Candy(U+Z)[Complete]

By The_Little_Fox_1524

622K 44.8K 1.1K

လူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ... More

Part 1
Main Chapter
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Story Note
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28⚠️
Part 29
Part 30
Part 31
Part 32
Part 33⚠️
Part 34⚠️
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41⚠️
Part 43
Part 44
Part 45
Part 46
Part 47
Part 48⚠️
Part 49
Final
Extra (1)
Extra (2)
Extra (3)
ဖတ်ပေးကြပါအုံး
Extra (4)

Part 42

8.5K 608 9
By The_Little_Fox_1524

<Unicode>

"ကွမ်းကွမ်း သား မံမံမစားရင် ပါးပါးမချစ်တော့ပဲနေမှာနော်"

စစ်လျန် စကားဆုံးတာနဲ့ မျက်လုံးဝိုင်းကြီးတွေနဲ့ စူးစိုက်ကြည့်ကာ...

"no..no.."

ဟု တန်းပြန်ပြောတဲ့ ဖရဲသီးလေးကြောင့် ခေါင်းခါမိလေသည်။

၉လသား baby ကွမ်းကွမ်းလေးက အခုဆို အရင်ကထက် ပိုထွားလာတဲ့အပြင် စစ်လျန်ပြောတာကိုလည်း နားလည်နေတာဖြစ်သည်။

အဲ့ပြင် ဒီအရွယ်ကလေးတွေရဲ့ သဘာဝအရ တစ်ချက်တစ်ချက် မက််တပ်ထထရပ်တပ်တာမို့ အရင်တုန်းက ခမ်းနားထည်ဝါတဲ့ စစ်လျန်တို့ ကုတင်ဟာ အခုဆို လေးဘက်လေးလံမှာ အချိတ်အဆက်ပြုလုပ်လို့ရတဲ့ ကော်ပိုက်တန်းလေးတွေ ကလေးကုတင်ကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး တစ်အိမ်လုံးက အခင်းတွေကိုလည်း အကုန် နူးညံ့တဲ့ အခင်းတွေ အဖြစ် ‌ေပြာင်းလဲသွားပြီဖြစ်သည်။

ထိုနည်းတူ သားဟာ တစ်ခါတစ်ရံ စစ်လျန်တို့ထက် စောစီးစွာနိုးနေတက်ပြီး ကုတင်အလည်မှာ ပုံပုံလေးထိုင်နေတက်သည်။

ထိုသို့ထိုင်မနေရင်လည်း ဟိုဆွဲဒီဆွဲနှင့်  လေးဘက်ထောက်ကာ ကုတင်ခြေရင်းရှိ ကော်ပိုက်တန်းလေးရှိရာကို သွားကာ မက််တပ်ရပ်နေလေ့ရှိသည်။

တော်သေးသည်ဟုပဲဆိုရမလား ကွမ်းကွမ်းလေး ထိုသို့ထသွားတိုင်း ကုတင် လေးဘက်လေးလံ ပိုက်ကလေးတွေနဲ့ ကာရံထားတာကိုပဲ ကျေးဇူးတင်ရပေလိမ့်မယ်။

အင်း နောက်တစ်ခုကိုပြောရဦးမယ်ဆို ဖရဲသီးလေးဟာ စကားနည်းနည်းချင်းဆီပြောတက်နေပြီဖြစ်ပြီး စစ်လျန်နှင့် Darlingတို့ကို ကွဲ့ပြားစွာသိရှိနေခဲ့သည်။

ဖရဲသီးလေး၏ ပထမဆုံး စကားပြောတုန်းကဆို စစ်လျန်အား ပါး ဟူသော် ခေါ်သံဖြစ်တာကြောင့် စစ်လျန် ဝမ်းသာလွန်း၍ မျက်ရည်လည်ရွဲ ဖြစ်ခဲ့တာကို သတိရမိသေးသည်။

သို့သော် သားဟာ စကားအများကြီးသိပ်မပြောတက်သေးပေ။

သားသိတဲ့ စကားလုံးဆိုလို့ စစ်လျန်အား ပါး ဟုခေါ်တာရယ် Darlingအား ဒယ် ဟုခေါ်တာရယ်နှင့် yes,noဆိုတာလောက်သာ သေချာကွဲကွဲပြားပြား ပြောနိုင်သေးသည်။

နောက်တစ်ချက် သားကသူအဖေအတိုင်း စိတ်ကြီးကာ ဒီအရွယ်လေးနဲ့ စိတ်တိုတက်သလို ငယ်ငယ်ကထဲကပဲ Alpha ဇာတ်ရုပ်ပြသလားမှတ်ရအောင် အရုပ်တွေကို ပစ်ပေါက်တာတို့ ဖျက်ဆီးတာတို့ ပြုလုပ်တက်သေးသည်။

(A/N  Candy part 1တုန်းက omegaverse အကြောင်းရှင်းပြတုန်းက male omegaကသာ ကလေးမွေးခဲ့ရင် 100% ထိုကလေးဟာ စွမ်းအားကြီးတဲ့ Alphaတစ်ယောက်လို ရွှေရည် အစကထဲက ကြိုရေးထားခဲ့ပါတယ်နော် ဒါ့ကြောင့် ကွမ်းကွမ်းဟာ Alphaဖြစ်ပါတယ် Alphaတောင် dominant Alphaဖြစ်မှာပါ အကယ်၍ ထိုအကြောင်းကိုမေ့နေရင် အပိုင်း၁မှာ ပြန်သွားဖတ်ကြည့်လိုရပါတယ်)

အခုလည်း ထမင်းစားခန်းရှိ ကလေးထိုင်ခုံလေးထက််မှာ သွားရည်ခံလေးနှင့် ထမင်းစားရန်ငြင်းဆန်နေသည့် သားအား စစ်လျန် မချစ်တော့ဘူးဟု့ ချိန်းခြောက်နေရခြင်းပင်။

နောက်ဆုံးတစ်လုပ်သာ ကျန်တော့တာမို့ ချော့မော့ကျွေးနေရတာဖြစ်သည်။

"ဒီတစ်လုပ်ပဲကျန်တော့တာ၊ ပါးပါး ဖရဲသီးလေးက လိမ်မာပါတယ် အာ ဟပါဦး.."

မရမက ချော့မော့ကျွေးပြီးကာမှပဲ ဖရဲသီးလေးအား စစ်လျန် နေလည်စာ ကျွေးပြီးတော့လေသည်။

"မြေးလေးကိုကျွေးပြီးပြီးဆိုတော့ သခင်လေးနေလည်စာ စား‌ေတာ့မလား"

ကွမ်းကွမ်းကို နေလည်စာကျွေးပြီးတာနဲ့ သွားရည်ခံလေးကို ချွတ်ပေးရင်း စနောက်နေတဲ့ စစ်လျန်အား ဦး‌ေလးဖူက ဂရုတစိုက် မေးလာတာကြောင့် ငြင်းဆန်ရလေသည်။

ဒီနှစ်တွေအတွင်းမှာ စစ်လျန်ဟာ အိမ်တော်ထိန်းကြီးအား ရင်းရင်းနှီးနှီး ဦးလေးဖူဟုသာ ခေါ်ဝေါ်ခဲ့လေတော့သည်။

"ကျွန်တော် မစားသေးဘူး ဦးလေးဖူ  ခဏနေ Darling အိမ်ပြန်လာမှပဲ တူတူစားလိုက်တော့မယ် "

"ကောင်းပါပြီ သခင်လေး.."

"ဟုတ်ကဲ့ ဒါနဲ့ ဦး‌ေလးဖူ တို့ရော နေလည်စာမစားကြသေးဘူးလား"

"ဦးလေးတို့က နောက််မှပဲ.."

"နောက််မှပဲမလုပ်ပါနဲ့ ဦးလေးဖူရဲ့ ဘာပဲဖြစ်ဖြစ် Darlingလည်း ပြန်မလာသေးဘူးဆိုတော့ စားနှင့်ကြပါ ကျွန်တော်တို့က ဘာမှမဖြစ်ဘူး"

"ကောင်းပါပြီ ဒါဆိုရင်လည်း သခင်လေးတစ်ခုခုလိုရင် ဦးလေးကို ခေါ်လိုက်ပါ"

"ဟုတ်ကဲ့.."

ဦးလေးဖူကို ပြောပြီးတာနဲ့ စစ်လျန် ကွမ်းကွမ်းလေးကိုချီကာ ခြံထဲဆင်းလာခဲ့တော့သည်။

မြက်ခင်းပြင်တွေ့တာနဲ့ ကိုယ်ပေါ်မှ  ကော့လန်ချနေတဲ့ သားကြောင့် စစ်လျန် ဖြူဖွေးနေတဲ့ ပါးဖောင်းဖောင်းလေးထက်ကို သဘောတကျ နမ်းရှုပ်ရင်း...

"အောက််မဆင်းရဘူး ၊ သားဖိနပ်မပါဘူးလေ.."

စစ်လျန်ရဲ့ စကားအဆုံးမှာ ပါးပြင်အားထိကပ်လာတဲ့ လက်ဖဝါးသေးသေးလေးနှင့်အတူ သေးငယ်တဲ့ခေါ်သံ။

"ပါး.."

"အဲ့လိုခေါ်ပြီး ချွဲလည်းမရပါဘူးဗျာ့"

ချက်ချင်းကို မဲ့ကျသွားတဲ့ မျက်နှာဖောင်းဖောင်းလေးက တစ်ကယ့်ကို အသဲယားစရာပင်။

"ကွမ်းကွမ်း.."

"ပါးပါးရဲ့ ကွမ်းကွမ်းလေး.."

"ဟားဟားး.!"

စစ်လျန် သူဘယ်လောက်ခေါ်ခေါ် အကြည့်လေးတောင် မပေးပဲ မိမိအားစိတ်ကောက်နေတဲ့ ၉လသား babyကွမ်းကွမ်းကြောင့် သဘောတကျကို ‌ေအာ်ရယ်မိလေသည်။

စိတ်ကောက်နေတဲ့ သားက အရမ်းချစ်ဖို့ကောင်းလွန်းလို့ သူဘယ်လိုလုပ်ရမလိမ့်။

အားး စိတ်ရှိတိုင်းသာဆို ပါးပြင်တွေရဲတက်အောင် ဖျစ်ညှစ်ချင်လာပြီ။

ဒီိလိုဆို သူ့Daddyမလာမချင်း စိတ်ပြေမှာမဟုတ်ကြောင့် စစ်လျန် ရင်ခွင်ထဲက ကွမ်းကွမ်းလေးကို စနောက်ရင်း ဒန်းထက််မှာ ထိုင်ရလေသည်။

မကြာပါဘူး ခြံထဲကိုဝင်လာတဲ့ Darling ကားသံကြားတာနဲ့ babyကွမ်းကွမ်းတစ်ယောက် ခေါင်းထောင်လာကာ လက်ကလေးတွေ ကမ်းလာလေသည်။

"ဒယ်..."

"သား Daddyဆီ သွားချင်လို့လား"

"yes"

"ဟုတ်ပါပြီဗျာ့.."

နောက်ဆုံးမှာတော့ စစ်လျန်လည်း တဒယ်တည်း ဒယ်နေတဲ့ သားအား‌ေပွ့ချီကာ Darlingကားရှိရာကို သွားရလေသည်။

Darlingကတော့ သူတို့သားအဖလာတာနဲ့ ကားနောက်ခန်းထဲကနေ ခပ်မြန်မြန်ဆင်းလာကာ စစ်လျန်လက်ထဲမှ သားကိုပွေ့ချီပြီး သားပါးပြင်ကို နမ်းရှုပ်လေတော့သည်။

~ခစ် ခစ်~

စောစောကအထိ စစ်လျန်အား စိတ်ကောက်နေတဲ့ babyကွမ်းကွမ်းက သူ့Daddyလက်ထဲမှာ တစ်ခစ်ခစ် ရယ်သံသေးသေးလေးတွေထွက်ကာ ပြုံးရွင်လို့ပင်။

ထိုနောက််မှ Darlingက လက်တစ်ဖက်က သားကိုပွေ့ချီထားရက်သားနှင့် ကျန်တစ်ဖက်က စစ်လျန်အား သိုင်းဖက်လာလေသည်။

ထိုသို့ သိုင်းဖက်လျက်သားနှင့်ပင် စစ်လျန်နဖူးအား ခပ်ဖွဖွနမ်းရင်း..

"ဒီနေ့ သားက ဂျီကျသေးလား"

"ဟင့်အင်း သားကလိမ်မာပါတယ်"

သို့သော် သားကလိမ်မာကြောင်း စစ်လျန်ထောက်ခံပေးနေစဥ်မှာပဲ သား၏အသံသေးသေးလေးထွက်ပေါ်လာလေသည်။

"ဒယ်..."

"ဟော Daddyမင်းသားလေးက Daddyကို ဘာများပြောချင်လို့ပါသလဲဗျာ့"

"ပါး...nono.."

အားကိုးရာရောက်လာပြီဆိုတာနဲ့ မိမိအား တန်းတိုင်တော့တဲ့ သားကြောင့် စစ်လျန် အံြသသွားရလေသည်။

ကြည့်စမ်း သူ့Daddyကို ပြန်တိုင်နေတာ။

"အဟွန်း လူဆိုးလေး အဲ့လိုတိုင်တယ်ပေါ့"

သားပြောချင်တာကို ရိပ်မိတဲ့ စစ်လျန်က ရယ်ရခက်နေချိန် Darling တစ်ယောက်ကတော့ သားဆိုလိုချင်ကို နားမလည်၍ စစ်လျန်အား မေးဆက်ပြလေသည်။

"honey သားက ဘာပြောတာလည်း"

"အဟွန်း စောစောက ကျွန်တော်တို့ ခြံထဲဆင်းလာရင်း Darling သားက အောက်ဆင်းမလိုလုပ်နေလို့ ကျွန်တော်က ဖိနပ်မပါလို့ မဆင်းရဘူးလို့ တားတာ အဲ့တာကို လူဆိုးလေးက မှတ်ထားပြီး Darlingကိုပြန်တိုင်နေတာ ကြည့်စမ်း"

"ဟားဟား Daddyသားက အလည်လေးပဲ"

~ခစ်~

စစ်လျန် သားရယ်သံကြားတာနဲ့ နှာခေါင်းရှုံ့မိသည်။

"အဟော ရယ်တယ်ပေါ့..လိုက်လည်းလိုက်လွန်းတဲ့ သားအဖတွေ"

"ဟားဟား honey..."

"အင်း အဲ့မှာ သားအဖနှစ်ယောက်လုံး ရယ်နေလိုက်သိလား ကျွန်တော်ကတော့ အိမ်ထဲဝင်ပြီ ဟွန့်"

မိမိတို့ သားအဖအား စိတ်ကောက်ပြီး အိမ်ထဲဝင်သွားတဲ့ honeyကြောင့် ရွမ်းယု ရင်ခွင်ထဲကပြုံးနေတဲ့ သားအား ငုံ့ကြည့်ရင်း....

"သား ပါးပါးက Daddyတို့ကို စိတ်ဆိုးသွားပြီ Daddyတို့ ဘယ်လိုလုပ်ကြမလဲ "

"ပါး.."

"ဟုတ်တယ် သားရဲ့ပါးပါးက စိတ်ကောက်သွားတာ ဒီတော့ Daddyတို့က အလိုက်တသိသွားချော့ရမှာပေါ့ဗျာ.."

~ခစ်..~

"ဟော သားက Daddyပြောတာ နားလည်တာပဲ ကဲ့ ဒီတော့ Daddyတို့အိမ်ထဲ ဝင်ကြရအောင်ဗျာ့.."

------------

"အော့!....ဝေါ့..."

"လန်အာ သားအဆင်ပြေရဲ့လား"

ပိုင်လန်အခု မားတို့အိမ်ကိုရောက်နေတာဖြစ်သည်။

အခုဆို ပိုင်လန်မားတို့ အိမ်က အရင်ရပ်ကွက််မှာမဟုတ်တော့ပဲ လူကြီး၏တိုက်တွန်းချက်ကြောင့် ခြံဝန်းကျယ်ကျယ်နှင့် နှစ်ထပ်တိုက်အိမ်အကြီးကြီးရှိသည့် နေရာကို ပြောင်းရွေ့သွားပြီး မိဘတွေကိုလည်း အလုပ်မလုပ်ခိုင်းတော့ပဲ အိမ်မှာသာ အိမ်စေတွေဖြင့် ကောင်းကောင်းမွန်မွန်စောင့်ရှောက်စေတာ အခုဆို ကွမ်းကွမ်းလေး အသက်လောက်ပင်ရှိပြီဖြစ်သည်။

အရင်ကထဲက ကိုယ့်လက်ကိုယ့်ခြေဖြင့် သွက်သွက်လက်လက် ဖြစ်ချင်တာကို တန်းလုပ်တက်ကြတဲ့ မားတို့ဟာ အခုလို သူများကိုခိုင်းရတော့ အစပိုင်းအဆင်မပြေပေမဲ့ ပိုင်လန်ရဲ့ အေးအေးဆေးဆေးနေစေချင်လို့ ဆိုတဲ့ စကားကြောင့် ဥယျာဉ်လေးပျိုးလိုက် အပင်လေးစိုက်လိုနှင့် အခုဆိုအဆင်ပြေလေသည်။

အဲ့ပြင်တစ်ခါတစ်လေ ပိုင်လန်က ယောက္ခမတွေကို ခွင့်တောင်းကာ မိဘအိမ်ကို တစ်ပတ်လောက်တော့ လာလာနေလေ့ရှိသည်။

ဒီကနေဆို ပိုင်လန် မိဘအိမ်မှာ လာနေတာ ၁ပတ်ပြည့်ပြီမို့ ယောက္ခမတွေရှိရာကို အိမ်ကိုပြန်ရတော့မည်ဖြစ်သည် ။

ဒါ့ကြောင့် မပြန်ခင် မားက သူ့စားချင်တာလေးတွေ ထုတ်ပိုးပေးမယ်ဆိုလို့ မားအား ကူလုပ်ပေးနေပေမဲ့ အစောပိုင်းက မားမြည်းခိုင်းတဲ့ အသားနှပ်ကိုမြည်းကြည့်ပြီးနောက်မှာတော့ ပိုင်လန် နှာခေါင်းထဲ ညီစို့စို့အနံကြီးကြောင့် မခံစားနိုင်ပဲ ဘေစင်ထံပေးကု ထိုးအန်မိလေတော့သည်။

အခုလည်း ပိုင်လန်၏ ထိုအပြုအမူကြောင့် မားကစိုးရိမ်တကြီးမေးနေတာကြောင့် မားစိတ်ပူမှာစိုး၍သာ အဆင်ပြေကြောင်း ပြောရလေသည်။

"အဆင်ပြေတာသေချာရဲ့လား သားရယ်"

"သားတစ်ကယ်အဆင်ပြေပါတယ် မားစိတ်မပူနဲ့တော့နော် "

"အေးပါကွယ် ဒါဆိုလည်း မားဒီအသားနှပ်လေးထုတ်ပိုးပေးပြီးရင် ပြီးပါပြီ"

ပိုင်လန် မားက ထိုဟင်းအား ထုပ်ပိုးပေးမယ်ဆိုတော့ မျက်နှာရှုံ့မိလေသည်။

သူနှာခေါင်းထဲမှာတောင် ညီစို့စို့ အနံ့ကြီးထပ်ရလာသလိုပဲ။

သို့သော် သူငြင်းရင်လည်း မားဝမ်းနည်းသွားမည်ကိုစိုးရိမ်တာကြောင့် ဒီတိုင်းလက်ခံလိုက်ရသည်။

အားလုံးထုတ်ပိုးပြီးတာနဲ့ ပိုင်လန် အိမ်ကလွှတ်လိုက်တဲ့ ကားကိုစီးပြီး အိမ်တော်ကိုသာ ပြန်လာခဲ့လေသည်။

အမှန်ဆို ဒီကနေ လူကြီးလာကြိုမှာဆိုပေမဲ့ စောစောကပဲ အစည်းအဝေး ရှိလို့ မလာနိုင်တော့တာကြောင့် ပိုင်လန်ဘာသာ ပြန်ရခြင်းပင်။

ပိုင်လန်သူ အိမ်ပြန်ရောက်တာနဲ့ ဝန်ထမ်းတွေကို ပစ္စည်းတွေကူသယ်ပေးဖို့ ပြောရင်း ဧည့်ခန်းမှာရှိတဲ့ မား(စစ်လျန် အမေ)ရှိရာကို လျောက်လာခဲ့လိုက်သည်။

"မား သားပြန်ရောက်ပါပြီ"

"ဒီကိုလာပါဦးကွယ်"

ပိုင်လန် မားစကားအတိုင်း အနားကိုသွားထိုင်တော့ မားကပိုင်လန် မျက်နှာအား သေချာစစ်ဆေးရင်း..

"သား မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီ ပြီးတော့ သားမားလည်း စောစောက phဆက်တယ် သားအန်နေလို့ဆို နေမကောင်းဘူးလား သား"

"အာ သားကနေကောင်းပါတယ်မားရဲ့ ဒီတိုင်း အစာမကြေလိုပဲနေမှာပါ မားမစိုးရိမ်ပါနဲ့"

"အို ဒါပေမဲ့လည်း မားကစိတ်မချပါဘူးနော် အဲ့တာကြောင့် ညနေ မားသားအခြေအနေကို စစ်ဆေးဖို့ ပါရဂူကြီးကို အိမ်ခေါ်ထားတယ် "

"မား သားကအဆင်ပြေပါတယ်"

"သားအဆင်ပြေတယ်ဆိုတာ မားပါတယ် ဒါပေမဲ့ မားကစိုးရိမ်လို့ပါ"

ပိုင်လန် သူအဆင်ပြေပမဲ့ လူကြီးက စိုးရိမ်လို့ စီစဥ်ပေးတယ်ဆိုတော့လည်း ငြင်းဆန်လို့မကောင်းတာကြောင့် လက်ခံလိုက်ရလေသည်။

"ဟုတ်ကဲ့ပါ သားနားလည်ပါပြီ"

"အင်း ဒါဆို သားလည်းပင်ပန်းလာတယ်ဆိုတော့ တရေးတမောသွားအိပ်လိုက်ဦးလေ ညနေ ပါရဂူကြီးလာမှ မားလာခေါ်မယ် ဟုတ်ပြီလား"

"ဟုတ်ကဲ့ ဒါဆို သားကိုခွင့်ပြုပါဦး"

ပိုင်လန် မားကိုခွင့်တောင်းပြီး အခန်းရှိရာကို ပြန်တက်လာတုန်းမှာပဲ လူကြီးထံမှ ဖုန်းလာတာကြောင့် ပြုံးမိလေသည် ကြည့်ရတာ မားများ လူကြီးကို phလှမ်းဆက်လေလားမသိ။

📞"Hello"

phကိုင်လိုက်တာနဲ့ တစ်ဖက်ခြမ်းမှ ချက်ချင်း စိုးရိမ်တကြီး မေးမြန်းလာတာကြောင့် ပိုင်လန် ခေါင်းခါမိသည်။

"ကျွန်တော် အဆင်ပြေပါတယ် ဘာမှမဖြစ်ပါဘူးဆို ဒီတိုင်း အစာမကြေယုံလေးပါ"

"အဟွန်း ကျွန်တော်သိပါပြီ ။ ဟုတ် ဒါ့ကြောင့် ဘာမှစိတ်မပူပါနဲ့ မားကညနေ ပါရဂူကြီးကိုခေါ်ထားတယ် သေချာစစ်ဆေးချင်လိုတဲ့လေ"

"ဟုတ်ကဲ့ပါ လူကြီးရဲ့ ၊ ဟုတ် ဒါဆို ကျွန်တော် phချလိုက်တော့မယ် ဒါပဲနော်"📞

------------

"ကွမ်းကွမ်း ပါးစပ်ထဲ လက််မထည့်ရဘူး အဲ့တာ အော့အော့.."

"no.."

"ဟုတ်တယ် အဲ့တာno မလုပ်ရဘူးနော် ကဲ့ လာပါဦး အခုနေလည် သားအိပ်ချိန်ရောက်နေပြီ သားက မအိပ်ချင်သေးဘူးပေါ့"

ကလေးတွေက စောစီးစွာ အိပ်စက်တက်ကြတာမို့ စစ်လျန် နာရီအားတစ်ချက်ကြည့်ကာ နို့တိုက်ပြီး သိပ်လိုက်တော့ အချိန်အပိုင်းအခြား မကြာခင်မှာတင် ကွမ်းကွမ်းလေးက မျက်လုံးလေးတွေစင်းကာ အိပ်ပျော်သွားလေသည်။

အိပ်ပျော်သွားတဲ့ သားကို ကုတင်ပေါ်မှာ သေချာတင်ပေးလိုက်ပြီး ကလေးခြုံစောင် သေးသေးလေးအပေါ်မှ ထပ်တင်ပေးကာ နဖူးလေးကို ဖွဖွလေးနမ်းလိုက််မိသည်။

အပြာရောင် ဝမ်းဆက်လေးနဲ့ ချစ်စရာကောင်းတဲ့ သားအိပ်ပျော်သွားတာ သေချာပြီဆိုတာနဲ့ အခန်းထဲက သားအရုပ်တွေကို တစ်ခုခြင်းပြန်သိမ်းရလေသည်။

ကစားစရာ ခြင်းလေးထဲ အကုန်သိမ်းပြီးသည့်နောက််မှာတော့ Darling တစ်ယောက် အခန်းထဲဝင်ရောက်လာလေသည်။

ထိုနောက််မှာတော့ ပစ္စည်းတွေသေချာစီနေတဲ့ စစ်လျန်အား နောက်ပါးမှ သိုင်းဖက်လေ၏။

စစ်လျန်အစကတော့ ပြန်ဖက််မလိုပဲ သို့သော် မိမိနှင့်သားအား ခဏဟုဆိုကာ အလုပ်ကိစ္စပြောနေသော် မိမိခင်ပွန်း၏ အပြုအမူကိုပြန်သတိရသွားတာနဲ့ အရွဲတိုက်ချင်စိတ်ကလေးက ပေါ်ထွက်လာလေသည်။

"ဟော ကြီးမြတ်လှတဲ့ စီးပွားရေး ဧကရာဇ်ကြီးက အခုလိုလာဖက်နေတယ်ဆိုတော့  အလုပ်တွေပြီးသွားပြီလား"

ရွဲ့တဲ့တဲ့ဖြင့် မေးတဲ့စစ်လျန်၏ စကားအဆုံးမှာ နောက်ပါးထံမှ သဘောတကျရယ်သံကြီးထွက်ပေါ်လာလေသည်။

"ဟားဟား ဇနီးလေးက ကိုယ့်ကိုစိတ်ကောက်နေတာလား"

"ဘာကို ဇနီးလေးလည်း ၊ ပြီးတော့ ဘယ်သူစိတ်ကောက်နေလို့လဲ"

"ဟုတ်ပါတယ် ကိုယ့်ကိုစိတ်ကောက်နေတာပါ ၊ ဒါနဲ့ သားအသံတိတ်နေပါလား"

"မကောက်ပါဘူးဆို၊ ပြီးတော့ ခမ်ဗျားသားက အိပ်ပျော်သွားပြီ ဖယ်ပါဦး ချွေးတွေနဲ့မလို ရေချိုးချင်လို.."

"ခမ်ဗျားသားလို့ မပြောပါနဲ့ အဲ့တာ ကိုယ်တို့သားပါ ပြီးတော့ ကိုယ်မှားပါတယ် ခဏလေးပဲကြာမယ်ထင်ပြီး အဲ့လိုအလုပ်ကိစ္စပဲ စိတ်ရောက်သွားတာ ၊ တောင်းပန်ပါတယ် ကိုယ်အပြု့အမူကြောင့် လျန်အာ ဝမ်းနည်းသွားရပြီ"

မကြားရတာကြာပြီဖြစ်တဲ့ လျန်အာဆိုတဲ့ အခေါ်အဝေါ်လေးကြောင့် စစ်လျန် ဟန်မဆောင်နိုင်ပဲ ပြုံးမိလေသည်။

ထို့နောက််မှာတော့ အနောက်ကိုလှည့်ကာ...

"အလုပ်ကိစ္စဆိုတာ ကျွန်တော်နားလည်ပါတယ် ဒါပေမဲ့ တစ်နေ့လုံး companyမှာအလုပ်လုပ်လာပြီးရင် အိမ်ရောက်ရင်တော့ ကျွန်တော်နဲ့ သားကို အချိန်ပေးသင့်တာပေါ့ ပြီးတော့ သားကအခုချိန်မှာ ငယ်သေးလို့မသိသေးပေမဲ့ နောက်ပိုင်းကြီးလာတဲ့အခါ သု့Daddyက သူ့ကိုမချစ်ပဲ နေတိုင်းအလုပ်ပဲလုပ်နေတယ်ဆိုပြီး အထင်မှားသွားရင် ဘယ်လိုလုပ်မလဲ"

"honeyပြောတာ ကိုယ်နားလည်ပါတယ် နောက်ကိုယ်ဘယ်တော့မှ အဲ့လိုမဖြစ်စေရဘူး ဒါ့ကြောင့်ကိုယ့်ကို ခွင့်လွှတ်ပေးပါ"

"အဟွန်း မျက်နှာချိုလာသွေးနေတာပဲ"

"ဒီတော့ ဟန်ကတော်က ခွင့်မလွှတ်ပေးတော့ဘူးလား"

"ခွင့်လွှတ်တယ် အခုတော့ ဖယ်ပါဦး ကျွန်တော်ရေချိုးချင်လို့"

"အင်း ကိုယ်လည်း ပူနေတယ်ဆိုတော့ ကိုယ်တို့ရေတူတူချိုးကြမလား"

"ဘာ..ဘာကိုရေတူတူချိုးမှာလဲ ဖယ် "

"မဖယ်ပါဘူး လာပါကွာ ချိုးရမဲ့တူတူတော့ ကိုယ်တို့ရေတူတူချိုးကြရအောင်"

စစ်လျန် ပြောမရဆိုမရမိမိ ယောကျာ်းကြောင့် ရုန်းကန်နေတုန်းပဲရှိသေးသည့် ထိုလူဟာ မိမိအား ရေချိုးခန်းထဲ ပွေ့ချီသွားလေပြီဖြစ်သည်။

ထိုနောက််မှာတော့ ကွမ်းကွမ်းလေးနိုးလာချိန်မှာ Daddyရွမ်းယုတစ်ယောက် ကုတင်ပေါ်တက်တက်ခြင်း ခေါင်းအုံးဖြင့် ကောက်ပေါက်ခြင်း ခံလိုက်ရကာ *လူယုတ်မာကြီး*ဟုပင် အမည်တွင်ခြင်းခံလိုက်ရလေသည်။

-----------Candy------------
Love you all
Shwe ye
ကလေးအပိုင်းတွေက နည်းနည်းပျင်းစရာကောင်းနေလည်း အားနာပါတယ် ဒါပေမဲ့ ကွမ်းကွမ်းလေးကို ဖြေးဖြေးချင်း ကြီးစေချင်လို့ပါ

ဒါဆိုချစ်တယ်နော် ကျန်းမာရေးကို ဂရုစိုက်ကြပါ သဲငယ်တို့







<Zawgyi>



"no..no.."



အဲ့ပြင် ဒီအရွယ်ကလေးတွေရဲ့ သဘာဝအရ တစ်ချက်တစ်ချက် မက်တပ်ထထရပ်တပ်တာမို့ အရင်တုန်းက ခမ်းနားထည်ဝါတဲ့ စစ်လျန်တို့ ကုတင်ဟာ အခုဆို လေးဘက်လေးလံမှာ အချိတ်အဆက်ပြုလုပ်လို့ရတဲ့ ကော်ပိုက်တန်းလေးတွေ ကလေးကုတင်ကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး တစ်အိမ်လုံးက အခင်းတွေကိုလည်း အကုန် နူးညံ့တဲ့ အခင်းတွေ အဖြစ်ေ‌ပြာင်းလဲသွားပြီဖြစ်သည်။


ထိုသို့ထိုင်မနေရင်လည်း ဟိုဆွဲဒီဆွဲနှင့်  လေးဘက်ထောက်ကာ ကုတင်ခြေရင်းရှိ ကော်ပိုက်တန်းလေးရှိရာကို သွားကာ မက်တပ်ရပ်နေလေ့ရှိသည်။








အခုလည်း ထမင်းစားခန်းရှိ ကလေးထိုင်ခုံလေးထက်မှာ သွားရည်ခံလေးနှင့် ထမင်းစားရန်ငြင်းဆန်နေသည့် သားအား စစ်လျန် မချစ်တော့ဘူးဟု့ ချိန်းခြောက်နေရခြင်းပင်။








"ကောင်းပါပြီ သခင်လေး.."


"ဦးလေးတို့က နောက်မှပဲ.."

"နောက်မှပဲမလုပ်ပါနဲ့ ဦးလေးဖူရဲ့ ဘာပဲဖြစ်ဖြစ် Darlingလည်း ပြန်မလာသေးဘူးဆိုတော့ စားနှင့်ကြပါ ကျွန်တော်တို့က ဘာမှမဖြစ်ဘူး"


"ဟုတ်ကဲ့.."



"အောက်မဆင်းရဘူး ၊ သားဖိနပ်မပါဘူးလေ.."


"ပါး.."



"ကွမ်းကွမ်း.."


"ဟားဟားး.!"

စစ်လျန် သူဘယ်လောက်ခေါ်ခေါ် အကြည့်လေးတောင် မပေးပဲ မိမိအားစိတ်ကောက်နေတဲ့ ၉လသား babyကွမ်းကွမ်းကြောင့် သဘောတကျကိုေ‌အ်ာရယ်မိလေသည်။



ဒီိလိုဆို သူ့Daddyမလာမချင်း စိတ်ပြေမှာမဟုတ်ကြောင့် စစ်လျန် ရင်ခွင်ထဲက ကွမ်းကွမ်းလေးကို စနောက်ရင်း ဒန်းထက်မှာ ထိုင်ရလေသည်။


"ဒယ်..."


"yes"

"ဟုတ်ပါပြီဗျာ့.."



~ခစ် ခစ်~


ထိုနောက်မှ Darlingက လက်တစ်ဖက်က သားကိုပွေ့ချီထားရက်သားနှင့် ကျန်တစ်ဖက်က စစ်လျန်အား သိုင်းဖက်လာလေသည်။





"ဒယ်..."


"ပါး...nono.."

အားကိုးရာရောက်လာပြီဆိုတာနဲ့ မိမိအား တန်းတိုင်တော့တဲ့ သားကြောင့် စစ်လျန် အွံသသွားရလေသည်။







~ခစ်~



"ဟားဟား honey..."




"ပါး.."


~ခစ်..~


------------

"အော့!....ဝေါ့..."



အခုဆို ပိုင်လန်မားတို့ အိမ်က အရင်ရပ်ကွက်မှာမဟုတ်တော့ပဲ လူကြီး၏တိုက်တွန်းချက်ကြောင့် ခြံဝန်းကျယ်ကျယ်နှင့် နှစ်ထပ်တိုက်အိမ်အကြီးကြီးရှိသည့် နေရာကို ပြောင်းရွေ့သွားပြီး မိဘတွေကိုလည်း အလုပ်မလုပ်ခိုင်းတော့ပဲ အိမ်မှာသာ အိမ်စေတွေဖြင့် ကောင်းကောင်းမွန်မွန်စောင့်ရှောက်စေတာ အခုဆို ကွမ်းကွမ်းလေး အသက်လောက်ပင်ရှိပြီဖြစ်သည်။
















"ဒီကိုလာပါဦးကွယ်"





"မား သားကအဆင်ပြေပါတယ်"







📞"Hello"





------------

"ကွမ်းကွမ်း ပါးစပ်ထဲ လက်မထည့်ရဘူး အဲ့တာ အော့အော့.."

"no.."



အိပ်ပျော်သွားတဲ့ သားကို ကုတင်ပေါ်မှာ သေချာတင်ပေးလိုက်ပြီး ကလေးခြုံစောင် သေးသေးလေးအပေါ်မှ ထပ်တင်ပေးကာ နဖူးလေးကို ဖွဖွလေးနမ်းလိုက်မိသည်။


ကစားစရာ ခြင်းလေးထဲ အကုန်သိမ်းပြီးသည့်နောက်မှာတော့ Darling တစ်ယောက် အခန်းထဲဝင်ရောက်လာလေသည်။

ထိုနောက်မှာတော့ ပစ္စည်းတွေသေချာစီနေတဲ့ စစ်လျန်အား နောက်ပါးမှ သိုင်းဖက်လေ၏။

စစ်လျန်အစကတော့ ပြန်ဖက်မလိုပဲ သို့သော် မိမိနှင့်သားအား ခဏဟုဆိုကာ အလုပ်ကိစ္စပြောနေသော် မိမိခင်ပွန်း၏ အပြုအမူကိုပြန်သတိရသွားတာနဲ့ အရွဲတိုက်ချင်စိတ်ကလေးက ပေါ်ထွက်လာလေသည်။









ထို့နောက်မှာတော့ အနောက်ကိုလှည့်ကာ...










ထိုနောက်မှာတော့ ကွမ်းကွမ်းလေးနိုးလာချိန်မှာ Daddyရွမ်းယုတစ်ယောက် ကုတင်ပေါ်တက်တက်ခြင်း ခေါင်းအုံးဖြင့် ကောက်ပေါက်ခြင်း ခံလိုက်ရကာ *လူယုတ်မာကြီး*ဟုပင် အမည်တွင်ခြင်းခံလိုက်ရလေသည်။

-----------Candy------------
Love you all
Shwe ye


Continue Reading

You'll Also Like

219K 18.1K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...
886K 17.6K 83
ကောင်မလေးကိုချစ်ပါသည်။
333K 20K 42
သစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာ...