နားခိုခွင့် /နားခိုခြင့္ {Com...

By naynway_216

576K 33K 907

ငယ်ငယ်လေးကတည်းက ပတ်ဝန်းကျင်ကြောင့် စိတ်ထဲမှာ နာကျင်မှုတွေပဲ ပြည့်နေခဲ့တဲ့မောင် ...။ ညီမလေးကို သူ့ကြောင့် ထပ်ဆ... More

Hi
part (1)
part (2)
part (3)
part (4)
part (5)
part (6)
part (7)
part (8)
part (9)
part (10)
part (11)
hi
part (12)
part (13)
part (14)
Sorry for updated
part (16)
part (17)
part (18)
part (19)
part (20)
part (21)
part (22)
part.(23)
beautiful 😍
part (24)
part (25)
part (26)
updated
part (27)
part (28)
part (29)
part (30)
part (31)
part (32)
sorry for updated
part (33)
part (34)
part (35) End
Extra 🎄🎄🎄
New fic
Extra
Art

part (15)

12.9K 904 50
By naynway_216

Unicode

ငြိမ်သက်နေသော ကန်ရေပြင်ကြီးကို ငေးကြည့်နေကြသော လူနှစ်ယောက် ။ ကန်းဘောင်ဘေး ခုံတန်းလေးတစ်ခုပေါ် ထိုင်ရင်း လှုပ်ရှားမှုလည်း မရှိသလို စကားလည်း မပြောဖြစ်ကြသေးပေ ။
ကန်ထဲရှိ ကြာရွက် စိမ်းစိမ်းပေါ် ပေါက်နေသော ပဒုမ္မာကြာပန်းတို့၏ အလှကိုသာ စေ့စေ့ကြည့်နေမိပါ၏ ။

"ဦးရိပ် ပြောစရာ ရှိတယ်ဆို "

ငြိမ်သက်မှုကို ဖြိုခွင်းလိုက်သူက မောင်ပါလေ ။ ဒီတိုင်းသာ ဆက်ထိုင်နေရင် ခဏနေ လူရှုပ်လာတော့မည် ။ ပြောရခက်သည့်စကားဆိုရင် လူထူထူကြောင့် ခက်ပေလိမ့်မည် ။

"အင်း...ငါတို့ လက်ထပ်မယ့်ကိစ္စ ပြောချင်လို့ "

"ဟုတ် ပြောပါ "

"ငါ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ပြီး အတူတူနေဖို့ဆိုတာ တွေးမကြည့်ဖူးဘူး ၊ ပြီးတော့ အဲ့လိုလည်း မနေချင်ဘူး "

"...."

မောင် ဘာတစ်ခွန်းမှ မပြောဘဲ လောင်းရိပ် စကားကိုသာ သေချာအာရုံစိုက်နေပါသည်။

"ငါ့အတွက် ဒါက တကယ်ကို ခက်ခဲတယ်"

အင်းပေါ့လေ ။ ဦးရိပ်အတွက် ခက်ခဲလောက်မှာပေါ့ ။ အစကတည်းက gay တွေကို မုန်းတဲ့သူတစ်ယောက် ။ဒါဆို လိင်တူ လက်ထပ်တာကိုလည်း.မုန်းနေမှာပဲ ။
ပြီးတော့သူချစ်တဲ့သူကို သတ်ခဲ့တဲ့ မောင်နဲ့ လက်ထပ်ရမှာလေ.။

"ဒါကြောင့် ငါတို့ တစ်ခုလောက်.ညှိရအောင် "

"ဟုတ်ကဲ့ "

"ငါ... မင်းနဲ့ တစ်သက်လုံးတော့ မပေါင်းနိုင်ဘူး... "

ထိုမျှသာ ​ပြောပြီး ခဏရပ်သွားသည် ။ မောင် ထင်ပြီးသားပါ ။ ကိုယ်မချစ်မနှစ်သက်တဲ့သူနဲ့ တစ်သက်လုံး အတူနေနိုင်ဖို့ဆိုတာ အလွန်ခက်သည်ဆိုတာ မောင် သိပါသည်။ ဖခင်၏ နောက်ဆုံးတောင်းဆိုမှုကို လိုက်လျောချင်၍သာ မောင့်ကို လက်ထပ်ရသည်ဆိုတာလည်း မောင်သိသည်။
ဦးရိပ် အကယ်၍ ထိုသို့ပြောလာနိုင်သည်ဟု တွေးကာ စိတ်ကို ပြင်ဆင်ထားခဲ့သော်လည်း....လက်တွေ့ ရင်ဆိုင်လိုက်ရတော့ ရင်ဘတ်ထဲမှာ နာသည်။ ခံရခက်နေသည့် ခံစားချက်မျိုးပင် ။
ဒါပေမယ့် နာကျင်မှုတွေနဲ့ နေသားကျနေတဲ့ မောင့်စကားသံတို့ကတော့ တုန်လှုပ်မှုမရှိ ၊ အေးစက်သာ နေပါ၏။

"ဟုတ်... ဆက်ပြောပါ "

"ဒီတော့ ငါ့ရဲ့ အမေ စိတ်တိုင်းကျ နှစ်နှစ်တန်သည် သုံးနှစ်တန်သည် မင်းနဲ့ အတူတူနေပေးမယ် ၊ ဒါပေမယ့် စိတ်ချပါ ၊ ငါမင်းကို မထိပါဘူး ၊စိတ်လည်း.မဝင်စားတာမို့ အဲ့ကိစ္စတွေကို စိတ်ပူစရာမလိုပါဘူး "

"ဟုတ် "

"ပြီးရင်တော့ ကွာရှင်းကြတာပေါ့ ၊ နစ်နာကြေးကို ငါပြင်ဆင်ထားပါ့မယ် ၊ နစ်နာကြေးကိုလည်း မင်းဆန္ဒအတိုင်း ပေးပါ့မယ် "

လက်တောင်မထပ်ရသေး ။ ကွာရှင်းဖိ​ု့ အရင်တွေးနေသော ဦးရိပ် ၊၊ တကယ် ခက်ခဲနေတဲ့ပုံပါပဲ ။
နစ်နာကြေးလား.။ နစ်နာကြေးအဖြစ်.ဦးရိပ်ရဲ့ နှလုံးသားထဲမှာ နေရာသေးသေးလေး တစ်ခုလောက်တော့ တောင်းချင်မိပါရဲ့ ။ မောင် လောဘတွေ နည်းနည်း.ကြီးချင်လာပြီ ဦးရိပ်ရယ် ။

" ဒါတာ ငါ့သဘောပြောပြတာပါ ၊ မင်းသဘောကကော ၊ မင်းဆန္ဒကိုလည်း ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ် ၊ ညှိစရာရှိရင် ညှိကြရအောင်လေ "

"ဦးရိပ်သဘောက မောင့်သဘောပါပဲ ၊ မောင် ကန့်ကွက်စရာ မရှိပါဘူး "

မောင့်စကားတို့က ကန်ရေပြင်အလား.တုန်လှုပ်မရှိ တည်ငြိမ်လှပါ၏ ။ အေးစက်နေသည်ဟု ဆိုလျှင် ပိုမှန်ပါလိမ့်မည် ။
အေးစက်စက်ကောင်လေးအဖြစ် တည်ရှိနေခဲ့တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ ။

"မင်း နစ်နာကြေး ကြိုက်သလောက် တောင်းနိုင််တယ် ၊ ငါဆိုလိုချင်တာ တခြားမဟုတ်ဘူးနော် ၊ မင်သိက္ခာကို ငွေနဲ့ တန်ဖိုးဖြတ်တာလည်း မဟုတ်ဘူး ၊ တကယ်လို့ မင်းလိုချင်မှပါ "

လောင်းရိပ် ထိုအချက်ကိုတော့ စိတ်ပူမိသည် ။ မောင် အထင်လွဲတာတော့ မခံနိုင် ။ အရာရာကို ငွေနဲ့သာ ဖြေရှင်းတတ်သူလည်း မဟုတ် ။ တစ်ဖက်လူ၏ သိက္ခာကိုတော့ ကြည့်ပါသေးသည်။

"မြန်မာကားထဲကလို ကွာရှင်းပြီးရင် နစ်နာကြေးတွေ အများကြီး ယူသွားလိုက်ရမလား ၊ ဦးရိပ် ဘာမှ မကျန်တော့အောင်လေ "

ဟာသဆန်ဆန် အရွှန်းဖောက်သော စကားလုံးတို့ကို ပြုံးကာ ပြောနေပေမယ့် မောင့်အပြုံးတို့ အသက်မဝင်လှပါ ။ မျက်ဝန်းလေးတွေ ဆိုရင်ကော ။ ဆံပင်များ အုပ်ထားသည့်အပြင် ပါဝါမျက်မှန်​လေးပါ တပ်ထားပြီး အနောက်အရပ်မှ နေဝန်းနီနီက မောင့်မျက်နှာပေါ် ဖြာကျနေသောကြောင့် မောင့်မျက်ဝန်းတိ​ု့ကို ရှင်းရှင်းလင်းလင်း မမြင်ရနိုင်ပေ ။
အသက်မဝင်လှသော အပြုံးတို့ကို ကြည့်ရင်း.လောင်းရိပ် ရင်ဘတ်ထဲ မွန်းကြပ်လာရပါ၏ ။ ရင်ဘတ်ရဲ့ အတွင်းတစ်နေရာမှာ အလွန်နာနေသည် ။ မောင့်မျက်နှာကို ကြည့်လေ ပိုဆိုးလာလေမို့ မျက်နှာ လွှဲလိုက်သည်။

"​မောင်က စ​ေနတာပါ ၊ မောင့် စကားက မရယ်ရဘူးထင်တယ် "

"အင်း ၊ သိပ်မရယ်ရဘူး "

"​မောင် ဟာသ ပြောရင် ဘယ်သူမှကို မရယ်ကြဘူး ၊မောင် ​ပြောတာ ဟာသမမြောက်လို့များလား "

တွေးတွေးဆဆပြောရင်း.ကန်ရေပြင်သို့ ငေးကြည့်နေသော မောင့်ကို လောင်းရိပ် မျက်တောက်မခတ်ဘဲ ကြည့်နေမိပါသည်။
ဘယ်ကတည်းက ခုလို စကားလုံးတွေကို ပြောနေတာလဲ မောင် ။ မောင့်စကားတွေက ဟာသဆန်ပါတယ် ။.ဒါပေမယ့် ဟာသတော့ မမြောက်ဘူး ။

"ကဲပါ ထားလိုက်ပါတော့၊ ဦးရိပ် ပြောသလိုပဲ မောင်တို့ နှစ်နှစ်ပဲ ပေါင်းပြီး ကွာရှင်းကြတာပေါ့ ၊ စကားနဲ့ပဲ ပြောတာကို စိတ်မချရင် စာချုပ်နဲ့ လုပ်ချင်လား "

ခုထက်ထိ လောင်းရိပ်ကို ဆွဲမထားတာတော့ မပြောင်းလဲသေးပေ ။ လောင်းရိပ်သဘော ၊ လောင်းရိပ် စကားအတိုင်း နားထောင်တတ်တဲ့ ကောင်လေးကတော့ အခုလည်း ဘာမှ ငြင်းဆိုခြင်းမရှိ ။

"စာချုပ်ကိုတော့ ဦးရိပ်ဘာသာပဲ ရေးလိုက်ပါ ၊ မောင်က.သိပ်နားမလည်ဘူးဗျ ၊ မောင့်မှာ တောင်းဆိုစရာလည်း မရှိဘူးလေ၊ ဦးရိပ် ကောင်းသလိုသာ လုပ်လိုက်ပါ "

ဘာပိုင်ဆိုင်မှုမှ မောင့်မှာ မရှိချင်တော့ပါဘူး ။ အားလုံးကို လက်လွှတ်ထားခဲ့တာ ကြာခဲ့ပြီပဲ ။တစ်ခါတစ်လေ လောဘသေးသေးလေးတော့ ထားချင်မိပါရဲ့ ။
ဒါပေမယ့် မောင့်မှာ အဲ့လိုလုပ်ပိုင်ခွင့်ကော ရှိရဲလား ။
ရင်ထဲ၌ မွန်းကြပ်ရပါ၏ ။

.....

နှစ်ဖက်မိဘများနှင့် လူကြီးများ လောင်းရိပ်တို့ အိမ်ကလေးတွင် ရောက်ရှိနေကြပါ၏ ။ ဒီနေ့က စေ့စပ်တဲ့နေ့လေ ။
မောင်တို့ အိမ်က ကျဥ်းတော့ လောင်းရိပ် အိမ်၌သာ စေ့စပ်ပွဲလုပ်လိုက်ရသည်။
လိင်တူချင်း လက်ထပ်လို့ရတဲ့ ဥပဒေမရှိသေးပေမယ့် နားလည်မှုနှင့်တော့ လက်ထပ်၍ ရသည်လေ ။

ဧည့်ခန်းထဲတွင် ဘေးချင်းကပ်ရပ် ထိုင်နေသော လောင်းရိပ်နှင့် မောင် ။
အဖြူရောင် တိုက်ပုံ ၊ ဆင်စွယ်ရောင် ပုဆိုးလေးများဖြင့် ကြည့်သူတိုင်း မျက်စိအေးရပါ၏ ။
လူကြီးလူကောင်း ဆန်ဆန် ချောမောနေသော လောင်းရိပ်မှာ ငယ်ရွယ်နုပျိုစအရွယ်သာ ရှိသေးသော ချစ်စရာကောင်းစွာ ခန့်ညားနေသည့် မောင့်ကို ကြည့်ရင်း ရင်ခုန်သံများပင် မြန်လာသလိုပင် ။ စိတ်လှုပ်ရှားတာလည်း ဖြစ်နိုင်ပါသည်။

"  မေမေ့သား နှစ်ယောက်က ခန့်ညားလိုက်တာကွယ် ၊ လိုက်ဖက်လိုက်တာလည်း လွန်ရော ၊ ကျွန်မတော့ နောက်ထပ် သားချောချောလေး.ထပ်ရတာပဲ မနွယ်ရယ် "

မျက်နှာ သိပ်မလန်းရှာသော မောင့်မေမေအား.လောင်းရိပ်မေမေက အနေရ မခက်စေရန် စကားစ ပြောလိုက်ပါသည် ။

"ကျွန်မလည်း ကံကောင်းတာပါပဲ ၊ အားကိုးရတဲ့ သားကြီးတစ်ယောက် ထပ်ရတာပေါ့ရှင် ၊ မေလေးသာ ရှိရင် ပျော်နေမှာ. "

မေ့ကို လွမ်းနေသည် ထင်ပါရဲ့ ။ မောင့်မေမေက မေ မရှိတော့ကတည်းက စိတ်က ပုံမှန်သိပ်မဟုတ်ချင်တော့ ။ မောင် အစက ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကုပါသေးတယ် ။ ဒါပေမယ့် ကုသစရိတ်က အရမ်းကြီးနေတော့ ဆက်မကုနိုင်တော့ဘူးလေ ။ မောင့်အင်အားလေးနဲ့ ဘယ်တတ်နိင်ပါ့မလဲ ။
ဒေါ်နွယ့် စကားကြောင့် လောင်းရိပ် အံကို တင်းတင်းကြိတ်ထားပြီး.လက်သီးပါ ဆုပ်ထားမိသည်။ မေ့အကြောင်းတွေးတိုင်း.စိတ်တိုရသည် ။ သူမုန်းသည့် မောင့်ကို ခဏခဏတွေးမိခြင်းကြောင့်ပင် ။
အခုတော့ သူမုန်းရတဲ့သူက သူ့နဘေးမှာ သူ့ရဲ့ အိမ်ထောင်ဖက်အဖြစ် ရှိနေသတဲ့လေ ။
မုန်းတီးသော.မျက်ဝန်းများဖြင့် မောင့်အား မကြည့်မိအောင် သတိထားနေရပါသည်။ သို့ပေမယ့် အသိစိတ်က မထိန်းချုပ်ထားနိုင်သည့်အလား ဘေးက မောင့်အား လှည့်ကြည့်မိလိုက်ပါသည် ။
အေးစက်စက် မောင့်ပုံစံက နည်းနည်းမှ မပြောင်းလဲ ။ ခံစားချက် မရှိသည့်လူအလား ထိုင်နေကာ နှုတ်ခမ်းဖူးဖူးအား.တင်းတင်းစေ့ထားပြီး မျက်ဝန်းအစုံကလည်း မျက်နှာချင်းဆိုင်က နံရံဖြူဖြူကိုသာ ကြည့်နေပါ၏ ။ လောင်းရိပ် တကယ် မောင့်ကို နားလည်ရ ခက်နေမိသည် ။ နားကိုမလည်နိုင်တာဆိုလျှင် ပိုမှန်လိမ့်မည်။

"အို မနွယ်ရယ် ၊ စိတ်မကောင်းစရာတွေ အရမ်းကြီးမတွေးပါနဲ့တော့ ၊ ခုကြည့် သားနှစ်ယောက်ကို မြင်နေရတာ ဘယ်လောက် တောင် ပျော်စရာကောင်းသလဲ "

ကွက်ခနဲ ပျက်သွားသော လောင်းရိပ်မျက်နှာကို လောင်းရိပ်မေမေက သတိထားမိသဖြင့် စကားလမ်းကြောင်း လွှဲလိုက်ခြင်း ဖြစ်သည် ။
လူကြီးများနှင့် အချိန်အတော်ကြာ စကားပြောကြသည်။ လောင်းရိပ်က ဝင်ဝင်ပြောတတ်သော်လည်း မောင်ကတော့ ရေခဲရုပ်အလား ငြိမ်သက်လှပါ၏ ။

ရပ်မိရပ်ဖများ ပြန်သွားခါမှ ထိုင်နေရာမှ ဆတ်ခနဲ ထသွားသော မောင့်နောက်ကို လောင်းရိပ်လိုက်သွားလေသည် ။

နောက်ဖေး မီးဖိုခန်းထဲတွင် ဝင်သွားသဖြင့် လောင်းရိပ် ထပ်လိုက်သွားပါ၏ ။

ထမင်းစား စားပွဲပေါ်တွင် လက်နှစ်ဖက်အား ထောက်ကာ ခေါင်းကို ငုံ့ထားသည့်မောင့် ကျောပြင်သေးသေးလေးကို မြင်နေရပါသည်။  သက်ပြင်း ခဏခဏ ချသည့်အသံကိုလည်း ကြားရသည်။

"ငိုနေတာလား "

လောင်းရိပ် အသံကြောင့် မောင် ခန္ဓာကိုယ်ကို လှည့်ကာကြည့်လိုက်ပါသည် ။

"ဦးရိပ် ဘာခိုင်းစရာ ရှိလို့လဲ "

ငိုနေတာ မဟုတ်ပေမယ့် တစွန်းတစပေါ်လာတဲ့ မျက်ဝန်းအိမ်လေးမှာ အနည်းတော့ နီနေသည် ။

"ခိုင်းစရာ မရှိပါဘူး.၊ မေ့ကို သတိရပြီး ငိုနေတာလားလို့ "

"မငိုပါဘူး "

"အေးလေ ဘယ်ငိုပါ့မလဲ ၊ မေ့နေရာမှာ မင်းက ရောက်နေပြီပဲလေ ၊ ပျော်နေသင့်တာမလား "

"မောင့်ကို စကားနာ မထိုးပါနဲ့ ဦးရိပ်"

"ငါ မင်းကို သိပ်မုန်းတယ် မေ့အကြောင်း တွေးမိတိုင်း မင်းကို မုန်းတယ် "

"မောင် သိပါတယ်၊ မောင်သိနေပါတယ်"

နှစ်ယောက်လုံး အကွာအဝေးတစ်ခုကနေ စိုက်ကြည့်နေကြရင်း နှလုံးသားထဲမှ နာကျင်မှုကို နှစ်ယောက်လုံး.အံတုနေရသည်သာ ။

ခံစားချက် မရှိသည့်အလား အေးစက်နေသော မျက်နှာက မောင့်မျက်နှာဖုံးလေးတစ်ခု ။ အပြုအမူတွေ လိမ်လို့ရပေမယ့် မျက်ဝန်းတွေကတော့ မလိမ်နိုင်ဘူးလေ ။
ဒါပေမယ့် မောင့်မျက်ဝန်းကို ဆံပင်နှင့် မျက်မှန် အကာအကွယ်ယူပြီး ဘယ်သူ့ကိုမှ ပေးမမြင်ခဲ့ပါဘူး ။ မြင်ရင်တောင် သနားကြပါ့မလား.။ နားလည်ပေးနိုင်ကြပါ့မလား ။

ဦးရိပ် မောင့်ကို မုန်းတယ်ပြောတိုင်း မောင့်နှလုံးသားကို ဓားနဲ့မွှန်းနေသလိုပဲ ဦးရိပ်ရယ် ။ ပြောမပြနိုင်အောင် အရမ်းနာတယ် ။
မချစ်ပဲလည်း မနေနိုင်ဘူးလေ ။ ဒီဘဝမှာ ဒီလူကိုပဲ ချစ်သွားတော့မှာ ။

ချစ်ခြင်းမေတ္တာဆိုတဲ့ အရာက မောင်နဲ့ မသက်ဆိုင်ဘူး ထင်ပါရဲ့ ။ မောင့်ချစ်တဲ့သူတွေဆီက ယုယုယယ အကြင်နာတွေ တစ်ခါမှ မရခဲ့ဖူးဘူး ။

မောင်လည်း အချစ်ခံချင်တယ်လေ ။

မောင်က နည်းနည်းလောက်ဖြစ်ဖြစ် အချစ်ခံရဖို့ မထိုက်တန်ဘူးလား ။

*****************************************
Zawgyi

ၿငိမ္သက္ေနေသာ ကန္ေရျပင္ႀကီးကို ေငးၾကည့္ေနၾကေသာ လူႏွစ္ေယာက္ ။ ကန္းေဘာင္ေဘး ခုံတန္းေလးတစ္ခုေပၚ ထိုင္ရင္း လႈပ္ရွားမႈလည္း မရွိသလို စကားလည္း မေျပာျဖစ္ၾကေသးေပ ။
ကန္ထဲရွိ ၾကာ႐ြက္ စိမ္းစိမ္းေပၚ ေပါက္ေနေသာ ပဒုမၼာၾကာပန္းတို႔၏ အလွကိုသာ ေစ့ေစ့ၾကည့္ေနမိပါ၏ ။

"ဦးရိပ္ ေျပာစရာ ရွိတယ္ဆို "

ၿငိမ္သက္မႈကို ၿဖိဳခြင္းလိုက္သူက ေမာင္ပါေလ ။ ဒီတိုင္းသာ ဆက္ထိုင္ေနရင္ ခဏေန လူရႈပ္လာေတာ့မည္ ။ ေျပာရခက္သည့္စကားဆိုရင္ လူထူထူေၾကာင့္ ခက္ေပလိမ့္မည္ ။

"အင္း...ငါတို႔ လက္ထပ္မယ့္ကိစၥ ေျပာခ်င္လို႔ "

"ဟုတ္ ေျပာပါ "

"ငါ ေယာက္်ားတစ္ေယာက္နဲ႕ လက္ထပ္ၿပီး အတူတူေနဖို႔ဆိုတာ ေတြးမၾကည့္ဖူးဘူး ၊ ၿပီးေတာ့ အဲ့လိုလည္း မေနခ်င္ဘူး "

"...."

ေမာင္ ဘာတစ္ခြန္းမွ မေျပာဘဲ ေလာင္းရိပ္ စကားကိုသာ ေသခ်ာအာ႐ုံစိုက္ေနပါသည္။

"ငါ့အတြက္ ဒါက တကယ္ကို ခက္ခဲတယ္"

အင္းေပါ့ေလ ။ ဦးရိပ္အတြက္ ခက္ခဲေလာက္မွာေပါ့ ။ အစကတည္းက gay ေတြကို မုန္းတဲ့သူတစ္ေယာက္ ။ဒါဆို လိင္တူ လက္ထပ္တာကိုလည္း.မုန္းေနမွာပဲ ။
ၿပီးေတာ့သူခ်စ္တဲ့သူကို သတ္ခဲ့တဲ့ ေမာင္နဲ႕ လက္ထပ္ရမွာေလ.။

"ဒါေၾကာင့္ ငါတို႔ တစ္ခုေလာက္.ညွိရေအာင္ "

"ဟုတ္ကဲ့ "

"ငါ... မင္းနဲ႕ တစ္သက္လုံးေတာ့ မေပါင္းနိုင္ဘူး... "

ထိုမွ်သာ ​ေျပာၿပီး ခဏရပ္သြားသည္ ။ ေမာင္ ထင္ၿပီးသားပါ ။ ကိုယ္မခ်စ္မႏွစ္သက္တဲ့သူနဲ႕ တစ္သက္လုံး အတူေနနိုင္ဖို႔ဆိုတာ အလြန္ခက္သည္ဆိုတာ ေမာင္ သိပါသည္။ ဖခင္၏ ေနာက္ဆုံးေတာင္းဆိုမႈကို လိုက္ေလ်ာခ်င္၍သာ ေမာင့္ကို လက္ထပ္ရသည္ဆိုတာလည္း ေမာင္သိသည္။
ဦးရိပ္ အကယ္၍ ထိုသို႔ေျပာလာနိုင္သည္ဟု ေတြးကာ စိတ္ကို ျပင္ဆင္ထားခဲ့ေသာ္လည္း....လက္ေတြ႕ ရင္ဆိုင္လိုက္ရေတာ့ ရင္ဘတ္ထဲမွာ နာသည္။ ခံရခက္ေနသည့္ ခံစားခ်က္မ်ိဳးပင္ ။
ဒါေပမယ့္ နာက်င္မႈေတြနဲ႕ ေနသားက်ေနတဲ့ ေမာင့္စကားသံတို႔ကေတာ့ တုန္လႈပ္မႈမရွိ ၊ ေအးစက္သာ ေနပါ၏။

"ဟုတ္... ဆက္ေျပာပါ "

"ဒီေတာ့ ငါ့ရဲ႕ အေမ စိတ္တိုင္းက် ႏွစ္ႏွစ္တန္သည္ သုံးႏွစ္တန္သည္ မင္းနဲ႕ အတူတူေနေပးမယ္ ၊ ဒါေပမယ့္ စိတ္ခ်ပါ ၊ ငါမင္းကို မထိပါဘူး ၊စိတ္လည္း.မဝင္စားတာမို႔ အဲ့ကိစၥေတြကို စိတ္ပူစရာမလိုပါဘူး "

"ဟုတ္ "

"ၿပီးရင္ေတာ့ ကြာရွင္းၾကတာေပါ့ ၊ နစ္နာေၾကးကို ငါျပင္ဆင္ထားပါ့မယ္ ၊ နစ္နာေၾကးကိုလည္း မင္းဆႏၵအတိုင္း ေပးပါ့မယ္ "

လက္ေတာင္မထပ္ရေသး ။ ကြာရွင္းဖိ​ု႔ အရင္ေတြးေနေသာ ဦးရိပ္ ၊၊ တကယ္ ခက္ခဲေနတဲ့ပုံပါပဲ ။
နစ္နာေၾကးလား.။ နစ္နာေၾကးအျဖစ္.ဦးရိပ္ရဲ႕ ႏွလုံးသားထဲမွာ ေနရာေသးေသးေလး တစ္ခုေလာက္ေတာ့ ေတာင္းခ်င္မိပါရဲ႕ ။ ေမာင္ ေလာဘေတြ နည္းနည္း.ႀကီးခ်င္လာၿပီ ဦးရိပ္ရယ္ ။

" ဒါတာ ငါ့သေဘာေျပာျပတာပါ ၊ မင္းသေဘာကေကာ ၊ မင္းဆႏၵကိုလည္း ပြင့္ပြင့္လင္းလင္း ေျပာလို႔ရပါတယ္ ၊ ညွိစရာရွိရင္ ညွိၾကရေအာင္ေလ "

"ဦးရိပ္သေဘာက ေမာင့္သေဘာပါပဲ ၊ ေမာင္ ကန႔္ကြက္စရာ မရွိပါဘူး "

ေမာင့္စကားတို႔က ကန္ေရျပင္အလား.တုန္လႈပ္မရွိ တည္ၿငိမ္လွပါ၏ ။ ေအးစက္ေနသည္ဟု ဆိုလွ်င္ ပိုမွန္ပါလိမ့္မည္ ။
ေအးစက္စက္ေကာင္ေလးအျဖစ္ တည္ရွိေနခဲ့တာ ဘယ္ေလာက္ေတာင္ ၾကာခဲ့ၿပီလဲ ။

"မင္း နစ္နာေၾကး ႀကိဳက္သေလာက္ ေတာင္းနိုင္္တယ္ ၊ ငါဆိုလိုခ်င္တာ တျခားမဟုတ္ဘူးေနာ္ ၊ မင္သိကၡာကို ေငြနဲ႕ တန္ဖိုးျဖတ္တာလည္း မဟုတ္ဘူး ၊ တကယ္လို႔ မင္းလိုခ်င္မွပါ "

ေလာင္းရိပ္ ထိုအခ်က္ကိုေတာ့ စိတ္ပူမိသည္ ။ ေမာင္ အထင္လြဲတာေတာ့ မခံနိုင္ ။ အရာရာကို ေငြနဲ႕သာ ေျဖရွင္းတတ္သူလည္း မဟုတ္ ။ တစ္ဖက္လူ၏ သိကၡာကိုေတာ့ ၾကည့္ပါေသးသည္။

"ျမန္မာကားထဲကလို ကြာရွင္းၿပီးရင္ နစ္နာေၾကးေတြ အမ်ားႀကီး ယူသြားလိုက္ရမလား ၊ ဦးရိပ္ ဘာမွ မက်န္ေတာ့ေအာင္ေလ "

ဟာသဆန္ဆန္ အ႐ႊန္းေဖာက္ေသာ စကားလုံးတို႔ကို ၿပဳံးကာ ေျပာေနေပမယ့္ ေမာင့္အၿပဳံးတို႔ အသက္မဝင္လွပါ ။ မ်က္ဝန္းေလးေတြ ဆိုရင္ေကာ ။ ဆံပင္မ်ား အုပ္ထားသည့္အျပင္ ပါဝါမ်က္မွန္​ေလးပါ တပ္ထားၿပီး အေနာက္အရပ္မွ ေနဝန္းနီနီက ေမာင့္မ်က္ႏွာေပၚ ျဖာက်ေနေသာေၾကာင့္ ေမာင့္မ်က္ဝန္းတိ​ု႔ကို ရွင္းရွင္းလင္းလင္း မျမင္ရနိုင္ေပ ။
အသက္မဝင္လွေသာ အၿပဳံးတို႔ကို ၾကည့္ရင္း.ေလာင္းရိပ္ ရင္ဘတ္ထဲ မြန္းၾကပ္လာရပါ၏ ။ ရင္ဘတ္ရဲ႕ အတြင္းတစ္ေနရာမွာ အလြန္နာေနသည္ ။ ေမာင့္မ်က္ႏွာကို ၾကည့္ေလ ပိုဆိုးလာေလမို႔ မ်က္ႏွာ လႊဲလိုက္သည္။

"​ေမာင္က စ​ေနတာပါ ၊ ေမာင့္ စကားက မရယ္ရဘူးထင္တယ္ "

"အင္း ၊ သိပ္မရယ္ရဘူး "

"​ေမာင္ ဟာသ ေျပာရင္ ဘယ္သူမွကို မရယ္ၾကဘူး ၊ေမာင္ ​ေျပာတာ ဟာသမေျမာက္လို႔မ်ားလား "

ေတြးေတြးဆဆေျပာရင္း.ကန္ေရျပင္သို႔ ေငးၾကည့္ေနေသာ ေမာင့္ကို ေလာင္းရိပ္ မ်က္ေတာက္မခတ္ဘဲ ၾကည့္ေနမိပါသည္။
ဘယ္ကတည္းက ခုလို စကားလုံးေတြကို ေျပာေနတာလဲ ေမာင္ ။ ေမာင့္စကားေတြက ဟာသဆန္ပါတယ္ ။.ဒါေပမယ့္ ဟာသေတာ့ မေျမာက္ဘူး ။

"ကဲပါ ထားလိုက္ပါေတာ့၊ ဦးရိပ္ ေျပာသလိုပဲ ေမာင္တို႔ ႏွစ္ႏွစ္ပဲ ေပါင္းၿပီး ကြာရွင္းၾကတာေပါ့ ၊ စကားနဲ႕ပဲ ေျပာတာကို စိတ္မခ်ရင္ စာခ်ဳပ္နဲ႕ လုပ္ခ်င္လား "

ခုထက္ထိ ေလာင္းရိပ္ကို ဆြဲမထားတာေတာ့ မေျပာင္းလဲေသးေပ ။ ေလာင္းရိပ္သေဘာ ၊ ေလာင္းရိပ္ စကားအတိုင္း နားေထာင္တတ္တဲ့ ေကာင္ေလးကေတာ့ အခုလည္း ဘာမွ ျငင္းဆိုျခင္းမရွိ ။

"စာခ်ဳပ္ကိုေတာ့ ဦးရိပ္ဘာသာပဲ ေရးလိုက္ပါ ၊ ေမာင္က.သိပ္နားမလည္ဘူးဗ် ၊ ေမာင့္မွာ ေတာင္းဆိုစရာလည္း မရွိဘူးေလ၊ ဦးရိပ္ ေကာင္းသလိုသာ လုပ္လိုက္ပါ "

ဘာပိုင္ဆိုင္မႈမွ ေမာင့္မွာ မရွိခ်င္ေတာ့ပါဘူး ။ အားလုံးကို လက္လႊတ္ထားခဲ့တာ ၾကာခဲ့ၿပီပဲ ။တစ္ခါတစ္ေလ ေလာဘေသးေသးေလးေတာ့ ထားခ်င္မိပါရဲ႕ ။
ဒါေပမယ့္ ေမာင့္မွာ အဲ့လိုလုပ္ပိုင္ခြင့္ေကာ ရွိရဲလား ။
ရင္ထဲ၌ မြန္းၾကပ္ရပါ၏ ။

.....

ႏွစ္ဖက္မိဘမ်ားႏွင့္ လူႀကီးမ်ား ေလာင္းရိပ္တို႔ အိမ္ကေလးတြင္ ေရာက္ရွိေနၾကပါ၏ ။ ဒီေန႕က ေစ့စပ္တဲ့ေန႕ေလ ။
ေမာင္တို႔ အိမ္က က်ဥ္းေတာ့ ေလာင္းရိပ္ အိမ္၌သာ ေစ့စပ္ပြဲလုပ္လိုက္ရသည္။
လိင္တူခ်င္း လက္ထပ္လို႔ရတဲ့ ဥပေဒမရွိေသးေပမယ့္ နားလည္မႈႏွင့္ေတာ့ လက္ထပ္၍ ရသည္ေလ ။

ဧည့္ခန္းထဲတြင္ ေဘးခ်င္းကပ္ရပ္ ထိုင္ေနေသာ ေလာင္းရိပ္ႏွင့္ ေမာင္ ။
အျဖဴေရာင္ တိုက္ပုံ ၊ ဆင္စြယ္ေရာင္ ပုဆိုးေလးမ်ားျဖင့္ ၾကည့္သူတိုင္း မ်က္စိေအးရပါ၏ ။
လူႀကီးလူေကာင္း ဆန္ဆန္ ေခ်ာေမာေနေသာ ေလာင္းရိပ္မွာ ငယ္႐ြယ္ႏုပ်ိဳစအ႐ြယ္သာ ရွိေသးေသာ ခ်စ္စရာေကာင္းစြာ ခန႔္ညားေနသည့္ ေမာင့္ကို ၾကည့္ရင္း ရင္ခုန္သံမ်ားပင္ ျမန္လာသလိုပင္ ။ စိတ္လႈပ္ရွားတာလည္း ျဖစ္နိုင္ပါသည္။

"  ေမေမ့သား ႏွစ္ေယာက္က ခန႔္ညားလိုက္တာကြယ္ ၊ လိုက္ဖက္လိုက္တာလည္း လြန္ေရာ ၊ ကြၽန္မေတာ့ ေနာက္ထပ္ သားေခ်ာေခ်ာေလး.ထပ္ရတာပဲ မႏြယ္ရယ္ "

မ်က္ႏွာ သိပ္မလန္းရွာေသာ ေမာင့္ေမေမအား.ေလာင္းရိပ္ေမေမက အေနရ မခက္ေစရန္ စကားစ ေျပာလိုက္ပါသည္ ။

"ကြၽန္မလည္း ကံေကာင္းတာပါပဲ ၊ အားကိုးရတဲ့ သားႀကီးတစ္ေယာက္ ထပ္ရတာေပါ့ရွင္ ၊ ေမေလးသာ ရွိရင္ ေပ်ာ္ေနမွာ. "

ေမ့ကို လြမ္းေနသည္ ထင္ပါရဲ႕ ။ ေမာင့္ေမေမက ေမ မရွိေတာ့ကတည္းက စိတ္က ပုံမွန္သိပ္မဟုတ္ခ်င္ေတာ့ ။ ေမာင္ အစက ဆရာဝန္နဲ႕ ေသခ်ာတိုင္ပင္ၿပီး ကုပါေသးတယ္ ။ ဒါေပမယ့္ ကုသစရိတ္က အရမ္းႀကီးေနေတာ့ ဆက္မကုနိုင္ေတာ့ဘူးေလ ။ ေမာင့္အင္အားေလးနဲ႕ ဘယ္တတ္နိင္ပါ့မလဲ ။
ေဒၚႏြယ့္ စကားေၾကာင့္ ေလာင္းရိပ္ အံကို တင္းတင္းႀကိတ္ထားၿပီး.လက္သီးပါ ဆုပ္ထားမိသည္။ ေမ့အေၾကာင္းေတြးတိုင္း.စိတ္တိုရသည္ ။ သူမုန္းသည့္ ေမာင့္ကို ခဏခဏေတြးမိျခင္းေၾကာင့္ပင္ ။
အခုေတာ့ သူမုန္းရတဲ့သူက သူ႕နေဘးမွာ သူ႕ရဲ႕ အိမ္ေထာင္ဖက္အျဖစ္ ရွိေနသတဲ့ေလ ။
မုန္းတီးေသာ.မ်က္ဝန္းမ်ားျဖင့္ ေမာင့္အား မၾကည့္မိေအာင္ သတိထားေနရပါသည္။ သို႔ေပမယ့္ အသိစိတ္က မထိန္းခ်ဳပ္ထားနိုင္သည့္အလား ေဘးက ေမာင့္အား လွည့္ၾကည့္မိလိုက္ပါသည္ ။
ေအးစက္စက္ ေမာင့္ပုံစံက နည္းနည္းမွ မေျပာင္းလဲ ။ ခံစားခ်က္ မရွိသည့္လူအလား ထိုင္ေနကာ ႏႈတ္ခမ္းဖူးဖူးအား.တင္းတင္းေစ့ထားၿပီး မ်က္ဝန္းအစုံကလည္း မ်က္ႏွာခ်င္းဆိုင္က နံရံျဖဴျဖဴကိုသာ ၾကည့္ေနပါ၏ ။ ေလာင္းရိပ္ တကယ္ ေမာင့္ကို နားလည္ရ ခက္ေနမိသည္ ။ နားကိုမလည္နိုင္တာဆိုလွ်င္ ပိုမွန္လိမ့္မည္။

"အို မႏြယ္ရယ္ ၊ စိတ္မေကာင္းစရာေတြ အရမ္းႀကီးမေတြးပါနဲ႕ေတာ့ ၊ ခုၾကည့္ သားႏွစ္ေယာက္ကို ျမင္ေနရတာ ဘယ္ေလာက္ ေတာင္ ေပ်ာ္စရာေကာင္းသလဲ "

ကြက္ခနဲ ပ်က္သြားေသာ ေလာင္းရိပ္မ်က္ႏွာကို ေလာင္းရိပ္ေမေမက သတိထားမိသျဖင့္ စကားလမ္းေၾကာင္း လႊဲလိုက္ျခင္း ျဖစ္သည္ ။
လူႀကီးမ်ားႏွင့္ အခ်ိန္အေတာ္ၾကာ စကားေျပာၾကသည္။ ေလာင္းရိပ္က ဝင္ဝင္ေျပာတတ္ေသာ္လည္း ေမာင္ကေတာ့ ေရခဲ႐ုပ္အလား ၿငိမ္သက္လွပါ၏ ။

ရပ္မိရပ္ဖမ်ား ျပန္သြားခါမွ ထိုင္ေနရာမွ ဆတ္ခနဲ ထသြားေသာ ေမာင့္ေနာက္ကို ေလာင္းရိပ္လိုက္သြားေလသည္ ။

ေနာက္ေဖး မီးဖိုခန္းထဲတြင္ ဝင္သြားသျဖင့္ ေလာင္းရိပ္ ထပ္လိုက္သြားပါ၏ ။

ထမင္းစား စားပြဲေပၚတြင္ လက္ႏွစ္ဖက္အား ေထာက္ကာ ေခါင္းကို ငုံ႕ထားသည့္ေမာင့္ ေက်ာျပင္ေသးေသးေလးကို ျမင္ေနရပါသည္။  သက္ျပင္း ခဏခဏ ခ်သည့္အသံကိုလည္း ၾကားရသည္။

"ငိုေနတာလား "

ေလာင္းရိပ္ အသံေၾကာင့္ ေမာင္ ခႏၶာကိုယ္ကို လွည့္ကာၾကည့္လိုက္ပါသည္ ။

"ဦးရိပ္ ဘာခိုင္းစရာ ရွိလို႔လဲ "

ငိုေနတာ မဟုတ္ေပမယ့္ တစြန္းတစေပၚလာတဲ့ မ်က္ဝန္းအိမ္ေလးမွာ အနည္းေတာ့ နီေနသည္ ။

"ခိုင္းစရာ မရွိပါဘူး.၊ ေမ့ကို သတိရၿပီး ငိုေနတာလားလို႔ "

"မငိုပါဘူး "

"ေအးေလ ဘယ္ငိုပါ့မလဲ ၊ ေမ့ေနရာမွာ မင္းက ေရာက္ေနၿပီပဲေလ ၊ ေပ်ာ္ေနသင့္တာမလား "

"ေမာင့္ကို စကားနာ မထိုးပါနဲ႕ ဦးရိပ္"

"ငါ မင္းကို သိပ္မုန္းတယ္ ေမ့အေၾကာင္း ေတြးမိတိုင္း မင္းကို မုန္းတယ္ "

"ေမာင္ သိပါတယ္၊ ေမာင္သိေနပါတယ္"

ႏွစ္ေယာက္လုံး အကြာအေဝးတစ္ခုကေန စိုက္ၾကည့္ေနၾကရင္း ႏွလုံးသားထဲမွ နာက်င္မႈကို ႏွစ္ေယာက္လုံး.အံတုေနရသည္သာ ။

ခံစားခ်က္ မရွိသည့္အလား ေအးစက္ေနေသာ မ်က္ႏွာက ေမာင့္မ်က္ႏွာဖုံးေလးတစ္ခု ။ အျပဳအမူေတြ လိမ္လို႔ရေပမယ့္ မ်က္ဝန္းေတြကေတာ့ မလိမ္နိုင္ဘူးေလ ။
ဒါေပမယ့္ ေမာင့္မ်က္ဝန္းကို ဆံပင္ႏွင့္ မ်က္မွန္ အကာအကြယ္ယူၿပီး ဘယ္သူ႕ကိုမွ ေပးမျမင္ခဲ့ပါဘူး ။ ျမင္ရင္ေတာင္ သနားၾကပါ့မလား.။ နားလည္ေပးနိုင္ၾကပါ့မလား ။

ဦးရိပ္ ေမာင့္ကို မုန္းတယ္ေျပာတိုင္း ေမာင့္ႏွလုံးသားကို ဓားနဲ႕မႊန္းေနသလိုပဲ ဦးရိပ္ရယ္ ။ ေျပာမျပနိုင္ေအာင္ အရမ္းနာတယ္ ။
မခ်စ္ပဲလည္း မေနနိုင္ဘူးေလ ။ ဒီဘဝမွာ ဒီလူကိုပဲ ခ်စ္သြားေတာ့မွာ ။

ခ်စ္ျခင္းေမတၱာဆိုတဲ့ အရာကေမာင္နဲ႕ မသက္ဆိုင္ဘူး ထင္ပါရဲ႕ ။ ေမာင့္ခ်စ္တဲ့သူေတြဆီက ယုယုယယ အၾကင္နာေတြ တစ္ခါမွ မရခဲ့ဖူးဘူး ။

ေမာင္လည္း အခ်စ္ခံခ်င္တယ္ေလ ။

ေမာင္က နည္းနည္းေလာက္ျဖစ္ျဖစ္ အခ်စ္ခံရဖို႔ မထိုက္တန္ဘူးလား ။

Continue Reading

You'll Also Like

1.2M 90.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.3M 44.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
1.3M 13.6K 16
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...
233K 22.8K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...