Killing The Love I Hate (BL O...

LeeSeungHan द्वारा

259K 17.9K 4K

"ငါက ဘာမှမဟုတ်ပါဘူးယံယံ.....ဘာမှမဟုတ်ပါဘူး...ဒီအတိုင်း....မင်းမျက်နှာပေါ်ကိုကျနေတဲ့နေရောင်ခြည်လေးတွေကအစ မင်းက... अधिक

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Art 1
Chapter 13
Chapter 14 - Rated M
Chapter 15
Chapter 16
Art 2
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42 - Rated M
Chapter 43
Chapter 44
Chapter 45 : Wedding Day
Chapter 46 : Honeymoon
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Art 3
Chapter 58
Final Chapter Part 1
Final Chapter Part 2

Chapter 6

5.3K 428 40
LeeSeungHan द्वारा

Unicode

Killing The Love I Hate Chapter 6

ထို့နေ့က မိုးသားကားပေါ်မှဆင်းသွားပြီးနောက် ညဘက်အတော်လေးနောက်ကျမှသာအိမ်ကိုပြန်ရောက်လာခဲ့သည်။ ကြီးကြီးမေက သူ့အပေါ်မယုံကြည်သည်ကို စိတ်ဆိုးနေသောကြောင့် မိုးသားမည်သူ့ကိုမှစကားမပြော။ အိမ်ပြန်ရောက်သည်နှင့် ထမင်းလည်းမစားဘဲ သူ့အခန်းထဲဝင်၍သာအောင်းနေသည်။ ညဘက် နှင်းရည်အေးက ထမင်းသွားပို့ပေးသည့်တိုင် မိုးသားက တံခါးကိုပိတ်ထားသောကြောင့် သည်အတိုင်းသာလှည့်ပြန်ခဲ့ရသည်။

ငွေယံ ကတော့ စာအုပ်တစ်ဖက် မုန့်တစ်ဖက်နှင့် စာလုပ်နေပြီး စာလုပ်ပြီးသည့်တိုင် ဗိုက်ကဆာနေသေးသောကြောင့် ဝက်သားဟင်းနှင့် ထမင်းသုံးပန်းကန်လောက်ဆွဲလိုက်သေးသည်။ ထို့နောက်မှအိပ်ခါနီး ပြတင်းပေါက်ပိတ်ရင်းအပေါ်ကိုမော့ကြည့်လိုက်တော့ မိုးသားအခန်းက မီးမှောင်ချထားသည်ကိုမြင်လိုက်ရသည်။ အပေါ်ကိုမော့ကြည့်နေရင်း ရုတ်တရက်လိုက်ကာစ က လှုပ်သွားသောကြောင့် ငွေယံ ပြူးပြဲကြည့်နေသော်လည်း မှောင်နေပြီမို့ ဘာကိုမှသဲသဲကွဲကွဲမမြင်ရဘဲရှိလေသည်။

သို့ကြောင့် ငွေယံမှာ တံခါးကိုပိတ်ကာအိပ်လိုက်ချေတော့၏။

နောက်နေ့မနက်ရောက်တော့ ငွေယံသည် ယမန်နေ့က မိုးသားကျန်ရစ်ခဲ့သော လွယ်အိတ်ကိုပိုက်ကာ မိုးသားတို့အိမ်ထဲဝင်လာသည်။

"ယံယံ..."

အိမ်ကိုဧည့်သည်ရောက်နေသောကြောင့် နှင်းရည်အေးက ငွေယံ့ကို ခပ်တိုးတိုးခေါ်လိုက်သောအခါ ငွေယံသည် အသာလေးဧည့်ခန်းကိုကျော်၍ထမင်းစားခန်းဆီလျှောက်လာသည်။ ဧည့်ခန်းဘက်လှည့်ကြည့်လိုက်စဥ်က ကြီးကြီးမေနှင့်စကားပြောနေသည့် သူတို့ကျောင်းမှ ကျောင်းအုပ်ဆရာကြီးကိုမြင်ခဲ့ရသည်။ ရုံးခန်းထဲတွင်သာတွေ့ရလေ့ရှိသော ကျောင်းအုပ်ကြီးသည် ယခုတော့ မိုးသားတို့အိမ်ကိုစောစောစီးစီးရောက်နေသည်။ ထိုဆရာကြီးရောက်နေခြင်းမှာ အခြားကြောင့်မဟုတ်ဘဲ မိုးသားကိစ္စကြောင့်သာဖြစ်ကြောင်း ငွေယံ သိလိုက်၏။ မိုးသားကမည်သို့ပင်မလုပ်ဘူးဟုဆိုစေကာမူ မိုးသားဖြစ်ခဲ့သောကိစ္စသည် သေးငယ်သောကိစ္စမဟုတ်ပါ၍ လွယ်လင့်တကူကျော်လွှားသွားနိုင်မည်မဟုတ်ကြောင်းလည်း ငွေယံခန့်မှန်းမိလိုက်သည်။

ထို့နောက် မီးဖိုဆောင်ထဲတွင် နှင်းရည်အေးက မနက်စာပြင်ဆင်နေသည်ကိုမြင်လိုက်ရသည်။

"မိုးသားရော...."

နှင်းရည်အေးသည် ပခုံးကိုတွန့်ပြပြီး မိုးသားရှိနေရာအပေါ်ထပ်ကို မေးငေါ့ပြသည်။ ထို့နောက် ကြွေပန်းကန်ပြားများထဲသို့ ထမင်းကြော်များကိုထည့်နေရင်း

"ကြီးကြီးမေကို ကောက်တော်မူနေလေရဲ့" ဟု ပြော၏။

ထိုအခါ ငွေယံက

"သူဒီနေ့ကျောင်းသွားမှာလား" ဟုမေးလိုက်သောအခါ

"မသိဘူးလေ အစ်ကိုလေးရဲ့စိတ်ကိုဘယ်သူကခန့်မှန်းနိုင်လို့လဲ"

ဟု ပြန်ဖြေသည်။ ထို့နောက် ငွေယံ့လက်ထဲကို ကြက်ဥဟက်ဖရိုက် နှင့် ကြက်အူချောင်းကြော်ရဲရဲလေးများ အုပ်ထားသည့် ထမင်းကြော်ပန်းကန်အားထိုးပေး၍ ပြုံးဖြီးဖြီးနှင့် ပြော၏။

"ယံယံ....နင်သူ့ကိုသွားကျွေးပေးနော်..... ငါဧည့်သည်အတွက်ပြင်ပေးရဦးမှာမိုလို့ ဟီးဟီး"

ငွေယံသည် ဘာမှမပြောဘဲ နှင်းရည်အေးပေးသော ပန်းကန်ကိုသာသယ်လာခဲ့သည်။ မိုးသားကိုပေးရမည့်လွယ်အိတ်ကိုလည်း တစ်ဖက်ကလွယ်လာသေး၏။ အပေါ်ထပ်ကိုရောက်တော့ မိုးသားအခန်းတံခါးကပိတ်ထားသည်ကိုမြင်လိုက်ရသည်။

ငွေယံသည် အခန်းနားချဥ်းကပ်သွားပြီးတံခါးကို ဖြည်းဖြည်းခေါက်လိုက်၏။

"ဒေါက်ဒေါက်ဒေါက်....."

သူ့ခေါက်သံမှာသိပ်မတိုးသော်လည်း အထဲကသူကတော့
ပြန်မဖြေ။ သို့ကြောင့် ငွေယံ တံခါးကိုခပ်ကျယ်ကျယ်ကလေးခေါက်လိုက်သည်။

"ဒေါက်ဒေါက်ဒေါက်..........."

ပါးစပ်ကလည်းအော်လိုက်သေး၏။

"မိုးသား......."

"မိုးသားပိုင်........"

"ဝုန်း......"

ရုတ်တရက်ပွင့်လာသည့်တံခါးအနောက်မှာ မြင်လိုက်ရသည်ကတော့ မိုးသားဖြစ်၏။ မိုးသား မှာ ပထမ ဒေါသဖြစ်နေဟန်ပေါက်သော်လည်း တစ်ဖက်ကလွယ်အိတ်ကိုလွယ်ထားပြီး တစ်ဖက်က ထမင်းကြော်ပန်းကန်ကိုင်ထားသော ငွေယံ့ကိုမြင်တော့ တွန့်ကွေးသောမျက်ခုံးများက အနည်းငယ်ပြေလျော့သွားသည်။ ထို့နောက် ငွေယံအထဲကိုဝင်နိုင်ပါစေရန်တံခါးကို ဟ ပေးလိုက်၏။

"ဝင်ခဲ့....."

သူ့ကို ထမင်းလာကျွေးတာတောင် အထက်စီးဆန်နေသေးသော မိုးသားပုံစံကိုမြင်တော့ ငွေယံ မျက်စောင်းထိုးလိုက်မိသည်။ ထို့နောက် ထမင်းကြော်ပန်းကန်ကို ခပ်နိမ့်နိမ့် ဖန်စားပွဲရှည်ပေါ်တင်ထားလိုက်၏။

လွယ်လာသောလွယ်အိတ်ကိုလည်း စာကြည့်စားပွဲဆီသွားတင်ပေးထားလိုက်သည်။

"မင်းလွယ်အိတ်...."

ငွေယံလွယ်အိတ်ထားပြီးလှည့်ကြည့်လိုက်တော့ မိုးသားမှာ မျက်နှာသစ်စဥ်က လက်တစ်ဖက်တည်းနှင့်လုပ်ရသည်မို့ ရေစိုနေသော အင်္ကျီကိုချွတ်ကာ အသစ်လဲရန်ကြိုးစားနေသည်။ ဝတ်ထားသောတီရှပ်ကို လက်တစ်ဖက်နှင့်ဆွဲချွတ်လိုက်တုန်းက အဆင်ပြေနေသေးသော်လည်း ပြန်ဝတ်ရန်မှာတော့ခက်ခဲနေ၏။ သို့သော် ငွေယံ မှာ အချဥ်ပေါင်းကိစ္စကိုမကျေလည်သေး၍ မိုးသားကိုမမြင်ချင်ယောင်ဆောင်ကာ နံရံကပ်စင်ပေါ်ရှိ LEGO ရုပ်များကိုသာကြည့်နေသည်။

"ဒုန်း........."

အသံကြား၍ ငွေယံလှည့်ကြည့်လိုက်တော့ မိုးသားသည် အင်္ကျီ ဝတ်မရ၍စိတ်တိုတိုနှင့် မှန်တင်ခုံမှအံဆွဲများကိုပိတ်ကန်နေသည်ကိုမြင်လိုက်ရသည်။ အရင်ကဆို သူသည် "မေမေရေ..." ဟု တစ်ခွန်းလှမ်းအော်လိုက်ရုံနှင့်သည်ကိစ္စကိုဖြေရှင်းလို့ရသော်လည်း ယခုတော့ စိတ်ကောက်နေဆဲမို့အခက်တွေ့နေရသည်။

ထိုအခါ ငွေယံသည် ကြားထဲကအကန်ခံရသော အံဆွဲများကို သနားသောကြောင့် မိုးသားအနားကိုလျှောက်သွားလိုက်၏။ ထို့နောက် မယောင်မလည်နှင့်

"ငါလုပ်ပေးရမလား..."

ဟု မေးမြန်းလိုက်သည်။

မိုးသားက ဘာမှမပြောဘဲ ရုတ်တည်ကြီးနှင့်သာသူ့ကိုကြည့်နေသည်။ ခဏကြာမှ

"လုပ်ပေး"

ဟူသောအသံကိုကြားလိုက်ရ၏။ ထိုအခါ ငွေယံသည် တက်ကြွစွာဖြင့် နက်ပြာရောင် တီရှပ်လေးကိုကိုင်ပြီး မိုးသားလက်ကို ဆွဲမလိုက်သည်။

"ငွေယံရှင်းသန့်.... "

အားပါသွား၍ လက်နာသွားသောကြောင့် မိုးသား၏ဒေါသ သံကိုကြားလိုက်ရပါမှ ငွေယံ သွားလေးဖြီးကာရယ်ပြလိုက်သည်။ သို့သော်လည်း သိပ်မရယ်ရဲသေး။ စွတ်ပြီးရယ်နေလျှင် ထိုလူဆိုးကစိတ်ဖောက်ကာ သူ့ကို တစ်ခုခုလုပ်နေမှဖြင့် ငွေယံရှင်းသန့်တစ်ယောက်ပြေးပေါက်မှားနေချေဦးမည်။

ထို့ကြောင့် ငွေယံသည် မိုးသားလက်ကိုထပ်ပြီးမထိခိုက်ပါစေရန်ဂရုတစိုက်ဝတ်ပေးလိုက်သည်။

"ရပြီ......ဒါဆို....ဒီနေ့မင်းကျောင်းမတက်ဘူးပေါ့...."

"မတက်ဘူး......"

မိုးသားသည် ကြည်လင်နေသည့် ငွေယံ့မျက်နှာကို အလိုမကျသလိုကြည့်ပြီးနောက်တစ်ခွန်းထပ်ပြောလိုက်သည်။

"ဘာလဲ..... ပျော်နေလား......."

"ဘာလို့ပျော်ရမှာလဲ မဟုတ်တာ...."

မပျော်ဘူးဟုပြောသော်လည်း ငွေယံ့မျက်နှာက စပ်ဖြီးဖြီးလေးဖြစ်နေသည်ကိုတော့လိမ်လို့မရ။ ထိုအခါ မိုးသားသည် ခေါင်းကိုယမ်း၍ ထမင်းကြော်ပန်းကန်ရှိရာစားပွဲဆီလျှောက်သွားကာထိုင်ချလိုက်ရင်း တစ်လုပ်နှစ်လုပ်မျှစားလိုက်သည်။

"မိုးသား..... အောက်မှာ ကျောင်းအုပ်ဆရာကြီးရောက်နေတာသိလား...."

"သိတယ်"

"မင်း သွားမတွေ့ဘူးလား....."

မိုးသားသည် အငွေ့ထောင်းထောင်းထနေသော ထမင်းကြော်ကိုစားချင်သလိုလို မစားချင်သလိုလိုနှင့်စားနေရင်း ဖြေလိုက်၏။

"သွားတွေ့သင့်လို့လား"

"အင်း မင်းအိမ်ကိုတကူးတကလာတာပဲလေ သွားမတွေ့သင့်ဘူးလား"

ထိုအခါ မိုးသား မျက်ဆံများကရုတ်တရက်လှန်ကြည့်လာကာ

"ဘာလဲ ငွေယံရှင်းသန့် မင်းကရော အဲဒီပစ္စည်းကိုငါသုံးတယ်လို့ထင်နေတာလား"

မိုးသားပုံစံက စိတ်ဆိုးလာတော့မလိုဖြစ်နေသောကြောင့် ငွေယံ မျက်နှာကိုတည်ကာ ကိုယ်လေးကိုတောင့်ထားမိသည်။ ထို့နောက်မှ မိုးသား၏အပြစ်တင်ပြောဆိုခြင်းကိုမခံရပါစေရန်ကြိုးစား၍ ပြောလိုက်၏။

နှစ်ယောက်လုံး၏မျက်လုံးများက တိတ်ဆိတ်သောအခန်းထဲတွင် တောင့်တင်းစွာဆုံဆည်းလို့နေသည်။

"မဟုတ်ပါဘူး။ ငါမထင်ဘူး။ မင်းက ကြီးကြီးမေကိုသိပ်ပြီးချစ်တာမလား။ ကြီးကြီးမေစိတ်ဆင်းရဲမယ့်ကိစ္စတွေ မင်းမလုပ်ဘူးလို့ ငါယုံတယ်။"

"ယုံတယ်...."

"အင်း.....ငါမင်းကိုယုံတယ်"

ငွေယံ့စကားကို နောက်တစ်ကြိမ်အတည်ပြုပြီးပါမှ မိုးသား သည်စိတ်ကျေနပ်သွားဟန်ဖြင့် နှုတ်ခမ်းစွန်းကိုဆတ်ခနဲ တွန့်ကွေးလိုက်မိသည်။ သို့သော် သူသည် အပြုံးတစ်ခုမဖြစ်ခင်မှာပင် ထိုအပြုံးကိုပြန်လည်ရုပ်သိမ်းလိုက်၏။ ထို့နောက် သဘောခွေ့မှုကိုဖုံးအုပ်ထားသည့် အေးတိအေးစက်မျက်လုံးများနှင့် ငွေယံ့မျက်နှာကို မမှိတ်မသုန်ကြည့်ရှုနေရင်းပြောသည်။

"ဟုတ်တယ်....ယံယံ။ အဲဒါငါ့ပစ္စည်းမဟုတ်ဘူး။ ဘဝပျက်စေမယ့် အဲဒီလိုပစ္စည်းမျိုးကိုငါဘယ်တော့မှသုံးမှာမဟုတ်ဘူး။ ငါ့အိတ်ထဲကိုရောက်နေတာကတော့ ခွေးသူတောင်းစားတစ်ကောင်ကောင်ရဲ့လက်ချက်ပဲဖြစ်ရမယ်။"

"......."

မိုးသားသည်ပြောနေရင်း ဒေါသထွက်လာသောကြောင့် စားပွဲရှည်ကို ဒုန်းခနဲထုလိုက်သေးသည်။

"တောက်!!!!!! ဘယ်သူလဲဆိုတာ မိလို့ကတော့ အရေခွံစုတ်ပစ်အုံးမယ်။"

ဒေါသထွက်လာသည့် မိုးသားက သူ့ကိုပြဿနာရှာမှာစိုးသောကြောင့် ငွေယံ မှာ မိုးသားကိုမကြည့်ရဲတော့ဘဲ အခန်းကိုသာ တောင်စဥ်ရေမရလိုက်ကြည့်နေသည်။

"မင်းမနက်စာစားပြီးပြီလား...."

"ဟင်....."

"မနက်စာစားပြီးပြီလားလို့!!!!"

"ပြီးပြီ.....ပေါင်မုန့်ရယ်၊ ကြက်ဥရယ်၊ ဘီစကစ်ရယ်၊ နွားနို့ရယ်...."

လက်ချောင်းများကိုချိုးကာရေတွက်ရင်းပြောနေသော ငွေယံ့ပုံစံက ချစ်စဖွယ်ကောင်းလှသောကြောင့် မိုးသား ဘာကိုမှမ​ပြောမိ။

သူ့ရှေ့တွင်ရှိနေသည့် မျက်လုံးကြည်ကြည်လေးများနှင့်ကောင်လေးသည် အထက်တန်းကျောင်းသား ယူနီဖောင်းကိုဝတ်ထားသည့်တိုင် မူလတန်းကျောင်းသားတစ်ယောက်လိုအကျင့်စရိုက်မျိုးရှိကာ ချစ်စဖွယ်ကောင်းလှသူဖြစ်သည်။  သို့သော် သူသည် ငွေယံ့ ကို အသွေးအသားထဲကကိုမုန်းတီးလှ၏။ ငွေယံ့ဆီတွင်ရှိနေသည့် အပြုံးအရယ်များအားလုံးပျောက်ပျက်သွားသည်အထိ ငွေယံ့ကို မပျော်ရွှင်ရအောင်လုပ်ပစ်လိုက်ချင်သော်လည်း ထိုကဲ့သို့ လုပ်ချင်နေသည့်တစ်ပြိုင်နက်တည်းမှာပင် ငွေယံ့အပြုအမူများအားလုံးကို အလွတ်ကျက်သလို မှတ်သားနေမိသည်။

အားပါးတရပြုံးရယ်လိုက်တိုင်း ပွင့်သွားသည့်နှုတ်ခမ်းလေးများအောက်မှသွားဖြူဖြူလေးများက အပေါ်အောက်ထိနေတာ၊ လေတိုက်တိုင်းမှာ မျက်ခုံးထိအောင်ခပ်အုပ်အုပ်ကျနေတဲ့ဆံပင်စလေးတွေ လှုပ်ခါသွားတာ၊ အစားအသောက်မက်သလို ကာတွန်းဖတ်ရတာကိုနှစ်သက်တာ၊ ထိုင်နေရင်း တစ်ခြားသူနဲ့စကားပြောတဲ့အခါ ခုံမှာငပျင်းလေးတစ်ကောင်လို ခပ်လျှောလျှောမှီနေပြီး ရယ်လိုက်တဲ့အခါမှာတော့ ခုံပေါ်ကလျှောကျသွားတာ။ တစ်ခါတလေ ရေပုလင်းကိုမော့သောက်နေရင်း ပုလင်းထဲကလေတွေကိုပါအကုန်စုပ်ပစ်ပြီးဆော့ကစားတတ်တာ။ ကျန်းမာရေးနဲ့မကိုက်ညီတဲ့လေဖောင်းမုန့်ထုပ်တွေကိုလက်ထဲကဘယ်တော့မှ မချထားတတ်တာ။ သူနဲ့အတူတူရှိမနေတဲ့ အချိန်တိုင်းမှာ ငွေယံဆိုတဲ့ကောင်လေးက အမြဲတမ်းသူတစ်ယောက်တည်းအပျော်ရွှင်ဆုံးလူသားဖြစ်နေသလိုမျိုး ပြုံးရယ်နေတတ်ပြီး ရယ်လို​က်တိုင်းမှာလည်း ကြည့်နေတဲ့လူကိုပါအေးချမ်းသွားစေတတ်တာ၊ သူ့ကိုဆယ်ကြိမ်လောက်ခိုးကြည့်လိုက်မယ်ဆို ကိုးကြိမ်လောက်က ရယ်နေတာမဟုတ်ရင် ပြုံးစစနဲ့စကားတစ်ခုခုကိုပြောနေတတ်တာ။ သို့သော်လည်း...။ ထိုကဲ့သို့ ချစ်စဖွယ်ကောင်းပါသော်လည်း သူကတော့ သေမလောက်မုန်းနေမိတာ။

ကောင်းမွန်သောနတ်နှင့် နတ်ဆိုးတစ်ကောင်က မိုးသားစိတ်ထဲမှာတိုက်ခိုက်နေသလို ခံစားမှုကြောင့် မိုးသားမျက်နှာသည် တည်နေပြီး မျက်ခုံးတို့ကလည်း အလိုမကျဟန်ဖြင့်မှုန်ကုတ်လာသည်။ ထိုအခါ ငွေယံသည် သွားကလေးကိုဖြီးကာထိုင်နေရာမှထလိုက်၏။

"မင်းကျောင်းမတက်ဘူးဆိုလည်းပြီးရော... ငါ....ငါကျောင်းသွားတော့မယ်နော်..."

မိုးသားသည် ဘာမှမပြောဘဲ ငြိမ်သက်သွားရင်း ငွေယံအခန်းထဲကထွက်ခါနီးမှ

"ငွေယံရှင်းသန့်"

ဟုလှမ်းအော်လိုက်၏။

"အင်း..."

"အတန်းထဲမှာ ငါ့မကောင်းကြောင်းပြောနေတဲ့သူတွေအကုန်မှတ်လာခဲ့"

"ဟင်......."

ငွေယံသည် ပထမတော့ကြောင်သွားသော်လည်း ယခုအချိန်မှာ မိုးသားပိုင်ကို ထားခဲ့ရရေးဟာသာ ပထမ၊ ဒုတိယ၊ တတိယ ဖြစ်နေသည်မို့ ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြီး အပေါ်ထပ်မှ ပြေးဆင်းသွားတော့သည်။

မှန်ပြတင်းပေါက်ဆီကိုချဥ်းကပ်သွားရင်း မိုးသား ခြံဝန်းထဲကိုလှမ်းကြည့်လိုက်တော့ အနှီငွေယံရှင်းသန့်က ကားပေါ်ကိုခုန်ဆွခုန်ဆွနှင့်တက်သွားသည်ကိုပင်မြင်လိုက်ရပေသည်။ သူမပါဘဲ တစ်ယောက်တည်း ကျောင်းသွားရခြင်းကို ထီပေါက်သလိုပျော်ရွှင်နေဟန်တူ၏။

xxx

ထိုနေ့က မိုးသားမှာ ကျောင်းမသွားဘဲ အမေလုပ်သူကိုလည်းဆန္ဒပြကာ အိမ်တွင်တစ်ချိန်လုံး ထမင်းလည်းမစားဘဲ ရုပ်ရှင်ကြည့်နေခဲ့ပြီး နေ့လယ်ခင်း ငွေယံကျောင်းဆင်းချိန်ရောက်ခါနီးပါမှ တစ်ဒတ်ဒတ်မြည်နေသော နာရီလက်တံဆီကိုအကြည့်ရောက်သွားသည်။ ဆယ့်နှစ်နာရီကိုကျော်လွန်လာသည့် မိနစ်လက်တံကိုမြင်လိုက်သောအခါမှ သူသည်အလိုလို ပြုံးမိလိုက်၏။ ထို့နောက် တီဗီကိုပိတ်ပစ်ကာ အောက်ထပ်ဆင်းသွားတော့သည်။

အောက်ထပ်ကိုရောက်တော့ ကြီးကြီးမေကိုမတွေ့ရသလို၊ ဦးဥာဏ်ကိုလည်းမတွေ့ရ။ နှင်းရည်အေးတစ်ယောက်သာ တကုပ်ကုပ်နှင့် သူ့အတွက် ထမင်းပွဲပြင်ပေးနေသည်ကိုမြင်လိုက်ရသည်။

"မေမေရော....."

"ကြီးကြီးမေ ကျောင်းကိုသွားတယ်"

"ဘာဖြစ်လို့လဲ"

"မသိဘူး အစ်ကိုလေး။ ဖုန်းဝင်လာပြီး ရေးကြီးသုတ်ပျာထွက်သွားတာပဲ။ တစ်နာရီလောက်တော့ရှိပြီ။"

မနက်ခင်းကတင် ကျောင်းအုပ်ကြီးလာခဲ့ပြီးသည်ကို ကြီးကြီးမေက ကျောင်းကိုထပ်သွားနေစရာအကြောင်းမရှိ။ တစ်ခုခု မူမမှန်သလို ခံစားရသောကြောင့် မိုးသား အပေါ်ထပ်ပြန်တက်သွားသည်။

ထို့နောက် ဖုန်းဆက်ရန်ပြင်နေစဥ်မှာပင် ငွေယံ့ကိုကျောင်းကြိုလာသောကားကဆိုက်လာသည်ကိုမြင်လိုက်ရ၏။ ငွေယံနှင့်အတူ ကြီးကြီးမေလည်းပါလာသည်မို့ မိုးသား အောက်ကိုပြန်ဆင်းသွားလိုက်သည်။

ဆင်ဝင်ရှေ့ကိုရောက်တော့ ငွေယံ့မျက်နှာက ငိုထားသကဲ့သို့နီမြန်းနေပြီး သူ့ကိုမြင်သည့်တိုင် မမြင်သလိုဟန်ဆောင်ကာ သူ့အိမ်ရှိရာကိုသာ မပြေးရုံတမယ်ထွက်သွားသည်။

"ငွေယံရှင်းသန့်"

သူခေါ်တာကိုလည်းမကြားသလိုနှင့်ပြေးသွားသည်မို့ မိုးသားမျက်နှာက တစ်ဖက်ကိုပြန်လှည့်လာသည်။

"ဘာဖြစ်တာလဲ သူက...."

ကြီးကြီးမေသည် မိုးသားကိုစိတ်ဆိုးသလိုသာကြည့်လိုက်ပြီး စကားတစ်ခွန်းမှမပြောဘဲ ဥပေက္ခာပြုကာ အထဲကိုဝင်သွားသည်။

"မေမေ....."

ကြီးကြီးမေကလှည့်မကြည့်သောကြောင့် မိုးသား ဇက်ကိုအနည်းငယ်စောင်းလိုက်ပြီး ပို၍ ပျော့ပျောင်းချွဲပျစ်သောအသံနှင့်ထပ်ခေါ်လိုက်၏။

"မေမေရေ......."

သို့သည့်တိုင် ကြီးကြီးမေကလှည့်မကြည့်ပါမှ မိုးသား ဦးဥာဏ်ကိုလှည့်ကြည့်လိုက်သည်။ ဦးဥာဏ်ကတော့ ကြီးကြီးမေ လိုစိတ်မဆိုး။ စိတ်ဆိုးနေသည့် မိခင်အားသူချွဲနေပုံကို သဘောကျဟန်နှင့် ခပ်ပြုံးပြုံးသာကြည့်နေသည်။

"ငွေယံ ဘာဖြစ်လို့လဲ ဦးဥာဏ်...."

"ဖြစ်တာကတော့ ငွေယံတစ်ယောက်တည်းမဟုတ်ဘူးဟေ့..."

ဦးဥာဏ်သည် ပြောရင်းဆိုရင်း ဖုန်းကိုဖွင့်ကာ ဗီဒီယိုတစ်ခုကိုဖွင့်ပြသည်။ ထိုဗီဒီယိုမှာအခြားမဟုတ်။ ယခင်နေ့များက သူနှင့်ငွေယံ ငါးတန်းဆောင်နောက်တွင်ဆေးလိပ်သောက်နေသည့်မြင်ကွင်းကို ခိုးရိုက်ထားသည့်ဗီဒီယိုသာဖြစ်ချေတော့သည်။

"ဒါက......"

"အေး လွန်ခဲ့တဲ့ သုံးနာရီလောက်က ဒါကြီးက လိုင်းပေါ်မှာပျံ့နေတာပဲ။ ဟိုနေ့က ကိစ္စရော၊ ဒီကိစ္စရော တစ်ယောက် ယောက်ရည်ရွယ်ပြီးလုပ်တာတော့ သေချာပါတယ်။ အဲဒါကြောင့် ဦးဥာဏ်နဲ့မင်းမေမေကျောင်းကိုချက်ချင်းလိုက်သွားရတာပဲ။ ဒီကိစ္စကိုပါထပ်ရှင်းဖို့ပေါ့။"

"ဘယ်လိုဖြစ်သွားလဲ"

ဦးဥာဏ်သည် သက်ပြင်းငွေ့ငွေ့ချလိုက်ပြီးမှဆက်ပြောသည်။

"ဒီအရွယ် ဆေးလိပ်သောက်တဲ့ကိစ္စကတော့ သိပ်ပြီးထူးထွေတာမဟုတ်ပါဘူး။ ဒါပေမဲ့ယူနီဖောင်းနဲ့ဆိုတော့ ကျောင်း Image ထိမှာကိုသူတို့စိုးကြတာပေါ့။ အဲဒါကြောင့် ကျောင်းအုပ်ကြီးက ဆရာတွေနဲ့အစည်း အဝေးထိုင်ပြီး ဆုံးဖြတ်လိုက်တယ်။ သားပိုင်ရော၊ ယံယံရော ကျောင်းတစ်လနားရမယ်တဲ့။"

"သူရောလား....."

"ဟုတ်တယ်....မမမေနဲ့ ကျောင်းအုပ်ညှိထားတာရှိတယ်။ အဲဒါကြောင့် မနေ့က ကိစ္စကို လွယ်အိတ်ထဲက ဆေးလိပ်ဘူးထွက်လာသလိုမျိုးပဲ သတင်းဖြန့်လိုက်လိမ့်မယ်။ အပြစ်ပေးတာကိုတော့ ဒီဗီဒီယိုကိစ္စနဲ့ရောချလိုက်ပြီး ဟိုကိစ္စကိုဖုံးပစ်လိုက်လိမ့်မယ်။ ကျောင်းတော့ တစ်လနားလိုက်ရပေမယ့်....... ဆိုးဆိုးဝါးဝါးမဖြစ်တာဘဲ ကံကောင်းပြီလို့သတ်မှတ်ရမှာပေါ့။ အဲ....ယံယံကတော့ ရုံးခန်းထဲမှာအကြာကြီးနေလိုက်ရတယ်။ ဦးဥာဏ်တို့သွားတော့ ကြောက်တာမှတုန်နေတာပဲ။"

"အဲဒါကြောင့်ငိုလာတာလား...."

"ဟုတ်တယ်....မမမေ ဆူမှာလဲစိုးလို့ထင်တယ်။ တရှုံ့ရှုံ့နဲ့ငိုနေတာ....။ ဒါတောင် မမမေကမဆူပါဘူး။"

"ကဲ....ဦးဥာဏ် မမမေကို ပေးစရာတွေရှိသေးတယ်။"

ဦးဥာဏ်သည် ထိုကဲ့သို့ပြောပြီး ဖိုင်တွဲအချို့သယ်ကာ သူတို့အိမ်ထဲကိုဝင်သွားသည်။

မိုးသားကတော့ ထိုနေရာတွင်ခဏရပ်နေမိပြီးမှ ငွေယံ ရှိရာတိုက်ပုလေးဆီကို ခြေလှမ်းများကိုအလိုလိုလှမ်းလိုက်မိသည်။

ငွေယံ့ခြံငယ်လေးဆီရောက်တော့ သူ့ကိုယ်ထက်ကြီးနေသောစွပ်ကျယ်ဖြူလေးနှင့် အဝါရောင်ကာတွန်းဘောင်းဘီကိုဝတ်ထားသော ငွေယံသည် မည်းတူးနေသည့်ကြောင်ကိုအစာကျွေးနေသည်ကိုမြင်လိုက်ရသည်။ ကြောင်ကို အစာကျွေးနေရင်း သူ့ကိုမြင်သောအခါ ဟွန်းခနဲနှာမှုတ်၍ တစ်ဖက်ကိုလှည့်သွား၏။

မိုးသားသည် ငွေယံဆီကိုရောက်သွားသောအခါ ဘောင်းဘီအိတ်ထဲလက်နှစ်ဖက်ထည့်ထားရင်း ငွေယံ့ကိုအပေါ်ကစီးမိုးကြည့်နေသည်။

"ငွေယံရှင်းသန့်"

"..........."

ငွေယံကမထူးသောကြောင့် မိုးသားကလေသံကိုပိုကာမြှင့်တင်လိုက်သည်။

"ငွေယံရှင်းသန့်...!!!!!"

"ဘာလဲ......."

ခပ်စွာစွာအသံက နားထဲစူးခနဲဝင်လာသောအခါ မိုးသား မျက်နှာက ပြုံးမလိုလို မဲ့မလိုလိုနှင့် စိတ်နှစ်ခွကြားထဲတွင်နှုတ်ခမ်းများက ဘယ်သူ့အမိန့်ကိုနာခံရမှန်းမသိလမ်းပျောက်လို့နေသည်။

ထို့နောက် မိုးသားသည် ကြောင်ခေါင်းကိုလက်နှင့်ပွတ်ပေးနေသော ငွေယံ့ကိုကြည့်နေရင်း ဆောင့်ကြောင့်ထိုင်လိုက်၏။ ထို့နောက် ငွေယံ့လက်ကိုဆွဲယူကာကြောင်ဆီမှ ဖယ်ရှားစေလိုက်သည်။

"ကြောင်မွေးတွေက မင်းကို....."

မိုးသား သည် ငွေယံ့မျက်လုံးများကိုစိုက်ကြည့်နေပြီးမှဆက်ပြောလိုက်၏။

"မင်းကို ထိခိုက်စေလိမ့်မယ်...အမွေးတွေကိုရှူမိရင်ရောဂါရပြီးသေနိုင်တယ်"

"သေသေ"

ငွေယံသည် ထိုတစ်ခွန်းသာပြောပြီး ဆောင့်ဆောင့်အောင့်အောင့်နှင့်အိမ်ထဲဝင်သွားသည်။

"ငွေယံရှင်းသန့်......."

"..........."

ငွေယံသည် မိုးသားအခေါ်ကိုပြန်မဖြေဘဲ မီးဖိုထဲရောက်သွားကာ ခေါက်ဆွဲခြောက်တစ်ထုပ်ကိုဖောက်ကာပြုတ်နေပြန်၏။
ထိုအခါ မိုးသားက အနောက်မှလိုက်လာရင်း ရေခဲသေတ္တာကိုမှီကာ ငိုထားသောငွေယံ့မျက်နှာကိုလှမ်းကြည့်နေသည်။ ခုန်ဆွခုန်ဆွနှင့်ကျောင်းတက်ဖို့သွားတုန်းက ဖြူနေသောမျက်က ယခုတော့နီရဲနေသည်။ မျက်လုံးလေးများက မဆိုစလောက်ဖောင်းအစ်နေ၏။

ထိုအခါ မိုးသားသည် ရုတ်တရက်ပြုံးမိသွားကာမေးမြန်းလိုက်သည်။

"ဘယ်လိုလဲ ရုံးခန်းရောက်တဲ့ပထမဆုံးအတွေ့အကြုံက..."

"မသိဘူး......"

"ဦးဥာဏ်ပြောတော့မင်းသူငယ်တန်းကလေးလိုငိုနေတယ်ဆို...."

"ဘယ်သူကငိုလို့လဲ.....အဲဒါဦးဥာဏ်လျှောက်ပြောနေတာ...."

"ဒါဆို မကြောက်ဘူးပေါ့။ အဲဒါဆို နောက်တစ်ကြိမ်ရုံးခန်းရောက်လဲ အဆင်ပြေတာပဲ။"

"မင်း........"

ငွေယံသည် တူတစ်စုံဖြင့်ခေါက်ဆွဲအိုးကိုမွှေနေရင်းပြောလာ၏။

"ဟုတ်တယ်။ ဦးဥာဏ်ကပြောတယ်။ နောက်တစ်ခါ မင်းလိုလူမိုက်နဲ့မပေါင်းနဲ့တဲ့။ အဲဒါကြောင့် မင်းသွားတော့...."

"ဦးဥာဏ်ကလား မဖြစ်နိုင်တာ...... "

မိုးသားသည် ငွေယံ့အနားကိုချဥ်းကပ်လာပြီး နံဘေးတွင်လာရပ်ကာ ငွေယံ့ခေါင်းကဆံပင်များကို လက်တစ်ဖက်နှင့်ဖွနေပြန်သည်။ လှည့်ကြည့်လိုက်တော့ ငွေယံ့ နှာခေါင်းထိပ်လေးများကပင်နီနေသည်ကိုမြင်လိုက်ရ၏။ ထိုကောင်လေး ကားပေါ်တွင်အတော်ကြာအောင်ငိုနေခဲ့ပုံပေါက်သည်။

ထို့နောက် မိုးသားသည် သူဖွထားသော ငွေယံ့ဆံပင်များကို အနည်းငယ်ပြန်လည်ရှင်းလင်းပေးလိုက်ရင်းပြော၏။ မိုးသား၏လေသံသည် သည်တစ်ခါတော့ အေးစက်စက်နိုင်နေပြန်သည်။

"လောလောဆယ်တော့ စာမေးပွဲအတွက် ပြင်ဆင်ကြတာပေါ့။ အဲဒါပြီးရင်တော့ တရားခံကိုရှာပြီး....."

"ရှာပြီး ဘာဖြစ်လဲ..."

"ရှာပြီးဆုချရမယ်။ မင်းလိုအမြဲတမ်းပြုံးဖြီးနေတဲ့ကောင်ကို ငိုအောင်လုပ်နိုင်တဲ့စကေးကနည်းလား..."

"မိုးသားပိုင် !!!!!!!"

xxx

Zawgyi

Killing The Love I Hate Chapter 6

ထို႔ေန႔က မိုးသားကားေပၚမွဆင္းသြားၿပီးေနာက္ ညဘက္အေတာ္ေလးေနာက္က်မွသာအိမ္ကိုျပန္ေရာက္လာခဲ့သည္။ ႀကီးႀကီးေမက သူ႔အေပၚမယုံၾကည္သည္ကို စိတ္ဆိုးေနေသာေၾကာင့္ မိုးသားမည္သူ႔ကိုမွစကားမေျပာ။ အိမ္ျပန္ေရာက္သည္ႏွင့္ ထမင္းလည္းမစားဘဲ သူ႔အခန္းထဲဝင္၍သာေအာင္းေနသည္။ ညဘက္ ႏွင္းရည္ေအးက ထမင္းသြားပို႔ေပးသည့္တိုင္ မိုးသားက တံခါးကိုပိတ္ထားေသာေၾကာင့္ သည္အတိုင္းသာလွည့္ျပန္ခဲ့ရသည္။

ေငြယံ ကေတာ့ စာအုပ္တစ္ဖက္ မုန္႔တစ္ဖက္ႏွင့္ စာလုပ္ေနၿပီး စာလုပ္ၿပီးသည့္တိုင္ ဗိုက္ကဆာေနေသးေသာေၾကာင့္ ဝက္သားဟင္းႏွင့္ ထမင္းသုံးပန္းကန္ေလာက္ဆြဲလိုက္ေသးသည္။ ထို႔ေနာက္မွအိပ္ခါနီး ျပတင္းေပါက္ပိတ္ရင္းအေပၚကိုေမာ့ၾကည့္လိုက္ေတာ့ မိုးသားအခန္းက မီးေမွာင္ခ်ထားသည္ကိုျမင္လိုက္ရသည္။ အေပၚကိုေမာ့ၾကည့္ေနရင္း ႐ုတ္တရက္လိုက္ကာစ က လႈပ္သြားေသာေၾကာင့္ ေငြယံ ျပဴးၿပဲၾကည့္ေနေသာ္လည္း ေမွာင္ေနၿပီမို႔ ဘာကိုမွသဲသဲကြဲကြဲမျမင္ရဘဲရွိေလသည္။

သို႔ေၾကာင့္ ေငြယံမွာ တံခါးကိုပိတ္ကာအိပ္လိုက္ေခ်ေတာ့၏။

ေနာက္ေန႔မနက္ေရာက္ေတာ့ ေငြယံသည္ ယမန္ေန႔က မိုးသားက်န္ရစ္ခဲ့ေသာ လြယ္အိတ္ကိုပိုက္ကာ မိုးသားတို႔အိမ္ထဲဝင္လာသည္။

"ယံယံ..."

အိမ္ကိုဧည့္သည္ေရာက္ေနေသာေၾကာင့္ ႏွင္းရည္ေအးက ေငြယံ့ကို ခပ္တိုးတိုးေခၚလိုက္ေသာအခါ ေငြယံသည္ အသာေလးဧည့္ခန္းကိုေက်ာ္၍ထမင္းစားခန္းဆီေလွ်ာက္လာသည္။ ဧည့္ခန္းဘက္လွည့္ၾကည့္လိုက္စဥ္က ႀကီးႀကီးေမႏွင့္စကားေျပာေနသည့္ သူတို႔ေက်ာင္းမွ ေက်ာင္းအုပ္ဆရာႀကီးကိုျမင္ခဲ့ရသည္။ ႐ုံးခန္းထဲတြင္သာေတြ႕ရေလ့ရွိေသာ ေက်ာင္းအုပ္ႀကီးသည္ ယခုေတာ့ မိုးသားတို႔အိမ္ကိုေစာေစာစီးစီးေရာက္ေနသည္။ ထိုဆရာႀကီးေရာက္ေနျခင္းမွာ အျခားေၾကာင့္မဟုတ္ဘဲ မိုးသားကိစၥေၾကာင့္သာျဖစ္ေၾကာင္း ေငြယံ သိလိုက္၏။ မိုးသားကမည္သို႔ပင္မလုပ္ဘူးဟုဆိုေစကာမူ မိုးသားျဖစ္ခဲ့ေသာကိစၥသည္ ေသးငယ္ေသာကိစၥမဟုတ္ပါ၍ လြယ္လင့္တကူေက်ာ္လႊားသြားႏိုင္မည္မဟုတ္ေၾကာင္းလည္း ေငြယံခန္႔မွန္းမိလိုက္သည္။

ထို႔ေနာက္ မီးဖိုေဆာင္ထဲတြင္ ႏွင္းရည္ေအးက မနက္စာျပင္ဆင္ေနသည္ကိုျမင္လိုက္ရသည္။

"မိုးသားေရာ...."

ႏွင္းရည္ေအးသည္ ပခုံးကိုတြန္႔ျပၿပီး မိုးသားရွိေနရာအေပၚထပ္ကို ေမးေငါ့ျပသည္။ ထို႔ေနာက္ ေႂကြပန္းကန္ျပားမ်ားထဲသို႔ ထမင္းေၾကာ္မ်ားကိုထည့္ေနရင္း

"ႀကီးႀကီးေမကို ေကာက္ေတာ္မူေနေလရဲ႕" ဟု ေျပာ၏။

ထိုအခါ ေငြယံက

"သူဒီေန႔ေက်ာင္းသြားမွာလား" ဟုေမးလိုက္ေသာအခါ

"မသိဘူးေလ အစ္ကိုေလးရဲ႕စိတ္ကိုဘယ္သူကခန္႔မွန္းႏိုင္လို႔လဲ"

ဟု ျပန္ေျဖသည္။ ထို႔ေနာက္ ေငြယံ့လက္ထဲကို ၾကက္ဥဟက္ဖ႐ိုက္ ႏွင့္ ၾကက္အူေခ်ာင္းေၾကာ္ရဲရဲေလးမ်ား အုပ္ထားသည့္ ထမင္းေၾကာ္ပန္းကန္အားထိုးေပး၍ ၿပဳံးၿဖီးၿဖီးႏွင့္ ေျပာ၏။

"ယံယံ....နင္သူ႔ကိုသြားေကြၽးေပးေနာ္..... ငါဧည့္သည္အတြက္ျပင္ေပးရဦးမွာမိုလို႔ ဟီးဟီး"

ေငြယံသည္ ဘာမွမေျပာဘဲ ႏွင္းရည္ေအးေပးေသာ ပန္းကန္ကိုသာသယ္လာခဲ့သည္။ မိုးသားကိုေပးရမည့္လြယ္အိတ္ကိုလည္း တစ္ဖက္ကလြယ္လာေသး၏။ အေပၚထပ္ကိုေရာက္ေတာ့ မိုးသားအခန္းတံခါးကပိတ္ထားသည္ကိုျမင္လိုက္ရသည္။

ေငြယံသည္ အခန္းနားခ်ဥ္းကပ္သြားၿပီးတံခါးကို ျဖည္းျဖည္းေခါက္လိုက္၏။

"ေဒါက္ေဒါက္ေဒါက္....."

သူ႔ေခါက္သံမွာသိပ္မတိုးေသာ္လည္း အထဲကသူကေတာ့
ျပန္မေျဖ။ သို႔ေၾကာင့္ ေငြယံ တံခါးကိုခပ္က်ယ္က်ယ္ကေလးေခါက္လိုက္သည္။

"ေဒါက္ေဒါက္ေဒါက္..........."

ပါးစပ္ကလည္းေအာ္လိုက္ေသး၏။

"မိုးသား......."

"မိုးသားပိုင္........"

"ဝုန္း......"

႐ုတ္တရက္ပြင့္လာသည့္တံခါးအေနာက္မွာ ျမင္လိုက္ရသည္ကေတာ့ မိုးသားျဖစ္၏။ မိုးသား မွာ ပထမ ေဒါသျဖစ္ေနဟန္ေပါက္ေသာ္လည္း တစ္ဖက္ကလြယ္အိတ္ကိုလြယ္ထားၿပီး တစ္ဖက္က ထမင္းေၾကာ္ပန္းကန္ကိုင္ထားေသာ ေငြယံ့ကိုျမင္ေတာ့ တြန္႔ေကြးေသာမ်က္ခုံးမ်ားက အနည္းငယ္ေျပေလ်ာ့သြားသည္။ ထို႔ေနာက္ ေငြယံအထဲကိုဝင္ႏိုင္ပါေစရန္တံခါးကို ဟ ေပးလိုက္၏။

"ဝင္ခဲ့....."

သူ႔ကို ထမင္းလာေကြၽးတာေတာင္ အထက္စီးဆန္ေနေသးေသာ မိုးသားပုံစံကိုျမင္ေတာ့ ေငြယံ မ်က္ေစာင္းထိုးလိုက္မိသည္။ ထို႔ေနာက္ ထမင္းေၾကာ္ပန္းကန္ကို ခပ္နိမ့္နိမ့္ ဖန္စားပြဲရွည္ေပၚတင္ထားလိုက္၏။

လြယ္လာေသာလြယ္အိတ္ကိုလည္း စာၾကည့္စားပြဲဆီသြားတင္ေပးထားလိုက္သည္။

"မင္းလြယ္အိတ္...."

ေငြယံလြယ္အိတ္ထားၿပီးလွည့္ၾကည့္လိုက္ေတာ့ မိုးသားမွာ မ်က္ႏွာသစ္စဥ္က လက္တစ္ဖက္တည္းႏွင့္လုပ္ရသည္မို႔ ေရစိုေနေသာ အက်ႌကိုခြၽတ္ကာ အသစ္လဲရန္ႀကိဳးစားေနသည္။ ဝတ္ထားေသာတီရွပ္ကို လက္တစ္ဖက္ႏွင့္ဆြဲခြၽတ္လိုက္တုန္းက အဆင္ေျပေနေသးေသာ္လည္း ျပန္ဝတ္ရန္မွာေတာ့ခက္ခဲေန၏။ သို႔ေသာ္ ေငြယံ မွာ အခ်ဥ္ေပါင္းကိစၥကိုမေက်လည္ေသး၍ မိုးသားကိုမျမင္ခ်င္ေယာင္ေဆာင္ကာ နံရံကပ္စင္ေပၚရွိ LEGO ႐ုပ္မ်ားကိုသာၾကည့္ေနသည္။

"ဒုန္း........."

အသံၾကား၍ ေငြယံလွည့္ၾကည့္လိုက္ေတာ့ မိုးသားသည္ အက်ႌ ဝတ္မရ၍စိတ္တိုတိုႏွင့္ မွန္တင္ခုံမွအံဆြဲမ်ားကိုပိတ္ကန္ေနသည္ကိုျမင္လိုက္ရသည္။ အရင္ကဆို သူသည္ "ေမေမေရ..." ဟု တစ္ခြန္းလွမ္းေအာ္လိုက္႐ုံႏွင့္သည္ကိစၥကိုေျဖရွင္းလို႔ရေသာ္လည္း ယခုေတာ့ စိတ္ေကာက္ေနဆဲမို႔အခက္ေတြ႕ေနရသည္။

ထိုအခါ ေငြယံသည္ ၾကားထဲကအကန္ခံရေသာ အံဆြဲမ်ားကို သနားေသာေၾကာင့္ မိုးသားအနားကိုေလွ်ာက္သြားလိုက္၏။ ထို႔ေနာက္ မေယာင္မလည္ႏွင့္

"ငါလုပ္ေပးရမလား..."

ဟု ေမးျမန္းလိုက္သည္။

မိုးသားက ဘာမွမေျပာဘဲ ႐ုတ္တည္ႀကီးႏွင့္သာသူ႔ကိုၾကည့္ေနသည္။ ခဏၾကာမွ

"လုပ္ေပး"

ဟူေသာအသံကိုၾကားလိုက္ရ၏။ ထိုအခါ ေငြယံသည္ တက္ႂကြစြာျဖင့္ နက္ျပာေရာင္ တီရွပ္ေလးကိုကိုင္ၿပီး မိုးသားလက္ကို ဆြဲမလိုက္သည္။

"ေငြယံရွင္းသန္႔.... "

အားပါသြား၍ လက္နာသြားေသာေၾကာင့္ မိုးသား၏ေဒါသ သံကိုၾကားလိုက္ရပါမွ ေငြယံ သြားေလးၿဖီးကာရယ္ျပလိုက္သည္။ သို႔ေသာ္လည္း သိပ္မရယ္ရဲေသး။ စြတ္ၿပီးရယ္ေနလွ်င္ ထိုလူဆိုးကစိတ္ေဖာက္ကာ သူ႔ကို တစ္ခုခုလုပ္ေနမွျဖင့္ ေငြယံရွင္းသန္႔တစ္ေယာက္ေျပးေပါက္မွားေနေခ်ဦးမည္။

ထို႔ေၾကာင့္ ေငြယံသည္ မိုးသားလက္ကိုထပ္ၿပီးမထိခိုက္ပါေစရန္ဂ႐ုတစိုက္ဝတ္ေပးလိုက္သည္။

"ရၿပီ......ဒါဆို....ဒီေန႔မင္းေက်ာင္းမတက္ဘူးေပါ့...."

"မတက္ဘူး......"

မိုးသားသည္ ၾကည္လင္ေနသည့္ ေငြယံ့မ်က္ႏွာကို အလိုမက်သလိုၾကည့္ၿပီးေနာက္တစ္ခြန္းထပ္ေျပာလိုက္သည္။

"ဘာလဲ..... ေပ်ာ္ေနလား......."

"ဘာလို႔ေပ်ာ္ရမွာလဲ မဟုတ္တာ...."

မေပ်ာ္ဘူးဟုေျပာေသာ္လည္း ေငြယံ့မ်က္ႏွာက စပ္ၿဖီးၿဖီးေလးျဖစ္ေနသည္ကိုေတာ့လိမ္လို႔မရ။ ထိုအခါ မိုးသားသည္ ေခါင္းကိုယမ္း၍ ထမင္းေၾကာ္ပန္းကန္ရွိရာစားပြဲဆီေလွ်ာက္သြားကာထိုင္ခ်လိုက္ရင္း တစ္လုပ္ႏွစ္လုပ္မွ်စားလိုက္သည္။

"မိုးသား..... ေအာက္မွာ ေက်ာင္းအုပ္ဆရာႀကီးေရာက္ေနတာသိလား...."

"သိတယ္"

"မင္း သြားမေတြ႕ဘူးလား....."

မိုးသားသည္ အေငြ႕ေထာင္းေထာင္းထေနေသာ ထမင္းေၾကာ္ကိုစားခ်င္သလိုလို မစားခ်င္သလိုလိုႏွင့္စားေနရင္း ေျဖလိုက္၏။

"သြားေတြ႕သင့္လို႔လား"

"အင္း မင္းအိမ္ကိုတကူးတကလာတာပဲေလ သြားမေတြ႕သင့္ဘူးလား"

ထိုအခါ မိုးသား မ်က္ဆံမ်ားက႐ုတ္တရက္လွန္ၾကည့္လာကာ

"ဘာလဲ ေငြယံရွင္းသန္႔ မင္းကေရာ အဲဒီပစၥည္းကိုငါသုံးတယ္လို႔ထင္ေနတာလား"

မိုးသားပုံစံက စိတ္ဆိုးလာေတာ့မလိုျဖစ္ေနေသာေၾကာင့္ ေငြယံ မ်က္ႏွာကိုတည္ကာ ကိုယ္ေလးကိုေတာင့္ထားမိသည္။ ထို႔ေနာက္မွ မိုးသား၏အျပစ္တင္ေျပာဆိုျခင္းကိုမခံရပါေစရန္ႀကိဳးစား၍ ေျပာလိုက္၏။

ႏွစ္ေယာက္လုံး၏မ်က္လုံးမ်ားက တိတ္ဆိတ္ေသာအခန္းထဲတြင္ ေတာင့္တင္းစြာဆုံဆည္းလို႔ေနသည္။

"မဟုတ္ပါဘူး။ ငါမထင္ဘူး။ မင္းက ႀကီးႀကီးေမကိုသိပ္ၿပီးခ်စ္တာမလား။ ႀကီးႀကီးေမစိတ္ဆင္းရဲမယ့္ကိစၥေတြ မင္းမလုပ္ဘူးလို႔ ငါယုံတယ္။"

"ယုံတယ္...."

"အင္း.....ငါမင္းကိုယုံတယ္"

ေငြယံ့စကားကို ေနာက္တစ္ႀကိမ္အတည္ျပဳၿပီးပါမွ မိုးသား သည္စိတ္ေက်နပ္သြားဟန္ျဖင့္ ႏႈတ္ခမ္းစြန္းကိုဆတ္ခနဲ တြန္႔ေကြးလိုက္မိသည္။ သို႔ေသာ္ သူသည္ အၿပဳံးတစ္ခုမျဖစ္ခင္မွာပင္ ထိုအၿပဳံးကိုျပန္လည္႐ုပ္သိမ္းလိုက္၏။ ထို႔ေနာက္ သေဘာေခြ႕မႈကိုဖုံးအုပ္ထားသည့္ ေအးတိေအးစက္မ်က္လုံးမ်ားႏွင့္ ေငြယံ့မ်က္ႏွာကို မမွိတ္မသုန္ၾကည့္ရႈေနရင္းေျပာသည္။

"ဟုတ္တယ္....ယံယံ။ အဲဒါငါ့ပစၥည္းမဟုတ္ဘူး။ ဘဝပ်က္ေစမယ့္ အဲဒီလိုပစၥည္းမ်ိဳးကိုငါဘယ္ေတာ့မွသုံးမွာမဟုတ္ဘူး။ ငါ့အိတ္ထဲကိုေရာက္ေနတာကေတာ့ ေခြးသူေတာင္းစားတစ္ေကာင္ေကာင္ရဲ႕လက္ခ်က္ပဲျဖစ္ရမယ္။"

"......."

မိုးသားသည္ေျပာေနရင္း ေဒါသထြက္လာေသာေၾကာင့္ စားပြဲရွည္ကို ဒုန္းခနဲထုလိုက္ေသးသည္။

"ေတာက္!!!!!! ဘယ္သူလဲဆိုတာ မိလို႔ကေတာ့ အေရခြံစုတ္ပစ္အုံးမယ္။"

ေဒါသထြက္လာသည့္ မိုးသားက သူ႔ကိုျပႆနာရွာမွာစိုးေသာေၾကာင့္ ေငြယံ မွာ မိုးသားကိုမၾကည့္ရဲေတာ့ဘဲ အခန္းကိုသာ ေတာင္စဥ္ေရမရလိုက္ၾကည့္ေနသည္။

"မင္းမနက္စာစားၿပီးၿပီလား...."

"ဟင္....."

"မနက္စာစားၿပီးၿပီလားလို႔!!!!"

"ၿပီးၿပီ.....ေပါင္မုန္႔ရယ္၊ ၾကက္ဥရယ္၊ ဘီစကစ္ရယ္၊ ႏြားႏို႔ရယ္...."

လက္ေခ်ာင္းမ်ားကိုခ်ိဳးကာေရတြက္ရင္းေျပာေနေသာ ေငြယံ့ပုံစံက ခ်စ္စဖြယ္ေကာင္းလွေသာေၾကာင့္ မိုးသား ဘာကိုမွမ​ေျပာမိ။

သူ႔ေရွ႕တြင္ရွိေနသည့္ မ်က္လုံးၾကည္ၾကည္ေလးမ်ားႏွင့္ေကာင္ေလးသည္ အထက္တန္းေက်ာင္းသား ယူနီေဖာင္းကိုဝတ္ထားသည့္တိုင္ မူလတန္းေက်ာင္းသားတစ္ေယာက္လိုအက်င့္စ႐ိုက္မ်ိဳးရွိကာ ခ်စ္စဖြယ္ေကာင္းလွသူျဖစ္သည္။  သို႔ေသာ္ သူသည္ ေငြယံ့ ကို အေသြးအသားထဲကကိုမုန္းတီးလွ၏။ ေငြယံ့ဆီတြင္ရွိေနသည့္ အၿပဳံးအရယ္မ်ားအားလုံးေပ်ာက္ပ်က္သြားသည္အထိ ေငြယံ့ကို မေပ်ာ္႐ႊင္ရေအာင္လုပ္ပစ္လိုက္ခ်င္ေသာ္လည္း ထိုကဲ့သို႔ လုပ္ခ်င္ေနသည့္တစ္ၿပိဳင္နက္တည္းမွာပင္ ေငြယံ့အျပဳအမူမ်ားအားလုံးကို အလြတ္က်က္သလို မွတ္သားေနမိသည္။

အားပါးတရၿပဳံးရယ္လိုက္တိုင္း ပြင့္သြားသည့္ႏႈတ္ခမ္းေလးမ်ားေအာက္မွသြားျဖဴျဖဴေလးမ်ားက အေပၚေအာက္ထိေနတာ၊ ေလတိုက္တိုင္းမွာ မ်က္ခုံးထိေအာင္ခပ္အုပ္အုပ္က်ေနတဲ့ဆံပင္စေလးေတြ လႈပ္ခါသြားတာ၊ အစားအေသာက္မက္သလို ကာတြန္းဖတ္ရတာကိုႏွစ္သက္တာ၊ ထိုင္ေနရင္း တစ္ျခားသူနဲ႔စကားေျပာတဲ့အခါ ခုံမွာငပ်င္းေလးတစ္ေကာင္လို ခပ္ေလွ်ာေလွ်ာမွီေနၿပီး ရယ္လိုက္တဲ့အခါမွာေတာ့ ခုံေပၚကေလွ်ာက်သြားတာ။ တစ္ခါတေလ ေရပုလင္းကိုေမာ့ေသာက္ေနရင္း ပုလင္းထဲကေလေတြကိုပါအကုန္စုပ္ပစ္ၿပီးေဆာ့ကစားတတ္တာ။ က်န္းမာေရးနဲ႔မကိုက္ညီတဲ့ေလေဖာင္းမုန္႔ထုပ္ေတြကိုလက္ထဲကဘယ္ေတာ့မွ မခ်ထားတတ္တာ။ သူနဲ႔အတူတူရွိမေနတဲ့ အခ်ိန္တိုင္းမွာ ေငြယံဆိုတဲ့ေကာင္ေလးက အၿမဲတမ္းသူတစ္ေယာက္တည္းအေပ်ာ္႐ႊင္ဆုံးလူသားျဖစ္ေနသလိုမ်ိဳး ၿပဳံးရယ္ေနတတ္ၿပီး ရယ္လို​က္တိုင္းမွာလည္း ၾကည့္ေနတဲ့လူကိုပါေအးခ်မ္းသြားေစတတ္တာ၊ သူ႔ကိုဆယ္ႀကိမ္ေလာက္ခိုးၾကည့္လိုက္မယ္ဆို ကိုးႀကိမ္ေလာက္က ရယ္ေနတာမဟုတ္ရင္ ၿပဳံးစစနဲ႔စကားတစ္ခုခုကိုေျပာေနတတ္တာ။ သို႔ေသာ္လည္း...။ ထိုကဲ့သို႔ ခ်စ္စဖြယ္ေကာင္းပါေသာ္လည္း သူကေတာ့ ေသမေလာက္မုန္းေနမိတာ။

ေကာင္းမြန္ေသာနတ္ႏွင့္ နတ္ဆိုးတစ္ေကာင္က မိုးသားစိတ္ထဲမွာတိုက္ခိုက္ေနသလို ခံစားမႈေၾကာင့္ မိုးသားမ်က္ႏွာသည္ တည္ေနၿပီး မ်က္ခုံးတို႔ကလည္း အလိုမက်ဟန္ျဖင့္မႈန္ကုတ္လာသည္။ ထိုအခါ ေငြယံသည္ သြားကေလးကိုၿဖီးကာထိုင္ေနရာမွထလိုက္၏။

"မင္းေက်ာင္းမတက္ဘူးဆိုလည္းၿပီးေရာ... ငါ....ငါေက်ာင္းသြားေတာ့မယ္ေနာ္..."

မိုးသားသည္ ဘာမွမေျပာဘဲ ၿငိမ္သက္သြားရင္း ေငြယံအခန္းထဲကထြက္ခါနီးမွ

"ေငြယံရွင္းသန္႔"

ဟုလွမ္းေအာ္လိုက္၏။

"အင္း..."

"အတန္းထဲမွာ ငါ့မေကာင္းေၾကာင္းေျပာေနတဲ့သူေတြအကုန္မွတ္လာခဲ့"

"ဟင္......."

ေငြယံသည္ ပထမေတာ့ေၾကာင္သြားေသာ္လည္း ယခုအခ်ိန္မွာ မိုးသားပိုင္ကို ထားခဲ့ရေရးဟာသာ ပထမ၊ ဒုတိယ၊ တတိယ ျဖစ္ေနသည္မို႔ ေခါင္းကိုတဆတ္ဆတ္ၿငိမ့္ၿပီး အေပၚထပ္မွ ေျပးဆင္းသြားေတာ့သည္။

မွန္ျပတင္းေပါက္ဆီကိုခ်ဥ္းကပ္သြားရင္း မိုးသား ၿခံဝန္းထဲကိုလွမ္းၾကည့္လိုက္ေတာ့ အႏွီေငြယံရွင္းသန္႔က ကားေပၚကိုခုန္ဆြခုန္ဆြႏွင့္တက္သြားသည္ကိုပင္ျမင္လိုက္ရေပသည္။ သူမပါဘဲ တစ္ေယာက္တည္း ေက်ာင္းသြားရျခင္းကို ထီေပါက္သလိုေပ်ာ္႐ႊင္ေနဟန္တူ၏။

xxx

ထိုေန႔က မိုးသားမွာ ေက်ာင္းမသြားဘဲ အေမလုပ္သူကိုလည္းဆႏၵျပကာ အိမ္တြင္တစ္ခ်ိန္လုံး ထမင္းလည္းမစားဘဲ ႐ုပ္ရွင္ၾကည့္ေနခဲ့ၿပီး ေန႔လယ္ခင္း ေငြယံေက်ာင္းဆင္းခ်ိန္ေရာက္ခါနီးပါမွ တစ္ဒတ္ဒတ္ျမည္ေနေသာ နာရီလက္တံဆီကိုအၾကည့္ေရာက္သြားသည္။ ဆယ့္ႏွစ္နာရီကိုေက်ာ္လြန္လာသည့္ မိနစ္လက္တံကိုျမင္လိုက္ေသာအခါမွ သူသည္အလိုလို ၿပဳံးမိလိုက္၏။ ထို႔ေနာက္ တီဗီကိုပိတ္ပစ္ကာ ေအာက္ထပ္ဆင္းသြားေတာ့သည္။

ေအာက္ထပ္ကိုေရာက္ေတာ့ ႀကီးႀကီးေမကိုမေတြ႕ရသလို၊ ဦးဥာဏ္ကိုလည္းမေတြ႕ရ။ ႏွင္းရည္ေအးတစ္ေယာက္သာ တကုပ္ကုပ္ႏွင့္ သူ႔အတြက္ ထမင္းပြဲျပင္ေပးေနသည္ကိုျမင္လိုက္ရသည္။

"ေမေမေရာ....."

"ႀကီးႀကီးေမ ေက်ာင္းကိုသြားတယ္"

"ဘာျဖစ္လို႔လဲ"

"မသိဘူး အစ္ကိုေလး။ ဖုန္းဝင္လာၿပီး ေရးႀကီးသုတ္ပ်ာထြက္သြားတာပဲ။ တစ္နာရီေလာက္ေတာ့ရွိၿပီ။"

မနက္ခင္းကတင္ ေက်ာင္းအုပ္ႀကီးလာခဲ့ၿပီးသည္ကို ႀကီးႀကီးေမက ေက်ာင္းကိုထပ္သြားေနစရာအေၾကာင္းမရွိ။ တစ္ခုခု မူမမွန္သလို ခံစားရေသာေၾကာင့္ မိုးသား အေပၚထပ္ျပန္တက္သြားသည္။

ထို႔ေနာက္ ဖုန္းဆက္ရန္ျပင္ေနစဥ္မွာပင္ ေငြယံ့ကိုေက်ာင္းႀကိဳလာေသာကားကဆိုက္လာသည္ကိုျမင္လိုက္ရ၏။ ေငြယံႏွင့္အတူ ႀကီးႀကီးေမလည္းပါလာသည္မို႔ မိုးသား ေအာက္ကိုျပန္ဆင္းသြားလိုက္သည္။

ဆင္ဝင္ေရွ႕ကိုေရာက္ေတာ့ ေငြယံ့မ်က္ႏွာက ငိုထားသကဲ့သို႔နီျမန္းေနၿပီး သူ႔ကိုျမင္သည့္တိုင္ မျမင္သလိုဟန္ေဆာင္ကာ သူ႔အိမ္ရွိရာကိုသာ မေျပး႐ုံတမယ္ထြက္သြားသည္။

"ေငြယံရွင္းသန္႔"

သူေခၚတာကိုလည္းမၾကားသလိုႏွင့္ေျပးသြားသည္မို႔ မိုးသားမ်က္ႏွာက တစ္ဖက္ကိုျပန္လွည့္လာသည္။

"ဘာျဖစ္တာလဲ သူက...."

ႀကီးႀကီးေမသည္ မိုးသားကိုစိတ္ဆိုးသလိုသာၾကည့္လိုက္ၿပီး စကားတစ္ခြန္းမွမေျပာဘဲ ဥေပကၡာျပဳကာ အထဲကိုဝင္သြားသည္။

"ေမေမ....."

ႀကီးႀကီးေမကလွည့္မၾကည့္ေသာေၾကာင့္ မိုးသား ဇက္ကိုအနည္းငယ္ေစာင္းလိုက္ၿပီး ပို၍ ေပ်ာ့ေပ်ာင္းခြၽဲပ်စ္ေသာအသံႏွင့္ထပ္ေခၚလိုက္၏။

"ေမေမေရ......."

သို႔သည့္တိုင္ ႀကီးႀကီးေမကလွည့္မၾကည့္ပါမွ မိုးသား ဦးဥာဏ္ကိုလွည့္ၾကည့္လိုက္သည္။ ဦးဥာဏ္ကေတာ့ ႀကီးႀကီးေမ လိုစိတ္မဆိုး။ စိတ္ဆိုးေနသည့္ မိခင္အားသူခြၽဲေနပုံကို သေဘာက်ဟန္ႏွင့္ ခပ္ၿပဳံးၿပဳံးသာၾကည့္ေနသည္။

"ေငြယံ ဘာျဖစ္လို႔လဲ ဦးဥာဏ္...."

"ျဖစ္တာကေတာ့ ေငြယံတစ္ေယာက္တည္းမဟုတ္ဘူးေဟ့..."

ဦးဥာဏ္သည္ ေျပာရင္းဆိုရင္း ဖုန္းကိုဖြင့္ကာ ဗီဒီယိုတစ္ခုကိုဖြင့္ျပသည္။ ထိုဗီဒီယိုမွာအျခားမဟုတ္။ ယခင္ေန႔မ်ားက သူႏွင့္ေငြယံ ငါးတန္းေဆာင္ေနာက္တြင္ေဆးလိပ္ေသာက္ေနသည့္ျမင္ကြင္းကို ခိုး႐ိုက္ထားသည့္ဗီဒီယိုသာျဖစ္ေခ်ေတာ့သည္။

"ဒါက......"

"ေအး လြန္ခဲ့တဲ့ သုံးနာရီေလာက္က ဒါႀကီးက လိုင္းေပၚမွာပ်ံ႕ေနတာပဲ။ ဟိုေန႔က ကိစၥေရာ၊ ဒီကိစၥေရာ တစ္ေယာက္ ေယာက္ရည္႐ြယ္ၿပီးလုပ္တာေတာ့ ေသခ်ာပါတယ္။ အဲဒါေၾကာင့္ ဦးဥာဏ္နဲ႔မင္းေမေမေက်ာင္းကိုခ်က္ခ်င္းလိုက္သြားရတာပဲ။ ဒီကိစၥကိုပါထပ္ရွင္းဖို႔ေပါ့။"

"ဘယ္လိုျဖစ္သြားလဲ"

ဦးဥာဏ္သည္ သက္ျပင္းေငြ႕ေငြ႕ခ်လိုက္ၿပီးမွဆက္ေျပာသည္။

"ဒီအ႐ြယ္ ေဆးလိပ္ေသာက္တဲ့ကိစၥကေတာ့ သိပ္ၿပီးထူးေထြတာမဟုတ္ပါဘူး။ ဒါေပမဲ့ယူနီေဖာင္းနဲ႔ဆိုေတာ့ ေက်ာင္း Image ထိမွာကိုသူတို႔စိုးၾကတာေပါ့။ အဲဒါေၾကာင့္ ေက်ာင္းအုပ္ႀကီးက ဆရာေတြနဲ႔အစည္း အေဝးထိုင္ၿပီး ဆုံးျဖတ္လိုက္တယ္။ သားပိုင္ေရာ၊ ယံယံေရာ ေက်ာင္းတစ္လနားရမယ္တဲ့။"

"သူေရာလား....."

"ဟုတ္တယ္....မမေမနဲ႔ ေက်ာင္းအုပ္ညႇိထားတာရွိတယ္။ အဲဒါေၾကာင့္ မေန႔က ကိစၥကို လြယ္အိတ္ထဲက ေဆးလိပ္ဘူးထြက္လာသလိုမ်ိဳးပဲ သတင္းျဖန္႔လိုက္လိမ့္မယ္။ အျပစ္ေပးတာကိုေတာ့ ဒီဗီဒီယိုကိစၥနဲ႔ေရာခ်လိုက္ၿပီး ဟိုကိစၥကိုဖုံးပစ္လိုက္လိမ့္မယ္။ ေက်ာင္းေတာ့ တစ္လနားလိုက္ရေပမယ့္....... ဆိုးဆိုးဝါးဝါးမျဖစ္တာဘဲ ကံေကာင္းၿပီလို႔သတ္မွတ္ရမွာေပါ့။ အဲ....ယံယံကေတာ့ ႐ုံးခန္းထဲမွာအၾကာႀကီးေနလိုက္ရတယ္။ ဦးဥာဏ္တို႔သြားေတာ့ ေၾကာက္တာမွတုန္ေနတာပဲ။"

"အဲဒါေၾကာင့္ငိုလာတာလား...."

"ဟုတ္တယ္....မမေမ ဆူမွာလဲစိုးလို႔ထင္တယ္။ တရႈံ႕ရႈံ႕နဲ႔ငိုေနတာ....။ ဒါေတာင္ မမေမကမဆူပါဘူး။"

"ကဲ....ဦးဥာဏ္ မမေမကို ေပးစရာေတြရွိေသးတယ္။"

ဦးဥာဏ္သည္ ထိုကဲ့သို႔ေျပာၿပီး ဖိုင္တြဲအခ်ိဳ႕သယ္ကာ သူတို႔အိမ္ထဲကိုဝင္သြားသည္။

မိုးသားကေတာ့ ထိုေနရာတြင္ခဏရပ္ေနမိၿပီးမွ ေငြယံ ရွိရာတိုက္ပုေလးဆီကို ေျခလွမ္းမ်ားကိုအလိုလိုလွမ္းလိုက္မိသည္။

ေငြယံ့ၿခံငယ္ေလးဆီေရာက္ေတာ့ သူ႔ကိုယ္ထက္ႀကီးေနေသာစြပ္က်ယ္ျဖဴေလးႏွင့္ အဝါေရာင္ကာတြန္းေဘာင္းဘီကိုဝတ္ထားေသာ ေငြယံသည္ မည္းတူးေနသည့္ေၾကာင္ကိုအစာေကြၽးေနသည္ကိုျမင္လိုက္ရသည္။ ေၾကာင္ကို အစာေကြၽးေနရင္း သူ႔ကိုျမင္ေသာအခါ ဟြန္းခနဲႏွာမႈတ္၍ တစ္ဖက္ကိုလွည့္သြား၏။

မိုးသားသည္ ေငြယံဆီကိုေရာက္သြားေသာအခါ ေဘာင္းဘီအိတ္ထဲလက္ႏွစ္ဖက္ထည့္ထားရင္း ေငြယံ့ကိုအေပၚကစီးမိုးၾကည့္ေနသည္။

"ေငြယံရွင္းသန္႔"

"..........."

ေငြယံကမထူးေသာေၾကာင့္ မိုးသားကေလသံကိုပိုကာျမႇင့္တင္လိုက္သည္။

"ေငြယံရွင္းသန္႔...!!!!!"

"ဘာလဲ......."

ခပ္စြာစြာအသံက နားထဲစူးခနဲဝင္လာေသာအခါ မိုးသား မ်က္ႏွာက ၿပဳံးမလိုလို မဲ့မလိုလိုႏွင့္ စိတ္ႏွစ္ခြၾကားထဲတြင္ႏႈတ္ခမ္းမ်ားက ဘယ္သူ႔အမိန္႔ကိုနာခံရမွန္းမသိလမ္းေပ်ာက္လို႔ေနသည္။

ထို႔ေနာက္ မိုးသားသည္ ေၾကာင္ေခါင္းကိုလက္ႏွင့္ပြတ္ေပးေနေသာ ေငြယံ့ကိုၾကည့္ေနရင္း ေဆာင့္ေၾကာင့္ထိုင္လိုက္၏။ ထို႔ေနာက္ ေငြယံ့လက္ကိုဆြဲယူကာေၾကာင္ဆီမွ ဖယ္ရွားေစလိုက္သည္။

"ေၾကာင္ေမြးေတြက မင္းကို....."

မိုးသား သည္ ေငြယံ့မ်က္လုံးမ်ားကိုစိုက္ၾကည့္ေနၿပီးမွဆက္ေျပာလိုက္၏။

"မင္းကို ထိခိုက္ေစလိမ့္မယ္...အေမြးေတြကိုရႉမိရင္ေရာဂါရၿပီးေသႏိုင္တယ္"

"ေသေသ"

ေငြယံသည္ ထိုတစ္ခြန္းသာေျပာၿပီး ေဆာင့္ေဆာင့္ေအာင့္ေအာင့္ႏွင့္အိမ္ထဲဝင္သြားသည္။

"ေငြယံရွင္းသန္႔......."

"..........."

ေငြယံသည္ မိုးသားအေခၚကိုျပန္မေျဖဘဲ မီးဖိုထဲေရာက္သြားကာ ေခါက္ဆြဲေျခာက္တစ္ထုပ္ကိုေဖာက္ကာျပဳတ္ေနျပန္၏။
ထိုအခါ မိုးသားက အေနာက္မွလိုက္လာရင္း ေရခဲေသတၱာကိုမွီကာ ငိုထားေသာေငြယံ့မ်က္ႏွာကိုလွမ္းၾကည့္ေနသည္။ ခုန္ဆြခုန္ဆြႏွင့္ေက်ာင္းတက္ဖို႔သြားတုန္းက ျဖဴေနေသာမ်က္က ယခုေတာ့နီရဲေနသည္။ မ်က္လုံးေလးမ်ားက မဆိုစေလာက္ေဖာင္းအစ္ေန၏။

ထိုအခါ မိုးသားသည္ ႐ုတ္တရက္ၿပဳံးမိသြားကာေမးျမန္းလိုက္သည္။

"ဘယ္လိုလဲ ႐ုံးခန္းေရာက္တဲ့ပထမဆုံးအေတြ႕အႀကဳံက..."

"မသိဘူး......"

"ဦးဥာဏ္ေျပာေတာ့မင္းသူငယ္တန္းကေလးလိုငိုေနတယ္ဆို...."

"ဘယ္သူကငိုလို႔လဲ.....အဲဒါဦးဥာဏ္ေလွ်ာက္ေျပာေနတာ...."

"ဒါဆို မေၾကာက္ဘူးေပါ့။ အဲဒါဆို ေနာက္တစ္ႀကိမ္႐ုံးခန္းေရာက္လဲ အဆင္ေျပတာပဲ။"

"မင္း........"

ေငြယံသည္ တူတစ္စုံျဖင့္ေခါက္ဆြဲအိုးကိုေမႊေနရင္းေျပာလာ၏။

"ဟုတ္တယ္။ ဦးဥာဏ္ကေျပာတယ္။ ေနာက္တစ္ခါ မင္းလိုလူမိုက္နဲ႔မေပါင္းနဲ႔တဲ့။ အဲဒါေၾကာင့္ မင္းသြားေတာ့...."

"ဦးဥာဏ္ကလား မျဖစ္ႏိုင္တာ...... "

မိုးသားသည္ ေငြယံ့အနားကိုခ်ဥ္းကပ္လာၿပီး နံေဘးတြင္လာရပ္ကာ ေငြယံ့ေခါင္းကဆံပင္မ်ားကို လက္တစ္ဖက္ႏွင့္ဖြေနျပန္သည္။ လွည့္ၾကည့္လိုက္ေတာ့ ေငြယံ့ ႏွာေခါင္းထိပ္ေလးမ်ားကပင္နီေနသည္ကိုျမင္လိုက္ရ၏။ ထိုေကာင္ေလး ကားေပၚတြင္အေတာ္ၾကာေအာင္ငိုေနခဲ့ပုံေပါက္သည္။

ထို႔ေနာက္ မိုးသားသည္ သူဖြထားေသာ ေငြယံ့ဆံပင္မ်ားကို အနည္းငယ္ျပန္လည္ရွင္းလင္းေပးလိုက္ရင္းေျပာ၏။ မိုးသား၏ေလသံသည္ သည္တစ္ခါေတာ့ ေအးစက္စက္ႏိုင္ေနျပန္သည္။

"ေလာေလာဆယ္ေတာ့ စာေမးပြဲအတြက္ ျပင္ဆင္ၾကတာေပါ့။ အဲဒါၿပီးရင္ေတာ့ တရားခံကိုရွာၿပီး....."

"ရွာၿပီး ဘာျဖစ္လဲ..."

"ရွာၿပီးဆုခ်ရမယ္။ မင္းလိုအၿမဲတမ္းၿပဳံးၿဖီးေနတဲ့ေကာင္ကို ငိုေအာင္လုပ္ႏိုင္တဲ့စေကးကနည္းလား..."

"မိုးသားပိုင္ !!!!!!!"

xxx

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
517K 43.7K 61
ဘဝမှာအချစ်နဲ့တူသောအရာများစွာ ကြုံတွေ့ရနိုင်သည်။ သို့သော် အချစ်စစ်ကတော့ အရာအာလုံးထက်သာလွန်သည်။ ထို့အတူပင် ရည်းစားပေါင်းများစွာကြုံဆုံရနိုင်သည် သို့သော...
301K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
101K 5.3K 15
ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။ ဇာတျလမျးပါအကွောငျးအရာမြားသညျ စာရေးသူ၏ စိတျကူးယဉျသကျသကျသာ ဖွဈသညျ။