိဳးႏြယ္စုေတြက တကယ္လာခဲ့တာလား ဆိုတာေရာ ဘယ္သူသိႏိုင္မလဲ?

သူတို႔ႏွစ္ဖြဲ႔က လင္က်န္နဲ႔ယန္ထ်န္းဟန္တို႔ အျပင္ထြက္ရန္ ထြက္ခြာလာေသာ ေနရာသို႔ ေရာက္ခဲ့ၾကေသာ္လည္း ဘာမွမလုပ္ရေသးခင္မွာပင္ အနက္ေရာင္ဝတ္စံုႏွင့္ အျပာေရာင္မ်က္ႏွာဖုံးမ်ား ဝတ္ဆင္ထားသည့္ လူသတ္သမားတစ္စုက ၎တို႔ကို ၾကားျဖတ္ဟန႔္တားခဲ့သည္။

"အဲ့ဒီအခ်ိန္တုန္းက, ကၽြန္ေတာ့ အႀကီးဆံုးအကိုႀကီးက တစ္စံုတစ္ရာ မွားယြင္းေနတယ္ ဆိုတာကို ခံစားခဲ့ရတာေၾကာင့္ အဲ့ဒီလူေတြကို ေျဖရွင္းတဲ့ေနရာမွာ လင္က်န္ကို ထြက္ၿပီးကူညီေပးခဲ့တယ္" လ်ိဳေက်ာက္ယြဲ႔ကမ်က္ေမွာင္က်ံဳ႔ရင္း စကားဆက္သည္။

"အဲ့ဒီေနာက္ပိုင္းမွာ ကၽြန္ေတာ့အကိုႀကီးက အျပင္းအထန္ ဒဏ္ရာရသြားတာမို႔လို႔ ျပန္ေရာက္တာနဲ႔ တံခါးပိတ္ တရားက်င့္ခဲ့ရတာ, သူထြက္မလာခဲ့ေပမယ့္ အဲ့ဒီတံခါးပိတ္ တရားက်င့္ရာကေန ကၽြန္ေတာ့ကိုေျပာခဲ့တာကေတာ့ လင္က်န္က တိုက္ႀကီးငါးတိုက္ကေန ထြက္ခြာသြားၿပီး အထက္ဘံုကို ေရာက္သြားၿပီတဲ့, အကယ္၍ က်န္းမိသားစုက တပည့္ေတြ အျပင္ဘက္ထြက္လာခဲ့မယ္ဆိုရင္ ကၽြန္ေတာ္လည္း တစ္ခ်ိန္တည္းမွာ ထြက္လာဖို႔ လိုအပ္တယ္လို႔ ေျပာခဲ့တယ္"

က်န္းယြင္ရွီရဲ႔ ႏွလံုးသားထဲမွာေတာ့ လွ်ိဳမိသားစုရဲ႔ အရွက္မဲ့မႈအေပၚ က်ိန္ဆဲေနမိသည္။ ဒါက ရွင္းရွင္းလင္းလင္းကို က်န္းမိသားစုရဲ႔ သတင္း အခ်က္အလက္ ကြန္ရက္အေပၚ အခြင့္အေရးယူေနတာပဲေလ။

က်န္းယြင္ရွီက တည္ၿငိမ္စြာ ထပ္ေပါင္းေျပာသည္။

"တကယ္ေတာ့ အဲ့ဒီအခ်ိန္တုန္းက ကၽြန္ေတာ့အေဖအေနနဲ႔ တစ္ခုခုလုပ္ဖို႔ အခ်ိန္လံုးဝမရွိခဲ့ဘူး....လင္က်န္က ယန္ထ်န္းဟန္ကို လံုျခံဳတဲ့ေနရာတစ္ခုဆီ ခ်က္ခ်င္းပို႔ဖို႔အတြက္ ကူးေျပာင္းမႈတစ္ခုကို သံုးလိုက္တာကိုေတြ႕ေတာ့ ယန္ထ်န္းဟန္ကို သူရွာမေတြ႕ႏိုင္ေတာ့ဘူးဆိုတာကို သိလိုက္တယ္...အဲ့ဒီအခ်ိန္တုန္းက အေဖနဲ႔ လင္က်န္တို႔က အခ်င္းခ်င္း ရန္ၿငိဳးဖြဲ႕ျခင္း မုန္းတီးျခင္း မရွိခဲ့သလို နားမလည္ႏိုင္တဲ့ နီေစြးျခယ္သတ္ျဖတ္ျခင္း အမိန္႔ေၾကာင့္နဲ႔ေတာ့ အျပစ္မဲ့သူေတြကို မသတ္ခ်င္ခဲ့ဘူး....အဲ့ဒါေၾကာင့္ သူက အထက္ဘံုကို စိတ္အေႏွာင့္အယွက္ ျဖစ္ေစႏိုင္တဲ့ ယန္ထ်န္းဟန္က ဘယ္သူလဲဆိုတာကိုသိႏိုင္ဖို႔ လင္က်န္ကို အရင္ရွာရေအာင္ ၾကံစည္ခဲ့တယ္... ဒါေပမဲ့လည္း ကၽြန္ေတာ့အေဖက ကူညီေပးဖို႔ ႀကိဳးစားတဲ့အခ်ိန္မွာ ႐ုတ္တရက္ လင္က်န္ရဲ႔ ေျခေထာက္ေအာက္မွာ ၾကာပန္းအႀကီးႀကီးတစ္ခု ပြင့္လာၿပီး သူ႔ကိုလႊမ္းျခံဳသြားတာကို ျမင္လိုက္ရတယ္ေလ....အဲ့ဒီၾကာပန္းက မဲနယ္ေရာင္ လင္းေနၿပီး မ်က္စိတစ္မွိတ္အတြင္းမွာ အနက္ေရာင္ဝတ္နဲ႔လူေတြအကုန္လံုး ေသြးအႁမွဳပ္ေတြျဖစ္သြားၿပီး ကၽြန္ေတာ့အေဖပါ ေတာ္ေတာ္ေလး ထိခိုက္သြားတယ္"

လွ်ိဳေက်ာက္ယြဲ႔က ေလးနက္စြာ ေခါင္းညိတ္သည္။

"အဲ့ဒါ ကၽြန္ေတာ့အကိုႀကီး ေျပာခဲ့တဲ့ အခ်ိန္နဲ႔အတူတူပဲ....ၾကာပန္းကထြက္လာတဲ့ ေပါက္ကြဲမႈတစ္ခ်က္က အနည္းဆံုး ကမာၻဘံုအဆင့္ က်င့္ၾကံမႈ ရွိတယ္လို႔ေျပာခဲ့တယ္, အဲ့ဒါေၾကာင့္ ၾကာပန္းက လင္က်န္ကို ေခၚသြားတဲ့ေနရာက နယ္ေျမႀကီးကိုးခုပဲ ျဖစ္လိမ့္မယ္လို႔ သူေကာက္ခ်က္ခ်လိုက္တာ"

အေျခခံ သေဘာအရဆိုရင္ အနိမ့္ပိုင္းဘံုက အထူးတလွယ္ သတ္မွတ္ခ်က္ မရွိမျခင္း ကမာၻဘံုအဆင့္ က်င့္ၾကံသူကို လံုးဝလက္မခံထားႏိုင္ေပ။ သို႔ေသာ္လည္း, ထိုသို႔ေသာေနရာမ်ားသည္ ရွာေဖြရန္အလြန္ခက္ခဲၿပီး လက္လွမ္းမမီသေလာက္ျဖစ္ေနသည္။

ထို႔ေၾကာင့္ နက္႐ွိဳင္းဘံုအဆင့္ အထြတ္အထိပ္ကို ေရာက္တဲ့အခ်ိန္မွာ က်င့္ၾကံသူမ်ားအေနနဲ႔ သူတို႔ရဲ႔ က်င့္ၾကံဆင့္ကို ဖိႏွိပ္မလား ဒါမွမဟုတ္ အထက္ဘံုကို တက္လွမ္းမလား ဆိုတာကို ေရြးခ်ယ္ၾကရသည္။

ႀကီးမားတဲ့ ၾကာပန္းႀကီးကေန လင္က်န္ကို ေခၚသြားတဲ့ေနရာက အနိမ့္ပိုင္းဘံုအဆင့္က တစ္ေနရာရာ လံုးဝမျဖစ္ႏိုင္ေပ။

တကယ္ေတာ့လည္း သူတို႔ခန္႔မွန္းခ်က္က မွန္ကန္ေပသည္။

လင္က်န္က နယ္ေျမႀကီးကိုးခုကို သြားခဲ့ျခင္းပင္။

ပြင့္လာသည့္ မဲနယ္ေရာင္ ၾကာပန္းႏွင့္ ပတ္သတ္၍ မဟာအႀကီးအလဲ လန္ယြဲ႔သည္ ၎ဘယ္ကလာသည္ကို ခ်က္ျခင္းသိေသာ္လည္း လူငယ္ႏွစ္ဦး၏ ေမးခြန္းမ်ားကို ေျဖဆိုရန္ အစီအစဥ္မရွိေပ။

ဒါ့အျပင္ က်န္းႏွင့္လွ်ိဳမိသားစုတို႔ရဲ႔ ရည္ရြယ္ခ်က္က လင္က်န္ရဲ႔ လက္ရွိလမ္းေၾကာင္းကို ေျခရာခံရန္ သို႔မဟုတ္ ယန္ထ်န္းဟန္ကို ေနာက္တစ္ႀကိမ္ လုပ္ႀကံရန္ မဟုတ္ဘူးေလ။ တကယ္ေတာ့လည္း လုပ္ၾကံသတ္ျဖတ္သူ တစ္ေယာက္က သူ႔ပစ္မွတ္ကို လူသိထင္ရွား ထုတ္ျပန္လိုက္ျခင္းဆိုသည္မွာ ၎တို႔အေနနဲ႔ တာဝန္ကို စြန္႔လြတ္လိုက္ေၾကာင္း ျပသေနသည္။ 

လွ်ိဳမိသားစုက ယန္ထ်န္းဟန္နဲ႔ လင္ရႊမ္းဇီတို႔ၾကားထဲက ဆက္ဆံေ၇းကို သိေနလိမ့္မည္။ သူတို႔သာ ထက္ျမက္မယ္ဆိုရင္ ဒီလိုမ်ိဳး ေျဗာင္က်က်နဲ႔ လင္ရႊမ္းဇီအား ဆန္႔က်င္မွာမဟုတ္ဘူး။

ထိုမိသားစုမ်ားရဲ႔ ရည္ရြယ္ခ်က္ကေတာ့ အေျခခံအားျဖင့္တူညီၾကသည္။ ၎သည္ တိုက္ႀကီးငါးတိုက္ကေန ဘယ္လိုမ်ိဳး ထြက္ခြာၿပီး အထကိဘံုကို ေအာင္ေအာင္ျမင္ျမင္ တက္ေရာက္ႏိုင္မလဲ သိခ်င္ၾကျခင္းပင္။

က်န္းယြင္ရွီက တကယ္ကို ဒီကိစၥကို ေမးျမန္းခ်င္တာျဖစ္သည္။

လွ်ိဳေက်ာက္ယြဲ႔၏ အမူအယာကို သံုးသပ္ၾကည့္ရရင္လည္း တိုက္႐ိုက္မေမးရင္ေတာင္ သူဒီကို ေရာက္လာတဲ့ ရည္ရြယ္ခ်က္က ေသခ်ာေနသည္။

မဟာအႀကီးအကဲ လန္ယြဲ႔က သူ႔အား ေမွ်ာ္လင့္ခ်က္ႀကီးႀကီးထားၿပီး စိတ္လႈပ္ရွားစြာျဖင့္ ၾကည့္ေနေသာ ဆယ္ေက်ာ္သက္ႏွစ္ေယာက္ကို ေပါ့ပါးစြာ ၾကည့္လိုက္သည္။

"မင္းတို႔ကို အမွန္အတိုင္းေျပာရမယ္ဆိုရင္ တိုက္ႀကီးငါးတိုက္ကေန အထက္ဘံုကို သြားတဲ့လမ္းေၾကာင္းက ပိတ္ဆို႔ေနခဲ့တာ ၾကာလွေနၿပီ"

က်န္းယြင္ရွီက မ်က္ေမွာင္က်ံဳ႔လိုက္ေသာ္လည္း စကားမေျပာေပ။

"အခု တိုက္ႀကီးငါးတိုက္မွာ အခင္းအက်င္းႀကီးတစ္ခုနဲ႔ ဖံုးလႊမ္းေနၿပီး အဲ့ဒါကို ဘယ္သူလုပ္ခဲ့လဲေတာ့ ငါမသိဘူး, ဒါေပမဲ့ ငါဒီကိုေရာက္လာကတည္းက ေကာင္းကင္ကိုတက္တာထက္ အတြင္းပိုင္းကေန ျဖတ္ေက်ာ္ဖို႔က ပိုၿပီးေတာ့ ခက္ခဲတာကို ရွာေတြ႕ခဲ့တယ္"

မဟာအႀကီးအကဲလန္ယြဲ႔က ကိစၥမ်ားအား ေပါ့ပါးလွတဲ့ အမူအယာျဖင့္ ေျပာေနသည္မွာ အဲ့ဒါကသူနဲ႔ဘာမွ မသက္ဆိုင္သလိုပင္။

လင္က်န္က အလြန္တိုက္ဆိုင္မႈတစ္ခုေၾကာင့္ အထက္ကမာၻသို႔ တိုက္႐ိုက္သြားႏိုင္ခဲ့ျခင္းပင္။ သူ႔မွာ ကမာၻအဆင့္ဘံု က်င့္ၾကံသူတစ္ေယာက္ရဲ႔ ဝိညာဥ္ကို ခပ္ႏွိပ္ထားေသာ တံဆိပ္တစ္ခု ရွိေနသည္။ ထိုဝိညာဥ္တံဆိပ္က သူအသက္အႏာၱရယ္ ၾကံဳလာတဲ့အခ်ိန္မွာ တိုက္ႀကီးငါးတိုက္ရဲ႔ ေဝးရာကို ေခၚေဆာင္သြားကာ သူ႔အားထိုဝိညာဥ္တံဆိပ္ကို ပိုင္ဆိုင္ထားသူထံ ျပန္ပို႔ျခင္းျဖင့္ ကာကြယ္ေပးထားတာျဖစ္သည္။

ထိုခပ္ႏွိပ္ထားမႈသည္ နတ္ဘုရားမ်ိဳးႏြယ္စုရဲ႔ တရားဝင္အေမြခံထံမွ ဆင္းသက္လာတာ ျဖစ္ေသာေၾကာင့္ ၎ကို ေကာင္းကင္ဘံုတာအိုကေန အသိအမွတ္ျပဳခဲ့သည္။ ထို႔ေၾကာင့္ တိုက္ႀကီးငါးတိုက္ကို ဖံုးအုပ္ထားသည့္ ႀကီးမားလွေသာ အခင္းအက်င္းႀကီးကပင္ လင္က်န္အား ထိုလူေခၚေဆာင္သြားျခင္းမွ မတားဆီးႏိုင္ခဲ့ေပ။

မဟာအႀကီးအကဲ လန္ယြဲ႔၏ စကားမ်ားသည္ ဆက္ေက်ာ္သက္ေလးႏွစ္ေယာက္ရဲ႔ ႏွလံုးသားကို လွိုင္းထသြားေစခဲ့သည္။ အထူးသျဖင့္ က်န္းယြင္ရွီက အံအားသင့္စြာျဖင့္ ထုတ္ေျပာမိ၏။

"လင္က်န္က အထက္ဘံုက နတ္ဘုရားမ်ိဳးႏြယ္စု တစ္ခုနဲ႔ တကယ္ႀကီး သက္ဆိုင္ေနတာလား? ၿပီးေတာ့ သူ႔မွာ နတ္ဘုရားမ်ိဳးႏြယ္စုဝင္ တစ္ေယာက္ရဲ႔ ဝိညာဥ္တံဆိပ္ ခတ္ထားမႈလည္း ရွိေနတယ္ဆိုေတာ့...သူက ကၽြန္ေတာ္တို႔ ထိေတြ႕လို႔ရတဲ့သူမွ မဟုတ္တာ, ဒါဆို....."

=============

Next Episode

တိုက္ႀကီးငါးတိုက္၏အက်ပ္႐ိုက္မႈ

=============

Continue Reading

You'll Also Like

336K 68.2K 128
🍁බිදී මිය ගිය පැතුම් අභියස...... . . . . . Start - 2023 / 05 / 05 End - 2024 / / .....? 18 + 🔞 Mature
178K 27.3K 65
Author : Bei Nan Status - 62 chapters+3extras I own nothing of this novel. This is just a fan translation. Full credit to the original author and art...
483K 72.5K 149
||Completed|| ရှဲ့ကျစ် မထင်မှတ်ပဲ သူသေဆုံးပြီး ဇာတ်လိုက်ရဲ့မှတ်ဉာဏ်တွေမှာသာ တွေ့ရတဲ့ သေဆုံးပြီးသား ကျေးဇူးရှင် ဇာတ်ကောင်ကြီး အဖြစ်ဝတ္ထုထဲသို့ ကူးပြော...
5.2K 496 4
Original author - 桑沃 Associated name - 无限流玩家退休以后 Type - Web novel Chapters - 98 chapters+ 9 extras Start date - 14 jul 2021 Translated by - A_Yate Ju...