(Book-2)အမြင့်မြတ်ဆုံး ကောင်း...

By Xiao_Yiii

713K 153K 8.6K

ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာ... More

Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)

Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း

3.1K 664 24
By Xiao_Yiii

Unicode

အခန်း(၃၁၀) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း

ဝမ်ရိထုန်က နှစ်ကြိမ်မျှ ကျွတ်သပ်လေသည်။

"မင်းရဲ့ ဒီလိုကိုးကွယ်မှုမျိုးက အရမ်းမသန်မာသင့်ဘူး, သူတို့ဘာပြောတာလဲ နားထောင်ဖို့က ဘယ်အရာထက်မဆို ပိုပြီးအရေးကြီးတယ်, ဒါ့အပြင်, ငါအဲ့ဒီလိုလုပ်တာ ဒါပထမဆုံးလည်း မဟုတ်တော့ဘူး, အကယ်၍ ဆရာသာ ငါ့ကို နားမထောင်စေချင်ဘူးဆိုရင် ကြိုတင်ပြီး မောင်းထုတ်လိုက်လိမ့်မယ်, ငါတို့နားမထောင်သင့်တဲ့အရာမျိုး ကြားသွားမှာကို စိုးရိမ်မနေနဲ့"

လင်ရွှမ်းဇီ, "...."

ကျန်းဖုန်းထင်မှာတော့ မပြုံးပဲ မနေနိုင်တော့ပေ။

"မင်းရဲ့ ရှက်စရာကောင်းတဲ့ လုပ်ရပ်တွေကို လူသိရှင်ကြားလုပ်မနေနဲ့, မင်းကိုသူစိမ်းရှေ့မှာတင်ပဲ ဆရာက ကော်လာကိုကိုင်ပြီး မောင်းထုတ်ပစ်လိုက်တာလေ, ရက်အနည်းငယ်လောက်တောင် အနက်ရောင် အခန်းလေးထဲမှာ ချုပ်နှောင်ခံရသေးတယ်, အဲ့ဒါကို ဂုဏ်ယူနေသေးတာလား?"

ဝမ်ရိထုန်က မရှက်ယုံတင်မကပဲ ဂုဏ်တောင်ယူနေသေးသည်။ သူကဝံ့ကြွားစွာဖြင့် ပြောလိုက်၏။

"အဲ့ဒါက ဘာများဖြစ်လို့လဲ? ဆရာက ကျွန်တော့လုပ်ရပ်ကို ကျေနပ်နေပြီး တစ်နေ့မှာ ကျွန်တော်က သူမသိအောင် သူ့အခန်းထဲ ချောင်းနားထောင်နိုင်တဲ့အထိ သန်မာလာဖို့ မျှော်လင့်တယ် ဆိုပြီးတော့တောင် အားပေးသေးတဲ့ဟာကို, ဒါက ကျွန်တော်ကြိုးစားနေတဲ့ ပန်းတိုင်ပဲ"

ဟိုင်ခွမ်းလောင်က သူ့ကိုမျက်နှာသာမပေးပဲ ပြန်တုတ်သည်။

"မင်းက? အိမ်မက်မက်နေလိုက်! နောက်ဘဝဆိုရင်တော့ လူဝင်စားဖို့ ပိုပြီးကောင်းတဲ့ ခန္တာကိုယ်ကို ရွေးချယ်ရင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"

ဝမ်ရိထုန်က ထအော်လိုက်ပြီး သူ့ကိုရိုက်နှက်ချင်နေသည်။

ဟိုင်ခွမ်းလောင်က သူ့လက်နက်ကို ထုတ်လိုက်သည်။

"ဆရာက မကြာခင် Cleansing Inkstone စံအိမ်ကို ထွက်ခွာတော့မယ်"

ဝမ်ရိထုန်က မျက်လုံးလှန်လိုက်ပြီး လင်ရွှမ်းဇီအား လှည့်ကြည့်သည်။

"ဆရာတူညီငယ်လေး, မင်းတကယ်ပဲ မသွားဘူးလား?"

လင်ရွှမ်းဇီကပြုံးသည်။

"မသွားဘူး"

ဝမ်ရိထုန်က သူ့လက်ကို ဆုပ်ကိုင်လိုက်၏။

လင်ရွှမ်းဇီ, "....."

ဟိုင်ခွမ်းလောင်က ဝမ်ရိထုန်ရဲ့ လက်ဖဝါးထဲကို ရွှေစလေးတစ်ခု အဆင်သင့် တင်ပေးလိုက်သည်။ ကျန်းဖုန်းထင်လည်း ထုတ်ဖို့ ပြင်လိုက်တဲ့အချိန်မှာ ဟိုင်ခွမ်းလောင်က သူ့လက်ကို ဖိချလိုက်လေသည်။

"အကြီးဆုံးအကိုကြီး, အကိုထုတ်စရာမလိုဘူး, ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်အကုန်ပြောပြမှာပဲဟာ"

ဝမ်ရိထုန်က အသက်ကို ပြင်းပြင်းရှုလိုက်ပြီး အံ့သြချင်ယောင်ဆောင်သည်။

"လခွမ်း! ဟိုင်ခွမ်းလောင်, မင်းကတကယ်ကြီးလား? ဒီလောက် ပိုက်ဆံလေးနဲ့တောင် ငါ့ကိုဆန့်ကျင်နေမှဖြစ်မှာလား? မင်းကငါတို့ထဲမှာ အချမ်းသာဆုံးပဲလေ အဲ့ဒါတောင် ဒီလိုကပ်စေးနဲ ရဲသေးတယ်ပေါ့လေ? ကြောက်စရာကောင်းလွန်းတယ် အရူးကောင်ရဲ့!"

ဟိုင်ခွမ်းလောင်က ပြန်ဖြေသည်။

"မင်းဘာသိလို့လဲ? ငါချမ်းသာနေတယ်ဆိုတာ ပိုက်ဆံတွေအားလုံးကို ဒီလိုမျိုး ချွေတာနေလို့လေ"

ဝမ်ရိထုန်က ငိုသံကြီးနဲ့ အော်လေသည်။

"ငရဲလိုပဲ မင်းကိုငါယုံပါတယ်!"

ကျင်းဖုန်းထင်မှာ အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားရပြီး ဘယ်လိုပဲဖြစ်နေပါစေ ဝမ်ရိထုန်ရဲ့ လက်ဖဝါးထဲကို ရွှေစလေးထည့်ပေးလိုက်သည်။

"သူ့ကိုလစ်လျူရှုထားလိုက်, ငါလည်းဒီလိုစီနီယာအကိုမျိုး တစ်ခါမှ မမြင်ဘူးဘူး"

ဟိုင်ခွမ်းလောင် , ကျွတ်စ်

လင်ရွှမ်းဇီမှာတော့ ရှုပ်ထွေးနေမိသည်။ သူတို့ဘာတွေလုပ်နေမှန်း သူမသိပေ။

ဝမ်ရိထုန်က သူ့ဆီကိုလည်း လက်ဖြန့်လာသည်။

"ငါ့ရဲ့ တိတ်ဆိတ်မှုနဲ့ ငါ့ရဲ့ အလုပ်ကြိုးစားမှုအတွက် ရွှေတစ်စက အခကြေးငွေပါ"

လင်ရွှမ်းဇီက ဒါဘာအတွက်ကြောင့်လဲ ဆိုတာကို မသိပေမယ့် ရွှေတစ်စထုတ်ပြီး ဝမ်ရိထုန်ကိုပေးလိုက်သေးလေသည်။

ဝမ်ရိထုန်က ပျော်ပျော်ရွှင်ရွှင်နဲ့ ပြေးထွက်သွားတော့သည်။

ကျန်းဖုန်းထင်က လင်ရွှမ်းဇီအား ပြုံးပြီးကြည့်သည်။

"မင်းပြီးရင်သိလိမ့်မယ်"

လင်ရွှမ်းဇီက သူ့ရဲ့ သိချင်စိတ်များကို ချိုးနှိမ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်ရသည်။

တောင်ရဲ့အမြင့်က သိပ်ပြီး မပြောပလောက်သော်လည်း ၎င်းသည် အမတများ ရှိခြင်းကြောင့် ကျော်ကြားလေသည်။ ရေအတိမ်အနက်က အရေးမကြီးပေမယ့် နဂါးသာ ထိုနေရာမှာ ရှိနေသ၍ ဝိညာဉ်စွမ်းအင်များ ရှိသည်။

နစ်မြှုပ်ဓားတောာင်ထွတ်မှာ ရွှေနဂါးတွေ မရှိပေမယ့်လည်း အောင်မြင်ကျော်ကြားတဲ့ အမတတစ်ယောက်ရှိနေသည်။ ဒါ့အပြင် ထိုအမတရဲ့ မြူခိုးများက အစစ်အမှန်ဖြစ်ပြီး ဝိညာဉ်ချီများက တောင်ပေါ်မှာ ရစ်ခွေနေတာကြောင့် မြင်ကွင်းက အလွန်လှပပေသည်။

သို့သော်လည်း တောင်ပေါ်ကို ပထမဆုံးအကြိမ် တက်လာတဲ့ လူနှစ်ယောက်ကတော့ လှပမှုကို သတိပြုမိခြင်းမရှိကြတာ ရှင်းလင်းနေသည်။ သူတို့က တစ်ယောက်နဲ့တစ်ယောက် သတိထားနေပြီး အဆက်မပြတ် ပြိုင်ဆိုင်နေကြသည်လေ။ တစ်ခါတစ်လေမှာ ရန်ဖြစ်နေကြပြီး တစ်ခြားအချိန်များမှာတော့ တစ်ယောက်နဲ့တစ်ယောက် အထင်အမြင်သေးကြောင်းအား စကားလုံးများနဲ့ ဖော်ပြနေသည်။

အများစုကတော့ လျှိုကျောက်ယွဲ့က အငြင်းပွားဖို့ စတင်ခြင်းဖြစ်ပြီး ကျန်းယွင်ရှီက ပြန်ပြောဖို့ ငြန်းဆန်ခြင်းသာ။

ထို့ကြောင့် သူတို့တွေ တောင်ထိပ်ပေါ် ရောက်တဲ့အချိန်မှာ ကြိုဆိုသူရောက်နေတာ အချိန်အတော်လေး ကြာသွားခဲ့လေပြီ။

ကြိုဆိုသူက သူတို့ကိုမြင်တာနဲ့ အလေးအမြတ် ပြုလိုက်ပြီး နူးညံ့စွာပြောလာသည်

"အမတ သခင်နှစ်ယောက်ကို ကျွန်တော်နဲ့ လိုက်ခဲ့ပေးဖို့ ဖိတ်ခေါ်ပါတယ်"

ပုံမှန်ဆိုရင် ခက်ခဲတဲ့ ခန္တာအဆင့် ကျင့်ကြံသူများသည် အမတသခင်ဆိုတဲ့ နာမည်အား ခံယူဖို့ မသင့်တော်သော်လည်း လေးစားမှု ပြတဲ့အနေနဲ့ တစ်ချို့လူများက ကျင့်ကြံသူများအား အမတသခင် သို့မဟုတ် အမတများဟု ခေါ်ကြလေ့ရှိသည်။ သို့သော်လည်း , တစ်ချို့လူများက ငြင်းဆန်ကြပြီး သူတို့တွေ မခံယူနိုင်ပါဘူးဟု ပြောကြပေမယ့် တစ်ချို့ကတော့ အဲ့ဒါက အရေးမကြီးပါဘူးလို့ ထင်တဲ့သူများ ရှိနေသလို ဒါက ပညတ်ချက်တစ်ခုပါပဲဟု ထင်ကြသူများလည်း ရှိကြသည်။

သိသာထင်ရှားတာကတော့ ကျန်းယွင်ရှီနဲ့ လျှိုကျောက်ယွဲ့တို့က နောက်ကလူအမျိုးအစားများပင်။

ကျန်းယွင်ရှီက "ကျေးဇူးတင်ပါတယ်" ဟုပြောလိုက်သည်။

"ရပါတယ်ခင်ဗျာ" ကြိုဆိုသူက ပြုံးပြလိုက်၏။

လျှိုကျောက်ယွဲ့ကပြုံးလေသည်။

"နစ်မြှုပ်ဓားတောင်ထွတ်က ကျင့်ကြံဖို့အတွက် တကယ့်ကို ကောင်းတဲ့နေရာ ဖြစ်နေမယ်လို့ မထင်ထားခဲ့မိဘူး....ဒီဓားနဲ့ကောင်လေးကို ကြည့်ပါဦး, သူက ငါအရင်က မြင်ဘူးတဲ့သူတွေထက် ပိုပြီးတော့ မျက်လုံးထဲ ပသာဒဖြစ်စေတယ်" သူက မျက်စိတစ်ဖတ်ပင် မှိတ်ပြလိုက်သေးသည်။

ကြိုဆိုသူသည် မနေနိုင်စွာဖြင့် လျိုကျောက်ယွဲ့အား ကြည့်မိလေ၏။

သူက မဟာအကြီးအကဲ လန်ယွဲ့နောက်ကနေ ကလေးဘဝကတည်းက လိုက်ပါခဲ့ခြင်းဖြစ်ပြီး မဟာအကြီးအကဲလန်ယွဲ့က ငြိမ်သက်အေးချမ်းသော အမျိုးသားတစ်ယောက်ဖြစ်သည်။ တောင်ထိပ်ပေါ်မှာလည်း လာရောက်လည်ပတ်သူ ဘယ်တုန်းကမှ မရှိဘူးတာကြောင့် ထိုဓားနဲ့ကောင်လေးက ဒီကမ္ဘာပေါ်က လူများစွာကို မမြင်ဘူးရှာပေ။ ထို့ကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်သွားရသည်။

ကြိုဆိုသူလေးရဲ့ မျက်နှာက ရုတ်တရက် နီရဲသွားသည်။

"ခင်ဗျား, ဘယ်လိုလုပ်ဒီလိုမျိုး ပြောနိုင်ရတာလဲ?"

လျှိုကျောက်ယွဲ့သည် ဒါက ပျော်စရာကောင်းတယ်လို့ ထင်မိသည်။

"ငါပြောတဲ့ ပုံစံက တစ်ခုခုမှားနေတာ ရှိလို့လား? ငါပြောသမျှအားလုံးက မှန်ကန်ပြီး စိတ်ရင်းမှန်တွေကြီးပဲ, ဒီဝိညာဉ်စွမ်းအင်တောင်နဲ့ ရေတွေကနေ ကြီးပြင်းလာရတဲ့လူတွေက တကယ့်ကို မတူကြဘူး, မင်းရဲ့ မျက်နှာသေးသေးလေးက အရမ်းကိုနူးညံ့လွန်းလို့ ညှစ်လိုက်ရင် ရေတွေထွက်လာတော့မလိုပဲ"

ပြောရင်းဖြင့်ပင် လျှိုကျောက်ယွဲ့က တကယ်ပဲ လက်ကိုမြှောက်လိုက်၍ ကြိုဆိုသူလေးရဲ့ မျက်နှာအား ညင်ညင်သာသာ ဆွဲညှစ်လိုက်လေသည်။

ထိုဆွဲညှစ်မှုက သူ့မျက်နှာကို ဖြတ်သွားတဲ့ငှက်မွှေးလေးတစ်ခုလိုမျိုး ကလိကလိနဲ့ နှလုံးသားတစ်ခုလုံးကို ထိတ်လန့်သွားစေသည်။ ကြိုဆိုသူလေးက ဒီလိုစနောက်မှုမျိုးကို ဘယ်လိုများ ခံနိုင်ရည်ရှိပါ့မလဲ? သူ့ပါးပြင်က ဝိုင်နီစီးကြောင်းလိုမျိုး နီမြန်းလာပြီး လုံးဝကို ဘာပြော၇မှန်းမသိ ဖြစ်သွားသည်။ ခဏလောက်ကြာတဲ့အထိ ဘာဆက်ပြောရမှန်း မသိတော့ပေ။

ကျန်းယွင်ရှီကတော့ ဆက်မကြည့်နိုင်တော့။ သူကအေးစက်စက်ပြောလိုက်သည်။

"မင်းကလုံးဝ မပြောင်းလဲသေးဘူး, မြင်လိုက်တဲ့လူတိုင်းကို အခွင့်အရေး ယူချင်နေတယ်, မင်းအခုနစ်မြှုပ်ဓားတောင်ထွတ်ပေါ် ရောက်နေတာတောင် ဂုဏ်ယူဝံ့ကြွားနေတုန်းပဲ, မဟာအကြီးအကဲ လန်ယွဲ့ကို ဆန့်ကျင်မိပြီး တောင်အောက်ကို ပစ်ချခံလိုက်ရမှာ မကြောက်ဘူးလား?"

ထိုစကားကိုကြားတော့ လျှိုကျောက်ယွဲ့က သူခိုးလူပြန်ဟစ်သည်။

"အနည်းဆုံးတော့ငါက လူတွေကို စိတ်ရင်းနဲ့ ဆက်ဆံတဲ့ အချစ်သမားလေးတစ်လောက်လေ, မင်းလိုမျိုး လူကောင်းယောင်ဆောင်ပြီး တကယ်တမ်း နှလုံးသားက မှောင်မိုက်နေတဲ့ ကြောင်သူတော်ကမှ ကိုယ့်ကိုကိုယ် ပိုပြီးစမ်းစစ်လေ့လာသင့်တာ, ကောင်းမွန်တာ တစ်ခုခု မလုပ်နိုင်လည်း ထွက်လာပြီး စိတ်ပျက်စရာ တည်ရှိမှု လုပ်မနေနဲ့လေ"

ကျန်းယွင်ရှီက ပြက်ရယ်ပြုသည်။

"မင်းကများ စိတ်ရင်းမှန်တယ်? မင်းက တာအိုအဖော်ကို အဝတ်လဲသလို ပြောင်းလဲနေတာ, အကယ်၍ မင်းသာ စိတ်ရင်းမှန်တယ်ဆိုရင် ဝက်တွေတောင် သစ်ပင်တက်နိုင်နေလောက်ပြီ!"

လျှိုကျောက်ယွဲ့က သူ့ကိုအေးစက်စက် တစ်ချက်ကြည့်သည်။

"မင်း ဂုဏ်သရေရှိတဲ့င့ါအတွက် ဒီစကားတွေကို ရှင်းလင်းပေး — တာအိုအဖော်ဆိုတာ တာအိုအဖော် အခန်းအနားပြီးမှ ကောင်းကင်ဘုံက အသိအမှတ်ပြုတာ, ငါမိတ်ဆွေဖွဲ့တဲ့ သူတိုင်းကို ငါ့ရဲ့တာအိုအဖော်လို့ မခေါ်ဘူး"

ကျင်းယွင်ရှီကသူ့ကို အေးစက်စက်တစ်ချက်ကြည့်သည်။

"ငါကတော့ မင်းလိုလူမျိုးနဲ့ စကားတစ်ခွန်းပြည့်အောင်တောင် မပြောချင်ဘူး"

"ဟန့်! ပြန်ပြောရမယ်ဆိုရင်လေ" လျှိုကျောက်ယွဲ့က ခွန်းတုန့်ပြန်သည်။

"အစောတုန်းက ဘယ်ခွေးလဲမသိဘူး ဂုဏ်သရေရှိတဲ့ငါ့ကို အရင်လာပြောနေတာ?"

ကျန်းယွင်ရှီသည် ထိုလူအား ရိုက်နှက်ပစ်လိုက်ချင်သည်။

ဓားကိုင်ထားတဲ့ ကောင်လေးက အခြေအနေကို ကြည့်နေပြီးနောက် ချက်ချင်းရပ်တန့်စေလိုက်သည်။

"အမတသခင်နှစ်ယောက်ခင်ဗျား, ကျေးဇူးပြုပြီး အရင်ဆုံး သည်းခံကြပါဦး, အသျှင်ကိုယ်တော်မြတ်က သူ့နယ်မြေအောက်မှာ ဆူညံတာကို မကြိုက်ဆုံးပဲ, ကျွန်တော်တို့က နစ်မြှုပ်ဓားတောင်ထွတ်ပေါ် ရောက်နေပြီဖြစ်တာကြောင့် ခင်ဗျားတို့ရဲ့ လှုပ်ရှားမှတိုင်းက တောင်ထွတ်သခင်ရဲ့ ထိန်းချုပ်မှုထဲမှာ ရှိနေပါတယ် အဲ့ဒါကြောင့် စိတ်ကိုလျော့ကြပါ"

ကျန်းယွင်ရှီက သည်းခံလိုက်တော့သည်။

လျှိုကျောက်ယွဲ့ကတော့ စိတ်အခြေအနေ ကောင်းနေ၏။ သူက သူ့ရဲ့ ဖီးနစ်မျက်လုံးများဖြင့် ဓားနဲ့ကောင်လေးအား ထိပ်တိုက်ဆိုင်လိုက်သည်။

"ဒီက အမတလူကြီးမင်းလေးပဲ ငါ့ကိုဂရုစိုက်တယ်, အမတလူကြီးမင်းလေးက တကယ်ကို သီလရှိတဲ့ အလှလေးတစ်ပါးပါပဲ... မဟာအကြီးအကဲ လန်ယွဲ့နဲ့ ဆွေးနွေးမှုပြီးသွားရင် ဒီတောင်ထွတ်တစ်လျှောက် လိုက်ပြပေးပါလား? ဒီနေရာက ဝိညာဉ်ချီတွေက အရမ်းကို ကြွယ်ဝလှတယ်လို့ ထင်မိတယ်, ကန်နဲ့တောင်တန်းတွေရဲ့ မြင်ကွင်းက တစ်ခုနဲ့တစ်ခု သဟဇာတဖြစ်နေပြီး ပြီးပြည့်စုံနေစေတယ်, ငါတကယ့်ကို မကြိုက်ပဲ မနေနိုင်တော့ဘူး"

ဓားကိုင်ထားတဲ့ ကောင်လေးသည် ပြုံးပြီးပြောနေသည့် လျှိုကျောက်ယွဲ့၏ ကြည်လင်လှသော အသံကိုနားထောင်နေမိသည်။ သူက ထိုဆွဲဆောင်မှုရှိလှတဲ့ ခန္တာကိုယ်နဲ့ ညှို့အားပြင်းတဲ့ အသွင်အပြင်အား ကြည့်လိုက်၏။ ဒီလိုမျိုး တစ်ခါမှ အဆက်အဆံ မခံဘူးတဲ့ ကြိုဆိုသူလေးမှာတော့ ရုတ်တရက် သူ့ရင်တွေ ဝုန်းဒိုင်းကြဲသွားသလို ခံစားလိုက်ရသည်။ သူ့ပါးပြင်ပေါ်က ရှက်သွေးဖြန်းမှုက မပျောက်ကွယ်တော့ပေ။

အနည်းငယ် ရှက်ရွံ့သလို ခံစားရင်းဖြင့်ပင် အလျင်အမြန် ပြန်ဖြေမိသည်။

" ကျွန်တော်ပြီးရင် အားတာနဲ့ လိုက်ပြပေးပါ့မယ်"

လျှိုကျောက်ယွဲ့ရဲ့ အပြုံးက ကျယ်ပြန့်လာပြီး ပြောပြမရသည့် ဂုဏ်ယူမှုနဲ့ ပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။

ကျန်းယွင်ရှိက ထိုအချင်းအရာကိုမြင့်တော့ သူ့နှလုံးသားသည် မီးဖိုတစ်ခုလိုပင် ဖြစ်လာရသည်။ ဒီကမ္ဘာပေါ်မှာ လျှိုကျောက်ယွဲ့ထက်ပိုပြီး အရှက်ကင်းမဲ့တဲ့သူမျိုး မရှိတော့ဘူးဟု ခံစားလိုက်ရသည်လေ။

"သူက လူကောင်းမဟုတ်ဘူး, သူနဲ့ဝေးဝေးနေ" ကျန်းယွင်ရှိက သူ့ရှေ့က ကလေးအား အေးစက်စက်ပြောလိုက်သည်။

ကောင်ငယ်လေးက ထိတ်လန့်သွားပြီး လျိုကျောက်ယွဲ့အား ကြောက်လန့်နေတဲ့ သမင်လေးလိုမျိုး အလျင်အမြန် ပြန်ကြည့်ကာ စိတ်ရှုပ်ထွေးသွားရှာသည်။

လျှိုကျောက်ယွဲ့ရဲ့ မျက်နှာက မဲမှောင်သွားသော်လည်း နူးညံ့ညင်သာတဲ့အပြုံးကို ဆင်မြန်းထားဆဲပင်။

"ငါကကောင်းလား မကောင်းဘူးလားဆိုတာက အရင်ဆုံး အဆက်အသွယ် လုပ်ကြည့်မှ သိနိုင်မှာပေါ့, တစ်ချို့လူတွေက တစ်ခြားသူကို ကောင်းကောင်း မဆုံးဖြတ်နိုင်ကြဘူး အဲ့ဒါကြောင့် သူတို့က အမြဲတမ်း ဆဲဆိုနေတတ်တယ်, အဲ့ဒီလို လူမျိုးကလေ တကယ့်ကို ဝမ်းနည်းစရာလည်းကောင်း သနားစရာလည်း ကောင်းလှတယ်လေ, အမတလူကြီးမင်းလေးအနေနဲ့ လူပြောသူပြောတွေကို နားမထောင်သင့်ဘူး, မဟုတ်ရင် ငါဝမ်းနည်းရမှာ"

ဓားနဲ့ကောင်လေးက အလျင်စလို လက်ကိုယမ်းခါပြသည်။

"ခင်ဗျားတို့ တောင်ဂိတ်တံခါးဝက ထွက်သွားတာနဲ့ ကိုယ့်ကိစ္စကိုယ်ရှင်းလို့ရပါတယ်, အသျှင်ကိုယ်တော်မြတ်ကြီးကို စိတ်ရှုပ်အောင် မလုပ်နဲ့, မဟုတ်ရင် ဘယ်သူမှ မကူညီနိုင်ဘူး"

လျှိုကျောက်ယွဲ့နဲ့ ကျန်းယွင်ရှိတို့က တစ်ယောက်နဲ့တစ်ယောက် အကြည့်ခြင်းဖလှယ်မိကြပြီး အချင်းချင်းရဲ့ မျက်လုံးထဲမှာ အထင်အမြင်သေးခြင်းကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

တောင်ရဲ့ ထိပ်ဖျားတွင် အစစ်အမှန် ဂိတ်တံခါးဝကို ရောက်ရန်အတွက် တောင်ထိပ်နှစ်ခုကြားရှိ တံတားကိုဖြတ်ရမည်။

လျှိုကျောက်ယွဲ့နဲ့ ကျန်းယွင်ရှီတို့သည် ထပ်ပြီးစကားမပြောရဲကြတော့ပေ။ သူတို့က "Cleansing Inkstone စံအိမ်" ဟုခေါ်သော ခြံဝင်းအား ကောင်လေးနောက်ကနေ လိုက်ပါလာကြသည်။

ခြံဝင်းထဲမှာတော့ မဟာအကြီးအကဲ လန်ယွဲ့က စံအိမ်ထဲမှာ ထိုင်နေပြီဖြစ်ပြီး ကြည့်ရတာ သူတို့ရောက်လာမှာကို စောင့်နေသလိုပင်။

မဟာအကြီးအကဲလန်ယွဲ့က အစောပိုင်းကတည်းက အောင်မြင်ကျော်ကြားခဲ့တာဖြစ်သည်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူနဲ့ကျန်းယွင်ရှီရဲ့ အဖေတို့က ဆက်ဆံရေးများစွာ ရှိကြသည်။ သို့သော်လည်း မဟာအကြီးအကဲလန်ယွဲ့က တောင်ပေါ်ကနေ ထွက်ခွာခြင်း မရှိတော့ပဲ တောင်ပြင်ပအား ထွက်လာခြင်း မရှိတော့ပေ။ ထို့ကြောင့် သူနဲ့တွေ့ဆုံခွင့်ရတဲ့လူတွေက နည်းသထက် နည်းလာခဲ့သည်။

လူငယ်မျိုးဆက်သစ် နှစ်ယောက်အနေနဲ့ ဆိုရင်တော့ ပိုလို့ပင် ဆိုးဝါးကြပြီး သူတို့က သူ့ကိုနာမည်ကလွဲရင် မသိကြပေ။

မြင်မြင်ချင်းမှာပဲ လျှိုကျောက်ယွဲ့၏ နှလုံးသားထဲမှ အနည်းငယ် ပေါ့ပျက်ပျက် နိုင်မှုနဲ့ ထူးဆန်းသော သဘောသဘာဝများအားလုံး လွင့်စင်သွားတော့သည်။ မဟာအကြီးအကဲလန်ယွဲ့က အဝေးကကြည့်ရင် လှပတဲ့ ရှုခင်းတစ်ခုနဲ့ တူတယ်ဟု သူထင်မိသည်။

အဝေးကကြည့်ရုံနဲ့တင် လှောင်ပြောင်မှု မလုပ်ရဲလောက်သော အမတစ်ယောက်ထက် သာလွန်သည့် သဘောသဘာဝကို ထုတ်ဖော်ပြသနေသည်။

မဟာအကြီးအကဲလန်ယွဲ့သည် ကျန်းယွင်ရှီက အပိုလူတစ်ယောက် ခေါ်လာတာအား ဂရုစိုက်ပုံမပေါ်ပေ။

သူက ဦးညွှတ်နှုတ်ဆက်လာသည့် လူငယ်လေးနှစ်ယောက်အား သူ့ရှေ့က အခင်းပေါ်တွင် ထိုင်ခွင့်ပြုလိုက်သည်။ သူ့အကြည့်က နှစ်ယောက်လုံးပေါ်ကို ဖြတ်ကျော်သွားပြီးနောက် သူတို့ရဲ့ လည်ပတ်ရောက်ရှိလာသည့် အကြောင်းအရင်းအား မေးဖို့အတွက် အလျင်မလိုပေ။ အဲ့ဒီအစား, လူငယ်မျိုးဆက်သစ်များနဲ့ စကားစမြည်ပြောသော အကြီးအကဲတစ်ဦးလိုမျိုး ပြုမူသည်။

"ကျန်းရှီမင်းကိုတောင် မတွေ့ရတာ ဆယ်နှစ်ကျော်သွားပြီ, သူ့သားက ဒီလောက်တောင် အရွယ်ရောက်နေလိမ့်မယ်လို့ မထင်ထားမိဘူး"

ကျန်းယွင်ရှီက လေးလေးစားစား ပြန်ဖြေသည်။

"ကျွန်တော့အဖေက မဟာအကြီးအကဲလန်ယွဲ့အကြောင်း ခဏခဏပြောပြီး တစ်နေ့ကျွန်တော်က အသျှင်ကိုယ်တော်မြတ်ကို တွေ့ခွင့်ရရင် ကြောက်ရွံ့ပြီး ရိုသေလေးစားရမယ်လို့ပြောထားပါတယ်"

"မင်းငါ့ကိုကြောက်စရာမလိုပါဘူး, မင်းအဖေက အလွန်အကျူးပြောထားတာပဲ, ငါကလူတွေကို မစားပါဘူး"

ကျန်းယွင်ရှီသည် မဟာအကြီးအကဲလန်ယွဲ့က ဟာသပြောတတ်မယ်လို့ မထင်ထားမိပေ။ သူ့မှာ မအံ့သြပဲ မနေနိုင်တော့။

လျှိုကျောက်ယွဲ့က ရယ်မောလိုက်သည်။

"မဟာအကြီးအကဲလန်ယွဲ့ခင်ဗျာ, ကျွန်တော်လည်း ကျွန်တော့အကိုကြီးအတွက် နှုတ်ဆက်ချင်ပါတယ်"

မဟာအကြီးအကဲလန်ယွဲ့က သူ့ကိုလှမ်းကြည့်သည်။

"လျှိုမုံချန်ရောဘာတွေလုပ်နေလဲ?"

လျှိုကျောက်ယွဲ့သည် မဟာအကြီးအကဲလန်ယွဲ့နဲ့ သူ့အကိုက တစ်ယောက်နဲ့တစ်ယောက် မသိကြဘူးဟု ထင်နေမိတာပင်။ မမျှော်လင့်ပဲ ထိုလူက သူ့အကိုနာမည်အား တစ်ခါတည်းနဲ့ ပြောလာသည်။ သူက ထိတ်လန့်သွားခြင်းနဲ့အတူ ချက်ချင်းပင် ဝမ်းသာသွားမိသည်။

မဟာအကြီးအကဲလန်ယွဲ့က သူ့အကိုကို သိနေတယ်ဆိုတော့ ကိစ္စတွေက ပိုလွယ်ကူသွားပြီ

လျှိုကျောက်ယွဲ့တွင် သာယာနာပျော်ဖွယ် မျက်နှာရှိသည်။ သူပြုံးလိုက်တဲ့အခါမှာဆို ပိုပြိးတော့ပင် သာယာနာပျော်ဖွယ်ကောင်းသွားသည်။

"ကျွန်တော့အကိုကြီးက အခုလောလောဆယ်မှာ အိမ်မှာပဲ ကျင့်ကြံနေပါတယ်, ကျွန်တော်ထွက်လာတုန်းကတော့ သူက တံခါးပိတ်တရားကျင့်ကြံနေတုန်းပါပဲ, မဟုတ်ရင်တော့ အကယ်၍ သူသာ မဟာအကြီးအကဲလန်ယွဲ့ကို ကျွန်တော်လာတွေ့မယ်ဆိုတာသိရင် ကျွန်တော့ကို စကားအနည်းငယ်လောက် ကြိုပြောနိုင်လောက်တယ်"

"တံခါးပိတ်တရားကျင့်တယ်?" မဟာအကြီးအကဲလန်ယွဲ့က ပြန်ပြောသည်။

"သူကသေမျိုးကမ္ဘာကို တကယ်ပဲ စွန့်ခွာချင်ပြီပေါ့"

လျှိုကျောက်ယွဲ့က မျက်လုံးဝိုင်းကြီးဖြင့် စိုက်ကြည့်မိသည်။

"အဲ့ဒါလည်း သိတာလား? ခင်ဗျားက အံ့သြဖို့ကောင်းလိုက်တာ"

လျှိုမုံချန်အကြောင်း ပြောရမယ်ဆိုရင် သူကကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး တစ်သီးတစ်သန့် မိသားစုရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်သော်လည်း သူ့ရဲ့စိတ်ဝင်စားမှု အတိအကျအား မသိနိုင်စွာပင် နေ့စဉ်နေ့တိုင်း သေမျိုးကမ္ဘာမှာသာ လှည့်ပတ်သွားလာနေခဲ့သည်။

လျှိုမုံချန်က တံခါးပိတ် ကျင့်ကြံဖို့အတွက် ပြန်လာချင်စိတ်ရှိတယ်လို့ ကြားတဲ့အခါတိုင်း လူများစွာသည် သက်ပြင်းချမိလေသည်။

မဟာအကြီးအကဲလန်ယွဲ့က ရိုးရှင်းစွာသာ ရှင်းပြသည်။

"လျှိမုံချန်က တစ်ခါတုန်းက ငါ့ကိုသူ့ဘဝအကြောင်း ရှေ့ဖြစ်မေးဘူးတယ်"

လျှိုကျောက်ယွဲ့၏ ပါးစပ်က ပွင့်ဟသွားပြီး မဟာအကြီးအကဲလန်ယွဲ့အား ဗလာမျက်နှာဖြင့် စိုက်ကြည့်မိလေသည်။

ကျန်းယွင်ရှီသည်လည်း အံ့အားသင့်သွားရသည်။ တစ်သက်တာကြယ်မှာ ပြဿနာတစ်စုံတစ်ရာမရှိဘူးဆိုရင် လူများက ရှေ့ဖြစ်ဟောသူနဲ့ တိုင်ပင်လေ့ မရှိကြဘူးလေ။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံကို ဖြားယောင်းသွေးဆောင်ခြင်းသည် မမြင်ရနိုင်သော်လည်း နေရာအနှံ့ရှိ တာအိုကို ဆိုးရွားသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သောကြောင့် ဖြစ်သည်။

ရှေ့ဖြစ်ဟောသူများ အတွက်ကတော့ သူတို့တွေက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ကို 'မြင်နိုင်' ကြပေမယ့် သီအိုရီအရတော့ တစ်ခြားသူများအား ပြောပြလို့မရပေ။ မဟုတ်ရင် သူတိုရဲ့ တာအို သမ္မတိကိုလည်း ထိခိုက်လာလိမ့်မည်။

သို့ပေမယ့် လျိုမုံချန်ကတော့ မမျှော်လင့်စွာပင် သူ့ဘဝကြယ်အားကြည့်ရန် မဟာအကြီးအကဲလန်ယွဲ့အား ရှာဖွေခဲ့သည်။

ကျန်းယွင်ရှီမှာ မနေနိုင်တော့ပဲ လျိုကျောက်ယွဲ့အား အကြိမ်အနည်းငယ် ကြည့်မိ၏။

လျှိုကျောက်ယွဲ့ကတော့ သူ့ကိုယ်သူ တည်ငြိမ်စေလိုက်ပြီဖြစ်ပြီး ပြုံးကာမေးလိုက်သည်။

"ကျွန်တော့အကိုကြီးက သူ့ချစ်သူနဲ့ ကံကြမ္မာအကြောင်းတစ်ခုပဲ မေးတယ်ထင်တယ်?"

ကျင်းယွင်ရှီသည် သည်းမခံနိုင်တော့သည့် အမူအယာကို ပြုလုပ်လိုက်ပြီး သူ့ပါးစပ်ကတော့ အဆက်မပြတ် ရှုံ့မဲ့နေသည်။

28.10.2021

=================

Translator' Note

လျှိုမုံချန်ကို မှတ်မိကြလား?

=================
Zawgyi

အခန္း(၃၁၀) - လန္ယြဲ႔အား ေလးစားမႈျပ၍ ဂါရဝျပဳျခင္း

ဝမ္ရိထုန္က ႏွစ္ႀကိမ္မွ် ကၽြတ္သပ္ေလသည္။

"မင္းရဲ႔ ဒီလိုကိုုးကြယ္မႈမ်ဳိးက အရမ္းမသန္မာသင့္ဘူး, သူတို႔ဘာေျပာတာလဲ နားေထာင္ဖို႔က ဘယ္အရာထက္မဆို ပိုၿပီးအေရးႀကီးတယ္, ဒါ့အျပင္, ငါအဲ့ဒီလိုလုပ္တာ ဒါပထမဆံုးလည္း မဟုတ္ေတာ့ဘူး, အကယ္၍ ဆရာသာ ငါ့ကို နားမေထာင္ေစခ်င္ဘူးဆိုရင္ ႀကိဳတင္ၿပီး ေမာင္းထုတ္လိုက္လိမ့္မယ္, ငါတို႔နားမေထာင္သင့္တဲ့အရာမ်ိဳး ၾကားသြားမွာကို စိုးရိမ္မေနနဲ႔"

လင္ရႊမ္းဇီ, "...."

က်န္းဖုန္းထင္မွာေတာ့ မျပံဳးပဲ မေနႏိုင္ေတာ့ေပ။

"မင္းရဲ႔ ရွက္စရာေကာင္းတဲ့ လုပ္၇ပ္ေတြကို လူသိရွင္ၾကားလုပ္မေနနဲ႔, မင္းကိုသူစိမ္းေရွ႕မွာတင္ပဲ ဆရာက ေကာ္လာကိုကိုင္ၿပီး ေမာင္းထုတ္ပစ္လိုက္တာေလ, ရက္အနည္းငယ္ေလာက္ေတာင္ အနက္ေရာင္ အခန္းေလးထဲမွာ ခ်ဳပ္ေႏွာင္ခံရေသးတယ္, အဲ့ဒါကို ဂုဏ္ယူေနေသးတာလား?"

ဝမ္ရိထုန္က မရွက္ယံုတင္မကပဲ ဂုဏ္ေတာင္ယူေနေသးသည္။ သူကဝံ့ႂကြားစြာျဖင့္ ေျပာလိုက္၏။

"အဲ့ဒါက ဘာမ်ားျဖစ္လို႔လဲ? ဆရာက ကၽြန္ေတာ့လုပ္ရပ္ကို ေက်နပ္ေနၿပီး တစ္ေန႔မွာ ကၽြန္ေတာ္က သူမသိေအာင္ သူ႔အခန္းထဲ ေခ်ာင္းနားေထာင္ႏိုင္တဲ့အထိ သန္မာလာဖို႔ ေမွ်ာ္လင့္တယ္ ဆိုၿပီးေတာ့ေတာင္ အားေပးေသးတဲ့ဟာကို, ဒါက ကၽြန္ေတာ္ႀကိဳးစားေနတဲ့ ပန္းတိုင္ပဲ"

ဟိုင္ခြမ္းေလာင္က သူ႔ကိုမ်က္ႏွာသာမေပးပဲ ျပန္တုတ္သည္။

"မင္းက? အိမ္မက္မက္ေနလိုက္! ေနာက္ဘဝဆိုရင္ေတာ့ လူဝင္စားဖို႔ ပိုၿပီးေကာင္းတဲ့ ခႏာၱကိုယ္ကို ေရြးခ်ယ္ရင္ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္"

ဝမ္ရိထုန္က ထေအာ္လိုက္ၿပီး သူ႔ကို႐ိုက္ႏွက္ခ်င္ေနသည္။

ဟိုင္ခြမ္းေလာင္က သူ႔လက္နက္ကို ထုတ္လိုက္သည္။

"ဆရာက မၾကာခင္ Cleansing Inkstone စံအိမ္ကို ထြက္ခြာေတာ့မယ္"

ဝမ္ရိထုန္က မ်က္လံုးလွန္လိုက္ၿပီး လင္ရႊမ္းဇီအား လွည့္ၾကည့္သည္။

"ဆရာတူညီငယ္ေလး, မင္းတကယ္ပဲ မသြားဘူးလား?"

လင္ရႊမ္းဇီကျပံဳးသည္။

"မသြားဘူး"

ဝမ္ရိထုန္က သူ႔လက္ကို ဆုပ္ကိုင္လိုက္၏။

လင္ရႊမ္းဇီ, "....."

ဟိုင္ခြမ္းေလာင္က ဝမ္ရိထုန္ရဲ႔ လက္ဖဝါးထဲကို ေရႊစေလးတစ္ခု အဆင္သင့္ တင္ေပးလိုက္သည္။ က်န္းဖုန္းထင္လည္း ထုတ္ဖို႔ ျပင္လိုက္တဲ့အခ်ိန္မွာ ဟိုင္ခြမ္းေလာင္က သူ႔လက္ကို ဖိခ်လိုက္ေလသည္။

"အႀကီးဆံုးအကိုႀကီး, အကိုထုတ္စရာမလိုဘူး, ဘယ္လိုပဲျဖစ္ျဖစ္ ကၽြန္ေတာ္အကုန္ေျပာျပမွာပဲဟာ"

ဝမ္ရိထုန္က အသက္ကို ျပင္းျပင္းရွဳလိုက္ၿပီး အံ့ၾသခ်င္ေယာင္ေဆာင္သည္။

"လခြမ္း! ဟိုင္ခြမ္းေလာင္, မင္းကတကယ္ႀကီးလား? ဒီေလာက္ ပိုက္ဆံေလးနဲ႔ေတာင္ ငါ့ကိုဆန္႔က်င္ေနမွျဖစ္မွာလား? မင္းကငါတို႔ထဲမွာ အခ်မ္းသာဆံုးပဲေလ အဲ့ဒါေတာင္ ဒီလိုကပ္ေစးနဲ ရဲေသးတယ္ေပါ့ေလ? ေၾကာက္စရာေကာင္းလြန္းတယ္ အ႐ူးေကာင္ရဲ႔!"

ဟိုင္ခြမ္းေလာင္က ျပန္ေျဖသည္။

"မင္းဘာသိလို႔လဲ? ငါခ်မ္းသာေနတယ္ဆိုတာ ပိုက္ဆံေတြအားလံုးကို ဒီလိုမ်ိဳး ေခၽြတာေနလို႔ေလ"

ဝမ္ရိထုန္က ငိုသံႀကီးနဲ႔ ေအာ္ေလသည္။

"ငရဲလိုပဲ မင္းကိုငါယံုပါတယ္!"

က်င္းဖုန္းထင္မွာ အနည္းငယ္ ကူကယ္ရာမဲ့သလို ခံစားရၿပီး ဘယ္လိုပဲျဖစ္ေနပါေစ ဝမ္ရိထုန္ရဲ႔ လက္ဖဝါးထဲကို ေရႊစေလးထည့္ေပးလိုက္သည္။

"သူ႔ကိုလစ္လ်ဴရွဳထားလိုက္, ငါလည္းဒီလိုစီနီယာအကိုမ်ိဳး တစ္ခါမွ မျမင္ဘူးဘူး"

ဟိုင္ခြမ္းေလာင္ , ကၽြတ္စ္

လင္ရႊမ္းဇီမွာေတာ့ ရႈပ္ေထြးေနမိသည္။ သူတို႔ဘာေတြလုပ္ေနမွန္း သူမသိေပ။

ဝမ္ရိထုန္က သူ႔ဆီကိုလည္း လက္ျဖန္႔လာသည္။

"ငါ့ရဲ႔ တိတ္ဆိတ္မႈနဲ႔ ငါ့ရဲ႔ အလုပ္ႀကိဳးစားမႈအတြက္ ေရႊတစ္စက အခေၾကးေငြပါ"

လင္ရႊမ္းဇီက ဒါဘာအတြက္ေၾကာင့္လဲ ဆိုတာကို မသိေပမယ့္ ေရႊတစ္စထုတ္ၿပီး ဝမ္ရိထုန္ကိုေပးလိုက္ေသးေလသည္။

ဝမ္ရိထုန္က ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ေျပးထြက္သြားေတာ့သည္။

က်န္းဖုန္းထင္က လင္ရႊမ္းဇီအား ျပံဳးၿပီးၾကည့္သည္။

"မင္းၿပီးရင္သိလိမ့္မယ္"

လင္ရႊမ္းဇီက သူ႔ရဲ႔ သိခ်င္စိတ္မ်ားကို ခ်ိဳးႏွိမ္လိုက္ၿပီး ေခါင္းညိတ္ျပလိုက္ရသည္။

ေတာင္ရဲ႔အျမင့္က သိပ္ၿပီး မေျပာပေလာက္ေသာ္လည္း ၎သည္ အမတမ်ား ရွိျခင္းေၾကာင့္ ေက်ာ္ၾကားေလသည္။ ေရအတိမ္အနက္က အေရးမႀကီးေပမယ့္ နဂါးသာ ထိုေနရာမွာ ရွိေနသ၍ ဝိညာဥ္စြမ္းအင္မ်ား ရွိသည္။

နစ္ႁမွဳပ္ဓားေတာာင္ထြတ္မွာ ေရႊနဂါးေတြ မရွိေပမယ့္လည္း ေအာင္ျမင္ေက်ာ္ၾကားတဲ့ အမတတစ္ေယာက္ရွိေနသည္။ ဒါ့အျပင္ ထိုအမတရဲ႔ ျမဴခိုးမ်ားက အစစ္အမွန္ျဖစ္ၿပီး ဝိညာဥ္ခ်ီမ်ားက ေတာင္ေပၚမွာ ရစ္ေခြေနတာေၾကာင့္ ျမင္ကြင္းက အလြန္လွပေပသည္။

သို႔ေသာ္လည္း ေတာင္ေပၚကို ပထမဆံုးအႀကိမ္ တက္လာတဲ့ လူႏွစ္ေယာက္ကေတာ့ လွပမႈကို သတိျပဳမိျခင္းမရွိၾကတာ ရွင္းလင္းေနသည္။ သူတို႔က တစ္ေယာက္နဲ႔တစ္ေယာက္ သတိထားေနၿပီး အဆက္မျပတ္ ၿပိဳင္ဆိုင္ေနၾကသည္ေလ။ တစ္ခါတစ္ေလမွာ ရန္ျဖစ္ေနၾကၿပီး တစ္ျခားအခ်ိန္မ်ားမွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အထင္အျမင္ေသးေၾကာင္းအား စကားလံုးမ်ားနဲ႔ ေဖာ္ျပေနသည္။

အမ်ားစုကေတာ့ လွ်ိဳေက်ာက္ယြဲ႔က အျငင္းပြားဖို႔ စတင္ျခင္းျဖစ္ၿပီး က်န္းယြင္ရွီက ျပန္ေျပာဖို႔ ျငန္းဆန္ျခင္းသာ။

ထို႔ေၾကာင့္ သူတို႔ေတြ ေတာင္ထိပ္ေပၚ ေရာက္တဲ့အခ်ိန္မွာ ႀကိဳဆိုသူေရာက္ေနတာ အခ်ိန္အေတာ္ေလး ၾကာသြားခဲ့ေလျပီ။

ႀကိဳဆိုသူက သူတို႔ကိုျမင္တာနဲ႔ အေလးအျမတ္ ျပဳလိုက္ၿပီး ႏူးညံ့စြာေျပာလာသည္

"အမတ သခင္ႏွစ္ေယာက္ကို ကၽြန္ေတာ္နဲ႔ လိုက္ခဲ့ေပးဖို႔ ဖိတ္ေခၚပါတယ္"

ပံုမွန္ဆိုရင္ ခက္ခဲတဲ့ ခႏာၱအဆင့္ က်င့္ၾကံသူမ်ားသည္ အမတသခင္ဆိုတဲ့ နာမည္အား ခံယူဖို႔ မသင့္ေတာ္ေသာ္လည္း ေလးစားမႈ ျပတဲ့အေနနဲ႔ တစ္ခ်ိဳ႔လူမ်ားက က်င့္ၾကံသူမ်ားအား အမတသခင္ သို႔မဟုတ္ အမတမ်ားဟု ေခၚၾကေလ့ရွိသည္။ သို႔ေသာ္လည္း , တစ္ခ်ိဳ႔လူမ်ားက ျငင္းဆန္ၾကၿပီး သူတို႔ေတြ မခံယူႏိုင္ပါဘူးဟု ေျပာၾကေပမယ့္ တစ္ခ်ိဳ႔ကေတာ့ အဲ့ဒါက အေရးမႀကီးပါဘူးလို႔ ထင္တဲ့သူမ်ား ရွိေနသလို ဒါက ပညတ္ခ်က္တစ္ခုပါပဲဟု ထင္ၾကသူမ်ားလည္း ရွိၾကသည္။

သိသာထင္ရွားတာကေတာ့ က်န္းယြင္ရွီနဲ႔ လွ်ိဳေက်ာက္ယြဲ႔တို႔က ေနာက္ကလူအမ်ိဳးအစားမ်ားပင္။

က်န္းယြင္ရွီက "ေက်းဇူးတင္ပါတယ္" ဟုေျပာလိုက္သည္။

"ရပါတယ္ခင္ဗ်ာ" ႀကိဳဆိုသူက ျပံဳးျပလိုက္၏။

လွ်ိဳေက်ာက္ယြဲ႔ကျပံုးေလသည္။

"နစ္ႁမွဳပ္ဓားေတာင္ထြတ္က က်င့္ၾကံဖို႔အတြက္ တကယ့္ကို ေကာင္းတဲ့ေနရာ ျဖစ္ေနမယ္လို႔ မထင္ထားခဲ့မိဘူး....ဒီဓားနဲ႔ေကာင္ေလးကို ၾကည့္ပါဦး, သူက ငါအရင္က ျမင္ဘူးတဲ့သူေတြထက္ ပိုၿပီးေတာ့ မ်က္လံုးထဲ ပသာဒျဖစ္ေစတယ္" သူက မ်က္စိတစ္ဖတ္ပင္ မွိတ္ျပလိုက္ေသးသည္။

ႀကိဳဆိုသူသည္ မေနႏိုင္စြာျဖင့္ လ်ိဳေက်ာက္ယြဲ႔အား ၾကည့္မိေလ၏။

သူက မဟာအႀကီးအကဲ လန္ယြဲ႔ေနာက္ကေန ကေလးဘဝကတည္းက လိုက္ပါခဲ့ျခင္းျဖစ္ၿပီး မဟာအႀကီးအကဲလန္ယြဲ႔က ၿငိမ္သက္ေအးခ်မ္းေသာ အမ်ိဳးသားတစ္ေယာက္ျဖစ္သည္။ ေတာင္ထိပ္ေပၚမွာလည္း လာေရာက္လည္ပတ္သူ ဘယ္တုန္းကမွ မရွိဘူးတာေၾကာင့္ ထိုဓားနဲ႔ေကာင္ေလးက ဒီကမာၻေပၚက လူမ်ားစြာကို မျမင္ဘူးရွာေပ။ ထို႔ေၾကာင့္ ဘာလုပ္ရမွန္းမသိ ျဖစ္သြားရသည္။

ႀကိဳဆိုသူေလးရဲ႔ မ်က္ႏွာက ႐ုတ္တရက္ နီရဲသြားသည္။

"ခင္ဗ်ား, ဘယ္လိုလုပ္ဒီလိုမ်ိဳး ေျပာႏိုင္ရတာလဲ?"

လွ်ိဳေက်ာက္ယြဲ႔သည္ ဒါက ေပ်ာ္စရာေကာင္းတယ္လို႔ ထင္မိသည္။

"ငါေျပာတဲ့ ပံုစံက တစ္ခုုခုမွားေနတာ ရွိလို႔လား? ငါေျပာသမွ်အားလံုးက မွန္ကန္ၿပီး စိတ္ရင္းမွန္ေတြႀကီးပဲ, ဒီဝိညာဥ္စြမ္းအင္ေတာင္နဲ႔ ေရေတြကေန ႀကီးျပင္းလာရတဲ့လူေတြက တကယ့္ကို မတူၾကဘူး, မင္းရဲ႔ မ်က္ႏွာေသးေသးေလးက အရမ္းကိုႏူးညံ့လြန္းလို႔ ၫွစ္လိုက္ရင္ ေရေတြထြက္လာေတာ့မလိုပဲ"

ေျပာရင္းျဖင့္ပင္ လွ်ိဳေက်ာက္ယြဲ႔က တကယ္ပဲ လက္ကိုေႁမွာက္လိုက္၍ ႀကိဳဆိုသူေလးရဲ႔ မ်က္ႏွာအား ညင္ညင္သာသာ ဆြဲၫွစ္လိုက္ေလသည္။

ထိုဆြဲၫွစ္မႈက သူ႔မ်က္ႏွာကို ျဖတ္သြားတဲ့ငွက္ေမႊးေလးတစ္ခုလိုမ်ိဳး ကလိကလိနဲ႔ ႏွလံုးသားတစ္ခုလံုးကို ထိတ္လန္႔သြားေစသည္။ ႀကိဳဆိုသူေလးက ဒီလိုစေနာက္မႈမ်ိဳးကို ဘယ္လိုမ်ား ခံႏိုင္ရည္ရွိပါ့မလဲ? သူ႔ပါးျပင္က ဝိုင္နီစီးေၾကာင္းလိုမ်ဳိး နီျမန္းလာၿပီး လံုးဝကို ဘာေျပာ၇မွန္းမသိ ျဖစ္သြားသည္။ ခဏေလာက္ၾကာတဲ့အထိ ဘာဆက္ေျပာရမွန္း မသိေတာ့ေပ။

က်န္းယြင္ရွီကေတာ့ ဆက္မၾကည့္ႏိုင္ေတာ့။ သူကေအးစက္စက္ေျပာလိုက္သည္။

"မင္းကလံုးဝ မေျပာင္းလဲေသးဘူး, ျမင္လိုက္တဲ့လူတိုင္းကို အခြင့္အေရး ယူခ်င္ေနတယ္, မင္းအခုနစ္ႁမွဳပ္ဓားေတာင္ထြတ္ေပၚ ေရာက္ေနတာေတာင္ ဂုဏ္ယူဝံ့ႂကြားေနတုန္းပဲ, မဟာအႀကီးအကဲ လန္ယြဲ႔ကို ဆန္႔က်င္မိၿပီး ေတာင္ေအာက္ကို ပစ္ခ်ခံလိုက္ရမွာ မေၾကာက္ဘူးလား?"

ထိုစကားကိုၾကားေတာ့ လ်ွိုေက်ာက္ယြဲ႔က သူခိုးလူျပန္ဟစ္သည္။

"အနည္းဆံုးေတာ့ငါက လူေတြကို စိတ္ရင္းနဲ႔ ဆက္ဆံတဲ့ အခ်စ္သမားေလးတစ္ေလာက္ေလ, မင္းလိုမ်ိဳး လူေကာင္းေယာင္ေဆာင္ၿပီး တကယ္တမ္း ႏွလံုးသားက ေမွာင္မိုက္ေနတဲ့ ေၾကာင္သူေတာ္ကမွ ကိုယ့္ကိုကိုယ္ ပိုၿပီးစမ္းစစ္ေလ့လာသင့္တာ, ေကာင္းမြန္တာ တစ္ခုခု မလုပ္ႏိုင္လည္း ထြက္လာၿပီး စိတ္ပ်က္စရာ တည္ရွိမႈ လုပ္မေနနဲ႔ေလ"

က်န္းယြင္ရွီက ျပက္ရယ္ျပဳသည္။

"မင္းကမ်ား စိတ္ရင္းမွန္တယ္? မင္းက တာအိုအေဖာ္ကို အဝတ္လဲသလို ေျပာင္းလဲေနတာ, အကယ္၍ မင္းသာ စိတ္ရင္းမွန္တယ္ဆိုရင္ ဝက္ေတြေတာင္ သစ္ပင္တက္ႏိုင္ေနေလာက္ၿပီ!"

လွ်ိဳေက်ာက္ယြဲ႔က သူ႔ကိုေအးစက္စက္ တစ္ခ်က္ၾကည့္သည္။

"မင္း ဂုဏ္သေရရွိတဲ့င့ါအတြက္ ဒီစကားေတြကို ရွင္းလင္းေပး — တာအိုအေဖာ္ဆိုတာ တာအိုအေဖာ္ အခန္းအနားၿပီးမွ ေကာင္းကင္ဘံုက အသိအမွတ္ျပဳတာ, ငါမိတ္ေဆြဖြဲ႔တဲ့ သူတိုင္းကို ငါ့ရဲ႔တာအိုအေဖာ္လို႔ မေခၚဘူး"

က်င္းယြင္ရွီကသူ႔ကို ေအးစက္စက္တစ္ခ်က္ၾကည့္သည္။

"ငါကေတာ့ မင္းလိုလူမ်ိဳးနဲ႔ စကားတစ္ခြန္းျပည့္ေအာင္ေတာင္ မေျပာခ်င္ဘူး"

"ဟန္႔! ျပန္ေျပာရမယ္ဆိုရင္ေလ" လွ်ိဳေက်ာက္ယြဲ႔က ခြန္းတုန္႔ျပန္သည္။

"အေစာတုန္းက ဘယ္ေခြးလဲမသိဘူး ဂုဏ္သေရရွိတဲ့ငါ့ကို အရင္လာေျပာေနတာ?"

က်န္းယြင္ရွီသည္ ထိုလူအား ႐ိုက္ႏွက္ပစ္လိုက္ခ်င္သည္။

ဓားကိုင္ထားတဲ့ ေကာင္ေလးက အေျခအေနကို ၾကည့္ေနၿပီးေနာက္ ခ်က္ခ်င္းရပ္တန္႔ေစလိုက္သည္။

"အမတသခင္ႏွစ္ေယာက္ခင္ဗ်ား, ေက်းဇူးျပဳၿပီး အရင္ဆံုး သည္းခံၾကပါဦး, အသွ်င္ကိုယ္ေတာ္ျမတ္က သူ႔နယ္ေျမေအာက္မွာ ဆူညံတာကို မႀကိဳက္ဆံုးပဲ, ကၽြန္ေတာ္တို႔က နစ္ႁမွဳပ္ဓားေတာင္ထြတ္ေပၚ ေရာက္ေနၿပီျဖစ္တာေၾကာင့္ ခင္ဗ်ားတို႔ရဲ႔ လွဳပ္ရွားမွတိုင္းက ေတာင္ထြတ္သခင္ရဲ႔ ထိန္းခ်ဳပ္မႈထဲမွာ ရွိေနပါတယ္ အဲ့ဒါေၾကာင့္ စိတ္ကိုေလ်ာ့ၾကပါ"

က်န္းယြင္ရွီက သည္းခံလိုက္ေတာ့သည္။

လွ်ိဳေက်ာက္ယြဲ႔ကေတာ့ စိတ္အေျခအေန ေကာင္းေန၏။ သူက သူ႔ရဲ႔ ဖီးနစ္မ်က္လံုးမ်ားျဖင့္ ဓားနဲ႔ေကာင္ေလးအား ထိပ္တိုက္ဆိုင္လိုက္သည္။

"ဒီက အမတလူႀကီးမင္းေလးပဲ ငါ့ကိုဂ႐ုုစိုက္တယ္, အမတလူႀကီးမင္းေလးက တကယ္ကို သီလရွိတဲ့ အလွေလးတစ္ပါးပါပဲ... မဟာအႀကီးအကဲ လန္ယြဲ႔နဲ႔ ေဆြးေႏြးမႈၿပီးသြားရင္ ဒီေတာင္ထြတ္တစ္ေလွ်ာက္ လိုက္ျပေပးပါလား? ဒီေနရာက ဝိညာဥ္ခ်ီေတြက အရမ္းကို ႂကြယ္ဝလွတယ္လို႔ ထင္မိတယ္, ကန္နဲ႔ေတာင္တန္းေတြရဲ႔ ျမင္ကြင္းက တစ္ခုနဲ႔တစ္ခု သဟဇာတျဖစ္ေနၿပီး ၿပီးျပည့္စံုေနေစတယ္, ငါတကယ့္ကို မႀကိဳက္ပဲ မေနႏိုင္ေတာ့ဘူး"

ဓားကိုင္ထားတဲ့ ေကာင္ေလးသည္ ျပံဳးၿပီးေျပာေနသည့္ လွ်ိဳေက်ာက္ယြဲ႔၏ ၾကည္လင္လွေသာ အသံကိုနားေထာင္ေနမိသည္။ သူက ထိုဆြဲေဆာင္မႈရွိလွတဲ့ ခႏာၱကိုယ္နဲ႔ ၫွို႔အားျပင္းတဲ့ အသြင္အျပင္အား ၾကည့္လိုက္၏။ ဒီလိုမ်ိဳး တစ္ခါမွ အဆက္အဆံ မခံဘူးတဲ့ ႀကိဳဆိုသူေလးမွာေတာ့ ႐ုတ္တရက္ သူ႔ရင္ေတြ ဝုန္းဒိုင္းႀကဲသြားသလို ခံစားလိုက္ရသည္။ သူ႔ပါးျပင္ေပၚက ရွက္ေသြးျဖန္းမႈက မေပ်ာက္ကြယ္ေတာ့ေပ။

အနည္းငယ္ ရွက္ရြံ႔သလို ခံစားရင္းျဖင့္ပင္ အလ်င္အျမန္ ျပန္ေျဖမိသည္။

" ကၽြန္ေတာ္ၿပီးရင္ အားတာနဲ႔ လိုက္ျပေပးပါ့မယ္"

လွ်ိဳေက်ာက္ယြဲ႔ရဲ႔ အျပံဳးက က်ယ္ျပန္႔လာၿပီး ေျပာျပမရသည့္ ဂုဏ္ယူမႈနဲ႔ ေပ်ာ္ရႊင္မႈမ်ား ျပည့္ႏွက္သြားသည္။

က်န္းယြင္ရွိက ထိုအခ်င္းအရာကိုျမင့္ေတာ့ သူ႔ႏွလံုးသားသည္ မီးဖိုတစ္ခုလိုပင္ ျဖစ္လာရသည္။ ဒီကမာၻေပၚမွာ လွ်ိဳေက်ာက္ယြဲ႔ထက္ပိုၿပီး အရွက္ကင္းမဲ့တဲ့သူမ်ိဳး မရွိေတာ့ဘူးဟု ခံစားလိုက္ရသည္ေလ။

"သူက လူေကာင္းမဟုတ္ဘူး, သူနဲ႔ေဝးေဝးေန" က်န္းယြင္ရွိက သူ႔ေရွ႕က ကေလးအား ေအးစက္စက္ေျပာလိုက္သည္။

ေကာင္ငယ္ေလးက ထိတ္လန္႔သြားၿပီး လ်ိဳေက်ာက္ယြဲ႔အား ေၾကာက္လန္႔ေနတဲ့ သမင္ေလးလိုမ်ိဳး အလ်င္အျမန္ ျပန္ၾကည့္ကာ စိတ္ရႈပ္ေထြးသြားရွာသည္။

လွ်ိဳေက်ာက္ယြဲ႔ရဲ႔ မ်က္ႏွာက မဲေမွာင္သြားေသာ္လည္း ႏူးညံ့ညင္သာတဲ့အျပံဳးကို ဆင္ျမန္းထားဆဲပင္။

"ငါကေကာင္းလား မေကာင္းဘူးလားဆိုတာက အရင္ဆံုး အဆက္အသြယ္ လုပ္ၾကည့္မွ သိႏိုင္မွာေပါ့, တစ္ခ်ိဳ႔လူေတြက တစ္ျခားသူကို ေကာင္းေကာင္း မဆံုးျဖတ္ႏိုင္ၾကဘူး အဲ့ဒါေၾကာင့္ သူတို႔က အၿမဲတမ္း ဆဲဆိုေနတတ္တယ္, အဲ့ဒီလို လူမ်ိဳးကေလ တကယ့္ကို ဝမ္းနည္းစရာလည္းေကာင္း သနားစရာလည္း ေကာင္းလွတယ္ေလ, အမတလူႀကီးမင္းေလးအေနနဲ႔ လူေျပာသူေျပာေတြကို နားမေထာင္သင့္ဘူး, မဟုတ္ရင္ ငါဝမ္းနည္းရမွာ"

ဓားနဲ႔ေကာင္ေလးက အလ်င္စလို လက္ကိုယမ္းခါျပသည္။

"ခင္ဗ်ားတို႔ ေတာင္ဂိတ္တံခါးဝက ထြက္သြားတာနဲ႔ ကိုယ့္ကိစၥကိုယ္ရွင္းလို႔ရပါတယ္, အသွ်င္ကိုယ္ေတာ္ျမတ္ႀကီးကို စိတ္ရႈပ္ေအာင္ မလုပ္နဲ႔, မဟုတ္ရင္ ဘယ္သူမွ မကူညီႏိုင္ဘူး"

လွ်ိဳေက်ာက္ယြဲ႔နဲ႔ က်န္းယြင္ရွိတို႔က တစ္ေယာက္နဲ႔တစ္ေယာက္ အၾကည့္ျခင္းဖလွယ္မိၾကၿပီး အခ်င္းခ်င္းရဲ႔ မ်က္လံုးထဲမွာ အထင္အျမင္ေသးျခင္းကို ရွင္းရွင္းလင္းလင္း ျမင္ေနရသည္။

ေတာင္ရဲ႔ ထိပ္ဖ်ားတြင္ အစစ္အမွန္ ဂိတ္တံခါးဝကို ေရာက္ရန္အတြက္ ေတာင္ထိပ္ႏွစ္ခုၾကားရွိ တံတားကိုျဖတ္ရမည္။

လွ်ိဳေက်ာက္ယြဲ႔နဲ႔ က်န္းယြင္ရွီတို႔သည္ ထပ္ၿပီးစကားမေျပာရဲၾကေတာ့ေပ။ သူတို႔က "Cleansing Inkstone စံအိမ္" ဟုေခၚေသာ ျခံဝင္းအား ေကာင္ေလးေနာက္ကေန လိုက္ပါလာၾကသည္။

ျခံဝင္းထဲမွာေတာ့ မဟာအႀကီးအကဲ လန္ယြဲ႔က စံအိမ္ထဲမွာ ထိုင္ေနၿပီျဖစ္ၿပီး ၾကည့္ရတာ သူတို႔ေရာက္လာမွာကို ေစာင့္ေနသလိုပင္။

မဟာအႀကီးအကဲလန္ယြဲ႔က အေစာပိုင္းကတည္းက ေအာင္ျမင္ေက်ာ္ၾကားခဲ့တာျဖစ္သည္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာက သူနဲ႔က်န္းယြင္ရွီရဲ႔ အေဖတို႔က ဆက္ဆံေရးမ်ားစြာ ရွိၾကသည္။ သို႔ေသာ္လည္း မဟာအႀကီးအကဲလန္ယြဲ႔က ေတာင္ေပၚကေန ထြက္ခြာျခင္း မရွိေတာ့ပဲ ေတာင္ျပင္ပအား ထြက္လာျခင္း မရွိေတာ့ေပ။ ထို႔ေၾကာင့္ သူနဲ႔ေတြ႕ဆံုခြင့္ရတဲ့လူေတြက နည္းသထက္ နည္းလာခဲ့သည္။

လူငယ္မ်ိဳးဆက္သစ္ ႏွစ္ေယာက္အေနနဲ႔ ဆိုရင္ေတာ့ ပိုလို႔ပင္ ဆိုးဝါးၾကၿပီး သူတို႔က သူ႔ကိုနာမည္ကလြဲရင္ မသိၾကေပ။

ျမင္ျမင္ခ်င္းမွာပဲ လွ်ိဳေက်ာက္ယြဲ႔၏ ႏွလံုးသားထဲမွ အနည္းငယ္ ေပါ့ပ်က္ပ်က္ ႏိုင္မႈနဲ႔ ထူးဆန္းေသာ သေဘာသဘာဝမ်ားအားလံုး လြင့္စင္သြားေတာ့သည္။ မဟာအႀကီးအကဲလန္ယြဲ႔က အေဝးကၾကည့္ရင္ လွပတဲ့ ရႈခင္းတစ္ခုနဲ႔ တူတယ္ဟု သူထင္မိသည္။

အေဝးကၾကည့္ရံုနဲ႔တင္ ေလွာင္ေျပာင္မႈ မလုပ္ရဲေလာက္ေသာ အမတစ္ေယာက္ထက္ သာလြန္သည့္ သေဘာသဘာဝကို ထုတ္ေဖာ္ျပသေနသည္။

မဟာအႀကီးအကဲလန္ယြဲ႔သည္ က်န္းယြင္ရွီက အပိုလူတစ္ေယာက္ ေခၚလာတာအား ဂ႐ုစိုက္ပံုမေပၚေပ။

သူက ဦးၫႊတ္ႏႈတ္ဆက္လာသည့္ လူငယ္ေလးႏွစ္ေယာက္အား သူ႔ေရွ႕က အခင္းေပၚတြင္ ထိုင္ခြင့္ျပဳလိုက္သည္။ သူ႔အၾကည့္က ႏွစ္ေယာက္လံုးေပၚကို ျဖတ္ေက်ာ္သြားၿပီးေနာက္ သူတို႔ရဲ႔ လည္ပတ္ေရာက္ရွိလာသည့္ အေၾကာင္းအရင္းအား ေမးဖို႔အတြက္ အလ်င္မလိုေပ။ အဲ့ဒီအစား, လူငယ္မ်ိဳးဆက္သစ္မ်ားနဲ႔ စကားစျမည္ေျပာေသာ အႀကီးအကဲတစ္ဦးလိုမ်ိဳး ျပဳမူသည္။

"က်န္းရွီမင္းကိုေတာင္ မေတြ႕ရတာ ဆယ္ႏွစ္ေက်ာ္သြားၿပီ, သူ႔သားက ဒီေလာက္ေတာင္ အရြယ္ေရာက္ေနလိမ့္မယ္လို႔ မထင္ထားမိဘူး"

က်န္းယြင္ရွီက ေလးေလးစားစား ျပန္ေျဖသည္။

"ကၽြန္ေတာ့အေဖက မဟာအႀကီးအကဲလန္ယြဲ႔အေၾကာင္း ခဏခဏေျပာၿပီး တစ္ေန႔ကၽြန္ေတာ္က အသွ်င္ကိုယ္ေတာ္ျမတ္ကို ေတြ႕ခြင့္ရရင္ ေၾကာက္ရြံ႔ၿပီး ႐ိုေသေလးစားရမယ္လို႔ေျပာထားပါတယ္"

"မင္းငါ့ကိုေၾကာက္စရာမလိုပါဘူး, မင္းအေဖက အလြန္အက်ဴးေျပာထားတာပဲ, ငါကလူေတြကို မစားပါဘူး"

က်န္းယြင္ရွီသည္ မဟာအႀကီးအကဲလန္ယြဲ႔က ဟာသေျပာတတ္မယ္လို႔ မထင္ထားမိေပ။ သူ႔မွာ မအံ့ၾသပဲ မေနႏိုင္ေတာ့။

လွ်ိဳေက်ာက္ယြဲ႔က ရယ္ေမာလိုက္သည္။

"မဟာအႀကီးအကဲလန္ယြဲ႔ခင္ဗ်ာ, ကၽြန္ေတာ္လည္း ကၽြန္ေတာ့အကိုႀကီးအတြက္ ႏႈတ္ဆက္ခ်င္ပါတယ္"

မဟာအႀကီးအကဲလန္ယြဲ႔က သူ႔ကိုလွမ္းၾကည့္သည္။

"လွ်ိဳမံုခ်န္ေရာဘာေတြလုပ္ေနလဲ?"

လွ်ိဳေက်ာက္ယြဲ႔သည္ မဟာအႀကီးအကဲလန္ယြဲ႔နဲ႔ သူ႔အကိုက တစ္ေယာက္နဲ႔တစ္ေယာက္ မသိၾကဘူးဟု ထင္ေနမိတာပင္။ မေမွ်ာ္လင့္ပဲ ထိုလူက သူ႔အကိုနာမည္အား တစ္ခါတည္းနဲ႔ ေျပာလာသည္။ သူက ထိတ္လန္႔သြားျခင္းနဲ႔အတူ ခ်က္ခ်င္းပင္ ဝမ္းသာသြားမိသည္။

မဟာအႀကီးအကဲလန္ယြဲ႔က သူ႔အကိုကို သိေနတယ္ဆိုေတာ့ ကိစၥေတြက ပိုလြယ္ကူသြားၿပီ

လွ်ိဳေက်ာက္ယြဲ႔တြင္ သာယာနာေပ်ာ္ဖြယ္ မ်က္ႏွာရွိသည္။ သူျပံဳးလိုက္တဲ့အခါမွာဆို ပိုၿပိးေတာ့ပင္ သာယာနာေပ်ာ္ဖြယ္ေကာင္းသြားသည္။

"ကၽြန္ေတာ့အကိုႀကီးက အခုေလာေလာဆယ္မွာ အိမ္မွာပဲ က်င့္ၾကံေနပါတယ္, ကၽြန္ေတာ္ထြက္လာတုန္းကေတာ့ သူက တံခါးပိတ္တရားက်င့္ၾကံေနတုန္းပါပဲ, မဟုတ္ရင္ေတာ့ အကယ္၍ သူသာ မဟာအႀကီးအကဲလန္ယြဲ႔ကို ကၽြန္ေတာ္လာေတြ႕မယ္ဆိုတာသိရင္ ကၽြန္ေတာ့ကို စကားအနည္းငယ္ေလာက္ ႀကိဳေျပာႏိုင္ေလာက္တယ္"

"တံခါးပိတ္တရားက်င့္တယ္?" မဟာအႀကီးအကဲလန္ယြဲ႔က ျပန္ေျပာသည္။

"သူကေသမ်ိဳးကမာၻကို တကယ္ပဲ စြန္႔ခြာခ်င္ၿပီေပါ့"

လွ်ိဳေက်ာက္ယြဲ႔က မ်က္လံုးဝိုင္းႀကီးျဖင့္ စိုက္ၾကည့္မိသည္။

"အဲ့ဒါလည္း သိတာလား? ခင္ဗ်ားက အံ့ၾသဖို႔ေကာင္းလိုက္တာ"

လွ်ိဳမုံခ်န္အေၾကာင္း ေျပာရမယ္ဆိုရင္ သူကက်င့္ၾကံသူတစ္ေယာက္ျဖစ္ၿပီး တစ္သီးတစ္သန္႔ မိသားစုရဲ႔ ေခါင္းေဆာင္တစ္ေယာက္ျဖစ္ေသာ္လည္း သူ႔ရဲ႔စိတ္ဝင္စားမွဳ အတိအက်အား မသိႏိုင္စြာပင္ ေန႔စဥ္ေန႔တိုင္း ေသမ်ိဳးကမာၻမွာသာ လွည့္ပတ္သြားလာေနခဲ့သည္။

လွ်ိဳမံုခ်န္က တံခါးပိတ္ က်င့္ၾကံဖို႔အတြက္ ျပန္လာခ်င္စိတ္ရွိတယ္လို႔ ၾကားတဲ့အခါတိုင္း လူမ်ားစြာသည္ သက္ျပင္းခ်မိေလသည္။

မဟာအႀကီးအကဲလန္ယြဲ႔က ႐ိုးရွင္းစြာသာ ရွင္းျပသည္။

"လွ်ိမံုခ်န္က တစ္ခါတုန္းက ငါ့ကိုသူ႔ဘဝအေၾကာင္း ေရွ႕ျဖစ္ေမးဘူးတယ္"

လွ်ိဳေက်ာက္ယြဲ႔၏ ပါးစပ္က ပြင့္ဟသြားၿပီး မဟာအႀကီးအကဲလန္ယြဲ႔အား ဗလာမ်က္ႏွာျဖင့္ စိုက္ၾကည့္မိေလသည္။

က်န္းယြင္ရွီသည္လည္း အံ့အားသင့္သြားရသည္။ တစ္သက္တာၾကယ္မွာ ျပႆနာတစ္စံုတစ္ရာမရွိဘူးဆိုရင္ လူမ်ားက ေရွ႕ျဖစ္ေဟာသူနဲ႔ တိုင္ပင္ေလ့ မရွိၾကဘူးေလ။

အဘယ္ေၾကာင့္ဆိုေသာ္ ေကာင္းကင္ဘုံကို ျဖားေယာင္းေသြးေဆာင္ျခင္းသည္ မျမင္ရႏိုင္ေသာ္လည္း ေနရာအႏွံ႔ရွိ တာအိုကို ဆိုး႐ြားေသာ အက်ိဳးသက္ေရာက္မႈမ်ား ျဖစ္ေပၚေစႏိုင္ေသာေၾကာင့္ ျဖစ္သည္။

ေရွ႕ျဖစ္ေဟာသူမ်ား အတြက္ကေတာ့ သူတို႔ေတြက ေကာင္းကင္ဘံုရဲ႔ လွ်ိဳ႔ဝွက္ခ်က္ကို 'ျမင္ႏိုင္' ၾကေပမယ့္ သီအိုရီအရေတာ့ တစ္ျခားသူမ်ားအား ေျပာျပလို႔မရေပ။ မဟုတ္ရင္ သူတိုရဲ႔ တာအို သမၼတိကိုလည္း ထိခိုက္လာလိမ့္မည္။

သို႔ေပမယ့္ လ်ိဳမံုခ်န္ကေတာ့ မေမွ်ာ္လင့္စြာပင္ သူ႔ဘဝၾကယ္အားၾကည့္ရန္ မဟာအႀကီးအကဲလန္ယြဲ႔အား ရွာေဖြခဲ့သည္။

က်န္းယြင္ရွီမွာ မေနႏိုင္ေတာ့ပဲ လ်ိဳေက်ာက္ယြဲ႔အား အႀကိမ္အနည္းငယ္ ၾကည့္မိ၏။

လွ်ိဳေက်ာက္ယြဲ႔ကေတာ့ သူ႔ကိုယ္သူ တည္ၿငိမ္ေစလိုက္ၿပီျဖစ္ၿပီး ျပံဳးကာေမးလိုက္သည္။

"ကၽြန္ေတာ့အကိုႀကီးက သူ႔ခ်စ္သူနဲ႔ ကံၾကမၼာအေၾကာင္းတစ္ခုပဲ ေမးတယ္ထင္တယ္?"

က်င္းယြင္ရွီသည္ သည္းမခံႏိုင္ေတာ့သည့္ အမူအယာကို ျပဳလုပ္လိုက္ၿပီး သူ႔ပါးစပ္ကေတာ့ အဆက္မျပတ္ ရွံဳ႔မဲ့ေနသည္။

28.10.2021

=================

Translator' Note

လွ်ိဳမံုခ်န္ကို မွတ္မိၾကလား?

=================



Continue Reading

You'll Also Like

684K 68.9K 58
This is for FOD arc 11 myanmar translation. I don't own the story !! i'm just translate for myself and other who interested in reading mm translatio...
363K 66K 82
Lord Seventh by Priest
1.3M 52.4K 25
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။