Part-15💕

714 49 2
                                    

Unicode

သာယာတဲ့နေ့သစ်လေးမှာတော့ဝမ်အိမ်တွင်
"ဟောက်ရွှမ်း!!!!!!!မင်းအခုထသင့်ပြီ"ဆိုတဲ့
ပြဲလန်နေအောင်အော်တဲ့ဝမ်ရိပေါ်အသံလေးနဲ့
အစပြုပါတယ်။

"အေးပါ ထပါပြီ ငါထပါပြီ"
ဆူပုတ်ပုတ်မျက်နှာဘေးဖြင့် အိပ်ရာပေါ်မှ
ထပြီး ခြေဆောင့်ကာ ရေချိုးခန်းထဲဝင်သွား
သော ဟောက်ရွှမ်းကိုကြည့်ပြီးရိပေါ်ခေါင်းခါမိသည်။ ဒီနေ့ကကျောင်းရဲ့လေ့လာရေးခရီး
အတွက်လိုအပ်တာတွေသွားဝယ်
ဖို့လို့စီစဥ်ထားတာ
စောစောသွားဖို့လုပ်ထားကြပေမဲ့ အမောင်ဟောက်ရွှမ်းကြောင့် နောက်ကြနေခြင်းဖြစ်သည်။

"ရိပေါ်ကော ရွှမ်းကောကောကထသေးဘူးလား"

"ထပြီ ရေချိုးနေတယ်"

"အဲ့ရွှမ်းကောကောက ကတိလည်းမတည်ဘူး"

မျက်နှာငယ်လေးနဲ့ပြောနေတဲ့ယွီယန်ကြောင့်
ငမွှေထိုးဟောက်ရွှမ်းဘာတွေကတိပေးထား
လဲ မေးရတော့သည်။

"သူကဘာကတိပေးထားလို့လဲ"

"ဒီနေ့စျေးဝယ်ထွက်ရင် ယန်အာလိုချင်တာ
စားချင်တာမှန်သမျှဝယ်ပေးမယ်တဲ့ယန်အာကို
စောစောထရမယ်တဲ့ ခုကြသူပဲနောက်ကြနေတယ်"

ပြောနေရင်းမျက်နှာလေးကဆူပုတ်သွားပြီး
ငိုမဲ့မဲ့ဖြစ်နေတဲ့ ယွီယန်ကိုကြည့်ပြီး ရိပေါ်အတွေး
များနေတော့သည်။ ယွီယန်ကိုကြည့်ရတာ
ဟိုငမွှေထိုးအပေါ်မရိုးသားဘူး။ ဟိုကောင်ကလဲ
စော်မရှိ ဘဲမရှိတဲ့ faကောင် အဲ့တော့ faကောင်ကြီးစွံဖို့ သူငယ်ချင်းဖြစ်တဲ့ ကိုယ်ကပဲကူညီပေး
လိုက်ပါမယ်လေ။

"ပြီးပါပြီ ယန်အာလေးရဲ့
ဟိုရောက်မှစိတ်ကောက်နော်
အရင်သွားကြရအောင်"

ဘယ်အချိန်ကရေချိုးခန်းထဲကထွက်လာလဲမသိတဲ့ ဟောက်ရွှမ်းက ယွီယန်လက်ဆွဲပြီးထွက်သွား
တော့မှ ရိပေါ်အတွေးရပ်ပြီး အမြန်လိုက်ရတော့သည်။

Mallရောက်တော့ ယွီယန်ကဟောက်ရွှမ်းလက်ဆွဲ
ပြီးတစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုချင်တာမှန်သမျှအကုန်ဝယ်နေတာ ဟောက်ရွှမ်းကိုsuddy
daddyယူဆထားသလားပဲ။ သူ့ကိုမေ့ထားပြီး
ကြည်နူးနေတဲ့နှစ်ယောက်ကို မုန့်စားဖို့လှမ်းအော်
ရတော့သည်။ အိမ်ကထွက်လာကတည်းကဘာမှ
မစားရသေးဘူး ဗိုက်အတော်စားနေပြီ။

A Story About Love[Complete](အချစ်ရဲ့ပုံပြင်လေးတစ်ပုဒ်)Where stories live. Discover now