ဟောကြည့်.....
မိုက်ခရိုဖုန်းကို ခပ်ဖွဖွကိုင်လိုက်တဲ့
မေရွက်ဝါရဲ့လက်တွေဟာ ဆက်ခနဲတွန့်သွားမိသည်။
တစ်စုံတစ်ယောက်ရဲ့အကြည့်စူးစူးတွေဟာ
လူကိုဝေခွဲရခက်စေပြန်၏
အမြဲလိုလို မေရွက်ဝါသီချင်းဆိုတိုင်းလာနားထောင်တက်တဲ့နိုင်းဟာ အရင်ထိုင်နေကျခပ်မှောင်မှောင်ထောင့်ဆုံးကခုံမှာပဲရှိနေခဲ့သည်။
ဒီနေ့တော့ အဖြူရောင် shirt အင်္ကျီကိုကြယ်သီးခပ်ဟဟနဲ့ ဝတ်ထားတဲ့ နိုင်းဟာ အလုပ် သို့မဟုတ် ရုံးကပြန်လာတဲ့ပုံပေါ်၏။
စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတဲ့ပုံပေါ်ကာ ဆံပင်တွေဟာ ပွရောင်းရောင်းဖြစ်နေပေမဲ့ မျက်ဝန်းအရောင်တွေဟာအရင်လိုစူးရှဆဲပင်....
နိုင်းရှေ့မှာရှိနေသော
ဝီစကီတစ်ခွက် ထဲကိုရေခဲတုံးလေးတွေနစ်မြုပ်ပျော်ဝင်နေသလိုပင်
မေရွက်ရဲ့ နှလုံးသားဟာလည်း နိုင်းရဲ့ မျက်ဝန်းတွေထဲနက်နက်ရှိုင်းရှိုင်းပျော်ဝင်မိတော့သည်။
တီးလုံးသံလေးစတာတောင်...
လူကအယောင်ယောင်အမှားမှားဖြစ်နေဆဲပင်
နိုင်းကတော့ အေးစက်တည်ငြိမ်စွာပင် ခြေထောက်တွေကို ချိတ်ရင်း အနောက်ကိုခပ်ရို့ရို့မှီကာ မှိုင်းညို့ရီဝေစွာကြည့်နေခဲ့သည်။
I see you calling
I didn't wanna leave you like that
It's five in the morning, yeah, yeah
A hundred on the dash
'Cause my wheels are rolling
Ain't taking my foot off the gas
And it only took the one night
To see the end of the line
Staring deep in your eyes, eyes
Dancing on the edge, 'bout to take it too far
It's messing with my head, how I mess with your heart
If you wake up in your bed, alone in the dark
I'm sorry, gotta leave before you love me
ဒီညမှ ဆိုဖို့ရွေးချယ်ထားတဲ့ သီချင်းက leave before you love me
အဓိပ္ပာယ်ဟာ တမျိုးဖြစ်နေတာကြောင့် အနည်းငယ်တိုနေတဲ့ ဂါဝန်ကိုပင် မသိမသာဆွဲချမိတော့သည်။
သီချင်းသံဆုံးသွားတော့ bar လေးအတွင်းမှာလက်ခုပ်သံခပ်အုပ်အုပ်ဟာထွက်ပေါ်လာခဲ့သည်။
မေရွက်ဝါရင်ခုန်မိသောနိုင်းကလည်း မလှမ်းမကမ်းမှ လက်ခုပ်တီးကာ ပြုံးတောင့်ပြုံးခဲ ပြုံးနေခဲ့သည်။
Back stage ကိုရောက်ရောက်ချင်း
အရောင်တွေလျော့စပြုလာတဲ့နှုတ်ခမ်းသားလေးတွေကိုအရောင်တင်ရင်း
Bar ရဲ့ အရှေ့ဘက်ကိုထွက်လာခဲ့သည်။
ပုံမှန်ဆို မေရွက်ဟာ သီချင်းဆိုပြီးတိုင်း အိမ်ကိုတန်းပြန်လေ့ရှိပေမဲ့
နိုင်းရှိနေတယ်ဆိုတဲ့ အသိနဲ့တင် Bar ရှေ့ကို မရဲတရဲထွက်လာခဲ့သည်။
နိုင်းနဲ့မလှမ်းမကမ်းကထိုင်ခုံပေါ်ထိုင်ချချလိုက်ချင်းပင်
သူမရှေ့ကို Mojito တစ်ခွက်ရောက်လာခဲ့သည်
" ဟိုဘက်ဝိုင်းကဆရာက
အမအတွက်မှာထားပေးတာပါ"
စားပွဲထိုးလေးရဲ့ ခပ်အုပ်အုပ်စကားသံအဆုံးမှတ်မိနေခဲ့သော ကိုယ်နံ့ခပ်သင်းသင်းဟာသူမနှာခေါင်းထဲထိုးဝင်ရစ်တွယ်လာသည်။
သေချာသည်...
နိုင်း... မေရွက်နားကိုရောက်လာခဲ့ပြီ
"ကိုယ်ထိုင်လို့ရမလား"
ထိုင်ရမလားဆိုတဲ့ စကားသံမဆုံးခင်မှာပဲ
သူဟာ မေရွက်ရှေ့က ထိုင်ခုံပေါ်ရောက်နေခဲ့ပြီ...
" ဒီနေ့အတွက်...
ကိုယ့်မှာစကားပြောဖော်သိပ်လိုနေတယ်
မင်းကိုယ့်အတွက်ရှိပေးနိုင်မလား"
တိုးဖွဖွအသံဟာ ဆွဲငင်တဲ့သံလိုက်ဓာတ်တစ်ခုပါဝင်နေခဲ့သည်။
စကားပြောဖော်အဖြစ်ပဲတဲ့လား....
မေရွက်ငြင်းရမလား
လက်ခံရမလား မတွေးတက်တော့
သူ့ရဲ့ လက်ချောင်းရှည်ရှည်တွေဟာ
သူမရှေ့က စားပွဲခုံကို ခေါက်နေခဲ့သည်။
ဆွံ့အနေသောမေရွက်ဝါရဲ့နှုတ်ခမ်းဖျားတွေကိုလည်း နိုင်းကအကဲဖြတ်နေပြန်သည်။
ဘာရယ်မဟုတ် လက်တံဖြူဖြူလေးတွေပေါ်မှ လှုပ်ယမ်းလိုက်တိုင်း မြင်နေရတဲ့ diamond ပုံ tattoo နဲ့အတူ Vein တွေကို အတန်ကြာအောင်ငေးစိုက်နေမိတော့သည်။
"ကိုယ်ကစိတ်သိပ်မရှည်ဘူး...
မင်းလက်မခံရင်လည်းတစ်ခါတည်းငြင်းလိုက်ပါ"
" မေရွက်လက်ခံပါ့မယ်
နိုင်းကိုလက်မခံစရာအကြောင်းမရှိပါဘူး"
ခပ်တိုးတိုးဖြေတော့ သူဟာ မေရွက်ကိုကြည့်ပြီး ခပ်ဖွဖွရယ်သည်။
" ဟုတ်ပြီလေ...
အခုလိုပုံစံနဲ့တော့မရဘူး
မင်း ကိုယ့်ကိုရင်းနှီးစေချင်တယ်"
သူ့ရဲ့အသံဟာ တကယ်ကို deep voice ဖြစ်သည်။
သူဘာလိုချင်တာလဲ မေရွက်ဝေခွဲမရခဲ့
မေရွက်ဟာ သခင်အလိုရှိရာလိုက်လျောမဲ့ကျွန်ယုံငယ်လိုသာ
" ကိုယ် အရမ်းစိတ်ညစ်နေတယ်
စကားနားထောင်ပေးမဲ့သူလိုနေတယ်
ကိုယ့်ရဲ့ဖြစ်တည်မှုကို စိတ်ပျက်စပြုနေပြီ"
ဘာတွေစိတ်ညစ်စရာရှိနေမှန်းမသိပေမဲ့
နိုင်း ကို မေရွက်ဝါငေးစိုက်ကြည့်ရင်းပြူးကြည့်နေခဲ့သည်။
ဒီလောက်ပြည့်စုံနေတဲ့ ဘဝမှာတောင် နိုင်းကမပျော်ရွှင်နိုင်ပဲအလိုမကျဖြစ်နေတာတဲ့လား
အဲ့ဒီညမှာ နိုင်းဟာ အရမ်းသောက်နေခဲ့တယ်
ရှေ့မှာရှိတဲ့ ဝီစကီခွက်ဟာ တစ်ခွက်ပြီးတစ်ခွက်ထပ်လာတယ်
သူပြောတဲ့အကြောင်းအရာတွေကို ဂဃနဏမသိပေမဲ့ မေရွက် အတက်နိုင်ဆုံးမေးခွန်းတွေမမေးပဲနားထောင်ပေးခဲ့တယ်
သူပြောတာ သူ့မိသားစုအကြောင်းများသည်။
နိုင်းက အိမ်မှာအငယ်ဆုံးသား
နိုင်းပုံစံကဇွတ်တရွတ်နဲ့ခပ်ဆိုးဆိုးပုံဆိုပေမဲ့
အဖေ့ရဲ့ထိန်းချုပ်မှုကိုတော်တော်ကြီးကြီးမားမားခံထားရတဲ့ပုံဖြစ်သည်။
နိုင်း ဟာ သူ့အဖေ့ကိုမကျေနပ်ဘူး
သူကိုလည်းသူ့အဖေကသဘောမကျဘူးတဲ့လေ
အဖေစိတ်တိုင်းကျဖြစ်အောင်
ဘယ်လောက်ကြိုးစားကြိုးစား
ဖြစ်မလာတာမို့ပေါက်ကွဲနေပုံရသည်။
နိုင်းကအပေါင်းအသင်းတောင်များများစားစားပင်ရှိပုံ
မရပါ။
အပေါင်းအသင်းထားတာတောင်
သူ့အဖေကမကြိုက်ဘူးတဲ့လေ
" ကိုယ့်အစ်ကိုကိုပဲ အဖေကကြည့်လို့ရတယ်
ကိုယ်ဘယ်လောက်လုပ်ပြလုပ်ပြ
ချီးကျူးတာတစ်ခါမှမရှိဖူးဘူး
မေရွက်ဝါ စဉ်းစားကြည့်
ညီအကိုချင်းတူတူခွဲခြားခွဲခြားနဲ့ဗျာ"
ပါးစပ်ကပြောရင်း လူကလည်းအတော်လေးရီဝေဝေဖြစ်နေပုံပေါ်သည်။
နိုင်း မေရွက်အတွက်မှာပေးထားတဲ့ cocktail တစ်ခွက်ဟာလည်းရေခဲတုန်းပျော်ရည်တွေသာကျန်နေတော့သည်။
ဆိုင်မှာလည်းလူတွေဟာ မရှိသလောက်နည်းသွားသည်။
" မေရွက်ဝါ မပြန်သေးဘူးလား
ညအတော်နက်နေပြီ"
Band မှ lead တီးတဲ့ အကိုတွေဟာ မေရွက်ဝါနဲ့အတူ စားပွဲပေါ်မှာမှောက်နေသော နိုင်းကို မသိမသာအကဲခတ်ရင်းမေးသည်။
" သူက..."
" မေရွက်မိတ်ဆွေပါ"
တစ်ဖက်မှစကားသံမဆုံးခင်မေရွက်ဟာသွက်လက်စွာဖြေမိသည်။
မှောက်အောင်သောက်ထားတဲ့ နိုင်းသည်
ပါလာတဲ့ ဖုန်းတွေ ပိုက်ဆံအိတ်တွေ နာရီတွေကို အခုမှတွေ့သောမေရွက်ဝါနဲ့စိတ်ချလက်ချပင်ဖြစ်သည်။
တကယ်တမ်းမေရွက်ဝါကိုယ်တိုင်လည်း နိုင်းအကြောင်းကိုသေသေချာချာရေရေရာရာဘာမှမသိပါ။
" နိုင်း....."
" နိုင်း"
ခပ်တိုးတိုးခေါ်တော့ မျက်လုံးတွေအသာအယာဖွင့်ကြည့်သည်။
" ဟုတ်သားပဲ ပြန်ရဦးမှာပဲ"
မျက်လုံးတွေကိုပွတ်သပ်ရင်းဖြေတော့
မေရွက်ဝါမျက်လုံးထဲမှာ နိုင်းဟာ တမူထူးခြားစွာ ချစ်ဖို့ကောင်းနေသလိုပင်
" ကားမောင်းတက်လား"
ကားသော့ကိုမေရွက်ဝါရှေ့ကိုထိုးပေးနေတာမို့
အကြောင်သားကြည့်နေမိတော့သည်။
" လိုင်စင်... တော့ရှိပါတယ်..ဒါပေမဲ့"
ငြင်းဖို့ကြိုးစားနေချိန်မှာပဲ
" အဲ့ဒါဆိုရတယ်" ဟုဆိုကာနိုင်းကကားသော့ကိုထိုးပေးတော့လေသည်။
ကား key remote ကကားရဲ့ logo ကိုကြည့်ရင်း မေရွက်ဝါထိပ်ခနဲဖြစ်မိသည်။
နိုင်းရဲ့ကားက Bentley
မေရွက်ဝါအတွက်တစ်ခါမှတို့ထိဖူးဖို့နေနေသာသာ ရုပ်ရှင်ထဲသာမြင်ဖူးသောကားအမျိုးအစားမို့ပိုပြီးလန့်မိသည်။
" နိုင်း ရဲ့ကားက ဈေးကြီးလွန်းတယ်
မေရွက်ကြောင့်တစ်ခုခုဖြစ်သွားရင်"
" ကိုယ်အကူအညီတောင်းတာပါ
အခုအခြေအနေနဲ့ကားမောင်းရင်
နောက်နေ့မင်းသီချင်းတွေနားမထောင်ရပဲဖြစ်သွားလိမ့်မည်"
ခပ်တိုးတိုး သူ့စကားဟာ အမိန့်တစ်ခုလိုပင်
ငြင်းဆန်ခွင့်မရှိအောင် မေရွက်ဝါ နှုတ်ဆိတ်နေမိသည်။
မေရွက်ဟာ သခင်ကြိုးဆွဲရာကမဲ့ ရုပ်သေးရုပ်လေးလိုဖြစ်သွားရတော့သည်။
" ကိုယ့်ကို pullmoon ကိုလိုက်ပို့ပေး"
ကားပေါ်ရောက်တာနဲ့ ထိုင်ခုံပေါ်မှီပြီးစိတ်ချလက်ချအိပ်နေသော နိုင်းကို မေရွက်ငေးကြည့်မိသည်။
" ကျွန်မရှင့်ကို ပြန်ပေးဆွဲမှာမကြောက်ဘူးလား"
မေရွက်ခပ်တိုးတိုးပြောတော့ နိုင်းက ပြုံးသည်။
နိုင်းပြုံးလိုက်တော့ မြင်ရခဲသည့် မေးစိကအချိုင့်ရာသေးသေးလေးကိုလှစ်ခနဲမြင်လိုက်ရသည်။
ထိုအခိုက်အတန့်သည်တဒင်္ဂသာဆိုပေမဲ့
မေရွက်ဝါရဲ့ရင်ခုန်သံကမ္ဘာငယ်လေးထဲမှာတော့
ငလျင်လိုင်းကြီးကြီးတစ်ခုလှုပ်ခက်သွားသလိုပင်ဖြစ်ရတော့သည်။
function တွေများလွန်းသော
ကားကိုသတိကြီးစွာကိုင်တွယ်ရင်း
ကမ္ဘာအေးဘုရားလမ်းအတိုင်းမောင်းလာခဲ့ရင်း
သူမဘဝကိုသူမပြန်တွေးမိသည်။
တစ်ကောင်ကြွက်ဘဝနဲ့နယ်ကတက်လာပြီး
ရုန်းကန်ရတဲ့ အခြေအနေမို့
မတန်တရာရင်ခုန်မိတဲ့ တစ်ဖက်သတ်ရင်ခုန်သံတစ်ချို့ကိုရုပ်သိမ်းရင်း
အရှေ့စူးစူးက မိုးရည်ကြောင့် စိုရွှဲနက်မှောင်နေသော ရန်ကုန်မြို့ရဲ့ကတ္တရာလမ်းတွေကိုသေသေချာချာဖြတ်ကျော်လာခဲ့သည်။
ဆူးလေဘုရားကို မြင်တော့
တစ်ချိန်က အထုတ်ကြီးအထုတ်ငယ်နဲ့အတူ နေပူကျဲကျဲမှာအလုပ်တစ်ခုရဖို့လျောက်ခဲ့ရတဲ့လမ်းတွေသတိရမိသည်။
ရန်ကုန်မြို့ရဲ့ နာမည်ကြီး Hotel မှာ long residence အဖြစ်ရက်ရှည်ငှားနေနိုင်သည့် နိုင်းသည် သာမာန်မဟုတ်တဲ့ အဆင့်အတန်းထဲကလာသည်ဆိုသည်မှာ မေးကြည့်စရာပင်မလိုလောက်ပါ။
မေရွက်ဝါစိတ်ကနိုင်းအပေါ်ထိုအရာတွေကြောင့်ချည်းကပ်ခဲ့တာမျိုးမဟုတ်သလို
နိုင်းမှာထိုဂုဏ်ဒြပ်တွေမရှိရင်ကောင်းသားဟုပင်တစ်ဖက်သတ်တွေးနေမိသည်
" ရောက်ပြီ...မေရွက်ပြန်တော့မယ်နော်"
" မင်းကဘယ်ပြန်မလို့လဲ"
ပိုင်စိုးပိုင်နင်း မေရွက်ရဲ့လက်တွေကို နိုင်းက ဆုပ်ကိုင်ထားခဲ့သည်။
" မေရွက်က လှည်းတန်းမှာနေတာဆိုတော့ ကြုံတဲ့ Taxi ဖြစ်ဖြစ်စီးသွားလိုက်တော့မယ်"
မရဲတရဲနှုတ်ဆက်ရင်း ဆုပ်ကိုင်ထားသောသူ့ရဲ့ လက်တွေဆီမှ မသိမသာရုန်းထွက်နေခဲ့မိသည်။
နိုင်းကတော့ ရုန်းထွက်နေတဲ့ လက်ဖျားလေးတွေကို လုံးဝကိုမသိချင်ယောင်ဆောင်ကာဆုပ်ကိုင်ထားမြဲပင်ဖြစ်သည်။
" ည ၁ နာရီရှိနေပြီ မင်းပြန်မယ်ဆိုတိုင်း
ကိုယ်ကလွှတ်ပေးရမှာလား"
ဇွတ်တရွတ်ဆန်လွန်းလှတဲ့ နိုင်းကို အမှန်အတိုင်းပြောရလျင်မေရွက်တကယ်ကိုလန့်သည်။
စိုးရိမ်ထိပ်လန့်နေတဲ့မျက်လုံးလေးတွေနဲ့အတူ ကြည့်မိတော့
နိုင်းဟာမေရွက်ကို တည်ကြည်လေးနက်စွာစကားဆိုပြန်၏။
" စိတ်ချပါ မင်းခွင့်မပြုရင်
မင်းကိုလက်ဖျားနဲ့တောင်မထိဘူး
မပြန်နဲ့တော့ ဟုတ်ပြီလား"
မေရွက်ရဲ့လက်ကလေးတွေကို ဖျစ်ညှစ်ရင်းပြောနေတာမို့
မေရွက်ဝါဟာ နိုင်းရှေ့မှာနောက်တစ်ကြိမ်ခေါင်းညိတ်လိုက်တော့သည်။
....................
" မင်းရေချိုးချင်လား"
ရောက်ကတည်းက အခန်းထောင့်မှာခပ်ကျုံ့ကျုံ့ထိုင်နေမိသောမေရွက်ဝါသည် နိုင်းရဲ့စကားသံကိုကြားတော့ထိပ်ခနဲဖြစ်သွားသည်။
Shampoo နံ့ခပ်သင်းသင်းနဲ့အတူ ရေချိုးအင်္ကျီကိုခပ်ဟဟထားသောနိုင်းသည် အမူးပြေသွားပုံတော့ရသည်။
" မေရွက် ကရောဘယ်မှာအိပ်ရမှာလဲ"
King size ကုတင်တစ်လုံးသာတွေ့တာမို့ ရင်ခုန်သံတွေဟာထိန်းချုပ်ဖို့ခက်ခဲလာခဲ့သည်။
နိုင်းကမေရွက်ကို ကစားနေတာလား
" ကုတင်ကတော့တစ်လုံးတည်းရှိတယ်"
ဆံပင်တွေကိုသုတ်ရင်း မေရွက်ကိုခပ်ပေါ့ပေါ့သာဖြေနေသည့်နိုင်းကို မေရွက်ဖြင့်နားမလည်နိုင်တော့ပါ။
မိန်းကလေးတွေညလာအိပ်သည့်ကိစ္စသည်နိုင်းအတွက်ထမင်းစားရေသောက်သလိုပင်လွယ်ကူနေခဲ့သလားမသိပါ..
" ဒါဆိုမေရွက် ရေချိုးလိုက်ပါဦးမယ်"
ရှက်ရှက်နဲ့ သူ့ရှေ့ကထွက်ပြေးလာရင်း
ရေချိုးခန်းထဲဝင်လာတော့
bath foam တွေအပြည့်နဲ့ ရေခပ်နွေးနွေးဖြည့်ထားပေးသော bathtub ကိုမြင်လိုက်ရသည်။
ရေချိုးခန်းထဲမှာအသင့်ထားပေးထားသော T shirt နဲ့ ဘောင်းဘီခပ်ပွပွသည်နိုင်းရဲ့အငွေ့အသက်တွေရှိနေသလိုပင်
သွေးအေးပြီး ဇွတ်တရွတ်နိုင်လွန်းသောနိုင်းမှာအခုလိုအလိုက်တသိအပြုအမူတချို့ရှိနေတာတော့မေရွက်အံ့ဩမိပါသည်။
ရေနွေးကန်စိမ်လိုက်တော့လည်း
မနက်ကတည်းကအဆက်မပြတ်ပြေးလွှားနေခဲ့ရသော ခြေထောက်လေးတွေဟာ အညောင်းအညာတွေပြေသွားသလိုပင်
မေရွက်ဝါသည်မနက်ပိုင်းဆို လှည်းတန်းရှိ ပုံနှိပ်တိုက်တစ်ခုမှာအလုပ်ဝင်ရင်း
ညနေပိုင်းဆိုbar တချို့မှာသီချင်းလိုက်ဆိုလေ့ရှိတာမို့ တစ်ခါမှဇိမ်ယူရသည်ဆိုသည်မှာမရှိခဲ့ပါ။
စိမ်ပြေနပြေရေစိမ်ပြီး
မေရွက်ဝါအပြင်ထွက်လာချိန်မှာတော့
နိုင်းဟာ ဆိုဖာပေါ်မှာတင်အိပ်မောကျနေခဲ့သည်။
ခြေလှမ်းကိုခပ်ဖွဖွလျောက်ရင်း
စောင်ကိုယူကာ ခြုံပေးဖို့တွေးလိုက်သည်။
အနားကပ်လာလေ တစ်ဖက်သတ်ရင်ခုန်သံတွေဟာပိုမြန်လာလေဖြစ်သည်။
ရေချိုးအင်္ကျီအောက်မှာတစွန်းတစမြင်နေရသော ကြွက်သားအစိုင်တို့ကို မျက်နှာလွှဲရင်း စောင်ကိုလွှားပေးဖို့ကြိုးစားလိုက်စဉ်
အသာအယာတွေပွင့်လာတဲ့ နိုင်းရဲ့မျက်ဝန်းတွေနဲ့ ထိပ်တိုက်တွေ့ဆုံလိုက်ရတော့သည်။
အဲ့ဒီ့တစ်ခဏမှာ မေရွက်ဝါဟာ တစ်စုံတစ်ယောက်ရဲ့နှုတ်ခမ်းဖျားတွေကို မိုက်မဲရူးသွပ်စွာ အဆင်ခြင်မဲ့စွာနမ်းရှုပ်လိုက်မိတော့သည်။
" နိုင်းကို မေရွက်ခွင့်ပြုတယ်ဆိုရင်ရမလား"
ရုတ်တရက်အနမ်းခံလိုက်ရတာမို့ ကြောင်အမ်းအမ်းဖြစ်နေသော နိုင်းဟာ မေရွက်ရဲ့စကားကြောင့် တအံ့တဩဖြစ်သွားခဲ့တော့သည်။
နောက်တစ်ကြိမ် နှုတ်ခမ်းတွေကိုထိတွေ့စိုးမိုးလိုက်သူကတော့နိုင်းဖြစ်သည်။
စကားတွေများများစားစားမပြောပေမဲ နိုင်းဟာ
မေရွက်ရဲ့ မျက်ဝန်းတွေကိုအတော်ကြာအောင်ငေးစိုက်နေခဲ့သည်။
" မေရွက်လိုချင်တာသေချာလား" တဲ့
တိုးတိတ်ညှင်သာတဲ့စကားလုံးဟာ
လေသံခပ်တိုးတိုးသာဆိုပေမဲ့
နားနားကပ်ပြောလိုက်တာမို့
မေရွက်ရဲ့ လည်ပင်းကလေးဟာ
အလိုလိုပုဝင်သွားမိတော့သည်။
ရင်တွေခုန်ရလွန်းလို့ ခေါင်းတွေညိတ်နေခိုက်
နိုင်းရဲ့ လက်တွေဟာ မေရွက်ရဲ့ ရင်သားတွေအပေါ်ရောက်လာခဲ့တော့သည်။
" အင်းလိုချင်တယ်"
ပါးစပ်ကဖြေရင်းပင်မေရွက်ဟာ
ငုံ့မိုးရင်းမေးနေတဲ့ နိုင်းရဲ့ ရှေ့မှာအသာအယာဒူးထောက်ထိုင်ချလိုက်သည်။
ပုခုံးပေါ်ဖြာကျနေသော မေရွက်ရဲ့ဆံနွယ်လေးတွေသည် ခေါင်းစည်းကြိုးမလိုပါ
နိုင်းရဲ့ လက်တံရှည်ရှည်တွေကြားမှာအပိုအလိုမရှိဆံနွယ်တွေဟာနစ်ဝင်ကာ နေခဲ့တော့သည်။
နှုတ်ခမ်းနှစ်လွာကိုအသာအယာဟလိုက်တော့
နိုင်းဟာ သူ့ရဲ့ ပိုင်နက်ကိုအသာအယာချင်းထိုးထည့်လိုက်တော့သည်။
မျက်ရည်တွေဝေ့ဝဲလာသည်အထိ လည်မျိုကိုထောက်နေသော်လည်း မေရွက် ဟာ ဆက်လက်ပြုစုချင်နေမိသည်။
လည်ပင်းအကြောစိမ်းတွေထောင်လာသည်အထိ
မေရွက်ရဲ့အပြုအစုအောက်မှာ နိုင်းသာယာနေတာမြင်ရတော့ ပါးထက်မှာစီးကျလာတဲ့မျက်ရည်စတွေကိုပင်မနှမျောမိတော့ပါ။
မျက်ရည်တွေဝေ့ဝဲနေသော မေရွက်ရဲ့ပါးပြင်ပေါ်ကို ခပ်ဖွဖွလာကိုင်သောနိုင်းရဲ့ လက်ချောင်းအထိအတွေ့ကို မျက်လုံးမှိတ်ကာခံစားနေခဲ့သည်။
ဒါဟာ နှစ်သိမ့်အားပေးတဲ့ကြင်နာမှုတစ်ခုပင်ဖြစ်သည်
ခွေယိုင်လဲမတက်ဖြစ်နေသော မေရွက်ဝါရဲ့ ခန္ဓာကိုယ်လေးကို နိုင်းဟာအသာအယာပွေ့ယူရင်း အိစက်နေသောမွေ့ရာထက်ကိုတင်လိုက်တော့သည်။
စိုစွတ်နေပြီးသော ယောနိထဲကို တိုးဝင်လာသောအရာသည် မေရွက်ဝါအမြဲလိုလိုငေးကြည့်ခဲ့ရသောလက်ချောင်းရှည်ရှည်တွေဖြစ်၏။
လက်တစ်ဖက်က မေရွက်ကို ကလိနေရင်းပင်
နိုင်း၏နောက်လက်တစ်ဖက်ဟာ condom ကိုစွပ်ဖို့ကြိုးစားနေခဲ့သည်။
အထိအတွေ့တိုင်းမှာ ဆရာကျနေသောနိုင်းဟာ မေရွက်ကိုပြုစားထားသလိုပင်
အဆိပ်တွေရောလည်းရောပါစေ
မေရွက်တော့ဒီနှုတ်ခမ်းတွေကိုမလွန်ဆန်ချင်တော့ပါ
အနမ်းရှည်ရှည်တစ်ခုနဲ့အတူပင်
ပိုင်နက်ကလေးထဲတိုးဝင်လာသော အရာသည်
ညှင်သာသော်လည်းစူးခနဲအောင့်ခနဲ့ဖြစ်စေသည်။
အပေးအယူမျှတသည်ဆိုပေမဲ့လည်း
နိုင်းရဲ့အထိအတွေ့တော်ရုံတန်ရုံအမျိုးသမီးတွေအတွက်
မလွန်ဆန်နိုင်သော ထောင်ချောက်တစ်ခုဖြစ်သည်။
ထိုထောင်ချောက်မှာမိခဲ့ရသည့် သားကောင်ငယ်လေးများထဲတွင် မေရွက်ဝါလည်း အပါအဝင်ဖြစ်သည်။
Zawgyi
ဟောကြည့်.....
နိုင်ကတော့ အေးစက်တည်ငြိမ်စွာပင် ခြေထောက်တွေကို ချိတ်ရင်း အနောက်ကိုခပ်ရို့ရို့မှီကာ မှိုင်းညို့ရီဝေစွာကြည့်နေခဲ့သည်။
I see you calling
A hundred on the dash
" ဟိုဘက်ဝိုင်းကဆရာက
သေချာသည်...
"ကိုယ်ထိုင်လို့ရမလား"
" ဒီနေ့အတွက်...
မေရွက်ငြင်းရမလား
" မေရွက်လက်ခံပါ့မယ်
" ဟုတ်ပြီလေ...
မရပါ။
ညအတော်နက်နေပြီ"
" သူက..."
" မေရွက်မိတ်ဆွေပါ"
" နိုင်း....."
" နိုင်း"
" ကားမောင်းတက်လား"
" မင်းကဘယ်ပြန်မလို့လဲ"
နိုင်းကတော့ မသိမသာရုန်းထွက်နေတဲ့ လက်ဖျားလေးတွေကို လုံးဝကိုမသိချင်ယောင်ဆောင်ကာဆုပ်ကိုင်ထားမြဲပင်ဖြစ်သည်။
....................
" မင်းရေချိုးချင်လား"
" အင်းလိုချင်တယ်"