[Unicode]
အခန်း(၆၈):အတူတူ စားကြရအောင်နှင့် ညတာရှည်တဲ့ ညတစ်ညပါပဲ
အိုးရန်လုံသည် အလွန်အားကောင်းလာသည်နှင့်အမျှ သူသည် ဆုနို၏ 'crackers delivery plan' ကိုလုံးလုံးလျားလျားနှောင့်နှေးစေခဲ့သည်။ ဆုနိုသည် နေ့လယ်စာ စားခါနီးမှသာ နိုးလာတော့သည်။
"နာနေသေးလား?" အိုးရန်လုံသည် ကုတင်အစွန်းတွင် ထိုင်နေသည်။
ဆုနို ညည်းညူရင်း ညည်းညူနေတော့သည်။
ကျွန်တော့်ခါးသေးသေးလေးက နာကျင်နေရတယ်!
သူ့လူကြီးက တကယ်ကိုရန်လိုတတ်တာပဲ။ သူက လုံးဝကို မစ္စတာရန်လိုပဲ!!
"ကိုယ် မင်းအတွက် အရသာရှိတဲ့ ကြက်သားဆန်ပြုတ်ဝယ်လာခဲ့တယ်" အိုးရန်လုံသည် ဆုနိုရဲ့ အတွင်းခံဘောင်းဘီလေးကို ကူပြီး ချွတ်ပေးလိုက်သည်။
ဆုနို၏ နားရွက်များက ပူထူပြီးနီလာသည်။ သူတို့က အရင်းနှီးဆုံးကိစ္စတွေကိုလုပ်ခဲ့ပြီးပြီဆိုပေမယ့်လည်း သူ့တင်ပါးလေးကိုပြတာက သူ့ကိုနည်းနည်းတော့ရှက်ရွံ့စေတုန်းပဲ။
"မင်း ရေနွေးနဲ့ရေချိုးလိုက်ရင် ပိုအဆင်ပြေသွားလိမ့်မယ်" အိုးရန်လုံသည် သူ့ကိုရေချိုးခန်းထဲ ခေါ်သွားပြီး "မင်း ကိုယ့်ကိုကူညီပေးစေချင်လား? "
ဒါမျိုး မဖြစ်ရဘူး!! ဆုနို ခေါင်းယမ်းလိုက်သည်။
ဆုနို ငြင်းပယ်လိုက်ရခြင်းမှာ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူ့ကို ကူညီခိုင်းလိုက်တုန်းကလည်း ကုတင်ပေါ်မှာပဲ ထပ်အဆုံးသတ်သွားရတာကြောင့်ပဲ!သူ့ရဲ့ နူးညံ့သိမ်မွေ့တဲ့ ဂန္ဓမာပန်းလေးက ဒါမျိုးကို ထပ်ပြီး သည်းမခံနိုင်တော့ဘူး!
“ကောင်းပြီ။ ကိုယ် မင်းအတွက် ပြန်နွေးပေးထားမယ်" အိုးရန်လုံသည် နဖူးပေါ်ကို နမ်းလိုက်ပြီး အလိုလိုက် ချစ်ခင်မှုရဲ့အမှတ်အသားကို ပြသလိုက်သည်။
ဆုနိုသည် ကြောင်ပိုင်ရှင်က ကြောင်ဗိုက်လေးကိုပွတ်ပေးခံလိုက်ရသည့် ကြောင်တစ်ကောင်ကဲ့သို့ပင် ရုတ်တရက် အလွန်ပျော်ရွှင်ပြီး ကျေနပ်အားရနေပါသည်။ သူ့မျက်လုံးများက ပျော်ရွှင်ခြင်းများဖြင့် မှုန်ဝါးသွားလေသည်...။
အလွန်ရှက်စရာပဲ!
ရေချိုးခန်းထဲက မထွက်ခင် အိုးရန်လုံသည် ဘဲအရုပ်လေးကို ရေကန်ထဲထည့်ပေးလိုက်သည်။
ဆုနို:.........
“ကိုယ် body wash ၀ယ်တုန်းက အဲဒါကိုရထားတာ။ မင်းနဲ့ တော်တော်တူတယ်။" အိုးရန်လုံသည် ရယ်မောရင်း တံခါးအပြင်ကို ထွက်လာခဲ့သည်။
ဘာကိုဆိုလိုတာလဲ? ကျွန်တော်နဲ့တူတယ်!!!ဆုနို တုန်လှုပ်သွားသည်။
ငါက ဘဲတစ်ကောင်နဲ့ဘယ်လိုလုပ်ပြီးတူမှာလဲ!
ဒါက တကယ်ကို လွန်လွန်းတယ်!
မီးဖိုချောင်၌ အိုးရန်လုံသည် casserole ကြက်သားဆန်ပြုတ်ကို ပန်းကန်လုံးတစ်ခုထဲသို့
ထည့်လိုက်ပြီး ...အဲ့ဒီနောက် အငန် ဘီစကွတ်တစ်ချပ်ကိုခိုးယူခဲ့သည်။
ကလေးဆန်လွန်းသဖြင့် မကြည့်ရဲချေ။
"အနံ့လေး ကောင်းတယ်!" ဆုနိုသည် ရေချိုးပြီးသောအခါ ဖိနပ်တစ်ရံကို စီးကာ မီးဖိုချောင်ထဲသို့ပြေးသွားခဲ့သည်။
မစ္စတာဒါရိုက်တာသည် စားနေသည့်ဘီစကစ်တွေ မနင်စေရန် ရေတစ်ခွက်ကို အမြန်သောက်လိုက်ရသည်။
"ဒါရိုက်တာကြီး ဘာစားနေတာလဲ?" အစားအသောက်ကြိုက်တဲ့သူရဲ့အသိစိတ်က ပြင်းပြင်းထန်ထန်ပါပဲ။
“နှမ်းအရသာမုန့် တစ်ခုခုပဲ”
".........."
"ကိုယ် မင်းအတွက် မုန့်သွားဝယ်တုန်းက ပိုင်ရှင်က နှမ်းမုန့်ထုပ်တွေ ပေးလိုက်တယ်" အိုးရန်လုံသည် အလွန်တည်ငြိမ်နေပြီး သူ့ကိုယ်ဟန်အနေအထားကို အပြည့်အ၀ ထိန်းသိမ်းထားပြီး မုန့်ထုပ်များအကြောင်းလည်း ဘာမှ ထပ်မပြောပေ။
"သူတို့က တခြားတံဆိပ်နဲ့ ထွက်လာတာလား?" ဆုနို မေးလိုက်သည်။ "အရသာကရော အဆင်ပြေလား?"
“အဆင်ပြေပါတယ်။” မစ္စတာဒါရိုက်တာက မျက်နှာထားတည်တည်ထားကာ အိုးအဖုံးဖွင့်ဖို့ လှည့်လိုက်သည်။
"ချိုလား ငန်လား?" ဆုနိုသည် လေးလေးနက်နက်ပင်။
အိုးရန်လုံသည် မေးခွန်းများကြောင့် စိတ်ရှုပ်လာပြီး တစ်ချိန်တည်းမှာလည်း ရယ်ချင်နေသောကြောင့် လှည့်ကြည့်ကာ ဆုနို၏ခေါင်းကို ထိန်းကိုင်ကာ နမ်းလိုက်လေသည်။
ကိုယ်ချစ်တဲ့သူနဲ့ လျှာချင်းနမ်းတာဟာ တကယ့်ကို ရင်ခုန်စရာကောင်းပြီး တစ်ချိန်တည်းမှာလည်း Sexy ကျတယ်!
သုံးမိနစ်လောက်ကြာတော့ ဒါရိုက်တာက သူ့ရင်ခွင်ထဲက ငတုံးလေးကို လွှတ်ပေးလိုက်ပြီး အိုးထဲက ဟင်းရည်ကို စစ်ဆေးဖို့ရာ နောက်တဖန် လှည့်ကြည့်လိုက်သည်။
ဆုနိုသည် ဝေခွဲမရဖြစ်နေသည့်အကြည့်ဖြင့် နှုတ်ခမ်းလေးကို ပြန်သပ်ယူလိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။ "ငန်တယ်"
အိုးရန်လုံ၏လက်တွေသည် အေးခဲသွားပြီး သူ ရယ်ချင်လောက်အောင် ရှုပ်ထွေးသွားရသည်။
စောစောတုန်းကတော့ ဆုနိုက သူ့နှုတ်ခမ်းကို နမ်းလိုက်,ယက်လိုက်,စုပ်လိုက်နဲ့ လုပ်နေတာကြောင့် သူ(အိုးရန်)ထင်တာတော့ နောက်ဆုံးတော့ ဘယ်လိုစလုပ်ရမလဲဆိုတာ တက်မြောက်သွားပြီဟု တွေးလိုက်မိတာပဲ ဖြစ်သည်။ ဒါပေမယ့် တကယ်တော့ သူက ဘီစကစ်တွေကို မြည်းစမ်းကြည့်ချင်နေတာပေါ့လေ?
ငါ တကယ် သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးချင်နေပြီ!
"ကျွန်တော်တို့ ဒီည အသားစွပ်ပြုတ် စားလို့ရလား?" ဆုနိုသည် သူ့ပန်ကန်ထဲရှိ ဆန်ပြုတ်ကို ကြည့်လိုက်ရင်း မေးလိုက်သည်။
နေ့လည်စာ စားနေတဲ့အချိန်မှာ ညနေစာအတွက် ဘာစားရမလဲကိုဆွေးနွေးနေတာက တကယ့်ကို အစားအသောက်ချစ်သူ ဆိုတာကို ပြနေတာပဲ!
"ဒီည မင်းအစ်ကိုကြီးနဲ့ အတူတူ မစားဘူးလား?" မစ္စတာဒါရိုက်တာသည် သူ့ကို ဂရုမစိုက်သလိုနေ,နေပေမယ့် နည်းနည်းလေးတော့ မနာလိုဖြစ်နေတုန်းပဲ။
"ဒီနေ့ ညစာစားပွဲရှိတယ်။" ဆုနိုသည် သူ့လက်ချောင်းတွေကို ယက်လိုက်ပြီး "ကျွန်တော်ပြန်လာပြီး ဒါရိုက်တာကြီးအတွက် ဟင်းချက်ပေးမယ်။ အားပြန်ပြည့်သွားစေရမယ်!"
ဆုနိုသည် အလွန်စဉ်းစားတတ်ပြီး အကျင့်စာရိတ္တကောင်းမွန်ပါသည်။ သူ့ကိုယ်သူသာ နောက်ကျောလေးကို ပုတ်ပေးလိုက်သည်။
သူ့တင်ပါးလေးက နည်းနည်းနာနေပေမယ့် နေ့လည်စာစားပြီးချိန်မှာတော့ ဆုနိုသည် မစ္စတာဒါရိုက်တာရဲ့ 'ဒီ ဘီစကစ်တွေကို တခြားတစ်ယောက်နဲ့ ပို့ပေးလိုက်တာ ပိုကောင်းမယ်ထင်တယ်' ဆိုတဲ့ အကြံပြုချက်ကို ငြင်းဆိုခဲ့ပြီး သူ့ကိုယ်တိုင် သွားပို့ဖို့ တောင်းဆိုခဲ့သည်။
သူ့ယာဉ်မောင်းက ကားကို ခါတိုင်းလိုနေရာမျိုးမှာ ရပ်လိုက်သည်။ ဆုနို တံခါးကိုဖွင့်ပြီး ထိုင်ခုံပေါ်မှာထိုင်လိုက်သည်။ သူသည် ကားမောင်းသူ၏ပါးစပ်ထဲသို့ ရွှေအုန်းသီးသကြားလုံးတစ်လုံးကို ထိုးထည့်ပေးလိုက်ကာ ပြုံး၍ နှုတ်ဆက်လိုက်သည်။ "ဟဲလို အန်ကယ်လီ"
ဆံပင်ဖြူဖြူနဲ့ ကားမောင်းသူသည် မကြာသေးမီက သွားတစ်ချောင်ကိုက်နေသောကြောင့် သကြားလုံးဝါးရန် ခက်ခဲခဲ့သည်။
ချိုချဉ်တွေက တကယ်ကို စိတ်အနှောက်အယှက်ဖြစ်စေတယ်!
"ဦးလေးလီက ဘယ်လိုဖြစ်ပြီး သွားကကိုက်သွားရတာလဲ?" ဆုနိုသည် တီထွင်ဖန်တီးမှုရှိသည့် ညဏ်ဖြင့် စိတ်ပူစပြုလာပြီး "ကျွန်တော်အစ်ကိုကြီးရော အခက်အခဲတွေ အရမ်းများနေလား?”
"အိမ်မှာ အဆင်ပြေပါတယ်။" ဦးလေးလီသည် ပြင်းပြင်းထန်ထန် အားစိုက်ထုတ်ကာ သကြားလုံးကို မျိုချလိုက်သည်။ "သွားကိုက်တာက အသားကင်တွေ စားတာ အရမ်းများသွားလို့ပါကွယ်"
ဆုနို သက်ပြင်းတစ်ချက်ချလိုက်ပြီး “လူကြီးတွေက ကိုယ့်ကျန်းမာရေးကို ထိန်းသိမ်းဖို့ တကယ်ပဲ သင်ယူသင့်တယ်”
"ဒါပေမယ့် မင်းအစ်ကိုက အခုနောက်ပိုင်း အလုပ်ရှုပ်နေတာ။" ဦးလေးလီက ကားမောင်းရင်း စကားစမြည် ပြောနေသည်။ "မင်း အချိန်ရရင် ကျေးဇူးပြုပြီး သူ့ကို ပိုဂရုစိုက်လိုက်ပါဦး"
ကာစီနိုထဲမှာတော့ ဟန်ဝေသည် ပြတင်းပေါက်ရှေ့တွင် ဆေးလိပ်သောက်နေသည်။
"အစ်ကိုကြီး" ဆုနိုသည် တံခါးကို တွန်းဖွင့်ပြီး အခန်းထဲကို ဝင်လာတော့ မီးခိုးနံ့ အနည်းငယ် ရှူရှိုက်မိ၏။
ဟန်ဝေသည် စီးကရက်ကိုမီးငြိမ်းသတ်လိုက်ပြီး ပြတင်းပေါက်ကိုဖွင့်လိုက်သည်။
"ဘာလို့ ဒီလောက်ဆေးလိပ်သောက်နေတာလဲ?" ဆုနိုသည် ဆေးလိပ်ပြာခွက်ကို ကြည့်ကာ ညည်းညူလိုက်သည်။
“ဘာရယ် မဟုတ်ပါဘူး” ဟန်ဝေသည် ဆုနိုရဲ့ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး "မင်းက အစ်ကိုကြီးအတွက် ကွတ်ကီးဖုတ်ပေးဖို့ ဘာလို့ ရုတ်တရက် တွေးမိသွားရတာလဲ?"
"အစ်ကိုကြီးက အလုပ်များပြီး မနက်စာမစားဘူးလေ။ ပြီးတော့ မရီးလည်း ဒီမှာမရှိဘူးမလား ?" ဆုနိုသည် သူ့စားပွဲပေါ်ရှိ စာရွက်တွေကို ကူစီပေးပြီးနောက် "ဘာတွေဖြစ်နေလို့လဲ?"
"ဒါ ကြီးကြီးမားမား မဟုတ်ပါဘူး။ မင်း စိတ်ပူနေစရာ မလိုဘူး။" ဟန်ဝေ သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ “အစ်ကိုကြီးဘာသာ ပြသနာတွေကို ဖြေရှင်းနိုင်ပါတယ်”
"ဒါပေမယ့် ဘာတွေဖြစ်နေတာလဲဆိုတာတော့ ကျွန်တော်ကို အမြဲပြောပြသင့်တယ်" ဆုနိုသည် မျက်မှောင်ကျုံ့လိုက်သည်။ "ကျွန်တော်မကူညီနိုင်ရင်တောင် အနည်းဆုံးတော့ အစ်ကိုကြီးရဲ့ဘေးကင်းမကင်းကို သိရတာပေါ့"
ဟန်ဝေ သက်ပြင်းချလိုက်သည်။ “အန်ကယ်လီ မင်းကို ဘာပြောလိုက်တာလဲ?”
"သူဘာမှမပြောပါဘူး။ ဒါကြောင့်ပဲ ကျွန်တော် အစ်ကိုကြီးကို မေးနေတာပေါ့"ဆုနိုသည် အခိုင်အမာပြောလိုက်သည်။
“အဲဒါက သိပ်ကြီးကြီးမားမားတော့ မဟုတ်ဘူး။” ဟန်ဝေသည် သူ့ကို ဖျော်ရည်တစ်ပုလင်း ပေးလိုက်ပြီး "မကြာသေးမီက အစ်ကိုကြီး ဟိုတယ်တစ်ခု ဝယ်ချင်ပေမယ့် တစ်ယောက်ယောက်က ခက်ခဲအောင် လုပ်နေတယ်"
"ဘယ်သူလဲ?" ဆုနို မေးလိုက်သည်။
"ချူဟန်ရဲ့သူဌေး။ဒါပေမယ့် ကိစ္စမရှိပါဘူး။ ပြေလည်လုနီးပါးဖြစ်နေပါပြီ"
"ကိုယ့်ကိုကိုယ် ဖိအားပေးပြီး အလုပ်အရမ်းမလုပ်ပါနဲ့။" ဆုနို အနည်းငယ်စိုးရိမ်သွားပြီး "အစ်ကိုကြီးကို ကူညီပေးနိုင်ဖို့ ကျွန်တော်လုပ်ပေးနိုင်တာ တစ်ခုခုရှိလား?"
“အခုလောလောဆယ် ဘာမှလုပ်စရာ မလိုဘူး။ ဒါပေမယ့် အစ်ကိုကြီး ထန်ရှောင်းယွီကို တွေ့ချင်တယ်" ဟန်ဝေ ပြောလိုက်သည်။
"သူကို?" ဆုနို ရှုပ်ထွေးသွားရပြီး "ဘာလို့ သူ့ကိုရှာနေတာလဲ?"
“ပြီးခဲ့တဲ့ အကြိမ်က သူ ငါတို့ကို တမင် သစ္စာဖောက်ခဲ့တာ ဘာကြောင့်လဲ ဆိုတာ သိချင်တယ်” ဟန်ဝေသည် ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
“ဒါပေမယ့် ကြာနေပြီ......” ဆုနို သူ့အစ်ကိုကြီးကို သေချာကြည့်လိုက်သည်။
မျှမျှတတပြောရလျှင် ထန်ရှောင်းယွီအပေါ် သူ့ရဲ့ပထမဆုံးထင်မြင်ချက်မှာ မဆိုးလှပေ။ အထူးသဖြင့် မနေ့က ကျုံးလီဖုန်းပိုင်ကို ကယ်တင်လိုက်တဲ့အခါ မှာပေါ့!
"စိတ်မပူပါနဲ့ အစ်ကိုကြီးက ဘာဖြစ်လို့လဲဆိုတာကို အဖြေရှာကြည့်ချင်တာပါ" ဟန်ဝေ ပြောလိုက်သည်။ "တကယ်လို့ သူ့အမှားဆိုရင် မင်း သူ့ကို သဘောကျတာမို့ လွှတ်ပေးလိုက်မယ်။ ဒါပေမယ့် သူက အစ်ကိုကြီးတို့ကို သစ္စာဖောက်ဖို့ တကယ်မရည်ရွယ်ရင် အစ်ကိုကြီး သူနဲ့ နောက်တစ်ကြိမ် လက်တွဲချင်တယ် "
"သူနဲ့ အလုပ်တွဲလုပ်မှာလား?" ဆုနို ပိုလို့တောင် အံ့သြသွားသည်။
"အစ်ကိုကြီး ကျွမ်းကျင်တဲ့လူတစ်ယောက်လိုတယ်" ဟန်ဝေ ဆုနိုကို ကြည့်ကာ "ကာစီနိုဘက်မှာ သူက အလုပ်တွေ ပြီးမြောက်အောင် လုပ်တဲ့နေရာမှာ တော်တော်မြန်တယ်"
"ဘယ်သူနဲ့ လောင်းကစားတွဲလုပ်မှာလဲ?" ဆုနို သိချင်လာမိသည်။
"ရက်အနည်းငယ်ကုန်သွားရင် အစ်ကိုကြီးပြောမယ်။" ဟန်ဝေ သူ့ပါးလေးကိုညစ်လိုက်ပြီး "မင်း ဒီည မင်းရဲ့ ချစ်အစ်ကိုကြီးနဲ့ အတူတူစားချင်လား?"
"??" ဆုနိုသည် အနည်းငယ် စိတ်ရှုပ်ထွေးနေပြီး မဆုံးဖြတ်နိုင် ဖြစ်နေရသည်။ သူ့ရဲ့ကိုလူချောက စွပ်ပြုတ်သောက်ဖို့ အိမ်မှာ စောင့်နေတုန်းဖြစ်သည်။
"မစားချင်ဘူးလား?" ဟန်ဝေ မျက်မှောင်ကြုတ်လိုက်သည်။
ဘယ်ဟုတ်မလဲ! ဆုနို စိတ်ပူစပြုလာသည်။ ငါ့အစ်ကိုကြီးလည်းအရမ်းအရေးကြီးတယ် အား!
တစ်ချိန်တည်းမှာလည်း နှစ်နေရာခွဲမနေနိုင်တော့တဲ့အတွက် ဆုနိုသည် သူ့အစ်ကိုကြီးကို မစ္စတာဒါရိုက်တာအား အိမ်ကို ညစာစားဖို့ ဖိတ်ခိုင်းလိုက်သည်။
ဘာလို့လဲဆိုတော့ သူက ဒီနှစ်ယောက်ကို တစ်ပြိုင်နက်တည်း ဂရုစိုက်ပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်လို့ပဲ အား!
ဒီအခြေအနေတွေက တကယ်ကို အလွန်ဆိုးဝါးတဲ့ အခက်အခဲတွေပဲ အား!
ငါက အရမ်းတော်တဲ့လူပဲ အား!
"သုံးယောက်အတူတူလား?" ဟန်ဝေ မျက်မှောင်ကြုံပြန်သည်။
"……မသွားချင်ဘူးလား?" ဆုနိုသည် သူ့အစ်ကိုကြီးအား မဝံ့တရဲကြည့်လိုက်သည်။ သူ့ရဲ့စိတ်ကူးစိတ်သန်းတွေသည် ထိုဒရမ်မာဇာတ်လမ်းများ၏ဂန္တ၀င်အခန်းများကို လျင်မြန်စွာတွေးတောခဲ့သည်-ယောက္ခမသည် မည်သူ့ကိုမျှလက်မခံ၊ ပဋိပက္ခအလယ်၌ပိတ်မိနေသည့် ကြေကွဲဖွယ် သူဟုပင်။
"အစ်ကိုကြီး သွားမယ်!" ဟန်ဝေ ဆုံးဖြတ်လိုက်သည်။
ဆုနို သက်ပြင်းချကာ "ဒါဆို အစ်ကိုကြီးအလုပ်ပြီးတာနဲ့လာနော်။ ကျွန်တော် ချက်ဖို့အိမ်ကို အရင်သွားလိုက်ဦးမယ်။ "
"မင်း ဟင်းချက်နေတာလား!!?" ဆုနို၏စကားကိုကြားသောအခါ အစ်ကိုကြီးဖြစ်သူက ဒေါသထွက်သွားရသည်။
".........."
ဒါပေမယ့် သူက ဟင်းမချက်တတ်ဘူးလေ။ ပြီးတော့ အစ်ကိုကြီးလည်း ဟင်းမှ မချက်တတ်တာ။ ဆုနိုသည်စိတ်ထဲမှာ ညည်းညူသော်လည်း သူ အသံကျယ်ကျယ်မပြောရဲချေ။
ဟန်ဝေသည် အလွန်စိတ်ဆိုးသွားပြီး အိုးရန်လုံကိုတကယ် ထိုးပစ်ချင်သည်။
သူ ငယ်ငယ်လေးကတည်းက ငါ သူ့ကိုစောင့်ရှောက်ပေးခဲ့တာ အခုဆိုသူအရွယ်ရောက်လာပြီ။ ဒါကို မင်းက သူ့အတွက် ချက်ပြုတ်ပေးဖို့ လုပ်ဝံ့ရတာလဲ?
ဟန်ဝေ တကယ်သည်းမခံနိုင်။
"မင်းအစ်ကိုကြီးက ညစာစားဖို့လာမယ်တဲ့လား?" ဆုနို၏ခေါ်ဆိုမှုကို လက်ခံရရှိသောအခါ ဒါရိုက်တာသည်အံ့သြသွားသည်။
"ဟုတ်တယ် ... ဒါရိုက်တာကြီး သူ့ကိုမလာစေချင်ဘူးလား" ဆုနို စိတ်ပူပန်သွားရသည်။
"မဟုတ်ပါဘူး။ ကိုယ် အဆင်ပြေပါတယ်။ "အိုးရန်လုံ ပြောလိုက်သည်။ “သူလာချင်တယ်ဆိုတာ အံ့သြဖို့ကောင်းလိုက်တာ”
"ကျွန်တော် ချက်ချင်းပြန်လာခဲ့မယ် " ဆုနို သူ့ကို ပြောလိုက်သည်။ “ အိမ်ကိုသန့်ရှင်းရေးလုပ်ပေးထားနော်။စားပွဲပေါ်က ကွန်ဒုံးနှင့်ချောဆီတွေကို ဖွက်ထားဖို့လည်း မမေ့နဲ့ဦး! ”
ရယ်ရမလားငိုရမလားမသိ။ "မင်းအစ်ကိုကြီးက ကိုယ်တို့ရဲ့အိပ်ယာဘေးက စားပွဲအံဆွဲထဲကို ရှာမှာမို့လို့လား?"
"ကြိုတင်ပြင်ဆင်ထားတာ ဘာမှမမှားပါဘူး" ဆုနိုသည် အလွန်ပင် အလေးနက်ထားခဲ့သည်။ “ကျွန်တော် လုပ်စရာရှိတာတွေ လုပ်ပြီးလို့ အိမ်ပြန်လာခဲ့ရင် ကျွန်တော် ပြန်စစ်မယ်!” ရှေးလူကြီးတွေ ပြောခဲ့တဲ့ စကားတွေကိုလိုက်နာရမယ်!
ဖုန်းချလိုက်ပြီးနောက် အိုးရန်လုံသည် ထိုအရာများကို ကောက်ယူလိုက်ပြီး ဗီရိုထဲသို့ ပစ်ထည့်လိုက်ကာ အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။
စမတ်ကျပြီး လိမ္မာတဲ့ဇနီးလေးနဲ့အတူနေရတာကြီးက ငါ့ဘဝကို ထူးဆန်းတာတွေနဲ့ပဲ ဆုံနေရတယ်!
နာရီဝက်အကြာတွင် ဆုနိုသည် ဟင်းသီးဟင်းရွက်များနှင့် အသားများကို အိမ်ပြန်သယ်လာတော့ သူ့လက်ထဲမှာ ကြီးမားတဲ့အိတ်တွေနှင့်အတူ အိတ်သေးသေးလေးတစ်လုံးပါလာခဲ့သည်။
"မင်းဘာလို့ မင်းကိုယ်တိုင်သွားဝယ်ရတာလဲ?" အိုးရန်လုံ အံ့သြသွားသည်။ သတင်းထောက်တွေက မိသွားမှာမကြောက်ဘူးလား!
"မဟုတ်ဘူး။ ကျွန်တော် စာရင်းတစ်ခုရေးပေးလိုက်တာ။ ကျွန်တော့်အစ်ကိုကြီးရဲ့အလုပ်သမားတွေက အဲဒါတွေကို သွား၀ယ်ပေးခဲ့တယ်" ဆုနိုသည် သူ့ဖိနပ်ကိုတံခါးနားမှာ ချွတ်ကာ ပြောင်းစီးလိုက်ပြီး “ဒါရိုက်တာကြီး အကြိုက်ဆုံးဂေါ်ဖီထုပ်ကိုလည်း ကျွန်တော်ဝယ်လာခဲ့တယ်။ ”
"မင်း ကိုယ်နဲ့မတည့်တဲ့ သိုးသားနဲ့ နံနံပင်ကိုလည်း ၀ယ်ခဲ့တယ်မလား? " အိုးရန်လုံသည် ဆုနို၏နှာခေါင်းလေးကို ညစ်လိုက်သည်။
ဆုနို မော့ကြည့်ရင်း ချောင်းဟန့်လိုက်သည်။ နံနံပင်နဲ့သိုးသားက ကျွန်တော့်အစ်ကိုကြီးအတွက်လေ!
အိုးရန်လုံသည် ပြုံးနေတာကိုရပ်လိုက်ပြီး ဆုနိုကို နမ်းရန် ခေါင်းကိုငုံ့လိုက်သည်။
သူက ငတုံးလေး ဖြစ်နေတာကိုက ချစ်စရာကောင်းနေတာပဲ!
"ကျွန်တော် အစ်ကိုကြီးရောက်လာရင် ဒါရိုက်တာကြီးတို့ ရန်စောင် ငြင်းခုံနေလို့မရဘူးနော်။ တိုက်ခိုက်တာတွေပါ လုပ်လို့မရဘူး!" ဆုနိုသည် ပန်းကန်ဆေးနေရင်း ပြောလိုက်သည်။
"ကိုယ်တို့က ဘာလို့ရန်ဖြစ်ရမှာလဲ?" အိုးရန်လုံသည် ပြောနေရင်း သူ့ကို အေပရွန် ကူချည်ပေးခဲ့သည်။
“......ကျွန်တော်က ဒါရိုက်တာကြီးကို သတိပေးနေရုံပါပဲ” ဆုနိုသည် သူ့လက်မှရေတွေကို ခါထုတ်ပစ်လိုက်သည်။ လူသားတိုင်း ကြောက်ရွံ့ကြသည့် ရှေးဟောင်းပြဿနာမှာ ယောက္ခမနှင့်ချွေးမတို့၏ဆက်ဆံရေးပင်ဖြစ်သည်။ အချောဆုံးနှင့် HC(hardcore)အမျိုးသားများပင် ခြွင်းချက်မရှိပေ။
ပြီးတော့ ငါ့မိသားစုရဲ့စီးပွားရေးက ယောက္ခမဆက်ဆံရေးထက်တောင် ပိုလေးနက်သေးတယ်!
ဘာကြောင့်လဲဆိုတော့ ယောက္ခမနဲ့ချွေးမက စပြီးရန်ဖြစ်ခဲ့ရင် ခင်ပွန်းက သူတို့ကို ခွဲခွာခိုင်းလို့ရလိမ့်မယ်။ ဒါပေမယ့် ဒါရိုက်တာနဲ့ ငါ့အစ်ကိုကြီးရန်ဖြစ်ကြရင် သူတို့ကိုရပ်တန့်ဖို့ တစ်ခုတည်းသောနည်းလမ်းက သစ်သီးလှီးတဲ့ဓားနဲ့ လက်ကောက်ဝတ်ကို သူ့ကိုယ်သူလှီးပစ်မှပဲ ရလိမ့်မယ်!
သူ၏ဦးနှောက်သည် ဤကွက်ကွက်ကွင်းကွင်းပုံရိပ်တွေကို စတင်တွေးတောပြီးနောက် ဆုနို၏စိတ်အခြေအနေများသည် စကားဖြင့်မဖော်ပြနိုင်လောက်အောင် ရုတ်တရက်ကြီး ရှုပ်ထွေးလာရသည်။
ဒါကို ကြိုသိခဲ့မယ်ဆိုရင် ငါ တိုက်ကွမ်ဒို (ဒါမှမဟုတ်ရင်) ကိုယ်ခံပညာအချို့ကို သင်ယူခဲ့ပါတယ်!
"မင်းဘာတွေစဉ်းစားနေတာလဲ?" အိုးရန်လုံသည် ဆုနို၏မျက်နှာရှေ့တွင် သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။
“အော်....ဘာမှမဟုတ်ပါဘူး။ ” ဆုနို၏စိတ်အခြေအနေသည် ဗရမ်းဗတာ ဖြစ်နေ၏။ "အလုပ်အကြောင်းပါ"
"စက်ဆုပ်စရာကောင်းတဲ့ naked photo အကြောင်းကို မင်းတွေးနေတာလား? ” မစ္စတာဒါရိုက်တာသည် ဒီအကြောင်းကိုတွေးလိုက်မိသည်နှင့် အလွန်ဒေါသထွက်လာရသည်။
"ဒီလိုရိုင်းစိုင်းတဲ့စကားမျိုးမပြောနဲ့! ပြီးတော့ ဒါရိုက်တာကြီးပဲ ကျွန်တော် ရိုက်လို့ရမယ်လို့ ကတိပေးထားတယ်လေ! " ဆုနိုသည် စိတ်ဆိုးတကြီးဖြင့် အထွန့်တက်လိုက်သည်။
"ကိုယ်ပြောတာတွေကို ပြန်သိမ်းလို့ရမလား?" အိုးရန်လုံ မေးလိုက်သည်။
ဘယ်ရမလဲ! "ကျွန်တော်အလုပ်ကို ဝင်စွက်လို့မရဘူး!" ယောကျာ်းပီသတဲ့ယောက်ျားတွေသည် သူတို့၏အလုပ်ကို အခြားသူများ ဝင်ရောက်စွက်ဖက်ခွင့်မပြုနိုင်ပါ။
ထို့နောက် မစ္စတာဒါရိုက်တာသည် အိမ်ခြံမြေ developer ၏စိတ်ကူးကို အရှုံးပေးလိုက်ရသည်။
မချက်ပြုတ်တတ်တဲ့ အစားအသောက်ချစ်သူတွေက အစစ်အမှန်အစားအသောက်ချစ်သူတွေ မဟုတ်ပေ။ နောက်နှစ်နာရီအကြာတွင် ဆုနိုသည် အစားအသောက်ပန်းကန်များဖြင့် ပြည့်နေသည့်စားပွဲတစ်ခုကို ဖန်တီးခဲ့သည်။ တကယ့်ကို အရသာရှိပုံပဲ!
"ကိုယ့်ကလေးက အရမ်းကိုစွမ်းဆောင်ရည် ပြည့်ဝတာပဲ!" အိုးရန်လုံသည် ဆုနိုကို အနောက်ကနေ ပွေ့ဖက်လိုက်သည်။
“ ဟုတ်တာပေါ့! ” ဆုနိုသည် အနည်းငယ် ရောင့်ရဲလိုက်ပြီး အောင်မြင်မှုကို ခံစားခဲ့ရသည်။
"နမ်း " အိုးရန်လုံသည် သူ့ကိုပြတင်းပေါက်ဘေးဘောင်မှာ တင်ကာ ထိန်းကိုင်ထားသည်။
ဆုနိုသည် လိမ်လိမ်မာမာဖြင့် မစ္စတာဒါရိုက်တာဘက်သို့ တဖြည်းဖြည်းညွှတ်လာပြီး သူတို့ရဲ့ နွေးအိအိနဲ့လျှာက အတွင်းပိုင်းထဲသို့မ၀င်ခင်မှာပဲ တံခါးခေါက်သံက ထွက်ပေါ်လာတော့သည်။
သူက ငါတို့ကိုနှောက်ယှက်ဖို့ အချိန်ကောင်းကို တကယ်ရွေးနိုင်တာပဲ!
"အဲဒါ အစ်ကိုကြီးပဲ! " ဆုနိုသည် သူ့ရဲ့ ခန့်ညားတဲ့လူကြီးကိုစွန့်ခွာပြီး ပျော်ရွှင်စွာ တံခါးသွားဖွင့်လိုက်သည်။
သူ့ညီငယ်လေး၏ပန်းရောင်အေပရွန်ကိုကြည့်ပြီး ဟန်ဝေသည် သူ့စိတ်ထဲ၌ စိတ်အနှောင့်အယှက်ဖြစ်စေ
သည့်လက္ခဏာတွေ ထွက်လာတော့သည်။
ဆုနို၏ဇနီးသည်လေးလို ခိုင်မာတဲ့အပြုအမူမျိုးက ဟန်ဝေကို တကယ်ပဲ စိတ်ဆိုးမာန်ဆိုး ဖြစ်စေသည်
“ အထဲကို ဝင်ထိုင်လေ။အစ်ကိုကြီး ” ဆုနိုသည်သူ့အစ်ကိုကြီးကိုဧည့်ခန်းသို့ ခေါ်လာကာ ထမင်းပြင်ရန် မီးဖိုချောင်ထဲသို့ ပြန်ဝင်လာခဲ့သည်။
အိုးရန်လုံနှင့် ဟန်ဝေတို့သည် ဧည့်ခန်းတွင်အတူထိုင်နေကြသည်။ အပြင်ဘက်မှာတော့ သူတို့နှစ်ဦးစလုံးသည် တည်ငြိမ်ပြီးကြည့်ကောင်းအောင် နေနေကြသော်လည်း စိတ်ထဲ၌ သူတို့က ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး တိုက်ခိုက်ရန်အသင့်ဖြစ်နေကြသည်။
နှစ်ယောက်လုံးက စကားမပြောကြပေ!
သူက မာကျောက်ရောင်းဝယ်သူတစ်ယောက် မဟုတ်တာ သေချာတယ်!
မစ္စတာဒါရိုက်တာသည် အနည်းငယ်စိတ်ပူပန်သွားသည်။
တစ်ချိန်တည်းမှာပင် အစ်ကိုကြီးသည်လည်း အလွန်စိတ်ရှုပ်သွားသည်။
သူ့ညီငယ်လေး၏မျက်လုံးတွေက အခြေအနေတစ်ရပ်မှာ တကယ်ပဲ ပုပ်သွားတာပဲ!
ဒီကောင်က ဘာကောင်းတာရှိလို့လဲ !!!
ညနေစာက အရမ်းကောင်းတယ်။ ဒါပေမယ့် ဆုနိုသည် သူ့မှာဂရုစိုက်ရမယ့်လူနှစ်ယောက်ရှိနေတာကြောင့် သူ့ကိုယ်သူတောင် သေချာ မစားနိုင်ခဲ့ပေ။ အညီအမျှမဖြစ်ရင် သူတို့က ထတိုက်ခိုက်ကျလိမ့်မယ်လေ!
ဒါ အရမ်းပင်ပန်းရတယ်!
ငါ တကယ်ရုန်းကန်နေခဲ့ရတာပဲ!
“အဆင်ပြေတယ်။ ကိုယ့်ဘာသာ စား ” အိုးရန်လုံသည် တကယ်သည်းမခံနိုင်တော့ဘဲ ဆုနိုကို စွပ်ပြုတ် ကူထည့်ပေးလိုက်သည်။
"ကိုယ်တို့ဘာသာ ထည့်စားလို့ရပါတယ်"
ဟန်ဝေသည်လည် သူ့ကိုငါးတစ်ဇွန်းထည့်ပေးလိုက်သည်။
“ဟုတ်တယ်။ စားရုံပဲလေ။ မင်း အစ်ကိုကြီးတို့အတွက် စိတ်ပူစရာမလိုဘူး။ "
အိုးရန်လုံသည် ဆုနိုအား ဟင်းသီးဟင်းရွက် ထည့်ပေးခဲ့သည်။
ဟန်ဝေသည်လည်း ခရမ်းသီးအချို့ကို ထပ်ထည့်ပေးလိုက်ပြန်သည်။
အိုးရန်လုံက သူ့ကိုပဲတီစိမ်းတစ်ဇွန်း ခွံကျွေးလိုက်သည်။
ဟန်ဝေ ဒေါသထွက်သွားသည်။ သူ့ လုပ်ရဲတယ်ပေါ့! ငါ့ရှေ့မှာကိုတောင်လေ!
"........"
ကျေးဇူးပြုပြီး ကျွန်တော်တို့ပုံမှန်အတိုင်းပဲ ညစာစားလို့ရမလားဟင်? ဆုနိုသည် သူ၏နှလုံးသားထဲတွင် မျက်ရည်များစီးကျလာသည်။
ဟန်ဝေသည် ဆုနိုကို ကြက်အတောင်ပံတွေ ထည့်ပေးချင်ပေမယ့် ဆုနိုရဲ့အမူအရာက ရှုံ့မဲ့မဲ့ဖြစ်လာတာကြောင့် သူ ကြက်တောင်ပံတွေကို အိုးရန်လုံဆီကိုသာ ပေးလိုက်သည်။
မစ္စတာဒါရိုက်တာ:.........
"မင်းလည်းစား " ဟန်ဝေသည် အေးစက်စွာပြောလိုက်သည်။
".......ကျေးဇူးတင်ပါတယ်။" အိုးရန်လုံသည် စိတ်ရှုပ်ထွေးတစ်လှည့် အံ့သြသွားသည်။ ထို့နောက် အိုးရန်လုံသည် ဟန်ဝေကို စွပ်ပြုတ် ပြန်ထည့်ပေးခဲ့သည်။
ဒီအခြေအနေက နည်းနည်းလေးတော့ ထူးဆန်းပေမယ့် အနည်းဆုံးတော့ သူတို့ ပြေလည်သွားကြသည်။ ဆုနိုသည် သက်ပြင်းချလိုက်သည်နှင့် စွပ်ပြုတ်သောက်ရန် ခေါင်းကိုအငုံ့ ဘေးကခွက်ကို တိုက်မိသွားသည်။
"အိုက်ယား!" ဆုနိုသည် မတ်တပ်ရပ်လိုက်ကာ ဖရဲသီးဖျော်ရည်သည် သူ့ရဲ့ညအိပ်အင်္ကျီကို စိုသွားစေသည်။
အိုးရန်လုံသည် တစ်ရှူးအချို့ကို အမြန်ထုတ်လိုက်ပြီး ဆုနိုကို သုတ်ပေးလိုက်သည်။
“ အဆင်ပြေတယ်။ ရတယ်။ကျွန်တော် အခုပဲသွားလဲလိုက်မယ် " ဆုနိုသည် အိပ်ခန်းသို့အပြေးသွားပြီး ဗီဒိုကိုဖွင့်လိုက်ကာ အမည်မသိအရာများ၏ရိုက်မိခြင်းကို ခံလိုက်ရသည်။
"အ့!!" ဆုနိုသည် သတိလက်လွတ်အော်ဟစ်လိုက်ပြီး အလွန်အံ့သြသွားသည်။
ဆူညံသံကိုကြားလိုက်ရသော အိုးရန်လုံနှင့် ဟန်ဝေတို့သည် ဆုနိုဆီသို့ ပြေးအသွား။ အရောင်မျိုးစုံပါသောကွန်ဒုံးများဖြင့် ပြန့်ကျဲနေသည့် ကြမ်းပြင်ကိုတွေ့လိုက်သည်နှင့်.....
ဟန်ဝေ၏ဦးခေါင်းသည် ချက်ချင်းပင် သွေးများဖြင့်ပြည့်လာတော့သည်။
ဒါ ဘယ်လိုအခြေအနေလဲ!
“အာ.....ကျွန်တော် အဆင်ပြေပါတယ်" ဆုနိုသည် စိတ်အတွင်းထဲ၌ အော်ဟစ်နေကာ လူသတ်မျက်လုံးများဖြင့် သူ့လူကြီးအား ကြည့်လိုက်သည်။
မစ္စတာဒါရိုက်တာသည် မတရားခံလိုက်ရသလို ခံစားခဲ့ရသည်။ မင်းပဲ ကိုယ့်ကို ဖွတ်ထားလို့ ပြောခဲ့တာလေ.......
"အိမ်မှာကိစ္စရှိလို့ အစ်ကိုကြီး အရင်သွားတော့မယ်" ဟန်ဝေက အခုချက်ချင်း အိမ်ပြန်သင့်တယ် လို့ တွေးလိုက်မိသည်။ ဒါမှမဟုတ်ရင် သူတကယ် ဒေါသတွေ ပေါက်ထွက်လာရတော့မယ်!
"ကျွန်တော် အဝတ်အစားလဲပြီး အစ်ကိုကြီးနဲ့လိုက်ခဲ့မယ်" ဆုနိုသည် သူ့အစ်ကိုကြီးကို ရှင်းပြရမယ်ဆိုတာတော့ သိပေမယ့် သူ ဘယ်လိုဆက်လုပ်ရမလဲဆိုတာကို မသိပေ။ ဒါပေမယ့် သူရှင်းမပြရင် သူ့အစ်ကိုကြီးက ပိုစိတ်ဆိုးသွားပြီး ပေါက်ကွဲသွားနိုင်တယ်။ ဒီအခြေအနေမျိုးဆို အကျိုးဆက်တွေက အလွန်ကြောက်စရာကောင်းလာလိမ့်မယ်။ အဲ့လို့ မဖြစ်ရဘူး!
အိုးရန်လုံသည် စကားထုတ်ပြောချင်ပေမယ့် ဆုနိုက သူ့ခါးကို ဆွဲဆိတ်လိုက်တာကြောင့် သူ့စကားတွေကို ပြန်မျိုချလိုက်ရသည်။
"ကျွန်တော် ကားမောင်းပို့ပေးဖို့ လိုသေးလား?"
"မလိုဘူး။ ငါကိုယ်တိုင် မောင်းလာတာ။" ဟန်ဝေ၏လေသံက အေးစက်လို့သွားသည်။
ဆုနို၏ခြေထောက်များသည် အနည်းငယ် ပျော့ခွေယိုင်သွားသည်။
ညီအကိုနှစ်ယောက်စလုံးသည် ကားရပ်နားရာသို့ ဆင်းသွားကာ ဟန်ဝေသည် တံခါးဖွင့်ကာ ကားအတွင်းသို့ ဝင်ထိုင်လိုက်သည်။
“အစ်ကိုကြီး......” ဆုနိုသည် သူ့အစ်ကိုကြီးကို သတိထားကာ ကြည့်လိုက်သည်။
"အနှေးနဲ့အမြန် ငါမင်းကို သတ်မိတော့မယ်" ဟန်ဝေသည် ညီငယ်ဖြစ်သူ၏ မျက်နှာကိုကြည့်ကာ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေသည်။
"ကျွန်တော်...လူကြီးဖြစ်နေပါပြီ" ဆုနိုရဲ့ နားရွက်တွေက နီရဲနေပြီး "တစ်ခါတစ်လေ....ကျွန်တော်တို့က....လုပ်စရာရှိတယ်... သိတယ်မလား...အဲ့လိုမျိုးတွေလေ"
မဟုတ်ရင် ကျွန်တော် မျိုသိပ်ထားရလိမ့်မယ်! ကျွန်တော့်ရဲ့ရှောင်ရှောင်းနို*လေးကလည်း ထုတ်မလွှတ်ရဘူးဆိုရင် ကျွန်တော်ခံနိုင်ရည်ရှိမှာ မဟုတ်တော့ဘူး... ဒါဆိုရင် တကယ်ကို စိတ်ပျက်စရာကောင်းတာတွေ ဖြစ်လာလိမ့်မယ်လေ!
မင်းရဲ့ကွန်ဒုံးတွေက တစ်ခါတလေမှာတင်မဟုတ်ဘဲ တစ်နှစ်ပတ်လုံး သုံးလို့ရတယ်ကွ!
ဟန်ဝေသည် ခေါင်းကိုက်နေသဖြင့် "အိုခေ!အိုခေ!ပြန်တက်တော့"
အိမ်ထောင်မပြုရသေးတဲ့ ညီဖြစ်သူက လူပျိုစင်ဘဝကိုတောင် ဆုံးရှုံးသွားခဲ့ပြီလေ!
ဆုနိုသည် ခရမ်းချဉ်သီးမျက်နှာဖြင့် မောင်းထွက်သွားသော အစ်ကိုကြီး၏ကားကို စိုက်ကြည့်နေသည်။ ဟန်ဝေ ထွက်သွားပြီးနောက် ဆုနိုသည် အိမ်သို့ပြန်သွားပြီး သူ့ရဲ့ခန့်ညားတဲ့လူကြီးကို စတင်လှုပ်ယမ်းလိုက်တော့သည်။
"ဘာမှားလို့လဲ?" အိုးရန်လုံသည် ဆုနို၏နှာခေါင်းကို ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် ဖိညစ်လိုက်သည်။
"ဘာလို့ ဒီပစ္စည်းတွေကို ဗီရိုထဲမှာ ထည့်ထားတာလဲ?" ဆုနို၏မျက်နှာတစ်ခုလုံးသည် နီရဲလို့နေပြီ။
"မင်း ဗီရိုကိုဖွင့်မယ်ဆိုတာ ကိုယ်ဘယ်လိုလုပ်ပြီး သိမှာလဲ?" မစ္စတာ ဒါရိုက်တာကြီးသည် ရိုးသားစွာ အပြစ်ကင်းစင်ဟန်ဖြင့် ပြောလိုက်သည်။
"အဲ့ဒီအရာတွေကို အစ်ကိုကြီးမြင်ခဲ့တာကို မယုံနိုင်ဘူး" ဆုနိုသည် ဆိုဖာပေါ်တွင် သေဆုံးသွားပြီး နက်မှောင်နေသည့်တွင်းထဲသို့ တွားသွားချင်မိသည်။
ရှက်စရာကောင်းလိုက်တာ!
ပြီးတော့လည်း အများကြီး!
ငါ့အစ်ကိုကြီးက မစ္စတာ ဒါရိုက်တာနဲ့ငါက နေ့တိုင်း beep--ကြတယ်လို့ ထင်သွားတော့မယ်!
ကျေနပ်မှု မရတဲ့ bottomလေး တစ်ယောက်လို ခံစားရသဖြင့် ဆုနိုသည် ဟန်မိသားစု၏သမိုင်းကို အရှက်ရစေခဲ့၏။ အား!!
ဆုနိုသည် အသက်ရှင်နေသလား၊ သေနေသလားတောင် မသိတော့ပေ။
"ကလေး...မင်း ကြီးလာပြီလေ။ ဒါကြောင့် ဒီလိုမျိုးလုပ်တယ်ဆိုတာ ပုံမှန်ပါပဲ။” အိုးရန်လုံက သူ့ကို ပွေ့ဖက်လိုက်ပြီး "ဘာလို့ အရမ်းရှက်နေတာလဲ?"
ဒါရိုက်တာကြီးပြောတာမှန်ပေမယ့် ရှက်စရာဖြစ်နေတုန်းပဲ။
ဆုနိုသည် ဝါယာရှော့ဖြစ်ပြီး အိုးရန်လုံ၏တီရှပ်ကို ခေါင်းပေါ်ကနေ မြှောက်ချွတ်ပေးလိုက်သည်။
အိုးရန်လုံ : .....
"မလှုပ်နဲ့။ ကျွန်တော်စိတ်အေးအေးထားဖို့လိုတယ်။" ဆုနိုသည် လေးနက်ပြီး နောက်တရနေလျက်။
သူ့ရဲ့အိုဗာဆိုဒ် တီရှပ်အင်္ကျီကို ကြည့်ပြီး အိုးရန်လုံ ဘာလုပ်ရမှန်းမသိ။
________________
ထိုအချိန်မှာတော့ ချိုးကျီယန်သည် ထန်ရှောင်းယွီ၏ ပြင်သစ်စာမေးပွဲရမှတ်များကို စစ်ဆေးနေသည်။
အနီရောင် C က.......တကယ် တကယ်ကို မြင်သာပြီး ကြီးမားစွာတည်ရှိနေသည်။
"ကျွန်တော် အကောင်းဆုံးကြိုးစားထားပါတယ်။" ထန်ရှောင်းယွီ ရေရွတ်လိုက်သည်။
သူ့အခြေခံက တော်တော်ဆိုးတာမို့ အတန်းထဲမှာ သင်ပေးတဲ့အရာတွေကို အများကြီး နားမလည်နိုင်ပေ။
“အရေးမကြီးပါဘူး။ သင်ယူလေ့လာဖို့ အချိန်တွေအများကြီးရှိပါတယ်။” ချိုးကျီယန်က သူ့ကို ပေါင်ပေါ်တင်လိုက်ပြီး "ကိုယ် မင်းကို ညတိုင်း သင်ပေးမှာပါ"
".....အကိုကျီရန်က ပြင်သစ်စကား တတ်တယ်လား?" ထန်ရှောင်းယွီ အံ့သြသွားသည်။
“အင်း” ချိုးကျီယန် သူ့ကိုကြည့်ရင်း "မင်းကို သင်ပေးတာက ပြဿနာမရှိပါဘူး။"
"ဒါပေမယ့် ကျွန်တော် လုပ်နိုင်မယ် မထင်ဘူး!"
▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤[Zawgyi]
အခန္း(၆၈):အတူတူ စားၾကရေအာင္ႏွင့္ ညတာ႐ွည္တဲ့ ညတစ္ညပါပဲ
အိုးရန္လုံသည္ အလြန္အားေကာင္းလာသည္ႏွင့္အမွ် သူသည္ ဆုႏို၏ 'crackers delivery plan' ကိုလုံးလုံးလ်ားလ်ားေႏွာင့္ေႏွးေစခဲ့သည္။ ဆုႏိုသည္ ေန႔လယ္စာ စားခါနီးမွသာ ႏိုးလာေတာ့သည္။
"နာေနေသးလား?" အိုးရန္လုံသည္ ကုတင္အစြန္းတြင္ ထိုင္ေနသည္။
ဆုႏို ညည္းညဴရင္း ညည္းညဴေနေတာ့သည္။
ကြၽန္ေတာ့္ခါးေသးေသးေလးက နာက်င္ေနရတယ္!
သူ႕လူႀကီးက တကယ္ကိုရန္လိုတတ္တာပဲ။ သူက လုံးဝကို မစၥတာရန္လိုပဲ!!
"ကိုယ္ မင္းအတြက္ အရသာ႐ွိတဲ့ ၾကက္သားဆန္ျပဳတ္ဝယ္လာခဲ့တယ္" အိုးရန္လုံသည္ ဆုႏိုရဲ႕ အတြင္းခံေဘာင္းဘီေလးကို ကူၿပီး ခြၽတ္ေပးလိုက္သည္။
ဆုႏို၏ နား႐ြက္မ်ားက ပူထူၿပီးနီလာသည္။ သူတို႔က အရင္းႏွီးဆုံးကိစၥေတြကိုလုပ္ခဲ့ၿပီးၿပီဆိုေပမယ့္လည္း သူ႕တင္ပါးေလးကိုျပတာက သူ႕ကိုနည္းနည္းေတာ့႐ွက္႐ြံ႕ေစတုန္းပဲ။
"မင္း ေရေႏြးနဲ႔ေရခ်ိဳးလိုက္ရင္ ပိုအဆင္ေျပသြားလိမ့္မယ္" အိုးရန္လုံသည္ သူ႕ကိုေရခ်ိဳးခန္းထဲ ေခၚသြားၿပီး "မင္း ကိုယ့္ကိုကူညီေပးေစခ်င္လား? "
ဒါမ်ိဳး မျဖစ္ရဘူး!! ဆုႏို ေခါင္းယမ္းလိုက္သည္။
ဆုႏို ျငင္းပယ္လိုက္ရျခင္းမွာ ၿပီးခဲ့တဲ့တစ္ေခါက္တုန္းက သူ႕ကို ကူညီခိုင္းလိုက္တုန္းကလည္း ကုတင္ေပၚမွာပဲ ထပ္အဆုံးသတ္သြားရတာေၾကာင့္ပဲ!သူ႕ရဲ႕ ႏူးညံ့သိမ္ေမြ႕တဲ့ ဂႏၶမာပန္းေလးက ဒါမ်ိဳးကို ထပ္ၿပီး သည္းမခံႏိုင္ေတာ့ဘူး!
“ေကာင္းၿပီ။ ကိုယ္ မင္းအတြက္ ျပန္ေႏြးေပးထားမယ္" အိုးရန္လုံသည္ နဖူးေပၚကို နမ္းလိုက္ၿပီး အလိုလိုက္ ခ်စ္ခင္မႈရဲ႕အမွတ္အသားကို ျပသလိုက္သည္။
ဆုႏိုသည္ ေၾကာင္ပိုင္႐ွင္က ေၾကာင္ဗိုက္ေလးကိုပြတ္ေပးခံလိုက္ရသည့္ ေၾကာင္တစ္ေကာင္ကဲ့သို႔ပင္ ႐ုတ္တရက္ အလြန္ေပ်ာ္႐ႊင္ၿပီး ေက်နပ္အားရေနပါသည္။ သူ႕မ်က္လုံးမ်ားက ေပ်ာ္႐ႊင္ျခင္းမ်ားျဖင့္ မႈန္ဝါးသြားေလသည္...။
အလြန္႐ွက္စရာပဲ!
ေရခ်ိဳးခန္းထဲက မထြက္ခင္ အိုးရန္လုံသည္ ဘဲအ႐ုပ္ေလးကို ေရကန္ထဲထည့္ေပးလိုက္သည္။
ဆုႏို:.........
“ကိုယ္ body wash ၀ယ္တုန္းက အဲဒါကိုရထားတာ။ မင္းနဲ႔ ေတာ္ေတာ္တူတယ္။" အိုးရန္လုံသည္ ရယ္ေမာရင္း တံခါးအျပင္ကို ထြက္လာခဲ့သည္။
ဘာကိုဆိုလိုတာလဲ? ကြၽန္ေတာ္နဲ႔တူတယ္!!!ဆုႏို တုန္လႈပ္သြားသည္။
ငါက ဘဲတစ္ေကာင္နဲ႔ဘယ္လိုလုပ္ၿပီးတူမွာလဲ!
ဒါက တကယ္ကို လြန္လြန္းတယ္!
မီးဖိုေခ်ာင္၌ အိုးရန္လုံသည္ casserole ၾကက္သားဆန္ျပဳတ္ကို ပန္းကန္လုံးတစ္ခုထဲသို႔
ထည့္လိုက္ၿပီး ...အဲ့ဒီေနာက္ အငန္ ဘီစကြတ္တစ္ခ်ပ္ကိုခိုးယူခဲ့သည္။
ကေလးဆန္လြန္းသျဖင့္ မၾကည့္ရဲေခ်။
"အနံ႔ေလး ေကာင္းတယ္!" ဆုႏိုသည္ ေရခ်ိဳးၿပီးေသာအခါ ဖိနပ္တစ္ရံကို စီးကာ မီးဖိုေခ်ာင္ထဲသို႔ေျပးသြားခဲ့သည္။
မစၥတာဒါ႐ိုက္တာသည္ စားေနသည့္ဘီစကစ္ေတြ မနင္ေစရန္ ေရတစ္ခြက္ကို အျမန္ေသာက္လိုက္ရသည္။
"ဒါ႐ိုက္တာႀကီး ဘာစားေနတာလဲ?" အစားအေသာက္ႀကိဳက္တဲ့သူရဲ႕အသိစိတ္က ျပင္းျပင္းထန္ထန္ပါပဲ။
“ႏွမ္းအရသာမုန္႔ တစ္ခုခုပဲ”
".........."
"ကိုယ္ မင္းအတြက္ မုန္႔သြားဝယ္တုန္းက ပိုင္႐ွင္က ႏွမ္းမုန္႔ထုပ္ေတြ ေပးလိုက္တယ္" အိုးရန္လုံသည္ အလြန္တည္ၿငိမ္ေနၿပီး သူ႕ကိုယ္ဟန္အေနအထားကို အျပည့္အ၀ ထိန္းသိမ္းထားၿပီး မုန္႔ထုပ္မ်ားအေၾကာင္းလည္း ဘာမွ ထပ္မေျပာေပ။
"သူတို႔က တျခားတံဆိပ္နဲ႔ ထြက္လာတာလား?" ဆုႏို ေမးလိုက္သည္။ "အရသာကေရာ အဆင္ေျပလား?"
“အဆင္ေျပပါတယ္။” မစၥတာဒါ႐ိုက္တာက မ်က္ႏွာထားတည္တည္ထားကာ အိုးအဖုံးဖြင့္ဖို႔ လွည့္လိုက္သည္။
"ခ်ိဳလား ငန္လား?" ဆုႏိုသည္ ေလးေလးနက္နက္ပင္။
အိုးရန္လုံသည္ ေမးခြန္းမ်ားေၾကာင့္ စိတ္႐ႈပ္လာၿပီး တစ္ခ်ိန္တည္းမွာလည္း ရယ္ခ်င္ေနေသာေၾကာင့္ လွည့္ၾကည့္ကာ ဆုႏို၏ေခါင္းကို ထိန္းကိုင္ကာ နမ္းလိုက္ေလသည္။
ကိုယ္ခ်စ္တဲ့သူနဲ႔ လွ်ာခ်င္းနမ္းတာဟာ တကယ့္ကို ရင္ခုန္စရာေကာင္းၿပီး တစ္ခ်ိန္တည္းမွာလည္း Sexy က်တယ္!
သုံးမိနစ္ေလာက္ၾကာေတာ့ ဒါ႐ိုက္တာက သူ႕ရင္ခြင္ထဲက ငတုံးေလးကို လႊတ္ေပးလိုက္ၿပီး အိုးထဲက ဟင္းရည္ကို စစ္ေဆးဖို႔ရာ ေနာက္တဖန္ လွည့္ၾကည့္လိုက္သည္။
ဆုႏိုသည္ ေဝခြဲမရျဖစ္ေနသည့္အၾကည့္ျဖင့္ ႏႈတ္ခမ္းေလးကို ျပန္သပ္ယူလိုက္ၿပီး ေလးေလးနက္နက္ ေျပာလိုက္သည္။ "ငန္တယ္"
အိုးရန္လုံ၏လက္ေတြသည္ ေအးခဲသြားၿပီး သူ ရယ္ခ်င္ေလာက္ေအာင္ ႐ႈပ္ေထြးသြားရသည္။
ေစာေစာတုန္းကေတာ့ ဆုႏိုက သူ႕ႏႈတ္ခမ္းကို နမ္းလိုက္,ယက္လိုက္,စုပ္လိုက္နဲ႔ လုပ္ေနတာေၾကာင့္ သူ(အိုးရန္)ထင္တာေတာ့ ေနာက္ဆုံးေတာ့ ဘယ္လိုစလုပ္ရမလဲဆိုတာ တက္ေျမာက္သြားၿပီဟု ေတြးလိုက္မိတာပဲ ျဖစ္သည္။ ဒါေပမယ့္ တကယ္ေတာ့ သူက ဘီစကစ္ေတြကို ျမည္းစမ္းၾကည့္ခ်င္ေနတာေပါ့ေလ?
ငါ တကယ္ သူ႕ကို ျပင္းျပင္းထန္ထန္ အျပစ္ေပးခ်င္ေနၿပီ!
"ကြၽန္ေတာ္တို႔ ဒီည အသားစြပ္ျပဳတ္ စားလို႔ရလား?" ဆုႏိုသည္ သူ႕ပန္ကန္ထဲ႐ွိ ဆန္ျပဳတ္ကို ၾကည့္လိုက္ရင္း ေမးလိုက္သည္။
ေန႔လည္စာ စားေနတဲ့အခ်ိန္မွာ ညေနစာအတြက္ ဘာစားရမလဲကိုေဆြးေႏြးေနတာက တကယ့္ကို အစားအေသာက္ခ်စ္သူ ဆိုတာကို ျပေနတာပဲ!
"ဒီည မင္းအစ္ကိုႀကီးနဲ႔ အတူတူ မစားဘူးလား?" မစၥတာဒါ႐ိုက္တာသည္ သူ႕ကို ဂ႐ုမစိုက္သလိုေန,ေနေပမယ့္ နည္းနည္းေလးေတာ့ မနာလိုျဖစ္ေနတုန္းပဲ။
"ဒီေန႔ ညစာစားပြဲ႐ွိတယ္။" ဆုႏိုသည္ သူ႕လက္ေခ်ာင္းေတြကို ယက္လိုက္ၿပီး "ကြၽန္ေတာ္ျပန္လာၿပီး ဒါ႐ိုက္တာႀကီးအတြက္ ဟင္းခ်က္ေပးမယ္။ အားျပန္ျပည့္သြားေစရမယ္!"
ဆုႏိုသည္ အလြန္စဥ္းစားတတ္ၿပီး အက်င့္စာရိတၱေကာင္းမြန္ပါသည္။ သူ႕ကိုယ္သူသာ ေနာက္ေက်ာေလးကို ပုတ္ေပးလိုက္သည္။
သူ႕တင္ပါးေလးက နည္းနည္းနာေနေပမယ့္ ေန႔လည္စာစားၿပီးခ်ိန္မွာေတာ့ ဆုႏိုသည္ မစၥတာဒါ႐ိုက္တာရဲ႕ 'ဒီ ဘီစကစ္ေတြကို တျခားတစ္ေယာက္နဲ႔ ပို႔ေပးလိုက္တာ ပိုေကာင္းမယ္ထင္တယ္' ဆိုတဲ့ အၾကံျပဳခ်က္ကို ျငင္းဆိုခဲ့ၿပီး သူ႕ကိုယ္တိုင္ သြားပို႔ဖို႔ ေတာင္းဆိုခဲ့သည္။
သူ႕ယာဥ္ေမာင္းက ကားကို ခါတိုင္းလိုေနရာမ်ိဳးမွာ ရပ္လိုက္သည္။ ဆုႏို တံခါးကိုဖြင့္ၿပီး ထိုင္ခုံေပၚမွာထိုင္လိုက္သည္။ သူသည္ ကားေမာင္းသူ၏ပါးစပ္ထဲသို႔ ေ႐ႊအုန္းသီးသၾကားလုံးတစ္လုံးကို ထိုးထည့္ေပးလိုက္ကာ ျပဳံး၍ ႏႈတ္ဆက္လိုက္သည္။ "ဟဲလို အန္ကယ္လီ"
ဆံပင္ျဖဴျဖဴနဲ႔ ကားေမာင္းသူသည္ မၾကာေသးမီက သြားတစ္ေခ်ာင္ကိုက္ေနေသာေၾကာင့္ သၾကားလုံးဝါးရန္ ခက္ခဲခဲ့သည္။
ခ်ိဳခ်ဥ္ေတြက တကယ္ကို စိတ္အေႏွာက္အယွက္ျဖစ္ေစတယ္!
"ဦးေလးလီက ဘယ္လိုျဖစ္ၿပီး သြားကကိုက္သြားရတာလဲ?" ဆုႏိုသည္ တီထြင္ဖန္တီးမႈ႐ွိသည့္ ညဏ္ျဖင့္ စိတ္ပူစျပဳလာၿပီး "ကြၽန္ေတာ္အစ္ကိုႀကီးေရာ အခက္အခဲေတြ အရမ္းမ်ားေနလား?”
"အိမ္မွာ အဆင္ေျပပါတယ္။" ဦးေလးလီသည္ ျပင္းျပင္းထန္ထန္ အားစိုက္ထုတ္ကာ သၾကားလုံးကို မ်ိဳခ်လိုက္သည္။ "သြားကိုက္တာက အသားကင္ေတြ စားတာ အရမ္းမ်ားသြားလို႔ပါကြယ္"
ဆုႏို သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး “လူႀကီးေတြက ကိုယ့္က်န္းမာေရးကို ထိန္းသိမ္းဖို႔ တကယ္ပဲ သင္ယူသင့္တယ္”
"ဒါေပမယ့္ မင္းအစ္ကိုက အခုေနာက္ပိုင္း အလုပ္႐ႈပ္ေနတာ။" ဦးေလးလီက ကားေမာင္းရင္း စကားစျမည္ ေျပာေနသည္။ "မင္း အခ်ိန္ရရင္ ေက်းဇူးျပဳၿပီး သူ႕ကို ပိုဂ႐ုစိုက္လိုက္ပါဦး"
ကာစီႏိုထဲမွာေတာ့ ဟန္ေဝသည္ ျပတင္းေပါက္ေ႐ွ႕တြင္ ေဆးလိပ္ေသာက္ေနသည္။
"အစ္ကိုႀကီး" ဆုႏိုသည္ တံခါးကို တြန္းဖြင့္ၿပီး အခန္းထဲကို ဝင္လာေတာ့ မီးခိုးနံ႔ အနည္းငယ္ ႐ွဴ႐ိႈက္မိ၏။
ဟန္ေဝသည္ စီးကရက္ကိုမီးၿငိမ္းသတ္လိုက္ၿပီး ျပတင္းေပါက္ကိုဖြင့္လိုက္သည္။
"ဘာလို႔ ဒီေလာက္ေဆးလိပ္ေသာက္ေနတာလဲ?" ဆုႏိုသည္ ေဆးလိပ္ျပာခြက္ကို ၾကည့္ကာ ညည္းညဴလိုက္သည္။
“ဘာရယ္ မဟုတ္ပါဘူး” ဟန္ေဝသည္ ဆုႏိုရဲ႕ ေခါင္းေလးကို ပြတ္သပ္ေပးလိုက္ၿပီး "မင္းက အစ္ကိုႀကီးအတြက္ ကြတ္ကီးဖုတ္ေပးဖို႔ ဘာလို႔ ႐ုတ္တရက္ ေတြးမိသြားရတာလဲ?"
"အစ္ကိုႀကီးက အလုပ္မ်ားၿပီး မနက္စာမစားဘူးေလ။ ၿပီးေတာ့ မရီးလည္း ဒီမွာမ႐ွိဘူးမလား ?" ဆုႏိုသည္ သူ႕စားပြဲေပၚ႐ွိ စာ႐ြက္ေတြကို ကူစီေပးၿပီးေနာက္ "ဘာေတြျဖစ္ေနလို႔လဲ?"
"ဒါ ႀကီးႀကီးမားမား မဟုတ္ပါဘူး။ မင္း စိတ္ပူေနစရာ မလိုဘူး။" ဟန္ေဝ သူ႕ကို ႏွစ္သိမ့္ေပးလိုက္သည္။ “အစ္ကိုႀကီးဘာသာ ျပသနာေတြကို ေျဖ႐ွင္းႏိုင္ပါတယ္”
"ဒါေပမယ့္ ဘာေတြျဖစ္ေနတာလဲဆိုတာေတာ့ ကြၽန္ေတာ္ကို အၿမဲေျပာျပသင့္တယ္" ဆုႏိုသည္ မ်က္ေမွာင္က်ံဳ႕လိုက္သည္။ "ကြၽန္ေတာ္မကူညီႏိုင္ရင္ေတာင္ အနည္းဆုံးေတာ့ အစ္ကိုႀကီးရဲ႕ေဘးကင္းမကင္းကို သိရတာေပါ့"
ဟန္ေဝ သက္ျပင္းခ်လိုက္သည္။ “အန္ကယ္လီ မင္းကို ဘာေျပာလိုက္တာလဲ?”
"သူဘာမွမေျပာပါဘူး။ ဒါေၾကာင့္ပဲ ကြၽန္ေတာ္ အစ္ကိုႀကီးကို ေမးေနတာေပါ့"ဆုႏိုသည္ အခိုင္အမာေျပာလိုက္သည္။
“အဲဒါက သိပ္ႀကီးႀကီးမားမားေတာ့ မဟုတ္ဘူး။” ဟန္ေဝသည္ သူ႕ကို ေဖ်ာ္ရည္တစ္ပုလင္း ေပးလိုက္ၿပီး "မၾကာေသးမီက အစ္ကိုႀကီး ဟိုတယ္တစ္ခု ဝယ္ခ်င္ေပမယ့္ တစ္ေယာက္ေယာက္က ခက္ခဲေအာင္ လုပ္ေနတယ္"
"ဘယ္သူလဲ?" ဆုႏို ေမးလိုက္သည္။
"ခ်ဴဟန္ရဲ႕သူေဌး။ဒါေပမယ့္ ကိစၥမ႐ွိပါဘူး။ ေျပလည္လုနီးပါးျဖစ္ေနပါၿပီ"
"ကိုယ့္ကိုကိုယ္ ဖိအားေပးၿပီး အလုပ္အရမ္းမလုပ္ပါနဲ႔။" ဆုႏို အနည္းငယ္စိုးရိမ္သြားၿပီး "အစ္ကိုႀကီးကို ကူညီေပးႏိုင္ဖို႔ ကြၽန္ေတာ္လုပ္ေပးႏိုင္တာ တစ္ခုခု႐ွိလား?"
“အခုေလာေလာဆယ္ ဘာမွလုပ္စရာ မလိုဘူး။ ဒါေပမယ့္ အစ္ကိုႀကီး ထန္ေ႐ွာင္းယြီကို ေတြ႕ခ်င္တယ္" ဟန္ေဝ ေျပာလိုက္သည္။
"သူကို?" ဆုႏို ႐ႈပ္ေထြးသြားရၿပီး "ဘာလို႔ သူ႕ကို႐ွာေနတာလဲ?"
“ၿပီးခဲ့တဲ့ အႀကိမ္က သူ ငါတို႔ကို တမင္ သစၥာေဖာက္ခဲ့တာ ဘာေၾကာင့္လဲ ဆိုတာ သိခ်င္တယ္” ဟန္ေဝသည္ ဆိုဖာေပၚတြင္ ထိုင္လိုက္သည္။
“ဒါေပမယ့္ ၾကာေနၿပီ......” ဆုႏို သူ႕အစ္ကိုႀကီးကို ေသခ်ာၾကည့္လိုက္သည္။
မွ်မွ်တတေျပာရလွ်င္ ထန္ေ႐ွာင္းယြီအေပၚ သူ႕ရဲ႕ပထမဆုံးထင္ျမင္ခ်က္မွာ မဆိုးလွေပ။ အထူးသျဖင့္ မေန႔က က်ံဳးလီဖုန္းပိုင္ကို ကယ္တင္လိုက္တဲ့အခါ မွာေပါ့!
"စိတ္မပူပါနဲ႔ အစ္ကိုႀကီးက ဘာျဖစ္လို႔လဲဆိုတာကို အေျဖ႐ွာၾကည့္ခ်င္တာပါ" ဟန္ေဝ ေျပာလိုက္သည္။ "တကယ္လို႔ သူ႕အမွားဆိုရင္ မင္း သူ႕ကို သေဘာက်တာမို႔ လႊတ္ေပးလိုက္မယ္။ ဒါေပမယ့္ သူက အစ္ကိုႀကီးတို႔ကို သစၥာေဖာက္ဖို႔ တကယ္မရည္႐ြယ္ရင္ အစ္ကိုႀကီး သူနဲ႔ ေနာက္တစ္ႀကိမ္ လက္တြဲခ်င္တယ္ "
"သူနဲ႔ အလုပ္တြဲလုပ္မွာလား?" ဆုႏို ပိုလို႔ေတာင္ အံ့ၾသသြားသည္။
"အစ္ကိုႀကီး ကြၽမ္းက်င္တဲ့လူတစ္ေယာက္လိုတယ္" ဟန္ေဝ ဆုႏိုကို ၾကည့္ကာ "ကာစီႏိုဘက္မွာ သူက အလုပ္ေတြ ၿပီးေျမာက္ေအာင္ လုပ္တဲ့ေနရာမွာ ေတာ္ေတာ္ျမန္တယ္"
"ဘယ္သူနဲ႔ ေလာင္းကစားတြဲလုပ္မွာလဲ?" ဆုႏို သိခ်င္လာမိသည္။
"ရက္အနည္းငယ္ကုန္သြားရင္ အစ္ကိုႀကီးေျပာမယ္။" ဟန္ေဝ သူ႕ပါးေလးကိုညစ္လိုက္ၿပီး "မင္း ဒီည မင္းရဲ႕ ခ်စ္အစ္ကိုႀကီးနဲ႔ အတူတူစားခ်င္လား?"
"??" ဆုႏိုသည္ အနည္းငယ္ စိတ္႐ႈပ္ေထြးေနၿပီး မဆုံးျဖတ္ႏိုင္ ျဖစ္ေနရသည္။ သူ႕ရဲ႕ကိုလူေခ်ာက စြပ္ျပဳတ္ေသာက္ဖို႔ အိမ္မွာ ေစာင့္ေနတုန္းျဖစ္သည္။
"မစားခ်င္ဘူးလား?" ဟန္ေဝ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
ဘယ္ဟုတ္မလဲ! ဆုႏို စိတ္ပူစျပဳလာသည္။ ငါ့အစ္ကိုႀကီးလည္းအရမ္းအေရးႀကီးတယ္ အား!
တစ္ခ်ိန္တည္းမွာလည္း ႏွစ္ေနရာခြဲမေနႏိုင္ေတာ့တဲ့အတြက္ ဆုႏိုသည္ သူ႕အစ္ကိုႀကီးကို မစၥတာဒါ႐ိုက္တာအား အိမ္ကို ညစာစားဖို႔ ဖိတ္ခိုင္းလိုက္သည္။
ဘာလို႔လဲဆိုေတာ့ သူက ဒီႏွစ္ေယာက္ကို တစ္ၿပိဳင္နက္တည္း ဂ႐ုစိုက္ေပးႏိုင္တဲ့ တစ္ခုတည္းေသာ နည္းလမ္းျဖစ္လို႔ပဲ အား!
ဒီအေျခအေနေတြက တကယ္ကို အလြန္ဆိုးဝါးတဲ့ အခက္အခဲေတြပဲ အား!
ငါက အရမ္းေတာ္တဲ့လူပဲ အား!
"သုံးေယာက္အတူတူလား?" ဟန္ေဝ မ်က္ေမွာင္ၾကဳံျပန္သည္။
"……မသြားခ်င္ဘူးလား?" ဆုႏိုသည္ သူ႕အစ္ကိုႀကီးအား မဝံ့တရဲၾကည့္လိုက္သည္။ သူ႕ရဲ႕စိတ္ကူးစိတ္သန္းေတြသည္ ထိုဒရမ္မာဇာတ္လမ္းမ်ား၏ဂႏၲ၀င္အခန္းမ်ားကို လ်င္ျမန္စြာေတြးေတာခဲ့သည္-ေယာကၡမသည္ မည္သူ႕ကိုမွ်လက္မခံ၊ ပဋိပကၡအလယ္၌ပိတ္မိေနသည့္ ေၾကကြဲဖြယ္ သူဟုပင္။
"အစ္ကိုႀကီး သြားမယ္!" ဟန္ေဝ ဆုံးျဖတ္လိုက္သည္။
ဆုႏို သက္ျပင္းခ်ကာ "ဒါဆို အစ္ကိုႀကီးအလုပ္ၿပီးတာနဲ႔လာေနာ္။ ကြၽန္ေတာ္ ခ်က္ဖို႔အိမ္ကို အရင္သြားလိုက္ဦးမယ္။ "
"မင္း ဟင္းခ်က္ေနတာလား!!?" ဆုႏို၏စကားကိုၾကားေသာအခါ အစ္ကိုႀကီးျဖစ္သူက ေဒါသထြက္သြားရသည္။
".........."
ဒါေပမယ့္ သူက ဟင္းမခ်က္တတ္ဘူးေလ။ ၿပီးေတာ့ အစ္ကိုႀကီးလည္း ဟင္းမွ မခ်က္တတ္တာ။ ဆုႏိုသည္စိတ္ထဲမွာ ညည္းညဴေသာ္လည္း သူ အသံက်ယ္က်ယ္မေျပာရဲေခ်။
ဟန္ေဝသည္ အလြန္စိတ္ဆိုးသြားၿပီး အိုးရန္လုံကိုတကယ္ ထိုးပစ္ခ်င္သည္။
သူ ငယ္ငယ္ေလးကတည္းက ငါ သူ႕ကိုေစာင့္ေ႐ွာက္ေပးခဲ့တာ အခုဆိုသူအ႐ြယ္ေရာက္လာၿပီ။ ဒါကို မင္းက သူ႕အတြက္ ခ်က္ျပဳတ္ေပးဖို႔ လုပ္ဝံ့ရတာလဲ?
ဟန္ေဝ တကယ္သည္းမခံႏိုင္။
"မင္းအစ္ကိုႀကီးက ညစာစားဖို႔လာမယ္တဲ့လား?" ဆုႏို၏ေခၚဆိုမႈကို လက္ခံရ႐ွိေသာအခါ ဒါ႐ိုက္တာသည္အံ့ၾသသြားသည္။
"ဟုတ္တယ္ ... ဒါ႐ိုက္တာႀကီး သူ႕ကိုမလာေစခ်င္ဘူးလား" ဆုႏို စိတ္ပူပန္သြားရသည္။
"မဟုတ္ပါဘူး။ ကိုယ္ အဆင္ေျပပါတယ္။ "အိုးရန္လုံ ေျပာလိုက္သည္။ “သူလာခ်င္တယ္ဆိုတာ အံ့ၾသဖို႔ေကာင္းလိုက္တာ”
"ကြၽန္ေတာ္ ခ်က္ခ်င္းျပန္လာခဲ့မယ္ " ဆုႏို သူ႕ကို ေျပာလိုက္သည္။ “ အိမ္ကိုသန္႔႐ွင္းေရးလုပ္ေပးထားေနာ္။စားပြဲေပၚက ကြန္ဒုံးႏွင့္ေခ်ာဆီေတြကို ဖြက္ထားဖို႔လည္း မေမ့နဲ႔ဦး! ”
ရယ္ရမလားငိုရမလားမသိ။ "မင္းအစ္ကိုႀကီးက ကိုယ္တို႔ရဲ႕အိပ္ယာေဘးက စားပြဲအံဆြဲထဲကို ႐ွာမွာမို႔လို႔လား?"
"ႀကိဳတင္ျပင္ဆင္ထားတာ ဘာမွမမွားပါဘူး" ဆုႏိုသည္ အလြန္ပင္ အေလးနက္ထားခဲ့သည္။ “ကြၽန္ေတာ္ လုပ္စရာ႐ွိတာေတြ လုပ္ၿပီးလို႔ အိမ္ျပန္လာခဲ့ရင္ ကြၽန္ေတာ္ ျပန္စစ္မယ္!” ေ႐ွးလူႀကီးေတြ ေျပာခဲ့တဲ့ စကားေတြကိုလိုက္နာရမယ္!
ဖုန္းခ်လိုက္ၿပီးေနာက္ အိုးရန္လုံသည္ ထိုအရာမ်ားကို ေကာက္ယူလိုက္ၿပီး ဗီ႐ိုထဲသို႔ ပစ္ထည့္လိုက္ကာ အကူအညီမဲ့သြားသလို ခံစားလိုက္ရသည္။
စမတ္က်ၿပီး လိမၼာတဲ့ဇနီးေလးနဲ႔အတူေနရတာႀကီးက ငါ့ဘဝကို ထူးဆန္းတာေတြနဲ႔ပဲ ဆုံေနရတယ္!
နာရီဝက္အၾကာတြင္ ဆုႏိုသည္ ဟင္းသီးဟင္း႐ြက္မ်ားႏွင့္ အသားမ်ားကို အိမ္ျပန္သယ္လာေတာ့ သူ႕လက္ထဲမွာ ႀကီးမားတဲ့အိတ္ေတြႏွင့္အတူ အိတ္ေသးေသးေလးတစ္လုံးပါလာခဲ့သည္။
"မင္းဘာလို႔ မင္းကိုယ္တိုင္သြားဝယ္ရတာလဲ?" အိုးရန္လုံ အံ့ၾသသြားသည္။ သတင္းေထာက္ေတြက မိသြားမွာမေၾကာက္ဘူးလား!
"မဟုတ္ဘူး။ ကြၽန္ေတာ္ စာရင္းတစ္ခုေရးေပးလိုက္တာ။ ကြၽန္ေတာ္႕အစ္ကိုႀကီးရဲ႕အလုပ္သမားေတြက အဲဒါေတြကို သြား၀ယ္ေပးခဲ့တယ္" ဆုႏိုသည္ သူ႕ဖိနပ္ကိုတံခါးနားမွာ ခြၽတ္ကာ ေျပာင္းစီးလိုက္ၿပီး “ဒါ႐ိုက္တာႀကီး အႀကိဳက္ဆုံးေဂၚဖီထုပ္ကိုလည္း ကြၽန္ေတာ္ဝယ္လာခဲ့တယ္။ ”
"မင္း ကိုယ္နဲ႔မတည့္တဲ့ သိုးသားနဲ႔ နံနံပင္ကိုလည္း ၀ယ္ခဲ့တယ္မလား? " အိုးရန္လုံသည္ ဆုႏို၏ႏွာေခါင္းေလးကို ညစ္လိုက္သည္။
ဆုႏို ေမာ့ၾကည့္ရင္း ေခ်ာင္းဟန္႔လိုက္သည္။ နံနံပင္နဲ႔သိုးသားက ကြၽန္ေတာ္႕အစ္ကိုႀကီးအတြက္ေလ!
အိုးရန္လုံသည္ ျပဳံးေနတာကိုရပ္လိုက္ၿပီး ဆုႏိုကို နမ္းရန္ ေခါင္းကိုငုံ႔လိုက္သည္။
သူက ငတုံးေလး ျဖစ္ေနတာကိုက ခ်စ္စရာေကာင္းေနတာပဲ!
"ကြၽန္ေတာ္ အစ္ကိုႀကီးေရာက္လာရင္ ဒါ႐ိုက္တာႀကီးတို႔ ရန္ေစာင္ ျငင္းခုံေနလို႔မရဘူးေနာ္။ တိုက္ခိုက္တာေတြပါ လုပ္လို႔မရဘူး!" ဆုႏိုသည္ ပန္းကန္ေဆးေနရင္း ေျပာလိုက္သည္။
"ကိုယ္တို႔က ဘာလို႔ရန္ျဖစ္ရမွာလဲ?" အိုးရန္လုံသည္ ေျပာေနရင္း သူ႕ကို ေအပ႐ြန္ ကူခ်ည္ေပးခဲ့သည္။
“......ကြၽန္ေတာ္က ဒါ႐ိုက္တာႀကီးကို သတိေပးေန႐ုံပါပဲ” ဆုႏိုသည္ သူ႕လက္မွေရေတြကို ခါထုတ္ပစ္လိုက္သည္။ လူသားတိုင္း ေၾကာက္႐ြံ႕ၾကသည့္ ေ႐ွးေဟာင္းျပႆနာမွာ ေယာကၡမႏွင့္ေခြၽးမတို႔၏ဆက္ဆံေရးပင္ျဖစ္သည္။ အေခ်ာဆုံးႏွင့္ HC(hardcore)အမ်ိဳးသားမ်ားပင္ ႁခြင္းခ်က္မ႐ွိေပ။
ၿပီးေတာ့ ငါ့မိသားစုရဲ႕စီးပြားေရးက ေယာကၡမဆက္ဆံေရးထက္ေတာင္ ပိုေလးနက္ေသးတယ္!
ဘာေၾကာင့္လဲဆိုေတာ့ ေယာကၡမနဲ႔ေခြၽးမက စၿပီးရန္ျဖစ္ခဲ့ရင္ ခင္ပြန္းက သူတို႔ကို ခြဲခြာခိုင္းလို႔ရလိမ့္မယ္။ ဒါေပမယ့္ ဒါ႐ိုက္တာနဲ႔ ငါ့အစ္ကိုႀကီးရန္ျဖစ္ၾကရင္ သူတို႔ကိုရပ္တန္႔ဖို႔ တစ္ခုတည္းေသာနည္းလမ္းက သစ္သီးလွီးတဲ့ဓားနဲ႔ လက္ေကာက္ဝတ္ကို သူ႕ကိုယ္သူလွီးပစ္မွပဲ ရလိမ့္မယ္!
သူ၏ဦးေႏွာက္သည္ ဤကြက္ကြက္ကြင္းကြင္းပုံရိပ္ေတြကို စတင္ေတြးေတာၿပီးေနာက္ ဆုႏို၏စိတ္အေျခအေနမ်ားသည္ စကားျဖင့္မေဖာ္ျပႏိုင္ေလာက္ေအာင္ ႐ုတ္တရက္ႀကီး ႐ႈပ္ေထြးလာရသည္။
ဒါကို ႀကိဳသိခဲ့မယ္ဆိုရင္ ငါ တိုက္ကြမ္ဒို (ဒါမွမဟုတ္ရင္) ကိုယ္ခံပညာအခ်ိဳ႕ကို သင္ယူခဲ့ပါတယ္!
"မင္းဘာေတြစဥ္းစားေနတာလဲ?" အိုးရန္လုံသည္ ဆုႏို၏မ်က္ႏွာေ႐ွ႕တြင္ သူ႕လက္ကိုေဝွ႔ယမ္းလိုက္သည္။
“ေအာ္....ဘာမွမဟုတ္ပါဘူး။ ” ဆုႏို၏စိတ္အေျခအေနသည္ ဗရမ္းဗတာ ျဖစ္ေန၏။ "အလုပ္အေၾကာင္းပါ"
"စက္ဆုပ္စရာေကာင္းတဲ့ naked photo အေၾကာင္းကို မင္းေတြးေနတာလား? ” မစၥတာဒါ႐ိုက္တာသည္ ဒီအေၾကာင္းကိုေတြးလိုက္မိသည္ႏွင့္ အလြန္ေဒါသထြက္လာရသည္။
"ဒီလို႐ိုင္းစိုင္းတဲ့စကားမ်ိဳးမေျပာနဲ႔! ၿပီးေတာ့ ဒါ႐ိုက္တာႀကီးပဲ ကြၽန္ေတာ္ ႐ိုက္လို႔ရမယ္လို႔ ကတိေပးထားတယ္ေလ! " ဆုႏိုသည္ စိတ္ဆိုးတႀကီးျဖင့္ အထြန္႔တက္လိုက္သည္။
"ကိုယ္ေျပာတာေတြကို ျပန္သိမ္းလို႔ရမလား?" အိုးရန္လုံ ေမးလိုက္သည္။
ဘယ္ရမလဲ! "ကြၽန္ေတာ္အလုပ္ကို ဝင္စြက္လို႔မရဘူး!" ေယာက်ာ္းပီသတဲ့ေယာက်္ားေတြသည္ သူတို႔၏အလုပ္ကို အျခားသူမ်ား ဝင္ေရာက္စြက္ဖက္ခြင့္မျပဳႏိုင္ပါ။
ထို႔ေနာက္ မစၥတာဒါ႐ိုက္တာသည္ အိမ္ျခံေျမ developer ၏စိတ္ကူးကို အ႐ႈံးေပးလိုက္ရသည္။
မခ်က္ျပဳတ္တတ္တဲ့ အစားအေသာက္ခ်စ္သူေတြက အစစ္အမွန္အစားအေသာက္ခ်စ္သူေတြ မဟုတ္ေပ။ ေနာက္ႏွစ္နာရီအၾကာတြင္ ဆုႏိုသည္ အစားအေသာက္ပန္းကန္မ်ားျဖင့္ ျပည့္ေနသည့္စားပြဲတစ္ခုကို ဖန္တီးခဲ့သည္။ တကယ့္ကို အရသာ႐ွိပုံပဲ!
"ကိုယ့္ကေလးက အရမ္းကိုစြမ္းေဆာင္ရည္ ျပည့္ဝတာပဲ!" အိုးရန္လုံသည္ ဆုႏိုကို အေနာက္ကေန ေပြ႕ဖက္လိုက္သည္။
“ ဟုတ္တာေပါ့! ” ဆုႏိုသည္ အနည္းငယ္ ေရာင့္ရဲလိုက္ၿပီး ေအာင္ျမင္မႈကို ခံစားခဲ့ရသည္။
"နမ္း " အိုးရန္လုံသည္ သူ႕ကိုျပတင္းေပါက္ေဘးေဘာင္မွာ တင္ကာ ထိန္းကိုင္ထားသည္။
ဆုႏိုသည္ လိမ္လိမ္မာမာျဖင့္ မစၥတာဒါ႐ိုက္တာဘက္သို႔ တျဖည္းျဖည္းၫႊတ္လာၿပီး သူတို႔ရဲ႕ ေႏြးအိအိနဲ႔လွ်ာက အတြင္းပိုင္းထဲသို႔မ၀င္ခင္မွာပဲ တံခါးေခါက္သံက ထြက္ေပၚလာေတာ့သည္။
သူက ငါတို႔ကိုေႏွာက္ယွက္ဖို႔ အခ်ိန္ေကာင္းကို တကယ္ေ႐ြးႏိုင္တာပဲ!
"အဲဒါ အစ္ကိုႀကီးပဲ! " ဆုႏိုသည္ သူ႕ရဲ႕ ခန္႔ညားတဲ့လူႀကီးကိုစြန္႔ခြာၿပီး ေပ်ာ္႐ႊင္စြာ တံခါးသြားဖြင့္လိုက္သည္။
သူ႕ညီငယ္ေလး၏ပန္းေရာင္ေအပ႐ြန္ကိုၾကည့္ၿပီး ဟန္ေဝသည္ သူ႕စိတ္ထဲ၌ စိတ္အေႏွာင့္အယွက္ျဖစ္ေစ
သည့္လကၡဏာေတြ ထြက္လာေတာ့သည္။
ဆုႏို၏ဇနီးသည္ေလးလို ခိုင္မာတဲ့အျပဳအမူမ်ိဳးက ဟန္ေဝကို တကယ္ပဲ စိတ္ဆိုးမာန္ဆိုး ျဖစ္ေစသည္
“ အထဲကို ဝင္ထိုင္ေလ။အစ္ကိုႀကီး ” ဆုႏိုသည္သူ႕အစ္ကိုႀကီးကိုဧည့္ခန္းသို႔ ေခၚလာကာ ထမင္းျပင္ရန္ မီးဖိုေခ်ာင္ထဲသို႔ ျပန္ဝင္လာခဲ့သည္။
အိုးရန္လုံႏွင့္ ဟန္ေဝတို႔သည္ ဧည့္ခန္းတြင္အတူထိုင္ေနၾကသည္။ အျပင္ဘက္မွာေတာ့ သူတို႔ႏွစ္ဦးစလုံးသည္ တည္ၿငိမ္ၿပီးၾကည့္ေကာင္းေအာင္ ေနေနၾကေသာ္လည္း စိတ္ထဲ၌ သူတို႔က ျပင္းျပင္းထန္ထန္ခံစားခဲ့ရၿပီး တိုက္ခိုက္ရန္အသင့္ျဖစ္ေနၾကသည္။
ႏွစ္ေယာက္လုံးက စကားမေျပာၾကေပ!
သူက မာေက်ာက္ေရာင္းဝယ္သူတစ္ေယာက္ မဟုတ္တာ ေသခ်ာတယ္!
မစၥတာဒါ႐ိုက္တာသည္ အနည္းငယ္စိတ္ပူပန္သြားသည္။
တစ္ခ်ိန္တည္းမွာပင္ အစ္ကိုႀကီးသည္လည္း အလြန္စိတ္႐ႈပ္သြားသည္။
သူ႕ညီငယ္ေလး၏မ်က္လုံးေတြက အေျခအေနတစ္ရပ္မွာ တကယ္ပဲ ပုပ္သြားတာပဲ!
ဒီေကာင္က ဘာေကာင္းတာ႐ွိလို႔လဲ !!!
ညေနစာက အရမ္းေကာင္းတယ္။ ဒါေပမယ့္ ဆုႏိုသည္ သူ႕မွာဂ႐ုစိုက္ရမယ့္လူႏွစ္ေယာက္႐ွိေနတာေၾကာင့္ သူ႕ကိုယ္သူေတာင္ ေသခ်ာ မစားႏိုင္ခဲ့ေပ။ အညီအမွ်မျဖစ္ရင္ သူတို႔က ထတိုက္ခိုက္က်လိမ့္မယ္ေလ!
ဒါ အရမ္းပင္ပန္းရတယ္!
ငါ တကယ္႐ုန္းကန္ေနခဲ့ရတာပဲ!
“အဆင္ေျပတယ္။ ကိုယ့္ဘာသာ စား ” အိုးရန္လုံသည္ တကယ္သည္းမခံႏိုင္ေတာ့ဘဲ ဆုႏိုကို စြပ္ျပဳတ္ ကူထည့္ေပးလိုက္သည္။
"ကိုယ္တို႔ဘာသာ ထည့္စားလို႔ရပါတယ္"
ဟန္ေဝသည္လည္ သူ႕ကိုငါးတစ္ဇြန္းထည့္ေပးလိုက္သည္။
“ဟုတ္တယ္။ စား႐ုံပဲေလ။ မင္း အစ္ကိုႀကီးတို႔အတြက္ စိတ္ပူစရာမလိုဘူး။ "
အိုးရန္လုံသည္ ဆုႏိုအား ဟင္းသီးဟင္း႐ြက္ ထည့္ေပးခဲ့သည္။
ဟန္ေဝသည္လည္း ခရမ္းသီးအခ်ိဳ႕ကို ထပ္ထည့္ေပးလိုက္ျပန္သည္။
အိုးရန္လုံက သူ႕ကိုပဲတီစိမ္းတစ္ဇြန္း ခြံေကြၽးလိုက္သည္။
ဟန္ေဝ ေဒါသထြက္သြားသည္။ သူ႕ လုပ္ရဲတယ္ေပါ့! ငါ့ေ႐ွ႕မွာကိုေတာင္ေလ!
"........"
ေက်းဇူးျပဳၿပီး ကြၽန္ေတာ္တို႔ပုံမွန္အတိုင္းပဲ ညစာစားလို႔ရမလားဟင္? ဆုႏိုသည္ သူ၏ႏွလုံးသားထဲတြင္ မ်က္ရည္မ်ားစီးက်လာသည္။
ဟန္ေဝသည္ ဆုႏိုကို ၾကက္အေတာင္ပံေတြ ထည့္ေပးခ်င္ေပမယ့္ ဆုႏိုရဲ႕အမူအရာက ႐ႈံ႕မဲ့မဲ့ျဖစ္လာတာေၾကာင့္ သူ ၾကက္ေတာင္ပံေတြကို အိုးရန္လုံဆီကိုသာ ေပးလိုက္သည္။
မစၥတာဒါ႐ိုက္တာ:.........
"မင္းလည္းစား " ဟန္ေဝသည္ ေအးစက္စြာေျပာလိုက္သည္။
".......ေက်းဇူးတင္ပါတယ္။" အိုးရန္လုံသည္ စိတ္႐ႈပ္ေထြးတစ္လွည့္ အံ့ၾသသြားသည္။ ထို႔ေနာက္ အိုးရန္လုံသည္ ဟန္ေဝကို စြပ္ျပဳတ္ ျပန္ထည့္ေပးခဲ့သည္။
ဒီအေျခအေနက နည္းနည္းေလးေတာ့ ထူးဆန္းေပမယ့္ အနည္းဆုံးေတာ့ သူတို႔ ေျပလည္သြားၾကသည္။ ဆုႏိုသည္ သက္ျပင္းခ်လိုက္သည္ႏွင့္ စြပ္ျပဳတ္ေသာက္ရန္ ေခါင္းကိုအငုံ႔ ေဘးကခြက္ကို တိုက္မိသြားသည္။
"အိုက္ယား!" ဆုႏိုသည္ မတ္တပ္ရပ္လိုက္ကာ ဖရဲသီးေဖ်ာ္ရည္သည္ သူ႕ရဲ႕ညအိပ္အက်ႌကို စိုသြားေစသည္။
အိုးရန္လုံသည္ တစ္႐ွဴးအခ်ိဳ႕ကို အျမန္ထုတ္လိုက္ၿပီး ဆုႏိုကို သုတ္ေပးလိုက္သည္။
“ အဆင္ေျပတယ္။ ရတယ္။ကြၽန္ေတာ္ အခုပဲသြားလဲလိုက္မယ္ " ဆုႏိုသည္ အိပ္ခန္းသို႔အေျပးသြားၿပီး ဗီဒိုကိုဖြင့္လိုက္ကာ အမည္မသိအရာမ်ား၏႐ိုက္မိျခင္းကို ခံလိုက္ရသည္။
"အ့!!" ဆုႏိုသည္ သတိလက္လြတ္ေအာ္ဟစ္လိုက္ၿပီး အလြန္အံ့ၾသသြားသည္။
ဆူညံသံကိုၾကားလိုက္ရေသာ အိုးရန္လုံႏွင့္ ဟန္ေဝတို႔သည္ ဆုႏိုဆီသို႔ ေျပးအသြား။ အေရာင္မ်ိဳးစုံပါေသာကြန္ဒုံးမ်ားျဖင့္ ျပန္႔က်ဲေနသည့္ ၾကမ္းျပင္ကိုေတြ႕လိုက္သည္ႏွင့္.....
ဟန္ေဝ၏ဦးေခါင္းသည္ ခ်က္ခ်င္းပင္ ေသြးမ်ားျဖင့္ျပည့္လာေတာ့သည္။
ဒါ ဘယ္လိုအေျခအေနလဲ!
“အာ.....ကြၽန္ေတာ္ အဆင္ေျပပါတယ္" ဆုႏိုသည္ စိတ္အတြင္းထဲ၌ ေအာ္ဟစ္ေနကာ လူသတ္မ်က္လုံးမ်ားျဖင့္ သူ႕လူႀကီးအား ၾကည့္လိုက္သည္။
မစၥတာဒါ႐ိုက္တာသည္ မတရားခံလိုက္ရသလို ခံစားခဲ့ရသည္။ မင္းပဲ ကိုယ့္ကို ဖြတ္ထားလို႔ ေျပာခဲ့တာေလ.......
"အိမ္မွာကိစၥ႐ွိလို႔ အစ္ကိုႀကီး အရင္သြားေတာ့မယ္" ဟန္ေဝက အခုခ်က္ခ်င္း အိမ္ျပန္သင့္တယ္ လို႔ ေတြးလိုက္မိသည္။ ဒါမွမဟုတ္ရင္ သူတကယ္ ေဒါသေတြ ေပါက္ထြက္လာရေတာ့မယ္!
"ကြၽန္ေတာ္ အဝတ္အစားလဲၿပီး အစ္ကိုႀကီးနဲ႔လိုက္ခဲ့မယ္" ဆုႏိုသည္ သူ႕အစ္ကိုႀကီးကို ႐ွင္းျပရမယ္ဆိုတာေတာ့ သိေပမယ့္ သူ ဘယ္လိုဆက္လုပ္ရမလဲဆိုတာကို မသိေပ။ ဒါေပမယ့္ သူ႐ွင္းမျပရင္ သူ႕အစ္ကိုႀကီးက ပိုစိတ္ဆိုးသြားၿပီး ေပါက္ကြဲသြားႏိုင္တယ္။ ဒီအေျခအေနမ်ိဳးဆို အက်ိဳးဆက္ေတြက အလြန္ေၾကာက္စရာေကာင္းလာလိမ့္မယ္။ အဲ့လို႔ မျဖစ္ရဘူး!
အိုးရန္လုံသည္ စကားထုတ္ေျပာခ်င္ေပမယ့္ ဆုႏိုက သူ႕ခါးကို ဆြဲဆိတ္လိုက္တာေၾကာင့္ သူ႕စကားေတြကို ျပန္မ်ိဳခ်လိုက္ရသည္။
"ကြၽန္ေတာ္ ကားေမာင္းပို႔ေပးဖို႔ လိုေသးလား?"
"မလိုဘူး။ ငါကိုယ္တိုင္ ေမာင္းလာတာ။" ဟန္ေဝ၏ေလသံက ေအးစက္လို႔သြားသည္။
ဆုႏို၏ေျခေထာက္မ်ားသည္ အနည္းငယ္ ေပ်ာ့ေခြယိုင္သြားသည္။
ညီအကိုႏွစ္ေယာက္စလုံးသည္ ကားရပ္နားရာသို႔ ဆင္းသြားကာ ဟန္ေဝသည္ တံခါးဖြင့္ကာ ကားအတြင္းသို႔ ဝင္ထိုင္လိုက္သည္။
“အစ္ကိုႀကီး......” ဆုႏိုသည္ သူ႕အစ္ကိုႀကီးကို သတိထားကာ ၾကည့္လိုက္သည္။
"အေႏွးနဲ႔အျမန္ ငါမင္းကို သတ္မိေတာ့မယ္" ဟန္ေဝသည္ ညီငယ္ျဖစ္သူ၏ မ်က္ႏွာကိုၾကည့္ကာ ဘာျပန္ေျပာရမွန္းမသိ ျဖစ္ေနသည္။
"ကြၽန္ေတာ္...လူႀကီးျဖစ္ေနပါၿပီ" ဆုႏိုရဲ႕ နား႐ြက္ေတြက နီရဲေနၿပီး "တစ္ခါတစ္ေလ....ကြၽန္ေတာ္တို႔က....လုပ္စရာ႐ွိတယ္... သိတယ္မလား...အဲ့လိုမ်ိဳးေတြေလ"
မဟုတ္ရင္ ကြၽန္ေတာ္ မ်ိဳသိပ္ထားရလိမ့္မယ္! ကြၽန္ေတာ့္ရဲ႕ေ႐ွာင္ေ႐ွာင္းႏို*ေလးကလည္း ထုတ္မလႊတ္ရဘူးဆိုရင္ ကြၽန္ေတာ္ခံႏိုင္ရည္႐ွိမွာ မဟုတ္ေတာ့ဘူး... ဒါဆိုရင္ တကယ္ကို စိတ္ပ်က္စရာေကာင္းတာေတြ ျဖစ္လာလိမ့္မယ္ေလ!
မင္းရဲ႕ကြန္ဒုံးေတြက တစ္ခါတေလမွာတင္မဟုတ္ဘဲ တစ္ႏွစ္ပတ္လုံး သုံးလို႔ရတယ္ကြ!
ဟန္ေဝသည္ ေခါင္းကိုက္ေနသျဖင့္ "အိုေခ!အိုေခ!ျပန္တက္ေတာ့"
အိမ္ေထာင္မျပဳရေသးတဲ့ ညီျဖစ္သူက လူပ်ိဳစင္ဘဝကိုေတာင္ ဆုံး႐ႈံးသြားခဲ့ၿပီေလ!
ဆုႏိုသည္ ခရမ္းခ်ဥ္သီးမ်က္ႏွာျဖင့္ ေမာင္းထြက္သြားေသာ အစ္ကိုႀကီး၏ကားကို စိုက္ၾကည့္ေနသည္။ ဟန္ေဝ ထြက္သြားၿပီးေနာက္ ဆုႏိုသည္ အိမ္သို႔ျပန္သြားၿပီး သူ႕ရဲ႕ခန္႔ညားတဲ့လူႀကီးကို စတင္လႈပ္ယမ္းလိုက္ေတာ့သည္။
"ဘာမွားလို႔လဲ?" အိုးရန္လုံသည္ ဆုႏို၏ႏွာေခါင္းကို ကူကယ္ရာမဲ့ေနသည့္ အမူအရာျဖင့္ ဖိညစ္လိုက္သည္။
"ဘာလို႔ ဒီပစၥည္းေတြကို ဗီ႐ိုထဲမွာ ထည့္ထားတာလဲ?" ဆုႏို၏မ်က္ႏွာတစ္ခုလုံးသည္ နီရဲလို႔ေနၿပီ။
"မင္း ဗီ႐ိုကိုဖြင့္မယ္ဆိုတာ ကိုယ္ဘယ္လိုလုပ္ၿပီး သိမွာလဲ?" မစၥတာ ဒါ႐ိုက္တာႀကီးသည္ ႐ိုးသားစြာ အျပစ္ကင္းစင္ဟန္ျဖင့္ ေျပာလိုက္သည္။
"အဲ့ဒီအရာေတြကို အစ္ကိုႀကီးျမင္ခဲ့တာကို မယုံႏိုင္ဘူး" ဆုႏိုသည္ ဆိုဖာေပၚတြင္ ေသဆုံးသြားၿပီး နက္ေမွာင္ေနသည့္တြင္းထဲသို႔ တြားသြားခ်င္မိသည္။
႐ွက္စရာေကာင္းလိုက္တာ!
ၿပီးေတာ့လည္း အမ်ားႀကီး!
ငါ့အစ္ကိုႀကီးက မစၥတာ ဒါ႐ိုက္တာနဲ႔ငါက ေန႔တိုင္း beep--ၾကတယ္လို႔ ထင္သြားေတာ့မယ္!
ေက်နပ္မႈ မရတဲ့ bottomေလး တစ္ေယာက္လို ခံစားရသျဖင့္ ဆုႏိုသည္ ဟန္မိသားစု၏သမိုင္းကို အ႐ွက္ရေစခဲ့၏။ အား!!
ဆုႏိုသည္ အသက္႐ွင္ေနသလား၊ ေသေနသလားေတာင္ မသိေတာ့ေပ။
"ကေလး...မင္း ႀကီးလာၿပီေလ။ ဒါေၾကာင့္ ဒီလိုမ်ိဳးလုပ္တယ္ဆိုတာ ပုံမွန္ပါပဲ။” အိုးရန္လုံက သူ႕ကို ေပြ႕ဖက္လိုက္ၿပီး "ဘာလို႔ အရမ္း႐ွက္ေနတာလဲ?"
ဒါ႐ိုက္တာႀကီးေျပာတာမွန္ေပမယ့္ ႐ွက္စရာျဖစ္ေနတုန္းပဲ။
ဆုႏိုသည္ ဝါယာေ႐ွာ့ျဖစ္ၿပီး အိုးရန္လုံ၏တီ႐ွပ္ကို ေခါင္းေပၚကေန ေျမႇာက္ခြၽတ္ေပးလိုက္သည္။
အိုးရန္လုံ : .....
"မလႈပ္နဲ႔။ ကြၽန္ေတာ္စိတ္ေအးေအးထားဖို႔လိုတယ္။" ဆုႏိုသည္ ေလးနက္ၿပီး ေနာက္တရေနလ်က္။
သူ႕ရဲ႕အိုဗာဆိုဒ္ တီ႐ွပ္အက်ႌကို ၾကည့္ၿပီး အိုးရန္လုံ ဘာလုပ္ရမွန္းမသိ။
________________
ထိုအခ်ိန္မွာေတာ့ ခ်ိဳးက်ီယန္သည္ ထန္ေ႐ွာင္းယြီ၏ ျပင္သစ္စာေမးပြဲရမွတ္မ်ားကို စစ္ေဆးေနသည္။
အနီေရာင္ C က.......တကယ္ တကယ္ကို ျမင္သာၿပီး ႀကီးမားစြာတည္႐ွိေနသည္။
"ကြၽန္ေတာ္ အေကာင္းဆုံးႀကိဳးစားထားပါတယ္။" ထန္ေ႐ွာင္းယြီ ေရ႐ြတ္လိုက္သည္။
သူ႕အေျခခံက ေတာ္ေတာ္ဆိုးတာမို႔ အတန္းထဲမွာ သင္ေပးတဲ့အရာေတြကို အမ်ားႀကီး နားမလည္ႏိုင္ေပ။
“အေရးမႀကီးပါဘူး။ သင္ယူေလ့လာဖို႔ အခ်ိန္ေတြအမ်ားႀကီး႐ွိပါတယ္။” ခ်ိဳးက်ီယန္က သူ႕ကို ေပါင္ေပၚတင္လိုက္ၿပီး "ကိုယ္ မင္းကို ညတိုင္း သင္ေပးမွာပါ"
".....အကိုက်ီရန္က ျပင္သစ္စကား တတ္တယ္လား?" ထန္ေ႐ွာင္းယြီ အံ့ၾသသြားသည္။
“အင္း” ခ်ိဳးက်ီယန္ သူ႕ကိုၾကည့္ရင္း "မင္းကို သင္ေပးတာက ျပႆနာမ႐ွိပါဘူး။"
"ဒါေပမယ့္ ကြၽန္ေတာ္ လုပ္ႏိုင္မယ္ မထင္ဘူး!"