မတူညီသော ဆုံမှတ်များ

By moondaisy88

7.6K 279 20

မိန်းကလေးတစ်ယောက်ကို တွဲခွင့်ရရုံအတွက်နဲ့ ချစ်တယ်ဆိုတဲ့ စကားကို ပြောဖို့လိုလို့လား။ ချစ်ခြင်းတရားဆိုတာ ကျနော်... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part15
Part16
Part 17
Part 18
Part 20(Final Episode)
Side Track A
Side Track B

Part 19

331 10 0
By moondaisy88

ကားနောက်မှီကို မှီလိုက်ရင်း မျက်လုံးတို့ကို မှိတ်လိုက်တာမို့ သုတက ကားမောင်းရင်း လှည့်ကြည့်သည်။

“ပင်ပန်းနေပြီလား”

နှာခေါင်းလေးရှုံ့ကာ ခေါင်းညိမ့်ပြရင်း “အင်း”လို့ ဖြေလိုက်သော ဝေ့ကို သုတ အသဲယားစွာ ကြည့်မိသည်။
အမြဲတမ်း ချစ်ဖို့ကောင်းနေတဲ့ ကောင်မလေး။

ဝေ့ခေါင်းကို ပုတ်လိုက်ရင်း “ပင်ပန်းရင် ခနအိပ်လိုက်၊ အိမ်ရောက်ရင် နှိုးမယ်လေ”

“အင်း”လို့ ပြန်ဖြေရင်း ဝေ အိပ်ပျော်သွားသည်။ အိပ်မက်ထဲမှာ ဟန်သာ့ကိုတွေ့သည်။

“ကျနော်က အချစ်ကို မယုံဘူး”လို့ ဝေ့လက်ကို ဖြုတ်ချပြီး ပြောသွားသည့် ဟန်သာ။

ပြီးတော့ ၁၀နှစ်လုံးလုံး ဝေ့ကို လျစ်လျှူရှုခဲ့သည့် ဟန်သာ။

ပါးပြင်ပေါ်ရောက်လာတဲ့ လက်ရဲ့အထိအတွေ့ကြောင့် ဝေလန့်နိုးသွားသည်။

“Sorryနော် ဝေ၊ ကျနော့ကြောင့်နိုးသွားတယ်။ အိပ်မက်ဆိုးတွေ မက်တယ်ထင်တယ်၊ဝေ ငိုနေတယ်၊ အိမ်ရောက်လို့ မအိပ်ခင် ဘုရားကန်တော့ပြီးမှ အိပ်နော် ၊ အိပ်မပျော်ရင် အရင်တခါ ပို့ပေးထားတဲ့ Musicလေး ဖွင့်ပြီး......”

ရင်ခွင်ထဲကို အင့်ကနဲ တိုး၀င်လာသည့် ကောင်မလေးကြောင့် သုတပြောလက်စ စကားတို့ ‌ရပ်တန့်သွားသည်။

တုန်ယင်နေသည့်ခန္တာကိုယ်လေးကြောင့် ဝေကြိတ်ငိုနေပြီဆိုတာ သုတသိလိုက်သည်။

“sorryပါ ဝေရယ်။ သူလာမယ်လို့ ကျနော် တကယ်မသိခဲ့တာ။ သူပြန်ရောက်နေမှန်းလဲ ကျနော် မသိဘူး။အဲ့တာကြောင့်..."

“ဝေ့ကို လက်ထပ်မလား”

ရင်ခွင်ထဲက ထွက်လာသည့်အသံကြောင့် ဒီတခါ သုတပျောက်ဆုံးသွားသည်မှာ စကားတွေတင် မက။ ဝိဉာဏ်ပါ ပါသွားသည်ထင်သည်။

“ဟင့်အင်း ။ ဘာမှ မဟုတ်တော့ဘူး။ ဝေ စိတ်ရူးပေါက်ပြီး လျှောက်ပြောတာ။”

ရင်ခွင်ထဲက ရုန်းထွက်ပြီး ပြောလိုက်သည့်
ဝေ့ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း သုတပြောလိုက်သည်။

“ကျနော်က လက်ထပ်ချင်တယ်”

မျက်လုံးလေး ဝိုင်းကနဲ့ဖြစ်သွားသော ဝေ့ကို သုတပြုံးပြလိုက်သည်။

“ဒါပေမဲ့ ကျနော်က အခွင့်အရေးသမား မဟုတ်ပါဘူး။ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် ကျနော့သဘောထားက မပြောင်းလဲဘူးဆိုပေမဲ့ ဝေသေချာစဉ်းစားပြီး ကျနော့ကို ပြန်ဖြေပေးပါ။ ကျနော့ကို အသုံးချလဲ ကျနော်က အဆင်ပြေပေမဲ့ အသုံးချမဲ့ဝေ့စိတ် အဆင်ပြေဖို့ကိုပဲ ကျနော်က ပိုလိုလားတာမို့ ကျနော့အတွက် စိတ်မပူဘဲ
ဝေ့အတွက်ကိုပဲ သေချာစဉ်းစားပါ။ ဟုတ်ပြီလား”
ဝေ့ကို ကြည့်ပြီး တခွန်းချင်းပြောနေသည့် သုတကို ကြည့်ပြီး ဝေ ခေါင်းငြိမ့်ပြလိုက်သည်။



















Continue Reading

You'll Also Like

2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
27.5K 2K 15
" Hold my hand, once your palm touch mine I would never let you go again. " - Freen
Agent Blue By Kaz

Fanfiction

47.1K 1.1K 21
Lance isn't what he seems, and years of training made him pretty good at hiding himself. That all goes down the drain when he and Pidge come across a...
55.1K 1.3K 28
[ Currently sitting on a stool at the bar being drunk Tae was blabbering, Jungkook's eyes were fixed on him starring him intensely, Suddenly Jungkoo...