Fish Upon the Sky

By linn_slln511

5.9K 178 20

ကျွန်တော်နာမည်က ပီ ကျွန်တော်မှာကြိတ်ကြိုက်နေရတဲ့လူတစ်ယောက်ရှိတယ် သူ့နာမည်ကမာနန်း မာနန်းကအရမ်းချော၊ပေါ်ပြူလာဖ... More

Fish Upon the Sky
အပိုင်း 1 ပြောင်းလဲမှု
အပိုင်း 2
အပိုင်း 3
အပိုင်း 4 ကစ်တီအဖွဲ့ နှင့် ပီ
အပိုင်း 5
အပိုင်း 6
အပိုင်း 7
အပိုင်း 8
အပိုင်း 9
အပိုင်း 10
အပိုင်း 11 အို...လူယုတ်မာ
အပိုင်း 12
အပိုင်း 13
အပိုင်း 15 အတွဲတစ်တွဲအားပေးစားခြင်း

အပိုင်း 14

241 11 1
By linn_slln511

ပီကမာနန်းနဲ့ချိန်းထားတဲ့ဆိုင်ထဲကိုဝင်ဝင်လာချင်းပဲအားလုံးရဲ့အကြည့်တွေကိုသိမ်းပိုက်နိုင်လိုက်တယ်
သူအရမ်းချောနေလို့ပါ....... မဟုတ်ပါဖူး
သူ့ပုံစံကတစ်ယောက်ယောကမြှောက်ပေးလိုက်မှန်းသိသာတယ်
အရူးလိုမျိုးပဲ

''ဟိုလူကိုကြည့်လိုက်ဦး ဘာလို့နေကာမျက်မှန်ကြီးတပ်ထားတာလဲမသိဖူး''

''အေးဟဲ့ တစ်ခုခုဖြစ်နေလို့များလား''

ပီကအဲ့စကားတွေအားလုံးကိုကြားလိုက်တာနဲ့ဒူရမ်ပြောလိုက်တဲ့နံပါတ်၁အချက်ကိုပြန်သတိရလာတယ်

နံပါတ်၁. ကိုယ်ကိုကိုယ်ယုံကြည်မှုရှိရမယ်
            သူများအတင်းပြောတာတွေကိုနားမထောင်နဲ့

ပီကယုံကြည်မှုရှိစွာပဲ နေကာမျက်မှန်ကိုလက်ညိုးနဲ့ပင့်တင်လိုက်တယ်

နံပါတ်၂. မာနန်းနဲ့တွေ့ရင်မိုက်နိုင်သမျှရှယ်မိုက်အောင်နေ

ပီကဆိုင်ထဲကိုတစ်ချက်လောက်ဝေ့ကြည့်လိုက်ရုံနဲ့မာနန်းကိုလှမ်းမြင်လိုက်ရတယ်
မာနန်းနားကိုခပ်မိုက်မိုက်ပဲလျှောက်သွားလိုက်တယ်
သူ့နေကာမျက်မှန်ကိုဇာတ်ကားတွေထဲကလိုယုံကြည်မှုရှိရှိပင့်တင်ဖို့လည်းမမေ့ခဲ့ဖူး

''ဟယ်လို မာနန်း''

''ဟိုင်း ပီ
ပီ ဘာဖြစ်လာတာလဲ''

''ဘာမှမဖြစ်ပါဖူး ဘာလို့လဲ''

''နေကာမျက်မှန်ကြီးတပ်ထားလို့လေ မင်းမျက်လုံးနာနေတယ်လို့ထင်နေတာ''

''ဪ''

''လာ စားပွဲကိုသွားထိုင်ကြမယ်''

နံပါတ်၃. သူကမင်းလက်ကိုအရင်လာမကိုင်ရင်မင်းဘာသာဖန်တီးရမယ်

အရင်ထွက်သွားတဲ့မာနန်းရဲ့လက်ကိုလှမ်းကိုင်လိုက်တယ်
မာနန်းကအံသြသွားတော့ပီလည်းဘာပြောရမှန်းမသိဘဲကြောင်သွားတယ်

''နန်း ငါ့မျက်လုံးတွေကအလင်းဒဏ်မခံနိုင်လို့ငါ့ကိုစားပွဲဆီခေါ်သွားလို့ရမလား ငါချော်လဲမှာဆိုးလို့ပါ''

''အင်း ရပါတယ်''

ပီကမာနန်းနဲ့လက်တွဲထားနိုင်တဲ့သူ့လက်လေးကိုတစ်ချက်လှမ်းကြည့်လိုက်တယ်
ငါဒီလက်ကိုဘယ်တော့မှမဆေးတော့ဖူး

''သတိထားနော် ပီ''

စားပွဲဆီရောက်တော့ပီကဟိုအဖျက်ကောင်ကိုမြင်လိုက်ရတယ်
''မော့ မင်းလည်းလာတာလား ခွေးကောင်''

''ငါ့နာမည်ကဆက်သရား ပြီးတော့ငါဘာလို့လာလို့မရရမှာလဲ မင်းပိုင်တာမို့လို့လား''

ပီကစိတ်ရှုပ်သွားပြီးတော့ဒူရမ်ပြောခဲ့တဲ့စကားအချို့ကနားထဲဝင်လာတယ်

''မင်းအစီအစဥ်ပျက်သွားပြီးတော့ပြိုင်ဘက်ပေါ်လာပြီဆိုရင် မှော်ဆေးရည်ကိုထုတ်သုံးလိုက်''

''ဘာမှော်ဆေးရည်လဲ''

''အရက်''

''ဘာ ငါအရက်မသောက်နိုင်ဖူးလေ''

''မင်းကလည်းကွာ အရက်ကဗိုက်ထဲမှာအစာမရှိမှမူးတာ အစာရှိရင်ဘာမှမဖြစ်ဖူး ငါ့ကိုယုံလိုက်
သောက်ပြီးတော့သတ္တိတွေပြန်စုလိုက် အခက်အခဲအကြီးစားကိိုမင်းကျော်ဖြတ်နိုင်လိမ့်မယ်''

ပီကအရမ်းကိုစိတ်ရှုပ်နေပြီဖြစ်တယ်
အလိုက်ကမ်းဇိုးမသိတဲ့ဆက်သရားကလည်းပီရှေ့မှာမာနန်းနဲ့စကားတွေပြောပြီးရယ်မောပျော်ရွှင်နေကြသေးတယ်
ပီကသူ့ရှေ့ကအရက်ခွက်ကိုကောက်ကိုင်လိုက်တယ် ပြီးတေ့တစ်ခါတည်းမော့ချလိုက်တယ်
ပြီးတော့မော့ဘေးနားကနေမာနန်းကိုခွဲထုတ်လိုက်ပြီး

''မာနန်း ငါတို့အခြားနေရာသွားရအောင်''

နံပါတ်၄. သူနဲ့နှစ်ယောက်တည်းရှိနေပြီဆိုရင်သူ့အပေါ်ကောင်းပေးလိုက်
            သူ့ကောင်းကြောင်းတွေပြောပြီးတော့မင်းအပေါ်ကြွေအောင်လုပ်လိုက်

ပီကမာနန်းရဲ့လက်ကိုဆွဲရင်းအခြားတစ်နေရာကိုသွားဖို့ပြင်လိုက်တယ်
မီးရောင်မှောင်မှောင်အောက်ကအရာအားလုံးကသူ့အတွက်အနှောက်အယှက်တွေပဲ
ကောင်မလေးတစ်ယောက်ကကရင်းနဲ့ ပီကိုဝင်တိုက်သွားသေးတယ်
လဲကျသွားတဲ့ပီကမြန်မြန်ထရင်း သူ့အနောက်ကလူရဲ့လက်ကိုပြန်ဆွဲလိုက်တယ်
မော့နဲ့ခပ်ဝေးဝေးနေရာရောက်ပြီလို့ထင်တဲ့နေရာရောက်တော့ပီက

''မာနန်းကိုငါပြောပြစရာရှိတယ်
ငါ......မာနန်းကိုကြိုက်တယ် ဟိုအရင်ကတည်းကကြိုက်ခဲ့တာ ငါပြောင်းလဲခဲ့တာအားလုံးကမင်းအတွက်ပါပဲ
ငါမင်းတို့ဌာနရှေ့ကိုအမြဲတမ်းရောက်ရောက်လာတယ် ငါပြောင်းလဲခဲ့တယ်
ငါကျောင်းသားကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားတယ်
အဲ့တာအကုန်မာနန်းအတွက်ပါပဲ
ဒါပေမယ့်ငါသိခဲ့ရတယ် အဲ့တာတွေကိုငါကြိုးစားလုပ်နေတာက ငါမာနန်းကိုပြောပြဖို့အတွက်ပဲ
ငါ မာနန်းကိုကြိုက်တယ်''

မာနန်းကသူ့ကိုပြန်ကြိုက်မကြိုက်သိချင်လို့ဒူရမ်ကိုလည်းပီမေးထားပြီးပြီဖြစ်တယ်

''မာနန်းကငါ့ကိုကြိုက်မကြိုက်ဘယ်လိုလုပ်သိနိုင်မှာလဲ''

''အဲ့တာကတော့ သူကအချက်ပြလိမ့်မယ်''

''ဘယ်လိုအချက်ပြမှာလဲ''

''အဲ့တာကိုမင်းနောက်ကျရင်သိလိမ့်မယ်''

''သူအချက်ပြပြီဆိုတာနဲ့ ရှေ့တိုးပြီးတော့သူ့ကိုနမ်းလိုက်တော့''

ပီရဲ့ရှေ့ကလူကပီရဲ့ပါးကိုဖြည်ဖြည့်ချင်းလှမ်းကိုင်လိုက်တယ်
ပီကအရှေ့ကိုတိုးသွားပြီးတော့ သူ့နှုတ်ခမ်းပေါ်ကိုအရင်ဆုံးနမ်းလိုက်တယ်
သူ့နှုတ်ခမ်းတွေကနွေးထွေးတယ် ချိုမြိန်ပြီးတော့နေရောင်ခြည်တွေဖြာကျနေသလိုပဲ
မီးရောင်မှိန်တဲ့ဒီအခန်းထဲမှာသူ့မျက်နှာကိုမမြင်ရတာတောင်ရင်ခုန်နေတုန်းပဲ
ဒီအတိုင်း ဒီအတိုင်း နှုတ်ခမ်းအချင်းချင်းကပ်ထားတာတောင် စတော်ဘယ်ရီသီးတစ်လုံးလိုမျိုးချိုမြိန်တယ်
ငါဒါကိုဘယ်တော့မှမေ့မှာမဟုတ်တော့ဖူး........

@linn_slln511 💙

*Zawgyi*

အရူးလိုမျိုးပဲ








''ဟယ်လို မာနန်း''

''ဟိုင်း ပီ
ပီ ဘာဖြစ်လာတာလဲ''



''ဪ''





''အင်း ရပါတယ်''


''သတိထားနော် ပီ''





''ဘာမှော်ဆေးရည်လဲ''

''အရက်''


သောက်ပြီးတော့သတ္တိတွေပြန်စုလိုက် အခက်အခဲအကြီးစားကိုမင်းကျော်ဖြတ်နိုင်လိမ့်မယ်''



နံပါတ်၎. သူနဲ့နှစ်ယောက်တည်းရှိနေပြီဆိုရင်သူ့အပေါ်ကောင်းပေးလိုက်






''ဘယ်လိုအချက်ပြမှာလဲ''




@linn_slln511 💙

Continue Reading

You'll Also Like

371K 11.6K 84
"I have a secret, a well-kept secret for the last almost seven years. The real reason why I went into hiding." After years in a complicated relatio...
76.4K 2K 30
Izuku Midoriya, neglected and bullied due to his lack of a quirk, endured abuse from his family and friends, especially his twin sister Izumi and Kat...
789K 47.4K 119
Y/N L/N is an enigma. An outgoing, cheerful, smiley teenage boy. Happy, sociable, excitable. A hidden gem in the rough of Japan's younger soccer pl...
736K 20.1K 74
မင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခ...