ငြိမ့် (COMPLETED)

By Kattamkaung

1.6M 151K 6.9K

(အချစ်က ငြိမ့် / အခ်စ္က ၿငိမ့္) Both Zawgyi and Unicode Available More

စာရေးသူ၏အမှာစာ
Chapter - 1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter -6
Chapter-7
Chapter-8
Chapter-9
Chapter - 10
Chapter - 11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
လက်ဆောင် 🎁
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Final Chapter
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ
Special Chapter
Physical Book Announcement
Book Detail

Chapter-39

33.2K 2.7K 143
By Kattamkaung

Unicode

ချစ်မိပြီးနောက် နေ့ရက်များ ၁၆

တရှဲရှဲမြည်နေတဲ့ ဆီပူအိုးကို မီးပိတ်ပြီး
ငြိမ့်တည် အိမ်ရှေ့ခန်းဘက် ထွက်လာခဲ့သည်။ တိုင်ကပ်နာရီကို ကြည့်တော့ ညနေ၆နာရီခွဲ။ ဒီအချိန်ဆို ကိုလှိုင်းဆက် ရွှေဘိုမှာ အလုပ်ပြီးနေလောက်ပြီထင်သည်။
အိမ်ရှေ့ တံခါးသော့ကို သေချာစစ်ပြီး
ဆိုဖာပေါ် ပစ်တင်ထားတဲ့ ဖုန်းလေးကိုယူကာ
ငြိမ့်တည် ဝရံတာဘက် ထွက်လာလိုက်သည်။

ဆောင်းကာလမို့ ညနေနေရောင်က အားမရှိလှ။ နှင်းရိပ်တွေကြား ဖျော့တော့လို့နေသည်။
ဆောင်းညနေတွေက မိုးချုပ်မြန်သည်မို့
နေ့တာကလည်း တိုတတ်သေးသည်။ အညာ‌ဒေသရဲ့ ဆောင်းတွင်းအချိန်ဟာလဲ
သိပ်ထူးခြားသွားတာမျိုးမရှိ။ပူအလွန် အေးအလွန်နှင့် အစွန်းပင် ရောက်ပါသေးသည်။

ငြိမ့်တည်က မှောင်ရိပ်သန်းနေပြီဖြစ်သော
ညနေခင်းကို တိုက်ခန်းဝရံတာမှ မေးထောက်ငေးနေမိသည်။ လူသွားလူလာ မပျက်သေးသည့် အိမ်ရှေ့လမ်းမှာတော့ ရုံးပြန်လာကြသူတွေက ဖြတ်သန်းသွားလာနေကြ၏။ တစ်ဖက်တိုက်ခန်းက ဟင်းဆိုင်မှာလဲ
ဈေးဝယ်ကျချိန်မို့ လူစည်လို့နေသည်။

ငြိမ့်တည်က ဝတ်ထားသည့် လက်ရှည်အပါးလေးကို ရင်ဘတ်ကနေစွဲစေ့ပြီး ခရီးထွက်သွားတဲ့ အမျိုးသားကို သတိရနေမိသည်။
ရုံးကိစ္စနှင့် သွားတဲ့သူကို ဖုန်းတဂွမ်ဂွမ်
ဆက်လို့ကလည်း မဖြစ်တာမို့ ဒီတစ်နေ့လည်လုံး ဖုန်းအနားကနေ ဝေးဝေးမခွာရဲ။
ရောက်ရင် ဖုန်းဆက်ပါမည်ဆိုတဲ့သူဆီက
ဖုန်းအလာကို ငြိမ့်တည် စောင့်နေရသည်။

မန္တလေး-ရွှေဘိုခရီးက ဝေးလွန်းသည် မဟုတ်ပေမဲ့ သူတို့အိမ်ထောင်ကျပြီး ပထမဆုံးအကြိမ် ညဥ့်အိပ်ညနေခွဲဖူးတာမို့ ငြိမ့်တည်
နည်းနည်းတော့ လွမ်းသလိုလို ဖြစ်ရသည်။
အိမ်က အမြဲနှစ်ယောက်ရှိနေရာမို့ တစ်ယောက်လျော့ရင်တောင် ခံစားချက်က သိသာလို့လာသည်။ နှစ်ယောက်စာ ချက်နေရာက လျှော့ချက်ရတာတွေ ၊ ခုလို ဝရံတာမှာ တစ်ယောက်ထဲ နေရာအကျယ်ကြီး ရပ်နေရတာတွေကအစ ကိုလှိုင်းဆက်ကို
ဖျတ်ခနဲ သတိရစေတတ်၏။

"နေရာထိုင်ခင်းရော အဆင်ပြေရဲ့လားမသိဘူး။ ကုမ္ပဏီနဲ့ သွားတာဆိုတော့ ဂရုတော့
စိုက်ကြမှာပါ" ငြိမ့်တည်က ဟိုဟိုဒီဒီငေးနေရင်း ပါးစပ်ကလည်း တစ်ယောက်ထဲမေး၊
တစ်ယောက်ထဲဖြေ ဖြစ်လို့နေမိသည်။
သူ့ကားသူ မောင်းသွားတာမို့ ခရီးဝေးမောင်းရင်း ပင်ပန်းမှာကိုလည်း စိုးရိမ်မိ၏။

ညက တဖြေးဖြေးပိုမှောင်လာပြီး
ဝရံတာမှာရပ်ရတာ ခြေတောင့်လာမှ
ငြိမ့်တည် အိမ်ထဲ ပြန်ဝင်လာခဲ့လိုက်သည်။
အိမ်ထဲရောက်‌တော့ သူ့လက်ဖဝါးတွေတောင် အေးချင်သလိုလို ဖြစ်လို့နေပြီပင်။

လက်ထဲကဖုန်းကို မီးဖိုချောင်ထဲထိ ယူသွားပြီး ပန်းကန်စင်ပေါ်မှာ ခဏတင်လိုက်သည်။
ပန်းကန်တစ်ချပ်ယူပြီး ထမင်းထည့်၊ စောစောက ကြော်ထားတဲ့ ကြက်ဥမွှေကြော်ကို ထမင်းဖြူဖြူပေါ်တင်လိုက်ပြီး
ငါးခြောက်ကြော်ကို ဘေးကနေ ပုံလိုက်သည်။ ပြီးမှ ပန်းကန်စင်ပေါ်က ဖုန်းကိုတစ်ဖက် ထမင်းပန်းကန်တစ်ဖက်နှင့်
ငြိမ့်တည် ဧည့်ခန်းထဲ ပြန်လာခဲ့လိုက်၏။

ရေနွေးတစ်ခွက်ငှဲ့ကာ စားပွဲပေါ်တင်ပြီး
တီဗွီဖွင့်လိုက်တော့ ဧည့်ခန်းထဲ အသံတချို့ ဆူညံလို့သွားသည်။ အသံတွေကြားရတော့
အပျင်းပြေသလိုတော့ ရှိ၏။ တကယ်ဆို
ငြိမ့်တည် အချိန်အတော်ကြာ ခုလိုမျိုး တစ်ယောက်ထဲ ဖြတ်သန်းခဲ့ပေမဲ့ ကိုလှိုင်းဆက်
ရောက်လာကတည်းက တစ်ယောက်ထဲ မနေတတ်တော့။ အဖော်လေးရှိမှ နေရတာ ပျော်သလိုဖြစ်လာခဲ့သည်။

ထမင်းစားရင်း လွတ်နေတဲ့နေရာကို ကြည့်မိတော့ ငြိမ့်တည် ပြုံးမိပါ၏။ ဒီတစ်ရက်လေး
ခွဲရတာတောင် သူ့မှာမနေတတ်မထိုင်တတ်။
ဒီလောက်ထိအောင်ကို သံယောဇဉ်ဖြစ်သွားခဲ့တာဖြစ်သည်။ အငွေ့အသက်လေး ရှိနေမှ၊
အသံလေးကြားနေပါမှ အသက်ရှင်ရတာ
အဓိပ္ပာယ်ရှိသလို ဖြစ်လာခဲ့ပြီထင်ပါ့။

စားသောက်ပြီးတော့ ငြိမ့်တည် ဆိုဖာပေါ်
ခွေအိပ်ရင်း တီဗွီကလာတဲ့ အစီစဉ်တွေ ကြည့်နေလိုက်သည်။ ကြော်ငြာတွေပါမချန်
ပျင်းတိပျင်းတွဲ လိုက်ကြည့်နေရင်း ဖုန်းသံကြားတော့ လူက ဆတ်ခနဲ။ ချက်ချင်း ထထိုင်လို့ ခုံပေါ်တင်ထားတဲ့ ဖုန်းကိုဆွဲယူပစ်လိုက်တော့ ရေနွေးအိုးပင်လဲမလို ဖြစ်သွားသေးသည်။

"ဟယ်လို...ကိုလှိုင်းဆက်"
ငြိမ့်တည် မျက်နှာက အပြုံးတွေပြည့်နှက်လို့လာသည်။ နံရံမှာကပ်ထားတဲ့ မှန်ဆီ လှမ်းကြည့်ရင်း ငြိမ့်တည် ရင်ခုန်သလိုပါ ခံစားရ၏။

"စားပြီးပါပြီဗျား။ နေရတာရော အဆင်ပြေရဲ့လားဗျ"

တစ်ဖက်က ကိုလှိုင်းဆက်က ငြိမ့်တည်
မေးသမျှကို  အေးဆေးစွာဖြေပေးနေ၏။
အပြင်မှာ ရောက်နေသလားမသိ ကားသံဆိုင်ကယ်သံတချို့ ဖုန်းထဲကနေ ကြားနေရသည်။

"အခု စားသောက်ဆိုင်မှာ ရှိသေးတာပေါ့"

ထင်သည့်အတိုင်း မိတ်ဆွေဟောင်းနဲ့တွေ့လို့
တည်းခိုရမဲ့ နေရာဆီ မရောက်သေးကြောင်း
ပြောလို့လာသည်။ နေဖို့ကို ကုမ္ပဏီက စီစဉ်ပေးထားတာမို့ အဆင်ပြေကြောင်း ငြိမ့်တည်စိတ်မပူဖို့ သေချာရှင်းပြပေးလာတာကြောင့်
သဘောတကျ ရယ်မိလိုက်သည်။

"မန်နေဂျာကြီးက ကျွန်တော့ကို အစီရင်ခံစာ တင်နေတာလားဗျ"

ကိုလှိုင်းဆက်ရဲ့ ရယ်သံက လေလှိုင်းကတဆင့် ငြိမ့်တည်ဆီ ရောက်လို့လာတဲ့အခါ
ရင်ထဲမှာ လှိုက်ခနဲနွေးသည်။ ချက်ချင်းပဲ
အနားကို ပြေးသွားချင်လာသည်။

"ပြန်လာခါ နီးရင်လည်း ဖုန်းဆက်အုန်းနော်"

"...."

"ဒါပေါ့ ကျွန်တော် သော့သေချာ ခတ်ထားပါတယ်ဗျား"

"...."

"‌စောင်လဲ သေချာခြုံအိပ်ပါ့မယ်ဗျား"

မှာနေတာတောင် တောင်းဆိုနေတာနဲ့တူနေတဲ့ ကိုလှိုင်းဆက်ပါပဲ။ အမြဲ အတူရှိနေတာကြောင့် နှစ်ယောက် ဖုန်းပြောရတာ ရှားရှားပါးပါးဖြစ်သည်။ ဒါကြောင့် ခုလိုဖုန်းပြောရတာကိုပင် ငြိမ့်တည်မှာ ရင်တွေခုန်နေရ၏။
နှစ်ယောက်သားက အခုမှ ရည်းစားဖြစ်ကြတဲ့သူတွေလို နာရီဝက်လောက်ကြာအောင် စကားပြောမပြီး။ ထွေရာလေးပါး ပြောနေတဲ့ ငြိမ့်တည်ကို ထောက်ခံနေရုံနဲ့ အချိန်အတော်ကုန်သွားတာမို့ ငြိမ့်တည်ကပဲ စကားဖြတ်ကာ
ဖုန်းချဖို့လုပ်ရတော့သည်။

"ကိုလှိုင်းဆက်..."

တစ်ဖက်က ငြိမ်နေသည်။ ကားတစ်စီး ဖြတ်သွားသံ က ဖုန်းထဲကနေ တိုးဝင်လာ၏။
ငြိမ့်တည် အသက်တိုးတိုးရှူထုတ်ရင်း
ဘောင်းဘီအဖျားစနှင့် လိမ်နေသည့်
လက်ညှိုးကို ပြန်ဆွဲထုတ်လိုက်သည်။

"လွမ်းတယ်ဗျ"

အသက်ရှူသံကလွဲလျှင် တိတ်ဆိ‌တ်နေတာမို့
ငြိမ့်တည် ဖုန်းကိုကိုင်ထားရင် ငြိမ်နေလိုက်သည်။ သူ့ ဦးလေးကြီးတော့ ရှက်သွားပုံရ၏။ စကားပြန်မလာနိုင်အောင် အတွေးတွေများသွားတာ ဖြစ်လိမ့်မည်။

"ကိုယ်ရော ...ငြိမ့်ကိုလွမ်းနေပြီ"

အဟက်ခနဲ ရယ်သံသိုးသိုးသဲ့သဲ့ကြားရသည်။ ငြိမ့်တည်သည်လည်း ဒီဘက်ကနေ
သဘောတွေကျလွန်းလို့ ကိုယ့်ပေါင်ကိုယ်ပင် ပြန်ရိုက်နေမိ၏။ ဖုန်းချသွားသည်အထိ
ခပ်ဖြီးဖြီး ဖြစ်နေသည့်မျက်နှာက အရှိန်မသေ။ တီဗွီကြီးကို ကြည့်ရင်း အချိန်အတော်ကြာသည်အထိ ငြိမ့်တည် ပြုံးနေမိခဲ့သည်။

ကိုလှိုင်းဆက်ကို သူ တအားချစ်တာပဲ။

..................................................

ဖုန်းချပြီးတော့ လှိုင်းဆက် အပြုံးတွေက
တော်တော်နှင့် မရပ်နိုင်။ "လွမ်းတယ်ဗျ" ဟူသော အသံလေးကို ထပ်ခါထပ်ခါကြားရင်း ရင်ထဲမှာနွေးလို့လာရသည်။
ငြိမ့်တည်က အတတ်ကလေး။ ဒါကြောင့်လဲ
လှိုင်းဆက်က ချစ်မဝတာဖြစ်သည်။

ဒီနေ့ မဆုံတာကြာတဲ့ ထင်အောင်မြင်နဲ့ တွေ့တော့ အလုပ်ပြီးတာနဲ့ ပြန်နားဖို့အစီစဥ်ဟာ ပျောက်သွားခဲ့သည်။ မနက်အစောထွက်လာခဲ့တာမို့ ဒီကတွေ့ရမဲ့ Customerနဲ့တွေ့ပြီးတော့ နေ့လည် နှစ်နာရီသာ ရှိသေးသည်။
အတူလာတဲ့ ဝန်ထမ်းတွေနဲ့ ရွှေဘိုတစ်ဝိုက်က ဘုရားတွေပတ်ပြီး ဘယ်လောက်မှမကြာလိုက် ထင်အောင်မြင်နဲ့ ‌မြို့ထောင့်ဘုရားမှာ ဆုံကြတော့တာပင်။

သူ့သမီးလေးကို ချီလို့ ဘုရားရင်ပြင်မှာရပ်နေတဲ့ ထင်အောင်မြင်ကို လှိုင်းဆက်က မမှတ်မိ။
ဘေးနားမှာ ဘုရားရှိခိုးနေသည့် အမျိုးသမီးကိုမြင်မှ လှိုင်းဆက်သတိထားမိတော့သည်။
ထင်အောင်မြင်ရဲ့ မမကြီးက ဝလာတာကလွဲရင် ငယ်ရုပ်မပျောက်သေးတာကြောင့်ပင်။

သူငေးကိုယ်ငေးနှင့် လာနှုတ်ဆက်တဲ့
ထင်အောင်မြင်က အရင်ကထက်စာရင်
ပြည့်ဖြိုးနေတာကြောင့် တော်ရုံနှင့် မမှတ်မိနိုင်။ တဟားဟား ရယ်လို့ လှိုင်းဆက်ကို
ဇွတ်ဆွဲထားတာမို့ ရုံးက ကလေးတွေကို ပြန်လွှတ်ကာ လှိုင်းဆက်က သူတို့မိသားစုနှင့် ပါလာခဲ့ရတာဖြစ်သည်။

ရွှေဘိုတစ်ဝိုက် ဟိုဟိုဒီဒီလိုက်ပြတဲ့
ထင်အောင်မြင်က ဆန်ရောင်းဝယ်ရေးလုပ်နေပြီး စီးပွားရေး အဆင်ပြေပုံရတာကြောင့်
လှိုင်းဆက် ဝမ်းသာရပါသည်။ တစ်ဘဝလုံး
ဒီတစ်ယောက်ထဲကို ရအောင်လိုက်ပြီး
ရိုးမြေကျပေါင်းသင်းတဲ့ သူငယ်ချင်းက အိမ်ထောင်ရေးလည်း စိုပြေရှာပုံရ၏။
လှိုင်းဆက်က သူတို့လင်မယားနဲ့ ကျောင်းတုန်းက ကိစ္စတွေပြန်ပြောဖြစ်ကြရင်း
ဖြစ်ခဲ့တဲ့ကိစ္စတွေအပေါ် စိတ်မကောင်းကြောင်းတွေ ကြားခဲ့ရသည်။

အဲ့ဒီတုန်းက သူငယ်ချင်းတွေနဲ့ မျက်နှာချင်းဆိုင်ဖို့ အတော်ခက်ခဲခဲ့တာကြောင့် သူတို့ကြားထဲအစိုင်အခဲတွေကျန်နေခဲ့ပေမဲ့ ခုလိုတွေ့ရတော့လည်း ပေါ့ပေါ့ပါးပါးပါပဲ။ အဆက်သွယ်ရှိဆဲ အပေါင်းသင်းတချို့ဆီဖုန်းခေါ်တော့ ပျောက်ချက်သားကောင်းနေတဲ့ လှိုင်းဆက်ကို ပြောဆိုနေကြသေးသည်။
အရာရာက ထင်သလောက်ဆိုးရွားနေတာ မရှိတော့။ အတိတ်က ပြိုလဲခဲ့ရခြင်းတွေက အရာရာထုတ်ပြသွားပြီးတဲ့နောက်မှာ သူ့ကိုပြန်ဦးမော့လာစေခဲ့သည်။

အသက်ငယ်သေးတဲ့ ကောင်လေးတစ်ယောက်နှင့် လက်ထပ်လိုက်တဲ့အကြောင်း
လှိုင်းဆက်ပြောတော့ အားလုံးက တအံ့တဩ။ ဂုဏ်ပြုစကားတွေဆီက စိတ်ရင်းတွေကို လှိုင်းဆက်လိုက်ရှာမနေပဲ ကျေးဇူးတင်တဲ့အကြောင်းသာပြောရသည်။ ကျန်တာတွေးချိန်မရှိပဲ ငြိမ့်ကိုတွေးမိလို့ပျော်တာက အရင်ဖြစ်နေခဲ့သည်မို့ပင်။

ထင်အောင်မြင်တို့က ငြိမ့်ကိုတွေ့ဖူးချင်သည်ဆိုတာကြောင့် ဖုန်းထဲက ဓာတ်ပုံကို ထုတ်ပြရ၏။ ငြိမ့်က သူ့ဘေးမှာဖုန်းကိုင်ထားလို့ သွားဖြူဖြူလေးတွေပေါ်အောင် ရယ်နေခဲ့တာဖြစ်သည်။ ညနေဆည်းဆာကြောင့် ငြိမ့်အသားအရည်က ဝါဝါဝင်းလို့နေ၏။

"လှိုင်းဆက်တို့တော့ ယောက်ျားနဲ့ ပျော်နေပုံပဲဟေး။ စိုပြေနုပျိုနေလိုက်တာများ"
ထင်အောင်မြင်တို့ ဝိုင်းစတော့ လှိုင်းဆက်က
ခေါင်းငုံ့လို့ပြုံးရတာ အခါခါ။ ပါးချိုင့်တွေက
ဒီနေ့ အတော်လေး အလုပ်လုပ်ခဲ့ရသည်။

ခုလည်း ညစာလိုက်ကျွေးနေတုန်း သူ့အသိနဲ့တွေ့လို့ စကားပြောနေသည့် ထင်အောင်မြင်ကို ထားခဲ့ကာ ငြိမ့်ဆီဖုန်းဆက်ရတာပင်။
သူ့မှာ တစ်နေကုန်ဟိုသွားဒီသွားနှင့် ဖုန်းမဆက်ရသေး။ အသံလေးကြားတော့လည်း တစ်နေကုန်မောခဲ့သမျှတွေ ပြေရပါသည်။

ဒီကပြန်ရင် ငြိမ့်ကိုဖက်ထားပြီး လွမ်းတဲ့အကြောင်းတွေ သေချာပြောပြရအုန်းမည်။
သနပ်ခါးကြိုက်တဲ့ ငြိမ့်အတွက် ရွှေဘိုသနပ်ခါးတုံး တွေယူသွားပြီး ချစ်တာတွေလည်း ပြရပါအုန်းမည်။

..............................................

ရေချိုးနေတုန်း တတီတီမြည်နေတဲ့ ဖုန်းကြောင့် ငြိမ့်တည် အမြန်ပြေးထွက်လာကာ
ဖုန်းကိုင်ရသည်။ ချိုမြိန်တဲ့အသံနဲ့ မေးလာသူက ဘယ်အချိန်ကတည်းက အိမ်ရှေ့ရောက်နေသည်မသိ။

"ကိုယ့်ကို တံခါးဖွင့်ပေးပါအုန်း" ဆိုလာတာမို့
ရေလဲပုဆိုးအမြဲလဲဝတ်ကာ ကလန့်ဖြုတ်ပေးရသည်။ ပုံမှန်ဆို သော့တစ်ယောက်တစ်ချောင်းစီဆိုပေမဲ့ ငြိမ့်တည်က ဒီနေ့ ဆိုင်မသွားဖြစ်တာကြောင့် အထဲက ပိတ်ထားမိတာဖြစ်သည်။

အထုပ်တွေဆွဲလို့ အိမ်ပေါက်ဝမှာ ရပ်နေသူက ငြိမ့်တည်ကိုမြင်တော့ ပါးချိုင့်တွေနစ်ဝင်သည်အထိ ပြုံးပြလို့လာသည်။
ကိုလှိုင်းဆက်ကိုယ်ပေါမှာ ဂျာကင်တစ်ထည်က နေရာယူထားပြီး ခရီးနွမ်းနေပုံရတာမို့
ငြိမ့်တည်က လက်ထဲက အထုပ်တွေကို အရင်လှမ်းယူလိုက်သည်။

"စောစောစီးစီး ရေချိုးနေလိုက်တာကွာ"

"ကိုလှိုင်းဆက်ကို နေ့ခင်းလောက်မှ ပြန်လာမယ်ထင်တာ။ အခုမှ မနက်ဆယ်နာရီရှိသေးတယ်။ ဘယ်အချိန်များ မောင်းလာလိုက်တာလဲ"

ငြိမ့်တည် အမေးကိုမဖြေခင် အထုပ်တွေချနေသည့် အနားရောက်လာပြီး ခါးကနေ ပွေ့ဖက်လို့လာတာမို့ ငြိမ့်တည်မှာ ကုန်းကုန်းကွကွ
ဖြစ်နေရာကနေ အထုပ်တွေကိုချကာ နောက်ပြန်ပါသွားရ၏။ ဆိုဖာပေါ်ထိုင်ချလိုက်သူရဲ့ ပေါင်ပေါ်ထိုင်မိသွားပေမဲ့ ဖက်ထားသူက လွှတ်မပေး။ ရေစိုလက်စဖြစ်နေတဲ့ ငြိမ့်‌တည်ကျောပြင်မှာ မျက်နှာအပ်လို့နေတော့တာဖြစ်သည်။

"ဖယ်ဖယ်...ခုမှ ရေလဲဝတ်ထားတာ။။သေချာရေမသုတ်ရသေးဘူး"
ရုန်းကန်ပေမဲ့ ငြိမ့်တည်ကိုယ်က မလွတ်။
လုံတယ်ဆိုရုံ တင်ထားတဲ့ ပုခုံးပေါ်က တဘက်ကိုဆွဲချပြီး ငြိမ့်တည်ကိုယ်က ရေတွေကို သုတ်ပေးနေတဲ့ ကိုလှိုင်းဆက်က
ခရီးပြန်လာလာချင်း နားဖို့အာရုံရှိပုံ မရပေ။

"ကိုယ် ငြိမ့်ဆီဖုန်းဆက်တော့ မနက်စာ စားနေပြီရယ်။ ပါလာတဲ့ကလေးတွေက နေ့လည်မှ ပြန်ကြမယ်ဆိုတာနဲ့ စောစောပြန်ခဲ့လိုက်တာ"

"တစ်ယောက်ထဲ မောင်းလာရတော့ ပင်ပန်းတော့မှာပဲဗျာ" ရေသုတ်ပေးနေတာကို ငြိမ်ခံနေရင်း ငြိမ့်တည်ပြောတော့ ကိုလှိုင်းဆက်က
ခေါင်းယမ်းပြလာသည်။ လည်ပင်တစ်ဝိုက်နှင့် နားရွက်ဖျားတွေကိုပါ လက်တွေ ရောက်လာတဲ့အခါ ငြိမ့်တည် ကြက်သီးများထလာရ၏။

"အမောပြေချင်လို့ ပြန်လာတာကို
ပင်ပန်းစရာလား..ကိုယ့်ကိုယ်ပြောပါအုန်း"

ငြိမ့်တည် ရယ်မိတော့ ခါးကနေဖက်ကာ
နားထင်စက မှဲ့နက်ကလေးကို ဇွတ်ဖိနမ်းလို့လာပြန်သည်။ ကိုလှိုင်းဆက်ရဲ့ နွေးထွေးနေတဲ့ ရင်ခွင်ထဲမှာ ငြိမ့်တည်က နစ်ဝင်မတတ်။
ရေချိုးထားလို့ အေးနေတာတောင် ဘယ်ပျောက်သွားသလဲ တွေးမရတော့ပေ။

သူ့မှာတော့ ပြန်လာရင် သန့်သန့်ရှင်းရှင်းလေး
ဖြစ်နေအောင် စောစောစီးစီး ရေမိုးချိုးလို့
ပြင်ဆင်ထားမလို့ကို ဒီဦးလေးကြီးက
ဘာကြောင့်မျာ အစောကြီးပြန်လာရသလဲ။
ရောက်တော့လည်း ကြည့်အုန်း ငြိမ့်တည်ကိုဖက်ထားပြီး တရှုံ့ရှုံ့လုပ်နေတော့သည်။

"အလွမ်းဖြေနေတာနဲ့ အအေးပတ်တော့မယ်ကွာ။ အရင် အင်္ကျီဝတ်ချေအုန်း..ကိုယ် ဝင်းကိတ် ဝယ်လာတယ် လှီးထားလိုက်မယ်။ ပြီးရင် အတူစားကြရအောင်"

"ဟုတ်"

ငြိမ့်တည် အင်္ကျီဝတ်နေတုန်း မီးဖိုချောင်ထဲ
အလုပ်ရှုပ်နေသူက ခရီးပန်းတာတောင်
သူ့ကိုယ်သူ သိမည်မထင်။ သနပ်ခါးတုံး အစီးလိုက်ကြီးကိုယူလာပြီး ငြိမ့်တည်အနား လာပေးသွားသေးသည်။ ငြိမ့်အတွက် ရွှေဘိုသနပ်ခါးပါတဲ့လေ။ လိမ်းမှာဖြင့် တစ်ယောက်ထဲရှိတာကို အတုံးတွေအများကြီးဝယ်လာတဲ့ ကိုလှိုင်းဆက်ကိုတော့ စလံပါပဲ။

‌ဝမ်းသာသွား‌အောင် ချက်ချင်း ကျောက်ပြင်မှာသွေးပြီး ငြိမ့်တည်ရဲ့ တစ်မျက်နှာလုံးကို လိမ်းလိုက်ရသည်။ ရွှေဘိုသနပ်ခါးက နာမည်ကြီးတာမပြောနှင့် အပွေးကောင်းပြီး အနှစ်ဝါသည်။ ရနံ့ကလည်းမွှေးသည်။ ဝယ်လာတဲ့သူရဲ့ မေတ္တာတွေပါ ပေါင်းလိုက်တော့ ငြိမ့်တည် တစ်မျက်နှာလုံး အိစက်ကာအေးနေတော့သည်။

"မုန့်စားလို့ ရပြီနော် ငြိမ့်ရေ"

"လာပြီဗျ"

သနပ်ခါး အဖွေးသားနှင့် ငြိမ့်တည်ထွက်လာတော့ ကိုလှိုင်းဆက်က ရှပ်အင်္ကျီလက်ရှည်အဖြူကိုခေါက်လို့ ဆိုဖာမှာထိုင်နေလျက်သား။ ငြိမ့်တည် ဝင်ထိုင်တော့ ခေါင်းကိုခပ်ဖွဖွပုတ်လိုက်သေးသည်။ ပြီးမှ ကိတ်မုန့်ပန်းကန်ကို အနားတိုးပေး၏။

"ရွှေဘို ဝင်းကိတ်က ကိုယ်တို့ငယ်ငယ်ကတည်းက နာမည်ကြီးပဲ။ မူလလက်ဟောင်းဆိုင်ထိ သွားဝယ်လာတာ‌ဗျား ငြိမ့်စားဖို့အတွက်။ ဝယ်ဝယ်ချင်းဆို ပူပူနွေးနွေးလေး စားရမှာ"

ဆီအိနေသည့် ကိတ်မုန့်က စားချင်စရာ။
အနေတော်လှီးထားသည့် ကိတ်မုန့်တစ်စိတ်ကို ပါးစပ်ထဲထည့်လိုက်တာနှင့် ချိုမြတဲ့ အရသာက ငြိမ့်ကိုမျက်လုံးမပြူးပဲ မနေစေနိုင်။ ထောပတ်အနံ့ကလည်း စားပြီးရင်း စားချင်အောင် ဆွဲဆောင်လို့နေတော့သည်။

သုံးလေးစိတ် တစ်ခါထဲစားလိုက်ပြီးမှ
ဘေးကနေ ပြုံးပြုံးကြီးကြည့်နေသူကို
ငြိမ့်တည် လက်မထောင်ပြလိုက်ရသည်။

"ကောင်းရဲ့လား စားလို့"

"ကောင်းတယ်ဗျ သူ့အရသာနဲ့သူလေး"

"ငြိမ့် စားကောင်းဖို့က အဓိကပဲဗျား။ ရွှေဘိုရောက်တော့ ဒေသထွက်ကုန်ဆို သနပ်ခါးပဲ သေချာသိတာ။ ကိုယ့်သူငယ်ချင်းနဲ့ဆုံမှ စကားစပ်မိလို့ မနက်စောစော အပြေးဝယ်ရတယ်"

ငြိမ့်တည်က ပလုပ်ပလောင်းစားရင်း
ပြုံးလိုက်တာမို့ ပါးနှစ်ဖက်က ဖောင်းကားကာ
မို့တက်လို့သွားသည်။ လက်မနဲ့ ပါးစပ်နားက
အမှုန်တွေကို သုတ်ပေးတဲ့ ကိုလှိုင်းဆက်က
ဗိုက်ဝနေပုံပင်။ အစားသောက်ကို သိပ်ပြီး ဟက်ဟက်ပက်ပက်မရှိလှ။

"သူငယ်ချင်းက ကျောင်းတုန်းက သူငယ်ချင်းလားဗျ"

"တက္ကသိုလ်က သူငယ်ချင်း။ ထင်အောင်မြင်တဲ့။ သူက အခုရွှေဘိုမှာ ဆန်အရောင်းဝယ်လုပ်နေတာ။"

ခေါင်းတငြိမ့်ငြိမ့် နားထောင်နေရင်း ဇင်ကိုဝင်းကို သတိရမိ‌သွားသေးသည်။ သတင်းကျွတ်ပြီးကတည်းက ပြောင်းသွားကြတာကြောင့် ငြိမ့်တည်တို့ မတွေ့က လပိုင်းပင်မကတော့။ သူ့မိန်းမ မီးကောင်းကောင်းဖွားနိုင်တာ ဝမ်းသာပေမဲ့ မတွေ့ရတော့လည်း နှစ်ဦးနှစ်ဖက် စိတ်ချမ်းသာရသားဟု ငြိမ့်တည်တွေးမိပါသည်။ ကိုယ်ကောင်းအောင် နေပေမဲ့ မပက်သက်ချင်သူကတော့ နည်းအမျိုးမျိုးနဲ့ ရှောင်ဖယ်တတ်တာပါပဲ။

"ငြိမ့် ဘာတွေများတွေးနေလို့ ကိုယ်ပြောတာ မကြားရတာလဲ"

"ဗျာ ကျွန်တော့ကို ပြောလိုက်တာလားဗျ"

ငြိမ့်တည်အတွေးများသွားတာ ဘေးကိုတောင် ခဏလွတ်သွားသည်။ ကိုလှိုင်းဆက်
လက်တွေက ငြိမ့်တည်ပခုံးကို ကိုင်ထားတာကိုပင် အခုမှ သတိထားမ်တာဖြစ်သည်။

"ရွှေဘိုဆန်က အိပြီးစားလို့ကောင်းတယ်လို့။
ကိုယ် တစ်ပိုင်းမှာခဲ့တာမို့ စားကြည့်ပြီး
ငြိမ့်ကြိုက်တယ်ဆို စားရအောင်ပြောတာပါ။
ဈေးလည်းမကွာဘူး စားရတာလည်း ကောင်းတယ်၊ အမြင်လဲလှတယ်"

"ကျွန်တော့က ဆန်မရွေးပါဘူးဗျာ။
ကိုလှိုင်းဆက် ကြိုက်တဲ့ဆန်သာစား။
ရေအချိန်အဆတော့ မေးရမယ်။ တော်ကြာ
ကိုယ်စားနေကျလိုချိန်ရင် မာတယ်ပျော့တယ်
ဖြစ်နေမှာစိုးလို့"

"ကိုယ် မေးထားလိုက်ပါ့မယ်"

နှစ်ယောက်သား ဆန်တွေအကြောင်း
အလုပ်ကိစ္စအကြောင်းတွေ ပြောပြီးတော့
ကိုလှိုင်းဆက်က နားချင်ပါသည်ဆိုတာကြောင့် ငြိမ့်တည်အိပ်ရာ ပြင်ပေးရသည်။
ဆောင်းတွင်းကျမှ အဲယားကွန်းတပ်လိုက်တဲ့
သူတို့အခန်းက အလုံပိတ်သွားတာမို့ နေ့ခင်းကြောင်တောင်မှာတောင် မှောင်နေ၏။ ခြင်ထောင်သေချာပြင်ပေးပြီး ငြိမ့်တည်ထွက်လာမည်လုပ်ပေမဲ့ အပြင်ပြန်မရောက်လိုက်။

အတင်းဆွဲဖက်လို့ အိပ်ခိုင်းတဲ့ ကိုလှိုင်းဆက်က ခုတလော အင်မတန်ကပ်တတ်လာသည်။
ငြိမ့်တည်တို့ ပိတ်ရက်ချင်းများတိုက်လျှင်
အစောကြီးထ၊ သူလုပ်စရာရှိတာလုပ်ပြီးတာနှင့် ငြိမ့်တည်အနားမှာ ကပ်နေတော့သည်။
ဘာမှပြောစရာမရှိလျှင်တောင် အနားမှာဝေ့လည်ဝေ့လည်လုပ်နေတတ်သေး၏။

အသက်ရှူသံ တိုးတိုးထွက်လာပြီး
အိပ်ပျော်နေတဲ့ ကိုလှိုင်းဆက်ရဲ့ခါးကို
ဖက်တွယ်ထားရင်း ငြိမ့်တည် မျက်လုံးတွေ
မှိတ်ထားလိုက်သည်။ မနေ့ညက ကောင်းကောင်း အိပ်မပျော်ခဲ့ပုံရတာမို့
အနှောက်ယှက်မဖြစ်စေချင် ။ငြိမ်ငြိမ်လေး နေရင်း မှိန်းနေဖို့သာ ဆုံးဖြတ်ထားလိုက်ရသည်။

အဆီစိမ့်တွေ စားထားကြောင့် သိပ်မကြာခင်
ငြိမ့်တည်ပါ အိပ်ပျော်ချင်လာသည်။
ရင်ခွင်ဆီ မျက်နှာအပ်ဆင်းတော့
ကိုလှိုင်းဆက်ရဲ့ ကိုယ်နံ့က ငြိမ့်တည်ပါးက
သနပ်ခါးနံ့တို့နှင့် ရောနှောလို့သွားသည်။
ငြိမ့်တည် ပိုပြီးတော့တောင် အိပ်ချင်လာရတော့၏။

အင်းခနဲ ညည်းသံနှင်အတူ ငြိမ့်တည်က
ဖက်လုံးတစ်ခုနှယ် အဖက်ခံလိုက်ရတာမို့
ကိုယ်ကလည်း အားကျမခံ ကျောပြင်ကျယ်ကြီး‌ထိ လက်ဖဝါးတွေရောက်အောကိ ဖက်ပစ်လိုက်မိသည်။ အိပ်ရေးဝနေပေမဲ့ ဒီရင်ခွင်ထဲရောက်မှတော့ ငြိမ့်တည် ဘယ်နှရေး အိပ်အိပ် ဝမည်မထင်ပါဘူးလေ...။

................................................................
စာရေးသူ၏ အမှာစာ:
နောက်အပိုင်းဆို နှုတ်ဆက်ရတော့မယ်
ယူတို့ရေ
လွမ်းနေတော့မှာပဲနော်

ဒီမှာ OCအသစ်လေးလဲ တင်ထားတာမို့
ဆက်ဆက် လာဖတ်ကြပါအုန်းလို့
ဒီထဲက ကိုသျှမ်းနဲ့ ချစ်နိုင်းတို့ အတွဲလေးပါ
ချစ်တာပဲသိတဲ့ ညီလေးတို့အတွဲပေါ့


အားလုံး လာဖတ်ကြမယ်လို့ မျှော်လင့်ပါတယ်နော်❤️

Zawgyi

ခ်စ္မိၿပီးေနာက္ ေန႕ရက္မ်ား ၁၆

တရွဲရွဲျမည္ေနတဲ့ ဆီပူအိုးကို မီးပိတ္ၿပီး
ၿငိမ့္တည္ အိမ္ေရွ႕ခန္းဘက္ ထြက္လာခဲ့သည္။ တိုင္ကပ္နာရီကို ၾကည့္ေတာ့ ညေန၆နာရီခြဲ။ ဒီအခ်ိန္ဆို ကိုလွိုင္းဆက္ ေ႐ႊဘိုမွာ အလုပ္ၿပီးေနေလာက္ၿပီထင္သည္။
အိမ္ေရွ႕ တံခါးေသာ့ကို ေသခ်ာစစ္ၿပီး
ဆိုဖာေပၚ ပစ္တင္ထားတဲ့ ဖုန္းေလးကိုယူကာ
ၿငိမ့္တည္ ဝရံတာဘက္ ထြက္လာလိုက္သည္။

ေဆာင္းကာလမို႔ ညေနေနေရာင္က အားမရွိလွ။ ႏွင္းရိပ္ေတြၾကား ေဖ်ာ့ေတာ့လို႔ေနသည္။
ေဆာင္းညေနေတြက မိုးခ်ဳပ္ျမန္သည္မို႔
ေန႕တာကလည္း တိုတတ္ေသးသည္။ အညာ‌ေဒသရဲ႕ ေဆာင္းတြင္းအခ်ိန္ဟာလဲ
သိပ္ထူးျခားသြားတာမ်ိဳးမရွိ။ပူအလြန္ ေအးအလြန္ႏွင့္ အစြန္းပင္ ေရာက္ပါေသးသည္။

ၿငိမ့္တည္က ေမွာင္ရိပ္သန္းေနၿပီျဖစ္ေသာ
ညေနခင္းကို တိုက္ခန္းဝရံတာမွ ေမးေထာက္ေငးေနမိသည္။ လူသြားလူလာ မပ်က္ေသးသည့္ အိမ္ေရွ႕လမ္းမွာေတာ့ ႐ုံးျပန္လာၾကသူေတြက ျဖတ္သန္းသြားလာေနၾက၏။ တစ္ဖက္တိုက္ခန္းက ဟင္းဆိုင္မွာလဲ
ေဈးဝယ္က်ခ်ိန္မို႔ လူစည္လို႔ေနသည္။

ၿငိမ့္တည္က ဝတ္ထားသည့္ လက္ရွည္အပါးေလးကို ရင္ဘတ္ကေနစြဲေစ့ၿပီး ခရီးထြက္သြားတဲ့ အမ်ိဳးသားကို သတိရေနမိသည္။
႐ုံးကိစၥႏွင့္ သြားတဲ့သူကို ဖုန္းတဂြမ္ဂြမ္
ဆက္လို႔ကလည္း မျဖစ္တာမို႔ ဒီတစ္ေန႕လည္လုံး ဖုန္းအနားကေန ေဝးေဝးမခြာရဲ။
ေရာက္ရင္ ဖုန္းဆက္ပါမည္ဆိုတဲ့သူဆီက
ဖုန္းအလာကို ၿငိမ့္တည္ ေစာင့္ေနရသည္။

မႏၲေလး-ေ႐ႊဘိုခရီးက ေဝးလြန္းသည္ မဟုတ္ေပမဲ့ သူတို႔အိမ္ေထာင္က်ၿပီး ပထမဆုံးအႀကိမ္ ညဥ့္အိပ္ညေနခြဲဖူးတာမို႔ ၿငိမ့္တည္
နည္းနည္းေတာ့ လြမ္းသလိုလို ျဖစ္ရသည္။
အိမ္က အၿမဲႏွစ္ေယာက္ရွိေနရာမို႔ တစ္ေယာက္ေလ်ာ့ရင္ေတာင္ ခံစားခ်က္က သိသာလို႔လာသည္။ ႏွစ္ေယာက္စာ ခ်က္ေနရာက ေလွ်ာ့ခ်က္ရတာေတြ ၊ ခုလို ဝရံတာမွာ တစ္ေယာက္ထဲ ေနရာအက်ယ္ႀကီး ရပ္ေနရတာေတြကအစ ကိုလွိုင္းဆက္ကို
ဖ်တ္ခနဲ သတိရေစတတ္၏။

"ေနရာထိုင္ခင္းေရာ အဆင္ေျပရဲ႕လားမသိဘူး။ ကုမၸဏီနဲ႕ သြားတာဆိုေတာ့ ဂ႐ုေတာ့
စိုက္ၾကမွာပါ" ၿငိမ့္တည္က ဟိုဟိုဒီဒီေငးေနရင္း ပါးစပ္ကလည္း တစ္ေယာက္ထဲေမး၊
တစ္ေယာက္ထဲေျဖ ျဖစ္လို႔ေနမိသည္။
သူ႕ကားသူ ေမာင္းသြားတာမို႔ ခရီးေဝးေမာင္းရင္း ပင္ပန္းမွာကိုလည္း စိုးရိမ္မိ၏။

ညက တေျဖးေျဖးပိုေမွာင္လာၿပီး
ဝရံတာမွာရပ္ရတာ ေျခေတာင့္လာမွ
ၿငိမ့္တည္ အိမ္ထဲ ျပန္ဝင္လာခဲ့လိုက္သည္။
အိမ္ထဲေရာက္‌ေတာ့ သူ႕လက္ဖဝါးေတြေတာင္ ေအးခ်င္သလိုလို ျဖစ္လို႔ေနၿပီပင္။

လက္ထဲကဖုန္းကို မီးဖိုေခ်ာင္ထဲထိ ယူသြားၿပီး ပန္းကန္စင္ေပၚမွာ ခဏတင္လိုက္သည္။
ပန္းကန္တစ္ခ်ပ္ယူၿပီး ထမင္းထည့္၊ ေစာေစာက ေၾကာ္ထားတဲ့ ၾကက္ဥေမႊေၾကာ္ကို ထမင္းျဖဴျဖဴေပၚတင္လိုက္ၿပီး
ငါးေျခာက္ေၾကာ္ကို ေဘးကေန ပုံလိုက္သည္။ ၿပီးမွ ပန္းကန္စင္ေပၚက ဖုန္းကိုတစ္ဖက္ ထမင္းပန္းကန္တစ္ဖက္ႏွင့္
ၿငိမ့္တည္ ဧည့္ခန္းထဲ ျပန္လာခဲ့လိုက္၏။

ေရေႏြးတစ္ခြက္ငွဲ႕ကာ စားပြဲေပၚတင္ၿပီး
တီဗြီဖြင့္လိုက္ေတာ့ ဧည့္ခန္းထဲ အသံတခ်ိဳ႕ ဆူညံလို႔သြားသည္။ အသံေတြၾကားရေတာ့
အပ်င္းေျပသလိုေတာ့ ရွိ၏။ တကယ္ဆို
ၿငိမ့္တည္ အခ်ိန္အေတာ္ၾကာ ခုလိုမ်ိဳး တစ္ေယာက္ထဲ ျဖတ္သန္းခဲ့ေပမဲ့ ကိုလွိုင္းဆက္
ေရာက္လာကတည္းက တစ္ေယာက္ထဲ မေနတတ္ေတာ့။ အေဖာ္ေလးရွိမွ ေနရတာ ေပ်ာ္သလိုျဖစ္လာခဲ့သည္။

ထမင္းစားရင္း လြတ္ေနတဲ့ေနရာကို ၾကည့္မိေတာ့ ၿငိမ့္တည္ ၿပဳံးမိပါ၏။ ဒီတစ္ရက္ေလး
ခြဲရတာေတာင္ သူ႕မွာမေနတတ္မထိုင္တတ္။
ဒီေလာက္ထိေအာင္ကို သံေယာဇဥ္ျဖစ္သြားခဲ့တာျဖစ္သည္။ အေငြ႕အသက္ေလး ရွိေနမွ၊
အသံေလးၾကားေနပါမွ အသက္ရွင္ရတာ
အဓိပၸာယ္ရွိသလို ျဖစ္လာခဲ့ၿပီထင္ပါ့။

စားေသာက္ၿပီးေတာ့ ၿငိမ့္တည္ ဆိုဖာေပၚ
ေခြအိပ္ရင္း တီဗြီကလာတဲ့ အစီစဥ္ေတြ ၾကည့္ေနလိုက္သည္။ ေၾကာ္ျငာေတြပါမခ်န္
ပ်င္းတိပ်င္းတြဲ လိုက္ၾကည့္ေနရင္း ဖုန္းသံၾကားေတာ့ လူက ဆတ္ခနဲ။ ခ်က္ခ်င္း ထထိုင္လို႔ ခုံေပၚတင္ထားတဲ့ ဖုန္းကိုဆြဲယူပစ္လိုက္ေတာ့ ေရေႏြးအိုးပင္လဲမလို ျဖစ္သြားေသးသည္။

"ဟယ္လို...ကိုလွိုင္းဆက္"
ၿငိမ့္တည္ မ်က္ႏွာက အၿပဳံးေတြျပည့္ႏွက္လို႔လာသည္။ နံရံမွာကပ္ထားတဲ့ မွန္ဆီ လွမ္းၾကည့္ရင္း ၿငိမ့္တည္ ရင္ခုန္သလိုပါ ခံစားရ၏။

"စားၿပီးပါၿပီဗ်ား။ ေနရတာေရာ အဆင္ေျပရဲ႕လားဗ်"

တစ္ဖက္က ကိုလွိုင္းဆက္က ၿငိမ့္တည္
ေမးသမွ်ကို  ေအးေဆးစြာေျဖေပးေန၏။
အျပင္မွာ ေရာက္ေနသလားမသိ ကားသံဆိုင္ကယ္သံတခ်ိဳ႕ ဖုန္းထဲကေန ၾကားေနရသည္။

"အခု စားေသာက္ဆိုင္မွာ ရွိေသးတာေပါ့"

ထင္သည့္အတိုင္း မိတ္ေဆြေဟာင္းနဲ႕ေတြ႕လို႔
တည္းခိုရမဲ့ ေနရာဆီ မေရာက္ေသးေၾကာင္း
ေျပာလို႔လာသည္။ ေနဖို႔ကို ကုမၸဏီက စီစဥ္ေပးထားတာမို႔ အဆင္ေျပေၾကာင္း ၿငိမ့္တည္စိတ္မပူဖို႔ ေသခ်ာရွင္းျပေပးလာတာေၾကာင့္
သေဘာတက် ရယ္မိလိုက္သည္။

"မန္ေနဂ်ာႀကီးက ကြၽန္ေတာ့ကို အစီရင္ခံစာ တင္ေနတာလားဗ်"

ကိုလွိုင္းဆက္ရဲ႕ ရယ္သံက ေလလွိုင္းကတဆင့္ ၿငိမ့္တည္ဆီ ေရာက္လို႔လာတဲ့အခါ
ရင္ထဲမွာ လွိုက္ခနဲေႏြးသည္။ ခ်က္ခ်င္းပဲ
အနားကို ေျပးသြားခ်င္လာသည္။

"ျပန္လာခါ နီးရင္လည္း ဖုန္းဆက္အုန္းေနာ္"

"...."

"ဒါေပါ့ ကြၽန္ေတာ္ ေသာ့ေသခ်ာ ခတ္ထားပါတယ္ဗ်ား"

"...."

"‌ေစာင္လဲ ေသခ်ာၿခဳံအိပ္ပါ့မယ္ဗ်ား"

မွာေနတာေတာင္ ေတာင္းဆိုေနတာနဲ႕တူေနတဲ့ ကိုလွိုင္းဆက္ပါပဲ။ အၿမဲ အတူရွိေနတာေၾကာင့္ ႏွစ္ေယာက္ ဖုန္းေျပာရတာ ရွားရွားပါးပါးျဖစ္သည္။ ဒါေၾကာင့္ ခုလိုဖုန္းေျပာရတာကိုပင္ ၿငိမ့္တည္မွာ ရင္ေတြခုန္ေနရ၏။
ႏွစ္ေယာက္သားက အခုမွ ရည္းစားျဖစ္ၾကတဲ့သူေတြလို နာရီဝက္ေလာက္ၾကာေအာင္ စကားေျပာမၿပီး။ ေထြရာေလးပါး ေျပာေနတဲ့ ၿငိမ့္တည္ကို ေထာက္ခံေန႐ုံနဲ႕ အခ်ိန္အေတာ္ကုန္သြားတာမို႔ ၿငိမ့္တည္ကပဲ စကားျဖတ္ကာ
ဖုန္းခ်ဖိဳ႕လုပ္ရေတာ့သည္။

"ကိုလွိုင္းဆက္..."

တစ္ဖက္က ၿငိမ္ေနသည္။ ကားတစ္စီး ျဖတ္သြားသံ က ဖုန္းထဲကေန တိုးဝင္လာ၏။
ၿငိမ့္တည္ အသက္တိုးတိုးရႉထုတ္ရင္း
ေဘာင္းဘီအဖ်ားစႏွင့္ လိမ္ေနသည့္
လက္ညွိုးကို ျပန္ဆြဲထုတ္လိုက္သည္။

"လြမ္းတယ္ဗ်"

အသက္ရႉသံကလြဲလွ်င္ တိတ္ဆိ‌တ္ေနတာမို႔
ၿငိမ့္တည္ ဖုန္းကိုကိုင္ထားရင္ ၿငိမ္ေနလိုက္သည္။ သူ႕ ဦးေလးႀကီးေတာ့ ရွက္သြားပုံရ၏။ စကားျပန္မလာနိုင္ေအာင္ အေတြးေတြမ်ားသြားတာ ျဖစ္လိမ့္မည္။

"ကိုယ္ေရာ ...ၿငိမ့္ကိုလြမ္းေနၿပီ"

အဟက္ခနဲ ရယ္သံသိုးသိုးသဲ့သဲ့ၾကားရသည္။ ၿငိမ့္တည္သည္လည္း ဒီဘက္ကေန
သေဘာေတြက်လြန္းလို႔ ကိုယ့္ေပါင္ကိုယ္ပင္ ျပန္ရိုက္ေနမိ၏။ ဖုန္းခ်သြားသည္အထိ
ခပ္ၿဖီးၿဖီး ျဖစ္ေနသည့္မ်က္ႏွာက အရွိန္မေသ။ တီဗြီႀကီးကို ၾကည့္ရင္း အခ်ိန္အေတာ္ၾကာသည္အထိ ၿငိမ့္တည္ ၿပဳံးေနမိခဲ့သည္။

ကိုလွိုင္းဆက္ကို သူ တအားခ်စ္တာပဲ။

..................................................

ဖုန္းခ်ၿပီးေတာ့ လွိုင္းဆက္ အၿပဳံးေတြက
ေတာ္ေတာ္ႏွင့္ မရပ္နိုင္။ "လြမ္းတယ္ဗ်" ဟူေသာ အသံေလးကို ထပ္ခါထပ္ခါၾကားရင္း ရင္ထဲမွာေႏြးလို႔လာရသည္။
ၿငိမ့္တည္က အတတ္ကေလး။ ဒါေၾကာင့္လဲ
လွိုင္းဆက္က ခ်စ္မဝတာျဖစ္သည္။

ဒီေန႕ မဆုံတာၾကာတဲ့ ထင္ေအာင္ျမင္နဲ႕ ေတြ႕ေတာ့ အလုပ္ၿပီးတာနဲ႕ ျပန္နားဖို႔အစီစဥ္ဟာ ေပ်ာက္သြားခဲ့သည္။ မနက္အေစာထြက္လာခဲ့တာမို႔ ဒီကေတြ႕ရမဲ့ Customerနဲ႕ေတြ႕ၿပီးေတာ့ ေန႕လည္ ႏွစ္နာရီသာ ရွိေသးသည္။
အတူလာတဲ့ ဝန္ထမ္းေတြနဲ႕ ေ႐ႊဘိုတစ္ဝိုက္က ဘုရားေတြပတ္ၿပီး ဘယ္ေလာက္မွမၾကာလိုက္ ထင္ေအာင္ျမင္နဲ႕ ‌ၿမိဳ႕ေထာင့္ဘုရားမွာ ဆုံၾကေတာ့တာပင္။

သူ႕သမီးေလးကို ခ်ီလို႔ ဘုရားရင္ျပင္မွာရပ္ေနတဲ့ ထင္ေအာင္ျမင္ကို လွိုင္းဆက္က မမွတ္မိ။
ေဘးနားမွာ ဘုရားရွိခိုးေနသည့္ အမ်ိဳးသမီးကိုျမင္မွ လွိုင္းဆက္သတိထားမိေတာ့သည္။
ထင္ေအာင္ျမင္ရဲ႕ မမႀကီးက ဝလာတာကလြဲရင္ ငယ္႐ုပ္မေပ်ာက္ေသးတာေၾကာင့္ပင္။

သူေငးကိုယ္ေငးႏွင့္ လာႏႈတ္ဆက္တဲ့
ထင္ေအာင္ျမင္က အရင္ကထက္စာရင္
ျပည့္ၿဖိဳးေနတာေၾကာင့္ ေတာ္႐ုံႏွင့္ မမွတ္မိနိုင္။ တဟားဟား ရယ္လို႔ လွိုင္းဆက္ကို
ဇြတ္ဆြဲထားတာမို႔ ႐ုံးက ကေလးေတြကို ျပန္လႊတ္ကာ လွိုင္းဆက္က သူတို႔မိသားစုႏွင့္ ပါလာခဲ့ရတာျဖစ္သည္။

ေ႐ႊဘိုတစ္ဝိုက္ ဟိုဟိုဒီဒီလိုက္ျပတဲ့
ထင္ေအာင္ျမင္က ဆန္ေရာင္းဝယ္ေရးလုပ္ေနၿပီး စီးပြားေရး အဆင္ေျပပုံရတာေၾကာင့္
လွိုင္းဆက္ ဝမ္းသာရပါသည္။ တစ္ဘဝလုံး
ဒီတစ္ေယာက္ထဲကို ရေအာင္လိုက္ၿပီး
ရိုးေျမက်ေပါင္းသင္းတဲ့ သူငယ္ခ်င္းက အိမ္ေထာင္ေရးလည္း စိုေျပရွာပုံရ၏။
လွိုင္းဆက္က သူတို႔လင္မယားနဲ႕ ေက်ာင္းတုန္းက ကိစၥေတြျပန္ေျပာျဖစ္ၾကရင္း
ျဖစ္ခဲ့တဲ့ကိစၥေတြအေပၚ စိတ္မေကာင္းေၾကာင္းေတြ ၾကားခဲ့ရသည္။

အဲ့ဒီတုန္းက သူငယ္ခ်င္းေတြနဲ႕ မ်က္ႏွာခ်င္းဆိုင္ဖို႔ အေတာ္ခက္ခဲခဲ့တာေၾကာင့္ သူတို႔ၾကားထဲအစိုင္အခဲေတြက်န္ေနခဲ့ေပမဲ့ ခုလိုေတြ႕ရေတာ့လည္း ေပါ့ေပါ့ပါးပါးပါပဲ။ အဆက္သြယ္ရွိဆဲ အေပါင္းသင္းတခ်ိဳ႕ဆီဖုန္းေခၚေတာ့ ေပ်ာက္ခ်က္သားေကာင္းေနတဲ့ လွိုင္းဆက္ကို ေျပာဆိုေနၾကေသးသည္။
အရာရာက ထင္သေလာက္ဆိုး႐ြားေနတာ မရွိေတာ့။ အတိတ္က ၿပိဳလဲခဲ့ရျခင္းေတြက အရာရာထုတ္ျပသြားၿပီးတဲ့ေနာက္မွာ သူ႕ကိုျပန္ဦးေမာ့လာေစခဲ့သည္။

အသက္ငယ္ေသးတဲ့ ေကာင္ေလးတစ္ေယာက္ႏွင့္ လက္ထပ္လိုက္တဲ့အေၾကာင္း
လွိုင္းဆက္ေျပာေတာ့ အားလုံးက တအံ့တဩ။ ဂုဏ္ျပဳစကားေတြဆီက စိတ္ရင္းေတြကို လွိုင္းဆက္လိုက္ရွာမေနပဲ ေက်းဇူးတင္တဲ့အေၾကာင္းသာေျပာရသည္။ က်န္တာေတြးခ်ိန္မရွိပဲ ၿငိမ့္ကိုေတြးမိလို႔ေပ်ာ္တာက အရင္ျဖစ္ေနခဲ့သည္မို႔ပင္။

ထင္ေအာင္ျမင္တို႔က ၿငိမ့္ကိုေတြ႕ဖူးခ်င္သည္ဆိုတာေၾကာင့္ ဖုန္းထဲက ဓာတ္ပုံကို ထုတ္ျပရ၏။ ၿငိမ့္က သူ႕ေဘးမွာဖုန္းကိုင္ထားလို႔ သြားျဖဴျဖဴေလးေတြေပၚေအာင္ ရယ္ေနခဲ့တာျဖစ္သည္။ ညေနဆည္းဆာေၾကာင့္ ၿငိမ့္အသားအရည္က ဝါဝါဝင္းလို႔ေန၏။

"လွိုင္းဆက္တို႔ေတာ့ ေယာက္်ားနဲ႕ ေပ်ာ္ေနပုံပဲေဟး။ စိုေျပႏုပ်ိဳေနလိုက္တာမ်ား"
ထင္ေအာင္ျမင္တို႔ ဝိုင္းစေတာ့ လွိုင္းဆက္က
ေခါင္းငုံ႕လို႔ၿပဳံးရတာ အခါခါ။ ပါးခ်ိဳင့္ေတြက
ဒီေန႕ အေတာ္ေလး အလုပ္လုပ္ခဲ့ရသည္။

ခုလည္း ညစာလိုက္ေကြၽးေနတုန္း သူ႕အသိနဲ႕ေတြ႕လို႔ စကားေျပာေနသည့္ ထင္ေအာင္ျမင္ကို ထားခဲ့ကာ ၿငိမ့္ဆီဖုန္းဆက္ရတာပင္။
သူ႕မွာ တစ္ေနကုန္ဟိုသြားဒီသြားႏွင့္ ဖုန္းမဆက္ရေသး။ အသံေလးၾကားေတာ့လည္း တစ္ေနကုန္ေမာခဲ့သမွ်ေတြ ေျပရပါသည္။

ဒီကျပန္ရင္ ၿငိမ့္ကိုဖက္ထားၿပီး လြမ္းတဲ့အေၾကာင္းေတြ ေသခ်ာေျပာျပရအုန္းမည္။
သနပ္ခါးႀကိဳက္တဲ့ ၿငိမ့္အတြက္ ေ႐ႊဘိုသနပ္ခါးတုံး ေတြယူသြားၿပီး ခ်စ္တာေတြလည္း ျပရပါအုန္းမည္။

..............................................

ေရခ်ိဳးေနတုန္း တတီတီျမည္ေနတဲ့ ဖုန္းေၾကာင့္ ၿငိမ့္တည္ အျမန္ေျပးထြက္လာကာ
ဖုန္းကိုင္ရသည္။ ခ်ိဳၿမိန္တဲ့အသံနဲ႕ ေမးလာသူက ဘယ္အခ်ိန္ကတည္းက အိမ္ေရွ႕ေရာက္ေနသည္မသိ။

"ကိုယ့္ကို တံခါးဖြင့္ေပးပါအုန္း" ဆိုလာတာမို႔
ေရလဲပုဆိုးအၿမဲလဲဝတ္ကာ ကလန႔္ျဖဳတ္ေပးရသည္။ ပုံမွန္ဆို ေသာ့တစ္ေယာက္တစ္ေခ်ာင္းစီဆိုေပမဲ့ ၿငိမ့္တည္က ဒီေန႕ ဆိုင္မသြားျဖစ္တာေၾကာင့္ အထဲက ပိတ္ထားမိတာျဖစ္သည္။

အထုပ္ေတြဆြဲလို႔ အိမ္ေပါက္ဝမွာ ရပ္ေနသူက ၿငိမ့္တည္ကိုျမင္ေတာ့ ပါးခ်ိဳင့္ေတြနစ္ဝင္သည္အထိ ၿပဳံးျပလို႔လာသည္။
ကိုလွိုင္းဆက္ကိုယ္ေပါမွာ ဂ်ာကင္တစ္ထည္က ေနရာယူထားၿပီး ခရီးႏြမ္းေနပုံရတာမို႔
ၿငိမ့္တည္က လက္ထဲက အထုပ္ေတြကို အရင္လွမ္းယူလိုက္သည္။

"ေစာေစာစီးစီး ေရခ်ိဳးေနလိုက္တာကြာ"

"ကိုလွိုင္းဆက္ကို ေန႕ခင္းေလာက္မွ ျပန္လာမယ္ထင္တာ။ အခုမွ မနက္ဆယ္နာရီရွိေသးတယ္။ ဘယ္အခ်ိန္မ်ား ေမာင္းလာလိုက္တာလဲ"

ၿငိမ့္တည္ အေမးကိုမေျဖခင္ အထုပ္ေတြခ်ေနသည့္ အနားေရာက္လာၿပီး ခါးကေန ေပြ႕ဖက္လို႔လာတာမို႔ ၿငိမ့္တည္မွာ ကုန္းကုန္းကြကြ
ျဖစ္ေနရာကေန အထုပ္ေတြကိုခ်ကာ ေနာက္ျပန္ပါသြားရ၏။ ဆိုဖာေပၚထိုင္ခ်လိဳက္သူရဲ႕ ေပါင္ေပၚထိုင္မိသြားေပမဲ့ ဖက္ထားသူက လႊတ္မေပး။ ေရစိုလက္စျဖစ္ေနတဲ့ ၿငိမ့္‌တည္ေက်ာျပင္မွာ မ်က္ႏွာအပ္လို႔ေနေတာ့တာျဖစ္သည္။

"ဖယ္ဖယ္...ခုမွ ေရလဲဝတ္ထားတာ။။ေသခ်ာေရမသုတ္ရေသးဘူး"
႐ုန္းကန္ေပမဲ့ ၿငိမ့္တည္ကိုယ္က မလြတ္။
လုံတယ္ဆို႐ုံ တင္ထားတဲ့ ပုခုံးေပၚက တဘက္ကိုဆြဲခ်ၿပီး ၿငိမ့္တည္ကိုယ္က ေရေတြကို သုတ္ေပးေနတဲ့ ကိုလွိုင္းဆက္က
ခရီးျပန္လာလာခ်င္း နားဖို႔အာ႐ုံရွိပုံ မရေပ။

"ကိုယ္ ၿငိမ့္ဆီဖုန္းဆက္ေတာ့ မနက္စာ စားေနၿပီရယ္။ ပါလာတဲ့ကေလးေတြက ေန႕လည္မွ ျပန္ၾကမယ္ဆိုတာနဲ႕ ေစာေစာျပန္ခဲ့လိုက္တာ"

"တစ္ေယာက္ထဲ ေမာင္းလာရေတာ့ ပင္ပန္းေတာ့မွာပဲဗ်ာ" ေရသုတ္ေပးေနတာကို ၿငိမ္ခံေနရင္း ၿငိမ့္တည္ေျပာေတာ့ ကိုလွိုင္းဆက္က
ေခါင္းယမ္းျပလာသည္။ လည္ပင္တစ္ဝိုက္ႏွင့္ နား႐ြက္ဖ်ားေတြကိုပါ လက္ေတြ ေရာက္လာတဲ့အခါ ၿငိမ့္တည္ ၾကက္သီးမ်ားထလာရ၏။

"အေမာေျပခ်င္လို႔ ျပန္လာတာကို
ပင္ပန္းစရာလား..ကိုယ့္ကိုယ္ေျပာပါအုန္း"

ၿငိမ့္တည္ ရယ္မိေတာ့ ခါးကေနဖက္ကာ
နားထင္စက မွဲ႕နက္ကေလးကို ဇြတ္ဖိနမ္းလို႔လာျပန္သည္။ ကိုလွိုင္းဆက္ရဲ႕ ေႏြးေထြးေနတဲ့ ရင္ခြင္ထဲမွာ ၿငိမ့္တည္က နစ္ဝင္မတတ္။
ေရခ်ိဳးထားလို႔ ေအးေနတာေတာင္ ဘယ္ေပ်ာက္သြားသလဲ ေတြးမရေတာ့ေပ။

သူ႕မွာေတာ့ ျပန္လာရင္ သန႔္သန႔္ရွင္းရွင္းေလး
ျဖစ္ေနေအာင္ ေစာေစာစီးစီး ေရမိုးခ်ိဳးလို႔
ျပင္ဆင္ထားမလို႔ကို ဒီဦးေလးႀကီးက
ဘာေၾကာင့္မ်ာ အေစာႀကီးျပန္လာရသလဲ။
ေရာက္ေတာ့လည္း ၾကည့္အုန္း ၿငိမ့္တည္ကိုဖက္ထားၿပီး တရႈံ႕ရႈံ႕လုပ္ေနေတာ့သည္။

"အလြမ္းေျဖေနတာနဲ႕ အေအးပတ္ေတာ့မယ္ကြာ။ အရင္ အကၤ်ီဝတ္ေခ်အဳန္း..ကိုယ္ ဝင္းကိတ္ ဝယ္လာတယ္ လွီးထားလိုက္မယ္။ ၿပီးရင္ အတူစားၾကရေအာင္"

"ဟုတ္"

ၿငိမ့္တည္ အကၤ်ီဝတ္ေနတုန္း မီးဖိုေခ်ာင္ထဲ
အလုပ္ရႈပ္ေနသူက ခရီးပန္းတာေတာင္
သူ႕ကိုယ္သူ သိမည္မထင္။ သနပ္ခါးတုံး အစီးလိုက္ႀကီးကိုယူလာၿပီး ၿငိမ့္တည္အနား လာေပးသြားေသးသည္။ ၿငိမ့္အတြက္ ေ႐ႊဘိုသနပ္ခါးပါတဲ့ေလ။ လိမ္းမွာျဖင့္ တစ္ေယာက္ထဲရွိတာကို အတုံးေတြအမ်ားႀကီးဝယ္လာတဲ့ ကိုလွိုင္းဆက္ကိုေတာ့ စလံပါပဲ။

‌ဝမ္းသာသြား‌ေအာင္ ခ်က္ခ်င္း ေက်ာက္ျပင္မွာေသြးၿပီး ၿငိမ့္တည္ရဲ႕ တစ္မ်က္ႏွာလုံးကို လိမ္းလိုက္ရသည္။ ေ႐ႊဘိုသနပ္ခါးက နာမည္ႀကီးတာမေျပာႏွင့္ အေပြးေကာင္းၿပီး အႏွစ္ဝါသည္။ ရနံ႕ကလည္းေမႊးသည္။ ဝယ္လာတဲ့သူရဲ႕ ေမတၱာေတြပါ ေပါင္းလိုက္ေတာ့ ၿငိမ့္တည္ တစ္မ်က္ႏွာလုံး အိစက္ကာေအးေနေတာ့သည္။

"မုန႔္စားလို႔ ရၿပီေနာ္ ၿငိမ့္ေရ"

"လာၿပီဗ်"

သနပ္ခါး အေဖြးသားႏွင့္ ၿငိမ့္တည္ထြက္လာေတာ့ ကိုလွိုင္းဆက္က ရွပ္အကၤ်ီလက္ရွည္အျဖဴကိုေခါက္လို႔ ဆိုဖာမွာထိုင္ေနလ်က္သား။ ၿငိမ့္တည္ ဝင္ထိုင္ေတာ့ ေခါင္းကိုခပ္ဖြဖြပုတ္လိုက္ေသးသည္။ ၿပီးမွ ကိတ္မုန႔္ပန္းကန္ကို အနားတိုးေပး၏။

"ေ႐ႊဘို ဝင္းကိတ္က ကိုယ္တို႔ငယ္ငယ္ကတည္းက နာမည္ႀကီးပဲ။ မူလလက္ေဟာင္းဆိုင္ထိ သြားဝယ္လာတာ‌ဗ်ား ၿငိမ့္စားဖို႔အတြက္။ ဝယ္ဝယ္ခ်င္းဆို ပူပူေႏြးေႏြးေလး စားရမွာ"

ဆီအိေနသည့္ ကိတ္မုန႔္က စားခ်င္စရာ။
အေနေတာ္လွီးထားသည့္ ကိတ္မုန႔္တစ္စိတ္ကို ပါးစပ္ထဲထည့္လိုက္တာႏွင့္ ခ်ိဳျမတဲ့ အရသာက ၿငိမ့္ကိုမ်က္လုံးမျပဴးပဲ မေနေစနိုင္။ ေထာပတ္အနံ႕ကလည္း စားၿပီးရင္း စားခ်င္ေအာင္ ဆြဲေဆာင္လို႔ေနေတာ့သည္။

သုံးေလးစိတ္ တစ္ခါထဲစားလိုက္ၿပီးမွ
ေဘးကေန ၿပဳံးၿပဳံးႀကီးၾကည့္ေနသူကို
ၿငိမ့္တည္ လက္မေထာင္ျပလိုက္ရသည္။

"ေကာင္းရဲ႕လား စားလို႔"

"ေကာင္းတယ္ဗ် သူ႕အရသာနဲ႕သူေလး"

"ၿငိမ့္ စားေကာင္းဖို႔က အဓိကပဲဗ်ား။ ေ႐ႊဘိုေရာက္ေတာ့ ေဒသထြက္ကုန္ဆို သနပ္ခါးပဲ ေသခ်ာသိတာ။ ကိုယ့္သူငယ္ခ်င္းနဲ႕ဆုံမွ စကားစပ္မိလို႔ မနက္ေစာေစာ အေျပးဝယ္ရတယ္"

ၿငိမ့္တည္က ပလုပ္ပေလာင္းစားရင္း
ၿပဳံးလိုက္တာမို႔ ပါးႏွစ္ဖက္က ေဖာင္းကားကာ
မို႔တက္လို႔သြားသည္။ လက္မနဲ႕ ပါးစပ္နားက
အမႈန္ေတြကို သုတ္ေပးတဲ့ ကိုလွိုင္းဆက္က
ဗိုက္ဝေနပုံပင္။ အစားေသာက္ကို သိပ္ၿပီး ဟက္ဟက္ပက္ပက္မရွိလွ။

"သူငယ္ခ်င္းက ေက်ာင္းတုန္းက သူငယ္ခ်င္းလားဗ်"

"တကၠသိုလ္က သူငယ္ခ်င္း။ ထင္ေအာင္ျမင္တဲ့။ သူက အခုေ႐ႊဘိုမွာ ဆန္အေရာင္းဝယ္လုပ္ေနတာ။"

ေခါင္းတၿငိမ့္ၿငိမ့္ နားေထာင္ေနရင္း ဇင္ကိုဝင္းကို သတိရမိ‌သြားေသးသည္။ သတင္းကြၽတ္ၿပီးကတည္းက ေျပာင္းသြားၾကတာေၾကာင့္ ၿငိမ့္တည္တို႔ မေတြ႕က လပိုင္းပင္မကေတာ့။ သူ႕မိန္းမ မီးေကာင္းေကာင္းဖြားနိုင္တာ ဝမ္းသာေပမဲ့ မေတြ႕ရေတာ့လည္း ႏွစ္ဦးႏွစ္ဖက္ စိတ္ခ်မ္းသာရသားဟု ၿငိမ့္တည္ေတြးမိပါသည္။ ကိုယ္ေကာင္းေအာင္ ေနေပမဲ့ မပက္သက္ခ်င္သူကေတာ့ နည္းအမ်ိဳးမ်ိဳးနဲ႕ ေရွာင္ဖယ္တတ္တာပါပဲ။

"ၿငိမ့္ ဘာေတြမ်ားေတြးေနလို႔ ကိုယ္ေျပာတာ မၾကားရတာလဲ"

"ဗ်ာ ကြၽန္ေတာ့ကို ေျပာလိုက္တာလားဗ်"

ၿငိမ့္တည္အေတြးမ်ားသြားတာ ေဘးကိုေတာင္ ခဏလြတ္သြားသည္။ ကိုလွိုင္းဆက္
လက္ေတြက ၿငိမ့္တည္ပခုံးကို ကိုင္ထားတာကိုပင္ အခုမွ သတိထားမ္တာျဖစ္သည္။

"ေ႐ႊဘိုဆန္က အိၿပီးစားလို႔ေကာင္းတယ္လို႔။
ကိုယ္ တစ္ပိုင္းမွာခဲ့တာမို႔ စားၾကည့္ၿပီး
ၿငိမ့္ႀကိဳက္တယ္ဆို စားရေအာင္ေျပာတာပါ။
ေဈးလည္းမကြာဘူး စားရတာလည္း ေကာင္းတယ္၊ အျမင္လဲလွတယ္"

"ကြၽန္ေတာ့က ဆန္မေ႐ြးပါဘူးဗ်ာ။
ကိုလွိုင္းဆက္ ႀကိဳက္တဲ့ဆန္သာစား။
ေရအခ်ိန္အဆေတာ့ ေမးရမယ္။ ေတာ္ၾကာ
ကိုယ္စားေနက်လိဳခ်ိန္ရင္ မာတယ္ေပ်ာ့တယ္
ျဖစ္ေနမွာစိုးလို႔"

"ကိုယ္ ေမးထားလိုက္ပါ့မယ္"

ႏွစ္ေယာက္သား ဆန္ေတြအေၾကာင္း
အလုပ္ကိစၥအေၾကာင္းေတြ ေျပာၿပီးေတာ့
ကိုလွိုင္းဆက္က နားခ်င္ပါသည္ဆိုတာေၾကာင့္ ၿငိမ့္တည္အိပ္ရာ ျပင္ေပးရသည္။
ေဆာင္းတြင္းက်မွ အဲယားကြန္းတပ္လိုက္တဲ့
သူတို႔အခန္းက အလုံပိတ္သြားတာမို႔ ေန႕ခင္းေၾကာင္ေတာင္မွာေတာင္ ေမွာင္ေန၏။ ျခင္ေထာင္ေသခ်ာျပင္ေပးၿပီး ၿငိမ့္တည္ထြက္လာမည္လုပ္ေပမဲ့ အျပင္ျပန္မေရာက္လိုက္။

အတင္းဆြဲဖက္လို႔ အိပ္ခိုင္းတဲ့ ကိုလွိုင္းဆက္က ခုတေလာ အင္မတန္ကပ္တတ္လာသည္။
ၿငိမ့္တည္တို႔ ပိတ္ရက္ခ်င္းမ်ားတိုက္လွ်င္
အေစာႀကီးထ၊ သူလုပ္စရာရွိတာလုပ္ၿပီးတာႏွင့္ ၿငိမ့္တည္အနားမွာ ကပ္ေနေတာ့သည္။
ဘာမွေျပာစရာမရွိလွ်င္ေတာင္ အနားမွာေဝ့လည္ေဝ့လည္လုပ္ေနတတ္ေသး၏။

အသက္ရႉသံ တိုးတိုးထြက္လာၿပီး
အိပ္ေပ်ာ္ေနတဲ့ ကိုလွိုင္းဆက္ရဲ႕ခါးကို
ဖက္တြယ္ထားရင္း ၿငိမ့္တည္ မ်က္လုံးေတြ
မွိတ္ထားလိုက္သည္။ မေန႕ညက ေကာင္းေကာင္း အိပ္မေပ်ာ္ခဲ့ပုံရတာမို႔
အေႏွာက္ယွက္မျဖစ္ေစခ်င္ ။ၿငိမ္ၿငိမ္ေလး ေနရင္း မွိန္းေနဖို႔သာ ဆုံးျဖတ္ထားလိုက္ရသည္။

အဆီစိမ့္ေတြ စားထားေၾကာင့္ သိပ္မၾကာခင္
ၿငိမ့္တည္ပါ အိပ္ေပ်ာ္ခ်င္လာသည္။
ရင္ခြင္ဆီ မ်က္ႏွာအပ္ဆင္းေတာ့
ကိုလွိုင္းဆက္ရဲ႕ ကိုယ္နံ႕က ၿငိမ့္တည္ပါးက
သနပ္ခါးနံ႕တို႔ႏွင့္ ေရာေႏွာလို႔သြားသည္။
ၿငိမ့္တည္ ပိုၿပီးေတာ့ေတာင္ အိပ္ခ်င္လာရေတာ့၏။

အင္းခနဲ ညည္းသံႏွင္အတူ ၿငိမ့္တည္က
ဖက္လုံးတစ္ခုႏွယ္ အဖက္ခံလိုက္ရတာမို႔
ကိုယ္ကလည္း အားက်မခံ ေက်ာျပင္က်ယ္ႀကီး‌ထိ လက္ဖဝါးေတြေရာက္ေအာကိ ဖက္ပစ္လိုက္မိသည္။ အိပ္ေရးဝေနေပမဲ့ ဒီရင္ခြင္ထဲေရာက္မွေတာ့ ၿငိမ့္တည္ ဘယ္ႏွေရး အိပ္အိပ္ ဝမည္မထင္ပါဘူးေလ...။

................................................................
စာေရးသူ၏ အမွာစာ:
ေနာက္အပိုင္းဆို ႏႈတ္ဆက္ရေတာ့မယ္
ယူတို႔ေရ
လြမ္းေနေတာ့မွာပဲေနာ္

ဒီမွာ OCအသစ္ေလးလဲ တင္ထားတာမို႔
ဆက္ဆက္ လာဖတ္ၾကပါအုန္းလို႔
ဒီထဲက ကိုသွ်မ္းနဲ႕ ခ်စ္နိုင္းတို႔ အတြဲေလးပါ
ခ်စ္တာပဲသိတဲ့ ညီေလးတို႔အတြဲေပါ့

အားလုံး လာဖတ္ၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္ေနာ္❤️

Continue Reading

You'll Also Like

629K 36.3K 55
ဇာတ်လမ်းလေးကို ရိုးရိုးရှင်းရှင်းလေးပဲရေးထားတာပါ။ စိတ်ကူးထဲကအတိုင်းရေးထားတာမို့ အပြင်မှာ လက်တွေ့မဆန်တဲ့အရာတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ကောင်လေးနှစ်ယ...
660K 37.7K 70
There is three description for this fiction. 1.Read the tags‼ 2.Read the tags‼ 3.Read the tags‼ Guys! Do not post or review my works in any media...
442K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
1.3M 44.6K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd