My Ugly Omega Mate (Completed)
By PaungPus
433K 35.7K 1.2K
Start Date - 21.10.2021 End Date - 19.12.2021 #yizhan More
1
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
Final
New Fic
Hello โค๏ธ
Book ๐Ÿ“’
2
17.9K 1.7K 122
By PaungPus
Unicode
8နာရီနီးပါး လေယာဉ်စီးခဲ့ပြီးနောက် Aနိုင်ငံကိုပထမဆုံးခြေချနိုင်ခဲ့ပြီ။ လေဆိပ်ကရှုပ်ရှပ်နေတဲ့ လူအုပ်ကတောင် သူတို့မြို့တမြို့လုံးစာလောက်ရှိတယ်။
"များလိုက်တဲ့လူတွေ "
ရှောင်းကျန့်ရဲ့ခေါင်းက ချာချာလည်နေတယ်။ သူ့မှာဟိုကြည့်ဒီကြည့်နဲ့ ဘာကိုမှအလွတ်မပေးကြည့်လဲကြည့်ချင် ကြည့်လို့လဲမကုန်နိုင်။ လေထုထဲမှာ အနံ့တွေကလဲအစုံပဲ။ လူရှေ့သူရှေ့မရှောင်ပွေ့ဖက်နမ်းရှုံ့နေကြတဲ့ အတွဲတွေကိုလဲတွေ့ရတယ်။
ဆေးတွေကိုကိုယ်နဲ့မကွာဆောင်ထားပြီး အချိန်မှန်သောက်ရမယ်။ ဒီလိုနေရာမျိုးမှာ heat ဝင်ရင်သူ့ဘဝတော့မတွေးရဲစရာပဲ။ ဒါပေမဲ့ သိပ်တော့စိတ်မပူပါဘူး။ အခုသူ့ပုံစံအနေအထားက rut ဖြစ်နေတဲ့ alpha တောင် ရှောင်းကျန့်ကိုမြင်တာနဲ့ ချက်ချင်းပန်းသေသွားနိုင်တယ်။
ကြိုတင်ချိန်းဆိုထားတဲ့အတိုင်း ကျဲရဲ့ရှေ့နေက စောင့်ကြိုနေတယ်။ ကျဲတို့လင်မယားရဲ့ အရိုးပြာထားတဲ့နေရာကိုပဲ အရင်ဆုံးသွားလိုက်ပါတယ်။ အကန့်လေးတွေစီထားတဲ့နေရာမှာ ကျဲရဲ့ဓာတ်ပုံဘေး ပန်းတပွင့်ကိုအသာချပေးလိုက်တယ်။
"ဒီကမ္ဘာမှာ အလှဆုံး၊ စိတ်ကောင်းအရှိဆုံး နတ်သမီးလေး၊ အေးချမ်းရာကိုရောက်ပါစေ ၊ ကျင်းလင်လေးကိုလဲ ကျွန်တော်ကအကောင်းဆုံးပျိုးထောင်ပေးမှာမို့ စိတ်ချနော် "
ငူငူကြီးရပ်နေမိတာ အချိန်တွေဘယ်လောက်ကြာသွားခဲ့သည်မသိ။ ရှေ့နေကြီးက သတိပေးမှ့ သူမျက်ရည်တွေကိုသုတ်လိုက်ရင်း....
"ကလေးက ဘယ်မှာလဲ "
"ကလေးကလေ ဦးလဲ အဲ့ဒါပြောမလို့ကွယ်
သူ့အဖေဘက်ကအမျိုးတွေက ခေါ်ထားတယ်"
"ဟုတ်လား ဒါဆို ကျွန်တော်တို့
သွားခေါ်ရမှာပေါ့"
"အင်း သူတို့ကလဲ မင်းနဲ့တွေ့ချင်တယ်တဲ့ "
*********************************
ရှေ့နေကြီးပေးတဲ့ စာချုပ်တွေကို သေချာစစ်ဆေးပြီးလက်မှတ်ထိုးပေးလိုက်တယ်။ ကိစ္စတွေအမြန်ဖြတ်ပြီးတာနဲ့ ပြန်ရမယ်။ ဝမ်အိမ်တော်က လွှတ်လိုက်ပါတယ်ဆိုတဲ့ကားပေါ်ပါလာခဲ့ပြီး နန်းတော်တမျှကြီးမားတဲ့ အိမ်ကြီးရှေ့ရောက်ခဲ့ရပြီ။ ရှောင်းကျန့်က အိမ်ကိုခေါင်းမော့လို့အထပ်ကိုရေကြည့်တယ် ။ အားလုံး ၁၂ထပ်ရှိတာပဲ။
သူ့ယောက်ဖရဲ့အမျိုးတွေက အတော်ချမ်းသာပုံပဲ....
"အထဲကိုဝင်ပါ သခင်ကြီးတို့စောင့်နေပါတယ်"
ရှောင်းကျန့်က ဟိုဒီအကဲခပ်ကြည့်ရင်း ဓာတ်လှေကားထဲဝင်လိုက်တယ်။ ၅လွှာရောက်တော့ သူ့ကိုအရိုအသေပေးနေတဲ့ ဆင်တူဝတ်အလုပ်သမားလေးယောက်က ရှေ့ကလမ်းပြပြီး အခန်းတစ်ခုထဲဝင်ဖို့ပြောတယ်။ အလုပ်သမားတွေအားလုံးက Beta တွေဖြစ်တယ်။ ချမ်းသာတဲ့အိမ်တော်တွေမှာ အလုပ်သမားတွေကို Beta ပဲခန့်ထားလေ့ရှိကြတယ်။ ဒါကမလိုလားအပ်တဲ့ပြသနာတွေကို မပေါ်ပေါက်စေတော့ဘူးပေါ့။
ဒီအိမ်ကတံခါးတွေက လက်ဗွေ system ဆိုတာ သတိပြုမိတယ်။ အခန်းထဲဝင်လိုက်တော့ Hall လိုအခန်းရှည်ကြီးရဲ့ စားပွဲမှာ လူငါးယောက်ထိုင်နေတယ်။ စားပွဲထိပ်ဆုံးမှာထိုင်နေတဲ့အဖိုးကြီးရဲ့အနောက်မှာတော့ လူကြီးတယောက်ရပ်နေတယ်။
အစည်းအဝေးလုပ်နေကြတာလား ???
ရှောင်းကျန့်ဝင်လာတာနဲ့ မျက်လုံး ၆ စုံက သူ့စီကို လေဆာပစ်သလိုပြေးဝင်လာကြတယ် ။ ပြီးတော့ အံ့ဩသွားကြတဲ့ မျက်နှာတွေ...။ ကြိုမျှော်လင့်ထားပြီးဖြစ်လို့ ရှောင်းကျန့်ကတော့ ခပ်တည်တည်ပဲပြန်ကြည့်ပေးလိုက်ပါတယ်။ တဖက်ကတော့ အချင်းချင်းမျက်စပစ်ပြီး အသံတိတ်စကားပြောနေကြပြီ။
သူတို့လန့်မယ်ဆိုလဲလန့်ချင်စရာပါပဲ ။ ရှောင်းရန်လီရဲ့မောင်က ဒီလောက်တော့ရုပ်ဆိုးဖို့မသင့်ဘူးမလား။ အခုဟာက ရုပ်ဆိုးတယ်ဆိုတာထက် ဝကလဲဝ့နေသေးတယ်။ ပေါင်၂၀၀လောက်အနည်းဆုံးရှိလောက်မဲ့ ဝဝတုတ်တုတ်ဖက်တီးကြီး၊ ဝပါတယ်ဆိုမှ့ မျက်နှာမှာက မှဲ့ခြောက်လိုအမဲအစက်တွေ ပါးအပြည့်ပေါက်နေသေးတယ်။ ပြီးတော့ မှန်ကြောင် လေးလုံး ။မျက်မှန်ကလဲအမဲရောင်ကိုင်းအထူကြီး။ ဝတ်ထားတာကလဲ ခေါင်းစွပ်လက်ရှည်ကိုမှ့ လက်နေရာကရှည်လွန်းတာကြောင့် လက်ချောင်းပါအကျီထဲပျောက်နေသေးတယ်။ ဘဝမှာ ဒီလောက်ရုပ်ဆိုးပြီးဝလဲဝ၊ ဝတ်စားပုံလဲ ပုံမလာတဲ့ male omega မျိုး ဒီတသက်ဒီတယောက်မြင်ဖူးတာပါပဲ။
စည်ပိုင်းကြီးတလုံးအိပဲ့အိပဲ့နဲ့ လိမ့်လာနေသလိုမျိုးကြီး.....
"မင်း...မင်းက ရှောင်းကျန့်လား "
ဝမ်မေလိက မထိန်းနိုင်တော့ပဲထ့မေးတယ်။
ဝမ်ရိပေါ်ကတော့ သူ့အဒေါ်အပျိုကြီးဖြစ်နေတဲ့ရုပ်ကိုကြည့်ပြီးရယ်ချင်နေပြီ။ အခုနကထိ သူ့ကို ဒါကြီးနဲ့ယူဖို့အတင်းနားချနေသေးတာ။ အခုသူ့အဒေါ် ဘာဆက်လုပ်မလဲ ကြည့်ပါဦးမယ် ။
"ဟုတ်ကဲ့ ကျွန်တော်ရှောင်းကျန့်ပါ ၊ ရန်လီကျဲရဲ့မောင်အရင်းပါ "
အသံလေးကတော့ ကြည်အေးအေးလေးနဲ့ ဆွဲဆောင်မှု့ရှိတဲ့အသံမျိုးပါပဲ။ ဒါပေမဲ့ ဒီလူက omega ရောဟုတ်ရဲ့လားလို့ ရိပေါ်ကတွေးနေမိတယ်။
"ထိုင် ကလေး ၊ ဒီမှာထိုင် "
အိမ်တော်ထိန်းကြီးကျန်းဖုချီက ရှောင်းကျန့်အတွက်နေရာချပေးလိုက်တယ်။ ဝိုင်းကြည့်နေကြတဲ့ လူတသိုက်ကြောင့် ရှောင်းကျန့်က အနေခက်လာတယ်။ စားပွဲထိပ်က အဖိုးကြီးကပဲ စကားစပြောပါတယ်။
"မင်းကို အားလုံးနဲ့မိတ်ဆက်ပေးရဦးမယ် ၊ အဖိုးနာမည်က ဝမ်ကျားရန် ၊ ဇီရွှမ်းက အဖိုးရဲ့အငယ်ဆုံးသားလေးပါ ။ ဒီဘက်က အဖိုးရဲ့သားကြီးဝမ်ဟောင်ရန် ၊ သူ့ mate ချင်ရိဟွား ၊ သူက အဖိုးရဲ့မြေးကြီးဝမ်ရိပေါ် ..ဟောင်ရန်ရဲ့သားပေါ့ ၊ သူကအဖိုးရဲ့သမီးလတ် ဝမ်မေလိ "
"ဟုတ်ကဲ့ ၊ ကျင်းလင်ကိုမတွေ့ပါလား
ကျွန်တော် ကျင်းလင်လေးကိုလာခေါ်တာပါ
ဒီညနေပဲ ကျွန်တော့်ဇာတိကိုပြန်‌ဖို့ စီစဉ်ထားလို့ "
ရှောင်းကျန့်ရဲ့စကားကြောင့် အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြတယ်။
"ဖြည်းဖြည်းပေါ့ ၊ မလောပါနဲ့ ဒီနေ့မှ့ရောက်တာကို ခရီးပန်းလာမှာပေါ့ ၊ ဒီတရက်တော့ ဒီအိမ်မှာပဲအနားယူလိုက်ပါ။ ဖုချီ သူ့အဝတ်အိတ်ကို အိပ်ခန်းထဲပို့ထားပြီးပြီမလား"
"ပို့ထားပါပြီ "
အဖိုးကြီးက သူ့ဘာသာနေရာချ ၊ သူ့ဘာသာဆုံးဖြတ်လို့ သူ့သဘောသူဆောင်ပြီးပြောနေတယ်။ Alpha တွေက ဗီဇကိုက ဒီလိုတွေချည်းပဲ ...သူတပါးအဆင်ပြေသည်မပြေသည် သိပ်မတွေးပေးတတ်ကြဘူး။
"ကဲကဲ ဧည့်သည်က ဗိုက်ဆာနေလောက်ပြီ
ထမင်းစားခန်းသွားရအောင် အားလုံးအသင့်ပြင်ထားလိုက်တော့ "
ဝမ်မေလိက စပြီးထရပ်တော့ အားလုံးအလျိုလျိုထရပ်ကြတယ်။ ရှောင်းကျန့်က ဘာပြောရမှန်းမသိဖြစ်နေတယ်။
"ကျင်းလင်ရော "
"သူလား မူကြိုသွားတယ်လေ ပြန်မလာသေးဘူး ၊ လာပါ ထမင်းစားခန်းသွားမယ် "
ဒီလိုနဲ့ အခန်းနောက်တစ်ခုထဲရောက်သွားရပြန်တယ်။ စတွေ့ကတည်းက စကားပြောနေတာ ဝမ်အဖိုးကြီးနဲ့ သူ့သမီးလတ်အဒေါ်ကြီးသာဖြစ်ပြီး သူ့ရဲ့သားကြီးမိသားစုက ခပ်အေးအေးပဲဆိုတာကို ရှောင်းကျန့်က သတိပြုမိတယ်။ ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးကတော့ ရှောင်းကျန့်ထက်တောင်ငယ်ဦးမယ်။ သူလဲ မျက်နှာသေနဲ့ပါပဲ စကားတခွန်းမှ့ဝင်မပြောပါဘူး။ ကောင်လေးက မျက်နှာကျတော်တော် ကြည့်ကောင်းပြီး ချောတဲ့အထဲမှာပါတယ်။ ဒါပေမဲ့ မျက်နှာထားမချိုတာကြောင့် ခင်စရာတော့မကောင်းဘူး။
ဟင်းတွေလာချတော့ သံအုပ်ဆောင်းလိုအုပ်ထားတဲ့ ဟာကို တယောက်တပန်းကန်ရတယ်။  ကြက်ကင်လား၊ ဘဲကင်လား အမှတ်နဲ့ စိတ်ကူးယဉ်နေတဲ့ရှောင်းကျန့်က အုပ်ဆောင်းကိုဖွင့်လိုက်တာနဲ့ ထ့မအော်မိအောင်အမြန်ထိန်းထားရတယ်။ သူ့ပန်းကန်ထဲမှာ အနီရောင်သွေးလိုအရည်ကြည်တွေပြည့်နေတဲ့အေးစက်စက်နဲ့ အတုံးကြီး ...
ဒါဘာကြီးလဲ ၊ အသည်းလား ...ဘာသတ္တဝါရဲ့အစိတ်အပိုင်းလဲ...ဒါကြီးကအစိမ်းကြီးလား ၊ ဒီအိမ်ကလူတွေက အသားစိမ်းတွေစားတာလား ....
ဒီကို မလာခင်ညက ယွီပင်းပြောတဲ့စကားတွေကိုအမှတ်ရတယ်။
"A  နိုင်ငံက လူတွေက လူလဲသတ်တယ်။ လူသားလဲစားတယ်တဲ့ ။ သွေးသန့် Alpha တွေက ပိုဆိုးတယ်တဲ့။ ဥပဒေရှိပေမဲ့ ဘယ်သူမှ့ အင်အားကြီးတဲ့ သွေးသန့်တွေကိုမထိရဲကြဘူး၊ မင်းလဲ သတိထားဦး ၊ ပြီးတော့ သူတို့က မူးယစ်ဆေးတွေ လက်နက်တွေလဲမှောင်ခိုတင်သွင်းတဲ့နေရာမှာ ဆရာကြီးတွေ... ကြမ်းတမ်းတယ်၊ မညှာတာတတ်ဘူး၊ ကြောက်ဖို့ကောင်းတယ် မင်းကိစ္စပြီးတာနဲ့ အမြန်ဆုံးပြန်လာ ကြားလား "
နောက်ပြီးရှင်းချန်မှာတဲ့စကားတွေ။
"မင်းနဂိုပုံစံကို လုံးဝသူတို့မြင်လို့မဖြစ်ဘူးနော်၊ သူတို့စီမှာ male omega ကတန်ဖိုးရှိတယ်။ မင်းကို mateမရှိမှန်းသိရင် ဝိုင်းပြီး ဆွမ်းကြီးလောင်းလိမ့်မယ်။ ကံမကောင်းရင် လူကုန်ကူးခံရနိုင်တယ်။ အကောင်းဆုံးကတော့ သိုသိုသိပ်သိပ်နေ၊ စကားအများကြီးမပြောနဲ့ ၊ ဘယ်သူ့ကိုမှမယုံနဲ့ "
ရှောင်းကျန့်က တွေးရင်းကြောက်လာတာကြောင့် သူ့လက်တွေတုန်လာတယ်။ ဘေးကိုကြည့်လိုက်တော့ ဒေါ်လေးဝမ်မေလိက အသည်းပန်းကန်ကိုဇွန်းကြီးနဲ့အရသာရှိရှိကော်စားနေပြီ။ သူမရဲ့နှုတ်ခမ်းမှာ သွေးစတွေတောင်ကပ်နေသေးတယ်။ ပျို့မိမလိုဖြစ်သွားတဲ့ စိတ်ကိုအနိုင်နိုင်ထိန်းရင်း ဝမ်အဖိုးကြီးကိုကြည့်တော့ သူ့အသည်းပန်းကန်က ကုန်တောင်ကုန်သွားပြီ။
ဘယ်လိုများစားလိုက်ပါလိမ့် ....
ဝမ်ဟောင်ရန်နဲ့ ဇနီး ( ချင်ရိဟွား ) ကတော့ တို့တိတို့တိနဲ့စားနေတယ်။ ချင်ရိဟွားက တူကိုမြောက်လို့ အရှေ့က ဟင်းပန်းကန်ကိုနှိုက်တယ်။ တူမှာပါလာတာ လက်တွေအများကြီးနဲ့ မဲနက်နေတဲ့ကင်းမြီးကောက်လိုအကောင်ကြီး ....
ရှောင်းကျန့်က စိတ်ထဲကအသံမျိုးစုံနဲ့အော်နေပေမဲ့ အသံကထွက်မလာဘူး။ သူ့ရဲ့ရှေ့တည့်တည့်က ဝမ်ရိပေါ်ကိုကြည့်လိုက်တော့ တော်သေးတယ်။ သူကတော့ဘာကိုမှ့ မစားနေဘူး။
ဟင့်အင်း ...မတော်ဘူး။ သူကဘာလို့ ရှောင်းကျန့်ကိုထိုင်ကြည့်နေတာလဲ။
Alpha ကောင်လေးနဲ့ Omega အစ်ကိုကြီးတို့ရဲ့ပထမဆုံး အကြည့်ချင်း စီးချင်းထိုးမှု့က civil war ဖြစ်သွားတယ်။
ဒီအိမ်က လူတွေက တ‌စ်ယောက်မှ့ ပုံမှန်မဟုတ်ကြဘူးပဲ........
ဝမ်ရိပေါ်ကလဲ စားစရာရှိတာမစားပဲ အရပ်ဆယ်ပါးလျောက်ကြည့်နေတဲ့ ရှောင်းဝတုတ်ကိုသေချာအကဲခတ်နေတယ်။ သွေးသန့် Alpha တွေဖြစ်တာကြောင့် သူတို့မိသားစုက အချင်းချင်း စိတ်ချင်းဆက်သွယ်လို့ရကြတယ်။ အပြင်ပန်းမှာ စားသောက်နေကြပေမယ့် အားလုံးက စိတ်ထဲငြင်းခုန်နေကြတာ။ ရှောင်းကျန့်ကတော့ကြားမှာမဟုတ်ဘူး။
ဝမ်မေလိ - [ သူက omega ဆိုတာ သေချာလား၊ ဒီကမ္ဘာမှာ ဒီလောက်သောက်ရုပ်ဆိုးပြီး ဝတုတ်ပြဲနေတဲ့ အိုမီဂါမျိုးစိတ်က ရှိသေးတာလား ]
ဝမ်ဖိုးဖိုး - [ သူများသားသမီးကိုပုတ်ခတ်မနေနဲ့ သူ့ကိုဒီအိမ်မှာ ကြာကြာနေဖို့ အချိန်ဆွဲထားရမယ် ]
ရိပေါ်အဖေဝမ်ဟောင်ရန် - [ ပိုက်ဆံပေးလိုက်ပါဆို ၊ ပိုက်ဆံမကြိုက်တဲ့သူ ဘယ်သူမှမရှိဘူး။ စားသောက်ပြီးတာနဲ့ ငွေပေးပြီးညှိလိုက်မယ် ]
ရိပေါ်အမေချင်ရိဟွား - [ ကောင်လေးကရိုးသားတဲ့ပုံလေးပါ၊ ပြောလိုက်မှ့ ကျင်းလင်လေးကိုခေါ်ပြီး တခါထဲထပြန်သွားရင် ဒုက္ခများမယ်နော် ]
ဝမ်ဖိုးဖိုး - [ ငါ့မြေးငယ်ကိုတော့ မြို့ငယ်ဇနပုဒ်မှာနေဖို့ မထည့်ပေးလိုက်နိုင်ဘူးနော် ]
ဝမ်မေလိ - [ တခုခုကြံကြပါဦး ]
ဝမ်ရိပေါ် - [ ဒါကဘာများခက်လို့လဲ ဘာတွေဒီလောက်ခေါင်းစားနေကြတာလဲ ကျွန်တော်ဖြေရှင်းပေးမယ် ]
အစကတော့ သဘာဝတရားနဲ့ကိုင်တုတ်ပြီး နားလည်အောင်နားချ ကလေးတောင်းမလို့ပဲ။ ဒါပေမဲ့ ဒီဝတုတ်အိုမီဂါကြည့်ရတာ ဒီတသက် mate ရမဲ့ပုံလဲမပေါ်တာကြောင့် တိုက်ကွက်ပြောင်းရတော့မယ်။
"အဟမ်း "
ဘာစားရမှန်းမသိတဲ့ရှောင်းကျန့်က အလှဆင်ပုံဖော်ထားတဲ့ ပန်းကန်ထောင့်က ပန်းပုံစံမုန်လာဥနီလေးကို  လက်လှမ်းနေတုန်း ဝမ်ရိပေါ်ရဲ့အဟမ်းကြောင့် ကိုယ်ကတောင့်ခနဲဖြစ်ပြီး သတိအနေအထားပြင်ထားလိုက်တယ်။
"ဒီက ရှောင်းကျန့်နော် ..  ဇာတိကိုအမြန်ပြန်ချင်နေပုံရတယ်။ ဒါပေမဲ့ ခဗျားပြန်လို့မရသေးဘူး "
"ဘာလို့ပြန်လို့မရ ရမှာလဲ "
ရှောင်းကျန့်ကပက်ခနဲပြန်မေးတယ်။ ဝမ်ရိပေါ်ဆိုတဲ့ ဒီသောက်ကလေး အသက်ကအလွန်ဆုံးရှိလှ ၂၂/၂၃ပေါ့ ၊ အကြီးကိုများမလေးမစားနဲ့ ၊ အစ်ကိုတပ်ခေါ်တော့သေမှာမို့လား ။ ကြောက်ပေမဲ့လည်း အနှိမ်တော့မခံနိုင်ပါဘူး။
"ဦးလေးငယ်ရဲ့ရှေ့နေနဲ့ တွေ့ရဦးမှာမို့ "
"ဘာရယ် ...နေ့လည်ကပဲ တွေ့ခဲ့ပြီးပါပြီနော် "
"မဟုတ်ဘူး အဲ့ဒါက ခဗျားအမရဲ့ရှေ့နေ
အခုက ကျွန်တော့်ဦးငယ် ခဗျားယောက်ဖရဲ့ရှေ့နေနဲ့တွေ့ရမှာ ၊ ဦးငယ်ကအခြေအနေမဲ့မှ့မဟုတ်တာ သူ့သားကျင်းလင်အတွက် company တစ်ခုနဲ့ အမွေတွေအများကြီးချန်ပေးသွားတယ်။ ခဗျားက အုပ်ထိန်းသူအဖြစ်တာဝန်ယူလိုက်ပြီဆိုတော့ ဒါတွေကိုခဗျားကပဲဆက်ပြီးထိန်းသိမ်းပေးရမှာပဲလေ ၊ ကလေးအရွယ်ရောက်လာတဲ့အချိန်အထိ့ပေါ့ "
ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့စကားကြောင့် ချာချာလည်သွားတယ်။ သူဒါကိုဘာလို့မတွေးခဲ့မိတာလဲ ။ ဟုတ်သားပဲ ကျင်းလင်လေးက သူ့အမရဲ့သားဆိုပေမဲ့ အမွေကိစ္စဘာညာရှိဦးမှာပဲ။ စိတ်ရှုပ်လိုက်တာ။
"အဲ့ဒါတွေကို ဒီဘက်က ဝမ်ရိပေါ်တို့ကပဲ တာဝန်ယူထားပေးလို့မရဘူးလား။ ကလေးကြီးလာမှ့ပြန်ပြီးလွှဲပြောင်းပေးလိုက်ပေါ့ ၊ ကျွန်တော်က ကလေးကိုစောင့်ရှောက်ဖို့ တာဝန်ယူပေးမယ်လေ "
"ကျွန်တော်မှာလဲ ကိုယ့်အလုပ်နဲ့ကိုယ်
နောက်ထပ် company တစ်ခုဦးစီးဖို့မအားဘူး"
"ဘယ်ဖြစ်မလဲ ကလေးကို ဦးတို့လဲတာဝန်ယူချင်တာပေါ့၊ ဦးတို့ဝမ်အိမ်တော်ရဲ့သွေးသားပဲလေ "
"ဟုတ်တယ် ကလေးကိုခေါ်သွားဖို့ကတော့
မဖြစ်နိုင်ဘူး"
ဝမ်ရိပေါ်ရဲ့ အဖေနဲ့ ဒေါ်လေးကလဲ ဝင်ကန့်ကွက်တယ်။ ရှောင်းကျန့်ကတဖြည်းဖြည်းသဘောပေါက်လာတယ်။ ဒီလူတွေ ကလေးကိုမပေးချင်လို့ဝေ့လည်ကြောင်ပတ်လုပ်နေတာပဲ။ ဒါပေမဲ့ကလေးကို ဒီမိသားစုနဲ့ ဖြစ်သလိုပစ်ထားခဲ့ရအောင်ကလဲ သူ မလုပ်နိုင်။ စားသောက်တဲ့လူနေမှု့ပုံစံကိုက ကြောက်စရာAlphaတွေ။ ကျဲကျဲက သူ့ကိုပဲစိတ်ချပြီးအပ်သွားတာကို ။
"ဒီလိုလုပ်ပါလား ကလေး ၊ မင်းလဲ အဆင်ပြေ အဖိုးတို့လဲ မြေးကျင်းလင်လေးနဲ့မခွဲရအောင် မင်းဒီအိမ်မှာပဲနေလိုက်ပါ။ ကလေးကိုလဲ စောင့်ရှောက်ခွင့်ရမယ်။ company ကိစ္စကိုတော့ အဖိုးမြေးဝမ်ရိပေါ်နဲ့ အတူတိုင်ပင်ပြီးကောင်းသလိုစီစဉ်ကြပေါ့..."
"ကျွန်တော်က အွန်လိုင်းမှာ ဒီဇိုင်းဆွဲစားတဲ့သူဗျ ဘာcompany အလုပ်မှနားမလည်ဘူး တာဝန်လဲမယူတတ်ဘူး "
" ကူညီပေးမှာပေါ့ "
ဝမ်ရိပေါ်စကားကြောင့် လူတပိုင်းဝက်တပိုင်း အိုမီဂါဝတုတ်က ‌ဘာဆက်ပြောရမယ်မသိဖြစ်သွားတယ်။
အမွေတွေ လိုချင်တဲ့လူယူလိုက်။ ငါတော့ကလေးခေါ်ပြီးပြန်ပြီ လုပ်လို့လဲမရဘူး။ အဲ့ဒါက ကျင်းလင်လေးရဲ့ရပိုင်ခွင့်တွေလေ။ ထိန်းသိမ်းထားပေးရမှာက ဦးလေးတယောက်ဖြစ်တဲ့ ရှောင်းကျန့်ရဲ့တာဝန်ပဲ ...ကျဲကသူ့အပေါ်ဘယ်လောက်တောင် ကောင်းခဲ့တာလဲ .....
"ကျွန်တော် စဉ်းစားကြည့်ပါဦးမယ် "
***********************************
Paung~pus ♡.
(28.10.2021)
Zawgyi
"များလိုက်တဲ့လူတွေ "
"ကလေးက ဘယ်မှာလဲ "
သွားခေါ်ရမှာပေါ့"
*********************************
"ထိုင် ကလေး ၊ ဒီမှာထိုင် "
"ပို့ထားပါပြီ "
"ကျင်းလင်ရော "
"အဟမ်း "
မဖြစ်နိုင်ဘူး"
" ကူညီပေးမှာပေါ့ "
***********************************
Paung~pus ♡.
(28.10.2021)
Continue Reading
You'll Also Like
383K 41.7K 33
Epiphany (n.) a moment when you suddenly feel that you understand or suddenly become conscious of something that is very important to you
78.5K 11K 47
Sithara Raghuvaran, a 21 year old girl who is broken, scared and struggling hard to get used to the new world which looks straight opposite to the wo...
874K 35.9K 30
"แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บ แ€แ€…แ€บแ€แ€ซ แ€”แ€™แ€บแ€ธแ€›แ€„แ€บ แ€„แ€ซแ€ธแ€žแ€ญแ€”แ€บแ€ธ แ€‘แ€€แ€บแ€™แ€”แ€Šแ€บแ€ธแ€›แ€แ€šแ€บ..แ€žแ€˜แ€ฑแ€ฌแ€•แ€ฑแ€ซแ€€แ€บแ€œแ€ฌแ€ธ?"(18+) แ€€แ€ผแฝแ€”แ€นแ€ฑแ€แ€ฌแ€น แ€แ€…แ€นแ€แ€ซ แ€”แ€™แ€นแ€ธแ€›แ€„แ€น แ€„แ€ซแ€ธแ€žแ€ญแ€”แ€นแ€ธ แ€‘แ€€แ€นแ€™แ€”แ€Šแ€นแ€ธแ€›แ€แ€šแ€น..แ€žแ€ฑแ€˜แ€ฌแ€ฑแ€•แ€ซแ€€แ€นแ€œแ€ฌแ€ธ?"(18+)
317K 23.7K 56
(U) แ€กแ€›แ€พแ€„แ€ทแ€บแ€›แ€ฒแ€ทแ€žแ€แ€ญแ€ฏแ€ทแ€žแ€™แ€ฎแ€ธแ€แ€ฝแ€ฑแ€‘แ€ฒแ€€แ€แ€…แ€บแ€šแ€ฑแ€ฌแ€€แ€บ แ€–แ€ผแ€…แ€บแ€แ€ฝแ€„แ€ทแ€บแ€›แ€›แ€ฏแ€ถแ€”แ€ฒแ€ทแ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€™แ€ปแ€ญแ€ฏแ€ธแ€€แ€ปแ€ฑแ€”แ€•แ€บแ€•แ€ซแ€›แ€ฒแ€ทแ€œแ€ฑแ‹ . . (Z) แ€กแ€›แ€ฝแ€„แ€ทแ€นแ€›แ€ฒแ‚•แ€žแ€แ€ญแ€ฏแ‚”แ€žแ€™แ€ฎแ€ธแ€ฑแ€แ€ผแ€‘แ€ฒแ€€แ€แ€…แ€นแ€ฑแ€šแ€ฌแ€€แ€น แ€ปแ€–แ€…แ€นแ€แ€ผแ€„แ€ทแ€นแ€›แ‚แ€ฏแ€ถแ€”แ€ฒแ‚•แ€€แ€ผแฝแ€”แ€นแ€ฑแ€แ€ฌแ€นแ€™...