Peculiarly System [Completed ]
By MaLaKaoYa
854K 90.3K 2.7K
Start date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့... More
Start With System
Arc(1.1) Parin
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)End
Arc(2.1) Zhang Xu Guang
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)End
Arc(3.1)Jason
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)End
Arc(4.1) Jon San
Arc(4.2)
Arc(4.3)
Arc(4.4)
Arc(4.5)
Arc(4.6)
Arc(4.7)
Arc(4.8)
Arc(4.9)
Arc(4.10)End
Arc(5.1) Zhou Wei Feng
Arc(5.2)
Arc(5.3)
Arc(5.4)
Arc(5.5)
Arc(5.6)
Arc(5.7)
Arc(5.8)
Arc(5.9)
Arc(5.10)
Arc(5.11)
Arc(5.12)End
Arc(6.2)
Arc(6.3)
Arc(6.4)
Arc(6.5)
Arc(6.6)
Arc(6.7)
Arc(6.8)
Arc(6.9)
Arc(6.10)
Arc(6.11)
Arc(6.12)End
Arc(7.1)KiKo
Arc(7.2)
Arc(7.3)
Arc(7.4)
Arc(7.5)
Arc(7.6)
Arc(7.7)
Arc(7.8)
Arc(7.9)
Arc(7.10)
Arc(7.11)End
Arc(8.1)Adam
Arc(8.2)
Arc(8.3)
Arc(8.4)
Arc(8.5)
Arc(8.6)
Arc(8.7)
Arc(8.8)
Arc(8.9)
Arc(8.10)
Arc(8.11)End
Arc(9.1)Aqua
Arc(9.2)
Arc(9.3)
Arc(9.4)
Arc(9.5)
Arc(9.6)
Arc(9.7)
Arc(9.8)
Arc(9.9)
Arc(9.10)
Arc(9.11)
Arc(9.12)
Arc(9.13)End
Arc(10.1)XiaoZhan
Arc(10.2)
Arc(10.3)
Arc(10.4)
Arc(10.5)
Arc(10.6)
Arc(10.7)
Arc(10.8)
Arc(10.9)
Arc(10.10)
Arc(10.11)
Arc(10.12)End
Arc(11.1) Saw Minn Latt
Arc(11.2)
Arc(11.3)
Arc(11.4)
Arc(11.5)
Arc(11.6)
Arc(11.7)
Arc(11.8)
Arc(11.9)End
Arc(12.1) Ben
Arc(12.2)
Arc(12.3)
Arc(12.4)
Arc(12.5)
Arc(12.6)
Arc(12.7)
Arc(12.8)
Arc(12.9)
Arc(12.10)
Arc(12.11)End
Arc(13.1) Cristan Gabriel
Arc(13.2)
Arc (13.3)
Arc(13.4)
Arc(13.5)
Arc(13.6)
Arc(13.7)
Arc(13.8)
Arc(13.9)
Arc(13.10)
Arc(13.11)
Arc(13.12)End
Real Life (1)
Real Life (1)End
Real Life (2)
Real Life Ending Up (Truly End)
Arc(6.1) LuYuYuan
7.9K 723 15
By MaLaKaoYa
Space ထဲတွင်
"Kitty ငါပင်ပန်းတယ်ကွ သိလား ''
Kitty က 'အင်း' မလာ 'အဲ ' မဖြေ မို့ ရှောင်းကျန့်က စိတ်မရှည်စွာ ကြည့်လိုက်တော့
အဖြူရောင် နတ်သားလေးတစ်ပါး တကယ်တော့ ဒါဟာ Kitty ပါပဲ။
"Wowww.. ^o^... Kitty မင်းက ဘာလား ''
"ကျွန်တော်က နတ်သားလေ ''
စကားအဆုံး ပါးတွေရွဲ့ပြနေသည့်သခင်ကြောင့် ရယ်သွေးသွမ်းကာထပ်ပြောလိုက်ရသည်။
'အာပလာကြီး မယုံလည်းနေပေါ့ '
"အဟဲ နောက်တာပါ သခင် နောက်တစ်ကမ္ဘာအဆင်သင့်ဖြစ်နေပြီ သွားတော့မလား ''
"အင်း ခဏ.. ခဏလေး ငါမေးစရာရှိလို့ ''
"ဟုတ် ပြောပါ သခင် ''
"မင်းက အခုလို ပုံစံ နဲ့ ငါ့နောက်လိုက်ခဲ့လို့မရဘူးလား ''
"အမ်...ဟုတ် မရပါဘူး ကျွန်တော်က ပုံရိပ်လေးပဲရှိသေးတာ မယုံရင်သခင်ကိုင်ကြည့်လေ ''
Kitty က အရှေ့မှာရပ်လိုက်ရင်းပြောသည်မို့ ရှောင်းကျန့်က လက်ကို ဆန့်ကာ kitty မျက်နှာကို ကိုင်ကြည့်လိုက်သည်။
လေထုကို လက်က ဖမ်းဆုပ်မိတာကြောင့် Kitty က ပုံရိပ်တစ်ခုဖြစ်မှန်းသိလိုက်ရသည်။ ဒီလိုသာဆို Kitty လည်းသူ့လိုပဲ အငှားခန္ဓာယူရမည်ဖြစ်သည်။ မဟုတ်ရင် သူ့အနေနဲ့ Kitty ကိုမမြင်ရသလို Kitty ပြောတာကိုလည်းကြားရမည်မဟုတ်ပေ။
"မင်းကဘယ်လိုလုပ်မှ ''
"အခု ကျွန်တော် update မြင့်ရမယ် သခင် ဒါပေမယ့် အမှတ်ကမလုံလောက်သေးဘူး
အာ သခင့်အတွက် Gift ရထားသေးတယ်
ဒီမှာ ''
Kitty စကားအဆုံး ရှေ့မှာ သေတ္တာ တစ်ခုပေါ်လာသည် ။
ရှောင်းကျန့်က စိတ်ဝင်တစားဖြင့် လက်ဖြင့်ထိလိုက်တဲ့အခါ သေတ္တာကပွင့်သွားပြီး ထီးတစ်ချောင်းပေါ်လာသည်။
"Kitty ဒါကြီးက ငါဘာလုပ်ရမှာလဲ ''
"အော် ထီးပါဆို ဆောင်းဖို့ပေါ့ဗျ ဘာလဲ ထီးဆောင်းနည်းပါပြောပြရမှာလား ''
" ဒါပေမယ့် ငါက လိုမှမလိုတာ ''
"မလိုလည်း သိမ်းထားလေဗျာ ပိုတယ်ဆိုတာမရှိပါဘူး ''
"အင်း ဟုတ်ပါတယ်လေ ကဲ နောက်ကမ္ဘာတစ်ခုကို သွားရအောင် သူစောင့်နေပြီလားမသိဘူး ''
"ဟွန့် ပို့ပေးမယ် ...''
နှာခေါင်းရှုံ့ကာ ဆိုလာသည့် Kitty ကို ရှောင်းကျန့်က သွားဖြဲပြလိုက်သည်။
Loading 1.....50....70.....100
[COMPLETE ]
............
ယခု ရှောင်းကျန့်က လူတစ်ယောက်ရဲ့လက်ကို တွဲပြီး လမ်းလျှောက်နေတာဖြစ်သည်။ ညမီးရောင် မှိတ်တုတ်မှိတ်တုတ်အောက်တွင် တောက်ပပြောင်လတ်နေတဲ့ အဝတ်အစားတွေကိုဝတ်ဆင်ထားတဲ့ လူတွေက သူတို့နှစ်ဦးကို ကြည့်နေသည်။
WTF???? ငါက အခု...မင်္ဂလာဆောင်နေတာ???
Kitty က သတင်းအချက်အလက်တွေ သူ့ထံပို့ပေးလာသည်။
ဒီဇာတ်လမ်းမှာ သူဟာ လုယွီယွမ်ဆိုတဲ့ကောင်လေးဖြစ်ပြီး သူ့ရဲ့ အမြွာအမက လုယွီယန်ဆိုတဲ့ဇာတ်လိုက်မဖြစ်သည်။
အမေဖြစ်သူက သူတို့နှစ်ဦးကိုမွေးပြီးပြီးချင်းသေဆုံးသွားခဲ့သည်။
အဖေဖြစ်သူက သားနဲ့သမီးကိုအလိုလိုက်ပြီး လိမ္မာအောင်လည်းသွန်သင်ပေးခဲ့သည်။
အသက်၁၈နှစ်ပြည့်တဲ့နေမှာ လုအိမ်တော်၌ ခမ်းနားလှသည့် မွေးနေ့ပွဲကိုကျင်းပခဲ့သည်။
ထိုမွေးနေ့ပွဲကို ဇာတ်လိုက်လည်းတက်ရောက်ခဲ့သည်။ ဇာတ်လိုက်နဲ့မွေးနေပွဲညမှာ ယွီယွမ်နဲ့ မှားယွင်းခဲ့ကြသည်မို့ လူကြီးတွေက မင်္ဂလာပွဲကို စီစဉ်ပေးခဲ့ကြသည်။
ဇာတ်လိုက်မက သူ့ချစ်သူကိုပိုင်ဆိုင်သွားတဲ့ မောင်ကိုမကျေနပ်လို့ အမျိုးမျိုးကြိုးစားရင်း မထင်မှတ်ဘဲ ယွီယွမ်ရဲ့ ဒိုင်ယာရီ ကိုတွေ့သွားခဲ့သည်။ ဒိုင်ယာရီ ထဲမှာ ဇာတ်လိုက်ကို ချစ်နေတဲ့အကြောင်းရေးထားခဲ့တော့ ရည်ရွယ်ချက်ရှိရှိနဲ့သူ့အပေါ်မှာရယူခဲ့တာလို့ ဇာတ်လိုက်က အထင်လွဲ ပြီး ယွီယွမ်ကိုမုန်းတီးလာတယ်။
ထို့နောက် မိဘတွေကိုဖွင့်ပြောကာ ကွာရှင်းပြီး ဇာတ်လိုက်မကို လက်ထပ်ကာနိုင်ငံခြားကိုထွက်သွားခဲ့တယ်။ လုသခင်ကြီးကလည်း ယွီယွမ်ကိုအထင်သေးစိတ်ပျက်သွားခဲ့တယ်။ မထင်မှတ်ဘဲ ယွီယွမ်က ကိုယ်ဝန်ဆောင်နိုင်တဲ့အမျိုးသားဖြစ်နေတာကြောင့် ဇာတ်လိုက်ရဲ့ ကိုယ်ဝန်ကိုလွယ်ထားခဲ့ရတယ်။ သူ့ကို လူတွေကဲ့ရဲ့မှာကြောက်ပြီး ကိုယ်ဝန်ဖျက်ချဖို့ကြိုးစားရင်း အသက်သေခဲ့ရတယ်။ ဟိုနှစ်ယောက် ကတော့ ထုံးစံအတိုင်း ဟက်ပီးအန်းဒင်း ပေါ့လေ။
ယွီယွမ်ရဲ့ဆန္ဒက သူ့ရဲ့ ကံကြမ္မာကိုပြောင်းလဲပြီး သာယာတဲ့အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ဖို့ ။
'ဒါဆို သူက ဒီ မင်္ဂလာပွဲကိုဖျက်ပစ်ရမယ်'
ရှောင်းကျန့်ကတွေးလိုက်သည်။
ဟုတ်တယ် ။ သူက အခု ယွီယွမ်ရဲ့ကိုယ်ထဲရောက်နေတာပဲ....။
တွဲထားတဲ့ ဇာတ်လိုက်ရဲ့ လက်ကို ဖြုတ်ချလိုက်သည်။ ထို့နောက် သူ့အား အံ့သြစွာကြည့်နေတဲ့ ဇာတ်လိုက်ကိုလစ်လျူရှုပြီး အခမ်းအနားအတွက် ပြင်ဆင်ထားတဲ့ မင်္ဂလာစင်မြင့်ပေါ်ကို ပြေးတက်သွားလိုက်သည်။
"အားလုံးကို တောင်းပန်ပါတယ် ''
သူ့ရဲ့ စကားသံကြောင့်  ဧည့်ပရိတ်သတ်အပေါင်းက သူ့ထံအကြည့်စုလာသည်။
လေပူတစ်ချက်ကိုမှုတ်ထုတ်ရင်း ဆက်ပြောလိုက်သည်။
" ဒီ မင်္ဂလာပွဲကို ကျွန်တော့်ဘက်က စပြီး ဖျက်သိမ်းပါတယ် ကျွန်တော်နဲ့ ရှဲ့လီဖုန်းက သူငယ်ချင်းတွေပါ အထင်လွဲပြီး ခုလို ဖြစ်သွားတာပါ''
"ယွီယွမ် ''
"လီဖုန်း ငါ့ကို အားမနာနဲ့ ငါတို့က သူငယ်ချင်းတွေလေ ဘာမှမဖြစ်ဘူး  မင်းမှာလည်းမင်းချစ်ရတဲ့သူရှိပြီးသားပဲမလား သူ့ကို မင်းလက်ထပ်ချင်မှာပဲ အဲ့တော့ မင်္ဂလာပွဲကို ရပ်လိုက်ကြရအောင် ''
အံကြိတ်သံနဲ့ခေါ်လာတဲ့ ဇာတ်လိုက်ကို ပြုံးပြရင်း ဖြေလိုက်သည် ။
'ဇာတ်လိုက်က ဘာကိစ္စ ထူးဆန်းနေတာလဲ'
လုသခင်ကြီးကလည်း သူ့ရဲ့ သားလေးက အေးဆေးသူဖြစ်တာမို့ အခုလို လူကြားထဲမှာ ပွဲဖျက်ဖို့ စင်ပေါ်တက်ပြောသည့်အတွက် အံ့သြနေရသည်။
'ယွီယွမ်က လူကြောက်တတ်တဲ့ ကောင်လေးမဟုတ်ပါလား '
အခုလို မကြောက်မရွံ့စင်ပေါ်တက်ပြောမှတော့ ယွီယွမ်က လီဖုန်းကို လက်မထပ်ချင်လို့ ဆိုပြီး သူတွေးလိုက်သည်။
" သားယွီယွမ် တကယ်ပဲ မင်္ဂလာပွဲကိုဖျက်မယ်ဆိုရင် ပါးပါးကလည်း ကန့်ကွက်စရာမရှိပါဘူး ''
"လုဦးလေး ''
"လုသခင်ကြီး..''
ရှဲ့လီဖုန်းတို့သားအဖရဲ့ ခေါ်သံက ရှောင်းကျန့်ကို မျက်မှောင့်ကျုံ့သွားစေသည်။
'သူတို့က ဘာဖြစ်နေကြတာလဲ '
"အားလုံးပဲခင်ဗျာ အခု မင်္ဂလာပွဲက ပျက်သွားပါပြီ ကျေးဇူးပါ အားလုံးကို အနှောက်အယှက်ပေးမိပြီ ''
လုသခင်ကြီး စကားအဆုံး၌ ပရိတ်သတ်တွေလည်း ထပြန်သွားကြလေသည်။ ရှဲ့လီဖုန်းတို့မိသားစုကလည်း လုသခင်ကြီးဆီက စကားတစ်ခွန်းကို စောင့်နေကြသည်။
"ကဲ လုသခင်ကြီး ဒါက ဘယ်လိုဖြစ်ရတာလဲ ပြောပါအုန်းဗျာ ''
ရှဲ့လီဖုန်းတို့သားအမိက ဘာမှ ဝင်မပြောပေမယ့်အဖြေကိုတော့သိချင်နေပုံရသည်။
" ကျွန်တော်က ရှဲ့ဦးလေးသားနဲ့လက်မထပ်ချင်လို့ပါ ပါးပါးနဲ့က ဘာမှ မဆိုင်ပါဘူး ''
သူ့အဖြေကြောင့် အံ့သြနေတဲ့ ဇာတ်လိုက်တို့မိသားစု။
" ဒီပွဲကို မဖြစ်လိုက်ရပေမယ့် အရင်အတိုင်းပဲ အိမ်တော်နှစ်ခုက မိတ်ဆွေအဖြစ်ကနေပြောင်းလဲမှာမဟုတ်ပါဘူး ''
လုသခင်ကြီးဆီက စကားအဆုံး ရှဲ့မိသားစုကလည်း ပြုံးသွားပြီး စီးပွားရေးအကြောင်း အနည်းငယ်ဆွေးနွေးပြီး ပြန်သွားကြတော့သည် ။
T/N : Arc(6)စပြီနော် ။
အားပေးလျော့မသွားကြပါနဲ့အုန်း ။
Zawgyi
Space ထဲတွင်
"ကျွန်တော်က နတ်သားလေ ''
"ဟုတ် ပြောပါ သခင် ''
"မင်းကဘယ်လိုလုပ်မှ ''
ဒီမှာ ''
"ဟွန့် ပို့ပေးမယ် ...''
Loading 1.....50....70.....100
[COMPLETE ]
............
"ယွီယွမ် ''
"လုဦးလေး ''
"လုသခင်ကြီး..''
T/N : Arc(6)စပြီနော် ။
Continue Reading
You'll Also Like
366K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
369K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
398K 50.5K 38
Hey ! Let me be your wrong person . . . .