[Unicode]
အခန်း(၇၀):ကာစီနို သမိုင်းကြောင်းနှင့် ခွေးလေး ရခဲ့ပြီ
Spa သွားရတာ ပျင်းစရာကောင်းလွန်းတာကြောင့် ဒီလိုအချိန်မျိုးမှာ အချစ်ဇာတ်လမ်းကို ဖတ်ရတာ အကောင်းဆုံးပါပဲ။
ဆုနိုသည် ကုတင်ပေါ်တွင် လှဲလျောင်းနေရင်း ဖုန်းကို အားရပါးရ ထုတ်ယူလိုက်သည်။
ဆုနို ထင်ထားသလိုပဲ စာရေးသူက အပိုင်းသစ်ထပ်တင်ထားပြီး အခန်းက ရှည်ပြီး သိပ်သည်းသည်။
အချစ်ဇာတ်လမ်းရဲ့ အနှစ်သာရတွေက လူတွေရဲ့ခံစားချက်တွေကို ရစ်ဝဲစေတယ်လို့ ထင်ပါသလား?
မှားပါတယ်! အနှစ်သာရတွေက တကယ့်ကို ပရမ်းပတာဖြစ်ခဲ့ရပါတယ်!
ဒါကို လုံးဝမမျှော်လင့်ထားမိဘူး!
ဆုနိုနိုနှင့် အိုးရန်ကျင်းလုံတို့ အဆင်ပြေသွားပြီးနောက် သူတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် ပျော်ရွှင်စွာ နေထိုင်လာကြသည်။ သူတို့ရဲ့နေ့စဉ်ဘဝတွေဟာ အေးချမ်းသာယာပြီး နန်းတော်ထဲက ငွေခေါင်းလောင်းလို ရယ်မောသံတွေနဲ့ ပြည့်နှက်နေတော့သည်။ ရယ်မောသံတွေက ပျော်ရွှင်မှုတွေကြောင့် ဖြစ်လာပုံပင်.......လူတိုင်းက မနာလိုဖြစ်မိကြတယ်!
ကျန်တဲ့ ပိုးပန်းသူတွေကတော့ ကိုယ့်မျက်နှာကို ကုတ်နေလိုက်ရုံပါပဲ။ ဒီလိုလှပပြီး နူးညံ့သိမ်မွေ့တဲ့ ပန်းတစ်ပွင့်ကို တခြားလူလက်ထဲကို ထားပေးလိုက်ရတာကို ဘယ်သူက အဆင်ပြေမှာလဲ!
ဒီလိုနဲ့ တစ်ညမှာတော့ ကံကြမ္မာမုန်တိုင်းတစ်ခု ရုတ်တရက်ရောက်လာပါတော့သည်။ အဲ့တာကတော့ ဆုနိုနို ပျောက်သွားတာပါပဲ။ ရေကန်ထဲသို့ ကျလာသည့် မိုးရေတစ်စက်ကဲ့သို့ ခြေရာမရှိ ပျောက်သွားတာပဲဖြစ်သည်။
"ဘာတွေပဲဖြစ်နေပါစေ နို ကိုရအောင် ပြန်ခေါ်လာခဲ့မယ်!" အိုးရန်ကျင်းလုံသည် ဒေါသမီးများဖြင် ပြည့်နှက်နေသဖြင့် စိတ်တွေလွတ်ထွက်ကုန်သွား
သည်။ သူ့ခန္ဓာကိုယ်က ရုတ်တရက် ဆန့်ထွက်သွားပြီး သူ့အဝတ်အစားတွေက ပြာအဖြစ်သို့ ပြောင်းလဲသွားကာ ရုတ်တရက် ရွှေရောင်အလင်းတန်းတွေ လျှံတက်လာပြီး သူ့အရေပြားပေါ်မှာ ရွှေရောင်အကြေးခွံတွေ ပေါ်လာတော့သည်။
သူ အသွင်ပြောင်းသွားခဲ့ပြီ!
ကြီးမားသောနဂါးကြီးသည် ဒေါသတကြီးဖြင့် တိမ်တိုက်ထဲသို့ ပျံတက်သွားကာ အချိန်၏နိယာမများကို ချိုးဖျက်ကာ ကံကြမ္မာ၏နာရီဘီးများကို လှည့်လိုက်သည်။ကောင်းကင်ယံ အပေါ်မှကြယ်များသည် ရွေ့လျားသွားကာ စစ်ပွဲများ ဖြစ်လာပြီး တောင်တန်းများနှင့် သမုဒ္ဒရာများသည် လူ့လောကတွင် ရွေ့လျားသွားကြတော့သည်။ အသေအပျောက်နှင့် ကပ်ဘေးဆိုးအားလုံးသည် တစ်ပြိုင်နက်တည်း ဖြစ်လာသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
"ဝူးဟားဟား!" ဆုနိုသည် စာနာစိတ်မရှိစွာ မရယ်ဘဲမနေနိုင်တော့ပေ။
"ဘာဖြစ်တာလဲ?" ဒိုင်အန်း စပ်စုစိတ်ဖြင့် သူ့ထံ လျှောက်လာသည်။
"ဘာမှမဟုတ်ပါဘူး" ဆုရှောင်းနိုသည် ချက်ချင်းပင် သူ့မျက်နှာကို ပုံမှန်လေးနက်သည့် မျက်နှာထားဆီသို့ ပြန်ပြောင်းလိုက်သည်။ တတိယအဆင့်ဝတ္ထုတွေ ဖတ်တာက elegant မဆန်တာမို့ ဘယ်သူကိုမှ သိခွင့်မပြုနိုင်ဘူး။ ဒိုင်အန်းဆိုရင်တောင်မှပဲ!
“နိုနို ” အိုးရန်လုံသည် သူ့ကို ဖုန်းခေါ်လိုက်ကာ မေးလိုက်သည်။ “ဒီည ညစာကို အပြင်မှာထွက်စားချင်လား?”
"ဒီည....ကျွန်တော်.... အ!ယားတယ်!” ဆုနိုသည် ထိလွယ်ရှလွယ် အစိတ်အပိုင်းတစ်ခုပေါ်တွင် နှိပ်နယ်နေသောကြောင့် သူအော်လိုက်မိသည်။ အိုးရန်လုံ စိတ်ရှုပ်ထွေးသွားပြီး "မင်း ဘာလုပ်နေတာလဲ?"
“ကျွန်တော် spa မှာရောက်နေတယ်” ဆုနို ပြန်ဖြေလိုက်သည်။ နောက်တော့ အကြောင်းတစ်ခုခုကြောင့် သူ့မှာ အိမ်ရှင်မတစ်ယောက်လို ခံစားနေရသည်။ ခင်ပွန်းသည်က အလုပ်လုပ်နေချိန်မှာ သူက spa သွားရင်း ဝတ္ထုဖတ်နေသည်။ ဒီအသိစိတ်က တကယ်ကို ထိတ်လန့်စရာပဲ!
ငါ့က ငါ့အလုပ်အတွက် လုပ်နေတာ!အိုခေ!
ဆုရှောင်းနိုသည် သူ့ကိုယ်သူ အကြောင်းပြချက်ပေးလိုက်သည်။
"မင်း ကိုယ့်ကိုလာခေါ်စေချင်လား?" အိုးရန်လုံ မေးလိုက်သည်။
“မလိုဘူး” ဆုနို အချိန်ကိုကြည့်ပြီး “ဒါရိုက်တာကြီး အချိန်မီ ရောက်မှာ မဟုတ်ဘူး။ ကျွန်တော် အခု ဒိုင်အန်းနဲ့ အတူတူစားလိုက်မယ်။အိမ်ပြန်တာ နည်းနည်းနောက်ကျသွားနိုင်တယ်။"
ဤစကားဝိုင်းလေးသည် အလွန်ချစ်ဖို့ကောင်းလွန်းသည်။ သူတို့နှစ်ယောက်က အိမ်ထောင်ရှင်စုံတွဲတစ်တွဲလိုပဲ! ဒါ ဘယ်လောက်ပျော်စရာကောင်းလဲ!
အိုးရန်လုံသည် ဖုန်းကိုချလိုက်ပြီးနောက် မုချိုးဆီကိုဖုန်းဆက်လိုက်သည်။ "မင်း ငါနဲ့ ညစာစားမလား?"
ဥက္ကဌမုက ယဥ်ကျေးမှု မရှိစွာဖြင် “ငါ့မှာ အချိန်မရှိဘူး”
"မင်း ဘာတွေအလုပ်ရှုပ်နေတာလဲ?" အိုးရန်လုံက အများကြီး မစဉ်းစားဘဲ မေးလိုက်သည်။
“ငါတို့ကုမ္ပဏီက မကြာခင်မှာပဲ ဆိုင်အသစ်ဖွင့်တော့မှာဆိုတော့ လုပ်စရာတွေ အများကြီးရှိသေးတယ်” မုချိုးက လေးနက်စွာပြောလိုက်သည်။
"ကျွန်တော့်ခါးကို လာမထိနဲ့!" ကျုံးလီဖုန်းပိုင် အော်ဟစ်လိုက်သည်။
အိုးရန်လုံ:“……”
“နောက်တစ်ခါမှ ငါတို့စကားပြောကြတာပေါ့” မုချိုးက အေးဆေးတည်ငြိမ်စွာပြောပြီး ဖုန်းချလိုက်သည်။
"ဘယ်သူလဲ?" ကျုံးလီဖုန်းပိုင် မေးလိုက်သည်။
"မင်း သူ့ကို ဂရုစိုက်စရာ မလိုပါဘူးကွာ" မုချိုးက စိတ်အားထက်သန်စွာ ပြောလိုက်၏။ "မနက်ဖြန်အတွက် ကိုယ်ဘာတွေပြင်ဆင်ရမှာလဲ?"
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပထမဆုံးပြရမှာပဲ! သူ့ပိုင်ဆိုင်မှုလေးကို ကြေငြာရမှာက အရမ်းမိုက်တယ်!
"ရုပ်ရှင်ပြပွဲကို အတူတူသွားတာလေ။ ခင်ဗျားက ဘာတွေပြင်ဆင်ဖို့လိုလို့လဲ?" ကျုံးလီဖုန်းပိုင် သူ့ကို စူးရဲစွာစိုက်ကြည့်ရင်း "ဘာလဲ? မိန့်ခွန်းတက်ပြောချင်တာလား!"
လွန်ကြူးတဲ့!
လူသားတွေက!
လူတွေကို!
စကားမဲ့အောင်!
လုပ်လွန်းတယ်!
"ဒီည အတူတူ အဝတ်သစ်တွေ သွားဝယ်သင့်တယ်မလား?" မုချိုးသည် စိတ်ပါလက်ပါ အကြံပြုသည်။
"မသွားဘူး။" ကျုံးလီဖုန်းပိုင်သည် မုချိုးရဲ့ ရုံးခန်းစားပွဲပေါ်မှာ ထိုင်ပြီး "ဘယ်တော့ အလုပ်ဆင်းရမှာလဲ?"
"ကိုယ် အခုချက်ချင်း ဆင်းလို့ရပြီ။ ကိုယ်တို့ အခုချက်ချင်းထွက်သွားနိုင်တယ်။" မုချိုးသည် အလုပ်အပေါ်မှာ တာဝန်သိစိတ်မရှိ။ သူ့ချစ်သူအတွက် အလုပ်ချိန်များကိုပါ စွန့်လွှတ်လိုစိတ်ရှိနေသည်။
"ဒါဆို ကျွန်တော်တို့ အိမ်စောစောပြန်ရမယ်" ကျုံးလီဖုန်းပိုင်သည် မတ်တပ်ထရပ်လိုက်သည်။
"ဒီမှာ ညစာ မစားချင်ဘူးလား?" မုချိုးသည် ကျုံးလီဖုန်းပိုင်၏လက်ကို ဆွဲကိုင်လိုက်ပြီး "ကိုယ် မင်းအတွက် cordyceps ချက်ပေးဖို့ သီးသန့် စာဖိုမှူးကိုငှားထားတယ်"
"စားချင်စိတ်မရှိဘူး" ကျုံးလီဖုန်းပိုင်သည် ပင်ပန်းနွမ်းနယ်နေသည့် အသံပေါက်နေသည်။
"ဘာဖြစ်လို့လဲ?" မုချိုး သူ့ကို မေးလိုက်သည်။
ဒါရိုက်တာကျုံးက စိုးရိမ်ကြောင့်ကြနေ၏။
မုချိုးနဲ့ လက်ချင်းတွဲပြီး မနက်ဖြန် ရုပ်ရှင်ပြပွဲကို အတူတူသွားမယ့်အကြောင်း တွေးလိုက်မိတော့ သူ စိတ်တွေလှုပ်ရှားလာကာ မူးဝေလာပြီး ကမ္ဘာကြီး လည်ပတ်နေပြီလို့ပင် သူခံစားလိုက်ရသည်။သို့သော် သူစိတ်လှုပ်ရှားနေကြောင်း လူများကိုပြောပြဖို့အတွက်က ရှက်စရာကောင်းလွန်းနေတာကြောင့် သူသည် အသက်ရှူကျပ်သည့်ခံစားချက်တွေကို မရပ်တန့်ဖြစ်ပေ။ ကျုံးလီဖုန်းပိုင်၏လက်ချောင်းထိပ်များသည် အေးစက်သွားကာ တုန်ခါလုနီးပါးဖြစ်နေသည်။
"ဘာဖြစ်တာလဲ?" မုချိုးသည် ကျုံးလီဖုန်းပိုင်၏မျက်နှာအမူအယာကြောင့် ထိတ်လန့်သွားသည်။
သူ့မျက်နှာက အရမ်းဖြူဖျော့နေပုံပဲ!
"ကျွန်တော်ကို စိတ်ငြိမ်သွားအောင် အချိန်တစ်ခုပေး။" ကျုံးလီဖုန်းပိုင်သည် သူ့မျက်နှာကို မုချိုး၏ရင်ဘတ်ထဲတွင် မြှုပ်နှံလို့ထားသည်။
"... စိတ်လှုပ်ရှားနေတာလား?" မုချိုး ဂရုတစိုက်နဲ့ မေးလိုက်သည်။
ကျုံးလီဖုန်းပိုင်က ပြန်မဖြေသော်လည်း ပို၍စိတ်သက်သာရာရစေဖို့ မျှော်လင့်ရင်း သူ့ကို ပိုတင်းကျပ်စွာ ပွေ့ဖက်ထားသည်။
"စိတ်မပူပါနဲ့" မုချိုးသည် ကျုံးလီဖုန်းပိုင်၏ ယနားထင်စပ်လေးကို နမ်းလိုက်သည်။ "ဘာပဲဖြစ်လာဖြစ်လာ ကိုယ်မင်းနဲ့အတူရှိနေမှာပါ"
"အဲဒီ တတိယအဆင့် စာကြောင်းတွေကို ဘယ်ကနေ တတ်လာခဲ့တာလဲ?" ဒါရိုက်တာကျုံး သူ့ကိုကြည့်ရန် ခေါင်းကို မော့လိုက်သည်။
“ဒါက ကိုယ့်ရဲ့ တကယ့်ခံစားချက်တွေပါ” မုချိုးက လေးလေးနက်နက် ပြောလိုက်သည်။
ကျုံးလီဖုန်းပိုင်သည် သူ့ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် သူ့မျက်လုံးများကို ပြတ်ပြတ်သားသားမှိတ်ထားသည်။
ငါ!
သေချာတယ်!
လုံးဝ!
ရင်မခုန်နေဘူး!
မုချိုးရဲ့မျက်လုံးတွေသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့၏။ ကျုံးလီဖုန်းပိုင်၏နှုတ်ခမ်းလေးကို နမ်းရှိုက်ရန် ခေါင်းကို ငုံ့လိုက်သည်။
အခုလေးတင် သူ သကြားလုံးစားထားတော့ အရမ်းကို ချိုမြနေသည်။
_______________
တစ်ချိန်တည်းမှာပင် တန်ဖိုးကြီးအိမ်ယာတစ်ခု၏အပေါ်ထပ်တွင် ထန်ရှောင်းယွီသည် ချိုးကျီယန်နှင့်အတူ TV ကြည့်နေစဉ် တီဗီတွင် ချိုးကျီယန် ပါဝင်သရုပ်ဆောင်ထားသည့် ကြော်ငြာတစ်ခု ဝင်လာခဲ့သည်။ ချိုးကျီယန်၏အပေါ်ပိုင်းသည် ဗလာကျင်းနေပြီး လှပတဲ့မိန်းကလေးတို့သည်လည်း သူနှင့် အတူလုံးထွေး နေသည်။ ယနေ့ခေတ်တွင် ပရိဘောဂကြော်ငြာတွေက ဒီလို သည်အကြောင်းအရာတွေချည်းပင်။
"မင်း သဝန်တိုနေတာလား?" ချိုးကျီယန် မေးလိုက်သည်။
"မတိုဘူး" ထန်ရှောင်းယွီ ခေါင်းခါသည်။
“လူလိမ်လေး” ချိုးကျီယန်က ပညာရှိသမားတစ်ယောက်လို အမူအယာဖြင့် “ကလေးတွေက ရိုးသားသင့်တယ်”
ထန်ရှောင်းယွီသည် သူ့ရေခဲမုန့်ကိုသာ ဆက်စားခဲ့ပြီး သူ့ကို လျစ်လျူရှုခဲ့သည်။
"အချစ်လေး" ချိုးကျီယန် သူ့နားရွက်လေးကို နမ်းလိုက်သည်။
“အကိုကျီရန်.... ဘာမှစားလို့မရဘူးနော်” ထန်ရှောင်းယွီ သူ့ကို အမြန် ငြင်းပယ်လိုက်သည်။
“ကိုယ် ရေခဲမုန့်မစားချင်ပါဘူး” ချိုးကျီယန်သည် ရယ်ရမလား ငိုရမလား မသိ။
"ကျွန်တော်ရဲ့ တခြားသရေစာမုန့်တွေလည်း မစားရဘူး" ထန်ရှောင်းယွီက တင်းတင်းကျပ်ကျပ် ပြောလိုက်သည်။ “အကိုကျီရန် ဒီလမှာ အသားတွေထပ်စားရင် မိုင်ခယ့်က ကျွန်တော်ရှေ့မှာတင် သတ်သေပြမယ်လို့ လုံးဝပြောထားတယ်”
"ဒါက စားတာနဲ့ ဘာမှမဆိုင်ပါဘူး" ချိုးကျီယန်သည် သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်။ "ကိုယ် မင်းနဲ့ တစ်ခုခု ဆွေးနွေးချင်တယ်"
"ဘာကိုလဲ?" ထန်ရှောင်းယွီသည် လေးလေးနက်နက်ပြောတော့မည့် ချိုးကျီယန်ကြောင့် ခေါင်းကို လှည့်ကြည့်လိုက်သည်။
"ဟန်ဝေကို မှတ်မိသေးလား?" ချိုးကျီယန် မေးလိုက်သည်။
ထိုနာမည်ကြားပြီးနောက် ထန်ရှောင်းယွီသည် ချက်ခြင်းပင် တောင့်တင်းသွားပြီး သူ့လက်ထဲက ရေခဲမုန့်သည် ကြမ်းပြင်ပေါ်ကို ပြုတ်ကျလုနီးပါးပင်။ ကံကောင်းစွာပဲ ချိုးကျီယန်က ပြုတ်ကျသွားတဲ့ရေခဲမုန့်ကို ဖမ်းမိလိုက်သည်။
"မလန့်ပါနဲ့" ချိုးကျီယန် သူ့အနားသို့ကပ်ကာ ပွေ့ဖက်လိုက်သည်။
"အစ်ကိုကြီးဟန်က ဘာကိစ္စတဲ့လဲ?" ထန်ရှောင်းယွီ မေးလိုက်သည်။
“သူက ကိုယ့်ကို ဖုန်းဆက်ပြီး ကော်ဖီဆိုင်မှာ တွေ့ဖို့ စီစဉ်ပေးထားတယ်။ ဖြစ်ပျက်ခဲ့တာတွေကို အသေးစိတ်သိချင်တယ်လို့ သူက ပြောတယ် " ချိုးကျီယန်က သူ့လက်ကို ဆုပ်ကိုင်ထားပြီး "ကိုယ် မင်းကို ဘယ်သူ့ကမှ နာကျင်အောင် လုပ်ခွင့်ပြုမှာမဟုတ်ဘူး။ ဒါကြောင့် စိတ်ပူစရာမလိုဘူး။"
"ကျွန်တော် အဲ့ဒီကို တစ်ယောက်တည်း သွားလို့ရတယ်။" ထန်ရှောင်းယွီက စိုးရိမ်တကြီးဖြင့် "အကိုကျီရန် ဒီကိစ္စထဲကို ဆွဲသွင်းခံရဖို့ မလိုဘူး"
"ကိုယ့်ကိုအရင်ပြော မင်းအရင်က သူ့ကို ဘာလို့လိမ်ခဲ့တာလဲ?" ချိုးကျီယန် မေးလိုက်သည်။
“....ကျွန်တော် လှည့်စားခံခဲ့ရတာ” ထန်ရှောင်းယွီသည်နှုတ်ခမ်းကို ကိုက်လိုက်ပြီး “အစ်ကိုကြီးဟန်ရဲ့ ကာစီနိုထဲက ငွေလိမ်လည်နေတဲ့ဂိုဏ်းက အဲ့ဒီကာစီနိုမှာ အခိုင်အမာ ရပ်တည်နေတယ်။ တကယ်ဖြစ်ပျက်နေတာကို နားမလည်ခင် အချိန်အတော်ကြာအောင် စုံစမ်းကြည့်ရင်းနဲ့ အဲဒီနေရာမှာ ရှိနေခဲ့မှန်း သိတာ။ သူတို့က ကတ်ဝေသမားနဲ့ အတူပေါင်းကြံခဲ့ကြတာ။ ကတ်ဝေသမားက သူတို့လိုချင်တဲ့ ကတ်တွေကို ဆွဲထုတ်ပေးလိမ့်မယ်။ အဲဒါကို သတိထားမိတော့ နောက်နေ့ကျရင် အစ်ကိုကြီးဟန်ကို ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။”
"ပြီးတော့?" ချိုးကျီယန် မေးလိုက်သည်။
"သစ္စာဖောက်တွေကို ရှာဖွေတဲ့နေရာမှာ ကူညီပေးဖို့၊ အစ်ကိုကြီးဟန်က ပုံမှန်ကစားသမားတွေနဲ့ ရောနှောနေဖို့အတွက် အထောက်အပံ့တွေ အများကြီးပေးခဲ့တယ်၊ ပြီးတော့ အရင်ညတွေတုန်းက ကာစီနိုထဲမှာ အရမ်းနောက်ကျတဲ့အထိ ဆက်နေခဲ့တယ်။ ဒါပေမယ့် ဘာတွေဖြစ်နေတာကို သတိပြုမိတဲ့နေ့မှာ ကာစီနိုထဲကနေ စောစောထွက်ခဲ့တယ်။ အဲဒီအမှားက ကျွန်တော်နဲ့ ပတ်သက်ပြီး သူတို့ကို သတိပေးလိုက်မိသလို ဖြစ်သွားတာ ဖြစ်နိုင်တယ်။”
ထိုညတွင် ထန်ရှောင်းယွီ နေသည့် ဟိုတယ်အခန်းထဲသို့ ကတ်ဝေသမား ရောက်လာပြီးနောက် သူမသည် ချက်ချင်း ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ သူ့မရဲ့ စဥ်းစားနိုင်မှုတွေက အမှောင်ဖုံးခံလိုက်ရတဲ့အကြောင်း အော်ဟစ်ငိုယိုပြီး သူမ(ရှောင်ထျန်း)ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုခဲ့သည်။
“အဲဒီတုန်းက အိမ်မှာ ညီလေးတစ်ယောက်ရှိပြီး ကျောင်းတက်နေတုန်းပဲလို့ သူမကပြောတယ်။ ပြီးတော့လည်း comaဝင်နေတဲ့ သူမရဲ့ဖခင်ကြောင့်လည်း ငွေလိုအပ်နေတာမို့ သူမက သမာသမတ်ကျကျ မတွေးတတ်တော့ဘူးတဲ့။ ပြီးတော့ အစ်ကိုကြီးဟန်ကို မပြောပြဖို့ ထပ်ပြီး တောင်းပန်ခဲ့တယ်” ထန်ရှောင်းယွီ၏အသံသည် တိုးညင်းလာပြီး ချိုးကျီယန် သူ့ကို ပိုမိုတင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။
“ကတ်ဝေသမားက လောင်းကစားသမားတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာကို တွေ့ရှိခဲ့ရင် အကျိုးဆက်က ပြင်းထန်မှာ အမှန်ပဲ။အခြေခံအားဖြင့်တော့ သူ့ဘဝတစ်ခုလုံး ပြီးသွားမှာ။ သူမက ငိုယို,ဝပ်တွားခယပြီး တောင်းပန်နေခဲ့တာ။ ဘယ်လိုပဲ ကြိုးစားကြိုးစား သူမကို မတွန်းထုတ်နိုင်ခဲ့ဘူး။”
"အဲ့ဒီတော့ မင်းသူ့ကို လွှတ်ပေးလိုက်တာလား?" ချိုးကျီယန် မေးလိုက်သည်။
“သူမက ဖုန်းထဲကနေ သူ့အဖေနဲ့ ညီငယ်လေးရဲ့ ဓာတ်ပုံတွေကို ပြတယ်။ အခြေအနေက တကယ်ကို ဆိုးပါတယ်။ အဲဒီတုန်းက သူမက အစ်ကိုကြီးဟန်ကို ဘယ်တော့မှ မလှည့်စားတော့ဘူးလို့ ကတိပေးခဲ့ပြီး ဒါတွေအကုန်လုံးကနေ လွတ်မြောက်ဖို့ နည်းလမ်းရှာမယ်လို့ ပြောခဲ့သေးတယ်။ သင့်တော်တဲ့အလုပ်တစ်ခုရှာပြီး ဆိုင်သေးသေးလေးတစ်ဆိုင် ဖွင့်ထားချင်ခဲ့တယ်လို့ ပြောတယ်။ ကျွန်တော်လည်း သနားသွားတာမို့ သူ့ကို မပြောပြဘူးလို့ ကတိပေးလိုက်တယ်။ ဒါနဲ့ နောက်နေ့ကျတော့ အစ်ကိုကြီးဟန်ပေးခဲ့တဲ့ ကော်မရှင်ခ အားလုံးကို ပြန်ပေးလိုက်ပြီးတော့ တရားခံ မဖမ်းနိုင်ဘူးလို့ ပြောလိုက်တယ်။ အဲဒီ့နောက်မှာတော့ ကျွန်တော် အဲ့ဒီကာစီနိုဘက်ကို ဘယ်တော့မှ မရောက်ဖြစ်တော့ဘူး။"
ထန်ရှောင်းယွီ ခဏရပ်လိုက်သည်။
“အစတုန်းကတော့ ဒါပဲလို့ ထင်ခဲ့တာ။ ဘယ်သူကများထင်မှာလဲ? တစ်နေ့ ကျွန်တော်ကိုရှာဖို့ကြိုးစားနေတဲ့ လူတစ်စုရှိတယ်ဆိုတာကိုလေ။ စုံစမ်းကြည့်တော့ ကတ်ဝေသမားက အမှားလုပ်ခဲ့မိလို့ဆိုတာကို သိရပြီး သူတို့အဖွဲ့တစ်ခုလုံးကို အဲ့ဒီနေရာရှိလူတိုင်းက လက်ပူးလက်ကြပ် ဖမ်းမိခဲ့တယ်လေ။ပြီးတော့ အသက်ဆက်ရှင်ဖို့အတွက် အကုန်လုံးကို ထုတ်ပြောလိုက်ကြရော!”
"မင်းသူတို့ကို အချိတ်အဆက်မိမိ သိထားတာကို လွှတ်ပေးလိုက်တာလည်း အပါအဝင်ပေါ့" ချိုးကျီယန်လည်း အံ့အားသင့်သွားသည်။
“ဒါတင်မကပါဘူး။ သူတို့က ကျွန်တော်နဲ့ တစ်ဖွဲ့တည်း ဖြစ်ပြီးတော့ သူတို့ဆီက အကျိုးအမြတ်တွေ ရယူခဲ့တယ်ပေါ့။ ဒီကိစ္စတွေနဲ့ ကြုံလာတဲ့အခါ ဖမ်းမိသွားရင် လွှတ်ပေးတော့မှာ မဟုတ်ဘူး။ ဒါ့အပြင် အဲဒီညက ကျွန်တော့်အခန်းကို ရောက်လာတဲ့ ကတ်ဝေသမားရဲ့ ပုံကို ကင်မရာမှာ ဖမ်းမိထားတဲ့အတွက် အစ်ကိုကြီးဟန်က ဒါကို သံသယဖြစ်မှာ မဟုတ်ဘူးလေ။”
"ဒါဆိုရင် ကိုယ်မှားရင်လည်း မှားနိုင်မယ်၊ ဒါပေမယ့် ကတ်ဝေသမားရဲ့ နောက်ကြောင်းရာဇဝင်က လိမ်ဆင်ကြီးတစ်ခုလို့ ကိုယ်ထင်မိတယ်။" ချိုးကျီယန် သူ့စိတ်ထဲမှာ သက်ပြင်းချရင်း မေးလိုက်သည်။
“အင်း” ထန်ရှောင်းယွီ စိတ်ပျက်လက်ပျက်နဲ့ “အရာအားလုံးက လိမ်ညာနေတာပဲ။ ကျွန်တော် ထွက်သွားပြီးနောက် သူမက အနည်းငယ်တောင် ပြောင်းလဲမသွားဘူး။ လောင်းကစားသမားတွေနဲ့ ပူပေါင်းတယ်ဆိုတာက နောက်ကွယ်က အကြောင်းပြချက် ဘယ်လိုပဲရှိရှိ ခွင့်လွှတ်ပေးလို့မရဘူး။ အဲ့တာကိုတောင် သူမရဲ့'အကြောင်းပြချက်' က အမှန်တကယ်ကို အတုအယောင်ဖြစ်နေသေးတယ်"
ထို့ကြောင့် သူသည် ဟန်ဝေအား မည်သို့ရှင်းပြရမည်ကို မဝံ့ရဲခဲ့ပေ။နောက်ဆုံးတွင် ထန်ရှောင်းယွီသည် ချိုးကျီယန်ဆီ မရောက်ခင်အထိ ပုန်းရှောင်ပြေးခဲ့ရသည်။
“ကောင်းပြီ။ ခုတော့ ကိုယ် အားလုံးသိပြီ။ အဆင်ပြေသွားမှာပါ” ချိုးကျီယန်သည် သူ့ပါးလေးကို နမ်းလိုက်ပြီး "မနက်ဖြန် အတူတူသွားရအောင်။"
“အကိုကျီရန်...”
"ကိုယ်ပါ လိုက်ရမယ်" ချိုးကျီယန်သည် သူ့စကားကို ဖြတ်ပြောလိုက်သည်။ သူ့လေသံထဲတွင် ညှိနှိုင်းလိုစိတ်မရှိပေ။
"အကိုကျီရန် သွားစရာ မလိုဘူး" ထန်ရှောင်းယွီ မျက်မှောင်ကြုတ်လိုက်သည်။
"ဘယ်သူပြောတာလဲ?" ချိုးကျီယန်သည် ထန်ရှောင်းယွီ၏လည်ပင်းလေးကို ပွတ်သပ်လိုက်ပြီး "မင်းက ကိုယ့်ကို လုံးဝအ၀တ်မပါဘဲ မြင်ဖူးတာဆိုတော့ အချိုးချလိုက်ရင် ကိုယ်က မင်းပဲ!"
ထန်ရှောင်းယွီ "……"
"ဒါကြောင့် မင်းဘယ်သွားသွား ကိုယ့်ကိုခေါ်သွားရမယ်။" ချိုးကျီယန်သည် သူ့ကို ပွေ့ချီလိုက်ပြီး "အတူတူ ရေချိုးရအောင်"
သူတို့ အခုလေးတင် အရမ်းလေးနက်တဲ့ အကြောင်းအရာကို ပြောနေကြတာပါ။ ခေါင်းစဉ်က ရုတ်တရက်ကြီး ရေချိုးဖို့ကို ဘယ်လိုပြောင်းသွားတာလဲ။ နောက်ပြီး ညစာတောင် မစားရသေးဘူးလေ!
ထန်ရှောင်းယွီသည် သူ့ရင်ခွင်ထဲတွင် ရုန်းကန်ရင်း "အောက်ကို ချပေး!"
"ရေသူမလေးက မကြာခင်မှာပဲ ရေထဲကို ပြန်မသွားဘူးဆိုရင် သူ့အမြီးက ပြန်ထွက်လာလိမ့်မယ်!" ချိုးကျီယန်သည် သူ့ကို ရေပန်းအောက်တွင် ချပေးလိုက်ပြီး နော်ဇယ်ကိုဖွင့်လိုက်သည်။ "ကိုယ်တို့အနီးနားမှာ ပင်လယ်မရှိဘူး။ ရေချိုးကန်ထဲကို ဆားနည်းနည်းထည့်လို့ရမလား?"
ထန်ရှောင်းယွီသည် ရယ်ရခက်ငိုရခက်ဖြင့် ဒီလူကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ သူမသိတော့ပေ။
"မင်းမျက်လုံးထောင့်လေးမှာ မှဲ့ရှိနေတာက နှမ်းစေ့သေးသေးလေး ကပ်နေတာနဲ့တူတယ်" ချိုးကျီယန်သည် သူ့မျက်လုံးလေးတွေကို နမ်းလိုက်သည်။
"ကျွန်တော် အစ်ကိုကြီးဟန်နဲ့ တွေ့မှာကို လုံးဝမလိုက်စေချင်ဘူး" ထန်ရှောင်းယွီ ငြင်းပယ်နေလိုက်သေးသည်။
ချိုးကျီယန်သည် ထန်ရှောင်းယွီ၏ဘောင်းဘီကို ချွတ်လိုက်ရင်း သက်ပြင်းတစ်ချက်ချကာ "စကားခေါင်းစဥ်ကို ပြောင်းဖို့ ကိုယ် အကောင်းဆုံးကြိုးစားခဲ့တာကို ဘာလို့ ဟန်ဝေကို အာရုံစိုက်နေသေးတာလဲ?”
“……” ခေါင်းစဉ်ပြောင်းတဲ့ နည်းလမ်းက ကျွန်တော်အဝတ်တွေကို ချွတ်နေတာလား? ထန်ရှောင်းယွီသည် သူ့ရှေ့တွင် မတ်တပ်ရပ်နေပြီး မျက်နှာမှာ နီရဲနေသည်။
"ကိုယ်တို့မှာ ချစ်စရာကောင်းတဲ့အချိန်တွေ ရှိနေပြီ။ တခြားယောက်ျားတွေအကြောင်း မတွေးနဲ့တော့!" ချိုးကျီယန်သည် သူ့အင်္ကျီကို ချွတ်လိုက်ပြီး စိတ်နှလုံးသားသည် အကြွင်းမဲ့တင်းမာလာသည်။
“အစ်ကိုကျီရန်” ထန်ရှောင်းယွီ သူ့နာမည်ကို ခေါ်လိုက်သည်။
"ဟမ်?" ချိုးကျီယန် သူ့ပုခုံးလေးကို နမ်းလိုက်သည်။
"ကျေးဇူးတင်ပါတယ်။"
"ကိုယ့်ကို ယောက်ျားလို့ ခေါ်ကြည့်။"
“.........”
ထန်ရှောင်းယွီတစ်ယောက် ဘာပြောရမှန်းကို တကယ်မသိတော့တာပဲ!
_________
တစ်ဖက်တွင်လည်း ဆုရှောင်းနိုသည် လူတိုင်းထက် ဂရုမစိုက်စရာ မလိုဆုံးသူဖြစ်သည်။ မာဖီးယားဘော့စ်၏ နှုတ်ပိတ်ခံရနိုင်ခြေကို စိတ်ပူစရာမလိုသလို အိုးရန်လုံနှင့်လည်း သူ၏ဆက်ဆံရေးကို ဖွင့်ပြောစရာလည်း မလိုပေ။ သူ့အလုပ်က ချောချောမွေ့မွေ့နဲ့ သူ့မိသားစုထဲမှာလည်း အချစ်ခံရတဲ့သူတစ်ယောက်၊ အရာအားလုံးက အရမ်းကိုလွတ်လပ်နေပြီး သူ့အတွက် ပြီးပြည့်စုံနေ၏!!
"ပြန်ရောက်ပါပြီ!"
ည ၉ နာရီခန့်တွင် ဆုနိုသည် အဆာပြေအိတ်ကြီးအိတ်ငယ်များကို သယ်လာကာ ပျော်ရွှင်စွာဖြင့် ဝင်လာခဲ့သည်။ တံခါးဖွင့်လိုက်တာနဲ့ မစ္စတာဒါရိုက်တာက သူ့လက်ထဲမှာ မုန်လာဥနီတစ်လုံးကို ကိုင်ထားပြီး ဧည့်ခန်းအလယ်မှာ ရပ်နေတာကို တွေ့လိုက်ရသည်။
“.....ဒါရိုက်တာကြီးရဲ့....သရေစာမုန့်တွေက....အရမ်းကျန်းမာရေးနဲ့ ညီညွတ်တယ်” ဆုနို ချီးကျူးလိုက်သည်။
"Ruff!"
အိုးရန်လုံ ပြန်မဖြေခင်မှာ Samoyed တစ်ကောင်က အိပ်ခန်းထဲကနေ ချက်ခြင်းပြေးထွက်လာပြီး ဆုနိုရဲ့ခြေထောက်တွေကို ပွေ့ဖက်ကာ ခေါင်းကို ပွတ်သပ်ပေးဖို့ တောင်းဆိုလိုက်သည်။
"အား!" ဆုရှောင်းနိုသည် ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး ခွေးကို ပွေ့ဖက်ဖို့ မုန့်တွေအားလုံးကို ကြမ်းပြင်ပေါ် ချလိုက်ပါတော့သည်။ သူက ခွေးနဲ့အတူ ကြမ်းပြင်ပေါ်မှာ လူးလိမ့်ချင်လုနီးပါးပင်!
အံ့အားသင့်စရာပဲ!အံ့သြတုန်လှုပ်လွန်းလို့ အသက်ရှူကျပ်သွားသလိုမျိုး ခံစားလိုက်ရတာပဲ!
"ဒါ..ရိုက်တာကြီးက အရမ်းကောင်းတဲ့လူပဲ!" ဆုနိုသည် ပူနွေးနွေးမျက်ရည်များ စီးကျလာပြီး အိုးရန်လုံကို အရမ်းချစ်စရာကောင်းတဲ့ အမူအရာလေးဖြင့် ကြည့်လိုက်သည်။
အိုးရန်လုံသည် ယုန်ပျောက်နေသောကြောင့် သူသည် “လူကောင်းကတ်” ကို မည်သို့ရရှိခဲ့သည်ဆိုသည့်အချက်ကို စဉ်းစားရန် မေ့လျော့နေပြီဖြစ်သည်။
"ပြီးတော့ ယုန်ရောလား?" ဆုနိုက အရမ်းစိတ်အားထက်သန်နေ၏။
“အော်စတင်က သူတို့ကို ပို့လိုက်တာ။ တစ်ပတ်လောက် ပြုစုစောင့်ရှောက်ဖို့ အရင်ကြိုးစားကြည့်ရမယ်လို့ သူက ပြောတယ်။ ကိုယ်တို့က ဒါကို ထိန်းနိုင်မယ်ဆိုတာသေချာရင် တကယ်ယူဖို့ စဉ်းစားနိုင်တယ်။” အိုးရန်လုံသည် ပြောနေရင်း ခေါင်းကိုက်လာရသည်။
"ကိုယ် အိမ်သာသွားတာ မိနစ်အနည်းငယ်ပဲရှိသေးတယ်။ ဒါပေမယ့် ပြန်လာတော့ ယုန်လှောင်အိမ်က ကြမ်းပြင်ပေါ်ကျနေတာကိုတော့ တွေ့ရပြီး ယုန်က လှောင်အိမ်ထဲမှာ မရှိတော့ဘူး"
"မင်း ယုန်ကိုတော့ မစားလိုက်ဘူးမလား?" ဆုနိုက ခွေးလေးကို ပွေ့ဖက်ထားတုန်း ထိတ်လန့်တကြား ကြည့်လိုက်သည်။
"သူ မဟုတ်ဘူး။ ကိုယ် သူ့ကို စစ်ကြည့်ပြီးပြီ။ သူ ယုန်ကို မစားဘူး" အိုးရန်လုံသည် မုန်လာဥနီကို စားပွဲပေါ်တင်လိုက်ပြီး "ယုန်က သေးသေးလေးပဲ။ ကြောက်တတ်တဲ့ အကောင်လေးလည်းဖြစ်တော့ အသံလည်းမထွက်ဘူး။ ဘယ်လိုရှာရမှန်း မသိတော့ဘူး။”
"ဗိုက်ဆာရင် နောက်ဆုံးတော့ ထွက်လာမှာပါ" ဆုရှောင်းနိုသည် အရေးကြီးတဲ့ ဒီလိုအခိုက်အတန့်တွင် foodie တစ်ယောက်အဖြစ် သူ့အသိပညာကို ထည့်သွင်းပြောကြားခဲ့သည်။ "စာငှက် ၂ ကောင်ကို ဘယ်လိုဖမ်းရမယ်ဆိုတဲ့ ဇာတ်လမ်းကို ကြားဖူးတယ်မလား?"
"အိမ်မွေးတိရိစ္ဆာန်တွေမွေးဖို့ သဘောတူလိုက်ရလို့ နောင်တရနေပြီ။ ကိုယ် စိတ်ပြောင်းဖို့ အရမ်း နောက်ကျနေပြီလား?" အိုးရန်လုံသည် ယုန်ကိုရှာရန်ကြိုးစားရင်း ပင်ပန်းနေပြီ။
"ကျွန်တော် အလုပ်မရှိတဲ့အချိန်ကျရင် သူတို့ကို ကောင်းကောင်းဂရုစိုက်ပေးပါ့မယ်" ဆုနိုသည် သူတို့ကို စွန့်လွှတ်ဖို့ တွန့်ဆုတ်နေသည်။ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။ “ဒါပေမဲ့ ဒါရိုက်တာကြီး တကယ်မမွေးချင်ဘူးဆိုရင် ပြန်ပို့လိုက်လို့ရပါတယ်” ဆုနို၏အသံလေးက အလွန်နာခံတတ်ပုံပေါ်သော်လည်း စိတ်မကောင်းဖြစ်နေသည့်ဟန်။
အမူအယာက ပြင်းထန်လွန်းလို့...လူတွေရဲ့ စိတ်နှလုံးကို ပျော့ပျောင်းစေသည်။ မစ္စတာဒါရိုက်တာသည်လည်း သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ဆုနို၏နဖူးလေးကို နမ်းလိုက်သည်။ "ကိုယ်တို့ သူတို့ကို မွေးလို့ရပါတယ်။"
ဆုရှောင်းနို၏ မျက်လုံးများသည် တစ်ဖန်တောက်ပလာတော့၏။
"ကိုယ်တို့ အလုပ်အားနေတဲ့အခါ အတူတူ ပြုစုစောင့်ရှောက်ကြတာပေါ့။ အလုပ်တွေ အရမ်းရှုပ်နေရင် အော်စတင်ဆီမှာ သူတို့ကို ခေတ္တစောင့်ရှောက်ခိုင်းထားလို့ ရပါတယ်။ အဆင်ပြေတယ်မလား?" အိုးရန်လုံ မေးလိုက်သည်။
ပြေတာပေါ့! အဆင်ပြေလွန်းတယ်! ဆုနို ခေါင်းညိတ်လိုက်သည်။
သူ အရမ်းပျော်လွန်းလို့ ကောင်းကင်ကို ပျံတက်သွားတော့မှာပဲ!
သူ့ယောက်ျားက ချောမောပြီး ကြင်နာတတ်လွန်းတယ်!
ဒီလိုအချိန်မျိုးမှာ ကြာရှည်တဲ့ပြင်သစ်အနမ်းလေးက စည်းစနစ်တကျ ဖြစ်ပေါ်ခဲ့ပြီး ပရိသတ်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရုံသာ တတ်နိုင်တော့၏။
ထို့ကြောင့် samoyedက အလွန်ကံကောင်းသည်ဟု ဆိုနိုင်သည်... သူရောက်ရှိသည့် ပထမဆုံးနေ့တွင် ချစ်စရာကောင်းသော ရှိုးပွဲတစ်ခုကို ကြည့်ခွင်ရခဲ့တာမို့လေ!
▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤[Zawgyi]
အခန္း(၇၀):ကာစီႏို သမိုင္းေၾကာင္းႏွင့္ ေခြးေလး ရခဲ့ၿပီ
Spa သြားရတာ ပ်င္းစရာေကာင္းလြန္းတာေၾကာင့္ ဒီလိုအခ်ိန္မ်ိဳးမွာ အခ်စ္ဇာတ္လမ္းကို ဖတ္ရတာ အေကာင္းဆုံးပါပဲ။
ဆုႏိုသည္ ကုတင္ေပၚတြင္ လွဲေလ်ာင္းေနရင္း ဖုန္းကို အားရပါးရ ထုတ္ယူလိုက္သည္။
ဆုႏို ထင္ထားသလိုပဲ စာေရးသူက အပိုင္းသစ္ထပ္တင္ထားၿပီး အခန္းက ႐ွည္ၿပီး သိပ္သည္းသည္။
အခ်စ္ဇာတ္လမ္းရဲ႕ အႏွစ္သာရေတြက လူေတြရဲ႕ခံစားခ်က္ေတြကို ရစ္ဝဲေစတယ္လို႔ ထင္ပါသလား?
မွားပါတယ္! အႏွစ္သာရေတြက တကယ့္ကို ပရမ္းပတာျဖစ္ခဲ့ရပါတယ္!
ဒါကို လုံးဝမေမွ်ာ္လင့္ထားမိဘူး!
ဆုႏိုႏိုႏွင့္ အိုးရန္က်င္းလုံတို႔ အဆင္ေျပသြားၿပီးေနာက္ သူတို႔ႏွစ္ဦးသည္ တစ္ေယာက္ႏွင့္တစ္ေယာက္ ေပ်ာ္႐ႊင္စြာ ေနထိုင္လာၾကသည္။ သူတို႔ရဲ႕ေန႔စဥ္ဘဝေတြဟာ ေအးခ်မ္းသာယာၿပီး နန္းေတာ္ထဲက ေငြေခါင္းေလာင္းလို ရယ္ေမာသံေတြနဲ႔ ျပည့္ႏွက္ေနေတာ့သည္။ ရယ္ေမာသံေတြက ေပ်ာ္႐ႊင္မႈေတြေၾကာင့္ ျဖစ္လာပုံပင္.......လူတိုင္းက မနာလိုျဖစ္မိၾကတယ္!
က်န္တဲ့ ပိုးပန္းသူေတြကေတာ့ ကိုယ့္မ်က္ႏွာကို ကုတ္ေနလိုက္႐ုံပါပဲ။ ဒီလိုလွပၿပီး ႏူးညံ့သိမ္ေမြ႕တဲ့ ပန္းတစ္ပြင့္ကို တျခားလူလက္ထဲကို ထားေပးလိုက္ရတာကို ဘယ္သူက အဆင္ေျပမွာလဲ!
ဒီလိုနဲ႔ တစ္ညမွာေတာ့ ကံၾကမၼာမုန္တိုင္းတစ္ခု ႐ုတ္တရက္ေရာက္လာပါေတာ့သည္။ အဲ့တာကေတာ့ ဆုႏိုႏို ေပ်ာက္သြားတာပါပဲ။ ေရကန္ထဲသို႔ က်လာသည့္ မိုးေရတစ္စက္ကဲ့သို႔ ေျခရာမ႐ွိ ေပ်ာက္သြားတာပဲျဖစ္သည္။
"ဘာေတြပဲျဖစ္ေနပါေစ ႏို ကိုရေအာင္ ျပန္ေခၚလာခဲ့မယ္!" အိုးရန္က်င္းလုံသည္ ေဒါသမီးမ်ားျဖင္ ျပည့္ႏွက္ေနသျဖင့္ စိတ္ေတြလြတ္ထြက္ကုန္သြား
သည္။ သူ႕ခႏၶာကိုယ္က ႐ုတ္တရက္ ဆန္႔ထြက္သြားၿပီး သူ႕အဝတ္အစားေတြက ျပာအျဖစ္သို႔ ေျပာင္းလဲသြားကာ ႐ုတ္တရက္ ေ႐ႊေရာင္အလင္းတန္းေတြ လွ်ံတက္လာၿပီး သူ႕အေရျပားေပၚမွာ ေ႐ႊေရာင္အေၾကးခြံေတြ ေပၚလာေတာ့သည္။
သူ အသြင္ေျပာင္းသြားခဲ့ၿပီ!
ႀကီးမားေသာနဂါးႀကီးသည္ ေဒါသတႀကီးျဖင့္ တိမ္တိုက္ထဲသို႔ ပ်ံတက္သြားကာ အခ်ိန္၏နိယာမမ်ားကို ခ်ိဳးဖ်က္ကာ ကံၾကမၼာ၏နာရီဘီးမ်ားကို လွည့္လိုက္သည္။ေကာင္းကင္ယံ အေပၚမွၾကယ္မ်ားသည္ ေ႐ြ႕လ်ားသြားကာ စစ္ပြဲမ်ား ျဖစ္လာၿပီး ေတာင္တန္းမ်ားႏွင့္ သမုဒၵရာမ်ားသည္ လူ႕ေလာကတြင္ ေ႐ြ႕လ်ားသြားၾကေတာ့သည္။ အေသအေပ်ာက္ႏွင့္ ကပ္ေဘးဆိုးအားလုံးသည္ တစ္ၿပိဳင္နက္တည္း ျဖစ္လာသည္မွာ ေၾကာက္မက္ဖြယ္ေကာင္းလွသည္။
"ဝူးဟားဟား!" ဆုႏိုသည္ စာနာစိတ္မ႐ွိစြာ မရယ္ဘဲမေနႏိုင္ေတာ့ေပ။
"ဘာျဖစ္တာလဲ?" ဒိုင္အန္း စပ္စုစိတ္ျဖင့္ သူ႕ထံ ေလွ်ာက္လာသည္။
"ဘာမွမဟုတ္ပါဘူး" ဆုေ႐ွာင္းႏိုသည္ ခ်က္ခ်င္းပင္ သူ႕မ်က္ႏွာကို ပုံမွန္ေလးနက္သည့္ မ်က္ႏွာထားဆီသို႔ ျပန္ေျပာင္းလိုက္သည္။ တတိယအဆင့္ဝတၳဳေတြ ဖတ္တာက elegant မဆန္တာမို႔ ဘယ္သူကိုမွ သိခြင့္မျပဳႏိုင္ဘူး။ ဒိုင္အန္းဆိုရင္ေတာင္မွပဲ!
“ႏိုႏို ” အိုးရန္လုံသည္ သူ႕ကို ဖုန္းေခၚလိုက္ကာ ေမးလိုက္သည္။ “ဒီည ညစာကို အျပင္မွာထြက္စားခ်င္လား?”
"ဒီည....ကြၽန္ေတာ္.... အ!ယားတယ္!” ဆုႏိုသည္ ထိလြယ္႐ွလြယ္ အစိတ္အပိုင္းတစ္ခုေပၚတြင္ ႏွိပ္နယ္ေနေသာေၾကာင့္ သူေအာ္လိုက္မိသည္။ အိုးရန္လုံ စိတ္႐ႈပ္ေထြးသြားၿပီး "မင္း ဘာလုပ္ေနတာလဲ?"
“ကြၽန္ေတာ္ spa မွာေရာက္ေနတယ္” ဆုႏို ျပန္ေျဖလိုက္သည္။ ေနာက္ေတာ့ အေၾကာင္းတစ္ခုခုေၾကာင့္ သူ႕မွာ အိမ္႐ွင္မတစ္ေယာက္လို ခံစားေနရသည္။ ခင္ပြန္းသည္က အလုပ္လုပ္ေနခ်ိန္မွာ သူက spa သြားရင္း ဝတၳဳဖတ္ေနသည္။ ဒီအသိစိတ္က တကယ္ကို ထိတ္လန္႔စရာပဲ!
ငါ့က ငါ့အလုပ္အတြက္ လုပ္ေနတာ!အိုေခ!
ဆုေ႐ွာင္းႏိုသည္ သူ႕ကိုယ္သူ အေၾကာင္းျပခ်က္ေပးလိုက္သည္။
"မင္း ကိုယ့္ကိုလာေခၚေစခ်င္လား?" အိုးရန္လုံ ေမးလိုက္သည္။
“မလိုဘူး” ဆုႏို အခ်ိန္ကိုၾကည့္ၿပီး “ဒါ႐ိုက္တာႀကီး အခ်ိန္မီ ေရာက္မွာ မဟုတ္ဘူး။ ကြၽန္ေတာ္ အခု ဒိုင္အန္းနဲ႔ အတူတူစားလိုက္မယ္။အိမ္ျပန္တာ နည္းနည္းေနာက္က်သြားႏိုင္တယ္။"
ဤစကားဝိုင္းေလးသည္ အလြန္ခ်စ္ဖို႔ေကာင္းလြန္းသည္။ သူတို႔ႏွစ္ေယာက္က အိမ္ေထာင္႐ွင္စုံတြဲတစ္တြဲလိုပဲ! ဒါ ဘယ္ေလာက္ေပ်ာ္စရာေကာင္းလဲ!
အိုးရန္လုံသည္ ဖုန္းကိုခ်လိုက္ၿပီးေနာက္ မုခ်ိဳးဆီကိုဖုန္းဆက္လိုက္သည္။ "မင္း ငါနဲ႔ ညစာစားမလား?"
ဥကၠဌမုက ယဥ္ေက်းမႈ မ႐ွိစြာျဖင္ “ငါ့မွာ အခ်ိန္မ႐ွိဘူး”
"မင္း ဘာေတြအလုပ္႐ႈပ္ေနတာလဲ?" အိုးရန္လုံက အမ်ားႀကီး မစဥ္းစားဘဲ ေမးလိုက္သည္။
“ငါတို႔ကုမၸဏီက မၾကာခင္မွာပဲ ဆိုင္အသစ္ဖြင့္ေတာ့မွာဆိုေတာ့ လုပ္စရာေတြ အမ်ားႀကီး႐ွိေသးတယ္” မုခ်ိဳးက ေလးနက္စြာေျပာလိုက္သည္။
"ကြၽန္ေတာ္႕ခါးကို လာမထိနဲ႔!" က်ံဳးလီဖုန္းပိုင္ ေအာ္ဟစ္လိုက္သည္။
အိုးရန္လုံ:“……”
“ေနာက္တစ္ခါမွ ငါတို႔စကားေျပာၾကတာေပါ့” မုခ်ိဳးက ေအးေဆးတည္ၿငိမ္စြာေျပာၿပီး ဖုန္းခ်လိုက္သည္။
"ဘယ္သူလဲ?" က်ံဳးလီဖုန္းပိုင္ ေမးလိုက္သည္။
"မင္း သူ႕ကို ဂ႐ုစိုက္စရာ မလိုပါဘူးကြာ" မုခ်ိဳးက စိတ္အားထက္သန္စြာ ေျပာလိုက္၏။ "မနက္ျဖန္အတြက္ ကိုယ္ဘာေတြျပင္ဆင္ရမွာလဲ?"
သူတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို ပထမဆုံးျပရမွာပဲ! သူ႕ပိုင္ဆိုင္မႈေလးကို ေၾကျငာရမွာက အရမ္းမိုက္တယ္!
"႐ုပ္႐ွင္ျပပြဲကို အတူတူသြားတာေလ။ ခင္ဗ်ားက ဘာေတြျပင္ဆင္ဖို႔လိုလို႔လဲ?" က်ံဳးလီဖုန္းပိုင္ သူ႕ကို စူးရဲစြာစိုက္ၾကည့္ရင္း "ဘာလဲ? မိန္႔ခြန္းတက္ေျပာခ်င္တာလား!"
လြန္ၾကဴးတဲ့!
လူသားေတြက!
လူေတြကို!
စကားမဲ့ေအာင္!
လုပ္လြန္းတယ္!
"ဒီည အတူတူ အဝတ္သစ္ေတြ သြားဝယ္သင့္တယ္မလား?" မုခ်ိဳးသည္ စိတ္ပါလက္ပါ အၾကံျပဳသည္။
"မသြားဘူး။" က်ံဳးလီဖုန္းပိုင္သည္ မုခ်ိဳးရဲ႕ ႐ုံးခန္းစားပြဲေပၚမွာ ထိုင္ၿပီး "ဘယ္ေတာ့ အလုပ္ဆင္းရမွာလဲ?"
"ကိုယ္ အခုခ်က္ခ်င္း ဆင္းလို႔ရၿပီ။ ကိုယ္တို႔ အခုခ်က္ခ်င္းထြက္သြားႏိုင္တယ္။" မုခ်ိဳးသည္ အလုပ္အေပၚမွာ တာဝန္သိစိတ္မ႐ွိ။ သူ႕ခ်စ္သူအတြက္ အလုပ္ခ်ိန္မ်ားကိုပါ စြန္႔လႊတ္လိုစိတ္႐ွိေနသည္။
"ဒါဆို ကြၽန္ေတာ္တို႔ အိမ္ေစာေစာျပန္ရမယ္" က်ံဳးလီဖုန္းပိုင္သည္ မတ္တပ္ထရပ္လိုက္သည္။
"ဒီမွာ ညစာ မစားခ်င္ဘူးလား?" မုခ်ိဳးသည္ က်ံဳးလီဖုန္းပိုင္၏လက္ကို ဆြဲကိုင္လိုက္ၿပီး "ကိုယ္ မင္းအတြက္ cordyceps ခ်က္ေပးဖို႔ သီးသန္႔ စာဖိုမႉးကိုငွားထားတယ္"
"စားခ်င္စိတ္မ႐ွိဘူး" က်ံဳးလီဖုန္းပိုင္သည္ ပင္ပန္းႏြမ္းနယ္ေနသည့္ အသံေပါက္ေနသည္။
"ဘာျဖစ္လို႔လဲ?" မုခ်ိဳး သူ႕ကို ေမးလိုက္သည္။
ဒါ႐ိုက္တာက်ံဳးက စိုးရိမ္ေၾကာင့္ၾကေန၏။
မုခ်ိဳးနဲ႔ လက္ခ်င္းတြဲၿပီး မနက္ျဖန္ ႐ုပ္႐ွင္ျပပြဲကို အတူတူသြားမယ့္အေၾကာင္း ေတြးလိုက္မိေတာ့ သူ စိတ္ေတြလႈပ္႐ွားလာကာ မူးေဝလာၿပီး ကမ႓ာႀကီး လည္ပတ္ေနၿပီလို႔ပင္ သူခံစားလိုက္ရသည္။သို႔ေသာ္ သူစိတ္လႈပ္႐ွားေနေၾကာင္း လူမ်ားကိုေျပာျပဖို႔အတြက္က ႐ွက္စရာေကာင္းလြန္းေနတာေၾကာင့္ သူသည္ အသက္႐ွဴက်ပ္သည့္ခံစားခ်က္ေတြကို မရပ္တန္႔ျဖစ္ေပ။ က်ံဳးလီဖုန္းပိုင္၏လက္ေခ်ာင္းထိပ္မ်ားသည္ ေအးစက္သြားကာ တုန္ခါလုနီးပါးျဖစ္ေနသည္။
"ဘာျဖစ္တာလဲ?" မုခ်ိဳးသည္ က်ံဳးလီဖုန္းပိုင္၏မ်က္ႏွာအမူအယာေၾကာင့္ ထိတ္လန္႔သြားသည္။
သူ႕မ်က္ႏွာက အရမ္းျဖဴေဖ်ာ့ေနပုံပဲ!
"ကြၽန္ေတာ္ကို စိတ္ၿငိမ္သြားေအာင္ အခ်ိန္တစ္ခုေပး။" က်ံဳးလီဖုန္းပိုင္သည္ သူ႕မ်က္ႏွာကို မုခ်ိဳး၏ရင္ဘတ္ထဲတြင္ ျမႇဳပ္ႏွံလို႔ထားသည္။
"... စိတ္လႈပ္႐ွားေနတာလား?" မုခ်ိဳး ဂ႐ုတစိုက္နဲ႔ ေမးလိုက္သည္။
က်ံဳးလီဖုန္းပိုင္က ျပန္မေျဖေသာ္လည္း ပို၍စိတ္သက္သာရာရေစဖို႔ ေမွ်ာ္လင့္ရင္း သူ႕ကို ပိုတင္းက်ပ္စြာ ေပြ႕ဖက္ထားသည္။
"စိတ္မပူပါနဲ႔" မုခ်ိဳးသည္ က်ံဳးလီဖုန္းပိုင္၏ ယနားထင္စပ္ေလးကို နမ္းလိုက္သည္။ "ဘာပဲျဖစ္လာျဖစ္လာ ကိုယ္မင္းနဲ႔အတူ႐ွိေနမွာပါ"
"အဲဒီ တတိယအဆင့္ စာေၾကာင္းေတြကို ဘယ္ကေန တတ္လာခဲ့တာလဲ?" ဒါ႐ိုက္တာက်ံဳး သူ႕ကိုၾကည့္ရန္ ေခါင္းကို ေမာ့လိုက္သည္။
“ဒါက ကိုယ့္ရဲ႕ တကယ့္ခံစားခ်က္ေတြပါ” မုခ်ိဳးက ေလးေလးနက္နက္ ေျပာလိုက္သည္။
က်ံဳးလီဖုန္းပိုင္သည္ သူ႕ကို စကၠန္႔အနည္းငယ္ၾကာ စိုက္ၾကည့္ၿပီးေနာက္ သူ႕မ်က္လုံးမ်ားကို ျပတ္ျပတ္သားသားမွိတ္ထားသည္။
ငါ!
ေသခ်ာတယ္!
လုံးဝ!
ရင္မခုန္ေနဘူး!
မုခ်ိဳးရဲ႕မ်က္လုံးေတြသည္ ေပ်ာ္႐ႊင္မႈမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့၏။ က်ံဳးလီဖုန္းပိုင္၏ႏႈတ္ခမ္းေလးကို နမ္း႐ိႈက္ရန္ ေခါင္းကို ငုံ႔လိုက္သည္။
အခုေလးတင္ သူ သၾကားလုံးစားထားေတာ့ အရမ္းကို ခ်ိဳျမေနသည္။
_______________
တစ္ခ်ိန္တည္းမွာပင္ တန္ဖိုးႀကီးအိမ္ယာတစ္ခု၏အေပၚထပ္တြင္ ထန္ေ႐ွာင္းယြီသည္ ခ်ိဳးက်ီယန္ႏွင့္အတူ TV ၾကည့္ေနစဥ္ တီဗီတြင္ ခ်ိဳးက်ီယန္ ပါဝင္သ႐ုပ္ေဆာင္ထားသည့္ ေၾကာ္ျငာတစ္ခု ဝင္လာခဲ့သည္။ ခ်ိဳးက်ီယန္၏အေပၚပိုင္းသည္ ဗလာက်င္းေနၿပီး လွပတဲ့မိန္းကေလးတို႔သည္လည္း သူႏွင့္ အတူလုံးေထြး ေနသည္။ ယေန႔ေခတ္တြင္ ပရိေဘာဂေၾကာ္ျငာေတြက ဒီလို သည္အေၾကာင္းအရာေတြခ်ည္းပင္။
"မင္း သဝန္တိုေနတာလား?" ခ်ိဳးက်ီယန္ ေမးလိုက္သည္။
"မတိုဘူး" ထန္ေ႐ွာင္းယြီ ေခါင္းခါသည္။
“လူလိမ္ေလး” ခ်ိဳးက်ီယန္က ပညာ႐ွိသမားတစ္ေယာက္လို အမူအယာျဖင့္ “ကေလးေတြက ႐ိုးသားသင့္တယ္”
ထန္ေ႐ွာင္းယြီသည္ သူ႕ေရခဲမုန္႔ကိုသာ ဆက္စားခဲ့ၿပီး သူ႕ကို လ်စ္လ်ဴ႐ႈခဲ့သည္။
"အခ်စ္ေလး" ခ်ိဳးက်ီယန္ သူ႕နား႐ြက္ေလးကို နမ္းလိုက္သည္။
“အကိုက်ီရန္.... ဘာမွစားလို႔မရဘူးေနာ္” ထန္ေ႐ွာင္းယြီ သူ႕ကို အျမန္ ျငင္းပယ္လိုက္သည္။
“ကိုယ္ ေရခဲမုန္႔မစားခ်င္ပါဘူး” ခ်ိဳးက်ီယန္သည္ ရယ္ရမလား ငိုရမလား မသိ။
"ကြၽန္ေတာ္ရဲ႕ တျခားသေရစာမုန္႔ေတြလည္း မစားရဘူး" ထန္ေ႐ွာင္းယြီက တင္းတင္းက်ပ္က်ပ္ ေျပာလိုက္သည္။ “အကိုက်ီရန္ ဒီလမွာ အသားေတြထပ္စားရင္ မိုင္ခယ့္က ကြၽန္ေတာ္ေ႐ွ႕မွာတင္ သတ္ေသျပမယ္လို႔ လုံးဝေျပာထားတယ္”
"ဒါက စားတာနဲ႔ ဘာမွမဆိုင္ပါဘူး" ခ်ိဳးက်ီယန္သည္ သူ႕ကို တင္းတင္းၾကပ္ၾကပ္ ဖက္ထားသည္။ "ကိုယ္ မင္းနဲ႔ တစ္ခုခု ေဆြးေႏြးခ်င္တယ္"
"ဘာကိုလဲ?" ထန္ေ႐ွာင္းယြီသည္ ေလးေလးနက္နက္ေျပာေတာ့မည့္ ခ်ိဳးက်ီယန္ေၾကာင့္ ေခါင္းကို လွည့္ၾကည့္လိုက္သည္။
"ဟန္ေဝကို မွတ္မိေသးလား?" ခ်ိဳးက်ီယန္ ေမးလိုက္သည္။
ထိုနာမည္ၾကားၿပီးေနာက္ ထန္ေ႐ွာင္းယြီသည္ ခ်က္ျခင္းပင္ ေတာင့္တင္းသြားၿပီး သူ႕လက္ထဲက ေရခဲမုန္႔သည္ ၾကမ္းျပင္ေပၚကို ျပဳတ္က်လုနီးပါးပင္။ ကံေကာင္းစြာပဲ ခ်ိဳးက်ီယန္က ျပဳတ္က်သြားတဲ့ေရခဲမုန္႔ကို ဖမ္းမိလိုက္သည္။
"မလန္႔ပါနဲ႔" ခ်ိဳးက်ီယန္ သူ႕အနားသို႔ကပ္ကာ ေပြ႕ဖက္လိုက္သည္။
"အစ္ကိုႀကီးဟန္က ဘာကိစၥတဲ့လဲ?" ထန္ေ႐ွာင္းယြီ ေမးလိုက္သည္။
“သူက ကိုယ့္ကို ဖုန္းဆက္ၿပီး ေကာ္ဖီဆိုင္မွာ ေတြ႕ဖို႔ စီစဥ္ေပးထားတယ္။ ျဖစ္ပ်က္ခဲ့တာေတြကို အေသးစိတ္သိခ်င္တယ္လို႔ သူက ေျပာတယ္ " ခ်ိဳးက်ီယန္က သူ႕လက္ကို ဆုပ္ကိုင္ထားၿပီး "ကိုယ္ မင္းကို ဘယ္သူ႕ကမွ နာက်င္ေအာင္ လုပ္ခြင့္ျပဳမွာမဟုတ္ဘူး။ ဒါေၾကာင့္ စိတ္ပူစရာမလိုဘူး။"
"ကြၽန္ေတာ္ အဲ့ဒီကို တစ္ေယာက္တည္း သြားလို႔ရတယ္။" ထန္ေ႐ွာင္းယြီက စိုးရိမ္တႀကီးျဖင့္ "အကိုက်ီရန္ ဒီကိစၥထဲကို ဆြဲသြင္းခံရဖို႔ မလိုဘူး"
"ကိုယ့္ကိုအရင္ေျပာ မင္းအရင္က သူ႕ကို ဘာလို႔လိမ္ခဲ့တာလဲ?" ခ်ိဳးက်ီယန္ ေမးလိုက္သည္။
“....ကြၽန္ေတာ္ လွည့္စားခံခဲ့ရတာ” ထန္ေ႐ွာင္းယြီသည္ႏႈတ္ခမ္းကို ကိုက္လိုက္ၿပီး “အစ္ကိုႀကီးဟန္ရဲ႕ ကာစီႏိုထဲက ေငြလိမ္လည္ေနတဲ့ဂိုဏ္းက အဲ့ဒီကာစီႏိုမွာ အခိုင္အမာ ရပ္တည္ေနတယ္။ တကယ္ျဖစ္ပ်က္ေနတာကို နားမလည္ခင္ အခ်ိန္အေတာ္ၾကာေအာင္ စုံစမ္းၾကည့္ရင္းနဲ႔ အဲဒီေနရာမွာ ႐ွိေနခဲ့မွန္း သိတာ။ သူတို႔က ကတ္ေဝသမားနဲ႔ အတူေပါင္းၾကံခဲ့ၾကတာ။ ကတ္ေဝသမားက သူတို႔လိုခ်င္တဲ့ ကတ္ေတြကို ဆြဲထုတ္ေပးလိမ့္မယ္။ အဲဒါကို သတိထားမိေတာ့ ေနာက္ေန႔က်ရင္ အစ္ကိုႀကီးဟန္ကို ေျပာျပဖို႔ ဆုံးျဖတ္လိုက္တယ္။”
"ၿပီးေတာ့?" ခ်ိဳးက်ီယန္ ေမးလိုက္သည္။
"သစၥာေဖာက္ေတြကို ႐ွာေဖြတဲ့ေနရာမွာ ကူညီေပးဖို႔၊ အစ္ကိုႀကီးဟန္က ပုံမွန္ကစားသမားေတြနဲ႔ ေရာေႏွာေနဖို႔အတြက္ အေထာက္အပံ့ေတြ အမ်ားႀကီးေပးခဲ့တယ္၊ ၿပီးေတာ့ အရင္ညေတြတုန္းက ကာစီႏိုထဲမွာ အရမ္းေနာက္က်တဲ့အထိ ဆက္ေနခဲ့တယ္။ ဒါေပမယ့္ ဘာေတြျဖစ္ေနတာကို သတိျပဳမိတဲ့ေန႔မွာ ကာစီႏိုထဲကေန ေစာေစာထြက္ခဲ့တယ္။ အဲဒီအမွားက ကြၽန္ေတာ္နဲ႔ ပတ္သက္ၿပီး သူတို႔ကို သတိေပးလိုက္မိသလို ျဖစ္သြားတာ ျဖစ္ႏိုင္တယ္။”
ထိုညတြင္ ထန္ေ႐ွာင္းယြီ ေနသည့္ ဟိုတယ္အခန္းထဲသို႔ ကတ္ေဝသမား ေရာက္လာၿပီးေနာက္ သူမသည္ ခ်က္ခ်င္း ၾကမ္းျပင္ေပၚတြင္ ဒူးေထာက္ကာ သူ႕မရဲ႕ စဥ္းစားႏိုင္မႈေတြက အေမွာင္ဖုံးခံလိုက္ရတဲ့အေၾကာင္း ေအာ္ဟစ္ငိုယိုၿပီး သူမ(ေ႐ွာင္ထ်န္း)ကို ခြင့္လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့သည္။
“အဲဒီတုန္းက အိမ္မွာ ညီေလးတစ္ေယာက္႐ွိၿပီး ေက်ာင္းတက္ေနတုန္းပဲလို႔ သူမကေျပာတယ္။ ၿပီးေတာ့လည္း comaဝင္ေနတဲ့ သူမရဲ႕ဖခင္ေၾကာင့္လည္း ေငြလိုအပ္ေနတာမို႔ သူမက သမာသမတ္က်က် မေတြးတတ္ေတာ့ဘူးတဲ့။ ၿပီးေတာ့ အစ္ကိုႀကီးဟန္ကို မေျပာျပဖို႔ ထပ္ၿပီး ေတာင္းပန္ခဲ့တယ္” ထန္ေ႐ွာင္းယြီ၏အသံသည္ တိုးညင္းလာၿပီး ခ်ိဳးက်ီယန္ သူ႕ကို ပိုမိုတင္းက်ပ္စြာ ေပြ႕ဖက္လိုက္သည္။
“ကတ္ေဝသမားက ေလာင္းကစားသမားေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတာကို ေတြ႕႐ွိခဲ့ရင္ အက်ိဳးဆက္က ျပင္းထန္မွာ အမွန္ပဲ။အေျခခံအားျဖင့္ေတာ့ သူ႕ဘဝတစ္ခုလုံး ၿပီးသြားမွာ။ သူမက ငိုယို,ဝပ္တြားခယၿပီး ေတာင္းပန္ေနခဲ့တာ။ ဘယ္လိုပဲ ႀကိဳးစားႀကိဳးစား သူမကို မတြန္းထုတ္ႏိုင္ခဲ့ဘူး။”
"အဲ့ဒီေတာ့ မင္းသူ႕ကို လႊတ္ေပးလိုက္တာလား?" ခ်ိဳးက်ီယန္ ေမးလိုက္သည္။
“သူမက ဖုန္းထဲကေန သူ႕အေဖနဲ႔ ညီငယ္ေလးရဲ႕ ဓာတ္ပုံေတြကို ျပတယ္။ အေျခအေနက တကယ္ကို ဆိုးပါတယ္။ အဲဒီတုန္းက သူမက အစ္ကိုႀကီးဟန္ကို ဘယ္ေတာ့မွ မလွည့္စားေတာ့ဘူးလို႔ ကတိေပးခဲ့ၿပီး ဒါေတြအကုန္လုံးကေန လြတ္ေျမာက္ဖို႔ နည္းလမ္း႐ွာမယ္လို႔ ေျပာခဲ့ေသးတယ္။ သင့္ေတာ္တဲ့အလုပ္တစ္ခု႐ွာၿပီး ဆိုင္ေသးေသးေလးတစ္ဆိုင္ ဖြင့္ထားခ်င္ခဲ့တယ္လို႔ ေျပာတယ္။ ကြၽန္ေတာ္လည္း သနားသြားတာမို႔ သူ႕ကို မေျပာျပဘူးလို႔ ကတိေပးလိုက္တယ္။ ဒါနဲ႔ ေနာက္ေန႔က်ေတာ့ အစ္ကိုႀကီးဟန္ေပးခဲ့တဲ့ ေကာ္မ႐ွင္ခ အားလုံးကို ျပန္ေပးလိုက္ၿပီးေတာ့ တရားခံ မဖမ္းႏိုင္ဘူးလို႔ ေျပာလိုက္တယ္။ အဲဒီ့ေနာက္မွာေတာ့ ကြၽန္ေတာ္ အဲ့ဒီကာစီႏိုဘက္ကို ဘယ္ေတာ့မွ မေရာက္ျဖစ္ေတာ့ဘူး။"
ထန္ေ႐ွာင္းယြီ ခဏရပ္လိုက္သည္။
“အစတုန္းကေတာ့ ဒါပဲလို႔ ထင္ခဲ့တာ။ ဘယ္သူကမ်ားထင္မွာလဲ? တစ္ေန႔ ကြၽန္ေတာ္ကို႐ွာဖို႔ႀကိဳးစားေနတဲ့ လူတစ္စု႐ွိတယ္ဆိုတာကိုေလ။ စုံစမ္းၾကည့္ေတာ့ ကတ္ေဝသမားက အမွားလုပ္ခဲ့မိလို႔ဆိုတာကို သိရၿပီး သူတို႔အဖြဲ႕တစ္ခုလုံးကို အဲ့ဒီေနရာ႐ွိလူတိုင္းက လက္ပူးလက္ၾကပ္ ဖမ္းမိခဲ့တယ္ေလ။ၿပီးေတာ့ အသက္ဆက္႐ွင္ဖို႔အတြက္ အကုန္လုံးကို ထုတ္ေျပာလိုက္ၾကေရာ!”
"မင္းသူတို႔ကို အခ်ိတ္အဆက္မိမိ သိထားတာကို လႊတ္ေပးလိုက္တာလည္း အပါအဝင္ေပါ့" ခ်ိဳးက်ီယန္လည္း အံ့အားသင့္သြားသည္။
“ဒါတင္မကပါဘူး။ သူတို႔က ကြၽန္ေတာ္နဲ႔ တစ္ဖြဲ႕တည္း ျဖစ္ၿပီးေတာ့ သူတို႔ဆီက အက်ိဳးအျမတ္ေတြ ရယူခဲ့တယ္ေပါ့။ ဒီကိစၥေတြနဲ႔ ၾကဳံလာတဲ့အခါ ဖမ္းမိသြားရင္ လႊတ္ေပးေတာ့မွာ မဟုတ္ဘူး။ ဒါ့အျပင္ အဲဒီညက ကြၽန္ေတာ့္အခန္းကို ေရာက္လာတဲ့ ကတ္ေဝသမားရဲ႕ ပုံကို ကင္မရာမွာ ဖမ္းမိထားတဲ့အတြက္ အစ္ကိုႀကီးဟန္က ဒါကို သံသယျဖစ္မွာ မဟုတ္ဘူးေလ။”
"ဒါဆိုရင္ ကိုယ္မွားရင္လည္း မွားႏိုင္မယ္၊ ဒါေပမယ့္ ကတ္ေဝသမားရဲ႕ ေနာက္ေၾကာင္းရာဇဝင္က လိမ္ဆင္ႀကီးတစ္ခုလို႔ ကိုယ္ထင္မိတယ္။" ခ်ိဳးက်ီယန္ သူ႕စိတ္ထဲမွာ သက္ျပင္းခ်ရင္း ေမးလိုက္သည္။
“အင္း” ထန္ေ႐ွာင္းယြီ စိတ္ပ်က္လက္ပ်က္နဲ႔ “အရာအားလုံးက လိမ္ညာေနတာပဲ။ ကြၽန္ေတာ္ ထြက္သြားၿပီးေနာက္ သူမက အနည္းငယ္ေတာင္ ေျပာင္းလဲမသြားဘူး။ ေလာင္းကစားသမားေတြနဲ႔ ပူေပါင္းတယ္ဆိုတာက ေနာက္ကြယ္က အေၾကာင္းျပခ်က္ ဘယ္လိုပဲ႐ွိ႐ွိ ခြင့္လႊတ္ေပးလို႔မရဘူး။ အဲ့တာကိုေတာင္ သူမရဲ႕'အေၾကာင္းျပခ်က္' က အမွန္တကယ္ကို အတုအေယာင္ျဖစ္ေနေသးတယ္"
ထို႔ေၾကာင့္ သူသည္ ဟန္ေဝအား မည္သို႔႐ွင္းျပရမည္ကို မဝံ့ရဲခဲ့ေပ။ေနာက္ဆုံးတြင္ ထန္ေ႐ွာင္းယြီသည္ ခ်ိဳးက်ီယန္ဆီ မေရာက္ခင္အထိ ပုန္းေ႐ွာင္ေျပးခဲ့ရသည္။
“ေကာင္းၿပီ။ ခုေတာ့ ကိုယ္ အားလုံးသိၿပီ။ အဆင္ေျပသြားမွာပါ” ခ်ိဳးက်ီယန္သည္ သူ႕ပါးေလးကို နမ္းလိုက္ၿပီး "မနက္ျဖန္ အတူတူသြားရေအာင္။"
“အကိုက်ီရန္...”
"ကိုယ္ပါ လိုက္ရမယ္" ခ်ိဳးက်ီယန္သည္ သူ႕စကားကို ျဖတ္ေျပာလိုက္သည္။ သူ႕ေလသံထဲတြင္ ညႇိႏိႈင္းလိုစိတ္မ႐ွိေပ။
"အကိုက်ီရန္ သြားစရာ မလိုဘူး" ထန္ေ႐ွာင္းယြီ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"ဘယ္သူေျပာတာလဲ?" ခ်ိဳးက်ီယန္သည္ ထန္ေ႐ွာင္းယြီ၏လည္ပင္းေလးကို ပြတ္သပ္လိုက္ၿပီး "မင္းက ကိုယ့္ကို လုံးဝအ၀တ္မပါဘဲ ျမင္ဖူးတာဆိုေတာ့ အခ်ိဳးခ်လိုက္ရင္ ကိုယ္က မင္းပဲ!"
ထန္ေ႐ွာင္းယြီ "……"
"ဒါေၾကာင့္ မင္းဘယ္သြားသြား ကိုယ့္ကိုေခၚသြားရမယ္။" ခ်ိဳးက်ီယန္သည္ သူ႕ကို ေပြ႕ခ်ီလိုက္ၿပီး "အတူတူ ေရခ်ိဳးရေအာင္"
သူတို႔ အခုေလးတင္ အရမ္းေလးနက္တဲ့ အေၾကာင္းအရာကို ေျပာေနၾကတာပါ။ ေခါင္းစဥ္က ႐ုတ္တရက္ႀကီး ေရခ်ိဳးဖို႔ကို ဘယ္လိုေျပာင္းသြားတာလဲ။ ေနာက္ၿပီး ညစာေတာင္ မစားရေသးဘူးေလ!
ထန္ေ႐ွာင္းယြီသည္ သူ႕ရင္ခြင္ထဲတြင္ ႐ုန္းကန္ရင္း "ေအာက္ကို ခ်ေပး!"
"ေရသူမေလးက မၾကာခင္မွာပဲ ေရထဲကို ျပန္မသြားဘူးဆိုရင္ သူ႕အၿမီးက ျပန္ထြက္လာလိမ့္မယ္!" ခ်ိဳးက်ီယန္သည္ သူ႕ကို ေရပန္းေအာက္တြင္ ခ်ေပးလိုက္ၿပီး ေနာ္ဇယ္ကိုဖြင့္လိုက္သည္။ "ကိုယ္တို႔အနီးနားမွာ ပင္လယ္မ႐ွိဘူး။ ေရခ်ိဳးကန္ထဲကို ဆားနည္းနည္းထည့္လို႔ရမလား?"
ထန္ေ႐ွာင္းယြီသည္ ရယ္ရခက္ငိုရခက္ျဖင့္ ဒီလူကို ဘယ္လိုရင္ဆိုင္ရမယ္ဆိုတာ သူမသိေတာ့ေပ။
"မင္းမ်က္လုံးေထာင့္ေလးမွာ မွဲ႔႐ွိေနတာက ႏွမ္းေစ့ေသးေသးေလး ကပ္ေနတာနဲ႔တူတယ္" ခ်ိဳးက်ီယန္သည္ သူ႕မ်က္လုံးေလးေတြကို နမ္းလိုက္သည္။
"ကြၽန္ေတာ္ အစ္ကိုႀကီးဟန္နဲ႔ ေတြ႕မွာကို လုံးဝမလိုက္ေစခ်င္ဘူး" ထန္ေ႐ွာင္းယြီ ျငင္းပယ္ေနလိုက္ေသးသည္။
ခ်ိဳးက်ီယန္သည္ ထန္ေ႐ွာင္းယြီ၏ေဘာင္းဘီကို ခြၽတ္လိုက္ရင္း သက္ျပင္းတစ္ခ်က္ခ်ကာ "စကားေခါင္းစဥ္ကို ေျပာင္းဖို႔ ကိုယ္ အေကာင္းဆုံးႀကိဳးစားခဲ့တာကို ဘာလို႔ ဟန္ေဝကို အာ႐ုံစိုက္ေနေသးတာလဲ?”
“……” ေခါင္းစဥ္ေျပာင္းတဲ့ နည္းလမ္းက ကြၽန္ေတာ္အဝတ္ေတြကို ခြၽတ္ေနတာလား? ထန္ေ႐ွာင္းယြီသည္ သူ႕ေ႐ွ႕တြင္ မတ္တပ္ရပ္ေနၿပီး မ်က္ႏွာမွာ နီရဲေနသည္။
"ကိုယ္တို႔မွာ ခ်စ္စရာေကာင္းတဲ့အခ်ိန္ေတြ ႐ွိေနၿပီ။ တျခားေယာက်္ားေတြအေၾကာင္း မေတြးနဲ႔ေတာ့!" ခ်ိဳးက်ီယန္သည္ သူ႕အက်ႌကို ခြၽတ္လိုက္ၿပီး စိတ္ႏွလုံးသားသည္ အႂကြင္းမဲ့တင္းမာလာသည္။
“အစ္ကိုက်ီရန္” ထန္ေ႐ွာင္းယြီ သူ႕နာမည္ကို ေခၚလိုက္သည္။
"ဟမ္?" ခ်ိဳးက်ီယန္ သူ႕ပုခုံးေလးကို နမ္းလိုက္သည္။
"ေက်းဇူးတင္ပါတယ္။"
"ကိုယ့္ကို ေယာက်္ားလို႔ ေခၚၾကည့္။"
“.........”
ထန္ေ႐ွာင္းယြီတစ္ေယာက္ ဘာေျပာရမွန္းကို တကယ္မသိေတာ့တာပဲ!
_________
တစ္ဖက္တြင္လည္း ဆုေ႐ွာင္းႏိုသည္ လူတိုင္းထက္ ဂ႐ုမစိုက္စရာ မလိုဆုံးသူျဖစ္သည္။ မာဖီးယားေဘာ့စ္၏ ႏႈတ္ပိတ္ခံရႏိုင္ေျခကို စိတ္ပူစရာမလိုသလို အိုးရန္လုံႏွင့္လည္း သူ၏ဆက္ဆံေရးကို ဖြင့္ေျပာစရာလည္း မလိုေပ။ သူ႕အလုပ္က ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ သူ႕မိသားစုထဲမွာလည္း အခ်စ္ခံရတဲ့သူတစ္ေယာက္၊ အရာအားလုံးက အရမ္းကိုလြတ္လပ္ေနၿပီး သူ႕အတြက္ ၿပီးျပည့္စုံေန၏!!
"ျပန္ေရာက္ပါၿပီ!"
ည ၉ နာရီခန္႔တြင္ ဆုႏိုသည္ အဆာေျပအိတ္ႀကီးအိတ္ငယ္မ်ားကို သယ္လာကာ ေပ်ာ္႐ႊင္စြာျဖင့္ ဝင္လာခဲ့သည္။ တံခါးဖြင့္လိုက္တာနဲ႔ မစၥတာဒါ႐ိုက္တာက သူ႕လက္ထဲမွာ မုန္လာဥနီတစ္လုံးကို ကိုင္ထားၿပီး ဧည့္ခန္းအလယ္မွာ ရပ္ေနတာကို ေတြ႕လိုက္ရသည္။
“.....ဒါ႐ိုက္တာႀကီးရဲ႕....သေရစာမုန္႔ေတြက....အရမ္းက်န္းမာေရးနဲ႔ ညီၫြတ္တယ္” ဆုႏို ခ်ီးက်ဴးလိုက္သည္။
"Ruff!"
အိုးရန္လုံ ျပန္မေျဖခင္မွာ Samoyed တစ္ေကာင္က အိပ္ခန္းထဲကေန ခ်က္ျခင္းေျပးထြက္လာၿပီး ဆုႏိုရဲ႕ေျခေထာက္ေတြကို ေပြ႕ဖက္ကာ ေခါင္းကို ပြတ္သပ္ေပးဖို႔ ေတာင္းဆိုလိုက္သည္။
"အား!" ဆုေ႐ွာင္းႏိုသည္ ဝမ္းသာအားရ ေအာ္ဟစ္လိုက္ၿပီး ေခြးကို ေပြ႕ဖက္ဖို႔ မုန္႔ေတြအားလုံးကို ၾကမ္းျပင္ေပၚ ခ်လိုက္ပါေတာ့သည္။ သူက ေခြးနဲ႔အတူ ၾကမ္းျပင္ေပၚမွာ လူးလိမ့္ခ်င္လုနီးပါးပင္!
အံ့အားသင့္စရာပဲ!အံ့ၾသတုန္လႈပ္လြန္းလို႔ အသက္႐ွဴက်ပ္သြားသလိုမ်ိဳး ခံစားလိုက္ရတာပဲ!
"ဒါ..႐ိုက္တာႀကီးက အရမ္းေကာင္းတဲ့လူပဲ!" ဆုႏိုသည္ ပူေႏြးေႏြးမ်က္ရည္မ်ား စီးက်လာၿပီး အိုးရန္လုံကို အရမ္းခ်စ္စရာေကာင္းတဲ့ အမူအရာေလးျဖင့္ ၾကည့္လိုက္သည္။
အိုးရန္လုံသည္ ယုန္ေပ်ာက္ေနေသာေၾကာင့္ သူသည္ “လူေကာင္းကတ္” ကို မည္သို႔ရ႐ွိခဲ့သည္ဆိုသည့္အခ်က္ကို စဥ္းစားရန္ ေမ့ေလ်ာ့ေနၿပီျဖစ္သည္။
"ၿပီးေတာ့ ယုန္ေရာလား?" ဆုႏိုက အရမ္းစိတ္အားထက္သန္ေန၏။
“ေအာ္စတင္က သူတို႔ကို ပို႔လိုက္တာ။ တစ္ပတ္ေလာက္ ျပဳစုေစာင့္ေ႐ွာက္ဖို႔ အရင္ႀကိဳးစားၾကည့္ရမယ္လို႔ သူက ေျပာတယ္။ ကိုယ္တို႔က ဒါကို ထိန္းႏိုင္မယ္ဆိုတာေသခ်ာရင္ တကယ္ယူဖို႔ စဥ္းစားႏိုင္တယ္။” အိုးရန္လုံသည္ ေျပာေနရင္း ေခါင္းကိုက္လာရသည္။
"ကိုယ္ အိမ္သာသြားတာ မိနစ္အနည္းငယ္ပဲ႐ွိေသးတယ္။ ဒါေပမယ့္ ျပန္လာေတာ့ ယုန္ေလွာင္အိမ္က ၾကမ္းျပင္ေပၚက်ေနတာကိုေတာ့ ေတြ႕ရၿပီး ယုန္က ေလွာင္အိမ္ထဲမွာ မ႐ွိေတာ့ဘူး"
"မင္း ယုန္ကိုေတာ့ မစားလိုက္ဘူးမလား?" ဆုႏိုက ေခြးေလးကို ေပြ႕ဖက္ထားတုန္း ထိတ္လန္႔တၾကား ၾကည့္လိုက္သည္။
"သူ မဟုတ္ဘူး။ ကိုယ္ သူ႕ကို စစ္ၾကည့္ၿပီးၿပီ။ သူ ယုန္ကို မစားဘူး" အိုးရန္လုံသည္ မုန္လာဥနီကို စားပြဲေပၚတင္လိုက္ၿပီး "ယုန္က ေသးေသးေလးပဲ။ ေၾကာက္တတ္တဲ့ အေကာင္ေလးလည္းျဖစ္ေတာ့ အသံလည္းမထြက္ဘူး။ ဘယ္လို႐ွာရမွန္း မသိေတာ့ဘူး။”
"ဗိုက္ဆာရင္ ေနာက္ဆုံးေတာ့ ထြက္လာမွာပါ" ဆုေ႐ွာင္းႏိုသည္ အေရးႀကီးတဲ့ ဒီလိုအခိုက္အတန္႔တြင္ foodie တစ္ေယာက္အျဖစ္ သူ႕အသိပညာကို ထည့္သြင္းေျပာၾကားခဲ့သည္။ "စာငွက္ ၂ ေကာင္ကို ဘယ္လိုဖမ္းရမယ္ဆိုတဲ့ ဇာတ္လမ္းကို ၾကားဖူးတယ္မလား?"
"အိမ္ေမြးတိရိစၧာန္ေတြေမြးဖို႔ သေဘာတူလိုက္ရလို႔ ေနာင္တရေနၿပီ။ ကိုယ္ စိတ္ေျပာင္းဖို႔ အရမ္း ေနာက္က်ေနၿပီလား?" အိုးရန္လုံသည္ ယုန္ကို႐ွာရန္ႀကိဳးစားရင္း ပင္ပန္းေနၿပီ။
"ကြၽန္ေတာ္ အလုပ္မ႐ွိတဲ့အခ်ိန္က်ရင္ သူတို႔ကို ေကာင္းေကာင္းဂ႐ုစိုက္ေပးပါ့မယ္" ဆုႏိုသည္ သူတို႔ကို စြန္႔လႊတ္ဖို႔ တြန္႔ဆုတ္ေနသည္။ ခဏတာ တုံ႔ဆိုင္းသြားၿပီးေနာက္ ေျပာလိုက္သည္။ “ဒါေပမဲ့ ဒါ႐ိုက္တာႀကီး တကယ္မေမြးခ်င္ဘူးဆိုရင္ ျပန္ပို႔လိုက္လို႔ရပါတယ္” ဆုႏို၏အသံေလးက အလြန္နာခံတတ္ပုံေပၚေသာ္လည္း စိတ္မေကာင္းျဖစ္ေနသည့္ဟန္။
အမူအယာက ျပင္းထန္လြန္းလို႔...လူေတြရဲ႕ စိတ္ႏွလုံးကို ေပ်ာ့ေပ်ာင္းေစသည္။ မစၥတာဒါ႐ိုက္တာသည္လည္း သူ႕စိတ္ထဲတြင္ သက္ျပင္းခ်လိုက္ၿပီး ဆုႏို၏နဖူးေလးကို နမ္းလိုက္သည္။ "ကိုယ္တို႔ သူတို႔ကို ေမြးလို႔ရပါတယ္။"
ဆုေ႐ွာင္းႏို၏ မ်က္လုံးမ်ားသည္ တစ္ဖန္ေတာက္ပလာေတာ့၏။
"ကိုယ္တို႔ အလုပ္အားေနတဲ့အခါ အတူတူ ျပဳစုေစာင့္ေ႐ွာက္ၾကတာေပါ့။ အလုပ္ေတြ အရမ္း႐ႈပ္ေနရင္ ေအာ္စတင္ဆီမွာ သူတို႔ကို ေခတၱေစာင့္ေ႐ွာက္ခိုင္းထားလို႔ ရပါတယ္။ အဆင္ေျပတယ္မလား?" အိုးရန္လုံ ေမးလိုက္သည္။
ေျပတာေပါ့! အဆင္ေျပလြန္းတယ္! ဆုႏို ေခါင္းညိတ္လိုက္သည္။
သူ အရမ္းေပ်ာ္လြန္းလို႔ ေကာင္းကင္ကို ပ်ံတက္သြားေတာ့မွာပဲ!
သူ႕ေယာက်္ားက ေခ်ာေမာၿပီး ၾကင္နာတတ္လြန္းတယ္!
ဒီလိုအခ်ိန္မ်ိဳးမွာ ၾကာ႐ွည္တဲ့ျပင္သစ္အနမ္းေလးက စည္းစနစ္တက် ျဖစ္ေပၚခဲ့ၿပီး ပရိသတ္ရဲ႕ဆႏၵကို ျဖည့္ဆည္းေပးႏိုင္႐ုံသာ တတ္ႏိုင္ေတာ့၏။
ထို႔ေၾကာင့္ samoyedက အလြန္ကံေကာင္းသည္ဟု ဆိုႏိုင္သည္... သူေရာက္႐ွိသည့္ ပထမဆုံးေန႔တြင္ ခ်စ္စရာေကာင္းေသာ ႐ိႈးပြဲတစ္ခုကို ၾကည့္ခြင္ရခဲ့တာမို႔ေလ!