ေရွာင္းစံအိမ္ေတာ္၌
"သား.. ေရွာင္ေလးမင္းမသြားလို႔မရဘူးသား
မင္းသြားရမယ္မားအကုန္စီစဥ္ၿပီးၿပီ"
"မားကြၽန္ေတာ္မသြားဘူးလို႔ေျပာၿပီးၿပီေလဗ်ာ
ကြၽန္ေတာ္ေက်ာင္းဆက္မတက္ခ်င္ေတာ့ဘူး
ဘယ္အခ်ိန္ထိတက္ေနရမွာလဲ
အဆိုးဆံုးကလူသားေတြၾကားမွာေနရတာပဲ
သားလူသားေတြနဲ႔ေ၀းေ၀းမွာပဲေနခ်င္တယ္မားရာ"
ေရွာင္မားတစ္ေယာက္ေျပာရခက္တဲ့သူ႕သားကိုၾကည့္ကာ
သက္ျပင္းသာအခါခါခ်ေနမိသည္
"ေရွာင္က်န္႔!!မင္းသြားကိုသြားရမယ္
ဘာမွအရစ္လာမရွည္နဲ႔ငါေျပာတာၾကားတယ္ေနာ္! "
ေရွာင္ပါးတစ္ေယာက္အမိန္႔ဆန္ေသာေလသံျဖင့္
ခပ္ျပတ္ျပတ္ေျပာလိုက္သည္
"ပါး!!!!!!!"
"ဆက္မေျပာနဲ႔ေရွာင္က်န္႔ငါတို႔ကမင္းေကာင္းဖို႔လုပ္ေနတာ
သြားမနက္ျဖန္ေက်ာင္းသြားဖို႔သြားျပင္"
ေဆာင့္ေအာင့္ကာေလွကားေပၚတက္သြားေသာ
သားျဖစ္သူကိုၾကည့္ကာေရွာင္ပါးတစ္ေယာက္
ေခါင္းသာအတြင္တြင္ခါရင္းေတြးမိလိုက္သည္က
'ဒီကေလးအသက္သာ၂၀၀ရိွတာ
အခုထိ၁၀ေက်ာ္သက္လိုဆိုးေနတုန္းပါပဲလား'
-------------------------------------------
မိဘမဲ့ေဂဟာတစ္ခု၌
"ေဟ့ေကာင္ရိေပၚ...မင္းကေတာ့ရွယ္ပဲကြာ
ၿမိဳ႕ေပၚကေက်ာင္းမွာေတာင္၀င္ခြင့္ရတယ္
ငါလဲမင္းဆီေရာက္ေအာင္လာဖို႔စာႀကိဳးစားမယ္
စိတ္ခ်ငါေနာက္ႏွစ္မတိုင္ခင္မင္းဆီေရာက္ေစရမယ္"
"ေအးက်ဳိးခ်န္မင္းလဲအဲ့စကားပဲေျပာေနတာ
ဘယ္ႏွရက္ေတာင္ရိွေနၿပီလဲငါေတာင္အလြတ္ရေနၿပီ
ဪ..ဒါနဲ႔ရိေပၚမင္းတို႔ေက်ာင္းမွာမင္းအမွတ္အမ်ားဆံုးဆို
ေတာ့စေကာလရွစ္ရမွာေပါ့ေနာ္မင္းေက်ာင္းစရိတ္မပူရေတာ့
ေပမယ့္လိုအပ္တာရိွရင္ငါ့ကိုေျပာေနာ္"
"ဟာ! ေဟ့ေကာင္ဟိုက္ခြမ္း... ငါကတကယ္ေျပာေနတာကြ
ငါ့ကိုသာေျပာေနတာမင္းလဲရိေပၚနဲ႔အတူသြားလို႔ရေအာင္လုပ္ေနတာငါမသိဘူးထင္ေနလား"
"ကဲပါမင္းတို႔ကလဲရန္ျဖစ္မေနၾကပါနဲ႔ေနာ္ညေနၾကငါ
သြားရေတာ့မွာေလငါ့ကိုကူၿပီးလိုအပ္တာေတြထည့္ေပးအံုး"
ေတြ႕တိုင္းရန္ျဖစ္ေနတဲ့သူငယ္ခ်င္းႏွစ္ေယာက္ကို
ရိေပၚစိတ္မရွည္စြာေျပာရင္းအ၀တ္မ်ားကိုထုတ္ေနေလသည္
'ေျပာမယ့္သာေျပာရတာဒီႏွစ္ေကာင္ကြၽန္ေတာ့္ကိုေတာ့အရမ္းခ်စ္ရွာတာအၿမဲတမ္းကြၽန္ေတာ့္ေရွ႕ကမားမားမတ္မတ္ရပ္တည္ေပးတယ္ကြၽန္ေတာ့အတြက္ေတာ့သူတို႔ကအဖိုးမျဖတ္ႏိုင္တဲ့သူငယ္ခ်င္းေကာင္းေတြပဲ'
"ရိေပၚ.... မင္းဟိုမွာတစ္ေယာက္ထဲေနရမွာ
ဆိုေတာ့အစစအရာရာဂ႐ုစိုက္ေနာ္
ၿပီးေတာ့ေတြ႕သမွ်လူကိုသေဘာေကာင္းျပဖို႔မလိုဘူး
ၿမိဳ႕ေပၚကလူေတြကငါတို႔ေတာရြာကလူေတြလို
မ႐ိုးရွင္းၾကဘူးငါေျပာတာၾကားလား"
"က်ဳိးခ်န္မင္းမွာလဲအေဖႀကီးၾကေနေရာပဲအမွာစကားေတြ
ေႁခြေနလိုက္တာငါလဲေျပာခ်င္တာေလးေတြေျပာပါရေစအံုး"
ထိုအစဥ္ဟိုက္ခြမ္းထံသို႔၀မ္က်ဳိးခ်န္၏ႏွဂါးမ်က္ေစာင္းေလး
က်ေရာက္လာေတာ့သည္
"ငါဘာသာငါ့ပါးစပ္နဲ႔ငါမွာတာမင္းအပူမပါဘူးဟိုက္ခြမ္း
ကိုယ့္သူငယ္ခ်င္းကိုစိတ္ပူၿပီးမွာတာနဲ႔ငါကအေဖျဖစ္ေရာလား
ခ်ီးပဲဟိုက္ခြမ္း"
"ဟားဟားဟား"
ရိေပၚရန္ျဖစ္ေနေသာသူငယ္ခ်င္းႏွစ္ေယာက္အားၾကည့္ကာ
အားပါးတရရယ္လိုက္မိသည္
"ရယ္မေနနဲ႔ေဟ့ေကာင္... ငါေျပာတာေတြေသခ်ာမွတ္ထား"
"ေအးပါအပ်ဳိႀကီးရာ.... ငါေသခ်ာမွတ္ထားပါ့မယ္"
"ခ်ီးကိုအပ်ဳိႀကီးမင္းပဲအပ်ဳိႀကီးျဖစ္မွာငါကမိန္းမယူအံုးမွာ"
"ဟားဟား... ဟုတ္ပါျပီငါသြားရမယ့္အခ်ိန္ေရာက္ျပီ
မင္းတို႔လဲအားတိုင္းကိုက္မေန... အဲေလ... ရန္ျဖစ္မေနနဲ႔
လို႔ေျပာတာဟဲဟဲ"
"ငါကမျဖစ္ပါဘူးကြာသူကသာဆတ္ဆတ္ထိမခံျဖစ္ေနတာ
ဪ....ငါလဲမွာအံုးမယ္ဟိုမွာကေအးတယ္
အဲ့ေတာ့ေႏြးေႏြးေထြးေထြးေနအစားကိုလဲအခ်ိန္မွန္စား
ေနမေကာင္းမျဖစ္ေအာင္ဂ႐ုစိုက္ၾကားလားရိေပၚ
ကဲကဲ... ရထားထြက္ေတာ့မယ္သြားေတာ့ဂ႐ုစိုက္အံုး"
"ေအးေအး.... ငါသြားၿပီမင္းတို႔လဲဂ႐ုစိုက္ၾက
ငါေမွ်ာ္ေနမယ္ငါဆီလာလည္ၾကေနာ္သြားၿပီငါ့ေကာင္ေတြ
တာ့တာ... "
ရိေပၚတစ္ေယာက္သူ႕သူငယ္ခ်င္းေတြကိုလက္ျပႏႈတ္ဆက္ကာရထားေလးေပၚသို႔တက္လိုက္ၿပီးၿမိဳ႕ႀကီးရိွေက်ာင္းေလးဆီသို႔ထြက္ခြာလာေတာ့သည္
-------------------------------------
"သား.... ေရွာင္ေလးထေတာ့ေလ
ေက်ာင္းသြားရမယ့္အခ်ိန္ေရာက္ၿပီ"
ေရွာင္မားတစ္ေယာက္မေန႔ကတည္းက
တစ္ပူပူတစ္ဆာဆာနဲ႔ေက်ာင္းမသြားဖို႔အေရး
ဒို႔အေရးလုပ္ေနတဲ့သားကိုေက်ာင္းသြားရန္ႏိုးေနရေတာ့သည္
"အင္း.... သားဆင္းလာခဲ့မယ္မား"
ေရွာင္က်န္႔တစ္ေယာက္အိပ္ယာမွထကာ
ေက်ာင္းသြားရန္ျပင္ဆင္ၿပီးေအာက္ထပ္သို႔
ဆင္းလာခဲ့ေတာ့သည္
"ေရွာင္ေလး... လာလာမားမနက္စာျပင္ထားတယ္
ဪ...ပါးကမွာသြားတယ္ကားယူသြားလိုက္တဲ့
ၿပီးေတာ့ေက်ာင္းမွာျပသနာမျဖစ္ေစနဲ႔တဲ့"
ေရွာင္မားတစ္ေယာက္သူ႕သားေခါင္းေလးပုတ္ကာ
တစ္ဖြဖြအမွာစကားေႁခြေနေလသည္
ဒီကေလးေလးကိုသူအရမ္းခ်စ္ပါသည္
သူ႕ေသြးသားအရင္းမဟုတ္ေပမယ့္
ေသြးသားအရင္းခ်ာလိုခ်စ္သည္
-------------------------------
"အ့... "
ေက်ာင္း၀င္းအတြင္း၌ရိေပၚတစ္ေယာက္
ေက်ာင္းအုပ္႐ံုးခန္းကိုသြားေနစဥ္
လူတစ္ေယာက္ႏွင့္အမွတ္မထင္၀င္တိုက္မိသည္
ထိုသူထံမွထြက္လာေသာစကားသံက
"အရွင့္သား!! "
"ဗ်ာ?... ကြၽန္ေတာ့္ကိုေျပာလိုက္တာလား
ဟိုေလဒီကအစ္ကိုကြၽန္ေတာ့္ကိုလမ္းဖယ္ေပးႏိုင္မလား
ကြၽန္ေတာ္ေက်ာင္းအုပ္နဲ႔ေတြ႕ခ်င္လို႔ပါ"
ဘာမွမေျပာဘဲလမ္းဖယ္ေပးေသာထိုလူသား
ရိေပၚတစ္ေယာက္ေက်ာင္းအုပ္ရဲ႕႐ံုးခန္းဆီသို႔သာ
ဦးတည္လိုက္သည္
သို႔ေသာ္အေနာက္မွသူ႕အားအံ့ဩစြာလိုက္ၾကည့္ေနေသာ
မ်က္၀န္းအစံုအားသူမျမင္မိခဲ့.....
ကဲကဲအရွင့္သားတဲ့ဘာေတြဆက္ျဖစ္မွာပါလိမ့္🤔
ဟီးးးးးပထမဆံုးစေရးတာဆိုေတာ့လိုအပ္ခ်က္ေလးေတြရိွရင္
ခြင့္လႊတ္ၿပီးဖတ္ေပးၾကပါေနာ္
Huã🍓
ရှောင်းစံအိမ်တော်၌
"သား.. ရှောင်လေးမင်းမသွားလို့မရဘူးသား
မင်းသွားရမယ်မားအကုန်စီစဉ်ပြီးပြီ"
"မားကျွန်တော်မသွားဘူးလို့ပြောပြီးပြီလေဗျာ
ကျွန်တော်ကျောင်းဆက်မတက်ချင်တော့ဘူး
ဘယ်အချိန်ထိတက်နေရမှာလဲ
အဆိုးဆုံးကလူသားတွေကြားမှာနေရတာပဲ
သားလူသားတွေနဲ့ဝေးဝေးမှာပဲနေချင်တယ်မားရာ"
ရှောင်မားတစ်ယောက်ပြောရခက်တဲ့သူ့သားကိုကြည့်ကာ
သက်ပြင်းသာအခါခါချနေမိသည်
"ရှောင်ကျန့်!!မင်းသွားကိုသွားရမယ်
ဘာမှအရစ်လာမရှည်နဲ့ငါပြောတာကြားတယ်နော်! "
ရှောင်ပါးတစ်ယောက်အမိန့်ဆန်သောလေသံဖြင့်
ခပ်ပြတ်ပြတ်ပြောလိုက်သည်
"ပါး!!!!!!!"
"ဆက်မပြောနဲ့ရှောင်ကျန့်ငါတို့ကမင်းကောင်းဖို့လုပ်နေတာ
သွားမနက်ဖြန်ကျောင်းသွားဖို့သွားပြင်"
ဆောင့်အောင့်ကာလှေကားပေါ်တက်သွားသော
သားဖြစ်သူကိုကြည့်ကာရှောင်ပါးတစ်ယောက်
ခေါင်းသာအတွင်တွင်ခါရင်းတွေးမိလိုက်သည်က
'ဒီကလေးအသက်သာ၂၀၀ရှိတာ
အခုထိ၁၀ကျော်သက်လိုဆိုးနေတုန်းပါပဲလား'
-------------------------------------------
မိဘမဲ့ဂေဟာတစ်ခု၌
"ဟေ့ကောင်ရိပေါ်...မင်းကတော့ရှယ်ပဲကွာ
မြို့ပေါ်ကကျောင်းမှာတောင်ဝင်ခွင့်ရတယ်
ငါလဲမင်းဆီရောက်အောင်လာဖို့စာကြိုးစားမယ်
စိတ်ချငါနောက်နှစ်မတိုင်ခင်မင်းဆီရောက်စေရမယ်"
"အေးကျိုးချန်မင်းလဲအဲ့စကားပဲပြောနေတာ
ဘယ်နှရက်တောင်ရှိနေပြီလဲငါတောင်အလွတ်ရနေပြီ
ဪ..ဒါနဲ့ရိပေါ်မင်းတို့ကျောင်းမှာမင်းအမှတ်အများဆုံးဆိုတော့စကောလရှစ်ရမှာပေါ့နော်မင်းကျောင်းစရိတ်မပူရတော့ပေမယ့်လိုအပ်တာရှိရင်ငါ့ကိုပြောနော်"
"ဟာ! ဟေ့ကောင်ဟိုက်ခွမ်း... ငါကတကယ်ပြောနေတာကွ
ငါ့ကိုသာပြောနေတာမင်းလဲရိပေါ်နဲ့အတူသွားလို့ရအောင်လုပ်နေတာငါမသိဘူးထင်နေလား"
"ကဲပါမင်းတို့ကလဲရန်ဖြစ်မနေကြပါနဲ့နော်ညနေကြငါ
သွားရတော့မှာလေငါ့ကိုကူပြီးလိုအပ်တာတွေထည့်ပေးအုံး"
တွေ့တိုင်းရန်ဖြစ်နေတဲ့သူငယ်ချင်းနှစ်ယောက်ကို
ရိပေါ်စိတ်မရှည်စွာပြောရင်းအဝတ်များကိုထုတ်နေလေသည်
'ပြောမယ့်သာပြောရတာဒီနှစ်ကောင်ကျွန်တော့်ကိုတော့အရမ်းချစ်ရှာတာအမြဲတမ်းကျွန်တော့်ရှေ့ကမားမားမတ်မတ်ရပ်တည်ပေးတယ်ကျွန်တော့အတွက်တော့သူတို့ကအဖိုးမဖြတ်နိုင်တဲ့သူငယ်ချင်းကောင်းတွေပဲ'
"ရိပေါ်.... မင်းဟိုမှာတစ်ယောက်ထဲနေရမှာ
ဆိုတော့အစစအရာရာဂရုစိုက်နော်
ပြီးတော့တွေ့သမျှလူကိုသဘောကောင်းပြဖို့မလိုဘူး
မြို့ပေါ်ကလူတွေကငါတို့တောရွာကလူတွေလို
မရိုးရှင်းကြဘူးငါပြောတာကြားလား"
"ကျိုးချန်မင်းမှာလဲအဖေကြီးကြနေရောပဲအမှာစကားတွေ
ခြွေနေလိုက်တာငါလဲပြောချင်တာလေးတွေပြောပါရစေအုံး"
ထိုအစဉ်ဟိုက်ခွမ်းထံသို့ဝမ်ကျိုးချန်၏နှဂါးမျက်စောင်းလေး
ကျရောက်လာတော့သည်
"ငါဘာသာငါ့ပါးစပ်နဲ့ငါမှာတာမင်းအပူမပါဘူးဟိုက်ခွမ်း
ကိုယ့်သူငယ်ချင်းကိုစိတ်ပူပြီးမှာတာနဲ့ငါကအဖေဖြစ်ရောလား
ချီးပဲဟိုက်ခွမ်း"
"ဟားဟားဟား"
ရိပေါ်ရန်ဖြစ်နေသောသူငယ်ချင်းနှစ်ယောက်အားကြည့်ကာ
အားပါးတရရယ်လိုက်မိသည်
"ရယ်မနေနဲ့ဟေ့ကောင်... ငါပြောတာတွေသေချာမှတ်ထား"
"အေးပါအပျိုကြီးရာ.... ငါသေချာမှတ်ထားပါ့မယ်"
"ချီးကိုအပျိုကြီးမင်းပဲအပျိုကြီးဖြစ်မှာငါကမိန်းမယူအုံးမှာ"
"ဟားဟား... ဟုတ်ပါပြီငါသွားရမယ့်အချိန်ရောက်ပြီ
မင်းတို့လဲအားတိုင်းကိုက်မနေ... အဲလေ... ရန်ဖြစ်မနေနဲ့
လို့ပြောတာဟဲဟဲ"
"ငါကမဖြစ်ပါဘူးကွာသူကသာဆတ်ဆတ်ထိမခံဖြစ်နေတာ
ဪ....ငါလဲမှာအုံးမယ်ဟိုမှာကအေးတယ်
အဲ့တော့နွေးနွေးထွေးထွေးနေအစားကိုလဲအချိန်မှန်စား
နေမကောင်းမဖြစ်အောင်ဂရုစိုက်ကြားလားရိပေါ်
ကဲကဲ... ရထားထွက်တော့မယ်သွားတော့ဂရုစိုက်အုံး"
"အေးအေး.... ငါသွားပြီမင်းတို့လဲဂရုစိုက်ကြ
ငါမျှော်နေမယ်ငါဆီလာလည်ကြနော်သွားပြီငါ့ကောင်တွေ
တာ့တာ... "
ရိပေါ်တစ်ယောက်သူ့သူငယ်ချင်းတွေကိုလက်ပြနှုတ်ဆက်ကာရထားလေးပေါ်သို့တက်လိုက်ပြီးမြို့ကြီးရှိကျောင်းလေးဆီသို့ထွက်ခွာလာတော့သည်
-------------------------------------
"သား.... ရှောင်လေးထတော့လေ
ကျောင်းသွားရမယ့်အချိန်ရောက်ပြီ"
ရှောင်မားတစ်ယောက်မနေ့ကတည်းက
တစ်ပူပူတစ်ဆာဆာနဲ့ကျောင်းမသွားဖို့အရေး
ဒို့အရေးလုပ်နေတဲ့သားကိုကျောင်းသွားရန်နိုးနေရတော့သည်
"အင်း.... သားဆင်းလာခဲ့မယ်မား"
ရှောင်ကျန့်တစ်ယောက်အိပ်ယာမှထကာ
ကျောင်းသွားရန်ပြင်ဆင်ပြီးအောက်ထပ်သို့
ဆင်းလာခဲ့တော့သည်
"ရှောင်လေး... လာလာမားမနက်စာပြင်ထားတယ်
ဪ...ပါးကမှာသွားတယ်ကားယူသွားလိုက်တဲ့
ပြီးတော့ကျောင်းမှာပြသနာမဖြစ်စေနဲ့တဲ့"
ရှောင်မားတစ်ယောက်သူ့သားခေါင်းလေးပုတ်ကာ
တစ်ဖွဖွအမှာစကားခြွေနေလေသည်
ဒီကလေးလေးကိုသူအရမ်းချစ်ပါသည်
သူ့သွေးသားအရင်းမဟုတ်ပေမယ့်
သွေးသားအရင်းချာလိုချစ်သည်
-------------------------------
"အ့... "
ကျောင်းဝင်းအတွင်း၌ရိပေါ်တစ်ယောက်
ကျောင်းအုပ်ရုံးခန်းကိုသွားနေစဉ်
လူတစ်ယောက်နှင့်အမှတ်မထင်ဝင်တိုက်မိသည်
ထိုသူထံမှထွက်လာသောစကားသံက
"အရှင့်သား!! "
"ဗျာ?... ကျွန်တော့်ကိုပြောလိုက်တာလား
ဟိုလေဒီကအစ်ကိုကျွန်တော့်ကိုလမ်းဖယ်ပေးနိုင်မလား
ကျွန်တော်ကျောင်းအုပ်နဲ့တွေ့ချင်လို့ပါ"
ဘာမှမပြောဘဲလမ်းဖယ်ပေးသောထိုလူသား
ရိပေါ်တစ်ယောက်ကျောင်းအုပ်ရဲ့ရုံးခန်းဆီသို့သာ
ဦးတည်လိုက်သည်
သို့သော်အနောက်မှသူ့အားအံ့ဩစွာလိုက်ကြည့်နေသော
မျက်ဝန်းအစုံအားသူမမြင်မိခဲ့.....
ကဲကဲအရှင့်သားတဲ့ဘာတွေဆက်ဖြစ်မှာပါလိမ့်🤔
ဟီးပထမဆုံးစရေးတာဆိုတော့လိုအပ်ချက်လေးတွေရှိရင်
ခွင့်လွှတ်ပြီးဖတ်ပေးကြပါနော်
Huã🍓