ဂုဏ် ရှိန်ကင်းတဲ့ချစ်ခြင်း

Oleh MaySatt2

44.6K 2.6K 74

ဂုဏ်ပကာသနမပါတဲ့ချစ်ခြင်းချိုချိုလေး...မို့ဖတ်ရှုပေးကြပါရှင့် Lebih Banyak

ဂုဏ် ရှိန်ကင်းတဲ့ချစ်ခြင်း(၁)
ဂုဏ်ရှိန်ကင်းတဲ့ ချစ်ခြင်း(၂)
ဂုဏ် ရှိန်ကင်းတဲ့ချစ်ခြင်း(၃)
ဂုဏ်ရှိန်ကင်းတဲ့ ချစ်ခြင်း(၄)
ဂုဏ် ရှိန်ကင်းတဲ့ချစ်ခြင်း(၅)
ဂုဏ်ရှိန်ကင်းတဲ့ ချစ်ခြင်း (၆)
ဂုဏ်ရှိန်ကင်းတဲ့ ချစ်ခြင်း(၇)
ဂုဏ် ရှိန်ကင်းတဲ့ချစ်ခြင်း(၈)
ဂုဏ်ရှိန်ကင်းတဲ့ ချစ်ခြင်း(၁၀)
ဂုဏ်ရှိန်ကင်းတဲ့ ချစ်ခြင်း(၁၁)
ဂုဏ်ရှိန်ကင်းတဲ့ ချစ်ခြင်း(၁၂)
ဂုဏ်ရှိန်ကင်းတဲ့ ချစ်ခြင်း(၁၃)
ဂုဏ်ရှိန်ကင်းတဲ့ ချစ်ခြင်း(၁၄)
ဂုဏ်ရှိန်ကင်းတဲ့ ချစ်ခြင်း(၁၄)
ဂုဏ်ရှိန်ကင်းတဲ့ ချစ်ခြင်း(၁၅)
ဂုဏ်ရှိန်ကင်းတဲ့ ချစ်ခြင်း(၁၆)
ဂုဏ်ရှိန်ကင်းတဲ့ ချစ်ခြင်း'(ဇာတ်သိမ်းပိုင်း)
ဂုဏ်ရှိန်ကင်းတဲ့ချစ်ခြင်း..စာချစ်သူများသို့အသိပေးခြင်း

ဂုဏ်ရှိန်ကင်းတဲ့ ချစ်ခြင်း(၉)

1.5K 136 2
Oleh MaySatt2

🌳ဂုဏ်ရှိန်ကင်းတဲ့…ချစ်ခြင်း🌳
🌈🌈🌈🌈🌈🌈🌈🌈

     အပ်ိုင်း(၉)

ညည့်နက်လာသည်အထိငြိမ်းအိပ်မရသေး။ကိုသိဒ္ဓိစကားများကိုသာကြားယောင်နေမိသည်။
ငြိမ်း…ဆိုးဝါးတိုက်ဆိုင်လွန်းလှသောကံကြမ္မာကြီးကိုမုန်းတီးနေမိသည်။ငြိမ်းမိဘတွေကွိုသတ်တဲ့လူဟာဘာကြောင့်သက်ရဲ့ဖေဖေဖြစ်နေရတာလဲ။သက်ကဘာဖြစ်လို့ဒီလိုယုတ်မာတဲ့လူကြီးရဲ့သမီးဖြစ်နေရတာလဲ…။
သက်ရဲ့ဖေဖေလူယုတ်မာကြီးဦးသန်းထိုက်ကိုငြိမ်းလုံးဝခွင့်မလွှက်နိုင်။ငြိမ်းအသက်ရှင်နေသေးတယ်ဆိုတာသာသိရင်ဒီလူကြီးဘယ်လောက်သွေးပျက်သွားမလဲဆိုတာငြိမ်းသိချင်နေမိသည်။
သက်ကို…ငြိမ်းအရမ်းချစ်သည်။သို့ပေမဲ့ဒီအခြေနေမှာတော့ငြိမ်းသက်ကိုဆက်ပြီးချစ်သင့်သေးရဲ့လားဆိုတာကိုတော့ငြိမ်းမတွေးတက်တော့ချေ။ရှေ့ဆက်ဖို့လည်းဖြစ်နိုင်တော့မှာမဟုတ်။ငြိမ်းတို့မိသားစုကိုသေကွဲကွဲအောင်ယုတ်မာခဲ့တဲ့လူယုတ်မာရဲ့သမီးကိုငြိမ်းဆက်ချစ်နေမယ်ဆိုရင်တမလွန်ကငြိမ်းရဲ့ဖေဖေနဲ့မေမေအတွက်မတရားရာကျမည်။
ငြိမ်းရဲ့နှလုံးသားအတွက်နဲ့……တော့ဒီသွေးကြွေးကိုမစတေးပစ်နိုင်တာငြိမ်းကိုခွင့်လွှက်ပါသက်ရေ။
ငြိမ်းနဲ့သက်ဘဝဟာဒီဘဝမှာတော့ဒီမျှနဲ့ပဲအဆုံးသက်လိုက်ပါရစေသက်ရယ်………။
ငြိမ်းနာကျင်စွာဆုံးဖြတ်လိုက်ပြီး…မျက်ရည်တွေခမ်းခြောက်လုမတက်ငိုကြွေးပစ်လိုက်သည်။

   ''ညီမလေး…မျက်လုံးတွေမို့နေပါလား´´
ကိုသိဒ္ဓိစကားကြောင့်နံနက်စာစားနေသောဖွားဖွားကငြိမ်းမျက်နှာက်ိုလှမ်းကြည့်ပြီး……

   ''ဟယ်ဟုတ်ပါရဲ့…မြေးလေးဘာဖြစ်တာလဲညကငိုထားတာလား…ဘာစိတ်တိုင်းမကျတာရှိလို့လဲဖွားဖွားကိုပြောစမ်း´´
ဖွားဖွားမှာငြိမ်းကိုကြည့်ပြီးပြာယာခက်သွားသည်။

   ''ဘာမှစိတ်တိုင်းမကျမရှိပါဘူးဖွားဖွားရယ်အားလုံးပြည့်စုံပါတယ်…ရွာကိုသတိရလို့ငိုမိတာပါ…´´

   ''ဟားဟားဖြစ်ရမယ်ညီမလေးရယ်…ကလေးကျနေတာပဲကြည့်ပါအုံး´´

ကိုသိဒ္ဓိကငြိမ်းကိုကြည့်ပြီးရယ်နေပါသည်။ဖွားဖွားက………

   ''အော်မြေးလေးရယ်…မြေးလေးရွာကိုလွမ်းရင်…လူလေးအားတဲ့နေ့လိုက်ပို့ခိုင်းမယ်လေ´´
   ''ဟုတ်တယ်ကိုကိုလိုက်ပို့ပေးမယ်
ဆေးရုံကိုခွင့်တရက်လောက်ယူပြီးအဲ့မှာနေအုံးမယ်ရောက်တုန်းရောက်ခိုက်ပေါ့´´

   ''နေပါကွယ်လူလေးလည်းတနေ့တနေ့ဆေးရုံနဲ့အချိန်ကုန်နေတော့ငြီးငွေ့နေ
မှာပေါ့´´
ဖွားဖွားနဲ့ကိုသိဒ္ဓိစကားတွေပြောနေပေမဲ့ငြိမ်းနားထဲမဝင်။ငြိမ်းရင်ထဲမွန်းကြပ်လှောင်ပိတ်နေလျှက်။

   ''သက်လျာ…ညည်းကမစားမသောက်နဲ့ငါတို့ကိုဆန္ဒပြနေတာလားဟင်´´

မေမေကသက်လျာအခန်းထဲဝင်လာပြီးဒေါသတကြီးလာအော်သည်။မေမေနောက်မှဖေဖေပါ…လိုက်ဝင်လာပြီး…

   ''မစားရင်ထားလိုက်မိန်းမ…သေပါစေဘာမှလျော့မော့ကျွေးနေစရာမလိုဘူး´´
ပြောပြီးမေမေ့လက်ကိုဆွဲပြီးထွက်သွားသည်။
သက်လျာနှုက်ခမ်းကိုဖိကိုက်လိုက်ပြီးမျက်နှာကိုတဖက်သို့လွှဲပစ်လိုက်သည်။
သက်လျာခံစားရသောဝေဒနာများဟာသိပ်ကိုဆိုးဝါးလွန်းလှသည်။အထူးသဖြင့်သက်လျာသိပ်ချစ်ရသောငြိမ်းကဒီမြို့မှာရှိနေပါလျှက်နဲ့သက်လျာကိုလာတွေ့ဖို့မကြိုးစားတာကိုအဖြေရှာမရ။ဖေဖေ့ကြောင့်သက်လျာက်ိုလွယ်လွယ်နဲ့လက်လျော့လိုက်ပြီလားငြိမ်းရယ်။
ရင်ထဲကပူဆွေးသောကများကတဟုန်းဟုန်းတောက်နေတဲ့မီးလျှံကြီးတခုအလားထင်မှတ်လောက်အောင်ပင်သက်လျာရင်တွေပူနေသည်။
ဒီကြားထဲကိုမြတ်ဇော်ကလက်ထပ်ဖို့တဂျီဂျီနဲ့အိမ်ကိုချောင်းပေါက်မတက်လာနေတာကလည်းစိတ်ရှုပ်ဖွယ်ရာကောင်းလှသည်။
့ငြိမ်းကိုသိဒ္ဓိနဲ့ရွာကို…ထွက်လာခဲ့ကြသည်။ရွာရောက်တော့မှ့ငြိမ်းသက်ကိုပိုပြီး…သတိရလွမ်းဆွက်လာကာ…မျက်ရည်မကျအောင်မနည်းထိန်းထားမိသည်။ရွာရောက်ရင်တော့ငြိမ်းနဲ့သက်ရဲ့ပက်သက်မှုကို…ကိုသိဒ္ဓိမလွဲမသွေသိမှာပင်။
သိလည်းတော့လည်းတမျိုးကောင်းတာပဲလေ…ငြိမ်းပြောစရာမလိုတော့ဘူးပေါ့။ဒါပေမဲ့ဖွားဖွားကိုတော့မသိစေချင်ပါ။
ငြိမ်းနဲ့ကိုသိဒ္ဓိအဘခြံထဲဝင်လိုက်တော့အိမ်ရှေ့တွင်ထင်းပေါက်နေသောကိုချစ်ကငြိမ်းတို့ကိုဇဝေဇဝါကြည့်ရင်းပေါက်ဆိန်ကိုပစ်ချကာ………

    ''မြို့ကဧည့်သည်တွေထင်တယ်ဘယ်သူနဲ့တွေ့ချင်လို့လဲ´´

အရင်နဲ့မတူပဲပြောင်းလဲသွားသောငြိမ်းကိုကိုချစ်မမှတ်မိချေ။

     ''ကိုချစ်……´´

     
ကိုချစ်လို့ခေါ်လိုက်တော့မှ……ငြိမ်းကိုသေချာကြည့်ပြီး………

    ''မောင်…မောင်ငြိမ်း´´
ငြိမ်းခေါင်းလေးညိတ်ပြလိုက်တော့………

      ''အဘတို့အမတို့ရေ…ဒီမှာမောင်ငြိမ်းလာတယ်ဗျ…မောင်ငြိမ်းလာတယ်´´

ကိုချစ်အံ့သြဝမ်းသာစွာထအော်ပါတော့သည်။ပြီးမှငြိမ်းကိုလက်ကိုဆွဲကာ………

    ''ကြည့်ပါအုံးပြောင်းလဲသွားလိုက်တာကိုချစ်တောင်မမှတ်မိတော့ဘူး…´´

    ''ဟယ်!ကိုငြိမ်းရယ်…အရမ်းကိုလှလာတာပဲ…မင်းသမီးကျနေတာပဲ´´

စံပယ်အားရပါးရငြိမ်းဆီကိုအပြေးလာရင်းဆိုသည်။

     ''လာကြမောင်ငြိမ်းတို့´´

အဘကကွက်ပစ်ပေါ်တွင်ထိုင်ရင်းငြိမ်းနဲ့ကိုသိဒ္ဓိကို…ခေါ်သည်။စံပယ်နဲ့ကိုချစ်ကငြိမ်းရဲ့လက်ကိုတဖက်စီဆွဲထားသည်။
     ''ကိုငြိမ်းရယ်…စံပယ်ံဖြင့်တော့သီတင်းကိုကြားရတာယုံတောင်မယုံချင်ဘူးသိလား…´´

    ''ဟုတ်ပ…မောင်ငြိမ်းရာ…မင်းမရှိတော့…ငါတို့ထရေဝိုင်းကမစိုပြေတော့ဘူးကွာ´´

မောင်နှမနှစ်ယောက်အလုအယက်ငြိမ်းကိုပြောနေတာကို…ကြည့်ပြီးကိုသိဒ္ဓိကသဘောကျနေသည်။

    ''ကဲ…ငချစ်နဲ့စံပယ်…မောင်ငြိမ်းတို့နားပါစေအုံးဘာလို့စကားတွေအလုအယက်ပြောနေတာလဲ´´

    ''အဘကလည်းကျုပ်တို့ကဝမ်းသာလွန်းလို့ပါဗျ……´´

    ''ဟုတ်တယ်အဘရဲ့´´

     ''ကဲကျုပ်…ငပေတို့ဆီသွားပြီးမောင်ငြိမ်းပြန်လာတယ်ဆိုတဲ့အကြောင်းသွားပြောအုံးမယ်´´

    ''ကျုပ်လည်းရွာထဲသွားပြီးဟိုကောင်မတွေဆီသွားကြွားအူံးမယ်အဘရေ´´
မောင်နှမနှစ်ယောက်ပြောပြီး…ခပ်သုတ်သုတ်ရွာထဲထွက်သွားကြသည်။

    ''မောင်ငြိမ်းရယ်ချောလိုက်လှလိုက်တာနော်…မြို့သူလေးကြနေတာပဲကျုပ်ဖြင့်မနည်းကိုကြည့်ယူရတယ်´´

   ''အရီးနေကောင်းတယ်နော်´´

    ''ကောင်းပါတယ်…မောင်ငြိမ်းရယ်
မင့်အဘသာအခုတလောသွေးနည်းနည်းတက်တက်နေလို့´´

အရီးကြည်ကဆေးလိပ်တိုခဲနေသောအဘဘက်ကိုကြည့်ရင်းဆိုတော့အဘက……

   ''အဲ့လောက်လည်းမဟုတ်ပါဘူးမကြည်ရာ…အလကားမောင်ငြိမ်းစိတ်ပူအောင်ပြောနေပြန်ပြီ´´

     ''အဘရယ်…နေမကောင်းရင်လည်းပေမနေပါနဲ့…မြို့ကိုတက်ခဲ့ပါ…ဆေးရုံမှာဆရာဝန်ကြီးတွေနဲ့ပြတော့ပိုကောင်းတာပေါ့ပြီးတော့ကိုသိဒ္ဓိလည်းရှိသား´´

     ''ဟူတ်ပါတယ်ဦးရယ်…မြို့ကိုလာခဲ့ပါ…ကျွန်တော်လိုအပ်တဲ့ဆေးဝါးကုသမှုမျိုးလုပ်ပေးလို့ရတာပေါ့´´

    ''အဲ့လောက်ကြီးလည်းမဟုတ်ပါ
ဘူးလေ´´

အဘကသက်ပျင်းကိုချရင်းဆိုသည်။

    ''ဒါနဲ့မောင်ငြိမ်းမြို့မှာဆရာမလေးနဲ့တွေ့သေးလား´´

အဘအမေးကြောင့်ငြိမ်းခေါင်းကိုခါယမ်းလိုက်သည်။နှလုံးသားတွေကတော့နာကျင်လျှက်။
     ''အော်…ဆရာမလေးတောင်ဒီက်ိုလိုက်လာသေးတယ်´´

    ''ဟုတ်တယ်…မောင်ငြိမ်းရယ်…မောင်ငြိမ်းဒီမှာရှိမယ်ထင်ပြီးဆရာမလေးခမျာ့အပြေးလာခဲ့တာ…မောင်ငြိမ်းမရှိဘူးဆိုတာလည်းသိရင်ရောသူ့ခမျာ့အတော်လေးဝမ်းနည်းသွားပုံပါပဲ´´
ငြိမ်းမျက်ရည်များကျမလာအောင်စိတ်ကိုတင်းထားလိုက်မိသည်။သက်ရယ်…သက်ဘယ်လောက်ထိခံစားရမလည်းဆိုတာငြိမ်းသိပါတယ်…။ဒါပေမဲ့ငြိမ်းနဲ့သက်ဘဝကဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။
    ''ပြီးတော့မကြာပါဘူးသူ့အဖေရောက်လာပြီးပြန်ခေါ်သွားတယ်…ကျုပ်တို့ဖြင့်ဆရာမလေးကိူကြည့်ပြီးစိတ်မကောင်းဖြစ်မိတယ်´´

အရီးကြည်ပြောသမျှကိုပါးစပ်အဟောင်းသားနဲ့စိတ်ဝင်တစားနားထောင်နေသူမှာတော့သိဒ္ဓိပင်ဖြစ်သည်။

    ''ကျုပ်တို့တရွာလုံးကမောင်ငြိမ်းရဲ့အကြောင်းကိုသိသွားကြတော့လည်းဆရာမလေးနဲ့မောင်ငြိမ်းကိုသဘောတူပြီးသားပါပဲမိန်းကလေးချင်းဆိုပြီးဘယ်သူမှကဲ့ရဲ့အပစ်တင်တာမရှိကြပါဘူး…ဘာကြောင့်လဲဆိုတော့ဆရာမလေးနဲ့မောင်ငြိမ်းကမေတ္တာစစ်မေတ္တာမှန်နဲ့ချစ်ကြတာကို…သနားတောင်သနားနေကြသေးတာ´´

ရွာလူကြီးကတော်စကားကြောင့်သိဒ္ဓိအရာအားလုံးကိုနားလည်သလောက်ရှိသွားသည်။အော်…လူယုတ်မာကြီးသမီးဆောင်းသက်လျာနဲ့ညီမလေးငြိမ်းက… သူဘယ်လိုမှထင်မှတိမထားတဲ့ပက်သက်မှုမျိုးနဲ့ပက်သက်နေကြတာကို။ညီမလေးငြိမ်းဒီအချိန်မှာဘယ်လိုခံစားနေရမလဲဆိုတာကို…သူကိုယ်ချင်းစာမိသည်။

    ''မကြည်မင်းကလည်းစကားများတာကွာကလေးတွေနားပါစေအုံး´´

အဘပြောမှအရီးကအားနာဟန်နဲ့…

   ''ဟုတ်သားပဲ…ကဲမောင်ငြိမ်းနဲ့ဒီကငါ့တူနားကြအုံးနော်´´
အရီးထပြီးအိမ်ပေါ်တက်သွားသည်။ခဏအကြာတွင်ရွာထဲကလူများတရုံးရုံးခြံဝန်းထဲသို့ရောက်ရှိလာကြသည်။အေးမှုံတို့အပျိုအုပ်စုနဲ့ရွာထဲရှိကာလသားအုပ်စုတို့မှာငြိမ်းကိုတအံ့တသြကြည့်နေကြသည်။ပြီးတော့အလွန်ချောမောခန့်ညားသောကိုသိဒ္ဓိကိုလည်းငေးမောမဆုံးကြချေ။
ငြိမ်းမှာ…အားလုံးကိုဟန်လုပ်ပြီးပြုံးပြနေရပေမဲ့ငြိမ်းရင်ထဲမှာတော့အရမ်းကိုပူဆွေးနေမိသည်။ညနေဘက်ရောက်တော့အဘနဲ့အရီးကရွာထဲထွက်သွားပြီးကိုသိဒ္ဓိကိုတော့ကိုချစ်တို့အုပ်စုကခေါ်သွားကြသည်။အိမ်တွင့်ငြိမ်းနဲ့စံပယ်သာကျန်ခဲ့သည်။စံပယ်က…………

     ''ကိုငြိမ်း…ကျုပ်နဲ့ကိုအယ်ဝါးရဲ့
မင်္ဂလာပွဲကိုတော့လာရမယ်နော်´´

   ''လာရမှာပေါ့စံပယ်ရယ်´´

    ''ဒါနဲ့တော်မြို့ရောက်ရင်ဆရာမလေးဆီသွားအုံးမှာလား´´
စံပယ်ကဘာရယ်မဟုတ်မေးလိုက်ပေမဲ့…ငြိမ်းရင်ကိုချွန်ထက်တဲ့အရာတစ်ခုနဲ့ထိုးဆွလိုက်သလိုပင်။

   ''ကျုပ်ကတော့ဘယ်လိုအခြေနေဖြစ်ဖြစ်ဆရာမလေးကိုတွေ့ဖို့ကြိုးစားသင့်တယ်လို့ထင်တယ်ဆရာမလေးက…တော့ကိုသိပ်ချစ်ရှာတာ……´´

ငြိမ်းဘာစကားမှမဆိုနိုင်အောင်ဆွံ့အနေမိသည်။စံပယ်ကတော့ငြိမ်းအဖြစ်ကိုမသိရှာပဲသက်ငြိမ်းဆီကိုလိုက်လာတုန်းကအဖြစ်ပိက်တွေကိုတတွက်တွက်ပြောနေပါသည်။ကိုအယ်ဝါးရောက်လာပြန်တော့လည်း……

      ''ဆောင်းလာတာကျွန်တော်မသိလိုက်ဘူးဗျာ…သူ့မိဘတွေကလည်းဒီပုံစံအတိုင်းဆိုကျွန်တော်ကိုတောင်ဆောင်းနဲ့အတွေ့ခံမှာမဟုတ်တော့ဘူး´´

   ''နေပါစေတော့…ကျုပ်သက်ကိုမေ့ပစ်ဖို့ဆုံးဖြက်လိုက်ပါပြီ
ရေစက်ရှိသလောက်ဆုံခွင့်ရတယ်ပဲသဘောထားပါတယ်´´

ငြိမ်းစကားကြောင့်စံပယ်အံ့သြသလိုတခုခုပြောဟန်ပြင်လိုက်စဉ်အယ်ဝါးကစံပယ့်ကိုမျက်ရိပ်ပြလိုက်တာကြောင့်……စံပယ်ဘာမှဆက်မပြောတော့ချေ။သူတို့နှစ်ယောက်ကတော့့ငြိမ်းကိုအပြောင်းလဲမြန်တဲ့သူတယောက်လို့ထင်နိုင်သည်။နောက်နေ့မနက်အစောကြီး…ထပြီးအဘနဲ့အရီးကိုငြိမ်းကန်တော့…တော့အဘမျက်ဝန်းတွင်မျက်ရည်တွေရစ်ဝဲနေသည်။

   '''ကိုငြိမ်း…ကျုပ်နဲ့ကိုအယ်ဝါးရဲ့မင်္ဂလာဆောင်ကိုလာဖြစ်အောင်လာနော်မလာရင်ကျုပ်စိတ်ကောင်းမှာမဟုတ်ဘူး´´´
စံပယ်ကမျက်ရည်လေးတစမ်းစမ်းနဲ့ပြောရှာသည်။ကိုချစ်ကလည်း……

   ''ဟုတ်တယ်မောင်ငြိမ်း…ဒီကကိုသိဒ္ဓိရောလိုက်ခဲ့ရမယ်နော်´´

   ''ဟုတ်ကဲ့လာပါ့မယ်ဗျာ…ကိုချစ်ကြီးလည်းရန်ကုန်လာခဲ့အုံးနော်´´

    ''ကျုပ်လာဖြစ်အောင်လာပါမယ်
လေ´´
အဘကငြိမ်းတို့ကိုကြည့်ကာ……

   ''ကဲ…မောင်ငြိမ်းတို့သွားကြတော့´´

    ''ဟုတ်ကဲ့အဘ´´

ငြိမ်းနဲ့ကိုသိဒ္ဓိအားလုံးကိုနှုက်ဆက်ပြီးရွာမှပြန်ခဲ့ကြသည်။လမ်းတွင်ကိုသိဒ္ဓိကကားမောင်းရင်းးး

   ''ညီမလေးကိုဒီရွာကလူတွေကအတော်ချစ်ကြတာနော်´´

    ''ငြိမ်းလည်းတရွာလုံးကိုချစ်ပါတယ်´´

    ''မနေ့ကထန်းရည်းသောက်ရင်းကိုချစ်ကညီမလေးရဲ့ကောင်းကြောင်းတွေကိုပါးစပ်ဖျားကမချဘူးပြောနေတာ…ပြီးတော့ညီမလေးကတောပစ်တာလည်းကျွမ်းတယ်ဆိုပဲ´´

ငြိမ်းဆွေးမြေ့စွာပြုံးလိုက်သည်။ရင်ထဲမှာ…သက်နဲ့ပက်သက်ပြီးခံစားရတာတွေများလွန်းလို့…ဝေဒနာတွေကိုဘယ်လိုအမည်တပ်ရမှန်းတောင့်ငြိမ်းမစဉ်းစားတက်တော့ချေ။

    ''ပြီးတော့ဆောင်းသက်လျာနဲ့ညီမလေးအကြောင်းကိုလည်းပြောတယ်…ညီမလေးအဲ့ဒိကိစ္စဘယ်လိုဆုံးဖြက်မှာလဲကိုကိုအနေနဲ့တော့…ညီမလေးနဲ့သူကဖြစ်လည်းမဖြစ်သင့်သလိုလုံးဝလည်းမဖြစ်နိုင်ဘူး´´

ကိုသိဒ္ဓိစကားတွေက…ငြိမ်းနဲ့သက်ကို…လုံးဝလက်မခံနိုင်သည့်ပုံ။ငြိမ်းကိုဘယ်လိုဆုံးဖြက်မှာလဲမေးပြီးသူပဲဆုံးဖြက်ချက်ချပေးလိုက်တာပင်။

    ''ငြိမ်းဘက်ကလည်းငြိမ်းတို့မိသားစုကိုပြိုကွဲအောင်လုပ်ခဲ့တဲ့လူယုတ်မာကြီးရဲ့သမီးကိုတမ်းတမ်းတတချစ်နေမဲ့သူမဟုတ်ပါဘူးအရင်ကငြိမ်းနဲ့သူဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့အခုချိန်မှာအားလုံးပြီးဆုံးသွားပါပြီ´´

ပြောရင်ငြိမ်းရဲ့အသံများမှာတိမ်ဝင်သွားသည်။ငြိမ်းသက်နဲ့ပက်သက်ပြီးဘယ်လိုကြိုးစားမေ့ရမလဲဆိုတာအဖြေရှာဖို့အလွန်ခက်ခဲနေသည်။ကိုသိဒ္ဓိကတော့ငြိမ်းစကားကိုကျေနပ်သွားပုံရသည်။
     ''ဒီစကားကိုကြားရတာကိုကိုဝမ်းသာတယ်ညီမလေးရယ်…´´

     ''ဒီအကြောင်းတွေကိုဖွားဖွားကိုလုံးဝမပြောပါနဲ့ကိုကို…´´

    ''စိတ်ချပါညီမလေး´´

သက်ရယ်…ငြိမ်းဒီလိုဆုံးဖြက်လိုက်တာဟာသက်အတွက်တရားမျှတမှုမရှိပေမဲ့…ငြိမ်းသက်ရဲ့ဖေဖေကိုလုံးဝခွင့်မလွှက်နိုင်ဘူးသက်ရယ်…။ရန်ကုန်ပြန်ရောက်တော့…အရင်လိုခပ်အေးအေးမနေတော့…ဖွားဖွားနဲ့စက်ရုံလိုက်သွားသည်။ညဘက်စာသင်…စာမသင်တဲ့နေ့ဆိုကွန်ပျူတာသင်သည်။အခုဆိုအင်္ဂလိပ်စာကိုလည်းငြိမ်းကောင်းကောင်းရေးတက်ဖက်တက်ဖြစ်နေပြီမို့…English speakingသင်တန်းတပက်ကိုသုံးရက်တက်သည်။နောက်သုံးရက်ကိုတော့စာရင်းအင်းသင်တန်းတက်သည်။တနင်္ဂနွေတရက်သာနားသည်။သက်အကြောင်းကိုငြိမ်းမတွေးမိအောင်ကြိုးစားနေမိသည်။ပြီးတော့သက်ရဲ့ဖေဖေ…လူယုတ်မာကြီးဦးသန်းထိုက်ကိုငြိမ်းလက်တုန့်ပြန်ဖို့အခုလိုကြိုးစားနေခြင်းဆိုရင်လည်းမမှား။
နေ့တွေရက်တွေတရက်ရက်တဖြည်းဖြည်းကုန်ဆုံးလာသည်။
သက်လျာတယောက်အခန်းထဲလှောင်ပိတ်ခံထားရတာနှစ်လခန့်ရှိနေပြီဖြစ်သည်။
ငြိမ်းသက်လျာကိုလာရှာမဲ့နေကိုသာသက်လျာမျှော်လင့်နေမိသည်။
သို့ပေမဲ့နှစ်လဆိုသောအချိန်သာကုန်သွားသည်။ငြိမ်းကရောက်မလာခဲ့။
ငြိမ်းသက်လျာကိုမေ့သွားတာမျိုးမဖြစ်ပါစေနဲ့ဟုသာအကြိမ်ကြိမ်ဆုတောင်းနေမိသည်။

     ''သမီး…ညနေကျရင်…မေမေတို့မိသားစုဧည့်ခံပွဲတခုတက်စရာရှိတယ်…သမီးအသင့်ပြင်ထားနော်´´

မေမေကသက်လျာကိုလေသံအေးအေးလေးနဲ့လာပြောသည်။

   ''သမီးမေမေတို့ကိုစိတ်မဆိုးပါနဲ့…မေမေတို့ကစေတနာနဲ့သမီးကိုမဖြစ်သင့်တာမဖြစ်ရအောင်တားမြစ်ရတာပါကွယ်´´

သက်လျာမေမေ့စကားကိုနားထောင်ရင်းမျက်ရည်တွေကျနေသည်။မေမေကသက်လျာရဲ့လက်ကိုဆုပ်ကိုင်ကာ…

   ''သမီးတကယ်လို့…မောင်မြတ်ဇော်ကိုလက်မထပ်ချင်ဘူးဆိုရင်လည်းသမီးဖေဖေကိုမေမေပြောပေးကြည့်ပါ့မယ်ကွယ်´´

မေမေ့စကားကြောင့်သက်လျာပျော်သွားသည်။

   ''တကယ်လားမေမေ´´

မေမေကသက်လျာရဲ့ခေါင်းလေးကိုပွက်သပ်ရင်းးး……

   '''တကယ်ပေါ့သမီးရယ်…ဒါပေမဲ့သမီးဘက်ကလည်းမေမေတို့ကိုကတိတခုပေးရမယ်…အဲ့ဒါကသမီးဟိုကောင်မလေးကိုလုံးဝမေ့ပစ်ပါမယ်ဆိုတဲ့ကတိပဲ´´

မေမေ့တောင်းတဲ့ကတိကြောင့်သက်လျာရဲ့ပျော်ရွှင်မှုတွေချက်ခြင်းပျောက်ကွယ်ကုန်သည်။ငြိမ်းကိုမေ့ပစ်ဖို့ဆိုတာသက်လျာအတွက်ဘယ်လိုမှမဖြစ်နိုင်တဲ့အရာပင်။သက်လျာငြိမ်းကိုဘယ်လိုနည်းနဲ့မှမေ့ပစ်မှာမဟုတ်သလိုသက်လျာအသက်ရှင်နေသမျှကာလပက်လုံးလည်းငြိမ်းနဲ့အတူနေရဖို့ကြိုးစားနေအုံးမှာဖြစ်သည်။

    ''ဘယ်လိုလဲသမီးမေမေပြောတာလက်ခံမှာလား´´
သက်လျာခေါင်းကိုသာညိတ်လိုက်သည်။လောလောဆယ်တရန်အေးသွားတာပေါ့လေ။ငြိမ်းနဲ့ဝေးရမယ်ဆိုရင်တောင်သက်လျာမချစ်တဲ့သူနဲ့တော့လက်မတွဲချင်။

    ''မေမေ့ကတိတော့တည်ပါစေ
သမီးငြိမ်းကိုမေ့ပစ်လိုက်ပါ့မယ်´´

မေမေကကျေနပ်ဟန်နဲ့ပြုံးကာ………

    ''ကောင်းပြီသမီး…အဲ့ဒါဆ်ိုရေချိုးအလှပြင်ထားတော့သမီးဖေဖေလာရင်မေမေတို့သွားရအောင်´´

   ''ဟုတ်ကဲ့မေမေ´´

သက်လျာမေမေပြောတဲ့အတိုင်းရေချိုးအဝက်စားလဲကာအလှပြင်လိုက်သည်။သက်လျာအပြင်မထွက်ရတာပင်အတော်ကြာနေပြီဖြစ်သည်။ဘာပဲဖြစ်ဖြစ်သက်လျာစိတ်ထဲလွက်လပ်ပျော်ရွှင်သလိုဖြစ်နေမိသည်။
သက်လျာတို့မိသားစုဧည့်ခံပွဲရောက်တော့ခြံထဲတွင်လူတွေစုံနေပီဖြစ်သည်။
ဖိတ်ထားသူများမှာလုပ်ငန်းရှင်သူဌေးကြီးတွေပဲဖြစ်တာမို့အားလုံးကအထက်တန်းကျစွာအစားအစာများကိုသုံးဆောင်နေကြသည်။သက်လျာကတော့ဒီလိုပွဲမျိုးတွေကိုသိပ်ပြီးသဘောမကျ…။အိနြေ္ဒကြီးတခွဲသားနဲ့နေရတာကျဉ်းကြပ်သလိုခံရသည်။
သက်လျာတို့မိသားစုကိုမြင်တာနဲ့အိမ်ရှင်အန်ကယ်ကြီးနဲ့အန်တီကြီးကဆီးကြိုကာသက်လျာတို့အတွက်ဖေဖေနဲ့ရွယ်တူလုပ်ငန်းရှင်ကြီးများထိုင်နေသောစားပွဲဝိုင်းတွင်နေရာချပေးသည်။
ဖေဖေ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေကသက်လျာကိုကြည့်ပြီး………

  ''ကိုသန်းထိုက်ကတော့…သမီးချော
လေးကိုမွေးထားတာပဲဗျ´´

     ''ဟုတ်ပါ့ဗျာ…ကျုပ်တောင်ချွေးမတော်ချင်လာပြီဗျို့´´

အားလုံးရဲ့ချီးကျူးထောပနာသံများကိုဖေဖေ့ကဂုဏ်ယူဝင့်ကြွားဟန်နဲ့ပြုံးနေသည်။ထိုစဉ်အိမ်ရှင်အန်ကယ်ကြီးသက်လျာတို့ဝိုင်းနားကိုရောက်လာသည်။

    ''ကိုသန်းထိုက်တို့ကိုမိတ်ဆက်ပေးရအုံးမယ်……ဒါကဒေါက်တာသိဒ္ဓိတဲ့…ဒါကတော့ဒေါက်တာရဲ့ညီမနွယ်ငြိမ်းဝေ´´

   ''ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါ
တယ်…ကျုပ်သန်းထိုက်ပါ´´
ဦးသန်းထိုက်ကတရိုတသေထပြီးငြိမ်းနဲ့ကိုသိဒ္ဓိကိုလက်ဆွဲနှုက်ဆက်သည်။ဦးသန်းထိုက်ငြိမ်းကိုလုံးဝမမှတ်ချေ။အင်းလေဦးသန်းထိုက်မမှတ်မိတာလည်းမပြောနဲ့ငြိမ်းပုံစံက…အရင်နဲ့မတူအရာရာပြောင်းလဲနေသည်မဟုတ်လား။ငြိမ်း…နဲ့ကိုသိဒ္ဓိပြုံးကာ………ဦးသန်းထိုက်ကိုကြည့်နေကြသည်။ထိုအပြုံးများအောက်တွင်…နာကျည်းမှုတွေပါဝင်နေသည်ကိုတော့ဦးသန်းထိုက်မသိနိုင်။
သက်ကတော့ငြိမ်းတို့ကိုမကြည့်ပဲအအေးခွက်ကိုသာစိုက်ကြည့်နေသည်။

     ''ဒေါက်တာကတော့ရန်ကုန်ဆေးရုံကြီးမှာထိုင်တယ်လေဒေါက်တာ့ညီမနွယ်ကတော့ကိုသန်းထိုက်လို…ကားနဲ့ကားပစ္စည်းအပိုတင်သွင်းတဲ့ကုမ္ပဏီထောင်မလို့လေ့လာနေတယ်ဆိုပါတော့´´

ဦးသန်းထိုက်မျက်နှာကြီးကွက်ခနဲပျက်သွားသည်။ပြီးတော့မှ…ငြိမ်းကို…အထင်သေးသလိုကြည့်ရင်း……

   ''ချာတိတ်က…အန်ကယ်လိုကုမ္ပဏီထောင်မယ်ဆိုတော့…အရင်းနှီးရောလုံလောက်ရဲ့လားကွဲ့´´

ငြိမ်း……ရယ်လိုက်သည်။

    ''အော်…အန်ကယ်ရယ်အလုပ်ကြီး
အကိုင်ကြီးလုပ်မှာပဲ…အရင်းနှီးလုံလုံလောက်လောက်တော့ရှိရမယ်မဟုတ်လား…´´

သက်လျာအအေးခွက်ကလေးကိုကိုင်ပြီးလှုပ်နေရာမှတုန့်ခနဲရပ်သွားသည်။သက်လျာဖေဖေနဲ့စကားအချီအချပြောနေသောအသံရှင်ကိုဆက်ခနဲမော့ကြည့်လိုက်သည်။

   ''ဒါပေါ့လေ…ကြိုးစားပါ´´

ဖေဖေကခက်ထေ့ထေ့ပြောသည်။
   ''ငြိမ်း´´
သက်လျာနှုက်မှရောင်ရောင်လေးထွက်သွားသည်။ငြိမ်းမျက်ဝန်းများမှာသက်လျာကိုအကြည့်လွှဲထားတာမို့သက်လျာနာကျင်ဝမ်းနည်းသွားသည်။ငြိမ်းပုံစံကသက်လျာကိုမြင်တာတောင်အံ့သြခြင်းမရှိသလိုအေးဆေးတည်ငြိမ်လျှက်ပင်။

    ''ခွင့်ပြုပါအုံးအန်ကယ်´´

   ''ကောင်းပါပြီ´´
သက်လျာကိုနည်းနည်းလေးမှပင်မကြည့်ပဲထွက်သွားတာကြောင့်သက်လျာရင်ထဲမချိမဆံ့ဖြစ်ရင်းကျန်ခဲ့သည်။ဖေဖေကတော့ဒေါသကိုမြိုသိပ်ရင်းဟန်မပြက်စကားဆက်ပြောနေပေမဲ့သက်လျာမှာတော့ငြိမ်းနောက်ကိုပြေးလိုက်ချင်စိတ်များကတားမရဖြစ်နေသည်။

   ''ဖေဖေသမီးတွိုက်လက်ခဏသွား
အုံးမယ်……´´

    ''သွားလေသမီး´´
သက်လျာခက်သွက်လေး…ငြိမ်းတို့ရှိရာက်ိုထွက်ခဲ့သည်။

    ''ငြိမ်း´´
သက်လျာကိုငြိမ်းကမော့ကြည့်သည်။ပြီးတော့အေးစက်စက်ကြည့်ကာ…

   ''ဘယ်သူ့ကိုခေါ်တာလဲ´´

    ''ဘယ်သူ့ကိုခေါ်ရမှာလဲ…ငြ်ိမ်းကိုခေါ်တာလေ……´´

သက်လျာစိတ်မရှည်စွာဆိုလိုက်သည်။ငြိမ်းသက်လျာကိုဆက်ဆံနေတဲ့ပုံစံကတကယ့်ကိုအသဲယားစရာကောင်းလှသည်။

   ''တို့နာမ်မည်ကငြိမ်းမဟုတ်ဘူး
နွယ်ငြိမ်းဝေ…လူမှားနေပြီထင်တယ်အမ´´
   ''ငြိမ်း!´´
သက်လျာအော်ပစ်လိုက်သည်။ပြီးတော့ငြိမ်းရဲ့လက်ကိုဆွဲကာမှောင်ရိပ်ထဲသို့လျှောက်ခဲ့ပြီး

   ''ငြိမ်း…ဘာလို့သက်ကိုအခုလိုဆက်ဆံနေရတာလဲဟင်…သက်ကိုမချစ်တော့ဘူးလား´´

ငြိမ်းမဖြေ။ငြိမ်းရဲ့စိတ်တွေဆောက်တည်ရာမရဖြစ်သေည်။သက်ကိုစတွေ့ကတည်းက…ပြေးပြီးဖက်ထားချင်တဲ့စိတ်ကို…ငြိမ်းမနည်းချိုးနှိမ်ထားရတာဖြစ်သည်။အခုလိုသက်နဲ့ထိပ်တိုက်တွေ့တော့…ငြိမ်းမှာ…ဘယ်လိုဆက်ပြီးဟန်ဆောင်ထိန်းသိမ်းရမလဲစဉ်းစားမရဖြစ်နေသည်။

    ''ဖြေလေငြိမ်း…ငြိမ်းသက်ကိုဖေဖေတို့သဘောမတူတာနဲ့ပဲလွယ်လွယ်နဲ့မေ့ပစ်တော့မှာလား……ငြိမ်းက်ိုသက်ဘယ်လောက်ထိချစ်လဲဆိုတာငြိမ်းသိရဲ့သားနဲ့´´

သက်အသံများမှာတုန်ယင်အက်ကွဲနေလျှက်။သက်ရဲ့မျက်ဝန်းတွေမှာလည်း…မျက်ရည်များရစ်သိုင်းနေသည်။

   ''ငြိမ်း…သက်တို့ဒီကနေအခုထွက်ပြေးရအောင်လေ´´
သက်ကငြိမ်းရဲ့လက်ကိုဆုပ်ကိုင်းရင်းဆိုသည်။
ငြိမ်းသက်ရဲ့လက်တွေကိုဖယ်ရှားလိုက်ပြီး

   ''အဓိပ္ပာယ်…မရှိတာတွေမပြောနဲ့တော့ဆရာမလေး…
မောင်ငြိမ်းနဲ့ဆရာမလေးတို့
ဇာတ်လမ်းကပြီးခဲ့ပြီ´´

    '' ဘာပြောတယ်…ငြိမ်းဘယ်လိုပြောလိုက်တာလဲဟင်´´´

   ''ဟုတ်တယ်…အခုတို့ကအရင်ကလိုစာမတက်ပေမတက်ခပ်တုံးတုံးမောင်ငြိမ်းအမည်ခံထားတဲ့တောသူမလေးတယောက်မဟုတ်တော့ဘူးအခုတ်ို့နာမ်မည်ကနွယ်ငြိမ်းဝေ´´

   ''ငြိမ်း´´

ငြိမ်းဆီမှမထင်မှတ်ပဲကြားလိုက်ရတဲ့စကားကြောင့်သက်လျာငြိမ်းကိုအံ့အားသင့်စွာကြည့်နေမိသည်။
ပြီးတော့နာကျင်လွန်းသဖြင့်မျက်ရည်တွေတပေါက်ပေါက်ကျလာသည်။
    ''ငြိမ်းပြောင်းလဲသွားတဲ့အထဲမှာ…သက်အပေါ်ထားတဲ့အချစ်တွေပါ…ပါသွားပြီလားငြိမ်းရယ်……´´

    ''ဟုတ်တယ်´´

ငြိမ်းရဲ့မျက်ဝန်းတွေအမူအယာတွေအားလုံးအေးစက်နေလျှက်။ငြိမ်းဘက်အေးစက်နေပေမဲ့သက်လျာမှာတော့…ငြိမ်းပုံစံကိုကြည့်ပြီး…သက်လျာရင်ထဲတဆစ်ဆစ်နာကျင်လာသည်။
    ''ငြိမ်းတကယ်ပြောနေတာလား´´

  ''နောက်နေတယ်လို့ထင်နေတာလား
ဆရာမလေးက´´
ထိုသို့ပြီးငြိမ်းပြုံးလိုက်သည်။ပြီးတော့

   ''ပြီးခဲ့တာတွေမေ့လိုက်ပါအိမ်မက်တခုလိုဖြစ်ဖြစ်ပေါ့…ဒီအချိန်ကစပြီးကိုယ့်လမ်းကိုယ်
်လျှောက်ကြတာပေါ့´´

ငြိမ်းရဲ့စကားလုံးများကလုံးဝညင်သာမှုမရှိတဲ့လှိုင်းလုံးများကျောက်ဆောင်ကိုပြေးရိုက်သလိုပင်ကြင်နာမှုကင်းမဲ့နေသည်။
သက်လျာနှုက်ခမ်းကိုဖိကိုက်လိုက်သည်။သူမကတော့သူ့ကိုအရမ်းချစ်ခဲ့သည်။သူနဲ့တို့ဖို့အကြိမ်ကြိမ်ကြိုးစားဖူးခဲ့လိုသူသက်လျာဆီလိုက်လာလေမလားဆိုပြီးနေ့တိုင်းမျှော်လင့်ခဲ့ဖူးသည်။
အခုတော့သက်လျာသူ့အပေါ်ထားခဲ့တဲ့ချစ်ခြင်းတရားတွေဟာအလကားပင်။
သက်လျာနွယ်ငြိမ်းဝေဆိုသောသူ့ကိုစူးစူးနစ်နစ်ကြည့်လိုက်ပြီး………

   ''ကောင်းပြီလေ…နင့်ဘက်ကအခုလိုပြက်ပြက်သားသားပြောလာမှတော့ငါ့ဘက်ကလည်းလက်ခံပေးရတော့မှာပေါ့့်´´
ပြောရင်းကျလာသောမျက်ရည်များကိုသုတ်လိုက်သည်။

    ''နင်နောင်တမရပါစေနဲ့
နွယ်ငြိမ်းဝေ´´

သက်လျာရင့်သီးစွာနင်လို့သုံးနှုန်းလိုက်ပြီးမျက်ရည်တွေကိုဖယ်ရှားကာချစ်ရပါသောငြိမ်းရှေ့မှထွက်ခဲ့သည်။
ငြိမ်းသက်လျာရဲ့ကျောပြင်လေးကိုမလှုပ်မယှက်ငေးမောမိလျှက်သား။
ငြိမ်းအကျယ်ကြီးအားရပါးရအော်ငိုပစ်လိုက်ချင်ပါသည်။
ထိုသို့အော်ငိုရမဲ့အခွင့်အရေးပင်ငြိမ်းဘက်မှာရှိမနေချေ။
မျက်ဝန်းဆီမှလျှံကျလာမည့်မျက်ရည်စများကိုမျက်တောင်လေးပုတ်ခက်ပုတ်ခက်လုပ်ကာထိန်းရင်းသူမတို့နေရာသို့ပြန်လာခဲ့သည်။

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

ဆက်ရန်…(၁၀)

(မှားတာလေးများရှိရင်သည်းခံပေးကြပါရှင့်…ချစ်တယ်နော့💝💝💝)

#mms

🌈🌈🌈🌈🌈🌈🌈🌈
















     


































မငျ်ဂလာပှဲကိုတော့လာရမယျနောျ´´

   ''လာရမှာပေါ့စံပယျရယျ´´




































































   ''အဓိပ်ပာယျ…မရှိတာတှမေပွောနဲ့တော့ဆရာမလေး…













🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺



#mms

Lanjutkan Membaca

Kamu Akan Menyukai Ini

278K 16.2K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
1.9M 123K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
236K 38.6K 100
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .